ဂျိုလိုဒေးဗစ်ရဲ့ စံအိမ်က သိပ်ကိုခမ်းနားသောပါပဲ။
မြို့တော်ဝန်အိမ်ရဲ့အပြင်အဆင်နီးပါးထိ တန်ဖိုးမြင့်ပစ္စည်းတွေကိုသုံးထားတာကြောင့် နန်းတော်ဆောင်တစ်ခုလိုမျိုး ကြီးကျယ်နေပါတယ်။
" မစ္စတာ နဲ့ မစ္စ တို့ ကြွပါ ''
ညစာစားပွဲရဲ့ ပုံစံကို အရမ်းလူရှုပ်နေမယ်လို့ထင်ခဲ့မိသော မြို့တော်ဝန်ဂါဘရီရယ်လ်ရဲ့ အတွေးက တက်တက်စင်အောင် လွဲမှားနေသည်။
တစ်အိမ်လုံးမှာ တိတ်ဆိတ်ငြိမ်သက်လျက်ရှိပြီး ဂန္တဝင်ဆန်ဆန်တေးသီချင်းက ငြိမ့်ညောင်းသာယာစွာ ခပ်တိုးတိုး ပျံ့လွင့်နေရုံ။
" ရောက်လာကြပြီလား ၊ ထိုင်ပါအုန်းဗျာ ''
လောကွတ်ပြုလာသူကား အသက်အရွယ်အားဖြင့် မစ္စတာဂါဘရီရယ်လ်ထက် ၁၁ နှစ်လောက်တော့ ငယ်လိမ့်မည်။
" ကျွန်တော်က ဂျိုလိုဒေးဗစ်ပါ ''
" အင်း တွေ့ရတာဝမ်းသာပါတယ် ''
" ဟုတ်ကဲ့.. ထမင်းစားပွဲပြင်ဆင်လိုက်တော့''
ဂျိုလိုက ယောက္ခမလောင်းကိုပြန်ဖြေပေးပြီး အနောက်က အိမ်ထိန်းကြီး ကို ခိုင်းစေလိုက်သည်။
မကြာမီအချိန်မှာပဲ ထမင်းစားဖို့အဆင်သင့်ဖြစ်နေကြောင်းကို အိမ်ထိန်းကြီးက လာရောက်ပြောကြားလာသည်မို့ ထမင်းစားခန်းဆီ ထလာခဲ့ကြသည်။
ကောင်းမွန်စွာ ဧည့်ဝတ်ပြုပြီး မျက်နှာရွှင်ပျနေသော ဂျိုလိုက အလုပ်ကိစ္စနဲ့ ပတ်သတ်ပြီး အခုထိ ဘာမှ မပြောကြားသေးပေ။
ထမင်းစားပြီးလို့ အချိုပွဲတွေတောင် မျက်စိရှေ့မှာ ရောက်ရှိနေပြီ။
" မစ္စတာဒေးဗစ်က အကျိုးတူပူးပေါင်းမယ့်ကိစ္စကို ဘယ်လိုများစီစဉ်ထားတာလဲ ''
" အဲ့ဒါက မစ္စတာတို့ကြိုက်သလိုစီမံပါ ၊ ကျွန်တော်က မစွက်ဖက်ပါဘူး၊ အခုလိုညစာစားဖို့ တကူးတကဖိတ်ကြားတာက အခြားကိစ္စကြောင့်ပါ''
" ....''
" ကျွန်တော်က ခရစ်စတန်လေးကို မေတ္တာရှိတာမို့မစ္စတာတို့ဘက်က ဘယ်လိုသဘောရသလဲ ''
" အဲ့ဒါက.. ဘာ!!!''
ရုတ်တရက် ထအော်လာတဲ့ မစ္စတာဂါဘရီရယ်က
ဂျိုလိုကို စူးစိုက်ကြည့်နေခဲ့သည်။
...........
" မမ ကျွန်တော် လူတစ်ယောက်ကို အရမ်းချစ်သွားခဲ့တယ် ''
ကော့တေးက သိပ်ပြင်းပုံရသည်။ တစ်ခွက်တည်းသောက်ပြီး မောင်လေးက ရီဝေဝေဖြစ်နေပြီမို့ ဇိုဝီက ရယ်ကျဲကျဲ။
မောင်လေးရဲ့ မျက်နှာလေးက ချစ်ဖို့ကောင်းနေပေမယ့် ပြောလာတဲ့ စကားကို သိပ်သဘောမကျပေ။
ဒါပေမယ့် အဲ့ဒီလူက ဝမ်ရိပေါ်ဆိုတဲ့ သူဖြစ်နေမလားတွေးမိတော့ ရင်ထဲထိတ်ခနဲ။
" မမ သိလား ၊ ကျွန်တော် သူ့ကို သနားတယ် ၊ သူက ကျွန်တော့်ကို တကယ်ချစ်တာ ''
" ဘယ်သူများပါလိမ့် ၊ ပြောစမ်းပါအုံး၊ နားထောင်ကြည့်ရအောင်''
" သူက ကျွန်တော်နဲ့ ပေါင်းလာတာ အရင်ကမ္ဘာတွေကတည်းကလေ ''
" အော် ''
ဇိုဝီက မျက်နှာလေးပျက်ကာ တိုးတိုးလေး ရေရွတ်ပြီး မောင်လေးကို နှမြောတသကြည့်ကာ ငြိမ်သက်သွားသည် ။
...............
ဂျိုလိုဒေးဗစ်က အိပ်ယာထက်မှာ လက်တော့ပ်လေးနဲ့ အလုပ်လုပ်နေရင်း သက်ပြင်းတွေသာ အကြိမ်ကြိမ်ချနေမိသည်။
မစ္စတာဂါဘရီရယ်လ်က ဘာ့ကြောင့် သူ့ကို သားမက်တော်ဖို့ငြင်းဆန်ရတာလဲ။
သူက ရုပ်ရည်၊ ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာမှု၊ အရာရာတိုင်းမှာ အမြဲနံပါတ်တစ် ဖြစ်နေတဲ့ ကျိကျိတက်သူဋ္ဌေးတစ်ဦးလေ။
ဂျိုလိုက သူ့ရဲ့အသက်ကို မေ့ထားပုံရသည်။
ဂျိုလိုသည် ဖုန်းကိုဖွင့်ကာ ချစ်ရတဲ့ ဘေဘီလေးဆီ ဖုန်းဆက်ဖို့ ဆုံးဖြတ်လိုက်သည် ။
သဘောမတူလည်း ဘာဖြစ်တုန်း?။
ကလေးလေးကို ခိုးပြေးပြီး တခြားနိုင်ငံအထိ သွားအခြေချပစ်လိုက်မှာပေါ့။
အဟက်။
ဝင်သွားပြီးမကြာခင်မှာပဲ ဖုန်းကိုပြန်ဖြေလာသော တစ်ဖက်လူက သူမျှော်လင့်နေတဲ့အသံပိုင်ရှင်လေးမဟုတ်ခဲ့။
" ဟဲလို ဒါက ခရစ်စတန်ရဲ့ဖုန်းမဟုတ်လား''
( ဟုတ်ပါတယ် ၊ ရှင်ကဘယ်သူလဲ ၊ ခရစ်စတန်နဲ့ဘယ်လိုပတ်သတ်လဲ)
" ကျွန်တော်က သူ့ယောက်ျားပါ ''
( ဘာရှင့်)
ဂျိုလိုက တစ်ဖက်မိန်းကလေးကိုအမြင်ကတ်ပါသည်။ ညအချိန်မတော်ကြီး ခရစ်စတန်နဲ့အတူရှိနေတဲ့ထိုမိန်းကလေးက မိခင်ဖြစ်သူတော့မဟုတ်လောက်ပေ။
အသံက သိပ်ငယ်တဲ့ပုံစံပင်။
ဒါ့ကြောင့် မဏ္ဍပ်တိုင်လေးမဆိုသလောက်တက်ပြလိုက်ပါရဲ့။
မှတ်လောက်သားလောက်တော့ ဖြစ်ကောင်းပါရဲ့။
( ရှင်..ရှင်ကဘယ်သူလဲ ဘာလို့မဟုတ်တမ်းတရားတွေလာပြောနေတာလဲ )
" ဟောဗျာ ၊ ဒါက အမှန်တရားပါ ကလေးမ၊ ကိုယ်ကအမှန်ပြောတာပါ ''
( ဒါဆို ကျွန်မက ဘာလို့မသိရတာလဲ )
" ကလေးမက အရေးမပါတဲ့သူမို့ ခရစ်စတန်လေးက မပြောတာနေမှာပေါ့ ''
( ရှင်..ရှင်ဘာတွေလာပြောနေတာလဲ)
ဇိုဝီ တကယ်ဒေါသထွက်နေရပြီ။ မောင်လေးကိုကြည့်လိုက်တော့လည်း အပြစ်ကင်းစင်စွာ အိပ်ပျော်နေတာမို့ မနိူးရက်ပေ။
ဒါ့ကြောင့် သူမက ဆက်ပြောလိုက်သည်။
" ဒီမှာ ရှင်အရူးထနေတာတွေရပ်လိုက်ပါ ၊ ကျွန်မက ခရစ်စတန်ရဲ့အစ်မလေ ၊ ခရစ်စတန်ရဲ့အချစ်ဆုံးအစ်မဖြစ်တဲ့ ကျွန်မက ဘာလို့ ရှင်နဲ့ မောင်လေးလက်ထပ်တာကိုမသိရတာလဲ ''
(...)
"သိပ်မဆန်းကျယ်ဘူးလားရှင် ၊ ပြောစမ်းပါအုံး ''
တစ်ဖက်လူက အသံတိတ်သွားကာ ဖုန်းကိုချသွားတော့သည်။ ကြောင်တောင်တောင်ဖြစ်သွားပုံရတဲ့ တစ်ဖက်လူကို ဘေးချိတ်ပြီး မောင်လေးကို တွဲခေါ်ကာ အိမ်ပြန်ဖို့ လုပ်ရတော့မည်ဖြစ်သည်။
ဂျိုလိုဒေးဗစ်က ကိုယ့်ပါးစပ်ကို လက်ဖဝါးနဲ့ပြန်ချကာ ကျိန်ဆဲနေခဲ့သလို ဇိုဝီကလည်း မောင်လေးဖုန်းထဲက အဘိုးကြီးဆိုတဲ့ ဖုန်းနံပါတ်ပိုင်ရှင်ကို ရှာဖွေဖို့ တေးမှတ်ထားလိုက်သည်။
........
" မောနင်း ''
မနက်စာဝိုင်းမှာ လူစုံတက်စုံ တွေ့ရပေမယ့် အတွေးများနေပုံရတဲ့ ဂါဘရီရယ်လ်တွေက မောနင်းဆိုတဲ့စကားနဲ့ နူတ်ဆက်လာသော သားချောလေးကို သတိထားမိပုံမရပေ။
" ဒယ်ဒီ ၊ မာမီ ၊ မမ ဘာတွေတွေးနေကြတာလဲ ၊ ငူငူငိုင်ငိုင်နဲ့ ''
ခရစ်စတန်က အသံနည်းနည်းမြင့်ကာ ပြောလာမှ အားလုံးက သတိဝင်လာကြပုံရသည်။
သို့ပေမယ့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အကဲခတ်နေသည့် မာမီနဲ့ဒယ်ဒီက သက်ပြင်းကို ပြိုင်တူချသည်။
ထို့နောက် ဒယ်ဒီက စကားစလာခဲ့သည်။
" ခရစ်စတန် ၊ သားကို ဒယ်ဒီတို့ အိမ်ထောင်ချပေးဖို့စီစဉ်ထားတယ် ''
" ဗျာ.. ''
ဇိုဝီကလည်း ထိုစကားကြောင့် အတွေးကမ္ဘာထဲမှ ထွက်လာခဲ့ပြီး ဒယ်ဒီကို လှမ်းကြည့်လိုက်သည်။
" ဟုတ်တယ် ၊ ဒယ်ဒီတို့ အသိမိတ်ဆွေရဲ့ သမီးလေးနဲ့ လက်ထပ်ပေးမယ် ''
".....''
" သူမနာမည်က ဂျက်စီကာတဲ့ ''
" ဗျာ..''
ဇာတ်..ဇာတ်လိုက်မနဲ့ လား။
ရှောင်းကျန့်ရဲ့ရင်ထဲမှာ ဖိုးသို့ဖပ်သပ်နဲ့ ဖြစ်သွားရသည်။
သူ့မှာ ဇာတ်လိုက်နဲ့ဇာတ်လိုက်မကိုမေ့နေခဲ့တာကြာပြီဖြစ်သည်။
မပတ်သတ်ဖြစ်လောက်ဘူးလို့ထင်ပြီး သူ့မှာသာယာနေခဲ့ရတာလေ။
အခုတော့ဘယ်လိုဖြစ်ပြီး သူက ဇာတ်လိုက်မနဲ့ လက်ထပ်ရမယ် ဖြစ်သွားတာလဲ။
Kitty လည်းပြန်မရောက်သေးဘူးဆိုတော့ သူဘာလုပ်ရပါ့မလဲ။
ဂျက်စီကာတို့မိသားစုနဲ့ ဒယ်ဒီတို့ရဲ့ ဆက်နွယ်မှုက ဘယ်လိုလဲဆိုတာ သူမသိရသေး။
အတွေးနယ်ချဲ့ရင်း မျက်နှာလေးညိုးငယ်သွားသည့် မောင်လေးကိုကြည့်ကာ ဇိုဝီက စိတ်မကောင်းဖြစ်ရသည်။
####
Zawgyi
ဂ်ိဳလိုေဒးဗစ္ရဲ႕ စံအိမ္က သိပ္ကိုခမ္းနားေသာပါပဲ။
ၿမိဳ႕ေတာ္ဝန္အိမ္ရဲ႕အျပင္အဆင္နီးပါးထိ တန္ဖိုးျမင့္ပစၥည္းေတြကိုသုံးထားတာေၾကာင့္ နန္းေတာ္ေဆာင္တစ္ခုလိုမ်ိဳး ႀကီးက်ယ္ေနပါတယ္။
" မစၥတာ နဲ႕ မစၥ တို႔ ႂကြပါ ''
ညစာစားပြဲရဲ႕ ပုံစံကို အရမ္းလူရႈပ္ေနမယ္လို႔ထင္ခဲ့မိေသာ ၿမိဳ႕ေတာ္ဝန္ဂါဘရီရယ္လ္ရဲ႕ အေတြးက တက္တက္စင္ေအာင္ လြဲမွားေနသည္။
တစ္အိမ္လုံးမွာ တိတ္ဆိတ္ၿငိမ္သက္လ်က္ရွိၿပီး ဂႏၱဝင္ဆန္ဆန္ေတးသီခ်င္းက ၿငိမ့္ေညာင္းသာယာစြာ ခပ္တိုးတိုး ပ်ံ့လြင့္ေန႐ုံ။
" ေရာက္လာၾကၿပီလား ၊ ထိုင္ပါအုန္းဗ်ာ ''
ေလာကြတ္ျပဳလာသူကား အသက္အ႐ြယ္အားျဖင့္ မစၥတာဂါဘရီရယ္လ္ထက္ ၁၁ ႏွစ္ေလာက္ေတာ့ ငယ္လိမ့္မည္။
" ကြၽန္ေတာ္က ဂ်ိဳလိုေဒးဗစ္ပါ ''
" အင္း ေတြ႕ရတာဝမ္းသာပါတယ္ ''
" ဟုတ္ကဲ့.. ထမင္းစားပြဲျပင္ဆင္လိုက္ေတာ့''
ဂ်ိဳလိုက ေယာကၡမေလာင္းကိုျပန္ေျဖေပးၿပီး အေနာက္က အိမ္ထိန္းႀကီး ကို ခိုင္းေစလိုက္သည္။
မၾကာမီအခ်ိန္မွာပဲ ထမင္းစားဖို႔အဆင္သင့္ျဖစ္ေနေၾကာင္းကို အိမ္ထိန္းႀကီးက လာေရာက္ေျပာၾကားလာသည္မို႔ ထမင္းစားခန္းဆီ ထလာခဲ့ၾကသည္။
ေကာင္းမြန္စြာ ဧည့္ဝတ္ျပဳၿပီး မ်က္ႏွာ႐ႊင္ပ်ေနေသာ ဂ်ိဳလိုက အလုပ္ကိစၥနဲ႕ ပတ္သတ္ၿပီး အခုထိ ဘာမွ မေျပာၾကားေသးေပ။
ထမင္းစားၿပီးလို႔ အခ်ိဳပြဲေတြေတာင္ မ်က္စိေရွ႕မွာ ေရာက္ရွိေနၿပီ။
" မစၥတာေဒးဗစ္က အက်ိဳးတူပူးေပါင္းမယ့္ကိစၥကို ဘယ္လိုမ်ားစီစဥ္ထားတာလဲ ''
" အဲ့ဒါက မစၥတာတို႔ႀကိဳက္သလိုစီမံပါ ၊ ကြၽန္ေတာ္က မစြက္ဖက္ပါဘူး၊ အခုလိုညစာစားဖို႔ တကူးတကဖိတ္ၾကားတာက အျခားကိစၥေၾကာင့္ပါ''
" ....''
" ကြၽန္ေတာ္က ခရစ္စတန္ေလးကို ေမတၱာရွိတာမို႔မစၥတာတို႔ဘက္က ဘယ္လိုသေဘာရသလဲ ''
" အဲ့ဒါက.. ဘာ!!!''
႐ုတ္တရက္ ထေအာ္လာတဲ့ မစၥတာဂါဘရီရယ္က
ဂ်ိဳလိုကို စူးစိုက္ၾကည့္ေနခဲ့သည္။
...........
" မမ ကြၽန္ေတာ္ လူတစ္ေယာက္ကို အရမ္းခ်စ္သြားခဲ့တယ္ ''
ေကာ့ေတးက သိပ္ျပင္းပုံရသည္။ တစ္ခြက္တည္းေသာက္ၿပီး ေမာင္ေလးက ရီေဝေဝျဖစ္ေနၿပီမို႔ ဇိုဝီက ရယ္က်ဲက်ဲ။
ေမာင္ေလးရဲ႕ မ်က္ႏွာေလးက ခ်စ္ဖို႔ေကာင္းေနေပမယ့္ ေျပာလာတဲ့ စကားကို သိပ္သေဘာမက်ေပ။
ဒါေပမယ့္ အဲ့ဒီလူက ဝမ္ရိေပၚဆိုတဲ့ သူျဖစ္ေနမလားေတြးမိေတာ့ ရင္ထဲထိတ္ခနဲ။
" မမ သိလား ၊ ကြၽန္ေတာ္ သူ႕ကို သနားတယ္ ၊ သူက ကြၽန္ေတာ့္ကို တကယ္ခ်စ္တာ ''
" ဘယ္သူမ်ားပါလိမ့္ ၊ ေျပာစမ္းပါအုံး၊ နားေထာင္ၾကည့္ရေအာင္''
" သူက ကြၽန္ေတာ္နဲ႕ ေပါင္းလာတာ အရင္ကမၻာေတြကတည္းကေလ ''
" ေအာ္ ''
ဇိုဝီက မ်က္ႏွာေလးပ်က္ကာ တိုးတိုးေလး ေရ႐ြတ္ၿပီး ေမာင္ေလးကို ႏွေျမာတသၾကည့္ကာ ၿငိမ္သက္သြားသည္ ။
...............
ဂ်ိဳလိုေဒးဗစ္က အိပ္ယာထက္မွာ လက္ေတာ့ပ္ေလးနဲ႕ အလုပ္လုပ္ေနရင္း သက္ျပင္းေတြသာ အႀကိမ္ႀကိမ္ခ်ေနမိသည္။
မစၥတာဂါဘရီရယ္လ္က ဘာ့ေၾကာင့္ သူ႕ကို သားမက္ေတာ္ဖို႔ျငင္းဆန္ရတာလဲ။
သူက ႐ုပ္ရည္၊ ပစၥည္းဥစၥာႂကြယ္ဝခ်မ္းသာမႈ၊ အရာရာတိုင္းမွာ အၿမဲနံပါတ္တစ္ ျဖစ္ေနတဲ့ က်ိက်ိတက္သူ႒ေးတစ္ဦးေလ။
ဂ်ိဳလိုက သူ႕ရဲ႕အသက္ကို ေမ့ထားပုံရသည္။
ဂ်ိဳလိုသည္ ဖုန္းကိုဖြင့္ကာ ခ်စ္ရတဲ့ ေဘဘီေလးဆီ ဖုန္းဆက္ဖို႔ ဆုံးျဖတ္လိုက္သည္ ။
သေဘာမတူလည္း ဘာျဖစ္တုန္း?။
ကေလးေလးကို ခိုးေျပးၿပီး တျခားနိုင္ငံအထိ သြားအေျခခ်ပစ္လိုက္မွာေပါ့။
အဟက္။
ဝင္သြားၿပီးမၾကာခင္မွာပဲ ဖုန္းကိုျပန္ေျဖလာေသာ တစ္ဖက္လူက သူေမွ်ာ္လင့္ေနတဲ့အသံပိုင္ရွင္ေလးမဟုတ္ခဲ့။
" ဟဲလို ဒါက ခရစ္စတန္ရဲ႕ဖုန္းမဟုတ္လား''
( ဟုတ္ပါတယ္ ၊ ရွင္ကဘယ္သူလဲ ၊ ခရစ္စတန္နဲ႕ဘယ္လိုပတ္သတ္လဲ)
" ကြၽန္ေတာ္က သူ႕ေယာက္်ားပါ ''
( ဘာရွင့္)
ဂ်ိဳလိုက တစ္ဖက္မိန္းကေလးကိုအျမင္ကတ္ပါသည္။ ညအခ်ိန္မေတာ္ႀကီး ခရစ္စတန္နဲ႕အတူရွိေနတဲ့ထိုမိန္းကေလးက မိခင္ျဖစ္သူေတာ့မဟုတ္ေလာက္ေပ။
အသံက သိပ္ငယ္တဲ့ပုံစံပင္။
ဒါ့ေၾကာင့္ မ႑ပ္တိုင္ေလးမဆိုသေလာက္တက္ျပလိုက္ပါရဲ႕။
မွတ္ေလာက္သားေလာက္ေတာ့ ျဖစ္ေကာင္းပါရဲ႕။
( ရွင္..ရွင္ကဘယ္သူလဲ ဘာလို႔မဟုတ္တမ္းတရားေတြလာေျပာေနတာလဲ )
" ေဟာဗ်ာ ၊ ဒါက အမွန္တရားပါ ကေလးမ၊ ကိုယ္ကအမွန္ေျပာတာပါ ''
( ဒါဆို ကြၽန္မက ဘာလို႔မသိရတာလဲ )
" ကေလးမက အေရးမပါတဲ့သူမို႔ ခရစ္စတန္ေလးက မေျပာတာေနမွာေပါ့ ''
( ရွင္..ရွင္ဘာေတြလာေျပာေနတာလဲ)
ဇိုဝီ တကယ္ေဒါသထြက္ေနရၿပီ။ ေမာင္ေလးကိုၾကည့္လိုက္ေတာ့လည္း အျပစ္ကင္းစင္စြာ အိပ္ေပ်ာ္ေနတာမို႔ မနိူးရက္ေပ။
ဒါ့ေၾကာင့္ သူမက ဆက္ေျပာလိုက္သည္။
" ဒီမွာ ရွင္အ႐ူးထေနတာေတြရပ္လိုက္ပါ ၊ ကြၽန္မက ခရစ္စတန္ရဲ႕အစ္မေလ ၊ ခရစ္စတန္ရဲ႕အခ်စ္ဆုံးအစ္မျဖစ္တဲ့ ကြၽန္မက ဘာလို႔ ရွင္နဲ႕ ေမာင္ေလးလက္ထပ္တာကိုမသိရတာလဲ ''
(...)
"သိပ္မဆန္းက်ယ္ဘူးလားရွင္ ၊ ေျပာစမ္းပါအုံး ''
တစ္ဖက္လူက အသံတိတ္သြားကာ ဖုန္းကိုခ်သြားေတာ့သည္။ ေၾကာင္ေတာင္ေတာင္ျဖစ္သြားပုံရတဲ့ တစ္ဖက္လူကို ေဘးခ်ိတ္ၿပီး ေမာင္ေလးကို တြဲေခၚကာ အိမ္ျပန္ဖို႔ လုပ္ရေတာ့မည္ျဖစ္သည္။
ဂ်ိဳလိုေဒးဗစ္က ကိုယ့္ပါးစပ္ကို လက္ဖဝါးနဲ႕ျပန္ခ်ကာ က်ိန္ဆဲေနခဲ့သလို ဇိုဝီကလည္း ေမာင္ေလးဖုန္းထဲက အဘိုးႀကီးဆိုတဲ့ ဖုန္းနံပါတ္ပိုင္ရွင္ကို ရွာေဖြဖို႔ ေတးမွတ္ထားလိုက္သည္။
........
" ေမာနင္း ''
မနက္စာဝိုင္းမွာ လူစုံတက္စုံ ေတြ႕ရေပမယ့္ အေတြးမ်ားေနပုံရတဲ့ ဂါဘရီရယ္လ္ေတြက ေမာနင္းဆိုတဲ့စကားနဲ႕ ႏူတ္ဆက္လာေသာ သားေခ်ာေလးကို သတိထားမိပုံမရေပ။
" ဒယ္ဒီ ၊ မာမီ ၊ မမ ဘာေတြေတြးေနၾကတာလဲ ၊ ငူငူငိုင္ငိုင္နဲ႕ ''
ခရစ္စတန္က အသံနည္းနည္းျမင့္ကာ ေျပာလာမွ အားလုံးက သတိဝင္လာၾကပုံရသည္။
သို႔ေပမယ့္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ အကဲခတ္ေနသည့္ မာမီနဲ႕ဒယ္ဒီက သက္ျပင္းကို ၿပိဳင္တူခ်သည္။
ထို႔ေနာက္ ဒယ္ဒီက စကားစလာခဲ့သည္။
" ခရစ္စတန္ ၊ သားကို ဒယ္ဒီတို႔ အိမ္ေထာင္ခ်ေပးဖို႔စီစဥ္ထားတယ္ ''
" ဗ်ာ.. ''
ဇိုဝီကလည္း ထိုစကားေၾကာင့္ အေတြးကမၻာထဲမွ ထြက္လာခဲ့ၿပီး ဒယ္ဒီကို လွမ္းၾကည့္လိုက္သည္။
" ဟုတ္တယ္ ၊ ဒယ္ဒီတို႔ အသိမိတ္ေဆြရဲ႕ သမီးေလးနဲ႕ လက္ထပ္ေပးမယ္ ''
".....''
" သူမနာမည္က ဂ်က္စီကာတဲ့ ''
" ဗ်ာ..''
ဇာတ္..ဇာတ္လိုက္မနဲ႕ လား။
ေရွာင္းက်န့္ရဲ႕ရင္ထဲမွာ ဖိုးသို႔ဖပ္သပ္နဲ႕ ျဖစ္သြားရသည္။
သူ႕မွာ ဇာတ္လိုက္နဲ႕ဇာတ္လိုက္မကိုေမ့ေနခဲ့တာၾကာၿပီျဖစ္သည္။
မပတ္သတ္ျဖစ္ေလာက္ဘူးလို႔ထင္ၿပီး သူ႕မွာသာယာေနခဲ့ရတာေလ။
အခုေတာ့ဘယ္လိုျဖစ္ၿပီး သူက ဇာတ္လိုက္မနဲ႕ လက္ထပ္ရမယ္ ျဖစ္သြားတာလဲ။
Kitty လည္းျပန္မေရာက္ေသးဘူးဆိုေတာ့ သူဘာလုပ္ရပါ့မလဲ။
ဂ်က္စီကာတို႔မိသားစုနဲ႕ ဒယ္ဒီတို႔ရဲ႕ ဆက္ႏြယ္မႈက ဘယ္လိုလဲဆိုတာ သူမသိရေသး။
အေတြးနယ္ခ်ဲ့ရင္း မ်က္ႏွာေလးညိုးငယ္သြားသည့္ ေမာင္ေလးကိုၾကည့္ကာ ဇိုဝီက စိတ္မေကာင္းျဖစ္ရသည္။
####