TOXIC

By KommyRam

3K 421 109

" တစ်ချိန်ကျကိုကို့ကို ကျွန်တော်က စောင့်ရှောက်ပေးပါ့မယ် " " မင်းအဲ့လိုငါ့အပေါ်ကိုလိုက်ကောင်းပေးမနေစမ်းပါနဲ့၊... More

EPISODE 1
EPISODE 2
EPISODE 3
EPISODE 5
EPISODE 6
EPISODE 7
EPISODE 8
EPISODE 9
EPISODE 10
EPISODE 11
EPISODE 12
EPISODE 13
EPISODE 14
EPISODE 15

EPISODE 4

178 21 7
By KommyRam

" ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ "

" ဒီက CEO နဲ့ တွေ့ချင်လို့ပါ "

" ဟုတ်ကဲ့ပါ Appointment ယူထားတာများရှိလားမသိဘူးရှင့် "

" အာ .... အဲဒါက မရှိ "

လိပ်စာကပ်အတိုင်း Jongwoo ရောက်လာခဲ့ပေမယ့် အခုတော့သူအခက်တွေ့နေပါပြီ၊ ချိန်းထားတာလည်း မရှိတဲ့အတွက် ထိုလူနဲ့တွေ့ဖို့ရာ ခက်ပါလိမ့်မည်၊ သူဒီအတိုင်း ပြန်လိုက်ရတော့မှာလား၊ လာပြီးမှ အလကားဖြစ်တာကြီးကတော့ မဟုတ်သေးဘူးထင်တယ်၊

" Appointment ယူထားတာမရှိရင် CEO နဲ့တွေ့လို့မရပါသေးပါဘူးရှင့်၊ ညီမတို့ဘက်က တခြားဘာများကူညီပေးရမလဲ မသိဘူးရှင့် "

သု့နာမည်ပြောခိုင်းလိုက်ရင်လည်း သိမှာမဟုတ်လောက်ဘူး၊ သူတို့ချင်းမိတ်ဆက်ရသေးတာမှမဟုတ်တာ၊ လိပ်စာလေးတစ်ကဒ်ထဲနဲ့ ဘာကိုယုံပြီး လာခဲ့လိုက်တာလဲ Yoon Jong Wooရာ၊ နည်းနည်းပါးပါးဦးနှောက်ကိုအလုပ်ပေးဦးမှပေါ့ဆိုပြီး Jongwooကိုယ့်ကိုကိုယ်အပြစ်တင်နေမိသည်၊

" မရှိတော့ဘူး ညီမ၊ အစ်ကိုပြန်လိုက်ပါဦးမယ် "

" ဟုတ်ကဲ့ပါရှင့် "

••••••

" Jongwoo ကိုယ့်ဆီလာတာလား "

‌စိတ်ပျက်ပျက်နဲ့ Company ထဲကအထွက် ထိုလူနဲ့ သူထပ်‌တွေ့လိုက်ရသည်၊ တော်သေးတာပေါ့ အခု အဆင်ပြေသွားပြီ၊ သူဒီကိုလာတာအလကားမဖြစ်တော့ဘူး၊

" ဟုတ်ကဲ့ "

" လာကိုယ့်ရုံးခန်းကို လိုက်ခဲ့ "

Jongwoo ထိုလူနောက်ကိုလိုက်သွားလိုက်သည်၊

ရုံးချိန်အတွင်းဖြစ်မို့ စတွေ့တဲ့နေ့ကနဲ့မတူဘဲထိုလူကအနက်ရောင် Suit နဲ့ အဖြူရောင်အင်္ကျီကို ဝတ်ဆင်ထားသည်၊ နက််ခ်ကတိုင်ကတော့ မပါမဖြစ်ပေါ့၊ ထိုလူနဲ့အသွင်က ကြည်လင်‌သန့်ရှင်းနေပြီး အတော်လေးကိုကြည့် ကောင်းနေပါသည်၊

ခန္ဓာကိုယ်အချိုးအစား၊ အရပ်အမြင့်ကလည်း MODEL တစ်ယောက်လိုမျိုးပြီးပြည့်စုံနေသည်၊ ရုပ်ရည်ကလည်း အထူး‌ပြောစရာမရှိ၊ သူကတော့ ရှပ်အင်္ကျီအဖြူနဲ့ အပေါက်အပြဲတွေပါတဲ့ ဂျင်းဘောင်ဘီကိုဝတ်ထားမိသည်၊ ထိုလူနဲ့ယှဉ်လိုက်တော့သူ့ကိုယ်သူတောင်နည်းနည်းရှက်မိသလိုပင်

" ဒီမှာထိုင် ကိုယ်ကော်ဖီဖျော်ခိုင်းလိုက်ဦးမယ်"

" ဟုတ်ကဲ့ "

" Jongwoo လာမယ့်အချိန်ကို မျှော်နေတာ "

" ဗျာ "

" အော် Jongwoo ဘယ်တော့အလုပ်လာလျှောက်မလဲဆိုတာကို မျှော်နေတာလို့ "

Jongwoo ခံစားချက်ကသိပ်တော့အဆင်မပြေ၊ အနည်းငယ်နေရခက်သလိုပင်၊ ပတ်ဝန်းကျင်ကစိမ်းသက်နေပြီး တရင်းတနှီးပြောနေသော ထိုလူကြောင့်ဖြစ်ပါလိမ့်မည်၊

Jongwoo စိတ်လှုပ်ရှားကာ အခန်းထဲကိုလည့်ပတ်ကြည့်မိမှ စားပွဲခုံပေါ်မှာတင်ထားတဲ့ ထိုလူရဲ့ နာမည်ပါတဲ့အရာကိုတွေ့မှ Jongwoo ထိုလူရဲ့ နာမည်ကိုသိတော့တယ်၊

              " CEO
                               LEE DONG YEOL "

" အာ ... ခုမှသတိရတယ် ကိုယ်တို့မိတ်မဆက်ရသေးဘူးနော် "

" ဟုတ် "

" ကိုယ့်နာမည်က Lee Dong Yeol ကိုယ်ကမင်းထက်အသက်ကြီးတာမို့ ကိုယ့်ကိုမင်းအဆင်ပြေသလိုခေါ်လို့ရတယ် "

ထိုလူရဲ့အလုပ်ခန်းထဲထိ ရောက်လာပြီးမှ နာမည်ကို သိရဲ့တဲ့အဖြစ်၊ ဒါပေမယ့် သူအခုမှသတိထားမိတာက ထိုလူကသူ့နာမည်ကိုသိနှင့်နေပြီးသားမဟုတ်လား ဘယ်လိုလုပ်သိနေရတာလဲ၊

" ဟုတ် "

" တကယ်လို့ အဆင်ပြေမယ်ဆိုရင်ပေါ့ပေါ့ပါးပါးပဲ စကားပြောလို့ရမလား Jongwoo "

ဘာပြောပြော ဟုတ်တစ်လုံးပဲပြောနေတဲ့ဒီ‌ကောင်လေးကြောင့် Dong Yeol သိပ်အဆင်‌မပြေသလိုဖြစ်နေပါသည်၊ ဒီကောင်လေးက တကယ်သူထင်ထားနဲ့ တခြားစီဖြစ်နေတယ်၊

" ဟုတ် Hyung "

တကယ်တော့ Jongwoo ဘယ်လိုနေရမလဲမသိဖြစ်နေတာပါ၊ ကိုယ့်ထက်အသက်ကြီးတဲ့သူမို့ကိုယ့်ကိုအလုပ်ပေးမယ့်သူမို့ ရိုရိုသေသေဆက် ဆံချင်ရုံပါ၊ ထိုလူ့အတွက်တော့မသိပေမယ့် သူ့အတွက်လည်း နည်းနည်းနေရခက်သလိုပင်၊

" Jongwoo မနက်ဖန်ကစပြီး အလုပ်လာလို့ရပြီ "

" ဗျာ ကျွန်တော်ကဘာလုပ်ရမှာလဲ "

ဘာအင်တာဗျူးမှမလုပ်ဘဲ သူ့အကြောင်းဘာမှကို မမေးဘဲ အလုပ်ခန့်လိုက်တယ်၊ Jongwoo တကယ်ကို အံ့ဩသွားရပါသည်၊ သူကဘာအလုပ်လုပ်ရမှာလဲ မဟုတ်မှလွဲရော သန့်ရှင်းရေးတော့ မဟုတ်‌ဘူးမလားဆိုပြီးသူတစ်ယောက်တည်း အတွေးလွန်နေမိသည်၊

" ကိုယ့်အတွင်းရေးမှူးလုပ်ရမှာ၊ လူပဲလာရင်ရပြီ ကျန်တာအကုန်လုံး ကိုယ်ကသင်ပေးမယ် "

" ဗျာ "

မဖြစ်နိုင်တာဘယ်လိုလုပ်သူ့လိုလူမျိုးကို အတွင်း ရေးမှူးနေရာထားပေးရတာလဲ၊ သေချာပေါက်တစ်ခုခုတော့ လွှဲနေသလိုပင်၊ ဒီလူက တကယ်ကို ထူးဆန်းတယ်၊

" အခုတော့ သွားရအောင် "

" ဘယ်ကိုလဲဗျ "

နေရာကနေထပြီး ထိုလူပြောလိုက်သောစကားကြောင့် Jongwoo နောက်တစ်ခါကြောင်သွားရပြန်သည်၊ တကယ် Dong Yeol Hyung ကြောင့်
သူဘယ်မှခါမှန်းမသိအောင် အံ့ဩနေရပါသည်၊

" ကမ္ဘာ့အပြင်ဘက်ကိုလေ လိုက်မယ်မလား "

" Hyung "

" စတာ နေ့လည်စာမစားရ‌သေးဘူးမလား ကိုယ်နဲ့အတူတူ သွားစားရအောင်လို့ ပြောတာ "

Hyungလို့ခေါ်လိုက်မှသဘောတကျရယ်ပြီးစတာဆိုတဲ့အကြောင်းပြောလာတဲ့ Dong Yeol Hyung နေပါဦး တကယ် ခုမှတွေ့တဲ့လူတစ်ယောက်ကိုအဲ့လိုမျိုးစစရာလား နောက်ပြီး ခုမှတွေ့တဲ့လူတစ်ယောက်ကို ဒီလိုမျိုး အလုပ်ပေးလို့ရော ဖြစ်လား၊

" ဟုတ် "

" Jongwoo "

သူဟုတ်လို့ပြောတာကိုသဘောမကျသည့်နှယ့်သူ့ကိုမျက်မှောင်ကြုတ်ပြီးကြည့်နေသည်၊ ထိုအခါမှ သူစကားပြင်ရမှန်းသိလိုက်သည်၊

" အင်း သွားရအောင် Hyung "

" ဒီလိုမှပေါ့ "

လိုတာရတော့ကျေနပ်သွားတဲ့မျက်နှာအမူအရာဖြစ်သွားသည်၊ Dong Yeol Hyung ကတကယ်ချစ်ဖို့ကောင်းတယ်လို့ သူစိတ်ထဲမှာ သတ်မှတ်လိုက်‌သည်၊

••••••••••

" ကိုကို လာပြန်ပြီလား "

" ပြန်လာလို့ မင်းမြင်တာပေါ့ "

" ကိုကိုကလဲ "

ကိုကိုက သူ့ကိုဆိုအမြဲတမ်းကန့်လန်တိုက်ဖို့ချည်းပဲ၊ စကားကိုကောင်းကောင်း မပြောတတ်ဘူးလား မသိ၊ "အင်း ပြန်လာပြီ"လို့ ပြန်ဖြေလိုက်တော့ရော ဘာဖြစ်သွားမှာမို့လို့လဲ၊ အပန်းကြီးတဲ့ကိစ္စလည်း မဟုတ်ဘဲနဲ့ကို အလကားကပ်တွက်နေတယ်၊

Jay တစ်ယောက်နဲ့လည်းတကယ်ကိုနားမလည်နိုင် ပြန်လာတာမြင်နေရတာကို ပြန်လာပြီလားလုပ်နေသေးတယ်၊ နောက်တခါကျနေဦး ပြန်မလာသေးဘူး လမ်းမှာပဲရှိသေးတယ်လို့ ဖြေဦးမယ်၊ တကယ်အပိုစကားတွေတအားပြောတဲ့ကောင်လေး

ထမင်းစားနေတာမြင်လဲ ကိုကိုထမင်းစားနေတာလား အပြင်သွားမလို့ပြင်နေတာမြင်လဲ ကိုကိုအပြင်သွားမလို့လား၊ အိပ်တော့မှာသိနေလဲ ကိုကိုအိပ်တော့မလို့လား နေ့တိုင်းမရိုးရအောင်ကိုပတ်စကားပြောနေတာ သူ့အစား တကယ်မောတယ်၊

" ကိုကို "

ဒီကောင်လေးက တကယ်အပိုစကားပြောရုံနဲ့ မပြီးသေးဘူး၊ နောက်ကနေ သူ့အခန်းထဲထိ လိုက်လာသေးတယ်၊

" ဘာလဲကွာ "

" မနက်ဖန် ကျောင်းကိုလာခဲ့ပေး "

" မနက်ဖန် မအားဘူး "

ဟုတ်ပါတယ်၊ မနက်ဖန် Jongwooအလုပ်စဆင်းရမယ့် ပထမဆုံးရက်ပါ၊ ပထမဆုံးမို့ပျက်လည်း မပျက်ချင်ပါ၊

" မနက်ဖန် ကျွန်တော့် Graduation ကိုကိုလာပေးလို့ မရဘူးလားဟင် "

" မရဘူး "

" ကိုကို "

ဒီတစ်ခါတော့ကိုကိုတကယ်လွန်ပါတယ်၊ ဘယ် လောက်ပဲ သူ့ကိုအလိုမလိုက်ဘူးပြောပြော သူ့ရဲ့ Graduation ကိုတော့ လာပေးသင့်တယ်မဟုတ်လား၊

" ကိုကိုတကယ်မလာဘူးလား "

" မလာဘူး မေမေတို့ရှိတာပဲ "

ဟုတ်တယ်လေ ထွေထွေထူးထူးသူသွားစရာမှမလိုတာ မေမေတို့ရှိတာပဲ၊ သူတို့လာပါလိမ့်မယ်၊ Jay က သူတို့ရဲ့အချစ်ဆုံးသားလေးမဟုတ်လား သေချာပေါက် သွားကြမှာပါ၊

" ဒါပေမယ့် ကျွန်တော်က "

" ငါစကားတွေအများကြီးမပြောချင်ဘူး သွားလိုက်တော့ "

" ကိုကို !! "

" ငါ့ကိုလာမအော်နဲ့ Jay Chang "

" ဘာလို့ ကိုကိုကမလာချင်ရတာလဲ၊ကိုကိုလာပေးတော့ ဘာတွေများထိခိုက်သွားမှာမို့လဲ "

" ငါလဲအဲ့တာကို သိချင်နေတာ Jay "

" မင်းသိလား ငါ့အလှည့်တုန်းကရော ဘယ်သူတွေလာပေးခဲ့လဲဆိုတာ ဘယ်သူမှရောက်မလာဘဲ ငါတစ်ယောက်တည်းပဲ ဖြတ်သန်းခဲ့ရတာ "

Jongwoo အဲ့အကြောင်းတွေပြန်တွေးမိရင်ရင်နာရပါသည်၊ ဘယ်လောက်ပဲ အလုပ်များတယ်ပြောပြော ဒီအချိန်လေးကိုမလာပေးနိုင်တာ အရေးမပါလို့မဟုတ်လား၊ Jongwoo က သူတို့အတွက် အရေးမပါခဲ့လို့ မဟုတ်လား၊

" ကိုကို "

Jay မှားသွားပြီထင်တယ်၊ ဘာကိုမှမသိဘဲ ကိုကို့ကို အော်လိုက်မိတာ၊ ကိုကို့ခံစားချက်တွေကိုမသိဘဲ သူစိတ်တိုင်းကျပြောလိုက်မိတာ၊

" ကိုကို ကျွန်တော်က "

" မင်းငါ့အခန်းထဲက ထွက်သွား "

" ကိုကို "

" ငါနောက်ထပ်မပြောဘူး Jay Chang "

" ဟုတ် "

သူ့ကြောင့်ကိုကို ဝမ်းနည်းသွားမယ်ထင်တယ်၊ သူကြောင့်နဲ့ ကိုကုအဲ့ဒီအချိန်တွေကို ပြန်သတိရပြီး စိတ်ထိခိုက်ရမယ်ထင်တယ်၊

Jongwoo ဒီလူ့လောကကြီးမှာ ရှင်သန်ရတာကို စိတ်ကုန်လာမိသည်၊ တကယ်တစ်ရက်မှ စိတ်ချမ်းချမ်းသာသာနေရတဲ့ ရက်မရှိပါ၊ တစ်ရက်မဟုတ်တစ်ရက် တနေ့မဟုတ်တနေ့ စိတ်ပင်ပန်းစရာ၊ စိတ်အဆင်အပြေဖြစ်စရာတွေချည်း သူကြုံတွေ့နေရတာ တကယ်ငြီးငွေ့လာပါပြီ၊

" ဘာလို့ လူလာဖြစ်တာလဲကွာ "

ကောင်းသောမွေးဖွားခြင်းမဟုတ်တဲ့၊ ဝမ်းနဲ့လွယ်ပြီး မွေးထားတဲ့မိခင်အရင်းကတောင်မလိုချင်ခဲ့တဲ့သူ့အတွက်၊ မိဘအရင်းကတောင်ချစ်မပေးနိုင်တာ သူတို့မချစ်တာလည်းအပြစ်တော့မဆိုနိုင်ပါကျွေးမွေးစောင့်ရှောက်ပေးခဲ့တာနဲ့တင်  ကျေးဇူး တင်သင့်နေပြီမလား၊

ဒါပေမယ့်လို့ သူ့စိတ်ထဲက အနာတရတွေကတော့ ထပ်တလဲလဲ ကြုံနေတွေ့နေရပါသည်၊

တစ်ခါလောက်တော့အသက်ရှင်နေရတဲ့အကြောင်း အရင်းကိုသိချင်သည်၊ဘာအတွက်အသက်ရှင်နေရတာလဲ၊ဘယ်သူ့အတွက် အသက်ရှင်နေရတာလဲဆိုတာကို သူသိချင်မိပါသည်၊

ဘယ်သူကမှမလိုချင်တဲ့သူဖြစ်တည်မှုက တစ်ယောက် ယောက်အတွက် အရေး‌ပါတဲ့အချိန်ဆိုတာ ရှိသေးရဲ့လားဆိုတာ သိချင်တယ်၊

စကားတစ်ခုကို ကြားဖူးကြတယ်မဟုတ်လား

" အဝေးကိုမျှော်ကြည့်နေရင်းက
အနီးနားကအရာကိုမမြင်နိုင်ကြဘူးတဲ့ "

Yoon Jong Woo တစ်‌ယောက်တည်း အတွေးလွန်နေလိုက်ပုံများ တစ်စုံတစ်ယောက်ကိုတော့ မေ့နေဟန်၊

Jongwoo အိပ်ယာဝင်ခန်းနီး မနက်ဖန်အတွက် အချိန်မှီနိုးအောင်Alarm ကြိုပေးထားလိုက်သည်၊သူအိပ်မပျော်ခင်အခိုက်အတန့် သူ့အတွေးထဲကိုရောက်လာ တာက Dong Yeol Hyung

Hyung နဲ့ပက်သတ်ရင် " ဘာကြောင့်လဲ " ဆိုတဲ့မေးခွန်းတွေပဲ ဆက်တိုက်ထွက်လာပါသည်၊

မေးခွန်းတွေတန်းစီနေတဲ့ကြားက Jongwoo နေ့လည်ကအကြောင်းကိုပြန်တွေးမိရင်း ပြုံးလိုက်မိ သည်၊ Hyung က တကယ်ဘယ်လိုမျိုးလဲ၊

ဘေးချင်ကပ်ရပ်ရှိနေတဲ့အခန်းနှစ်ခန်းက ကောင်လေးနှစ်ဦးတွင် တစ်ဦးက မနက်ဖန်အတွက်ကြိုတွေးပြီး ဝမ်းနည်းနေဟန်ရှိပေမယ့် ကျန်တစ်ဦးကတော့ မနက်ဖန်အတွက်စိတ်လှုပ်ရှားလို့နေပါသည်၊

•••••••••

" Jongwoo ရောက်လာပြီလား "

သူ့ကိုမြင်တာနဲ့အပြုံးနဲ့ကြိုဆိုနေတဲ့ Hyung ကိုတွေ့လိုက်ရသည်၊

" ဟုတ်ဗျ ကျွန်တော်ရောက်ပါပြီ နောက်မကျဘူး မဟုတ်လား "

ဒီအချိန်မှာတော့ ရောက်လာလို့မြင်တာပေါ့ဆိုပြီး ကန့်လန်တိုက်ချင်တဲ့သူ့စိတ်ကလေးက ဘယ်ဆီနေများ မသိပျောက်လို့နေပါသည်၊

" နောက်မကျပါဘူး အဆင်ပြေတယ် "

Hyung ကအရင်ရောက်နေတဲ့အတွက် Jongwoo စိုးရိမ်ပြီး မေးလိုက်ခြင်းပင်ဖြစ်သည်၊

" ဒါနဲ့ မင်းကားမောင်းတတ်တယ်မဟုတ်လား "

" ဟုတ်မောင်းတတ်ပါတယ် Hyung "

" ဒါဆိုကိုယ်နဲ့တနေရာသွားရအောင် လိုက်ခဲ့ပေးပါဦး "

" ဟုတ်ကဲ့ Hyung "

" မင်းမောင်းပေးလို့အဆင်ပြေတယ်မဟုတ်လား "

Hyung က သူ့ကိုကားသော့ပြပြီး မေးလာတယ်၊ သူ့အတွက်အဆင်မပြေစရာမရှိပါ၊ ကိုယ့်အလုပ် ရှင်အတွက် မောင်းပေးရတာပဲ ဘာမှအပန်းမကြီးပါ၊

" Hyung အနောက်မှာ မထိုင်ဘူးလား "

Lover Seat မှာလာထိုင်သော Hyung ကြောင့် သူဒီလိုမျိုးမေးရခြင်းပါ၊

" မင်းက DRIVER မှ မဟုတ်တာ ဘာလို့ငါကအဲ့ဒီမှာသွားထိုင်ရမှာလဲ နောက်ပြီး ငါအနောက်မှာ ထိုင်ရတာ မကြိုက်ဘူး "

" ဟုတ်ပါပြီဗျ "

မကြိုက်ဘူးဆိုမှတော့ သူဘာကိုမှအတွန့်တက်ပြီး မေးနေစရာမလိုတော့ပါ၊ Hyung အနောက်မှာသွားထိုင်ရင်တောင် သူအဆင်ပြေသည်မို့၊

" ဘယ်ကိုပို့ပေးရမလဲ Hyung"

" Dwight High School ကိုသွားမယ်၊ ပြီးတော့လမ်းမှာ Aster Fls ဆိုတဲ့ဆိုင်မှာ ခဏရပ်ပေးဦး ပန်းစည်းဝယ်ချင်လို့ "

" High School ကို !? "

" ကိုယ့်ဝမ်းကွဲညီလေးဆီကိုသွားမလို့ "

Dwight လို့ပြောလိုက်ကာမှ Jay ကိုသတိရတော့တယ်၊ သူ့အတွက်အတော်ပဲဖြစ်သွားတာပေါ့ Jay အတွက်လည်း သူတစ်ခုခုဝယ်သွားရမယ်ဆိုပြီးစဉ်းစားလိုက်တော့တယ်၊

Hyung ပန်းဝယ်တော့ သူလည်း Jay အတွက် Lily ပန်းစည်းလေးဝယ်ခဲ့လိုက်တယ်၊ Hyung ကိုတော့ သူညီလေးရှိကြောင်းတစ်ခါတည်းပြောထားလိုက်တယ်၊ Hyung ကတော့ တိုက်ဆိုင်လိုက်တာကလွဲလို့ ဘာမှမပြောပါ၊

" GunWookkie, Hyung ရောက်လာတယ်နော် "

" ကျေးဇူးတင်ပါတယ် Hyung "'

အဲ့ကိုရောက်တော့ Jongwoo တစ်ယောက် Jay ကိုလိုက်ရှာနေမိသည်၊ လူတွေကများတော့ တွေ့ဖို့လည်း မလွယ်နိုင်၊ မတွေ့ရင်တော့ သူယူလာတာ အလကားဖြစ်တော့မှာပဲဆိုပြီး တွေးပူနေမိသည်၊

" Matthew နဲ့ Jay ဒီကိုလာ ဒါငါ့ရဲ့ တစ်ဝမ်းကွဲအစ်ကို "

Gun Wook က သူ့အစ်ကိုနဲ့ မိတ်ဆက်ပေးဖို့ရာ သူငယ်ချင်းတွေကို ခေါ်လိုက်တော့သည်၊

Jongwoo လည်း Jay နာမည်ကြားတော့မှHyung တို့ဘက်ကို အကြည့်ရောက်မိတော့သည်၊ တွေ့ပါပြီ အိမ်ကပေါက်စကို

" ကိုကို !? "

ကိုကိုက ဒီကိုဘယ်လိုလုပ်ရောက်နေရတာလဲ၊ မဟုတ်မှလွဲရော သူ့ဆီကိုလာတာလား စစချင်းတော့ Jay အပျော်လွန်သွားရသည်၊ ကိုကို့ဆီသွားမယ်အလုပ်မှာ

" Gun Wook ဒါ Hyung ရဲ့ သူငယ်ချင်း၊ Hyung နဲ့ အတူတူ အဖော်ခေါ်လာတာ "

Dong Yeol က Jongwoo လက်ကိုဆွဲပြီးတော့ ကလေးတွေနဲ့ မိတ်ဆက်ပေးလိုက်တော့သည်၊

ကိုကိုက သူခေါ်တုန်းကကျ မအားလို့မလာနိုင်ဘူးဆိုပြီးပြောပြီးတော့ အဲ့ကိုကိုသူငယ်ချင်းခေါ်မှ လာတယ်ပေါ့၊ Jay တကယ်ကို စိတ်ဆိုးသွားပါပြီ၊ Jay က အဲ့ဒီသူငယ်ချင်းလောက်တောင် ကိုကို့အတွက် အရေးမပါဘူးလား၊

Jay ကိုကို့ကို မသိချင်ယောင်ဆောင်ကာ Gun Wook မိတ်ဆက်ပေးပြီးတာနဲ့ တခြားနေရာကို သွားလိုက်တော့သည်၊ Gun Wook ကတော့ သူ့အစ်ကိုနဲ့ ဓာတ်ပုံရိုက်ရင်း ကျန်နေခဲ့တာပေါ့၊

" Jay "

" ဘာလဲ "

အခုမှ ကိုကိုကသူ့နောက်လိုက်လာတယ်ပေါ့၊ အဲ့သူငယ်ချင်းနဲ့ နေခဲ့တာမဟုတ်ဘူး၊ တကယ်ကို အမြင်ကပ်စရာကောင်းတာပဲ၊

" ရော့ မင်းအတွက် "

ကိုကိုပေးတဲ့ပန်းစည်းကိုမြင်တော့ Jay စိတ်ဆိုးတာ နည်းနည်းပြေချင်လာသလိုလို၊ ဒါပေမယ့် ရအောင်ထိန်းထားဆဲ သူကိုကို့ကို စိတ်ဆိုးရပါမယ်၊

" မယူဘူး "

" ဘာလို့လဲ "

ပန်းစည်းပေးလိုက်ရင် Jay ပျော်သွားမယ်ထင်ခဲ့တာ၊ ခုလိုမျိုး တုန့်ပြန်မယ်လို့ Jongwoo မထင်ထားခဲ့ပါ၊ ပေါက်စက သူ့ကိုမကြည့်ဘဲမျက်နှာလွှဲနေပြီးနေနေတယ်၊ နေပါဦး ဒီကောင်လေးက ဘာကိုကောက်နေတာလဲ

" မယူရင် နေ လွှင့်ပစ်လိုက်တော့မယ် "

" သဘောပဲ "

ဒီတစ်ခါတော့ Jay ကိုကို့ကို အနိုင်မပေးနိုင်ပါ၊ တကယ် လွှင့်ပစ်ရဲရင်ပစ်လိုက်တော့ သူ့ကိုဘာမှတ်နေလဲ မသိဘူး၊ သွားပြန်‌ကောက်လို့ရတာပဲ

" အိုကေ မင်းမယူရင် တကယ်လွှင့်ပစ်ပြီ "

ကိုကိုကပါးစပ်ကသာလွှင့်ပစ်မယ်ပြောနေတာ လူကတော့ နေရာက နည်းနည်းမှတောင်မရွေ့သေး၊

" Jay က လိမ္မာပါတယ် ဒါကိုယူလိုက် ပြီးရင် ကိုကိုနဲ့ ဓာတ်ပုံအတူတူရိုက်ရအောင် "

ဒီတစ်ခါတော့ Jay မပြုံးဘဲမနေနိုင်တော့၊ ကိုကို သူကိုအလိုလိုက်တယ်ဆိုတာ လက်ချိုးရေလို့ရတဲ့ အခြေအနေမို့ Jay တကယ် ပျော်မိပါသည်၊

" ဟုတ် ကိုကို "

အလကား အကြာကြီးစိတ်မကောက်နိုင်ဘဲနဲ့ကို ဟန်ဆောင်နေတယ် ဆိုပြီး Jongwoo စိတ်ထဲကနေ တွေးနေမိသည်၊

တကယ်တမ်းကျ Jay ထင်ထားသလိုမဟုတ်ဘဲ၊ သူကြိုတွေးပြီးဝမ်းနည်းနေသလိုမျိူး မဟုတ်ဘဲ ကိုကိုနဲ့အတူတူ ဖြတ်သန်းခဲ့ရပါသည်၊ ဒီနေ့လေးက Jay အတွက် ထာဝရ အမှတ်ရနေမယ့် နေ့တွေထဲမှာပါဝင်နေပါလိမ့်မယ်၊

____________________________________________

AN // အားလုံးပဲ Dong Yeol ကိုသိကြမယ်ထင်ပါတယ်၊ သိတယ်ဆိုပေမယ့် Ram က ထပ်ပြောပြပေးပါ့မယ်၊ Dong Yeol က Jongwoo ရဲ့ အရင်းနှီးဆုံး Hyung တွေထဲကတစ်ယောက်ပါ၊ Japan Fan Meeting မှာလည်း SPECIAL GUESTအဖြစ်ပါတဲ့သူပါ၊ Jongwoo အများဆုံး Date ဖြစ်တဲ့သူဆိုလည်း မမှားပါဘူး၊ အားလုံးသိကြတဲ့ JayWoo ရဲ့ Legendary Confession Moment လေးမှာလည်း ပါခဲ့တဲ့သူပါ၊ Jay က ချစ်တယ်လို့လာပြောတာကို Jongwoo က IG Story မှာ ချစ်စရာလေးဆိုပြီးတင်တော့ Lee Dong Yeol က သူကရောလို့မေးခဲ့တာပါ၊ အဲ့တုန်းကပုံလေး ထည့်ပေးထားပါတယ်နော် 🤍

နောက်ပြီးပြောချင်တာက K High School တွေအကြောင်းကောင်းကောင်းမသိတာမို့ ရေးထားတဲ့အကြောင်းအရာတွေက လက်တွေ့နဲ့မကိုက်တာတို့ မှားကောင်းမှားနိုင်ပါတယ်နော်၊ အရမ်းကြီး Serious မဖြစ်ကြဖို့တောင်းဆိုချင်ပါတယ်၊

Continue Reading

You'll Also Like

1.4M 112K 54
As if being kidnapped from a poverty-stricken town in the Middle East was not horrifying enough, Hayat Ishfaq, a 21 year-old American Muslim, is forc...
8.4K 187 33
its a taekook story. He literally stops for one second to take a breath.. And starts kissing me.. Am sure my lips will get fuller. We are kissing for...
469K 31.6K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
1.1M 38.1K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...