စစ်သူကြီး၏ ချစ်ပွဲ​ခေါ်သံ(Com...

Saung_Kyaoe द्वारा

112K 8.5K 1K

Yizhan अधिक

Intro
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-(8.1)
Chapter(8.2)
Chapter-9
Chapter-10
Chapter -11
Chapter-12
Chapter 13
Chapter 14
Chapter -15
Chapter 16
Chapter-17
Chapter -18
Chapter 19
Chapter-20
Chapter-21
Chapter 22
Chapter 23
Chapter -24
Chapter 25
Chapter 26
Chapter-27
Chapter 28
Chapter 29
Chapter -30
Chapter 31
Final
​စျေးဗန်း!!!

Chapter-1

5.7K 388 45
Saung_Kyaoe द्वारा

​ရှောင်းဧကရာဇ်၏မျက်နှာကကြည့်ရဆိုး​နေသည်။စစ်သူကြီးဝမ်ရိ​ပေါ်၏မျက်နှာကပိုလို့ကြည့်ရဆိုး​နေသည်။

"ကိုယ်​တော်လက်မခံနိုင်ဘူး..."

"ကျွန်​တော်မျိုးလည်းလက်မခံနိုင်ဘူး.."

အရှင့်ကသူ့​ရှေ့ကရုပ်ကြီးကိုရှုံ့မဲ့​​နေရင်း ရှင်ဘုရင်ကို​တောင်ပြန်လည်​ချေပ​နေတဲ့စစ်သူကြီး​ကြောင့် ​သွေးတက်ချင်လာသည်။

"​မောင်မင်းလက်မခံနိုင်ရင် အမိန့်စာပြန်တုန်းကတစ်ခါထဲကန့်ကွက်လိုက်ပါလား!
အခုမှ ငါ့ကိုယ်​တော့်သားကိုလက်မခံနိုင်ဘူးဆိုတာ ဘယ်လိုအပြုအမှုမျိုးလဲ!"

ဝမ်ရိ​ပေါ်သည် သူတို့တိုင်းပြည်၏​မြောက်ပိုင်းနယ်စပ်ကိုကျူး​ကျော်လာတဲ့ တိုင်းတစ်ပါးကရန်သူ​တွေကိုအနိုင်ပိုင်းပြီးပြန်လာတဲ့အချိန်မှာ သူ့ရဲ့ဧကရာဇ်က နန်းရင်းပြင်မှာခရီးဦးကြိုပြုပြီး သူရဲ့​အောင်မြင်မှုအတွက်ဆု​တွေချီးမြှင့်ခဲ့သည်။
ထိုဆု​တွေထဲမှာ အရှင့်ရဲ့အငယ်ဆုံးသား​တော်ဖြစ်တဲ့ ​မင်းသား​ရှောင်းကျန့်နဲ့သူ့ကိုလက်ဆက်​ပေးဖို့ရည်ရွယ်တဲ့ဆုတစ်ခုလဲပါဝင်သည်။

အမိန့်စာတန်းပြန်တဲ့အချိန်တုန်းက သူအ​တောင့်လိုက်​သေဆုံးသလိုဖြစ်သွားပြီး ကြားလိုက်ရတာကိုမယုံကြည်နိုင်လွန်းတာ​​ကြောင့်​ကြောင်အ​ နေတုန်း အရှင်က
" လက်ခံ​စေ " လို့​ပြောလာတုန်းကသူ​အ​ယောင်​ယောင်အမှားမှားနဲ့လက်ခံ​ကြောင်း​ပြောခဲ့မိသည်။

လူစုခွဲသွားမှလက်မခံနိုင်​ကြောင်းအရှင့်နန်း​ဆောင်လိုက်လို့ လက်မခံနိုင်​ကြောင်းပြန်​ပြောသည်က ဆီ​လျော်မှုမရှိ​ကြောင်းသူသိ​ပေမဲ့....။

ဘယ်လိုလုပ် ၈နှစ်ငယ်ပြီး ချူချာလွန်းလှတဲ့​ရှောင်းမင်းသား​လေးကိုသူ့အိမ်သား​လေးအဖြစ်လက်ခံရပါ့မလဲ!!!!!!

သူကဖြင့်သန်မာအားကြီးလွန်းလို့ နွားပျိုတစ်​ကောင်ကို​တောင်လက်သီးတစ်ချက်နဲ့လှဲသိပ်နိုင်ပြီး ခန္တာကိုယ်ဖွဲ့စည်းပုံကလဲ သာမာန်လူ​တွေထက်ပိုထွားကာ ကြည့်​ကောင်းလွန်း​သည်​လေ။

ဒါ​ပေမဲ့ အရှင့်သား​​ရှောင်းကျန့်က​တော့ ပိန်ပါးလွန်းတဲ့ကိုယ်လုံး​လေးနဲ့ သာမာန်​ယောကျာ်း​​လေး​တွေထက်သွယ်လွန်းတဲ့
ခန္တာကိုယ်အချိုးအဆစ်ရှိတာကို။

အရှင့်သားအားနည်းပုံနဲ့ သူအားကြီးပုံမျိုးနဲ့ဆိုမင်္ဂလာဦးညကျင်းပပြီးတာနဲ့မနက်ဖြန်
အ​သုဘချ​နေရလိမ့်မယ်!!

မဖြစ်ပါ။လုံးဝမဖြစ်ပါ။

သူကလဲ တစ်ဘဝလုံး​ပေါင်းဖက်မည့်ကိုယ့်အိမ်​ထောင်ဘက်​ပေါ်ကို​တော့ အားအပြည့်နဲ့ချစ်ရည်လူးချင်​သေးသည်။
​တော်ကြာ ဒီ​နေ့ချစ်ရည်လူး ​နောက်​နေ့ဖျားဆို ​ရှောင်းမင်းသား​လေးအိပ်ယာထဲက​တောင်ထွက်ရပါ့မလား??
သူက​တော့ ချစ်ရည်ကိုအမြဲလူးချင်​နေသည့် လူပျိုသိုးကြီးဆို​​တော့ ရလာတဲ့​ကောင်​လေးကိုအလှကြည့်​နေနိုင်မည် မထင်​ချေ။

"အရှင်လဲကျွန်​တော့်ခွန်အားကိုသိရဲ့သားနဲ့..."

ဝမ်ရိ​ပေါ်ဆီကဆူ​အောင့်​အောင့်​လေသံထွက်လာသည်။မဲနက်​နေတဲ့မျက်ခုံးနှစ်ခုကိုသူကထိလုမတတ် ကြုံ့ထားပြီးအရှင့်ကိုလျှောက်တင်သည်။

အရှင့်ကဉာဏ်​ကောင်း​ပေမဲ့ အခုသူ့ရဲ့စစ်သူကြီး​ပြောဆိုလိုက်တဲ့ "ခွန်အားကိုသိရဲ့သားနဲ့"ဆိုတဲ့ စကားကို​တော့ဖြင့် အဓိပ္ပါယ်​ဖော်ရသိပ်ခက်​နေသည်။
ဝမ်ရိ​ပေါ်ရဲ့ခွန်အားနဲ့ သူ့သားကိုလက်ဆက်​ပေးဖို့ကိစ္စကဘယ်နားမှာများဆက်စပ်သွားပါသနည်း။

သူ​ပြောတာကိုနားလည်ပုံမရပဲ ရှုပ်​​ထွေး​နေ့ပုံရတဲ့အရှင့်​ကြောင့် ဝမ်ရိ​ပေါ်က နှာတစ်ချက်မှုတ်လိုက်သည်။

မျက်နှာကဆူပုတ်​နေပြီး မျက်ခုန်း​တွေကိုတွ့န်​ကွေးကာ သူ့​ရှေ့မှာခပ်တည်တည်ထိုင်ပြီး နှာ​တွေတမှုတ်မှုတ်လုပ်​နေတဲ့ စစ်သူကြီးဝမ်ကိုကြည့်ရင်း ဧကရာဇ်ကနွားပျိုကြီးနဲ့သိပ်ကိုတူလွန်းသည်ဟု မြင်လာသည်။
ဆင်ကိုးစီးစားမကုန်တဲ့ခန္တာကိုယ်အ​နေအထားနဲ့ နွားနဲ့တူ​နေတဲ့ရုပ်ရည်ကို သူ့ရဲ့အသည်းအသက် သား​ထွေးကျန့်က မည်သို့ကြည့်လိုက်၍ ​မေတ္တာသက်ဝင်သွားတယ်မသိ။

ဖခမည်း​တော်ရဲ့မျက်နှာကိုမှမ​ထောက် စစ်သူကြီးဝမ်ကို ​တောင်းရမ်းဖို့​တောင်းဆိုခဲ့သည်။
အခု​တော့သူ့ခင်ဗျာ ဒိီနွားနဲ့တူတဲ့စစ်သူကြီးကိုသမက်​တော်ဖို့အ​ရေး​ဆွေး​နွေး​နေရပြီ။

​ရှောင်းဧကရာဇ်သည် သား​တော်နှစ်ပါးပဲရှိသည့်အ​လျောက် အကြီးဆုံး​သား​တော်က်ို အိမ်​​ရှေ့စံအဖြစ်တင်​မြှောက်ထားပြီး သူ့ရဲ့သား​ထွေးအငယ်ဆုံး​လေးကို​တော့ ​ကျောက်စိမ်းကိုယ်​တော်​လေးဘွဲ့ချီးမြှင့်ကာ ​ရွှေလိုဥထားခဲ့သည်။
​မွေးကထဲက သူ့လက်​ပေါ်မှာပဲကြီးပြင်းလာတဲ့ က​လေး​လေးက်ို​ရှောင်းအရှင်ဟာ အသည်းအသက်တမျှချစ်မြတ်နိုးလွန်းတာ​ကြောင့်အရွယ်​ရောက်လာတဲ့အခါ သူများကို​​ပေးဖို့တွန့်ဆုတ်​နေရတဲ့ကြားထဲ....
သူ့ရဲ့သမက်​လောင်းဖြစ်ရမဲ့သူကပါအင်တင်တင်နဲ့ဆို​တော့ ​​​ဒေါသကထွက်ချင်လာသည်။

ရုပ်ရည်​ချော​မောလွန်းတဲ့စစ်သူကြီးဝမ်ကို​တောင်နွားကြီးနဲ့တူတယ်ဆိုပြီးထင်မိသည်အထိသူ့သား​တော်ကိုသိပ်ကိုနှ​မြောလွန်းပါသည်။

"ကဲ အဲ့တာဆို​ဖြေ ငါ့ကိုယ်​တော့်သား​တော်ကို လက်ခံမှာလား?..လက်မခံဘူးလား..??"

ဒိီလိုဒဲ့တိုးကြီး​​မေးလာပြန်​တော့လဲ ဝမ်ရိ​ပေါ် လက်မခံ​ကြောင်း​ပြောဖို့လျှာ​လေး​နေမိသည်။
သူရဲ့ခွန်အားနဲ့​ရှောင်းမင်းသား​လေးရဲ့ခန္တာကိုယ်တည်​ဆောက်ပုံကမဖြစ်​နိုင်လောက်ဘူးလို့ထင်ပြီးအထွန့်တက်​လိုက်ပေမဲ့ လက်မခံဘူးလို့​ပြောလိုက်ဖို့ကြ​တော့လဲ သူ့မှာအင်တင်တင်ဖြစ်​နေရသည်။

ဘာလို့ဆို ​ရှောင်းမင်းသားဟာ သုံး​လောကမှာအလှဆုံးဆိုတဲ့ဘွဲ့ကို အသက်၁၄နှစ်ကထဲကသိမ်းပိုက်ခဲ့တာဖြစ်ပြီး ​ခြောက်ပြစ်ကင်းသဲလဲစင်​လေးဖြစ်ကာ သိပ်ကိုလှလွန်းတဲ့သူဖြစ်လို့ပါပဲ။

ဒီလိုအလှ​လေးကိုလိုချင်ကြတဲ့သူ​တွေမှအများကြီးပင်။ဒီအထဲမှာဝမ်ရိ​ပေါ်ဟာလည်း မသိမသာပါဝင်​နေခဲ့သည်။ဒါ​ကြောင့် အရှင်ကသူ့ကို မင်းသား​ရှောင်းကျန့်ကို​ပေးအပ်တုန်းက အ​ပျော်လွန်ပြီး အ​တောင့်လိုက်​သေဆုံး​​နေခဲ့တာ​လေ။
ဟုတ်တယ်​လေ...အဲ့​လောက်လှတာ​လေးမှမလိုချင်ရင် သူလဲလူမဟုတ်​တော့ဘူး ဟွန့်။

လက်မခံနိုင်​ကြောင်း​လျှောက်ဖို့ပြင်လိုက်​တော့လဲ. မျက်ဝန်းနက်နက်လှလှ​လေးကသူ့အာရုံထဲစွဲ​နေ​သေးသည်။
လက်ခံ​ကြောင်းဆိုဖို့ကြံ​​တော့လဲ ​သေးသွယ်ပါးလှပ်လွန်းသည့် သူ့လက်တစ်ဖဝါး​တောင်မပြည့်ချင်သည့် ခါး​လေးကို​ပြေးမြင်လာသည်။

ဘယ်လိုပြန်​ဖြေရမလဲ​တွေးရင်း​တွေးရင်းဝမ်ရိ​ပေါ်​ခေါင်း​ခြောက်လာသည်။

​ရှောင်းအရှင်ဟာ သူ့​ရှေ့ကဘာမှမ​ပြောပဲ​​​မျက်​မှောင်ကြီးကြုံ့ထားတဲ့စစ်သူကြီးဝမ်ကိုစိတ်​လေသလိုကြည့်​နေသည်။
အတန်ကြာတဲ့အထိဘာအသံမှထွက်မလာ​တော့​ရှောင်းအရှင်ဆီကစိတ်ပျက်လက်ပျက်အသံထွက်လာသည်။

"​မောင်မင်းဘက်ကဆန္ဒမရှိရင်လဲ ကိုယ်​​တော်အတင်းမတိုက်တွန်း​တော့ပါဘူး။
​မောင်မင်းနဲ့​ကြေညာထားတဲ့ကိစ္စကိုကိုယ်​တော်ပြန်ပြီးရှင်းချက်ထုတ်​ပေးပါ့မယ်။
ပြီးရင်​တော့...​ကိုယ့်​တော့်အသည်းအသက်​လေးကို ချန်မင်းဆက်​တွေဆီဆက်သလိုက်ရတာ​ပေါ့."

"....!!!!!!...."

အရှင့်​ပြောတာကို နား​ထောင်​နေတဲ့ဝမ်ရိ​ပေါ်က ​နောက်ဆုံးစကားငံမှာမျက်လုံးပြူးသွားသည်။

"ချန်မင်းဆက်​တွေဆီ??"

"အင်း ငြိမ်ချမ်း​​​ရေးကမ်းလှမ်းလာတာ သူတို့ရှင်ဘုရင်ဆီအရှင့်သားငယ်ကိုဆက်သခိုင်းထားတာ တိုင်းတစ်ပါးသားမို့ လက်မခံချင်​ပေမဲ့.."

အရှင်ကမျက်နှာကိုငယ်ချလိုက်သည်။

"မတတ်နိုင်ပါဘူး​လေ အိုကြီးအိုမ ဘုရင်ကြီးနဲ့အခုမှ၁၈ပြည့်ခါစကိုယ်​တော့်သား​တော်​လေးက လက်ဆက်ရ​တော့မှာ​ပေါ့..."

"လက်ခံတယ်!!!"

"....?.."

"ကျွန်​တော် ​ရှောင်းမင်းသားနဲ့လက်ဆက်မယ်
ဒါ​ကြောင့်​ရှောင်းမင်းသားကိုတိုင်းတစ်ပါးသားကိုမ​ပေးပါနဲ့!!"

"စစ်သူကြီးဝမ်..? ​သေချာရဲ့လား?"

"​သေချာတယ်အရှင်. ..ကျွန်​တော်မျိုး​ရှောင်းမင်းသားကိုတစ်ဘဝလုံးအကာအကွယ်​ပေးနိုင်ပါတယ်၊စိတ်ချမ်းသာ​အောင်လဲထားမှာမို့ ​ရှောင်းမင်းသားကို ကျွန်​တော်မျိုးနဲ့ပဲလက်ဆက်​ပေးပါ!!"

အလယ်မှာစားပွဲခုံအပု​လေးပဲခြားကို အားကြီးနဲ့​​အော်​ပြော​နေတဲ့စစ်သူကြီးဝမ်​ကြောင့် ​ရှောင်းအရှင်ကရင်ဘက်ကိုဖိလိုက်ရသည်။
ခုနက​တော့အင်တင်တင်မျက်နှာ​ဘေးနဲ့မူ​နေပြီး အခုလိုချက်ချင်းကြီးစိတ်အားထက်သန်သွားတာက ​ကြောက်စရာ​ကောင်းလိုက်တာ။
ငါ့သား​တော်​လေးကိုသူ့ကို​ပေးလိုက်ရင်တကယ်​ကောစိတ်ချရပါ့မလား???။

___________________________________________

အရှင့်နန်း​တော်ထဲကထွက်လာတဲ့စစ်သူကြီးဝမ်ရဲ့​ခြေလှမ်း​တွေက ​နှေး​ကွေး​နေသည်။
နားထဲမှာအရှင်​ပြောလိုက်တဲ့စကား​​တွေကိုသာကြား​ယောင်​နေမိသည်။

သူလက်ခံ​ကြောင်း​ပြောလိုက်​တော့အရှင်သည်သူ့ကို​လေး​လေးနက်နက်ကြည့်လာသည်။
ထို့​နောက်

"ကိုယ်​တော့်ရဲ့သား​တော်​လေးကိုမင်းရဲ့လက်ထဲထည့်လိုက်ရတာ​ကြောင့် ​စောင့်​ရှောက်​ပေးပါလို့​တောင်းဆိုချင်ပါတယ်။
​ရှောင်းကျန့်​လေးကငယ်ငယ်ထဲက ကိုယ်​တော်ပိုး​မွေးသလို​မွေးလာရတဲ့က​လေးဖြစ်တာ​ကြောင့်ကိုယ်​တော့်အသက်နဲ့မခြားချစ်မြတ်နိုးရတဲ့သူလဲဖြစ်တယ်။
ဒါ​ကြောင့် နာကျင်​အောင်မလုပ်ဖို့၊အနိုင်မကျင့်ဖို့၊
စိတ်ရှည်​ပေးဖို့၊ သည်းမခံနိုင်တဲ့ကိစ္စ​တွေရှိရင်လဲ စိတ်လိုက်မာန်ပါမလုပ်ပဲ ကိုယ်​တော့်ကိုအရင်လာ​ပြောပါ ....​တောင်းဆိုပါတယ်."

"အရှင်.."

"ဒါဟာ ဘုရင်တစ်ပါးအ​နေနဲ့​ပြော​နေတာမဟုတ်ပါဘူးစစ်သူကြီးဝမ် ဖခင်တစ်​ယောက်အ​နေနဲ့​ကိုယ့်သမက်ဖြစ်လာမဲ့သူကို​တောင်းဆိုရခြင်းဖြစ်ပါတယ်."

ရာဇမာန်​တွေကိုခဝါချကာ​တောင်းဆိုလာတဲ့ဧကရာဇ်ဖြစ်သူသည် သူ့ရဲ့ဘုရင်မာနထက် သား​တော်​လေး ​ပျော်ရွှင်ဖို့အတွက်သာအ​လေးထား​နေ​ကြောင်းသိသာလှသည်။

"ကျွန်​တော်မျိုး ​ရှောင်းမင်းသားကို​သေချာကရုစိုက်ပါ့မယ်။ကျွန်​တော်​ကြောင့်မနာကျင်​စေဖို့ကျွန်​တော်ကတိ​ပေးပါတယ်။
ကျွန်​တော်အိမ်သားအ​​ပေါ်ကျွန်​တော်မျိုးလက်နဲ့​တောင်မရွယ်ပါဘူး"

သူကတိ​ပေးလိုက်မှသာအရှင်ကခပ်ဖွဖွပြုံးပြလာသည်။

"ဟူးးးးးး..."

နန်းရင်းပြင်မှာသူရပ်​နေရင်း​လေပူ​တွေမှုတ်ထုတ်လိုက်သည်။
လက်ဆက်ဖ်ို့​တော့လက်ခံလိုက်ပြီ သူရဲ့ဇနီး​လောင်း​လေးကဘယ်မှာပါလိမ့်?

အသက်၁၄နှစ်အရွယ်ထဲကပညာ​တော်သင်မည်ဆိုပြီးထွက်သွား​သော ​ရှောင်းမင်းသား​လေးသည် သူရဲ့ခမည်း​တော်ကစစ်သူကြီးဝမ်နဲ့ထိမ်းမြှားဖို့ စီစဥ်ထားတာကိုကြားသိရပါက ဘယ်လိုတုံ့ပြန်မလဲဝမ်ရိ​ပေါ်သိချင်လှသည်။

စစ်သူကြီးဝမ်မသိခဲ့တာတစ်ခုက​တော့ ​ရှောင်းမင်းသား​လေးကိုယ်တိုင် သူနဲ့လက်ဆက်ဖို့စစ်သူကြီးဝမ်ကို ​တောင်းရမ်းခိုင်းထားခဲ့ခြင်းပင်ဖြစ်သည်။

_________________________________________

​ပေ ၃၀၀၀​ကျော်​မြင့်မား​သော​တောင်ကြီး၏​အောက်​ခြေတွင်ဘုန်းကြီး​ကျောင်းတစ်​ကျောင်းရှိသည်။

ထို​ကျောင်းသည် ​ကျောင်းပူံစံကအိုအို​ပေမဲ့ ​ကျောင်းမှာရှိ​သော ဆရာ​တော်​တွေက​တော့ ​ဗေဒင်ပညာအရပ်မှာတစ်ဖက်ကမ်းခတ်​တော်လွန်းသည်။

ဒိီ​နေ့​တော့ဘုန်းကြီး​ကျောင်းရဲ့ပြဌာန်းရွတ်ဆိုတဲ့ခန်းမထဲမှာ ​ကျောင်းမှာရှိတဲ့ဘုန်းကြီးအပါး၂၀လုံး​ရောက်​နေသည်။
အ​ကြောင်းမှာ သူတို့​ကြောင်းမှာ​လေးနှစ်တိတိ​ဗေဒင်အတွက်အချက်နဲ့​လောကုတ္တရာနဲ့စပ်လျဥ်းတဲ့ပညာရပ်​တွေကိုသင်ကြားခဲ့တဲ့​ရှောင်းမင်းသား​လေးက ပြန်ချိန်တန်လို့ အိမ်ကိုပြန်​တော့မည်ဆို​သော​ကြောင့်ပင်။

သွား​ရေးလာ​ရေးခရီးလမ်း​​ချော​မွေ့​အောင် ပရိတ်ရွတ်ဖတ်​ပေး​နေ​သော ဘုန်းကြီးအပါး၂၀ရဲ့အလယ်တွင် ဆံနွယ်ရှည်ရှည်​တွေကကြမ်းပြင်​ပေါ်ဖြာကျ​နေ​အောင်ပုံပုံက​လေးထိုင်​နေ​သော ​ရှောင်းမင်းသားငယ်ရှိပါသည်။

​ရှောင်းကျန့်မင်းသား​လေးသည် ဆင်စွယ်​ရောင်ဖြူဝင်း​နေ​သောအသားအရည်က​ကောင်းလွန်းလှသည်။ ပရိတ်ရွတ်ဖတ်တာကိုလက်အုပ်ချီလို့နာခံ​နေတဲ့လက်သွယ်သွယ်ဟာလည်းကြာဖူးကြာငုံ​​လေးအတိုင်း။
မျက်လုံး​တွေမှိတ်ထားလို့ မျက်​တောင်ရှည်ရှည်​လေး​တွေကလဲ ​ခေါက်ယပ်​တောင်​လေးအလား ပါးပြင်နုနု​ပေါ်ဖြာကျ​နေသည်။

အဖက်ဖက်ကပြည့်စုံ​သောအလှတရား​လေး​တွေနဲ့​ရှောင်းမင်းသား​လေးသည် မကြာခင် စစ်သူကြီးဝမ်၏အိမ်သား​လေးဖြစ်လာ​ပေ​တော့မည်။

__________________________________________
အမည်.                         -ဝမ်ရိ​ပေါ်
အသက်.                        -၂၆နှစ်
အရပ်.                            -၆​ပေ၂ခွဲ
ကိုယ်အ​လေးချိန်.             -၁၄၀ပေါင်
ရာထူး.                           -​ရှောင်းတိုင်းပြည်၏ရှုံးပွဲမရှိစစ်သူကြီး

အမည်.         -​ရှောင်းကျန့်
အသက်        -၁၈နှစ်
အရပ်.          -၅​ပေ၇ခွဲ
ကိုယ်အ​လေးချိန် -၁၀၀​ပေါင်
ရာထူး.             -စစ်သူကြီးဝမ်၏အိမ်သား​​လေး

Zawj












အ​သုဘချ​နေရလိမ့်မယ်!!

မဖြစ်ပါ။လုံးဝမဖြစ်ပါ။







အခု​တော့သူ့ခင်ဗျာ ဒီနွားနဲ့တူတဲ့စစ်သူကြီးကိုသမက်​တော်ဖို့အ​ရေး​ဆွေး​နွေး​နေရပြီ။

ရှောင်းဧကရာဇ်သည် သား​တော်နှစ်ပါးပဲရှိသည့်အ​လျောက် အကြီးဆုံး​သား​တော်ကို အိမ်​​ရှေ့စံအဖြစ်တင်​မြှောက်ထားပြီး သူ့ရဲ့သား​ထွေးအငယ်ဆုံး​လေးကို​တော့ ​ကျောက်စိမ်းကိုယ်​တော်​လေးဘွဲ့ချီးမြှင့်ကာ ​ရွှေလိုဥထားခဲ့သည်။
မွေးကထဲက သူ့လက်​ပေါ်မှာပဲကြီးပြင်းလာတဲ့ က​လေး​လေးကို​ရှောင်းအရှင်ဟာ အသည်းအသက်တမျှချစ်မြတ်နိုးလွန်းတာ​ကြောင့်အရွယ်​ရောက်လာတဲ့အခါ သူများကို​​ပေးဖို့တွန့်ဆုတ်​နေရတဲ့ကြားထဲ....



ဒီလိုဒဲ့တိုးကြီး​​မေးလာပြန်​တော့လဲ ဝမ်ရိ​ပေါ် လက်မခံ​ကြောင်း​ပြောဖို့လျှာ​လေး​နေမိသည်။







"....!!!!!!...."


"ချန်မင်းဆက်​တွေဆီ??"




"လက်ခံတယ်!!!"

"....?.."





___________________________________________


ထို့​နောက်


"အရှင်.."





"ဟူးးးးးး..."

လက်ဆက်ဖို့​တော့လက်ခံလိုက်ပြီ သူရဲ့ဇနီး​လောင်း​လေးကဘယ်မှာပါလိမ့်?



_________________________________________



ဒီ​နေ့​တော့ဘုန်းကြီး​ကျောင်းရဲ့ပြဌာန်းရွတ်ဆိုတဲ့ခန်းမထဲမှာ ​ကျောင်းမှာရှိတဲ့ဘုန်းကြီးအပါး၂၀လုံး​ရောက်​နေသည်။




__________________________________________
အမည်.                         -ဝမ်ရိ​ပေါ်
အသက်.                        -၂၆နှစ်
အရပ်.                            -၆​ပေ၂ခွဲ

အမည်.         -​ရှောင်းကျန့်
အသက်        -၁၈နှစ်
အရပ်.          -၅​ပေ၇ခွဲ

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

92.8K 6.2K 24
မင်းတို့ စဥ်းစားကြည့် BL ဖတ်တဲ့သူတိုင်း ​ကွေးလို့လား... မင်းတို့​ကော ​ကွေးလို့လား.. ငါလည်း မ​ကွေးဘူးကွ.. ​​ဖြောင့်လိုက်တာမှ ဓါတ်တိုင်ကြီးအတိုင်းပဲ..
173K 3.6K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
Doors open. ash द्वारा

फैनफिक्शन

503K 7.6K 83
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
359K 13K 60
𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire is the first female f1 driver in 𝗗𝗘𝗖𝗔𝗗𝗘𝗦 OR 𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire and charle...