Part 2

1.2K 53 5
                                    

ဦးနေ အခန်းပြင်ထွက်သွားမှပဲ နွေ သက်ပြင်း အကြီးကြီး ချလိုက်မိသည်။မသိပါဘူး လမ်းမလျှောက်နိုင်တဲ့အထိ ရိုက်ခံရတော့မယ် ထင်နေတာ။တော်ပါသေးရဲ့။နှိုင်း လည်း ရေမိုးချိုးပြီး အိမ်အောက် ဆင်းလာသည်။လှေကားပေါ်က ဆင်းလာတော့ တစ်ချိန်လုံး စိုက်ကြည့်နေတဲ့ ဦးနေကြောင့် နွေနှိုင်း နည်းနည်းတော့ ကြောက်မိသည်။ပုံမှန်ဝတ်နေကျ ရှပ်ကော်လံ လက်တိုနှင့် ‌ဒူးခေါင်းအောက် ဘောင်းဘီတိုလေးကို ဝတ်လာတာပါ ဘာလို့ ဒီလောက်ကြည့်နေတာလဲ။

"လာထိုင်လေ"

လှေကားနားမှာ ကြောင်တောင်တောင်ရပ်နေတဲ့ နွေနှိုင်းကို ခေါ်လိုက်သည်။ဒီကလေးက ကိုယ့်အရိပ်အောက်မှာ ကြီးလာပေမယ့် ဒီလို ချစ်စရာကောင်းပြီး လှလှပပ ကြီးပြင်းလာပြီဆိုတာ သတိမထားမိခဲ့။ထုံးစံအတိုင်း ဆန့်ကျင်ဘက်စားပွဲ ထိပ်ကို သွားတော့ ခြေသလုံးက အရှိုးရာက အထင်းသား ပေါ်လွင်နေသည်။

"နွေနှိုင်း"

"ဟင်"

"အခုအချိန်ကစပြီး ငါ့ရဲ့ အုပ်ထိန်းမှုအောက်မှာ ငါ့ရဲ့ စည်းကမ်းတွေနဲ့ နေရမယ်"

"ဟမ် ... ဘာလို့တုန်း"

"ဘာလို့ နေနေပေါ့ ပြီးတော့ မင်းရဲ့ လေသံကို ပြင်အုံး"

"ဟုတ်"

ဦးနေကတော့ ညစာ စားချိန်ကြီး ထမင်းမြိုမကျအောင် လုပ်ပြန်ပြီ။နိုင်ငံခြားကို မြန်မြန် ပြန်သွားတာ မဟုတ်ဘူး။သူများကို နှိပ်စက်ချင်နေသေးတယ်။

"ညစာ စားပြီးရင် စောစော အနားယူတော့။မနက်ဖြန် ၆နာရီခွဲ စာကြည့်ခန်းကို လာခဲ့ရမယ်။ပြီးတော့ ရှိသမျှ စာရေးကိရိယာတွေ စာအုပ်တွေ အကုန် ယူလာခဲ့"

"၆....၆နာရီခွဲလား"

"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ"

"အရမ်း စောလွန်းတယ် ဦးနေ ။၇နာရီလောက် ထားပေး"

"ဟုတ်ပြီ။မနက်ဖြန် တစ်ရက် ရမယ်။တစ်မိနစ်မှ နောက်မကျစေနဲ့နော်။အသစ်မှာထားတဲ့ ကြိမ်လုံးတွေနဲ့ မိတ်ဆက်ပြီးသား ဖြစ်သွားမယ်"

ဟင်...ဦး‌နေက နွေနှိုင်းပြောတာကို ချက်ချင်း လက်ခံလိုက်တာလား။ ထူးဆန်းတယ် အရင်ကလို ရက်စက်တဲ့ အငွေ့အသက်တွေ သိပ်မရသလိုပဲ။ဦးနေမှ ဟုတ်ရဲ့လား။နွေနှိုင်း ညစာ စားပြီးတာနဲ့ တန်းမအိပ်နိုင်သေးပါ။ကျောပိုးအိတ်လေးထဲက အရိုက်ခံရနိုင်သည့် ပစ္စည်းများကို ရှင်းလင်းရအုံးမည်။ဆေးလိပ်ဘူးတွေ မီးခြစ်တွေ ဖောက်မသောက်ရသေးတဲ့ ဘီယာဘူး အသစ်တွေ။ဖဲထုပ်တွေ။

Modest LoveWhere stories live. Discover now