TOXIC

By KommyRam

3.1K 435 179

" တစ်ချိန်ကျကိုကို့ကို ကျွန်တော်က စောင့်ရှောက်ပေးပါ့မယ် " " မင်းအဲ့လိုငါ့အပေါ်ကိုလိုက်ကောင်းပေးမနေစမ်းပါနဲ့၊... More

EPISODE 1
EPISODE 2
EPISODE 4
EPISODE 5
EPISODE 6
EPISODE 7
EPISODE 8
EPISODE 9
EPISODE 10
EPISODE 11
EPISODE 12
EPISODE 13
EPISODE 14
EPISODE 15

EPISODE 3

175 33 23
By KommyRam

" ကိုကို အဲ့တာဘာလုပ်နေတာလဲ "

" Jay "

" အဲ့တာဘာလုပ်နေတာလဲလို့ !!! "

" မင်းဘယ်လိုဖြစ်နေတာလဲ ‌အသံကိုလျော့ပြောစမ်း လူတွေ ဝိုင်းကြည့်နေပြီ "

ဘယ်နားကနေရောက်လာမှန်းမသိဘဲ လူကြားထဲမှာ ဇွတ်အတင်းအော်နေသော ဒီအိမ်ကပေါက်စကြောင့် Jongwoo တော်တော်လေးစိတ်ရှုတ်သွားရသည်၊ Seung Hwan ချိန်းပေးတဲ့ ကောင်မလေးနဲ့ Blind Date လုပ်နေမှအချိန်ကိုက်ရောက်လာရတယ်လို့၊

ခုလိုမျိုး ကိုကို့ကို တခြားတစ်ယောက်နဲ့အတူတူတွဲမြင်လိုက်ရတော့ Jayတကယ်ဒေါသထွက်သွားရတယ်၊ သူငယ်ချင်းတွေနဲ့ အပြင်ကိုထွက်လာခါမှကိုကိုနဲ့ တိုက်တိုက်ဆိုင်ဆိုင် လာတွေ့ရတယ်လို့၊ လာခေါ်ပေးသော သူငယ်ချင်းကို Jay စိတ်ထဲကနေ ကျေးဇူးတင်မိသွားသည်၊သူသာလာမခေါ်ရင်ကိုကို့ကို ဒီလိုမျိုးတွေ့မှာ မဟုတ်၊

" အဲ့တာဘယ်သူလဲ Oppa  "

" Oppa !? ဒီမှာ အဲ့ဒီဘက်က ကိုကို့ကို Oppa လို့ခေါ်လိုက်တာလား "

" Jay မင်းပါးစပ်လေးပိတ်ပြီး ငြိမ်ငြိမ်လေးနေပေးပါကွာ "

" ဘာလို့ ကျွန်တော်က ပါးစပ်ပိတ်ရမှာလဲ "

ဒီနေ့မှ တစ်ခွန်းမခံကပ်ကပ်လန်အောင် ပြန်ပြောနေသော Jay ကြောင့် Jongwoo တကယ်ခေါင်းမီးတောက်တော့မည်၊ဘာလို့ဒီလောက်ပြောရခက်နေတာလဲ ဒီကလေးကတော့

" Yuri ဒါကိုယ့်ညီလေးပါ Jay လို့ခေါ်တယ် "

Yuri ကို Jongwoo အမြန်ရှင်းပြလိုက်တော့သည်၊

" အော် Oppa ရဲ့ညီလေးလား ချစ်စရာလေးပဲ "

" ထိုင်လေ မောင်လေး Noona က ဝယ်‌ကျွေးမယ် ကြိုက်တာစားလို့ရတယ်နော် "

သူ့ညီလေးလို့ပြောလိုက်တာနဲ့ Yuri ကချိုချိုသာသာနဲ့ ပြောဆိုဆက်ဆံပေးတယ်၊ အဆင်ပြေတဲ့ မိန်းကလေးပဲလို့ Jongwooသတ်မှတ်လိုက်သည်၊ Yuri က ပြဿနာမဟုတ်ပေမယ့်တကယ့်ပြဿနာက ခုမှစတာပဲ၊

" ဘာမှ မစားဘူး အိမ်ပြန်မယ် ကိုကို "

" မင်းဘယ်သူတွေနဲ့လာတာလဲ "

" သူငယ်ချင်းတွေနဲ့ ကိုကို့ကိုတွေ့လို့ သူတို့ကို ပြန်လွှတ်လိုက်ပြီ "

" မင်းဘာသာပဲ .... "

" ကျွန်တော်တစ်ယောက်တည်း ပြန်ရမယ်လို့ ဆိုလိုချင်တာလား "

" ရတယ်လေ ပြီးမှဖေဖေ့ကို ကိုကိုက ကျွန်တော့်ကိုတစ်ယောက်တည်းပြန်လွှတ်လိုက်တယ်လို့ ပြောပြလိုက်မယ် "

" Jay "

ဘယ်လိုမှကို ညှိမရတဲ့အကောင်ပေါက်ကြောင့်သူတကယ်စိတ်ညစ်နေပြီဖြစ်သည်၊ Yuri ကိုလည်း အားနာရ သူတို့နှစ်ယောက်စကားများနေတာကို ထိုင်ကြည့်ခိုင်းနေသလို‌ဖြစ်နေသည်၊ Jongwoo တကယ်ကို မျက်နှာပူလှပါပြီ၊

" ရပြီ ကိုကိုနဲ့မှအတူတူပြန်တော့မယ် ကျွန်တော်လည်း ကိုကိုတို့နဲ့ အတူတူထိုင်ပြီး စောင့်နေမယ်"

Jongwoo ပြဿနာတွေကိုကြိုသတိမထားမိဘဲ ချင်ချင်းစကားပြောင်း‌သွားသောပေါက်စကြောင့် နည်းနည်းစိတ်သက်သာရာရသွားသည်၊ ဒါပေမယ့် သူတို့စကားပြောတာကို ဒီလိုမျိုးထိုင်ကြည့်နေမှာကတော့ နည်းနည်းတစ်မျိုးဖြစ်နေမလားလို့၊ Yuri တော့ဘယ်လို‌နေမလဲ မသိပေမယ့် သူကတော့နေရခက်သလိုပင် တကယ်အဆင်မပြေ

" ကိုကို ကျွန်တော့်အတွက် မုန့်သွားမှာပေး "

" ကိုယ့်ဘာသာသွားမှာလိုက်လို့ မရဘူးလား Jay "

" ကိုကိုနော် "

" အေးပါကွာ Yuri ခဏနော် "

" ရတယ် Oppa အဆင်ပြေတယ် "

တကယ်အရှုတ်ထုတ်လေး Yuri ရှေ့မလို့ပေါ့ ခါတိုင်း Jay သူ့ကိုဒီလိုမျိုးဆက်ဆံရဲလို့လား၊အိမ်ရောက်မှ တွေ့ကြတာပေါ့ Jay Chang ရာခုတော့ သည်းခံရဦးမယ် သည်းခံထား Yoon Jong Woo သည်ခံထား ခဏပဲ၊

" နူးနားကဘယ်ကလဲ၊ ဘယ်မှာနေတာလဲ "

" အလုပ်ရောရှိလား၊ ဘာအလုပ်လုပ်တာလဲ "

" ကိုကိုနဲ့ရောဘယ်လိုသိတာလဲ ဘယ်လိုမျိုးပက်သတ်မှုရှိတာလဲ "

ကိုကိုသွားတာနဲ့ Jay ရှိသမျှပညာအစုံထုတ်သုံးဖို့ကြံတော့သည်၊

" အာ .... ဂျေးလေးက သိချင်တာတွေများလိုက်တာ  နူးနား‌တစ်ခုချင်းဖြေပေးမယ်နော် "

" မြန်မြန်ပြော နှေးတာကျွန်တော်မကြိုက်ဘူး "

" နူးနားက ဂျေးကိုကိုနဲ့ Blind Date လုပ်နေတာ "

" အင်း နောက်ပြီးတော့ "

" နူးနားက SEOUL UNIVERSITYမှာတက်နေတာ၊ တက္ကသိုလ်ကျောင်းသူပေါ့ မေဂျာကကျတော့ ..."

" ရတယ် မလိုဘူး မဖြေနဲ့တော့ "

" အယ် "

အခုတစ်မျိုး တော်ကြာတစ်မျိုးဖြစ်နေတဲ့ Oppa ရဲ့ ညီလေးကြောင့် Yuri တော်တော်လေးစိတ်ညစ်နေပြီဖြစ်သည်၊ ဘယ်လိုဟာလေးလဲမသိဘူး တကယ် အမြင်ကပ်စရာလေး

" ကျွန်တော်နူးနားကိုတစ်ခု‌‌ပြောပြမယ် တကယ် လျှို့ဝှက်ချက်ဆိုပေမယ့် နူးနားကိုအရမ်းခင်သွားလို့ သိစေချင်တာ "

" ပြောလေ ဂျေးလေး နူးနားနားထောင်နေတယ် "

လျှို့ဝှက်ချက်လို့ပြောလာသော မျက်စိရှေ့ကကောင်လေးကြောင့် Yuri နည်းနည်းစိတ်ဝင်စားဟန်တော့ရှိသွားသည်၊ တစ်အိမ်ထဲအတူတူနေတော့ ညီအစ်ကိုတွေမလား Jongwoo Oppa အကြောင်းကို ကောင်းကောင်းသိမယ်ထင်တယ်၊

" နူးနားသိလား တကယ်တော့ ကိုကိုက "

" Jay ရဲ့ကိုကိုကဘာဖြစ်လဲ ဆက်ပြောလေ "

" တကယ်တော့ ကိုကိုက Gay နေတာ နူးနား "

" ဘယ်လို "

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဒီလောက်ယောက်ျားဆန်ပြီး ကြည့်ကောင်းတဲ့ Jongwoo Oppa က ဘယ်လိုလုပ်ယောက်ျားလေးတွေကို စိတ်ဝင်စားတာ ဖြစ်နိုင်မှာလဲ၊

" မေမေကလေ ကိုကို့ကိုလက်ထပ်ပေးတော့မလို့ ကိုကိုက မိန်းမမယူချင်ဘူးဆိုတာ ကျွန်တော်ကသိတယ်လေ၊ မေမေက သူပေးစားတာမယူချင်ရင် သူ့ရည်းစားကို အိမ်ခေါ်လာခဲ့ဆိုပြီးပြောလို့ ကိုကိုက ခုလိုမျိုးလုပ်နေတယ်ထင်တယ် ကျွန်တော့်ကိုကိုသနားပါတယ် "

" အယ် ဂျေးလေးပြောတာတကယ်လား "

" ကျွန်တော်ကမဟုတ်ဘဲနဲ့ ကိုကို့သိက္ခာကျခံပြီး ပြောစရာလား နူးနားရာ "

တကယ် အကယ်ဒမီရှော့ ဒရမ်မာကင်းလေးလုပ်နေတဲ့ ပေါက်စကို Jongwooလှမ်းကြည့်နေတယ်၊ အဝေးကနေမို့ ဘာတွေပြောမှန်းမသိပေမယ့် ဝမ်း နည်းတဲ့ပုံစံဖြစ်နေတာမို့ အဆင်ရောပြေရဲ့လား မသိဘူး၊ Yuri က တစ်ခုခုပြောလိုက်လို့များလားဆိုပြီးတွေးမိတာကြောင့် Jongwoo မြန်မြန်လေးမှာပြီး Jay တို့ဆီကိုချက်ချင်းပြန်လာလိုက်တော့တယ်၊

" Jay ဘာဖြစ်တာလဲ "

" ကျွန်တော်ဘာမှမဖြစ်ပါဘူး ကိုကို "

Jongwoo ပြန်လာတော့ မျက်နှာမကောင်းဖြစ်ပြီးမျက်ရည်ဝဲနေတဲ့ ပေါက်စကြောင့်စိတ်ပူသွားရတယ်၊ Jay ကတစ်ခုခုဆို အားငယ်တတ်တဲ့ကလေး မဟုတ်လား ခုလည်း Yuri တစ်ခုခုပြောလိုက်လို့ ဒီလိုဖြစ်သွားတာလားဆိုပြီး သူတွေးနေမိတယ်၊

" နူးနား ကျွန်တော်ပြောတာယုံနော် "

"ချိန်းထားတာလေးရှိလို့ပြန်တော့မယ် Oppa ဒီနေ့ပျော်ခဲ့ရပါတယ်နော် နောက်ထပ် ထပ်မတွေ့ကြရအောင် "

မြန်မြန်ဆန်ဆန်ပဲ ဖြစ်ပျက်သွားတဲ့အခြေအနေကြောင့် Jongwoo မနည်းလိုက်မှီအောင်စဉ်းစားနေရသည်၊ ထားလိုက်ပါတော့ ဒီတစ်ယောက်နဲ့သိပ်အဆင်မပြေတော့လဲ နောက်ထပ်လူတွေရှိနေသေးတာပဲ၊

" ကိုကို "

" ဘာဖြစ်လို့လဲ Jay "

" စောနက နူးနားကတကယ်ကြောက်စရာကြီး "

" သူ Jay ကိုဘာလုပ်လို့လဲ "

" ဘာမှမဟုတ်တော့ပါဘူး ပြန်ရအောင်ကိုကို "

ဒရမ်မာကင်းလေးကြောင့် Yoon Jong Woo တစ်ယောက် တကယ်ထင်ကာအိမ်ရောက်ရင်ဆူရမယ့်ကိစ္စကိုတောင်မေ့သွားတော့သည်၊

နောက်ပိုင်းတော့ Jongwoo Blind Dateလုပ်ဖို့ရာစိတ်မကူးတော့ပါ၊ Seung Hwan နဲ့တိုင်ပင်ထားတဲ့သူ့အလုပ်အတွက်လည်း ငွေလိုပါဦးမယ်၊ ဒီခြားထဲ သူအလုပ်လုပ်ပြီး ပိုက်ဆံစုရမယ် ပြီးရင်တော့ သူဖြစ်ချင်တဲ့အရာကို သူလုပ်လို့ရပြီ၊ ခက်တာကအထက်တန်းပဲအောင်ထားတဲ့သူ့အတွက် ဘယ်လိုအလုပ်မျိုးလုပ်ပြီးမှ သူလိုသလောက် အရင်းအနှီးကိုရမှာလဲ၊

တနေ့ Seung Hwan နဲ့ဟန်မြစ်မှာမက်ဂျုသောက်ရင်း အလုပ်အကြောင်းကိုသူထိုင်ညဥ်းနေမိသည်၊ဘယ်ကနေ ဘယ်လိုစလုပ်ရမယ်မှန်းကိုသူမသိ ဒီ့ထက်ပိုပြီး ဖေဖေဆူတာကိုလည်းမခံချင်တော့ပါ၊

အခုသူ့အသက်က ၂၃ နှစ်ကျော်နေပြီမဟုတ်လား ဘာမှကိုရေရေရာရာမရှိတဲ့ သူ့အနာဂတ်အတွက် သူကြိုးစားရဦးမယ်မလား၊

မျှော်လင့်မထားတဲ့ ကံကောင်းခြင်းလေးက သူ့ဆီကိုတည့်တည့်ရောက်လာခဲ့တယ်၊ဒါကသူ့အတွက် ဘုရားသခင်ပေးတဲ့ ပထမဆုံးသောလက်ဆောင် ဖြစ်ပါ့လိမ့်မယ်၊

ချယ်ရီပန်းကလေးတစ်ပွင့် သူ့အင်္ကျီပေါ် ကြွေကျလာသလိုမျိုး၊ သူ့ဘဝထဲကိုသိပ်လှတဲ့ချယ်ရီနဲ့တူတဲ့ တစ်စုံတစ်‌ယောက်ရောက်လာခဲ့တယ်၊ သူ့အတွက် ပထမဆုံးကမ်းပေးသော လက်တစ်စုံပေါ့

" စိတ်မရှိရင်အဲ့ဒီဘက်ကကျွန်တော့် Company မှာ အလုပ်လုပ်ဖို့ စိတ်ဝင်စားမလားမသိဘူး၊ ဒီမှာကျွန်တော့်လိပ်စာကတ်ပါ အဆင်ပြေတဲ့အချိန်လာခဲ့လို့ရပါတယ် "

" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျ "

အစပိုင်းမှာသူတွေဝေနေပေမယ့် အထက်တန်းသာအောင်တဲ့သူ့အတွက် ဒီလိုCompany မျိုးမှာလုပ်စရာနေရာရှိပါ့မလား၊ သူနဲ့သင့်တော်‌တဲ့နေရာရှိပါ့မလား ဆိုပြီးစိုးရိမ်နေပေမယ့် တစ်ပတ်အကြာမှာတော့ သူအလုပ်လုပ်ဖို့ဆုံးဖြတ်ပြီး လိပ်စာအတိုင်း Company ကိုသွားလိုက်တော့သည်။

•••••••

သူ Company မသွားခင် နှစ်ရက်အလိုလောက်က မထင်မှတ်ဘဲ Yuri နဲ့ပြန်ဆုံဖြစ်တယ်၊ အဲ့ဒီတုန်းက အဆင်မပြေခဲ့ပေမယ့် အခုတော့ Yuri က သူ့ကို စပြီးနှုတ်ဆက်တယ်၊ စစချင်း Yuri မေးလိုက်တဲ့ မေးခွန်းကြောင့် သူဘာပြောရမှန်းမသိဖြစ်သွားရသည်။

" Annyeong Jongwoo Oppa အိမ်နဲ့အဆင်ပြေသွားပြီလားဟင် "

" ဘာကိုပြောတာလဲ Yuri !? "

" Oppa ရဲ့မေမေလက်ထပ်ခိုင်းတဲ့ကိစ္စလေ၊ အခုအဆင်ပြေသွားပြီလားဆိုတာ သိချင်လို့ "

" ဘယ်သူ့ကိုလက်ထပ်ခိုင်းတာလား ကိုယ့်ကိုလား မဟုတ်သေးဘူးထင်တယ်နော် Yuri "

Yuri ပြောတာတွေကိုသူတစ်ခုမှနားမလည်နိုင်ပါ၊ လက်ထပ်ခိုင်းတယ်ဆိုတဲ့ကိစ္စကရော ဘယ်ကနေဘယ်လိုရောက်လာရတာလဲ၊

" ဟုတ်တယ်လေ Oppa ကိုလက်ထပ်ခိုင်းတာ ဒါပေမယ့် Oppa ကဟိုဟာ ဖြစ်နေတော့လက်မထပ်
ချင်ဘူးဆိုတာလေ "

" ဟိုဟာဆိုတာ ဘာကိုပြောတာလဲ Yuri "

" ဘာမှမဖြစ်ဘူး Oppa အခုခေတ်မှာဒါတွေကရှက်စရာမဟုတ်တော့ဘူး၊ အဲ့နေ့ကJay ပြောပြလို့ သိလိုက်ရတာ အစဆို‌တော့ နည်းနည်းစိတ်အနှောက်အယှက်ဖြစ်သွားလို့ တန်းထွက်လာမိတာ တောင်းပန်ပါတယ် "

" နေဦး ကိုယ့်ကိုသေချာနားလည်အောင်ပြောလို့ ရမလား Yuri "

" ဟို ...... Jongwoo Oppa က Gay မဟုတ်လား၊အဲ့ကိစ္စလေ ဘာမှရှက်စရာမလိုဘူး၊ ဖုံးကွယ်နေစရာ မလိုဘူးဆိုတဲ့အကြောင်းကိုပြောချင်တာ၊LGBT လည်းလူသားတွေပဲလေဟုတ်တယ်မလားခုတော့ Yuri နားလည်နေပါပြီ အဲ့တုန်းကနည်းနည်း အသိတရားသိပ်မရှိသေးတော့လေ "

Yuri စကားကိုသူကောင်းကောင်းနားလည်သွားတော့ သူတကယ်ဒေါသထွက်သွားရတယ်၊ ဒါက Jay ရဲ့လက်ချက်ပေါ့၊ မင်းဘယ်လိုစိတ်မျိုးနဲ့ ငါ့ကိုသိက္ခာချရက်ရတာလဲ မင်းကတကယ် ငါ့ကို အနှောင့်အယှက်ပေးတဲ့ မွေးဖွားလာခဲ့တာ ထင်တယ်၊ ဘယ်ချိန်ထိ ငါ့ကို စိတ်ဒုက္ခပေးဦးမှာလဲ

Yuri ကိုနှုတ်ဆက်ပြီး သူအိမ်ကိုမြန်မြန်ပြန်လာလိုက်သည်၊ Jay နဲ့သူတကယ် တွေ့ချင်နေပြီဖြစ်သည်၊ ဒီကိစ္စကို သူအမြန်ဆုံးရှင်းရမယ်၊

" ကိုကို ပြန်လာပြီ "

" မင်း ငါ့နဲ့လိုက်ခဲ့ "

" အ့ ကျွန်တော်လက်နာတယ် ကိုကို "

ပြန်ရောက်ရောက်ချင်း သူ့လက်ကိုအတင်းဆွဲကာ အပေါ်ထပ်ကိုခေါ်သွားသော ကိုကို့ကြောင့် Jay တကယ် ငိုချင်နေပြီဖြစ်သည်၊ ကိုကို့ပုံစံကြည့်ရတာ တစ်ခုခုကို ဒေါသထွက်နေယောင်၊ ကိုကိုဒေါသထွက်တာကို Jayတကယ်ကြောက်ပါသည်၊

" ပြောစမ်း မင်း Yuri ကိုဘာတွေပြောခဲ့တာလဲ "

" ဘယ်က Yuri လဲ Jay မသိဘူး ကိုကို "

" ခုမှ မင်းရူးချင်ယောင်ဆောင်မနေနဲ့ Jay ငါအကုန်သိပြီးပြီ "

" အဲ့တာက ..... "

" ‌ဆက်ပြောလေ မင်းဘယ်လိုတွေဆင်ခြေပေးဦးမှာလဲ၊ မင်းငါ့သိက္ခာကို ရစရာမရှိအောင်ချခဲ့တာ မဟုတ်လား "

" သိက္ခာကျတယ် ? "

" ဒီမှာကိုကိုလူတစ်ယောက်က Gay ဖြစ်တာနဲ့တင် သိက္ခာကျမသွားပါဘူး၊ LGBT တွေကလည်း လူတွေထဲကလူပါပဲ၊ LGBT တစ်ယောက်ဖြစ်နေလို့ထူးပြီး နိမ့်ကျသွားတာလည်း မဟုတ်ပါဘူး၊ လိင်တူချစ်မြတ်နိုးတော့လည်း ဘာဖြစ်လဲ မေတ္တာက မေတ္တာပဲ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်အပေါ်တဲ့ အချစ်၊မေတ္တာကမှစစ်တယ်လို့ ဆိုလို့ မရဘူး ကိုကို  "

" တော်လိုက်တော့ Jayမင်းရဲ့ဒဿနတွေကို ငါနားမထောင်ချင်ဘူး၊ အဓိကကငါက Gay မဟုတ်ဘူး အဲ့‌တော့မင်းငါ့ကိုအဲ့အကြောင်းတွေဘာမှလာရှင်းပြနေစရာမလိုဘူး "

" ကိုကို "

" မင်းဘာလို့ Yuri ကိုအဲ့လိုပြောလိုက်ရတာလဲ မင်းဘာရည်ရွယ်ချက်နဲ့ အဲ့လိုမျိုးလုပ်ရတာလဲ "

" ....... "

" ဖြေလေ Jay "

" ကျွန်တော် ကိုကို့ကို တခြားသူတွေနဲ့ မတွေ့စေချင်လို့ "

" ဘာဖြစ်တယ် "

" ကိုကိုဘယ်သူနဲ့မှ လက်မထပ်ရဘူး၊ ဘယ်သူနဲ့မှ မတွေ့ရဘူး "

Jay စိတ်ထဲကရှိတာတွေ အကုန်ထုတ်ပြောလိုက်တော့သည်၊ ကိုကိုကမေးမှတော့ ကိုကိုက သိချင်နေတာမှ ပြောပြရမှာ သူ့တာဝန်ပေါ့။

" မင်းကငါ့အဖေလား ငါတွေ့ချင်တဲ့သူနဲ့တွေ့မှာပေါ့ ငါ့အဖေ‌ဆိုရင်တောင်ငါ့ကိုဒီလိုမျိုးချုပ်ချယ် လို့ မရဘူး "

" ဟင့်အင်း မရဘူး ကိုကိုဘယ်သူနဲ့မှ လက်မထပ်ရဘူး ကျွန်တော်နဲ့ပဲ တစ်သက်လုံး နေရမယ် "

ပြောရင်းဆိုရင်း မျက်ရည်ကျလာတဲ့ဒီကလေး၊ ခုချိန်ထိ ဒီအသက်အရွယ်ရောက်နေပြီကိုမျက်ရည် လွယ်တုန်း၊ Jongwoo တော့ Jay တစ်ယောက်နဲ့ ဘယ်လိုလုပ်ရမလဲမသိဖြစ်ကာအခက်တွေ့နေပါပြီ၊

" ဒီမှာ Jay မင်းအဲ့လိုလုပ်လို့ မရဘူး၊ အချိန်တန်ရင်မင်းလည်း မင်းမိသားစုနဲ့ ငါလည်း ငါ့မိသားစုနဲ့ဖြစ်သွားမှာ ငါတို့တစ်သက်လုံး အတူတူနေလို့မရဘူး "

" ဟင့်အင်းမရဘူး Jay လည်း ဘယ်သူနဲ့မှလက်မထပ်ဘူး ကိုကိုလည်း လက်မထပ်ရဘူး "

" ငါက မင်းနဲ့တစ်သက်လုံးအတူတူမနေနိုင်ဘူး ငါလဲ အချိန်တန်ရင် ငါ့ချစ်တဲ့သူနဲ့ လက်ထပ်မှာပဲ "

" ဟင့်အင်း "

" Jay မင်းနားမလည်သေးဘူး ငါတို့ကကိုယ့်ချစ်တဲ့သူနဲ့ပဲ ကျန်တဲ့ဘဝတစ်လျှောက်လုံးကို အတူ တူ‌နေသွားရမှာ သူနဲ့အတူတူဖြတ်သန်းသွားရမှာ"

" အဲ့တာမို့ ကျွန်တော်လည်း ကိုကိုနဲ့ ..... "

" မင်းနားမလည်လဲ နေတော့ကွာ မရှင်းပြတော့ဘူး၊ မင်းအချိန်တန်ရင် နားလည်သွားလိမ့်မယ် "

" ကိုကို "

ပြောပြီးတာနဲ့ Jay အခန်းထဲကချက်ချင်းထွက်သွားသော ကိုကိုရယ်ပါ၊ ဘာလို့ Jay ပြောတာကို ဆုံးအောင်နားမထောင်ရတာလဲ၊ ဘာလို့ Jay ကိုနားမလည်ရတာလဲ၊

Jongwoo တစ်ယောက် ပြောရခက်တဲ့ပေါက်စကြောင့် တော်တော်လေး စိတ်ညစ်သွားရပါသည်၊ Jay က ဒီလိုမျိုး သူ့ကိုခင်တွယ်နေလို့ဘယ်ဖြစ်မလဲ အချိန်တန်ရင်သူလဲ သူ့မိသားစုနဲ့သူဖြစ်သွားမယ့်ကိစ္စကို၊ တစ်ချိန်ကျ အိမ်ထောင်ပြုရမှာပဲ၊

ငယ်ငယ်ကတည်းက အတူတူရှိလာတာကြောင့်မို့ သံယောစဉ်နဲ့ မခွဲချင်တဲ့Jayရဲ့စိတ်ကိုသူနားလည်ပါသည်၊ ငယ်ငယ်တုန်းကတောင်ဂေဟာမှာသူမပါရင်ဘယ်မှမလိုက်ဖူးဆိုတဲ့ဒီကလေးအကြောင်း သူကောင်းကောင်းသိတာပေါ့၊ ဒါပေမယ့်အဲ့ဒီစိတ်ကြီးက အခုချိန်ထိရှိနေလို့ဘယ်ဖြစ်မလဲ၊

တော်ကြာသူအိမ်ထောင်ပြုတဲ့အခါကျရင် ငယ်ငယ်တုန်းကလို ဇွတ်အတင်းငိုယိုပြီး တားနေရင်ဘယ်လိုလုပ်ရပါ့မလဲ၊

" Jay နဲ့တော့ရှေ့လျှောက်ဘယ်လိုလုပ်ရပါ့မလဲ "

ရုန်းထွက်မသွားနိုင်မှာကို စိုးရိမ်နေတဲ့ကောင်လေး ရှိသလို တစ်ဖက်တွင်လည်း မျက်ရည်တွေနဲ့‌  လက်မလွှတ်နိုင်တဲ့ကောင်လေးရှိလို့နေပါသည်၊

" Jay ကိုကို့ကိုချစ်တယ် "

ကိုကိုနဲ့ပဲ တစ်သက်လုံးအတူတူရှိချင်တာ၊ ကိုကို့ကို တခြားသူတွေနဲ့ ပက်သတ်ခွင့်မပြုဘူး၊ ကိုကိုလက်မထပ်ရဘူး၊ ဘယ်သူနဲ့မှ လက်ထပ်လို့မရဘူး၊ Jay ရဲ့မိသားစုနဲ့ ကိုကို့မိသားစုဆိုပြီး ခွဲနေစရာမလိုဘဲ Jay နဲ့ကိုကိုနှစ်ယောက်တည်းကပဲ ဒီအိမ်ရဲ့ မိသားစုဝင်ဖြစ်နေရမှာ၊ ဒီမိသားစုကနေ ကိုကိုဘယ်တော့မှခွဲထွက်လို့မရဘူး ကျွန်တော်ခွင့်မပြုဘူး ကိုကို

____________________________________________

AN // ‌TOXIC ကတော့ Tittle နဲ့လိုက်အောင် ရေးဖို့စဉ်းစားထားတာပါ၊ ကြိုပြီးပြောထားပါရစေ၊ နောက်ပိုင်း Jongwooကိုရော၊ ကိုယ့်ကိုရော ထပ်ပါလာမယ့် ဇာတ်ကောင်ကိုရောမဆဲကြဖို့‌ စိတ်မကွက်ကြဖို့ တောင်းပန်ချင်ပါတယ် ဟဲဟဲ ><

Continue Reading

You'll Also Like

1.9M 83.7K 127
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
2.4K 278 5
ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြားက အလွှာပါး​လေးလိုတံတိုင်းကို မင်းကြောင့် ကျော်ဖြတ်လာခဲ့တာ အချစ်ရဲ့ ကျေးဇူးပြုပြီး .. ကိုယ့်ကိုမမေ့လိုက်ပါနဲ့ ။ Present...
42.4K 4.1K 33
Gyujin❣ Kim Gyuvin♡Han Yujin Myanmar Fan Fiction
1M 33.7K 80
"𝙾𝚑, 𝚕𝚘𝚘𝚔 𝚊𝚝 𝚝𝚑𝚎𝚖! 𝚃𝚠𝚘 𝚕𝚒𝚝𝚝𝚕𝚎 𝚗𝚞𝚖𝚋𝚎𝚛 𝚏𝚒𝚟𝚎𝚜! 𝙸𝚝'𝚜 𝚕𝚒𝚔𝚎 𝚝𝚑𝚎𝚢'𝚛𝚎...𝚍𝚘𝚙𝚙𝚎𝚕𝚐ä𝚗𝚐𝚎𝚛𝚜 𝚘𝚏 𝚎𝚊𝚌𝚑...