ကူးပြောင်းလာတိုင်း အမျိုးသားဇ...

Od Swae_Nyoe

124K 13.4K 138

ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့... Více

Description
Part 1
Part 2
Part 3
Part 4
Part 5.1
Part 5.2
Part 6
Part 7
Part 8
Part 9.1
Part 9.2
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18.1
တယ်လီဂရုရရှိပါကြောင်း..
Part 18.2
Part 18.3
Part 19.1
Part 19.2
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26.2
Part 27
Part 28
Part 29
Part 30
Part 31
Part 32
ပေးဂရု ပြီးဆုံးကြောင်း ကြေညာချက်..
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48.1
Part 48.2
Part 48.3
Part 49.1
Part 49.2
Part 49.3
Part 50.1
Part 50.2
Part 50.3
Part 51.1
Part 51.2
Part 52
Part 53.1
Part 53.2
Part 53.3
Part 54
Part 55.1
Part 55.2
Part 55.3
Part 56
Part 57.1
Part 57.2
Part 57.3
Part 58
Part 59.1
Part 59.2
Part 60.1
Part 60.2
Part 60.3
Part 61
Part 62
Part 63
Part 64
Part 65
Part 66.1
Part 66.2
Part 67
Part 68
Part 69.1
Part 69.2
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part 105
Part 106
Part 107
Part 108
Telegram ကို လာခဲ့နော်
Part 109
Part 110
Completed in Telegram
Part 111
Part 111.2

Part 26.1

1K 138 3
Od Swae_Nyoe

Unicode
အပိုင်း ၂၆.၁ ငါ သူမရဲ့မျက်နှာလေးပဲ မြင်ချင်တာပါ (၁)

နင်မုန့်က စနစ်ကို တအံ့တဩ ပြောလိုက်သည်။ 

“ငါးရက်ကြာပြီးနောက်မှာ နောက်ဆုံးတော့ ကြာရှည်စွာ ပျောက်ဆုံးနေတဲ့ ခေါ်သံကို ကြားလိုက်ရပြီပဲ”

(…)

အထီးကျန်ဆန်တဲ့ မိန်းမအိုကြီးဖြစ်ရတာ တကယ်ကြောက်ဖို့ ကောင်းလွန်းတယ်။ 

စနစ်က ပြောသည်။ .. “ဂုဏ်ယူပါတယ် နောက်ဆုံးတော အောင်မြင်သွားပြီ”

နင်မုန့်က အံ့ဩသွားသည်။ 

ငါ အရင်က သူ့အခန်းထဲမှာ ခိုးထားလိုက်တဲ့ အဲဒီစာအုပ်တွေက ကောင်းကောင်း အလုပ်လုပ်နိုင်ခဲ့တာလား။ ရှီချီက တကယ်ပဲ ဒီမိန်းမငယ်လေးနဲ့ ချစ်ကြိုက်သွားပြီလား။ 

သူမ၏ အတန်းဖော်များထံမှ သူတို့၏ နှစ်အနည်းငယ်သာ အသက်ရှိသေးသော တူလေးများက ကျောင်းတွင် ချစ်သူကောင်မလေးများ ရနေကြောင်း မကြာခဏ ပြောသံကြားဖူးသည်။ သူ့တွင်ဆိုလျှင် တစ်ယောက်ထံ ပိုနေသည်။ 

ရှီချီက ဒီလိုတော့ မဟုတ်လောက်ပါဘူးနော်။ 

အချိန်တိုအတွင်းတွင်ပင် နင်မုန့်၏အတွေးများက ကောင်းကင်ထိတိုင် ပျံသန်းတက်သွားသည်။ 

ရှီချီက စကားပြော၍ ပြီးသွားသည့်အခါ ပါးစပ်ကို ခပ်တင်းတင်း ပိတ်လိုက်ပြီး ရှက်ရွံ့သော အမူအရာမျိုးဖြင့် သူမ၏ တုံ့ပြန်မှုကိုသာ စောင့်ကြည့်နေသည်။ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။ သို့သော် အနည်းငယ် မြင်နေရသော မျက်နှာထားလေးကတင် သူမ၏အပြုံးမှ အသွင်အပြင်ကို သူ သေချာမခန့်မှန်းနိုင်ချေ။ 

ဒီလမ်းဘေးသရဲက အဘွားအိုကြီးတစ်ယောက်လို ပြုမူနေတာလား။ 

ရှီချီက သူမ၏အတွေးကို နားမလည်နိုင်ချေ။ သူမဟာ ငယ်ရွယ်နေသေးသည်မှာ သေချာသည်။ ဘာလို့ အဘွားအိုကြီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်နေသလိုမျိုး သူ့ကို မြေးလေးလို့ အချိန်တိုင်း ခေါ်နေရတာလဲ တကယ်ကို ထူးဆန်းလိုက်တာ။ 

နင်မုန့်က သူ၏ပါးကို အချိန်အတန်ကြာ ဆွဲညစ်လိုက်ပြီးမှသာ သူမ၏လျော့ရဲနေသော လက်များကို ထိန်းလိုက်နိုင်သည်။ ထို့နောက် သနားစရာကောင်းအောင် သရုပ်ဆောင်ပြီး ပြောလိုက်သည်။ 

“ဟူး.. အဘွားက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက လူတစ်ယောက်က လျစ်လျူရှုထားတာနဲ့ စားချင်သောက်ချင် စိတ်တွေ မရှိဘဲ ခံတွင်းပျက်နေခဲ့တာ”

သူမက မျက်ဝန်းထောင့်မှတစ်ဆင့် သူ့ကို ကြည့်သည်။ 

ရှီချီ “…”

နင်မုန့်အရင်က ဖရဲစေ့တွေ ထိုင်စားနေတာ သူ ရှင်းရှင်းလင်းလင်း မြင်ခဲ့တာပါ။ လီချွမ်တောင်မှ အကြိမ်အနည်းငယ် ဝယ်လာပေးခဲ့သေးတယ်။ သူ ပြန်ရောက်လာတဲ့ အကြိမ်တိုင်း အိတ်လိုက်ကြီး ပါလာတာပါ။ 

သို့ရာတွင် သူမ၏ ငိုနေသည့် အချိန်ကို ပြန်တွေးမိသွားသည့်အခါ…

ရှီချီဟာ မျက်မှောင်ကြုတ်သည်။ သူ၏ မျက်နှာလေးက ဖက်ထုပ်လေးအလား ရှုံ့မဲ့သွားသည်။ 

ဒီအိမ်ခြေရာမဲ့သရဲက သူ့အပေါ် ကြင်နာပေးပြီး ဒုက္ခပေးတာမျိုးလည်း မရှိဘူး။ သူမက ဘဝအတွေ့အကြုံ လိုချင်တာမျိုးလည်း ဖြစ်နိုင်တယ်။ 

ထိုအခြင်းအရာကို တွေးမိသည့်အခါ သူက ရုတ်တရက် နားလည်သွားသည်။ ထိုသရဲတွင် ရည်ရွယ်ချက်ကောင်း ရှိသမျှ ကာလပတ်လုံး သူက ကြောက်နေစရာ မရှိပေ။ ထို့ကြောင့် ရုတ်တရက် ပြောလိုက်သည်။ 

“အဘွား.. ကျွန်တော် မှားပါတယ်”

နင်မုန့်က သက်ပြင်းချ ဟန်ဆောင်နေဆဲ ရှိသေးသည်။ ထိုသို့ အချိန်တွင်ပင် သူ၏ စကားများကို ကြားလိုက်ရသည်။ သူမက သူ့ကို တစ်ဖန် ကြည့်လိုက်ချိန်တွင် သူ၏ သနားစဖွယ် သွင်ပြင်လေးကို မြင်လိုက်ပြီး ခေါင်းကို ပွတ်လိုက်မိတော့သည်။ သေချာစွာပင် ကောင်ငယ်လေး၏ ဆံပင်များက နူးညံ့နေပြီး မြွေပါ၏အမွေးကို ပွတ်သပ်ရသည်ထက် ပိုကောင်းသည်။ သူမက အတွေးနှင့်အတူ ပြုံးလိုက်သည်။ သူမ၏မျက်ဝန်းများက မှေးကျဉ်းသွားပြီး အဟငယ်လေးသာ ပေါ်တော့သည်။ သို့ရာတွင် ရှီချီ၏အမြင်တွင်မူ ပုံသဏ္ဌာန်က ကွာခြားနေသည်။ 

လူနှစ်ယောက်၏ စစ်ဆင်ရေးက ပြန်လည်အဆင်ပြေသွားကြောင်း မြင်သောအခါ ရှီးရှန်ကျင်းကလည်း စံအိမ်သို့ ပြန်သွားတော့သည်။ လီဟွေ့ကိုလည်း လီချွမ်က အနားယူရန် ပြန်ခေါ်သွားသည်။ သူတို့အားလုံးက နောက်တစ်နေ့ မနက်စောစောတွင် ထွက်ခွာကြမည် ဖြစ်သည်။ 

အလင်းရောင်က ကောင်းကင်ကို အပြည့်အဝ မထိုးဖောက်နိုင်ခင်မှာပင် အောက်ထပ်မှ ကြက်ဖအော်သံကို ကြားလိုက်ရသည်။ မြွေပါလေးက အရင်နိုးလာပြီး တစ်ခဏကြာ ကြမ်းခင်းတွင် မှင်တက်စွာ ထိုင်နေပြီးမှသာ အမြီးကို ရမ်းခါပြီး အသိုက်ထဲမှ လျှောက်ထွက်လာသည်။ 

ထိုအသိုက်ကို လုပ်ထားခဲ့သည်မှာ မကြာသေးချေ။ အသိုက်၏သွင်ပြင်လေးက လှပလွန်းပြီး သူ၏အကြိုက်နှင့် ကိုက်ညီနေသည်။ သူဟာ အချိန်အတန်ကြာ အိပ်ရာကို တစ်ပတ်ပတ်လျှောက်နေပြီးမှသာ အိပ်ရာပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် နူးညံ့သော စောင်ပေါ် တက်နင်းလိုက်ပြီး ခြေသည်းလေးက ကျွံကျသွားသည်။ ထိုစောင်၏အလယ်တွင် သေးငယ်သော အလုံးလေးက ဖောင်းထွက်နေတော့သည်။ 

မြွေပါလေးက အချိန်အတန်ကြာ စောင့်ကြည့်ပြီးမှသာ ခုတင်ပေါ်မှ ပြန်ခုန်ဆင်းလိုက်ပြီး လက်အိတ်ကို ဝတ်ပြီး ကုတင်ပေါ်သို့ တစ်ဖန် ပြန်တက်ကာ ရှီချီ၏မျက်နှာကို ကုပ်လိုက်သည်။ လက်အိတ်က ကြားခံနေသောကြောင့် ထုတ်ထားသော အင်အားကလည်း အတန်ငယ် လျော့ပါးသွားပြီး ယားယံသည့် ခံစားချက်ကိုသာ ဖြစ်လာစေသည်။ ရှီချီက မျက်လုံးကို ဖွင့်လိုက်ပြီးနောက် ကြားခံနေသည့် လက်အိတ်ကို မြွေပါ၏လက်သည်းမှ ဆွဲယူကာ ချွတ်လိုက်ပြီး မြွေပါကို ကြည့်သည်။ 

“ရှောင်ဟွမ်.. နောက်တစ်ခါ ဒီလိုမလုပ်နဲ့”

သူက ယောင်ဝါးဝါး ပြောလိုက်သည်။ 

မြွေပါလေးက ခေါင်းလည်း မညိတ်သလို ခေါင်းလည်း မခါချေ။ အိပ်ရာပေါ်မှသာ ခုန်ဆင်းသွားပြီး တစ်ပတ်လည် လျှောက်သွားနေပြီး နောက်ဆုံးတွင် လိုက်ကာကို ဆွဲဖွင့်သည်။ ပြီးနောက် ပြတင်းပေါက်ဘောင်ပေါ်တက်ပြီး အပြင်ဘက်မှ မြင်ကွင်းကို ကြည့်နေသည်။ ပြတင်းပေါက် ဘောင်ပေါ်မှ ကြည့်လျှင် ခြံထဲရှိ မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ကြက်ပေါက်လေးများဟာ တောက်ပနေပြီး ခေါင်းအစခြေအဆုံး အသားအပြည့် ရှိနေသည်။ သူ ကြက်ပေါက်လေးများကို ကြည့်ရုံနှင့်တင် သူ၏ပါးစပ်တွင် သွားရည်က ရွဲလာတော့သည်။ 

ရှီချီက စိတ်ထဲမထား‌ချေ။ မည်သို့ပင် ဆိုစေ သူဟာ အောက်သို့ဆင်းပြီး ခိုးမစားရဲချေ။ ထို့ကြောင့် အိပ်ရာထဲမှသာ ထွက်လိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်လိုက်သည်။ 

သူဟာ သန့်ရှင်းပြီးသောအခါ မြွေပါလေးဟာ အသက်ရှင်ရန် အကြောင်းပြချက် မရှိတော့သလိုမျိုး စိတ်ဓာတ်ကျသလို အမူအရာမျိုးဖြင့် အသိုက်ထဲသို့ ပြန်ဝင်ကာ ခွေနေသည်။ 

ရှီချီက ပြုံးလိုက်သည်။ 

သူဟာ အဝတ်အစားလဲပြီးနောက် လက်အိတ်ကို ဝတ်လိုက်ပြီး မြွေပါကို အသိုက်ထဲမှ ဆွဲထုတ်လိုက်သည်။ မြွေပါက မရုန်းကန်ဘဲ သက်တောင့်သက်သာ အနေအထားကိုသာ ရှာပြီး အမြီးကို လေထဲရမ်းလျက် ခွေလဲလိုက်သည်။ ထိုကောင်လေးဟာ ကောင်းကောင်း အဆက်ဆံ ခံချင်နေလေသည်။ သူ၏အမြီးမှ အမွေးများကပင် အပြည့်အဝ မပေါက်သေးသည့်အတွက် နေရခြင်းက မသက်မသာ ရှိနေလေရာ အနာဂတ်တွင် သူ၏ပိုးပန်းရေးရာများအတွက် သက်ရောက်မှု ရှိလာနိုင်သည်။ 

ထိုအကြောင်းကို တွေးမိသည့်အခါ စိတ်ဓာတ်ကျသွားရပြန်သည်။ ရှီချီဟာ မြွေပါကို အောက်သို့ ခေါ်လာပြီးနောက်တွင် ဧည့်ခန်းထဲတွင် လူတိုင်းက စုရုံးရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ လီချွမ်က စောစောထတတ်သည်။ သူက ဧည့်ခန်းကို သန့်ရှင်းရေး လုပ်နေပြီး ပန်းအိုးထဲ လတ်ဆတ်သော ပန်းများကို ထိုး၍ အလုပ်များနေသည်။ ထို့နောက် အချိန်အတန်ကြာ ကြည့်နေပြီးမှသာ ဆိုဖာတွင် ဝင်ထိုင်လိုက်သည်။ 

လီချွမ်က ခေါင်းလှည့်လိုက်သည်နှင့် သူ့ကို မြင်ပြီး ပြုံးလိုက်သည်။ 

“သခင်လေးရှီချီက ဘာလို့ ဒီနေ့ စောစော ထလာတာလဲ အခုမှ အာရုဏ်တက်ခါစပဲ ရှိပါသေးတယ်”

ပုံမှန်အားဖြင့် သူဟာ တစ်နာရီနောက်ကျမှသာ ထတတ်သည်။ မနေ့ညက သခင်ရှီက ရှီချီအတွက် ခွင့်တိုင်ရန် ပြောထားသဖြင့် စောစောထရန် မလိုချေ။ သို့တိုင်အောင် သူဟာ အစောကြီး နိုးလာခဲ့သေးသည်။ 

ရှီချီဟာ ဆိုဖာပေါ်တွင် လဲနေပြီဖြစ်သော မြွေပါလေးကို ကြည့်လိုက်သည်။ သူ၏ကိုယ်လုံးရှည်ပြီးက နေရာအများအပြား ယူထားသည်။ 

“သူ ကျွန်တော့်ကို လာနိုးလာ”

“တကယ်လား”

လီချွမ်က အံ့ဩသွားသည်။ ထိတွေ့ဆက်ဆံခဲ့ဖူးသည့် အခြေအနေများအရ ထိုမြွေပါဟာ သာမန်မဟုတ်ကြောင်း သူမကလည်း သိထားသည်။ အနည်းဆုံး သူတို့၏ ပြောဆိုလိုရင်းကို ထိုမြွေပါက နားလည်သည်။ တစ်ခါတရံတွင် ထိုမြွေပါ၏ မျက်လုံးများက သူမကို အထင်သေးဟန်ပင် ဖြစ်နေကြောင်း ခံစားမိသည်။ သူမက အနားသို့ လျှောက်သွားပြီး နူးညံ့သော အမွေးများကို ထိတွေ့လိုက်ကာ ပြောသည်။ 

“ဘာလို့ ရှောင်ဟွမ်လေးက ဒီနေ့ အစောကြီး အားအင်ပြတ်လပ်နေတာလဲ”

နင်မုန့်ကလည်း ဆေးကြောပြီး အောက်ထပ်သို့ ဆင်းလာချိန်တွင် သူတို့စကားပြောနေခြင်းကို မြင်လိုက်ရသည်။ သူမက ရှီချီကို ကြည့်ပြီးနောက်တွင် အတန်ငယ် ပျော်ရွှင်သွားသည်။ သူမ လုပ်သော ဆူညံသံများက မသေးသဖြင့် အားလုံးက သူမကို လှည့်ကြည့်ပြီး မြင်သွားကြသည်။ လီချွမ်က အနားသို့ လာသည်။ 

“သခင်မကြီး ဘာလို့ ဒီနေ့ အစောကြီး ထတာပါလဲ။ အလင်းရောင်တောင် မထွက်သေးပါဘူး။ ဒီနေ့.. ဘာလို့ နည်းနည်းလောက် ပိုမအိပ်တာလဲ”

နင်မုန့်က ရှီချီကို ကြည့်ပြီး ပြောသည်။ 

“ငါ့မြေးလေးက အပြင်ထွက်ဖို့ ရှိနေတာကို သေချာပေါက် စောစော ထပေးရမှာပေါ့”

ရှီချီက မျက်လုံးပြူးသွားပြီးနောက် မသက်မသာ ဖြစ်သွားဟန်ဖြင့် သူမ အမှန်ပြောနေခြင်းကို ခံစားမိကာ ခပ်တိုးတိုး ပြောလိုက်သည်။ 

“အဘွား..”

နင်မုန့်က စိတ်ထဲတွင် သဘောတကျ ဖြစ်သွားပြီး လက်ခုပ်တီးနေတော့သည်။ 

သူ၏အရင် ကြောင်တောင်တောင် အပြုအမူများကို ကောင်းကောင်းပြင်ဆင် ဆုံးမနိုင်ခဲ့ကြောင်းကို နားလည်ထားသည့်အတွက် အနာဂတ်တွင်လည်း သူမကို ထပ်ပြီး မစွန့်ပစ်စေရန် သေချာအောင် ထိုသို့ကိုင်တွယ်ရန် ဆုံးဖြတ်ထားသည်။ 

ထိုအချိန်တွင်ပင် ရှီရှန်ကျင်း၏ ပုံရိပ်က တံခါးဝတွင် ပေါ်လာသည်။ သူက ပြောသည်။ 

“ငါတို့ အခု သွားလို့ရပြီ။ အမေ အမေ အိမ်မှာ ကောင်းကေား နားလိုက်ပါအုံး”

နင်မုန့်က ပြန်ပြောလိုက်သည်။ 

“ကောင်းပြီ ဂရုစိုက်ပါ”

လီဟွေ့က အခန်းထဲမှ ထွက်လာသည့်အချိန်တွင် ထိုမြင်ကွင်းနှင့်ဆုံ သွားသည်။ သူမက သူမ၏ ပစ္စည်းများကို အလျင်စလို ထည့်သိမ်းပြီးနောက် သူမ၏အခန်းထဲမှ ဖီရှိုးအိုကြီး ထည့်ထားသော အိတ်ကို တမင်တကာ မေ့ချန်ထားရစ်ခဲ့သည်။ 

သူတို့ကသာ ရှာတွေ့သွားမည် ဆိုလျှင် သူတို့အတွက် အသုံးဝင်မည် ဆိုလျှင် ချန်ထားရစ်ခဲ့ရသည့်အတွက် ပြဿနာ မရှိချေ။ မည်သို့ပင်ဆိုစေ သူမ၏မိသားစုအတွက်လည်း အသုံးမဝင်နိုင်လေရာ တစ်ခု ချန်ထားရစ်ခဲ့ရန် ဆုံးဖြတ်လိုက်သည်။ 

ရှီချီက ရှီရှန်ကျင်း၏ အနောက်မှ လိုက်ပြီးနောက်တွင် အိမ်ထဲသို့ နောက်ဆုံးတစ်ချက် ကြည့်ပြီးမှသာ အပြင်သို့ထွက်သည်။ အဘွားဟာ ဆိုဖာပေါ်တွင် ထိုင်နေပြီး ထွက်သွားသော သူတို့အား ကြည့်နေသည်။ သူက ခေါင်း‌နောက်လှည့်လာကြောင်း မြင်သောအခါ သူမက လက်ယမ်းပြသည်။ ရှီချီပါးများက နီရဲသွားပြီး အလျင်စလို ခေါင်းလှည့်သွားတော့သည်။ 

နင်မုန့်ကလည်း ရေရွတ်လိုက်သည်။ 

“ဒီကလေးရဲ့ အပြုအမူတွေက ကို့ရို့ကားယား ဖြစ်နေပြန်ပြီ”

အဆုံးတွင် သူက ရှက်လာသောကြောင့် ခေါင်းပြန်လှည့်သွားကြောင်း တွေ့လိုက်ရသည်။ သို့သော် သူက ဘာကို ရှက်နေကြောင်း သူမက မသိချေ။ သူတို့အတူတကွ ရှိနေခဲ့သည်မှာ အချိန်အတန်ကြာပြီ ဖြစ်သဖြင့် ရှက်ရွံ့နေရန် မလိုအပ်တော့ဟုလည်း ယူဆသည်။ 

မနေ့က ရှီချီနှင့်အတူ စကားပြောခဲ့သော်လည်း နောက်ဆုံးတွင် သူပေးခဲ့သော ခံစားချက်က လွန်ခဲ့သော ရက်အနည်းငယ်ကနှင့် အတူတူသာလျှင် ဖြစ်နေခဲ့ပြီး အနည်းငယ် နွေးထွေးမှု ပါလာခြင်းကသာ ကွာခြားသွားသည်။ 

အနှေးနဲ့အမြန် အဲဒီခေါင်းသေးသေးလေးထဲမှာ ဘာတွေ တွေးနေတာလဲ ဆိုတာ ငါ ခန့်မှန်းနိုင်တော့မှာပါ။ 

တံခါးဝမှ ပျောက်ကွယ်သွားသော ပုံရိပ်များကို ကြည့်နေပြီးနောက် နင်မုန့်က တိတ်ဆိတ်စွာဖြင့် သက်ပြင်းချသည်။ အမှန်အတိုင်း ဆိုရသော် သူမကလည်း လိုက်သွားချင်သည်။ အိမ်ထဲတွင် နေရခြင်းက ပျင်းစရာကောင်းသည်။ သို့သော် သူမက အပြင်မထွက်နိုင်ချေ။ 

ဒီအဘွားအိုကြီး၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက ပုံမှန်အားဖြင့် အတန်ငယ် ကောင်းမွန်သည်။ သို့သော် သူမ သရဲနှင့် ပက်ပင်းတိုးသည့်အထိသာ ခံခဲ့ခြင်းလည်း ဖြစ်သည်။ ယခုအခါ သူမက အိမ်တွင်သာ အနားယူကာ လဲလျောင်းနေရုံသာ တတ်နိုင်တော့သည်။ 

ပို၍ဆိုးသည်မှာ ထိုသရဲဟာ အလောင်းနှင့် ဆက်စပ်နေသည်။ သူမက သူမကိုယ်တိုင် ကြိုးစားခဲ့သည့်တိုင်အောင် မည်သည့်အကူအညီမျှ မပေးနိုင်သည့်အပြင် ထိတ်လန့် ခြောက်ခြားခဲ့ရသေးသည်။ 

သူမဟာ သူတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ကောင်း ဖြစ်သွားနိုင်သည်။ ထို့ကြောင့် အိမ်တွင်သာနေပြီး စနစ်မှ ပြောပြသော အကြောင်းအရာများကို နားထောင်နေခြင်းက ပို၍ကောင်းသည်ဟု ထင်သည်။ 


Zawgyi

အပိုင္း ၂၆.၁ ငါ သူမရဲ႕မ်က္ႏွာေလးပဲ ျမင္ခ်င္တာပါ (၁)

နင္မုန႔္က စနစ္ကို တအံ့တဩ ေျပာလိုက္သည္။ 

“ငါးရက္ၾကာၿပီးေနာက္မွာ ေနာက္ဆုံးေတာ့ ၾကာရွည္စြာ ေပ်ာက္ဆုံးေနတဲ့ ေခၚသံကို ၾကားလိုက္ရၿပီပဲ”

(…)

အထီးက်န္ဆန္တဲ့ မိန္းမအိုႀကီးျဖစ္ရတာ တကယ္ေၾကာက္ဖို႔ ေကာင္းလြန္းတယ္။ 

စနစ္က ေျပာသည္။ .. “ဂုဏ္ယူပါတယ္ ေနာက္ဆုံးေတာ ေအာင္ျမင္သြားၿပီ”

နင္မုန႔္က အံ့ဩသြားသည္။ 

ငါ အရင္က သူ႕အခန္းထဲမွာ ခိုးထားလိုက္တဲ့ အဲဒီစာအုပ္ေတြက ေကာင္းေကာင္း အလုပ္လုပ္နိုင္ခဲ့တာလား။ ရွီခ်ီက တကယ္ပဲ ဒီမိန္းမငယ္ေလးနဲ႕ ခ်စ္ႀကိဳက္သြားၿပီလား။ 

သူမ၏ အတန္းေဖာ္မ်ားထံမွ သူတို႔၏ ႏွစ္အနည္းငယ္သာ အသက္ရွိေသးေသာ တူေလးမ်ားက ေက်ာင္းတြင္ ခ်စ္သူေကာင္မေလးမ်ား ရေနေၾကာင္း မၾကာခဏ ေျပာသံၾကားဖူးသည္။ သူ႕တြင္ဆိုလွ်င္ တစ္ေယာက္ထံ ပိုေနသည္။ 

ရွီခ်ီက ဒီလိုေတာ့ မဟုတ္ေလာက္ပါဘူးေနာ္။ 

အခ်ိန္တိုအတြင္းတြင္ပင္ နင္မုန႔္၏အေတြးမ်ားက ေကာင္းကင္ထိတိုင္ ပ်ံသန္းတက္သြားသည္။ 

ရွီခ်ီက စကားေျပာ၍ ၿပီးသြားသည့္အခါ ပါးစပ္ကို ခပ္တင္းတင္း ပိတ္လိုက္ၿပီး ရွက္႐ြံ႕ေသာ အမူအရာမ်ိဳးျဖင့္ သူမ၏ တုံ႕ျပန္မႈကိုသာ ေစာင့္ၾကည့္ေနသည္။ မ်က္ႏွာကို ရွင္းရွင္းလင္းလင္း မျမင္နိုင္ေခ်။ သို႔ေသာ္ အနည္းငယ္ ျမင္ေနရေသာ မ်က္ႏွာထားေလးကတင္ သူမ၏အၿပဳံးမွ အသြင္အျပင္ကို သူ ေသခ်ာမခန႔္မွန္းနိုင္ေခ်။ 

ဒီလမ္းေဘးသရဲက အဘြားအိုႀကီးတစ္ေယာက္လို ျပဳမူေနတာလား။ 

ရွီခ်ီက သူမ၏အေတြးကို နားမလည္နိုင္ေခ်။ သူမဟာ ငယ္႐ြယ္ေနေသးသည္မွာ ေသခ်ာသည္။ ဘာလို႔ အဘြားအိုႀကီးတစ္ေယာက္ရဲ႕ ခႏၶာကိုယ္ကို ပိုင္ဆိုင္ခ်င္ေနသလိုမ်ိဳး သူ႕ကို ေျမးေလးလို႔ အခ်ိန္တိုင္း ေခၚေနရတာလဲ တကယ္ကို ထူးဆန္းလိုက္တာ။ 

နင္မုန႔္က သူ၏ပါးကို အခ်ိန္အတန္ၾကာ ဆြဲညစ္လိုက္ၿပီးမွသာ သူမ၏ေလ်ာ့ရဲေနေသာ လက္မ်ားကို ထိန္းလိုက္နိုင္သည္။ ထို႔ေနာက္ သနားစရာေကာင္းေအာင္ သ႐ုပ္ေဆာင္ၿပီး ေျပာလိုက္သည္။ 

“ဟူး.. အဘြားက လြန္ခဲ့တဲ့ ရက္အနည္းငယ္ကတည္းက လူတစ္ေယာက္က လ်စ္လ်ဴရႈထားတာနဲ႕ စားခ်င္ေသာက္ခ်င္ စိတ္ေတြ မရွိဘဲ ခံတြင္းပ်က္ေနခဲ့တာ”

သူမက မ်က္ဝန္းေထာင့္မွတစ္ဆင့္ သူ႕ကို ၾကည့္သည္။ 

ရွီခ်ီ “…”

နင္မုန႔္အရင္က ဖရဲေစ့ေတြ ထိုင္စားေနတာ သူ ရွင္းရွင္းလင္းလင္း ျမင္ခဲ့တာပါ။ လီခြၽမ္ေတာင္မွ အႀကိမ္အနည္းငယ္ ဝယ္လာေပးခဲ့ေသးတယ္။ သူ ျပန္ေရာက္လာတဲ့ အႀကိမ္တိုင္း အိတ္လိုက္ႀကီး ပါလာတာပါ။ 

သို႔ရာတြင္ သူမ၏ ငိုေနသည့္ အခ်ိန္ကို ျပန္ေတြးမိသြားသည့္အခါ…

ရွီခ်ီဟာ မ်က္ေမွာင္ၾကဳတ္သည္။ သူ၏ မ်က္ႏွာေလးက ဖက္ထုပ္ေလးအလား ရႈံ႕မဲ့သြားသည္။ 

ဒီအိမ္ေျခရာမဲ့သရဲက သူ႕အေပၚ ၾကင္နာေပးၿပီး ဒုကၡေပးတာမ်ိဳးလည္း မရွိဘူး။ သူမက ဘဝအေတြ႕အႀကဳံ လိုခ်င္တာမ်ိဳးလည္း ျဖစ္နိုင္တယ္။ 

ထိုအျခင္းအရာကို ေတြးမိသည့္အခါ သူက ႐ုတ္တရက္ နားလည္သြားသည္။ ထိုသရဲတြင္ ရည္႐ြယ္ခ်က္ေကာင္း ရွိသမွ် ကာလပတ္လုံး သူက ေၾကာက္ေနစရာ မရွိေပ။ ထို႔ေၾကာင့္ ႐ုတ္တရက္ ေျပာလိုက္သည္။ 

“အဘြား.. ကြၽန္ေတာ္ မွားပါတယ္”

နင္မုန႔္က သက္ျပင္းခ် ဟန္ေဆာင္ေနဆဲ ရွိေသးသည္။ ထိုသို႔ အခ်ိန္တြင္ပင္ သူ၏ စကားမ်ားကို ၾကားလိုက္ရသည္။ သူမက သူ႕ကို တစ္ဖန္ ၾကည့္လိုက္ခ်ိန္တြင္ သူ၏ သနားစဖြယ္ သြင္ျပင္ေလးကို ျမင္လိုက္ၿပီး ေခါင္းကို ပြတ္လိုက္မိေတာ့သည္။ ေသခ်ာစြာပင္ ေကာင္ငယ္ေလး၏ ဆံပင္မ်ားက ႏူးညံ့ေနၿပီး ေႁမြပါ၏အေမြးကို ပြတ္သပ္ရသည္ထက္ ပိုေကာင္းသည္။ သူမက အေတြးႏွင့္အတူ ၿပဳံးလိုက္သည္။ သူမ၏မ်က္ဝန္းမ်ားက ေမွးက်ဥ္းသြားၿပီး အဟငယ္ေလးသာ ေပၚေတာ့သည္။ သို႔ရာတြင္ ရွီခ်ီ၏အျမင္တြင္မူ ပုံသဏၭာန္က ကြာျခားေနသည္။ 

လူႏွစ္ေယာက္၏ စစ္ဆင္ေရးက ျပန္လည္အဆင္ေျပသြားေၾကာင္း ျမင္ေသာအခါ ရွီးရွန္က်င္းကလည္း စံအိမ္သို႔ ျပန္သြားေတာ့သည္။ လီေဟြ႕ကိုလည္း လီခြၽမ္က အနားယူရန္ ျပန္ေခၚသြားသည္။ သူတို႔အားလုံးက ေနာက္တစ္ေန႕ မနက္ေစာေစာတြင္ ထြက္ခြာၾကမည္ ျဖစ္သည္။ 

အလင္းေရာင္က ေကာင္းကင္ကို အျပည့္အဝ မထိုးေဖာက္နိုင္ခင္မွာပင္ ေအာက္ထပ္မွ ၾကက္ဖေအာ္သံကို ၾကားလိုက္ရသည္။ ေႁမြပါေလးက အရင္နိုးလာၿပီး တစ္ခဏၾကာ ၾကမ္းခင္းတြင္ မွင္တက္စြာ ထိုင္ေနၿပီးမွသာ အၿမီးကို ရမ္းခါၿပီး အသိုက္ထဲမွ ေလွ်ာက္ထြက္လာသည္။ 

ထိုအသိုက္ကို လုပ္ထားခဲ့သည္မွာ မၾကာေသးေခ်။ အသိုက္၏သြင္ျပင္ေလးက လွပလြန္းၿပီး သူ၏အႀကိဳက္ႏွင့္ ကိုက္ညီေနသည္။ သူဟာ အခ်ိန္အတန္ၾကာ အိပ္ရာကို တစ္ပတ္ပတ္ေလွ်ာက္ေနၿပီးမွသာ အိပ္ရာေပၚသို႔ ခုန္တက္လိုက္သည္။ ထို႔ေနာက္ ႏူးညံ့ေသာ ေစာင္ေပၚ တက္နင္းလိုက္ၿပီး ေျခသည္းေလးက ကြၽံက်သြားသည္။ ထိုေစာင္၏အလယ္တြင္ ေသးငယ္ေသာ အလုံးေလးက ေဖာင္းထြက္ေနေတာ့သည္။ 

ေႁမြပါေလးက အခ်ိန္အတန္ၾကာ ေစာင့္ၾကည့္ၿပီးမွသာ ခုတင္ေပၚမွ ျပန္ခုန္ဆင္းလိုက္ၿပီး လက္အိတ္ကို ဝတ္ၿပီး ကုတင္ေပၚသို႔ တစ္ဖန္ ျပန္တက္ကာ ရွီခ်ီ၏မ်က္ႏွာကို ကုပ္လိုက္သည္။ လက္အိတ္က ၾကားခံေနေသာေၾကာင့္ ထုတ္ထားေသာ အင္အားကလည္း အတန္ငယ္ ေလ်ာ့ပါးသြားၿပီး ယားယံသည့္ ခံစားခ်က္ကိုသာ ျဖစ္လာေစသည္။ ရွီခ်ီက မ်က္လုံးကို ဖြင့္လိုက္ၿပီးေနာက္ ၾကားခံေနသည့္ လက္အိတ္ကို ေႁမြပါ၏လက္သည္းမွ ဆြဲယူကာ ခြၽတ္လိုက္ၿပီး ေႁမြပါကို ၾကည့္သည္။ 

“ေရွာင္ဟြမ္.. ေနာက္တစ္ခါ ဒီလိုမလုပ္နဲ႕”

သူက ေယာင္ဝါးဝါး ေျပာလိုက္သည္။ 

ေႁမြပါေလးက ေခါင္းလည္း မညိတ္သလို ေခါင္းလည္း မခါေခ်။ အိပ္ရာေပၚမွသာ ခုန္ဆင္းသြားၿပီး တစ္ပတ္လည္ ေလွ်ာက္သြားေနၿပီး ေနာက္ဆုံးတြင္ လိုက္ကာကို ဆြဲဖြင့္သည္။ ၿပီးေနာက္ ျပတင္းေပါက္ေဘာင္ေပၚတက္ၿပီး အျပင္ဘက္မွ ျမင္ကြင္းကို ၾကည့္ေနသည္။ ျပတင္းေပါက္ ေဘာင္ေပၚမွ ၾကည့္လွ်င္ ၿခံထဲရွိ ျမင္ကြင္းကို ရွင္းရွင္းလင္းလင္း ျမင္နိုင္သည္။ ၾကက္ေပါက္ေလးမ်ားဟာ ေတာက္ပေနၿပီး ေခါင္းအစေျခအဆုံး အသားအျပည့္ ရွိေနသည္။ သူ ၾကက္ေပါက္ေလးမ်ားကို ၾကည့္႐ုံႏွင့္တင္ သူ၏ပါးစပ္တြင္ သြားရည္က ႐ြဲလာေတာ့သည္။ 

ရွီခ်ီက စိတ္ထဲမထား‌ေခ်။ မည္သို႔ပင္ ဆိုေစ သူဟာ ေအာက္သို႔ဆင္းၿပီး ခိုးမစားရဲေခ်။ ထို႔ေၾကာင့္ အိပ္ရာထဲမွသာ ထြက္လိုက္ၿပီး ေရခ်ိဳးခန္းထဲသို႔ ဝင္လိုက္သည္။ 

သူဟာ သန႔္ရွင္းၿပီးေသာအခါ ေႁမြပါေလးဟာ အသက္ရွင္ရန္ အေၾကာင္းျပခ်က္ မရွိေတာ့သလိုမ်ိဳး စိတ္ဓာတ္က်သလို အမူအရာမ်ိဳးျဖင့္ အသိုက္ထဲသို႔ ျပန္ဝင္ကာ ေခြေနသည္။ 

ရွီခ်ီက ၿပဳံးလိုက္သည္။ 

သူဟာ အဝတ္အစားလဲၿပီးေနာက္ လက္အိတ္ကို ဝတ္လိုက္ၿပီး ေႁမြပါကို အသိုက္ထဲမွ ဆြဲထုတ္လိုက္သည္။ ေႁမြပါက မ႐ုန္းကန္ဘဲ သက္ေတာင့္သက္သာ အေနအထားကိုသာ ရွာၿပီး အၿမီးကို ေလထဲရမ္းလ်က္ ေခြလဲလိုက္သည္။ ထိုေကာင္ေလးဟာ ေကာင္းေကာင္း အဆက္ဆံ ခံခ်င္ေနေလသည္။ သူ၏အၿမီးမွ အေမြးမ်ားကပင္ အျပည့္အဝ မေပါက္ေသးသည့္အတြက္ ေနရျခင္းက မသက္မသာ ရွိေနေလရာ အနာဂတ္တြင္ သူ၏ပိုးပန္းေရးရာမ်ားအတြက္ သက္ေရာက္မႈ ရွိလာနိုင္သည္။ 

ထိုအေၾကာင္းကို ေတြးမိသည့္အခါ စိတ္ဓာတ္က်သြားရျပန္သည္။ ရွီခ်ီဟာ ေႁမြပါကို ေအာက္သို႔ ေခၚလာၿပီးေနာက္တြင္ ဧည့္ခန္းထဲတြင္ လူတိုင္းက စု႐ုံးေရာက္ရွိေနၿပီျဖစ္ေၾကာင္း သိလိုက္ရသည္။ လီခြၽမ္က ေစာေစာထတတ္သည္။ သူက ဧည့္ခန္းကို သန႔္ရွင္းေရး လုပ္ေနၿပီး ပန္းအိုးထဲ လတ္ဆတ္ေသာ ပန္းမ်ားကို ထိုး၍ အလုပ္မ်ားေနသည္။ ထို႔ေနာက္ အခ်ိန္အတန္ၾကာ ၾကည့္ေနၿပီးမွသာ ဆိုဖာတြင္ ဝင္ထိုင္လိုက္သည္။ 

လီခြၽမ္က ေခါင္းလွည့္လိုက္သည္ႏွင့္ သူ႕ကို ျမင္ၿပီး ၿပဳံးလိုက္သည္။ 

“သခင္ေလးရွီခ်ီက ဘာလို႔ ဒီေန႕ ေစာေစာ ထလာတာလဲ အခုမွ အာ႐ုဏ္တက္ခါစပဲ ရွိပါေသးတယ္”

ပုံမွန္အားျဖင့္ သူဟာ တစ္နာရီေနာက္က်မွသာ ထတတ္သည္။ မေန႕ညက သခင္ရွီက ရွီခ်ီအတြက္ ခြင့္တိုင္ရန္ ေျပာထားသျဖင့္ ေစာေစာထရန္ မလိုေခ်။ သို႔တိုင္ေအာင္ သူဟာ အေစာႀကီး နိုးလာခဲ့ေသးသည္။ 

ရွီခ်ီဟာ ဆိုဖာေပၚတြင္ လဲေနၿပီျဖစ္ေသာ ေႁမြပါေလးကို ၾကည့္လိုက္သည္။ သူ၏ကိုယ္လုံးရွည္ၿပီးက ေနရာအမ်ားအျပား ယူထားသည္။ 

“သူ ကြၽန္ေတာ့္ကို လာနိုးလာ”

“တကယ္လား”

လီခြၽမ္က အံ့ဩသြားသည္။ ထိေတြ႕ဆက္ဆံခဲ့ဖူးသည့္ အေျခအေနမ်ားအရ ထိုေႁမြပါဟာ သာမန္မဟုတ္ေၾကာင္း သူမကလည္း သိထားသည္။ အနည္းဆုံး သူတို႔၏ ေျပာဆိုလိုရင္းကို ထိုေႁမြပါက နားလည္သည္။ တစ္ခါတရံတြင္ ထိုေႁမြပါ၏ မ်က္လုံးမ်ားက သူမကို အထင္ေသးဟန္ပင္ ျဖစ္ေနေၾကာင္း ခံစားမိသည္။ သူမက အနားသို႔ ေလွ်ာက္သြားၿပီး ႏူးညံ့ေသာ အေမြးမ်ားကို ထိေတြ႕လိုက္ကာ ေျပာသည္။ 

“ဘာလို႔ ေရွာင္ဟြမ္ေလးက ဒီေန႕ အေစာႀကီး အားအင္ျပတ္လပ္ေနတာလဲ”

နင္မုန႔္ကလည္း ေဆးေၾကာၿပီး ေအာက္ထပ္သို႔ ဆင္းလာခ်ိန္တြင္ သူတို႔စကားေျပာေနျခင္းကို ျမင္လိုက္ရသည္။ သူမက ရွီခ်ီကို ၾကည့္ၿပီးေနာက္တြင္ အတန္ငယ္ ေပ်ာ္႐ႊင္သြားသည္။ သူမ လုပ္ေသာ ဆူညံသံမ်ားက မေသးသျဖင့္ အားလုံးက သူမကို လွည့္ၾကည့္ၿပီး ျမင္သြားၾကသည္။ လီခြၽမ္က အနားသို႔ လာသည္။ 

“သခင္မႀကီး ဘာလို႔ ဒီေန႕ အေစာႀကီး ထတာပါလဲ။ အလင္းေရာင္ေတာင္ မထြက္ေသးပါဘူး။ ဒီေန႕.. ဘာလို႔ နည္းနည္းေလာက္ ပိုမအိပ္တာလဲ”

နင္မုန႔္က ရွီခ်ီကို ၾကည့္ၿပီး ေျပာသည္။ 

“ငါ့ေျမးေလးက အျပင္ထြက္ဖို႔ ရွိေနတာကို ေသခ်ာေပါက္ ေစာေစာ ထေပးရမွာေပါ့”

ရွီခ်ီက မ်က္လုံးျပဴးသြားၿပီးေနာက္ မသက္မသာ ျဖစ္သြားဟန္ျဖင့္ သူမ အမွန္ေျပာေနျခင္းကို ခံစားမိကာ ခပ္တိုးတိုး ေျပာလိုက္သည္။ 

“အဘြား..”

နင္မုန႔္က စိတ္ထဲတြင္ သေဘာတက် ျဖစ္သြားၿပီး လက္ခုပ္တီးေနေတာ့သည္။ 

သူ၏အရင္ ေၾကာင္ေတာင္ေတာင္ အျပဳအမူမ်ားကို ေကာင္းေကာင္းျပင္ဆင္ ဆုံးမနိုင္ခဲ့ေၾကာင္းကို နားလည္ထားသည့္အတြက္ အနာဂတ္တြင္လည္း သူမကို ထပ္ၿပီး မစြန႔္ပစ္ေစရန္ ေသခ်ာေအာင္ ထိုသို႔ကိုင္တြယ္ရန္ ဆုံးျဖတ္ထားသည္။ 

ထိုအခ်ိန္တြင္ပင္ ရွီရွန္က်င္း၏ ပုံရိပ္က တံခါးဝတြင္ ေပၚလာသည္။ သူက ေျပာသည္။ 

“ငါတို႔ အခု သြားလို႔ရၿပီ။ အေမ အေမ အိမ္မွာ ေကာင္းေကား နားလိုက္ပါအုံး”

နင္မုန႔္က ျပန္ေျပာလိုက္သည္။ 

“ေကာင္းၿပီ ဂ႐ုစိုက္ပါ”

လီေဟြ႕က အခန္းထဲမွ ထြက္လာသည့္အခ်ိန္တြင္ ထိုျမင္ကြင္းႏွင့္ဆုံ သြားသည္။ သူမက သူမ၏ ပစၥည္းမ်ားကို အလ်င္စလို ထည့္သိမ္းၿပီးေနာက္ သူမ၏အခန္းထဲမွ ဖီရွိုးအိုႀကီး ထည့္ထားေသာ အိတ္ကို တမင္တကာ ေမ့ခ်န္ထားရစ္ခဲ့သည္။ 

သူတို႔ကသာ ရွာေတြ႕သြားမည္ ဆိုလွ်င္ သူတို႔အတြက္ အသုံးဝင္မည္ ဆိုလွ်င္ ခ်န္ထားရစ္ခဲ့ရသည့္အတြက္ ျပႆနာ မရွိေခ်။ မည္သို႔ပင္ဆိုေစ သူမ၏မိသားစုအတြက္လည္း အသုံးမဝင္နိုင္ေလရာ တစ္ခု ခ်န္ထားရစ္ခဲ့ရန္ ဆုံးျဖတ္လိုက္သည္။ 

ရွီခ်ီက ရွီရွန္က်င္း၏ အေနာက္မွ လိုက္ၿပီးေနာက္တြင္ အိမ္ထဲသို႔ ေနာက္ဆုံးတစ္ခ်က္ ၾကည့္ၿပီးမွသာ အျပင္သို႔ထြက္သည္။ အဘြားဟာ ဆိုဖာေပၚတြင္ ထိုင္ေနၿပီး ထြက္သြားေသာ သူတို႔အား ၾကည့္ေနသည္။ သူက ေခါင္း‌ေနာက္လွည့္လာေၾကာင္း ျမင္ေသာအခါ သူမက လက္ယမ္းျပသည္။ ရွီခ်ီပါးမ်ားက နီရဲသြားၿပီး အလ်င္စလို ေခါင္းလွည့္သြားေတာ့သည္။ 

နင္မုန႔္ကလည္း ေရ႐ြတ္လိုက္သည္။ 

“ဒီကေလးရဲ႕ အျပဳအမူေတြက ကို႔ရို႔ကားယား ျဖစ္ေနျပန္ၿပီ”

အဆုံးတြင္ သူက ရွက္လာေသာေၾကာင့္ ေခါင္းျပန္လွည့္သြားေၾကာင္း ေတြ႕လိုက္ရသည္။ သို႔ေသာ္ သူက ဘာကို ရွက္ေနေၾကာင္း သူမက မသိေခ်။ သူတို႔အတူတကြ ရွိေနခဲ့သည္မွာ အခ်ိန္အတန္ၾကာၿပီ ျဖစ္သျဖင့္ ရွက္႐ြံ႕ေနရန္ မလိုအပ္ေတာ့ဟုလည္း ယူဆသည္။ 

မေန႕က ရွီခ်ီႏွင့္အတူ စကားေျပာခဲ့ေသာ္လည္း ေနာက္ဆုံးတြင္ သူေပးခဲ့ေသာ ခံစားခ်က္က လြန္ခဲ့ေသာ ရက္အနည္းငယ္ကႏွင့္ အတူတူသာလွ်င္ ျဖစ္ေနခဲ့ၿပီး အနည္းငယ္ ေႏြးေထြးမႈ ပါလာျခင္းကသာ ကြာျခားသြားသည္။ 

အေႏွးနဲ႕အျမန္ အဲဒီေခါင္းေသးေသးေလးထဲမွာ ဘာေတြ ေတြးေနတာလဲ ဆိုတာ ငါ ခန႔္မွန္းနိုင္ေတာ့မွာပါ။ 

တံခါးဝမွ ေပ်ာက္ကြယ္သြားေသာ ပုံရိပ္မ်ားကို ၾကည့္ေနၿပီးေနာက္ နင္မုန႔္က တိတ္ဆိတ္စြာျဖင့္ သက္ျပင္းခ်သည္။ အမွန္အတိုင္း ဆိုရေသာ္ သူမကလည္း လိုက္သြားခ်င္သည္။ အိမ္ထဲတြင္ ေနရျခင္းက ပ်င္းစရာေကာင္းသည္။ သို႔ေသာ္ သူမက အျပင္မထြက္နိုင္ေခ်။ 

ဒီအဘြားအိုႀကီး၏ ႐ုပ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္မႈက ပုံမွန္အားျဖင့္ အတန္ငယ္ ေကာင္းမြန္သည္။ သို႔ေသာ္ သူမ သရဲႏွင့္ ပက္ပင္းတိုးသည့္အထိသာ ခံခဲ့ျခင္းလည္း ျဖစ္သည္။ ယခုအခါ သူမက အိမ္တြင္သာ အနားယူကာ လဲေလ်ာင္းေန႐ုံသာ တတ္နိုင္ေတာ့သည္။ 

ပို၍ဆိုးသည္မွာ ထိုသရဲဟာ အေလာင္းႏွင့္ ဆက္စပ္ေနသည္။ သူမက သူမကိုယ္တိုင္ ႀကိဳးစားခဲ့သည့္တိုင္ေအာင္ မည္သည့္အကူအညီမွ် မေပးနိုင္သည့္အျပင္ ထိတ္လန႔္ ေျခာက္ျခားခဲ့ရေသးသည္။ 

သူမဟာ သူတို႔အတြက္ ဝန္ထုပ္ဝန္ပိုး ျဖစ္ေကာင္း ျဖစ္သြားနိုင္သည္။ ထို႔ေၾကာင့္ အိမ္တြင္သာေနၿပီး စနစ္မွ ေျပာျပေသာ အေၾကာင္းအရာမ်ားကို နားေထာင္ေနျခင္းက ပို၍ေကာင္းသည္ဟု ထင္သည္။ 


Pokračovat ve čtení

Mohlo by se ti líbit

31.3K 2.8K 168
The Sovereign's Ascension. On Going. ကြီးမြတ်သော သခင်။ (လင်းယွန်) ဉာဏ်လင်းထက် ?#MC က ရှယ်ကြမ်းရင် ကြိုက်တယ် ဆိုတဲ့သူတွေ အတွက် ... ?#MC က အနိမ်ခံ ဘဝကိ...
889K 108K 200
English Name: Back to the Sixties: Farm, Get Wealthy & Raise the Cubs Associated Names:重回六零:种田发家养崽崽 Chinese Author: NanFangLiZhi Southern Lychee 南方荔枝...
266K 35.1K 131
ဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင်
3.6K 360 86
Zawgyi + Unicode Daoist Master of Qing Xuan မူရင္းေရးသားသူ - Zhong Yuan Wu Bai ဘာသာျပန္ဆိုသူ - ဇင္ေျပ Total episodes - 1024 Daoist Master of Qing Xua...