နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသ...

بواسطة KimHsuYoon99

695K 108K 1.4K

This novel isn't mine and I just translate;it's fun translation. ဒါလေးကို ဘာသာပြန်တဲ့လူရှိလားရှာခဲ့ပေမယ့် မရှ... المزيد

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8.1
Chapter 8.2
Chapter 9.1
Chapter 9.2
Chapter 10.1
Chapter 10.2
Chapter 11.1
Chapter 11.2
Chapter 12.1
Chapter 12.2
Chapter 13.1
Chapter 13.2
Chapter 14.1
Chapter 14.2
Chapter 15.1
Chapter 15.2
Chapter 16.1
Chapter 16.2
Chapter 17.1
Chapter 17.2
Chapter 18.1
Chapter 18.2
Chapter 19.1
Chapter 19.2
Chapter 20.1
Chapter 20.2
Chapter 21.1
Chapter 21.2
Chapter 22.1
Chapter 22.2
Chapter 23.1
Chapter 23.2
Chapter 24.1
Chapter 24.2
Chapter 25.1
Chapter 25.2
Chapter 26.1
Chapter 26.2
Chapter 27.1
Chapter 27.2
Chapter 28.1
Chapter 28.2
Chapter 29.1
Chapter 29.2
Chapter 29.3
Chapter 30.1
Chapter 30.2
Chapter 31.1
Chapter 31.2
Chapter 32.1
Chapter 32.2
Chapter 33.1
Chapter 33.2
Chapter 34.1
Chapter 34.2
Chapter 35.1
Chapter 35.2
Chapter 36.1
Chapter 36.2
Chapter 37.1
Chapter 38.1
Chapter 37.2
Chapter 38.2
Chapter 39.1
Chapter 39.2
Chapter 40.1
Chapter 40.2
Chapter 41.1
Chapter 41.2
Chapter 42.1
Chapter 42.2
Chapter 43.1
Chapter 43.2
Chapter 44.1
Chapter 44.2
Chapter 45.1
Chapter 45.2
Chapter 46.1
Chapter 46.2
Chapter 47.1
Chapter 47.2
Chapter 48.1
<ဖတ်စေချင်ပါတယ်>
Chapter 48.2
Chapter 49.1
Chapter 49.2
Chapter 50.1
Chapter 50.2
Chapter 51.1
Chapter 51.2
Chapter 52.1
Chapter 52.2
Chapter 53.1
Chapter 53.2
Chapter 54.1
Chapter 54.2
Chapter 55
Chapter 56.1
Chapter 56.2
Chapter 57.1
Chapter 57.2
Chapter 58.1
Chapter 58.2
Chapter 59.1
Chapter 59.2
Chapter 60.1
Chapter 60.2
Chapter 61.1
Chapter 61.2
Chapter 62.1
Chapter 62.2
Chapter 63.1
Chapter 63.2
Chapter 64.1
Chapter 64.2
Chapter 65.1
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Extra 1
Extra 2
Extra 3

Chapter 65.2

2.2K 377 3
بواسطة KimHsuYoon99

Unicode

Chapter 65.2

ထို့နောက် တာ့၀ူကို အလျင်အမြန်သွားရှာလိုက်ပြီး သူ့အစ်ကိုကြီးအဖျားရှိနေတယ်လို့ ပြောပြလိုက်တယ်။ ခဏကြာတော့ တပေါက ဆေးရည်ပန်းကန်လုံးနဲ့ ပြန်လာတယ်။

"အစ်ကိုကြီးပိုင်မု တာ့ဝူက အစ်ကိုကြီး ဆေးသောက်သင့်တယ်လို့ပြောတယ်" တပေါက ဆေးကို ပိုင်မုဆီ ဂရုတစိုက်ပေးလိုက်တယ်။ လူအနည်းငယ်လောက် ရုန်းကန်ခဲ့ရပြီးနောက် နောက်ဆုံးမှာ ခဲယ်လ်တစ်က ဆေးကို သောက်နိုင်ခဲ့တယ်။

အဲ့ဒီအချိန်မှာ လိန်းကျယ် နိုးလာခဲ့တယ်။ ဒီနေရာပတ်ဝန်းကျင်က အနားယူဖို့ အမှန်တကယ် မသင့်တော်ပါဘူး။သူ နိုးလာတဲ့အခါ ခေါင်းကိုက်ပြီး မောပန်းနွမ်းနယ်မှုကို ခံစားရတယ်။ လိန်းကျယ် နိုးလာတာကို အန်းချီလော့က မြင်လိုက်ပေမယ့်လည်း သူ့မျက်နှာမှာ နီရဲနေပြီး ပုံမှန်မဟုတ်နေဘူး။ အန်းချီလော့ရဲ့မျက်နှာက ပြောင်းသွားပြီး လိန်းကျယ်ရဲ့ နဖူးကို စစ်ဆေးဖို့ လက်လှမ်းလိုက်တယ်။သူက ပူပြင်းတဲ့အပူချိန်ကြောင့် ကြောက်ရွံ့ထိတ်လန့်သွားပြီး ထဖို့လုပ်နေတဲ့ လိန်းကျယ်ကို လျင်မြန်စွာ ဖိလိုက်ကာ တိရစ္ဆာန်သားရေနဲ့ ခြုံလွှမ်းပေးလိုက်တယ်။ အန်းချီလော့က တပေါကို ဆေးယူဖို့အတွက် တာ့ဝူကို သွားရှာခိုင်းလိုက်ပြီး စိုစွတ်တဲ့ မျက်နှာသုတ်ပုဝါကို လိန်းကျယ်ရဲ့နဖူးပေါ် တင်လိုက်တယ်။

တာ့ဝူက ညဘက်မှာ ဖြစ်ပျက်လာမယ့်အရာတွေကို ကြိုတင်မျှော်မှန်းထားပြီး လူတိုင်းကို ဖြန့်ဝေဖို့ ဆေးများစွာကို ပြင်ဆင်ထားတယ်။ တပေါက ဆေးကို အမြန်ပြန်ယူလာကာ လိန်းကျယ်ကို တိုက်ကျွေးစေလိုက်တယ်။

"အန်းချီလော့ ကိုယ်အဆင်ပြေတယ် စိတ်မပူပါနဲ့" လိန်းကျယ်က လဲလျောင်းလိုက်ပြီး စောင်ကိုခြုံလိုက်ကာ အန်းချီလော့ကို သက်တောင့်သက်သာ ပြုံးပြလိုက်တယ်။

"စကားမပြောနေပါနဲ့တော့ မြန်မြန်အနားယူလိုက်ပါ" သူ့တစ်ကိုယ်လုံး ပူကျစ်နေတာကို စိတ်မပူအောင် ဘယ်လိုလုပ်ရမလဲ။

ခဲယ်လ်တစ်နဲ့လိန်းကျယ်က ကျန်းမာရေးကောင်းမွန်ပြီး ဆေးသောက်ပြီးနောက် အဖျားပျောက်သွားကာ ပိုင်မုတို့သုံးယောက်သားက အဲ့ဒီတော့မှ သက်ပြင်းချနိုင်ခဲ့တယ်။ ထိုညက ဂူထဲမှာ တိတ်ဆိတ်ငြိမ်သက်ခြင်းမရှိတဲ့အပြင် ရံဖန်ရံခါထွက်လာတဲ့ ငိုသံက လူတိုင်းကို ပိုပြီး စိတ်ဓာတ်ကျစေတယ်။ခဲယ်လ်တစ်နိုးလာတဲ့အခါ သူ့ကို အိမ်ပြန်ခေါ်သွားရမယ်လို့ ပိုင်မု တွေးလိုက်တယ်။ ဒီပတ်ဝန်းကျင်က ပြန်လည်ကောင်းမွန်လာဖို့ တကယ်ကို မသင့်တော်သလို အိမ်မှာပဲ ပြုစုစောင့်ရှောက်ရတာကလည်း အဆင်ပြေပါတယ်။

လူတိုင်းရဲ့မျှော်လင့်ချက်၊ ဆုတောင်းချက်တွေနဲ့အတူ နောက်ဆုံးမှာ အာရုဏ်တက်သွားပေမယ့်လည်း ခဲယ်လ်တစ်ကတော့ ငြိမ်သက်နေပြီး နိုးထလာမယ့် အရိပ်အယောင်ကို မပြသေးပါဘူး။ သို့သော် သူက ချောမွေ့စွာ အသက်ရှုသွင်းနေပြီး သူ့ကိုယ်အပူချိန်က အနည်းငယ် အေးစက်နေပေမယ့်လည်း မျက်မှောင်ကြုတ်နေတဲ့ မျက်ခုံးတွေကတော့ လျော့ရဲရဲဖြစ်သွားခဲ့ပါပြီ။

မနက်စောစောထကြတဲ့သူတွေက  မနက်စားတင်ချက်ပြုတ်ခဲ့ကြပြီး ဂူထဲမှာ အစားအသောက်နံ့တွေ ပြည့်လျှံနေကာ သွေးနံ့မှိန်ဖျော့ဖျော့နဲ့ ပြင်းထန်တဲ့ဆေးနံ့ကို ဖိနှပ်သွားတယ်။လူများစွာက မနေ့ညက မစားခဲ့ရဘဲ အခု သူတို့ရဲ့မိသားစု၀င်တွေက အန္တရာယ်အရှိဆုံးညကို လွန်မြောက်ခဲ့ပြီဆိုတော့ ဆာလောင်မှုကို စတင်ခံစားလာရပြီဖြစ်တယ်။

နိရှီဇ၀က စွပ်ပြုတ်၊ ကန်စွန်းဥကင်နဲ့ အာလူးကင်တွေကို ပို့ပေးတယ်။ မနေ့ညက အန်ဒီက အားမိုကို ပြုစုစောင့်ရှောက်ပေးရာမှာ သူကူညီပေးနေခဲ့တာ ။ အန်ဒီက ကလေးနဲ့အားမိုကို တစ်ယောက်တည်း ပြုစုစောင့်ရှောက်ဖို့က တကယ် ကို မလွယ်ကူဘူးလေ။ အားမိုက မနက်အစောကြီးနိုးပေမယ့် အန်ဒီက အိပ်နေဆဲပါပဲ။ ဇက်ခ်ရိလည်း နိုးလာပြီး အယ်လ်ဗင်က သူ့အတွက် စွပ်ပြုတ်ကို စိတ်အားထက်သန်စွာ ပြင်ဆင်နေတယ်။အခုထိလက်မလွှတ်နိုင်သေးတဲ့ တစ်ယောက်တည်းသောသူက ပိုင်မုဖြစ်တယ်။ ခဲယ်လ်တစ်က အခုထိ တခါလေးမှမနိုးလာတဲ့အပြင် လိန်းကျယ်ကလည်း ဖျားနေတယ်လို့တောင် သူကြားခဲ့တယ်။

အန်းချီလော့က နိရှီဇ၀ကို ကျေးဇူးတင်လိုက်ပြီး လိန်းကျယ်နိုးမလာသေးတာကို မြင်တော့ သူ့ကိုနည်းနည်းကြာကြာ ပိုအိပ်စေချင်ခဲ့ပြီး အနှောင့်အယှက်ပေးဖို့ရည်ရွယ်ချက် မရှိခဲ့ဘူး။ လူအနည်းငယ်က မနက်စာကို အလျင်စလိုစားပြီးနောက် ပိုင်မုက ခဲယ်လ်တစ်ကို အိမ်ခေါ်ပြန်ဖို့ သူတို့နဲ့ ဆွေးနွေးခဲ့တယ်။

"အန်းချီလော့နဲ့တပေါ ဒီပတ်ဝန်းကျင်က ပြန်လည်ကောင်းမွန်လာဖို့အတွက် ဆူညံလွန်းတယ် မင်းတို့အစ်ကိုကြီး ပြန်ကောင်းလာဖို့ အိမ်ကို ရွှေ့ချင်တယ်"

"ဒါပေမယ့် အစ်ကိုကြီး ဒဏ်ရာပြန်ပွင့်ရင် ကျွန်တော်တို့ ဘာလုပ်ရမလဲ" အန်းချီလော့က တုံ့ဆိုင်းသွားတယ်။ ဒီနေရာက ပတ်ဝန်းကျင်က  သူတို့ရဲ့ကိုယ်ပိုင်အိမ်လောက် မကောင်းလှတာတော့အမှန်ပါပဲ။

"တာ့ဝူက ဒီမှာ ရှိတယ်လေ အစ်ကိုကြီး တစ်ခုခုဖြစ်ရင် တာ့၀ူကို အချိန်မီသွားတွေ့လို့ရတယ် ပြန်သွားရင် အရမ်းဒုက္ခဖြစ်လိမ့်မယ်" တပေါရဲ့ စကားက ခေါင်းကို သံချောင်းနဲ့ ရိုက်လိုက်သလိုပဲ။

ပိုင်မုအေးခဲသွားတယ်။ အခု သူက ကလေးလောက်တောင် ရှင်းရှင်းလင်းလင်း မတွေးနိုင်တော့ဘူးလား။အိမ်ပြန်တာက ကောင်းပေမယ့် ခဲယ်လ်တစ်ရဲ့အခြေအနေက ပိုဆိုးလာရင် တာ့ဝူကိုရှာဖို့ သူလိုအပ်နေသေးတယ်လေ။

"အစ်ကို ပေါ့ဆမိသွားတယ် တပေါက တကယ် ကိုကြီးပြင်းလာပြီး လူကြီးလေး ဖြစ်နေပြီပဲ မပြန်ခင် အစ်ကိုကြီးရဲ့ အခြေအနေတည်ငြိမ်လာတဲ့အထိ စောင့်တာ ပိုကောင်းပါတယ်လေ" ပိုင်မုက ကလေးနှစ်ယောက်ကို ရှက်ရွံ‌နေတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ နှစ်ယောက်သားက ခေါင်းညိတ်လိုက်ကြပြီး နောက်ဆုံးမှာ ချီးမွမ်းခံလိုက်ရတဲ့ တပေါရဲ့ မျက်နှာပေါ် အပြုံးတစ်ပွင့် ပေါ်လာခဲ့တယ်။

မျိုးနွယ်စုခေါင်းဆောင်ပုကျီက  မျိုးနွယ်စုအတွင်းက ဂုဏ်သိက္ခာအချို့ရှိတဲ့ လူလတ်ပိုင်း Orcs နှစ်ယောက်နဲ့အတူ Er ကို နံနက်စောစောမှာ သွားရှာဖွေဖို့ ဦးဆောင်ခဲ့ပြီး Er က သဘောတူမယ်လို့ မျှော်လင့်ကာ သူတို့ရဲ့ တောင်းဆိုချက်တွေကို ဖော်ပြခဲ့တယ်။

ဒီတိုက်ပွဲမှာ မျိုးနွယ်စုနှစ်ခုက နက်ရှိုင်းတဲ့ဆက်ဆံရေးကို တည်ဆောက်ခဲ့ကြတယ်။ ဒီတိုက်ကြီးမှာရှိတဲ့ orcs အရေအတွက်က မွေးရာပါ , နည်းပါးတယ်။ သူတို့အချင်းချင်း မကူညီရင် အနှေးနဲ့အမြန် သားရဲအုပ်သုတ်သင်ပစ်တာခံရပြီး ဒီတိုက်ကြီးက ဒီသားရဲတွေရဲ့ကမ္ဘာ ဖြစ်သွားလိမ့်မယ်။ အဆုံးမှာ၊ Er က သူတို့ရဲ့တောင်းဆိုမှုကို သဘောတူလိုက်ပြီး အေးစက်တဲ့ဆောင်းတွင်းကုန်ဆုံးပြီးနောက် ခြင်္သေ့တောင်ပံမျိုးနွယ်စုအနီးမှာ  အခြေချနေထိုင်လို့ရတယ်။

Er သဘောတူလိုက်တာကိုမြင်တော့ ကျားတောင်ပံမျိုးနွယ်စု၀င်က  နောက်ဆုံးမှာ သက်ပြင်းတစ်ချက်ချလိုက်တယ်။ သူတို့ရဲ့ မျိုးနွယ်စု၀င်တွေကို ဒီသတင်း ပြောပြပြီး အနာဂတ်မှာ သူတို့ရဲ့ မျိုးနွယ်စု၀င်တွေကို သင်္ဂြိုဟ်ဖို့ နေရာကောင်းကို ရွေးချယ်သင့်တယ်။ ပြီးရင် လူတွေကို ရွှေ့ပြောင်းဖို့ သူစီစဉ်ရမယ်။

မျိုးနွယ်စြခေါင်းဆောင်ပုကျီက လူတချို့ကို သင့်တော်တဲ့ နေရာရှာဖို့ စေလွှတ်လိုက်တယ်။ လူအချို့က စတင်ရွေ့ပြောင်းကြပြီး ခိုလှုံရာဂူက ကျားတောင်ပံမျိုးနွယ်စု၀င်တွေ အမြန်ကူညီ ရွှေ့ပြောင်းပေးကြတယ်။ သူတို့က လျင်မြန်စွာ ရွေ့ပြောင်းခဲ့ကြပြီး နေ့တစ်ဝက်သာ အချိန်ယူခဲ့တယ်။ဂူထဲမှာ လူနည်းသွားတော့ လေထုက ရုတ်တရက် ပိုကောင်းလာတယ်။အိုက်၀မ်က လူတချို့ကို ပြုစုဖို့ ခေါ်သွားပြီး အခု ဂူက ကြည့်ရပိုအဆင်ပြေလာတယ်။

ပတ်ဝန်းကျင်က ပိုကောင်းလာပေမယ့် ပိုင်မုကတော့ လုံးဝမပျော်ဘူး။ ခဲယ်လ်တစ်က တစ်ခါလေးတောင် မနိုးလာခဲ့ဘူး။အခု ညနေစောင်းနေပြီ၊ တခြားလူနာတွေလည်း နိုးနေပြီ။ အခုအချိန်မှာတော့ ဂူအတွင်းပိုင်းထဲမှာ  အသက်မဲ့နေတဲ့အငွေ့အသက်တွေမရှိတော့ပဲ  အားလုံးက ပြုံးစပြုလာကြတယ်။

"ခဲယ်လ်တစ် ခင်ဗျားဘာလို့မနိုးလာရသေးတာလဲ ခင်ဗျားမရှိရင် ကျွန်တော်ဘာလုပ်ရမလဲ ကျွန်တော်နဲ့ ပါတနာဖြစ်ချင်တယ်လို့ ခင်ဗျားမပြောခဲ့ဘူးလား ခင်ဗျားနိုးလာသရွေ့ ကျွန်‌တော် ခင်ဗျားကို အဲ့လိုလုပ်မယ်လို့ ကတိပေးပါ့မယ်" ပိုင်မုက  ခဲယ်လ်တစ်ရဲ့ အေးစက်နေတဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့လက်ကို ပါးပြင်ပေါ်တင်လိုက်ကာ ပွတ်သပ်ရင်းနဲ့ သူ့လေသံက ဝမ်းနည်းမှုတွေ ပြည့်နှက်နေခဲ့တယ်။

"မင်း ပြန်သွားလို့မရဘူး" အားနည်းသိမ်မွေ့တဲ့ အသံတစ်ခု ထွက်ပေါ်လာတယ်။

ပိုင်မုက မယုံကြည်နိုင်စွာ ခေါင်းကို လှည့်လိုက်ပြီး အပြုံးတပွင့်ရှိနေတဲ့ အားနည်းနေတဲ့ခဲယ်လ်တစ်ကို ကြည့်လိုက်တယ်။ ထိုရွှေရောင်မျက်၀န်းတွေက သူ့ကို နစ်မြောသွားစေလောက်အောင် နူးညံ့နေတယ်။

"အစ်ကိုကြီး နိုးပြီ အစ်ကိုကြီး နိုးပြီ” ‌တပေါက မြင်သွား‌တော့ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး  တိတ်ဆိတ်ငြိမ်သက်နေတဲ့သူ့သွင်ပြင်ကို လက်လေးနဲ့ ကခုန်ကာ ဖယ်ရှားပစ်လိုက်တယ်။

"အစ်ကိုကြီး၊ မင်း ငါတို့ကို သေအောင် ခြောက်နေတာပဲ" အန်းချီလော့လည်း ငိုမိတော့မယ်။ သူ့အစ်ကိုကြီးက သေတော့မလိုဖြစ်‌နေပြီး သူ့ချစ်သူက ဖျားနေတယ်။အစ်ကိုကြီးပိုင်မုက  ခနလောက်ထွက်သွားဖို့တောင် ဝန်လေးနေသလို သူလည်းပဲ ကြောက်နေခဲ့တာ။

ခဲယ်လ်တစ်ရဲ့ ခြောက်ကပ်နေတဲ့ နှုတ်ခမ်းတွေကို မြင်လိုက်ရတော့ ပိုင်မုက ရေတစ်ခွက်ယူလိုက်ကာ အလုတ်အနည်းငယ် ဂရုတစိုက်တိုက်လိုက်တယ်။  ခဲယ်လ်တစ်ရဲ့ ခြောက်သွေ့နေတဲ့လည်ချောင်းက နောက်ဆုံးမှာ ပိုကောင်းလာပြီ။

"မင်း ခနလေးတင်ပြော​လိုက်တာကို ထည့်တွက်လို့ရလား" သူက ပိုင်မုရဲ့ မျက်တွင်းချောင်နေတဲ့သွင်ပြင်ကို ကြည့်ပြီး  နှလုံးသားလေးနာကျင်နေပေမယ့် ပိုင်မုက သူ့လက်တွဲဖော်အဖြစ်လက်ခံမယ်လို့ ကတိပေးထားတဲ့အရာက ထင်ယောင်ထင်မှားဖြစ်တာမဟုတ်ဘူးဆိုတာ  သေချာအောင် သူအခုလုပ်ထားရမယ်လေ။

T/N- ဘာသာပြန်ပြီးမှ မှားနှိပ်မိလို့ အကုန်ထပ်ပြီးဘာသာပြန်လိုက်ရတဲ့မီပါ 😭






Zawgyi

Chapter 65.2

ထို႔ေနာက္ တာ့၀ူကို အလ်င္အျမန္သြားရွာလိုက္ၿပီး သူ႕အစ္ကိုႀကီးအဖ်ားရွိေနတယ္လို႔ ေျပာျပလိုက္တယ္။ ခဏၾကာေတာ့ တေပါက ေဆးရည္ပန္းကန္လုံးနဲ႕ ျပန္လာတယ္။

"အစ္ကိုႀကီးပိုင္မု တာ့ဝူက အစ္ကိုႀကီး ေဆးေသာက္သင့္တယ္လို႔ေျပာတယ္" တေပါက ေဆးကို ပိုင္မုဆီ ဂ႐ုတစိုက္ေပးလိုက္တယ္။ လူအနည္းငယ္ေလာက္ ႐ုန္းကန္ခဲ့ရၿပီးေနာက္ ေနာက္ဆုံးမွာ ခဲယ္လ္တစ္က ေဆးကို ေသာက္နိုင္ခဲ့တယ္။

အဲ့ဒီအခ်ိန္မွာ လိန္းက်ယ္ နိုးလာခဲ့တယ္။ ဒီေနရာပတ္ဝန္းက်င္က အနားယူဖို႔ အမွန္တကယ္ မသင့္ေတာ္ပါဘူး။သူ နိုးလာတဲ့အခါ ေခါင္းကိုက္ၿပီး ေမာပန္းႏြမ္းနယ္မႈကို ခံစားရတယ္။ လိန္းက်ယ္ နိုးလာတာကို အန္းခ်ီေလာ့က ျမင္လိုက္ေပမယ့္လည္း သူ႕မ်က္ႏွာမွာ နီရဲေနၿပီး ပုံမွန္မဟုတ္ေနဘူး။ အန္းခ်ီေလာ့ရဲ႕မ်က္ႏွာက ေျပာင္းသြားၿပီး လိန္းက်ယ္ရဲ႕ နဖူးကို စစ္ေဆးဖို႔ လက္လွမ္းလိုက္တယ္။သူက ပူျပင္းတဲ့အပူခ်ိန္ေၾကာင့္ ေၾကာက္႐ြံ႕ထိတ္လန႔္သြားၿပီး ထဖို႔လုပ္ေနတဲ့ လိန္းက်ယ္ကို လ်င္ျမန္စြာ ဖိလိုက္ကာ တိရစ္ဆာန္သားေရနဲ႕ ၿခဳံလႊမ္းေပးလိုက္တယ္။ အန္းခ်ီေလာ့က တေပါကို ေဆးယူဖို႔အတြက္ တာ့ဝူကို သြားရွာခိုင္းလိုက္ၿပီး စိုစြတ္တဲ့ မ်က္ႏွာသုတ္ပုဝါကို လိန္းက်ယ္ရဲ႕နဖူးေပၚ တင္လိုက္တယ္။

တာ့ဝူက ညဘက္မွာ ျဖစ္ပ်က္လာမယ့္အရာေတြကို ႀကိဳတင္ေမွ်ာ္မွန္းထားၿပီး လူတိုင္းကို ျဖန႔္ေဝဖို႔ ေဆးမ်ားစြာကို ျပင္ဆင္ထားတယ္။ တေပါက ေဆးကို အျမန္ျပန္ယူလာကာ လိန္းက်ယ္ကို တိုက္ေကြၽးေစလိုက္တယ္။

"အန္းခ်ီေလာ့ ကိုယ္အဆင္ေျပတယ္ စိတ္မပူပါနဲ႕" လိန္းက်ယ္က လဲေလ်ာင္းလိုက္ၿပီး ေစာင္ကိုၿခဳံလိုက္ကာ အန္းခ်ီေလာ့ကို သက္ေတာင့္သက္သာ ၿပဳံးျပလိုက္တယ္။

"စကားမေျပာေနပါနဲ႕ေတာ့ ျမန္ျမန္အနားယူလိုက္ပါ" သူ႕တစ္ကိုယ္လုံး ပူက်စ္ေနတာကို စိတ္မပူေအာင္ ဘယ္လိုလုပ္ရမလဲ။

ခဲယ္လ္တစ္နဲ႕လိန္းက်ယ္က က်န္းမာေရးေကာင္းမြန္ၿပီး ေဆးေသာက္ၿပီးေနာက္ အဖ်ားေပ်ာက္သြားကာ ပိုင္မုတို႔သုံးေယာက္သားက အဲ့ဒီေတာ့မွ သက္ျပင္းခ်နိဳင္ခဲ့တယ္။ ထိုညက ဂူထဲမွာ တိတ္ဆိတ္ၿငိမ္သက္ျခင္းမရွိတဲ့အျပင္ ရံဖန္ရံခါထြက္လာတဲ့ ငိုသံက လူတိုင္းကို ပိုၿပီး စိတ္ဓာတ္က်ေစတယ္။ခဲယ္လ္တစ္နိုးလာတဲ့အခါ သူ႕ကို အိမ္ျပန္ေခၚသြားရမယ္လို႔ ပိုင္မု ေတြးလိုက္တယ္။ ဒီပတ္ဝန္းက်င္က ျပန္လည္ေကာင္းမြန္လာဖို႔ တကယ္ကို မသင့္ေတာ္သလို အိမ္မွာပဲ ျပဳစုေစာင့္ေရွာက္ရတာကလည္း အဆင္ေျပပါတယ္။

လူတိုင္းရဲ႕ေမွ်ာ္လင့္ခ်က္၊ ဆုေတာင္းခ်က္ေတြနဲ႕အတူ ေနာက္ဆုံးမွာ အာ႐ုဏ္တက္သြားေပမယ့္လည္း ခဲယ္လ္တစ္ကေတာ့ ၿငိမ္သက္ေနၿပီး နိုးထလာမယ့္ အရိပ္အေယာင္ကို မျပေသးပါဘူး။ သို႔ေသာ္ သူက ေခ်ာေမြ႕စြာ အသက္ရႈသြင္းေနၿပီး သူ႕ကိုယ္အပူခ်ိန္က အနည္းငယ္ ေအးစက္ေနေပမယ့္လည္း မ်က္ေမွာင္ၾကဳတ္ေနတဲ့ မ်က္ခုံးေတြကေတာ့ ေလ်ာ့ရဲရဲျဖစ္သြားခဲ့ပါၿပီ။

မနက္ေစာေစာထၾကတဲ့သူေတြက  မနက္စားတင္ခ်က္ျပဳတ္ခဲ့ၾကၿပီး ဂူထဲမွာ အစားအေသာက္နံ႕ေတြ ျပည့္လွ်ံေနကာ ေသြးနံ႕မွိန္ေဖ်ာ့ေဖ်ာ့နဲ႕ ျပင္းထန္တဲ့ေဆးနံ႕ကို ဖိႏွပ္သြားတယ္။လူမ်ားစြာက မေန႕ညက မစားခဲ့ရဘဲ အခု သူတို႔ရဲ႕မိသားစု၀င္ေတြက အႏၱရာယ္အရွိဆုံးညကို လြန္ေျမာက္ခဲ့ၿပီဆိုေတာ့ ဆာေလာင္မႈကို စတင္ခံစားလာရၿပီျဖစ္တယ္။

နိရွီဇ၀က စြပ္ျပဳတ္၊ ကန္စြန္းဥကင္နဲ႕ အာလူးကင္ေတြကို ပို႔ေပးတယ္။ မေန႕ညက အန္ဒီက အားမိုကို ျပဳစုေစာင့္ေရွာက္ေပးရာမွာ သူကူညီေပးေနခဲ့တာ ။ အန္ဒီက ကေလးနဲ႕အားမိုကို တစ္ေယာက္တည္း ျပဳစုေစာင့္ေရွာက္ဖို႔က တကယ္ ကို မလြယ္ကူဘူးေလ။ အားမိုက မနက္အေစာႀကီးနိုးေပမယ့္ အန္ဒီက အိပ္ေနဆဲပါပဲ။ ဇက္ခ္ရိလည္း နိုးလာၿပီး အယ္လ္ဗင္က သူ႕အတြက္ စြပ္ျပဳတ္ကို စိတ္အားထက္သန္စြာ ျပင္ဆင္ေနတယ္။အခုထိလက္မလႊတ္နိုင္ေသးတဲ့ တစ္ေယာက္တည္းေသာသူက ပိုင္မုျဖစ္တယ္။ ခဲယ္လ္တစ္က အခုထိ တခါေလးမွမနိုးလာတဲ့အျပင္ လိန္းက်ယ္ကလည္း ဖ်ားေနတယ္လို႔ေတာင္ သူၾကားခဲ့တယ္။

အန္းခ်ီေလာ့က နိရွီဇ၀ကို ေက်းဇူးတင္လိုက္ၿပီး လိန္းက်ယ္နိုးမလာေသးတာကို ျမင္ေတာ့ သူ႕ကိုနည္းနည္းၾကာၾကာ ပိုအိပ္ေစခ်င္ခဲ့ၿပီး အႏွောင့္အယွက္ေပးဖို႔ရည္႐ြယ္ခ်က္ မရွိခဲ့ဘူး။ လူအနည္းငယ္က မနက္စာကို အလ်င္စလိုစားၿပီးေနာက္ ပိုင္မုက ခဲယ္လ္တစ္ကို အိမ္ေခၚျပန္ဖို႔ သူတို႔နဲ႕ ေဆြးႏြေးခဲ့တယ္။

"အန္းခ်ီေလာ့နဲ႕တေပါ ဒီပတ္ဝန္းက်င္က ျပန္လည္ေကာင္းမြန္လာဖို႔အတြက္ ဆူညံလြန္းတယ္ မင္းတို႔အစ္ကိုႀကီး ျပန္ေကာင္းလာဖို႔ အိမ္ကို ေ႐ႊ႕ခ်င္တယ္"

"ဒါေပမယ့္ အစ္ကိုႀကီး ဒဏ္ရာျပန္ပြင့္ရင္ ကြၽန္ေတာ္တို႔ ဘာလုပ္ရမလဲ" အန္းခ်ီေလာ့က တုံ႕ဆိုင္းသြားတယ္။ ဒီေနရာက ပတ္ဝန္းက်င္က  သူတို႔ရဲ႕ကိုယ္ပိုင္အိမ္ေလာက္ မေကာင္းလွတာေတာ့အမွန္ပါပဲ။

"တာ့ဝူက ဒီမွာ ရွိတယ္ေလ အစ္ကိုႀကီး တစ္ခုခုျဖစ္ရင္ တာ့၀ူကို အခ်ိန္မီသြားေတြ႕လို႔ရတယ္ ျပန္သြားရင္ အရမ္းဒုကၡျဖစ္လိမ့္မယ္" တေပါရဲ႕ စကားက ေခါင္းကို သံေခ်ာင္းနဲ႕ ရိုက္လိုက္သလိုပဲ။

ပိုင္မုေအးခဲသြားတယ္။ အခု သူက ကေလးေလာက္ေတာင္ ရွင္းရွင္းလင္းလင္း မေတြးနိုင္ေတာ့ဘူးလား။အိမ္ျပန္တာက ေကာင္းေပမယ့္ ခဲယ္လ္တစ္ရဲ႕အေျခအေနက ပိုဆိုးလာရင္ တာ့ဝူကိုရွာဖို႔ သူလိုအပ္ေနေသးတယ္ေလ။

"အစ္ကို ေပါ့ဆမိသြားတယ္ တေပါက တကယ္ ကိုႀကီးျပင္းလာၿပီး လူႀကီးေလး ျဖစ္ေနၿပီပဲ မျပန္ခင္ အစ္ကိုႀကီးရဲ႕ အေျခအေနတည္ၿငိမ္လာတဲ့အထိ ေစာင့္တာ ပိုေကာင္းပါတယ္ေလ" ပိုင္မုက ကေလးႏွစ္ေယာက္ကို ရွက္႐ြံ‌ေနတဲ့အၾကည့္နဲ႕ ၾကည့္လိုက္တယ္။ ႏွစ္ေယာက္သားက ေခါင္းညိတ္လိုက္ၾကၿပီး ေနာက္ဆုံးမွာ ခ်ီးမြမ္းခံလိုက္ရတဲ့ တေပါရဲ႕ မ်က္ႏွာေပၚ အၿပဳံးတစ္ပြင့္ ေပၚလာခဲ့တယ္။

မ်ိဳးႏြယ္စုေခါင္းေဆာင္ပုက်ီက  မ်ိဳးႏြယ္စုအတြင္းက ဂုဏ္သိကၡာအခ်ိဳ႕ရွိတဲ့ လူလတ္ပိုင္း Orcs ႏွစ္ေယာက္နဲ႕အတူ Er ကို နံနက္ေစာေစာမွာ သြားရွာေဖြဖို႔ ဦးေဆာင္ခဲ့ၿပီး Er က သေဘာတူမယ္လို႔ ေမွ်ာ္လင့္ကာ သူတို႔ရဲ႕ ေတာင္းဆိုခ်က္ေတြကို ေဖာ္ျပခဲ့တယ္။

ဒီတိုက္ပြဲမွာ မ်ိဳးႏြယ္စုႏွစ္ခုက နက္ရွိုင္းတဲ့ဆက္ဆံေရးကို တည္ေဆာက္ခဲ့ၾကတယ္။ ဒီတိုက္ႀကီးမွာရွိတဲ့ orcs အေရအတြက္က ေမြးရာပါ , နည္းပါးတယ္။ သူတို႔အခ်င္းခ်င္း မကူညီရင္ အႏွေးနဲ႕အျမန္ သားရဲအုပ္သုတ္သင္ပစ္တာခံရၿပီး ဒီတိုက္ႀကီးက ဒီသားရဲေတြရဲ႕ကမၻာ ျဖစ္သြားလိမ့္မယ္။ အဆုံးမွာ၊ Er က သူတို႔ရဲ႕ေတာင္းဆိုမႈကို သေဘာတူလိုက္ၿပီး ေအးစက္တဲ့ေဆာင္းတြင္းကုန္ဆုံးၿပီးေနာက္ ျခေသၤ့ေတာင္ပံမ်ိဳးႏြယ္စုအနီးမွာ  အေျခခ်ေနထိုင္လို႔ရတယ္။

Er သေဘာတူလိုက္တာကိုျမင္ေတာ့ က်ားေတာင္ပံမ်ိဳးႏြယ္စု၀င္က  ေနာက္ဆုံးမွာ သက္ျပင္းတစ္ခ်က္ခ်လိဳက္တယ္။ သူတို႔ရဲ႕ မ်ိဳးႏြယ္စု၀င္ေတြကို ဒီသတင္း ေျပာျပၿပီး အနာဂတ္မွာ သူတို႔ရဲ႕ မ်ိဳးႏြယ္စု၀င္ေတြကို သျဂၤိုဟ္ဖို႔ ေနရာေကာင္းကို ေ႐ြးခ်ယ္သင့္တယ္။ ၿပီးရင္ လူေတြကို ေ႐ႊ႕ေျပာင္းဖို႔ သူစီစဥ္ရမယ္။

မ်ိဳးႏြယ္ျစေခါင္းေဆာင္ပုက်ီက လူတခ်ိဳ႕ကို သင့္ေတာ္တဲ့ ေနရာရွာဖို႔ ေစလႊတ္လိုက္တယ္။ လူအခ်ိဳ႕က စတင္ေ႐ြ႕ေျပာင္းၾကၿပီး ခိုလႈံရာဂူက က်ားေတာင္ပံမ်ိဳးႏြယ္စု၀င္ေတြ အျမန္ကူညီ ေ႐ႊ႕ေျပာင္းေပးၾကတယ္။ သူတို႔က လ်င္ျမန္စြာ ေ႐ြ႕ေျပာင္းခဲ့ၾကၿပီး ေန႕တစ္ဝက္သာ အခ်ိန္ယူခဲ့တယ္။ဂူထဲမွာ လူနည္းသြားေတာ့ ေလထုက ႐ုတ္တရက္ ပိုေကာင္းလာတယ္။အိုက္၀မ္က လူတခ်ိဳ႕ကို ျပဳစုဖို႔ ေခၚသြားၿပီး အခု ဂူက ၾကည့္ရပိုအဆင္ေျပလာတယ္။

ပတ္ဝန္းက်င္က ပိုေကာင္းလာေပမယ့္ ပိုင္မုကေတာ့ လုံးဝမေပ်ာ္ဘူး။ ခဲယ္လ္တစ္က တစ္ခါေလးေတာင္ မနိုးလာခဲ့ဘူး။အခု ညေနေစာင္းေနၿပီ၊ တျခားလူနာေတြလည္း နိုးေနၿပီ။ အခုအခ်ိန္မွာေတာ့ ဂူအတြင္းပိုင္းထဲမွာ  အသက္မဲ့ေနတဲ့အေငြ႕အသက္ေတြမရွိေတာ့ပဲ  အားလုံးက ၿပဳံးစျပဳလာၾကတယ္။

"ခဲယ္လ္တစ္ ခင္ဗ်ားဘာလို႔မနိုးလာရေသးတာလဲ ခင္ဗ်ားမရွိရင္ ကြၽန္ေတာ္ဘာလုပ္ရမလဲ ကြၽန္ေတာ္နဲ႕ ပါတနာျဖစ္ခ်င္တယ္လို႔ ခင္ဗ်ားမေျပာခဲ့ဘူးလား ခင္ဗ်ားနိုးလာသေ႐ြ႕ ကြၽန္‌ေတာ္ ခင္ဗ်ားကို အဲ့လိုလုပ္မယ္လို႔ ကတိေပးပါ့မယ္" ပိုင္မုက  ခဲယ္လ္တစ္ရဲ႕ ေအးစက္ေနတဲ့လက္ကို ဆုပ္ကိုင္လိုက္ၿပီး သူ႕လက္ကို ပါးျပင္ေပၚတင္လိုက္ကာ ပြတ္သပ္ရင္းနဲ႕ သူ႕ေလသံက ဝမ္းနည္းမႈေတြ ျပည့္ႏွက္ေနခဲ့တယ္။

"မင္း ျပန္သြားလို႔မရဘူး" အားနည္းသိမ္ေမြ႕တဲ့ အသံတစ္ခု ထြက္ေပၚလာတယ္။

ပိုင္မုက မယုံၾကည္နိုင္စြာ ေခါင္းကို လွည့္လိုက္ၿပီး အၿပဳံးတပြင့္ရွိေနတဲ့ အားနည္းေနတဲ့ခဲယ္လ္တစ္ကို ၾကည့္လိုက္တယ္။ ထိုေ႐ႊေရာင္မ်က္၀န္းေတြက သူ႕ကို နစ္ေျမာသြားေစေလာက္ေအာင္ ႏူးညံ့ေနတယ္။

"အစ္ကိုႀကီး နိုးၿပီ အစ္ကိုႀကီး နိုးၿပီ” ‌တေပါက ျမင္သြား‌ေတာ့ က်ယ္ေလာင္စြာ ေအာ္ဟစ္လိုက္ၿပီး  တိတ္ဆိတ္ၿငိမ္သက္ေနတဲ့သူ႕သြင္ျပင္ကို လက္ေလးနဲ႕ ကခုန္ကာ ဖယ္ရွားပစ္လိုက္တယ္။

"အစ္ကိုႀကီး၊ မင္း ငါတို႔ကို ေသေအာင္ ေျခာက္ေနတာပဲ" အန္းခ်ီေလာ့လည္း ငိုမိေတာ့မယ္။ သူ႕အစ္ကိုႀကီးက ေသေတာ့မလိုျဖစ္‌ေနၿပီး သူ႕ခ်စ္သူက ဖ်ားေနတယ္။အစ္ကိုႀကီးပိုင္မုက  ခနေလာက္ထြက္သြားဖို႔ေတာင္ ဝန္ေလးေနသလို သူလည္းပဲ ေၾကာက္ေနခဲ့တာ။

ခဲယ္လ္တစ္ရဲ႕ ေျခာက္ကပ္ေနတဲ့ ႏႈတ္ခမ္းေတြကို ျမင္လိုက္ရေတာ့ ပိုင္မုက ေရတစ္ခြက္ယူလိုက္ကာ အလုတ္အနည္းငယ္ ဂ႐ုတစိုက္တိုက္လိုက္တယ္။  ခဲယ္လ္တစ္ရဲ႕ ေျခာက္ေသြ႕ေနတဲ့လည္ေခ်ာင္းက ေနာက္ဆုံးမွာ ပိုေကာင္းလာၿပီ။

"မင္း ခနေလးတင္ေျပာ​လိုက္တာကို ထည့္တြက္လို႔ရလား" သူက ပိုင္မုရဲ႕ မ်က္တြင္းေခ်ာင္ေနတဲ့သြင္ျပင္ကို ၾကည့္ၿပီး  ႏွလုံးသားေလးနာက်င္ေနေပမယ့္ ပိုင္မုက သူ႕လက္တြဲေဖာ္အျဖစ္လက္ခံမယ္လို႔ ကတိေပးထားတဲ့အရာက ထင္ေယာင္ထင္မွားျဖစ္တာမဟုတ္ဘူးဆိုတာ  ေသခ်ာေအာင္ သူအခုလုပ္ထားရမယ္ေလ။

T/N- ဘာသာျပန္ၿပီးမွ မွားႏွိပ္မိလို႔ အကုန္ထပ္ၿပီးဘာသာျပန္လိုက္ရတဲ့မီပါ 😭

واصل القراءة

ستعجبك أيضاً

129K 16K 46
"ဘယ်သူကမှ ကစားစရာအဟောင်းလေးကို သဘောကျမှာ မဟုတ်ဘူး" "အဲ့လို မဟုတ်ပါဘူး။ ဒါ အချစ်ပါ..." Myanmar translation of Before My Withering (枯萎之前) Author - 月昼...
80.9K 11.9K 13
Both Zawgyi and Unicode. Not my own story, JUST TRANSLATION. All credit goes to original Author and Translator. Cover photo credits to owner.
11.6K 1.4K 21
သိရောသိကြရဲ့လား? Fukurodani ရဲ့ Captain မှာပိုင်ရှင်ရှိတယ်တဲ့... Bokuaka Myanmar Fanfic feat.Kuroken Cover credit to original artist 22 Sep, 2021.
ညို...(Completed) بواسطة Dee🐣

الخيال (فانتازيا)

2.7M 72.6K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...