ဒီနေ့နဲ့ဆို Taehyung လဲဆေးရုံက ဆင်းတာ
နှစ်ရက်လောက်ရှိပြီ ။
များများ စားစားတော့မထိမိသွားပါဘူး ။
ခုတော့ ပုံမှန်အတိုင်းပြန်ဖြစ်သွားပါပြီ ။
ကျောင်းသွားလိုက် ဘာသွားလိုက်ပေါ့ ။
သူလဲသက်သာနေပါပြီ နောက်သုံးလေးရက်ဆို အရှင်းပျောက်ပြီ ထင်သာပဲ ။ အမာရွတ်လေး တော့ကျန်ထားမှာပေါ့..။ ဘယ်လိုပဲဖြစ်ဖြစ် သူကျေနပ်သည် ။
Jung kook သည် ကားလေးကိုဖြေးဖြေးမှန်မှန်မောင်းနေပြီး
ကျောင်းကိုအရင်မသွားသေးဘဲ
တစ်နေရာကိုဦးတည်လိုက်သည်။
သူ့မှာလဲ အလုပ်ကိစ္စတွေကရှိသေးတယ်လေ
ကျောင်းတစ်ဖက်တည်းမှမဟုတ်တာ ။
သူပိုင်တဲ့ ကာစီနိုရုံထဲသို့ဝင်သွားလိုက်တော့
Taehyung နဲ့ ho-seok hyung ကရောက်နှင့်နေပြီ ။
“ နောက်ကျလှချည်လား "
“ နောက်မကျပါဘူး မင်းတို့ကသာစောနေတာ "
Taehyung အပြောကိုသူထိုသို့ ပြန်ချေပ့လိုက်သည် ။
“ အောင်မယ် ငါ့တို့ကိုကျ နောက်ကျရင် ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ သူနောက်ကျရင်ကျ မပြောချင်ဘူး "
သူ့အား ပွစိပွစိပြောနေသော Taehyung အား
“ ငါ ကြားတယ်နော် " လို့ပြောလိုက်ပြီး ကားကော့အား
မြောက်ကာ အရှေ့ကနေ ဦးဆောင်သွားလိုက်သည် ။
ho-seok က မလွယ်ဖူးဆိုသည့် သဘောနှင့်ခေါ်င်းယမ်းပြီး
ပြုံးကာ လိုက်ခဲ့သည် ။
ဒီကလေးတွေ တကယ်လို့ ငါများမရှိတော့ရင်ဘယ်လိုများ
နေကြမလဲ နော် 'ဆိုတဲ့ စိုးရိမ်စိတ်လေး တော့သူ့မှာရှိသည် ။
အလုံပိတ်အခန်းပုံစံမျိုး နဲ့ထိုအခန်းတွင် မီးသီးတစ်လုံးသာ
ထွန်းထားသည် ။
အအေးဓာတ်လဲများတာကြောင့် ထိုအခန်းသည်တော်တော်လေး အေးသည် ။
ဟိုနေ့က လူကို ဒီအခန်းထဲမှာ ချုပ်ထားသည် ။
သူတို့လူသုံးယောက်နဲ့ ၊ ဟိုလူ နောက် သူတို့သုံးယောက်နဲ့ဆို
အားလုံးပေါင်း အခန်းထဲမှာ ခုနစ်ယောက်ရှိသည် ။
“ သူ့ကိုစည်းထားတဲ့ ပုဝါကိုဖြုတ်ပေးလိုက် "
Jung kook ပြောလိုက်တော့ လူနှစ်ယောက်သည်
ထိုလူမျက်လုံးနဲ့ ပါးစပ်မှာစည်းထားတဲ့ ပုဝါတွေကို
ဖြေပေးလိုက်သည် ။
“ ကဲ ၊ မင်းပြောချင်တာပြောလို့ရပြီ..."
Jung kook သည် ထိုလူ ကိုကြည့်ကာပြောလိုက်တော့
ထိုလူ သည်ပေစောင်းစောင်းပင်သူ့အားကြည့်လာသည် ။
ခုချိန်မှာလာပြီးမှများ မာန်ကြွနေသေးတယ်
ဘယ်သူ့ပိုင်နက်ရောက်နေလဲဆိုတာ မေ့နေတာထင်တယ် ။
“ ငါ့မှာဘာပြောစရာမှမရှိဘူး..."
Jung kook သည် ခပ်ပါးပါးသာရယ်လိုက်ပေမယ့်
သူ့ရယ်သံကို အခန်းထဲကလူတွေသေချာပေါက်ကြားနိုင်လိမ့်မည်။
“ မင်း မှာမရှိဘူးပေါ့ ၊ ok....ငါ့မှာတော့ရှိတယ်...၊ ဘဝကို ဆက်ပြီးဖြတ်သန်းချင်သေးတယ်ဆိုရင်တော့ မေးတဲ့အတိုင်းမှန်မှန်ဖြေပေါ့ ၊ မဖြတ်သန်းချင်တော့ဘူးဆိုလဲ သဘောဘဲ ၊အဲ့ဒီအတွက် ငါတို့ကဝမ်းနည်းမှာလဲမဟုတ်ဘူး "
ထိုသို့ပြောလိုက်တော့ ထိုသူမျက်နှာဟာ အနည်းငယ်
မဲသွားသည် ။
“ မင်းကိုဘယ်သူလွတ်လိုက်လဲဆိုတာကိုသာ ပြောစမ်းပါ.."
“ ငါကိုဘယ်သူမှမလွတ်ဘူး "
“ သေချာလို့လား "
“ အွန်း "
“ သစ္စာရှိမှုကြောင့် မင့်သခင်ကပျော်နေတော့မှာပဲ ၊ မဖြေချင်သေးဘူးဆိုလဲရတယ် ငါ့ဘက်ကမင်းဖြေတဲ့အထိစောင့်နေမှာမို့လို့ မင်းသာ အဆုံးထိနှုတ်ပိတ်နိုင်ပါစေ "
“ သူ့ကိုဆက်ပိတ်ထားလိုက် "
ဆိုကာ သူတို့သုံးယောက်ထို အခန်းထဲကထွက်လာခဲ့သည် ။
နောက် ကျောင်းကိုသာ ဦးတည်မောင်းခဲ့ကြသည် ။
.......................။
“ jimin...."
“ အင်း "
သူစာရေးနေရင်းနဲ့ပင်ပြန်ထူးလိုက်သည် ။
“ ဟိုမှာမင့်ကိုတွေ့ချင်လို့တဲ့..."
“ ဘယ်သူလဲ..."
“ ငါတို့လဲမသိဘူး...ကောင်မလေးတစ်ယောက်ပဲ "
Jimin သည် ခနတွေဝေသွားသည် ။
မိန်းကလေးအသိငါ့မှာမှမရှိတာ ။
ဘယ်သူလဲ? ။
“ ဘယ်မှာလဲသူက "
“ ဟိုပန်းခြံအသေးလေးနားမှာစောင့်နေမယ်လာခဲ့တဲ့ "
အမယ် မခန့်တာ ။
“ ဟုတ်ပြီ "
Jimin သည်ထိုပန်းခြံအသေးထဲသို့ဦးတည်သွားလိုက်သည် ။
ပန်းခြဲထဲရောက်တော့ ခုံတန်းရှည်မှာထိုင်နေတဲ့
ဆံပင်ဂုတ်ဝဲလေးနဲ့ ကောင်မလေးသည် သူ့အား လက်ပြလာသည်။ ဒီကောင်မလေးကိုသူတစ်ခါမှမမြင်ဖူးပါ ။
ကောင်မလေးနားသို့သွားလိုက်ကာ အရှေ့မှာ
မတ်တပ်ရပ်နေလိုက်သည် ။
“ ဟို...ထိုင်ပါ..၊ ကျွန်မ မှာစကားလေးပြောစရာရှိလို့ခေါ်လိုက်တာပါ...အနှောက်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်..."
“ ရပါတယ် "
ထိုသို့ပြောကာ jimin သည်ထိုမိန်းကလေးနားထိုင်လိုက်သည် ။ကြည့်ရတာတော့ သူနဲ့အသက်တူတူလောက်ပဲဖြစ်မည် ။
“ ဟို...Jung kook oppa နဲ့ သိတာလား "
ဟင်...အကို့ နာမည်ကို ဒီမိန်းကလေးကဘာလို့သိနေရတာလဲ?
ပြီးတော့ သူ့ကိုဘာလို့အဲ့လိုမေးတာလဲ? ။
“ အကို နဲ့လား သိတယ်လေ ၊ ဘာဖြစ်လို့လဲ "
သူထိုသို့ဖြေလိုက်တော့ မိန်းကလေးသည် သူ့အား
မျက်လုံးပြူး ၊ မျက်စံပြူးနဲ့ကြည့်လာသည် ။
“ အကို...လို့ပြောလိုက်တာလား? Jung kook oppa ကို အကိုလို့ခေါ်တာလား "
“ အင်းလေ အကို လို့မခေါ်တော့ ငါကဘယ်လိုခေါ်ရမှာလဲ "
သူမကျေနပ်သလိုပြန်ဖြေလိုက်သည် ။
“ ဟင့်...ဒါဆို ကြားထားတဲ့သတင်းက အမှန်ပေါ့ Jung kook oppa နဲ့က တကယ်တွဲနေကြတာပေါ့.."
“ ဘယ်လို "
ထိုမိန်းကလေးသည် ငိုမဲ့မဲ့ဖြင့်ပြောလာတော့သူ့မှာကြောင်သွားသည် ။
တွဲတယ် ။ သူနဲ့အကိုက အဲ့လောက်တောင်အထင်လွဲစရာဖြစ်နေလို့လား ။ ဒါနဲ့ဘာလို့ ဒီမိန်းကလေးကလဲ ငိုမဲ့မဲ့ဖြစ်နေရတာလဲ ။
“ တွဲနေကြတာလားလို့ပြောတာ..."
“ မတွဲပါဘူး..."
“ ဒါဆို...ဘာလို့တတွဲတွဲလုပ်နေကြတာလဲ...၊ အဲ့လိုမျိုးနေတာ ကျွန်မ မကြိုက်ဖူး.."
မိန်းကလေးသည် မထင်မှတ်စရာ စကားတွေသာပြောလာတော့ သူ့မှာ အလွန်အံ့အားသင့်မိသည်။
မဟုတ်သေးပါဘူး ဒီမိန်းကလေးက ဘာဖြစ်ချင်နေတာလဲ ?။
“ ဒီမှာ မိန်းကလေး...ဒါက ငါတို့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေပါ "
“ ကျွန်မ မကြိုက်ဘူးဆိုရင် ရပ်လိုက်လေ..."
Jimin စိတ်ထဲတွင် အလွန်ဒေါသထွက်နေပြီဖြစ်သည် ။
ဘယ်လို လူမျိုးတွေလဲနော်...။
“ တကယ်လို့ ငါတို့တွဲနေတယ်ဆိုရင်တောင် မင်းမှာဝင်စွတ်ဖက်ပိုင်ခွင့်မရှိဘူး "
“ ဘာ ! "
ထိုမိန်းကလေးသည် မတ်တပ်ရပ်ကာ သူ့ကိုကိုင်ထားတဲ့
အအေးဗူး နဲ့ပက်ပစ်လိုက်သည် ။
မထင်မှတ်ထားတဲ့ လုပ်ရပ်ကြောင့် သူ့မှာတော်တော်လေး
ကြောင်သွားသည် ။
ခေါင်းတွေကနေ စီးကျလာတဲ့ သရက်သီး အအေးစက်တွေသည် သူ့ကိုမိုင်ကုန်ဒေါသထွက်စေသည် ။
သို့သော် မိန်းကလေး တစ်ယောက်ဖြစ်နေလို့သာ
သူ သည်နေရာမှာငြိမ်နေခြင်းသာ ။
“ ဘာလို့ဝင်စွတ်ဖက်လို့မရမှာလဲ "
jimin သည် လုံးဝစိတ်မထိန်းနိုင်တော့ကာ ထိုင်ခုံမှထလိုက်ချိန်တွင်...
“ jimin..."
သူ့နာမည်ခေါ်ကာ အပြေးရောက်လာသောသူသည်
သေချာပေါက် အကိုပင်....
သူအကို့ကို လှည့်ကြည့်လိုက်တော့ အကိုသည် သူ့ကို
စိုးရိမ်တဲ့အကြည့်တွေနဲ့ကြည့်နေသည် ။
သူကျောင်းရောက်တော့ ကောင်လေးသည် ကောင်မလေး
တစ်ယောက်နဲ့စကားပြောနေတာတွေ့တော့
မကျေနပ်သလိုဖြစ်သွားမိသည် ။
ထိုကောင်မလေးကို jieun လို့လဲ သူမထင်ခဲ့မိပါ ။
ကြည့်နေရင်းမှာပဲ ကောင်လေးမျက်နှာဟာ ပိုတင်းမာလာသည်။ နောက်မှာတော့ ထိုကောင်မလေးသည် ကောင်လေးကို လက်ထဲက အရည်တစ်ခုခုနဲ့ပက်ပစ်လိုက်တာကိုမြင်တော့
သူပင်တော်တော်ဒေါသထွက်သွားသည် ။
ကောင်လေးဆီပြေးသွားလိုက်တော့ ကောင်လေးသည်
သူ့ကို မျက်ဝန်းနီနီတွေနဲ့ကြည့်လာသည် ။
ကောင်လေးတော်တော်ဒေါသထွက်နေပြီ ။
သူ အကို့ဆီကနေမျက်နှာလွဲလိုက်ပြီးထိုမိန်းကလေးကိုပြန်ကြည့်လိုက်သည် ။
“ Jung kook oppa "
ထိုမိန်းကလေးသည် အကို့ ကိုတွေ့တော့ အံ့ဩသွားဟန်တူသည် ။
“ jieun! "
Jieun တဲ့လား? ။
အကိုနဲ့က တကယ်အဲ့မိန်းကလေးနဲ့သိတာလား ။
*တောက်စ်* စိတ်တိုလိုက်တာ ။
“ jieun ... jimin..ကိုဘယ်လိုလုပ်လိုက်တာလဲ...! "
“ ဟို...အဲ့တာက...jieun..."
“ ငါ့ကိုဆင်ခြင်တွေမပေးနဲ့..ဘာလို့ဒီလိုလုပ်ရတာလဲ.."
“ Jung kook oppa နဲ့တွဲတာမကြိုက်လို့လေ...၊ jieun ကိုကျ Jung kook oppa က မချစ်နိုင်ဘူးဆိုပြီးငြင်းပြီး....၊ သူ့လို ယောင်္ကျားလေး တစ်ယောက်ကိုကျ လက်တွဲတယ်....၊တရားလား ဖြေလေ "
“ မင်း...*ကျစ်* "
Jimin ထွက်လာခဲ့လိုက်သည် ။
ထိုမိန်းကလေးပြောသော စကားများကို နားထောင်နေရင်
သူ့ကိုပိုဒေါသထွက်စေရုံအပြင်ရှိမှာမဟုတ်ဘူး ။
တကိုယ်လုံးလဲ နံစော်နေပြီ ။
Jimin သည် သူ့အိတ်တောင်ဝင်မယူဘဲ
ကားမောင်းကာ ထွက်သွားခဲ့သည် ။
အဝါရောင်ပြိုင်ကားလေးသည် အရှိန်နဲ့မောင်းထွက်သွားတာကို သူမျက်စိတစ်ဆုံးကြည့်နေမိသည် ။
ကားရိပ်လေးပျောက်သွားမှ သူ jieun ဘက်ကိုပြန်လှည့်လိုက်သည် ။
“ မင်း လုပ်ပုံကတော်တော်လွန်တယ်နော်..."
“ jieun... Jung kook oppa အပေါ် ဘယ်လိုသဘောထားလဲဆိုတာ Jung kook oppa လဲသိမှာပါ....၊ဒါကို jieun ဘက်ကိုမကြည့်ပေးဘူး....၊ သူ့နဲ့တွဲနေတာလား တွဲနေတယ်ဆိုရင်လဲကိုဖြတ်လိုက်ပါ....jieun မကြိုက်ဘူး ၊ jieun မကြိုက်သလို...Jung kook oppa ရဲ့ အမေကလဲ ကြိုက်မှာမဟုတ်ဘူး..."
“ ငါမင်းကို စကားကုန်အောင်ပြောလိုက်မယ်....၊ ငါနဲ့ကောင်လေးနဲ့တွဲနေတယ်ဆိုရင်တောင် မင်းမှာဝင်စွပ်ဖက်ပိုင်ခွင့်မရှိဘူး...၊ မင်းနဲ့ကောင်လေးနဲ့ဆို ငါကအမြဲတမ်း သူ့ကိုဘဲရွေးချယ်သွားမှာ..."
Jung kook သည်ထိုသို့ပြောခဲ့ပြီးထွက်လာခဲ့လိုက်သည် ။
အတင့်ရဲလိုက်ပုံများ ။
ကိုယ်ထိလက်ရောက်တောင် လုပ်သွားသေးတယ် ။
Jung kook စိတ်ထဲတွင် ထိုမိန်းကလေးအပေါ်
အခဲမကြေမှုတွေများစွာနဲ့ မျိုသိပ်ထားလိုက်ရသည် ။
မိန်းကလေးတစ်ယောက်ဖြစ်နေလို့သာ မဟုတ်ရင်
ဆွဲထိုးပြီးပြီ ။
တစ်စုံတစ်ယောက်ဖြေလိုက်သော အဖြေကို တစ်စုံတစ်ယောက်ကလဲ မကြားသွားပါ ။
သေချာပေါက် မကြားလိုက်ရတဲ့ ထိုစကားကို ကောင်လေးတစ်ယောက်ကတော့ နှမြောနေလိမ့်မယ် 🤍 ။
.........................။
“ ကျစ် "
ဒေါသတွေသည် ရေပြန်ချိုးပြီးသည်အထိမပြေသေး ။
တပတ်တစ်ထည်နဲ့ ဒေါသထွက်နေတဲ့သူ့ပုံစံက
မကြည့်ကောင်းတာမို့ သူအဝတ်အစား အရင်လဲဖို့
ဆုံးဖြတ်လိုက်သည် ။
အကျီအဖြူအပွနဲ့ အမည်းရောင်ဘောင်းဘီတို ဝတ်လိုက်ပြီး
ကုတင်ပေါ်တက်ကာ ဖုန်းပွတ်နေလိုက်သည် ။
ဒီနေ့ကတော့ သူလုံးဝကျောင်းမသွားဘူးဟုဆုံးဖြတ်ချက်ချကာ ဂိမ်းဆော့နေလိုက်သည်...။
“ WTH! "
“ သေလိုက်ပါတော့ကွာ..."
ဂိမ်းပွဲပေါင်းများစွာဆော့ပေမယ့် တစ်ပွဲမှစိတ်မပါ ။
ရှုံးချည်းရှုံးနေသည် မို့သူစိတ်မရှည်စွာ
ဖုန်းကိုပစ်ထည့်လိုက်သည် ။
ကျသွားလို့ကွဲသွားလဲ အေးရော...။
one go two come ပဲ ။
ကျောင်းက ဖြစ်ရပ်ကိုပြန်တွေးပြီး ရင်ထဲမှာ တနုံ့နုံ့နဲ့
ဒေါသထွက်လာပြန်သည် ။
သူ့ကိုပက်ပစ်လိုက်တဲ့အအေးနံ့ကို သူခုထိရသေးတုန်း။
ခါတိုင်းလိုဆို သူ့လိုဆက်ဆက်ထိမခံက ငြိမ်နေမှာမဟုတ်ဘူး
မိန်းကလေးသာဟုတ်မနေခဲ့ရင် အကိုသာရောက်မလာခဲ့ရင်...။ သူငြိမ်ခံနေခဲ့မှာမဟုတ်ဘူး ။
ခုမှအတွေးပေါ်တယ် အကို့ရှေ့မှာ သူ drama
ခင်းပြလိုက်ရမှာ ။
အဲ့ခါမှ အဲ့ jieun ဆိုတဲ့မိန်းကလေး သူ့ကိုလာမစမ်းရဲတော့အောင် လက်ဖျားခါသွားမှာ ။
စိတ်တွေမှယားလိုက်တာ ။
နောက်တစ်ခါတာထပ်တွေ့ခဲ့လို့ကတော့ သူပဲ လုပ်ပြီး
သူပဲ drama ခင်းပစ်လိုက်မယ် အကို့ရှေ့မှာတင် ။
“ ဂါး....."
သူစိတ်ရှိလက်ရှိအော်ပစ်လိုက်ကာ ခေါင်းအုံးတွေကော
ဖက်လုံးတွေရော ၊ အရုပ်တွေရော တစ်ခုမကျန်
ကုတင်အောက်သို့ လွင့်ပစ်လိုက်သည် ။
“ Ring..Ring "
“ Ring..Ring "
ဖုန်းလာသံကြားတော့ သူမသိသလိုနေလိုက်သည် ။
သေချာပေါက် သူ့သူငယ်ချင်းတွေဆီကဖြစ်မည်။
ကိုင်လိုက်ရင် ကျောင်းပြန်လာဖို့ပြောနေမှာ
ဆိုးလို့မကိုင်ဘဲနေလိုက်သည် ။
ဖုန်းကလဲ ဘယ်နားမှာလဲမသိ ခနကပစ်ပေါက်လိုက်တာ
ဘယ်ရောက်နေမှန်းမသိ အသံသာကြားနေရတာ ။
“ Ring..Ring "
“ Ring..Ring "
“ ဘယ်သူလဲကွာ တော်တော်ခေါ်နိုင်တယ် "
ဖုန်းသည် တစ်ခါမက နှစ်ခါမကလာနေတာကြောင့်
သူ မကိုင်ချင်လဲမရတော့ ။
လိုက်ရှာတော့ ဖုန်းသည် ဘယ်နားမှာမှန်းမသိ ။
“ Ring..Ring "
“ ချီးပဲဟေ့ ဘယ်သူလဲဒီလောက်ခေါ်နိုင်တာ "
သေချာရှာလိုက်မှ ဖုန်းသည် စောင်နဲ့လိပ်ကာနေသည် ။
ဟွန်း ဖုန်းစိမ်းကြီး ဘယ်သူလဲကွာ ။
Jimin သည် အရမ်းခေါ်နိုင်လွန်းတာကြောင့်
စိတ်ပေါက်ပေါက်နှင့် ဖုန်းကိုင်လိုက်ကာ
အော်ပစ်လိုက်သည် ။
“ ဘယ်သူလဲကွာ ၊ ဒီလောက်ထိဖုန်းခေါ်နေတာ!! "
တစ်ဖက်လူရဲ့ဖြေသံကြားမှ သူ့ပါးစပ်သူလက်နဲ့အုပ်လိုက်မိသည်။ လွန်သွားပြီထင်တယ် ။
“ ဟို... jimin..စိတ်အနောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်...ကိုယ် မရည်ရွယ်ပါဘူး "
“ အကို "
“ ဟုတ်တယ် ကိုယ်ပါ "
အကိုက သူ့ phone number ကိုဘယ်လိုရတာလဲ? ။
“ အာ...ရပါတယ် ကျွန်တော်က ကျွန်တော့်သူငယ်ချင်းတွေ စတယ်ထင်လို့ အော်လိုက်မိတာပါ အားနာလိုက်တာ "
“ အားနာစရာမလိုပါဘူး....အချင်းချင်းတွေကို "
“ ဟုတ် "
“ ဒါနဲ့ jimin ကျောင်းမလာတော့ဘူးလား...၊ ကိုယ် ကလာမယ်ထင်လို့မျှော်နေတာ "
အမလေး မလာတော့ဘူးလို့ ငြင်းနိုင်ရက်စရာမရှိ ။
“ ကျွန်တော်..."
“ jimin...ကို jieun အစား ကိုယ်တောင်းပန်ပါတယ်နော်...၊ jimin အရမ်းဒေါသထွက်နေမယ်ဆိုတာ ကိုယ် သိပါတယ် "
“ ဘာလို့ အကို က အဲ့မိန်းကလေးအစားတောင်းပန်ပေးရတာလဲ သူက အကို့ကောင်မလေးလား "
Jimin သည် သိရဲ့သားနဲ့တမင်သက်သက်မေးလိုက်သည် ။
အကို ဘယ်လိုဖြေလာမလဲဆိုတာ သိချင်လို့လေ ။
“ မဟုတ်ပါဘူး... jimin ၊ အထင်မလွဲလိုက်ပါနဲ့...သူနဲ့ကိုယ်နဲ့က ဘားမှမဆိုင်ပါဘူး..."
အကို အလောတကော ရှင်းပြလာတော့ သူ့မှာ ခိုးရယ်လိုက်မိသည်။
“ ပြောသာပဲ၊ ဟိုက ဆိုင်တယ်လို့ပြောတယ်နော်
ကျွန်တော့်ကို "
“ မဟုတ်တာ jimin ၊ တကယ်ဘားမှမဆိုင်တာပါ "
“ သေချာလို့လား "
“ သေချာပါတယ်...၊ jimin ကျောင်းလာခဲ့ပါလား ကိုယ် ရှင်းပြချင်လို့ပါ "
“ ကျောင်းလား ကျွန်တော်မလာတော့ဘူး လုပ်ထားတာ "
“ လာခဲ့ပါ.. jimin ရယ် ၊ ကိုယ့်ကြောင့်ဖြစ်ရတဲ့ ကိစ္စမှာ ကိုယ်သေချာ ရှင်းပြချင်တယ် ၊ jimin ကိုယ့်ကို အထင်လွှဲနေမှာကိုလည်း မလိုလားဘူး "
“ ကျွန်တော် "
“ လာခဲ့ပါ ၊ ကိုယ် စောင့်နေမယ်နော် jimin...၊ လာခဲ့နော် ဒါဆိုစောင့်နေပြီ နော် "
ဆိုကာ ပြောချင်ရာပြောပြီး ဖုန်းချသွားသူသည်
တကယ့် တဇွတ်ထိုး ။
ကျောင်းမသွားတော့ဘူးဟုကြွေးကြော်ထားသူသည်
အကို့ သံကြားတော့ ဖင်က တကြွကြွဖြစ်ချေပြီ ။
ဖုန်းကိုကောက်ကိုင်ကာ အောက်ထပ်သို့အလျင်အမြန်ဆင်း
သွားလိုက်သည် ။
ဘာဖြစ်လဲ သူမသွားဘူးလို့ပြောတာ ဘယ်သူမှ မှမကြားတာ ။
...........................။
ပန်းခြံအသေးလေးရဲ့ ခုံတန်းပေါ်တွင် Jung kook သည်
ကော်ဖီအအေးဗူး နှစ်ဗူးကိုင်ကာ ထိုင်စောင့်နေသည် ။
ကောင်လေး ဒေါသအရမ်းထွက်သွားတယ် ဆိုတာ သူသိပါသည် ။ အဲ့တာကြောင့် ကောင်လေးစိတ်ပြေတဲ့အထိ သူ တောင်းပန်မည် ။
jieun ကိုအဲ့လိုမိန်းကလေးမျိုးလို့ထင်ကိုမထင်ထားသာ
ဘာလို့ဆို သူ့ရှေ့မှာဆို အမြဲတမ်း မခုတ်တက်တဲ့ကြောင်လေးလို။ နောက်ခါအသိပေးထားရမည် ကောင်လေးကို နောက်ထပ် အနောက်အယှက်ပေးမှာဆိုးလို့ ။
ကောင်လေးလာကောလာပ့ါမလားလို့
သူ့မှာရင်မအေးဖြစ်နေရသည်
ဘာလို့ဆို ကောင်လေးက တဇွတ်ထိုးဆန်းသူလေ ။
ဆယ့်ငါးမိနစ်လောက်ကြာတော့ ကောင်လေးကား
ကျောင်းဝန်းထဲသို့ဝင်လာတာကို တွေ့လိုက်သည် ။
တော်ပါသေးတယ် ။
ကောင်လေး ကားထဲကထွက်လာတော့ သူလက်လှမ်းပြကာ
ခေါ်လိုက်သည် ။
“ jimin...ကိုယ် ဒီမှာ "
ကောင်လေးသည် သူ့ဆီသို့လျှောက်လာသည် ။
အကျီအဖြူအပွကို ဘောင်းဘီတိုအပွအမည်းရောင်နဲ့
တွဲဖက်ဝင်ဆင်ထားတဲ့ကောင်လေးဟာ ရိုးရိုးရှင်းရှင်းနဲ့
ကြည့်ကောင်းနေပြန်သည် ။
ကောင်လေး သူ့အနားမှာလာထိုင်တော့
Green Tea နံ့လေးသည် သင်းသင်းလေး ဝင်ရောက်လာသည်။
သူတစ်ဝကြီး ရှိုက်သွင်းလိုက်သည် ၊ ခိုးကြောင်ခိုးဝှက်ပေါ့ ။
မေ့နေတာ လက်ထဲက ကော်ဖီဗူးလေးကို ။
“ jimin...တွက်.."
အကိုသည် သူလက်ထဲသို့ ကော်ဖီဗူးလေးထည့်ပေးလာသည်။
“ ဟုတ် "
ကော်ဖီဗူးလေးကို သူတစ်ချိုက်သောက်လိုက်သည် ။
အင်း အကောင်းဆုံး ကော်ဖီပဲ ။
“ jimin...ကိုယ့်ကို စိတ်မဆိုးဘူးမလား "
Jimin အကို့ ကိုလှည့်ကြည့်လိုက်သည် ။
“ ကျွန်တော်က ဘာလို့ အကို့ ကိုစိတ်ဆိုးရမှာလဲ "
Jimin ရယ်ကျဲကျဲလုပ်ကာ ပြန်ဖြေလိုက်သည် ။
“ ဖြစ်သွားတဲ့ ပြဿနာက ကိုယ့် ကြောင့်မို့လို့လေ "
“ အကို နဲ့မဆိုင်ပါဘူး "
Jimin သည်အကို့အား မျက်စောင်းမမည်သော
မျက်စောင်းသေးသေးလေးထိုးကာ ပြောလိုက်သည် ။
“ သူက ကိုယ့် အိမ်ဘေးနားကပါ..."
“ အော်..."
“ ဒါပေမယ့် ကိုယ်လည်း သူ့ကို ကြည့်လို့မရပါဘူး..."
“ ဘယ်လို "
အကို ပြောလာသောစကားလုံးကြောင့် သူ့မှာရယ်မိတော့မည်။
အကို က သိပ်ပွင့်လင်းလိုက်တာ။
“ ကိုယ့်ကိုလိုက်လိုက်ကပ်နေလို့လေ..."
“ အော်..."
အော်...ဆိုတဲ့နောက်
သူလဲကော်ဖီသောက် ကိုယ်လဲကောက်ဖီသောက်ရင်း
စကားလုံးတွေက ခေတ္တပျောက်ရှသွားပြန်သည် ။
နှစ်ယောက်ထဲ ရှိချိန်ဘာပြောရမှန်းမသိ ။
“ jimin.."
နောက်မှာတော့ Jung kook ဘက်က စကားစလိုက်သည် ။
“ ဗျာ "
“ အရင်တစ်ခေါက်က jimin...ကိုယ့်ကို လက်ဆောင်ဆိုပြီး Tulips အဝါရောင်တွေ ပေးတယ်မလား "
အကို ကဘာလို့အခု ပြန်ပြောနေရတာလဲဆိုတာ
နားမလည်ပေမယ့် သူခေါင်းညိမ့်ပြလိုက်သည်။
“ ဟုတ် "
“ အဲ့တာ သူ့ အဓိပ္ပာယ် ကဘာလဲဟင် ၊ ကိုယ်သိချင်နေတာ.."
“ Tulips အဝါရောင် က * ခွန်အားနဲ့ ပျော်ရွှင်မှု * တဲ့ အကို "
အကို ကသူ့ကို ထိုမေးခွန်းမေးလာတော့
သူ မဆုတ်စိုင်းပဲဖြေလိုက်သည် ။
ဆုတ်စိုင်းနေစရာမှမလိုဘဲ ဒီမေးခွန်းရဲ့ အဖြေကို
သူမသိတာမှမဟုတ်တာ ။
အကို ကဘာလို့သိချင်တာလဲ လို့တော့ သူပြန်မမေးမိတော့ ။
အကို သိချင်ရင် ဖြေပေးလိုက်မည် ။
ဘာလို့ဆိုတဲ့ အကြောင်းပြချက်မလို ။
အကို ကသူ့အတွက် reason မဲ့ပါပဲ ။
အကို ဆိုသူကတော့ ထို Tulips အဝါရောင်ရဲ့ အဓိပ္ပာယ်ကို
နက်နက်နဲနဲ စဉ်းစားနေသည် 💛 ။
: လိုအပ်တဲ့နေရာတွေရှိရင် ဝေဖန်နိုင်ပါတယ် ။
: messenger ကနေတစ်ဆင့် အကြံဉာဏ် ပေးလို့လည်းရပါတယ် ။
######################
######################
( ZG )
နှစ်ရက်လောက်ရှိပြီ ။
“ နောက်ကျလှချည်လား "
ပြုံးကာ လိုက်ခဲ့သည် ။
ထွန်းထားသည် ။
ဖြေပေးလိုက်သည် ။
မဲသွားသည် ။
“ သေချာလို့လား "
“ အွန်း "
.......................။
“ jimin...."
“ အင်း "
“ ဘယ်သူလဲ..."
ဘယ်သူလဲ? ။
“ ဘယ်မှာလဲသူက "
အမယ် မခန့်တာ ။
“ ဟုတ်ပြီ "
မတ်တပ်ရပ်နေလိုက်သည် ။
“ ရပါတယ် "
“ ဘယ်လို "
“ မတွဲပါဘူး..."
“ ဘာ ! "
ကြောင်သွားသည် ။
“ jimin..."
သေချာပေါက် အကိုပင်....
“ Jung kook oppa "
“ jieun! "
Jieun တဲ့လား? ။
“ ဟို...အဲ့တာက...jieun..."
“ မင်း...*ကျစ်* "
အတင့်ရဲလိုက်ပုံများ ။
ဆွဲထိုးပြီးပြီ ။
.........................။
“ ကျစ် "
ဆုံးဖြတ်လိုက်သည် ။
“ WTH! "
“ သေလိုက်ပါတော့ကွာ..."
one go two come ပဲ ။
ဒေါသထွက်လာပြန်သည် ။
ခင်းပြလိုက်ရမှာ ။
စိတ်တွေမှယားလိုက်တာ ။
“ ဂါး....."
“ Ring..Ring "
“ Ring..Ring "
“ Ring..Ring "
“ Ring..Ring "
“ Ring..Ring "
အော်ပစ်လိုက်သည် ။
“ အကို "
“ ဟုတ်တယ် ကိုယ်ပါ "
“ ဟုတ် "
“ ကျွန်တော်..."
ကျွန်တော့်ကို "
“ သေချာလို့လား "
“ ကျွန်တော် "
တကယ့် တဇွတ်ထိုး ။
သွားလိုက်သည် ။
...........................။
တော်ပါသေးတယ် ။
ခေါ်လိုက်သည် ။
“ jimin...ကိုယ် ဒီမှာ "
“ jimin...တွက်.."
“ ဟုတ် "
“ အကို နဲ့မဆိုင်ပါဘူး "
“ အော်..."
“ ဘယ်လို "
“ အော်..."
အော်...ဆိုတဲ့နောက်
“ jimin.."
“ ဗျာ "
“ ဟုတ် "
သူမသိတာမှမဟုတ်တာ ။