နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသ...

De KimHsuYoon99

694K 108K 1.4K

This novel isn't mine and I just translate;it's fun translation. ဒါလေးကို ဘာသာပြန်တဲ့လူရှိလားရှာခဲ့ပေမယ့် မရှ... Mais

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8.1
Chapter 8.2
Chapter 9.1
Chapter 9.2
Chapter 10.1
Chapter 10.2
Chapter 11.1
Chapter 11.2
Chapter 12.1
Chapter 12.2
Chapter 13.1
Chapter 13.2
Chapter 14.1
Chapter 14.2
Chapter 15.1
Chapter 15.2
Chapter 16.1
Chapter 16.2
Chapter 17.1
Chapter 17.2
Chapter 18.1
Chapter 18.2
Chapter 19.1
Chapter 19.2
Chapter 20.1
Chapter 20.2
Chapter 21.1
Chapter 21.2
Chapter 22.1
Chapter 22.2
Chapter 23.1
Chapter 23.2
Chapter 24.1
Chapter 24.2
Chapter 25.1
Chapter 25.2
Chapter 26.1
Chapter 26.2
Chapter 27.1
Chapter 27.2
Chapter 28.1
Chapter 28.2
Chapter 29.1
Chapter 29.2
Chapter 29.3
Chapter 30.1
Chapter 30.2
Chapter 31.1
Chapter 31.2
Chapter 32.1
Chapter 32.2
Chapter 33.1
Chapter 33.2
Chapter 34.1
Chapter 34.2
Chapter 35.1
Chapter 35.2
Chapter 36.1
Chapter 36.2
Chapter 37.1
Chapter 38.1
Chapter 37.2
Chapter 38.2
Chapter 39.1
Chapter 39.2
Chapter 40.1
Chapter 40.2
Chapter 41.1
Chapter 41.2
Chapter 42.1
Chapter 42.2
Chapter 43.1
Chapter 43.2
Chapter 44.1
Chapter 44.2
Chapter 45.1
Chapter 45.2
Chapter 46.1
Chapter 46.2
Chapter 47.1
Chapter 47.2
Chapter 48.1
<ဖတ်စေချင်ပါတယ်>
Chapter 48.2
Chapter 49.1
Chapter 49.2
Chapter 50.1
Chapter 50.2
Chapter 51.1
Chapter 51.2
Chapter 52.1
Chapter 52.2
Chapter 53.1
Chapter 53.2
Chapter 54.1
Chapter 54.2
Chapter 55
Chapter 56.1
Chapter 56.2
Chapter 57.1
Chapter 57.2
Chapter 58.1
Chapter 58.2
Chapter 59.1
Chapter 59.2
Chapter 60.1
Chapter 60.2
Chapter 61.1
Chapter 61.2
Chapter 62.1
Chapter 62.2
Chapter 63.1
Chapter 63.2
Chapter 64.1
Chapter 64.2
Chapter 65.1
Chapter 65.2
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Extra 1
Extra 2
Extra 3

Chapter 70

2.6K 357 3
De KimHsuYoon99

Unicode

Chapter 70.1

ပိုင်မုနဲ့ လိန်းကျယ်က တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီး စိတ်ရှုပ်နေတဲ့ သုံးယောက်ကို ရှင်းပြတော့တယ် ။ ခဲယ်လ်တစ်ကတော့ အဆင်ပြေတယ် ။သူက ပိုင်မုရဲ့ အစီအစဉ်ကို အရင်ကတည်းက သိတယ်လေ။ အန်းချီလော့နဲ့တပေါက အရမ်းပျော်နေတယ် ဒီနှစ်မှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေက ဒီကလေးနှစ်ယောက်ကို ထိတ်လန့်စေခဲ့တာကိုး။ မိသားစုတစ်စုလုံးက ဒီနေ့မှာ အရမ်းစိတ်ကောင်း၀င်နေကြပြီး အနာဂတ်မှာ ဘယ်လိုမျိုးလှပတဲ့ ဘဝဖြစ်လာမယ်ဆိုတာကို ‌စိတ်ကူးယဉ်ကြည့်နေကြတယ်။

ပိုင်မုထွက်သွားပြီးနောက် Er နဲ့ပုကျီက ကျားတောင်ပံမျိုးနွယ်စုရဲ့  ကြီးမြတ်တဲ့စုန်းမပျိုးထောင်နည်းကို ဆွေးနွေးခဲ့ကြပြီး နောက်နှစ်မှာ ကျားတောင်ပံမျိုးနွယ်စု၀င်တွေကို အချင်းချင်း သင်ယူနိုင်ဖို့ ခြင်္သေ့တောင်ပံမျိုးနွယ်စုရဲ့ ကြီးမြတ်တဲ့စုန်းမဆီ စေလွှတ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။

ကျားတောင်ပံမျိုးနွယ်စုရဲ့ orcs တွေ အခုအချိန်မှာ အတူတကွနေထိုင်ကြတယ်။ အိမ်ပြန်ရောက်ပြီးနောက် မျိုးနွယ်စုခေါင်းဆောင်ပုကျီက ဒီနေ့ ပိုင်မုပြောခဲ့သမျှ လူတိုင်းကို ပြောပြခဲ့ပေမယ့်လည်း လူတိုင်းရဲ့အမြင်တွေကို ထုတ်ပြောလာဖို့အတွက်တော့ သူအလျင်စလိုမဖြစ်ခဲ့ဘူး။

နားထောင်ပြီးနောက်မှာ လူတိုင်းက သူတို့ရဲ့ နှလုံးသားထဲမှာတော့ တကယ်ကို အဲ့လိုလုပ်ဖို့ မလိုလားခဲ့ကြပါဘူး။အတူတကွနေထိုင်ခြင်းအကြောင်းကို ပြောနေကြပေမယ့် သူတို့ရဲ့ လက်ရှိအခြေအနေကတော့ ခြင်္သေ့တောင်ပံမျိုးနွယ်စုထဲ ၀င်လိုက်ရသလိုပါပဲ။

ရလဒ်အနေနဲ့ ကျားတောင်ပံမျိုးနွယ်စုရဲ့ orcs တွေက မသိစိတ်အရ ရုန်းကန်စပြုလာတယ်။ ထိုသို့သောရွေးချယ်မှုက အကောင်းဆုံးဖြစ်ပေမယ့်လည်း စိတ်ပိုင်းဆိုင်ရာအရ သူတို့ လက်မခံနိုင်ခဲ့ဘူး။ ဘန်ဆွန်တစ်ယောက်တည်းကသာ ဒါက အမှန်တကယ်မဆိုးဘူးလို့ ယူဆတယ်။ဒါက ပိုနီးလာတာကလွဲလို့ သူ့ရဲ့မူလအစီအစဉ်နဲ့ မကွာခြားပါဘူး။

ဒီနည်းလမ်းနဲ့ သူ ကေစီကို လိုက်ဖို့ အခွင့်အရေး ကောင်း ရှိပါတယ် ။နောက်ဆုံးတစ်ခေါက် ခြင်္သေ့တောင်ပံမျိုးနွယ်စုကနေ ပြန်ရောက်လာပြီးနောက်မှာ ချစ်စရာကောင်းပြီး လှပတဲ့ ကေစီကို သူအမြဲတမ်း လွမ်းဆွတ်နေခဲ့တယ်။ သူက နူးညံ့သိမ်မွေ့ပြီး တစ်ခါတစ်ရံ လွှမ်းမိုးချုပ်ကိုင်တတ်ပေမယ့် အဲ့ဒါက အရမ်းချစ်ဖို့ကောင်းတာကို သူရှာတွေ့ခဲ့တယ် ။ သူ ကေစီကို ကြိုက်နှစ်သက်နေတယ်ဆိုတဲ့ သူ့အတွေးတွေက  အချိန်နဲ့အမျှ တိုးလာနေတယ်။

ဒီတစ်ကြိမ်မှာ မျိုးနွယ်စုက ကပ်ဆိုးတစ်ခုနဲ့ ကြုံဆုံခဲ့ရပြီး သူနဲ့ သူ့ရဲ့မျိုးနွယ်စုဝင်တွေက တစ်လမ်းလုံး ခက်ခက်ခဲခဲ လှုပ်ရှားသွားလာခဲ့ကြရတယ်။

သူ သားရဲတွေကို တိုက်ခိုက်ခဲ့ရာမှာ ဒဏ်ရာများစွာ ရခဲ့ပြီး ဒဏ်ရာကြောင့် လဲကျသွားခဲ့တယ်။ သူဖျားပြီး အဖျားကြီးနေချိန်မှာ ကေစီက သူ့ကို ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးခဲ့တယ်။ အဲဒီအချိန်တုန်းက သူသာ ကေစီနဲ့ အတူရှိနေနိုင်ခဲ့ရင်‌ဆိုတဲ့ အတွေးတစ်ခုရှိခဲ့တယ်။

အဲ့ဒီနောက်မှာ သူက လှပပြီး တက်ကြွတဲ့ ကေစီကို အမှတ်မထင် ကြိုက်နေမိခဲ့ပြီဆိုတာ ရုတ်တရက် သိလိုက်ရတယ်။ မီးဖိုငယ်ကို ဖွင့်ပြီး  သူ့ဆီ သူခိုးလိုမျိုး မှိုစွပ်ပြုတ်အိုးကို ယူလာတဲ့အချိန်တုန်းက ကေစီရဲ့ ချစ်စဖွယ်ကောင်းတဲ့သွင်ပြင်လေးကို တွေးမိတော့ သူ့နှလုံးသားက ဖော်မပြနိုင်လောက်အောင် ချိုမြိန်သွားတယ်။

သူ ကေစီကို မတွေ့ရတာ ရက်အတော်ကြာနေပြီ။ဒီရက်တွေမှာ ကေစီဘာတွေဖြစ်နေလဲဆိုတာလည်း သူမသိရဘူး။ နေရောကောင်းရဲ့လား? သူ သူ့ကို နည်းနည်းလည်း လွမ်းတယ်၊ ကေစီ သူ့အိမ်ကိုရော လာလည်ချင်မလား။ ပြီးရင် သူ ကေစီကို အိမ်ပြန်ပို့ပေးမယ်။ ကေစီ ဘယ်အိမ်မှာနေလဲဆိုတာကို သူသိတယ်။

ခြင်္သေ့တောင်ပံမျိုးနွယ်စုနဲ့ အတူနေရမလား မနေရဘူးလားဆိုတာ တခြားသူတွေ တွေးနေချိန်မှာ ဘန်ဆွန်ကတော့ ‌ကေစီကို သွားတွေ့သင့်လားလို့ တွေးနေတယ်။

ထိုအချိန် ကေစီက အိမ်မှာ သူ့ခေါင်းကိုအုပ်ပြီး အိပ်နေတယ်။ အရင်ရက်တွေက သူအရမ်းအလုပ်ရှုပ်နေခဲ့တာ။ သူ ဘန်ဆွန်ကို ဦးစွာပြုစုပြီးနောက်မှာ သားရဲအုပ်ကို တိုက်ခိုက်ပြီးနောက် ဒဏ်ရာရနေခဲ့တဲ့ orcs တွေကို ပြုစုစောင့်ရှောက်ဖို့အတွက် ကြီးမြတ်တဲ့စုန်းမကို ဝိုင်းကူညီပေးခဲ့တယ်။ ဒါပေမယ့် ဘန်ဆွန်နဲ့ သူ့ရဲ့သားရဲအဖေတို့ ဒဏ်ရာအပြင်းအထန် မရရှိခဲ့တာကောင်းပါတယ်။ ဘန်ဆွန်ရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေ သက်သာသွားပြီလားဆိုတာ သူမသိဘူး။ ကိုယ့်ကိုကိုယ်ရော ကောင်းကောင်း ဂရုစိုက်ရဲ့လား။ ပြီးတော့ အစ်ကိုကြီးပိုင်မုရော ဘာဖြစ်နေပြီလဲ။( ကေစီရဲ့ အနာဂတ်ကောင်လေးကတော့ သ၀န်တွေအမြဲတိုနေရပါတော့မယ် ကေစီအတွေးတွေထဲ ပိုင်မုကမပါမဖြစ်)

သူအလုပ်များနေတုန်းက မအေးခဲ့ဘူး။ သူအားပြီးနောက်မှာတော့ ဒီရက်တွေမှာ ရာသီဥတုက အရမ်းအေးတယ်လို့ ခံစားရတယ်။ ကေစီက အခု သူအားနေပြီး အိမ်မှာ ဘာမှလုပ်စရာမရှိဘူးလို့ သူ့ကိုယ်သူတွေးလိုက်တယ်။ ဒီတော့ စောင်ထဲမှာ အိပ်နေတာက သူ့အတွက် ပိုလက်တွေ့ဆန်လိမ့်မယ်။

ဆက်လက်ဖော်ပြမယ့်နေရာတွေကလည်း အသက်ဝင်တက်ကြွ‌နေခဲ့တာပေါ့။အယ်လ်ဗင်နဲ့ဆိုင်ရယ်တို့ရဲ့ ဂရုတစိုက် စောင့်ရှောက်မှုအောက်မှာ ဇက်ခ်ရိရဲ့ ဒဏ်ရာကလည်း ပို,ပိုကောင်းမွန်လာခဲ့တယ်။

ဆိုင်ရယ်က လူနှစ်ယောက်ကိုကြည့်လိုက်ပြီး လှည့်ပတ်ပြေးလွှားနေရတဲ့ ဒုက္ခကိုရှောင်ရှားဖို့အတွက် အမြန်တွဲဖက်လိုက်ဖို့ အမြဲတိုက်တွန်းတတ်‌လေ့ရှိတယ်။ ထိုအချိန်မှာ ဇက်ခ်ရိက ရှက်ရွံ့ကာ ဘာပြောရမှန်းမသိဖြစ်သွားတတ်ပြီး အယ်လ်ဗင်ကတော့ လက်တွဲဖော်ရှာဖို့ ဆိုင်ရယ်ကို သတိပေးလိမ့်မယ်။(ရှက်ရမ်းတွေရမ်း)

ဆိုင်ရယ်က အယ်လ်ဗင်ရဲ့သတိပေးချက်ကို ဂရုမစိုက်ပါဘူး။ သူ့ရဲ့ ထက်မြက်တဲ့ စိတ်ထားနဲ့ ရုပ်ရည်ကောင်းမွန်တဲ့အချက်ကြောင့် လက်တွဲဖော်ကောင်းကောင်းတစ်ယောက် ရှာမတွေ့မှာကို စိတ်ပူစရာမလိုပါဘူး။ ဆိုင်ရယ်က သူ့ကိုယ်သူ ယုံကြည်မှုရှိတယ်။

သူ့ညီလေးက ကလေးဘဝကတည်းက တက်ကြွရွှင်လန်းနေတတ်တယ်ဆိုတာ ဇက်ခ်ရိက သိပြီး သူ့ကို စိတ်ပူစရာမလိုဘဲ  တွဲဖက်မယ့်ကိစ္စတွေကို စီစဉ်နိုင်ခဲ့တယ်။ သူ့ရဲ့ အသုံးမကျတဲ့အစ်ကိုကြီးနဲ့ မတူတာက ဆိုင်ရယ်က သူ့အစ်ကို လက်တွဲဖော်ရှာမတွေ့မှာကို အမြဲစိုးရိမ်နေခဲ့တာပဲ။ အခု သူ့အစ်ကိုကြီးမှာ အယ်လ်ဗင်ရှိပြီဖြစ်တာကြောင့် ဆိုင်ရယ်က အစ်ကိုကြီးရဲ့အနာဂတ်လက်တွဲဖော်ကို ရှာဖွေဖို့ တာ၀န်ကနေ အနားယူလို့ရပြီ။

ဒီနှစ်ရဲ့ဆောင်းရာသီက ကုန်လုနီးပြီ။ ဧကရာဇ်သားရဲကသေသွားတော့ သားရဲအုပ်က ထပ်လာမှာမဟုတ်ဘူး။ လူတိုင်းက တကယ့်ကြောင်ဆောင်းရာသီကို စနေကြပြီ။ အခု အပြင်ဘက်ဧရိယာမှာ နှင်းတွေ အရမ်းကျနေပြီး ရာသီဥတုက အရမ်းအေးတယ်။လူအနည်းငယ်ကသာ ဂူအပြင်ဘက်မှာ လှည့်ပတ်ကြတယ်။ လူတိုင်းက  တံခါးပိတ်ထားတဲ့အိမ်ထဲမှာပဲ နေကြတယ်။

ထိုအကြံအစည်တွေက အလုပ်,လုပ်ပါ့မလားဆိုတာ သူမသိဘူး။ အခု ဒီနေရာမှာ အချိန်အတော်ကြာအောင် ရှိနေခဲ့တော့ သူလုပ်နိုင်မလားဆိုတာ မသေချာတော့ဘူး။ နေရာလွတ်ထဲမှာ သူ ကောက်ညှင်းစပါးကို စစိုက်‌နေပြီ။ နောက်နှစ် အိမ်ဆောက်တဲ့အခါ ကောက်ညှင်းစပါးတွေ အများကြီးလိုလိမ့်မယ်။ ကော်ထုတ်နိုင်ရင်တော့ ပိုကောင်းမှာပဲ။ မဟုတ်ရင် ကောက်ညှင်းစပါးကိုပဲ သူသုံးရလိမ့်မယ်။ ဘိလပ်မြေနဲ့ပတ်သက်ပြီး သူ့မှာ အဖြေရှာနိုင်တဲ့စွမ်းရည်တော့ မရှိပါဘူး။(ကော်မရှိတဲ့အတွက် ကောက်ညှင်းက စေးလို့ ပိုင်မုက ကော်အစားထိုးလိုမျိုးသုံးချင်တာပါ သူ့မှာ ဘိလပ်မြေလည်းမရှိဘူးလေ ကောက်ညှင်းကိုပဲ သုံးရလိမ့်မယ်)

ခဲယ်လ်တစ်က ပိုင်မု လယ်ထဲမှာ အလုပ်ကြိုးစားနေရတာကို ကြည့်ပြီး အရမ်းစိတ်ဆင်းရဲနေတယ်။ သူက ပိုင်မုကို အလုပ်ပေးလုပ်ဖို့ အမြဲတွန့်ဆုတ်နေခဲ့တာ။

" ပိုင်မု ကိုယ် မင်းကို ကူညီပေးလို့ရလား " ပိုင်မုကို ကူညီပေးဖို့ ကြိုးစားရင်းနဲ့ သူက စိုးရိမ်ပူပန်စွာ လယ်ကွင်းကို လှည့်ပတ်သွားနေတယ်။

"ဟင့်အင်း ခင်ဗျားဒဏ်ရာက မပျောက်သေးဘူး  ဂရုစိုက်ရမယ်လေ ဒါကို ဂရုစိုက်နေစရာမလိုဘူး" ပိုင်မုက သူ့ကို လျစ်လျူရှုပြီး အလုပ်ဆက်လုပ်နေတယ်။သူ့ရဲ့လက်ရှိတိုးတက်မှုနဲ့ဆို ကောက်ညှင်းစပါးအလုံအလောက် သိမ်းနိုင်မယ်လို့ သူထင်တယ်။ အကယ်၍ နွေဦးရာသီမှာ ဘိလပ်မြေအဖြစ်သုံးနိုင်တဲ့ ဘယ်ပစ္စည်းကိုမှ သူရှာမတွေ့ရင် နံရံကို အရင်ဦးစွာပြုပြင်ဖို့ နည်းလမ်းတစ်ခုကိုသာ သူရှာနိုင်တော့မှာဖြစ်တယ်။

"ကိုယ်ဘာမှ မဖြစ်တော့ပါဘူး ကိုယ့်ကိုယုံပါ"ခဲယ်လ်တစ်က ပြောပြီး သူ့ရဲ့ခွန်အားကြီးမားတဲ့ လက်မောင်းကို ဝှေ့ယမ်းပြလိုက်ပေမယ့် လုပ်ဆောင်ချက်က အရမ်းကြီးတာကြောင့် ဒဏ်ရာကို ဆွဲသလိုဖြစ်သွားပြီး သူ့ရဲ့လှုပ်ရှားမှုက ရပ်တန့်သွားတယ်။

"ခင်ဗျား ဒါကို ထပ်လုပ်ချင်ရင် ခင်ဗျားကို နေရာလွတ်ထဲကနေ ပစ်ထုတ်လိုက်မယ်" ပိုင်မုက အခုလေးတင်လုပ်လိုက်တဲ့ သူ့လှုပ်ရှားမှုထဲက ခဏရပ်သွားတာကို လျစ်လျူမရှုခဲ့ဘူး။ ဒီအရူး  နာသွားတာဖြစ်မယ်။

ပိုင်မုက သူ့ကို နှင်ထုတ်နိုင်တယ်ဆိုတာ ကြားသွားတာနဲ့ ခဲယ်လ်တစ်က ချက်ချင်းဆိုသလို ရိုးသားလာတယ်။ "ဒါဆို မင်း ငှက်တွေကို အစာကျွေးဖို့ ကိုယ် ကူညီပေးမယ်"

"အင်း အရမ်းလေးတဲ့ဟာတွေကိုလည်း မယူနဲ့နော်" ပိုင်မုက စိုးရိမ်ပြီး တောင်းဆိုလိုက်တယ်။

"ဟုတ်ပါပြီ" ခဲယ်လ်တစ်က ကူညီပေးနိုင်တာကို အရမ်းပျော်နေတယ်။ ပိုင်မုက မြို့တံတိုင်းဆောက်မယ်လို့ ပြောပြီးကတည်းက လယ်ကွင်းထဲမှာ အလုပ်ရှုပ်နေခဲ့ပြီး ပိုင်မုအလျင်လိုနေချိန်မှာ သူအများကြီး မကူညီနိုင်ခဲ့ဘူး။ ခဲယ်လ်တစ် ပျော်ရွှင်စွာ ထွက်ခွာသွားတာကို မြင်တော့ ပိုင်မုက လယ်ကွင်းထဲက သူ့အလုပ်မှာ  ပြန်လည်*ရင်းနှီးမြှုပ်နှံလိုက်တယ်။(ကောက်ညှင်းစပါးတွေစိုက်တာပါ)

နေ့ရက်တွေက အေးချမ်းစွာ ကုန်ဆုံးသွားခဲ့ပြီး ရာသီဥတုက တဖြည်းဖြည်း ပူနွေးလာခဲ့တယ်။ ခြင်္သေ့တောင်ပံမျိုးနွယ်စု၀င်တွေက စည်းဝေးပွဲအတွက် အတူတကွ စုရုံးလိုက်ကြတယ်။

သူတို့က ပိုင်မုရဲ့အစီအစဥ်ကိုသိပြီး အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ဘာအတွေးမှ မရှိကြပါဘူး။ သားရဲအုပ်က ပုံမှန်မဟုတ်တာကြောင့် မျိုးနွယ်စုနှစ်ခု အတူတကွနေထိုင်တာက ပိုအကျိုးရှိပါတယ်။

သို့သော် မျိုးနွယ်စုခေါင်းဆောင် Er က သူတို့ကို အသေးစိတ်ပြန်စဉ်းစားကြည့်ဖို့ တောင်းဆိုခဲ့သေးတယ်။ နွေဦးရာသီစတင်တဲ့အခါမှာ ပိုင်မုက ဆုံးဖြတ်ချက်မချခင် ချိုင့်ဝှမ်းကို အရင်ကြည့်ရှုခဲ့တယ်။ ထို့နောက် အဲ့ဒီသတင်းက မျိုးနွယ်စု၀င်‌တွေကြားထဲ ပျံ့နှံ့သွားတယ်။ ပိုင်မုကို ဒီနေရာမှာ ရှိတဲ့လူတိုင်းက အရမ်းယုံကြည်ကြပြီး သူ့မှာ သားရဲအုပ်ကို ခုခံနိုင်တဲ့ နည်းလမ်းရှိတယ်ဆိုတာ သိလိုက်ရလို့ အရမ်းဝမ်းသာကြတယ်။ လာမယ့်ဆောင်းရာသီမှာ သူတို့က ဒီလိုမျိုးအသက်ရှင်သန်ရမှုတွေနဲ့ သေခြင်းတရားကို ရင်ဆိုင်ရတော့မှာ မဟုတ်ပါဘူး။

Chapter 70.2

နွေဦးရဲ့ ခြေသံတွေ နီးကပ်လာပြီး နှင်းတွေ တဖြည်းဖြည်း အရည်ပျော်လာကာ နှင်းတွေအရည်ပျော်သွားတာကြောင့် အပူချိန်အနည်းငယ် ကျဆင်းသွားတယ်။ နှင်းတွေအရည်ပျော်ပြီးနောက် လူတိုင်းက သူတို့ရဲ့ဘဝသစ်ကို စောင့်မျှော်နေကြပါပြီ။

လာမယ့်နှစ်မှာ ဆောက်မယ့် ခဲယ်လ်တစ်ရဲ့အိမ်အတွက် ပိုင်မု ပြင်ဆင်နေရတာကြောင့် အချိန်အများစုမှာ သူ့ ဘေးနားရှိတဲ့ ခဲယ်လ်တစ်နဲ့အတူ နေရာလွတ်ထဲ ရှိနေခဲ့တယ်။ အိမ်မှာ ဘာမှလုပ်စရာမရှိတဲ့ အန်းချီလော့နဲ့ လူအနည်းငယ်က စပါးနဲ့ ဂျုံကို ထုပြီး ဂျုံမှုန့်ကြိတ်ကြတယ်။ ထိုနေ့ရက်တွေမှာ တပေါက ပျင်းရိနေတာကြောင့် နေ့ရက်တွေကို လက်ညိုးနဲ့ ရေတွက်နေလေ့ရှိတယ်။

နောက်ဆုံးမှာ လူတိုင်းရဲ့ စိတ်အားထက်သန်တဲ့ မျှော်လင့်ချက်တွေနဲ့အတူ မြေပြင်ပေါ်ရှိ ထူထပ်နေတဲ့ နှင်းတွေက နောက်ဆုံးမှာ အရည်ပျော်သွားပြီး အပူချိန်ကလည်းပဲ တဖြည်းဖြည်း မြင့်တက်လာခဲ့တယ်။ မြစ်ပေါ်ရှိ ရေခဲတွေလည်း စတင်အရည်ပျော်လာပြီး မြေကြီးက မူလမျက်နှာကို ဖော်ပြနေခဲ့ပြီ။ အိမ်မှာ နေရတာ ငြီးငွေ့နေတဲ့သူတွေက အဝတ်ထူထူ၀တ်ပြီး အိမ်ထဲကနေ အပြင်ထွက်လာကြတယ်။

အခု ဂူအပြင်ဘက်မှာ အနည်းငယ်အေးနေဆဲဖြစ်ပေမယ့် ဆောင်းရာသီလောက်တော့ မအေးနေဘူး။ နွေးထွေးတဲ့နေရောင်ခြည်က ကောင်းကင်ပေါ်ကနေ ဖြာကျနေတာကြောင့် ဒါက လူတွေကို သက်တောင့်သက်သာဖြစ်စေတယ်။

ဒီနှစ်ဆောင်းရာသီမှာ အစားအစာများစွာရှိခဲ့ပြီး လူတိုင်းက နီမြန်းတဲ့အသားအရေရှိကာ စွမ်းအင်ပြည့်ဝနေကြတယ်။ အဲ့ဒီပြင်းထန်စွာ ဒဏ်ရာရသွားတဲ့ orcs တွေကလည်းပဲ သူတို့ရဲ့ ကြံ့ခိုင်တဲ့ ကိုယ်လုံးကိုယ်ထည်၊ သန်မာတဲ့ သက်၀င်တက်ကြွ၊ ကုသနိုင်စွမ်းတို့နဲ့အတူ ပြန်လည်ကောင်းမွန်လာခဲ့ကြပါပြီ။

မျိုးနွယ်စုခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ Erနဲ့ပုကျီတို့လည်း ချိုင့်ဝှမ်းကို ထွက်ခွာသင့်ပါပြီ။ မျိုးနွယ်စုကနေ ချိုင့်ဝှမ်းဆီ သွားဖို့ သုံးရက်ကြာပြီး အသွားအပြန်အတွက် ခြောက်ရက်ကြာမြင့်တယ်။ မျိုးနွယ်စုခေါင်းဆောင်နှစ်ဦးက မျိုးနွယ်စုအတွင်းရှိ အရာများကို စတင်စီစဉ်ကြပြီး ယူဆောင်လာရမယ့် ပစ္စည်းတွေကို ပြင်ဆင်ဖို့အတွက် လိုအပ်မယ့် အတူတကွသွားမယ့်သူတွေကို အကြောင်းကြားခဲ့တယ်။အခုအချိန်မှာ သားကောင်အနည်းငယ်သာရှိတာကြောင့် သူတို့ အစာအလုံအလောက်ယူဆောင်သွားဖို့ လိုအပ်တယ်။

အကြောင်းကြားစာကို လက်ခံရရှိခဲ့တဲ့ ပိုင်မုကလည်း ပြင်ဆင်မှု‌တွေ စတင်လုပ်ဆောင်ခဲ့ပြီး ခဲယ်လ်တစ်လည်း သူနဲ့အတူရှိခဲ့တယ်။ ပထမတော့ ပိုင်မုက သူနဲ့အတူ လိုက်ဖို့သဘောမတူခဲ့ဘူး။သူ့ဒဏ်ရာက တလောလေးကပဲရခဲ့တဲ့အပြင် ဒီတစ်ကြိမ်မှာ သုံးရက်ဆက်တိုက်ခရီး အမြန်ထွက်ရမှာကြောင့်ပဲ။ ဒါပေမယ့် ခဲယ်လ်တစ်က ပိုင်မု သူ့ကို လိုက်ခွင့်မပြုခဲ့ရင်တောင် သူနဲ့အတူ တိတ်တဆိတ် နောက်ကလိုက်လာမယ်လို့ အခိုင်အမာပြောခဲ့တယ်။ အဆုံးမှာတော့ ပိုင်မုက သဘောတူရုံကလွဲပြီး ရွေးချယ်စရာမရှိဖြစ်သွားပေမယ့် တာ့ဝူဆီ တိတ်တိတ်လေးသွားပြီး ဆေးဝါးအချို့ သွားယူခဲ့တယ်။

လိန်းကျယ်နဲ့အန်းချီလော့တို့က သူတို့နဲ့အတူ လိုက်ချင်ပေမယ့်လည်း အိမ်ကို ပြုစုစောင့်ရှောက်ဖို့ တစ်စုံတစ်ယောက် လိုအပ်နေဆဲဖြစ်တာကြောင့် နောက်ဆုံးမှာ လိုက်ဖို့မအောင်မြင်ခဲ့ပါဘူး။ ဒီတစ်ခါ အပြင်ထွက်တာက ဆယ်ရက်လောက် ကြာနိုင်တယ်။ ပိုင်မုက အန်းချီလော့ကို သူနဲ့ခဲယ်လ်တစ်အတွက် တိရိစ္ဆာန်သားရေနဲ့လုပ်ထားတဲ့ sleeping bagနှစ်ခုလုပ်ခိုင်းတယ်။ ရာသီဥတုက အေးနေသေးတာကြောင့် ပိုင်မုက အန်းချီလော့ကို ပိုထူအောင်လုပ်ခိုင်းခဲ့တယ်။

အားလုံးအဆင်သင့်ဖြစ်ပြီးနောက် သူတို့အားလုံး ထွက်ခွာခဲ့ကြတယ်။ ဒီတစ်ကြိမ်မှာ တစ်ဖွဲ့ကို လူငါးဦးစီနဲ့ တစ်ယောက်တည်းဖြစ်နေတဲ့ ပိုင်မုကိုပါ အဖွဲ့ထဲထည့်ပေါင်းလိုက်ရင် လူဆယ့်တစ်ဦးတိတိရှိတယ်။မျိုးနွယ်စုကနေ ထွက်သွားကြတဲ့အခါ မျိုးနွယ်စု၀င်အားလုံးက သူတို့ကို ကြည့်ရှုဖို့ ထွက်လာကြတယ်။ ဒီလူတစ်စုရဲ့ ဒီခရီးစဉ်က သူတို့ရဲ့ အနာဂတ်ဘဝနဲ့ သက်ဆိုင်ပါတယ်။

ပိုင်မုက သူ့ကျောပေါ်က နောက်ကျောလွယ်ခြင်းတောင်းနဲ့အတူ ခဲယ်လ်တစ်ရဲ့ နောက်ကျောပေါ် ထိုင်နေတယ်။ သူ့နောက်ကျောလွယ်ခြင်းတောင်းထဲမှာတော့ နေ့စဉ်သုံးပစ္စည်းတွေ ထုပ်ပိုးပြီးထည့်ထားတယ်။ အခြား orcs တွေက နေ့စဥ်သုံးပစ္စည်းတွေနဲ့ အစားအစာထုပ်တွေကို သူတို့ရဲ့ကျောပေါ်မှာ သယ်ဆောင်ထားကြတယ်။ ဒီတစ်ခါမှာ  မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်တောင် အတူတကွထွက်လာခဲ့ကြတယ်။ ဒါက ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့ရဲ့ အရေးထားမှုကို ပြသတာပါပဲ။

အေးချမ်းတဲ့ရာသီဥတုမှာ တောထဲအိပ်ဖို့က အရမ်းခက်ခဲတယ်။ လမ်းတစ်လျှောက်မှာ orcs တွေက မြေပြင်အနေအထား ရင်းနှီးမှုအပေါ် အခြေခံပြီး အနားယူရန် ဂူတစ်ခု ရှာဖွေဖို့ အစွမ်းကုန်ကြိုးစားကြတယ်။ သင့်တော်တဲ့ဂူကို ရှာမတွေ့ရင် အနားယူဖို့ ပြန့်ပြူးတဲ့နေရာတစ်နေရာ ရှာဖို့ပဲတတ်နိုင်ပါတယ်။ မျိုးနွယ်စုခေါင်းဆောင်က ညဘက်မှာ ကင်းစောင့်ဖို့ လူတွေစီစဉ်ပေးမှာဖြစ်ပြီး ကျန်တဲ့သူတွေက တိရစ္ဆာန်သားရေထူထူတွေနဲ့ခင်းထားတဲ့ မြေပြင်ပေါ်မှာ အိပ်ကြရလိမ့်မယ်။

"ဒီနေရာပဲ ဆင်းလို့ရပြီ"မျိုးနွယ်စုခေါင်းဆောင်Erက မြေပြင်ကိုကြည့်ကာ လူတိုင်းကို  သတင်းကောင်းကြေညာလိုက်တယ်။

သုံးရက်လောက် မရပ်မနားပျံသန်းပြီး နောက်ဆုံးတော့ သူတို့ လိုရာခရီးကို ရောက်သွားပါပြီ။ မြင့်မားတဲ့အရပ်ကနေကြည့်ရင် ချိုင့်ဝှမ်းလို့ပြောတာထက် ချောက်ဆိုတာက ပို့သင့်တော်တယ်။ ချောက်ကို ချောက်ကမ်းပါးတွေက ဝန်းရံထားပြီး ဒီလိုအားကောင်းတဲ့ ပတ်၀န်းကျင်နဲ့အတူ ဒါက ချိုင့်ဝှမ်းအပိတ်တစ်ခု ဖြစ်လာတယ်။ ချောက်က လှေငယ်သဏ္ဍာန်ရှိပြီး အတွင်းဘက်ပိုင်းက ကျယ်ပြန့်ကာ အစွန်းနှစ်ဖက်လုံးကတော့ ကျဉ်းတယ်။ တစ်ဖက်က ပိုကျဉ်းပြီး နောက်တစ်ဖက်က အနည်းငယ်ကျယ်တယ်။ အဝေးမှနေကြည့်ရင် ဒီချောက်က ထွက်ပေါက်မရှိဘူးလို့ ထင်ရတယ်။

အဲ့ဒီအချိန်မှာ ပိုင်မုက ခဲယ်လ်တစ်ကို မျိုးနွယ်စုခေါင်းဆောင်ဆီ ချဉ်းကပ်ဖို့ အချက်ပြလိုက်တယ်။။သူ မျိုးနွယ်စုခေါင်းဆောင်ကို ပြောစရာရှိတယ်။

"မျိုးနွယ်စုခေါင်းဆောင် ‌ဒီချောက်ကြီးမှာ  ဝင်ပေါက်ရှိသလား ၀င်ပေါက်က‌နေ ဝင်ကြရအောင်" ဒီနေရာမှာရှိတဲ့ မြေမျက်နှာသွင်ပြင်ကို ဂရုတစိုက်ကြည့်ရှုပြီး ရိုးရှင်းသ
တဲ့အစီအစဥ်တစ်ခု ရေးဆွဲဖို့အတွက် ပိုင်မုက မျိုးနွယ်စုခေါင်းဆောင်ကို ၀င်ပေါက်က‌နေ ဝင်ခိုင်းလိုက်တယ်။

"ဟုတ်ပြီ" မျိုးနွယ်စုခေါင်းဆောင်က “လူတိုင်း ငါ့နောက်ကို လိုက်ခဲ့ကြ”လို့ လူတိုင်းကို အော်ပြောလိုက်တယ်။ မျိုးနွယ်စုခေါင်းဆောင်က အချက်ပြတဲ့အခါ အဖွဲ့က ချောက်ကြီးရဲ့ တစ်ခုတည်းသောဝင်ပေါက်မှာ ရပ်တန့်လိုက်ကြတယ်။

"ဒါက ဝင်ပေါက်ပဲ"

လူတစ်စုက ၀င်ပေါက်မှာ ရပ်နေကာ သဘာဝရဲ့ မှော်ဆန်မှုကို ငိုကြွေးမြည်တမ်းရင်းနဲ့ ထက်မြတဲ့ပုဆိန်နဲ့ ခွဲထားသလိုမျိုးဖြစ်နေတဲ့ ၊နှစ်ဖက်စလုံးမှာ ချောက်ကမ်းပါးတွေရှိနေတဲ့ ၊ တိမ်တိုက်တွေထဲထိတောင် တိုး၀င်နေတဲ့  ကြီးမားတဲ့တောင်ကို  ကြည့်လိုက်ကြတယ်။ သူတို့ရှေ့မှာရှိနေတဲ့ ဝင်ပေါက်က သုံးမီတာလောက် ကျယ်တယ်။ ဝင်ပေါက်တစ်လျှောက်ကို ကြည့်လိုက်ရင် ၅ မီတာအကွာထိ လှမ်းမြင်ရပြီး အတွင်းဘက်ကိုတော့ ကျောက်သားတံတိုင်းက ပိတ်ဆို့ထားတယ်။ဒီလိုမျိုးမှော်ဆန်တဲ့ တောတောင်ရေမြေကို ကြည့်လိုက်တော့  မှော်ဆန်ပြီး လှပတဲ့ ဒီနေရာကရှုခင်းကို ထည့်မတွေး‌ရင်တောင် ဒီဝင်ပေါက်ကို ပိတ်ဆို့ရုံလေးနဲ့ သားရဲအုပ်က သူတို့ကိုတိုက်ခိုက်ဖို့ ခက်ခဲလိမ့်မယ်ဆိုတာက အဓိကအချက်ဖြစ်ပါတယ်။

မျိုးနွယ်စုခေါင်းဆောင် Erက လူတိုင်းကို ချိုင့်ဝှမ်းထဲရောက်အောင် ဦးဆောင်ခဲ့တယ်။ပိုင်မုက သူ့မျက်၀န်းတွေကို မော့ကြည့်လိုက်တော့ ကျောက်သားနံရံနှစ်ခုပေါ် ပေါက်နေတဲ့စပျစ်နွယ်ပင်တွေကြားမှာ အပြာရောင်ကောင်းကင်ကို မြင်လိုက်ရတယ်။ဒါကို "ကောင်းကင်နယ်နိမိတ်" လို့ခေါ်တယ်။

လမ်းက မချောမွေ့သလို အရွယ်အစား အမျိုးမျိုးရှိတဲ့ ကျောက်တုံးတွေလည်း အများကြီးရှိတယ်။ ပိုင်မုအတွက် လမ်းလျှောက်ဖို့ အရမ်းခက်ခဲပြီး နောင်မှာ ဒီကျောက်တုံးတွေကို ရှင်းထုတ်ရမယ်။ ဒါပေမယ့် orcs တွေက ဘာမှခံစားရပုံမပေါ်ဘူး။ ပိုင်မုက သူတို့ရဲ့ကျောပေါ်ရှိနေတဲ့ ၀န်စည်အများအပြားကို ကြည့်လိုက်ပြီး သူက အနည်းငယ်အသုံးမ၀င်ကြောင်း ခံစားလိုက်ရတယ်။

မီတာ 50လောက် လျှောက်လာပြီးတဲ့အခါ ကျဉ်းမြောင်းတဲ့ လမ်းကြောင်းက ကျယ်ပြန့်လာပြီး လမ်းကြောင်းက 6 မီတာ ထိ ကျယ်ပြန့်လာခဲ့တယ်။ နောက်ထပ် 100 မီတာ လျှောက်လာပြီးနောက် ပိုင်မု သူ့ရှေ့ကနေ အားကောင်းတဲ့အလင်းရောင်ကို မြင်လိုက်ရတယ်။ဒါက လမ်းကြောင်းပေါ်ရှိ အလင်းရောင်နဲ့ကွာခြားပြီး  လမ်းကြောင်းပြီးဆုံးတော့မယ်ဆိုတာကို ပြသတာဖြစ်ပါတယ်။

သူတို့ထွက်ပေါက်ကိုရောက်တဲ့အခါ  သူတို့မျက်၀န်းတွေက တောက်ပပြီး ပျော်ရွှင်သွားကြတယ်။ သူတို့မျက်စိရှေ့မှာ မြင်နေရတာက ရုပ်ပုံကားချပ်လို လှပတဲ့မြင်ကွင်းတစ်ခုဖြစ်ပြီး ဒါက လူတွေကို ကမ္ဘာနဲ့အလှမ်းဝေးနေသလို ခံစားရစေတယ်။

ချောက်နက်ကို ချောက်ကမ်းပါးတွေက ဝန်းရံထားပြီး ချောက်ကမ်းပါးတွေကြားမှာ အပေါက်အနည်းငယ်ရှိကာ စိမ့်စမ်းရေတွေက ချောက်ကမ်းပါးကနေ အောက်ကို စီးဆင်းသွားတယ်။

လက်ယာဘက်ချောက်ကမ်းပါးရဲ့အောက်မှာ ကွေ့ကွေ့ကောက်ကောက်စီးဆင်းနေတဲ့ မြစ်ငယ်တစ်စင်းရှိတယ်။ ချိုင့်၀ှမ်းရဲ့ အနက်တစ်နေရာကနေ စီးဆင်းလာတဲ့ မြစ်ငယ်က နောက်ဆုံးမှာ လမ်းကြောင်းရဲ့ဘေးဘက်က ကျောက်သားနံရံနဲ့ ပိတ်ဆို့ခံလိုက်ရတယ်။ သို့ပေမယ့်လည်း ကျောက်သားနံရံ ဒါမှမဟုတ် ရေတွေစုပုံနေတဲ့ထဲမှာ အပေါက်မရှိပါဘူး။ ရေတွေက မြေအောက်ရေလမ်းကြောင်းထဲ စီးဝင်သွားတယ်လို့ ပိုင်မုထင်တယ်။

လက်ဝဲဘက်မှာ စိမ်းလန်းစိုပြေတဲ့ တောအုပ်တစ်ခုရှိပြီး ဆောင်းရာသီဒဏ်ကို မခံစားထားရတဲ့ပုံပေါက်တယ်။ တောထဲမှာတော့ တောင်ပေါ်ကနေ စီးဆင်းလာတဲ့ စိမ့်စမ်းရေတွေက စမ်းချောင်းလေးတွေထဲမှာ ဆုံစည်းကြပြီး မြစ်ထဲစီးဆင်းသွားကြတယ်။

မျိုးနွယ်စုခေါင်းဆောင် Er က လူတိုင်းကို ဘယ်ဘက်ချောက်ကမ်းပါးတစ်လျှောက် လျှောက်လှမ်းဖို့ ဦးဆောင်ခဲ့တယ်။ လူတိုင်းက ဘယ်ကိုသွားရမယ်ဆိုတာကို မသိပေမယ့်လည်း တစ်လှမ်းပြီးတစ်လှမ်း လိုက်သွားကြတယ်။

"မျိုးနွယ်စုခေါင်းဆောင် Er ကျုပ်တို့ ဘယ်နေရာကို သွားနေတာလဲ" နောက်ဆုံးမှာ တစ်ယောက်ယောက်က မမေးပဲမနေနိုင်တော့ဘူး။

"မနီးမဝေးမှာ ဂူတစ်ခုရှိတယ် ငါတို့အဲဒီမှာ ယာယီနေလို့ရတယ် ခနနေ ၀န်စည်တွေချပြီးရင် အနားတဝိုက်ကို လူတိုင်း လိုက်ကြည့်ကြမယ်" မျိုးနွယ်စုခေါင်းဆောင်Er ရဲ့ မှတ်ဉာဏ်ထဲမှာတော့ ဂူက ရှေ့မှာရှိတယ်။ ဒါကြောင့် အားလုံးက စကားပြောတာ ရပ်လိုက်ကြပြီး မျိုးနွယ်စုခေါင်းဆောင်နောက်ကနေ  ဆက်လျှောက်ကြတော့တယ်။


Zawgyi

Chapter 70.1

ပိုင္မုနဲ႕ လိန္းက်ယ္က တစ္ေယာက္ကို တစ္ေယာက္ၾကည့္လိုက္ၿပီး စိတ္ရႈပ္ေနတဲ့ သုံးေယာက္ကို ရွင္းျပေတာ့တယ္ ။ ခဲယ္လ္တစ္ကေတာ့ အဆင္ေျပတယ္ ။သူက ပိုင္မုရဲ႕ အစီအစဥ္ကို အရင္ကတည္းက သိတယ္ေလ။ အန္းခ်ီေလာ့နဲ႕တေပါက အရမ္းေပ်ာ္ေနတယ္ ဒီႏွစ္မွာျဖစ္ပ်က္ခဲ့တဲ့ အျဖစ္အပ်က္ေတြက ဒီကေလးႏွစ္ေယာက္ကို ထိတ္လန႔္ေစခဲ့တာကိုး။ မိသားစုတစ္စုလုံးက ဒီေန႕မွာ အရမ္းစိတ္ေကာင္း၀င္ေနၾကၿပီး အနာဂတ္မွာ ဘယ္လိုမ်ိဳးလွပတဲ့ ဘဝျဖစ္လာမယ္ဆိုတာကို ‌စိတ္ကူးယဥ္ၾကည့္ေနၾကတယ္။

ပိုင္မုထြက္သြားၿပီးေနာက္ Er နဲ႕ပုက်ီက က်ားေတာင္ပံမ်ိဳးႏြယ္စုရဲ႕  ႀကီးျမတ္တဲ့စုန္းမပ်ိဳးေထာင္နည္းကို ေဆြးႏြေးခဲ့ၾကၿပီး ေနာက္ႏွစ္မွာ က်ားေတာင္ပံမ်ိဳးႏြယ္စု၀င္ေတြကို အခ်င္းခ်င္း သင္ယူနိုင္ဖို႔ ျခေသၤ့ေတာင္ပံမ်ိဳးႏြယ္စုရဲ႕ ႀကီးျမတ္တဲ့စုန္းမဆီ ေစလႊတ္မယ္လို႔ ဆုံးျဖတ္ခဲ့တယ္။

က်ားေတာင္ပံမ်ိဳးႏြယ္စုရဲ႕ orcs ေတြ အခုအခ်ိန္မွာ အတူတကြေနထိုင္ၾကတယ္။ အိမ္ျပန္ေရာက္ၿပီးေနာက္ မ်ိဳးႏြယ္စုေခါင္းေဆာင္ပုက်ီက ဒီေန႕ ပိုင္မုေျပာခဲ့သမွ် လူတိုင္းကို ေျပာျပခဲ့ေပမယ့္လည္း လူတိုင္းရဲ႕အျမင္ေတြကို ထုတ္ေျပာလာဖို႔အတြက္ေတာ့ သူအလ်င္စလိုမျဖစ္ခဲ့ဘူး။

နားေထာင္ၿပီးေနာက္မွာ လူတိုင္းက သူတို႔ရဲ႕ ႏွလုံးသားထဲမွာေတာ့ တကယ္ကို အဲ့လိုလုပ္ဖို႔ မလိုလားခဲ့ၾကပါဘူး။အတူတကြေနထိုင္ျခင္းအေၾကာင္းကို ေျပာေနၾကေပမယ့္ သူတို႔ရဲ႕ လက္ရွိအေျခအေနကေတာ့ ျခေသၤ့ေတာင္ပံမ်ိဳးႏြယ္စုထဲ ၀င္လိုက္ရသလိုပါပဲ။

ရလဒ္အေနနဲ႕ က်ားေတာင္ပံမ်ိဳးႏြယ္စုရဲ႕ orcs ေတြက မသိစိတ္အရ ႐ုန္းကန္စျပဳလာတယ္။ ထိုသို႔ေသာေ႐ြးခ်ယ္မႈက အေကာင္းဆုံးျဖစ္ေပမယ့္လည္း စိတ္ပိုင္းဆိုင္ရာအရ သူတို႔ လက္မခံနိုင္ခဲ့ဘူး။ ဘန္ဆြန္တစ္ေယာက္တည္းကသာ ဒါက အမွန္တကယ္မဆိုးဘူးလို႔ ယူဆတယ္။ဒါက ပိုနီးလာတာကလြဲလို႔ သူ႕ရဲ႕မူလအစီအစဥ္နဲ႕ မကြာျခားပါဘူး။

ဒီနည္းလမ္းနဲ႕ သူ ေကစီကို လိုက္ဖို႔ အခြင့္အေရး ေကာင္း ရွိပါတယ္ ။ေနာက္ဆုံးတစ္ေခါက္ ျခေသၤ့ေတာင္ပံမ်ိဳးႏြယ္စုကေန ျပန္ေရာက္လာၿပီးေနာက္မွာ ခ်စ္စရာေကာင္းၿပီး လွပတဲ့ ေကစီကို သူအၿမဲတမ္း လြမ္းဆြတ္ေနခဲ့တယ္။ သူက ႏူးညံ့သိမ္ေမြ႕ၿပီး တစ္ခါတစ္ရံ လႊမ္းမိုးခ်ဳပ္ကိုင္တတ္ေပမယ့္ အဲ့ဒါက အရမ္းခ်စ္ဖို႔ေကာင္းတာကို သူရွာေတြ႕ခဲ့တယ္ ။ သူ ေကစီကို ႀကိဳက္ႏွစ္သက္ေနတယ္ဆိုတဲ့ သူ႕အေတြးေတြက  အခ်ိန္နဲ႕အမွ် တိုးလာေနတယ္။

ဒီတစ္ႀကိမ္မွာ မ်ိဳးႏြယ္စုက ကပ္ဆိုးတစ္ခုနဲ႕ ႀကဳံဆုံခဲ့ရၿပီး သူနဲ႕ သူ႕ရဲ႕မ်ိဳးႏြယ္စုဝင္ေတြက တစ္လမ္းလုံး ခက္ခက္ခဲခဲ လႈပ္ရွားသြားလာခဲ့ၾကရတယ္။

သူ သားရဲေတြကို တိုက္ခိုက္ခဲ့ရာမွာ ဒဏ္ရာမ်ားစြာ ရခဲ့ၿပီး ဒဏ္ရာေၾကာင့္ လဲက်သြားခဲ့တယ္။ သူဖ်ားၿပီး အဖ်ားႀကီးေနခ်ိန္မွာ ေကစီက သူ႕ကို ဂ႐ုတစိုက္ ျပဳစုေစာင့္ေရွာက္ေပးခဲ့တယ္။ အဲဒီအခ်ိန္တုန္းက သူသာ ေကစီနဲ႕ အတူရွိေနနိုင္ခဲ့ရင္‌ဆိုတဲ့ အေတြးတစ္ခုရွိခဲ့တယ္။

အဲ့ဒီေနာက္မွာ သူက လွပၿပီး တက္ႂကြတဲ့ ေကစီကို အမွတ္မထင္ ႀကိဳက္ေနမိခဲ့ၿပီဆိုတာ ႐ုတ္တရက္ သိလိုက္ရတယ္။ မီးဖိုငယ္ကို ဖြင့္ၿပီး  သူ႕ဆီ သူခိုးလိုမ်ိဳး မွိုစြပ္ျပဳတ္အိုးကို ယူလာတဲ့အခ်ိန္တုန္းက ေကစီရဲ႕ ခ်စ္စဖြယ္ေကာင္းတဲ့သြင္ျပင္ေလးကို ေတြးမိေတာ့ သူ႕ႏွလုံးသားက ေဖာ္မျပနိုင္ေလာက္ေအာင္ ခ်ိဳၿမိန္သြားတယ္။

သူ ေကစီကို မေတြ႕ရတာ ရက္အေတာ္ၾကာေနၿပီ။ဒီရက္ေတြမွာ ေကစီဘာေတြျဖစ္ေနလဲဆိုတာလည္း သူမသိရဘူး။ ေနေရာေကာင္းရဲ႕လား? သူ သူ႕ကို နည္းနည္းလည္း လြမ္းတယ္၊ ေကစီ သူ႕အိမ္ကိုေရာ လာလည္ခ်င္မလား။ ၿပီးရင္ သူ ေကစီကို အိမ္ျပန္ပို႔ေပးမယ္။ ေကစီ ဘယ္အိမ္မွာေနလဲဆိုတာကို သူသိတယ္။

ျခေသၤ့ေတာင္ပံမ်ိဳးႏြယ္စုနဲ႕ အတူေနရမလား မေနရဘူးလားဆိုတာ တျခားသူေတြ ေတြးေနခ်ိန္မွာ ဘန္ဆြန္ကေတာ့ ‌ေကစီကို သြားေတြ႕သင့္လားလို႔ ေတြးေနတယ္။

ထိုအခ်ိန္ ေကစီက အိမ္မွာ သူ႕ေခါင္းကိုအုပ္ၿပီး အိပ္ေနတယ္။ အရင္ရက္ေတြက သူအရမ္းအလုပ္ရႈပ္ေနခဲ့တာ။ သူ ဘန္ဆြန္ကို ဦးစြာျပဳစုၿပီးေနာက္မွာ သားရဲအုပ္ကို တိုက္ခိုက္ၿပီးေနာက္ ဒဏ္ရာရေနခဲ့တဲ့ orcs ေတြကို ျပဳစုေစာင့္ေရွာက္ဖို႔အတြက္ ႀကီးျမတ္တဲ့စုန္းမကို ဝိုင္းကူညီေပးခဲ့တယ္။ ဒါေပမယ့္ ဘန္ဆြန္နဲ႕ သူ႕ရဲ႕သားရဲအေဖတို႔ ဒဏ္ရာအျပင္းအထန္ မရရွိခဲ့တာေကာင္းပါတယ္။ ဘန္ဆြန္ရဲ႕ ခႏၶာကိုယ္ေပၚက ဒဏ္ရာေတြ သက္သာသြားၿပီလားဆိုတာ သူမသိဘူး။ ကိုယ့္ကိုကိုယ္ေရာ ေကာင္းေကာင္း ဂ႐ုစိုက္ရဲ႕လား။ ၿပီးေတာ့ အစ္ကိုႀကီးပိုင္မုေရာ ဘာျဖစ္ေနၿပီလဲ။( ေကစီရဲ႕ အနာဂတ္ေကာင္ေလးကေတာ့ သ၀န္ေတြအၿမဲတိုေနရပါေတာ့မယ္ ေကစီအေတြးေတြထဲ ပိုင္မုကမပါမျဖစ္)

သူအလုပ္မ်ားေနတုန္းက မေအးခဲ့ဘူး။ သူအားၿပီးေနာက္မွာေတာ့ ဒီရက္ေတြမွာ ရာသီဥတုက အရမ္းေအးတယ္လို႔ ခံစားရတယ္။ ေကစီက အခု သူအားေနၿပီး အိမ္မွာ ဘာမွလုပ္စရာမရွိဘူးလို႔ သူ႕ကိုယ္သူေတြးလိုက္တယ္။ ဒီေတာ့ ေစာင္ထဲမွာ အိပ္ေနတာက သူ႕အတြက္ ပိုလက္ေတြ႕ဆန္လိမ့္မယ္။

ဆက္လက္ေဖာ္ျပမယ့္ေနရာေတြကလည္း အသက္ဝင္တက္ႂကြ‌ေနခဲ့တာေပါ့။အယ္လ္ဗင္နဲ႕ဆိုင္ရယ္တို႔ရဲ႕ ဂ႐ုတစိုက္ ေစာင့္ေရွာက္မႈေအာက္မွာ ဇက္ခ္ရိရဲ႕ ဒဏ္ရာကလည္း ပို,ပိုေကာင္းမြန္လာခဲ့တယ္။

ဆိုင္ရယ္က လူႏွစ္ေယာက္ကိုၾကည့္လိုက္ၿပီး လွည့္ပတ္ေျပးလႊားေနရတဲ့ ဒုကၡကိုေရွာင္ရွားဖို႔အတြက္ အျမန္တြဲဖက္လိုက္ဖို႔ အၿမဲတိုက္တြန္းတတ္‌ေလ့ရွိတယ္။ ထိုအခ်ိန္မွာ ဇက္ခ္ရိက ရွက္႐ြံ႕ကာ ဘာေျပာရမွန္းမသိျဖစ္သြားတတ္ၿပီး အယ္လ္ဗင္ကေတာ့ လက္တြဲေဖာ္ရွာဖို႔ ဆိုင္ရယ္ကို သတိေပးလိမ့္မယ္။(ရွက္ရမ္းေတြရမ္း)

ဆိုင္ရယ္က အယ္လ္ဗင္ရဲ႕သတိေပးခ်က္ကို ဂ႐ုမစိုက္ပါဘူး။ သူ႕ရဲ႕ ထက္ျမက္တဲ့ စိတ္ထားနဲ႕ ႐ုပ္ရည္ေကာင္းမြန္တဲ့အခ်က္ေၾကာင့္ လက္တြဲေဖာ္ေကာင္းေကာင္းတစ္ေယာက္ ရွာမေတြ႕မွာကို စိတ္ပူစရာမလိုပါဘူး။ ဆိုင္ရယ္က သူ႕ကိုယ္သူ ယုံၾကည္မႈရွိတယ္။

သူ႕ညီေလးက ကေလးဘဝကတည္းက တက္ႂကြ႐ႊင္လန္းေနတတ္တယ္ဆိုတာ ဇက္ခ္ရိက သိၿပီး သူ႕ကို စိတ္ပူစရာမလိုဘဲ  တြဲဖက္မယ့္ကိစၥေတြကို စီစဥ္နိုင္ခဲ့တယ္။ သူ႕ရဲ႕ အသုံးမက်တဲ့အစ္ကိုႀကီးနဲ႕ မတူတာက ဆိုင္ရယ္က သူ႕အစ္ကို လက္တြဲေဖာ္ရွာမေတြ႕မွာကို အၿမဲစိုးရိမ္ေနခဲ့တာပဲ။ အခု သူ႕အစ္ကိုႀကီးမွာ အယ္လ္ဗင္ရွိၿပီျဖစ္တာေၾကာင့္ ဆိုင္ရယ္က အစ္ကိုႀကီးရဲ႕အနာဂတ္လက္တြဲေဖာ္ကို ရွာေဖြဖို႔ တာ၀န္ကေန အနားယူလို႔ရၿပီ။

ဒီႏွစ္ရဲ႕ေဆာင္းရာသီက ကုန္လုနီးၿပီ။ ဧကရာဇ္သားရဲကေသသြားေတာ့ သားရဲအုပ္က ထပ္လာမွာမဟုတ္ဘူး။ လူတိုင္းက တကယ့္ေၾကာင္ေဆာင္းရာသီကို စေနၾကၿပီ။ အခု အျပင္ဘက္ဧရိယာမွာ ႏွင္းေတြ အရမ္းက်ေနၿပီး ရာသီဥတုက အရမ္းေအးတယ္။လူအနည္းငယ္ကသာ ဂူအျပင္ဘက္မွာ လွည့္ပတ္ၾကတယ္။ လူတိုင္းက  တံခါးပိတ္ထားတဲ့အိမ္ထဲမွာပဲ ေနၾကတယ္။

ထိုအႀကံအစည္ေတြက အလုပ္,လုပ္ပါ့မလားဆိုတာ သူမသိဘူး။ အခု ဒီေနရာမွာ အခ်ိန္အေတာ္ၾကာေအာင္ ရွိေနခဲ့ေတာ့ သူလုပ္နိုင္မလားဆိုတာ မေသခ်ာေတာ့ဘူး။ ေနရာလြတ္ထဲမွာ သူ ေကာက္ညွင္းစပါးကို စစိုက္‌ေနၿပီ။ ေနာက္ႏွစ္ အိမ္ေဆာက္တဲ့အခါ ေကာက္ညွင္းစပါးေတြ အမ်ားႀကီးလိုလိမ့္မယ္။ ေကာ္ထုတ္နိုင္ရင္ေတာ့ ပိုေကာင္းမွာပဲ။ မဟုတ္ရင္ ေကာက္ညွင္းစပါးကိုပဲ သူသုံးရလိမ့္မယ္။ ဘိလပ္ေျမနဲ႕ပတ္သက္ၿပီး သူ႕မွာ အေျဖရွာနိုင္တဲ့စြမ္းရည္ေတာ့ မရွိပါဘူး။(ေကာ္မရွိတဲ့အတြက္ ေကာက္ညွင္းက ေစးလို႔ ပိုင္မုက ေကာ္အစားထိုးလိုမ်ိဳးသုံးခ်င္တာပါ သူ႕မွာ ဘိလပ္ေျမလည္းမရွိဘူးေလ ေကာက္ညွင္းကိုပဲ သုံးရလိမ့္မယ္)

ခဲယ္လ္တစ္က ပိုင္မု လယ္ထဲမွာ အလုပ္ႀကိဳးစားေနရတာကို ၾကည့္ၿပီး အရမ္းစိတ္ဆင္းရဲေနတယ္။ သူက ပိုင္မုကို အလုပ္ေပးလုပ္ဖို႔ အၿမဲတြန႔္ဆုတ္ေနခဲ့တာ။

" ပိုင္မု ကိုယ္ မင္းကို ကူညီေပးလို႔ရလား " ပိုင္မုကို ကူညီေပးဖို႔ ႀကိဳးစားရင္းနဲ႕ သူက စိုးရိမ္ပူပန္စြာ လယ္ကြင္းကို လွည့္ပတ္သြားေနတယ္။

"ဟင့္အင္း ခင္ဗ်ားဒဏ္ရာက မေပ်ာက္ေသးဘူး  ဂ႐ုစိုက္ရမယ္ေလ ဒါကို ဂ႐ုစိုက္ေနစရာမလိုဘူး" ပိုင္မုက သူ႕ကို လ်စ္လ်ဴရႈၿပီး အလုပ္ဆက္လုပ္ေနတယ္။သူ႕ရဲ႕လက္ရွိတိုးတက္မႈနဲ႕ဆို ေကာက္ညွင္းစပါးအလုံအေလာက္ သိမ္းနိုင္မယ္လို႔ သူထင္တယ္။ အကယ္၍ ႏြေဦးရာသီမွာ ဘိလပ္ေျမအျဖစ္သုံးနိုင္တဲ့ ဘယ္ပစၥည္းကိုမွ သူရွာမေတြ႕ရင္ နံရံကို အရင္ဦးစြာျပဳျပင္ဖို႔ နည္းလမ္းတစ္ခုကိုသာ သူရွာနိုင္ေတာ့မွာျဖစ္တယ္။

"ကိုယ္ဘာမွ မျဖစ္ေတာ့ပါဘူး ကိုယ့္ကိုယုံပါ"ခဲယ္လ္တစ္က ေျပာၿပီး သူ႕ရဲ႕ခြန္အားႀကီးမားတဲ့ လက္ေမာင္းကို ေဝွ႕ယမ္းျပလိုက္ေပမယ့္ လုပ္ေဆာင္ခ်က္က အရမ္းႀကီးတာေၾကာင့္ ဒဏ္ရာကို ဆြဲသလိုျဖစ္သြားၿပီး သူ႕ရဲ႕လႈပ္ရွားမႈက ရပ္တန႔္သြားတယ္။

"ခင္ဗ်ား ဒါကို ထပ္လုပ္ခ်င္ရင္ ခင္ဗ်ားကို ေနရာလြတ္ထဲကေန ပစ္ထုတ္လိုက္မယ္" ပိုင္မုက အခုေလးတင္လုပ္လိုက္တဲ့ သူ႕လႈပ္ရွားမႈထဲက ခဏရပ္သြားတာကို လ်စ္လ်ဴမရႈခဲ့ဘူး။ ဒီအ႐ူး  နာသြားတာျဖစ္မယ္။

ပိုင္မုက သူ႕ကို ႏွင္ထုတ္နိုင္တယ္ဆိုတာ ၾကားသြားတာနဲ႕ ခဲယ္လ္တစ္က ခ်က္ခ်င္းဆိုသလို ရိုးသားလာတယ္။ "ဒါဆို မင္း ငွက္ေတြကို အစာေကြၽးဖို႔ ကိုယ္ ကူညီေပးမယ္"

"အင္း အရမ္းေလးတဲ့ဟာေတြကိုလည္း မယူနဲ႕ေနာ္" ပိုင္မုက စိုးရိမ္ၿပီး ေတာင္းဆိုလိုက္တယ္။

"ဟုတ္ပါၿပီ" ခဲယ္လ္တစ္က ကူညီေပးနိုင္တာကို အရမ္းေပ်ာ္ေနတယ္။ ပိုင္မုက ၿမိဳ႕တံတိုင္းေဆာက္မယ္လို႔ ေျပာၿပီးကတည္းက လယ္ကြင္းထဲမွာ အလုပ္ရႈပ္ေနခဲ့ၿပီး ပိုင္မုအလ်င္လိုေနခ်ိန္မွာ သူအမ်ားႀကီး မကူညီနိုင္ခဲ့ဘူး။ ခဲယ္လ္တစ္ ေပ်ာ္႐ႊင္စြာ ထြက္ခြာသြားတာကို ျမင္ေတာ့ ပိုင္မုက လယ္ကြင္းထဲက သူ႕အလုပ္မွာ  ျပန္လည္*ရင္းႏွီးျမႇုပ္ႏွံလိုက္တယ္။(ေကာက္ညွင္းစပါးေတြစိုက္တာပါ)

ေန႕ရက္ေတြက ေအးခ်မ္းစြာ ကုန္ဆုံးသြားခဲ့ၿပီး ရာသီဥတုက တျဖည္းျဖည္း ပူႏြေးလာခဲ့တယ္။ ျခေသၤ့ေတာင္ပံမ်ိဳးႏြယ္စု၀င္ေတြက စည္းေဝးပြဲအတြက္ အတူတကြ စု႐ုံးလိုက္ၾကတယ္။

သူတို႔က ပိုင္မုရဲ႕အစီအစဥ္ကိုသိၿပီး အဲ့ဒါနဲ႕ပတ္သက္ၿပီးေတာ့ ဘာအေတြးမွ မရွိၾကပါဘူး။ သားရဲအုပ္က ပုံမွန္မဟုတ္တာေၾကာင့္ မ်ိဳးႏြယ္စုႏွစ္ခု အတူတကြေနထိုင္တာက ပိုအက်ိဳးရွိပါတယ္။

သို႔ေသာ္ မ်ိဳးႏြယ္စုေခါင္းေဆာင္ Er က သူတို႔ကို အေသးစိတ္ျပန္စဥ္းစားၾကည့္ဖို႔ ေတာင္းဆိုခဲ့ေသးတယ္။ ႏြေဦးရာသီစတင္တဲ့အခါမွာ ပိုင္မုက ဆုံးျဖတ္ခ်က္မခ်ခင္ ခ်ိဳင့္ဝွမ္းကို အရင္ၾကည့္ရႈခဲ့တယ္။ ထို႔ေနာက္ အဲ့ဒီသတင္းက မ်ိဳးႏြယ္စု၀င္‌ေတြၾကားထဲ ပ်ံ့ႏွံ႕သြားတယ္။ ပိုင္မုကို ဒီေနရာမွာ ရွိတဲ့လူတိုင္းက အရမ္းယုံၾကည္ၾကၿပီး သူ႕မွာ သားရဲအုပ္ကို ခုခံနိုင္တဲ့ နည္းလမ္းရွိတယ္ဆိုတာ သိလိုက္ရလို႔ အရမ္းဝမ္းသာၾကတယ္။ လာမယ့္ေဆာင္းရာသီမွာ သူတို႔က ဒီလိုမ်ိဳးအသက္ရွင္သန္ရမႈေတြနဲ႕ ေသျခင္းတရားကို ရင္ဆိုင္ရေတာ့မွာ မဟုတ္ပါဘူး။

Chapter 70.2

ႏြေဦးရဲ႕ ေျခသံေတြ နီးကပ္လာၿပီး ႏွင္းေတြ တျဖည္းျဖည္း အရည္ေပ်ာ္လာကာ ႏွင္းေတြအရည္ေပ်ာ္သြားတာေၾကာင့္ အပူခ်ိန္အနည္းငယ္ က်ဆင္းသြားတယ္။ ႏွင္းေတြအရည္ေပ်ာ္ၿပီးေနာက္ လူတိုင္းက သူတို႔ရဲ႕ဘဝသစ္ကို ေစာင့္ေမွ်ာ္ေနၾကပါၿပီ။

လာမယ့္ႏွစ္မွာ ေဆာက္မယ့္ ခဲယ္လ္တစ္ရဲ႕အိမ္အတြက္ ပိုင္မု ျပင္ဆင္ေနရတာေၾကာင့္ အခ်ိန္အမ်ားစုမွာ သူ႕ ေဘးနားရွိတဲ့ ခဲယ္လ္တစ္နဲ႕အတူ ေနရာလြတ္ထဲ ရွိေနခဲ့တယ္။ အိမ္မွာ ဘာမွလုပ္စရာမရွိတဲ့ အန္းခ်ီေလာ့နဲ႕ လူအနည္းငယ္က စပါးနဲ႕ ဂ်ဳံကို ထုၿပီး ဂ်ဳံမႈန႔္ႀကိတ္ၾကတယ္။ ထိုေန႕ရက္ေတြမွာ တေပါက ပ်င္းရိေနတာေၾကာင့္ ေန႕ရက္ေတြကို လက္ညိုးနဲ႕ ေရတြက္ေနေလ့ရွိတယ္။

ေနာက္ဆုံးမွာ လူတိုင္းရဲ႕ စိတ္အားထက္သန္တဲ့ ေမွ်ာ္လင့္ခ်က္ေတြနဲ႕အတူ ေျမျပင္ေပၚရွိ ထူထပ္ေနတဲ့ ႏွင္းေတြက ေနာက္ဆုံးမွာ အရည္ေပ်ာ္သြားၿပီး အပူခ်ိန္ကလည္းပဲ တျဖည္းျဖည္း ျမင့္တက္လာခဲ့တယ္။ ျမစ္ေပၚရွိ ေရခဲေတြလည္း စတင္အရည္ေပ်ာ္လာၿပီး ေျမႀကီးက မူလမ်က္ႏွာကို ေဖာ္ျပေနခဲ့ၿပီ။ အိမ္မွာ ေနရတာ ၿငီးေငြ႕ေနတဲ့သူေတြက အဝတ္ထူထူ၀တ္ၿပီး အိမ္ထဲကေန အျပင္ထြက္လာၾကတယ္။

အခု ဂူအျပင္ဘက္မွာ အနည္းငယ္ေအးေနဆဲျဖစ္ေပမယ့္ ေဆာင္းရာသီေလာက္ေတာ့ မေအးေနဘူး။ ႏြေးေထြးတဲ့ေနေရာင္ျခည္က ေကာင္းကင္ေပၚကေန ျဖာက်ေနတာေၾကာင့္ ဒါက လူေတြကို သက္ေတာင့္သက္သာျဖစ္ေစတယ္။

ဒီႏွစ္ေဆာင္းရာသီမွာ အစားအစာမ်ားစြာရွိခဲ့ၿပီး လူတိုင္းက နီျမန္းတဲ့အသားအေရရွိကာ စြမ္းအင္ျပည့္ဝေနၾကတယ္။ အဲ့ဒီျပင္းထန္စြာ ဒဏ္ရာရသြားတဲ့ orcs ေတြကလည္းပဲ သူတို႔ရဲ႕ ႀကံ့ခိုင္တဲ့ ကိုယ္လုံးကိုယ္ထည္၊ သန္မာတဲ့ သက္၀င္တက္ႂကြ၊ ကုသနိုင္စြမ္းတို႔နဲ႕အတူ ျပန္လည္ေကာင္းမြန္လာခဲ့ၾကပါၿပီ။

မ်ိဳးႏြယ္စုေခါင္းေဆာင္ႏွစ္ဦးျဖစ္တဲ့ Erနဲ႕ပုက်ီတို႔လည္း ခ်ိဳင့္ဝွမ္းကို ထြက္ခြာသင့္ပါၿပီ။ မ်ိဳးႏြယ္စုကေန ခ်ိဳင့္ဝွမ္းဆီ သြားဖို႔ သုံးရက္ၾကာၿပီး အသြားအျပန္အတြက္ ေျခာက္ရက္ၾကာျမင့္တယ္။ မ်ိဳးႏြယ္စုေခါင္းေဆာင္ႏွစ္ဦးက မ်ိဳးႏြယ္စုအတြင္းရွိ အရာမ်ားကို စတင္စီစဥ္ၾကၿပီး ယူေဆာင္လာရမယ့္ ပစၥည္းေတြကို ျပင္ဆင္ဖို႔အတြက္ လိုအပ္မယ့္ အတူတကြသြားမယ့္သူေတြကို အေၾကာင္းၾကားခဲ့တယ္။အခုအခ်ိန္မွာ သားေကာင္အနည္းငယ္သာရွိတာေၾကာင့္ သူတို႔ အစာအလုံအေလာက္ယူေဆာင္သြားဖို႔ လိုအပ္တယ္။

အေၾကာင္းၾကားစာကို လက္ခံရရွိခဲ့တဲ့ ပိုင္မုကလည္း ျပင္ဆင္မႈ‌ေတြ စတင္လုပ္ေဆာင္ခဲ့ၿပီး ခဲယ္လ္တစ္လည္း သူနဲ႕အတူရွိခဲ့တယ္။ ပထမေတာ့ ပိုင္မုက သူနဲ႕အတူ လိုက္ဖို႔သေဘာမတူခဲ့ဘူး။သူ႕ဒဏ္ရာက တေလာေလးကပဲရခဲ့တဲ့အျပင္ ဒီတစ္ႀကိမ္မွာ သုံးရက္ဆက္တိုက္ခရီး အျမန္ထြက္ရမွာေၾကာင့္ပဲ။ ဒါေပမယ့္ ခဲယ္လ္တစ္က ပိုင္မု သူ႕ကို လိုက္ခြင့္မျပဳခဲ့ရင္ေတာင္ သူနဲ႕အတူ တိတ္တဆိတ္ ေနာက္ကလိုက္လာမယ္လို႔ အခိုင္အမာေျပာခဲ့တယ္။ အဆုံးမွာေတာ့ ပိုင္မုက သေဘာတူ႐ုံကလြဲၿပီး ေ႐ြးခ်ယ္စရာမရွိျဖစ္သြားေပမယ့္ တာ့ဝူဆီ တိတ္တိတ္ေလးသြားၿပီး ေဆးဝါးအခ်ိဳ႕ သြားယူခဲ့တယ္။

လိန္းက်ယ္နဲ႕အန္းခ်ီေလာ့တို႔က သူတို႔နဲ႕အတူ လိုက္ခ်င္ေပမယ့္လည္း အိမ္ကို ျပဳစုေစာင့္ေရွာက္ဖို႔ တစ္စုံတစ္ေယာက္ လိုအပ္ေနဆဲျဖစ္တာေၾကာင့္ ေနာက္ဆုံးမွာ လိုက္ဖို႔မေအာင္ျမင္ခဲ့ပါဘူး။ ဒီတစ္ခါ အျပင္ထြက္တာက ဆယ္ရက္ေလာက္ ၾကာနိုင္တယ္။ ပိုင္မုက အန္းခ်ီေလာ့ကို သူနဲ႕ခဲယ္လ္တစ္အတြက္ တိရိစ္ဆာန္သားေရနဲ႕လုပ္ထားတဲ့ sleeping bagႏွစ္ခုလုပ္ခိုင္းတယ္။ ရာသီဥတုက ေအးေနေသးတာေၾကာင့္ ပိုင္မုက အန္းခ်ီေလာ့ကို ပိုထူေအာင္လုပ္ခိုင္းခဲ့တယ္။

အားလုံးအဆင္သင့္ျဖစ္ၿပီးေနာက္ သူတို႔အားလုံး ထြက္ခြာခဲ့ၾကတယ္။ ဒီတစ္ႀကိမ္မွာ တစ္ဖြဲ႕ကို လူငါးဦးစီနဲ႕ တစ္ေယာက္တည္းျဖစ္ေနတဲ့ ပိုင္မုကိုပါ အဖြဲ႕ထဲထည့္ေပါင္းလိုက္ရင္ လူဆယ့္တစ္ဦးတိတိရွိတယ္။မ်ိဳးႏြယ္စုကေန ထြက္သြားၾကတဲ့အခါ မ်ိဳးႏြယ္စု၀င္အားလုံးက သူတို႔ကို ၾကည့္ရႈဖို႔ ထြက္လာၾကတယ္။ ဒီလူတစ္စုရဲ႕ ဒီခရီးစဥ္က သူတို႔ရဲ႕ အနာဂတ္ဘဝနဲ႕ သက္ဆိုင္ပါတယ္။

ပိုင္မုက သူ႕ေက်ာေပၚက ေနာက္ေက်ာလြယ္ျခင္းေတာင္းနဲ႕အတူ ခဲယ္လ္တစ္ရဲ႕ ေနာက္ေက်ာေပၚ ထိုင္ေနတယ္။ သူ႕ေနာက္ေက်ာလြယ္ျခင္းေတာင္းထဲမွာေတာ့ ေန႕စဥ္သုံးပစၥည္းေတြ ထုပ္ပိုးၿပီးထည့္ထားတယ္။ အျခား orcs ေတြက ေန႕စဥ္သုံးပစၥည္းေတြနဲ႕ အစားအစာထုပ္ေတြကို သူတို႔ရဲ႕ေက်ာေပၚမွာ သယ္ေဆာင္ထားၾကတယ္။ ဒီတစ္ခါမွာ  မ်ိဳးႏြယ္စုေခါင္းေဆာင္ႏွစ္ေယာက္ေတာင္ အတူတကြထြက္လာခဲ့ၾကတယ္။ ဒါက ဒီကိစၥနဲ႕ ပတ္သက္ၿပီး သူတို႔ရဲ႕ အေရးထားမႈကို ျပသတာပါပဲ။

ေအးခ်မ္းတဲ့ရာသီဥတုမွာ ေတာထဲအိပ္ဖို႔က အရမ္းခက္ခဲတယ္။ လမ္းတစ္ေလွ်ာက္မွာ orcs ေတြက ေျမျပင္အေနအထား ရင္းႏွီးမႈအေပၚ အေျခခံၿပီး အနားယူရန္ ဂူတစ္ခု ရွာေဖြဖို႔ အစြမ္းကုန္ႀကိဳးစားၾကတယ္။ သင့္ေတာ္တဲ့ဂူကို ရွာမေတြ႕ရင္ အနားယူဖို႔ ျပန႔္ျပဴးတဲ့ေနရာတစ္ေနရာ ရွာဖို႔ပဲတတ္နိုင္ပါတယ္။ မ်ိဳးႏြယ္စုေခါင္းေဆာင္က ညဘက္မွာ ကင္းေစာင့္ဖို႔ လူေတြစီစဥ္ေပးမွာျဖစ္ၿပီး က်န္တဲ့သူေတြက တိရစ္ဆာန္သားေရထူထူေတြနဲ႕ခင္းထားတဲ့ ေျမျပင္ေပၚမွာ အိပ္ၾကရလိမ့္မယ္။

"ဒီေနရာပဲ ဆင္းလို႔ရၿပီ"မ်ိဳးႏြယ္စုေခါင္းေဆာင္Erက ေျမျပင္ကိုၾကည့္ကာ လူတိုင္းကို  သတင္းေကာင္းေၾကညာလိုက္တယ္။

သုံးရက္ေလာက္ မရပ္မနားပ်ံသန္းၿပီး ေနာက္ဆုံးေတာ့ သူတို႔ လိုရာခရီးကို ေရာက္သြားပါၿပီ။ ျမင့္မားတဲ့အရပ္ကေနၾကည့္ရင္ ခ်ိဳင့္ဝွမ္းလို႔ေျပာတာထက္ ေခ်ာက္ဆိုတာက ပို႔သင့္ေတာ္တယ္။ ေခ်ာက္ကို ေခ်ာက္ကမ္းပါးေတြက ဝန္းရံထားၿပီး ဒီလိုအားေကာင္းတဲ့ ပတ္၀န္းက်င္နဲ႕အတူ ဒါက ခ်ိဳင့္ဝွမ္းအပိတ္တစ္ခု ျဖစ္လာတယ္။ ေခ်ာက္က ေလွငယ္သ႑ာန္ရွိၿပီး အတြင္းဘက္ပိုင္းက က်ယ္ျပန့္ကာ အစြန္းႏွစ္ဖက္လုံးကေတာ့ က်ဥ္းတယ္။ တစ္ဖက္က ပိုက်ဥ္းၿပီး ေနာက္တစ္ဖက္က အနည္းငယ္က်ယ္တယ္။ အေဝးမွေနၾကည့္ရင္ ဒီေခ်ာက္က ထြက္ေပါက္မရွိဘူးလို႔ ထင္ရတယ္။

အဲ့ဒီအခ်ိန္မွာ ပိုင္မုက ခဲယ္လ္တစ္ကို မ်ိဳးႏြယ္စုေခါင္းေဆာင္ဆီ ခ်ဥ္းကပ္ဖို႔ အခ်က္ျပလိုက္တယ္။။သူ မ်ိဳးႏြယ္စုေခါင္းေဆာင္ကို ေျပာစရာရွိတယ္။

"မ်ိဳးႏြယ္စုေခါင္းေဆာင္ ‌ဒီေခ်ာက္ႀကီးမွာ  ဝင္ေပါက္ရွိသလား ၀င္ေပါက္က‌ေန ဝင္ၾကရေအာင္" ဒီေနရာမွာရွိတဲ့ ေျမမ်က္ႏွာသြင္ျပင္ကို ဂ႐ုတစိုက္ၾကည့္ရႈၿပီး ရိုးရွင္းသ
တဲ့အစီအစဥ္တစ္ခု ေရးဆြဲဖို႔အတြက္ ပိုင္မုက မ်ိဳးႏြယ္စုေခါင္းေဆာင္ကို ၀င္ေပါက္က‌ေန ဝင္ခိုင္းလိုက္တယ္။

"ဟုတ္ၿပီ" မ်ိဳးႏြယ္စုေခါင္းေဆာင္က “လူတိုင္း ငါ့ေနာက္ကို လိုက္ခဲ့ၾက”လို႔ လူတိုင္းကို ေအာ္ေျပာလိုက္တယ္။ မ်ိဳးႏြယ္စုေခါင္းေဆာင္က အခ်က္ျပတဲ့အခါ အဖြဲ႕က ေခ်ာက္ႀကီးရဲ႕ တစ္ခုတည္းေသာဝင္ေပါက္မွာ ရပ္တန့္လိုက္ၾကတယ္။

"ဒါက ဝင္ေပါက္ပဲ"

လူတစ္စုက ၀င္ေပါက္မွာ ရပ္ေနကာ သဘာဝရဲ႕ ေမွာ္ဆန္မႈကို ငိုေႂကြးျမည္တမ္းရင္းနဲ႕ ထက္ျမတဲ့ပုဆိန္နဲ႕ ခြဲထားသလိုမ်ိဳးျဖစ္ေနတဲ့ ၊ႏွစ္ဖက္စလုံးမွာ ေခ်ာက္ကမ္းပါးေတြရွိေနတဲ့ ၊ တိမ္တိုက္ေတြထဲထိေတာင္ တိုး၀င္ေနတဲ့  ႀကီးမားတဲ့ေတာင္ကို  ၾကည့္လိုက္ၾကတယ္။ သူတို႔ေရွ႕မွာရွိေနတဲ့ ဝင္ေပါက္က သုံးမီတာေလာက္ က်ယ္တယ္။ ဝင္ေပါက္တစ္ေလွ်ာက္ကို ၾကည့္လိုက္ရင္ ၅ မီတာအကြာထိ လွမ္းျမင္ရၿပီး အတြင္းဘက္ကိုေတာ့ ေက်ာက္သားတံတိုင္းက ပိတ္ဆို႔ထားတယ္။ဒီလိုမ်ိဳးေမွာ္ဆန္တဲ့ ေတာေတာင္ေရေျမကို ၾကည့္လိုက္ေတာ့  ေမွာ္ဆန္ၿပီး လွပတဲ့ ဒီေနရာကရႈခင္းကို ထည့္မေတြး‌ရင္ေတာင္ ဒီဝင္ေပါက္ကို ပိတ္ဆို႔႐ုံေလးနဲ႕ သားရဲအုပ္က သူတို႔ကိုတိုက္ခိုက္ဖို႔ ခက္ခဲလိမ့္မယ္ဆိုတာက အဓိကအခ်က္ျဖစ္ပါတယ္။

မ်ိဳးႏြယ္စုေခါင္းေဆာင္ Erက လူတိုင္းကို ခ်ိဳင့္ဝွမ္းထဲေရာက္ေအာင္ ဦးေဆာင္ခဲ့တယ္။ပိုင္မုက သူ႕မ်က္၀န္းေတြကို ေမာ့ၾကည့္လိုက္ေတာ့ ေက်ာက္သားနံရံႏွစ္ခုေပၚ ေပါက္ေနတဲ့စပ်စ္ႏြယ္ပင္ေတြၾကားမွာ အျပာေရာင္ေကာင္းကင္ကို ျမင္လိုက္ရတယ္။ဒါကို "ေကာင္းကင္နယ္နိမိတ္" လို႔ေခၚတယ္။

လမ္းက မေခ်ာေမြ႕သလို အ႐ြယ္အစား အမ်ိဳးမ်ိဳးရွိတဲ့ ေက်ာက္တုံးေတြလည္း အမ်ားႀကီးရွိတယ္။ ပိုင္မုအတြက္ လမ္းေလွ်ာက္ဖို႔ အရမ္းခက္ခဲၿပီး ေနာင္မွာ ဒီေက်ာက္တုံးေတြကို ရွင္းထုတ္ရမယ္။ ဒါေပမယ့္ orcs ေတြက ဘာမွခံစားရပုံမေပၚဘူး။ ပိုင္မုက သူတို႔ရဲ႕ေက်ာေပၚရွိေနတဲ့ ၀န္စည္အမ်ားအျပားကို ၾကည့္လိုက္ၿပီး သူက အနည္းငယ္အသုံးမ၀င္ေၾကာင္း ခံစားလိုက္ရတယ္။

မီတာ 50ေလာက္ ေလွ်ာက္လာၿပီးတဲ့အခါ က်ဥ္းေျမာင္းတဲ့ လမ္းေၾကာင္းက က်ယ္ျပန့္လာၿပီး လမ္းေၾကာင္းက 6 မီတာ ထိ က်ယ္ျပန့္လာခဲ့တယ္။ ေနာက္ထပ္ 100 မီတာ ေလွ်ာက္လာၿပီးေနာက္ ပိုင္မု သူ႕ေရွ႕ကေန အားေကာင္းတဲ့အလင္းေရာင္ကို ျမင္လိုက္ရတယ္။ဒါက လမ္းေၾကာင္းေပၚရွိ အလင္းေရာင္နဲ႕ကြာျခားၿပီး  လမ္းေၾကာင္းၿပီးဆုံးေတာ့မယ္ဆိုတာကို ျပသတာျဖစ္ပါတယ္။

သူတို႔ထြက္ေပါက္ကိုေရာက္တဲ့အခါ  သူတို႔မ်က္၀န္းေတြက ေတာက္ပၿပီး ေပ်ာ္႐ႊင္သြားၾကတယ္။ သူတို႔မ်က္စိေရွ႕မွာ ျမင္ေနရတာက ႐ုပ္ပုံကားခ်ပ္လို လွပတဲ့ျမင္ကြင္းတစ္ခုျဖစ္ၿပီး ဒါက လူေတြကို ကမၻာနဲ႕အလွမ္းေဝးေနသလို ခံစားရေစတယ္။

ေခ်ာက္နက္ကို ေခ်ာက္ကမ္းပါးေတြက ဝန္းရံထားၿပီး ေခ်ာက္ကမ္းပါးေတြၾကားမွာ အေပါက္အနည္းငယ္ရွိကာ စိမ့္စမ္းေရေတြက ေခ်ာက္ကမ္းပါးကေန ေအာက္ကို စီးဆင္းသြားတယ္။

လက္ယာဘက္ေခ်ာက္ကမ္းပါးရဲ႕ေအာက္မွာ ေကြ႕ေကြ႕ေကာက္ေကာက္စီးဆင္းေနတဲ့ ျမစ္ငယ္တစ္စင္းရွိတယ္။ ခ်ိဳင့္၀ွမ္းရဲ႕ အနက္တစ္ေနရာကေန စီးဆင္းလာတဲ့ ျမစ္ငယ္က ေနာက္ဆုံးမွာ လမ္းေၾကာင္းရဲ႕ေဘးဘက္က ေက်ာက္သားနံရံနဲ႕ ပိတ္ဆို႔ခံလိုက္ရတယ္။ သို႔ေပမယ့္လည္း ေက်ာက္သားနံရံ ဒါမွမဟုတ္ ေရေတြစုပုံေနတဲ့ထဲမွာ အေပါက္မရွိပါဘူး။ ေရေတြက ေျမေအာက္ေရလမ္းေၾကာင္းထဲ စီးဝင္သြားတယ္လို႔ ပိုင္မုထင္တယ္။

လက္ဝဲဘက္မွာ စိမ္းလန္းစိုေျပတဲ့ ေတာအုပ္တစ္ခုရွိၿပီး ေဆာင္းရာသီဒဏ္ကို မခံစားထားရတဲ့ပုံေပါက္တယ္။ ေတာထဲမွာေတာ့ ေတာင္ေပၚကေန စီးဆင္းလာတဲ့ စိမ့္စမ္းေရေတြက စမ္းေခ်ာင္းေလးေတြထဲမွာ ဆုံစည္းၾကၿပီး ျမစ္ထဲစီးဆင္းသြားၾကတယ္။

မ်ိဳးႏြယ္စုေခါင္းေဆာင္ Er က လူတိုင္းကို ဘယ္ဘက္ေခ်ာက္ကမ္းပါးတစ္ေလွ်ာက္ ေလွ်ာက္လွမ္းဖို႔ ဦးေဆာင္ခဲ့တယ္။ လူတိုင္းက ဘယ္ကိုသြားရမယ္ဆိုတာကို မသိေပမယ့္လည္း တစ္လွမ္းၿပီးတစ္လွမ္း လိုက္သြားၾကတယ္။

"မ်ိဳးႏြယ္စုေခါင္းေဆာင္ Er က်ဳပ္တို႔ ဘယ္ေနရာကို သြားေနတာလဲ" ေနာက္ဆုံးမွာ တစ္ေယာက္ေယာက္က မေမးပဲမေနနိုင္ေတာ့ဘူး။

"မနီးမေဝးမွာ ဂူတစ္ခုရွိတယ္ ငါတို႔အဲဒီမွာ ယာယီေနလို႔ရတယ္ ခနေန ၀န္စည္ေတြခ်ၿပီးရင္ အနားတဝိုက္ကို လူတိုင္း လိုက္ၾကည့္ၾကမယ္" မ်ိဳးႏြယ္စုေခါင္းေဆာင္Er ရဲ႕ မွတ္ဉာဏ္ထဲမွာေတာ့ ဂူက ေရွ႕မွာရွိတယ္။ ဒါေၾကာင့္ အားလုံးက စကားေျပာတာ ရပ္လိုက္ၾကၿပီး မ်ိဳးႏြယ္စုေခါင္းေဆာင္ေနာက္ကေန  ဆက္ေလွ်ာက္ၾကေတာ့တယ္။

Continue lendo

Você também vai gostar

80.9K 11.9K 13
Both Zawgyi and Unicode. Not my own story, JUST TRANSLATION. All credit goes to original Author and Translator. Cover photo credits to owner.
343K 38.1K 132
Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kind Love Interests Love Interest Falls in...
175K 29.9K 76
အချိန်အကြာကြီး အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ "ဖိန်ရှာရှီ" အလုပ်တခုကို ရှာတွေ့ခဲ့လေသည်။ ထိုအလုပ်ကတော့ စင်္ကြာဝဠာတခုလုံးမှာ ရှေးအကျဆုံးဖြစ်တ...
600K 76.7K 118
'' after break-up i got married'' (လမ်းခွဲ ပြီးတဲ့နောက် ငါလက်ထပ် ပစ်လိုက်တယ်) Original Author - Qianfeng Yihe E-translator - Rezioj27 Status in COO...