Unicode
Chapter 69.1
"ဘယ်နည်းလမ်းလဲဆိုတာ မင်းအရင်ပြောပါ ငါတို့ အပြည့်အဝပူးပေါင်းပေးမယ်" မျိုးနွယ်စုခေါင်းဆောင်နှစ်ဦးက ပိုင်မုကို အရမ်းစိတ်အားထက်သန်နေတဲ့ မျက်၀န်းတွေနဲ့ စိုက်ကြည့်နေကြတယ်။ သူတို့ ဒီတစ်ခါတော့ စိတ်ပူစရာမလိုတော့ဘူး။
ပိုင်မုက သူယူလာတဲ့ ပုံကြမ်းတွေကို ထုတ်ယူလိုက်တယ်။ ကံကောင်းထောက်မစွာနဲ့ သူ့မှာ အခြေခံပုံဆွဲကျွမ်းကျင်မှုအချို့ ရှိနေဆဲပါပဲ။အဲ့လိုမဟုတ်ခဲ့ရင် သူတကယ်ပဲ ညည်းညူရလိမ့်မယ်။
"ဒါက ဘာလဲ?" မျိုးနွယ်စုခေါင်းဆောင်က ခဲတံနဲ့ဆွဲထားတဲ့ ပုံကြမ်းကို တအံ့တသြ ကြည့်လိုက်တယ်။
"ဒါက အရာတွေကို မှတ်တမ်းတင်ဖို့ ကျွန်တော်တို့သုံးတဲ့ စာရွက်ဖြစ်ပြီး အထက်မှာ ရေးဆွဲထားတဲ့ မြေပုံကိုတော့ ကျွန်တော်တို့က နည်းလမ်းလို့ခေါ်ပါတယ်" ပိုင်မုက မြေပုံပေါ်ရှိ မြေမျက်နှာသွင်ပြင်ကို ညွှန်ပြလိုက်ပြီး အသေးစိတ် ရှင်းပြချက်ပေးလိုက်တယ်။ “ဒီနေရာက မျိုးနွယ်စု၀င်တွေနေထိုင်တဲ့ ချောက်ကမ်းပါး၊ဒီနေဂရာက မြစ်၊ ဒါက ရေယူတဲ့ စမ်းချောင်း၊ အလယ်မှာက ယဇ်ပလ္လင်ပဲ”
ပိုင်မုက သူတို့နဲ့ရင်းနှီးတဲ့အရာများကို ဦးစွာထောက်ပြလိုက်ပြီး မျိုးနွယ်စု၏
ရဲ့မြေမျက်နှာသွင်ပြင်ကို ဖြည်းညင်းစွာ မှတ်မိစေလိုက်တယ်။ ထို့နောက် သူက ပုံရဲ့အပြင်ဘက်စွန်းကို ညွှန်ပြပြီး မိတ်ဆက်ပေးခဲ့တယ်။
“ဒီအဝိုင်းက မြို့တော်တံတိုင်းဖြစ်ပြီး မျိုးနွယ်စုတစ်ခုလုံးကို ကာရံဖို့ ထူထပ်ပြီး မြင့်တဲ့တံတိုင်းကို တည်ဆောက်ရမယ် ဝင်ပေါက်၊ ထွက်ပေါက်အဖြစ် တံခါးနှစ်ပေါက်ကို ဖွင့်ထားမယ် မျိုးနွယ်စုတစ်ခုလုံးကို ဝန်းရံထားနိုင်တဲ့ မြစ်ရေထည့်ဖို့ တံတိုင်းအစွန်းနားမှာ လူလုပ်မြစ်တစ်စင်း တူးကြမယ် ဒီနည်းနဲ့ မျိုးနွယ်စုတစ်ခုလုံးကို ကာကွယ်နိုင်ပါတယ်"
"ဒီမြို့တံတိုင်းဆောက်ဖို့ ပိုင်မု မင်း ဘာကိုသုံးမှာလဲ" မျိုးနွယ်စုခေါင်းဆောင် Er က မြူခိုးကြားကနေ ကြားရသလို ခံစားလိုက်ရတယ်။သူက ခေါင်းဆောင်တစ်ယောက်ရဲ့သန်မာမှုကို စွန့်လွှတ်ပြီးမှသာ ဒါက ဆန်းပြားတဲ့ရုပ်ပုံဖြစ်နေကြောင်း သိရှိခဲ့ရပေမယ့်လည်း ပိုင်မုက အရင်ကဆောက်ခဲ့တဲ့ နှင်းတံတိုင်းက အားနည်းတယ်လို့ ပြောလာတယ်။အရင်က နှင်းတံတိုင်းတစ်ခု တည်ဆောက်ခဲ့ပေမယ့်လည်း အခုဆောက်မယ့် တံတိုင်းနဲ့မတူမှာ သိသာထင်ရှားပါတယ်။
“ဒါကို ကျောက်တုံးတွေ၊ အုတ်တွေနဲ့ ဆောက်ရမှာ ဖြစ်ပြီး နောက်ဆုံးဆောက်ခဲ့တဲ့ နှင်းတံတိုင်းတွေထက် ပိုထူပြီး ခိုင်ခံ့အောင် တည်ဆောက်ရမှာ ဖြစ်ပါတယ် ဒါက ခက်ခဲတဲ့ ပရောဂျက်တစ်ခုဖြစ်ပေမယ့် တည်ဆောက်ပြီးလို့ ကြီးကြီးမားမားအပြောင်းအလဲသာ မရှိခဲ့ဘူးဆိုရင် တံတိုင်းက လူတိုင်းရဲ့လုံခြုံရေးကို ကာကွယ်ဖို့ လုံလောက်ပါတယ်" ပထမတော့ ပိုင်မုက ကျောက်နံရံတွေမပါဘဲ ခိုင်ခံ့တဲ့ မြေဆီလွှာအုတ်မြစ်ကို တည်ဆောက်ချင်ခဲ့တာ။
ထို့အပြင် ဒီနေရာက သားရဲတွေရဲ့ ခြေသည်းတွေနဲ့ သွားတွေက အရမ်းထက်မြပြီး မြေဆီလွှာအုတ်မြစ်တံတိုင်း ချိုးဖောက်ခံရမယ့် အလားအလာက အရမ်းများတယ်။ဒါကိုစဉ်းစားပြီးနောက် သူက မြေဆီလွှာအုတ်မြစ်တံတိုင်းကို မသုံးဖို့ ဆုံးဖြတ်ခဲ့တယ်။
"ပိုင်မု အုတ်ဆိုတာ ဘာလဲ" မျိုးနွယ်စုခေါင်းဆောင်ပုကျီရဲ့မျက်၀န်းတွေက ခြင်ဆေးခွေ(😵)အဖြစ် ပြောင်းလဲသွားတော့မှာဖြစ်ပေမယ့်လည်း မြို့ရိုးတံတိုင်းက လူတွေကို ကာကွယ်နိုင်တယ်လို့ ကြားတဲ့အခါ ခေါင်းခါယမ်းလိုက်ပြီး ရှက်ရွံ့စွာ မေးလိုက်တယ်။(နားမလည်မှာစိုးလို့ အီမိုဂျီပါ ထည့်ပေးထားတယ်)
"အုတ်ဆိုတာက မြေဆီလွှာကိုမီးဖုတ်ထားတဲ့ စတုဂံပုံအရာတွေကို ပြောတာပါ" ပိုင်မုက လက်ဟန်ခြေဟန်နဲ့ အမူအရာလုပ်ကာ ရှင်းပြလိုက်တယ်။ စကားလုံးတွေနဲ့ပဲဆို ခြောက်သွေ့လွန်းတာကြောင့် မျိုးနွယ်စုခေါင်းဆောင်နှစ်ဦးက နားမလည်နိုင်ဖြစ်နေကြလို့ပါ။
ပိုင်မုရဲ့ဖော်ပြချက်ကို နားထောင်ရင်း မျိုးနွယ်စုခေါင်းဆောင်နှစ်ဦးရဲ့ မျက်၀န်းတွေက ပို,ပိုတောက်ပလာကာ နောက်တစ်ကြိမ် သားရဲအုပ်ရောက်လာပြီး မြင့်မားတဲ့ မြို့ရိုးတံတိုင်းအပြင်ဘက်မှာ ပိတ်ဆို့ခံထားရတာကို မြင်တွေ့နေရတယ်လို့ ခံစားလိုက်ရတယ်။
“မြို့ရိုးအမြင့်က ၁၅ မီတာလောက်ရှိဖို့လိုတယ် အထူက ၈ မီတာ၊ အောက်ခြေက ကျယ်ပြီး ထိပ်က ကျဉ်းရမယ် မြို့ရိုးက မျိုးနွယ်စု၀င်တွေ နေထိုင်နေတဲ့ ချောက်ကမ်းပါးနဲ့အတူ ကွင်းပြင်တစ်ခုလုံးကို ကာရံထားရမယ် ဒါပေါ့ ကမ်းပါးသုံးဘက်လုံးကို ဝိုင်းရံထားတဲ့ နေရာတစ်ခုကို ရှာဖို့လည်း လိုမယ် ပြီးရင် ဝင်ပေါက်ပေါ့ မျိုးနွယ်စု၀င်တွေနေထိုင်တဲ့ ချိုင့်ဝှမ်းထဲမှာ အသက်ရှင်နေထိုင်ဖို့ ရေအလုံအလောက်ရှိနေရင် ပိုကောင်းပါတယ် ဒီနည်းလမ်းက ခုခံဖို့ လွယ်ကူပြီး တိုက်ခိုက်ခံရဖို့ ခက်ခဲတယ် သားရဲအရေအတွက်က အရင်အကြိမ်ကလို အတူတူပဲဖြစ်လောက်ပြီး နောက်ဆုံးအကြိမ်ထက်တောင် ပိုများပြားချင်လည်းများနိုင်တယ် ဒါပေမယ့် ကျွန်တော်တို့ စိတ်ပူစရာ မလိုပါဘူး" ပိုင်မုက အများကြီးစဉ်းစားထားတယ်။အဲ့လိုနေရာမျိုး ရှိလား။ ဒါက မင်းတွေ့နိုင်ပေမယ့် တောင်းဆိုလို့မရနိုင်တဲ့ နေရာမျိုးပဲ။ ဒီလိုနေရာမျိုးရှိရင် orcs တွေက အစောပိုင်းတည်းက ပြောင်းသွားလောက်ပြီပေါ့။
"မင်းပြောနေတဲ့နေရာမျိုးတော့ မဟုတ်ပေမယ့် ဆင်တူတာတော့ရှိတယ်" မျိုးနွယ်စုခေါင်းဆောင်Er က ပိုင်မုကို ကြောင်တက်တက်ကြည့်လိုက်တယ်။ဒီနေရာက ဘုရားသခင်ကို ပိုင်မုမသိပါဘူး။ ဒါ့အပြင် သူနဲ့လည်း မခင်မင်မရင်းနှီးချင်ဘူး။ ဒါပေမယ့် ပိုင်မု ဒီကိုရောက်လာကတည်းက အရမ်းကံကောင်းခဲ့တယ်။ ဒါဟာ ဒဏ္ဍာရီလာ ခရီးသွားတစ်ယောက်ရဲ့ အနိုင်မခံအရှုံးမပေးတတ်တဲ့ ကံကောင်းခြင်းများလား။
"ဘယ်မှာလဲ ဘာလို့ ဒီလောက်ကောင်းတဲ့ မြေပြင်မှာ မနေကြရတာလဲ" ပိုင်မုက အရမ်းစိတ်လှုပ်ရှားလွန်းလို့ ကခုန်လုနီးပါးပါပဲ။
“အဲဒီနေရာက ချောက်ကမ်းပါးတွေကြောင့် မျိုးနွယ်စု၀င်တွေအတွက် ဂူတွေ အလုံအလောက်မရှိသလို အဲဒီဂူတွေက အရမ်းစိုစွတ်ပြီး နေထိုင်ဖို့ မသင့်တော်ပါဘူး"မျိုးနွယ်စုခေါင်းဆောင်Erက သဘာဝကျကျပြောခဲ့တယ်။
ပိုင်မု"........."
orc တွေက ဂူထဲမှာ နေထိုင်တယ်ဆိုတာကို သူမေ့သွားတယ်။ဒီနေရာကိုပဲ သူတို့ရွေးချယ်လိုက်တာကို မအံ့သြစရာတော့ပါဘူး။ "မျိုးနွယ်စုခေါင်းဆောင် နှင်းတွေ အရည်ပျော်ပြီးရင် သွားကြည့်ဖို့ ကျွန်တော့်ကို ခေါ်သွားပေးပါ ခုခံဖို့အတွက် သင့်တော်ရင် အဲ့နေရာမှာ ကျွန်တော်တို့ အိမ်ဆောက်လို့ရတယ်"
"မင်းကို အဲဒီကို ခေါ်သွားပေးလို့ ရပါတယ် ဒါပေမယ့် အိမ်က ဘာလဲ" မျိုးနွယ်စုခေါင်းဆောင်က ဝေါဟာရအသစ်ကိုကြားတော့ ပိုင်မုက ရှင်းပြချက်အသစ်ကို ထပ်ပြီးစတင်လိုက်တယ်။ မျိုးနွယ်စုခေါင်းဆောင်က နားမလည်နိုင်တဲ့အရာများစွာကို ကြားခဲ့ရပြီး နောက်ပိုင်း သူအိမ်ဆောက်တဲ့အခါ တဖြည်းဖြည်း နားလည်သွားလိမ့်မယ်လို့ တွေးလိုက်တော့တယ်။ ချိုင့်ဝှမ်းမှာ လှပတဲ့ ရှုခင်းတွေရှိပြီး ဖုံးကွယ်ထားတဲ့နေရာမှာ နေရတာက အရမ်းကောင်းပါတယ်။
"စကားမစပ်၊ အဲ့ဒါအပြင် မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်နဲ့လည်း ဆွေးနွေးစရာရှိတယ်"
"ဘာကိစ္စများလဲ?" Erနဲ့ပုကျီက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီးနောက် ပိုင်မုကို သံသယနဲ့ကြည့်လိုက်တယ်။
"အဲ့ဒါက ကျွန်တော်တို့ရဲ့မျိုးနွယ်စုနှစ်ခုမှာ လူအများကြီး မရှိဘူးလေ သားရဲအုပ်က အခု ပို,ပိုကြီးလာပြီ နောက်လာမယ့် သားရဲအုပ်မတိုက်ခိုက်ခင်မှာ ကျွန်တော်တို့ လုပ်စရာတွေ အများကြီး ရှိသေးတယ် အဲဒါ ပြီးမြောက်ဖို့ မျိုးနွယ်စုနှစ်ခုရဲ့ စုပေါင်းအားထုတ်မှု လိုအပ်ပါတယ် ဖြစ်နိုင်မယ်ဆိုရင် မျိုးနွယ်စုနှစ်ခုလုံးက လူတွေက တစ်နေရာတည်းမှာ အတူနေနိုင်မယ်လို့ မျှော်လင့်ပါတယ် ဒါဆို မျိုးနွယ်စုနှစ်ခုရဲ့ မျိုးနွယ်စု၀င်တွေကို အတိုင်းအတာတစ်ခုထိလည်း ကာကွယ်ပေးနိုင်လိမ့်မယ်"
Chapter 69.2
ပိုင်မုက သူပြောသလိုမျိုး မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်က လုပ်နိုင်မလားဆိုတာ အေးအေးဆေးဆေး စောင့်ကြည့်နေတယ်။ မျိုးနွယ်စုနှစ်စုကို ပေါင်းနိုင်မလားဆိုတာ သူမသိပေမယ့် ဒါက သူတို့ရဲ့ အကောင်းဆုံး ရွေးချယ်မှုပါပဲ။
Erနဲ့ပုကျီက နားထောင်ပြီးနောက် တိတ်ဆိတ်သွား
ပြီး ပိုင်မုပြောချင်တာကို သူတို့အားလုံး သိကြတယ်။ သို့သော် ယင်းက မျိုးနွယ်စုရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုနဲ့သက်ဆိုင်ပြီး သူတို့က အလွယ်တကူ ဆုံးဖြတ်ချက်မချနိုင်ပါဘူး။ ကူညီပေးတာကတော့ တခြားကိစ္စတစ်ခုလေ။ အချိန်အကြာကြီး အတူတကွနေထိုင်ရမယ်ဆိုတာက မိသားစုနှစ်ခုကို ပေါင်းစည်းခြင်းနဲ့ ညီမျှတယ်။ အဲဒါကို သူတို့ သေချာစဉ်းစားရလိမ့်မယ်။
မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက် နှုတ်ဆိတ်နေတာကို မြင်လိုက်ရတော့ ပိုင်မုက မှတ်ချက်မပေးခဲ့ဘူး။ “ဒါက အခု ဆုံးဖြတ်ချက်ချပေးဖို့ အလျင်မလိုပါဘူး အဲဒါက ကျွန်တော်လုပ်ကြည့်ချင်နေတဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်နည်းလမ်းဖြစ်ရုံပါပဲ မျိုးနွယ်စုခေါင်းဆောင်တို့နှစ်ယောက် ဆွေးနွေးပြီး နှင်းတွေပျော်ကျသွားပြီးနောက်မှ နေရာကို ကျွန်တော်တို့သွားကြည့်ကြတာပေါ့ အဲ့ဒီတော့မှ ဆုံးဖြတ်ချက်ချတာကလည်း အချိန်မနှောင်းသေးပါဘူး" ထို့ကြောင့် မျိုးနွယ်စုခေါင်းဆောင်နှစ်ဦးက တွန့်ဆုတ်စွာ ခေါင်းညိတ်ကာ သဘောတူလိုက်ကြတယ်။ ပိုင်မုပြောတာမှန်တယ်ဆိုတာ အားလုံးသိကြပေမယ့် ဒါက အဓိကအရေးကြီးကိစ္စဖြစ်ပြီး အလျင်စလိုမလုပ်သင့်ပါဘူး။
ချိုင့်၀ှမ်းက နေထိုင်ဖို့အတွက် တကယ်ကို သင့်တော်တယ်ဆိုရင် သူတို့ လူဘယ်လောက် ကယ်တင်နိုင်မလဲဆိုတာ ပိုင်မုက သူ့ဘာသာသူတွေးနေတယ်။ မူလအစီအစဉ်အရ ပိုင်မုက ခမ်းနားထည်ဝါတဲ့ မြို့ရိုးတည်ဆောက်ဖို့ အချိန်ဘယ်လောက်ကြာမယ်၊ လူအင်အားနဲ့ ပစ္စည်းအရင်းအမြစ် ဘယ်လောက်ယူရမယ်ဆိုတာကို အမှန်တကယ်မသိပါဘူး။ တကယ်တော့ ကာကွယ်ရေးအတိုင်းအတာကို လျှော့ချဖို့ အစီအစဉ်ကိုလည်း သူပြင်ဆင်ထားတယ်။
သူအမြဲဂရုစိုက်ခဲ့တဲ့အရာတွေက ပို,ပိုကောင်းမွန်လာဖို့ မျှော်လင့်ပြီး သူက လိန်းကျယ်နဲ့အတူ ပြန်သွားခဲ့တယ်။သူအိမ်ပြန်ရောက်သွားတာနဲ့ ခဲယ်လ်တစ်က သူ့ကို ပါပီမျက်လုံးတွေနဲ့ နှုတ်ဆက်ခဲ့ပြီး ဒါက လိန်းကျယ်ကို အနည်းငယ်ရယ်ချင်သွားစေတယ်။
"ပိုင်မု မင်း ခဏထိုင်ပြီး အနားယူလိုက် အချိန်အကြာကြီး အပြင်ထွက်ပြီးရင် မင်း မပင်ပန်းဘူးလား"ခဲယ်လ်တစ်က ပိုင်မုရဲ့လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်တာနဲ့ အေးစက်သွားသလို ခံစားလိုက်ရပြီး လက်ကို အမြန်အုပ်ထားဖို့ ကူညီပေးလိုက်တယ်။ "မီးက နွေးတယ် မင်းလက်ကို ကိုယ်အုပ်ထားပေးမယ်"
"ကျွန်တော်နေကောင်းပါတယ် ဒါပေမယ့် ဆေးသောက်ပြီးပြီလား" ခဲယ်လ်တစ်ရဲ့ဒဏ်ရာ အနည်းငယ်သက်သာလာပြီးနောက်မှာ သူက ဆေးသောက်ရတာကို အတော်လေးငြင်းဆန်ခဲ့ပြီး သူက ကလေးလို လုပ်ချင်ခဲ့တယ်။သူတို့တွေ စိုက်ကြည့်မှပဲ သောက်လေ့ရှိတယ်။
"အစ်ကိုကြီး ဆေးမသောက်ရသေးဘူး" ခဲယ်လ်တစ် စကားမပြောရသေးခင်မှာ တပေါက သူ့ကို ရောင်းစားလိုက်တယ်။
ခဲယ်လ်တစ်က တပေါကို စူးစူးရဲရဲ စိုက်ကြည့်ပြီး ပိုင်မုကို မြှောက်ပင့်ချင်သလိုမျိုး ပြုံးပြလိုက်တယ်။ "ပိုင်မု ကိုယ်အဆင်ပြေပါတယ် ဆေးသောက်စရာ မလိုတော့ဘူး ဒါက အရမ်းဖြုန်းတီးရာကျတယ်" ဆေးထဲက ထူးဆန်းတဲ့အနံ့ကို သူမုန်းတယ်။ သူဖျားနေတုန်းကတော့ လိုလိုလားလား သောက်တယ်။ ဒါက လိုအပ်ချက်ကြောင့် သောက်ရတာဖြစ်ပေမယ့်လည်း အခု သူပျောက်သွားပြီလေ။ ဆက်သောက်ဖို့ မလိုတော့ပါဘူး။
"အန်းချီလော့ မင်းအစ်ကိုကြီးရဲ့ဆေးကို ယူလာပါဦး" ပိုင်မုက သူ စီစဉ်တဲ့လမ်းကြောင်းအတိုင်းမလိုက်ဘဲ ပွဲကြည့်နေတဲ့ အန်းချီလော့ကို ဆေးယူလာခိုင်းတယ်။
"ကောင်းပြီ ကျွန်တော် အမြဲ အပူပေးထားတယ်" အခုလက်ရှိမှာ သူတို့အားလုံးက အစ်ကိုကြီးပိုင်မုစကားကို နားထောင်ကြတယ်။ဘာပဲဖြစ်ဖြစ် သူ့အစ်ကိုကလည်း အစ်ကိုကြီးပိုင်မုစကား နားထောင်တာပဲကို။
ပိုင်မုက အန်းချီလော့ယူလာတဲ့ ဆေးကို ခဲယ်လ်တစ်ဆီပေးလိုက်ပြီး သူ့ကို စိုက်ကြည့်ကာ သောက်ခိုင်းလိုက်တယ်။ ခဲယ်လ်တစ်က ပန်းကန်ကိုကိုင်ရင်း တုံ့ဆိုင်းသွားပေမယ့် ပိုင်မုက သူ့ကို စိုက်ကြည့်နေတာကို မြင်တော့ နောက်ဆုံးမှာ ဆေးကို သောက်လိုက်ရတယ်။
သူဆေးသောက်ပြီးတာကို ကြည့်ပြီး ပိုင်မုက သူ့ကို မေပယ်ရည်တစ်ရွက် ဆေးပန်းကန်ထဲ ထည့်ပေးတယ်။ ခဲယ်လ်တစ်က ပြုံးပြီး သကြားကို ပါးစပ်ထဲထည့်လိုက်တယ်။ အချိုတွေက သူ့ပါးစပ်ထဲမှာ ပြည့်လျှံနေပြီး သူ့နှလုံးသားထိ တဖြည်းဖြည်း ဖုံးလွှမ်းသွားတယ်။ ဒီလိုဆိုတော့လည်း ဆေးသောက်ရတာ သိပ်မဆိုး၀ါးပါဘူး။
တပေါနဲ့အန်းချီလော့တို့က သူတို့အစ်ကိုကြီးရဲ့ တုံးအလှတဲ့ပုံစံကို သည်းမခံနိုင်ကြတော့ဘူး။ သူတို့အစ်ကိုကြီးက ဒဏ်ရာရပြီးနောက်မှာ ပို,ပိုတုံးအလာပြီး သူ့အပြုံးက တစ်နေ့လုံး ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေလေ့ရှိတာက သူတို့မျက်လုံးတွေကိုတောင် ကန်းစေတော့မလိုပဲ။ဒါပေမယ့် သူတို့အစ်ကိုကြီးအတွက် သူတို့ အရမ်းပျော်ရွှင်နေကြဆဲပါပဲ။နောက်ဆုံးတော့ ပိုင်မုက သူတို့ရဲ့ tower(မရီး)ဖြစ်လာတော့မယ်။
"ပိုင်မု မင်း မျိုးနွယ်စုခေါင်းဆောင်နဲ့ တခြားသူတွေ ကို ပြောခဲ့တာတွေက အမှန်တွေလား" ပိုင်မုနဲ့ ခဲယ်လ်တစ်တို့က လတ်တလောမှာ လျှို့ဝှက်ဆန်းကြယ်စွာနဲ့ တစ်စုံတစ်ခုကြောင့် တပူးတွဲတွဲဖြစ်နေကြတာကို လိန်းကျယ်သိပေမယ့်လည်း နှစ်ယောက်သားက အကျယ်တဝင့်မပြောပြခဲ့ကြတာကြောင့် သူတို့က အနည်းငယ်သာ သိကြပါတယ်။ သူတို့ရဲ့ မိသားစုဝင်တွေကို ယုံကြည်လေးစားမှုကြောင့် အသေးစိတ်မမေးခဲ့ကြဘဲ တိတ်တိတ်လေးပဲ အားပေးနေခဲ့ကြတယ်။ဒီနေ့ ပထမဆုံးအကြိမ်အဖြစ် သူတို့ ဘာတွေလုပ်နေတယ်ဆိုတာကို အသေးစိတ် သိလိုက်ရတော့ သူ အရမ်းအံ့သြသွားတယ်။
လိန်းကျယ်ငယ်စဉ်အခါတုန်းက သူရဲ့သားရဲဖခင်က သားရဲအုပ်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ပြီး သားရဲဖခင်ကို အမြဲချစ်တဲ့သူ့အမေက မကြာမီ အပြင်းဖျားသွားခဲ့တယ်။ သားရဲအုပ်ရဲ့ တိုက်ခိုက်တာခံရတဲ့အတွက်ကြောင့် orc မျိုးနွယ်စုထဲက မိသားစုဘယ်လောက်က
ပြိုကွဲသွားရလဲ။ သူတို့ရဲ့ အစီအစဉ်သာ တကယ်အောင်မြင်ခဲ့ရင် ဒီလိုနာကျင်ရတဲ့ဘ၀မျိုးနဲ့ သေခြင်းတွေကို လျော့ပါးသွားစေနိုင်တယ်။
သူတို့က ဆောင်းရာသီတိုင်းမှာ မျက်ရည်တွေ အများကြီးကျခဲ့ရတယ်။ ဒါကြောင့် ပိုင်မုရဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ လုပ်ပြီးတဲ့ နောက်မှာတော့ လိန်းကျယ်က သူ့မျက်နှာမှာ ဖော်မပြထားပေမယ့် သူ့စိတ်ထဲမှာတော့ အရမ်းစိတ်လှုပ်ရှားနေခဲ့တယ်။
"အင်း အမှန်တွေပါ ဒါပေမယ့် မျိုးနွယ်စုခေါင်းဆောင်ပြောခဲ့တဲ့ ချိုင့်ဝှမ်းက နေထိုင်လို့ကောင်းရင် အကောင်းဆုံးပဲ" လိန်းကျယ်ရဲ့အမူအရာကိုကြည့်ပြီး ပိုင်မုက လေးလေးနက်နက်ပြန်ဖြေတယ်။
"မျိုးနွယ်စုခေါင်းဆောင်ပြောခဲ့တဲ့ ချိုင့်၀ှမ်းကို ငါသိတယ် အမဲလိုက်တုန်းက ခနလောက် နေခဲ့ဖူးတယ်" လိန်းကျယ်က လှပတဲ့ချိုင့်ဝှမ်းကို ပြန်ပြောင်းတွေးတောလိုက်ပြီး ရွှေ့ပြောင်းဖို့ မတွန့်ဆုတ်ခဲ့ပါဘူး။
"အိုး နှင်းတွေပျော်ပြီးနောက်မှာ တချက်သွားကြည့်ကြရအောင်" ပိုင်မုက ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလိုက်တယ်။သူ မြင်ရဖို့ မစောင့်နိုင်တော့ဘူး။
"မင်းတို့ ဘာတွေပြောနေတာလဲ ငါတို့ ဘာလို့နားမလည်ရတာလဲ" အိမ်မှာ ရှိနေတဲ့ လူအနည်းငယ်က သူတို့ပြောနေတာတွေကို နားမလည်ဘဲ မျက်နှာပေါ်က ??အမှတ်အသားတွေနဲ့အတူ ပိုင်မုတို့ကို ကြည့်နေကြတယ်။
Zawgyi
Chapter 69.1
"ဘယ္နည္းလမ္းလဲဆိုတာ မင္းအရင္ေျပာပါ ငါတို႔ အျပည့္အဝပူးေပါင္းေပးမယ္" မ်ိဳးႏြယ္စုေခါင္းေဆာင္ႏွစ္ဦးက ပိုင္မုကို အရမ္းစိတ္အားထက္သန္ေနတဲ့ မ်က္၀န္းေတြနဲ႕ စိုက္ၾကည့္ေနၾကတယ္။ သူတို႔ ဒီတစ္ခါေတာ့ စိတ္ပူစရာမလိုေတာ့ဘူး။
ပိုင္မုက သူယူလာတဲ့ ပုံၾကမ္းေတြကို ထုတ္ယူလိုက္တယ္။ ကံေကာင္းေထာက္မစြာနဲ႕ သူ႕မွာ အေျခခံပုံဆြဲကြၽမ္းက်င္မႈအခ်ိဳ႕ ရွိေနဆဲပါပဲ။အဲ့လိုမဟုတ္ခဲ့ရင္ သူတကယ္ပဲ ညည္းၫူရလိမ့္မယ္။
"ဒါက ဘာလဲ?" မ်ိဳးႏြယ္စုေခါင္းေဆာင္က ခဲတံနဲ႕ဆြဲထားတဲ့ ပုံၾကမ္းကို တအံ့တၾသ ၾကည့္လိုက္တယ္။
"ဒါက အရာေတြကို မွတ္တမ္းတင္ဖို႔ ကြၽန္ေတာ္တို႔သုံးတဲ့ စာ႐ြက္ျဖစ္ၿပီး အထက္မွာ ေရးဆြဲထားတဲ့ ေျမပုံကိုေတာ့ ကြၽန္ေတာ္တို႔က နည္းလမ္းလို႔ေခၚပါတယ္" ပိုင္မုက ေျမပုံေပၚရွိ ေျမမ်က္ႏွာသြင္ျပင္ကို ၫႊန္ျပလိုက္ၿပီး အေသးစိတ္ ရွင္းျပခ်က္ေပးလိုက္တယ္။ “ဒီေနရာက မ်ိဳးႏြယ္စု၀င္ေတြေနထိုင္တဲ့ ေခ်ာက္ကမ္းပါး၊ဒီေနဂရာက ျမစ္၊ ဒါက ေရယူတဲ့ စမ္းေခ်ာင္း၊ အလယ္မွာက ယဇ္ပလႅင္ပဲ”
ပိုင္မုက သူတို႔နဲ႕ရင္းႏွီးတဲ့အရာမ်ားကို ဦးစြာေထာက္ျပလိုက္ၿပီး မ်ိဳးႏြယ္စု၏
ရဲ႕ေျမမ်က္ႏွာသြင္ျပင္ကို ျဖည္းညင္းစြာ မွတ္မိေစလိုက္တယ္။ ထို႔ေနာက္ သူက ပုံရဲ႕အျပင္ဘက္စြန္းကို ၫႊန္ျပၿပီး မိတ္ဆက္ေပးခဲ့တယ္။
“ဒီအဝိုင္းက ၿမိဳ႕ေတာ္တံတိုင္းျဖစ္ၿပီး မ်ိဳးႏြယ္စုတစ္ခုလုံးကို ကာရံဖို႔ ထူထပ္ၿပီး ျမင့္တဲ့တံတိုင္းကို တည္ေဆာက္ရမယ္ ဝင္ေပါက္၊ ထြက္ေပါက္အျဖစ္ တံခါးႏွစ္ေပါက္ကို ဖြင့္ထားမယ္ မ်ိဳးႏြယ္စုတစ္ခုလုံးကို ဝန္းရံထားနိုင္တဲ့ ျမစ္ေရထည့္ဖို႔ တံတိုင္းအစြန္းနားမွာ လူလုပ္ျမစ္တစ္စင္း တူးၾကမယ္ ဒီနည္းနဲ႕ မ်ိဳးႏြယ္စုတစ္ခုလုံးကို ကာကြယ္နိုင္ပါတယ္"
"ဒီၿမိဳ႕တံတိုင္းေဆာက္ဖို႔ ပိုင္မု မင္း ဘာကိုသုံးမွာလဲ" မ်ိဳးႏြယ္စုေခါင္းေဆာင္ Er က ျမဴခိုးၾကားကေန ၾကားရသလို ခံစားလိုက္ရတယ္။သူက ေခါင္းေဆာင္တစ္ေယာက္ရဲ႕သန္မာမႈကို စြန႔္လႊတ္ၿပီးမွသာ ဒါက ဆန္းျပားတဲ့႐ုပ္ပုံျဖစ္ေနေၾကာင္း သိရွိခဲ့ရေပမယ့္လည္း ပိုင္မုက အရင္ကေဆာက္ခဲ့တဲ့ ႏွင္းတံတိုင္းက အားနည္းတယ္လို႔ ေျပာလာတယ္။အရင္က ႏွင္းတံတိုင္းတစ္ခု တည္ေဆာက္ခဲ့ေပမယ့္လည္း အခုေဆာက္မယ့္ တံတိုင္းနဲ႕မတူမွာ သိသာထင္ရွားပါတယ္။
“ဒါကို ေက်ာက္တုံးေတြ၊ အုတ္ေတြနဲ႕ ေဆာက္ရမွာ ျဖစ္ၿပီး ေနာက္ဆုံးေဆာက္ခဲ့တဲ့ ႏွင္းတံတိုင္းေတြထက္ ပိုထူၿပီး ခိုင္ခံ့ေအာင္ တည္ေဆာက္ရမွာ ျဖစ္ပါတယ္ ဒါက ခက္ခဲတဲ့ ပေရာဂ်က္တစ္ခုျဖစ္ေပမယ့္ တည္ေဆာက္ၿပီးလို႔ ႀကီးႀကီးမားမားအေျပာင္းအလဲသာ မရွိခဲ့ဘူးဆိုရင္ တံတိုင္းက လူတိုင္းရဲ႕လုံၿခဳံေရးကို ကာကြယ္ဖို႔ လုံေလာက္ပါတယ္" ပထမေတာ့ ပိုင္မုက ေက်ာက္နံရံေတြမပါဘဲ ခိုင္ခံ့တဲ့ ေျမဆီလႊာအုတ္ျမစ္ကို တည္ေဆာက္ခ်င္ခဲ့တာ။
ထို႔အျပင္ ဒီေနရာက သားရဲေတြရဲ႕ ေျခသည္းေတြနဲ႕ သြားေတြက အရမ္းထက္ျမၿပီး ေျမဆီလႊာအုတ္ျမစ္တံတိုင္း ခ်ိဳးေဖာက္ခံရမယ့္ အလားအလာက အရမ္းမ်ားတယ္။ဒါကိုစဥ္းစားၿပီးေနာက္ သူက ေျမဆီလႊာအုတ္ျမစ္တံတိုင္းကို မသုံးဖို႔ ဆုံးျဖတ္ခဲ့တယ္။
"ပိုင္မု အုတ္ဆိုတာ ဘာလဲ" မ်ိဳးႏြယ္စုေခါင္းေဆာင္ပုက်ီရဲ႕မ်က္၀န္းေတြက ျခင္ေဆးေခြ(😵)အျဖစ္ ေျပာင္းလဲသြားေတာ့မွာျဖစ္ေပမယ့္လည္း ၿမိဳ႕ရိုးတံတိုင္းက လူေတြကို ကာကြယ္နိုင္တယ္လို႔ ၾကားတဲ့အခါ ေခါင္းခါယမ္းလိုက္ၿပီး ရွက္႐ြံ႕စြာ ေမးလိုက္တယ္။(နားမလည္မွာစိုးလို႔ အီမိုဂ်ီပါ ထည့္ေပးထားတယ္)
"အုတ္ဆိုတာက ေျမဆီလႊာကိုမီးဖုတ္ထားတဲ့ စတုဂံပုံအရာေတြကို ေျပာတာပါ" ပိုင္မုက လက္ဟန္ေျခဟန္နဲ႕ အမူအရာလုပ္ကာ ရွင္းျပလိုက္တယ္။ စကားလုံးေတြနဲ႕ပဲဆို ေျခာက္ေသြ႕လြန္းတာေၾကာင့္ မ်ိဳးႏြယ္စုေခါင္းေဆာင္ႏွစ္ဦးက နားမလည္နိုင္ျဖစ္ေနၾကလို႔ပါ။
ပိုင္မုရဲ႕ေဖာ္ျပခ်က္ကို နားေထာင္ရင္း မ်ိဳးႏြယ္စုေခါင္းေဆာင္ႏွစ္ဦးရဲ႕ မ်က္၀န္းေတြက ပို,ပိုေတာက္ပလာကာ ေနာက္တစ္ႀကိမ္ သားရဲအုပ္ေရာက္လာၿပီး ျမင့္မားတဲ့ ၿမိဳ႕ရိုးတံတိုင္းအျပင္ဘက္မွာ ပိတ္ဆို႔ခံထားရတာကို ျမင္ေတြ႕ေနရတယ္လို႔ ခံစားလိုက္ရတယ္။
“ၿမိဳ႕ရိုးအျမင့္က ၁၅ မီတာေလာက္ရွိဖို႔လိုတယ္ အထူက ၈ မီတာ၊ ေအာက္ေျခက က်ယ္ၿပီး ထိပ္က က်ဥ္းရမယ္ ၿမိဳ႕ရိုးက မ်ိဳးႏြယ္စု၀င္ေတြ ေနထိုင္ေနတဲ့ ေခ်ာက္ကမ္းပါးနဲ႕အတူ ကြင္းျပင္တစ္ခုလုံးကို ကာရံထားရမယ္ ဒါေပါ့ ကမ္းပါးသုံးဘက္လုံးကို ဝိုင္းရံထားတဲ့ ေနရာတစ္ခုကို ရွာဖို႔လည္း လိုမယ္ ၿပီးရင္ ဝင္ေပါက္ေပါ့ မ်ိဳးႏြယ္စု၀င္ေတြေနထိုင္တဲ့ ခ်ိဳင့္ဝွမ္းထဲမွာ အသက္ရွင္ေနထိုင္ဖို႔ ေရအလုံအေလာက္ရွိေနရင္ ပိုေကာင္းပါတယ္ ဒီနည္းလမ္းက ခုခံဖို႔ လြယ္ကူၿပီး တိုက္ခိုက္ခံရဖို႔ ခက္ခဲတယ္ သားရဲအေရအတြက္က အရင္အႀကိမ္ကလို အတူတူပဲျဖစ္ေလာက္ၿပီး ေနာက္ဆုံးအႀကိမ္ထက္ေတာင္ ပိုမ်ားျပားခ်င္လည္းမ်ားနိုင္တယ္ ဒါေပမယ့္ ကြၽန္ေတာ္တို႔ စိတ္ပူစရာ မလိုပါဘူး" ပိုင္မုက အမ်ားႀကီးစဥ္းစားထားတယ္။အဲ့လိုေနရာမ်ိဳး ရွိလား။ ဒါက မင္းေတြ႕နိုင္ေပမယ့္ ေတာင္းဆိုလို႔မရနိုင္တဲ့ ေနရာမ်ိဳးပဲ။ ဒီလိုေနရာမ်ိဳးရွိရင္ orcs ေတြက အေစာပိုင္းတည္းက ေျပာင္းသြားေလာက္ၿပီေပါ့။
"မင္းေျပာေနတဲ့ေနရာမ်ိဳးေတာ့ မဟုတ္ေပမယ့္ ဆင္တူတာေတာ့ရွိတယ္" မ်ိဳးႏြယ္စုေခါင္းေဆာင္Er က ပိုင္မုကို ေၾကာင္တက္တက္ၾကည့္လိုက္တယ္။ဒီေနရာက ဘုရားသခင္ကို ပိုင္မုမသိပါဘူး။ ဒါ့အျပင္ သူနဲ႕လည္း မခင္မင္မရင္းႏွီးခ်င္ဘူး။ ဒါေပမယ့္ ပိုင္မု ဒီကိုေရာက္လာကတည္းက အရမ္းကံေကာင္းခဲ့တယ္။ ဒါဟာ ဒ႑ာရီလာ ခရီးသြားတစ္ေယာက္ရဲ႕ အနိုင္မခံအရႈံးမေပးတတ္တဲ့ ကံေကာင္းျခင္းမ်ားလား။
"ဘယ္မွာလဲ ဘာလို႔ ဒီေလာက္ေကာင္းတဲ့ ေျမျပင္မွာ မေနၾကရတာလဲ" ပိုင္မုက အရမ္းစိတ္လႈပ္ရွားလြန္းလို႔ ကခုန္လုနီးပါးပါပဲ။
“အဲဒီေနရာက ေခ်ာက္ကမ္းပါးေတြေၾကာင့္ မ်ိဳးႏြယ္စု၀င္ေတြအတြက္ ဂူေတြ အလုံအေလာက္မရွိသလို အဲဒီဂူေတြက အရမ္းစိုစြတ္ၿပီး ေနထိုင္ဖို႔ မသင့္ေတာ္ပါဘူး"မ်ိဳးႏြယ္စုေခါင္းေဆာင္Erက သဘာဝက်က်ေျပာခဲ့တယ္။
ပိုင္မု"........."
orc ေတြက ဂူထဲမွာ ေနထိုင္တယ္ဆိုတာကို သူေမ့သြားတယ္။ဒီေနရာကိုပဲ သူတို႔ေ႐ြးခ်ယ္လိုက္တာကို မအံ့ၾသစရာေတာ့ပါဘူး။ "မ်ိဳးႏြယ္စုေခါင္းေဆာင္ ႏွင္းေတြ အရည္ေပ်ာ္ၿပီးရင္ သြားၾကည့္ဖို႔ ကြၽန္ေတာ့္ကို ေခၚသြားေပးပါ ခုခံဖို႔အတြက္ သင့္ေတာ္ရင္ အဲ့ေနရာမွာ ကြၽန္ေတာ္တို႔ အိမ္ေဆာက္လို႔ရတယ္"
"မင္းကို အဲဒီကို ေခၚသြားေပးလို႔ ရပါတယ္ ဒါေပမယ့္ အိမ္က ဘာလဲ" မ်ိဳးႏြယ္စုေခါင္းေဆာင္က ေဝါဟာရအသစ္ကိုၾကားေတာ့ ပိုင္မုက ရွင္းျပခ်က္အသစ္ကို ထပ္ၿပီးစတင္လိုက္တယ္။ မ်ိဳးႏြယ္စုေခါင္းေဆာင္က နားမလည္နိုင္တဲ့အရာမ်ားစြာကို ၾကားခဲ့ရၿပီး ေနာက္ပိုင္း သူအိမ္ေဆာက္တဲ့အခါ တျဖည္းျဖည္း နားလည္သြားလိမ့္မယ္လို႔ ေတြးလိုက္ေတာ့တယ္။ ခ်ိဳင့္ဝွမ္းမွာ လွပတဲ့ ရႈခင္းေတြရွိၿပီး ဖုံးကြယ္ထားတဲ့ေနရာမွာ ေနရတာက အရမ္းေကာင္းပါတယ္။
"စကားမစပ္၊ အဲ့ဒါအျပင္ မ်ိဳးႏြယ္စုေခါင္းေဆာင္ႏွစ္ေယာက္နဲ႕လည္း ေဆြးႏြေးစရာရွိတယ္"
"ဘာကိစၥမ်ားလဲ?" Erနဲ႕ပုက်ီက တစ္ေယာက္ကို တစ္ေယာက္ ၾကည့္လိုက္ၿပီးေနာက္ ပိုင္မုကို သံသယနဲ႕ၾကည့္လိုက္တယ္။
"အဲ့ဒါက ကြၽန္ေတာ္တို႔ရဲ႕မ်ိဳးႏြယ္စုႏွစ္ခုမွာ လူအမ်ားႀကီး မရွိဘူးေလ သားရဲအုပ္က အခု ပို,ပိုႀကီးလာၿပီ ေနာက္လာမယ့္ သားရဲအုပ္မတိုက္ခိုက္ခင္မွာ ကြၽန္ေတာ္တို႔ လုပ္စရာေတြ အမ်ားႀကီး ရွိေသးတယ္ အဲဒါ ၿပီးေျမာက္ဖို႔ မ်ိဳးႏြယ္စုႏွစ္ခုရဲ႕ စုေပါင္းအားထုတ္မႈ လိုအပ္ပါတယ္ ျဖစ္နိုင္မယ္ဆိုရင္ မ်ိဳးႏြယ္စုႏွစ္ခုလုံးက လူေတြက တစ္ေနရာတည္းမွာ အတူေနနိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ ဒါဆို မ်ိဳးႏြယ္စုႏွစ္ခုရဲ႕ မ်ိဳးႏြယ္စု၀င္ေတြကို အတိုင္းအတာတစ္ခုထိလည္း ကာကြယ္ေပးနိုင္လိမ့္မယ္"
Chapter 69.2
ပိုင္မုက သူေျပာသလိုမ်ိဳး မ်ိဳးႏြယ္စုေခါင္းေဆာင္ႏွစ္ေယာက္က လုပ္နိုင္မလားဆိုတာ ေအးေအးေဆးေဆး ေစာင့္ၾကည့္ေနတယ္။ မ်ိဳးႏြယ္စုႏွစ္စုကို ေပါင္းနိုင္မလားဆိုတာ သူမသိေပမယ့္ ဒါက သူတို႔ရဲ႕ အေကာင္းဆုံး ေ႐ြးခ်ယ္မႈပါပဲ။
Erနဲ႕ပုက်ီက နားေထာင္ၿပီးေနာက္ တိတ္ဆိတ္သြား
ၿပီး ပိုင္မုေျပာခ်င္တာကို သူတို႔အားလုံး သိၾကတယ္။ သို႔ေသာ္ ယင္းက မ်ိဳးႏြယ္စုရဲ႕ အနာဂတ္ ဖြံ႕ၿဖိဳးတိုးတက္မႈနဲ႕သက္ဆိုင္ၿပီး သူတို႔က အလြယ္တကူ ဆုံးျဖတ္ခ်က္မခ်နိဳင္ပါဘူး။ ကူညီေပးတာကေတာ့ တျခားကိစၥတစ္ခုေလ။ အခ်ိန္အၾကာႀကီး အတူတကြေနထိုင္ရမယ္ဆိုတာက မိသားစုႏွစ္ခုကို ေပါင္းစည္းျခင္းနဲ႕ ညီမွ်တယ္။ အဲဒါကို သူတို႔ ေသခ်ာစဥ္းစားရလိမ့္မယ္။
မ်ိဳးႏြယ္စုေခါင္းေဆာင္ႏွစ္ေယာက္ ႏႈတ္ဆိတ္ေနတာကို ျမင္လိုက္ရေတာ့ ပိုင္မုက မွတ္ခ်က္မေပးခဲ့ဘူး။ “ဒါက အခု ဆုံးျဖတ္ခ်က္ခ်ေပးဖို႔ အလ်င္မလိုပါဘူး အဲဒါက ကြၽန္ေတာ္လုပ္ၾကည့္ခ်င္ေနတဲ့ ကြၽန္ေတာ့္ရဲ႕ ကိုယ္ပိုင္နည္းလမ္းျဖစ္႐ုံပါပဲ မ်ိဳးႏြယ္စုေခါင္းေဆာင္တို႔ႏွစ္ေယာက္ ေဆြးႏြေးၿပီး ႏွင္းေတြေပ်ာ္က်သြားၿပီးေနာက္မွ ေနရာကို ကြၽန္ေတာ္တို႔သြားၾကည့္ၾကတာေပါ့ အဲ့ဒီေတာ့မွ ဆုံးျဖတ္ခ်က္ခ်တာကလည္း အခ်ိန္မႏွောင္းေသးပါဘူး" ထို႔ေၾကာင့္ မ်ိဳးႏြယ္စုေခါင္းေဆာင္ႏွစ္ဦးက တြန႔္ဆုတ္စြာ ေခါင္းညိတ္ကာ သေဘာတူလိုက္ၾကတယ္။ ပိုင္မုေျပာတာမွန္တယ္ဆိုတာ အားလုံးသိၾကေပမယ့္ ဒါက အဓိကအေရးႀကီးကိစၥျဖစ္ၿပီး အလ်င္စလိုမလုပ္သင့္ပါဘူး။
ခ်ိဳင့္၀ွမ္းက ေနထိုင္ဖို႔အတြက္ တကယ္ကို သင့္ေတာ္တယ္ဆိုရင္ သူတို႔ လူဘယ္ေလာက္ ကယ္တင္နိုင္မလဲဆိုတာ ပိုင္မုက သူ႕ဘာသာသူေတြးေနတယ္။ မူလအစီအစဥ္အရ ပိုင္မုက ခမ္းနားထည္ဝါတဲ့ ၿမိဳ႕ရိုးတည္ေဆာက္ဖို႔ အခ်ိန္ဘယ္ေလာက္ၾကာမယ္၊ လူအင္အားနဲ႕ ပစၥည္းအရင္းအျမစ္ ဘယ္ေလာက္ယူရမယ္ဆိုတာကို အမွန္တကယ္မသိပါဘူး။ တကယ္ေတာ့ ကာကြယ္ေရးအတိုင္းအတာကို ေလွ်ာ့ခ်ဖိဳ႕ အစီအစဥ္ကိုလည္း သူျပင္ဆင္ထားတယ္။
သူအၿမဲဂ႐ုစိုက္ခဲ့တဲ့အရာေတြက ပို,ပိုေကာင္းမြန္လာဖို႔ ေမွ်ာ္လင့္ၿပီး သူက လိန္းက်ယ္နဲ႕အတူ ျပန္သြားခဲ့တယ္။သူအိမ္ျပန္ေရာက္သြားတာနဲ႕ ခဲယ္လ္တစ္က သူ႕ကို ပါပီမ်က္လုံးေတြနဲ႕ ႏႈတ္ဆက္ခဲ့ၿပီး ဒါက လိန္းက်ယ္ကို အနည္းငယ္ရယ္ခ်င္သြားေစတယ္။
"ပိုင္မု မင္း ခဏထိုင္ၿပီး အနားယူလိုက္ အခ်ိန္အၾကာႀကီး အျပင္ထြက္ၿပီးရင္ မင္း မပင္ပန္းဘူးလား"ခဲယ္လ္တစ္က ပိုင္မုရဲ႕လက္တစ္ဖက္ကို ဆုပ္ကိုင္လိုက္တာနဲ႕ ေအးစက္သြားသလို ခံစားလိုက္ရၿပီး လက္ကို အျမန္အုပ္ထားဖို႔ ကူညီေပးလိုက္တယ္။ "မီးက ႏြေးတယ္ မင္းလက္ကို ကိုယ္အုပ္ထားေပးမယ္"
"ကြၽန္ေတာ္ေနေကာင္းပါတယ္ ဒါေပမယ့္ ေဆးေသာက္ၿပီးၿပီလား" ခဲယ္လ္တစ္ရဲ႕ဒဏ္ရာ အနည္းငယ္သက္သာလာၿပီးေနာက္မွာ သူက ေဆးေသာက္ရတာကို အေတာ္ေလးျငင္းဆန္ခဲ့ၿပီး သူက ကေလးလို လုပ္ခ်င္ခဲ့တယ္။သူတို႔ေတြ စိုက္ၾကည့္မွပဲ ေသာက္ေလ့ရွိတယ္။
"အစ္ကိုႀကီး ေဆးမေသာက္ရေသးဘူး" ခဲယ္လ္တစ္ စကားမေျပာရေသးခင္မွာ တေပါက သူ႕ကို ေရာင္းစားလိုက္တယ္။
ခဲယ္လ္တစ္က တေပါကို စူးစူးရဲရဲ စိုက္ၾကည့္ၿပီး ပိုင္မုကို ျမႇောက္ပင့္ခ်င္သလိုမ်ိဳး ၿပဳံးျပလိုက္တယ္။ "ပိုင္မု ကိုယ္အဆင္ေျပပါတယ္ ေဆးေသာက္စရာ မလိုေတာ့ဘူး ဒါက အရမ္းျဖဳန္းတီးရာက်တယ္" ေဆးထဲက ထူးဆန္းတဲ့အနံ႕ကို သူမုန္းတယ္။ သူဖ်ားေနတုန္းကေတာ့ လိုလိုလားလား ေသာက္တယ္။ ဒါက လိုအပ္ခ်က္ေၾကာင့္ ေသာက္ရတာျဖစ္ေပမယ့္လည္း အခု သူေပ်ာက္သြားၿပီေလ။ ဆက္ေသာက္ဖို႔ မလိုေတာ့ပါဘူး။
"အန္းခ်ီေလာ့ မင္းအစ္ကိုႀကီးရဲ႕ေဆးကို ယူလာပါဦး" ပိုင္မုက သူ စီစဥ္တဲ့လမ္းေၾကာင္းအတိုင္းမလိုက္ဘဲ ပြဲၾကည့္ေနတဲ့ အန္းခ်ီေလာ့ကို ေဆးယူလာခိုင္းတယ္။
"ေကာင္းၿပီ ကြၽန္ေတာ္ အၿမဲ အပူေပးထားတယ္" အခုလက္ရွိမွာ သူတို႔အားလုံးက အစ္ကိုႀကီးပိုင္မုစကားကို နားေထာင္ၾကတယ္။ဘာပဲျဖစ္ျဖစ္ သူ႕အစ္ကိုကလည္း အစ္ကိုႀကီးပိုင္မုစကား နားေထာင္တာပဲကို။
ပိုင္မုက အန္းခ်ီေလာ့ယူလာတဲ့ ေဆးကို ခဲယ္လ္တစ္ဆီေပးလိုက္ၿပီး သူ႕ကို စိုက္ၾကည့္ကာ ေသာက္ခိုင္းလိုက္တယ္။ ခဲယ္လ္တစ္က ပန္းကန္ကိုကိုင္ရင္း တုံ႕ဆိုင္းသြားေပမယ့္ ပိုင္မုက သူ႕ကို စိုက္ၾကည့္ေနတာကို ျမင္ေတာ့ ေနာက္ဆုံးမွာ ေဆးကို ေသာက္လိုက္ရတယ္။
သူေဆးေသာက္ၿပီးတာကို ၾကည့္ၿပီး ပိုင္မုက သူ႕ကို ေမပယ္ရည္တစ္႐ြက္ ေဆးပန္းကန္ထဲ ထည့္ေပးတယ္။ ခဲယ္လ္တစ္က ၿပဳံးၿပီး သၾကားကို ပါးစပ္ထဲထည့္လိုက္တယ္။ အခ်ိဳေတြက သူ႕ပါးစပ္ထဲမွာ ျပည့္လွ်ံေနၿပီး သူ႕ႏွလုံးသားထိ တျဖည္းျဖည္း ဖုံးလႊမ္းသြားတယ္။ ဒီလိုဆိုေတာ့လည္း ေဆးေသာက္ရတာ သိပ္မဆိုး၀ါးပါဘူး။
တေပါနဲ႕အန္းခ်ီေလာ့တို႔က သူတို႔အစ္ကိုႀကီးရဲ႕ တုံးအလွတဲ့ပုံစံကို သည္းမခံနိုင္ၾကေတာ့ဘူး။ သူတို႔အစ္ကိုႀကီးက ဒဏ္ရာရၿပီးေနာက္မွာ ပို,ပိုတုံးအလာၿပီး သူ႕အၿပဳံးက တစ္ေန႕လုံး ေပ်ာ္႐ႊင္မႈေတြနဲ႕ ျပည့္ႏွက္ေနေလ့ရွိတာက သူတို႔မ်က္လုံးေတြကိုေတာင္ ကန္းေစေတာ့မလိုပဲ။ဒါေပမယ့္ သူတို႔အစ္ကိုႀကီးအတြက္ သူတို႔ အရမ္းေပ်ာ္႐ႊင္ေနၾကဆဲပါပဲ။ေနာက္ဆုံးေတာ့ ပိုင္မုက သူတို႔ရဲ႕ tower(မရီး)ျဖစ္လာေတာ့မယ္။
"ပိုင္မု မင္း မ်ိဳးႏြယ္စုေခါင္းေဆာင္နဲ႕ တျခားသူေတြ ကို ေျပာခဲ့တာေတြက အမွန္ေတြလား" ပိုင္မုနဲ႕ ခဲယ္လ္တစ္တို႔က လတ္တေလာမွာ လွ်ို႔ဝွက္ဆန္းၾကယ္စြာနဲ႕ တစ္စုံတစ္ခုေၾကာင့္ တပူးတြဲတြဲျဖစ္ေနၾကတာကို လိန္းက်ယ္သိေပမယ့္လည္း ႏွစ္ေယာက္သားက အက်ယ္တဝင့္မေျပာျပခဲ့ၾကတာေၾကာင့္ သူတို႔က အနည္းငယ္သာ သိၾကပါတယ္။ သူတို႔ရဲ႕ မိသားစုဝင္ေတြကို ယုံၾကည္ေလးစားမႈေၾကာင့္ အေသးစိတ္မေမးခဲ့ၾကဘဲ တိတ္တိတ္ေလးပဲ အားေပးေနခဲ့ၾကတယ္။ဒီေန႕ ပထမဆုံးအႀကိမ္အျဖစ္ သူတို႔ ဘာေတြလုပ္ေနတယ္ဆိုတာကို အေသးစိတ္ သိလိုက္ရေတာ့ သူ အရမ္းအံ့ၾသသြားတယ္။
လိန္းက်ယ္ငယ္စဥ္အခါတုန္းက သူရဲ႕သားရဲဖခင္က သားရဲအုပ္ရဲ႕ တိုက္ခိုက္မႈေၾကာင့္ ေသဆုံးသြားခဲ့ၿပီး သားရဲဖခင္ကို အၿမဲခ်စ္တဲ့သူ႕အေမက မၾကာမီ အျပင္းဖ်ားသြားခဲ့တယ္။ သားရဲအုပ္ရဲ႕ တိုက္ခိုက္တာခံရတဲ့အတြက္ေၾကာင့္ orc မ်ိဳးႏြယ္စုထဲက မိသားစုဘယ္ေလာက္က
ၿပိဳကြဲသြားရလဲ။ သူတို႔ရဲ႕ အစီအစဥ္သာ တကယ္ေအာင္ျမင္ခဲ့ရင္ ဒီလိုနာက်င္ရတဲ့ဘ၀မ်ိဳးနဲ႕ ေသျခင္းေတြကို ေလ်ာ့ပါးသြားေစနိုင္တယ္။
သူတို႔က ေဆာင္းရာသီတိုင္းမွာ မ်က္ရည္ေတြ အမ်ားႀကီးက်ခဲ့ရတယ္။ ဒါေၾကာင့္ ပိုင္မုရဲ႕ အစီအစဥ္ကို အေကာင္အထည္ေဖာ္ဖို႔ လုပ္ၿပီးတဲ့ ေနာက္မွာေတာ့ လိန္းက်ယ္က သူ႕မ်က္ႏွာမွာ ေဖာ္မျပထားေပမယ့္ သူ႕စိတ္ထဲမွာေတာ့ အရမ္းစိတ္လႈပ္ရွားေနခဲ့တယ္။
"အင္း အမွန္ေတြပါ ဒါေပမယ့္ မ်ိဳးႏြယ္စုေခါင္းေဆာင္ေျပာခဲ့တဲ့ ခ်ိဳင့္ဝွမ္းက ေနထိုင္လို႔ေကာင္းရင္ အေကာင္းဆုံးပဲ" လိန္းက်ယ္ရဲ႕အမူအရာကိုၾကည့္ၿပီး ပိုင္မုက ေလးေလးနက္နက္ျပန္ေျဖတယ္။
"မ်ိဳးႏြယ္စုေခါင္းေဆာင္ေျပာခဲ့တဲ့ ခ်ိဳင့္၀ွမ္းကို ငါသိတယ္ အမဲလိုက္တုန္းက ခနေလာက္ ေနခဲ့ဖူးတယ္" လိန္းက်ယ္က လွပတဲ့ခ်ိဳင့္ဝွမ္းကို ျပန္ေျပာင္းေတြးေတာလိုက္ၿပီး ေ႐ႊ႕ေျပာင္းဖို႔ မတြန႔္ဆုတ္ခဲ့ပါဘူး။
"အိုး ႏွင္းေတြေပ်ာ္ၿပီးေနာက္မွာ တခ်က္သြားၾကည့္ၾကရေအာင္" ပိုင္မုက ၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႕ ေျပာလိုက္တယ္။သူ ျမင္ရဖို႔ မေစာင့္နိုင္ေတာ့ဘူး။
"မင္းတို႔ ဘာေတြေျပာေနတာလဲ ငါတို႔ ဘာလို႔နားမလည္ရတာလဲ" အိမ္မွာ ရွိေနတဲ့ လူအနည္းငယ္က သူတို႔ေျပာေနတာေတြကို နားမလည္ဘဲ မ်က္ႏွာေပၚက ??အမွတ္အသားေတြနဲ႕အတူ ပိုင္မုတို႔ကို ၾကည့္ေနၾကတယ္။