တာအိုဖခင် ( လင်းတျောက်ချင် )...

By Azure5549

14.1K 1K 3

Title - Invincible dad of Another world တာအိုဖခင် ဘာသာပြန် - Paing Thu မူရင်းစာရေးဆရာ - 令多情 မိတ်ဆက် သိုင်းပညာ... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 204
205 - 210
211 - 215
216 - 220
221 - 223
224 - 225
226 - 230
231 - 235
236 - 240
241 - 245

71 - 75

290 16 0
By Azure5549

တာအိုဖခင်
အပိုင်း ၇၁

             
          ညနေ နေဝင်ရီတရော အချိန်လောက်မှာတော့ ဆေးပစ္စည်းတွေ တပွေ့တပိုက်နဲ့ မီလိုင် လင်းမန်ရှင်း ကိုပြန်ရောက်လာခဲ့တယ်။
      မီ မိသားစုအနေနဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတော်တော်များများကို လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ ဒီရက်တွေမှာ တိတ်တဆိတ် စုဆောင်းဖြစ်နေခဲ့တယ်။ ပြီးတော့လည်း လင်းတျောက်ချင် လိုချင်လောက်မယ့် ပစ္စည်းအမျိုးအစားတွေကို ရင်းနှီးနေပြီဖြစ်တဲ့အတွက် ကြိုတင်စုဆောင်းထားခဲ့တော့ မီလိုင်အတွက် အချိန်သိပ်မယူလိုက်ရဘူး။
        ဆေးပစ္စည်းတွေနဲ့ ပြန်လာတဲ့ မီလိုင့်ကို တွေ့လိုက်ရတဲ့အခါ လင်းတျောက်ချင် ပျော်သွားတယ်။ ချက်ချင်း မဆိုင်းမတွဘဲ ဆေးအိုးကို မီးဖိုပေါ်တင်လိုက်တယ်။
       အရင်ဆုံး ခုနစ်မျိုးစပ် ဆေးရည်ကို ကလေးခုနစ်ယောက်အတွက် ကျိုချက်လိုက်တယ်။ ပြီးတာနဲ့ ပူပူနွေးနွေးပဲ ရေချိုးဇလုံ တွေထဲ လောင်းထည့်ပြီး စိမ်နေ ခိုင်းလိုက်တယ်။
    အပူသည်လေး လင်းစစ်ယွန်း ကလွဲရင် ဘယ်သူမှ အခက်အခဲမရှိကြဘူး။ မီလိုင်၊ လျို့ဖန်ဖန်း နဲ့ တန်ရှီယွန် တို့အတွက်လည်း တစ်ခွက်စီပေးလိုက်တယ်။ ကလေးတွေအတွက် စီစဥ်ပြီးတာနဲ့ သူချက်ချင်းပဲ မူလချီ စုစည်းတဲ့ ဆေးလုံးတွေကို များများစားစား သန့်စင်လိုက်တယ်။ ပြီးတာနဲ့ ခန္ဓာကိုယ်ကို သန့်စင်ဖို့ ဆေးလုံး တွေရယ် အရိုးသန့်စင် ဆေးလုံးတွေရယ်ကို ဆက်တိုက် ဖော်စပ်သန့်စင်လိုက်တယ်။
        အစောင့်တွေနဲ့ အစေခံတွေကို ဝေပေးလိုက်တယ်။ အဲ့ဒီနောက် အစောင့်တစ်ချို့ ကောင်းယုအတွက် ဝေစုကိုလည်း ယူသွားပေးလိုက်ကြတယ်။
      "ကျန်တဲ့ ဆေးလုံး တွေကို ယူပြီး မင်းအဖေကို ပေးလိုက်ပါ။ သူ့ခန္ဓာကိုယ်ကို ဆွဲဆန့် သန့်စင်နိုင်မှ ပင်လယ်စုစည်းခြင်း အဆင့်၁၁နဲ့ ၁၂ဆီကို တက်လှမ်းလို့ရမှာ။ ဒါတွေက အသင့်တော်ဆုံး အကူအညီပဲ"
    လင်းတျောက်ချင် မီလိုင်ကို ကျန်တဲ့ဆေးလုံးတွေ လက်ကမ်းပေးလိုက်တယ်။
  မီလိုင် ခေါင်းကိုညွှတ်ချလိုက်ပြီး ကျေးဇူး တင်စကားဆိုလိုက်တယ်။
    "တကယ့်ကို ကျေးဇူးတင်ပါတယ် သခင်လေး"
   မီလိုင် နောက်ပြောမယ့်စကားအတွက် မဝံ့မရဲနဲ့ ခေါင်းပြန်မော့လိုက်တယ်။
    "သခင်လေး     ဒီည အတူတူအိပ်ပေးဖို့ ကျွန်မကိုများ လိုမလား"
     မီဒူအို ကတွန်းအားပေးနေတာကြောင့်ရော ကိုယ်တိုင်က လိုလားတာကြောင့်ရော ဆိုတော့ မီလိုင် ပိုပြီးရဲတင်းလာခဲ့တယ်။ ဒီအိမ်တော်ထဲမှာ လျို့ဖန်ဖန်း ဆိုတာလည်း ရှိသေးတယ် မဟုတ်လား။ ဒီတော့ မရဲတင်းလို့ မဖြစ်တော့ပါ။ လူကြီးမင်း လင်းရဲ့ ဇနီးမယားဆိုတဲ့ ဂုဏ်ပုဒ်က တကယ့်ကို ဆွဲမက်ဖွယ်ကောင်းသလို အကျိုးအမြတ် ကလည်း ကြီးမားလှတယ်လေ။
     မေးပြီးမှ ရှက်လာတာကြောင့် မီလိုင် ခေါင်းကို ငုံ့ထားလိုက်တယ်။
     "မင်းအိပ်ချင်ရင် လာအိပ်လေ"
   မီလိုင် ရင်တွေ တလှပ်လှပ် တဖိုဖိုဖြစ်သွားတယ်။ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ရှက်သွေးဖြာတဲ့ အမူအရာနဲ့ လင်းတျောက်ချင် ကိုပြန်မော့ကြည့်လိုက်တယ်။
      ဒါက နောက်ရမယ် မသေချာတဲ့ အခွင့်အရေးမို့လို့ မီလိုင် အဆုံးရှုံးမခံနိုင်ပါ။ ချက်ချင်း အခန်းကို ပြန်ပြီး ရေမိုးချိုး သန့်စင်လိုက်တယ်။ ဆွဲဆောင်မှုရှိမယ့် အမွှေးနံ့သာတွေကို တစ်ကိုယ်လုံး လိမ်းကျံလိုက်တယ်။ ပြီးတာနဲ့ ညအိပ်ဝတ်စုံကို ဝတ်ပြီး လင်းတျောက်ချင် အခန်းကိုသွားလိုက်တယ်။
    အခန်းရှေ့ရောက်ကတည်းက ရင်တွေတုန်ပြီး ကိုယ်ကပါ တုန်ရင်နေခဲ့တယ်။ တစ်လှမ်းချင်း ခုတင်ပေါ်က လင်းတျောက်ချင် လှဲနေတဲ့ ဘေးမှာ ဝင်လှဲလိုက်တယ်။ ရင်ကတော့ တဖိုဖိုပေါ့။
     ဒါပေမဲ့ လင်းတျောက်ချင် ကတော့ သူ(မ)ဝင်လာတာကို သိပုံတောင်မရလောက်အောင် တည်ငြိမ်နေခဲ့တယ်။ အသက်ရှူသံလည်း လုံးဝပြောင်းမလာခဲ့ဘူး။ ဒီအခြေအနေကို လင်းတျောက်ချင် နားမလည်နိုင်သေးတာကိုတော့ သူ(မ) မသိသေးပါ။
      လျို့ဖန်ဖန်း လို ဆောင်ကြာမြိုင် က မိန်းကလေးတစ်ယောက်ကတောင် ယောကျာ်းမိန်းမကြား ဖြစ်စဥ်ကို ပြီးမြောက်အောင် မလုပ်နိုင်ဘူးလေ။ မီလိုင်လို လူချမ်းသာ သခင်မလေးတစ်ယောက်က ဒါကိုသိနေရင်တောင်  အစပျိုးဖို့ မဖြစ်နိုင်သလောက်ဘဲ။
      မီလိုင် ရှက်စိတ်ကို မျိုချလိုက်ပြီး ခြေထောက်တွေကို ဆန့်ထုတ်လိုက်တယ်။ ပြီးတာနဲ့ လင်းတျောက်ချင် ရဲ့ခြေထောက်တွေကို သွားထိလိုက်တယ်။ သူ ဒီအခွင့်အရေး ကို ကျိန်းသေ ယူမှာပဲလို့ တွက်လိုက်တယ်။ ဒါပေမဲ့ မျှော်လင့်သလို အမြတ်မထုတ်တဲ့အပြင် မျက်လုံးတောင် မဖွင့်ဘဲ စကားတစ်ခွန်း ထွက်လာခဲ့တယ်။
     "အိပ်နေတုန်း ပရမ်းပတာ မလှုပ်နဲ့စမ်း"
   မီလိုင် ခဏကြောင်သွားခဲ့တယ်။
   "သခင်လေး ရှင်ကျွန်မကို တကယ်ပဲ မကြိုက်ဘူးလား"
    "မကြိုက်ဘဲ နေပါ့မလား။ မင်းက ငါ့ကို ဒီလောက် အကူအညီတွေ ပေးထားခဲ့တာကို "
     "ဒါဆို ဘာလို့လဲ ဘာလို့ ဘာမှ ဖြစ်မလာရတာလဲ" မီလိုင် မျက်လုံးကနေ မျက်ရည်တွေ စီးကျလာခဲ့တယ်။
     "ငါမင်းကို လိုအပ်တယ်လေ။ အခု မင်းငါ့အိမ်မှာ ရှိနေရပြီ မဟုတ်ဘူးလား"
    "ကျွန်မဆိုလိုချင်တာ အဲ့တာ မဟုတ်ဘူး။ ကျွန်မကို ကလေးတွေအကုန်လုံးက အမေလို့ ခေါ်စေချင်တာ။ ရှင်ဒါကို မသိဘူးလား"
     "သြော်...... သူတို့အမေအတွက်က ရည်စူးထားတာရှိပြီးသား ဖြစ်နေတယ်"
    မီလိုင် ရင်ထဲမှာ ဆစ်ခနဲ ဖြစ်သွားတဲ့  နာကျင်မှုကို ခံစားလိုက်ရတယ်။ လျို့ဖန်ဖန်း တော့ ဒီနေရာကို သိမ်းပိုက်သွားပြီ ထင်တယ်။
    "ဒါဆို ကလေးတွေ ကျွန်မကို အဒေါ်လို့ ခေါ်စေချင်ရင်ရော ရမလား"
    ဇနီးသည်မဖြစ်ရင်တောင် ကိုယ်လုပ်တော်ဖြစ်ရလည်း ကျေနပ်ပါတယ်လေ။
    "သူတို့ ဆန္ဒရှိနေသရွေ့ ပေါ့....."
   မီလိုင် သက်ပြင်းရှည်ကြီးချလိုက်တယ်။ ကြည့်ရတာ ဒီကလေးတွေနဲ့ ရင်းနှီးပြီး သူတို့စိတ်ကျေနပ်အောင် လုပ်မှ ရတော့မယ်နဲ့ တူတယ်။ ဘာပဲဖြစ်ဖြစ် ဒါကလည်း လက်ခံလိုက်တဲ့ သဘောပဲ မဟုတ်လား။
     လိုချင်တာရပြီမို့လို့ မီလိုင် တခြားဘာမှ မတွေးတော့ဘဲ လင်းတျောက်ချင် ရဲ့လက်မောင်းကို ဖက်ပြီးအိပ်လိုက်တယ်။ လင်းအိမ်တော် တစ်ခုလုံး ငြိမ်သက်စွာနဲ့ အိပ်မောကျကုန်ကြတယ်။
     အဲ့အချိန်မှာပဲ ဖီးနစ်မြို့ရဲ့ အခြားနေရာတစ်ခုမှာတော့ အိပ်မပျော်နိုင်သေးတဲ့ သူတစ်ချို့ရှိနေခဲ့တယ်။
     "သခင် ကျန် သခင်ကြီးက ကျွန်တော်တို့ စိတ်ရှိသလောက် တိုက်ခိုက်ဖို့ မှာလိုက်ပါတယ်"
    ကျီချင်းရွမ် ကျန်ဘဒို ကို အစီရင်ခံလိုက်တယ်။ ကျန်ဘဒို မျက်လုံးတွေကို မှေးလိုက်တယ်။ ပြန်ပွင့် လာခဲ့တဲ့အခါ သတ်ဖြတ်ချင်နေတဲ့ ဒေါသမီးတွေ အတိုင်းသားပေါ်နေခဲ့တယ်။
     "ဒါပေမဲ့ လင်းမန်ရှင်း က နည်းနည်းထူးဆန်းတယ်။ ကျွမ်းကျင်သူ ဘယ်လောက်တောင် အိမ်ထဲမှာ ရှိနေပြီလဲ ခန့်မှန်းရခက်တယ်။ အရင်တစ်ခေါက်ကလည်း သွေးဝတ်ရုံဂိုဏ်း က ကျွမ်းကျင်သူတွေ အိမ်ထဲဝင်သွားပြီး ဘာဖြစ်ခဲ့ကြလဲ မင်းလည်းအသိပဲလေ။ သူတို့လက်ခံထားတဲ့ အလုပ်ကိုတောင် ပြန်ရုတ်သိမ်းလိုက်သေးတယ်။ အဲ့တော့ ကောင်းကောင်း လက်စားချေနိုင်ဖို့ဆို အခွင့်ကောင်းကို စောင့်ရုံအပြင် မတတ်နိုင်ဘူး"
      "သခင် ကျန် ဒီဖီးနစ်မြို့မှာ ကျွမ်းကျင်ပညာရှင်တွေ ဒီလောက်ပေါတာ။ ဒီကောင့်ကို ကျွန်တော်တို့ ဘာမှ မလုပ်နိုင်ဘူးဆိုတာ ကျွန်တော် မယုံဘူး"
      "တကယ့်ပြဿနာက ဒီကောင်က နည်းနည်း ထူးဆန်းနေတာပဲ။ သူ့ကိုသတ်ဖို့ ထောင်ချောက်မဆင်ခင် သူ့စိတ်ကို အရင်ပြိုလဲအောင် လုပ်လိုက်ရင်ရော။ သူ့သားသမီးတွေ ကို သူအရမ်းတန်ဖိုးထားတယ် မဟုတ်လား။ အဲ့တော့ လင်းမိသားစု ကိုစောင့်ကြည့်ဖို့ လူတစ်ယောက်ကို လွှတ်ထားလိုက်။ အဲ့ကောင် အနားမှာ မရှိဘူးဆိုတာနဲ့ သူ့ကြွက်ကလေးတွေကို တစ်ခါတည်း ရှင်းပစ်လိုက်။ ဒီလင်းမျိုးရိုး အတွက်ကတော့ လူအိုကြီး ဝူ အဆင့်တက်တာ အောင်မြင်ပြီးမှပဲ ဆက်ပြောကြတာပေါ့"
    ကျန်ဘဒို ဘေးမှာရပ်နေတဲ့ အိမ်စေကြီးက ခေါင်းညိမ့်လိုက်တယ်။
   "ဒါဆို ကျွန်တော် စီစဥ်စရာရှိတာတွေ စီစဥ်ပြီး လင်းအိမ်တော် ကိုစောင့်ကြည့်ဖို့ လူတွေလွှတ်ထားလိုက်ပါ့မယ်"
     "ကောင်းပြီ အခုပဲသွားလုပ်လိုက်။ ငါ လူအိုကြီး ဝူ ဘယ်လိုနေလဲ သွားကြည့်လိုက်ဦးမယ်"
      ကျန်အိမ်တော်က သီးသန့်တည်ထားတဲ့ အိမ်လယ်ကွက်လပ်ကြီးဆီကို ကျန်ဘဒို လျှောက်လာလိုက်တယ်။ တံခါးကို ညင်သာစွာဖွင့်လိုက်တဲ့အခါ ခံစားချက်မဲ့နေတဲ့ ပုံစံနဲ့ ထိုင်နေတဲ့ အဘိုးကြီးတစ်ယောက်ကို တွေ့လိုက်ရတယ်။
    "အဘိုး ဝူ   ခင်ဗျား ကြယ်ရောင်ဘုံ  အဆင့်ကိုတက်နိုင်ဖို့ ကျွန်တော့ အကူအညီကို လိုသေးလား"
    တအောင့်ကြာတဲ့အခါ လူအိုကြီး မျက်လုံး ဖွင့်လာခဲ့တယ်။
    "မလိုဘူး။ ငါ ဒီတစ်လအတွင်းမှာပဲ ကြယ်ရောင်ဘုံ အဆင့်ကို တက်ရောက်နိုင်လိမ့်မယ်"
      "ဒါဆို အကောင်းဆုံးပဲပေါ့။ ကြည့်ရတာ အဘိုးဝူတော့ တျန်းယွမ် ကုန်းမြေမှာ အသန်မာဆုံးဖြစ်ဖို့ သိပ်မလိုတော့ဘူးနဲ့ တူတယ်"
     "ငါက အခုမှ ကြယ်ရောင်ဘုံ အဆင့်ကို ဝင်တယ်ဆိုရုံလေး ရှိဦးမှာကို ဘယ်လိုလုပ် အသန်မာဆုံး ဖြစ်နိုင်ဦးမှာလဲ။ ငါအလိုချင်ဆုံးက ကောင်းကင်မှာ ပျံသန်းနေနိုင်ဖို့ပဲ"
      "ကောင်းကင် နယ်ပယ်ဆိုတာ လူတွေအများကြီး အတွက် သူတို့ တစ်သက်တာလုံးမှာ မမျှော်မှန်းနိုင်တဲ့နေရာပဲလေ"
    "မင်းငါ့ကို ပြောစရာရှိလို့ ဒီကို လာခဲ့တာမလား"
    ကျန်ဘဒို ရယ်မောလိုက်တယ်။
  "ကျွန်တော် ဘယ်တုန်းကမှ အဘိုးဝူကို မဖုံးကွယ်ထားနိုင်ဘူးပဲ။ ဟုတ်တယ်။ ကျွန်တော့မှာ ရန်သူတစ်ယောက်ရှိတယ်။ သူ့မှာ အင်အားကြီးတဲ့ အကာအကွယ်တစ်ခုခု ရှိနေတော့ သူ့ကို ဘာမှ လုပ်လို့မရဘူးဖြစ်နေတယ်။ အဲ့တာ နောက် ကျရင် အဘိုးက ကျွန်တော်ကို ကူညီပေးရမယ်နော်"
      "ကိစ္စမရှိပါဘူး။ ငါ့အပေါ်မှာ မင်းတို့ မိသားစုရဲ့ ကျေးဇူး တွေ အများကြီး ရှိတာပဲဟာ။ မင်းကို ကူညီရမှာ ငါ့အလုပ်ပဲလေ"
     "ဒါဆို ကျွန်တော် မနှောင့်ယှက်တော့ပါဘူးနော်။ မြန်မြန် ကြယ်ရောင်ဘုံ အဆင့်ကို တက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်"
   ကျန်ဘဒို ကျေနပ်မှုနဲ့အတူ ပြန်ထွက်လာခဲ့လိုက်တယ်။ လင်းအိမ်တော်ရှိတဲ့ ဘက်ကို လှမ်းကြည့်လိုက်ပြီး မဲ့ပြုံးပြုံးလိုက်တယ်။

.....

တာအိုဖခင်
အပိုင်း ၇၂

            
          လင်းမိသားစု မှာ နောက်ထပ်နေ့တစ်နေ့ ကုန်ဆုံးသွားခဲ့ပြန်ပြီ။ ဒါပေမဲ့ ဒီနေ့ကတော့ မိသားစုကြီး ရဲ့ လှုပ်ရှားသက်ဝင်ဆုံး နေ့လို့ပြောလို့ရတယ်။
      အစောင့်တွေ အကုန်လုံး ခါတိုင်းလို မိုယုရဲ့လေ့ကျင့်မှု ခံယူဖို့အတွက် အပြင်မထွက်ကြဘဲ အိမ်ထဲမှာပဲ သူတို့ရဲ့ ခန္ဓာကိုယ်ကို သန့်စင်နိုင်ဖို့ နေခဲ့လိုက်ကြတယ်။ တစ်ယောက်ချင်း စီတိုင်း မနေ့က ဆေးလုံးတွေ  ရပြီးကြပြီ မဟုတ်လား။
      ဆရာမတန်ရဲ့ သင်ခန်းစာ ပြီးသွားတဲ့အခါ အိမ်လယ်ကွက်လပ်ကြီးမှာ လူတွေစုလာကြတဲ့အတွက် ကွက်လပ်တစ်ခုလုံး ပြည့်လုမတတ်ဖြစ်သွားတယ်။ အဲ့တာကြောင့် အစောင့်တွေ ကိုယ့်အခန်းကို ပြန်လိုက်ကြပြီး ကိုယ့်နည်းလမ်းအတိုင်း ဆေးကို သောက်သုံးလိုက်ကြတယ်။ ပြီးတာနဲ့ ကိုယ်စီ  ကျင့်ကြံမှုကို စတင်လိုက်ကြတယ်။
      မနေ့ကမှ အသစ်ရောက်လာခဲ့တဲ့ ကောင်းယုကတော့ မိုယုကို မိတ်ဆက်လိုက်တယ်။ ပြီးတော့မှ သူ့ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ ကြယ်ရောင်ဘုံ အဆင့်ကို တက်နိုင်ဖို့ စကျင့်ကြံလိုက်တယ်။ ဆွန်းဝမ် ကတော့ အိမ်လယ်မှာ လူတွေများနေတဲ့အတွက် သီးသန့်နေရာတစ်ခုမှာ သွားကျင့်ကြံလိုက်တယ်။
       လင်းတျောက်ချင် ကတော့ လင်းရိုရှန်း ကိုလှမ်းခေါ်လိုက်တယ်။
    "ရှန်းအာ အဖေမင်းကို ဒီအတောအတွင်း ပေးထားတဲ့ လေ့ကျင့်မှုတွေက မင်းရဲ့ တိုက်ခိုက်စွမ်းရည် ဗီဇကို လှုံ့ဆော်ဖို့အတွက်ပဲ။ မင်းရဲ့ အဲ့ဗီဇက သန်မာနေသရွေ့ ဘယ်လို တိုက်ခိုက်မှု ပုံစံကို မဆို ခဏလေးနားလည်နိုင်ပြီး သင့်တော်တဲ့ တုံ့ပြန်တိုက်ခိုက်မှုပုံစံ ကိုလည်း ခဏအတွင်း ပြန်ထုတ်နိုင်လိမ့်မယ်။ ဒါပေမဲ့ ဒီလေ့ကျင့်မှုက အရမ်းကို အချိန်ယူရမှာ။
      အဖေ ဒီရက်တွေမှာ မင်းနဲ့ဆွန်းဝမ် တို့ တိုက်ခိုက်နေတာ ကို အမြဲသတိထားကြည့်နေခဲ့တယ်။ အခေါက်ပေါင်းများစွာ ရှုံးပြီးတဲ့နောက်မှာတောင် မင်းရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက တိုးတက်မှုကို မရောက်ဘဲနဲ့ ဆုတ်ယုတ်တဲ့ဘက်ကို ပြန်သွားနေတာ တွေ့ရတယ်။ အဲ့တော့ ခဏလောက် မင်းတို့ တိုက်ခိုက်တာကို ရပ်ထားမှ ဖြစ်မယ်"
      လင်းရိုရှန်း သူ့အဖေပြောတာကို ချက်ချင်း နားလည်လိုက်တယ်။ တစ်နေ့ကို အကြိမ်တစ်ရာ လောက် ဆွန်းဝမ် ရဲ့လက်မှာ ရှုံးနေရတာကို သူစိတ်ပျက်လာခဲ့ပြီ။ ဆွန်းဝမ်အနေနဲ့ သူ့အင်အားကို ထိန်းပြီး မထိခိုက်အောင် တိုက်ပေးပေမဲ့ ရှုံးဖန်များလာတော့လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးလာခဲ့တယ်။ 
     "အဖေ မင်းကို ဒီနေ့ပြောပြမယ့် လျို့ဝှက်ချက်ကို မင်းဘယ်သူ့ကိုမှ  ပြောပြလို့မရဘူး"
    လင်းရိုရှန်း ခေါင်းကို မြန်မြန် ညိမ့်လိုက်တယ်။
    "သား ဘယ်သူ့ကိုမှ မပြောပြ ဘူးလို့ ကတိပေး တယ် အဖေ"
     "ဟုတ်ပြီ။ တကယ်တော့ မင်းရဲ့ သွေးအမျိုးအစားက တိုင်းရန့်အီသာ လို့ခေါ်တယ်။ ဒီသွေးအမျိုးအစားကို ပိုင်ဆိုင်ထားတဲ့ ကောင်းကင်ဘုံ ကလူတွေက တိုက်ခိုက်ပြီဆို ရေကုန်ရေခမ်း တိုက်လေ့ရှိကြတယ်။ တိုက်ခိုက်တာများလေလေ သူတို့ ပိုသန်မာလာလေလေ ပဲ။ ဒါက ဒီသွေးရဲ့ ထူးခြားချက်ပဲ။
      ဒါပေမဲ့ ရဲရင့်စွာ တိုက်ခိုက်ရုံလောက်နဲ့တော့ ဒီသွေးက အစွမ်းပြမှာ မဟုတ်ဘူး။ မင်းမှာ သန်မာအားကောင်းတဲ့ နှလုံးသားတစ်ခု ရှိရမယ်။ အဖေအခုပြောပြမယ့် စကားတွေကို သေချာမှတ်ထားပါ။
    ကောင်းကင် မပျက်သရွေ့ တိုင်းရန့်အီသာ က ဦးညွှတ်မှာ မဟုတ်ဘူး။
     ဒီစကားလုံးတွေ ကိုမင်းစွဲစွဲမြဲမြဲ မှတ်မိနေသမျှ မင်းရဲ့ ကျင့်ကြံမှု မှာအခက်အခဲ လုံးဝ  ရှိမှာ မဟုတ်ဘူး။
     လင်းရိုရှန်း ပါးစပ်အဟောင်းသား နဲ့ သူ့အဖေကိုကြောင့်ကြည့်နေလိုက်တယ်။ လင်းတျောက်ချင် သားဖြစ်သူရဲ့ အမူအရာကို ဂရုစိုက်မနေဘဲ ဆက်ပြောလိုက်တယ်။
   " မင်းအတွက် ကျင့်ကြံမှုရဲ့ အနှစ်ကို ပြောပြတာအပြင် လက်သီးသိုင်း တစ်ခုကိုလည်း အခုပဲ သင်ပေးမလို့။ ဒီသိုင်းပညာကို အဖေအရင်က ကိုယ်တိုင်ပဲ ဖန်တီးခဲ့တယ်။ ဒါနဲ့ဆိုရင် ဘယ်သူကမှ အဖေ့ပြိုင်ဘက် မဖြစ်နိုင်ခဲ့ဘူး။ မင်းရဲ့ လက်သီးသိုင်း ကိုလည်း ချဲ့ထွင်ဖို့ ဒါက အထောက်အကူ ပြုလိမ့်မယ်"
     လင်းတျောက်ချင် ပြောပြီးတာနဲ့ တစ်ခါတည်း သားဖြစ်သူကို သင်ပြလိုက်တယ်။ သင်ပြနေရင်းနဲ့ပဲ ဆက်ပြောလိုက်တယ်။
    "အခုလောလောဆယ် တော့ ဒီသိုင်းရဲ့ တကယ့် အင်အားကို မင်းထုတ်ပြနိုင်ဦးမှာ မဟုတ်သေးဘူး။ ဒါပေမဲ့ သိုင်းကွက်ဟန်လှုပ်ရှားမှု ကိုသေချာလိုက်မှတ်ပြီး နေ့စဥ်မပြတ် လေ့ကျင့်မယ်ဆိုရင် တစ်နေ့မှာ ဒါက မင်းကိုယ်ပိုင် ဖြစ်လာလိမ့်မယ်။
      ပထမဆုံး ရွေ့ကွက်ကို ကောင်းကင်ဖြတ်ခြင်းလို့ခေါ်တယ်။ ဒုတိယရွေ့ကွက်ကိုတော့ မြေပြင်ပျက်သုဥ်းခြင်း၊ တတိယမြောက် ရွေ့ကွက်ကိုကျတော့ မိစ္ဆာအပြစ်ပေးခြင်းလို့ အမည်တပ်ထားတယ်"
     အကွက်နာမည်တွေ ပြောပြရင်း တစ်ခါတည်း လှုပ်ရှားမှုပုံစံကိုလည်း ပြသလိုက်တယ်။ ဒီလက်သီးချက်တွေနဲ့ပဲ သူအရင်ဘဝက ရန်သူတွေ အများကြီးကို အနိုင်ယူနိုင်ခဲ့တယ်။ ဒါပေမဲ့ အခုပြလိုက်တဲ့ ဟန်တွေက အရင်ဘဝက သုံးခဲ့တဲ့ ဟန်တွေနဲ့တော့ နည်းနည်း ကွဲပြား တယ်။ လက်သီးရဲ့ တကယ့်အင်အားကို သူလည်း အခုချိန်မှာ မထုတ်ပြနိုင်သေးဘူး မဟုတ်လား။
     ဒီဘဝမှာတော့ သူ့ရဲ့ ကျင့်ကြံမှု ကအခုမှ ချီစုစည်းခြင်း အဆင့်၃ပဲ ရှိသေးတယ်လေ။ တကယ့်အင်အားကို မပြနိုင်သေးတာလည်း တစ်ခုတော့ကောင်းတယ်။ လင်းရိုရှန်း ကိုသင်ပေးလို့ရတယ်လေ။ နို့မို့ရင် ဘာတစ်ခုမှ သူနားလည်နိုင်မှာ မဟုတ်ဘူး။
     သုံးကြိမ်စီ ပြသလိုက်ပြီးတဲ့အခါ လင်းတျောက်ချင် သားဖြစ်သူ ပြန်ကြည့်လိုက်တယ်။
   "မင်းအခု မှတ်မိပြီလား"
  လင်းရိုရှန်း ရှက်နေတဲ့အမူအရာနဲ့ ခေါင်းခါပြလိုက်တယ်။
    "ဒါက အရမ်းရှုပ်တယ်"
  လင်းတျောက်ချင် ရယ်မောလိုက်တယ်။
  "ဟုတ်တယ်။ မင်းအတွက် နားလည်နိုင်ဖို့ ဒါက တော်တော်ခက်တယ်။ အဖေလုပ်ပြတဲ့အတိုင်း တစ်ခါပြန်လိုက်လုပ်နော်။ တကယ်တော့ လှုပ်ရှားမှုက အရေးမကြီးဘူး။ မင်းလက်သီးကို ထိုးလိုက်တဲ့အချိန်မှာ ရလိုက်တဲ့ ခံစားမှုကို သေချာမှတ်ထားပါ။ ဟုတ်ပြီလား"
    လင်းတျောက်ချင် နောက်တစ်ခေါက် ထပ်လုပ်ပြလိုက်တယ်။ လင်းရိုရှန်း ပြီးသွားပေမဲ့လည်း မျက်လုံး ကိုမဖွင့်ဘဲ ဒီခံစားချက်ကို နှလုံးသား ထဲမှာ မှတ်မိနေအောင် အထပ်ထပ် ရိုက်သွင်းလိုက်တယ်။
     တအောင့်ကြာတော့မှ မျက်လုံး ဖွင့်လာခဲ့ပြီး သူ့အဖေကို ပြေးဖက်လိုက်တယ်။
    "ကျေးဇူး တင်ပါတယ် အဖေ"
   "မင်းဘာလို့ အဖေ့ပေါ်ကို ဒီလောက်ထိ ယဥ်ကျေးပြနေရတာလဲ။ ဒါကို ကောင်းကောင်း လေ့ကျင့်မယ်နော်။ ဒါနဲ့ မင်း မီးလှုံပွဲတော် မှာ ဝင်ပြိုင်မယ်လို့ ကတိပေးထားတယ် မဟုတ်လား။ အဖေ့အထင် တစ်လလောက်တောင် မလိုတော့လောက်ဘူး။ မင်းမြန်မြန် အဆင့်တက်မှ ဖြစ်မယ်။ မဟုတ်လို့ မင်းသာရှုံးရင် အဖေတို့ရယ်စရာ ဖြစ်နေလိမ့်မယ်"
     "သားလုံးဝ ရှုံးမှာ မဟုတ်ဘူး အဖေ"
     "ကောင်းပါပြီ။ မင်းရည်မှန်းချက် ကြီးတာ အဖေသိတယ်။ မင်းကိုယ်တိုင် သူများတွေကိုပြမှ ဖြစ်မယ်နော်"
    လင်းတျောက်ချင် သားဖြစ်သူကို ညွှန်ပြပြီးတာနဲ့ ထပ်ပြီး အာရုံမစိုက်တော့ဘဲ လွှတ်ထားလိုက်တယ်။
     ချက်စ်ခုံရှိရာကို ပြန်လျှောက်လာလိုက်တယ်။ အိမ်လယ်ကွက်လပ်မှာတော့ မီလိုင်တစ်ယောက် ကလေးတွေအကုန်လုံး ရဲ့အခြေအနေကို တိတ်တဆိတ်  စူးစမ်းနေလိုက်တယ်။ တစ်ယောက်ချင်းစီရဲ့ အရပ်အမောင်းနဲ့ ကိုယ်အလေးချိန်ကို အမြင်နဲ့ မှတ်သားလိုက်ပြီး သကင့်တော်တဲ့ အဝတ်အစားတွေ ပြင်ဆင်ပေးဖို့ ရည်ရွယ်ထားလိုက်တယ်။
     ဒါမှလည်း အကုန်လုံးက သူ့ကို အဒေါ်လို့ ခေါ်ဖို့ သဘောတူကြမယ် မဟုတ်လား။ မီလိုင် ဒန်းဆီကို လျှောက်သွားလိုက်ပြီး လင်းဝမ်ကျင်း ကို စကားသွားပြောလိုက်တယ်။
    "ဝမ်ကျင်း အစ်မ အိမ်ကိုပြန်မလို့ပဲ။ လိုချင်တာရှိရင် ပြောလိုက်လေ။ အစ်မဝယ်လာပေးမှာပေါ့"
    ပြောနေရင်းနဲ့ပဲ သူ(မ)လက်က ဒန်းကြိုးဆီကို ကိုင်ပြီးလွှဲမလို့လုပ်လိုက်တယ်။ ဒီဒန်းကို ဘာလို့စီးနေတာလဲ နားမလည်ပေမဲ့ ဒါက သူ(မ)ရဲ့ ကြင်နာမှုကို ဖော်ပြတဲ့လုပ်ရပ်ပဲလေ။
     "မလုပ်နဲ့ ။ သူ့ဘာသာရွေ့မှဖြစ်မှာ"
   လင်းဝမ်ကျင်း မြန်မြန် ပဲ တားလိုက်တယ်။ ဒီဒန်းက စည်းမျဥ်းတစ်ခုနဲ့ သွားနေပြီး တစ်ခုခုကို နားလည်မှ ကျင့်ကြံနိုင်မှာဆိုတော့ လင်းဝမ်ကျင်း လုံးဝအမှားမခံနိုင်ပါ။
    လက်နှစ်ဖက်ကို ဘေးမှာ ကျောက်ရုပ်လိုပြန်ချထား လိုက်တဲ့ မီလိုင်ကို တစ်ချက်ကြည့်လိုက်တယ်။
     "ဘာကိစ္စရှိလို့လဲ ဟင်"
    မီလိုင် ကတုန်ကရင်နဲ့ ပြန်ပြောလိုက်တယ်။
  "အဲ့ဒါက ဒီလိုပါ။ မင်းတို့အဖေက မင်းတို့ကို ဒီနှစ်တွေတောက်လျှောက် ဂရုစိုက်လာခဲ့ရတာ အခု သူ့ကို ပြန်ဂရုစိုက်မယ့် လူကျတော့ မရှိဘူးလေ"
   လင်းဝမ်ကျင်း ချက်ဆို နားခွက်က မီးတောက်ပြီးသားပဲ။
   "အဲ့တော့ အစ်မက သမီးတို့ အမေဖြစ်ချင်တယ်ပေါ့"
    "အဲ့လို ကံတရားကတော့ ဘယ်ရှိနိုင်ပါ့တော့မလဲ"
    မီလိုင် အခုမှ တော်တော်လေး ရှက်နေမိတယ်။ ကိုယ့်ထက် အများကြီး ငယ်တဲ့ ကလေးရှေ့မှာမှ ဒီအကြောင်းကို လာပြောနေရတယ် မဟုတ်လား။ ဒါပေမဲ့လည်း အခွင့်အရေး ကို မဆုပ်ကိုင်ရင် ကိုယ်လုပ်တော် တောင်ဖြစ်ခွင့်ရှိမှာ မဟုတ်တော့ဘူးလေ။
    "အဲ့တော့ အစ်မက သမီးတို့ကို အဒေါ်လို့ ခေါ်စေချင်တာ။ ဟုတ်တယ်မို့လား"
    "မင်းရော အဲ့လိုခေါ်သင့်တယ်လို့ ထင်လား"
   "အိုးးးး သမီးတို့ပြောတာတွေက အကြုံးမဝင်ပါဘူး။ အဖေ သဘောတူနေသရွေ့ အဆင်ပြေတယ်။ အားလုံး ကိုယ်စားသမီး ပြောရဲတယ်။ ဘယ်သူ့မှ လိုက်မေးစရာ မလိုဘူး။ အဖေသဘောတူရင် သမီးတို့မှာ ဘာမှပြောစရာမရှိဘူး။ အဖေ့ကို ကောင်းကောင်း ဂရုစိုက်ပေးရင်ရပြီ။ ဒါပေမဲ့ အဖေက အခြားအမျိုးသမီး......အဲ။ သတိတော့ထားပါနော်..."
     လင်းဝမ်ကျင်း ခေါင်းထဲမှာ ကျောက်မန် အရိုက်ခံရတဲ့ပုံစံတွေ ပြန်ပေါ်လာခဲ့တယ်လေ။

......

တာအိုဖခင်
အပိုင်း ၇၃

                
         လင်းဝမ်ကျင်း ပြောလိုက်တဲ့ စကားတွေကြောင့် မီလိုင် အချိန်အတော်ကြာအောင် စဥ်းစားနေလိုက်တယ်။ ဘာမှ တွေးလို့ ရမလာတာကြောင့် ဆက်မတွေးတော့ဖို့ ဆုံးဖြတ်လိုက်တယ်။ တခြားကလေးတွေ အကုန်လုံးက တော့ အလုပ်ကိုယ်စီ ရှုပ်နေကြတဲ့အတွက် သွားနှောင့်ယှက်လို့ မဖြစ်တော့ဘူး။ ဘာပဲဖြစ်ဖြစ် လင်းဝမ်ကျင်း သိနေမှတော့ သူတို့လည်း မနှေးအမြန် သိလာမှာပဲလေ။
       မီလိုင် လင်းတျောက်ချင် ကိုနှုတ်ဆက်လိုက်ပြီး လင်းမန်ရှင်းကနေ ထွက်လာခဲ့လိုက်တယ်။ မီ အိမ်တော်ကို ပြန်ပြီး ပြင်ဆင်သင့်တာ ပြင်ဆင်ရမယ်လေ။ အရင်ဆုံး သူ့အဖေ မီဒူအို ကို ကိုယ်လုပ်တော် ဖြစ်ပြီဆိုတဲ့အကြောင်း ဖွင့်ပြောရမယ်။ ပြီးရင် သူ(မ)က မီ မိသားစုဝင် မဟုတ်တော့တဲ့အတွက် အဝတ်အစား တွေကိုပါ တစ်ပါတည်း ပြန်သယ်သွားရမယ်။ အခြားသူတွေ အတွက်လည်း လက်ဆောင်တွေ ပြင်ရဦးမယ် မဟုတ်လား။
       မီလိုင်တစ်ယောက် အိမ်ကိုပြန်တဲ့တချိန်တည်းမှာပဲ ဝမ်းကွဲမဟုတ်ဘူးလို့ အငြင်းခံလိုက်ရတဲ့ လင်းချင်းဖန် နဲ့အစောင့်နှစ်ယောက်ကတော့ သူတို့နည်း သူတို့ဟန်နဲ့ ပြဿနာ ကို စုံစမ်းနေကြတယ်။ လင်းကျန်းရှောင် ရဲ့အမိန့်အရ လင်းတျောက်ချင် နဲ့ကျန် မိသားစုကြားထဲက ပြဿနာကို သေချာစုံစမ်းရဦးမယ်လေ။
     ထုံးစံအတိုင်း ပြဿနာရဲ့ အရင်းအမြစ်ကို သိချင်ရင် ပြဿနာ ဖြစ်ခဲ့တဲ့နေရာကို အရင်ဆုံး သွားရမှာပဲလေ။ သုံးယောက်သား ညဥ့်ငှက်လေးတွေ ပျော်ပါးကြတဲ့ နာမည်ကျော် ဆွီဟွန် ကို တန်းသွားလိုက်ကြတယ်။
     သွေးချောင်းစီးစေခဲ့တဲ့ ဖြစ်ရပ်က ဆွီဟွန် ရဲ့ဂုဏ်သတင်းကို နည်းနည်းလေးတောင် ထိခိုက်စေခဲ့ပုံမရဘူး။ အရင်လို စည်ကားနေဆဲ တောက်ပနေဆဲပဲ။   
      လင်းချင်းဖန် ဝင်သွားတယ်ဆို ညဥ့်မယ်လေးတွေရဲ့ အာရုံကို ချက်ချင်း ဖမ်းစားနိုင်လိုက်တယ်။ ကြည့်ကောင်းတဲ့ ရုပ်ရည်မှာ ခမ်းနားတဲ့ အဝတ်အစား ကကွန့်လိုက်မှတော့ ဒီမယ်လေးတွေ တောင့်ခံနိုင်ရိုးရှိဦးမယ်တဲ့လား။
လင်းချင်းဖန် ပြုံးလိုက်ပြီး အုံလာတဲ့ မိန်းမပျိုလေးတွေကို မေးလိုက်တယ်။
     "မင်းတို့ သူဋ္ဌေး အခု ဘယ်မှာလဲ"
    တကယ်တော့ မေးသာမေးလိုက်ရတယ်။ သူ့အာရုံတွေက ဒီမိန်းကလေးတွေအပေါ်မှာ ရှိမနေခဲ့ပါ။ လနိုင်ငံတော် မှာ ကျော်ကြားတဲ့ လူတစ်ယောက်ရဲ့ မျိုးဆက်အနေနဲ့ မိန်းကလေး ဒီလောက် မရှားနိုင်ဘူး မဟုတ်လား။
    သတင်းပို့ချက်ကို လက်ခံရရှိပြီးတာနဲ့ ဟွန်မီ တစ်ယောက် အပြေးလေးသွားလိုက်တယ်။
     "ဒီက သခင်လေး တစ်ခုခု လိုအပ်တာများ ရှိပါသလား"
     လူပေါင်းများစွာနဲ့ နေ့စဥ်ဆက်ဆံနေရတဲ့ ဟွန်မီ အတွက် လင်းချင်းဖန် ရဲ့ နောက်ခံကို ခန့်မှန်းမိဖို့ မခက်ခဲပါ။ ဒီလို အကြီးပိုင်း ပုဂ္ဂိုလ်တစ်ယောက်က သူ(မ)ရဲ့ သေးငယ်တဲ့ ဆောင်ကြာမြိုင် လေးကို ဘာလာလုပ်တာလဲ သိချင်စိတ် ကပြင်းပြလာခဲ့တယ်။
    "ငါမင်းနဲ့ အကြောင်းအရာ တစ်ခုကို ဆွေးနွေးဖို့လိုတယ်"
    "ဘာများပါလဲ ရှင်"
     "သိပ်မကြာသေးခင်က ဒီနေရာမှာ လင်းတျောက်ချင် လို့ခေါ်တဲ့ လူတစ်ယောက် က ကျန် မိသားစုက သခင်လေးကို သတ်လိုက်တယ်လို့ ကြားတယ်။ အဲ့အကြောင်းကို မင်းဘယ်လောက်သိထားလဲ။ ငါ့ကို မလိမ်တာက အကောင်းဆုံး ရွေးချယ်မှု ဖြစ်လိမ့်မယ်"
    ဟွန်မီ ထအော်လိုက်တယ်။
   "အဟ.....ဒါက ကျွန်မတို့ရဲ့ စီးပွားရေး နဲ့ဘာမှ မပတ်သတ်ဘူးလေ။ သူတို့ဘာသာ ရောက်လာပြီး စတိုက်ကြတာပဲဟာ။ ကျွန်မတို့ကတောင် နောက်ဆက်တွဲ ရဲ့သားကောင် ဖြစ်လိုက်ရသေးတယ်"
    လင်းချင်းဖန် မျက်စောင်းတစ်ချက်နဲ့ ပြန်ကြည့်လိုက်တယ်။ ဟွန်မီ ချက်ချင်းပဲ အသံကို လျှော့ချလိုက်တယ်။
    "ဘာတွေဘယ်လို ဖြစ်ခဲ့ကြတယ်ဆိုတာကို ကျွန်မတို့ တကယ်မသိတာပါ။ နှစ်ယောက်ကြားမှာ ရန်ငြိုးရှိကြတယ်လို့တော့ ကြားတာပဲ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲ့ညက နှစ်ယောက်လုံး ဒီကို ရောက်လာပြီး တိုက်ခိုက်ကြတော့တာပဲ။ အဲ့မှာ ကျန်သခင်လေး အသက်ဆုံးသွားရတယ်။ ကျွန်မတို့တွေ ဘယ်သူမှ ဝင်မပါရဲကြဘူး"
     ကျန်စစ်ဟွမ် ရဲ့ထင်မြင်ချက်ကို သူ(မ)သွားတောင်းလိုက်တာက ဒီတိုက်ပွဲကိုဖြစ်စေခဲ့တာလို့တော့ ထည့်မပြောဖြစ်ခဲ့ပါ။ မဟုတ်ရင်လည်း အစောတည်းကတောင် အသက်ရှင်ဖို့ သေချာတော့မှာ မဟုတ်ဘူးလေ။
    "ဒါဆို သူတို့ ဘာလို့ ရန်သူတွေ ဖြစ်လာကြလည်း ဆိုတာကိုရော မင်းသိလား။ ငါဒီကို မလာခင်ကတည်းက ကျန်စစ်ဟွမ် ဒီကိုအမြဲလာတတ်တဲ့ အကြောင်း ကြားထား ပြီးပြီ။ အဲ့တော့ မင်းဘာမှ မသိပါဘူးလို့တော့ မပြောနဲ့"
     "သခင်လေး ကျန်က ဒီမှာ သူသဘောကျတဲ့ မိန်းကလေးရှိတဲ့အတွက် မကြာမကြာ လာတတ်ပါတယ်။ ဒါက ကျွန်မနဲ့တော့ ဘာမှမဆိုင်ပါဘူး။ ဒါပေမဲ့ သူနဲ့ ကျွန်မဆိုင်က မိန်းကလေးတစ်ချို့ပြောနေကြတာကို ကြားရသလောက်တော့ နှစ်ယောက်ကြား ရန်ငြိုးက ဖီးနစ်ကျောင်း ဝင်ခွင့်ရွေးတုန်းက ရခဲ့တာလို့တော့ ပြောတာပဲ"
       ဟွန်မီတစ်ယောက် ကျန်စစ်ဟွမ် နဲ့ သူ(မ)ကြားက ဆက်ဆံရေး လိုတာထက်မပိုကြောင်း တွန်းပြီးရှင်းပြနေလိုက်တယ်။ သူ(မ)ရှေ့ကလူ ဘယ်ဘက်ကိုရပ်တည်သည်ဖြစ်စေ နှစ်ဖက်လုံးအတွက် အပြစ်လွှတ်အောင်တော့ ပြောရတော့မှာပဲ။
     "ဒါဆို လင်းတျောက်ချင် ကရော ဒီကို ဘာလုပ်ဖို့ လာခဲ့တာတဲ့လဲ"
    ဟွန်မီ ပြုံးပြီး ပြန်ဖြေလိုက်တယ်။
   "သူဒီကို မိန်းကလေးတစ်ယောက်နဲ့တွေ့ဖို့ လာတာပဲပေါ့။ ဒါပေမဲ့ အဲ့သခင်လေးက ဒီလိုနေရာတွေနဲ့ သိပ်ရင်းနှီးပုံမရဘူး။ ထူးဆန်းတဲ့ တောင်းဆိုမှုတွေတောင် ယူလာခဲ့သေးတယ်"
      လင်းချင်းဖန် ခေါင်းညိမ့်ပြလိုက်တယ်။
   "ငါသိပြီ.."
  ထပ်ပြီးတော့ ဝမ်းကွဲညီအစ်ကို ရဲ့ကိုယ်ရေးကိုယ်တာကို စပ်စုလို့မဖြစ်တော့ဘူးလေ။ လောလောဆယ်လည်း နောက်ထပ် သဲလွန်စတစ်ခုကိုတော့ ရလိုက်ပြီမဟုတ်လား။ ဒီပြဿနာကို ဖြေရှင်းပြီး အထိုင်ကျအောင် လုပ်ဖို့ကလည်း သူ့တာဝန်ပဲလေ။ အဲ့တော့ မဆိုင်တာတွေကို ခေါင်းထဲထည့်နေလို့ ဘယ်ဖြစ်ပါ့မလဲ။
      ရထားတဲ့ အချက်အလက်တွေကို တွေးတောနေတုန်းမှာပဲ အစောင့်ထဲက တစ်ယောက်က ဝင်ပြောလိုက်တယ်။
    "ရန်ငြိုးလေးတစ်ခုအတွက်နဲ့များ ကျန်မိသားစုက လူတွေအများကြီး ကိုသတ်ပစ်လိုက်တယ်ဆိုတော့ မလွန်လွန်းဘူးလား"
    နောက်တစ်ယောက်ကလည်း ဝင်ပြောလိုက်ပြန်တယ်။
     "တံခါးချိုးလိုက်တာနဲ့ပဲ သူများအရှက်တကွဲဖြစ်အောင် အကြာကြီး ဒူးထောက်ခိုင်းထားတယ်ဆိုတာလည်း လွန်လွန်းအားကြီးတာပဲ။ ဒီပြဿနာမှာ လင်းတျောက်ချင် ဆိုတဲ့ကောင် လွန်တာတွေ များတယ်"
     နှစ်ယောက်လုံး မှာ လင်းတျောက်ချင် နဲ့ပတ်သတ်လို့ သိပ်အခဲမကြေကြပါ။ လင်းချင်းဖန် ကိုကောင်းကောင်း မဆက်ဆံတာရော၊ သူတို့ကို အိမ်ထဲက မောင်းထုတ်လိုက်တာရောကြောင့် သူတို့ရင်ထဲမှာ အစိုင်တစ်ခုလို ဖြစ်ကျန်နေခဲ့တယ်။ 
      လင်းချင်းဖန် ကတော့ ခဏတိတ်ဆိတ်နေလိုက်ပြီးမှ ပြန်ပြောလိုက်တယ်။
     "သူလုပ်တာတွေ နည်းနည်းတော့ လွန်ပေမဲ့ ဒီပြဿနာကို စဖန်တီးလိုက်တာက ကျန်မိသားစုကပဲလေ။ ငါသူနဲ့ မျက်နှာချင်းဆိုင် တွေ့ပြီး ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ ဆွေးနွေးချင်တယ်"
     "သခင်လေး အဲ့ကို ပြန်သွားစရာ မလိုဘူး။ သူဘယ်လို ပြုမူထားလဲ သခင်လေးလည်း သိနေတာပဲလေ။  အပြင်မှာပဲ နေပြီး စာနဲ့ ချိန်းကြမယ်ဆိုရင်ရော"
    လင်းချင်းဖန် ခေါင်းညိမ့်လိုက်တယ်။
  "ဒီအကြံကောင်းတယ်။ ဒါဆို မင်းတို့ထဲက ဘယ်သူ ချိန်းတဲ့စာ သွားပို့မလဲ"
   အစောင့်ထဲက တစ်ယောက် ခပ်မြန်မြန်ပဲ ဖြေလိုက်တယ်။
    "ကျွန်တော် သွားမယ် သခင်လေး"
   "ကောင်းပြီ။ သူ့ကို ယုရီ စားသောက်ဆိုင် ကို ချိန်းလိုက်ပါ"
     "ဟုတ်ကဲ့ ကျွန်တော် နားလည်ပါပြီ"
    သူချက်ချင်းပဲ လင်းအိမ်တော် ကိုထွက်လာခဲ့လိုက်တယ်။ လင်းမန်ရှင်း ရှေ့ကို ရောက်တဲ့အခါ တံခါးကို ခဏလောက်ငေးကြည့်နေလိုက်တယ်။ သူက သွေးမစပ်တဲ့ မြေးတစ်ယောက်ပဲဟာကို ဘာတွေများ ထောင်လွှားနေရတာလဲ။ ထားလိုက်တော့ မင်းကိုလည်း ဘယ်သူကမှ အရေးလုပ်ချင်နေတာ မဟုတ်ဘူး။
     သူ တုံ့ဆိုင်းဆိုင်းနဲ့ တံခါးကို ခေါက်လိုက်တယ်။ 
    "ဘာကိစ္စ ရှိလို့ပါလဲ"    မိုယုထွက်လာပြီး မေးလိုက်တယ်။
    "ကျုပ်တို့ သခင်လေးက ခင်ဗျားရဲ့ သခင်လေးကို ယုရီ စားသောက်ဆိုင် မှာ နှစ်ကိုယ်ကြား ဆွေးနွေးချင်လို့ ချိန်းဆိုတဲ့ စာပို့လိုက်ပါတယ်"
     အကြောင်းအရာ တွေကို လွှတ်သွားခဲ့တဲ့ မိုယု ပြန်မေးလိုက်တယ်။
   "မင်းရဲ့ သခင်လေးက....."
   "လင်းချင်းဖန်.... "
   မိုယု တစ်ခုခုကို နားလည်သွားပြီး ခေါင်းညိမ့်ပြလိုက်တယ်။
    "ကောင်းပြီလေ။ ဘယ်အချိန်လဲ"
     "ဒီည ရှစ်နာရီ..."
  ချိန်းပြီးတာနဲ့ လင်းချင်းဖန် ရဲ့ အစောင့်က ပြန်ထွက်သွားလိုက်တယ်။
    လင်းမန်ရှင်း မှာနှစ်ပေါင်းများစွာ နေလာခဲ့တဲ့ မိုယုအနေနဲ့ ဗိုလ်မှူးချုပ် နဲ့ ဒီအိမ်တော်ကြားက ဆက်နွယ်မှု ကို တီးမိခေါက်မိသလောက်တော့ ရှိခဲ့တယ်။ အဲ့ဒါကြောင့် အခု လူငယ်နဲ့ ဆက်နွယ်မှု ကိုလည်း ချက်ချင်းဆိုသလိုပဲ သဘောပေါက်လိုက်တယ်။
      မိုယု လင်းတျောက်ချင် ကို အကျိုးအကြောင်း သွားတင်ပြလိုက်တယ်။
   "သူဘာပြောမလဲ ကြည့်ကြတာပေါ့"
   "သခင်လေး ကျွန်တော်လည်း အတူလိုက်ခဲ့မယ်"     ကောင်းယုက ဝင်ပြောလိုက်တယ်။
     လင်းတျောက်ချင် ခေါင်းပြန်ညိမ့်ပြလိုက်တယ်။

........

တာအိုဖခင်
အပိုင်း ၇၄
                
            ကောင်းယုသာ ရောက်မလာခဲ့ဘူးဆိုရင် ဒီချိန်းဆိုမှုကိုလည်း သူငြင်းဆိုမိမှာ အမှန်ပဲ။ အခုတော့ လင်းကျန်းရှောင် ရဲ့ ကြင်နာမှုကို သူခံစားလို့ရနေတဲ့ အတွက် လင်းချင်းဖန် ကိုလည်း ဆွေမျိုးအနေနဲ့ သတ်မှတ်ရတော့မှာပဲ မဟုတ်လား။
        လင်းတျောက်ချင် နဲ့ကောင်းယု အပြင်ကိုထွက်လာကြ တယ်ဆိုရင်ပဲ ကျန်မိသားစုက လင်းအိမ်တော်ကို စောင့်ကြည့်ခိုင်းထားတဲ့ လူတွေ ချက်ချင်းပဲ ကျန်ဘဒို ဆီကို အဆင့်ဆင့် သတင်းပို့လိုက်ကြတယ်။  
       အမြဲတမ်း အခွင့်အရေး ကို တိုးယိုပေါက်ကနေ စောင့်ကြည့်နေတဲ့ ကျန်ဘဒို စိတ်လှုပ်ရှားသွားခဲ့တယ်။
      "လင်းတျောက်ချင် အခု အိမ်မှာ မရှိဘူးတဲ့။ ဒီလိုဆိုရင်တော့ သူချစ်တဲ့ ကြွက်ကလေးတွေကို နတ်ပြည်ပို့ပေးရတာပေါ့။ အခုချက်ချင်းပဲ  လူလွှတ်လိုက်"
    အနားမှာ ရှိနေတဲ့ ကျီချင်းရွမ် ဝင်ပြီးသတိပေးလိုက်တယ်။
    "လင်းတျောက်ချင် အိမ်မှာမရှိပေမဲ့ သူ့အစောင့်တွေကတော့ ရှိသေးတယ် မို့လား"
     "တော်စမ်းပါ။ အဲ့ကောင်တွေက စကားထဲ ထည့်ပြောဖို့တောင် မတန်ဘူး။ သူတို့ထဲမှာ ပင်လယ်စုစည်းခြင်း အဆင့်ရောက်နေတဲ့ကောင် တစ်ကောင်မှ မရှိဘူး။ ငါ ပင်လယ်စုစည်းခြင်း အဆင့်၃ အထက်မှာရှိနေတဲ့ ကျွမ်းကျင်သူ သုံးယောက်ကို လွှတ်လိုက်မယ်။ အဲ့ကောင်တွေကို မသတ်နိုင်ဘူးဆိုတာ ငါမယုံဘူး။ မင်းစောင့်ကြည့်နေလိုက်"
       ကျီချင်းရွမ် ခေါင်းညိမ့်လိုက်တယ်။
   "ဒါဆို သခင်ကျန် လင်းတျောက်ချင် ဘက်ကိုရော လူလွှတ်ပြီး အခွင့်အရေး မယူသင့်ဘူးလား"
    ကျန်ဘဒို တအောင့်လောက် စဥ်းစားနေလိုက်တယ်။
     "အဲ့ဘက်ကိုတော့ ဆောင်းလင် ကို လွှတ်ပြီး စစ်ဆေးခိုင်းလိုက်။ အခြေအနေမဟန်ရင် ပြန်သာလာခိုင်း။ ဒီကောင် လင်းတျောက်ချင် ကနည်းနည်း ထူးဆန်းတော့ လူအိုကြီး ဝူ ကြယ်ရောင်ဘုံ အဆင့်ကို တက်ပြီးမှပဲ သူနဲ့ စာရင်းရှင်းရမယ်"
     ကျီချင်းရွမ် အမိန့်ကို နာခံလိုက်တယ်။
   "ဟုတ်ကဲ့ပါ သခင်ကျန် ကျွန်တော် အခုပဲ လူတွေလွှတ်လိုက်ပါ့မယ်။ ကျွန်တော့ကိုရော လိုက်သွားစေချင်လား"
    ကျန်ဘဒို မျက်စောင်းနဲ့ ပြန်ကြည့်လိုက်တယ်။
    "မင်းက ဘယ်ကိုလိုက်သွားမှာလဲ။ မင်းက ငါတို့ ကျန်မိသားစုမှာ အမှုထမ်းနေတာ လူတိုင်းသိတယ်။ မင်းရှိနေရင် ဒါတွေကို ငါတို့လုပ်နေမှန်း ဖော်ပြသလို ဖြစ်နေမှာပေါ့။ ပြီးတော့လည်း အခုချိန်က ထိပ်တိုက် ရင်ဆိုင်ဖို့ အချိန်ကောင်း မဟုတ်သေးဘူး။ ဘာလို့လဲဆိုတော့ ငါ့အိမ်တော်က လူတွေက လင်းအိမ်တော် ကလူတွေလောက် မကျွမ်းကျင်သေးလို့ပဲ။ မဟုတ်ရင် ငါ့လူတွေ အဲ့အိမ်ကို ဖျက်ဆီးလိုက်တာ ကြာပေါ့"
     ကျီချင်းရွမ် ဘာမှ ခွန်းတုံ့မပြန်တော့ဘဲ ဝှက်ဖဲတွေကို အလျှိုအလျှို လွှတ်လိုက်တယ်။
      လင်းတျောက်ချင် တို့နှစ်ယောက်ကတော့ ယုရီ စားသောက်ဆိုင် ထဲကို ဝင်လိုက်ပြီး အသင့်စောင့်နေတဲ့ လင်းချင်းဖန် ဆီတန်းသွားလိုက်တယ်။
     "ထိုင်ပါ...."    လင်းချင်းဖန် လောကဝတ်ပြုလိုက်တယ်။
     "အရင်ဆုံး ငါတို့တွေက ဝမ်းကွဲတော်တွေ..."
   လင်းချင်းဖန် စကားမဆုံးခင်မှာပဲ လင်းတျောက်ချင် ဖြတ်ပြောလိုက်တယ်။
     "ငါတို့ကြားက ဆက်နွယ်မှု အကြောင်းကို ငါသိပြီးပြီ။ အဲ့တော့ မင်းကို ငါ့ဝမ်းကွဲတော်အဖြစ် သတ်မှတ်လို့ရတယ်။ ကဲ ပြောပါဦး။ မင်းဘာလို့ ငါနဲ့တွေ့ချင်ရတာလဲ"
    လင်းချင်းဖန် မျက်မှောင်ကြုံ့လိုက်ပြီး လိုရင်းကိုပဲ ပြောချလိုက်တယ်။
    "မင်း ကျန်မိသားစုက ကျန်စစ်ဟွမ် ကိုသတ်လိုက်တယ်ဆို။ သူတို့ အဘိုးဆီကို လာတွေ့ကြတယ်။ အဲ့တာ အဘိုးက  ဒီကိစ္စကို အထိုင်ကျသွားအောင်လို့ ငါ့ကို ဖီးနစ်မြို့ဆီ လွှတ်လိုက်တာပဲ"
     "အဲ့တော့ မင်းဘယ်လိုလုပ်ဖို့ စဥ်းစားထားလဲ"
     "ဒီပြဿနာက ကျန်မိသားစုက စတာတော့ မှန်ပေမဲ့ မင်းလုပ်တာတွေကလည်း များလွန်းတယ်လေ။ ငါဆိုလိုချင်တာက မင်းသူတို့ကို တောင်းပန်လိုက်ပါလား။ အဲ့တာဆို ငါတို့ရုံးပိုင်းဆိုင်ရာဘက်ကို မိသားစု အင်အားနဲ့ ထိန်းလိုက်လို့ရတယ်"
    လင်းတျောက်ချင် စေ့စေ့ကြည့်လိုက်တယ်။
    "တောင်းပန်တာက လုံလောက်ပြီလို့ မင်းထင်တယ်ပေါ့"
    "မင်းတောင်းပန်လိုက်တာတောင် သူတို့ဘက်က ရန်ရှာနေဦးမယ်ဆိုရင် ငါတို့မင်းဘက်က ကျိန်းသေ ရပ်တည်ပေးမယ်"
     လင်းကျန်းရှောင် က ဒီပြဿနာကို အထိုင်ကျအောင်သာ လုပ်ခိုင်းပေမဲ့ လင်းချင်းဖန် ရဲ့အတွေးကတော့ ဒီထက်ပိုနေခဲ့တယ်။ ဒါက မိသားစုကြားက နွေးထွေးမှုကိုလည်း ဖော်ပြနိုင်ဖို့ ဖြစ်ရမယ်။
      လင်းတျောက်ချင် ပြုံးလိုက်တယ်။
   "အစကတော့ မင်းငါ့ကို တွေ့ချင်နေတာ ဘာကိစ္စများလဲပေါ့။ မင်းက ငါ့ကို သွားတောင်းပန်စေချင်တာပဲ။ မင်းမှာ ဒီလိုအတွေးမျိုးရှိပေမဲ့ ငါ့မှာတော့ တောင်းပန်တတ်တဲ့ အကျင့် လုံးဝမရှိဘူး။
      ဒီအမှိုက်သာသာ မိသားစုက ငါ့ကို စိတ်ဆိုးအောင် တစ်ကြိမ်မက လုပ်ခဲ့တာပဲလေ။ တကယ်ဆို သူတို့ကတောင် ငါ့ကို တောင်းပန်ရဦးမှာ။ ကဲ ထားပါတော့။ အခု မင်းဘာလို့ ဒီကိုရောက်နေလဲ ငါနားလည်ပြီ။ မင်းပြန်လို့ရပြီ။ ငါမှာလုပ်စရာတွေများလို့ အချိန်မဖြုန်းအားဘူး။ ပြီးတော့ ငါ့မိသားစုမှာလည်း လူတွေများတော့ နေရာလွတ်က ရှိမနေဘူး။ အဲ့တော့ မင်းလွတ်လွတ်လပ်လပ်သာ ပြန်တော့"
      ချက်ချင်းပဲ မတ်တပ်ရပ်လိုက်ပြီး ပြန်မလို့လုပ်နေတဲ့ လင်းတျောက်ချင် ရဲ့လက်ကို လင်းချင်းဖန် ဆွဲထားလိုက်တယ်။
    "တောင်းပန်တာက မင်းအတွက် တော်တော်ခက်ခဲနေလား။ ဒီလိုသာ ဆက်သွားမယ်ဆို သေမင်းကို လက်ယပ်ခေါ်နေသလိုပဲ ဖြစ်လိမ့်မယ်။ ပြီးတော့လည်း ဒါက အဘိုးကို အခက်တွေ့စေဦးမှာ။ တော်ဝင်မြို့တော် လင်းမိသားစုရဲ့ ပုံရိပ်လည်း ဂယက်ရိုက်လိမ့်မယ်"
     "ဟ...ဟ"   လင်းတျောက်ချင် ဖျော့တော့တဲ့ အပြုံးနဲ့ ရယ်လိုက်တယ်။
    "ကောင်းယု သွားကြစို့"
   လင်းချင်းဖန် ဘေးက အစောင့်နှစ်ယောက် သည်းမခံနိုင်တော့ဘဲ ဝင်ပြောလိုက်တယ်။
    "မင်း ကိုယ့်ကိုယ်ကိုယ် အရမ်းရိုင်းတယ်လို့ မထင်ဘူးလား။ သခင်လေးက တော်ဝင်မြို့တော် ကနေ ဒီအထိတောင် လာပြီး မင်းပြဿနာကို ဖြေရှင်းပေးရတာကို အခုတော့ မင်းက ယဥ်ကျေးမှု ဆိုတာတောင် နားမလည်တဲ့ လူစားမျိုးပဲ"
     လင်းတျောက်ချင် လှည့်တောင်မကြည့်ဘဲ လှေကားကနေ ဆင်းလာလိုက်တယ်။
     သုံးယောက်သား မကျေမနပ်နဲ့ ရပ်ကျန်ခဲ့တယ်။ ကောင်းယု သူတို့ကို သေချာကြည့်ပြီး ပြောလိုက်တယ်။
    "သခင်သာ သိရင် ဒီကိစ္စကို စိတ်ပျက်မိတော့မှာပဲ။ ချင်းဖန် မင်းအခုကစပြီး ဖီးနစ်မြို့က ကိစ္စတွေကို စိတ်ပူစရာ မလိုတော့ဘူး။ တော်ဝင်မြို့တော် ကိုသာ ပြန်လိုက်တော့။ မင်းတို့နှစ်ယောက်ကတော့ လင်းအိမ်တော် ကိုပြန်ရောက်ရင် တောင်ပေါင်း တစ်သောင်းကိုတွေ့အောင်ရှာပြီး ဆက်လေ့ကျင့်ထားကြ"
     "ခင်ဗျားက....... "
  သုံးယောက်သား ကောင်းယုကို ကြောင်ပြီး ကြည့်နေလိုက်ကြတယ်။ သူဘာလို့ ဒီအကြောင်း တွေပြောနေတာမှန်းလဲ နားမလည်နိုင်ကြဘူးလေ။
     ကောင်းယု သူ့ပုံစံအမှန်ကို ပြလိုက်တဲ့အခါ သုံးယောက်လုံး အမိန့်ကို နာခံဖို့ အသင့်အနေအထား ကိုပြောင်းလိုက်ကြတယ်။
    "ငါက မင်းတို့ရဲ့ ဆရာတူအစ်ကိုကြီးလို့ ပြောလည်း ရတယ်။ တခြားအကြောင်းတွေ ကတော့ မင်းတို့ သိစရာ မလိုဘူး။ ငါ သခင်လင်းကျန်းရှောင်ရဲ့ ကိုယ်စား မင်းတို့ကို အမိန့်ပေးမယ်။ အခုပဲ တော်ဝင်မြို့တော် ကိုပြန်ပြီး ဖီးနစ်မြို့က ဒီအကြောင်းတွေကို သခင့်ဆီ တင်ပြရမယ်"
      ပြောပြီးတာနဲ့ ကောင်းယု ချက်ချင်းလှည့်ထွက်လာလိုက်တယ်။ သုံးယောက်သား ဘယ်လိုကျန်ခဲ့ကြလဲဆိုတာကို စိတ်မဝင်စားအားပါ။
     လင်းချင်းဖန် တအောင့်လောက် ကြောင်နေခဲ့ပြီးမှ အစောင့်တွေကို အမိန့်ပေးလိုက်တယ်။
     "အခုပဲ တော်ဝင်မြို့တော် ကိုပြန်ကြစို့"
   ကောင်းယု လှေကားထစ်တွေကို အမြန်ဆင်းပြီး လင်းတျောက်ချင် ကိုအမှီလိုက် လိုက်တယ်။ ပြီးတာနဲ့ တိတ်တိတ်ဆိတ်ဆိတ်  အနောက်ကနေ လျှောက်လာခဲ့လိုက်တယ်။
      နှစ်ယောက်သား လင်းချင်းဖန် အကြောင်းကို မဆွေးနွေးဖြစ်ကြပါ။ လင်းတျောက်ချင် အနေနဲ့ လင်းချင်းဖန် အပေါ်မှာ အာရုံမရှိတော့တာက သူ့ဆီက  ဘာဆက်နွယ်မှုကိုမှ မခံစားရလို့ပဲ။ တျောက်ချင် လမ်းစဥ်ကို ကျင့်နေတဲ့ သူ့အတွက် ဒါက သည်းခံလို့မရတဲ့ အချက်ပဲ။
     ရုတ်တရက်ကြီး လင်းတျောက်ချင် ခြေလှမ်းတွေ ကိုရပ်တန့်လိုက်တယ်။ တစ်ပြိုင်နက်တည်း ကောင်းယုလည်း ရပ်တန့်သွားခဲ့တယ်။

......

တာအိုဖခင်
အပိုင်း ၇၅

             
          ညမှောင်မှောင်ထက်မှာ လမ်းမရှည်ကြီးဟာ တိတ်ဆိတ်ခြောက်ကပ်နိုင်လှသည်။ ယုရီ စားသောက်ဆိုင် ဆိုတာ ဖီးနစ်မြို့မှာ အထက်တန်းစား အပြင်အဆင်တွေနဲ့ ခမ်းနားကျော်ကြားပေမဲ့ ဆွီဟွန် လောက်တော့ ဘေးပတ်လည်မှာ လူစည်ကားမနေပါ။
     လမ်းမကြီး ပေါ်မှာ တိတ်တဆိတ် ရပ်နေကြတဲ့ လူနှစ်ယောက်ကတော့ လင်းတျောက်ချင် နဲ့ကောင်းယု ပဲ ဖြစ်တယ်။ တစ်ဘက်လမ်းဆုံးကနေ လူတစ်ယောက် သူတို့ဆီကို သတ်ဖြတ်ချင်စိတ်အပြည့်နဲ့ ခပ်တည်တည် လှမ်းလာနေတာကို တွေ့လိုက်ရတယ်။
      လင်းတျောက်ချင် ခေါင်းကိုငဲ့လိုက်ပြီး ဘေးမှာရှိနေတဲ့ ကောင်းယုကို ပြောလိုက်တယ်။
     "အခုပဲ ကြည့်။ ဒါမျိုးက တစ်ခါ နှစ်ခါ မကတော့ဘူး။ ဒီလိုပုံနဲ့ သွားတောင်းပန်ပြီး ပြေလည်ရမယ်ပေါ့လေ။ ကျန်အိမ်တော်ကို ဝင်မွှေပြီး အပြတ်မရှင်းပစ်တာပဲ တော်လှပြီ အောက်မေ့ပါ"
      "သခင်လေးပြောတာ အမှန်ပဲ"
ကောင်းယု ထောက်ခံလိုက်တယ်။    လင်းတျောက်ချင် ခေါင်းကို အသာရမ်းလိုက်တယ်။
     "ခင်ဗျား ဒီကောင့်ကို တာဝန်ယူလိုက်။ ပင်လယ်စုစည်းခြင်း အဆင့်၇ဆိုတော့ ခင်ဗျားလောက် မမြင့်ဘူး"
     "ကျွန်တော့တာဝန်ထားလိုက်ပါ။ ဒါနဲ့ သခင်လေး ဘာလို့ သူ့ကို ဖမ်းပြီး ကျန်မိသားစုနဲ့ ပတ်သတ်တဲ့ သက်သေကို မယူတာလဲ"
    လင်းတျောက်ချင် ခေါင်းခါလိုက်တယ်။
   "ဘာလုပ်ဖို့လဲ။ ကျွန်တော့စိတ်ကို အမြဲတည်ငြိမ်အောင်ထားပြီး လူတွေအပေါ် ကောင်းနိုင်သလောက် ကောင်းပေးတယ်လေ။ အတိုင်းအတာတစ်ခုကို မကျော်လွန်သရွေ့တော့ သူတို့နဲ့ အငြင်းပွားနေဖို့ အချိန်မရှိဘူး။ အခု သေချာမှတ်ထားပါ။ အဲ့ကောင်နာမည်ရော သူ့နောက်ခံရောကို လုံးဝမမေးပါနဲ့။ မြန်မြန် သာ ကိစ္စဖြတ်လိုက်"
     အဲ့အချိန်မှာပဲ လုပ်ကြံမယ့်သူက သူတို့နဲ့ ပေ၂၀လောက်နီးနီးကို ရောက်နေခဲ့ပြီ။ သူက ကျန်ဘဒို လွှတ်လိုက်တဲ့ ဆောင်းလင် ဆိုတဲ့သူပဲ။
   ပင်လယ်စုစည်းခြင်း အဆင့်၇ဆိုတာ ထိပ်တန်း နေရာတစ်ခုကိုရောက်နေတဲ့ ကျွမ်းကျင် အဆင့်ပဲလေ။ ဖီးနစ်မြို့မှာ အသန်မာဆုံး လို့ပြောရမယ့် မြို့သခင် ရင်းဝူကျူး တောင် အဆင့်၉ပဲ ရှိတာ မဟုတ်လား။
      ဆောင်းလင်ရဲ့အတွေးကတော့ သူအနေနဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူးဆိုရင်တောင် အသက်ကိုတော့ လွှတ်အောင်ရုန်းနိုင်မှာပဲလို့ ထင်တယ်လေ။ အဲ့ဒါကြောင့်လည်း ထိပ်တိုက် ရင်ဆိုင်ကြည့်ဖို့ လာခဲ့လိုက်တာ မဟုတ်လား။ ခုန နှစ်ယောက်သား ပြောနေကြတဲ့ စကားတွေကို သူအကုန်ကြားပြီးခဲ့ပြီ။
    "မင်းတို့ကလား......"
  ဆောင်းလင် စကားမဆုံးခင်မှာပဲ သန်မာအားကောင်းတဲ့ လက်ဝါးတစ်ချက်က သူ့ဆီကို ပျံဝဲလာခဲ့တယ်။
     "သခင်လေးမှာ မင်းရဲ့ အဓိပ်ပါယျမရှိတဲ့စကားတှကေို နားထောင်ဖို့ အချိန်မရှိဘူးကွ။ မင်းကို မြန်မြန် လက်စတုံးပစ်မှ ဖြစ်မယ်"
     ဆောင်းလင် ပြိုင်ဘက်ရဲ့ တိုက်ချက်တွေကို အပြင်းအထန် ပြန်ခံတိုက်နေရတယ်။ ပြိုင်ဘက်က ပင်လယ်စုစည်းခြင်း အဆင့်၁၁ရှိနေမယ်လို့ သူလုံးဝမမျှော်လင့်ထားခဲ့ဘူးလေ။ သူ့ထက် အဆမတန် မြင့်မားတဲ့တိုက်ကွက်တွေက သူ့ကို အသက်ရှူမှားစေခဲ့တယ်။
      ကောင်းယု ဆက်တိုက် ဖိအားပေးပြီး ပြိုင်ဘက်ရဲ့ ဟာကွက်ကို တွေ့လိုက်တာနဲ့ တစ်ခါတည်း အကျစ်လစ်ဆုံး လက်ဝါးတစ်ချက် ကို ဆောင်းလင်ရဲ့ ရင်ဘက်ပေါ်ကို ရိုက်ချလိုက်တယ်။ ဆောင်းလင် ပေခုနစ်ဆယ် ရှစ်ဆယ်လောက်ကို လွင့်ထွက်သွားခဲ့တယ်။
     ကောင်းယု နောက်ကို တစ်ချက်လှည့်မကြည့်ဘဲ လင်းတျောက်ချင် ဆီကို ပြန်လျှောက်လာခဲ့လိုက်တယ်။
    "ကိစ္စတော့ ရှင်းသွားပြီ သခင်လေး သိပ်မစောင့်လိုက်ရဘူး မို့လား"
    လင်းတျောက်ချင် ခေါင်းကို အသာလေး ညိမ့်လိုက်တယ်။
     "တော်တော်မြန်တာပဲ..."
  ကောင်းယု ပြုံးလိုက်တယ်။
  "ကျွန်တော့ရဲ့ နောက်ဆုံး တိုက်ကွက်က သခင်လေးရဲ့မိဘတွေ သင်ပေးခဲ့တာလေ။ ပြီးတော့လည်း ကျွန်တော်က အဲ့ကောင်ထက် ၄ဆင့်တောင် မြင့်တာပဲ မဟုတ်လား။ ဒီလောက်မှ မမြန်ရင် ဒီနှစ်တွေတောက်လျှောက် ကျင့်ကြံနေခဲ့တာက အလကားဖြစ်ကုန်မှာပေါ့"
         လင်းတျောက်ချင် ခေါင်းထပ်ညိမ့်လိုက်ပြီး ဘာတစ်ခွန်းမှ ပြန်မပြောခဲ့ဘူး။
    "သခင်လေး ကျွန်တော် အကြံတစ်ခုလောက် ပေးချင်တယ်။ လင်းအိမ်တော် က အစောင့်တွေကို ကျွန်တော်ကြည့်ရသလောက် သူတို့တွေရဲ့ ကျင့်ကြံအားက သိပ်မကောင်းကြသေးဘူး။ တကယ်လို့ သခင်လေးသာ အိမ်မှာ ရှိမနေတဲ့အချိန် အားကောင်းတဲ့ ရန်သူတစ်ယောက်က တိုက်ခိုက်လာခဲ့မယ်ဆိုရင် တစ်အိမ်လုံး ဒုက္ခရောက်ကြတော့မှာပေါ့"
       "အဲ့ဒါအတွက်တော့ စိတ်ပူစရာ မလိုဘူး။  သူတို့တွေ အကုန်လုံး အိမ်ထဲမှာ ရှိနေသရွေ့ လုံးဝလုံခြုံတယ်"
     ကောင်းယု သိပ်မရှင်းပေမဲ့ လင်းတျောက်ချင် ရဲ့သေချာနေတဲ့ အမူအရာကြောင့် ဘာမှ ထပ်မမေးဖြစ်တော့ဘူး။
      ကျန်ဘဒို ရဲ့ အစီအစဥ် အရဆို ဒီည လင်းတျောက်ချင် ကို တိုက်ခိုက်ဖို့ နှစ်စုခွဲပြီး လွှတ်လိုက်တာ ဖြစ်တယ်။ ဒီဘက်မှာ တစ်ခုခုဖြစ်သွားခဲ့ရင် လင်းမန်ရှင်း မှာလည်း တစ်ခုခုတော့ ဖြစ်နေရမယ်လေ။
      လင်းမန်ရှင်း ထဲကို လူခုနစ်ယောက် ဝင်လာခဲ့တယ်။ လေးယောက်က ပင်လယ်စုစည်းခြင်း အဆင့်မှာ ရှိနေကြပြီး သုံးယောက်ကတော့ ချီစုစည်းခြင်း အဆင့်မှာ ရှိကြတယ်။
      ချီစုစည်းခြင်းတွေ ထဲမှာ အနိမ့်ဆုံးက အဆင့်၉ဖြစ်ပြီး   ပင်လယ်စုစည်းခြင်း ထဲမှာတော့ အမြင့်ဆုံးက အဆင့်၅ ဖြစ်တယ်။  ဒီလို ကျွမ်းကျင်သူတွေကို ကျန်ဘူဟို က တိတ်တဆိတ် ပျိုးထောင်ထားခဲ့ရတာ။ ဒါကို ကျန်ဘဒိုက ထုတ်သုံးလိုက်ပြီလေ။ 
        သွေးဝတ်ရုံဂိုဏ်း ရဲ့နမူနာတွေကြောင့် လင်းမန်ရှင်း ကိုထပ်ပြီး အထင်မသေးရဲတော့အတွက် ဒီလို ကျွမ်းကျင်သူ လူစုလိုက်ကြီးကို ပို့လိုက်တာပဲ ဖြစ်တယ်။ ကျန်ဘဒို ဖြစ်စေချင်တာက လင်းတျောက်ချင် ပြန်ရောက်လာတဲ့အခါ သူချစ်တဲ့သူတွေရဲ့ သွေးချောင်းစီးနေတာကို မြင်လိုက်ရဖို့ပဲ။ ဒါက ကျန်မိသားစုကို ဆန့်ကျင်ရဲတဲ့ လူတစ်ယောက် ပေးဆပ်ရမယ့် အဖိုးအခပဲ။
     အမှောင်ကို အခွင့်ကောင်းယူပြီး လင်းမန်ရှင်း ထဲကို အစုလိုက်ကြီး ဝင်လာကြ တယ်ဆိုရင်ပဲ  သူတို့ကို ဆွန်းဝမ် နဲ့ အရိပ်မဲ့ က သတိထားမိလိုက်ကြတယ်။
     "ဘယ်သူတွေလဲ...."
   တစ််ယောက်နဲ့ တစ်ယောက်ကပ်ပြီး အသင့်ပြင်ထားလိုက်ကြတယ်။
    လုပ်ကြံသူ အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်သူက အေးစက်စက်နဲ့ ပြန် ပြောလိုက်တယ်။
    "မင်းတို့အသက်တွေကို ဇီဝိန်ခြွေချင်တဲ့ သူတွေပဲ။ ကဲ တက်ကြစမ်း"
    အတူပါလာတဲ့ သူ့လူတွေကို အမိန့်ပေးလိုက်တယ်။ အခြေအနေကို နားလည်လိုက်တဲ့ ဆွန်းဝမ် ချက်ချင်းပဲ လင်းရိုရှန်း ဘက်ကို လှည့်လိုက်ပြီး ပြောလိုက်တယ်။
     "သခင်လေး ရိုရှန်း အခု ချက်ချင်းပဲ သခင်လေး လင်း ကို အကူအညီသွားတောင်းပါ။ သူပဲ ကျွန်တော်တို့ကို ကယ်တင်နိုင်လိမ့်မယ်။ ဒီလူတွေက တော်တော်လေး သန်မာကြတယ်။ ကျွန်တော်တို့ အချိန်အကြာကြီး မဆွဲထားနိုင်မှာ ကြောက်ရတယ်"
      လင်းရိုရှန်း လုပ်ကြံသူ အုပ်စုကို တစ်ချက်ကြည့်လိုက်တယ်။
     "သြော် ဒီအတွက်တော့ မပူပါနဲ့။ အဖေ ကျွန်တော့ကို အသက်ကယ်ပေးမယ့် ရတနာလေးတစ်ခု ပေးထားတယ်"
     သူ့အဖေ အရင်က ပေးထားခဲ့တဲ့ ရွှေရောင်ပြားလေးကို ထုတ်လိုက်တယ်။ ပြီးတာနဲ့ သူ့ရဲ့ ချီသန့်စင်ခြင်း အဆင့်၃ မှာရှိနေတဲ့ ဝိဉာဥ်စွမ်းအင်တွေကို ထည့်လိုက်တယ်။ အပြားလေးထဲကနေ အလင်းရောင်တွေ ဖြာထွက်လာခဲ့ပြီး လင်းမန်ရှင်း တစ်ခုလုံး ကို ဖုံးအုပ်လိုက်တယ်။
      လင်းမန်ရှင်း ထဲက သက်ရှိရော သက်မဲ့ရော အကုန်လုံး ရေခဲသလို တောင့်ကုန်ကြတယ်။ သွေးစက်ချထားကြတဲ့ ကလေးတွေက လွဲရင် ဘယ်သူမှ မျက်တောင်တစ်ချက်တောင် မခတ်နိုင်ကြဘူး။
     "အစ်ကိုကြီး သူတို့ အခုလို ဖြစ်နေတုန်း သတ်ပစ်လိုက်ရမယ် မဟုတ်လား"
    လင်းဝမ်ကျင်း ရိုရှန်းကို မေးလိုက်တယ်။ လင်းရိုရှန်း ခေါင်းပြန်ငဲ့ကြည့်ပြီး ဆူလိုက်တယ်။
    "နင်က ဘာကို သတ်ချင်နေတာလဲ။ ငါတို့သတ်ဖို့လုပ်မှ ထလှုပ်လိုက်ရင်ကော ဘယ်လိုလုပ်မလဲ။ ပြီးတော့လည်း သူတို့ရဲ့ သန်မာမှုတွေနဲ့ဆို မလှုပ်နိုင်ရင်တောင် ငါတို့သတ်ပစ်လို့ ရမှာ မဟုတ်ဘူး"
     "ဒါဆို ငါတို့ ဘာဆက်လုပ်ကြမလဲ"
     "စောင့်ရမှာပေါ့ဟ။ အဖေပြန်လာမှပဲ ဘာဆက်လုပ်ရမလဲ သိမယ်။ အဖေပြန်လာဖို့ကလည်း ဘယ်လောက်ကြာမယ် မသိဘူး။ ပြီးတော့ ဒီချုပ်နှောင်မှုကလည်း ဘယ်လောက်ကြာကြာခံမယ် မပြောတတ်ဘူး"
     လင်းရီကျန် တောင့်နေတဲ့လူတွေကို တစ်ချက်ကြည့်လိုက်တယ်။ အစောင့်တွေလည်း တုတ်တုတ်တောင် မလှုပ်နိုင်ကြဘူး။ သူ သက်ပြင်းတစ်ချက် ချလိုက်တယ်။
     "ငါ သွားအိပ်တော့မယ်"
    လင်းဝမ်ကျင်း မောင်ဖြစ်သူကို နောက်လိုက်တယ်။
    "မောင်လေး နင်အိပ်နေတုန်း ခေါင်းပြတ်သွားမှာ မကြောက်ဘူးလား"
     "အသတ်ခံရဖို့ ထိုင်စောင့်နေတာထက်စာရင်တော့ အိပ်နေတုန်း ခေါင်းပြတ်သွားတာက တော်သေးတယ်လေ။ ဘာမှ ခံစားလိုက်ရမှာ မဟုတ်ဘူး"
     လင်းရီကျန် ပြောပြီးတာနဲ့ အိပ်ခန်းထဲကို တန်းဝင်သွားလိုက်တယ်။ လင်းစစ်ယွန်း လည်း အခြေအနေကို တစ်ချက်ကြည့်လိုက်ပြီး သူ့အစ်ကိုနောက်ကို လိုက်သွားလိုက်တယ်။
     လင်းဝမ်ကျင်း အိပ်ဖို့ထွက်သွားကြတဲ့ မောင်တွေ ညီမတွေကို ကြည့်နေလိုက်တယ်။
   "အစ်ကိုကြီး... ဒီလိုဆိုရင်တော့ နင့်ဘာသာ တစ်ယောက်တည်း စောင့်နေလိုက်တော့။ ငါလည်း သွားအိပ်တော့မယ်"
    တစ်ယောက် ပြီးတစ်ယောက် ထွက်သွားကြတဲ့သူတွေကို ကြည့်ပြီး လင်းရိုရှန်း ခေါင်းခါလိုက်တယ်။ အေးလေ အခုချိန်မှာ သူက မိသားစုရဲ့ ခေါင်းဆောင်ပဲ မဟုတ်လား။
     လင်းရိုရှန်း သူ့အဖေ မြန်မြန် ပြန်လာဖို့ကိုပဲ ဆုတောင်းနေလိုက်တယ်။

Continue Reading

You'll Also Like

48.7K 4.3K 168
ယန်ချီရောက်ရှိသွားတဲ့ လောကကြီးမှာဆိုရင် နတ်ဆိုးမိစ္ဆာတွေနဲ့ လူသားတွေက နေရာလု တိုက်ခိုက်နေကြပြီး တနေ့မှာတော့ ယန်ချီက စနစ်တစ်ခုကို မတော်တဆ ရရှိသွားခဲ့တ...
404K 59.8K 200
ဒါလေးက အရမ်းကံဆိုးလွန်းတဲ့ ဇာတ်လိုက်အကြောင်းပါ .... ကံဆိုးလွန်းပေမဲ့ အားလုံးက သူ့ကို ကံကြမ္မာသားတော် ထင်နေတဲ့အခါ ... သူတော်စင်ရာထူးကိုလဲ အလွယ်လေး ရသ...
408K 50.9K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
40.2K 3.1K 200
Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ character ပါ။ (っ˘̩╭╮˘̩)っ လက်တွဲဖော်တစ်ယောက်ထ...