I Don't Know

By Yuxingyue

2.3K 152 10

သူများအိမ်မှာလာနေပြီး စောက်ရမ်းချေတဲ့မင်းကို ကြည့်မရတာတော့အမှန်ပဲ #XiaoZhan More

intro(⁠◍⁠•⁠ᴗ⁠•⁠◍⁠)⁠✧⁠*⁠。
Part-1
Part-2
Part -3
Part-5
Part-6

Part-4

256 20 2
By Yuxingyue

ရှောင်းကျန့် မုန့်ဝယ်ပြီး ပြန်လာတော့ ခြံထဲမှာ ရိပေါ် ဘေးမှာ ကောင်မလေး တစ်ယောက်နဲ့။
အဲကောင်မလေးကို ရှောင်းကျန့်သိတာပေါ့ သူ့အိမ်က ဒီနားလေးတင်။

ဘာလဲ။ သူတို့တွေက သူများခြံထဲမှာ လာချိန်းတွေ့နေတာတော့မဟုတ်ပါဘူးနော်။
ဟိုအချေကောင်ကလည်း မျက်နှာကို ဖီးနေလို့ အမြင်ကပ်ဖို့ကို ကောင်းတယ်။
အလကား နှာဘူးကောင်။

ရှောင်းကျန့်လဲ ရိပေါ်တို့ကို မမြင်ချင်ယောင်ဆောင်ပြီးအိမ်ထဲဝင်ခဲ့လိုက်တယ်

"မား ဟိုကောင်မလေးက ဘယ်လို ခြံထဲရောက်နေတာလဲ"

"အော် မေရီလား သူက ရိပေါ်ရဲ့ သူငယ်ချင်းလေ ဒါကြောင့် သူတို့ကို မားခြံထဲမှာ စကားပြောခိုင်းထားတာ"

"သူငယ်ချင်းရော ဟုတ်လို့လားမားရာ ဟိုအချေကောင်မျက်နှာ က ဖီးလို့"

"ဟဲ့သူတို့ဟာသူတို့သူငယ်ချင်းမကလို့ ဘာဖြစ်ဖြစ်ပေါ့ နောက်ပြီး မေရီလေးကလည်း လှလည်းလှ ကျောင်းမှာဆိုလည်း queen ဆိုလားပဲ ရိပေါ်လေး ကြိုက်ရင်တောင်မထူးဆန်းပါဘူး နင့်ကိုသာ ခုထိ‌ကြိုက်တဲ့သူမရှိဘူးမလား"

"မားး တော်ပြီး ဒီနေ့ စိတ်မကြည်ဘူး ဘာမှ လာမခိုင်းနဲ့"

ပြောပြီးအိမ်ပေါ်တက်သွားတဲ့ရှောင်းကျန့်ကို မားက ခေါင်းတခါခါနဲ့။

ဟုတ်တယ် ရှောင်းကျန့် ဒီနေ့စိတ်မကြည်နေဘူး ။
မုန့်ဝယ်ပြီး ပြန်လာတော့အကောင်း ခြံထဲရောက်မှ စိတ်မကြည်လာတာတော့မတတ်နိုင်ဘူး။

ဝမ်ရိပေါ်လူဆိုးကောင် လူဆိုးကောင် လူကိုကျ သူနမ်းချင်တိုင်းနမ်းပြီး သူကျ ကောင်မလေးတစ်ယောက်နဲ့သာယာနေတယ်ပေါ့ လုံးဝ မတရားလိုက်တာ 

နေပါဦး သူဟာသူ ဘယ်သူနဲ့ သာယာသာယာ ငါနဲ့မှ မဆိုင်တာ စိတ်ထိန်းစမ်း ရှောင်းကျန့် နင်ဘာဖြစ်နေတာလဲ သူနဲ့နင်နဲ့က ဘာဆိုင်လဲ 

ဟုတ်တယ် သူကသူ နင်ကနင်ပဲ 

--------------------------------------------

ခု သူနဲ့ ဟိုအချေကောင်နဲ့ အပြင်ရောက်နေတယ် မားကြောင့်ပေါ့

ဟိုအချေကောင်က ခုမှ ဒီမြို့ကို ရောက်ဖူးတာဆိုတော့ နေရာစုံလိုက်ပြလိုက်ပါတဲ့လေ အလကား သူ့သူငယ်ချင်းတွေနဲ့ သွားလဲရတာကို

" ကျန့်ကော အနောက်ကနေ ငြိမ်ငြိမ်နေလေဗျာ"

ကြည့် အဲအချေကောင် သူ့နောက်လိုက်စီးတယ် ဆိုပြီး လေသံက မာနေတာ

သူ့ကို လိုက်ပြပေးနေတာတောင်ကျေးဇူးမတင်ဘူး

ငြိမ်ငြိမ်မနေဘူးကွာ ဘာဖြစ်လဲ ဟွန့် ဆိုင်ကိုယ်မှောက်သွားလဲအေးတာပဲ ငါကအနောက်ကနေ ခုန်ချလိုက်မှာ

ရှောင်းကျန့် အနောက်ကနေ အသံတိတ်ကြွေးကျော်လိုက်သည်

"ကောဗျာ အနောက်ကနေ ငြိမ်ငြိမ်နေပါလား"

"ဟာ ဆိုင်ကယ်စီးနေရင်း ဖင်ယားလို့ ကုပ်တာလေ ဘာလဲ ဆိုင်ကယ်စီးနေရင် ဖင်မကုပ်ရဘူးလား"

"ကျန့်ကော ကစကားကို ကပ်သပ်ပြောနေတာပဲ ကျွန်တော့်ကို လိုက်ပြနေရတာ စိတ်မရှည်လို့လား  ကျန့်ကောအဆင်မပြေလဲ ရပါတယ် ကျနော်မသွား....."

"ငါ ငါ စိတ်မရှည်ဘူးလို့ပြောလိုက်မိလို့လား သွားမှာတာ သွားစမ်းပါ လေကြောရှည်တယ်"

ရိပေါ် ခနကြာမောင်းပြီး ရုတ်တရက် ဆိုင်ကယ်ကို ရပ်လိုက်တယ်။

"ဘာလို့ရပ်တာလဲ သွားမဲ့ နေရာ မရောက်သေးဘူးလေ"

ရိပေါ် မြစ်ဘေးတစ်နေရာမှ ရပ်လိုက်တာကြောင့်သွားမဲ့ နေရာ မရောက်သေးကြောင်း ရှောင်းကျန့် ပြောလိုက်သည်

" ဒီနားမှာ ခနထိုင်ရအောင် ကော"

ရှောင်းကျန့်လဲ ဆိုင်ကယ်ပေါ်ကနေ ဆင်းပြီး မြစ်ဘေးနားသွားထိုင်လိုက်တယ်

ထိုနည်းသူ ရိပေါ်လဲ သူဘေးနား လာထိုင်တယ်

"ကော တစ်ယောက်ယောက်ကို သဘောကျဖူးလား"

"အင်းးးပြောရမယ်ဆို တစ်ယောက်မကဘူး ငါ တက္ကသိုလ် တုန်းကဆို စီနီယာ အမ ချောချော လေးတွေကို သဘောကျခဲ့တာ အရမ်းပဲ အို ပြောရင်းနဲ့တောင် သတိရသွားပြီ"

ရှောင်းကျန့် စကားအဆုံး ရိပေါ် ရဲ့မျက်ခုံး နှစ်ဖက်တွန့်ချိုးသွားတာကို ရှောင်းကျန့် မြင်ဖြစ်အောင် မြင်လိုက်သေးတယ်လေ

ဘာလဲ ကိုယ့်ဟာကို ဘယ်နှယောက်ကို သဘောကျကျ သူ့အပူပါတာကျလို့

"ဘာလဲ မင်းရော သဘောကျတဲ့သူရှိနေလို့လား"

" အင်း သဘောကျနေပြီ ထင်တာပဲ"

"ထင်တာပဲဘယ်လိုကြီးလဲ မင်းဟာကလဲ သဘောကျရင်ကျတယ်ပေါ့"

"ဟုတ်တယ် ကျနော် သူ့ကို သဘောကျနေတယ်"

"ဘယ်သူလဲ"

ရှောင်းကျန့်လဲ သိချင်စောနဲ့ မေးလိုက်တယ် ဟုတ်တယ် ရိပေါ် သဘောကျတဲ့ သူကို သူသိချင်နေတာ အရမ်းပဲ သူနဲ့လဲ ဘာမှ မဆိုင်ပဲနဲ့လေ

" ကျန့်ကော အရမ်းစပ်စုတာပဲ"

ဘာလဲ အဲအချေကောင်က ငါ့ကိုစပ်စုတယ်လို့ပြောလိုက်တာလား

"ဘာ မင်းပဲ အရင်လာပြောတာလေ မပြောလဲနေပေါ့ သူများအကြောင်း အဲလောက်လဲ စိတ်မဝင်စားနေဘူး"

သူ့ကို ခပ်စွာစွာနဲ့ ပြောပြီး ထထွက်သွားတဲ့ ကျန့်ကောဟာ သူ့အမြင်မှာ စောက်ရမ်းကို ချစ်စရာကောင်းလွန်းနေတယ်

ကျနော်သဘောကျနေတဲ့ သူဟာ ကျန့်ကော ဆိုရင် ကျန့်ကော စိတ်မဝင်စားပဲ နေနိုင်လို့လား အဟွန်း

ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ကျန့်ကောက သူနဲ့ ကောင်းကောင်း စကားပြောခဲ့တယ်လေ

တစ်ဆင့်ချင်းသွားကြတာပေါ့။

လူတစ်ယောက်ကို သဘောကျဖို့ဆိုတာ လုပ်ယူလို့ ရတဲ့ အရာမှ မဟုတ်တာ ဒါကြောင့် သူကျန့်ကော ကို သဘောကျနေတာကလဲ သူ့နှလုံးသားရဲ့ အမိန့်အတိုင်းပဲပေါ့
ဘာလို့သဘောကျလဲလို့မေးရင် သူမသိဘူး

ဒီလူသားမို့ထင်ပါရဲ့

--------------I Don't Know----------------

ကျိုးချန်ရဲ့ အဆွယ်ကောင်းမှုကြောင့် ရှောင်းကျန့် တစ်ခါမှ မရောက်ဘူးတဲ့ ကလပ် ဆိုတဲ့နေရာကိုရောက်လာခဲ့ပြီ

မနေ့ကတည်းကနေ တက္ကသိုလ်တုန်းက သူငယ်ချင်းတွေနဲ့ သွားသောက်မယ်ဆိုပြီး အတင်းခေါ်နေတော့တာ

သူက ဘွဲ့ရပြီးတာတောင် မားက အဲလိုတွေသွားတာ သိရင် ကြိုက်မှာ မဟုတ်ဘူး

ခုတောင် ကျိုးချန် က သူ့ကို ခနသွားခေါ်သွားမယ် ဆိုပြီး မားဆီကနေ ခွင့်တောင်းခဲ့လို့ သူဒီကိုရောက်လာတာပဲ

ကလပ်ထဲမှာတော့ အစုံပါပဲ လူပေါင်းစုံပေါ့

" ကျန့်ကျန့် ငေးမနေတဲ့ သောက်စမ်းပါ"

ကျိုးချန်က ဘီယာခွက်တစ်ခွက်ကို သူ့ဆီ လှမ်းပေးလာသည်

"တော်ပြီ ဟျောင့် ငါမသောက်နိုင်တာ မင်းသိရဲ့သားနဲ့ နောက်ပြီး အိမ်ကိုငါတစ်ယောက်တည်းပြန်ရဦးမှာ မူးနေရင် ငါကလှမ်းလျှောက်လို့တောင်နိုင်တာ မဟုတ်ဘူး"

"မင်းကလဲ တစ်ခွက်နှစ်ခွက်တည်းပါ ဒီထိ ရောက်လာပြီး မသောက်ရင်တော့ မဟုတ်သေးပါဘူးကွာ"

"ဟုတ်တယ် ရှောင်ကျန့် သောက်စမ်းပါကွာ မားမားဘွိုင်းလေး လုပ်မနေနဲ့တော့ "

ဘေးကသူငယ်ချင်းတွေတောင် မြောက်နေကြတော့ ရှောင်းကျန့်လဲ သူတို့ စိတ်ချမ်းသာအောင် တစ်ခွက်နှစ်ခွက်သောက်ပေးလိုက်တယ်

ဒီလိုပဲ သောက်ရင်းနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောနေကြရသည်

" ကျန့်ကျန့် ဟိုတစ်ယောက်က မင်းအိမ်မှာ နေတဲ့ တစ်ယောက်မလား"

ရှောင်းကျန့် ကျိုးချန် ပြတဲ့ နေရာကို ကြည့် လိုက်တော့ ကောင်မလေးတစ်ယောက်နဲ့ စကားပြောနေတဲ့ ရိပေါ်

ဘာလဲ သူက မေရီကိုကြိုက်နေတာ မဟုတ်ဘူးလား ဘာလို့ ခုကနောက်တစ်ယောက် ဖြစ်နေပြန်ပြီ

" ကျန့်ကျန့် မင်းအိမ်ကလူက ဒီလိုနေရာမျိုးကို လာလိမ့်မယ်မထင်ထားဘူး အေးလေ သူကလူငယ်ပဲကို လာတာမဆန်းပါဘူး ဒါနဲ့ ဘေးကကောင်မလေးက ရှယ်လန်းတယ်ကွာ အားကျလိုက်တာ"

ကျန်းချန်ပြောတော့ ရိပေါ်ရှိတဲ့ ဘက်ကို တစ်ချက်ပြန်လှည့်ကြည့်လိုက်တယ်။

သူဘေးကကောင်မလေးက ခုခေတ်မိန်းကလေးတွေ ဝတ်တဲ့ ပုံစံအတိုင်း ခေတ် ဆန်ဆန် လေးနဲ့ ယောကျ်ားတိုင်း သဘောကျလောက်တဲ့ type မျိုးလေး

ထိုကောင်မလေးကို ကြည့်ပြီး မဆီမဆိုင် သူ့ကိုယ်သူ အားငယ်သလိုတောင်ဖြစ်သွားတယ်

ဟာ ငါက ဘာလို့ မိန်းကလေးတစ်ယောက်နဲ့ လာယှဉ်နေရတာလဲ ရှက်ဖို့ကောင်းလိုက်တာ ရှောင်းကျန့်

စိတ်ရှုပ်ရှုပ်နဲ့ ပဲ ရှေ့က ခွက်ထဲက အရည်အချို့ကို ကုန်အောင်မော့သောက်လိုက်တယ်

ရှောင်းကျန့် တစ်ခွက်ပြီးတစ်ခွက် ယူသောက်ပြီး သူ့ရှေ့က မြင်ကွင်းက နည်းနည်းဝါးချင်နေပြီ သူ့ limit ကျော်သွားပြီထင်ပါရဲ့

ရိပေါ်တစ်ယောက်သူ့အတန်းဖော် ရဲ့ မွေးနေ့ ရှိလို့ ဒီဘားကို ရောက်နေခြင်းပေ

မလွဲသာလိုသာ တကယ်တော့ ဒီကို လာချင်တာမဟုတ်
နာရီကြည့်လိုက်တော့ ည9နာရီ ဒီချိန်ဆို
အန်တီလဲ စိတ်ပူနေလောက်ပြီ
ကိုယ်အိမ်နဲ့ဆို ဘယ်ချိန်ပြန်ပြန်အဆင်ပြေပေမယ့်
သူများအိမ်မှာနေတာဆိုတော့ အိမ်ကိုစောစောပြန်သင့်တယ်လို့ ထင်တယ် အန်တီကလဲ ကိုယ့်အမေရင်းလိုဖြစ်နေတော့ သူသာနောက်ကျရင် စိတ်ပူနေမှာ အသေအချာပဲ

ရိပေါ် သူ့သူငယ်ချင်းမွေးနေ့ရှင်ကို နှုတ်ဆက်ပြီး ပြန်လာမည် အလုပ် တစ်ဖက် ဝိုင်းမှာ မြင်လိုက်ရတာ

"ဟင် ..ကျန့်ကော"

Update မတင်တာ 6လ လောက်ရှိသွားပြီမို့ လာတင်တာ🤧
Update လာတောင်းတဲ့ကောင်မလေးကိုလဲ ကျေးဇူးပါလို့💗
THANKS ☘️

















Continue Reading

You'll Also Like

89.1K 287 29
Smut 18+ ONLY! ⚠️WARNING⚠️ ⚠️CONTAINS MUTURE CONTENT⚠️ ⚠️VERY SEXUAL 18+⚠️ 22 year old Raven Johnson is just going to her yearly doctors appointment...
62K 1.6K 63
"mom, dad, Im married!" lahat ng relatives namin ay nagulat sa announcment ko. Sino ba naman kasi ang mag aakala na ang unica ija ng pamilyang Letpr...
219K 25.8K 115
Genre- Drama Fantasy Historical Romance Slice of Life Author(s)- 静似骄阳 Associated Names- 穿书七零:我的炮灰丈夫十项全能 Eng Name- Transmigrating into a Novel: My Can...
52.4K 1.3K 186
Disclaimer : This is not my story. No plagiarism intended. The credit goes to original author. ◆◇◆◇◆◇◆◇ The entire Yunzhou knew that the Ye Family h...