Unicode
Chapter 68.1
ပိုင်မုက ဆောင်းဦးရာသီမတိုင်မီ ကွင်းပြင်ကျယ်ရဲ့ပုံကြမ်းကို ရိုးရိုးရှင်းရှင်းရေးဆွဲခဲ့ပြီး ယင်းကိုအခြေခံ၍ လူမျိုးစုအတွက် အနာဂတ်အစီအစဉ်တွေ ရေးဆွဲဖို့ ပြင်ဆင်ခဲ့တယ်။ ဂူအတွင်း အလင်းရောင်က မှိန်ဖျော့ဖျော့ဖြစ်နေတာကြောင့် ဓာတ်ပုံရိုက်လိုက်ပြီး ခဲယ်လ်တစ်နဲ့ နေရာလွတ်ထဲ ဝင်ခဲ့တယ်။ အိမ်မှာကျန်ခဲ့တဲ့ လူသုံးယောက်ကလည်း ပိုင်မုရဲ့ အစီအစဉ်တချို့ကို သိပြီး သူတို့ အပြည့်အဝ ထောက်ခံပါတယ်။
နှစ်ယောက်သား နေရာလွတ်ထဲဝင်သွားပြီးတဲ့အခါ အချင်းချင်း အလုပ်ရှုပ်နေကြတယ်။ ပိုင်မုက ဒီဇိုင်းဆွဲပြီး အစီအစဉ်ချကာ ခဲယ်လ်တစ်က နေရာလွတ်အတွင်းက အိမ်တည်ဆောက်ပုံကို လေ့လာခဲ့တယ်။ ပိုင်မုမော့ကြည့်တဲ့အခါ တစ်ဖက်လူရဲ့ အာရုံစူးစိုက်နေတဲ့ပုံစံကို မြင်တွေ့ရပြီး ရံဖန်ရံခါမျက်လုံးချင်းဆုံမိကာ သူတို့နှစ်ယောက်က အတူရှိနေတယ်လို့ ခံစားရတယ်။ သူတို့ရဲ့နှလုံးသားတစ်ဝက်ထဲမှာ တစ်ယောက်နဲ့တစ်ယောက် ပြည့်နှက်နေတယ်။
အလုပ်တွေပြီးတဲ့အခါ သူတို့နှစ်ဦးက ရပ်တန့်ပြီး အနားယူလိမ့်မမယ်။ ထိုအချိန်မှာ ပိုင်မုက ခဲယ်လ်တစ်ကို ရှေးဟောင်းမြို့ရဲ့ ဗိသုကာလက်ရာတွေနဲ့ ပတ်သက်ပြီး သူသိတဲ့အရာတစ်ခုကို ပြောပြလိမ့်မယ်။ ထို့အပြင် ခဲယ်လ်တစ်က ပိုင်မုကို ဒီနှစ်တွေတစ်လျှောက်ဖြစ်ခဲ့တဲ့ သားရဲတိုက်ခိုက်မှုတွေအတွက် အသေးစိတ်အချက်အလက်တွေကို ပေးမှာဖြစ်တယ်။ ထမင်းစားချိန်မှာ အန်းချီလော့က သူတို့အတွက် အစားအစာတွေ ပြင်ဆင်ပေးမှာဖြစ်ပြီး ထို့နောက် မိသားစုက အတူတကွ စားသောက်ကြမှာဖြစ်တယ်။
ထိုနေ့မှာ ခဲယ်လ်တစ်နဲ့ပိုင်မုက လယ်ကွင်းဘေးရှိ သစ်ပင်ကြီးတစ်ပင်အောက်မှာထိုင်ပြီး မြေပြင်ပေါ် စိုက်ပျိုးထားတဲ့ စိတ်ကျေနပ်ဖွယ်ကောင်းတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို ကြည့်ရှုနေကြတယ်။ ဒီရက်တွေမှာ ခဲယ်လ်တစ်က ကုသပြီးတဲ့အဆင့်ကို ရောက်နေပြီဖြစ်ပြီး ပိုင်မုက လယ်ကွင်းထဲက အလုပ်အားလုံးကို လုပ်ဆောင်နေတယ်။ ခဲယ်လ်တစ်က ဒီအတွက် အရမ်းမလိုလားဖြစ်နေတယ်။ အခု သူတို့မှာ စားစရာတွေ များနေပြီ။ အစားအသောက် အများကြီး စိုက်စရာမလိုပါဘူး။ ဒါ့အပြင် သူတို့မှာ အခု ပိုအရေးကြီးတဲ့ အလုပ်ရှိနေပြီလေ။
ဒါကြောင့် ခဲယ်လ်တစ်ရဲ့ ပြင်းပြင်းပြပြတောင်းဆိုမှုအရ ပိုင်မုက ဆန်အနည်းငယ်သာစိုက်ခဲ့ပြီး လာမယ့်နှစ်မှာ လူတိုင်းစိုက်ပျိုးဖို့အတွက် အချို့ကို ကြိုတင်စီစဉ်ထားတယ်။
"ခဲယ်လ်တစ် ဆောင်းရာသီမှာ သားရဲတွေ ဘယ်ရောက်သွားတာလဲ ဘယ်လိုသားရဲရိုင်းတွေက မျိုးနွယ်စုတွေကို အုပ်စုလိုက်တိုက်ခိုက်ကြမှာလဲ၊ လမ်းကြောင်းပေါ်ရှိတဲ့ တခြားမျိုးနွယ်တွေကရော တိုက်ခိုက်ခံရတာလား"ပိုင်မုက သားရဲအုပ်တိုက်ခိုက်တာကို ကြုံဖူးခဲ့ပေမယ့်လည်း ဒါက သူတွေ့ကြုံဖူးတဲ့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အတွေ့အကြုံတစ်ခုက အရင်နှစ်တွေနဲ့ မတူဘူးလေ။ သားရဲအုပ်ကို ချေမှုန်းပြီးနောက် သူ့မှာ မေးခွန်းတွေ ပြည့်နှက်နေခဲ့တယ်။ ဆောင်းရာသီမှာ သားရဲတွေ ဘယ်ကို ရောက်သွားတာလဲ။ သူတို့ရွှေ့ပြောင်းနေထိုင်ကြပေမယ့်လည်း အသားစားတိရစ္ဆာန်တွေက ဘာကြောင့် မလိုက်လာကြတာလဲ။ သူတို့နေထိုင်ပြီးနောက် အေးစက်တဲ့ဆောင်းရာသီကို ရင်ဆိုင်ရရုံသာမက ငတ်မွတ်မှုဒဏ်ကိုလည်း ရင်ဆိုင်နေကြရတယ်လေ။
"ဒါဟာ ဘုရားသခင်ရဲ့ ပြစ်ဒဏ်ပဲ ဟိုရှေးရှေးတုန်းက ဒီတိုက်ကြီးမှာ orc မျိုးနွယ်စုတွေ အများကြီးရှိခဲ့ပြီး orc အရေအတွက်က ပိုလို့တောင်များတယ် ဆောင်းရာသီက အေးနေပေမယ့် အစာပြတ်လပ်မှု မရှိဘူး ရာသီဥတုအေးပေမယ့်လည်း ပြသာနာမရှိပါဘူး တိရိစ္ဆာန်လေးတွေကို တောထဲမှာ ဖမ်းလို့ရတယ်လေ Orcs နဲ့ အသားစားတဲ့ တိရစ္ဆာန်လေးတွေက သူတို့အစွမ်းအစရှိသရွေ့ ဆာလောင်ရမှာမဟုတ်ဘူး ဒီအတွက်ကြောင့် orcs တွေနဲ့ သားရဲရိုင်းတွေက အစာရဲ့အဖိုးတန်မှုကို မေ့လျော့လာပြီး တိရိစ္ဆာန်တွေကို အမြောက်အမြား အမဲလိုက်သတ်ဖြတ်ကြတယ် အစာဖြုန်းတီးမှု အပြင်းအထန်ဖြစ်စေခဲ့တယ်လေ orcs တွေနဲ့ အသားစားသတ္တဝါအရေအတွက် တိုးများလာတာကြောင့် အသီးအရွက်စားတိရစ္ဆာန်လေးတွေက တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာတာပဲ"
"ဒါကြောင့် orcs တွေက သူတို့ကို ခြိမ်းခြောက်တဲ့ သားရဲတွေနဲ့ အန္တရာယ်ရှိတဲ့ အလောင်းအစားလုပ်ခဲ့ကြတယ် orc တွေကို ခြိမ်းခြောက်နိုင်တဲ့ အကြီးဆုံးသားရဲအနေနဲ့ ဧကရာဇ်သားရဲက တိုက်ခိုက်ဖို့အတွက် အဓိက ပစ်မှတ်ဖြစ်လာတာပေါ့ orcs တွေက အတူတကွစုစည်းလိုက် ဧကရာဇ်သားရဲတွေ မျိုးသုဉ်းသွားစေဖို့ ကြိုးပမ်းခဲ့ကြတယ်"
"အဆုံးမှာ orcs ၏အပြုအမူက ဘုရားသခင်ကို ဒေါသထွက်စေခဲ့ပြီး သူက မကျေနပ်နိုင်ဖြစ်နေတဲ့ orcs တွေနဲ့ သားရဲတွေကို အပြစ်ပေးချင်ခဲ့တယ် ဒါကြောင့် တိရစ္ဆာန်အများစုက ဆောင်းရာသီမှာ ပုန်းအောင်းကြတယ် ကြီးမြတ်တဲ့ဘုရားသခင်က အချို့တောအုပ်တွေကို ကာကွယ်ထားပြီး ဆောင်းရာသီမှာ တိရစ္ဆာန်တွေကို ရှင်သန်ခွင့်ပေးတယ်လို့ ဆိုရိုးစကားရှိတယ် တစ်ချိန်တည်းမှာပဲ သူက ဧကရာဇ်သားရဲတွေ မျိုးသုဉ်းမယ့်ကံကြမ္မာကို ရှောင်ရှားဖို့ သားရဲအားလုံးကို စိုးမိုးစေနိုင်တဲ့စွမ်းရည်ကို ပေးအပ်ခဲ့တယ်တဲ့"
"ဒီလိုနဲ့ အဲဒီအချိန်ကစပြီး ဆောင်းရာသီက ပို,ပိုပြီးခက်ခဲလာတယ် ပြင်းထန်တဲ့ အအေးဒဏ်နဲ့ ဆာလောင်မှုကို ရင်ဆိုင်ရရုံသာမက သားရဲအုပ်တိုက်ခိုက်တာကိုလည်း ရင်ဆိုင်ရတယ် ဒါက ဒီနေ့အထိဆက်လက်တည်ရှိလာပြီး orcs အရေအတွက်က အဆက်မပြတ်ကျဆင်းနေခဲ့တယ် လူတိုင်းက အထူးသဖြင့် အခုတော့ အစားအစာကို မြတ်နိုးတန်ဖိုးထားကြတယ် လက်ဆောင်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြပါတယ်"
ပိုင်မုက ကောင်းကင်ကျမ်းစာတွေကို နားထောင်နေသလို ခံစားရတယ်။ ဒါက စိတ်ကူးယဉ်ဆန်လွန်းတယ်။ ဒီကမ္ဘာမှာ ဘုရားသခင် တကယ်ရှိလား။ သူ့ကို ဘာလို့ ဒီနေရာလာခွင့်ပေးလိုက်တာလဲ။ သူ့ရဲ့ဘဝတိုးတက်စေဖို့နဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်လာဖို့ မြှင့်တင်ချင်တာများလား။
"ခင်ဗျားဘာကိုဆိုလိုတာလဲ ဒီတစ်ခါ သားရဲအုပ်က ဘာလို့ဒီလောက်ပုံမှန်မဟုတ်တာလဲဆိုတာ ခင်ဗျားမသိဘူးလား"ပိုင်မု မျက်မှောင်ကြုတ်လိုက်တယ်။သူရောက်လာပြီးတာနဲ့ ဘာကြောင့် ဒီလိုထူးဆန်းတဲ့အမှုကို ကြုံတွေ့ရတာလဲ။
"ဟုတ်တယ် ဒါပထမဆုံးအကြိမ် ဒီလိုအခြေအနေမျိုးကြုံဖူးတာပဲ ဘာ့ကြောင့် ဒီလိုဖြစ်သွားတာလဲ ဆိုတာ ဘယ်သူမှ မသိဘူး" ခဲယ်လ်တစ်လည်းပဲ ဘာပြောရမှန်းမသိတဲ့အပြင် နက်ရှိုင်းတဲ့စိုးရိမ်စိတ်ပါ ဖြစ်နေတယ်။
“ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ကောင်းကောင်း ပြင်ဆင်ထားရမယ်” ပြင်ဆင်ထားရင် အပြောင်းအလဲရှိလာရင်တောင် အရမ်းကြီး စိုးရိမ်နေစရာ မလိုတော့ဘူးလေ။
"ဟုတ်တယ်"
နှစ်ယောက်သားက ရင်းနှီးတဲ့ ထွက်သက်ဝင်သက်ကို ရှူရှိုက်ရင်း တစ်ယောက်နဲ့တစ်ယောက်မှီထားကာ သူတို့ရဲ့စိတ်ခံစားချက်တွေက နေရာလွတ်ထဲက လေလိုမျိုး ငြိမ်သက်နေခဲ့တယ်။ဒါက သူတို့နှစ်ဦးရဲ့ကမ္ဘာဖြစ်ပြီး ဒီနေရာမှာ ဘယ်သူကမှ သူတို့ကို နှောင့်ယှက်မှာမဟုတ်ပါဘူး။
"နောက်နှစ်မှာ ကျွန်တော်တို့ အိမ်တစ်လုံး တကယ်ဆောက်နိုင်ရင် အိမ်က ပိုကြီးလာလိမ့်မယ် အနာဂတ်မှာ အန်းချီလော့နဲ့လိန်းကျယ်နဲ့ တပေါတို့နဲ့လည်း အတူတူနေနိုင်လိမ့်မယ်" ပိုင်မုက အိမ်ကို ကြီးသထက် ပိုကြီးအောင် လုပ်ဖို့၊ ရိုးရိုးရှင်းရှင်း၊ လက်တွေ့ကျကျ၊ သက်တောင့်သက်သာနဲ့ ခိုင်ခံ့အောင် ကြိုးစားတည်ဆောက်ဖို့ တွေးခဲ့တယ်။ အဲ့ဒါပါပဲ။
ထို့အပြင် သူ့အကြံအစည်က တစ်ခြံတည်းမှာနေထိုင်တဲ့ မိသားစုမျိုးဖြစ်လာဖို့ဖြစ်ပြီး တစ်ခုခုဖြစ်လာရင် တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်နိုင်စေဖို့ပဲဖြစ်ပါတယ်။ သို့သော်လည်း ဒါက မျိုးနွယ်စုခေါင်းဆောင်တို့နဲ့ တိုင်ပင်ပြီးမှသာ ဆုံးဖြတ်နိုင်မှာပါ။
"မင်းပြောတဲ့အတိုင်း ဆောက်လို့ရတယ်၊ ကိုယ်နားထောင်မယ်" ဒါပေါ့၊ သူ့ဇနီးလေးပြောတဲ့စကားကို သူနားထောင်ရမှာပေါ့။ "ပိုင်မု နောက်နှစ်အိမ်ဆောက်ပြီးတဲ့အခါ ကိုယ်တို့ လက်တွဲဖော်ဖြစ်လာမယ်မလား"
"ကောင်းပြီ" ပိုင်မုက မဆိုင်းမတွ သဘောတူလိုက်တယ်။
အခုအချိန်မှာ သူနဲ့ အတိတ်တစ်ချိန်က ချစ်ခဲ့တဲ့ အယုတ်တမာကို စိတ်ထဲက ဖျောက်ဖျက်ပစ်လိုက်ပါပြီ။ များစွာသောကိစ္စတွေမှာ လူတွေက အချိန်အကြာကြီးစောင့်ဆိုင်းပြီး များစွာပေးဆပ်ခဲ့ရတာကြောင့် လက်မလွှတ်နိုင်ကြပါဘူး။ကျန်ရှိနေတဲ့ဇွဲလုံ့လက သူတို့အချည်းနှီးပေးဆပ်ခဲ့ကြောင်းကို သက်သေပြဖို့သာ ဖြစ်သွားလိမ့်မယ်။အရင်က အတိတ်ကို အမြဲတမ်းဆုပ်ကိုင်ထားပြီး လက်မလွှတ်နိုင်ခဲ့ဘူး။ ဒီကမ္ဘာကြီးထဲက ဒီလူနဲ့ပတ်သက်တဲ့အချိန်မှမဟုတ်ရင် ဘယ်အချိန် တကယ်လက်လွှတ်ရမယ်ဆိုတာ သူမသိပါဘူး။ သူ့ဘဝရဲ့ ရွှေရောင်နှစ်တွေကို နှောင့်နှေးစေခဲ့တဲ့မကောင်းတဲ့လူတစ်ယောက်ကြောင့် သူက ခဲယ်လ်တစ်ကို လက်လွှတ်ရမှာလား။
Chapter 68.2
လက်လွှတ်လိုက်ချိန် ကမ္ဘာကြီးက အရမ်းကျယ်ပြောလှကာ သူ့နှလုံးသားထဲက ကျောက်တုံးကြီးမရှိတော့ကြောင်း ပိုင်မုခံစားလိုက်ရပြီး အခန်းက ငြိမ်သက်နွေးထွေးလာတယ်။
"ခဲယ်လ်တစ် ခင်ဗျားနဲ့တွေ့ရတာ ဝမ်းသာတယ်" ပိုင်မုက ခဲယ်လ်တစ်ကို ညင်သာစွာ စိုက်ကြည့်ကာ အရမ်းတောက်တောက်ပပ ပြုံးပြလိုက်တယ်။
ခဲယ်လ်တစ်က ခဏတာလောက် အံသြသွားပြီး ဒီနေ့ ပိုင်မုမှာ သူနားမလည်နိုင်လောက်တဲ့ အရာတစ်ခု ရှိခဲ့တာဖြစ်ရမယ်။ ပိုင်မုရဲ့တစ်ကိုယ်လုံးက ပိုရွှင်လန်းပြီး ပိုတောက်ပလာတယ်လို့ သူခံစားရတယ်။ ပိုင်မုရဲ့ အပြုံးက သူ့ကိုကူးစက်သွားခဲ့ပြီး သူ့နှုတ်ခမ်းက အပေါ်မြင့်တက်သွားတယ်။
ဒီနေ့ရဲ့ ပိုင်မုက ထူးထူးခြားခြား ချစ်စရာကောင်းနေပြီး စိုစွတ်တဲ့ ပန်းနုရောင်နှုတ်ခမ်းလေးတွေက သူ့ကို နမ်းချင်အောင် လုပ်နေသလိုပါပဲ။ ပိုင်မုက သူ့မျက်၀န်းတွေထဲ အနက်ရောင်ပဲရှိတယ်လို့ ခံစားလိုက်ရပြီး သူ့ရှေ့မှာတော့ အလင်းရောင်ကို ပိတ်ဆို့နေတဲ့ ပုံသဏ္ဍာန်တစ်ခုရှိနေကာ သူ့နှုတ်ခမ်းပေါ် နူးညံ့တဲ့အထိအတွေ့တစ်ခု ထွက်ပေါ်လာတယ်။
ခဲယ်လ်တစ်က အနမ်းကိုဖော်ပြဖို့ လျှာကိုဆန့်ထုတ်လိုက်ပြီး ချိုမြိန်မှုကို စုပ်ယူကာ နူးညံ့တဲ့လျှာကို ရစ်ထွေးပတ်နွယ်နေရတာတောင် မကျေနပ်သလိုခံစားရဆဲပါပဲ။ ပိုင်မုက အနမ်းခံလိုက်ရတာကြောင့် အလွန်အားနည်းသွားပြီး သူ့လက်နှစ်ဖက်က ပျော့ခွေကျသွားကာ ခဲယ်လ်တစ်ရဲ့ဒဏ်ရာကို မတော်တဆ ထိမိသွားတယ်။
"ဟစစ်စ်~~~" ခဲယ်လ်တစ် အသက်ပြင်းပြင်းရှူလိုက်ရတယ်။
"အရမ်းနာသွားလား?" ပိုင်မုက ဒေါသထွက်ပြီး စိတ်ဆင်းရဲသွားတယ်။ နောက်ဆုံးအဖြစ်အပျက်ပြီးကတည်းက ခဲယ်လ်တစ်က ပိုင်မုရှေ့မှာဆို သူ့ရဲ့ချစ်ခြင်းမေတ္တာနဲ့ ပိုင်ဆိုင်လိုမှုတွေကို ဖုံးကွယ်ထားတာ နည်းပါးလာတယ်။
"ဘယ်လိုလုပ်ရမလဲ ကိုယ်မင်းကို ကိုယ့်အပိုင်လုံး၀ဖြစ်အောင်လုပ်ဖို့ မစောင့်နိုင်တော့ဘူး" ခဲယ်လ်တစ်က ဒဏ်ရာကို ရှောင်လိုက်ပြီး ပိုင်မုကို ညင်သာစွာ ပွေ့ဖက်လိုက်ကာ သူ့ခေါင်းကို ပိုင်မုပခုံးနားမှာ မြှုပ်လိုက်ပြီး နားထဲ အသံနိမ့်နိမ့်နဲ့ပြောလိုက်တယ်။ ပိုင်မုရဲ့အနံ့က စွဲမက်ဖွယ်ကောင်းပြီး အနမ်းတစ်ခုက သူ့အငယ်လေးကို အနည်းငယ် ထောင်မတ်လာစေတယ်။
"အဲဒါ အဆင်မပြေဘူး" ပိုင်မုလည်း တကယ်ကို ခဲယ်လ်တစ်ထက် မသာနေပါဘူး။ ခဲယ်လ်တစ်ရဲ့ အသံက သာယာစရာကောင်းတဲ့အထိအတွေ့နဲ့အတူ နိမ့်ပြီးချိုမြိန်တယ်။သူ့ရဲ့ပူလောင်နေတဲ့ အသက်ရှုသံတွေက ပိုင်မုရဲ့ အထိမခံနိုင်တဲ့နားရွက်တွေကို အသာအယာထိတွေ့မိနေပြီး စိတ်လှုပ်ရှားမှု အနည်းငယ်ဖြစ်လာစေတယ်။ သူ ဒီကမ္ဘာကိုလာကတည်းက အသက်ရှင်သန်နေထိုင်ဖို့နဲ့ပဲ အလုပ်ရှုပ်နေပြီး စိတ်သက်သာရာမရခဲ့ဘူး။ အခု သူချစ်တဲ့သူနဲ့ရင်ဆိုင်နေရတော့ ဒီစိတ်အားထက်သန်မှုက ခံနိုင်ရည်ရှိဖို့ ပိုခက်ခဲတယ်။
ခဲယ်လ်တစ်က စိတ်ဓာတ်ကျသွားတယ်။သူ တစ်နှစ်နီးပါးတောင် သည်းခံခဲ့ရတယ်လေ။ ဒါပေမယ့် လိန်းကျယ်အကြောင်းကို စဉ်းစားမိတော့ သူက ခဲယ်လ်တစ်ထက် အများကြီးပိုဆိုးပြီး နှစ်နှစ်ကျော်တောင် သည်းခံရဦးမှာပဲဆိုတာ နားလည်သွားတယ်။ ဒီတော့ သူ့ရဲ့စိတ်ဓာတ်ကျနေတာကြီးက ချက်ချင်းပဲ ပျောက်ကွယ်သွားတော့တယ်။
"ပိုင်မု မနက်ဖြန် အိမ်ဆောက်ဖို့အကြောင်းဆွေးနွေးဖို့ မျိုးနွယ်စုခေါင်းဆောင်ဆီ သွားရအောင် ကျားတောင်ပံမျိုးနွယ်စုနဲ့ပတ်သက်ပြီး သူဘယ်လိုထင်လဲဆိုတာပါ ကြည့်ကြမယ်" ကျားတောင်ပံမျိုးနွယ်စုက အခု သူတို့မျိုးနွယ်စုမှာ နေထိုင်တာကြောင့် ပိုင်မုကလည်း အစီအစဉ်တွေရေးဆွဲတဲ့အခါမှာ သူတို့ကိုပါ ထည့်သွင်းစဉ်းစားပေးပြီး ရေတွက်ခဲ့တယ်။
"ကောင်းပြီ" အစီအစဥ်ကို စတင်နေပြီဖြစ်ပေမယ့်လည်း အကောင်အထည်ဖော်ဖို့က ခက်ခဲပြီး အဆုံးမှာတော့ ဆောက်လုပ်ရေးနယ်ပယ်နဲ့ အဆက်အစပ်မရှိတဲ့ပိုင်မုမှာ ဘာစိတ်ကူးအကြံဉာဏ်မှ မရှိနေတဲ့အပြင် အလုပ်ဖြစ်လားမဖြစ်ဘူးလားဆိုတာကိုလည်း မသိနေပါဘူး။
ဒီနှစ်ရဲ့ အေးစက်တဲ့ဆောင်းရာသီက မကုန်ဆုံးသေးပေမယ့်လည်း မျိုးနွယ်စုခေါင်းဆောက်Erက လာမယ့်နှစ်ဆောင်းရာသီအတွက် စိတ်ပူစပြုနေပြီဖြစ်ပါတယ်။ သားရဲအုပ်က ကိုင်တွယ်ဖို့ ပို,ပိုပြီးခက်ခဲလာတယ်။ ဒီနှစ်က ဘေးကင်းသွားပြီလို့ ပြောလို့ရပေမယ့် နောက်နှစ်ဆိုရင်ရော? မျိုးနွယ်စုခေါင်းဆောင်ပုကျီကလည်း ဒီပြဿနာအတွက် စိုးရိမ်နေတာကြောင့် သူတို့နှစ်ဦးက မျိုးနွယ်စုနှစ်ခုရဲ့အနာဂတ်ကို စိတ်ဓာတ်ကျညှိုးငယ်စွာနဲ့ အတူတကွ ဆွေးနွေးခဲ့ကြတယ်။
"အစ်ကိုပုကျီ အခု ခင်ဗျားရဲ့လူတွေက အများကြီး မရှိတော့ဘူး နောက်နှစ်အတွက် ဘာအစီအစဉ်များ ခင်ဗျားမှာရှိလဲ" Er က မီးပိုကြီးလာအောင်လုပ်ဖို့ အပူပေးပလ္လင်ထဲက ကျောက်မီးသွေးကို တစ်၀က်ခွဲဖို့ရာ သစ်သားတုတ်ကို အသုံးပြုလိုက်တယ်။ မျိုးနွယ်စုခေါင်းဆောင်ပုကျီကို ကြိုဆိုဧည့်ခံဖို့ တံခါးကိုဖွင့်လိုက်တုန်းက အေးစက်တဲ့လေတွေ ဂူထဲဝင်လာပြီး ဂူအတွင်းရှိအပူချိန်က အလွန်ကျဆင်းသွားခဲ့တယ်လေ။
"ဟေး မင်းရဲ့အစီအစဉ်ကရောဘာများလဲ ငါ တစ်ဆင့်ပြီးတစ်ဆင့် အခုပဲရေတွက်လိုက်လို့ရတယ် ခဲယ်လ်တစ်ဒဏ်ရာသက်သာလာတဲ့အခါ ပိုင်မုနဲ့ဆွေးနွေးပြီး သူ့မှာ ဖြေရှင်းချက်ကောင်းတွေရှိမရှိ ကြည့်ခိုင်းလိုက်မှာမလား တကယ်လို့ သူ့မှာတောင်မရှိဘူးဆိုရင် ငါတို့အတွက် ပြစ်ဒဏ်က မလုံလောက်သေးဘူးလို့ ဘုရားသခင်က တွေးနေတာပဲ ဖြစ်လိမ့်မယ်" မျိုးနွယ်စုခေါင်းဆောင်ပုကျီက သက်ပြင်းရှည်ကြီးနဲ့ အတူ ပြောလိုက်တယ်။သားရဲတွေက ရုတ်တရက် အပြောင်းအလဲကြောင့် သူတို့သတိမမူမိခဲ့ရုံပါပဲ။အခု ဒီမျိုးနွယ်စု၀င်တွေကို ထိန်းထားနိုင်တာကလည်း ကောင်းချီးတစ်ခုပါပဲ။ နောက်နှစ် ဘာဖြစ်မယ်ဆိုတာတော့ မသေချာဘူး..။
"ကောင်းပြီ ပိုင်မုမှာတော့ အဖြေကောင်းကောင်းရှိမှာပါ" မျိုးနွယ်စုခေါင်းဆောင် Erက ဖြေရှင်းနည်းရှာဖွေဖို့ ခဏတာလောက်နဲ့ မလုပ်နိုင်ဘူး။ အခြေအနေက အရေးကြီးနေတာကြောင့် သူတို့က အလျင်အမြန်အဖြေရှာဖို့လည်း လိုသေးတယ်။ အခု သူတို့က ပိုင်မုမှာ ဖြေရှင်းနည်းရှိဖို့ကိုသာ မျှော်လင့်နိုင်တော့တယ်။
"ဒါက မျိုးနွယ်စုခေါင်းဆောင် အိမ်လားခင်ဗျာ"ပိုင်မုရဲ့ အသံက ဂူအပြင်ဘက်ကနေ ထွက်လာတယ်။
"ဟုတ်ပါတယ်"ပိုင်မုရဲ့အသံကိုကြားတော့ မျိုးနွယ်စုခေါင်းဆောင်က ဝမ်းသာအားရထရပ်ပြီး တံခါးဖွင့်လိုက်တယ်။
ဒိကိုရောက်လာတာက ပိုင်မုနဲ့လိန်းကျယ်တို့ဖြစ်ပြီး ခဲယ်လ်တစ်ကတော့ သူ့ဒဏ်ရာတွေ မပျောက်သေးတာကြောင့် အိမ်မှာ ပစ်ထားခံခဲ့ရပါတယ်။ ပိုင်မုက သူမသက်သာမချင်း အိမ်မှာပဲ ကုသဖို့နဲ့ အပြင်ကို ခြေလှမ်း တစ်ဝက်လောက်တောင် မထွက်ဖို့ သူ့ကို အမိန့်ထုတ်ထားတယ်။ထိုအချိန်တုန်းက ခဲယ်လ်တစ်ရဲ့ ခါးသီးနေတဲ့မျက်နှာကို တွေးမိပြီး လိန်းကျယ်က သက်တောင့်သက်သာ ခံစားခဲ့ရတယ်။ သူတို့အိမ်ကမထွက်ခင် ခဲယ်လ်တစ်က ပိုင်မုကို သနားစရာကောင်းပြီး ဝမ်းနည်းနေတဲ့မျက်လုံးတွေနဲ့ ကြည့်နေခဲ့ကာ အဲ့ဒီအကြည့်က လိန်းကျယ်ရဲ့တစ်ကိုယ်လုံးကိုတောင် ကြက်သီးထသွားစေတယ်။
"မင်းတို့ ဘာလို့ဒီကိုရောက်လာတာလဲ ခဲယ်လ်တစ်က သိပ်မကောင်းလာသေးဘူးလား" မျိုးနွယ်စုခေါင်းဆောင်Er က သူတို့နှစ်ယောက်ကို နှုတ်ဆက်လိုက်ပြီး လေအေးတွေမ၀င်လာအောင် တံခါးကို အမြန်ပိတ်လိုက်တယ်။
"မျိုးနွယ်စုခေါင်းဆောင်ရဲ့ စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ် သူက ပိုကောင်းလာပြီး အိမ်မှာတောင် ကန်ကျောက်နေနိုင်ပါပြီ မျိုးနွယ်စုခေါင်းဆောင် အိုင်ဗန် ၊ အိုက်၀မ်နဲ့ နိရှီဇ၀တို့ ဘယ်ရောက်နေတာလဲ" ပိုင်မုက ဂူထဲကို ဝင်သွားတော့ မျိုးနွယ်စုခေါင်းဆောင် ပုကျီကိုလည်းပဲတွေ့လိုက်တယ်။သူ့အထင်က တကယ်မှန်တာပဲလို့ တွေးမိသွားတယ်။
"သူတို့က ပစ္စည်းတွေ ပို့ပေးဖို့ ကျားတောင်ပံမျိုးနွယ်စုကို သွားကြတယ်" Erက မီးဘေးမှာ ပြန်ထိုင်လိုက်တယ်။ ဒီလိုရာသီဥတုမျိုးက မီးလှုံဖို့ အသင့်တော်ဆုံးပဲ။ ပြီးတော့ စွပ်ပြုတ်ပူပူလေးတစ်အိုးချက်ပြုတ်ရင်း မိသားစုနဲ့အတူ အတူတူစုစားကြမယ်။
မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်ကို နှုတ်ဆက်ပြီးနောက် ပိုင်မုတို့နှစ်ယောက်သားက မီးပလ္လင်အစွန်းနားမှာ ထိုင်လိုက်ကြတယ်။ ပိုင်မုက သူ့ရဲ့အေးခဲနေပြီး အတန်ငယ်တောင့်တင်းနေတဲ့ လက်နှစ်ဖက်ကိုပွတ်တိုက်ပြီးနောက် နွေးနွေးထွေးထွေးဖြစ်အောင်လုပ်ဖို့ လက်ကို မီးနား တိုးကပ်လိုက်တယ်။ အပြင်မှာ တကယ်အေးတယ်။လိန်းကျယ်က သူ့ထက် များစွာပိုကောင်းမွန်နေပြီး အေးစက်တဲ့လေတွေကို လုံးဝမခံစားရတဲ့ပုံပေါက်တယ်။
"မျိုးနွယ်စုခေါင်းဆောင်Er ဒီနေ့ လာတာက မျိုးနွယ်စုခေါင်းဆောင်တို့နဲ့အတူ တစ်ခုခု ဆွေးနွေးချင်လို့ပါ" ပိုင်မုက အကြောင်းအရာကို တိုက်ရိုက်ဖြတ်တောက်လိုက်တယ်။ သူတို့မှာ ဆွေးနွေးအတည်ပြုဖို့လိုအပ်တဲ့ အရာများစွာ ရှိနေသေးတယ်လေ။
"ဘာကိစ္စရှိလို့လဲ မျိုးနွယ်စုခေါင်းဆောင်ပုကျီနဲ့ငါ စောနလေးကတင် မင်းနဲ့ဆွေးနွေးစရာရှိတယ်လို့ ပြောနေသေးတာ ဒါဆို မင်းအရင်ပြောသင့်တယ် ငါတို့က အလျင်လိုနေတာမဟုတ်ဘူး"
"ဘာတွေ ပြောနေတာများလဲ"ပိုင်မုက မေးလိုက်တယ်။
"လောလောဆယ်ဖြစ်နေတာပါပဲ နောက်နှစ် ဆောင်းရာသီမှာ ဘယ်လိုလုပ်ရမလဲဆိုတာ ဆွေးနွေးနေကြတာ ဆောင်းရာသီမှာ စားဝတ်နေရေးက ပြဿနာမဟုတ်ပေမယ့် သားရဲအုပ်က ပို,ပိုကြီးလာတယ် ဒီလိုမျိုး ဆက်ဖြစ်နေရင် ဖြေရှင်းလို့ ရမှာမဟုတ်ဘူး" မျိုးနွယ်စုခေါင်းဆောင်Er က စိုးရိမ်စွာပြောလိုက်တယ်။
"ဟုတ်တယ် ငါတို့ကျားတောင်ပံမျိုးနွယ်စုက ဒီနှစ်မှာ လူတစ်ဝက်နီးပါး ဆုံးရှုံးသွားတယ် နောက်နှစ်ဆောင်းရာသီမှာ ငါတို့ဘာလုပ်သင့်လဲ မင်းတို့ကိုပဲ အမြဲတမ်း အားကိုးနေလို့မရဘူးလေ" ဒီနှစ်မှာ ခြင်္သေ့တောင်ပံမျိုးနွယ်စုရဲ့ အကူအညီကြောင့် အဆင်ပြေခဲ့ပေမယ့် ဒါက ရေရှည်ဖြေရှင်းချက်မဟုတ်ပါဘူး။
"ဒီကိစ္စအတွက် ကျွန်တော် ဒီမှာ မျိုးနွယ်စုခေါင်းဆောင်တို့နဲ့အတူ ဆွေးနွေးဖို့ရှိနေတာပါ" တိုက်ဆိုင်လိုက်တာ။ လူတိုင်းရဲ့ ရည်ရွယ်ချက်က အတူတူပါပဲ။
"ပိုင်မု မင်းမှာ ဖြေရှင်းနည်းရှိလား" မျိုးးနွယ်စုခေါင်းဆောင်နှစ်ယောက်က အရမ်းဝမ်းသာသွားကြပြီး ဝမ်းနည်းနေတဲ့မျက်နှာတွေကို ဖယ်ရှားပြီးနောက် စိတ်လှုပ်ရှားစွာ မေးလိုက်ကြတယ်။
“အဲလိုမျိုး ပြောလို့ရပေမယ့် အကောင်အထည် ဖော်နိုင်လားဆိုတာက မေးခွန်းထုတ်စရာဖြစ်နေတာ” ပိုင်မုက အသာအယာမျက်မှောင်ကြုတ်လိုက်တယ်။
Zawgyi
Chapter 68.1
ပိုင္မုက ေဆာင္းဦးရာသီမတိုင္မီ ကြင္းျပင္က်ယ္ရဲ႕ပုံၾကမ္းကို ရိုးရိုးရွင္းရွင္းေရးဆြဲခဲ့ၿပီး ယင္းကိုအေျခခံ၍ လူမ်ိဳးစုအတြက္ အနာဂတ္အစီအစဥ္ေတြ ေရးဆြဲဖို႔ ျပင္ဆင္ခဲ့တယ္။ ဂူအတြင္း အလင္းေရာင္က မွိန္ေဖ်ာ့ေဖ်ာ့ျဖစ္ေနတာေၾကာင့္ ဓာတ္ပုံရိုက္လိုက္ၿပီး ခဲယ္လ္တစ္နဲ႕ ေနရာလြတ္ထဲ ဝင္ခဲ့တယ္။ အိမ္မွာက်န္ခဲ့တဲ့ လူသုံးေယာက္ကလည္း ပိုင္မုရဲ႕ အစီအစဥ္တခ်ိဳ႕ကို သိၿပီး သူတို႔ အျပည့္အဝ ေထာက္ခံပါတယ္။
ႏွစ္ေယာက္သား ေနရာလြတ္ထဲဝင္သြားၿပီးတဲ့အခါ အခ်င္းခ်င္း အလုပ္ရႈပ္ေနၾကတယ္။ ပိုင္မုက ဒီဇိုင္းဆြဲၿပီး အစီအစဥ္ခ်ကာ ခဲယ္လ္တစ္က ေနရာလြတ္အတြင္းက အိမ္တည္ေဆာက္ပုံကို ေလ့လာခဲ့တယ္။ ပိုင္မုေမာ့ၾကည့္တဲ့အခါ တစ္ဖက္လူရဲ႕ အာ႐ုံစူးစိုက္ေနတဲ့ပုံစံကို ျမင္ေတြ႕ရၿပီး ရံဖန္ရံခါမ်က္လုံးခ်င္းဆုံမိကာ သူတို႔ႏွစ္ေယာက္က အတူရွိေနတယ္လို႔ ခံစားရတယ္။ သူတို႔ရဲ႕ႏွလုံးသားတစ္ဝက္ထဲမွာ တစ္ေယာက္နဲ႕တစ္ေယာက္ ျပည့္ႏွက္ေနတယ္။
အလုပ္ေတြၿပီးတဲ့အခါ သူတို႔ႏွစ္ဦးက ရပ္တန႔္ၿပီး အနားယူလိမ့္မမယ္။ ထိုအခ်ိန္မွာ ပိုင္မုက ခဲယ္လ္တစ္ကို ေရွးေဟာင္းၿမိဳ႕ရဲ႕ ဗိသုကာလက္ရာေတြနဲ႕ ပတ္သက္ၿပီး သူသိတဲ့အရာတစ္ခုကို ေျပာျပလိမ့္မယ္။ ထို႔အျပင္ ခဲယ္လ္တစ္က ပိုင္မုကို ဒီႏွစ္ေတြတစ္ေလွ်ာက္ျဖစ္ခဲ့တဲ့ သားရဲတိုက္ခိုက္မႈေတြအတြက္ အေသးစိတ္အခ်က္အလက္ေတြကို ေပးမွာျဖစ္တယ္။ ထမင္းစားခ်ိန္မွာ အန္းခ်ီေလာ့က သူတို႔အတြက္ အစားအစာေတြ ျပင္ဆင္ေပးမွာျဖစ္ၿပီး ထို႔ေနာက္ မိသားစုက အတူတကြ စားေသာက္ၾကမွာျဖစ္တယ္။
ထိုေန႕မွာ ခဲယ္လ္တစ္နဲ႕ပိုင္မုက လယ္ကြင္းေဘးရွိ သစ္ပင္ႀကီးတစ္ပင္ေအာက္မွာထိုင္ၿပီး ေျမျပင္ေပၚ စိုက္ပ်ိဳးထားတဲ့ စိတ္ေက်နပ္ဖြယ္ေကာင္းတဲ့ ဟင္းသီးဟင္း႐ြက္နဲ႕ သစ္သီးဝလံေတြကို ၾကည့္ရႈေနၾကတယ္။ ဒီရက္ေတြမွာ ခဲယ္လ္တစ္က ကုသၿပီးတဲ့အဆင့္ကို ေရာက္ေနၿပီျဖစ္ၿပီး ပိုင္မုက လယ္ကြင္းထဲက အလုပ္အားလုံးကို လုပ္ေဆာင္ေနတယ္။ ခဲယ္လ္တစ္က ဒီအတြက္ အရမ္းမလိုလားျဖစ္ေနတယ္။ အခု သူတို႔မွာ စားစရာေတြ မ်ားေနၿပီ။ အစားအေသာက္ အမ်ားႀကီး စိုက္စရာမလိုပါဘူး။ ဒါ့အျပင္ သူတို႔မွာ အခု ပိုအေရးႀကီးတဲ့ အလုပ္ရွိေနၿပီေလ။
ဒါေၾကာင့္ ခဲယ္လ္တစ္ရဲ႕ ျပင္းျပင္းျပျပေတာင္းဆိုမႈအရ ပိုင္မုက ဆန္အနည္းငယ္သာစိုက္ခဲ့ၿပီး လာမယ့္ႏွစ္မွာ လူတိုင္းစိုက္ပ်ိဳးဖို႔အတြက္ အခ်ိဳ႕ကို ႀကိဳတင္စီစဥ္ထားတယ္။
"ခဲယ္လ္တစ္ ေဆာင္းရာသီမွာ သားရဲေတြ ဘယ္ေရာက္သြားတာလဲ ဘယ္လိုသားရဲရိုင္းေတြက မ်ိဳးႏြယ္စုေတြကို အုပ္စုလိုက္တိုက္ခိုက္ၾကမွာလဲ၊ လမ္းေၾကာင္းေပၚရွိတဲ့ တျခားမ်ိဳးႏြယ္ေတြကေရာ တိုက္ခိုက္ခံရတာလား"ပိုင္မုက သားရဲအုပ္တိုက္ခိုက္တာကို ႀကဳံဖူးခဲ့ေပမယ့္လည္း ဒါက သူေတြ႕ႀကဳံဖူးတဲ့ ပထမဆုံးအႀကိမ္ျဖစ္ပါတယ္။ အေတြ႕အႀကဳံတစ္ခုက အရင္ႏွစ္ေတြနဲ႕ မတူဘူးေလ။ သားရဲအုပ္ကို ေခ်မႈန္းၿပီးေနာက္ သူ႕မွာ ေမးခြန္းေတြ ျပည့္ႏွက္ေနခဲ့တယ္။ ေဆာင္းရာသီမွာ သားရဲေတြ ဘယ္ကို ေရာက္သြားတာလဲ။ သူတို႔ေ႐ႊ႕ေျပာင္းေနထိုင္ၾကေပမယ့္လည္း အသားစားတိရစ္ဆာန္ေတြက ဘာေၾကာင့္ မလိုက္လာၾကတာလဲ။ သူတို႔ေနထိုင္ၿပီးေနာက္ ေအးစက္တဲ့ေဆာင္းရာသီကို ရင္ဆိုင္ရ႐ုံသာမက ငတ္မြတ္မႈဒဏ္ကိုလည္း ရင္ဆိုင္ေနၾကရတယ္ေလ။
"ဒါဟာ ဘုရားသခင္ရဲ႕ ျပစ္ဒဏ္ပဲ ဟိုေရွးေရွးတုန္းက ဒီတိုက္ႀကီးမွာ orc မ်ိဳးႏြယ္စုေတြ အမ်ားႀကီးရွိခဲ့ၿပီး orc အေရအတြက္က ပိုလို႔ေတာင္မ်ားတယ္ ေဆာင္းရာသီက ေအးေနေပမယ့္ အစာျပတ္လပ္မႈ မရွိဘူး ရာသီဥတုေအးေပမယ့္လည္း ျပသာနာမရွိပါဘူး တိရိစ္ဆာန္ေလးေတြကို ေတာထဲမွာ ဖမ္းလို႔ရတယ္ေလ Orcs နဲ႕ အသားစားတဲ့ တိရစ္ဆာန္ေလးေတြက သူတို႔အစြမ္းအစရွိသေ႐ြ႕ ဆာေလာင္ရမွာမဟုတ္ဘူး ဒီအတြက္ေၾကာင့္ orcs ေတြနဲ႕ သားရဲရိုင္းေတြက အစာရဲ႕အဖိုးတန္မႈကို ေမ့ေလ်ာ့လာၿပီး တိရိစ္ဆာန္ေတြကို အေျမာက္အျမား အမဲလိုက္သတ္ျဖတ္ၾကတယ္ အစာျဖဳန္းတီးမႈ အျပင္းအထန္ျဖစ္ေစခဲ့တယ္ေလ orcs ေတြနဲ႕ အသားစားသတၱဝါအေရအတြက္ တိုးမ်ားလာတာေၾကာင့္ အသီးအ႐ြက္စားတိရစ္ဆာန္ေလးေတြက တစ္ႏွစ္ထက္တစ္ႏွစ္ ေလ်ာ့နည္းလာတာပဲ"
"ဒါေၾကာင့္ orcs ေတြက သူတို႔ကို ၿခိမ္းေျခာက္တဲ့ သားရဲေတြနဲ႕ အႏၱရာယ္ရွိတဲ့ အေလာင္းအစားလုပ္ခဲ့ၾကတယ္ orc ေတြကို ၿခိမ္းေျခာက္နိုင္တဲ့ အႀကီးဆုံးသားရဲအေနနဲ႕ ဧကရာဇ္သားရဲက တိုက္ခိုက္ဖို႔အတြက္ အဓိက ပစ္မွတ္ျဖစ္လာတာေပါ့ orcs ေတြက အတူတကြစုစည္းလိုက္ ဧကရာဇ္သားရဲေတြ မ်ိဳးသုဥ္းသြားေစဖို႔ ႀကိဳးပမ္းခဲ့ၾကတယ္"
"အဆုံးမွာ orcs ၏အျပဳအမူက ဘုရားသခင္ကို ေဒါသထြက္ေစခဲ့ၿပီး သူက မေက်နပ္နိုင္ျဖစ္ေနတဲ့ orcs ေတြနဲ႕ သားရဲေတြကို အျပစ္ေပးခ်င္ခဲ့တယ္ ဒါေၾကာင့္ တိရစ္ဆာန္အမ်ားစုက ေဆာင္းရာသီမွာ ပုန္းေအာင္းၾကတယ္ ႀကီးျမတ္တဲ့ဘုရားသခင္က အခ်ိဳ႕ေတာအုပ္ေတြကို ကာကြယ္ထားၿပီး ေဆာင္းရာသီမွာ တိရစ္ဆာန္ေတြကို ရွင္သန္ခြင့္ေပးတယ္လို႔ ဆိုရိုးစကားရွိတယ္ တစ္ခ်ိန္တည္းမွာပဲ သူက ဧကရာဇ္သားရဲေတြ မ်ိဳးသုဥ္းမယ့္ကံၾကမၼာကို ေရွာင္ရွားဖို႔ သားရဲအားလုံးကို စိုးမိုးေစနိုင္တဲ့စြမ္းရည္ကို ေပးအပ္ခဲ့တယ္တဲ့"
"ဒီလိုနဲ႕ အဲဒီအခ်ိန္ကစၿပီး ေဆာင္းရာသီက ပို,ပိုၿပီးခက္ခဲလာတယ္ ျပင္းထန္တဲ့ အေအးဒဏ္နဲ႕ ဆာေလာင္မႈကို ရင္ဆိုင္ရ႐ုံသာမက သားရဲအုပ္တိုက္ခိုက္တာကိုလည္း ရင္ဆိုင္ရတယ္ ဒါက ဒီေန႕အထိဆက္လက္တည္ရွိလာၿပီး orcs အေရအတြက္က အဆက္မျပတ္က်ဆင္းေနခဲ့တယ္ လူတိုင္းက အထူးသျဖင့္ အခုေတာ့ အစားအစာကို ျမတ္နိုးတန္ဖိုးထားၾကတယ္ လက္ေဆာင္အတြက္ ဘုရားသခင္ကို ေက်းဇူးတင္ၾကပါတယ္"
ပိုင္မုက ေကာင္းကင္က်မ္းစာေတြကို နားေထာင္ေနသလို ခံစားရတယ္။ ဒါက စိတ္ကူးယဥ္ဆန္လြန္းတယ္။ ဒီကမၻာမွာ ဘုရားသခင္ တကယ္ရွိလား။ သူ႕ကို ဘာလို႔ ဒီေနရာလာခြင့္ေပးလိုက္တာလဲ။ သူ႕ရဲ႕ဘဝတိုးတက္ေစဖို႔နဲ႕ လူမႈေရးဖြံ႕ၿဖိဳးတိုးတက္လာဖို႔ ျမႇင့္တင္ခ်င္တာမ်ားလား။
"ခင္ဗ်ားဘာကိုဆိုလိုတာလဲ ဒီတစ္ခါ သားရဲအုပ္က ဘာလို႔ဒီေလာက္ပုံမွန္မဟုတ္တာလဲဆိုတာ ခင္ဗ်ားမသိဘူးလား"ပိုင္မု မ်က္ေမွာင္ၾကဳတ္လိုက္တယ္။သူေရာက္လာၿပီးတာနဲ႕ ဘာေၾကာင့္ ဒီလိုထူးဆန္းတဲ့အမႈကို ႀကဳံေတြ႕ရတာလဲ။
"ဟုတ္တယ္ ဒါပထမဆုံးအႀကိမ္ ဒီလိုအေျခအေနမ်ိဳးႀကဳံဖူးတာပဲ ဘာ့ေၾကာင့္ ဒီလိုျဖစ္သြားတာလဲ ဆိုတာ ဘယ္သူမွ မသိဘူး" ခဲယ္လ္တစ္လည္းပဲ ဘာေျပာရမွန္းမသိတဲ့အျပင္ နက္ရွိုင္းတဲ့စိုးရိမ္စိတ္ပါ ျဖစ္ေနတယ္။
“ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔ ေကာင္းေကာင္း ျပင္ဆင္ထားရမယ္” ျပင္ဆင္ထားရင္ အေျပာင္းအလဲရွိလာရင္ေတာင္ အရမ္းႀကီး စိုးရိမ္ေနစရာ မလိုေတာ့ဘူးေလ။
"ဟုတ္တယ္"
ႏွစ္ေယာက္သားက ရင္းႏွီးတဲ့ ထြက္သက္ဝင္သက္ကို ရႉရွိုက္ရင္း တစ္ေယာက္နဲ႕တစ္ေယာက္မွီထားကာ သူတို႔ရဲ႕စိတ္ခံစားခ်က္ေတြက ေနရာလြတ္ထဲက ေလလိုမ်ိဳး ၿငိမ္သက္ေနခဲ့တယ္။ဒါက သူတို႔ႏွစ္ဦးရဲ႕ကမၻာျဖစ္ၿပီး ဒီေနရာမွာ ဘယ္သူကမွ သူတို႔ကို ႏွောင့္ယွက္မွာမဟုတ္ပါဘူး။
"ေနာက္ႏွစ္မွာ ကြၽန္ေတာ္တို႔ အိမ္တစ္လုံး တကယ္ေဆာက္နိုင္ရင္ အိမ္က ပိုႀကီးလာလိမ့္မယ္ အနာဂတ္မွာ အန္းခ်ီေလာ့နဲ႕လိန္းက်ယ္နဲ႕ တေပါတို႔နဲ႕လည္း အတူတူေနနိုင္လိမ့္မယ္" ပိုင္မုက အိမ္ကို ႀကီးသထက္ ပိုႀကီးေအာင္ လုပ္ဖို႔၊ ရိုးရိုးရွင္းရွင္း၊ လက္ေတြ႕က်က်၊ သက္ေတာင့္သက္သာနဲ႕ ခိုင္ခံ့ေအာင္ ႀကိဳးစားတည္ေဆာက္ဖို႔ ေတြးခဲ့တယ္။ အဲ့ဒါပါပဲ။
ထို႔အျပင္ သူ႕အႀကံအစည္က တစ္ၿခံတည္းမွာေနထိုင္တဲ့ မိသားစုမ်ိဳးျဖစ္လာဖို႔ျဖစ္ၿပီး တစ္ခုခုျဖစ္လာရင္ တစ္ေယာက္ကိုတစ္ေယာက္ ဂ႐ုစိုက္နိုင္ေစဖို႔ပဲျဖစ္ပါတယ္။ သို႔ေသာ္လည္း ဒါက မ်ိဳးႏြယ္စုေခါင္းေဆာင္တို႔နဲ႕ တိုင္ပင္ၿပီးမွသာ ဆုံးျဖတ္နိုင္မွာပါ။
"မင္းေျပာတဲ့အတိုင္း ေဆာက္လို႔ရတယ္၊ ကိုယ္နားေထာင္မယ္" ဒါေပါ့၊ သူ႕ဇနီးေလးေျပာတဲ့စကားကို သူနားေထာင္ရမွာေပါ့။ "ပိုင္မု ေနာက္ႏွစ္အိမ္ေဆာက္ၿပီးတဲ့အခါ ကိုယ္တို႔ လက္တြဲေဖာ္ျဖစ္လာမယ္မလား"
"ေကာင္းၿပီ" ပိုင္မုက မဆိုင္းမတြ သေဘာတူလိုက္တယ္။
အခုအခ်ိန္မွာ သူနဲ႕ အတိတ္တစ္ခ်ိန္က ခ်စ္ခဲ့တဲ့ အယုတ္တမာကို စိတ္ထဲက ေဖ်ာက္ဖ်က္ပစ္လိုက္ပါၿပီ။ မ်ားစြာေသာကိစၥေတြမွာ လူေတြက အခ်ိန္အၾကာႀကီးေစာင့္ဆိုင္းၿပီး မ်ားစြာေပးဆပ္ခဲ့ရတာေၾကာင့္ လက္မလႊတ္နိုင္ၾကပါဘူး။က်န္ရွိေနတဲ့ဇြဲလုံ႕လက သူတို႔အခ်ည္းႏွီးေပးဆပ္ခဲ့ေၾကာင္းကို သက္ေသျပဖို႔သာ ျဖစ္သြားလိမ့္မယ္။အရင္က အတိတ္ကို အၿမဲတမ္းဆုပ္ကိုင္ထားၿပီး လက္မလႊတ္နိုင္ခဲ့ဘူး။ ဒီကမၻာႀကီးထဲက ဒီလူနဲ႕ပတ္သက္တဲ့အခ်ိန္မွမဟုတ္ရင္ ဘယ္အခ်ိန္ တကယ္လက္လႊတ္ရမယ္ဆိုတာ သူမသိပါဘူး။ သူ႕ဘဝရဲ႕ ေ႐ႊေရာင္ႏွစ္ေတြကို ႏွောင့္ႏွေးေစခဲ့တဲ့မေကာင္းတဲ့လူတစ္ေယာက္ေၾကာင့္ သူက ခဲယ္လ္တစ္ကို လက္လႊတ္ရမွာလား။
Chapter 68.2
လက္လႊတ္လိုက္ခ်ိန္ ကမၻာႀကီးက အရမ္းက်ယ္ေျပာလွကာ သူ႕ႏွလုံးသားထဲက ေက်ာက္တုံးႀကီးမရွိေတာ့ေၾကာင္း ပိုင္မုခံစားလိုက္ရၿပီး အခန္းက ၿငိမ္သက္ႏြေးေထြးလာတယ္။
"ခဲယ္လ္တစ္ ခင္ဗ်ားနဲ႕ေတြ႕ရတာ ဝမ္းသာတယ္" ပိုင္မုက ခဲယ္လ္တစ္ကို ညင္သာစြာ စိုက္ၾကည့္ကာ အရမ္းေတာက္ေတာက္ပပ ၿပဳံးျပလိုက္တယ္။
ခဲယ္လ္တစ္က ခဏတာေလာက္ အံၾသသြားၿပီး ဒီေန႕ ပိုင္မုမွာ သူနားမလည္နိုင္ေလာက္တဲ့ အရာတစ္ခု ရွိခဲ့တာျဖစ္ရမယ္။ ပိုင္မုရဲ႕တစ္ကိုယ္လုံးက ပို႐ႊင္လန္းၿပီး ပိုေတာက္ပလာတယ္လို႔ သူခံစားရတယ္။ ပိုင္မုရဲ႕ အၿပဳံးက သူ႕ကိုကူးစက္သြားခဲ့ၿပီး သူ႕ႏႈတ္ခမ္းက အေပၚျမင့္တက္သြားတယ္။
ဒီေန႕ရဲ႕ ပိုင္မုက ထူးထူးျခားျခား ခ်စ္စရာေကာင္းေနၿပီး စိုစြတ္တဲ့ ပန္းႏုေရာင္ႏႈတ္ခမ္းေလးေတြက သူ႕ကို နမ္းခ်င္ေအာင္ လုပ္ေနသလိုပါပဲ။ ပိုင္မုက သူ႕မ်က္၀န္းေတြထဲ အနက္ေရာင္ပဲရွိတယ္လို႔ ခံစားလိုက္ရၿပီး သူ႕ေရွ႕မွာေတာ့ အလင္းေရာင္ကို ပိတ္ဆို႔ေနတဲ့ ပုံသ႑ာန္တစ္ခုရွိေနကာ သူ႕ႏႈတ္ခမ္းေပၚ ႏူးညံ့တဲ့အထိအေတြ႕တစ္ခု ထြက္ေပၚလာတယ္။
ခဲယ္လ္တစ္က အနမ္းကိုေဖာ္ျပဖို႔ လွ်ာကိုဆန႔္ထုတ္လိုက္ၿပီး ခ်ိဳၿမိန္မႈကို စုပ္ယူကာ ႏူးညံ့တဲ့လွ်ာကို ရစ္ေထြးပတ္ႏြယ္ေနရတာေတာင္ မေက်နပ္သလိုခံစားရဆဲပါပဲ။ ပိုင္မုက အနမ္းခံလိုက္ရတာေၾကာင့္ အလြန္အားနည္းသြားၿပီး သူ႕လက္ႏွစ္ဖက္က ေပ်ာ့ေခြက်သြားကာ ခဲယ္လ္တစ္ရဲ႕ဒဏ္ရာကို မေတာ္တဆ ထိမိသြားတယ္။
"ဟစစ္စ္~~~" ခဲယ္လ္တစ္ အသက္ျပင္းျပင္းရႉလိုက္ရတယ္။
"အရမ္းနာသြားလား?" ပိုင္မုက ေဒါသထြက္ၿပီး စိတ္ဆင္းရဲသြားတယ္။ ေနာက္ဆုံးအျဖစ္အပ်က္ၿပီးကတည္းက ခဲယ္လ္တစ္က ပိုင္မုေရွ႕မွာဆို သူ႕ရဲ႕ခ်စ္ျခင္းေမတၱာနဲ႕ ပိုင္ဆိုင္လိုမႈေတြကို ဖုံးကြယ္ထားတာ နည္းပါးလာတယ္။
"ဘယ္လိုလုပ္ရမလဲ ကိုယ္မင္းကို ကိုယ့္အပိုင္လုံး၀ျဖစ္ေအာင္လုပ္ဖို႔ မေစာင့္နိုင္ေတာ့ဘူး" ခဲယ္လ္တစ္က ဒဏ္ရာကို ေရွာင္လိုက္ၿပီး ပိုင္မုကို ညင္သာစြာ ေပြ႕ဖက္လိုက္ကာ သူ႕ေခါင္းကို ပိုင္မုပခုံးနားမွာ ျမႇုပ္လိုက္ၿပီး နားထဲ အသံနိမ့္နိမ့္နဲ႕ေျပာလိုက္တယ္။ ပိုင္မုရဲ႕အနံ႕က စြဲမက္ဖြယ္ေကာင္းၿပီး အနမ္းတစ္ခုက သူ႕အငယ္ေလးကို အနည္းငယ္ ေထာင္မတ္လာေစတယ္။
"အဲဒါ အဆင္မေျပဘူး" ပိုင္မုလည္း တကယ္ကို ခဲယ္လ္တစ္ထက္ မသာေနပါဘူး။ ခဲယ္လ္တစ္ရဲ႕ အသံက သာယာစရာေကာင္းတဲ့အထိအေတြ႕နဲ႕အတူ နိမ့္ၿပီးခ်ိဳၿမိန္တယ္။သူ႕ရဲ႕ပူေလာင္ေနတဲ့ အသက္ရႈသံေတြက ပိုင္မုရဲ႕ အထိမခံနိုင္တဲ့နား႐ြက္ေတြကို အသာအယာထိေတြ႕မိေနၿပီး စိတ္လႈပ္ရွားမႈ အနည္းငယ္ျဖစ္လာေစတယ္။ သူ ဒီကမၻာကိုလာကတည္းက အသက္ရွင္သန္ေနထိုင္ဖို႔နဲ႕ပဲ အလုပ္ရႈပ္ေနၿပီး စိတ္သက္သာရာမရခဲ့ဘူး။ အခု သူခ်စ္တဲ့သူနဲ႕ရင္ဆိုင္ေနရေတာ့ ဒီစိတ္အားထက္သန္မႈက ခံနိုင္ရည္ရွိဖို႔ ပိုခက္ခဲတယ္။
ခဲယ္လ္တစ္က စိတ္ဓာတ္က်သြားတယ္။သူ တစ္ႏွစ္နီးပါးေတာင္ သည္းခံခဲ့ရတယ္ေလ။ ဒါေပမယ့္ လိန္းက်ယ္အေၾကာင္းကို စဥ္းစားမိေတာ့ သူက ခဲယ္လ္တစ္ထက္ အမ်ားႀကီးပိုဆိုးၿပီး ႏွစ္ႏွစ္ေက်ာ္ေတာင္ သည္းခံရဦးမွာပဲဆိုတာ နားလည္သြားတယ္။ ဒီေတာ့ သူ႕ရဲ႕စိတ္ဓာတ္က်ေနတာႀကီးက ခ်က္ခ်င္းပဲ ေပ်ာက္ကြယ္သြားေတာ့တယ္။
"ပိုင္မု မနက္ျဖန္ အိမ္ေဆာက္ဖို႔အေၾကာင္းေဆြးႏြေးဖို႔ မ်ိဳးႏြယ္စုေခါင္းေဆာင္ဆီ သြားရေအာင္ က်ားေတာင္ပံမ်ိဳးႏြယ္စုနဲ႕ပတ္သက္ၿပီး သူဘယ္လိုထင္လဲဆိုတာပါ ၾကည့္ၾကမယ္" က်ားေတာင္ပံမ်ိဳးႏြယ္စုက အခု သူတို႔မ်ိဳးႏြယ္စုမွာ ေနထိုင္တာေၾကာင့္ ပိုင္မုကလည္း အစီအစဥ္ေတြေရးဆြဲတဲ့အခါမွာ သူတို႔ကိုပါ ထည့္သြင္းစဥ္းစားေပးၿပီး ေရတြက္ခဲ့တယ္။
"ေကာင္းၿပီ" အစီအစဥ္ကို စတင္ေနၿပီျဖစ္ေပမယ့္လည္း အေကာင္အထည္ေဖာ္ဖို႔က ခက္ခဲၿပီး အဆုံးမွာေတာ့ ေဆာက္လုပ္ေရးနယ္ပယ္နဲ႕ အဆက္အစပ္မရွိတဲ့ပိုင္မုမွာ ဘာစိတ္ကူးအႀကံဉာဏ္မွ မရွိေနတဲ့အျပင္ အလုပ္ျဖစ္လားမျဖစ္ဘူးလားဆိုတာကိုလည္း မသိေနပါဘူး။
ဒီႏွစ္ရဲ႕ ေအးစက္တဲ့ေဆာင္းရာသီက မကုန္ဆုံးေသးေပမယ့္လည္း မ်ိဳးႏြယ္စုေခါင္းေဆာက္Erက လာမယ့္ႏွစ္ေဆာင္းရာသီအတြက္ စိတ္ပူစျပဳေနၿပီျဖစ္ပါတယ္။ သားရဲအုပ္က ကိုင္တြယ္ဖို႔ ပို,ပိုၿပီးခက္ခဲလာတယ္။ ဒီႏွစ္က ေဘးကင္းသြားၿပီလို႔ ေျပာလို႔ရေပမယ့္ ေနာက္ႏွစ္ဆိုရင္ေရာ? မ်ိဳးႏြယ္စုေခါင္းေဆာင္ပုက်ီကလည္း ဒီျပႆနာအတြက္ စိုးရိမ္ေနတာေၾကာင့္ သူတို႔ႏွစ္ဦးက မ်ိဳးႏြယ္စုႏွစ္ခုရဲ႕အနာဂတ္ကို စိတ္ဓာတ္က်ညွိုးငယ္စြာနဲ႕ အတူတကြ ေဆြးႏြေးခဲ့ၾကတယ္။
"အစ္ကိုပုက်ီ အခု ခင္ဗ်ားရဲ႕လူေတြက အမ်ားႀကီး မရွိေတာ့ဘူး ေနာက္ႏွစ္အတြက္ ဘာအစီအစဥ္မ်ား ခင္ဗ်ားမွာရွိလဲ" Er က မီးပိုႀကီးလာေအာင္လုပ္ဖို႔ အပူေပးပလႅင္ထဲက ေက်ာက္မီးေသြးကို တစ္၀က္ခြဲဖို႔ရာ သစ္သားတုတ္ကို အသုံးျပဳလိုက္တယ္။ မ်ိဳးႏြယ္စုေခါင္းေဆာင္ပုက်ီကို ႀကိဳဆိုဧည့္ခံဖို႔ တံခါးကိုဖြင့္လိုက္တုန္းက ေအးစက္တဲ့ေလေတြ ဂူထဲဝင္လာၿပီး ဂူအတြင္းရွိအပူခ်ိန္က အလြန္က်ဆင္းသြားခဲ့တယ္ေလ။
"ေဟး မင္းရဲ႕အစီအစဥ္ကေရာဘာမ်ားလဲ ငါ တစ္ဆင့္ၿပီးတစ္ဆင့္ အခုပဲေရတြက္လိုက္လို႔ရတယ္ ခဲယ္လ္တစ္ဒဏ္ရာသက္သာလာတဲ့အခါ ပိုင္မုနဲ႕ေဆြးႏြေးၿပီး သူ႕မွာ ေျဖရွင္းခ်က္ေကာင္းေတြရွိမရွိ ၾကည့္ခိုင္းလိုက္မွာမလား တကယ္လို႔ သူ႕မွာေတာင္မရွိဘူးဆိုရင္ ငါတို႔အတြက္ ျပစ္ဒဏ္က မလုံေလာက္ေသးဘူးလို႔ ဘုရားသခင္က ေတြးေနတာပဲ ျဖစ္လိမ့္မယ္" မ်ိဳးႏြယ္စုေခါင္းေဆာင္ပုက်ီက သက္ျပင္းရွည္ႀကီးနဲ႕ အတူ ေျပာလိုက္တယ္။သားရဲေတြက ႐ုတ္တရက္ အေျပာင္းအလဲေၾကာင့္ သူတို႔သတိမမူမိခဲ့႐ုံပါပဲ။အခု ဒီမ်ိဳးႏြယ္စု၀င္ေတြကို ထိန္းထားနိုင္တာကလည္း ေကာင္းခ်ီးတစ္ခုပါပဲ။ ေနာက္ႏွစ္ ဘာျဖစ္မယ္ဆိုတာေတာ့ မေသခ်ာဘူး..။
"ေကာင္းၿပီ ပိုင္မုမွာေတာ့ အေျဖေကာင္းေကာင္းရွိမွာပါ" မ်ိဳးႏြယ္စုေခါင္းေဆာင္ Erက ေျဖရွင္းနည္းရွာေဖြဖို႔ ခဏတာေလာက္နဲ႕ မလုပ္နိုင္ဘူး။ အေျခအေနက အေရးႀကီးေနတာေၾကာင့္ သူတို႔က အလ်င္အျမန္အေျဖရွာဖို႔လည္း လိုေသးတယ္။ အခု သူတို႔က ပိုင္မုမွာ ေျဖရွင္းနည္းရွိဖို႔ကိုသာ ေမွ်ာ္လင့္နိုင္ေတာ့တယ္။
"ဒါက မ်ိဳးႏြယ္စုေခါင္းေဆာင္ အိမ္လားခင္ဗ်ာ"ပိုင္မုရဲ႕ အသံက ဂူအျပင္ဘက္ကေန ထြက္လာတယ္။
"ဟုတ္ပါတယ္"ပိုင္မုရဲ႕အသံကိုၾကားေတာ့ မ်ိဳးႏြယ္စုေခါင္းေဆာင္က ဝမ္းသာအားရထရပ္ၿပီး တံခါးဖြင့္လိုက္တယ္။
ဒိကိုေရာက္လာတာက ပိုင္မုနဲ႕လိန္းက်ယ္တို႔ျဖစ္ၿပီး ခဲယ္လ္တစ္ကေတာ့ သူ႕ဒဏ္ရာေတြ မေပ်ာက္ေသးတာေၾကာင့္ အိမ္မွာ ပစ္ထားခံခဲ့ရပါတယ္။ ပိုင္မုက သူမသက္သာမခ်င္း အိမ္မွာပဲ ကုသဖို႔နဲ႕ အျပင္ကို ေျခလွမ္း တစ္ဝက္ေလာက္ေတာင္ မထြက္ဖို႔ သူ႕ကို အမိန႔္ထုတ္ထားတယ္။ထိုအခ်ိန္တုန္းက ခဲယ္လ္တစ္ရဲ႕ ခါးသီးေနတဲ့မ်က္ႏွာကို ေတြးမိၿပီး လိန္းက်ယ္က သက္ေတာင့္သက္သာ ခံစားခဲ့ရတယ္။ သူတို႔အိမ္ကမထြက္ခင္ ခဲယ္လ္တစ္က ပိုင္မုကို သနားစရာေကာင္းၿပီး ဝမ္းနည္းေနတဲ့မ်က္လုံးေတြနဲ႕ ၾကည့္ေနခဲ့ကာ အဲ့ဒီအၾကည့္က လိန္းက်ယ္ရဲ႕တစ္ကိုယ္လုံးကိုေတာင္ ၾကက္သီးထသြားေစတယ္။
"မင္းတို႔ ဘာလို႔ဒီကိုေရာက္လာတာလဲ ခဲယ္လ္တစ္က သိပ္မေကာင္းလာေသးဘူးလား" မ်ိဳးႏြယ္စုေခါင္းေဆာင္Er က သူတို႔ႏွစ္ေယာက္ကို ႏႈတ္ဆက္လိုက္ၿပီး ေလေအးေတြမ၀င္လာေအာင္ တံခါးကို အျမန္ပိတ္လိုက္တယ္။
"မ်ိဳးႏြယ္စုေခါင္းေဆာင္ရဲ႕ စိုးရိမ္ေပးမႈအတြက္ ေက်းဇူးတင္ပါတယ္ သူက ပိုေကာင္းလာၿပီး အိမ္မွာေတာင္ ကန္ေက်ာက္ေနနိုင္ပါၿပီ မ်ိဳးႏြယ္စုေခါင္းေဆာင္ အိုင္ဗန္ ၊ အိုက္၀မ္နဲ႕ နိရွီဇ၀တို႔ ဘယ္ေရာက္ေနတာလဲ" ပိုင္မုက ဂူထဲကို ဝင္သြားေတာ့ မ်ိဳးႏြယ္စုေခါင္းေဆာင္ ပုက်ီကိုလည္းပဲေတြ႕လိုက္တယ္။သူ႕အထင္က တကယ္မွန္တာပဲလို႔ ေတြးမိသြားတယ္။
"သူတို႔က ပစၥည္းေတြ ပို႔ေပးဖို႔ က်ားေတာင္ပံမ်ိဳးႏြယ္စုကို သြားၾကတယ္" Erက မီးေဘးမွာ ျပန္ထိုင္လိုက္တယ္။ ဒီလိုရာသီဥတုမ်ိဳးက မီးလႈံဖို႔ အသင့္ေတာ္ဆုံးပဲ။ ၿပီးေတာ့ စြပ္ျပဳတ္ပူပူေလးတစ္အိုးခ်က္ျပဳတ္ရင္း မိသားစုနဲ႕အတူ အတူတူစုစားၾကမယ္။
မ်ိဳးႏြယ္စုေခါင္းေဆာင္ႏွစ္ေယာက္ကို ႏႈတ္ဆက္ၿပီးေနာက္ ပိုင္မုတို႔ႏွစ္ေယာက္သားက မီးပလႅင္အစြန္းနားမွာ ထိုင္လိုက္ၾကတယ္။ ပိုင္မုက သူ႕ရဲ႕ေအးခဲေနၿပီး အတန္ငယ္ေတာင့္တင္းေနတဲ့ လက္ႏွစ္ဖက္ကိုပြတ္တိုက္ၿပီးေနာက္ ႏြေးႏြေးေထြးေထြးျဖစ္ေအာင္လုပ္ဖို႔ လက္ကို မီးနား တိုးကပ္လိုက္တယ္။ အျပင္မွာ တကယ္ေအးတယ္။လိန္းက်ယ္က သူ႕ထက္ မ်ားစြာပိုေကာင္းမြန္ေနၿပီး ေအးစက္တဲ့ေလေတြကို လုံးဝမခံစားရတဲ့ပုံေပါက္တယ္။
"မ်ိဳးႏြယ္စုေခါင္းေဆာင္Er ဒီေန႕ လာတာက မ်ိဳးႏြယ္စုေခါင္းေဆာင္တို႔နဲ႕အတူ တစ္ခုခု ေဆြးႏြေးခ်င္လို႔ပါ" ပိုင္မုက အေၾကာင္းအရာကို တိုက္ရိုက္ျဖတ္ေတာက္လိုက္တယ္။ သူတို႔မွာ ေဆြးႏြေးအတည္ျပဳဖို႔လိုအပ္တဲ့ အရာမ်ားစြာ ရွိေနေသးတယ္ေလ။
"ဘာကိစၥရွိလို႔လဲ မ်ိဳးႏြယ္စုေခါင္းေဆာင္ပုက်ီနဲ႕ငါ ေစာနေလးကတင္ မင္းနဲ႕ေဆြးႏြေးစရာရွိတယ္လို႔ ေျပာေနေသးတာ ဒါဆို မင္းအရင္ေျပာသင့္တယ္ ငါတို႔က အလ်င္လိုေနတာမဟုတ္ဘူး"
"ဘာေတြ ေျပာေနတာမ်ားလဲ"ပိုင္မုက ေမးလိုက္တယ္။
"ေလာေလာဆယ္ျဖစ္ေနတာပါပဲ ေနာက္ႏွစ္ ေဆာင္းရာသီမွာ ဘယ္လိုလုပ္ရမလဲဆိုတာ ေဆြးႏြေးေနၾကတာ ေဆာင္းရာသီမွာ စားဝတ္ေနေရးက ျပႆနာမဟုတ္ေပမယ့္ သားရဲအုပ္က ပို,ပိုႀကီးလာတယ္ ဒီလိုမ်ိဳး ဆက္ျဖစ္ေနရင္ ေျဖရွင္းလို႔ ရမွာမဟုတ္ဘူး" မ်ိဳးႏြယ္စုေခါင္းေဆာင္Er က စိုးရိမ္စြာေျပာလိုက္တယ္။
"ဟုတ္တယ္ ငါတို႔က်ားေတာင္ပံမ်ိဳးႏြယ္စုက ဒီႏွစ္မွာ လူတစ္ဝက္နီးပါး ဆုံးရႈံးသြားတယ္ ေနာက္ႏွစ္ေဆာင္းရာသီမွာ ငါတို႔ဘာလုပ္သင့္လဲ မင္းတို႔ကိုပဲ အၿမဲတမ္း အားကိုးေနလို႔မရဘူးေလ" ဒီႏွစ္မွာ ျခေသၤ့ေတာင္ပံမ်ိဳးႏြယ္စုရဲ႕ အကူအညီေၾကာင့္ အဆင္ေျပခဲ့ေပမယ့္ ဒါက ေရရွည္ေျဖရွင္းခ်က္မဟုတ္ပါဘူး။
"ဒီကိစၥအတြက္ ကြၽန္ေတာ္ ဒီမွာ မ်ိဳးႏြယ္စုေခါင္းေဆာင္တို႔နဲ႕အတူ ေဆြးႏြေးဖို႔ရွိေနတာပါ" တိုက္ဆိုင္လိုက္တာ။ လူတိုင္းရဲ႕ ရည္႐ြယ္ခ်က္က အတူတူပါပဲ။
"ပိုင္မု မင္းမွာ ေျဖရွင္းနည္းရွိလား" မ်ိဳးးႏြယ္စုေခါင္းေဆာင္ႏွစ္ေယာက္က အရမ္းဝမ္းသာသြားၾကၿပီး ဝမ္းနည္းေနတဲ့မ်က္ႏွာေတြကို ဖယ္ရွားၿပီးေနာက္ စိတ္လႈပ္ရွားစြာ ေမးလိုက္ၾကတယ္။
“အဲလိုမ်ိဳး ေျပာလို႔ရေပမယ့္ အေကာင္အထည္ ေဖာ္နိုင္လားဆိုတာက ေမးခြန္းထုတ္စရာျဖစ္ေနတာ” ပိုင္မုက အသာအယာမ်က္ေမွာင္ၾကဳတ္လိုက္တယ္။