Zawgyi
ဒန္နာရီဟာ ေက်ာက္ဖ်ာကေနတစ္ဆင့္ ေက်ာက္တိုင္ေတြဆီကို အာ႐ုံစိုက္လိုက္သည္၊ဒန္နာရီဟာ နည္းလမ္းသိေနလို႔မဟုတ္ေပမယ့္ ေဂ်ာ့ဖေရးေျပာျပတဲ့အခ်က္ေတြကေန တစ္ဆင့္အနည္းငယ္နားလည္သေဘာေပါက္ေနခဲ့သည္၊
အေစာင့္အေရွာက္သားရဲေတြဟာ spirit ေတြနဲ႕ခ်ိတ္ဆက္ေနၿပီး ေဂ်ာ့ဖေရးဟာ သူ႕ရဲ႕ကိုယ္ပိုင္ spiritေၾကာင့္ အေစာင့္အေရွာက္သားရဲရဲ႕အသိအမွတ္ကိုရရွိခဲ့ျခင္းျဖစ္သည္၊ဒါေၾကာင့္ ဒန္နာရီဟာ သူ႕ရဲ႕spiritေတြကို စစ္ေဆးၾကည့္လိုက္ခ်ိန္မွာ ရႈ~ဟာ လင္းလက္ေတာက္ပလာၿပီး ထြက္ေပၚလာကာ အလယ္ေက်ာက္တိုင္ေဘးရွိ ေက်ာက္တိုင္ထိပ္ကိုသြားၿပီး လွဲအိပ္ေတာ့သည္၊ထိုခ်ိန္မွာ ရႈ~လွဲအိပ္ေနတဲ့ေက်ာက္တိုင္ဟာ လင္းလက္ေတာက္ပလာၿပီး အေရွ႕ဘက္ေတာအုပ္ႀကီးကေနလည္း က်ယ္ေလာင္တဲ့က်ားေအာ္သံထြက္ေပၚလာေတာ့သည္၊
"က်ားေအာ္သံပဲ...ဒါက... "
"ျဖစ္နိုင္တယ္... ေက်ာင္းေတာ္ရဲ႕အေစာင့္အေရွာက္ေတြထဲက 'အလင္းက်ားျဖဴေတာ္'ပဲ"စီရက္စ္စကားေၾကာင့္ ရွီရယ္လည္း ေအာ္သံဘက္ကိုၾကည့္ေနေတာ့သည္၊
ထို႔ေနာက္မွာ ဒန္နာရီရဲ႕မ်က္လုံးမ်ားဟာ ျပန္ပြင့္လာၿပီး ဒန္နာရီႏူတ္ခမ္းဟာ မဆုိစေလာက္ေလးၿပဳံးတက္သြားေတာ့သည္၊အလင္းစြမ္းအားရွိတဲ့ေမွာ္သားရဲကို ဒန္နာရီအလိုအပ္ဆုံးပင္၊ဒါမွ အတိတ္က သူမကယ္တင္နိုင္ခဲ့တဲ့အျပစ္မဲ့လူသားေတြကို ကယ္တင္နိုင္လိမ့္မည္မလား၊
အေရွ႕ဘက္ျခမ္းရွိသစ္ပင္မ်ားဟာလႈပ္ခတ္လာၿပီး ေ႐ႊေရာင္မ်က္လုံးတစ္စုံဟာ မီးေတာက္လိုေတာက္ေလာင္ေနၿပီး တစ္ကိုယ္လုံးေဖြးစြတ္ေနေပမယ့္ အနက္ေရာင္အစင္းက်ားမ်ားနဲ႕ေၾကာက္စရာအရွိန္အဝါပိုင္ဆိုင္ထားတဲ့က်ားျဖဴႀကီးဟာ ထြက္လာေတာ့သည္၊
က်ားျဖဴႀကီးရဲ႕မ်က္ဝန္းမ်ားဟာ ေက်ာက္ဖ်ာေပၚရွိဒန္နာရီဆီကိုေရာက္ရွိသြားေတာ့သည္၊ထို႔ေနာက္မွာ တေျဖးေျဖး အနားကိုတိုးကပ္လာၿပီး ဒန္နာရီကိုစိုက္ၾကည့္ၿပီးေနာက္မွာ ရႈ~ဘက္ကို လွည့္ၾကည့္လိုက္သည္၊ရႈ~ဟာ သန္းေဝေနရင္း က်ားျဖဴဆီပ်ံသန္းလာရင္း က်ားျဖဴရဲ႕ေခါင္းေပၚမွာ ရပ္လိုက္ၿပီးလွဲခ်ကာ ေခြေခြေလးျပန္အိပ္သြားေတာ့သည္၊
က်ားျဖဴႀကီးရဲ႕မ်က္ဝန္းထဲ ႏူးညံ့မႈမ်ားျဖတ္သန္းသြားေပမယ့္ ဒန္နာရီဘက္ကိုလွည့္ကာ က်ားျဖဴႀကီးကေမးလိုက္သည္၊
"ဒီအရွင္ကို ဆင့္ေခၚတာ သင္လား"
"ဟုတ္ပါတယ္ဗ်"
"သင္က ဒီအရွင္ရဲ႕စြမ္းအားကို အဘယ္နားအသုံးခ်ခ်င္လို႔လဲ"
"အတိတ္မွာ မကယ္ခဲ့တဲ့သူေတြကို ျပန္ကယ္တင္ဖို႔အတြက္ အရွင္က်ားျဖဴရဲ႕အလင္းစြမ္းအားကိုလိုအပ္တယ္..."
"လူတခ်ိဳ႕ရဲ႕ကံၾကမၼာလမ္းေၾကာင္း ျပင္ဆင္တာက ေကာင္းကင္ကို အာခံတာပဲ ဒါက အျပစ္သင့္ေစတယ္"
"မည္သည့္ျပစ္ဒဏ္မဆို ကြၽန္ေတာ္ခံယူနိုင္တယ္...လူတစ္ေယာက္ရဲ႕ေလာဘေၾကာင့္ အျပစ္မဲ့သူေတြရဲ႕အသက္ကို ထပ္မဆုံးရႉံးေစေတာ့ဘူး... ေကာင္းကင္က ကြၽန္ေတာ့္ဝိညာဥ္ကို စုတ္ၿဖဲမလား ႀကိဳက္သလိုလုပ္ပါေစ..." ဒန္နာရီဟာ က်ားျဖဴကို ဒူးတစ္ဖက္ေထာက္ကာ အရိုအေသေပးရင္း ဆက္ေျပာလိုက္သည္၊
"အရွင္က်ားျဖဴရဲ႕စြမ္းအားကို ကြၽန္ေတာ္လိုအပ္တယ္"
က်ားျဖဴႀကီးဟာ ဒန္နာရီကိုတစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္မွာ က်ယ္ေလာင္တဲ့ဟိန္းသံနဲ႕ ေကာင္းကင္ကိုဟိန္းေဟာက္လိုက္ေတာ့သည္၊ထို႔ေနာက္မွာေတာ့ က်ားျဖဴရဲ႕ကိုယ္ဟာလင္းလက္လာၿပီးေတာ့ တစ္ေပေလာက္ရွိတဲ့အ႐ြယ္အစားထိက်ဳံ႕သြားၿပီး ခ်စ္စရာေကာင္းတဲ့က်ားေပါက္ေလးအသြင္ေျပာင္းလဲသြားေတာ့သည္၊က်ားေပါက္ေလးရဲ႕ေက်ာမွာလည္း ပ်ံသန္းနိုင္တဲ့ငွက္အေတာင္ပံတစ္စုံရွိေနၿပီး က်ားေပါက္ေလးဟာ ဒန္နာရီရင္ခြင္ထဲပ်ံသန္းသြားေတာ့သည္၊
"ဝိုးးးး ဒန္နာရီ မင္းက တကယ္ပဲပါရမီရွင္ပဲ အရွင္က်ားျဖဴက မင္းကိုလက္ခံခဲ့တာပဲ..." ရွီရယ္စကားေၾကာင့္ ဒန္နာရီဟာေခါင္းညိတ္ခ်ိန္မွာ က်ားေပါက္ေလးဟာ ရွီရယ္နဲ႕စီရက္စ္ကိုၾကည့္လိုက္ၿပီး ဒန္နာရီကို ေျပာလိုက္သည္၊
'ဒီႏွစ္ေယာက္လုံးက spiritေတြရဲ႕ကံေကာင္းမႈေတြဝန္းရံခံထားရတယ္... သူတို႔ကိုပါ ေက်ာက္ဖ်ာေပၚတက္ခိုင္းလိုက္'
ဒန္နာရီဟာ က်ားျဖဴစကားေၾကာင့္ ေခါင္းညိတ္လိုက္ၿပီး ရွီရယ္နဲ႕စီရက္စ္ကိုလည္း ႀကိဳးစားၾကည့္ဖို႔ေျပာလိုက္သည္၊
ရွီရယ္က အရင္သြားဖို႔ျပင္ခ်ိန္မွာ က်ားေပါက္ေလးစကားေၾကာင့္ ဒန္နာရီဟာ စီရက္စ္ကိုပါၾကည့္ရင္း
"မင္းတို႔ႏွစ္ေယာက္ တူတူသြားတာ ပိုေကာင္းတယ္" လို႔ေျပာလိုက္ေတာ့ စီရက္စ္လည္းေခါင္းညိတ္လိုက္ၿပီး ရွီရယ္ေနာက္ လိုက္သြားေတာ့သည္၊သူတို႔ဟာ ဒန္နာရီစကားကို ယုံၾကည္လက္ခံၾကသည္၊ ဘာေၾကာင့္လဲဆိုေတာ့ အေစာင့္အေရွာက္ေမွာ္သားရဲေတြဟာ ျမင့္ျမတ္ေသာစိတ္ထားရွိသူမ်ားကိုသာ ေ႐ြးခ်ယ္ၾကသည္မလား၊
ရွီရယ္နဲ႕စီရက္စ္ဟာ ေက်ာက္ဖ်ာေပၚတက္လိုက္ၿပီး အာ႐ုံစိုက္လိုက္သည္၊သူတို႔အနီးနားပတ္ဝန္းက်င္မွာ ေရနဲ႕မီးစြမ္းအင္လုံးမ်ားစုေဝးလာၿပီး ရွစ္ခုေျမာက္နဲ႕ေက်ာက္တိုင္ႀကီးဟာ လင္းလက္လာေတာသည္၊ေကာင္းကင္နဲ႕ေျမႀကီးကေန ေအာ္သံႏွစ္သံထြက္ေပၚလာခ်ိန္မွာ ရွီရယ္နဲ႕စီရက္စ္ဟာ စိတ္လႈပ္ရွားသြားေတာ့သည္၊
ေကာင္းကင္မွာ လွပတဲ့အနီေရာင္ငွက္ႀကီးဟာ ရွီ~ဆုိၿပီး က်ယ္ေလာင္စြာေအာ္ျမည္သံနဲ႕အတူ ပ်ံသန္းလာၿပီးေနာက္မွာ ေက်ာက္တိုင္ေပၚမွာ နားခိုလာေတာ့သည္၊တစ္ခ်ိန္တည္းမွာ ပတ္ဝန္းက်င္ဟာ အနည္းငယ္ေရေငြ႕မ်ားျပည့္သိပ္သြားၿပီး ေႁမြႏွာမႈတ္သံနဲ႕အတူ ႀကီးမားတဲ့အနက္ေရာင္နဲ႕အျပာအစင္းေရာစပ္ထားတဲ့ေႁမြႀကီးဟာ ေရာက္လာၿပီး ေက်ာက္တိုင္ႀကီးကို ပတ္ရင္း ရွီရယ္နဲ႕စီရက္စ္ကိုၾကည့္လာေတာ့သည္၊
"ဒါက ညီေနာင္အေစာင့္အေရွာက္သားရဲမလား..." ရွီရယ္ဟာေျပာလိုက္ၿပီးေနာက္မွာ မီးငွက္ဟာ ရွီရယ္ကိုစိုက္ၾကည့္လာေတာ့သည္၊
"သင္က ဘာလို႔ က်ဳပ္ကို ဖိတ္ေခၚရတာလဲ"
"ငါသန္မာခ်င္တယ္... ငါ့မိသားစု၊ငါ့ေနရပ္ကိုကာကြယ္ဖို႔အတြက္ပဲ စစ္ပြဲေတြက အၿမဲတေစႀကဳံေတြ႕ရတာပဲေလ ဒါေၾကာင့္ ငါ့ေဒသကိုကာကြယ္ဖို႔အတြက္ ငါတကိုယ္ေကာင္းဆန္ပါေစ ငါသန္မာေစတယ္"ရွီရယ္စကားေၾကာင့္ မီးငွက္ရဲ႕မ်က္ဝန္းမ်ားဟာေတာက္ပသြားေတာ့သည္၊ထို႔ေနာက္မွာ ေႁမြျပာကလည္း စီရက္စ္ကို တူညီေသာေမးခြန္းေမးလိုက္သည္၊
"သူ႕ရဲ႕ဆႏၵကိုျဖည့္ဆည္းနိုင္ဖို႔ ကြၽန္ေတာ္သန္မာခ်င္တယ္" ရွီရယ္ကိုတစ္ခ်က္ၾကည့္ရင္း စီရက္စ္ဟာေျဖလိုက္သည္၊ထို႔ေနာက္မွာ သားရဲႏွစ္ေကာင္ဟာ ခ်စ္းရာေကာင္းတဲ့အသြင္ေလးေတြေျပာင္းသြားၿပီး ရွီရယ္နဲ႕စီရက္စ္ရဲ႕ပခုံးေပၚတက္သြားေတာ့သည္၊
"ေက်းဇူးတင္ပါတယ္ ဒန္နာရီ" စီရက္စ္စကားေၾကာင့္ ဒန္နာရီဟာေခါင္းညိတ္လိုက္သည္၊
"ဒါက မင္းတို႔ေရစက္ပဲေလ... "
ထို႔ေနာက္မွာေတာ့ ဒန္နာရီတို႔ကို စီနီယာေတြေပးထားတဲ့ကပ္ျပားေတြဟာလင္းလက္ေတာက္ပလာၿပီး ေနရာကူးေျပာင္းေရးစက္ဝိုင္းေပၚလာၿပီးေနာက္မွာ ေတာအုပ္ထဲရွိ ေက်ာင္းသားမ်ားတစ္ေယာက္ၿပီးတစ္ေယာက္ေပ်ာက္သြားေတာ့သည္၊
ဒန္နာရီတို႔ဟာ မ်က္စိတမွိတ္အတြင္းမွာ က်ယ္ဝန္းတဲ့ေက်ာင္းဝန္းႀကီးထဲကိုေရာက္လာၿပီးေနာက္မွာ ဒန္နာရီတို႔ဟာ ႀကီးမားတဲ့႐ုပ္ထုႀကီးေရွ႕ရပ္ေနၾကေတာ့သည္၊
"ဒါက ေက်ာင္းေတာ္ထဲမွာထင္တယ္..." ရွီရယ္ကေျပာလိုက္ၿပီး သူဟာ ႐ုပ္ထုႀကီးကို ၾကည့္လိုက္သည္၊
"ဒါက ဘယ္သူလဲမသိဘူး" ဒန္နာရီတို႔ကလည္း ႐ုပ္ထုႀကီးကိုၾကည့္ရင္း ရွီရယ္အေမးကိုျပန္မေျဖပဲေနလိုက္သည္၊ ဘာလို႔လဲဆိုေတာ့ သူတို႔လည္း ဒီ႐ုပ္ထုအေၾကာင္းမသိေသာေၾကာင့္ျဖစ္သည္၊
"အဟမ္း မိုင္နိုးရက္စ္ေက်ာင္းေတာ္ႀကီးကေန ႀကိဳဆိုပါတယ္" အေပၚကေနထြက္လာတာေၾကာင့္ သူတို႔ဟာေမာ့ၾကည့္လိုက္ေတာ့ ေမွာ္စက္ဝိုင္းေပၚမွာရပ္ေနတဲ့ အသက္အ႐ြယ္အိုမင္းလွတဲ့ေမွာ္ဆရာခုႏွစ္ဦးကို ေတြ႕လိုက္ရသည္၊
"ဒီႏွစ္ေတာ့ ေက်ာင္းသားသစ္မ်ားသားပဲ" ထိုခုႏွစ္ဦးထဲက တစ္ဦးကေျပာလိုက္သည္၊
"ၿပီးေတာ့ မထင္ထားစရာေတြျဖစ္ေပၚခဲ့တာပဲ..."
"ဟုတ္တယ္ ငါတို႔အေစာင့္အေရွာက္သားရဲေက်ာက္တိုင္ ေလးတိုင္ျမည္ဟိန္းခဲ့တယ္ေလ..."
ထိုစကားေၾကာင့္ ဒန္နာရီဟာ က်န္တဲ့ႏွစ္ဦးက သူတို႔နဲ႕ေနရာမတူတဲ့အဖြဲ႕ကျဖစ္မည္ဆိုတာ သေဘာေပါက္လိုက္သည္၊ဘာလို႔လဲဆိုေတာ့ ရွီရယ္နဲ႕စီရက္စ္ဟာ ေက်ာက္တိုင္တစ္တိုင္ထဲမလား၊
က်န္တဲ့ႏွစ္ဦးက ဘယ္သူလဲ...၊
-*-*-*-*-*-*-*-*-*
Chapter -86ေမွ်ာ္
-*-*-*-*-*-*
Unicode
ဒန်နာရီဟာ ကျောက်ဖျာကနေတစ်ဆင့် ကျောက်တိုင်တွေဆီကို အာရုံစိုက်လိုက်သည်၊ဒန်နာရီဟာ နည်းလမ်းသိနေလို့မဟုတ်ပေမယ့် ဂျော့ဖရေးပြောပြတဲ့အချက်တွေကနေ တစ်ဆင့်အနည်းငယ်နားလည်သဘောပေါက်နေခဲ့သည်၊
အစောင့်အရှောက်သားရဲတွေဟာ spirit တွေနဲ့ချိတ်ဆက်နေပြီး ဂျော့ဖရေးဟာ သူ့ရဲ့ကိုယ်ပိုင် spiritကြောင့် အစောင့်အရှောက်သားရဲရဲ့အသိအမှတ်ကိုရရှိခဲ့ခြင်းဖြစ်သည်၊ဒါကြောင့် ဒန်နာရီဟာ သူ့ရဲ့spiritတွေကို စစ်ဆေးကြည့်လိုက်ချိန်မှာ ရှု~ဟာ လင်းလက်တောက်ပလာပြီး ထွက်ပေါ်လာကာ အလယ်ကျောက်တိုင်ဘေးရှိ ကျောက်တိုင်ထိပ်ကိုသွားပြီး လှဲအိပ်တော့သည်၊ထိုချိန်မှာ ရှု~လှဲအိပ်နေတဲ့ကျောက်တိုင်ဟာ လင်းလက်တောက်ပလာပြီး အရှေ့ဘက်တောအုပ်ကြီးကနေလည်း ကျယ်လောင်တဲ့ကျားအော်သံထွက်ပေါ်လာတော့သည်၊
"ကျားအော်သံပဲ...ဒါက... "
"ဖြစ်နိုင်တယ်... ကျောင်းတော်ရဲ့အစောင့်အရှောက်တွေထဲက 'အလင်းကျားဖြူတော်'ပဲ"စီရက်စ်စကားကြောင့် ရှီရယ်လည်း အော်သံဘက်ကိုကြည့်နေတော့သည်၊
ထို့နောက်မှာ ဒန်နာရီရဲ့မျက်လုံးများဟာ ပြန်ပွင့်လာပြီး ဒန်နာရီနူတ်ခမ်းဟာ မဆုိစလောက်လေးပြုံးတက်သွားတော့သည်၊အလင်းစွမ်းအားရှိတဲ့မှော်သားရဲကို ဒန်နာရီအလိုအပ်ဆုံးပင်၊ဒါမှ အတိတ်က သူမကယ်တင်နိုင်ခဲ့တဲ့အပြစ်မဲ့လူသားတွေကို ကယ်တင်နိုင်လိမ့်မည်မလား၊
အရှေ့ဘက်ခြမ်းရှိသစ်ပင်များဟာလှုပ်ခတ်လာပြီး ရွှေရောင်မျက်လုံးတစ်စုံဟာ မီးတောက်လိုတောက်လောင်နေပြီး တစ်ကိုယ်လုံးဖွေးစွတ်နေပေမယ့် အနက်ရောင်အစင်းကျားများနဲ့ကြောက်စရာအရှိန်အဝါပိုင်ဆိုင်ထားတဲ့ကျားဖြူကြီးဟာ ထွက်လာတော့သည်၊
ကျားဖြူကြီးရဲ့မျက်ဝန်းများဟာ ကျောက်ဖျာပေါ်ရှိဒန်နာရီဆီကိုရောက်ရှိသွားတော့သည်၊ထို့နောက်မှာ တဖြေးဖြေး အနားကိုတိုးကပ်လာပြီး ဒန်နာရီကိုစိုက်ကြည့်ပြီးနောက်မှာ ရှု~ဘက်ကို လှည့်ကြည့်လိုက်သည်၊ရှု~ဟာ သန်းဝေနေရင်း ကျားဖြူဆီပျံသန်းလာရင်း ကျားဖြူရဲ့ခေါင်းပေါ်မှာ ရပ်လိုက်ပြီးလှဲချကာ ခွေခွေလေးပြန်အိပ်သွားတော့သည်၊
ကျားဖြူကြီးရဲ့မျက်ဝန်းထဲ နူးညံ့မှုများဖြတ်သန်းသွားပေမယ့် ဒန်နာရီဘက်ကိုလှည့်ကာ ကျားဖြူကြီးကမေးလိုက်သည်၊
"ဒီအရှင်ကို ဆင့်ခေါ်တာ သင်လား"
"ဟုတ်ပါတယ်ဗျ"
"သင်က ဒီအရှင်ရဲ့စွမ်းအားကို အဘယ်နားအသုံးချချင်လို့လဲ"
"အတိတ်မှာ မကယ်ခဲ့တဲ့သူတွေကို ပြန်ကယ်တင်ဖို့အတွက် အရှင်ကျားဖြူရဲ့အလင်းစွမ်းအားကိုလိုအပ်တယ်..."
"လူတချို့ရဲ့ကံကြမ္မာလမ်းကြောင်း ပြင်ဆင်တာက ကောင်းကင်ကို အာခံတာပဲ ဒါက အပြစ်သင့်စေတယ်"
"မည်သည့်ပြစ်ဒဏ်မဆို ကျွန်တော်ခံယူနိုင်တယ်...လူတစ်ယောက်ရဲ့လောဘကြောင့် အပြစ်မဲ့သူတွေရဲ့အသက်ကို ထပ်မဆုံးရှူံးစေတော့ဘူး... ကောင်းကင်က ကျွန်တော့်ဝိညာဥ်ကို စုတ်ဖြဲမလား ကြိုက်သလိုလုပ်ပါစေ..." ဒန်နာရီဟာ ကျားဖြူကို ဒူးတစ်ဖက်ထောက်ကာ အရိုအသေပေးရင်း ဆက်ပြောလိုက်သည်၊
"အရှင်ကျားဖြူရဲ့စွမ်းအားကို ကျွန်တော်လိုအပ်တယ်"
ကျားဖြူကြီးဟာ ဒန်နာရီကိုတစ်ချက်ကြည့်လိုက်ပြီးနောက်မှာ ကျယ်လောင်တဲ့ဟိန်းသံနဲ့ ကောင်းကင်ကိုဟိန်းဟောက်လိုက်တော့သည်၊ထို့နောက်မှာတော့ ကျားဖြူရဲ့ကိုယ်ဟာလင်းလက်လာပြီးတော့ တစ်ပေလောက်ရှိတဲ့အရွယ်အစားထိကျုံ့သွားပြီး ချစ်စရာကောင်းတဲ့ကျားပေါက်လေးအသွင်ပြောင်းလဲသွားတော့သည်၊ကျားပေါက်လေးရဲ့ကျောမှာလည်း ပျံသန်းနိုင်တဲ့ငှက်အတောင်ပံတစ်စုံရှိနေပြီး ကျားပေါက်လေးဟာ ဒန်နာရီရင်ခွင်ထဲပျံသန်းသွားတော့သည်၊
"ဝိုးးးး ဒန်နာရီ မင်းက တကယ်ပဲပါရမီရှင်ပဲ အရှင်ကျားဖြူက မင်းကိုလက်ခံခဲ့တာပဲ..." ရှီရယ်စကားကြောင့် ဒန်နာရီဟာခေါင်းညိတ်ချိန်မှာ ကျားပေါက်လေးဟာ ရှီရယ်နဲ့စီရက်စ်ကိုကြည့်လိုက်ပြီး ဒန်နာရီကို ပြောလိုက်သည်၊
'ဒီနှစ်ယောက်လုံးက spiritတွေရဲ့ကံကောင်းမှုတွေဝန်းရံခံထားရတယ်... သူတို့ကိုပါ ကျောက်ဖျာပေါ်တက်ခိုင်းလိုက်'
ဒန်နာရီဟာ ကျားဖြူစကားကြောင့် ခေါင်းညိတ်လိုက်ပြီး ရှီရယ်နဲ့စီရက်စ်ကိုလည်း ကြိုးစားကြည့်ဖို့ပြောလိုက်သည်၊
ရှီရယ်က အရင်သွားဖို့ပြင်ချိန်မှာ ကျားပေါက်လေးစကားကြောင့် ဒန်နာရီဟာ စီရက်စ်ကိုပါကြည့်ရင်း
"မင်းတို့နှစ်ယောက် တူတူသွားတာ ပိုကောင်းတယ်" လို့ပြောလိုက်တော့ စီရက်စ်လည်းခေါင်းညိတ်လိုက်ပြီး ရှီရယ်နောက် လိုက်သွားတော့သည်၊သူတို့ဟာ ဒန်နာရီစကားကို ယုံကြည်လက်ခံကြသည်၊ ဘာကြောင့်လဲဆိုတော့ အစောင့်အရှောက်မှော်သားရဲတွေဟာ မြင့်မြတ်သောစိတ်ထားရှိသူများကိုသာ ရွေးချယ်ကြသည်မလား၊
ရှီရယ်နဲ့စီရက်စ်ဟာ ကျောက်ဖျာပေါ်တက်လိုက်ပြီး အာရုံစိုက်လိုက်သည်၊သူတို့အနီးနားပတ်ဝန်းကျင်မှာ ရေနဲ့မီးစွမ်းအင်လုံးများစုဝေးလာပြီး ရှစ်ခုမြောက်နဲ့ကျောက်တိုင်ကြီးဟာ လင်းလက်လာတောသည်၊ကောင်းကင်နဲ့မြေကြီးကနေ အော်သံနှစ်သံထွက်ပေါ်လာချိန်မှာ ရှီရယ်နဲ့စီရက်စ်ဟာ စိတ်လှုပ်ရှားသွားတော့သည်၊
ကောင်းကင်မှာ လှပတဲ့အနီရောင်ငှက်ကြီးဟာ ရှီ~ဆုိပြီး ကျယ်လောင်စွာအော်မြည်သံနဲ့အတူ ပျံသန်းလာပြီးနောက်မှာ ကျောက်တိုင်ပေါ်မှာ နားခိုလာတော့သည်၊တစ်ချိန်တည်းမှာ ပတ်ဝန်းကျင်ဟာ အနည်းငယ်ရေငွေ့များပြည့်သိပ်သွားပြီး မြွေနှာမှုတ်သံနဲ့အတူ ကြီးမားတဲ့အနက်ရောင်နဲ့အပြာအစင်းရောစပ်ထားတဲ့မြွေကြီးဟာ ရောက်လာပြီး ကျောက်တိုင်ကြီးကို ပတ်ရင်း ရှီရယ်နဲ့စီရက်စ်ကိုကြည့်လာတော့သည်၊
"ဒါက ညီနောင်အစောင့်အရှောက်သားရဲမလား..." ရှီရယ်ဟာပြောလိုက်ပြီးနောက်မှာ မီးငှက်ဟာ ရှီရယ်ကိုစိုက်ကြည့်လာတော့သည်၊
"သင်က ဘာလို့ ကျုပ်ကို ဖိတ်ခေါ်ရတာလဲ"
"ငါသန်မာချင်တယ်... ငါ့မိသားစု၊ငါ့နေရပ်ကိုကာကွယ်ဖို့အတွက်ပဲ စစ်ပွဲတွေက အမြဲတစေကြုံတွေ့ရတာပဲလေ ဒါကြောင့် ငါ့ဒေသကိုကာကွယ်ဖို့အတွက် ငါတကိုယ်ကောင်းဆန်ပါစေ ငါသန်မာစေတယ်"ရှီရယ်စကားကြောင့် မီးငှက်ရဲ့မျက်ဝန်းများဟာတောက်ပသွားတော့သည်၊ထို့နောက်မှာ ေမြွပြာကလည်း စီရက်စ်ကို တူညီသောမေးခွန်းမေးလိုက်သည်၊
"သူ့ရဲ့ဆန္ဒကိုဖြည့်ဆည်းနိုင်ဖို့ ကျွန်တော်သန်မာချင်တယ်" ရှီရယ်ကိုတစ်ချက်ကြည့်ရင်း စီရက်စ်ဟာဖြေလိုက်သည်၊ထို့နောက်မှာ သားရဲနှစ်ကောင်ဟာ ချစ်းရာကောင်းတဲ့အသွင်လေးတွေပြောင်းသွားပြီး ရှီရယ်နဲ့စီရက်စ်ရဲ့ပခုံးပေါ်တက်သွားတော့သည်၊
"ကျေးဇူးတင်ပါတယ် ဒန်နာရီ" စီရက်စ်စကားကြောင့် ဒန်နာရီဟာခေါင်းညိတ်လိုက်သည်၊
"ဒါက မင်းတို့ရေစက်ပဲလေ... "
ထို့နောက်မှာတော့ ဒန်နာရီတို့ကို စီနီယာတွေပေးထားတဲ့ကပ်ပြားတွေဟာလင်းလက်တောက်ပလာပြီး နေရာကူးပြောင်းရေးစက်ဝိုင်းပေါ်လာပြီးနောက်မှာ တောအုပ်ထဲရှိ ကျောင်းသားများတစ်ယောက်ပြီးတစ်ယောက်ပျောက်သွားတော့သည်၊
ဒန်နာရီတို့ဟာ မျက်စိတမှိတ်အတွင်းမှာ ကျယ်ဝန်းတဲ့ကျောင်းဝန်းကြီးထဲကိုရောက်လာပြီးနောက်မှာ ဒန်နာရီတို့ဟာ ကြီးမားတဲ့ရုပ်ထုကြီးရှေ့ရပ်နေကြတော့သည်၊
"ဒါက ကျောင်းတော်ထဲမှာထင်တယ်..." ရှီရယ်ကပြောလိုက်ပြီး သူဟာ ရုပ်ထုကြီးကို ကြည့်လိုက်သည်၊
"ဒါက ဘယ်သူလဲမသိဘူး" ဒန်နာရီတို့ကလည်း ရုပ်ထုကြီးကိုကြည့်ရင်း ရှီရယ်အမေးကိုပြန်မဖြေပဲနေလိုက်သည်၊ ဘာလို့လဲဆိုတော့ သူတို့လည်း ဒီရုပ်ထုအကြောင်းမသိသောကြောင့်ဖြစ်သည်၊
"အဟမ်း မိုင်နိုးရက်စ်ကျောင်းတော်ကြီးကနေ ကြိုဆိုပါတယ်" အပေါ်ကနေထွက်လာတာကြောင့် သူတို့ဟာမော့ကြည့်လိုက်တော့ မှော်စက်ဝိုင်းပေါ်မှာရပ်နေတဲ့ အသက်အရွယ်အိုမင်းလှတဲ့မှော်ဆရာခုနှစ်ဦးကို တွေ့လိုက်ရသည်၊
"ဒီနှစ်တော့ ကျောင်းသားသစ်များသားပဲ" ထိုခုနှစ်ဦးထဲက တစ်ဦးကပြောလိုက်သည်၊
"ပြီးတော့ မထင်ထားစရာတွေဖြစ်ပေါ်ခဲ့တာပဲ..."
"ဟုတ်တယ် ငါတို့အစောင့်အရှောက်သားရဲကျောက်တိုင် လေးတိုင်မြည်ဟိန်းခဲ့တယ်လေ..."
ထိုစကားကြောင့် ဒန်နာရီဟာ ကျန်တဲ့နှစ်ဦးက သူတို့နဲ့နေရာမတူတဲ့အဖွဲ့ကဖြစ်မည်ဆိုတာ သဘောပေါက်လိုက်သည်၊ဘာလို့လဲဆိုတော့ ရှီရယ်နဲ့စီရက်စ်ဟာ ကျောက်တိုင်တစ်တိုင်ထဲမလား၊
ကျန်တဲ့နှစ်ဦးက ဘယ်သူလဲ...၊
-*-*-*-*-*-*-*-*-*
Chapter -86မျှော်