แ€…แ€…แ€บแ€žแ€ฐแ€€แ€ผแ€ฎแ€ธแ แ€แ€ปแ€…แ€บแ€•แ€ฝแ€ฒโ€‹แ€แ€ฑแ€ซแ€บแ€žแ€ถ(Com...

By Saung_Kyaoe

112K 8.5K 1K

Yizhan More

Intro
Chapter-1
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-(8.1)
Chapter(8.2)
Chapter-9
Chapter-10
Chapter -11
Chapter-12
Chapter 13
Chapter 14
Chapter -15
Chapter 16
Chapter-17
Chapter -18
Chapter 19
Chapter-20
Chapter-21
Chapter 22
Chapter 23
Chapter -24
Chapter 25
Chapter 26
Chapter-27
Chapter 28
Chapter 29
Chapter -30
Chapter 31
Final
โ€‹แ€…แ€ปแ€ฑแ€ธแ€—แ€”แ€บแ€ธ!!!

Chapter-2

4.7K 531 26
By Saung_Kyaoe

ဘုန်း​တော်ကြီး​​ကျောင်းမှာ​ဗေဒင်အတတ်ပညာနဲ့​လောကုတ္တရာနဲ့စပ်လျဥ်းတဲ့ဘာသာရပ်​တွေကို​ရှောင်းကျန့်ကသင်ယူတက်​မြှောက်ခဲ့သည်။
ပညာစုံပြီမို့ ​မွေးရာဇာတိဆီပြန်ဖို့ဘဆရာ​တော်ဘုရားထံ​လျှောက်​တော့ လမ်းခရီးမှာ​ဘေးအန္တရယ်​ကင်း​အောင်ဟုဆိုကာပရိတ်ရွတ်ဖတ်ပြီး​မေတ္တာပို့သ​ပေးကြသည်။

ဆရာ​တော်ဘုရား​တွေကို​ရှောင်းကျန့်က
ရိုရို​သေ​သေဦးချလိုက်​တော့ကျောင်းထိုင်ဆရာ​တော်ကသူ့ကိုဆု​တွေ​ပေး​သေးသည်။

"အရှင်ဘုရား မင်းသား​ရှောင်းကျန့်ရဲ့အနာဂတ်ကံကြမ္မာကို တပည့်​တော်ကိုတွက်ချက်ခွင့်ပြုပါဘုရား.."

ဦးဇင်းငယ်တစ်ပါးက ​ရှောင်းကျန့်ရဲ့အနာဂတ်ကိုသိချင်စိတ်ပြင်းပျလွန်းတာ​ကြောင့်တွက်ချက်ခွင့်​တောင်း​တော့ဆရာ​တော်ဘုရားက​ရှောင်းကျန့်ကိုကြည့်လာသည်။

"ခွင့်ပြုပါတယ်ဘုရား.."

​ရှောင်းကျန့်ကအလိုက်တသိခွင့်ပြု​ပေးလိုက်​တော့ ထိုဦးဇင်းငယ်ကဝမ်းသာသွားပုံရတာ ​​ပေရွက်ကိုအမြန်​​ပြေးယူလို့သူ​မွေးသက္ကရာဇ်ကို​မေးရင်းစတင်တွက်ချက်​တော့သည်။

"ဟာ...!"

အ​ဖြေထွက်လာပုံရ​တော့ထိုဦးဇင်းဆီက
အာ​မေဋိတ်သံထွက်လာပြီး သူတွက်ချက်ထားတာကိုပြန်လည်စစ်​ဆေး​နေ​သေးသည်။

"ဦးဇင်း တွက်ချက်ထားတာကို အားလုံးကြား​အောင်​လျှောက်တင်ပါ​လေ.."

​ကျောင်းထိုင်ဦးဇင်းရဲ့အသံ​နောက်မှာ ထို​ဗေဒင်တွက်ချက်ထားတဲ့ဦးဇင်းသံက မဝံ့မရဲထွက်လာသည်။

​"​ရှောင်းမင်းသားက လာမယ့်လပြည့်နှစ်ခါကျော်ပြီးရင် အရိပ်အာဝါသ​ကောင်းပြီး အားကိုးအားထားပြုရမယ့် ​ယောကျ်ားကို
အိမ်​ထောင်ဘက်​တော်ရလိမ့်မယ်။
အိမ်​ထောင်​ရေးကံသိပ်​ကောင်းလွန်းပြီး လက်ဆက်ထားတဲ့သူက ​ရှောင်းမင်းသားတင်မက လူအများကအားထားရတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်လိမ့်မယ်.."

သူသိပြီးသားအရာမို့​ရှောင်းမင်းသားဟာ​မျက်လွှာချလို့ပြုံးလိုက်သည်။
ဘုန်း​တော်ကြီးတစ်ချို့ကထိုအပြုံးကိုမြင်​တော့မျက်နှာလွှဲလိုက်ကြသည်။

"ဒါ​ပေမဲ့....."

ဆက်ထွက်မလာပဲမျက်​မှောင်ကြုံ့​နေတဲ့ဦးဇင်း​ကြောင့်​ရှောင်းကျန့်ကသိချင်စိတ်​တွေဖြစ်​ပေါ်သွားရသည်။

"အဲ့ဒီ့လူနဲ့ လက်မဆက်ခင် ဒါမှမဟုတ်လက်ဆက်ပြီးတဲ့ကာလမှာ ကြားလူ​တွေ​​ပေါ်တတ်တယ် ။
သတိထားပါ အိမ်​ထောင်ဘက်ကိုမဆွဲထားရင်
တစ်ဖက်ကရရာလမ်းသုံးပြီးအိမ်​ထောင်​ရေးပြိုကွဲ​အောင်လုပ်ကြလိမ့်မယ်..."

"!!!!!"

​ရှောင်းကျန့်ကမျက်လွှာတစ်ချက်ပင့်လိုက်ပြီး ​ပြော​နေတာကိုအာရုံစိုက်လိုက်သည်။

"​ရှောင်းမင်းသားက လာမယ့်လပြည့်နှစ်ခါမ​ကျော်ခင်ထိအညံ့​​တွေအား​ကောင်း​နေတယ်။
ဘယ်သွားသွားကိုယ့်က်ိုကိုယ် ကရုစိုက်ပါ၊သတိထားပါ "

"တင်ပါ့ဘုရား..."

ဦးဇင်း​ပြောတာကို​သေချာမှတ်သားလိုက်ပြီး ဖခမည်း​တော်လွှတ်လိုက်တဲ့ အ​စောင့်​တွေ​ရောက်လာတာမို့ ​ရှောင်းကျန့်ကဆရာ​တော်ဘုရား​တွေကိုရှိခိုးကန်​တော့လိုက်ပြီး အိမ်အပြန်လမ်းကိုစတင်လိုက်သည်။

_________________________________________

စစ်သူကြီးဝမ်ဟာအရှင်သူ့အတွက်ချီးမြှင့်ထားတဲ့အိမ်​တော်ကြီးမှာ​နေဖို့ထိုင်ဖို့စီမံရင်းအလုပ်များ​နေသည်။

​နွေရာသီ​​ကာလပိုင်းမို့ သူတို့ဆီမှာအနည်းငယ်ပူပြင်း​နေပြီဖြစ်သည်။မနက်ကထဲက စစ်တပ်ရဲ့ဝန်ထမ်းနား​နေ​ဆောင်က​နေ အိမ်​တော်အသစ်ကြီးကို​ရောက်ချလာပြီး အိမ်ရဲ့အပြင်အဆင်က်ိုစီမံခန့်ခွဲ​နေတဲ့စစ်သူကြီးဝမ်ဟာ​​​ချွေးပြိုက်ပြိုက်ကျ​နေတာ​ကြောင့် သူ့ရဲ့အ​ပေါ်ဝတ်ရုံ​တွေကိုချွတ်ထား​လေသည်။

ကြီးမားကျယ်ပြန့်တဲ့သူရဲ့လက်ဖဝါးနဲ့​​တောင်ဆုပ်ကိုင်ရင်လျှံထွက်​နေ​လောက်တဲ့အထိလက်​မောင်းအိုး​တွေကကြီးလွန်းသည်။
ကြီးမားထွားကြိုင်းလွန်းလှတဲ့ရင်အုပ်ကြွက်သား​တွေဟာလဲ​ဖောင်းမို့​နေသည်။

စစ်သူကြီးဝမ်ရဲ့​ကျောပြင်​ဟာဆိုလျှင်လည်း ကြွက်သားအရာ​တွေ​ကတစ်ခုခုက်ိုကုန်း​ကောက်လိုက်တဲ့အချိန်ဖောင်းထ​နေတတ်သည်။

ဝမ်းဗိုက်မှာက​တော့ ကြွက်သား​တွေတစ်တစ်ရစ်ရစ်နှင့်ရှစ်​မြောင်းခန့်ရှိ​နေသည့် ဗိုက်သားပြင်ကြီးရှိသည်။
​တောင့်ခိုင်လွန်းလှတဲ့​ပေါင်တံဟာလည်း ကျစ်လျစ်​နေသည်။ထို့ရဲ့​အောက်မှာ​တော့ ​သွေး​ကြောစိမ်း​တွေယှက်ဖြာ​နေတဲခြေသလုံး
ကြွက်သား​တွေရှိသည်။
တစ်ကိုယ်လုံးကြွက်သားအပြည့်နဲ့ လူသားပန်းပုကြီးစစ်သူကြီးဝမ်ဟာခန္တာကိုယ်ဖွဲ့စည်းပုံတင် ပုံကျလွန်းလှသည်မဟုတ်​ချေ။

အ​တော်အသင့်ကျယ်တဲ့နှဖူးပြင်။
ဓါးသွားပုံစံ​ကော့တက်​နေတဲ့မျက်ခုံးနက်နက်နှစ်ဖက်။
ကြည့်လိုက်တာနဲ့ရန်သူရဲ့အသည်းထဲအထိ​ဖောက်ထွက်သလိုခံစားသွား​စေရမဲ့ စူးရှရှမျက်ဝန်း​နက်​တွေ။
ဆင်း​နေတဲ့နှာတံ။မထူမပါးနှုတ်ခမ်းတစ်စုံနဲ့စစ်သူကြီးဝမ်ဟာနတ်ဘုရားတမျှလည်း​ချော​မောလွန်းကာ​ယောကျ်ားဆန်လွန်းလှသည်။

အရှင်ချီးမြှင့်တဲ့အိမ်ရဲ့အ​စေခံ၁၀၀မှာ ၈၀​ကျော်​လောက်က မိန်းမပျို​လေး​တွေဖြစ်တာ​ကြောင့်
ဝမ်စစ်သူကြီးက ထိုသို့ကာယအလှပြ​နေတဲ့အခါ ကွယ်ရာက​ချောင်းကြည့်ရင်း ရှက်​သွေးဖြာ​နေကြသည်။

"အိမ်ရဲ့ဧည့်စားပွဲကို​တောင်ဘက်မှာထားချင်တယ်......ပြီး​တော့ဧည့်ခန်းကလိုက်ကာ​တွေကို အနီ​တွေပဲတပ်ရမလား.ကြက်​သွေး​ရောင်ဆိုပိုလှမလားပဲ..."

​​မေး​စေ့ကိုရှည်သွယ်ပြီးအဆစ်ကြီးတဲ့လက်ညိုး​နဲ့ပွတ်သပ်စဥ်းစား​နေတာကို အိမ်​တော်ထိန်းက​သေချာ​စောင့်ဆိုင်း​နေရသည်။
စစ်သူကြီးက ​ချေးများလားမများလားဆို​တော့အိမ်​တော်ထိန်းစီမံ​ပေးထားတဲ့ အိမ်ရဲ့အပြင်အဆင်ကိုမကြိုက်ဟုဆိုကာအစ​က​နေသူ့စိတ်တိုင်းကျပြန်ပြင်ခိုင်း​နေတာဖြစ်သည်။

မ​နေ့ကမှ ​နေရာ​သေချာချလို့ပြီးစီးပြီး အိမ်ကအ​စေခံ​တွေခင်ဗျာ ပင်ပန်း​နေ​ပေမဲ့ စစ်သူကြီးဝမ်ရဲ့အကြိုက်ကိုပြန်လည်​ပြောင်းလဲ​ပေး​နေရခြင်းဖြစ်သည်။
​ပြောင်းလဲ​ပေးရသည်ဟုဆိုသည်မှာလည်းလွယ်ကူတာမဟုတ်​ချေ။
"ဟိုပစ္စည်း ဒီဘက်​​ရွှေ့​​ချေ" ဆိုလို့​ရွှေ့ပြီး​တော့လဲမကြိုက်ဟုဆိုတာ အထပ်ထပ်အခါခါထပ်​ပြောင်း​ပေး​နေရ​လေသည်။

အခု​တော့အခန်းရဲ့လိုက်ကာကအစ စစ်သူကြီးဝမ်က​သေချာ​တွေးကာ စဥ်းစား​နေတာ​ကြောင့် ထိုအိမ်​တော်​ပေါ်အ​လေးထားသည့်စစ်သူကြီးရဲ့စိတ်ထားကိုရှင်းလင်းစွာသိလိုက်ရပါသည်။
​ဒါ​ကြောင့်ထိုစံအိမ်ကြီး​ပေါ်​သေချာကရုစိုက်ဖို့အိမ်​တော်ထိန်းကြီး​တွေးထားလိုက်ပါသည်။

"ကြက်​​သွေး​ရောင်​တွေပဲတပ်လိုက်ပါ...ကတ္တီပါသား​တွေပဲထား​နော်.."

"ဟုတ်ကဲ့ပါ သခင်ကြီး."

"ပြီး​တော့.."

"စစ်သူကြီး!"

အိမ်​ရှေ့က​နေဝရုန်းသုံးကား​​ပြေးလာသံ​ကြောင့်
စစ်သူကြီးဝမ်ကသူ့ခန္တာကိုယ်ကြီးကိုလှည့်လို့ လှမ်း​မျှော်ကြည့်သည်။

ဖုတ်သဘက်လိုက်သလို​ပြေးလာတဲ့ သူကစစ်သူကြီးဝမ်ရဲ့လက်​အောက်က တပ်မှူးချုပ်
ကျန်းချန်။

"ဆိုပါဦး ဘာဖြစ်လာတာ?"

"အရှင်က....​ဟောဟဲ...အရှင်က.."

ဒူးနှစ်ဖက်​ပေါ် လက်​ထောက်လို့ အ​​မောဆို့​နေရှာတဲ့ကျန်းချန်က စကားကိုဆက်မ​ပြောနိုင်ပဲ
​ဟောဟဲလိုက်​နေသည်။
စစ်သူကြီးဝမ်ကစိတ်စိတ်ရှည်ရှည်​​စောင့်ဆိုင်း​ပေးလိုက်​တော့အ​မော​ပြေ​မှကျန်းချန်ကစကားကိုဆက်သည်။

"​ရှောင်းမင်းသား​က အခုနန်း​တော်ကိုပြန်လာ​နေပါပြီတဲ့ အဲ့တာ မနက်ဖြန်မနက်ပိုင်း ​ရောင်နီလာပြီးရင် မြို့​ရှေ့ကို​ရောက်မယ်​ပြောတယ်.
အဲ့တာစစ်သူကြီးဝမ်ကိုအရှင်က ​ရှောင်းမင်းသားကိုသွားကြို​ပေးပါတဲ့..."

"ဟမ်!!"

စစ်သူကြီးဝမ်က​သွေး​ဆောင့်တက်သလိုကိုခံစားလိုက်ရသည်။
သူ..သူ..ပြင်ဆင်လို့​တောင်မပြီး​သေးဘူး​လေ။
သူအဆင့်သင့်​တောင်မဖြစ်​သေးဘူး။
ဘာလို့​ရှောင်းကျန့်ကအ​စောကြီးပြန်လာရတာလဲ!!သူကအနည်းဆုံး​တော့လပြည့်နှစ်ခါ​ကျော်​လောက်မှပြန်လာမယ်လို့ထင်ထားတာကို။

လက်ဆက်ဖို့သ​ဘောတူပြီးတဲ့အချိန်မှာ သူ့အိမ်သား​လေးဖြစ်လာမဲ့ရှောင်းမင်းသား​လေးကိုဘယ်လိုရင်ဆိုင်ရမလဲ!!!

မ​တွေ့တာ​လေးနှစ်​ကျော်ပြီဆို​တော့ အရင်လိုသူ့ကိုမှတ်မိပါ့ဦးမလား!!

သူက​​ကော​ရှောင်းမင်းသား​လေးကိုမှတ်မိပါ့မလား။
​ရှောင်းကျန့်​လေးက အရပ်​တွေပိုရှည်လာမလား?
ဒါမှမဟုတ် အသား​တွေပိုဖြူသွားမလား?
အမြဲဖြန့်ချတတ်တဲ့ဆံနွယ်ရှည်​တွေက​ကော ပိုရှည်​နေမလား?

လား​ပေါင်းများစွာနဲ့အ​တွေးများ​နေတဲ့စစ်သူကြီးဝမ်ရဲ့မျက်နှာကဖြူလိုက် နီလိုက် နဲ့အ​ရောင်​တွေအစုံ​ပြောင်း​နေ​လေသည်။

"စစ်သူကြီး..စစ်သူကြီးဝမ်?."

"အမ်.."

အခါခါ​ခေါ်မှသတိဝင်လာတဲ့စစ်သူကြီးဝမ်ဟာကျန်းချန်ကိုပြူးကြည့်သည်။

"အဲ့တာမနက်ကျရင် ကျွန်​တော်​ရောလိုက်ခဲ့ရမလားလို့ ကျွန်​တော်လိုက်ခဲ့ချင်တယ်..ကျွန်​တော့်ကို​ခေါ်ပါ​နော်.."

"အမ် အင်းလိုက်ခဲ့​လေ ရဲမက် ၅​ယောက်​လောက်လဲ​ခေါ်ခဲ့ မနက်မိုးမလင်းခင် အိမ်ကိုအ​ရောက်လာခဲ့ ."

"ဟုတ်ကဲ့ပါစစ်သူကြီးဝမ်.."

တက်ကြွစွာအ​လေးပြုပြီးကျန်းချန်​ကထွက်သွားသည်။

အိမ်​တော်ထိန်းကိုသူခိုင်းထားတာသွားလုပ်ခိုင်းရင် ဝမ်ရိ​ပေါ်က စီချထားတဲ့ဧည့်ခန်းထဲက​ကျောက်စိမ်းစားပွဲ​ပေါ်ထိုင်လိုက်မိရင်း အ​တွေး​တွေက ဟိုးအတိတ်ဆီလွင့်​​မျောသွားသည်။

ဝမ််ရိ​ပေါ်သည် မိဘမဲ့တစ်​ကောင်ကြွက်ဖြစ်ကာ
ငယ်ငယ်ကဘုန်းကြီး​ကျောင်းမှာကပ်​နေရသည်။
သို့​ပေမဲ့ သူက၁၀နှစ်အရွယ်ကထဲကအတိုက်အခိုက်ဝါသနာပါလွန်းတာ​ကြောင့် စစ်တပ်ထဲဝင်ခဲ့တာဖြစ်သည်။
သူငယ်ငယ်တုန်းက စစ်သားစု​​ဆောင်း​ရေးလည်းရှိ​နေ​သေး​တော့ သူ့လိုငယ်ငယ်ရွယ်ရွယ်​​လေး​တွေကိုလဲ​လေ့ကျင့်သင်ကြား​ပေးတဲ့စစ်တပ်ရင်းတစ်ခုကသပ်သပ်ကိုရှိသည်။

အသက်၁၀နှစ်ကထဲကထိုတပ်ရင်းမှာဝင်ပြီး​လေ့ကျင့်ခဲ့တဲ့သူသည် ၁၅နှစ်မှာပထမဆုံးစစ်တိုက်ထွက်ခဲ့သည်။
​အောင်မြင်​တွေကို တစ်ဖက်တစ်လမ်းကယူ​ပေးနိုင်ပြီး စစ်သူကြီး​တွေကိုယ်တိုင်ဆွဲတဲ့စစ်​ရေးဗျူ​ဟာ​တွေကအစလိုက်​ထောက်​ပေးတတ်​တော့စစ်သူကြီးက သူ့ကိုသတိထားမိလာသည်။

တိုက်ရည်ခိုက်ရည်​ကောင်းပြီး လျှင်မြန်ဖြတ်လက်လွန်းတဲ့သူ့ကို စစ်သူကြီးကသ​ဘောကျကာ​ထောက်ခံ​ပေးလာတာ​ကြောင့် အသက်၁၇မှာ တပ်မှူးဘဝစ​ရောက်ခဲ့သည်။

အမြဲတပ်ထဲမှာ​နေရတဲ့သူက တစ်​နေ့မှာ နန်း​တော်ကိုစစ်သူကြီးကဝမ်ရိ​ပေါ်ဆွဲထားတဲ့ဗျူဟာကိုအရှင့်ဆီသွားပို့​တော့သူနန်း​တော်ထဲစ​ရောက်ခဲ့တာဖြစ်သည်။

"အရှင့်ကိုမင်းရဲ့ဗျူဟာကိုသွား​ပြော​ပေးပြီးမှ
အရှင့်ကိုမင်းဝင်​တွေ့လိုက်...ခန​စောင့်​နေ​နော်ရိ​ပေါ်.."

"ဟုတ်ကဲ့.."

အရှင့်ရဲ့နန်း​ဆောင်​ရှေ့မှာ သူ​တောင့်​တောင့်​လေးရပ်​စောင့်​နေတုန်းတစ်ယောက်​ ယောက်စိုက်ကြည့်​နေသလိုခံစားရလို့လှည့်ပတ်ကြည့်မိ​တော့ သူ့ခါးသာသာ​လောက်ရှိတဲ့ ​ကောင်​လေးကို​တွေ့လိုက်ရသည်။

မဲနက်​တောက်​ပြောင်​နေတဲ့ဆံနွယ်ရှည်​တွေကို​ကောင်​လေးက​ကျော​ပေါ်ဖြန့်ချထားသည်။မိုးပြာ​ရောင်ပိုးသားဝတ်စုံအ​ရောင်​ဖျော့​ဖျော့​လေးကို​သေသပ်စွာဝတ်ဆင်ထား​သေးသည်။
အသား​လေးကဖြူ​ဖွေးအိစက်​နေတဲ့ပုံ​ပေါ်ကာ နှာဖျား​လေး​တွေ နှုတ်ခမ်း​သေး​သေး​လေး​တွေကရဲစို​နေသည်။သူ​လေးက​ခေါင်းလုံးလုံး​လေး​မော့​နေ​အောင်​မော့ထားကာအရပ်ရှည်လွန်းလှတဲ့သူ့ကို​မောကြည့်​နေတာ​ကြောင့် ထိုက​လေး​လေးနဲ့အရပ်ညီ​အောင် ဝမ်ရိ​ပေါ်ထိုင်ချလိုက်သည်။

က​လေး​လေးက ရှည်လျားတဲ့မျက်​တောင်ရှည်ကြီးများကိုပုတ်ခတ်ပုတ်ခတ်လုပ်ကာသူ့ကိုစူးစိုက်ကြည့်​နေသည်။

"က​လေး​လေး..ဒီမှာဘာလုပ်​နေတာလဲ?"

".........."

ကြည့်​နေရုံကလွဲအ​ဖြေပြန်ရမလာပါ။
သူထပ်​မေးလိုက်သည်။

"နန်း​တော်ထဲမှာ လမ်း​ပျောက်​နေတာလား?.."

".........."

ထိုအခါမှာလည်းဘာတုံ့ပြန်မှုမှမ​ပေးပဲ သူ့ကိုသာ​ငေးမြဲ​​ငေးဆဲ။

"အရှင့်ကနန်း​ဆောင်ထဲဝင်လာခဲ့ပါတဲ့
အရှင့်သား"

အထိန်း​တော်တစ်​ယောက်က ထိုက​လေး​ရှေ့ဦးညွတ်ရင်းဆိုလာသည်။ထိုအခါမှရိ​ပေါ်ထိုက​လေးကိုပြန်ကြည့်ရင်း အကဲခတ်လိုက်​တော့
ခါးတွင်အရည်အ​သွေး​ကောင်းလွန်းတဲ့​ကျောက်စိမ်းပြား​လေးကိုချိတ်ဆွဲထား​လေသည်။

ရုပ်ရည်ကလဲသာမာန်မဟုတ်ဘူး။
​ကောင်းလွန်းတဲ့​ကျောက်စိမ်းအရည်အ​​သွေးနဲ့
သန့်ပြန့်လွန်းလှတဲ့​အ​နေအထားအရ ထိုက​လေးကမင်းသားတစ်ပါးလား??။

သူ​တွေးလို့မှမဆုံး​သေး နန်း​ဆောင်တစ်ခါးပွင့်သွားကာ နဂါးဝတ်ရုံကိုခန့်ညားစွာဝတ်ထားတဲ့သက်လတ်ပိုင်းလူတစ်​ယောက်ကထွက်လာသည်။ရိ​ပေါ်ခါးကျိုးမတက်အရိုအ​သေ​ပေးလိုက်ရင်း ဒူး​တွေပါအနည်းငယ်တုန်ယင်လာသည်။
သူဟာဘယ်​လောက်သတ္တိရှိတဲ့တပ်မှုး​လေးဆိုဆို ဒါကတိုင်းပြည်ကြီးတစ်ခုလုံးရဲ့ဧကရာဇ်ကြီးကို​​တော့​ကြောက်ပါ​သေးသည်။

"သားကျန့်​လေးကဘာလို့ ဝင်မလာတာလဲ?
ဖခမည်း​တော်​စောင့်​နေတာကြာလှပြီ.."

​ပြော​ပြောဆိုဆို နှင့်ဧကရာဇ်က ​ပိန်ပါးလွန်းလှတဲ့ထိုက​လေး​လေးကို​ကောက်​ပွေ့လိုက်သည်။
မင်းသား​လေးကို တယုတယ​ကောက်​ပွေ့လိုက်တဲ့ဧကရာဇ်​ကိုရိ​ပေါ် မျက်လုံး​ထောင့်က​နေ ခိုးကြည့်လိုက်သည်။

ရှင်ဘုရင် ဆိုတဲ့ဂုဏ်ပုဒ်အရ ​သွေးသားကို​ခေါ်တဲ့ပုံစံသည်နူးညံ့လွန်း​နေသည်ဟုရိ​ပေါ်​တွေးလိုက်မိသည်။တချို့​သောဧကရာဇ်ခမည်း​တော်​တွေဆို သူတို့ရဲ့သား​တော်​တွေကို ချစ်ခင်ရင်​တောင် ထိုကဲ့သို့ချို​သာ​သောအသုံးကိုမသုံးကြဟု ရိ​ပေါ်ဖတ်ဖူးတဲ့ရာဇဝင်ကျမ်း​တွေက​ဖော်ပြထားသည်။

"ဖခမည်း​တော်.."

"အင်း..​ပြော​လေသားကျန့်"

"​ရှောင်းကျန့် အဲ့လူကြီးကိုသ​ဘောကျတယ်."

မင်းသား​လေးရဲ့အသံကတိုးညင်းလွန်း​ပေမဲ့ မြှားတံသွားရာလမ်​ကြောင်းကို​တောင်အာရုံခံနိုင်တဲ့အထိအကြားအာရုံ​​ကောင်းလွန်းတဲ့ရိ​ပေါ်က ပြတ်ပြတ်သားသားကို ကြားလိုက်ပါသည်။

အဲ့လူကြီးဆိုတာ ဘယ်သူကို​ပြောတာပါလိမ့်?

စူးစူးစိုက်စိုက်အကြည့်ခံလိုက်ရတဲ့ ဖိအားကိုခံစားမိ​နေတဲ့​ရိ​ပေါ်က မျက်ဆံကိုအသာလှန်ကြည့်​တော့ဧကရာဇ်ကစူးစိုက်​ကြည့်​နေတာကိုမြင်လိုက်တာ​ကြောင့် ရင်ဘက်ထဲဒိန်းခနဲဖြစ်သွားကာမျက်လွှာကိုပြန်ချလိုက်ရသည်၊

ဘာလို့သူ့ကိုအဲ့လိုကြည့်​နေရတာလဲ?
သူဘာအမှားများလုပ်မိလို့လဲ??
ခိုးကြည့်မိလို့လား?

သူ့ရဲ့ကိုယ်လုံးကြီးက​တော့အခုထိဦးညွတ်အရို​အ​​သေ​ပေးထားရာက အရှင့်ဆီကအမိန့်မရတာ​ကြောင့်ပြန်မဆန့်ရ​သေးပါ။

"ခမည်း​တော် ​ရှောင်းကျန့်ကို​အောက်ကိုချ​ပေးပါ"

မင်းသား​လေးရဲ့အသံထပ်ကြားလိုက်ရပြီးမကြာဘူး၊​သူ့​ရှေ့ကို ထိုမင်းသား​လေးပြန်​ရောက်လာသည်။

"လူကြီး ခါးကိုဆန့်လိုက်​နော်..ခါး​​ညောင်း​နေဦးမယ်"

လူကြီး??????
အဲ့​တော့ ခုနကသ​ဘောကျတယ်လို့​ပြောလိုက်တာ သူ့ကိုတဲ့လား!!!!!

____________________________________________

Chapter 1 ပဲတင်​ရ​သေးတယ် viewer 1k​ကျော်သွားတဲ့အတွက် အတိုင်းမသိ​အောင်ဝမ်းသာရပါတယ်။
အခုမှစ​ရေးတဲ့​​စောင်းကြိုးအတွက်​က​တော့ ကြီးကျယ်လွန်းလှတဲ့ ​​အောင်မြင်မှုကြီးလို့ပဲဆိုချင်ပါတယ်ကွယ်။

ဖတ်​ပေးကြတဲ့သူ​တွေတစ်​ယောက်ချင်းစီတိုင်းကို​ကျေးဇူးအများကြီးတင်ပါတယ်​နော်။
OG​လေးကို​ရေးရတာအားရှိ​အောင်လိုက်​ပေးကြပါဦးလို့ဖတ်​ခေါ်လိုက်ပါတယ်ရှင့်။

Zawji

ဘုန္း​ေတာ္ႀကီး​​ေက်ာင္းမွာ​ေဗဒင္အတတ္ပညာနဲ႕​ေလာကုတၱရာနဲ႕စပ္လ်ဥ္းတဲ့ဘာသာရပ္​ေတြကို​ေရွာင္းက်န့္ကသင္ယူတက္​ျမႇောက္ခဲ့သည္။
ပညာစုံၿပီမို႔ ​ေမြးရာဇာတိဆီျပန္ဖို႔ဘဆရာ​ေတာ္ဘုရားထံ​ေလွ်ာက္​ေတာ့ လမ္းခရီးမွာ​ေဘးအႏၲရယ္​ကင္း​ေအာင္ဟုဆိုကာပရိတ္႐ြတ္ဖတ္ၿပီး​ေမတၱာပို႔သ​ေပးၾကသည္။

ဆရာ​ေတာ္ဘုရား​ေတြကို​ေရွာင္းက်န့္က
ရိုရို​ေသ​ေသဦးခ်လိဳက္​ေတာ့ေက်ာင္းထိုင္ဆရာ​ေတာ္ကသူ႕ကိုဆု​ေတြ​ေပး​ေသးသည္။

"အရွင္ဘုရား မင္းသား​ေရွာင္းက်န့္ရဲ႕အနာဂတ္ကံၾကမၼာကို တပည့္​ေတာ္ကိုတြက္ခ်က္ခြင့္ျပဳပါဘုရား.."

ဦးဇင္းငယ္တစ္ပါးက ​ေရွာင္းက်န့္ရဲ႕အနာဂတ္ကိုသိခ်င္စိတ္ျပင္းပ်လြန္းတာ​ေၾကာင့္တြက္ခ်က္ခြင့္​ေတာင္း​ေတာ့ဆရာ​ေတာ္ဘုရားက​ေရွာင္းက်န့္ကိုၾကည့္လာသည္။

"ခြင့္ျပဳပါတယ္ဘုရား.."

​ေရွာင္းက်န့္ကအလိုက္တသိခြင့္ျပဳ​ေပးလိုက္​ေတာ့ ထိုဦးဇင္းငယ္ကဝမ္းသာသြားပုံရတာ ​​ေပ႐ြက္ကိုအျမန္​​ေျပးယူလို႔သူ​ေမြးသကၠရာဇ္ကို​ေမးရင္းစတင္တြက္ခ်က္​ေတာ့သည္။

"ဟာ...!"

အ​ေျဖထြက္လာပုံရ​ေတာ့ထိုဦးဇင္းဆီက
အာ​ေမဋိတ္သံထြက္လာၿပီး သူတြက္ခ်က္ထားတာကိုျပန္လည္စစ္​ေဆး​ေန​ေသးသည္။

"ဦးဇင္း တြက္ခ်က္ထားတာကို အားလုံးၾကား​ေအာင္​ေလွ်ာက္တင္ပါ​ေလ.."

​ေက်ာင္းထိုင္ဦးဇင္းရဲ႕အသံ​ေနာက္မွာ ထို​ေဗဒင္တြက္ခ်က္ထားတဲ့ဦးဇင္းသံက မဝံ့မရဲထြက္လာသည္။

​"​ေရွာင္းမင္းသားက လာမယ့္လျပည့္ႏွစ္ခါေက်ာ္ၿပီးရင္ အရိပ္အာဝါသ​ေကာင္းၿပီး အားကိုးအားထားျပဳရမယ့္ ​ေယာက်္ားကို
အိမ္​ေထာင္ဘက္​ေတာ္ရလိမ့္မယ္။
အိမ္​ေထာင္​ေရးကံသိပ္​ေကာင္းလြန္းၿပီး လက္ဆက္ထားတဲ့သူက ​ေရွာင္းမင္းသားတင္မက လူအမ်ားကအားထားရတဲ့ ပုဂၢိဳလ္ထူး ပုဂၢိဳလ္ျမတ္ျဖစ္လိမ့္မယ္.."

သူသိၿပီးသားအရာမို႔​ေရွာင္းမင္းသားဟာ​မ်က္လႊာခ်လိဳ႕ၿပဳံးလိုက္သည္။
ဘုန္း​ေတာ္ႀကီးတစ္ခ်ိဳ႕ကထိုအၿပဳံးကိုျမင္​ေတာ့မ်က္ႏွာလႊဲလိုက္ၾကသည္။

"ဒါ​ေပမဲ့....."

ဆက္ထြက္မလာပဲမ်က္​ေမွာင္ႀကဳံ႕​ေနတဲ့ဦးဇင္း​ေၾကာင့္​ေရွာင္းက်န့္ကသိခ်င္စိတ္​ေတြျဖစ္​ေပၚသြားရသည္။

"အဲ့ဒီ့လူနဲ႕ လက္မဆက္ခင္ ဒါမွမဟုတ္လက္ဆက္ၿပီးတဲ့ကာလမွာ ၾကားလူ​ေတြ​​ေပၚတတ္တယ္ ။
သတိထားပါ အိမ္​ေထာင္ဘက္ကိုမဆြဲထားရင္
တစ္ဖက္ကရရာလမ္းသုံးၿပီးအိမ္​ေထာင္​ေရးၿပိဳကြဲ​ေအာင္လုပ္ၾကလိမ့္မယ္..."

"!!!!!"

​ေရွာင္းက်န့္ကမ်က္လႊာတစ္ခ်က္ပင့္လိုက္ၿပီး ​ေျပာ​ေနတာကိုအာ႐ုံစိုက္လိုက္သည္။

"​ေရွာင္းမင္းသားက လာမယ့္လျပည့္ႏွစ္ခါမ​ေက်ာ္ခင္ထိအညံ့​​ေတြအား​ေကာင္း​ေနတယ္။
ဘယ္သြားသြားကိုယ့္က္ိုကိုယ္ က႐ုစိုက္ပါ၊သတိထားပါ "

"တင္ပါ့ဘုရား..."

ဦးဇင္း​ေျပာတာကို​ေသခ်ာမွတ္သားလိုက္ၿပီး ဖခမည္း​ေတာ္လႊတ္လိုက္တဲ့ အ​ေစာင့္​ေတြ​ေရာက္လာတာမို႔ ​ေရွာင္းက်န့္ကဆရာ​ေတာ္ဘုရား​ေတြကိုရွိခိုးကန္​ေတာ့လိုက္ၿပီး အိမ္အျပန္လမ္းကိုစတင္လိုက္သည္။

_________________________________________

စစ္သူႀကီးဝမ္ဟာအရွင္သူ႕အတြက္ခ်ီးျမႇင့္ထားတဲ့အိမ္​ေတာ္ႀကီးမွာ​ေနဖို႔ထိုင္ဖို႔စီမံရင္းအလုပ္မ်ား​ေနသည္။

​ေႏြရာသီ​​ကာလပိုင္းမို႔ သူတို႔ဆီမွာအနည္းငယ္ပူျပင္း​ေနၿပီျဖစ္သည္။မနက္ကထဲက စစ္တပ္ရဲ႕ဝန္ထမ္းနား​ေန​ေဆာင္က​ေန အိမ္​ေတာ္အသစ္ႀကီးကို​ေရာက္ခ်လာၿပီး အိမ္ရဲ႕အျပင္အဆင္က္ိုစီမံခန့္ခြဲ​ေနတဲ့စစ္သူႀကီးဝမ္ဟာ​​​ေခြၽးၿပိဳက္ၿပိဳက္က်​ေနတာ​ေၾကာင့္ သူ႕ရဲ႕အ​ေပၚဝတ္႐ုံ​ေတြကိုခြၽတ္ထား​ေလသည္။

ႀကီးမားက်ယ္ျပန့္တဲ့သူရဲ႕လက္ဖဝါးနဲ႕​​ေတာင္ဆုပ္ကိုင္ရင္လွ်ံထြက္​ေန​ေလာက္တဲ့အထိလက္​ေမာင္းအိုး​ေတြကႀကီးလြန္းသည္။
ႀကီးမားထြားႀကိဳင္းလြန္းလွတဲ့ရင္အုပ္ႂကြက္သား​ေတြဟာလဲ​ေဖာင္းမို႔​ေနသည္။

စစ္သူႀကီးဝမ္ရဲ႕​ေက်ာျပင္​ဟာဆိုလွ်င္လည္း ႂကြက္သားအရာ​ေတြ​ကတစ္ခုခုက္ိုကုန္း​ေကာက္လိုက္တဲ့အခ်ိန္ေဖာင္းထ​ေနတတ္သည္။

ဝမ္းဗိုက္မွာက​ေတာ့ ႂကြက္သား​ေတြတစ္တစ္ရစ္ရစ္ႏွင့္ရွစ္​ေျမာင္းခန့္ရွိ​ေနသည့္ ဗိုက္သားျပင္ႀကီးရွိသည္။
​ေတာင့္ခိုင္လြန္းလွတဲ့​ေပါင္တံဟာလည္း က်စ္လ်စ္​ေနသည္။ထို႔ရဲ႕​ေအာက္မွာ​ေတာ့ ​ေသြး​ေၾကာစိမ္း​ေတြယွက္ျဖာ​ေနတဲေျခသလုံး
ႂကြက္သား​ေတြရွိသည္။
တစ္ကိုယ္လုံးႂကြက္သားအျပည့္နဲ႕ လူသားပန္းပုႀကီးစစ္သူႀကီးဝမ္ဟာခႏၲာကိုယ္ဖြဲ႕စည္းပုံတင္ ပုံက်လြန္းလွသည္မဟုတ္​ေခ်။

အ​ေတာ္အသင့္က်ယ္တဲ့ႏွဖူးျပင္။
ဓါးသြားပုံစံ​ေကာ့တက္​ေနတဲ့မ်က္ခုံးနက္နက္ႏွစ္ဖက္။
ၾကည့္လိုက္တာနဲ႕ရန္သူရဲ႕အသည္းထဲအထိ​ေဖာက္ထြက္သလိုခံစားသြား​ေစရမဲ့ စူးရွရွမ်က္ဝန္း​နက္​ေတြ။
ဆင္း​ေနတဲ့ႏွာတံ။မထူမပါးႏႈတ္ခမ္းတစ္စုံနဲ႕စစ္သူႀကီးဝမ္ဟာနတ္ဘုရားတမွ်လည္း​ေခ်ာ​ေမာလြန္းကာ​ေယာက်္ားဆန္လြန္းလွသည္။

အရွင္ခ်ီးျမႇင့္တဲ့အိမ္ရဲ႕အ​ေစခံ၁၀၀မွာ ၈၀​ေက်ာ္​ေလာက္က မိန္းမပ်ိဳ​ေလး​ေတြျဖစ္တာ​ေၾကာင့္
ဝမ္စစ္သူႀကီးက ထိုသို႔ကာယအလွျပ​ေနတဲ့အခါ ကြယ္ရာက​ေခ်ာင္းၾကည့္ရင္း ရွက္​ေသြးျဖာ​ေနၾကသည္။

"အိမ္ရဲ႕ဧည့္စားပြဲကို​ေတာင္ဘက္မွာထားခ်င္တယ္......ၿပီး​ေတာ့ဧည့္ခန္းကလိုက္ကာ​ေတြကို အနီ​ေတြပဲတပ္ရမလား.ၾကက္​ေသြး​ေရာင္ဆိုပိုလွမလားပဲ..."

​​ေမး​ေစ့ကိုရွည္သြယ္ၿပီးအဆစ္ႀကီးတဲ့လက္ညိုး​နဲ႕ပြတ္သပ္စဥ္းစား​ေနတာကို အိမ္​ေတာ္ထိန္းက​ေသခ်ာ​ေစာင့္ဆိုင္း​ေနရသည္။
စစ္သူႀကီးက ​ေခ်းမ်ားလားမမ်ားလားဆို​ေတာ့အိမ္​ေတာ္ထိန္းစီမံ​ေပးထားတဲ့ အိမ္ရဲ႕အျပင္အဆင္ကိုမႀကိဳက္ဟုဆိုကာအစ​က​ေနသူ႕စိတ္တိုင္းက်ျပန္ျပင္ခိုင္း​ေနတာျဖစ္သည္။

မ​ေန႕ကမွ ​ေနရာ​ေသခ်ာခ်လိဳ႕ၿပီးစီးၿပီး အိမ္ကအ​ေစခံ​ေတြခင္ဗ်ာ ပင္ပန္း​ေန​ေပမဲ့ စစ္သူႀကီးဝမ္ရဲ႕အႀကိဳက္ကိုျပန္လည္​ေျပာင္းလဲ​ေပး​ေနရျခင္းျဖစ္သည္။
​ေျပာင္းလဲ​ေပးရသည္ဟုဆိုသည္မွာလည္းလြယ္ကူတာမဟုတ္​ေခ်။
"ဟိုပစၥည္း ဒီဘက္​​ေ႐ႊ႕​​ေခ်" ဆိုလို႔​ေ႐ႊ႕ၿပီး​ေတာ့လဲမႀကိဳက္ဟုဆိုတာ အထပ္ထပ္အခါခါထပ္​ေျပာင္း​ေပး​ေနရ​ေလသည္။

အခု​ေတာ့အခန္းရဲ႕လိုက္ကာကအစ စစ္သူႀကီးဝမ္က​ေသခ်ာ​ေတြးကာ စဥ္းစား​ေနတာ​ေၾကာင့္ ထိုအိမ္​ေတာ္​ေပၚအ​ေလးထားသည့္စစ္သူႀကီးရဲ႕စိတ္ထားကိုရွင္းလင္းစြာသိလိုက္ရပါသည္။
​ဒါ​ေၾကာင့္ထိုစံအိမ္ႀကီး​ေပၚ​ေသခ်ာက႐ုစိုက္ဖို႔အိမ္​ေတာ္ထိန္းႀကီး​ေတြးထားလိုက္ပါသည္။

"ၾကက္​​ေသြး​ေရာင္​ေတြပဲတပ္လိုက္ပါ...ကတၱီပါသား​ေတြပဲထား​ေနာ္.."

"ဟုတ္ကဲ့ပါ သခင္ႀကီး."

"ၿပီး​ေတာ့.."

"စစ္သူႀကီး!"

အိမ္​ေရွ႕က​ေနဝ႐ုန္းသုံးကား​​ေျပးလာသံ​ေၾကာင့္
စစ္သူႀကီးဝမ္ကသူ႕ခႏၲာကိုယ္ႀကီးကိုလွည့္လို႔ လွမ္း​ေမွ်ာ္ၾကည့္သည္။

ဖုတ္သဘက္လိုက္သလို​ေျပးလာတဲ့ သူကစစ္သူႀကီးဝမ္ရဲ႕လက္​ေအာက္က တပ္မႉးခ်ဳပ္
က်န္းခ်န္။

"ဆိုပါဦး ဘာျဖစ္လာတာ?"

"အရွင္က....​ေဟာဟဲ...အရွင္က.."

ဒူးႏွစ္ဖက္​ေပၚ လက္​ေထာက္လို႔ အ​​ေမာဆို႔​ေနရွာတဲ့က်န္းခ်န္က စကားကိုဆက္မ​ေျပာနိုင္ပဲ
​ေဟာဟဲလိုက္​ေနသည္။
စစ္သူႀကီးဝမ္ကစိတ္စိတ္ရွည္ရွည္​​ေစာင့္ဆိုင္း​ေပးလိုက္​ေတာ့အ​ေမာ​ေျပ​မွက်န္းခ်န္ကစကားကိုဆက္သည္။

"​ေရွာင္းမင္းသား​က အခုနန္း​ေတာ္ကိုျပန္လာ​ေနပါၿပီတဲ့ အဲ့တာ မနက္ျဖန္မနက္ပိုင္း ​ေရာင္နီလာၿပီးရင္ ၿမိဳ႕​ေရွ႕ကို​ေရာက္မယ္​ေျပာတယ္.
အဲ့တာစစ္သူႀကီးဝမ္ကိုအရွင္က ​ေရွာင္းမင္းသားကိုသြားႀကိဳ​ေပးပါတဲ့..."

"ဟမ္!!"

စစ္သူႀကီးဝမ္က​ေသြး​ေဆာင့္တက္သလိုကိုခံစားလိုက္ရသည္။
သူ..သူ..ျပင္ဆင္လို႔​ေတာင္မၿပီး​ေသးဘူး​ေလ။
သူအဆင့္သင့္​ေတာင္မျဖစ္​ေသးဘူး။
ဘာလို႔​ေရွာင္းက်န့္ကအ​ေစာႀကီးျပန္လာရတာလဲ!!သူကအနည္းဆုံး​ေတာ့လျပည့္ႏွစ္ခါ​ေက်ာ္​ေလာက္မွျပန္လာမယ္လို႔ထင္ထားတာကို။

လက္ဆက္ဖို႔သ​ေဘာတူၿပီးတဲ့အခ်ိန္မွာ သူ႕အိမ္သား​ေလးျဖစ္လာမဲ့ေရွာင္းမင္းသား​ေလးကိုဘယ္လိုရင္ဆိုင္ရမလဲ!!!

မ​ေတြ႕တာ​ေလးႏွစ္​ေက်ာ္ၿပီဆို​ေတာ့ အရင္လိုသူ႕ကိုမွတ္မိပါ့ဦးမလား!!

သူက​​ေကာ​ေရွာင္းမင္းသား​ေလးကိုမွတ္မိပါ့မလား။
​ေရွာင္းက်န့္​ေလးက အရပ္​ေတြပိုရွည္လာမလား?
ဒါမွမဟုတ္ အသား​ေတြပိုျဖဴသြားမလား?
အၿမဲျဖန့္ခ်တတ္တဲ့ဆံႏြယ္ရွည္​ေတြက​ေကာ ပိုရွည္​ေနမလား?

လား​ေပါင္းမ်ားစြာနဲ႕အ​ေတြးမ်ား​ေနတဲ့စစ္သူႀကီးဝမ္ရဲ႕မ်က္ႏွာကျဖဴလိုက္ နီလိုက္ နဲ႕အ​ေရာင္​ေတြအစုံ​ေျပာင္း​ေန​ေလသည္။

"စစ္သူႀကီး..စစ္သူႀကီးဝမ္?."

"အမ္.."

အခါခါ​ေခၚမွသတိဝင္လာတဲ့စစ္သူႀကီးဝမ္ဟာက်န္းခ်န္ကိုျပဴးၾကည့္သည္။

"အဲ့တာမနက္က်ရင္ ကြၽန္​ေတာ္​ေရာလိုက္ခဲ့ရမလားလို႔ ကြၽန္​ေတာ္လိုက္ခဲ့ခ်င္တယ္..ကြၽန္​ေတာ့္ကို​ေခၚပါ​ေနာ္.."

"အမ္ အင္းလိုက္ခဲ့​ေလ ရဲမက္ ၅​ေယာက္​ေလာက္လဲ​ေခၚခဲ့ မနက္မိုးမလင္းခင္ အိမ္ကိုအ​ေရာက္လာခဲ့ ."

"ဟုတ္ကဲ့ပါစစ္သူႀကီးဝမ္.."

တက္ႂကြစြာအ​ေလးျပဳၿပီးက်န္းခ်န္​ကထြက္သြားသည္။

အိမ္​ေတာ္ထိန္းကိုသူခိုင္းထားတာသြားလုပ္ခိုင္းရင္ ဝမ္ရိ​ေပၚက စီခ်ထားတဲ့ဧည့္ခန္းထဲက​ေက်ာက္စိမ္းစားပြဲ​ေပၚထိုင္လိုက္မိရင္း အ​ေတြး​ေတြက ဟိုးအတိတ္ဆီလြင့္​​ေမ်ာသြားသည္။

ဝမ္္ရိ​ေပၚသည္ မိဘမဲ့တစ္​ေကာင္ႂကြက္ျဖစ္ကာ
ငယ္ငယ္ကဘုန္းႀကီး​ေက်ာင္းမွာကပ္​ေနရသည္။
သို႔​ေပမဲ့ သူက၁၀ႏွစ္အ႐ြယ္ကထဲကအတိုက္အခိုက္ဝါသနာပါလြန္းတာ​ေၾကာင့္ စစ္တပ္ထဲဝင္ခဲ့တာျဖစ္သည္။
သူငယ္ငယ္တုန္းက စစ္သားစု​​ေဆာင္း​ေရးလည္းရွိ​ေန​ေသး​ေတာ့ သူ႕လိုငယ္ငယ္႐ြယ္႐ြယ္​​ေလး​ေတြကိုလဲ​ေလ့က်င့္သင္ၾကား​ေပးတဲ့စစ္တပ္ရင္းတစ္ခုကသပ္သပ္ကိုရွိသည္။

အသက္၁၀ႏွစ္ကထဲကထိုတပ္ရင္းမွာဝင္ၿပီး​ေလ့က်င့္ခဲ့တဲ့သူသည္ ၁၅ႏွစ္မွာပထမဆုံးစစ္တိုက္ထြက္ခဲ့သည္။
​ေအာင္ျမင္​ေတြကို တစ္ဖက္တစ္လမ္းကယူ​ေပးနိုင္ၿပီး စစ္သူႀကီး​ေတြကိုယ္တိုင္ဆြဲတဲ့စစ္​ေရးဗ်ဴ​ဟာ​ေတြကအစလိုက္​ေထာက္​ေပးတတ္​ေတာ့စစ္သူႀကီးက သူ႕ကိုသတိထားမိလာသည္။

တိုက္ရည္ခိုက္ရည္​ေကာင္းၿပီး လွ်င္ျမန္ျဖတ္လက္လြန္းတဲ့သူ႕ကို စစ္သူႀကီးကသ​ေဘာက်ကာ​ေထာက္ခံ​ေပးလာတာ​ေၾကာင့္ အသက္၁၇မွာ တပ္မႉးဘဝစ​ေရာက္ခဲ့သည္။

အၿမဲတပ္ထဲမွာ​ေနရတဲ့သူက တစ္​ေန႕မွာ နန္း​ေတာ္ကိုစစ္သူႀကီးကဝမ္ရိ​ေပၚဆြဲထားတဲ့ဗ်ဴဟာကိုအရွင့္ဆီသြားပို႔​ေတာ့သူနန္း​ေတာ္ထဲစ​ေရာက္ခဲ့တာျဖစ္သည္။

"အရွင့္ကိုမင္းရဲ႕ဗ်ဴဟာကိုသြား​ေျပာ​ေပးၿပီးမွ
အရွင့္ကိုမင္းဝင္​ေတြ႕လိုက္...ခန​ေစာင့္​ေန​ေနာ္ရိ​ေပၚ.."

"ဟုတ္ကဲ့.."

အရွင့္ရဲ႕နန္း​ေဆာင္​ေရွ႕မွာ သူ​ေတာင့္​ေတာင့္​ေလးရပ္​ေစာင့္​ေနတုန္းတစ္ေယာက္​ ေယာက္စိုက္ၾကည့္​ေနသလိုခံစားရလို႔လွည့္ပတ္ၾကည့္မိ​ေတာ့ သူ႕ခါးသာသာ​ေလာက္ရွိတဲ့ ​ေကာင္​ေလးကို​ေတြ႕လိုက္ရသည္။

မဲနက္​ေတာက္​ေျပာင္​ေနတဲ့ဆံႏြယ္ရွည္​ေတြကို​ေကာင္​ေလးက​ေက်ာ​ေပၚျဖန့္ခ်ထားသည္။မိုးျပာ​ေရာင္ပိုးသားဝတ္စုံအ​ေရာင္​ေဖ်ာ့​ေဖ်ာ့​ေလးကို​ေသသပ္စြာဝတ္ဆင္ထား​ေသးသည္။
အသား​ေလးကျဖဴ​ေဖြးအိစက္​ေနတဲ့ပုံ​ေပၚကာ ႏွာဖ်ား​ေလး​ေတြ ႏႈတ္ခမ္း​ေသး​ေသး​ေလး​ေတြကရဲစို​ေနသည္။သူ​ေလးက​ေခါင္းလုံးလုံး​ေလး​ေမာ့​ေန​ေအာင္​ေမာ့ထားကာအရပ္ရွည္လြန္းလွတဲ့သူ႕ကို​ေမာၾကည့္​ေနတာ​ေၾကာင့္ ထိုက​ေလး​ေလးနဲ႕အရပ္ညီ​ေအာင္ ဝမ္ရိ​ေပၚထိုင္ခ်လိဳက္သည္။

က​ေလး​ေလးက ရွည္လ်ားတဲ့မ်က္​ေတာင္ရွည္ႀကီးမ်ားကိုပုတ္ခတ္ပုတ္ခတ္လုပ္ကာသူ႕ကိုစူးစိုက္ၾကည့္​ေနသည္။

"က​ေလး​ေလး..ဒီမွာဘာလုပ္​ေနတာလဲ?"

".........."

ၾကည့္​ေန႐ုံကလြဲအ​ေျဖျပန္ရမလာပါ။
သူထပ္​ေမးလိုက္သည္။

"နန္း​ေတာ္ထဲမွာ လမ္း​ေပ်ာက္​ေနတာလား?.."

".........."

ထိုအခါမွာလည္းဘာတုံ႕ျပန္မႈမွမ​ေပးပဲ သူ႕ကိုသာ​ေငးၿမဲ​​ေငးဆဲ။

"အရွင့္ကနန္း​ေဆာင္ထဲဝင္လာခဲ့ပါတဲ့
အရွင့္သား"

အထိန္း​ေတာ္တစ္​ေယာက္က ထိုက​ေလး​ေရွ႕ဦးၫြတ္ရင္းဆိုလာသည္။ထိုအခါမွရိ​ေပၚထိုက​ေလးကိုျပန္ၾကည့္ရင္း အကဲခတ္လိုက္​ေတာ့
ခါးတြင္အရည္အ​ေသြး​ေကာင္းလြန္းတဲ့​ေက်ာက္စိမ္းျပား​ေလးကိုခ်ိတ္ဆြဲထား​ေလသည္။

႐ုပ္ရည္ကလဲသာမာန္မဟုတ္ဘူး။
​ေကာင္းလြန္းတဲ့​ေက်ာက္စိမ္းအရည္အ​​ေသြးနဲ႕
သန့္ျပန့္လြန္းလွတဲ့​အ​ေနအထားအရ ထိုက​ေလးကမင္းသားတစ္ပါးလား??။

သူ​ေတြးလို႔မွမဆုံး​ေသး နန္း​ေဆာင္တစ္ခါးပြင့္သြားကာ နဂါးဝတ္႐ုံကိုခန့္ညားစြာဝတ္ထားတဲ့သက္လတ္ပိုင္းလူတစ္​ေယာက္ကထြက္လာသည္။ရိ​ေပၚခါးက်ိဳးမတက္အရိုအ​ေသ​ေပးလိုက္ရင္း ဒူး​ေတြပါအနည္းငယ္တုန္ယင္လာသည္။
သူဟာဘယ္​ေလာက္သတၱိရွိတဲ့တပ္မႈး​ေလးဆိုဆို ဒါကတိုင္းျပည္ႀကီးတစ္ခုလုံးရဲ႕ဧကရာဇ္ႀကီးကို​​ေတာ့​ေၾကာက္ပါ​ေသးသည္။

"သားက်န့္​ေလးကဘာလို႔ ဝင္မလာတာလဲ?
ဖခမည္း​ေတာ္​ေစာင့္​ေနတာၾကာလွၿပီ.."

​ေျပာ​ေျပာဆိုဆို ႏွင့္ဧကရာဇ္က ​ပိန္ပါးလြန္းလွတဲ့ထိုက​ေလး​ေလးကို​ေကာက္​ေပြ႕လိုက္သည္။
မင္းသား​ေလးကို တယုတယ​ေကာက္​ေပြ႕လိုက္တဲ့ဧကရာဇ္​ကိုရိ​ေပၚ မ်က္လုံး​ေထာင့္က​ေန ခိုးၾကည့္လိုက္သည္။

ရွင္ဘုရင္ ဆိုတဲ့ဂုဏ္ပုဒ္အရ ​ေသြးသားကို​ေခၚတဲ့ပုံစံသည္ႏူးညံ့လြန္း​ေနသည္ဟုရိ​ေပၚ​ေတြးလိုက္မိသည္။တခ်ိဳ႕​ေသာဧကရာဇ္ခမည္း​ေတာ္​ေတြဆို သူတို႔ရဲ႕သား​ေတာ္​ေတြကို ခ်စ္ခင္ရင္​ေတာင္ ထိုကဲ့သို႔ခ်ိဳ​သာ​ေသာအသုံးကိုမသုံးၾကဟု ရိ​ေပၚဖတ္ဖူးတဲ့ရာဇဝင္က်မ္း​ေတြက​ေဖာ္ျပထားသည္။

"ဖခမည္း​ေတာ္.."

"အင္း..​ေျပာ​ေလသားက်န့္"

"​ေရွာင္းက်န့္ အဲ့လူႀကီးကိုသ​ေဘာက်တယ္."

မင္းသား​ေလးရဲ႕အသံကတိုးညင္းလြန္း​ေပမဲ့ ျမႇားတံသြားရာလမ္​ေၾကာင္းကို​ေတာင္အာ႐ုံခံနိုင္တဲ့အထိအၾကားအာ႐ုံ​​ေကာင္းလြန္းတဲ့ရိ​ေပၚက ျပတ္ျပတ္သားသားကို ၾကားလိုက္ပါသည္။

အဲ့လူႀကီးဆိုတာ ဘယ္သူကို​ေျပာတာပါလိမ့္?

စူးစူးစိုက္စိုက္အၾကည့္ခံလိုက္ရတဲ့ ဖိအားကိုခံစားမိ​ေနတဲ့​ရိ​ေပၚက မ်က္ဆံကိုအသာလွန္ၾကည့္​ေတာ့ဧကရာဇ္ကစူးစိုက္​ၾကည့္​ေနတာကိုျမင္လိုက္တာ​ေၾကာင့္ ရင္ဘက္ထဲဒိန္းခနဲျဖစ္သြားကာမ်က္လႊာကိုျပန္ခ်လိဳက္ရသည္၊

ဘာလို႔သူ႕ကိုအဲ့လိုၾကည့္​ေနရတာလဲ?
သူဘာအမွားမ်ားလုပ္မိလို႔လဲ??
ခိုးၾကည့္မိလို႔လား?

သူ႕ရဲ႕ကိုယ္လုံးႀကီးက​ေတာ့အခုထိဦးၫြတ္အရို​အ​​ေသ​ေပးထားရာက အရွင့္ဆီကအမိန့္မရတာ​ေၾကာင့္ျပန္မဆန့္ရ​ေသးပါ။

"ခမည္း​ေတာ္ ​ေရွာင္းက်န့္ကို​ေအာက္ကိုခ်​ေပးပါ"

မင္းသား​ေလးရဲ႕အသံထပ္ၾကားလိုက္ရၿပီးမၾကာဘူး၊​သူ႕​ေရွ႕ကို ထိုမင္းသား​ေလးျပန္​ေရာက္လာသည္။

"လူႀကီး ခါးကိုဆန့္လိုက္​ေနာ္..ခါး​​ေညာင္း​ေနဦးမယ္"

လူႀကီး??????
အဲ့​ေတာ့ ခုနကသ​ေဘာက်တယ္လို႔​ေျပာလိုက္တာ သူ႕ကိုတဲ့လား!!!!!

____________________________________________

Chapter 1 ပဲတင္​ရ​ေသးတယ္ viewer 1k​ေက်ာ္သြားတဲ့အတြက္ အတိုင္းမသိ​ေအာင္ဝမ္းသာရပါတယ္။
အခုမွစ​ေရးတဲ့​​ေစာင္းႀကိဳးအတြက္​က​ေတာ့ ႀကီးက်ယ္လြန္းလွတဲ့ ​​ေအာင္ျမင္မႈႀကီးလို႔ပဲဆိုခ်င္ပါတယ္ကြယ္။

ဖတ္​ေပးၾကတဲ့သူ​ေတြတစ္​ေယာက္ခ်င္းစီတိုင္းကို​ေက်းဇူးအမ်ားႀကီးတင္ပါတယ္​ေနာ္။
OG​ေလးကို​ေရးရတာအားရွိ​ေအာင္လိုက္​ေပးၾကပါဦးလို႔ဖတ္​ေခၚလိုက္ပါတယ္ရွင့္။











Continue Reading

You'll Also Like

38.3K 772 30
๐‘๐ž๐ ๐ฎ๐ฅ๐ฎ๐ฌ ๐๐ฅ๐š๐œ๐ค ๐๐ข๐ ๐ง๐จ๐ญ ๐ฌ๐ž๐ž๐ค ๐จ๐ฎ๐ญ ๐ญ๐ก๐ž ๐ฅ๐จ๐œ๐ค๐ž๐ญ ๐ญ๐ก๐š๐ญ ๐ง๐ข๐ ๐ก๐ญ. ๐ˆ๐ง๐ฌ๐ญ๐ž๐š๐, ๐ก๐ž ๐ฆ๐š๐ซ๐ซ๐ข๐ž๐ ๐š๐ง๐ ๐›๐ซ๐จ๐ฎ...
358K 13K 60
๐—œ๐—ก ๐—ช๐—›๐—œ๐—–๐—› noura denoire is the first female f1 driver in ๐——๐—˜๐—–๐—”๐——๐—˜๐—ฆ OR ๐—œ๐—ก ๐—ช๐—›๐—œ๐—–๐—› noura denoire and charle...
172K 3.6K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
1.7K 150 5
แ€’แ€ซแ€œแ€ฑแ€ธแ€€ Part1 แ€€แ€›แ€ฑแ€ธแ€แ€ฌแ€™แ€Ÿแ€ฏแ€แ€บแ€•แ€ซแ€˜แ€ฐแ€ธ แ€กแ€†แ€€แ€บแ€•แ€ซแ€”แ€ฑแ€ฌแ€บ แ€œแ€€แ€บแ€…แ€™แ€žแ€แ€บแ€›แ€žแ€ฑแ€ธแ€แ€ฒแ€ท fic แ€€แ€œแ€ฑแ€ธแ€™แ€ญแ€ฏแ€ทแ€•แ€ซ แ€•แ€ผแ€ฎแ€ธแ€กแ€ฑแ€ฌแ€„แ€บแ€›แ€ฑแ€ธแ€œแ€ญแ€ฏแ€€แ€บแ€แ€ปแ€„แ€บแ€œแ€ญแ€ฏแ€ทแ€•แ€ซ