Unicode
အပိုင်း ၂၆.၂ ငါ သူမရဲ့မျက်နှာကို မြင်ချင်တယ်။
အဆောက်အဦးငယ်လေးမှ ထွက်ခွာပြီးနောက် သူတို့သည် လီဟွေ့ရှိရာ ရွာထံ ဦးတည် သွားလိုက်ကြသည်။
ဒရိုင်ဘာက ထိုကဲ့သို့သော နေရာမျိုးသို့ တစ်ကြိမ်သော်မျှ မရောက်ခဲ့ဖူးချေ။ အစပိုင်းတွင် သူဟာ ဂျီပီအက်စ်ကို အသုံးပြုလိုခဲ့သည်။ သို့သော် ရွာနာမည်ကပင် စနစ်တွင် ပေါ်မလာချေ။ ထိုရွာဟာ လူသိနည်းနေခြင်းပင် ဖြစ်နိုင်သည်။
ရှီရှန်ကျင်း ကိုယ်တိုင်လည်း နှစ်ပေါင်းများစွာ ကြာအောင် မည်သူကမျှ ထိုတစ္ဆေလက်ထပ်ခြင်းနှင့် ပက်သတ်သော ကိစ္စများအပေါ် စိုးရိမ်ခြင်း မရှိသည့် အကြောင်းကို နားလည်နေသည်။ ရဲကပင် ထိုနေရာသို့ ကြည့်ရန် သွားခဲလေရာ လျှို့ဝှက်ဆန်းကျယ်သော ကိစ္စများကို စုံစမ်းစစ်ဆေးရန် မဖြစ်နိုင်တော့ချေ။
အလောင်းခိုးပြီး မည်သည့်နေရာတွင် အသုံးပြုမည် ဖြစ်ကြောင်း သူကိုယ်တိုင်ကပင် မသိချေ။ သို့သော် ထိုကိစ္စ၏ နောက်တွင် ရက်စက်ကြမ်းတမ်းပြီး ကြောက်မက်ဖွယ်ကောင်းသော စိတ်ဆန္ဒနှင့် ပက်သတ်နေသည့် အခွင့်အရေးကြီးတစ်ခုလည်း ရှိနေနိုင်သေးသည်။
သူတို့ဟာ မြို့ပြဒေသမှ ထွက်ခွာလာသည့် အလျောက် တဖြည်းဖြည်းချင်း လူနေသည့် အရိပ်လက္ခဏာများဟာ နည်းသထက် နည်းလာသည်။ လူအတွေ့နည်းလာပြီး အဆုံးတွင် တောတွင်းမှ သစ်ပင်များကိုသာ မြင်ရတော့ကာ ဆယ်မိနစ်ကျော်ကြာအောင် မောင်းလာပြီးသည့်အထိ လူနေအိမ်ကို မမြင်နိုင်တော့ချေ။
ကားဟာ နောက်ဆုံးတွင် ကျောက်စရစ်လမ်းရှေ့တွင် ရပ်သွားသည်။ ဒရိုင်ဘာက ကားထဲမှ ထွက်ပြီး ရှေ့လမ်းကို စစ်ဆေးကြည့်သည်။ သူ ပြန်လာပြီးနောက်တွင် ပြောလာသည်။
“သခင်.. ရှေ့လမ်းတွေက ချိုင့်ခွက်တွေ များနေမှာကို စိုးရိမ်ရတယ်”
သူ၏ဆိုလိုရင်းက ရိုးရှင်းသည်။ သူတို့က သည်ဒဏ်ကို မခံနိုင်မည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
လီဟွေ့က အနည်းငယ် ရှက်သွားသည်။
“လူကြီးမင်းရှီ..”
ရှီရှန်းကျင်းက ဘာမှမပြောဘဲ ခေါင်းတစ်ချက် ညိတ်ပြပြီးနောက် ခေါင်းပြန်လှည့်သွားသည်။
“ရှီချီ မင်း တောင့်ခံနိုင်လား”
ရှီချီက ခပ်မြန်မြန် ခေါင်းညိတ်သည်။ ဒါပေါ့။ သူ တောင့်ခံနိုင်တာပေါ့။ သူအရင်က ဒီလိုဆိုးရွားတဲ့ လမ်းအခြေအနေမျိုးကို မခံစားဖူးတာမှ မဟုတ်တာ။ သူ ကြိမ်ဖန်များစွာ လျှောက်ခဲ့ဖူးတယ်။ ဒါက သူ့အတွက် ပြဿနာကြီးမှ မဟုတ်တာ။ ထိုသို့ တွေးမိသောအခါ သူ၏ဒီဘဝအကြောင်း ပြန်သတိရသွားသည်။ လီချွမ်၏စကားများဟာ သူ့နားအတွင်း ရှိနေသေးသည်။
ထိုလမ်းဘေးတစ္ဆေတစ်ကောင်ကသာ မတည်ရှိခဲ့လျှင် သူက မည်သို့သော ဘဝမျိုးတွင် နေရမည်မှန်ပင် မသေချာပေ။ သူ၏ယခင်နေရာသို့ ဖိအားပေးကာ ပြန်သွားရခြင်း သို့မဟုတ် ရှီချုံး၏ အထင်သေးရှုံ့ချ ခံရခြင်းမျိုးပင် ဖြစ်နိုင်သည်။
ထိုလမ်းဘေးတစ္ဆေက သူ၏ပထမဦးဆုံး တစ္ဆေများနှင့် ပက်သတ်ဆက်နွယ်မှုထဲမှ တစ်ခု ဖြစ်ခဲ့သည်။ သူ၏ ပြောင်မြောက်သော စွမ်းရည်ကိုလည်း သူ၏ဦးလေးဖြစ်သူကိုလည်း သူက ပြသနိုင်ခဲ့ပြီး သူ၏ ထူးခြားသော ယင်ယန်မျက်လုံးများကို ထုတ်ပြနိုင်ခဲ့သည်။
သူကသာ ထိုမျက်လုံးကို မဖွင့်နိုင်ခဲ့လျှင် ဖြစ်နိုင်တာက သူ အရင်လိုပဲ ဆက်လက်ပြီး ခွဲခြားခံနေရလောက် သေးလေသည်။...
သူ ရှီမိသားစုသို့ ရောက်ကာစ အစောပိုင်းရက်များတွင် မည်သို့ဆက်ဆံခံခဲ့ရကြောင်း သူက ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ သူ၏ ဦးလေးဖြစ်သူ၏ သူ့အပေါ် ဆက်ဆံပုံကပင် ယခုနှင့် အပြည့်အဝ ကွာခြားခဲ့သည်။
မနေ့ညက သူ့အဘွားအကြောင်း ပြန်တွေးမိတော့ တကယ်ကို ပျော်နေတဲ့ပုံပါပဲ..
ရှီချီ၏နှုတ်ခမ်းများက ကော့တက်သွားပြီး အကြည့်ကလည်း လျင်မြန်စွာ ကျော်ဖြတ်ခံနေရသည့် သစ်ပင်များထံ ရောက်သွားသည်။ အစိမ်းရောင်အခင်းကို မဆုံးနိုင်အောင် မြင်နေရခြင်းက သူ၏စိတ်ကို ငြိမ်းအေးစေသည်။ ကားဟာ အမှန်တကယ်ကို ယမ်းခါနေတော့သည်။
လီဟွေ့က လမ်းပြသည်။ လမ်းကို လမ်းကျဉ်းငယ်လေးများစွာ ခွဲထားသောကြောင့် အကွေ့အကောက်က အလွန်များလှသည်။ ထိုသို့ဖြင့် ဟိုကွေ့ဒီကွေ့ လုပ်နေရလေသည်။
အချိန်မည်မျှ ကြာအောင် ကုန်ဆုံးပြီးမှန်း မသိတော့သော အချိန်တွင် သူမက ရှားပါးစွာ ပြုံးပြလာသည်။
“ဒီလမ်းပဲ.. ရှေ့တည့်တည့် ဆက်သွားပါ။ ဒီလိုဆိုရင် သိပ်မကြာခင် ရွာကို ရောက်သွားလိမ့်မယ်”
ထိုအခါမှသာ ကားသမားဟာ စိတ်ထဲတွင် သက်ပြင်းချမိတော့သည်။ သူ့အနေဖြင့် ထိုမျှ ဆိုးသော လမ်းကို မမောင်းဖူးချေ။ ထိုသို့ဖြင့် သိုဝှက်စွာ ရှိနေသော ရွာအကြောင်းပြန်တွေးမိသောအခါ နည်းပညာမြင့်မားသော ပစ္စည်းများ အထဲတွင် မရှိတာ သေချာသွားသည်။
ဆယ်မိနစ် ကြာပြီးနောက် မြေသားအဝါရောင် အိမ်လေးများက မြင်ကွင်းအတွင်း ပေါ်လာသည်။
ကားဟာ ရွာအပြင်တွင် ရပ်သည်။ လီဟွေ့က ကားထဲမှ ထွက်ပြီးနောက် သူတို့ရောက်လာကြောင်းကို ဝင်ပေါက်တွင် စုစည်းနေကြသော ကြည့်ရှုသူများကို ရှင်းပြသည်။
“ကလေးမလေးဟွေ့.. ဒီလူတွေက ဘယ်သူတွေလဲ ငါတို့ရဲ့ရွာကို မင်းနဲ့အတူ ဘာလို့ လာတာလဲ။ တစ်ခုခုများ မှားနေလို့လား”
“ဒီကားက သာမန်လူတွေ တတ်နိုင်တာမျိုး မဟုတ်ပါဘူး။ ငါ အရင်တစ်ခေါက် မြို့ကြီးကို သွားတုန်းက ဒါမျိုး မြင်ခဲ့ဖူးတယ်။ ပိုက်ဆံအများကြီး ကုန်မှာပဲ”
“ဒီလူတွေကို ကြည့်ပါအုံး။ အားလုံးက ချောမောနေကြတာ။ အဲဒီကလေးရဲ့ မျက်လုံးက အစိမ်းရောင် သန်းနေပါလား။ ဒါပေမဲ့ တော်တော်လေး လှတယ်။ အိမ်က ကောင်စုတ်လေးနဲ့များ တခြားစီပဲ”
လီဟွေ့က ခပ်မြန်မြန် ရှင်းပြသည်။
“ဦးလေး ကျွန်မကို လူရှာဖို့အတွက် အကူအညီတောင်းလို့ သူတို့က လိုက်လာခဲ့တာပါ။ အားလုံးပဲ သိနေကြတာပဲ”
ထိုစကားကို ကြားသောအခါ ရွာသားများက နားလည်ကြောင်း အမူအရာ ပြကြသည်။ သူတို့၏မိသားစုတွင် ရှိသော သတို့သမီးအလောင်းဟာ ပျောက်သွားသည်။ ရွာက သူမကို ကူညီရှာဖွေပေးလို ကြသည်။ မည်သို့ပင် ဆိုစေ သူမဟာ ကံဆိုးလွန်းသည်ဟု အားလုံးက ခံစားနေရလေသည်။
သူတို့၏အစ်ကိုကြီးက ထွက်သွားသည်နှင့် မိခင်ဖြစ်သူကလည်း လိုက်ပါသွားသည်။ ယခုအခါ သမီးတစ်ယောက်သာ ကျန်ရစ်တော့သည်။ လီမိသားစုမှ တစ်ဦးတည်း ကျန်သော လီဟွေ့ဟာ ကိစ္စပေါင်းများစွာကို ကိုင်တွယ်ရန် တစ်ယောက်တည်း ရုန်းကန်နေရရာ လူတိုင်းက သနားကြသည်။
ကားဘေးနားတွင် ရပ်နေသော ရှီရှန်ကျင်းက တစ်ရွာလုံးကို ခြုံငုံကြည့်သည်။ အိမ်ခြေက မများချေ။ အဓိကလမ်းမှ ခွဲထွက်နေသော လမ်းဟာ တစ်ဖက်တစ်ချက်စီ ဦးတည်နေသည်။ သူတို့ ရပ်နေသော နေရာမှ ကြည့်လျှင် အဆုံးကို မမြင်နိုင်ချေ။ အိမ်များဟာ အဝေးထိ ချဲ့ထွက်နေဟန် ရပြီး လယ်ကွင်းထဲတွင် ရှိနေသော အိမ်များစွာကို မြင်နိုင်သေးသည်။ အိမ်များအားလုံးဟာ သာမန်ဆန်သည်။
ရှီရှန်ကျင်းက တစ်စုံတစ်ရာက မှားနေသည်ဟု ခံစားရသည်။ ထိုခံစားချက်ဟာ ပြင်းထန်လှသည်။
ရွာ၏ဝင်ပေါက်သို့ ပြန်ပြေးလာသော လီဟွေ့က နီရဲသော မျက်နှာထားဖြင့် ပြောသည်။
“လူကြီးမင်းရှီ ကျွန်မ လမ်းပြပါမယ်”
သူတို့အဖွဲ့ဟာ ရွာသားများ၏ စောင့်ကြည့်နေသော မျက်ဝန်းများအောက်တွင် ရွာထဲသို့ ဝင်လိုက်ကြသည်။ သိပ်မကြာခင် အချိန်တွင် လီဟွေ့၏အိမ်က ပေါ်လာသည်။ သူတို့ မြင်ခဲ့ရသော အိမ်များနှင့် ကွာခြားခြင်း မရှိချေ။
“ဒါက ကျွန်မရဲ့အိမ်ပါ”
ရှီချီက အနောက်မှ လိုက်လာပြီးနောက် ဧည့်ခန်းထဲသို့ ရောက်သည်။ စားပွဲရှည်ကြီးပေါ်တွင် အမျိုးသမီးကြီးနှင့် လူငယ်လေးတစ်ယောက်ပါသော အဖြူအမည်း ဓာတ်ပုံကို မြင်လိုက်သည်။
လီဟွေ့က သူတို့ကို ထိုင်ခိုင်းလိုသော်လည်း ရှီရှန်ကျင်းက အမျိုးသမီး၏မိသားစုမှ ပိုင်ဆိုင်သော ပစ္စည်းများကို သူတို့ကို ပေးနိုင်မည်လောဟု မေးမြန်းလိုက်သည်။ သူက ထည့်ဖြည့်ပြောလိုက်သေးသည်။
“ဒီအမျိုးသမီး အသက်ရှင်နေချိန်တုန်းက အသုံးပြုခဲ့တဲ့ ပစ္စည်းဆိုရင် ပိုကောင်းပါတယ်”
လီဟွေ့က တွေးတောပြီးနောက် အခန်းထဲသို့ သွားကာ သေတ္တာတစ်ခုကို ယူသည်။
“ဒါက လျိုမိသားစုက သူမဝတ်ဖို့အတွက် ပြင်ဆင်ပေးခဲ့တဲ့ လက်ကောက်နဲ့ လည်ဆွဲပါ ဒါပေမဲ့ အလောင်းက ပျောက်သွားတော့ အသုံးမဝင် ဖြစ်သွားပြီ”
လျိုဟွားဟာ ထိုအမျိုးသမီး၏ နာမည်ဖြစ်သည်။ တစ်ဦးတည်းသော သမီးဖြစ်ပြီး လက်ကောက်နှင့် လည်ဆွဲ ပိုင်ဆိုင်ခြင်းကပင် အလွန်ကောင်းနေပြီဖြစ်သည်။
အနီရောင်အဝတ်ပေါ်တွင် အဝါရင့်ရောင် လည်ဆွဲနှင့် လက်ကောက်က ရှိနေသည်။ နှစ်ပေါင်းများစွာ ကြာခဲ့ဟန်လည်း ရကာ ဟောင်းနွမ်းနေသည်။ သင်္ကေတများက လျော့ပါးနေသော်လည်း လူအများကမူ ပစ္စည်းကောင်းမှန်း သိနိုင်သေးလေသည်။
ရှီရှန်ကျင်းက ဂရုတစိုက်ယူပြီး စစ်ဆေးကြည့်လိုက်သည်။ အချိန်အတန် ကြာပြီးနောက် သူက ဆောင့်ကြောင့်ထိုင်ကာ ရှီချီ၏အရှေ့တွင် လက်ကောက်ကို ကိုင်ပြီး မေးလိုက်သည်။
“မင်း ဘာထူးခြားတာ မြင်ရလဲ။ တစ်ခုခု ထူးခြားတာမျိုး ခံစားမိလား”
ထိုကလေးမြင်နိုင်သောအရာက သူမြင်နိုင်သည်နှင့် ကွာခြားနေနိုင်သည်။ ရှီချီက မျက်မှောင်ကြုတ်ပြီး ထွင်းထုထားသော ပန်းပွင့်များကို ကြည့်ကာ ပြောသည်။
“ဒီနေရာရဲ့ အပြင်ကို ထွက်လာနေတဲ့ အနီရောင်အပ်ချည်မျှင်လေး ရှိနေတယ်”
ရှီရှန်ကျင်းက မျက်ခုံးပင့်လိုက်သည်။
“အနီရောင် အပ်ချည်မျှင်လား”
ရှီချီ သိပ်မကြာခင်က ဆွဲခဲ့သော အဆောင်လက်ဖွဲ့ကိုပင် သူက သတိရသွားသည်။
သူက ထိုအချိန်က စတင်ခဲ့သောကြောင့် ဖြစ်လောက်သည်။ အရိုးရှင်းဆုံး အဆောင်လက်ဖွဲ့ကိုသာ ဆွဲနိုင်ခဲ့ပြီး အချိန်အတန်ကြာ ရက်စက်ကြမ်းတမ်းသော ရန်ငြိုးကြီးဝိညာဉ်ကို အေးခဲထားနိုင်စွမ်း ရှိသော သာမန်အကျဆုံး အဆောင်လက်ဖွဲ့ ဖြစ်နေသေးသည်။
ရှီချီ၏ အဆောင်ရေးဆွဲစွမ်းရည်အား လက်ခံနိုင်ဖွယ် ရှိခဲ့သည်။ ထူးထူးခြားခြား မရှိလေဘဲ ဟိုကွေ့ ဒီကောက်များသာ ပါဝင်လေခြင်း ဖြစ်သည်။
သူ ထွက်သွားပြီးနောက် သူက အဆောင်လက်ဖွဲ့၏စွမ်းရည်ကို သုံးရန် ကြိုးစားခဲ့ဖူးသည်။ ရှီမိသားစုက သရဲများကို မွေးလေ့ရှိသည်။ ရှီရှန်ကျင်းဟာလည်း ကိုယ်ပိုင်သဘောတူညီမှုများနှင့်အတူ လက်တွေ့စမ်းသပ်မှုများ လုပ်ခဲ့ဖူးလေသည်။ ထိုအချိန်က သာမန်သရဲလေးကို သူ ရှာဖွေနိုင်ခဲ့သည်။ ထိုအဆောင်လက်ဖွဲ့ဟာ ထိုသာမန်သရဲလေးကို အေးခဲအောင် အောင်မြင်စွာ လုပ်နိုင်ခဲ့သည်။
အဆောင်လက်ဖွဲ့မှ သင်္ကေတများ၏ ကွာခြားမှုအလိုက် သရဲများကို အေးခဲအောင် ရပ်တန့်သွားအောင် လုပ်ရန် ကြာချိန်က ကွာခြားသည်။ ဒါက အဆောင်လက်ဖွဲ့၏ စွမ်းအားကို ရေးဆွဲသူ၏ မြင့်တင်ပေးနိုင်စွမ်းအားပေါ် မူတည်နေလောက်သည်။ ဖုတ်ကောင် ရုပ်ရှင်များထဲတွင် မြင်ဖူးထားသောဖြစ်ရပ်မျိုးလို ကိစ္စများက မယုံကြည်နိုင်ဖွယ် ကောင်းသည်။ ထူးခြားသော အဆောင်လက်ဖွဲ့တစ်ခု မဟုတ်လျှင် နှစ်ရာကျော် သက်တမ်းရှိသော သရဲတစ်ကောင်ကို အဆောင်လက်ဖွဲ့ကပ်ရုံဖြင့် အေးခဲသွားအောင် လုပ်ရန် မဖြစ်နိုင်လောက်ချေ။
မည်မျှကြာအောင် ထိုသို့ဆက်လက်အေးခဲ နေမည်နည်းဟု သိရှိရန်အတွက် သူဟာ ကိုယ်တိုင်ခွာယူခြင်း မရှိခဲ့ပေ။ မမျှော်လင့်ထားစွာပင် သူ နောက်တစ်ရက် သွားချိန်တွင် ထိုသရဲလေးဟာ ထိုအတိုင်း ရှိနေသေးသည်။ အဆောင်လက်ဖွဲ့မှ စွမ်းအားကမူ လျော့ပါးစ ပြုလာသည်။ သို့သော် သက်ရောက်မှုက သူ မျှော်လင့်ထားသည်ထက် ပိုကဲသည်ဟု ဆိုရမည် ဖြစ်သည်။
စတင်ခဲ့ချိန်က နေ့တစ်ဝက်ခန့်သာ အေးခဲနိုင်ခဲ့သည်။ ထိုအချိန်က ဖခင်ကပင် သူ့အား အချိန်အတန်ကြာ ချီးကျူးခဲ့သေးလေသည်။ သူ၏ဖခင်ကသာ လက်ရှိ ရှီချီကို မြင်သွားလျှင် ရှားပါးသော ရတနာအဖြစ်ပင် သတ်မှတ်လောက်သည်။
သူက ထိုသို့ လျှောက်တွေးနေချိန်မှာပင် ရှီချီက ဆက်ပြောလာသည်။
“ကြည့်ရတာ.. ဒီနီရောင်အပ်ချည်မျှင်က တစ်ခုခုနဲ့ ဆက်နွယ်နေသလိုပဲ”
ရှီရှန်ကျင်းက မေးသည်။
“တခြားတစ်ဖက်က ဘယ်နေရာနဲ့ ဆက်နွယ်နေသလဲဆိုတာကို မင်းမြင်နိုင်လား”
ရှီချီက တုံ့ဆိုင်းသွားပြီးနောက် တံခါးဘက်သို့ ညွှန်ပြသည်။
“အပြင်နဲ့ ဆက်နေတာ တောက်လျှောက်တွဲလောင်းကျပြီး အဝေးကို ညွှန်နေတယ်”
ရှီရှန်ကျင်းက အချိန်အတန်ကြာ တွေးတောပြီးနောက်တွင် လီဟွေ့ကို မေးသည်။
“ဒီအမျိုးသမီး အသက်ရှင်နေခဲ့တုန်းက ဒီလက်ကောက်ကို ဝတ်ခဲ့တာလား”
လီဟွေ့ကလည်း တစ်ဖက်လူက ဘာကြောင့် မေးလာမှန်း မသိသော်လည်း နာခံစွာ ဖြေသည်။
“ဟုတ်ပါတယ်။ လျိုဟွားရဲ့မိဘတွေက သူမကို အရင်က ဝယ်ပေးခဲ့တာလေ။ ဒီတော့.. သေသွားပြီးမှ ချွတ်ခဲ့တာ”
ရှီရှန်ကျင်း၏ မျက်နှာက တည်တင်းသွားသည်။ လျိုဟွား၏ သေဆုံးမှုဟာ လျှို့ဝှက်ချက်ကြီး ဖြစ်နေလောက်ပြီး တခြားသူများက သတ်ခဲ့ခြင်းပင် ဖြစ်နိုင်သည်။ ထို့အပြင် သူမသေပြီး ၁၃ရက်မြောက်နေ့တွင် အလောင်းပျောက်သွားသည့် ကိစ္စနှင့် ဆက်စပ်ကြည့်မည် ဆိုလျှင်..
သူဟာ လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“ရှီချီ ရှေ့က ဦးဆောင်သွားပြီး အဲဒီအနီရောင်ကြိုးတန်း ဘယ်နေရာမှာ အဆုံးသတ်မလဲ ကြည့်ရအောင် ငါတို့ အဲဒီထူးခြားတဲ့နေရာကို သွားရှာရအောင်..”
ရှီချီက ထိတ်လန့်စွာဖြင့် ခေါင်းညိတ်ပြီး ဩရှစွာ ပြန်ဖြေသည်။
“ကောင်းပြီလေ”
…
ငါ မြင်ချင်တယ်။ အဲဒီမျက်နှာက ဘယ်လိုမျိုးများ ဖြစ်နေလိမ့်မလဲ..
…..
ရှီချီရဲ့လျှို့ဝှက်ဒိုင်ယာရီလေး…
စာရေးသူမှာ ပြောစရာရှိပါတယ်..
အိမ်ကို ကြည့်ဖို့အတွက် တစ်ဦးတည်း ချန်ထားရစ်ခဲ့ရတဲ့ အဘွားအို - နင်မုန့်
…
Zawgyi
အပိုင္း ၂၆.၂ ငါ သူမရဲ႕မ်က္ႏွာကို ျမင္ခ်င္တယ္။
အေဆာက္အဦးငယ္ေလးမွ ထြက္ခြာၿပီးေနာက္ သူတို႔သည္ လီေဟြ႕ရွိရာ ႐ြာထံ ဦးတည္ သြားလိုက္ၾကသည္။
ဒရိုင္ဘာက ထိုကဲ့သို႔ေသာ ေနရာမ်ိဳးသို႔ တစ္ႀကိမ္ေသာ္မွ် မေရာက္ခဲ့ဖူးေခ်။ အစပိုင္းတြင္ သူဟာ ဂ်ီပီအက္စ္ကို အသုံးျပဳလိုခဲ့သည္။ သို႔ေသာ္ ႐ြာနာမည္ကပင္ စနစ္တြင္ ေပၚမလာေခ်။ ထို႐ြာဟာ လူသိနည္းေနျခင္းပင္ ျဖစ္နိုင္သည္။
ရွီရွန္က်င္း ကိုယ္တိုင္လည္း ႏွစ္ေပါင္းမ်ားစြာ ၾကာေအာင္ မည္သူကမွ် ထိုတေစၦလက္ထပ္ျခင္းႏွင့္ ပက္သတ္ေသာ ကိစၥမ်ားအေပၚ စိုးရိမ္ျခင္း မရွိသည့္ အေၾကာင္းကို နားလည္ေနသည္။ ရဲကပင္ ထိုေနရာသို႔ ၾကည့္ရန္ သြားခဲေလရာ လွ်ို႔ဝွက္ဆန္းက်ယ္ေသာ ကိစၥမ်ားကို စုံစမ္းစစ္ေဆးရန္ မျဖစ္နိုင္ေတာ့ေခ်။
အေလာင္းခိုးၿပီး မည္သည့္ေနရာတြင္ အသုံးျပဳမည္ ျဖစ္ေၾကာင္း သူကိုယ္တိုင္ကပင္ မသိေခ်။ သို႔ေသာ္ ထိုကိစၥ၏ ေနာက္တြင္ ရက္စက္ၾကမ္းတမ္းၿပီး ေၾကာက္မက္ဖြယ္ေကာင္းေသာ စိတ္ဆႏၵႏွင့္ ပက္သတ္ေနသည့္ အခြင့္အေရးႀကီးတစ္ခုလည္း ရွိေနနိုင္ေသးသည္။
သူတို႔ဟာ ၿမိဳ႕ျပေဒသမွ ထြက္ခြာလာသည့္ အေလ်ာက္ တျဖည္းျဖည္းခ်င္း လူေနသည့္ အရိပ္လကၡဏာမ်ားဟာ နည္းသထက္ နည္းလာသည္။ လူအေတြ႕နည္းလာၿပီး အဆုံးတြင္ ေတာတြင္းမွ သစ္ပင္မ်ားကိုသာ ျမင္ရေတာ့ကာ ဆယ္မိနစ္ေက်ာ္ၾကာေအာင္ ေမာင္းလာၿပီးသည့္အထိ လူေနအိမ္ကို မျမင္နိုင္ေတာ့ေခ်။
ကားဟာ ေနာက္ဆုံးတြင္ ေက်ာက္စရစ္လမ္းေရွ႕တြင္ ရပ္သြားသည္။ ဒရိုင္ဘာက ကားထဲမွ ထြက္ၿပီး ေရွ႕လမ္းကို စစ္ေဆးၾကည့္သည္။ သူ ျပန္လာၿပီးေနာက္တြင္ ေျပာလာသည္။
“သခင္.. ေရွ႕လမ္းေတြက ခ်ိဳင့္ခြက္ေတြ မ်ားေနမွာကို စိုးရိမ္ရတယ္”
သူ၏ဆိုလိုရင္းက ရိုးရွင္းသည္။ သူတို႔က သည္ဒဏ္ကို မခံနိုင္မည္ကို စိုးရိမ္ေနျခင္း ျဖစ္သည္။
လီေဟြ႕က အနည္းငယ္ ရွက္သြားသည္။
“လူႀကီးမင္းရွီ..”
ရွီရွန္းက်င္းက ဘာမွမေျပာဘဲ ေခါင္းတစ္ခ်က္ ညိတ္ျပၿပီးေနာက္ ေခါင္းျပန္လွည့္သြားသည္။
“ရွီခ်ီ မင္း ေတာင့္ခံနိုင္လား”
ရွီခ်ီက ခပ္ျမန္ျမန္ ေခါင္းညိတ္သည္။ ဒါေပါ့။ သူ ေတာင့္ခံနိုင္တာေပါ့။ သူအရင္က ဒီလိုဆိုး႐ြားတဲ့ လမ္းအေျခအေနမ်ိဳးကို မခံစားဖူးတာမွ မဟုတ္တာ။ သူ ႀကိမ္ဖန္မ်ားစြာ ေလွ်ာက္ခဲ့ဖူးတယ္။ ဒါက သူ႕အတြက္ ျပႆနာႀကီးမွ မဟုတ္တာ။ ထိုသို႔ ေတြးမိေသာအခါ သူ၏ဒီဘဝအေၾကာင္း ျပန္သတိရသြားသည္။ လီခြၽမ္၏စကားမ်ားဟာ သူ႕နားအတြင္း ရွိေနေသးသည္။
ထိုလမ္းေဘးတေစၦတစ္ေကာင္ကသာ မတည္ရွိခဲ့လွ်င္ သူက မည္သို႔ေသာ ဘဝမ်ိဳးတြင္ ေနရမည္မွန္ပင္ မေသခ်ာေပ။ သူ၏ယခင္ေနရာသို႔ ဖိအားေပးကာ ျပန္သြားရျခင္း သို႔မဟုတ္ ရွီခ်ဳံး၏ အထင္ေသးရႈံ႕ခ် ခံရျခင္းမ်ိဳးပင္ ျဖစ္နိုင္သည္။
ထိုလမ္းေဘးတေစၦက သူ၏ပထမဦးဆုံး တေစၦမ်ားႏွင့္ ပက္သတ္ဆက္ႏြယ္မႈထဲမွ တစ္ခု ျဖစ္ခဲ့သည္။ သူ၏ ေျပာင္ေျမာက္ေသာ စြမ္းရည္ကိုလည္း သူ၏ဦးေလးျဖစ္သူကိုလည္း သူက ျပသနိုင္ခဲ့ၿပီး သူ၏ ထူးျခားေသာ ယင္ယန္မ်က္လုံးမ်ားကို ထုတ္ျပနိုင္ခဲ့သည္။
သူကသာ ထိုမ်က္လုံးကို မဖြင့္နိုင္ခဲ့လွ်င္ ျဖစ္နိုင္တာက သူ အရင္လိုပဲ ဆက္လက္ၿပီး ခြဲျခားခံေနရေလာက္ ေသးေလသည္။...
သူ ရွီမိသားစုသို႔ ေရာက္ကာစ အေစာပိုင္းရက္မ်ားတြင္ မည္သို႔ဆက္ဆံခံခဲ့ရေၾကာင္း သူက ရွင္းရွင္းလင္းလင္း မွတ္မိေနေသးသည္။ သူ၏ ဦးေလးျဖစ္သူ၏ သူ႕အေပၚ ဆက္ဆံပုံကပင္ ယခုႏွင့္ အျပည့္အဝ ကြာျခားခဲ့သည္။
မေန႕ညက သူ႕အဘြားအေၾကာင္း ျပန္ေတြးမိေတာ့ တကယ္ကို ေပ်ာ္ေနတဲ့ပုံပါပဲ..
ရွီခ်ီ၏ႏႈတ္ခမ္းမ်ားက ေကာ့တက္သြားၿပီး အၾကည့္ကလည္း လ်င္ျမန္စြာ ေက်ာ္ျဖတ္ခံေနရသည့္ သစ္ပင္မ်ားထံ ေရာက္သြားသည္။ အစိမ္းေရာင္အခင္းကို မဆုံးနိုင္ေအာင္ ျမင္ေနရျခင္းက သူ၏စိတ္ကို ၿငိမ္းေအးေစသည္။ ကားဟာ အမွန္တကယ္ကို ယမ္းခါေနေတာ့သည္။
လီေဟြ႕က လမ္းျပသည္။ လမ္းကို လမ္းက်ဥ္းငယ္ေလးမ်ားစြာ ခြဲထားေသာေၾကာင့္ အေကြ႕အေကာက္က အလြန္မ်ားလွသည္။ ထိုသို႔ျဖင့္ ဟိုေကြ႕ဒီေကြ႕ လုပ္ေနရေလသည္။
အခ်ိန္မည္မွ် ၾကာေအာင္ ကုန္ဆုံးၿပီးမွန္း မသိေတာ့ေသာ အခ်ိန္တြင္ သူမက ရွားပါးစြာ ၿပဳံးျပလာသည္။
“ဒီလမ္းပဲ.. ေရွ႕တည့္တည့္ ဆက္သြားပါ။ ဒီလိုဆိုရင္ သိပ္မၾကာခင္ ႐ြာကို ေရာက္သြားလိမ့္မယ္”
ထိုအခါမွသာ ကားသမားဟာ စိတ္ထဲတြင္ သက္ျပင္းခ်မိေတာ့သည္။ သူ႕အေနျဖင့္ ထိုမွ် ဆိုးေသာ လမ္းကို မေမာင္းဖူးေခ်။ ထိုသို႔ျဖင့္ သိုဝွက္စြာ ရွိေနေသာ ႐ြာအေၾကာင္းျပန္ေတြးမိေသာအခါ နည္းပညာျမင့္မားေသာ ပစၥည္းမ်ား အထဲတြင္ မရွိတာ ေသခ်ာသြားသည္။
ဆယ္မိနစ္ ၾကာၿပီးေနာက္ ေျမသားအဝါေရာင္ အိမ္ေလးမ်ားက ျမင္ကြင္းအတြင္း ေပၚလာသည္။
ကားဟာ ႐ြာအျပင္တြင္ ရပ္သည္။ လီေဟြ႕က ကားထဲမွ ထြက္ၿပီးေနာက္ သူတို႔ေရာက္လာေၾကာင္းကို ဝင္ေပါက္တြင္ စုစည္းေနၾကေသာ ၾကည့္ရႈသူမ်ားကို ရွင္းျပသည္။
“ကေလးမေလးေဟြ႕.. ဒီလူေတြက ဘယ္သူေတြလဲ ငါတို႔ရဲ႕႐ြာကို မင္းနဲ႕အတူ ဘာလို႔ လာတာလဲ။ တစ္ခုခုမ်ား မွားေနလို႔လား”
“ဒီကားက သာမန္လူေတြ တတ္နိုင္တာမ်ိဳး မဟုတ္ပါဘူး။ ငါ အရင္တစ္ေခါက္ ၿမိဳ႕ႀကီးကို သြားတုန္းက ဒါမ်ိဳး ျမင္ခဲ့ဖူးတယ္။ ပိုက္ဆံအမ်ားႀကီး ကုန္မွာပဲ”
“ဒီလူေတြကို ၾကည့္ပါအုံး။ အားလုံးက ေခ်ာေမာေနၾကတာ။ အဲဒီကေလးရဲ႕ မ်က္လုံးက အစိမ္းေရာင္ သန္းေနပါလား။ ဒါေပမဲ့ ေတာ္ေတာ္ေလး လွတယ္။ အိမ္က ေကာင္စုတ္ေလးနဲ႕မ်ား တျခားစီပဲ”
လီေဟြ႕က ခပ္ျမန္ျမန္ ရွင္းျပသည္။
“ဦးေလး ကြၽန္မကို လူရွာဖို႔အတြက္ အကူအညီေတာင္းလို႔ သူတို႔က လိုက္လာခဲ့တာပါ။ အားလုံးပဲ သိေနၾကတာပဲ”
ထိုစကားကို ၾကားေသာအခါ ႐ြာသားမ်ားက နားလည္ေၾကာင္း အမူအရာ ျပၾကသည္။ သူတို႔၏မိသားစုတြင္ ရွိေသာ သတို႔သမီးအေလာင္းဟာ ေပ်ာက္သြားသည္။ ႐ြာက သူမကို ကူညီရွာေဖြေပးလို ၾကသည္။ မည္သို႔ပင္ ဆိုေစ သူမဟာ ကံဆိုးလြန္းသည္ဟု အားလုံးက ခံစားေနရေလသည္။
သူတို႔၏အစ္ကိုႀကီးက ထြက္သြားသည္ႏွင့္ မိခင္ျဖစ္သူကလည္း လိုက္ပါသြားသည္။ ယခုအခါ သမီးတစ္ေယာက္သာ က်န္ရစ္ေတာ့သည္။ လီမိသားစုမွ တစ္ဦးတည္း က်န္ေသာ လီေဟြ႕ဟာ ကိစၥေပါင္းမ်ားစြာကို ကိုင္တြယ္ရန္ တစ္ေယာက္တည္း ႐ုန္းကန္ေနရရာ လူတိုင္းက သနားၾကသည္။
ကားေဘးနားတြင္ ရပ္ေနေသာ ရွီရွန္က်င္းက တစ္႐ြာလုံးကို ၿခဳံငုံၾကည့္သည္။ အိမ္ေျခက မမ်ားေခ်။ အဓိကလမ္းမွ ခြဲထြက္ေနေသာ လမ္းဟာ တစ္ဖက္တစ္ခ်က္စီ ဦးတည္ေနသည္။ သူတို႔ ရပ္ေနေသာ ေနရာမွ ၾကည့္လွ်င္ အဆုံးကို မျမင္နိုင္ေခ်။ အိမ္မ်ားဟာ အေဝးထိ ခ်ဲ့ထြက္ေနဟန္ ရၿပီး လယ္ကြင္းထဲတြင္ ရွိေနေသာ အိမ္မ်ားစြာကို ျမင္နိုင္ေသးသည္။ အိမ္မ်ားအားလုံးဟာ သာမန္ဆန္သည္။
ရွီရွန္က်င္းက တစ္စုံတစ္ရာက မွားေနသည္ဟု ခံစားရသည္။ ထိုခံစားခ်က္ဟာ ျပင္းထန္လွသည္။
႐ြာ၏ဝင္ေပါက္သို႔ ျပန္ေျပးလာေသာ လီေဟြ႕က နီရဲေသာ မ်က္ႏွာထားျဖင့္ ေျပာသည္။
“လူႀကီးမင္းရွီ ကြၽန္မ လမ္းျပပါမယ္”
သူတို႔အဖြဲ႕ဟာ ႐ြာသားမ်ား၏ ေစာင့္ၾကည့္ေနေသာ မ်က္ဝန္းမ်ားေအာက္တြင္ ႐ြာထဲသို႔ ဝင္လိုက္ၾကသည္။ သိပ္မၾကာခင္ အခ်ိန္တြင္ လီေဟြ႕၏အိမ္က ေပၚလာသည္။ သူတို႔ ျမင္ခဲ့ရေသာ အိမ္မ်ားႏွင့္ ကြာျခားျခင္း မရွိေခ်။
“ဒါက ကြၽန္မရဲ႕အိမ္ပါ”
ရွီခ်ီက အေနာက္မွ လိုက္လာၿပီးေနာက္ ဧည့္ခန္းထဲသို႔ ေရာက္သည္။ စားပြဲရွည္ႀကီးေပၚတြင္ အမ်ိဳးသမီးႀကီးႏွင့္ လူငယ္ေလးတစ္ေယာက္ပါေသာ အျဖဴအမည္း ဓာတ္ပုံကို ျမင္လိုက္သည္။
လီေဟြ႕က သူတို႔ကို ထိုင္ခိုင္းလိုေသာ္လည္း ရွီရွန္က်င္းက အမ်ိဳးသမီး၏မိသားစုမွ ပိုင္ဆိုင္ေသာ ပစၥည္းမ်ားကို သူတို႔ကို ေပးနိုင္မည္ေလာဟု ေမးျမန္းလိုက္သည္။ သူက ထည့္ျဖည့္ေျပာလိုက္ေသးသည္။
“ဒီအမ်ိဳးသမီး အသက္ရွင္ေနခ်ိန္တုန္းက အသုံးျပဳခဲ့တဲ့ ပစၥည္းဆိုရင္ ပိုေကာင္းပါတယ္”
လီေဟြ႕က ေတြးေတာၿပီးေနာက္ အခန္းထဲသို႔ သြားကာ ေသတၱာတစ္ခုကို ယူသည္။
“ဒါက လ်ိဳမိသားစုက သူမဝတ္ဖို႔အတြက္ ျပင္ဆင္ေပးခဲ့တဲ့ လက္ေကာက္နဲ႕ လည္ဆြဲပါ ဒါေပမဲ့ အေလာင္းက ေပ်ာက္သြားေတာ့ အသုံးမဝင္ ျဖစ္သြားၿပီ”
လ်ိဳဟြားဟာ ထိုအမ်ိဳးသမီး၏ နာမည္ျဖစ္သည္။ တစ္ဦးတည္းေသာ သမီးျဖစ္ၿပီး လက္ေကာက္ႏွင့္ လည္ဆြဲ ပိုင္ဆိုင္ျခင္းကပင္ အလြန္ေကာင္းေနၿပီျဖစ္သည္။
အနီေရာင္အဝတ္ေပၚတြင္ အဝါရင့္ေရာင္ လည္ဆြဲႏွင့္ လက္ေကာက္က ရွိေနသည္။ ႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ဟန္လည္း ရကာ ေဟာင္းႏြမ္းေနသည္။ သေကၤတမ်ားက ေလ်ာ့ပါးေနေသာ္လည္း လူအမ်ားကမူ ပစၥည္းေကာင္းမွန္း သိနိုင္ေသးေလသည္။
ရွီရွန္က်င္းက ဂ႐ုတစိုက္ယူၿပီး စစ္ေဆးၾကည့္လိုက္သည္။ အခ်ိန္အတန္ ၾကာၿပီးေနာက္ သူက ေဆာင့္ေၾကာင့္ထိုင္ကာ ရွီခ်ီ၏အေရွ႕တြင္ လက္ေကာက္ကို ကိုင္ၿပီး ေမးလိုက္သည္။
“မင္း ဘာထူးျခားတာ ျမင္ရလဲ။ တစ္ခုခု ထူးျခားတာမ်ိဳး ခံစားမိလား”
ထိုကေလးျမင္နိုင္ေသာအရာက သူျမင္နိုင္သည္ႏွင့္ ကြာျခားေနနိုင္သည္။ ရွီခ်ီက မ်က္ေမွာင္ၾကဳတ္ၿပီး ထြင္းထုထားေသာ ပန္းပြင့္မ်ားကို ၾကည့္ကာ ေျပာသည္။
“ဒီေနရာရဲ႕ အျပင္ကို ထြက္လာေနတဲ့ အနီေရာင္အပ္ခ်ည္မွ်င္ေလး ရွိေနတယ္”
ရွီရွန္က်င္းက မ်က္ခုံးပင့္လိုက္သည္။
“အနီေရာင္ အပ္ခ်ည္မွ်င္လား”
ရွီခ်ီ သိပ္မၾကာခင္က ဆြဲခဲ့ေသာ အေဆာင္လက္ဖြဲ႕ကိုပင္ သူက သတိရသြားသည္။
သူက ထိုအခ်ိန္က စတင္ခဲ့ေသာေၾကာင့္ ျဖစ္ေလာက္သည္။ အရိုးရွင္းဆုံး အေဆာင္လက္ဖြဲ႕ကိုသာ ဆြဲနိုင္ခဲ့ၿပီး အခ်ိန္အတန္ၾကာ ရက္စက္ၾကမ္းတမ္းေသာ ရန္ၿငိဳးႀကီးဝိညာဥ္ကို ေအးခဲထားနိုင္စြမ္း ရွိေသာ သာမန္အက်ဆဳံး အေဆာင္လက္ဖြဲ႕ ျဖစ္ေနေသးသည္။
ရွီခ်ီ၏ အေဆာင္ေရးဆြဲစြမ္းရည္အား လက္ခံနိုင္ဖြယ္ ရွိခဲ့သည္။ ထူးထူးျခားျခား မရွိေလဘဲ ဟိုေကြ႕ ဒီေကာက္မ်ားသာ ပါဝင္ေလျခင္း ျဖစ္သည္။
သူ ထြက္သြားၿပီးေနာက္ သူက အေဆာင္လက္ဖြဲ႕၏စြမ္းရည္ကို သုံးရန္ ႀကိဳးစားခဲ့ဖူးသည္။ ရွီမိသားစုက သရဲမ်ားကို ေမြးေလ့ရွိသည္။ ရွီရွန္က်င္းဟာလည္း ကိုယ္ပိုင္သေဘာတူညီမႈမ်ားႏွင့္အတူ လက္ေတြ႕စမ္းသပ္မႈမ်ား လုပ္ခဲ့ဖူးေလသည္။ ထိုအခ်ိန္က သာမန္သရဲေလးကို သူ ရွာေဖြနိုင္ခဲ့သည္။ ထိုအေဆာင္လက္ဖြဲ႕ဟာ ထိုသာမန္သရဲေလးကို ေအးခဲေအာင္ ေအာင္ျမင္စြာ လုပ္နိုင္ခဲ့သည္။
အေဆာင္လက္ဖြဲ႕မွ သေကၤတမ်ား၏ ကြာျခားမႈအလိုက္ သရဲမ်ားကို ေအးခဲေအာင္ ရပ္တန႔္သြားေအာင္ လုပ္ရန္ ၾကာခ်ိန္က ကြာျခားသည္။ ဒါက အေဆာင္လက္ဖြဲ႕၏ စြမ္းအားကို ေရးဆြဲသူ၏ ျမင့္တင္ေပးနိုင္စြမ္းအားေပၚ မူတည္ေနေလာက္သည္။ ဖုတ္ေကာင္ ႐ုပ္ရွင္မ်ားထဲတြင္ ျမင္ဖူးထားေသာျဖစ္ရပ္မ်ိဳးလို ကိစၥမ်ားက မယုံၾကည္နိုင္ဖြယ္ ေကာင္းသည္။ ထူးျခားေသာ အေဆာင္လက္ဖြဲ႕တစ္ခု မဟုတ္လွ်င္ ႏွစ္ရာေက်ာ္ သက္တမ္းရွိေသာ သရဲတစ္ေကာင္ကို အေဆာင္လက္ဖြဲ႕ကပ္႐ုံျဖင့္ ေအးခဲသြားေအာင္ လုပ္ရန္ မျဖစ္နိုင္ေလာက္ေခ်။
မည္မွ်ၾကာေအာင္ ထိုသို႔ဆက္လက္ေအးခဲ ေနမည္နည္းဟု သိရွိရန္အတြက္ သူဟာ ကိုယ္တိုင္ခြာယူျခင္း မရွိခဲ့ေပ။ မေမွ်ာ္လင့္ထားစြာပင္ သူ ေနာက္တစ္ရက္ သြားခ်ိန္တြင္ ထိုသရဲေလးဟာ ထိုအတိုင္း ရွိေနေသးသည္။ အေဆာင္လက္ဖြဲ႕မွ စြမ္းအားကမူ ေလ်ာ့ပါးစ ျပဳလာသည္။ သို႔ေသာ္ သက္ေရာက္မႈက သူ ေမွ်ာ္လင့္ထားသည္ထက္ ပိုကဲသည္ဟု ဆိုရမည္ ျဖစ္သည္။
စတင္ခဲ့ခ်ိန္က ေန႕တစ္ဝက္ခန႔္သာ ေအးခဲနိုင္ခဲ့သည္။ ထိုအခ်ိန္က ဖခင္ကပင္ သူ႕အား အခ်ိန္အတန္ၾကာ ခ်ီးက်ဴးခဲ့ေသးေလသည္။ သူ၏ဖခင္ကသာ လက္ရွိ ရွီခ်ီကို ျမင္သြားလွ်င္ ရွားပါးေသာ ရတနာအျဖစ္ပင္ သတ္မွတ္ေလာက္သည္။
သူက ထိုသို႔ ေလွ်ာက္ေတြးေနခ်ိန္မွာပင္ ရွီခ်ီက ဆက္ေျပာလာသည္။
“ၾကည့္ရတာ.. ဒီနီေရာင္အပ္ခ်ည္မွ်င္က တစ္ခုခုနဲ႕ ဆက္ႏြယ္ေနသလိုပဲ”
ရွီရွန္က်င္းက ေမးသည္။
“တျခားတစ္ဖက္က ဘယ္ေနရာနဲ႕ ဆက္ႏြယ္ေနသလဲဆိုတာကို မင္းျမင္နိုင္လား”
ရွီခ်ီက တုံ႕ဆိုင္းသြားၿပီးေနာက္ တံခါးဘက္သို႔ ၫႊန္ျပသည္။
“အျပင္နဲ႕ ဆက္ေနတာ ေတာက္ေလွ်ာက္တြဲေလာင္းက်ၿပီး အေဝးကို ၫႊန္ေနတယ္”
ရွီရွန္က်င္းက အခ်ိန္အတန္ၾကာ ေတြးေတာၿပီးေနာက္တြင္ လီေဟြ႕ကို ေမးသည္။
“ဒီအမ်ိဳးသမီး အသက္ရွင္ေနခဲ့တုန္းက ဒီလက္ေကာက္ကို ဝတ္ခဲ့တာလား”
လီေဟြ႕ကလည္း တစ္ဖက္လူက ဘာေၾကာင့္ ေမးလာမွန္း မသိေသာ္လည္း နာခံစြာ ေျဖသည္။
“ဟုတ္ပါတယ္။ လ်ိဳဟြားရဲ႕မိဘေတြက သူမကို အရင္က ဝယ္ေပးခဲ့တာေလ။ ဒီေတာ့.. ေသသြားၿပီးမွ ခြၽတ္ခဲ့တာ”
ရွီရွန္က်င္း၏ မ်က္ႏွာက တည္တင္းသြားသည္။ လ်ိဳဟြား၏ ေသဆုံးမႈဟာ လွ်ို႔ဝွက္ခ်က္ႀကီး ျဖစ္ေနေလာက္ၿပီး တျခားသူမ်ားက သတ္ခဲ့ျခင္းပင္ ျဖစ္နိုင္သည္။ ထို႔အျပင္ သူမေသၿပီး ၁၃ရက္ေျမာက္ေန႕တြင္ အေလာင္းေပ်ာက္သြားသည့္ ကိစၥႏွင့္ ဆက္စပ္ၾကည့္မည္ ဆိုလွ်င္..
သူဟာ ေလးနက္ေသာေလသံျဖင့္ ေျပာလိုက္သည္။
“ရွီခ်ီ ေရွ႕က ဦးေဆာင္သြားၿပီး အဲဒီအနီေရာင္ႀကိဳးတန္း ဘယ္ေနရာမွာ အဆုံးသတ္မလဲ ၾကည့္ရေအာင္ ငါတို႔ အဲဒီထူးျခားတဲ့ေနရာကို သြားရွာရေအာင္..”
ရွီခ်ီက ထိတ္လန႔္စြာျဖင့္ ေခါင္းညိတ္ၿပီး ဩရွစြာ ျပန္ေျဖသည္။
“ေကာင္းၿပီေလ”
…
ငါ ျမင္ခ်င္တယ္။ အဲဒီမ်က္ႏွာက ဘယ္လိုမ်ိဳးမ်ား ျဖစ္ေနလိမ့္မလဲ..
…..
ရွီခ်ီရဲ႕လွ်ို႔ဝွက္ဒိုင္ယာရီေလး…
စာေရးသူမွာ ေျပာစရာရွိပါတယ္..
အိမ္ကို ၾကည့္ဖို႔အတြက္ တစ္ဦးတည္း ခ်န္ထားရစ္ခဲ့ရတဲ့ အဘြားအို - နင္မုန႔္
…