နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသ...

By KimHsuYoon99

695K 108K 1.4K

This novel isn't mine and I just translate;it's fun translation. ဒါလေးကို ဘာသာပြန်တဲ့လူရှိလားရှာခဲ့ပေမယ့် မရှ... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8.1
Chapter 8.2
Chapter 9.1
Chapter 9.2
Chapter 10.1
Chapter 10.2
Chapter 11.1
Chapter 11.2
Chapter 12.1
Chapter 12.2
Chapter 13.1
Chapter 13.2
Chapter 14.1
Chapter 14.2
Chapter 15.1
Chapter 15.2
Chapter 16.1
Chapter 16.2
Chapter 17.1
Chapter 17.2
Chapter 18.1
Chapter 18.2
Chapter 19.1
Chapter 19.2
Chapter 20.1
Chapter 20.2
Chapter 21.1
Chapter 21.2
Chapter 22.1
Chapter 22.2
Chapter 23.1
Chapter 23.2
Chapter 24.1
Chapter 24.2
Chapter 25.1
Chapter 25.2
Chapter 26.1
Chapter 26.2
Chapter 27.1
Chapter 27.2
Chapter 28.1
Chapter 28.2
Chapter 29.1
Chapter 29.2
Chapter 29.3
Chapter 30.1
Chapter 30.2
Chapter 31.1
Chapter 31.2
Chapter 32.1
Chapter 32.2
Chapter 33.1
Chapter 33.2
Chapter 34.1
Chapter 34.2
Chapter 35.1
Chapter 35.2
Chapter 36.1
Chapter 36.2
Chapter 37.1
Chapter 38.1
Chapter 37.2
Chapter 38.2
Chapter 39.1
Chapter 39.2
Chapter 40.1
Chapter 40.2
Chapter 41.1
Chapter 41.2
Chapter 42.1
Chapter 42.2
Chapter 43.1
Chapter 43.2
Chapter 44.1
Chapter 44.2
Chapter 45.1
Chapter 45.2
Chapter 46.1
Chapter 46.2
Chapter 47.1
Chapter 47.2
Chapter 48.1
<ဖတ်စေချင်ပါတယ်>
Chapter 48.2
Chapter 49.1
Chapter 49.2
Chapter 50.1
Chapter 50.2
Chapter 51.1
Chapter 51.2
Chapter 52.1
Chapter 52.2
Chapter 53.1
Chapter 53.2
Chapter 54.1
Chapter 54.2
Chapter 55
Chapter 56.1
Chapter 56.2
Chapter 57.1
Chapter 57.2
Chapter 58.1
Chapter 58.2
Chapter 59.1
Chapter 59.2
Chapter 60.1
Chapter 60.2
Chapter 61.1
Chapter 61.2
Chapter 62.1
Chapter 62.2
Chapter 63.1
Chapter 63.2
Chapter 64.1
Chapter 64.2
Chapter 65.2
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Extra 1
Extra 2
Extra 3

Chapter 65.1

2.2K 344 3
By KimHsuYoon99

Unicode

Chapter 65.1

"ငါ့ကို စဉ်းစားဖို့အချိန်စောင့်ပေးပါဦး မနက်ဖြန်ပြောပါ့မယ်" ပုကျီက အချိန်အတော်ကြာအောင် အဖြေမစဉ်းစားနိုင်ခဲ့ဘူး။


မကြာမီ အန်းချီလော့နဲ့ လိန်းကျယ်တို့က တိရစ္ဆာန်သားရေထူထူအချို့ကို ယူလာခဲ့ပြီး ပြန်လာခဲ့တယ်။ ခဲယ်လ်တစ်အတွက် ဒီနေရာက ကုတင်နှစ်လုံးကို ချန်ထားခဲ့ပြီး ကျန်တာတွေကိုတော့ ပြင်းထန်စွာ ဒဏ်ရာရရှိထားတဲ့ ကျားတောင်ပံစစ်သည်တွေဆီ ပေးထားတယ်။ အခြားသူတွေကလည်း သူတို့ရဲ့အိမ်တွေဆီကနေ တိရစ္ဆာန်သားရေအများအပြားကို ယူဆောင်လာကာ အချို့ကို ကျားတောင်ပံမျိုးနွယ်စုရဲ့ ပြင်းထန်စွာဒဏ်ရာရရှိထားတဲ့ orcs တွေအတွက် ဝေငှပေးခဲ့တယ်။ ကျားတောင်ပံမျိုးနွယ်စုမှာ  တိရစ္ဆာန်သားရေအများအပြားရှိပေမယ့်လည်း လူများလွန်းတာကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိထားသူတွေကို နွေးထွေးမှုပေးဖို့ အရေးတကြီးလိုအပ်နေတယ်။

လိန်းကျယ်ရဲ့အကူအညီနဲ့ ပိုင်မုက ခဲယ်လ်တစ်ရဲ့ဒဏ်ရာကို ပတ်တီးစည်းပေးထားပြီး  ထူထဲတဲ့တိရိစ္ဆာန်သားရေစောင်နဲ့ ခြုံလွှမ်းပေးထားတယ်။ ခဲယ်လ်တစ်က သတိလစ်မေ့မြောနေလျက်နဲ့ မျက်မှောင်ကြုတ်ထားပြီး နာကျင်နေပုံရတယ်။ ပိုင်မုက သူ့ဘေးနားက ထိုင်စရာအခင်းလေးပေါ်မှာထိုင်ပြီး သူ့နှလုံးသားကို ခဲယ်လ်တစ်ဆီပြောပြနိုင်ဖို့ မျှော်လင့်ရင်းနဲ့ ခဲယ်လ်တစ်ရဲ့လက်ကို ဆုပ်ကိုင်ထားတယ်။

"ပိုင်မု ကြီးမြတ်တဲ့စုန်းမက ဒီဆေးကို ခဲယ်တစ်ကို တိုက်စေချင်တယ်" နိရှီဇ၀က အနက်ရောင် ဆေးရည်ပန်းကန်ကို ယူလာပြီး ဝမ်းနည်းပူဆွေးနေတဲ့ လူကို စိတ်ပူပင်စွာ ကြည့်လိုက်တယ်။

"ကျေးဇူးတင်ပါတယ်" ပိုင်မုက ဆေးပန်းကန်ကိုယူလိုက်ပြီး နှုတ်ခမ်းတွေတင်းတင်းဖိထားတဲ့ ခဲယ်လ်တစ်ကို ကြည့်လိုက်ကာ စိတ်မပူပန်ပဲမနေနိုင်ခဲ့ဘူး။ လိန်းကျယ်က ခဲယ်လ်တစ်ရဲ့နောက်ကိုလာပြီး သူ့ကို ညင်သာစွာ မ,လိုက်ကာ သူ့ကို မှီထားစေလိုက်တယ်။ အန်းချီလော့က ဇွန်းတစ်ချောင်းကိုရှာလိုက်ပြီး  ခဲယ်လ်တစ်ရဲ့ပိတ်နေတဲ့ပါးစပ်ကို မရမကဖွင့်လိုက်တယ်။ ပိုင်မုက ခဲယ်လ်တစ်ကို ဆေးရည်နည်းနည်းစီ တိုက်တယ်။ ခဲယ်လ်တစ် နင်သွားမှာကို စိုးရိမ်တာကြောင့် ဆေးတစ်ပန်းကန်ကို နာရီဝက်ကျော်ကြာ တိုက်ကျွေးခဲ့ရတယ်။

"အစ်ကိုကြီးပိုင်မု  မင်းတစ်ရက်လုံးဘာမှမစားရသေးဘူး ကျွန်တော်စားစရာတစ်ခုခု ယူလာပေးမယ်" အန်းချီလော့က ပိုင်မုကို စိုးရိမ်တကြီးနဲ့ ကြည့်လိုက်တယ်။

"ဟင့်အင်း ငါအခုဘာမှမစားချင်ဘူး" သူ အခု ဗိုက်ဆာနေတယ်လို့ လုံး၀မခံစားရဘူး။ ခဲယ်လ်တစ် ဘယ်တော့နိုးလာမလဲဆိုတာကိုပဲ စဉ်းစားမိ‌နေတယ်။ အန်းချီလော့ကိုယ်တိုင်က စားချင်စိတ်မရှိပေမယ့် ပင်ပန်းတဲ့နေ့တစ်နေ့ပြီးနောက်မှာ ဒဏ်ရာရထားတဲ့ လိန်းကျယ်နဲ့ ငယ်ရွယ်သေးတဲ့တပေါကတော့ စားရပါမယ်။ အန်းချီလော့က နိရှီဇ၀ဆီသွားပြီး အစားအစာတချို့ သွားယူကာ လိန်းကျယ်နဲ့တပေါကို စားဖို့တိုက်တွန်းလိုက်ပြီးနောက် သူ စိတ်သက်သာရာ ရသွားတယ်။

"အေး ~~ အေးတယ် ~~ " အဲ့ဒီအချိန်မှာ ခဲယ်လ်တစ်ရဲ့ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ့ပါးစပ်က တိုးတိုးလေးပြောလာတယ်။ သူ့ရဲ့ အားနည်းနေမှုကြောင့် သူ့အသံကလည်း အရမ်းတိုးပါတယ်။ ပိုင်မုက သူပြောတာကို နားလည်နိုင်ဖို့ ငုံ့ကိုင်းလိုက်တယ်။

ပိုင်မုက သူ့အတွက် အစွန်းနားမှာ တင်ပါးလွှဲထိုင်ထားပြီး တပေါက ခဲယ်လ်တစ်ကို တိရစ္ဆာန်သားရေစောင်တစ်ဖက်ကို အလျင်အမြန် ခြုံလွှမ်းပေးလိုက်တယ်။ သို့သော် ခဲယ်လ်တစ်က တုန်ယင်နေဆဲဖြစ်ပြီး ပိုင်မုက စောင်အလွန်အကျွံ‌ခြုံပေးလိုက်ရင် သူအသက်ရှူရခက်ခဲမှာ စိုးရိမ်တာကြောင့် တိရစ္ဆာန်သားရေနဲ့ ထပ်ပြီးခြုံလွှမ်းမယ့်အစား ဘေးဘက်မှာ အန်းချီလော့ကို မီးမွှေးစေလိုက်တယ်။ ထို့နောက် ခဲယ်လ်တစ်က တဖြည်းဖြည်း ငြိမ်သက်သွားခဲ့တယ်။

"ဒီနေ့တစ်နေ့လုံး ပင်ပန်းထားကြတာ ပြန်သွားပြီး အနားယူလိုက်ပါ" ပိုင်မုက ပင်ပန်းနွမ်းနယ်နေတဲ့ လူတွေကို ကြည့်လိုက်တယ်။ အခုက အရမ်းနောက်ကျနေပြီလေ။

"အဆင်ပြေပါတယ် အစ်ကိုကြီးကို စိတ်ပူနေလို့  အိပ်ပျော်နိုင်မှာ မဟုတ်ဘူး" အန်းချီလော့ရဲ့ မျက်နှာမှာ ဝမ်းနည်းမှုတွေ ပြည့်နှက်နေတယ်။ သူ့အစ်ကိုကြီးက ဘာဖြစ်လို့ ဒီလိုဖြစ်သွားရတာလဲ၊ သူ့မှာ အိပ်ချင်စိတ်မရှိနေဘူး။ လိန်းကျယ်ကလည်း အန်းချီလော့နဲ့အတူ ဒီနေရာမှာ သဘာဝကျစွာနဲ့ ရှိနေမှာဖြစ်တယ်။ တပေါကလည်း သတိလစ်နေတဲ့ အစ်ကိုကြီးဖြစ်သူကို မထားခဲ့ချင်ဘဲ ပလုတ်တုတ်လိုမျိုး ခေါင်းခါလိုက်တယ်။

"လိန်းကျယ်က ဒီနေ့တစ်ရက်လုံး ပင်ပန်းထားတာ သူလည်း ဒဏ်ရာရထားတယ်လေ ကောင်းကောင်းအနားယူဖို့လိုအပ်တယ် မဟုတ်ရင်  အစ်ကိုဘာလုပ်ရမလဲ ခဲယ်လ်တစ်က မေ့မြောသွားတယ် လိန်းကျယ်က အစ်ကိုတို့အိမ်မှာ ကျန်ခဲ့တဲ့ တစ်ယောက်တည်းသော အရွယ်ရောက်ပြီးတဲ့ orc ပဲ သူပါလဲကျရင် ဒါဆို အစ်ကိုက သူတို့နှစ်ယောက်လုံးကို ဂရုစိုက်နိုင်မှာ မဟုတ်ဘူး"ပိုင်မုက သူတို့ဒီမှာနေဖို့ကို သဘောမတူခဲ့ဘူး။

"ဘာလို့လဲ ခဲယ်လ်တစ်ရဲ့နေရာ ပိုကျယ်၀န်းတယ် ငါပြန်သွားပြီး တိရိစ္ဆာန်သားရေစောင်တချို့ ယူလာပြီးတော့ ခဲယ်လ်တစ်နားမှာ အနားယူလိုက်မယ် ဒါဆို တစ်ခုခုရှိရင် အချိန်မီ ကူညီနိုင်လိမ့်မယ်" လိန်းကျယ်က ခဏလောက်စဉ်းစားလိုက်ပြီး သူ့အတွေးတွေကို ပြောလိုက်တယ်။

"ကောင်းပြီ" ပိုင်မုက သူတို့နဲ့ ဘာမှထပ်ပြောစရာမရှိတော့တာကြောင့် ခေါင်းညိတ် သဘောတူလိုက်တယ်။ လိန်းကျယ်က တိရစ္ဆာန်သားရေစောင်တွေနဲ့ လူပေါင်းများစွာရဲ့ အင်္ကျီတွေကို အိမ်က‌နေ အမြန်သွားယူလာခဲ့တယ်။ ထို့နောက် သူက ခဲယ်လ်တစ်အနားမှာ လှဲလျောင်းလိုက်တယ်။သူက ဒီနေ့ တကယ်ကို အရမ်းပင်ပန်းခဲ့ပြီး ခဏလောက်လဲလျောင်းပြီးနောက် အိပ်ပျော်သွားတယ်။ ပိုင်မုက ကုတ်အင်္ကျီကို ၀တ်လိုက်တယ်။ ဂူထဲမှာ မီးပုံတွေအများကြီးရှိပေမယ့်လည်း ညဘက်မှာတော့ နည်းနည်းအေးနေဆဲပါပဲ။

ညဘက်မှာ မျိုးနွယ်စုခေါင်းဆောင်ပုကျီက သူတို့နေထိုင်တဲ့ဂူဆီ ပြန်လာပြီး အစည်းအဝေးပြုလုပ်ဖို့ orcs တွေကိုခေါ်ခဲ့တယ်။ လူတိုင်းက ပင်ပန်းနွမ်းနယ်နေပြီး ကောင်းကောင်းအနားယူဖို့ လိုအပ်နေမှန်းကို သူသိတယ်။ ဒါပေမယ့် သေဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ အကြွင်းအကျန်တွေက မစောင့်နိုင်တော့ဘူးလေ။

“ငါ လူတိုင်းကို မင်းတို့ဘယ်လိုထင်လဲဆိုတာ မေးဖို့ ခေါ်လိုက်တာ ငါတို့ရဲ့လက်ရှိမျိုးနွယ်စု၀င်တွေက တစ်ထောင်အောက်ပဲရှိတော့တယ်  ကြီးမြတ်တဲ့စုန်းမတောင် သေဆုံးသွားပြီ နွေဦးရာသီမှာ ငါတို့ပြန်သွားကြမလား  ပြန်သွားပြီးရင်ရော နောက်ဆောင်းရာသီမှာ ငါတို့ဘာလုပ်ရမလဲ ငါတို့မပြန်ရင်ရော ဘယ်လိုလုပ်မလဲ ပြန်ကြမှာလား" မျိုးနွယ်စုခေါင်းဆောင်ပုကျီက အကျပ်ရိုက်နေပြီလို့ ခံစားရတယ်။

မျိုးနွယ်စုခေါင်းဆောင်ပြောတဲ့စကားက ပြဿနာတစ်ခုဆိုတာ လူတိုင်းက တွေးတောမိကြတယ်။ ဒီနှစ်မှာ လူတွေအများကြီးသေပြီး နောက်နှစ်မှာရော သူတို့ ဒီလူတွေဆက်ရှိနေအောင် ထိန်းနိုင်ပါ့မလား။အသက်ရှင်ရပ်တည်ဖို့ တခြားမျိုးနွယ်စုတွေအပေါ် မှီခိုမနေချင်ပေမယ့် အခုချိန်မှာတော့ သူတို့နောက်ဆုတ်လို့မရတော့ပါဘူး။ ပြန်သွားပြီးရင်ရော နောက်ဆောင်းရာသီမှာ အကူအညီတောင်းဖို့ ဒီလိုလာရဦးမှာပဲမဟုတ်ဘူးလား။ သူတို့စားဖို့‌ရော သောက်ဖို့ရော ဘာမှမလုပ်နိုင်ဘူး။

သူတို့တွေက တီးတိုးပြောဆိုကြပြီး ရင်းနှီးသူတွေ တော်တော်များများက အမြင်တွေ ဖလှယ်ကြတယ်။ တစ်ချိန်က သူတို့နေထိုင်ခဲ့ကြရတဲ့ မွေးရပ်မြေကို မစွန့်လွှတ်နိုင်ပေမယ့် အခုတော့လက်လျှော့လိုက်ပါပြီ။ အချိန်အတော်ကြာ ဆွေးနွေးပြီးနောက် ဖြေရှင်းဖို့ သင့်လျော်တဲ့နည်းလမ်းမရှိဘူးလေ။

"မျိုးနွယ်စုခေါင်းဆောင် ငါတို့ သူတို့အနားမှာပဲ နေလို့ရနိုင်မလားဆိုတာ မျိုးနွယ်စုခေါင်းဆောင် Er နဲ့ ဆွေးနွေးလို့ရနေတုန်းပဲမလား၊ ငါတို့မှာ ပြဿနာရှိရင် တစ်ယောက်ကို တစ်ယောက် ဂရုစိုက်နိုင်တယ်၊ ပြီးတော့ ရှင်သန်ဖို့အတွက် သူတို့ကို အားကိုးနေစရာ မလိုပါဘူး" မံမီလို ထုပ်ပိုးထားတဲ့ ဂါဘရီက သူ့အတွေးတွေကို ပြောပြလိုက်တယ်။ ဧကရာဇ်သားရဲနဲ့ထိပ်တိုက်ရင်ဆိုင်ရတုန်းက သူ အတော်လေးကံကောင်းခဲ့ပြီး ဒဏ်ရာပြင်းထန်စွာ မရခဲ့ဘူး။ သို့ပေမယ့်လည်း ဒဏ်ရာကြီးကြီးမားမားမရခဲ့ပေမယ့် ခန္ဓာကိုယ်အနှံ့မှာတော့ ဒဏ်ရာသေးသေးလေးတွေရခဲ့ပါတယ်။

ဂါဘရီရဲ့ အဆိုပြုချက်က လက်ခံနိုင်ဖွယ်ရှိတယ်လို့ လူတိုင်းက ယူဆကြတယ်။ ဒါက  နည်းလမ်းကောင်းတစ်ခုလို့ မျိုးနွယ်စုခေါင်းဆောင်ပုကျီက ယူဆ‌ပေမယ့်လည်း ဒီလိုနေဖို့အတွက် ခြင်္သေ့တောင်ပံမျိုးနွယ်စုရဲ့ ခွင့်ပြုချက်လိုအပ်တယ်။ နောက်ဆုံးမှာတော့ ဒီနေရာက အခြားသူတစ်ဦးရဲ့ နယ်မြေဖြစ်တယ်။ နောက်ဆုံးမှာ ပုကျီက နောက်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက်ပြီး မနက်ဖြန်မနက်မှာ မျိုးနွယ်စုခေါင်းဆောင် Er နဲ့ဆွေးနွေးဖို့ သွားခဲ့တယ်။

ညအလယ်လောက်မှာ ဂူထဲက လူတွေက နာကျင်စွာ ငိုကြွေးနေတဲ့အသံ ၊  ကြီးမြတ်တဲ့ဘုရားသခင်ထံ ဆုတောင်းခြင်းနဲ့ ရံဖန်ရံခါ အော်ဟစ်သံတွေကို ကြားခဲ့ကြတယ်။

ထို့နောက် ကြီးမြတ်တဲ့စုန်းမရဲ့ စိုးရိမ်ပူပန်နေတဲ့ အော်သံထွက်ပေါ်လာခဲ့ပြီး တစ်စုံတစ်ယောက် သေဆုံးသွားပုံရတယ်။ ပိုင်မုက ထိတ်လန့်တကြားဖြစ်နေတဲ့အသံ ထွက်နေတဲ့နေရာကို ကြည့်လိုက်တော့ အဲ့ဒီနေရာကို လူတွေ ဝိုင်းနေတာကို တွေ့လိုက်ရတယ်။ မြေပြင်ပေါ်မှာ ခြင်္သေ့တောင်ပံမျိုးနွယ်စုရဲ့ orc တစ်ယောက် လှဲလျောင်းနေပြီး သူ့မျက်နှာက သေသွားသလိုမျိုး တဖြည်းဖြည်းပြာနှမ်းသွားတယ်။

ကြီးမြတ်တဲ့စုန်းမက ဒါကိုကြည့်ပြီးနောက် ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်တယ်။ ခဏအကြာမှာ နှလုံးကွဲကြေသွားသလိုမျိုး စူးရှတဲ့ငိုသံထွက်လာပြီး ပြင်းထန်စွာ ဒဏ်ရာရနေတဲ့လူနာက သိသိသာသာကိုပဲ  ဒီတောင်ကိုမဖြတ်ကျော်နိုင်ခဲ့ပါဘူး။ Orc ဆုံးပါးသွားတဲ့အတွက် သူ့မိသားစုက  ဝမ်းနည်းကြေကွဲစွာ ငိုကြွေးခဲ့ကြတယ်။ပိုင်မုက ခဲယ်လ်တစ်ရဲ့လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး အေးစိမ့်နေတဲ့ သေမင်းအရိပ်က ဂူထဲမှာ ပျံ့နှံ့လာခဲ့တယ်။

သူက အရမ်းသေးငယ်ပြီး ကူကယ်ရာမဲ့ကာ အားကိုးရာမဲ့နေတယ်လို့ ပိုင်မုခံစားရတယ်။ သူလုပ်နိုင်သမျှကို လုပ်ခဲ့ပြီးပြီ။ အခုချိန်မှာတော့ စိုးရိမ်စိတ်နဲ့ စောင့်နေဖို့ပဲ သူတတ်နိုင်ပါတယ်။ရုတ်တရက် အသက်ရှုရပ်သွားမှာကို စိုးရိမ်ပြီး ခဲယ်လ်တစ်ရဲ့နှာခေါင်းကို မကြာခဏစစ်‌ဆေးကြည့်မိတာ ဒါမှမဟုတ် သူအဖျားရှိမရှိသိရဖို့ သူ့ရဲ့နဖူးပေါ်  စမ်းကြည့်ဖို့ပဲ သူလုပ်နိုင်တယ်။

နောက်ထပ်အော်ဟစ်သံတစ်ခု ထပ်ထွက်လာပြီး  နောက်ထပ်အခြားတစ်ယောက်ကလည်း သေခြင်းတရားကနေ မလွတ်မြောက်ခဲ့ကြောင်း သိသာပါတယ်။ အချိန်က နှေးကွေးပြီး ခက်ခဲတယ်လို့ ပိုင်မုခံစားခဲ့ရပြီး ညက မြန်မြန်ကုန်ဆုံးသွားဖို့ သူမျှော်လင့်ခဲ့တယ်။ သူ့နဖူးက မအေးသွားပေမယ့်လည်း ပိုပူလာလားဆိုတာကို သိဖို့ ပိုင်မုက သူ့လက်ကို ဆန့်တန်းလိုက်ပြီး ခဲယ်လ်တစ်ရဲ့နဖူးကို ပွတ်သပ်လိုက်တယ်။ ပိုင်မုက ရေအေးကို အလျင်အမြန်ယူလာလိုက်ပြီး ရေစိုအ၀တ်စကို ခဲယ်လ်တစ်ရဲ့နဖူးပေါ် တင်လိုက်တယ်။

အန်းချီလော့လည်း စိတ်တွေပူလာပြီး အနည်းငယ်ပေါ်လာခဲ့တဲ့ တပေါရဲ့အိပ်ချင်စိတ်ကလည်း အခုတော့ပျောက်ကွယ်သွားတယ်။ တစ်ခုခုလုပ်နိုင်ဖို့ မျှော်လင့်ရင်းနဲ့ သူ(တပေါ)က စိုးရိမ်ပူပန်စွာ လျှောက်သွားနေမိတယ်။




Zawgyi

Chapter 65.1

"ငါ့ကို စဥ္းစားဖို႔အခ်ိန္ေစာင့္ေပးပါဦး မနက္ျဖန္ေျပာပါ့မယ္" ပုက်ီက အခ်ိန္အေတာ္ၾကာေအာင္ အေျဖမစဥ္းစားနိုင္ခဲ့ဘူး။


မၾကာမီ အန္းခ်ီေလာ့နဲ႕ လိန္းက်ယ္တို႔က တိရစ္ဆာန္သားေရထူထူအခ်ိဳ႕ကို ယူလာခဲ့ၿပီး ျပန္လာခဲ့တယ္။ ခဲယ္လ္တစ္အတြက္ ဒီေနရာက ကုတင္ႏွစ္လုံးကို ခ်န္ထားခဲ့ၿပီး က်န္တာေတြကိုေတာ့ ျပင္းထန္စြာ ဒဏ္ရာရရွိထားတဲ့ က်ားေတာင္ပံစစ္သည္ေတြဆီ ေပးထားတယ္။ အျခားသူေတြကလည္း သူတို႔ရဲ႕အိမ္ေတြဆီကေန တိရစ္ဆာန္သားေရအမ်ားအျပားကို ယူေဆာင္လာကာ အခ်ိဳ႕ကို က်ားေတာင္ပံမ်ိဳးႏြယ္စုရဲ႕ ျပင္းထန္စြာဒဏ္ရာရရွိထားတဲ့ orcs ေတြအတြက္ ေဝငွေပးခဲ့တယ္။ က်ားေတာင္ပံမ်ိဳးႏြယ္စုမွာ  တိရစ္ဆာန္သားေရအမ်ားအျပားရွိေပမယ့္လည္း လူမ်ားလြန္းတာေၾကာင့္ ျပင္းထန္စြာ ဒဏ္ရာရရွိထားသူေတြကို ႏြေးေထြးမႈေပးဖို႔ အေရးတႀကီးလိုအပ္ေနတယ္။

လိန္းက်ယ္ရဲ႕အကူအညီနဲ႕ ပိုင္မုက ခဲယ္လ္တစ္ရဲ႕ဒဏ္ရာကို ပတ္တီးစည္းေပးထားၿပီး  ထူထဲတဲ့တိရိစ္ဆာန္သားေရေစာင္နဲ႕ ၿခဳံလႊမ္းေပးထားတယ္။ ခဲယ္လ္တစ္က သတိလစ္ေမ့ေျမာေနလ်က္နဲ႕ မ်က္ေမွာင္ၾကဳတ္ထားၿပီး နာက်င္ေနပုံရတယ္။ ပိုင္မုက သူ႕ေဘးနားက ထိုင္စရာအခင္းေလးေပၚမွာထိုင္ၿပီး သူ႕ႏွလုံးသားကို ခဲယ္လ္တစ္ဆီေျပာျပနိုင္ဖို႔ ေမွ်ာ္လင့္ရင္းနဲ႕ ခဲယ္လ္တစ္ရဲ႕လက္ကို ဆုပ္ကိုင္ထားတယ္။

"ပိုင္မု ႀကီးျမတ္တဲ့စုန္းမက ဒီေဆးကို ခဲယ္တစ္ကို တိုက္ေစခ်င္တယ္" နိရွီဇ၀က အနက္ေရာင္ ေဆးရည္ပန္းကန္ကို ယူလာၿပီး ဝမ္းနည္းပူေဆြးေနတဲ့ လူကို စိတ္ပူပင္စြာ ၾကည့္လိုက္တယ္။

"ေက်းဇူးတင္ပါတယ္" ပိုင္မုက ေဆးပန္းကန္ကိုယူလိုက္ၿပီး ႏႈတ္ခမ္းေတြတင္းတင္းဖိထားတဲ့ ခဲယ္လ္တစ္ကို ၾကည့္လိုက္ကာ စိတ္မပူပန္ပဲမေနနိုင္ခဲ့ဘူး။ လိန္းက်ယ္က ခဲယ္လ္တစ္ရဲ႕ေနာက္ကိုလာၿပီး သူ႕ကို ညင္သာစြာ မ,လိုက္ကာ သူ႕ကို မွီထားေစလိုက္တယ္။ အန္းခ်ီေလာ့က ဇြန္းတစ္ေခ်ာင္းကိုရွာလိုက္ၿပီး  ခဲယ္လ္တစ္ရဲ႕ပိတ္ေနတဲ့ပါးစပ္ကို မရမကဖြင့္လိုက္တယ္။ ပိုင္မုက ခဲယ္လ္တစ္ကို ေဆးရည္နည္းနည္းစီ တိုက္တယ္။ ခဲယ္လ္တစ္ နင္သြားမွာကို စိုးရိမ္တာေၾကာင့္ ေဆးတစ္ပန္းကန္ကို နာရီဝက္ေက်ာ္ၾကာ တိုက္ေကြၽးခဲ့ရတယ္။

"အစ္ကိုႀကီးပိုင္မု  မင္းတစ္ရက္လုံးဘာမွမစားရေသးဘူး ကြၽန္ေတာ္စားစရာတစ္ခုခု ယူလာေပးမယ္" အန္းခ်ီေလာ့က ပိုင္မုကို စိုးရိမ္တႀကီးနဲ႕ ၾကည့္လိုက္တယ္။

"ဟင့္အင္း ငါအခုဘာမွမစားခ်င္ဘူး" သူ အခု ဗိုက္ဆာေနတယ္လို႔ လုံး၀မခံစားရဘူး။ ခဲယ္လ္တစ္ ဘယ္ေတာ့နိုးလာမလဲဆိုတာကိုပဲ စဥ္းစားမိ‌ေနတယ္။ အန္းခ်ီေလာ့ကိုယ္တိုင္က စားခ်င္စိတ္မရွိေပမယ့္ ပင္ပန္းတဲ့ေန႕တစ္ေန႕ၿပီးေနာက္မွာ ဒဏ္ရာရထားတဲ့ လိန္းက်ယ္နဲ႕ ငယ္႐ြယ္ေသးတဲ့တေပါကေတာ့ စားရပါမယ္။ အန္းခ်ီေလာ့က နိရွီဇ၀ဆီသြားၿပီး အစားအစာတခ်ိဳ႕ သြားယူကာ လိန္းက်ယ္နဲ႕တေပါကို စားဖို႔တိုက္တြန္းလိုက္ၿပီးေနာက္ သူ စိတ္သက္သာရာ ရသြားတယ္။

"ေအး ~~ ေအးတယ္ ~~ " အဲ့ဒီအခ်ိန္မွာ ခဲယ္လ္တစ္ရဲ႕ ခႏၶာကိုယ္က တုန္ယင္သြားၿပီး သူ႕ပါးစပ္က တိုးတိုးေလးေျပာလာတယ္။ သူ႕ရဲ႕ အားနည္းေနမႈေၾကာင့္ သူ႕အသံကလည္း အရမ္းတိုးပါတယ္။ ပိုင္မုက သူေျပာတာကို နားလည္နိုင္ဖို႔ ငုံ႕ကိုင္းလိုက္တယ္။

ပိုင္မုက သူ႕အတြက္ အစြန္းနားမွာ တင္ပါးလႊဲထိုင္ထားၿပီး တေပါက ခဲယ္လ္တစ္ကို တိရစ္ဆာန္သားေရေစာင္တစ္ဖက္ကို အလ်င္အျမန္ ၿခဳံလႊမ္းေပးလိုက္တယ္။ သို႔ေသာ္ ခဲယ္လ္တစ္က တုန္ယင္ေနဆဲျဖစ္ၿပီး ပိုင္မုက ေစာင္အလြန္အကြၽံ‌ၿခဳံေပးလိုက္ရင္ သူအသက္ရႉရခက္ခဲမွာ စိုးရိမ္တာေၾကာင့္ တိရစ္ဆာန္သားေရနဲ႕ ထပ္ၿပီးၿခဳံလႊမ္းမယ့္အစား ေဘးဘက္မွာ အန္းခ်ီေလာ့ကို မီးေမႊးေစလိုက္တယ္။ ထို႔ေနာက္ ခဲယ္လ္တစ္က တျဖည္းျဖည္း ၿငိမ္သက္သြားခဲ့တယ္။

"ဒီေန႕တစ္ေန႕လုံး ပင္ပန္းထားၾကတာ ျပန္သြားၿပီး အနားယူလိုက္ပါ" ပိုင္မုက ပင္ပန္းႏြမ္းနယ္ေနတဲ့ လူေတြကို ၾကည့္လိုက္တယ္။ အခုက အရမ္းေနာက္က်ေနၿပီေလ။

"အဆင္ေျပပါတယ္ အစ္ကိုႀကီးကို စိတ္ပူေနလို႔  အိပ္ေပ်ာ္နိုင္မွာ မဟုတ္ဘူး" အန္းခ်ီေလာ့ရဲ႕ မ်က္ႏွာမွာ ဝမ္းနည္းမႈေတြ ျပည့္ႏွက္ေနတယ္။ သူ႕အစ္ကိုႀကီးက ဘာျဖစ္လို႔ ဒီလိုျဖစ္သြားရတာလဲ၊ သူ႕မွာ အိပ္ခ်င္စိတ္မရွိေနဘူး။ လိန္းက်ယ္ကလည္း အန္းခ်ီေလာ့နဲ႕အတူ ဒီေနရာမွာ သဘာဝက်စြာနဲ႕ ရွိေနမွာျဖစ္တယ္။ တေပါကလည္း သတိလစ္ေနတဲ့ အစ္ကိုႀကီးျဖစ္သူကို မထားခဲ့ခ်င္ဘဲ ပလုတ္တုတ္လိုမ်ိဳး ေခါင္းခါလိုက္တယ္။

"လိန္းက်ယ္က ဒီေန႕တစ္ရက္လုံး ပင္ပန္းထားတာ သူလည္း ဒဏ္ရာရထားတယ္ေလ ေကာင္းေကာင္းအနားယူဖို႔လိုအပ္တယ္ မဟုတ္ရင္  အစ္ကိုဘာလုပ္ရမလဲ ခဲယ္လ္တစ္က ေမ့ေျမာသြားတယ္ လိန္းက်ယ္က အစ္ကိုတို႔အိမ္မွာ က်န္ခဲ့တဲ့ တစ္ေယာက္တည္းေသာ အ႐ြယ္ေရာက္ၿပီးတဲ့ orc ပဲ သူပါလဲက်ရင္ ဒါဆို အစ္ကိုက သူတို႔ႏွစ္ေယာက္လုံးကို ဂ႐ုစိုက္နိုင္မွာ မဟုတ္ဘူး"ပိုင္မုက သူတို႔ဒီမွာေနဖို႔ကို သေဘာမတူခဲ့ဘူး။

"ဘာလို႔လဲ ခဲယ္လ္တစ္ရဲ႕ေနရာ ပိုက်ယ္၀န္းတယ္ ငါျပန္သြားၿပီး တိရိစ္ဆာန္သားေရေစာင္တခ်ိဳ႕ ယူလာၿပီးေတာ့ ခဲယ္လ္တစ္နားမွာ အနားယူလိုက္မယ္ ဒါဆို တစ္ခုခုရွိရင္ အခ်ိန္မီ ကူညီနိုင္လိမ့္မယ္" လိန္းက်ယ္က ခဏေလာက္စဥ္းစားလိုက္ၿပီး သူ႕အေတြးေတြကို ေျပာလိုက္တယ္။

"ေကာင္းၿပီ" ပိုင္မုက သူတို႔နဲ႕ ဘာမွထပ္ေျပာစရာမရွိေတာ့တာေၾကာင့္ ေခါင္းညိတ္ သေဘာတူလိုက္တယ္။ လိန္းက်ယ္က တိရစ္ဆာန္သားေရေစာင္ေတြနဲ႕ လူေပါင္းမ်ားစြာရဲ႕ အကၤ်ီေတြကို အိမ္က‌ေန အျမန္သြားယူလာခဲ့တယ္။ ထို႔ေနာက္ သူက ခဲယ္လ္တစ္အနားမွာ လွဲေလ်ာင္းလိုက္တယ္။သူက ဒီေန႕ တကယ္ကို အရမ္းပင္ပန္းခဲ့ၿပီး ခဏေလာက္လဲေလ်ာင္းၿပီးေနာက္ အိပ္ေပ်ာ္သြားတယ္။ ပိုင္မုက ကုတ္အကၤ်ီကို ၀တ္လိုက္တယ္။ ဂူထဲမွာ မီးပုံေတြအမ်ားႀကီးရွိေပမယ့္လည္း ညဘက္မွာေတာ့ နည္းနည္းေအးေနဆဲပါပဲ။

ညဘက္မွာ မ်ိဳးႏြယ္စုေခါင္းေဆာင္ပုက်ီက သူတို႔ေနထိုင္တဲ့ဂူဆီ ျပန္လာၿပီး အစည္းအေဝးျပဳလုပ္ဖို႔ orcs ေတြကိုေခၚခဲ့တယ္။ လူတိုင္းက ပင္ပန္းႏြမ္းနယ္ေနၿပီး ေကာင္းေကာင္းအနားယူဖို႔ လိုအပ္ေနမွန္းကို သူသိတယ္။ ဒါေပမယ့္ ေသဆုံးသြားတဲ့ သူရဲေကာင္းေတြရဲ႕ အႂကြင္းအက်န္ေတြက မေစာင့္နိုင္ေတာ့ဘူးေလ။

“ငါ လူတိုင္းကို မင္းတို႔ဘယ္လိုထင္လဲဆိုတာ ေမးဖို႔ ေခၚလိုက္တာ ငါတို႔ရဲ႕လက္ရွိမ်ိဳးႏြယ္စု၀င္ေတြက တစ္ေထာင္ေအာက္ပဲရွိေတာ့တယ္  ႀကီးျမတ္တဲ့စုန္းမေတာင္ ေသဆုံးသြားၿပီ ႏြေဦးရာသီမွာ ငါတို႔ျပန္သြားၾကမလား  ျပန္သြားၿပီးရင္ေရာ ေနာက္ေဆာင္းရာသီမွာ ငါတို႔ဘာလုပ္ရမလဲ ငါတို႔မျပန္ရင္ေရာ ဘယ္လိုလုပ္မလဲ ျပန္ၾကမွာလား" မ်ိဳးႏြယ္စုေခါင္းေဆာင္ပုက်ီက အက်ပ္ရိုက္ေနၿပီလို႔ ခံစားရတယ္။

မ်ိဳးႏြယ္စုေခါင္းေဆာင္ေျပာတဲ့စကားက ျပႆနာတစ္ခုဆိုတာ လူတိုင္းက ေတြးေတာမိၾကတယ္။ ဒီႏွစ္မွာ လူေတြအမ်ားႀကီးေသၿပီး ေနာက္ႏွစ္မွာေရာ သူတို႔ ဒီလူေတြဆက္ရွိေနေအာင္ ထိန္းနိုင္ပါ့မလား။အသက္ရွင္ရပ္တည္ဖို႔ တျခားမ်ိဳးႏြယ္စုေတြအေပၚ မွီခိုမေနခ်င္ေပမယ့္ အခုခ်ိန္မွာေတာ့ သူတို႔ေနာက္ဆုတ္လို႔မရေတာ့ပါဘူး။ ျပန္သြားၿပီးရင္ေရာ ေနာက္ေဆာင္းရာသီမွာ အကူအညီေတာင္းဖို႔ ဒီလိုလာရဦးမွာပဲမဟုတ္ဘူးလား။ သူတို႔စားဖို႔‌ေရာ ေသာက္ဖို႔ေရာ ဘာမွမလုပ္နိုင္ဘူး။

သူတို႔ေတြက တီးတိုးေျပာဆိုၾကၿပီး ရင္းႏွီးသူေတြ ေတာ္ေတာ္မ်ားမ်ားက အျမင္ေတြ ဖလွယ္ၾကတယ္။ တစ္ခ်ိန္က သူတို႔ေနထိုင္ခဲ့ၾကရတဲ့ ေမြးရပ္ေျမကို မစြန႔္လႊတ္နိုင္ေပမယ့္ အခုေတာ့လက္ေလွ်ာ့လိုက္ပါၿပီ။ အခ်ိန္အေတာ္ၾကာ ေဆြးႏြေးၿပီးေနာက္ ေျဖရွင္းဖို႔ သင့္ေလ်ာ္တဲ့နည္းလမ္းမရွိဘူးေလ။

"မ်ိဳးႏြယ္စုေခါင္းေဆာင္ ငါတို႔ သူတို႔အနားမွာပဲ ေနလို႔ရနိုင္မလားဆိုတာ မ်ိဳးႏြယ္စုေခါင္းေဆာင္ Er နဲ႕ ေဆြးႏြေးလို႔ရေနတုန္းပဲမလား၊ ငါတို႔မွာ ျပႆနာရွိရင္ တစ္ေယာက္ကို တစ္ေယာက္ ဂ႐ုစိုက္နိုင္တယ္၊ ၿပီးေတာ့ ရွင္သန္ဖို႔အတြက္ သူတို႔ကို အားကိုးေနစရာ မလိုပါဘူး" မံမီလို ထုပ္ပိုးထားတဲ့ ဂါဘရီက သူ႕အေတြးေတြကို ေျပာျပလိုက္တယ္။ ဧကရာဇ္သားရဲနဲ႕ထိပ္တိုက္ရင္ဆိုင္ရတုန္းက သူ အေတာ္ေလးကံေကာင္းခဲ့ၿပီး ဒဏ္ရာျပင္းထန္စြာ မရခဲ့ဘူး။ သို႔ေပမယ့္လည္း ဒဏ္ရာႀကီးႀကီးမားမားမရခဲ့ေပမယ့္ ခႏၶာကိုယ္အႏွံ႕မွာေတာ့ ဒဏ္ရာေသးေသးေလးေတြရခဲ့ပါတယ္။

ဂါဘရီရဲ႕ အဆိုျပဳခ်က္က လက္ခံနိုင္ဖြယ္ရွိတယ္လို႔ လူတိုင္းက ယူဆၾကတယ္။ ဒါက  နည္းလမ္းေကာင္းတစ္ခုလို႔ မ်ိဳးႏြယ္စုေခါင္းေဆာင္ပုက်ီက ယူဆ‌ေပမယ့္လည္း ဒီလိုေနဖို႔အတြက္ ျခေသၤ့ေတာင္ပံမ်ိဳးႏြယ္စုရဲ႕ ခြင့္ျပဳခ်က္လိုအပ္တယ္။ ေနာက္ဆုံးမွာေတာ့ ဒီေနရာက အျခားသူတစ္ဦးရဲ႕ နယ္ေျမျဖစ္တယ္။ ေနာက္ဆုံးမွာ ပုက်ီက ေနာက္ဆုံး ဆုံးျဖတ္ခ်က္ကို ခ်လိဳက္ၿပီး မနက္ျဖန္မနက္မွာ မ်ိဳးႏြယ္စုေခါင္းေဆာင္ Er နဲ႕ေဆြးႏြေးဖို႔ သြားခဲ့တယ္။

ညအလယ္ေလာက္မွာ ဂူထဲက လူေတြက နာက်င္စြာ ငိုေႂကြးေနတဲ့အသံ ၊  ႀကီးျမတ္တဲ့ဘုရားသခင္ထံ ဆုေတာင္းျခင္းနဲ႕ ရံဖန္ရံခါ ေအာ္ဟစ္သံေတြကို ၾကားခဲ့ၾကတယ္။

ထို႔ေနာက္ ႀကီးျမတ္တဲ့စုန္းမရဲ႕ စိုးရိမ္ပူပန္ေနတဲ့ ေအာ္သံထြက္ေပၚလာခဲ့ၿပီး တစ္စုံတစ္ေယာက္ ေသဆုံးသြားပုံရတယ္။ ပိုင္မုက ထိတ္လန႔္တၾကားျဖစ္ေနတဲ့အသံ ထြက္ေနတဲ့ေနရာကို ၾကည့္လိုက္ေတာ့ အဲ့ဒီေနရာကို လူေတြ ဝိုင္းေနတာကို ေတြ႕လိုက္ရတယ္။ ေျမျပင္ေပၚမွာ ျခေသၤ့ေတာင္ပံမ်ိဳးႏြယ္စုရဲ႕ orc တစ္ေယာက္ လွဲေလ်ာင္းေနၿပီး သူ႕မ်က္ႏွာက ေသသြားသလိုမ်ိဳး တျဖည္းျဖည္းျပာႏွမ္းသြားတယ္။

ႀကီးျမတ္တဲ့စုန္းမက ဒါကိုၾကည့္ၿပီးေနာက္ ေခါင္းကို ျပင္းျပင္းထန္ထန္ ခါလိုက္တယ္။ ခဏအၾကာမွာ ႏွလုံးကြဲေၾကသြားသလိုမ်ိဳး စူးရွတဲ့ငိုသံထြက္လာၿပီး ျပင္းထန္စြာ ဒဏ္ရာရေနတဲ့လူနာက သိသိသာသာကိုပဲ  ဒီေတာင္ကိုမျဖတ္ေက်ာ္နိုင္ခဲ့ပါဘူး။ Orc ဆုံးပါးသြားတဲ့အတြက္ သူ႕မိသားစုက  ဝမ္းနည္းေၾကကြဲစြာ ငိုေႂကြးခဲ့ၾကတယ္။ပိုင္မုက ခဲယ္လ္တစ္ရဲ႕လက္ကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္လိုက္ၿပီး ေအးစိမ့္ေနတဲ့ ေသမင္းအရိပ္က ဂူထဲမွာ ပ်ံ့ႏွံ႕လာခဲ့တယ္။

သူက အရမ္းေသးငယ္ၿပီး ကူကယ္ရာမဲ့ကာ အားကိုးရာမဲ့ေနတယ္လို႔ ပိုင္မုခံစားရတယ္။ သူလုပ္နိုင္သမွ်ကို လုပ္ခဲ့ၿပီးၿပီ။ အခုခ်ိန္မွာေတာ့ စိုးရိမ္စိတ္နဲ႕ ေစာင့္ေနဖို႔ပဲ သူတတ္နိုင္ပါတယ္။႐ုတ္တရက္ အသက္ရႈရပ္သြားမွာကို စိုးရိမ္ၿပီး ခဲယ္လ္တစ္ရဲ႕ႏွာေခါင္းကို မၾကာခဏစစ္‌ေဆးၾကည့္မိတာ ဒါမွမဟုတ္ သူအဖ်ားရွိမရွိသိရဖို႔ သူ႕ရဲ႕နဖူးေပၚ  စမ္းၾကည့္ဖို႔ပဲ သူလုပ္နိုင္တယ္။

ေနာက္ထပ္ေအာ္ဟစ္သံတစ္ခု ထပ္ထြက္လာၿပီး  ေနာက္ထပ္အျခားတစ္ေယာက္ကလည္း ေသျခင္းတရားကေန မလြတ္ေျမာက္ခဲ့ေၾကာင္း သိသာပါတယ္။ အခ်ိန္က ႏွေးေကြးၿပီး ခက္ခဲတယ္လို႔ ပိုင္မုခံစားခဲ့ရၿပီး ညက ျမန္ျမန္ကုန္ဆုံးသြားဖို႔ သူေမွ်ာ္လင့္ခဲ့တယ္။ သူ႕နဖူးက မေအးသြားေပမယ့္လည္း ပိုပူလာလားဆိုတာကို သိဖို႔ ပိုင္မုက သူ႕လက္ကို ဆန႔္တန္းလိုက္ၿပီး ခဲယ္လ္တစ္ရဲ႕နဖူးကို ပြတ္သပ္လိုက္တယ္။ ပိုင္မုက ေရေအးကို အလ်င္အျမန္ယူလာလိုက္ၿပီး ေရစိုအ၀တ္စကို ခဲယ္လ္တစ္ရဲ႕နဖူးေပၚ တင္လိုက္တယ္။

အန္းခ်ီေလာ့လည္း စိတ္ေတြပူလာၿပီး အနည္းငယ္ေပၚလာခဲ့တဲ့ တေပါရဲ႕အိပ္ခ်င္စိတ္ကလည္း အခုေတာ့ေပ်ာက္ကြယ္သြားတယ္။ တစ္ခုခုလုပ္နိုင္ဖို႔ ေမွ်ာ္လင့္ရင္းနဲ႕ သူ(တေပါ)က စိုးရိမ္ပူပန္စြာ ေလွ်ာက္သြားေနမိတယ္။

Continue Reading

You'll Also Like

600K 76.7K 118
'' after break-up i got married'' (လမ်းခွဲ ပြီးတဲ့နောက် ငါလက်ထပ် ပစ်လိုက်တယ်) Original Author - Qianfeng Yihe E-translator - Rezioj27 Status in COO...
5.6K 716 5
Type - Web Novel Genre - Drama, Romance, Shounen Ai, Tragedy English Title- The Story of two male Mosquitoes Not my own story. This is a Translat...
10.3K 1.5K 11
▪️နွေးထွေးတဲ့မေတ္တာ‌တွေ အပြည့်သိပ်ထားတဲ့ ပုံပြင်လေးတစ်ပုဒ် ▪️ I don't own any part of this story. All credit goes to original author & eng translator...
175K 29.9K 76
အချိန်အကြာကြီး အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ "ဖိန်ရှာရှီ" အလုပ်တခုကို ရှာတွေ့ခဲ့လေသည်။ ထိုအလုပ်ကတော့ စင်္ကြာဝဠာတခုလုံးမှာ ရှေးအကျဆုံးဖြစ်တ...