Modest Love

By ahhnin21

6.3K 274 33

နေဂုဏ်မှိုင်း ငါ့ရဲ့ စိတ်ရင်း အမှန်သာဆို ငါ မင်းကို နာကျင်အောင် ဘယ်လုပ်ရက်ပါ့မလဲ။မင်း မွေးဖွားလာတဲ့အကြောင်းကိ... More

Part 2
Part 3
Part 4
Part 5
Part 6

Part 1

1.7K 51 9
By ahhnin21

ခမ်းနားလှတဲ့ အိမ်ကြီးနဲ့ သန့်ရှင်းတောက်ပြောင်နေတဲ့ အဆောင်အယောင်တွေက နှင်းဘယ်လောက်ကျကျ မှေးမှိန်ဖုံးကွယ်သွားမည့်ဟန်မပေါ်ပါ။ထိုအိမ်ကြီး၏ ဧည့်ခန်းတစ်နေရာတွင် ချိတ်ထားသော ဓာတ်ပုံကြီးတစ်ပုံ။‌ချောမောခန့်ညားတဲ့ ၁၈နှစ်အရွယ် နေဂုဏ်မှိုင်းနဲ့ ၁နှစ်သားလေးနွေတုနှိုင်း။ဒီတစ်လျှောက်လုံးမှာ နှစ်ယောက်တွဲရိုက်ထားတဲ့ ဓာတ်ပုံဆိုလို့ ဒီတစ်ပုံထဲသာရှိသည်ကို တွေးမိနေစဉ် ဦးစိုင်းက စကား စပြောလာသည်။

"နှိုင်း.... မကြာခင်အချိန်မှာ သူဌေးက ဒီအိမ်ကို အပြီးအစီး ပြောင်းလာနေတော့မယ်တဲ့"

"ဟင် ဘယ်အချိန်လဲ"

"တစ်ရက် နှစ်ရက်အတွင်းမဟုတ်ရင် ဒီတစ်ပတ်အတွင်းပါ"

"ဘာကြောင့် လို့ရော ပြောသေးလား ဦးစိုင်း"

"အဲ့လိုတော့မပြောဘူး။‌ဦး‌လေးကတော့ နှိုင်းကြောင့်လို့ထင်တယ်။နှိုင်း အနားမှာ အဖော်ပြုပေးဖို့ပဲ ဖြစ်မှာ။သူဌေးက...."

"ကျွန်တော် ကျောင်းသွားတော့မယ်"

ဦးစိုင်းရဲ့ မဟုတ်က ဟုတ်က ထင်မြင်ချက်တွေကို နားမထောင်ချင်တော့ပါ။သိတတ်စ အရွယ်ကတည်းက ထိုလူဆီက ရင့်သီးမှုနဲ့ ခါးသက်သက် မေတ္တာကိုသာ ရရှိဖူးသည်။နွေ မွေးဖွားလာတာက သူ့အတွက် ကပ်ဆိုးကြီးတစ်ခုလိုပင်။နွေ့ကို ကိုယ်ဝန်ဆောင်သည့်အချိန်က သူတို့ နှစ်ယောက်သား လက်မထပ်ရသေး။ထို့ကြောင့် အသက်မပြည့်သေးသည့် သူတို့ အတွက် နွေက မလိုချင်တဲ့အချိန်ရလာသည့် ကလေး။မွေးကင်းစအရွယ်တွင် နွေရဲ့ မိခင်ဖြစ်သူ သေဆုံးခဲ့သည်။သိပ်ချစ်ရသည့် ဇနီးလောင်း သေဆုံးမှုအတွက် အပြစ်အားလုံးကို ခံယူရသူကတော့ နွေတုနှိုင်း။ သူများတွေ ခေါ်သလို အဖေ ဆိုပြီးတော့လည်း တစ်ခါမှ အခေါ်မခံခဲ့။အဖေ လို့ ခေါ်လိုက်တိုင်း ငါ မင်းအဖေ မဟုတ်ဘူး ငါ့ကို အဖေလို့ လာမခေါ်နဲ့ဆိုပြီး ကြိမ်းမောင်း ခံခဲ့ရဖူးသည်။အများသူငှာရှေ့တွင် သားအဖ အဖြစ် အသိပေးထား သော်လည်း နွေကတော့ သူ့ကို ဦးနေဟုသာ ခေါ်သည်။ အရင်က ခဏတဖြုတ် လာလာ လည်တတ်ပေမယ့် အခုမှ ဘာစိတ်ကူးတွေ ပေါက်ပြီး အပြီးအပိုင် နှိုင်းနဲ့လာနေဖို့ ဆုံးဖြတ်လိုက်တာလဲ။ကျောင်းခန်းထဲ ရောက်တဲ့အထိ ထို အတွေးတွေက မပြီးဆုံးနိုင်ပါ။

"နှိုင်း .... နှိုင်း.... ဟေ့ကောင် နွေတုနှိုင်း"

"ဟမ် ... ဘာလဲ"

သူငယ်ချင်းဖြစ်သူ မင်းတေဇထွန်းရဲ့ ခေါ်သံက အတွေးထဲပါ ရောက်လာ၍ ‌အတွေးတို့ လွင့်ပြယ်သွားသည်။

"နှိုင်း... သွားမယ် စိတ်ဖိစီးမှုလေး သွားလျှော့ချရအောင်"

"ငါမလိုက်တော့ဘူးကွာ။ဦးနေ ပြန်လာတော့မယ်တဲ့ ငါ့အပြုအမူတွေ ဆင်ခြင်မှ ဖြစ်မှာ"

"ဘာလဲကွာ မင်းအဖေ ပြန်လာတော့မှာမို့လို့ မင်းက လူလိမ္မာလေး လုပ်တော့မယ်ပေါ့"

"မင်းလည်း သိတဲ့အတိုင်း အဲ့လူကြီးက ငါ့ အပြစ်ကို ကြံဖန်ရှာပြီး အပြစ်ပေးမယ်ချည်း လုပ်နေတာ။တော်ပြီ ငါ မလိုက်တော့ဘူး"

"မင်းကလည်းကွာ မင်းအဖေက ဘယ်လိုသိမှာလဲ။အခုချက်ချင်း ရောက်နေပြီမို့လို့လား။ရောက်နေရင်တောင် မင်းအဖေက သူဌေးလေ သူ့အလုပ်နဲ့သူ ရှုပ်နေမှာ။အေးဆေးပေါ့ကွာ...လိုက်ခဲ့။မင်းလည်း စိတ်ရှုပ်နေတာကို"

"ဟုတ်ပြီ ငါ့စာအုပ်တွေ သိမ်းကူအုံး"

"စာအုပ်တွေက အကုန်ထုတ်ထားသေးတယ် ဘာစာမှ လိုက်လုပ်တာလည်း မဟုတ်ဘဲနဲ့"

"ချီးပဲ တေဇ မင်းရဲ့လျှာက ရှည်ကို ရှည်လွန်းတယ်"

တေဇနဲ့ နှိုင်းတို့က ငယ်ငယ်ကတည်းက အိမ်နီးနားချင်း သူငယ်ချင်းတွေမို့ နှစ်ဖက်အိမ်ကို အပြန်အလှန် ဝင်ထွက်နေကျ။ဒါ့အပြင် ဦးနေက တေဇရဲ့မိဘလုပ်ငန်းမှာလည်း ရှယ်ယာဝင်ထားသည်မို့ နှစ်ဖက်အိမ်ရင်းနှီးမှုက အခြားသူတွေထက် ပိုသည်။

ကျောင်းရဲ့ နေ့လည်ပိုင်းအချိန်တွေဆို အရက်သောက်လိုက်၊ဆေးလိပ်သောက်လိုက်နဲ့ ကျောင်းပျက်နေကျ။အနံ့ပျောက်အောင်လည်း လုပ်ရသေးသည်မို့ အိမ်ပြန်တာလည်း နောက်ကျနေကျ။နှိုင်းကတော့ အိမ်မှာ လွတ်လွတ်လပ်လပ် ရှိသည်မို့ ကိစ္စမရှိခဲ့ပါ။တေဇကတော့ ‌မိဘတွေကလည်း ပြောမနိုင်၊ဆိုမနိုင် မို့ လွှတ်ထားရသည်။

နှိုင်းအိမ်ပြန်ရောက်‌တော့ အိမ်တံခါးတွေက ပိတ်ထားသည်။အချိန်ကို ကြည့်လိုက်တော့ ၇နာရီခွဲသာ ရှိသေးသည်။

"ဦးစိုင်း ကျွန်တော်ပြန်ရောက်ပြီ တံခါးဖွင့်ပေးပါဦး"

အချိန်အတော်ကြာ အော်ခေါ်တော့လည်း ဘာအသံမှ မကြားရတာကြောင့် အပြင်သွားအပြင်သွားနေတာလားဟု အတွေးဝင်မိပြီး ဖုန်းခေါ်ကြည့်မိသည်။ဖုန်းလည်း မကိုင်တာမို့ အိမ်နောက် တံခါးပေါက်များ ဖွင့်ထားမလား လိုက်ရှာမိသည်။ရှာလို့လည်း မရတော့ အိမ်ရှေ့ထိုင်ခုံတွင်သာ ထိုင်စောင့်နေရပြီး အိမ်တံခါးဖွင့်ပေးဖို့သာ အော်ခေါ်နေရသည်။ဆောင်းရာသီ ဖြစ်တာကြောင့် မနက်က ဝတ်ထားတဲ့ အဝတ်အစားဟာ ညနေမှာ လုံလောက်တဲ့ နွေးထွေးမှုကို မပေးနိုင်။တေဇအိမ်ကို သွားရန် စဉ်းစားမိသော်လည်း တေဇလည်း ပြဿနာတက်နေမှာကို တွေးမိ၍ မသွားဖြစ်။ အေးခဲလာပြီး အသံတွေပါ ပြောင်းသွားတော့မှ အိမ်တံခါး ဖွင့်ပေးလာသည်ကို တွေ့ရသည်။

"ဦးစိုင်း အိပ်ပျော်နေတာလား ကျွန်တော် အော်ခေါ်နေတာ ၂နာရီလောက်ရှိပြီ"

ဦးစိုင်းကတော့ မျက်နှာမကောင်းပါ။နှိုင်းလည်း တစ်ကိုယ်လုံး အေးခဲတောင့်တင်းနေပြီမို့ ပြောမနေတော့ပဲ အိမ်ထဲအမြန်ဝင်လိုက်သည်။ဝင်ဝင်ချင်း တွေ့လိုက်ရသည့် မျက်နှာကြောင့် နှိုင်း အံ့ဩတုန်လှုပ်သွားသည်။

"ဦး... ဦးနေ...."

ဦးနေက အသက် 32လို့ ပြောပေမယ့် 28လောက်ဟု ထင်ရလောက်အောင်ပင် နုပျိုပြီး အရပ်6ပေကျော်တာကြောင့် Model တစ်ယောက်ထက်တောင် ချောမော ခန့်ညားနေသေးသည်။

"ဘာကြောင့် နောက်ကျတာလဲ နွေတုနှိုင်း"

ဦးနေရဲ့အသံကို ကြားတော့ နှိုင်း ပိုပြီး ကြောက်လာမိသည်။နှိုင်းရဲ့ လုပ်ရပ်တွေကို သိနေတာလားဟု သံသယဝင်မိသည်။

"ဗျာ .... ကျွန်တော် ၇နာရီခွဲလောက်ကတည်းက ပြန်ရောက်နေတာပါ"

"ကျောင်း ဘယ်အချိန်ဆင်းတာလဲ"

"၃နာရီခွဲပါ"

"ဘယ်သွားနေတာလဲ"

"ဟို ... တေဇနဲ့ အပြင်သွားတာပါ"

"ဘာသွားလုပ်တာလဲ"

"ဒီအတိုင်းပဲ လျှောက်သွားတာပါ"

"အထက်တန်း ကျောင်းသားတစ်ယောက်က လိုက်ယား လိုက်ယား လျှောက်သွားနေစရာလား။ဦးစိုင်း တုတ်သွားရှာလာခဲ့"

ဦးနေရဲ့စကားကြောင့် နှိုင်း ခေါင်းတွေပါ ပူထူသလို ဖြစ်သွားပေမယ့် ၂နာရီလောက် အအေးခံထားရတော့ သိပ်မသိသာသလို။ပြန်ရောက်လာလာခြင်း နှိပ်စက်ခံရလိမ့်မယ်လို့တော့ လုံးဝ မတွေးထားမိ။တကယ့် ဦးနေ ပီသပါပေတယ်။သူက နှိုင်းကို တစ်စက်ကလေးမှ မချစ်တဲ့ နှိုင်းရဲ့ အဖေပါပဲ။မတ်တပ်ရပ်ထားရတာ ခြေထောက်ညောင်းလာသလို ခြေထောက်မခိုင်သလို ဖြစ်လာသည်။

"ခြေထောက် စေ့ ထားစမ်း နွေတုနှိုင်း"

"သူဌေး နှိုင်းလေးက အပြင်မှာ အအေးခံထားရတာလေ။ဒီနေ့တစ်ရက်တော့ ခွင့်လွှတ်ပေးလိုက်ပါဗျာ"

နှိုင်းက ဦးနေ ပြောတဲ့အတိုင်း ခြေထောက်စေ့ပေးထားလိုက်ပေမယ့် ဦးစိုင်းကတော့ နှိုင်းအတွက် ပြောပေးသည်။

"ဝင်မပါနဲ့ ဦးစိုင်း နွေတုနှိုင်းကို မွေးကတည်းက ကျွန်တော်ပဲ ကျွေးမွေးလာတာ။ဒီကောင်ကို ဆုံးမပိုင်ခွင့် ကျွန်တော့ဆီမှာ အပြည့်ရှိတယ်"

"ဖြန်းးး"

"အာ့..."

ခြေထောက်တွေ အေးခဲနေတာကြောင့်ရော ဦးနေရဲ့ အဆမတန် အားထည့်ရိုက်မှုရောကြောင့် တစ်ချက်ထဲနဲ့တင် ယိုင်သွားသည်။အေးခဲနေချိန် ရတဲ့ နာကျင်မှုက ပိုပြင်းထန်တာမို့ ရှောင်ပြေးဖို့သာ အကြံထုတ်ရသည်။

"ဦးနေ ကျွန်တော် အဆင်မပြေလို့ ရိုက်ချင်ရင် မနက်ဖြန်မှဆက်ရိုက်"

"မင်းကိုငါ အပြစ်ပေးနေတာ။အဆင်ပြေပြေ မပြေပြေ အဲ့ဒါ မင်းရဲ့အပိုင်း။မင်း ရွေးချယ်လို့မရဘူး"

"အဲ့ဒါဆိုလည်း အခန်းထဲထိလာရိုက်လိုက်"

ထွက်သွားဖို့ ပြင်နေတဲ့ နှိုင်းရဲ့လက်ကို လှမ်းဆွဲရင်းပြောလိုက်ပေမယ့် နှိုင်းက အတင်းရုန်းကာ အပေါ်ထပ်ကို တက်သွားသည်။ကလန်ကဆန်နဲ့ ဆိုးချင်တိုင်းဆိုးနေတဲ့ နှိုင်းကို ကြည့်ပြီး နေဂုဏ်မှိုင်း ‌ပိုပြီးစိတ်တိုရသည်။

"သူဌေး....ဒီတစ်ခါတော့ နှိုင်းကို ခွင့်လွှတ်ပေးလိုက်ပါ။ငယ်ငယ်ကတည်းက မိဘမေတ္တာကို ငတ်ခဲ့တာမို့ ဂျစ်ကန်ကန်နိုင်နေတာပါ။တကယ်ဆို လိမ္မာပါတယ်"

"ဦးစိုင်း ခများအခုလို သူ့ကို အရမ်းအလိုလိုက်ထားလို့ သူ အရမ်းတွေ ဆိုးသွမ်းနေတာ။အခု သူ ဘယ်က ပြန်လာတယ်ထင်လဲ။သေချာကြည့်"

‌ဦးစိုင်းမြင်အောင် ဖုန်းကို ဖွင့်ပြီး နှိုင်း ဆေးလိပ်သောက်၊အရက်သောက်နေတဲ့ ပုံတွေကို ပြလိုက်သည်။

"ဟင် နှိုင်းက အဲ့လိုတွေ လုပ်တယ်လား"

"ဝင်ငွေအ‌ရမ်းကောင်းပါတယ်ဆိုတဲ့အလုပ်တွေကို တခြားလူနဲ့ပစ်ထားခဲ့ပြီး ဘာလို့ ဒီကို ပြောင်းလာတာလဲ သိလား။"

"နှိုင်း ကို အဖော်ပြုပေးဖို့ မဟုတ်လား"

"အဖော်ပြုပေးဖို့ဆိုတာထက် ဦးစိုင်းရဲ့ လိမ္မာပါတယ်ဆိုတဲ့ နွေတုနှိုင်းရဲ့ အကျင့်တွေ တစ်နေ့ထက်‌ တစ်နေ့ ပိုဆိုးလာလို့ပဲ။ဒီပုံစံအတိုင်းဆို သူ့အနာဂါတ်ကို တွေးတောင်မတွေးရဲဘူး။အခုလည်း သူ့ပုံစံကို ကြည့်လေ"

"ဟိုလေ သူဌေး။တကယ်လို့ သူဌေးသာ သူ့ကို ချိုချိုသာသာနဲ့ သွန်သင်မယ်ဆိုရင် နှိုင်းက သူဌေးရဲ့စကားကို နားထောင်မှာပါ"

နှိုင်းလည်း အခန်းထဲသို့ ရောက်သည်နှင့် ဝမ်းနည်းစွာ ထိုင်ချမိသည်။ဘာကြောင့်လဲ။ဘာကြောင့် ဦးနေက အပြစ်မရှိအပြစ်ရှာပြီး ကြံဖန်ရိုက်နှက်နေရတာလဲ။နှိုင်းကို မချစ်လို့လား။ဒါမှမဟုတ် နှိုင်းကို အရမ်းပဲ မုန်းလို့လား။တွေးနေရင်း မှန်ထဲကနေ ဒဏ်ရာကို ကြည့်မိသည်။ကိုယ်ပိုင်ကျောင်း တက်တာမို့ ဝတ်စုံက အတို အရှည် နှစ်ခုတွင် မနက်က အတိုဝတ်ဖို့ ရွေးချယ်ခဲ့သည့် ကိုယ့်ကိုယ်ကိုယ် သိပ်မကျေနပ်ချင်။

(ကျစ်...ဘယ်ဘဝက အငြိုးတွေလဲ မသိပါဘူး)

"ဒေါက်...ဒေါက်"

"နွေတုနှိုင်း ဘာလို့ သော့ခတ်ထားတာလဲ။ တံခါးဖွင့်စမ်း "

ဦးနေက တံခါးကိုခေါက်ပြီး လာခေါ်နေသည်။အခန်းထဲတကယ် လိုက်ရိုက်မှာသိလို့ အခန်းထဲရောက်ကတည်းက တမင် သော့ခတ်ထားခဲ့သည်။ကိုယ့်ကို လာရိုက်မယ့်လူကို တံခါးထဖွင့်ပေးရအောင် နွေတုနှိုင်းသည် လူပိန်းမဟုတ်။

"အားးး ဦးနေ ကျွန်တော် ခြေထောက်နာနေလို့။တံခါးထ မဖွင့်ပေးနိုင်တော့ဘူး။ရိုက်ချင်မနက်ဖြန်မှရိုက်"

"နွေ တု နှိုင်း ... အခုချင်ချင်းလာဖွင့်စမ်း။ငါ့ဟာငါ ဖွင့်ပြီး ဝင်လာရရင် ပိုနာမယ်နော်"

"လာပြီ ဦးနေ ခဏစောင့်"

"နွေတုနှိုင်း ဘာလုပ်နေတာလဲ"

"လာနေပြီ ဦးနေ ။ ရောက်တော့မှာ"

ခဏစောင့်ဆိုပြီး ၁၀မိနစ်လောက် အချိန်ဆွဲနေသည်မို့ နေ စိတ်မရှည်ချင်တော့ပါ။

"ဦးစိုင်း နွေတုနှိုင်းရဲ့ အခန်းသော့ ယူလာခဲ့စမ်းပါ"

ဦးစိုင်းကို သော့ယူလာဖို့ ပြောတော့မှ တံခါး ချက်ချင်း ထဖွင့်ပေးသည်။အခန်းထဲကို ဝင်ကြည့်လိုက်တော့ အခန်းက လုံးဝ ရှင်းလင်း၊သန့်ရှင်းနေတာကြောင့် နေ အံ့ဩမိသည်။ကုတင်ပေါ် ထိုင်လိုက်ပြီး နှိုင်းကို ကြည့်လိုက်တော့ မျက်နှာငယ်လေးနှင့် စိုးရိမ်‌နေတဲ့ နွေတုနှိုင်းကို တွေ့လိုက်ရသည်။

"ဟိုခုံယူပြီး ခဏထိုင်ဦး"

ဝင်လာကတည်းက တုတ်ပါမလာတာ သတိထားမိပါသည်။သို့ပေမယ့် စိတ်တော့မအေးနိုင်။အရင်တုန်းကလို ခါးပတ်စာ မိကောင်း မိနိုင်သေးသည်။စဉ်းစားနေတုန်း ဦးနေက ခုံယူထိုင်ခိုင်းတာကြောင့် စာကြည့်စားပွဲနားက ခုံတစ်ခုံကို ယူလာ ဦးနေ ရှေ့တွင်သာ ထိုင်လိုက်သည်။အကြည့်ကတော့ ခါးပါတ်နားက မခွာနိုင်ပဲ ဘာခါးပါတ်ဖြစ်မလဲ။ရိုက်ရင် အသေနာလောက်လား တွေးနေမိသည်။

"ဘယ်ကိုကြည့်ပြီး ဘာတွေ စဉ်းစားနေတာလဲ"

"ဟုတ်ပါဘူး ကြည့်ပါဘူး။ဘာ ကြည့်လို့လဲ"

နွေ ချက်ချင်း အကြည့်ကို လွဲလိုက်ပြီး ဦးနေကို ပြန်ဖြေပေးလိုက်သည်။

"ကျောင်းချိန်က ဘယ်အချိန်လဲ"

"၉နာရီကနေ ၃နာရီခွဲပါ"

"နေ့လည်စာ နားချိန်ကရော"

"၁၂နာရီကနေ ၁နာရီအထိ ရှိတယ်လေ"

"ကျစ် ... စကားပြောတဲ့ လေသံကို ပြင်စမ်း နွေတုနှိုင်း"

"ဟုတ်"

"မနက်ဖြန်က စပြီး ငါကိုယ်တိုင် မင်းကို အကြိုအပို့လုပ်‌ပေးမယ်။ဘယ်ကိုမှ အလေလိုက်ဖို့ မစဉ်းစားနဲ့"

"ဟင် ရပါတယ်။နှိုင်းကိုယ့်ဘာသာ သွားနိုင်၊ပြန်နိုင်ပါတယ်။နောက်မကျစေရပါဘူး"

"နွေတုနှိုင်း ငါပြောသမျှ စကားတိုင်းကို ပြန်ခံပြောဖို့ သတ္တိတွေ ဘယ်ကရောက်လာတာလဲ။အရင်တစ်ခါကလို တုတ် မကျိုးမချင်း ရိုက်ပေးရအုံးမလား"

"ဟင့်အင်း...ဦးနေ.. မလုပ်ပါနဲ့"

"ဟုတ်ပြီ။မလုပ်စေချင်ရင် ငါပြောသမျှ စကားတိုင်းကို နားထောင်"

"ဟုတ်"

"ခဏလေးနေရင် အောက်ဆင်းခဲ့"

"ဟင်...."

"မင်းကို ညစာ စားဖို့ ခေါ်တာ။မလာရင် တုတ်နဲ့တက်လာမယ်"

"ဆင်းခဲ့မယ် ဦးနေ။မဟုတ်လည်း အခု တစ်ခါထဲ လိုက်လာမယ်လေ"
ပြာပြာသလဲလဲ ပြောလာတဲ့ နွေနှိုင်းကြောင့် နေဂုဏ်မှိုင်း နှုတ်ခမ်းတွန့်ယုံ ပြုံးလိုက်သည်။

"ရေချိုး အဝတ်အစားလဲပြီးမှ ဆင်းလာခဲ့"

Continue Reading

You'll Also Like

4.7M 527K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
442K 53.9K 143
He's Super Sticky Chapter 223 "မင်းရဲ့စိတ်ဝိညာဉ်စွမ်းအားနဲ့ ဖြည့်ဆည်း​ပေးမယ် ဆိုရင် မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်!" ဝိညာဉ်ရဲ့ မတည်မငြိမ် ဖြစ်မ...
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
1M 11.4K 101
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...