Peculiarly System [Completed ]

Autorstwa MaLaKaoYa

854K 90.3K 2.7K

Start date ... September 17 .2021 End date .....July 30.2023 System ဆိုတာ စိတ်ကူးယဉ်ကမ္ဘာတဲ့ သူကပြောတယ် ငါ့... Więcej

Start With System
Arc(1.1) Parin
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)End
Arc(2.1) Zhang Xu Guang
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)End
Arc(3.1)Jason
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)End
Arc(4.1) Jon San
Arc(4.2)
Arc(4.3)
Arc(4.4)
Arc(4.5)
Arc(4.6)
Arc(4.7)
Arc(4.8)
Arc(4.9)
Arc(4.10)End
Arc(5.1) Zhou Wei Feng
Arc(5.2)
Arc(5.3)
Arc(5.4)
Arc(5.5)
Arc(5.6)
Arc(5.7)
Arc(5.8)
Arc(5.9)
Arc(5.10)
Arc(5.11)
Arc(5.12)End
Arc(6.1) LuYuYuan
Arc(6.2)
Arc(6.3)
Arc(6.4)
Arc(6.5)
Arc(6.6)
Arc(6.7)
Arc(6.8)
Arc(6.9)
Arc(6.10)
Arc(6.11)
Arc(6.12)End
Arc(7.1)KiKo
Arc(7.2)
Arc(7.3)
Arc(7.4)
Arc(7.5)
Arc(7.6)
Arc(7.7)
Arc(7.8)
Arc(7.9)
Arc(7.10)
Arc(7.11)End
Arc(8.1)Adam
Arc(8.2)
Arc(8.3)
Arc(8.4)
Arc(8.5)
Arc(8.6)
Arc(8.7)
Arc(8.8)
Arc(8.9)
Arc(8.10)
Arc(8.11)End
Arc(9.1)Aqua
Arc(9.2)
Arc(9.3)
Arc(9.4)
Arc(9.5)
Arc(9.6)
Arc(9.7)
Arc(9.8)
Arc(9.9)
Arc(9.10)
Arc(9.11)
Arc(9.12)
Arc(9.13)End
Arc(10.1)XiaoZhan
Arc(10.2)
Arc(10.3)
Arc(10.4)
Arc(10.5)
Arc(10.6)
Arc(10.7)
Arc(10.8)
Arc(10.9)
Arc(10.10)
Arc(10.11)
Arc(10.12)End
Arc(11.1) Saw Minn Latt
Arc(11.2)
Arc(11.3)
Arc(11.4)
Arc(11.5)
Arc(11.6)
Arc(11.7)
Arc(11.8)
Arc(11.9)End
Arc(12.1) Ben
Arc(12.2)
Arc(12.3)
Arc(12.4)
Arc(12.5)
Arc(12.6)
Arc(12.7)
Arc(12.8)
Arc(12.9)
Arc(12.10)
Arc(12.11)End
Arc(13.1) Cristan Gabriel
Arc(13.2)
Arc (13.3)
Arc(13.4)
Arc(13.5)
Arc(13.6)
Arc(13.7)
Arc(13.9)
Arc(13.10)
Arc(13.11)
Arc(13.12)End
Real Life (1)
Real Life (1)End
Real Life (2)
Real Life Ending Up (Truly End)

Arc(13.8)

1.6K 223 1
Autorstwa MaLaKaoYa

ခရစ်စတန်ဟာ မိဘတွေရဲ့စီစဉ်ပေးမှုကြောင့် စိတ်ပျက်စရာကောင်းတဲ့ ဒိတ်ကြီးကို လက်ခံလိုက်ရတယ်။

ခက်ခဲတယ် ဆိုတာထက်ပိုပြီးခက်ခဲတယ်။
ဒါပေမယ့် ဇာတ်လိုက်မကို သူတစ်ခါမှ မမြင်ဖူးသေး​တာကြောင့် တွေ့ကြည့်ချင်တဲ့စိတ်ကလေးက နည်းနည်းတော့ ရှိနေတယ်ပေါ့။

အခုထိ ကဖေးဆိုင်ကို ရောက်မလာသေးတဲ့ ဂျက်စီကာကို နည်းနည်းလေး စိတ်တိုမိပေမယ့် ကိုယ့်မှာလည်းအချိန်တွေပေါနေပါတယ်လေဆိုပြီး ဖြည့်တွေးပေးထားရတယ်။

" ဂျက်စီကာဘလက်စကတ်ပါ ရှင်က ခရစ်စတန်?''

ခရင်ကော်ဖီကို တစ်ချက်ငုံလိုက်တဲ့အချိန် အသံကြည်ကြည့်လေးတစ်ချက်ကို ကြားလိုက်ရသည်မို့ မော့ကြည့်လိုက်သည်။

သူမကိုခဏလေးမြင်လိုက်ရတဲ့အခိုက်အတန့်က ကြယ်တွေလတွေကြွေသွားသလိုမျိုး ခံစားရတယ် ။

သူမက သိပ်ကိုလှတယ်။ ဝါရွှေရောင်အသားအရည်နဲ့ ဝတ်ပုံစားပုံကလည်း elegant ဆန်တယ်။

စတိုင်ပန့်လေးနဲ့ tunk top ကို ဝတ်ဆင်ထားတဲ့အတွက် သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကလည်း သိပ်ကို ရှုမငြီးနိုင်တဲ့အလှတရားလေးလို့ ပြောလို့ရတယ် ။

ဇာတ်လိုက်က သဘောကျတာလဲမပြောနဲ့ ။
ဇာတ်လိုက်မက မိုးနတ်မင်း အချိန်အတော်ကုန်အောင်ဖန်ဆင်းထားခံရတဲ့အလှတရားမျိုးလေး။

" ခရစ်စတန်က ကျွန်မကိုဒီအတိုင်းကြည့်နေတော့မှာလား ''

" အာ..အဟမ်း ထိုင်ပါဗျာ''

သူမက တအားကို ရင့်ကျက်သည့်စတိုင်ပင်။
အရှေ့မှာ နေရာယူထိုင်ပြီး စားပွဲထိုးကို ခေါ်ကာ သူမစားချင်တဲ့ ကိတ်နဲ့သောက်ချင်တဲ့ကော်ဖီကို မှာနေသည်။

အပြုအမူတစ်ခုချင်းစီတိုင်းမှာ ကိုယ့်အပါအဝင်ယောက်ျားသားအားလုံးလည်ပြန်ငေးရလောက်အောင် ဆွဲဆောင်မှုရှိနေသည်။

" ကျွန်မမိဘတွေကို ကျွန်မကငြင်းပါတယ်၊ ဒါပေမယ့် သူတို့က တအားစီစဉ်နေတော့ ကျွန်မနည်းနည်းလေး စိတ်ညစ်မိတယ် ''

" ဂျက်စီကာလိုပါပဲဗျာ ၊ ကျွန်တော်ကလည်း ဒီကိစ္စကို စိတ်မဝင်စားဘူး အဲ့တော့ ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ''

ဂျက်စီကာက နားလည်သဘောပေါက်တဲ့ပုံစံလေးနဲ့ ခေါင်းလေးညိတ်ကာ စဉ်းစားဟန်ပြုသည်။
စားပွဲထိုး လာချပေးသွားသော မုန့်တွေကို ယူစားလိုက်ရင်းမှ မျက်လုံးလေးထောင့်ကပ်ကာ သူမက အကြံရသလို စကားပြန်ဆက်သည်။

" ကျွန်မတို့နှစ်ယောက် အဆင်ပြေတဲ့ပုံစံလေးလုပ်ကြမယ်လေ ၊ မင်္ဂလာပွဲကို အချိန်ဆွဲရမယ် ဒီကြားထဲမှာ ကျွန်မတို့က လက်မခံတဲ့အရိပ်အယောင်မပြကြေး ''

" မိဘတွေကို လှည့်စားတဲ့အကွက်မျိုး?''

"အင်း.. ဟုတ်တယ် ဟုတ်တယ် ''

သူမက ကော်ဖီငုံသောက်ရင်း ထောက်ခံလာသည်မှာ တက်တက်ကြွကြွပင်။

" ဂျက်စီကာရဲ့အနားမှာ စတိဗ်ဆိုတဲ့သူအရမ်းနှောက်ယှက်တယ်မလား ''

" ဟင်?..ရှင်ကအဲ့ကိစ္စကိုသိတယ်ပေါ့''

" အင်း ကျွန်တော်လည်းအမှတ်တမဲ့နဲ့သိလိုက်ရတာပါ ပြီးတော့ ဂျက်စီကာက သတင်းတင်ဆက်သူလည်းဖြစ်တယ်ဆိုတော့ ဒါက တစ်ချို့တွေတောင် သိနေကြပြီ''

" ဟုတ်ပါတယ် ၊ ကျွန်မ သူ့ကို သိပ်အမြင်ကပ်မိတယ် ၊ ကျွန်မရဲ့အလုပ်တွေကိုလည်းအနှောက်အယှက်ဖြစ်သလို ကျွန်မကိုလည်းအနှောက်အယှက်ဖြစ်စေတယ်''

ဂျက်စီကာက မိန်းမကောင်းလေးတစ်ယောက်ဆိုတာ သူမအကြည့်အပြောအပြုအမူတွေကနေတစ်ဆင့် ခရစ်စတန်က ခန့်မှန်းမိသည်။

" အဲ့တာကို ဂျက်စီကာက ဘာမှမလုပ်ဘူးလား''

" ကျွန်မအတွက်ပိုပြီး ဇယားရှုပ်လာမှာစိုးလို့''

" မင်းအရမ်းညစ်နေမှာပေါ့ ''

" ဟုတ်တာပေါ့ ''

တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးသွားတဲ့အတွက် စကားဝိုင်းလေးက ပျင်းငွေ့စရာမရှိပေ။

" ဘေဘီ ''

ခေါ်သံကြီးက ချိုသာသလိုရှိပေမယ့် ကြက်သီးထစရာကောင်းနေသည်။ ဂျက်စီကာကတော့ ခရစ်စတန်ရဲ့မျက်နှာရိပ်မျက်နှာကဲကိုသာ ငေးကြည့်နေပြီး ကော်ဖီကိုသာ စိမ်ပြေနပြေသောက်နေလေသည်။

ဒီလူနဲ့ခရစ်စတန်ရဲ့ပတ်သတ်မှုကဘာများလဲ။

" ....ကိုယ့်ကို အရေးမလုပ်ပါလား ဟမ်?''

" မစ္စတာကို ကျွန်တော်မသိတာမို့ ခွင့်ပြုပါအုန်း ၊ ဂျက်စီကာ ကျွန်တော်တို့ ရုပ်ရှင်သွားကြည့်ကြမလား ''

" အာ ?? သွားကြတာပေါ့ ''

ဂျက်စီကာက သာမန်ကာလျှံပဲ ပြန်ဖြေပြီး ခရစ်စတန်နဲ့အတူ ထွက်လာခဲ့လိုက်သည် ။

ဟိုမစ္စတာကိုကြည့်ရတာ ခရစ်စတန်နဲ့ပတ်သတ်မှုရှိတဲ့ပုံပဲ။
သူတို့နှစ်ဦးက ဘာလို့များ စိတ်ကောက်နေတဲ့ အတွဲနဲ့တူနေတာလဲ။
ဟိုမစ္စတာနဲ့ခရစ်စတန်က အတွဲတွေလား။

" Oh my god! !''

" ဘာဖြစ်တာလဲ ဂျက်စီကာ ''

ဂျက်စီကာက အာမေဋိတ်သံလေးထွက်သွားသည်ကိုပင် ကိုယ့်ကိုယ်ကို မသိလိုက်ပေမယ့် ခရစ်စတန်ကတော့ လှည့်မေးလာခဲ့သည်။

ကားပေါ်မှာ လေထုက အေးသလိုလိုနွေးသလိုနဲ့မို့ ဂျက်စီကာက မျက်ဝန်းလေးကိုအသာလှန်ကာ ဘေးကမျက်နှာချောကို ခိုးကြည့်လိုက်သည်။

" ခရစ်စတန် ရှင်ကျွန်မကို ရင်ဖွင့်လို့ရတယ်နော် ၊ ခုနကမစ္စတာက ရှင့်ချစ်သူမလား ''

" ဂျက်..ဂျက်စီကာ ''

" အဟင်း..ဟုတ်နေတာပဲ ၊ သူ့ပုံစံက ရှင့်ကို သဝန်တိုနေတာပဲလေ ရှင်တို့စိတ်ဆိုးနေကြတာလား''

" တကယ်က မင်းထင်သလို စိတ်ဆိုးနေကြတာမဟုတ်ပါဘူး ဂျက်စီကာ ၊ ကျွန်တော်က လူတွေကြားထဲမှာ ထုတ်မပြချင်ရုံသဘောပါ''

" ....ဘာလို့လဲ ''

" အဲ့တာက ရှက်စရာကောင်းတယ်လို့ ထင်တယ် ''

" မဟုတ်တာ ၊ ဘာမှ ရှက်စရာမကောင်းဘူး''

".....''

အံ့သြသလိုကြည့်လာတဲ့ ခရစ်စတန်ကြောင့်သူမကပြုံးလိုက်မိတယ်။
ခရစ်စတန်က သူမကိုရှေးရိုးစွဲငတုံးမကြီးလို့ တွေးထားတာများလား။

သူမက ခေတ်မီတဲ့မိန်းမတစ်ယောက်ပါ။
ခေတ်ရှေ့လည်းတအားပြေးနေတဲ့ စပ်စလူးမမဟုတ်သလို ခေတ်နောက်ပြန်ဆွဲနေတဲ့ အဘွားကြီးလည်းမဟုတ်ဘူးဆိုတာ ခရစ်စတန်တစ်ယောက်တွေးမိပါစလေ။

" ကျွန်မအခု ခန့်မှန်းရသလောက်ဆိုရင် ရှင့်မိဘတွေက ကျွန်မနဲ့စီစဉ်တာက ဒါ့ကြောင့်ပဲဖြစ်မယ်''

" ဒယ်ဒီတို့ ဒီကိစ္စကို မသိလောက်သေးပါဘူး ၊ ကျွန်တော်က မပြောပြရသေးဘူး''

" ကျွန်မက ရှင့်ကို ငတုံးလို့ပြောရင် ရှင်စိတ်ဆိုးမှာလား''

"....''

" တကယ်ကြီး ရှင်ကတုံးနေတာပဲ ၊ ကျွန်မပြောမယ် ၊ ရှင့်ရဲ့ မစ္စတာဟိုဒင်းက ရှင့်မိဘတွေကိုပြောလိုက်ရင်ရော?  ''

" အဲ့တာ ကျွန်တော်မတွေးမိဘူး ''

" ဖြစ်နိုင်တယ်လို့ ရှင်မထင်ဘူးလား''

ခရစ်စတန်က ခဏလေးငြိမ်သက်သွားပြီး စဉ်းစားနေသည်။

မနေ့က အိမ်ပြန်ရောက်တော့ မိသားစုနဲ့ အဆင်ပြေနေတုန်းပဲ၊ ဒီမနက်ကျမှ ဗြုန်းစားကြီး အခုလိုတွေစီစဉ်ကြတာဆိုတော့... ။

မနေ့တုန်းက ဒယ်ဒီတို့ကို ညစာစားဖို့ဖိတ်တဲ့သူက ဂျိုလိုလား။

' သိပ်မှန်တာပေါ့ Host ရယ် '

' kitty မင်းပြန်လာပြီလား '

' ဟုတ်တယ် Host! ကျွန်တော် ခုနကလေးတင် ရောက်တာပါ '

' မင်းရဲ့ ကိစ္စတွေကအဆင်ပြေခဲ့လား '

' ပြေပါတယ် Host!..Host အတွက် side mission တစ်ခုရှိပါတယ် '

' ဘာများလဲ '

' Host အစ်မဇိုဝီကို လင်ပေးစားရပါမယ်'

' ???'

ရှောင်းကျန့်လေးက side mission ဆိုတာကြီးကို အံ့သြသွားရသည် ။

Side mission က သောက်ဆန်းကြီးဟ။

Kitty က ဘုံခုနှစ်ဆင့်ပြဿဒ်သခင်မကို ချစ်တတ်သွားစေချင်ရုံဆန္ဒလေးပါပဲလေ။
ကောင်းစေချင်လို့ စီစဉ်လိုက်တာပါ။

တစ်ဖက်တွင် ဇိုဝီတစ်ယောက်မှာတော့ အလုပ်လုပ်ရင်း ရုတ်တရက်  နှာတွေထချေနေလေသည်။

ထို့နောက် စိတ်ညည်းညူစွာ ကျိန်ဆဲလိုက်သည်ကား..။
" ငါ့အကြောင်း ဘယ်ခွေးသူတောင်းစားက ပြောနေတာလဲ ''

ခွေးသူတောင်းစား ဘဝရောက်သွားသော Kitty။

#####

Zawgyi

ခရစ္စတန္ဟာ မိဘေတြရဲ႕စီစဥ္ေပးမႈေၾကာင့္ စိတ္ပ်က္စရာေကာင္းတဲ့ ဒိတ္ႀကီးကို လက္ခံလိုက္ရတယ္။

ခက္ခဲတယ္ ဆိုတာထက္ပိုၿပီးခက္ခဲတယ္။
ဒါေပမယ့္ ဇာတ္လိုက္မကို သူတစ္ခါမွ မျမင္ဖူးေသး​တာေၾကာင့္ ေတြ႕ၾကည့္ခ်င္တဲ့စိတ္ကေလးက နည္းနည္းေတာ့ ရွိေနတယ္ေပါ့။

အခုထိ ကေဖးဆိုင္ကို ေရာက္မလာေသးတဲ့ ဂ်က္စီကာကို နည္းနည္းေလး စိတ္တိုမိေပမယ့္ ကိုယ့္မွာလည္းအခ်ိန္ေတြေပါေနပါတယ္ေလဆိုၿပီး ျဖည့္ေတြးေပးထားရတယ္။

" ဂ်က္စီကာဘလက္စကတ္ပါ ရွင္က ခရစ္စတန္?''

ခရင္ေကာ္ဖီကို တစ္ခ်က္ငုံလိုက္တဲ့အခ်ိန္ အသံၾကည္ၾကည့္ေလးတစ္ခ်က္ကို ၾကားလိုက္ရသည္မို႔ ေမာ့ၾကည့္လိုက္သည္။

သူမကိုခဏေလးျမင္လိုက္ရတဲ့အခိုက္အတန့္က ၾကယ္ေတြလေတြေႂကြသြားသလိုမ်ိဳး ခံစားရတယ္ ။

သူမက သိပ္ကိုလွတယ္။ ဝါေ႐ႊေရာင္အသားအရည္နဲ႕ ဝတ္ပုံစားပုံကလည္း elegant ဆန္တယ္။

စတိုင္ပန့္ေလးနဲ႕ tunk top ကို ဝတ္ဆင္ထားတဲ့အတြက္ သူမရဲ႕ ခႏၶာကိုယ္ေကာက္ေၾကာင္းကလည္း သိပ္ကို ရႈမၿငီးနိုင္တဲ့အလွတရားေလးလို႔ ေျပာလို႔ရတယ္ ။

ဇာတ္လိုက္က သေဘာက်တာလဲမေျပာနဲ႕ ။
ဇာတ္လိုက္မက မိုးနတ္မင္း အခ်ိန္အေတာ္ကုန္ေအာင္ဖန္ဆင္းထားခံရတဲ့အလွတရားမ်ိဳးေလး။

" ခရစ္စတန္က ကြၽန္မကိုဒီအတိုင္းၾကည့္ေနေတာ့မွာလား ''

" အာ..အဟမ္း ထိုင္ပါဗ်ာ''

သူမက တအားကို ရင့္က်က္သည့္စတိုင္ပင္။
အေရွ႕မွာ ေနရာယူထိုင္ၿပီး စားပြဲထိုးကို ေခၚကာ သူမစားခ်င္တဲ့ ကိတ္နဲ႕ေသာက္ခ်င္တဲ့ေကာ္ဖီကို မွာေနသည္။

အျပဳအမူတစ္ခုခ်င္းစီတိုင္းမွာ ကိုယ့္အပါအဝင္ေယာက္်ားသားအားလုံးလည္ျပန္ေငးရေလာက္ေအာင္ ဆြဲေဆာင္မႈရွိေနသည္။

" ကြၽန္မမိဘေတြကို ကြၽန္မကျငင္းပါတယ္၊ ဒါေပမယ့္ သူတို႔က တအားစီစဥ္ေနေတာ့ ကြၽန္မနည္းနည္းေလး စိတ္ညစ္မိတယ္ ''

" ဂ်က္စီကာလိုပါပဲဗ်ာ ၊ ကြၽန္ေတာ္ကလည္း ဒီကိစၥကို စိတ္မဝင္စားဘူး အဲ့ေတာ့ ကြၽန္ေတာ္တို႔ဘယ္လိုလုပ္ၾကမလဲ''

ဂ်က္စီကာက နားလည္သေဘာေပါက္တဲ့ပုံစံေလးနဲ႕ ေခါင္းေလးညိတ္ကာ စဥ္းစားဟန္ျပဳသည္။
စားပြဲထိုး လာခ်ေပးသြားေသာ မုန့္ေတြကို ယူစားလိုက္ရင္းမွ မ်က္လုံးေလးေထာင့္ကပ္ကာ သူမက အႀကံရသလို စကားျပန္ဆက္သည္။

" ကြၽန္မတို႔ႏွစ္ေယာက္ အဆင္ေျပတဲ့ပုံစံေလးလုပ္ၾကမယ္ေလ ၊ မဂၤလာပြဲကို အခ်ိန္ဆြဲရမယ္ ဒီၾကားထဲမွာ ကြၽန္မတို႔က လက္မခံတဲ့အရိပ္အေယာင္မျပေၾကး ''

" မိဘေတြကို လွည့္စားတဲ့အကြက္မ်ိဳး?''

"အင္း.. ဟုတ္တယ္ ဟုတ္တယ္ ''

သူမက ေကာ္ဖီငုံေသာက္ရင္း ေထာက္ခံလာသည္မွာ တက္တက္ႂကြႂကြပင္။

" ဂ်က္စီကာရဲ႕အနားမွာ စတိဗ္ဆိုတဲ့သူအရမ္းႏွောက္ယွက္တယ္မလား ''

" ဟင္?..ရွင္ကအဲ့ကိစၥကိုသိတယ္ေပါ့''

" အင္း ကြၽန္ေတာ္လည္းအမွတ္တမဲ့နဲ႕သိလိုက္ရတာပါ ၿပီးေတာ့ ဂ်က္စီကာက သတင္းတင္ဆက္သူလည္းျဖစ္တယ္ဆိုေတာ့ ဒါက တစ္ခ်ိဳ႕ေတြေတာင္ သိေနၾကၿပီ''

" ဟုတ္ပါတယ္ ၊ ကြၽန္မ သူ႕ကို သိပ္အျမင္ကပ္မိတယ္ ၊ ကြၽန္မရဲ႕အလုပ္ေတြကိုလည္းအႏွောက္အယွက္ျဖစ္သလို ကြၽန္မကိုလည္းအႏွောက္အယွက္ျဖစ္ေစတယ္''

ဂ်က္စီကာက မိန္းမေကာင္းေလးတစ္ေယာက္ဆိုတာ သူမအၾကည့္အေျပာအျပဳအမူေတြကေနတစ္ဆင့္ ခရစ္စတန္က ခန့္မွန္းမိသည္။

" အဲ့တာကို ဂ်က္စီကာက ဘာမွမလုပ္ဘူးလား''

" ကြၽန္မအတြက္ပိုၿပီး ဇယားရႈပ္လာမွာစိုးလို႔''

" မင္းအရမ္းညစ္ေနမွာေပါ့ ''

" ဟုတ္တာေပါ့ ''

တစ္ေယာက္နဲ႕တစ္ေယာက္ ရင္းႏွီးသြားတဲ့အတြက္ စကားဝိုင္းေလးက ပ်င္းေငြ႕စရာမရွိေပ။

" ေဘဘီ ''

ေခၚသံႀကီးက ခ်ိဳသာသလိုရွိေပမယ့္ ၾကက္သီးထစရာေကာင္းေနသည္။ ဂ်က္စီကာကေတာ့ ခရစ္စတန္ရဲ႕မ်က္ႏွာရိပ္မ်က္ႏွာကဲကိုသာ ေငးၾကည့္ေနၿပီး ေကာ္ဖီကိုသာ စိမ္ေျပနေျပေသာက္ေနေလသည္။

ဒီလူနဲ႕ခရစ္စတန္ရဲ႕ပတ္သတ္မႈကဘာမ်ားလဲ။

" ....ကိုယ့္ကို အေရးမလုပ္ပါလား ဟမ္?''

" မစၥတာကို ကြၽန္ေတာ္မသိတာမို႔ ခြင့္ျပဳပါအုန္း ၊ ဂ်က္စီကာ ကြၽန္ေတာ္တို႔ ႐ုပ္ရွင္သြားၾကည့္ၾကမလား ''

" အာ ?? သြားၾကတာေပါ့ ''

ဂ်က္စီကာက သာမန္ကာလွ်ံပဲ ျပန္ေျဖၿပီး ခရစ္စတန္နဲ႕အတူ ထြက္လာခဲ့လိုက္သည္ ။

ဟိုမစၥတာကိုၾကည့္ရတာ ခရစ္စတန္နဲ႕ပတ္သတ္မႈရွိတဲ့ပုံပဲ။
သူတို႔ႏွစ္ဦးက ဘာလို႔မ်ား စိတ္ေကာက္ေနတဲ့ အတြဲနဲ႕တူေနတာလဲ။
ဟိုမစၥတာနဲ႕ခရစ္စတန္က အတြဲေတြလား။

" Oh my god! !''

" ဘာျဖစ္တာလဲ ဂ်က္စီကာ ''

ဂ်က္စီကာက အာေမဋိတ္သံေလးထြက္သြားသည္ကိုပင္ ကိုယ့္ကိုယ္ကို မသိလိုက္ေပမယ့္ ခရစ္စတန္ကေတာ့ လွည့္ေမးလာခဲ့သည္။

ကားေပၚမွာ ေလထုက ေအးသလိုလိုႏြေးသလိုနဲ႕မို႔ ဂ်က္စီကာက မ်က္ဝန္းေလးကိုအသာလွန္ကာ ေဘးကမ်က္ႏွာေခ်ာကို ခိုးၾကည့္လိုက္သည္။

" ခရစ္စတန္ ရွင္ကြၽန္မကို ရင္ဖြင့္လို႔ရတယ္ေနာ္ ၊ ခုနကမစၥတာက ရွင့္ခ်စ္သူမလား ''

" ဂ်က္..ဂ်က္စီကာ ''

" အဟင္း..ဟုတ္ေနတာပဲ ၊ သူ႕ပုံစံက ရွင့္ကို သဝန္တိုေနတာပဲေလ ရွင္တို႔စိတ္ဆိုးေနၾကတာလား''

" တကယ္က မင္းထင္သလို စိတ္ဆိုးေနၾကတာမဟုတ္ပါဘူး ဂ်က္စီကာ ၊ ကြၽန္ေတာ္က လူေတြၾကားထဲမွာ ထုတ္မျပခ်င္႐ုံသေဘာပါ''

" ....ဘာလို႔လဲ ''

" အဲ့တာက ရွက္စရာေကာင္းတယ္လို႔ ထင္တယ္ ''

" မဟုတ္တာ ၊ ဘာမွ ရွက္စရာမေကာင္းဘူး''

".....''

အံ့ၾသသလိုၾကည့္လာတဲ့ ခရစ္စတန္ေၾကာင့္သူမကၿပဳံးလိုက္မိတယ္။
ခရစ္စတန္က သူမကိုေရွးရိုးစြဲငတုံးမႀကီးလို႔ ေတြးထားတာမ်ားလား။

သူမက ေခတ္မီတဲ့မိန္းမတစ္ေယာက္ပါ။
ေခတ္ေရွ႕လည္းတအားေျပးေနတဲ့ စပ္စလူးမမဟုတ္သလို ေခတ္ေနာက္ျပန္ဆြဲေနတဲ့ အဘြားႀကီးလည္းမဟုတ္ဘူးဆိုတာ ခရစ္စတန္တစ္ေယာက္ေတြးမိပါစေလ။

" ကြၽန္မအခု ခန့္မွန္းရသေလာက္ဆိုရင္ ရွင့္မိဘေတြက ကြၽန္မနဲ႕စီစဥ္တာက ဒါ့ေၾကာင့္ပဲျဖစ္မယ္''

" ဒယ္ဒီတို႔ ဒီကိစၥကို မသိေလာက္ေသးပါဘူး ၊ ကြၽန္ေတာ္က မေျပာျပရေသးဘူး''

" ကြၽန္မက ရွင့္ကို ငတုံးလို႔ေျပာရင္ ရွင္စိတ္ဆိုးမွာလား''

"....''

" တကယ္ႀကီး ရွင္ကတုံးေနတာပဲ ၊ ကြၽန္မေျပာမယ္ ၊ ရွင့္ရဲ႕ မစၥတာဟိုဒင္းက ရွင့္မိဘေတြကိုေျပာလိုက္ရင္ေရာ?  ''

" အဲ့တာ ကြၽန္ေတာ္မေတြးမိဘူး ''

" ျဖစ္နိုင္တယ္လို႔ ရွင္မထင္ဘူးလား''

ခရစ္စတန္က ခဏေလးၿငိမ္သက္သြားၿပီး စဥ္းစားေနသည္။

မေန႕က အိမ္ျပန္ေရာက္ေတာ့ မိသားစုနဲ႕ အဆင္ေျပေနတုန္းပဲ၊ ဒီမနက္က်မွ ျဗဳန္းစားႀကီး အခုလိုေတြစီစဥ္ၾကတာဆိုေတာ့... ။

မေန႕တုန္းက ဒယ္ဒီတို႔ကို ညစာစားဖို႔ဖိတ္တဲ့သူက ဂ်ိဳလိုလား။

' သိပ္မွန္တာေပါ့ Host ရယ္ '

' kitty မင္းျပန္လာၿပီလား '

' ဟုတ္တယ္ Host! ကြၽန္ေတာ္ ခုနကေလးတင္ ေရာက္တာပါ '

' မင္းရဲ႕ ကိစၥေတြကအဆင္ေျပခဲ့လား '

' ေျပပါတယ္ Host!..Host အတြက္ side mission တစ္ခုရွိပါတယ္ '

' ဘာမ်ားလဲ '

' Host အစ္မဇိုဝီကို လင္ေပးစားရပါမယ္'

' ???'

ေရွာင္းက်န့္ေလးက side mission ဆိုတာႀကီးကို အံ့ၾသသြားရသည္ ။

Side mission က ေသာက္ဆန္းႀကီးဟ။

Kitty က ဘုံခုႏွစ္ဆင့္ျပႆဒ္သခင္မကို ခ်စ္တတ္သြားေစခ်င္႐ုံဆႏၵေလးပါပဲေလ။
ေကာင္းေစခ်င္လို႔ စီစဥ္လိုက္တာပါ။

တစ္ဖက္တြင္ ဇိုဝီတစ္ေယာက္မွာေတာ့ အလုပ္လုပ္ရင္း ႐ုတ္တရက္  ႏွာေတြထေခ်ေနေလသည္။

ထို႔ေနာက္ စိတ္ညည္းၫူစြာ က်ိန္ဆဲလိုက္သည္ကား..။
" ငါ့အေၾကာင္း ဘယ္ေခြးသူေတာင္းစားက ေျပာေနတာလဲ ''

ေခြးသူေတာင္းစား ဘဝေရာက္သြားေသာ Kitty။

#####

Czytaj Dalej

To Też Polubisz

287K 10.3K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
854K 90.3K 148
Start date ... September 17 .2021 End date .....July 30.2023 System ဆိုတာ စိတ်ကူးယဉ်ကမ္ဘာတဲ့ သူကပြောတယ် ငါ့အတွက်တော့ သူက ကြောက်စရာကောင်းတဲ့ Viciou...
366K 14.2K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
985K 76.4K 26
တစ္ခ်ိန္က အခ်ိဴးမေျပလို႔ လမ္းခြဲခဲ့တဲ့ ကိုယ့္ Ex အစုတ္ပလုတ္ေလးဟာလည္း ကိုယ့္ေယာက္်ားျဖစ္လာႏိုင္ပါတယ္ ။ တစ်ချိန်က အချိူးမပြေလို့ လမ်းခွဲခဲ့တဲ့ ကိုယ့် E...