ကူးပြောင်းလာတိုင်း အမျိုးသားဇ...

By Swae_Nyoe

154K 15.6K 144

ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့... More

Description
Part 1
Part 2
Part 3
Part 4
Part 5.1
Part 5.2
Part 6
Part 7
Part 8
Part 9.1
Part 9.2
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18.1
တယ်လီဂရုရရှိပါကြောင်း..
Part 18.2
Part 18.3
Part 19.1
Part 19.2
Part 20
Part 21
Part 22
Part 23
Part 25
Part 26.1
Part 26.2
Part 27
Part 28
Part 29
Part 30
Part 31
Part 32
ပေးဂရု ပြီးဆုံးကြောင်း ကြေညာချက်..
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48.1
Part 48.2
Part 48.3
Part 49.1
Part 49.2
Part 49.3
Part 50.1
Part 50.2
Part 50.3
Part 51.1
Part 51.2
Part 52
Part 53.1
Part 53.2
Part 53.3
Part 54
Part 55.1
Part 55.2
Part 55.3
Part 56
Part 57.1
Part 57.2
Part 57.3
Part 58
Part 59.1
Part 59.2
Part 60.1
Part 60.2
Part 60.3
Part 61
Part 62
Part 63
Part 64
Part 65
Part 66.1
Part 66.2
Part 67
Part 68
Part 69.1
Part 69.2
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part 105
Part 106
Part 107
Part 108
Telegram ကို လာခဲ့နော်
Part 109
Part 110
Completed in Telegram
Part 111
Part 111.2
🌹ဇူလိုင်လလယ် အထူးပရိုမိုးရှင်း🌹
🌹ဇူလိုင်လလယ်ပရိုမိုးရှင်းမှာ ဘာတွေ ဖတ်ဖို ဝင်သင့်လဲ🌹
🌹🌹🌹ဇူလိုင်လလယ် အထူးပရိုမိုရှင်း နောက်ဆုံးနေ့လေးပါ🌹🌹🌹
💥ခွေးစာတွေ ကြိုက်လား။ ဒါဆို ဖတ်သင့်တာက ဒါလေးတွေနော် 👇👇

Part 24

1.3K 148 2
By Swae_Nyoe

Unicode
အခန်း ၂၄ မြေးလေးက ချစ်နေတာလား။ 

လီချွမ်သည် အဘွားအို၏ အခန်းကို သန့်ရှင်းပြီးနောက် အထက်ကို တက်ရန် ပြင်လိုက်သည်။ 

မမျှော်လင့်ထားဘဲ လှေကားဝင်ပေါက်တွင် သူမက သခင်လေးရှီသည် သူ့ခန္ဓာကိုယ် တစ်ဝက်ကို ကိုင်းကာ ဘာကို ကြည့်နေမှန်း မသိချေ။ သူမက ဖြည်းဖြည်းချင်း တက်သွားသည်။ သို့သော် သခင်လေးချီက သူမကို သတိမပြုမိပေ။ 

ပြီးနောက် သူသည် ဝင်ပေါက်ကို စိုက်ကြည့်နေသည်ပင်။ 

လီချွမ်သည် အရွယ်ရောက်ပြီးသူ ဖြစ်သည့်အတွက် သူ့ထက် အရပ်ရှည်။ လဲကြည့်လိုက်သည့်အခါ သူမြင်ရသည့် မြင်ကွင်းက သူ့ထက် များပေသည်။ သူမက အဘွားအိုနှင့် မြွေပါတို့ ကစားနေသည်ကို တွေ့ရသည်။ ဘာမှ ထူးထူးခြားခြား ရှိမနေချေ။ 

သူမက မတ်တပ်ထရပ်လိုက်ကာ ပြောလိုက်၏။ 

“သခင်လေးချီ ဘာတွေ ကြည့်နေတာလဲ”

ရှီချီက ချက်ခြင်းပင် နောက်ပြန်ဆုတ်လိုက်သည်။ သူခေါင်းကို လှည့်လိုက်သည့်အခါ သူမ၏ မျက်နှာက သူနှင့် နီးနီးကပ်ကပ် ရှိနေပြီး အံ့အားသင့်စွာဖြင့် နောက်သို့ လှမ်းလိုက်သည်။ အကယ်၍ လီချွမ်သာ သူ့ကို မဖမ်းလျှင် သူသည် အောက်ထပ်ကို ကျသွားမည် ဖြစ်သည်။ 

သူမျက်နှာက နီမြန်းသွားပြီးနောက် 

“ဘာမှ မဟုတ်ပါဘူး”

ပြောပြီးနောက် သူက ဧည့်ခန်းကို ကြည့်လိုက်သည်။ သူကြည့်နေသည်ကို သူတို့ မမြင်သည်ကို သတိထားမိသည့်အတွက် စိတ်သက်သာရာ ရသွားခဲသည်။ တစ်ချိန်တည်းတွင် သူ့နှလုံးထဲမှ ခံစားချက် တိုးတက်လာမှုကို ခံစားလိုက်ရသည်။ 

သူသည် အပေါ်ကို ပြေးတက်သွားပြီး တံခါးကို ပိတ်လိုက်သည်။ 

လီချွမ်သည် အံ့အားသင့်စွာဖြင့် ခေါင်းကုတ်လိုက်သည်။ သူမ အဘွားကို ပြန်မကြည့်ခင် ထိုအရာများအားလုံးကို မေ့သွားပြီ ဖြစ်သည်။ သူမသည် ဖြစ်ပျက်ခဲ့သည့် အရာများနှင့် ဘာမျှ မသိပေ။ 

....

နင်မုန့်သည် ထိုနှစ်ရက်တာအတွင်း အလွန်ပင် ဝမ်းနည်းပူဆွေးနေ၏။ 

ထိုကလေး ရှီချီသည် သူမကို စကားမပြောသည့်အတွက် လူပျိုပေါက်ချိန် ရောက်လာချိန် ဖြစ်နိုင်ပေသေည်။ သို့သော် သူ သူမကို မြင်သည့်အခါ သူအခန်းကို ပြန်မသွားခင်ထိ သူမကို စိုက်ကြည့်၏။ 

ထိုကိစ္စက ရက်ပေါင်းများစွာတိုင်အောင် ဖြစ်သွားသည်။ 

သူမသည် စနစ်နှင့်အတူ ဖြစ်နိုင်သည့် ကိစ္စတော်တော်များများကို ဆွေးနွေးပြီး တစ်ခုခြင်း ဖယ်ထုတ်ခဲ့သည်။ သိုသော် လူနှင့် စနစ်၏ ခံစားချက်သည် ဆုံးရှုံးနေဆဲ ဖြစ်သည်။ 

အကယ်၍ သူသာ ၇နှစ်သာ မဟုတ်ပါက သူမသည် အမှန်ပင် ရှီချီ လူပျိုပေါက်ဝင်မည်ဟု တွေးမိမည်ပင်။ သိုသော် သူဘာဖြစ်နေသနည်း။ သူ့အနေဖြင့် ကျောင်းတွင် မိန်းကလေးတစ်ယောက်ကို လိုက်နေသည်လော။ 

အကယ်၍ ထိုသို့ ဖြစ်ခဲ့ပါက ဝတ္ထု၏ အစွမ်းထက်သည့် အမျိုးသားဇာတ်ဆောင်ဖြစ်သူသည် အခြားသူများထက် စောစီးစွာ အချစ်ကို တောင်းတခဲ့ခြင်း ဖြစ်နိုင်သည်။ 

ထိုအကြောင်းကို တွေးလိုက်သည့်အခါ နင်မုန့်သည် မတတ်နိုင်ဘဲ သူကို ပညာ ပေးရတော့မည်။ 

ယခုလက်ရှိတွင် ရှီချီသည် သူမကို တိုက်ရိုက် မပြောပေ။ ထိပ်တိုက်တွေ့လျှင်လည်း အလုပ်ဖြစ်မည် မဟုတ်ပေ။ ထို့ကြောင့် သူမသည် လျှို့လျှို့ဝှက်ဝှက်ဖြင့် လုပ်ရမည် ဖြစ်သည်။ 

သူမက လီချွမ်ကို ခေါ်လိုက်ပြီးနောက် ညွှန်ကြားလိုက်သည်။ 

“အချစ်စိတ်အကြောင်းကို ပညာပေးတဲ့ စာအုပ်တချို့ သွားဝယ်လိုက်”

လီချွမ်သည် ထိုအကြောင်းကို ကြားသည့်အခါ အံ့အားသင့်သွားပြီး သိချင်စိတ်ဖြင့် မေးလိုက်တော့သည်။ 

“သခင်မကြီး ဘာလို့ ဒီစာအုပ်တွေ လိုအပ်ရတာလဲ”

နင်မုန့်က သက်ပြင်းချက်က သူမကို အသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။ 

“၁၇က ဒီနှစ်ရက် ထူးထူးခြားခြား ပြုမူနေတယ်။ ၁၇က ကျောင်းမှာ မိန်းကလေး တစ်ယောက်ယောက်ကို ကြိုက်နေတယ်လို့ ငါ ထင်တယ်။ ပြီးတော့ သူ မပျော်ရွင် ဖြစ်နေတာက ဒီကောင်မလေးကို သူ့ကို ပြန်မကြိုက်တာကြောင့် ဖြစ်ရမယ်"

သူမက ခေါင်းညိတ်ကာ အဆုံးသတ်လိုက်သည်။ သူမ ပြောသည်မှာ အဓိပ္ပာယ်ရှိသည်ဟု ထင်မိသည်။ 

လီချွမ်သည် မည့်သည့်စကားမျှ ပြန်မပြောပေ။ လှေကား မတော်တဆမှုကို ကြည့်ရင်း နားလည်မှု လွဲနေသည်ဟု ခံစားမိသည်။ သူမအနေဖြင့် ဒီအကြောင်းကို မပြောနိုင်ပေ။ ထို့ကြောင့် သူမက ပြန်ပြောလိုက်သည်။ 

“ဟုတ်ကဲ့ပါ သခင်မကြီး။ ကျွန်မ အဲ့စာအုပ်တွေကို နေ့ခင်းကျ သွားဝယ်လိုက်ပါမယ်။ စိတ်မပူပါနဲ့ သခင်လေးချီက ဒီအကြောင်းကို သူ့ကိုယ်တိုင် ခဏလေးပဲ သိမ်းထားမှာပါ....”

နင်မုန့်က သက်ပြင်းရှည် တစ်ချက် ချလိုက်ကာ 

“အဘွားတစ်ယောက် ဖြစ်ရတာ မလွယ်ဘူးပဲ။ ငါ့မှာလည်း မြေးဖြစ်သူရဲ့ အချစ်ရေး ပြဿနာတွေကိုလည်း စိုးရိမ်နေရသေးတယ်”

လီချွမ်သည် ထိုအကြောင်းကို ကြားသည့်အခါ ရယ်လုမတက်ပင်။ 

ထိုကိစ္စကို ဖြေရှင်းပြီးနောက် နင်မုန့်သည် အခြားအရာများကို ကြည့်ရန် သွားတော့သည်။ ပြီးနောက် ကြည့်လက်စ ရုပ်သံ ဇာတ်လမ်းတွဲကို ဆက်ကြည့်၏။ 

အင်တာနက် ချိတ်ပြီးနောက် သူမ ဝေပေါ်ကို ခဏသုံး၏။ ပြီးနောက် သူ့အနေဖြင့် နေ့စဉ် အပြင်မှာ ဖြစ်ပျက်နေသည့် အရာများကို မသိသည်က တကယ်ပင် ပျင်းရိစရာကောင်းသည်။ သူ့အနေဖြင့် မပြေးနိုင်ပေ။ ထို့ကြောင့် ဤနေရာတွင်သာ မုန့်များကို စားရုံသာ ရှိသ်ည။ 

ယနေ့ ဝေပေါ်ရှိ ရှာဖွေမှု အများဆုံးအကြောင်းအရာသည် သူမအတွက် အနည်းငယ် စိတ်ဝင်စားဖွယ် ကောင်းသည်။ ထိုအကြောင်းအရာသည် သရဲများ လက်ထပ်သည့် သတင်းဖြစ်သည့်အတွက် ဖြစ်သည်။ 

သူမသည် ပုံမှန် သရဲလက်ထပ်ခြင်းကို သိသည်။ ယင်းက သေသည့်လူ နှစ်ယောက်အကြား လက်ထပ်ခြင်းပင် ဖြစ်သည်။ သို့သော် ယခုလက်ရှိ အချိန်တွင် ရိုးရာဓလေ့များကို တားမြစ်ပုံပေါ်၏။ 

ဒါက ရုပ်ရှင်အသစ်များ ဖြစ်နိုင်မလား။

သူမ ကလစ်နှိပ်လိုက်သည့်အခါ လုံးဝ မဖြစ်သည့် အရာ ဖြစ်သည်။ ထိုအစား သူမက ရွာတစ်ရွာကို မိတ်ဆက်သည်။ သတင်းအရ ထိုရွာသည် အမြဲတမ်း သရဲလက်ထပ်ပွဲများကို ကျင်းပသည့်ရွာ ဖြစ်သည်။ ယခုလက်ရှိ ရွာထဲ၌ အမျိုးသမီး မလုံလောက်မှုကြောင့် သူတို့သည် အပြင်မှ အလောင်းများကိုပင် ရယူနေကြရသည်။ 

သို့သော် အချို့သော သူများက ထိုသူများထံမှ အကျိုးအမြတ် ယူကြသည်။ ပြီးနောက် မမြှပ်နှံရသေးသည့် အလောင်းများကို သူတို့ကို ရောင်းချပြီး အမြတ်အစွန်းများစွာ ရကြသည်။ 

အဆုံးတွင် ရဲများက သူတို့ကို ဖြိုခွင်းခဲ့သည်။ 

နင်မုန့်က ထိုသတင်းက သာမန်ကာလျှံကာသာ ကြည့်လိုက်သည်။ မျက်နှာဖုံးပုံသည် ကြောက်မက်ဖွယ်ကောင်းပြီး အနီရောင် ဝတ်စုံနှင့် အဖြူရောင် ခန်းမကို ပြထားသည့်အတွက်ကြောင့် မကြာခင်က သူမက ထိုပေ့ချ်ကို ပိတ်ချလိုက်သည်။ 

ရလဒ်အနေဖြင့် တီဗွီကြည့်နေသည့်အပေါ်တွင်လည်း စိတ်ဝင်စားမှု လျော့ကျသွားသည်။ ပြီးနောက် သူမသည် ဆိုဖာပေါ်တွင် အဆင်ပြေသည့် ပုံစံဖြင့် ဝင်ခွေလိုက်ကာ ဖြည်းဖြည်းချင်း အိပ်ပျော်သွားတော့သည်။ 

.......

နေ့လည်ခင်းတွင် လီချွမ်သည် သခင်မကြီး၏ ညွှန်ကြားချက်အတိုင်း အပြင်ကို သွားပြီး တစ်စုံ တစ်ယောက်က အိမ်ငယ်လေးထဲကို ဝင်လာခဲ့သည်။ 

လီရှက သူမကို အကြောင်းကြားသည့်အခါ အနည်းငယ် အံ့အားသင့်သွားသည်။ 

သူမသည် အချိန်အတော်ကြာ အိမ်ငယ်လေးထဲတွင်သာ နေခဲ့ပြီး မည်သူမျှ သူမဆီ လာလေ့ မရှိပေ။ ယင်းက သူမသည် တော်သည့် ရသေ့တပါးကဲ့သို့တော် သူမကိုယ်သူမ တွေးမိသည်။ 

သူတို့ အောက်ဆင်းလာသည့်အခါ ဆိုဖာထက်ရှိ အမျိုးသမီးသည် ဂနာမငြိမ် ဖြစ်နေသည်။ 

အမျိုးသမီးသည် အားတင်းပြုံးကာ ပထမဆုံး ပြောလိုက်သည်။ 

“သခင်မကြီး ကျွန်မ အရင် တစ်ခေါက်က လာသေးတယ်။ သခင်မကြီး နေမကောင်းဘူးဆိုတာနဲ့ ကျွန်မ ပြန်သွားခဲ့တာ”

နင်မုန့်က တခဏကြာ တွေးလိုက်ပြီးနောက် သူမတွင် ထိုသူနှင့် ပတ်သက်ပြီး မှတ်ဉာဏ်များရှိပုံပေါ်၏။ 

ထိုအချိန်က သူမသည် ထိုကမ္ဘာကို ကူးပြောင်းခဲ့ပြီး အဘွားအိုသည် သရဲကြောင့် သေဆုံးသွားခဲ့ရသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုမိန်းမသည် သူ့ဆီကို လာခဲ့ပြီး သူမ မတော်တဆ ဖြစ်သည့်အတွက်ကြောင့် မတွေ့ဘဲ ပြန်သွားခဲ့ခြင်း ဖြစ်သည်။ 

နင်မုန့်က ခေါင်းညိတ်လိုက်ကာ 

“ကျွန်မ မှတ်မိပြီ။ ကျွန်မလည်း အသက်ကြီးလာတော့ မှတ်ဉာဏ်တွေက မကောင်းတော့ဘူး ကိစ္စတွေ တော်တော်များများတောင် မေ့ကုန်ပြီ။ တစ်ခုခု ကူညီပေးရမှာလား”

ထိုအမျိုးသမီးက မြန်မြန်ဆန်ဆန်ပင် ပြောလိုက်သည်။ 

“ကျွန်မနာမည်က လီဟွေ့ ကျွန်မရဲ့ အမေက ကျန်းရိုယွဲ့ပါ”

ကျန်းရိုယွဲ့ဟု ပြောလိုက်သည့်အခါ နင်မုန့်သည် တစ်ချက် ပြန်စဉ်းစားလိုက်လိုက်ပြီး မြန်မြန်ဆန်ဆန်ပင် မှတ်မိသွားခဲ့သည်။ 

သခင်မကြီးသည် သူမ စိတ်ဆိုးသည့်အခါ အိမ်မှ ထွက်ပြေးခြင်း ဖြစ်သည်။ တစ်ကြိမ်က သားအကြီးဆုံး အိမ်တွင် မရှိသည့်အတွက် အိမ်မှ အဝေးကို ထွက်သွားခဲ့သည်။ သူမသည် လမ်းထိပ်တွင် သူမ ကားတိုက်လုနီးပါး ဖြစ်သွားကာ အခြား အမျိုးသမီးတစ်ဦးက သူမကို ကယ်ဆယ်ခဲ့သည်။ 

ထိုကျန်းရိုယွဲ့သည် ဟင်းသီးဟင်းရွက်ရောင်းသည့် အမျိုးသမီး ဖြစ်သည်။ 

ရှီမိသားစု၏ သခင်မကြီးသည် ဒေါသထွက် လွယ်သော်ငြား မသိသူကို အကြင်နာတရား ပြန်ပေးတက်သည့် လူစားမျိုးလဲ မဟုတ်ချေ။ ပထမက သူမက သူတို့ကို ပိုက်ဆံပေးဖို့ ကြိုးစားသော်ငြား ကျန်းရိုယွဲ့က ငြင်းခဲ့သည်။ ထို့ကြောင့် သူမက ပြဿနာရှိပါက ရှီအိမ်တော်ကို လာရန်ပြောခဲ့သည်။ 

ယခုလက်ရှိတွင် သူမ သမီးသည် ဤစံအိမ်ကို ရောက်လသည်။ သူတို့ မိသားစုတွင် တစ်ခုခု ဖြစ်ခဲ့သည်လော။ 

နင်မုန့်က မေးလိုက်သည်။ 

“သမီးရဲ့ အမေကော နေကောင်းရဲ့လား”

ထိုမေးခွန်းကို ကြားသည့်အခါ လီဟွေ့၏ နှုတ်ခမ်းသည် ချက်ခြင်း ပြောင်းသွားကာ သူမ ခေါင်းခါပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။ 

“ကျွန်မရဲ့ အမေက လွန်ခဲ့တဲ့ လကမှ ဆုံးသွားတာ"

နင်မုန့်က အနည်းငယ် အံ့အားသင့်သွားသည်။ 

ကျန်းရိုယွဲ့သည် သခင်မကြီးနှင့် တစ်နှစ်နီးပါး ငယ်သည်။ ပြီးနောက် သူမ၏ မှတ်ဉာဏ်ထဲတွင် အလွန်သန်မာပြီး အားရှိပုံပေါ်၏။ ဘာလို့ ရုတ်တရက်သေသွားပါလိမ့်။

လီဟွေ့သည် ထိုအကြောင်းအရာကို ဆက်မပြောတော့ဘဲ အကြောင်းအရာ ပြောင်းလိုက်သည်။ 

“သခင်မကြီး ကျွန်မအမေ အသက်ရှင်တုန်းက ပြောတာက ကျွန်မ သခင်မကြီးဆီ အကူအညီ လာတောင်းလို့ ရတယ်လို့ ပြောတယ်”

နင်မုန့်က ပြောလိုက်သည်။ 

“ပြောလေ”

လီဟွေ့က အသံကို နိမ့်လိုက်ကာ 

“ကျွန်မ မောင်လေးက ဒီနှစ် နှစ်စပိုင်းတုန်းက ရေနစ်သေခဲ့တယ်။ လွန်ခဲ့တဲ့လ အမေ အသက်ရှိတုန်းက ကျွန်မ မောင်လေးအတွက် သရဲလက်ထပ်ပွဲ ကျင်းပပေးဖို့ စီစဉ်ခဲ့တေယ်။ ဒါပေမဲ့ အရင်လတုန်းက အလောင်းက ပျောက်သွားတယ်။ ကျွန်မတို့ ဘယ်လောက်ပဲ ကြိုးစားရှာရှာ အလောင်းကို ပြန်မတွေ့ခဲ့ဘူး”

သရဲလက်ထပ်ပွဲလား။ 

နင်မုန့်၏ မျက်လုံးက ချက်ခြင်းပင် ပြူးကျယ်သွားတော့သည်။ သူမအနေဖြင့် ဖတ်ခဲ့ရသည့် သတင်းက ယခု နေ့လည်ခင်းတွင် သူမအိမ်ကို လာလိမ့်မည်ဟု လုံးဝ မထင်ခဲ့ချေ။ 

သူမ၏ မယုံကြည်သည့် မျက်နှာထားကို ကြည့်ရင်း လီဟွေ့က မျှော်လင့်ချက် ကင်းမဲ့သွားတော့သ်။ 

သူမ၏ ခြောက်သွေ့နေသော နှုတ်ခမ်းကို လျှက်ကာ ရှင်းပြလိုက်၏။ 

“ကျွန်မတို့ရဲ့ ရွာမှာ ဟိုးရှေးရှေးကတည်းက ရှိတဲ့ အစဉ်အလာ တစ်ခု ရှိတယ်။ လွန်ခဲ့တဲ့ နှစ်တွေက အလုပ်ရှာဖို့အတွက် ရွာကနေ ထွက်သွားကြတော့ ရွာမှာ လူဦးရေကလည်း နည်းလာခဲ့တယ်။ ကျွန်မရဲ့ အမေကလည်း မောင်လေး ရေနစ်သေတုန်းက ငယ်ငယ်လေးပဲ ရှိသေးလို့ ဝမ်းနည်းနေခဲ့တာ။ ဒါကြောင့်... အမေက သူ့အတွက် ဒီအကြောင်းကို တွေးမိပြီး မောင်းလေးအတွက် လက်တွဲဖော်ကို ရှာချင်ခဲ့တယ်”

သူတို့ ရွာသည် ယန်ကျင်းတွင် ရှိသည်ဟု စဉ်းစား၍ မရနိုင်ပေ။ သူမမိခင် ဟင်းသီးဟင်းရွက် လာရောင်းသည့် အချိန်တွင်တောင် ဖုန်ထူသည့် လမ်းကို လျှောက်ရမည် ဖြစ်ကာ အထပ်မြင့် အဆောက်အဦးများကို မြင်ရန်အတွက် နာရီများစွာ ကားစီးရမည် ဖြစ်သည်။ 

ထိုသူကို သူမတို့ မိသားစု ကယ်ဆယ်နိုင်ခဲ့ခြင်းက သူတို့အတွက် ကံကောင်းမှုပင် ဖြစ်သည်။ 

သူမ မိခင် မသေခင်က သူမသည် ထိုသူအကြောင်းကို ပြောခဲ့သည်။ သူမက အကူညီလိုပါက သွားရောက် တောင်းခံနိုင်ကြောင်းပြောခဲ့သည်။ လီဟွေ့သည် အစက များများမတွေးထားပေ။ သို့သော် သူမသည် ထိုအကြောင်း စုံစမ်းသည့်အခါတွင် ရှီမိသားစုသည် ကျော်ကြားသည့် မိသားစု ဖြစ်ကြောင်း သိရှိသွားခဲ့သည်။ သူတို့သည် အလွန်ကျော်ကြားသည့်အတွက် လမ်းရှိ မည်သည့်လူကို မဆို မေးလျှင်တောင် သူတို့ အကြောင်းသိသည်။ 

လီဟွေ့သည်လည်း ယခု တစ်ကြိမ်တွင် မျှော်လင့်ချက် ကြီးစွာဖြင့် လာခဲ့သည်။ 

လီရှသည်လည်း ထိုကိစ္စက ထူးဆန်းသည့် ကိစ္စဟု မခံစားမိပေ။ 

သူမသည် သရဲတစ္ဆေများကို မမြင်ဘူးသော်ငြား ရှီမိသားစုတွင် ထိုသို့သော အရာမျိုးစုံကို မြင်ဖူးပြီး ဖြစ်သည်။ သခင်မကြီးကို သရဲက ခြောက်လန့်ခြင်းက ယင်းက အမှန်တကယ် ရှိသည်ဟူသော သက်သေပင် ဖြစ်သည်။ 

နင်မုန့်၏ နှလုံးခုန်သံက မြန်လာကာ စနစ်ကို မေးလိုက်တော့သည်။ 

“သရဲလက်ထပ်ပွဲက ကြောက်ဖို့ကောင်းလား”

စနစ်က ပြန်ပြော၏။ 

“သာမန်ကမ္ဘာမှာတော့ ကြောက်စရာ မကောင်းဘူး။ ဒါပေမဲ့ ဒီကမ္ဘာမှာတော့.....”

သူက နောက်ပြောမည့် စကားများကို ချန်ခဲ့သည်။ နင်မုန့်သည် ယခုကိစ္စမျိုးသည် ဤကမ္ဘာတွင် ထူးဆန်းသည့် သဘာဝလွန် ကိစ္စမျိုး ဖြစ်မည်ဟု သိသည်။ အကြောင်းမှာ ဤကမ္ဘာသည် သာမန် ကမ္ဘာ မဟုတ်သည့်အတွက် ဖြစ်သည်။ 

သူမ ပိုကြောက်လေလေ သူမ မျက်နှာ ပိုတည်ငြိမ်လေ ဖြစ်သည်။ 

“ပြီးတော့ကော”

လီဟွေ့က ဘာမှမပြောခင် တခဏကြာ ရပ်လိုက်ပြီးနောက် 

“ကျွန်မတို့ရဲ့ အိမ်က လက်ရှိမှာ ရှုပ်ထွေးနေတယ်။ ကျွန်မတို့တွေ ရဲကိုလည်း မခေါ်ရဲဘူး။ ကျွန်မရဲ့ အမေက သူမဆုံးခင်မှာ အန်တီကို ပြောခဲ့တာ။ ဒါကြောင့် အလောင်းကို ရှာဖို့အတွက် သခင်မကြီးရဲ့ အကူအညီကို လာတောင်းရတာပါ”

အလောင်းပျောက်ခြင်းပင်။ သူမအနေဖြင့် မည်သို့ ခံစားရမည်နည်း။ ယခုအချိန်ကာလတွင် သူမသည် ညတွင် ကောင်းကောင်း အိပ်မပျော်ပေ။ တခါတရံတွင် သူမကို အိပ်ချိန်တွင် အိပ်မက်ဆိုးများက နှောက်ယှက်သည်။ 

သူတို့ရွာတွင် သရဲလက်ထပ်ပွဲတွင် ပါဝင်သည့် အလောင်းပျောက်သွားခြင်းက ကံဆိုးသည်ဟု မှတ်ယူကြသည်။ 

နင်မုန့်သည် တခဏကြာ တွေးလိုက်ပြီးနောက် မေးလိုက်သည်။ 

“ဘယ်မှာ သရဲ လက်ထပ်ပွဲ လုပ်တာလဲ။ အလောင်းက ဘယ်ကို ပျောက်သွားတာလဲ”

သခင်မကြီး နားလည်မှု လွဲမှာ စိုးရိမ်သည့်အတွက် လီဟွေ့ မြန်မြန်ဆန်ဆန်ပင် ရှင်းပြလိုက်သည်။ 

“ကျွန်မတို့တွေက နှစ်ဦးနှစ်ဖက်ဆွေမျိုးတွေနဲ့ သဘောတူပြီးပါပြီ။ ပြီးတော့ ကျွန်မတို့တွေ မခိုးပါဘူး။ ကျွန်မတို့ဆီ ကျွန်မတို့ ရွာနားက ရွာတွေကလည်း ဒီကိစ္စကို မကြာခဏ လာလုပ်ကြတယ်။ သူတို့တွေကို မီးအတူ သင်္ဂြိုဟ်ပြီးတော့ ပြာကို တစ်ဂူထဲမှာ မြုပ်နှံဖို့ စီစဉ်ထားပြီးပြီ”

သူတို့ မိသားစု သရဲလက်ထပ်ပွဲကို မလုပ်ရသေးခင် အမျိုးသမီ၏ အလောင်းသည် မီးသင်္ဂြိုဟ်ဖို့ ပြင်နေတုန်း ပျောက်သွားခဲ့တယ်။ 

လီဟွေ့က ခြောက်ခြောက်ကပ်ကပ်ဖြင့် ပြောလိုက်သည်။ 

“ကျွန်မရဲ့ မောင်လေးက သူ သေပြီး မကြာခင်မှာ မီးသင်္ဂြိုဟ်ခဲ့တယ်။ ဒါပေမဲ့ တခြားရဲ့ အလောင်းက ပျောက်သွားတယ်။ ဒါက ကျွန်မကို အမြဲတမ်း အဆင်မပြေ ဖြစ်စေတယ်...”

ထို့ပြင် သူမသည် ထိုအလောင်းကို မရှာနိုင်ရုံသာမကာ သူမအနေဖြင့် ခိုးသွားသည့် လက္ခဏာကိုလည်း မရှာနိုင်ပေ။ ရွာရှိလူများကလည်း အနည်ငယ် စိုးရိမ်ကြသည်။ မကြာခင်တွင် ကောလာဟလသည် ပျံ့သွားတော့သည်။ 

သူမရှင်းပြတာကို ကြားပြီးနောက် နင်မုန့်သည် နောက်ဆုံးတွင် စိတ်သက်သာရာရသွားသည်။ 

ယနေ့ သူမ အင်တာနက်တွင် တွေ့ခဲ့သော အလောင်းကို ခန်းမဆောင်တွင် ဒူးထောက်ခိုင်းရန် ရောက်လာခဲ့သည်။ ယင်းက လူတွေကို ကြောက်စရာကောင်းစေသည်။ သူတို့ မျက်နှာများကား ပြာပြီး ဖြူနေသည်။ ပြီးနောက် သူမကို အိပ်မက်ဆိုးများ မက်မည်ဟုတောင် ခံစားရစေ၏။ 

လီဟွေ့က သခင်မကြီးကို တိတ်တဆိတ် ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။ 

“ကျွန်မရဲ့ အမေ ပြောတာက သခင်မကြီးက ရှေးဟောင်းပစ္စည်းတွေ ကြိုက်တယ်တဲ့။ ဒါကြောင့်မလို့ ကျွန်မတို့ အိမ်ကနေ ရှေးအကျဆုံး ပစ္စည်းတစ်ခုကို ယူခဲ့တယ်”

ထိုအခါ နင်မုန့်သည် အနက်ရောင် အိတ်သည် မဖြည်ရသေးမှန်း သဘောပေါက်မိသည်။ ထိုအိတ်သည် လီဟွေ့ဘေးတွင် ရှိနေ၏။ 

လီဟွေ့သည် အိတ်ကို ဖွင့်လိုက်ပြီးနောက် အထဲမှာ အဝါရင့်ရောင် တိရစ္ဆာန်ပုံတစ်ကောင်ကို ယူလိုက်သည်။ ထိုအကောင်လေးတွင် အောက်ခြေ အဝိုင်းရှိပြီး ထွင်းထုထားသည်မှာ အနုစိတ်လိုက်သည်။ 

နင်မုန့်သည် ထိုအကောင်၏ ပုံရိပ်ကို သူမ စာကြည့်မျက်မှန်မှ နေပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်၏။ ပြုလုပ်ထားသည့် ထွင်းထုထားမှုများက ယင်းက ရှေးဟောင်းအရာဝတ္ထု ဖြစ်ကြောင်း တွေ့နိုင်သည်။ ပြီးနောက် မျက်နှာပြင်ကို ရွှေရောင်ဖြင့် ခြယ်ထားသည်။ 

သူမက တိတ်တဆိတ် စနစ်ကို မေးလိုက်သည်။ 

“ဒီတိရစ္ဆာန်က ဘာအမျိုးအစားလဲ။ ဒါက ကောင်းရဲ့လား”

စနစ်က ခေါင်းညိတ်လိုက်ကာ 

“ဒါက တကယ်ကောင်းတယ်။ ဖီချူးက အနံသာပေါင်းနှင့် ကိန်းဝပ်နေပြီးတော့ ယခုအခါမှာ ကြွယ်တစေတဲ့ ရောင်ဝါတွေနဲ့ ဝန်းရံထားတယ်။ ဒါကြောင့်မို့ နောက်လာမဲ့ ဆယ်နှစ်မှာ ဒီလို တောက်ပတဲ့ အရောင်ကို ဆက်ထုတ်လွှင့်နေမှာ။ ဒီဟာရဲ့ အရည်အသွေးက တကယ်ကို ကောင်းတယ်”

နင်မုန့်က ထိုသူ၏ အသံကို ကြားသည့်အခါ ထိုရှေးဟောင်းပစ္စည်းသည် အမှန်ပင် ကောင်းပေမည်။ 

လီဟွေ့သည် သခင်မကြီး အချိန်ကြာသည်အထိ စကားမပြောသည့်အတွက် သူမ မကြိုက်ဟု တွေးမိလိုက်သည့်အခါ သူမက ပြောလိုက်၏။ 

“သခင်မကြီး ဒါက အဆင်မပြေဘူးဆိုရင် မေ့လိုက်ပါတော့”

ရှီမိသားစုသည် သူမအတွက် နောက်ဆုံး မျှော်လင့်ချက် ဖြစ်သည်။ အကယ်၍ သူမတွင် ရွေးချယ်စရာ မရှိပါက သူမ ရဲခေါ်ရုံသာ ရှိတော့သည်။ 

နင်မုန့်က သူမကို စိုက်ကြည့်လိုက်ပြီးနောက် အဖြေပေးမည့်ပုံဖြင့်ပြောလိုက်သည်။ 

“ငါတော့ မလုပ်နိုင်ဘူး။ ဒါပေမဲ့ ငါ့အကြီးဆုံးသားကတော့ လုပ်ကောင်း လုပ်နိုင်တယ်”

လီဟွေ့၏ မျက်လုံးက တောက်ပသွားကာ 

“တကယ်လား”

နင်မုန့်က ခေါင်းညိတ်လိုက်သည်။ 

“ဒါပေမဲ့ သူအခု အိမ်မှာ မရှိဘူး။ ဒီမှာ ခဏစောင့် ပြီးနောက် သူ ညနေခင်းကျ ပြန်လာမှာ။ ငါသူကို ဒီအကြောင်း ပြောထားလိုက်မယ်”

သူမ ရင်ဘတ် တစ်ခုလုံး တစ်နေ့လုံး လေးလံခဲ့ပြီး နောက်ဆုံးတွင် ကျသွားခဲ့သည်။ လီဟွေ့က သူမကို ကျေးဇူးတင်စကား ပြောလိုက်သည်။ 

“ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတင် သခင်မကြီး”

“မင်းအမေက ငါ့ကို ကယ်ခဲ့တာပဲ။ ဒါကြောင့် ကျေးဇူးတင်ဖို့ မလိုပါဘူး။ ဒီဖီချူးကို အိမ်ယူသွားသင့်တယ်။ ဒါက ကောင်းတဲ့ အရာပဲ”

နင်မုန့်က ပြောလိုက်သည်။ 

လီဟွေ့သည် ပြန်မယူဟု ထုတ်မပြောသော်ငြား သူမ လက်မခံပါက ဤနေရာတွင်ထားထားခဲ့မည် ဖြစ်သည်။ 

သူ့အနေဖြင့် ကောင်းသည့်အရာ ဘာမျှ မလိုအပ်ပေ။ အကြောင်းမှာ သူမသည် သခင်မကြီး နှစ်သက်သည်ကို ပေးခဲ့ပြီ တွေးခဲ့သည့်အတွက် ဖြစ်သည်။ ပြီးနောက် အလောင်းကို ရှာခြင်းက သူမအတွက် အရေးကြီးဆုံးအရာပင် ဖြစ်သည်။ 

......

လီချွမ်သည် မကြာခင် ပြန်လာခဲ့သည်။ 

သူ့လက်ထဲတွင် စာအုပ်များစွာ ရှိ၏။ သူမသည် ဆိုဖာကို လမ်းလျှောက်သွားပြီးနောက် ပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။ 

“သခင်မကြီး ကျွန်မ သခင်မကြီး ပြောထားတဲ့အတိုင်း စာအုပ်တွေ ဝယ်ခဲ့ပါပြီ”

နင်မုန့်က စာရွက်ကို တစ်ရွက်ပြီး တစ်ရွက် လှန်ကြည့်၏။ ထိုစာအုပ်များ၏ ပစ်မှတ်သည် ငယ်ရွယ်သည် ဆယ်ကျော်ပေါက်များဖြစ်သော်လည်း ရှီချီသည်လည်း စောစော အရွယ်ရောက်သည်ဟု စဉ်းစား၍ ရနိုင်ပေသ်။ ထို့ကြောင့် သူ့အတွက် အဆင်ပြေ၏။ 

သူမက လက်ယပ်ခေါ်လိုက်ပြီးနောက် လီချွမ်၏ နားကို သူမပါးစပ်နား တိုးခိုင်းလိုက်သည်။ 

နင်မုန့်က ထိုစာအုပ်များကို ခါပြလိုက်ကာာ 

“ဒီစာအုပ်တွေကို ၁၇ရဲ့ အိပ်ရာဘေးမှာ ထားထားလိုက်။ ဖြစ်ကတက်စမ်း မထားနဲ့နော်။ မြင်သာတဲ့ နေရာမှာထား”

လီချွမ်က ချက်ခြင်းပင် ခွန်းတုံ့ပြန်လိုက်သည်။

“စိတ်မပူပါနဲ့ သခင်မကြီး”

သူမသည် အဘယ်တွက် သခင်မကြီး ရှီချီကို ချစ်ကြိုက်နေသည်ဟု သံသယ ဖြစ်နေသည်ကို မသိသော်ငြား သူသည် ၇နှစ်သာ ရှိသေးသည်။ သို့သော် သူမသည် ထိုကဲ့သို့သော အရာမျိုးကိုအကြိုက်ဆုံး ဖြစ်သည်။ 

စာအုပ်များကို နေရာချပြီးနောက် လီချွမ်က အောက်သို့ ဆင်းခဲ့သည်။ 

ညနေခင်းတွင် ရှီချီသည် ကျောင်းမှ ပြန်လာခဲ့သည်။ 

သူသည် တံခါးတွင် တခဏကြာ ရပ်လိုက်ပြီး အထဲမှာ တစ်စုံ တစ်ယောက် ထွက်လာခဲသည်။ 

ထိုမိန်းကလေးကို ဆိုဖာပေါ်တွင် တွေ့ရသော်ငြား သူ့မျက်လုံးများက အနည်းငယ် တရစ်ရစ် ဝဲနေသည်။ နောက်ဆုံးတွေင် သူ့အဘွား ပြုံးနေသည်ကို တွေ့လိုက်ရသည်။ 

ဆံပင်ရှည်ဖြင့် ငယ်ရွယ်သည့် မိန်းကလေးပုံသည် ထိုနေရာတွင် ရှိနေဆဲ ဖြစ်သည်။ 

ရှီချီသည် သူ့နှုတ်ခမ်းကို ဖွဖွကိုက်ရင်း မနေ့က သူဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်မျိုးကို မစဉ်းစားနိုင်တော့ပေ။ ရက်အတော်ကြာ စောင့်ကြည့်သော်ငြား မည်သည့် အချက်အလက်အသစ်မှ မရပေ။ 

နင်မုန့်သည် သူ့ကို ပုံမှန်အတိုင်း လက်ယမ်းပြကာ အော်လိုက်သည်။ 

“မြေး”

ရှီချီသည် ပြန်သွားပြီး သူ့နှုတ်ခမ်းကို ကိုက်လိုက်သည်။ 

နင်မုန့်သည် လှေကားကို ပြေးလာသည်ကိုမြင်သည့်အခါ သူ့နောက်ကျောထပ်ရှိ အိတ်နှင့်အတူ မြန်မြန်ဆန်ဆန်ပင် ပျောက်ကွယ်သွားကာ အပေါ်ကို ရောက်သွားတော့သည်။ 

သူကို သူမ ကြည့်လိုက်သည့်အခါ ရှီချီ၏ မျက်နှာထားက တစ်ဖန် တင်းသွားသည်။ သူ့မျက်လုံးများကလည်း နောက်ထပ် အရိပ်တစ်ခု မပေါ်မီ လှေကားထိပ်တွင် ပျောက်ကွယ်သွားတော့သည်။ 

မိနစ် အနည်းငယ်အတွင်း သူသည် ပြန်ပြီး ဆိုဖာပေါ်ရှိလူကို ပြန်ကြည့်လိုက်သည်။ 

နင်မုန့်သည် သက်ပြင်းချလျက် စနစ်ကို မေးလိုက်သည်။ 

“ကြည့်လိုက်ဦး ငါ့မြေးလေး စွန့်ပစ်သွားသည်အထိ ငါအိုသွားပြီလား”

စနစ်က ပြန်ပြော၏။ 

“တော်တော်လေးအိုနေပြီ”

....

ငါထင်တာတော့ 

သူမမှာ အဓိပ္ပာယ်ရှိကောင်း ရှိနိုင်တယ်။ 

ရှီချီ၏ လျှို့ဝှက်ဒိုင်ယာရီ သေးသေးလေး။ 

စာရေးဆရာတွင် ပြောစရာရှိပါတယ်။ 

နောက်ပိုင်းမှာ ၁၇က သူ့အခန်းထဲမှာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ စာအုပ်တွေ ကို တွေ့လိမ့်မယ်။ 

လီချွမ်က ၁၇ စာဖတ်တာကို ချောင်းကြည့်လိမ့်မယ်။ဟဟဟ 

Zawgyi

အခန္း ၂၄ ေျမးေလးက ခ်စ္ေနတာလား။ 

လီခြၽမ္သည္ အဘြားအို၏ အခန္းကို သန႔္ရွင္းၿပီးေနာက္ အထက္ကို တက္ရန္ ျပင္လိုက္သည္။ 

မေမွ်ာ္လင့္ထားဘဲ ေလွကားဝင္ေပါက္တြင္ သူမက သခင္ေလးရွီသည္ သူ႕ခႏၶာကိုယ္ တစ္ဝက္ကို ကိုင္းကာ ဘာကို ၾကည့္ေနမွန္း မသိေခ်။ သူမက ျဖည္းျဖည္းခ်င္း တက္သြားသည္။ သို႔ေသာ္ သခင္ေလးခ်ီက သူမကို သတိမျပဳမိေပ။ 

ၿပီးေနာက္ သူသည္ ဝင္ေပါက္ကို စိုက္ၾကည့္ေနသည္ပင္။ 

လီခြၽမ္သည္ အ႐ြယ္ေရာက္ၿပီးသူ ျဖစ္သည့္အတြက္ သူ႕ထက္ အရပ္ရွည္။ လဲၾကည့္လိုက္သည့္အခါ သူျမင္ရသည့္ ျမင္ကြင္းက သူ႕ထက္ မ်ားေပသည္။ သူမက အဘြားအိုႏွင့္ ေႁမြပါတို႔ ကစားေနသည္ကို ေတြ႕ရသည္။ ဘာမွ ထူးထူးျခားျခား ရွိမေနေခ်။ 

သူမက မတ္တပ္ထရပ္လိုက္ကာ ေျပာလိုက္၏။ 

“သခင္ေလးခ်ီ ဘာေတြ ၾကည့္ေနတာလဲ”

ရွီခ်ီက ခ်က္ျခင္းပင္ ေနာက္ျပန္ဆုတ္လိုက္သည္။ သူေခါင္းကို လွည့္လိုက္သည့္အခါ သူမ၏ မ်က္ႏွာက သူႏွင့္ နီးနီးကပ္ကပ္ ရွိေနၿပီး အံ့အားသင့္စြာျဖင့္ ေနာက္သို႔ လွမ္းလိုက္သည္။ အကယ္၍ လီခြၽမ္သာ သူ႕ကို မဖမ္းလွ်င္ သူသည္ ေအာက္ထပ္ကို က်သြားမည္ ျဖစ္သည္။ 

သူမ်က္ႏွာက နီျမန္းသြားၿပီးေနာက္ 

“ဘာမွ မဟုတ္ပါဘူး”

ေျပာၿပီးေနာက္ သူက ဧည့္ခန္းကို ၾကည့္လိုက္သည္။ သူၾကည့္ေနသည္ကို သူတို႔ မျမင္သည္ကို သတိထားမိသည့္အတြက္ စိတ္သက္သာရာ ရသြားခဲသည္။ တစ္ခ်ိန္တည္းတြင္ သူ႕ႏွလုံးထဲမွ ခံစားခ်က္ တိုးတက္လာမႈကို ခံစားလိုက္ရသည္။ 

သူသည္ အေပၚကို ေျပးတက္သြားၿပီး တံခါးကို ပိတ္လိုက္သည္။ 

လီခြၽမ္သည္ အံ့အားသင့္စြာျဖင့္ ေခါင္းကုတ္လိုက္သည္။ သူမ အဘြားကို ျပန္မၾကည့္ခင္ ထိုအရာမ်ားအားလုံးကို ေမ့သြားၿပီ ျဖစ္သည္။ သူမသည္ ျဖစ္ပ်က္ခဲ့သည့္ အရာမ်ားႏွင့္ ဘာမွ် မသိေပ။ 

....

နင္မုန႔္သည္ ထိုႏွစ္ရက္တာအတြင္း အလြန္ပင္ ဝမ္းနည္းပူေဆြးေန၏။ 

ထိုကေလး ရွီခ်ီသည္ သူမကို စကားမေျပာသည့္အတြက္ လူပ်ိဳေပါက္ခ်ိန္ ေရာက္လာခ်ိန္ ျဖစ္နိုင္ေပေသည္။ သို႔ေသာ္ သူ သူမကို ျမင္သည့္အခါ သူအခန္းကို ျပန္မသြားခင္ထိ သူမကို စိုက္ၾကည့္၏။ 

ထိုကိစၥက ရက္ေပါင္းမ်ားစြာတိုင္ေအာင္ ျဖစ္သြားသည္။ 

သူမသည္ စနစ္ႏွင့္အတူ ျဖစ္နိုင္သည့္ ကိစၥေတာ္ေတာ္မ်ားမ်ားကို ေဆြးေႏြးၿပီး တစ္ခုျခင္း ဖယ္ထုတ္ခဲ့သည္။ သိုေသာ္ လူႏွင့္ စနစ္၏ ခံစားခ်က္သည္ ဆုံးရႈံးေနဆဲ ျဖစ္သည္။ 

အကယ္၍ သူသာ ၇ႏွစ္သာ မဟုတ္ပါက သူမသည္ အမွန္ပင္ ရွီခ်ီ လူပ်ိဳေပါက္ဝင္မည္ဟု ေတြးမိမည္ပင္။ သိုေသာ္ သူဘာျဖစ္ေနသနည္း။ သူ႕အေနျဖင့္ ေက်ာင္းတြင္ မိန္းကေလးတစ္ေယာက္ကို လိုက္ေနသည္ေလာ။ 

အကယ္၍ ထိုသို႔ ျဖစ္ခဲ့ပါက ဝတၳဳ၏ အစြမ္းထက္သည့္ အမ်ိဳးသားဇာတ္ေဆာင္ျဖစ္သူသည္ အျခားသူမ်ားထက္ ေစာစီးစြာ အခ်စ္ကို ေတာင္းတခဲ့ျခင္း ျဖစ္နိုင္သည္။ 

ထိုအေၾကာင္းကို ေတြးလိုက္သည့္အခါ နင္မုန႔္သည္ မတတ္နိုင္ဘဲ သူကို ပညာ ေပးရေတာ့မည္။ 

ယခုလက္ရွိတြင္ ရွီခ်ီသည္ သူမကို တိုက္ရိုက္ မေျပာေပ။ ထိပ္တိုက္ေတြ႕လွ်င္လည္း အလုပ္ျဖစ္မည္ မဟုတ္ေပ။ ထို႔ေၾကာင့္ သူမသည္ လွ်ို႔လွ်ို႔ဝွက္ဝွက္ျဖင့္ လုပ္ရမည္ ျဖစ္သည္။ 

သူမက လီခြၽမ္ကို ေခၚလိုက္ၿပီးေနာက္ ၫႊန္ၾကားလိုက္သည္။ 

“အခ်စ္စိတ္အေၾကာင္းကို ပညာေပးတဲ့ စာအုပ္တခ်ိဳ႕ သြားဝယ္လိုက္”

လီခြၽမ္သည္ ထိုအေၾကာင္းကို ၾကားသည့္အခါ အံ့အားသင့္သြားၿပီး သိခ်င္စိတ္ျဖင့္ ေမးလိုက္ေတာ့သည္။ 

“သခင္မႀကီး ဘာလို႔ ဒီစာအုပ္ေတြ လိုအပ္ရတာလဲ”

နင္မုန႔္က သက္ျပင္းခ်က္က သူမကို အသံတိုးတိုးျဖင့္ ရွင္းျပလိုက္သည္။ 

“၁၇က ဒီႏွစ္ရက္ ထူးထူးျခားျခား ျပဳမူေနတယ္။ ၁၇က ေက်ာင္းမွာ မိန္းကေလး တစ္ေယာက္ေယာက္ကို ႀကိဳက္ေနတယ္လို႔ ငါ ထင္တယ္။ ၿပီးေတာ့ သူ မေပ်ာ္႐ြင္ ျဖစ္ေနတာက ဒီေကာင္မေလးကို သူ႕ကို ျပန္မႀကိဳက္တာေၾကာင့္ ျဖစ္ရမယ္"

သူမက ေခါင္းညိတ္ကာ အဆုံးသတ္လိုက္သည္။ သူမ ေျပာသည္မွာ အဓိပၸာယ္ရွိသည္ဟု ထင္မိသည္။ 

လီခြၽမ္သည္ မည့္သည့္စကားမွ် ျပန္မေျပာေပ။ ေလွကား မေတာ္တဆမႈကို ၾကည့္ရင္း နားလည္မႈ လြဲေနသည္ဟု ခံစားမိသည္။ သူမအေနျဖင့္ ဒီအေၾကာင္းကို မေျပာနိုင္ေပ။ ထို႔ေၾကာင့္ သူမက ျပန္ေျပာလိုက္သည္။ 

“ဟုတ္ကဲ့ပါ သခင္မႀကီး။ ကြၽန္မ အဲ့စာအုပ္ေတြကို ေန႕ခင္းက် သြားဝယ္လိုက္ပါမယ္။ စိတ္မပူပါနဲ႕ သခင္ေလးခ်ီက ဒီအေၾကာင္းကို သူ႕ကိုယ္တိုင္ ခဏေလးပဲ သိမ္းထားမွာပါ....”

နင္မုန႔္က သက္ျပင္းရွည္ တစ္ခ်က္ ခ်လိဳက္ကာ 

“အဘြားတစ္ေယာက္ ျဖစ္ရတာ မလြယ္ဘူးပဲ။ ငါ့မွာလည္း ေျမးျဖစ္သူရဲ႕ အခ်စ္ေရး ျပႆနာေတြကိုလည္း စိုးရိမ္ေနရေသးတယ္”

လီခြၽမ္သည္ ထိုအေၾကာင္းကို ၾကားသည့္အခါ ရယ္လုမတက္ပင္။ 

ထိုကိစၥကို ေျဖရွင္းၿပီးေနာက္ နင္မုန႔္သည္ အျခားအရာမ်ားကို ၾကည့္ရန္ သြားေတာ့သည္။ ၿပီးေနာက္ ၾကည့္လက္စ ႐ုပ္သံ ဇာတ္လမ္းတြဲကို ဆက္ၾကည့္၏။ 

အင္တာနက္ ခ်ိတ္ၿပီးေနာက္ သူမ ေဝေပၚကို ခဏသုံး၏။ ၿပီးေနာက္ သူ႕အေနျဖင့္ ေန႕စဥ္ အျပင္မွာ ျဖစ္ပ်က္ေနသည့္ အရာမ်ားကို မသိသည္က တကယ္ပင္ ပ်င္းရိစရာေကာင္းသည္။ သူ႕အေနျဖင့္ မေျပးနိုင္ေပ။ ထို႔ေၾကာင့္ ဤေနရာတြင္သာ မုန႔္မ်ားကို စား႐ုံသာ ရွိသ္ည။ 

ယေန႕ ေဝေပၚရွိ ရွာေဖြမႈ အမ်ားဆုံးအေၾကာင္းအရာသည္ သူမအတြက္ အနည္းငယ္ စိတ္ဝင္စားဖြယ္ ေကာင္းသည္။ ထိုအေၾကာင္းအရာသည္ သရဲမ်ား လက္ထပ္သည့္ သတင္းျဖစ္သည့္အတြက္ ျဖစ္သည္။ 

သူမသည္ ပုံမွန္ သရဲလက္ထပ္ျခင္းကို သိသည္။ ယင္းက ေသသည့္လူ ႏွစ္ေယာက္အၾကား လက္ထပ္ျခင္းပင္ ျဖစ္သည္။ သို႔ေသာ္ ယခုလက္ရွိ အခ်ိန္တြင္ ရိုးရာဓေလ့မ်ားကို တားျမစ္ပုံေပၚ၏။ 

ဒါက ႐ုပ္ရွင္အသစ္မ်ား ျဖစ္နိုင္မလား။

သူမ ကလစ္ႏွိပ္လိုက္သည့္အခါ လုံးဝ မျဖစ္သည့္ အရာ ျဖစ္သည္။ ထိုအစား သူမက ႐ြာတစ္႐ြာကို မိတ္ဆက္သည္။ သတင္းအရ ထို႐ြာသည္ အၿမဲတမ္း သရဲလက္ထပ္ပြဲမ်ားကို က်င္းပသည့္႐ြာ ျဖစ္သည္။ ယခုလက္ရွိ ႐ြာထဲ၌ အမ်ိဳးသမီး မလုံေလာက္မႈေၾကာင့္ သူတို႔သည္ အျပင္မွ အေလာင္းမ်ားကိုပင္ ရယူေနၾကရသည္။ 

သို႔ေသာ္ အခ်ိဳ႕ေသာ သူမ်ားက ထိုသူမ်ားထံမွ အက်ိဳးအျမတ္ ယူၾကသည္။ ၿပီးေနာက္ မျမႇပ္ႏွံရေသးသည့္ အေလာင္းမ်ားကို သူတို႔ကို ေရာင္းခ်ၿပီး အျမတ္အစြန္းမ်ားစြာ ရၾကသည္။ 

အဆုံးတြင္ ရဲမ်ားက သူတို႔ကို ၿဖိဳခြင္းခဲ့သည္။ 

နင္မုန႔္က ထိုသတင္းက သာမန္ကာလွ်ံကာသာ ၾကည့္လိုက္သည္။ မ်က္ႏွာဖုံးပုံသည္ ေၾကာက္မက္ဖြယ္ေကာင္းၿပီး အနီေရာင္ ဝတ္စုံႏွင့္ အျဖဴေရာင္ ခန္းမကို ျပထားသည့္အတြက္ေၾကာင့္ မၾကာခင္က သူမက ထိုေပ့ခ်္ကို ပိတ္ခ်လိဳက္သည္။ 

ရလဒ္အေနျဖင့္ တီဗြီၾကည့္ေနသည့္အေပၚတြင္လည္း စိတ္ဝင္စားမႈ ေလ်ာ့က်သြားသည္။ ၿပီးေနာက္ သူမသည္ ဆိုဖာေပၚတြင္ အဆင္ေျပသည့္ ပုံစံျဖင့္ ဝင္ေခြလိုက္ကာ ျဖည္းျဖည္းခ်င္း အိပ္ေပ်ာ္သြားေတာ့သည္။ 

.......

ေန႕လည္ခင္းတြင္ လီခြၽမ္သည္ သခင္မႀကီး၏ ၫႊန္ၾကားခ်က္အတိုင္း အျပင္ကို သြားၿပီး တစ္စုံ တစ္ေယာက္က အိမ္ငယ္ေလးထဲကို ဝင္လာခဲ့သည္။ 

လီရွက သူမကို အေၾကာင္းၾကားသည့္အခါ အနည္းငယ္ အံ့အားသင့္သြားသည္။ 

သူမသည္ အခ်ိန္အေတာ္ၾကာ အိမ္ငယ္ေလးထဲတြင္သာ ေနခဲ့ၿပီး မည္သူမွ် သူမဆီ လာေလ့ မရွိေပ။ ယင္းက သူမသည္ ေတာ္သည့္ ရေသ့တပါးကဲ့သို႔ေတာ္ သူမကိုယ္သူမ ေတြးမိသည္။ 

သူတို႔ ေအာက္ဆင္းလာသည့္အခါ ဆိုဖာထက္ရွိ အမ်ိဳးသမီးသည္ ဂနာမၿငိမ္ ျဖစ္ေနသည္။ 

အမ်ိဳးသမီးသည္ အားတင္းၿပဳံးကာ ပထမဆုံး ေျပာလိုက္သည္။ 

“သခင္မႀကီး ကြၽန္မ အရင္ တစ္ေခါက္က လာေသးတယ္။ သခင္မႀကီး ေနမေကာင္းဘူးဆိုတာနဲ႕ ကြၽန္မ ျပန္သြားခဲ့တာ”

နင္မုန႔္က တခဏၾကာ ေတြးလိုက္ၿပီးေနာက္ သူမတြင္ ထိုသူႏွင့္ ပတ္သက္ၿပီး မွတ္ဉာဏ္မ်ားရွိပုံေပၚ၏။ 

ထိုအခ်ိန္က သူမသည္ ထိုကမာၻကို ကူးေျပာင္းခဲ့ၿပီး အဘြားအိုသည္ သရဲေၾကာင့္ ေသဆုံးသြားခဲ့ရသည္။ တိုက္တိုက္ဆိုင္ဆိုင္ပင္ ထိုမိန္းမသည္ သူ႕ဆီကို လာခဲ့ၿပီး သူမ မေတာ္တဆ ျဖစ္သည့္အတြက္ေၾကာင့္ မေတြ႕ဘဲ ျပန္သြားခဲ့ျခင္း ျဖစ္သည္။ 

နင္မုန႔္က ေခါင္းညိတ္လိုက္ကာ 

“ကြၽန္မ မွတ္မိၿပီ။ ကြၽန္မလည္း အသက္ႀကီးလာေတာ့ မွတ္ဉာဏ္ေတြက မေကာင္းေတာ့ဘူး ကိစၥေတြ ေတာ္ေတာ္မ်ားမ်ားေတာင္ ေမ့ကုန္ၿပီ။ တစ္ခုခု ကူညီေပးရမွာလား”

ထိုအမ်ိဳးသမီးက ျမန္ျမန္ဆန္ဆန္ပင္ ေျပာလိုက္သည္။ 

“ကြၽန္မနာမည္က လီေဟြ႕ ကြၽန္မရဲ႕ အေမက က်န္းရိုယြဲ႕ပါ”

က်န္းရိုယြဲ႕ဟု ေျပာလိုက္သည့္အခါ နင္မုန႔္သည္ တစ္ခ်က္ ျပန္စဥ္းစားလိုက္လိုက္ၿပီး ျမန္ျမန္ဆန္ဆန္ပင္ မွတ္မိသြားခဲ့သည္။ 

သခင္မႀကီးသည္ သူမ စိတ္ဆိုးသည့္အခါ အိမ္မွ ထြက္ေျပးျခင္း ျဖစ္သည္။ တစ္ႀကိမ္က သားအႀကီးဆုံး အိမ္တြင္ မရွိသည့္အတြက္ အိမ္မွ အေဝးကို ထြက္သြားခဲ့သည္။ သူမသည္ လမ္းထိပ္တြင္ သူမ ကားတိုက္လုနီးပါး ျဖစ္သြားကာ အျခား အမ်ိဳးသမီးတစ္ဦးက သူမကို ကယ္ဆယ္ခဲ့သည္။ 

ထိုက်န္းရိုယြဲ႕သည္ ဟင္းသီးဟင္း႐ြက္ေရာင္းသည့္ အမ်ိဳးသမီး ျဖစ္သည္။ 

ရွီမိသားစု၏ သခင္မႀကီးသည္ ေဒါသထြက္ လြယ္ေသာ္ျငား မသိသူကို အၾကင္နာတရား ျပန္ေပးတက္သည့္ လူစားမ်ိဳးလဲ မဟုတ္ေခ်။ ပထမက သူမက သူတို႔ကို ပိုက္ဆံေပးဖို႔ ႀကိဳးစားေသာ္ျငား က်န္းရိုယြဲ႕က ျငင္းခဲ့သည္။ ထို႔ေၾကာင့္ သူမက ျပႆနာရွိပါက ရွီအိမ္ေတာ္ကို လာရန္ေျပာခဲ့သည္။ 

ယခုလက္ရွိတြင္ သူမ သမီးသည္ ဤစံအိမ္ကို ေရာက္လသည္။ သူတို႔ မိသားစုတြင္ တစ္ခုခု ျဖစ္ခဲ့သည္ေလာ။ 

နင္မုန႔္က ေမးလိုက္သည္။ 

“သမီးရဲ႕ အေမေကာ ေနေကာင္းရဲ႕လား”

ထိုေမးခြန္းကို ၾကားသည့္အခါ လီေဟြ႕၏ ႏႈတ္ခမ္းသည္ ခ်က္ျခင္း ေျပာင္းသြားကာ သူမ ေခါင္းခါၿပီးေနာက္ အသံတိုးတိုးျဖင့္ ေျပာလိုက္သည္။ 

“ကြၽန္မရဲ႕ အေမက လြန္ခဲ့တဲ့ လကမွ ဆုံးသြားတာ"

နင္မုန႔္က အနည္းငယ္ အံ့အားသင့္သြားသည္။ 

က်န္းရိုယြဲ႕သည္ သခင္မႀကီးႏွင့္ တစ္ႏွစ္နီးပါး ငယ္သည္။ ၿပီးေနာက္ သူမ၏ မွတ္ဉာဏ္ထဲတြင္ အလြန္သန္မာၿပီး အားရွိပုံေပၚ၏။ ဘာလို႔ ႐ုတ္တရက္ေသသြားပါလိမ့္။

လီေဟြ႕သည္ ထိုအေၾကာင္းအရာကို ဆက္မေျပာေတာ့ဘဲ အေၾကာင္းအရာ ေျပာင္းလိုက္သည္။ 

“သခင္မႀကီး ကြၽန္မအေမ အသက္ရွင္တုန္းက ေျပာတာက ကြၽန္မ သခင္မႀကီးဆီ အကူအညီ လာေတာင္းလို႔ ရတယ္လို႔ ေျပာတယ္”

နင္မုန႔္က ေျပာလိုက္သည္။ 

“ေျပာေလ”

လီေဟြ႕က အသံကို နိမ့္လိုက္ကာ 

“ကြၽန္မ ေမာင္ေလးက ဒီႏွစ္ ႏွစ္စပိုင္းတုန္းက ေရနစ္ေသခဲ့တယ္။ လြန္ခဲ့တဲ့လ အေမ အသက္ရွိတုန္းက ကြၽန္မ ေမာင္ေလးအတြက္ သရဲလက္ထပ္ပြဲ က်င္းပေပးဖို႔ စီစဥ္ခဲ့ေတယ္။ ဒါေပမဲ့ အရင္လတုန္းက အေလာင္းက ေပ်ာက္သြားတယ္။ ကြၽန္မတို႔ ဘယ္ေလာက္ပဲ ႀကိဳးစားရွာရွာ အေလာင္းကို ျပန္မေတြ႕ခဲ့ဘူး”

သရဲလက္ထပ္ပြဲလား။ 

နင္မုန႔္၏ မ်က္လုံးက ခ်က္ျခင္းပင္ ျပဴးက်ယ္သြားေတာ့သည္။ သူမအေနျဖင့္ ဖတ္ခဲ့ရသည့္ သတင္းက ယခု ေန႕လည္ခင္းတြင္ သူမအိမ္ကို လာလိမ့္မည္ဟု လုံးဝ မထင္ခဲ့ေခ်။ 

သူမ၏ မယုံၾကည္သည့္ မ်က္ႏွာထားကို ၾကည့္ရင္း လီေဟြ႕က ေမွ်ာ္လင့္ခ်က္ ကင္းမဲ့သြားေတာ့သ္။ 

သူမ၏ ေျခာက္ေသြ႕ေနေသာ ႏႈတ္ခမ္းကို လွ်က္ကာ ရွင္းျပလိုက္၏။ 

“ကြၽန္မတို႔ရဲ႕ ႐ြာမွာ ဟိုးေရွးေရွးကတည္းက ရွိတဲ့ အစဥ္အလာ တစ္ခု ရွိတယ္။ လြန္ခဲ့တဲ့ ႏွစ္ေတြက အလုပ္ရွာဖို႔အတြက္ ႐ြာကေန ထြက္သြားၾကေတာ့ ႐ြာမွာ လူဦးေရကလည္း နည္းလာခဲ့တယ္။ ကြၽန္မရဲ႕ အေမကလည္း ေမာင္ေလး ေရနစ္ေသတုန္းက ငယ္ငယ္ေလးပဲ ရွိေသးလို႔ ဝမ္းနည္းေနခဲ့တာ။ ဒါေၾကာင့္... အေမက သူ႕အတြက္ ဒီအေၾကာင္းကို ေတြးမိၿပီး ေမာင္းေလးအတြက္ လက္တြဲေဖာ္ကို ရွာခ်င္ခဲ့တယ္”

သူတို႔ ႐ြာသည္ ယန္က်င္းတြင္ ရွိသည္ဟု စဥ္းစား၍ မရနိုင္ေပ။ သူမမိခင္ ဟင္းသီးဟင္း႐ြက္ လာေရာင္းသည့္ အခ်ိန္တြင္ေတာင္ ဖုန္ထူသည့္ လမ္းကို ေလွ်ာက္ရမည္ ျဖစ္ကာ အထပ္ျမင့္ အေဆာက္အဦးမ်ားကို ျမင္ရန္အတြက္ နာရီမ်ားစြာ ကားစီးရမည္ ျဖစ္သည္။ 

ထိုသူကို သူမတို႔ မိသားစု ကယ္ဆယ္နိုင္ခဲ့ျခင္းက သူတို႔အတြက္ ကံေကာင္းမႈပင္ ျဖစ္သည္။ 

သူမ မိခင္ မေသခင္က သူမသည္ ထိုသူအေၾကာင္းကို ေျပာခဲ့သည္။ သူမက အကူညီလိုပါက သြားေရာက္ ေတာင္းခံနိုင္ေၾကာင္းေျပာခဲ့သည္။ လီေဟြ႕သည္ အစက မ်ားမ်ားမေတြးထားေပ။ သို႔ေသာ္ သူမသည္ ထိုအေၾကာင္း စုံစမ္းသည့္အခါတြင္ ရွီမိသားစုသည္ ေက်ာ္ၾကားသည့္ မိသားစု ျဖစ္ေၾကာင္း သိရွိသြားခဲ့သည္။ သူတို႔သည္ အလြန္ေက်ာ္ၾကားသည့္အတြက္ လမ္းရွိ မည္သည့္လူကို မဆို ေမးလွ်င္ေတာင္ သူတို႔ အေၾကာင္းသိသည္။ 

လီေဟြ႕သည္လည္း ယခု တစ္ႀကိမ္တြင္ ေမွ်ာ္လင့္ခ်က္ ႀကီးစြာျဖင့္ လာခဲ့သည္။ 

လီရွသည္လည္း ထိုကိစၥက ထူးဆန္းသည့္ ကိစၥဟု မခံစားမိေပ။ 

သူမသည္ သရဲတေစၦမ်ားကို မျမင္ဘူးေသာ္ျငား ရွီမိသားစုတြင္ ထိုသို႔ေသာ အရာမ်ိဳးစုံကို ျမင္ဖူးၿပီး ျဖစ္သည္။ သခင္မႀကီးကို သရဲက ေျခာက္လန႔္ျခင္းက ယင္းက အမွန္တကယ္ ရွိသည္ဟူေသာ သက္ေသပင္ ျဖစ္သည္။ 

နင္မုန႔္၏ ႏွလုံးခုန္သံက ျမန္လာကာ စနစ္ကို ေမးလိုက္ေတာ့သည္။ 

“သရဲလက္ထပ္ပြဲက ေၾကာက္ဖို႔ေကာင္းလား”

စနစ္က ျပန္ေျပာ၏။ 

“သာမန္ကမာၻမွာေတာ့ ေၾကာက္စရာ မေကာင္းဘူး။ ဒါေပမဲ့ ဒီကမာၻမွာေတာ့.....”

သူက ေနာက္ေျပာမည့္ စကားမ်ားကို ခ်န္ခဲ့သည္။ နင္မုန႔္သည္ ယခုကိစၥမ်ိဳးသည္ ဤကမာၻတြင္ ထူးဆန္းသည့္ သဘာဝလြန္ ကိစၥမ်ိဳး ျဖစ္မည္ဟု သိသည္။ အေၾကာင္းမွာ ဤကမာၻသည္ သာမန္ ကမာၻ မဟုတ္သည့္အတြက္ ျဖစ္သည္။ 

သူမ ပိုေၾကာက္ေလေလ သူမ မ်က္ႏွာ ပိုတည္ၿငိမ္ေလ ျဖစ္သည္။ 

“ၿပီးေတာ့ေကာ”

လီေဟြ႕က ဘာမွမေျပာခင္ တခဏၾကာ ရပ္လိုက္ၿပီးေနာက္ 

“ကြၽန္မတို႔ရဲ႕ အိမ္က လက္ရွိမွာ ရႈပ္ေထြးေနတယ္။ ကြၽန္မတို႔ေတြ ရဲကိုလည္း မေခၚရဲဘူး။ ကြၽန္မရဲ႕ အေမက သူမဆုံးခင္မွာ အန္တီကို ေျပာခဲ့တာ။ ဒါေၾကာင့္ အေလာင္းကို ရွာဖို႔အတြက္ သခင္မႀကီးရဲ႕ အကူအညီကို လာေတာင္းရတာပါ”

အေလာင္းေပ်ာက္ျခင္းပင္။ သူမအေနျဖင့္ မည္သို႔ ခံစားရမည္နည္း။ ယခုအခ်ိန္ကာလတြင္ သူမသည္ ညတြင္ ေကာင္းေကာင္း အိပ္မေပ်ာ္ေပ။ တခါတရံတြင္ သူမကို အိပ္ခ်ိန္တြင္ အိပ္မက္ဆိုးမ်ားက ေႏွာက္ယွက္သည္။ 

သူတို႔႐ြာတြင္ သရဲလက္ထပ္ပြဲတြင္ ပါဝင္သည့္ အေလာင္းေပ်ာက္သြားျခင္းက ကံဆိုးသည္ဟု မွတ္ယူၾကသည္။ 

နင္မုန႔္သည္ တခဏၾကာ ေတြးလိုက္ၿပီးေနာက္ ေမးလိုက္သည္။ 

“ဘယ္မွာ သရဲ လက္ထပ္ပြဲ လုပ္တာလဲ။ အေလာင္းက ဘယ္ကို ေပ်ာက္သြားတာလဲ”

သခင္မႀကီး နားလည္မႈ လြဲမွာ စိုးရိမ္သည့္အတြက္ လီေဟြ႕ ျမန္ျမန္ဆန္ဆန္ပင္ ရွင္းျပလိုက္သည္။ 

“ကြၽန္မတို႔ေတြက ႏွစ္ဦးႏွစ္ဖက္ေဆြမ်ိဳးေတြနဲ႕ သေဘာတူၿပီးပါၿပီ။ ၿပီးေတာ့ ကြၽန္မတို႔ေတြ မခိုးပါဘူး။ ကြၽန္မတို႔ဆီ ကြၽန္မတို႔ ႐ြာနားက ႐ြာေတြကလည္း ဒီကိစၥကို မၾကာခဏ လာလုပ္ၾကတယ္။ သူတို႔ေတြကို မီးအတူ သျဂၤိုဟ္ၿပီးေတာ့ ျပာကို တစ္ဂူထဲမွာ ျမဳပ္ႏွံဖို႔ စီစဥ္ထားၿပီးၿပီ”

သူတို႔ မိသားစု သရဲလက္ထပ္ပြဲကို မလုပ္ရေသးခင္ အမ်ိဳးသမီ၏ အေလာင္းသည္ မီးသျဂၤိုဟ္ဖို႔ ျပင္ေနတုန္း ေပ်ာက္သြားခဲ့တယ္။ 

လီေဟြ႕က ေျခာက္ေျခာက္ကပ္ကပ္ျဖင့္ ေျပာလိုက္သည္။ 

“ကြၽန္မရဲ႕ ေမာင္ေလးက သူ ေသၿပီး မၾကာခင္မွာ မီးသျဂၤိုဟ္ခဲ့တယ္။ ဒါေပမဲ့ တျခားရဲ႕ အေလာင္းက ေပ်ာက္သြားတယ္။ ဒါက ကြၽန္မကို အၿမဲတမ္း အဆင္မေျပ ျဖစ္ေစတယ္...”

ထို႔ျပင္ သူမသည္ ထိုအေလာင္းကို မရွာနိုင္႐ုံသာမကာ သူမအေနျဖင့္ ခိုးသြားသည့္ လကၡဏာကိုလည္း မရွာနိုင္ေပ။ ႐ြာရွိလူမ်ားကလည္း အနည္ငယ္ စိုးရိမ္ၾကသည္။ မၾကာခင္တြင္ ေကာလာဟလသည္ ပ်ံ့သြားေတာ့သည္။ 

သူမရွင္းျပတာကို ၾကားၿပီးေနာက္ နင္မုန႔္သည္ ေနာက္ဆုံးတြင္ စိတ္သက္သာရာရသြားသည္။ 

ယေန႕ သူမ အင္တာနက္တြင္ ေတြ႕ခဲ့ေသာ အေလာင္းကို ခန္းမေဆာင္တြင္ ဒူးေထာက္ခိုင္းရန္ ေရာက္လာခဲ့သည္။ ယင္းက လူေတြကို ေၾကာက္စရာေကာင္းေစသည္။ သူတို႔ မ်က္ႏွာမ်ားကား ျပာၿပီး ျဖဴေနသည္။ ၿပီးေနာက္ သူမကို အိပ္မက္ဆိုးမ်ား မက္မည္ဟုေတာင္ ခံစားရေစ၏။ 

လီေဟြ႕က သခင္မႀကီးကို တိတ္တဆိတ္ ၾကည့္လိုက္ၿပီးေနာက္ ေျပာလိုက္သည္။ 

“ကြၽန္မရဲ႕ အေမ ေျပာတာက သခင္မႀကီးက ေရွးေဟာင္းပစၥည္းေတြ ႀကိဳက္တယ္တဲ့။ ဒါေၾကာင့္မလို႔ ကြၽန္မတို႔ အိမ္ကေန ေရွးအက်ဆဳံး ပစၥည္းတစ္ခုကို ယူခဲ့တယ္”

ထိုအခါ နင္မုန႔္သည္ အနက္ေရာင္ အိတ္သည္ မျဖည္ရေသးမွန္း သေဘာေပါက္မိသည္။ ထိုအိတ္သည္ လီေဟြ႕ေဘးတြင္ ရွိေန၏။ 

လီေဟြ႕သည္ အိတ္ကို ဖြင့္လိုက္ၿပီးေနာက္ အထဲမွာ အဝါရင့္ေရာင္ တိရစာၦန္ပုံတစ္ေကာင္ကို ယူလိုက္သည္။ ထိုအေကာင္ေလးတြင္ ေအာက္ေျခ အဝိုင္းရွိၿပီး ထြင္းထုထားသည္မွာ အႏုစိတ္လိုက္သည္။ 

နင္မုန႔္သည္ ထိုအေကာင္၏ ပုံရိပ္ကို သူမ စာၾကည့္မ်က္မွန္မွ ေနၿပီး ရွင္းရွင္းလင္းလင္း ျမင္နိုင္၏။ ျပဳလုပ္ထားသည့္ ထြင္းထုထားမႈမ်ားက ယင္းက ေရွးေဟာင္းအရာဝတၳဳ ျဖစ္ေၾကာင္း ေတြ႕နိုင္သည္။ ၿပီးေနာက္ မ်က္ႏွာျပင္ကို ေ႐ႊေရာင္ျဖင့္ ျခယ္ထားသည္။ 

သူမက တိတ္တဆိတ္ စနစ္ကို ေမးလိုက္သည္။ 

“ဒီတိရစာၦန္က ဘာအမ်ိဳးအစားလဲ။ ဒါက ေကာင္းရဲ႕လား”

စနစ္က ေခါင္းညိတ္လိုက္ကာ 

“ဒါက တကယ္ေကာင္းတယ္။ ဖီခ်ဴးက အနံသာေပါင္းႏွင့္ ကိန္းဝပ္ေနၿပီးေတာ့ ယခုအခါမွာ ႂကြယ္တေစတဲ့ ေရာင္ဝါေတြနဲ႕ ဝန္းရံထားတယ္။ ဒါေၾကာင့္မို႔ ေနာက္လာမဲ့ ဆယ္ႏွစ္မွာ ဒီလို ေတာက္ပတဲ့ အေရာင္ကို ဆက္ထုတ္လႊင့္ေနမွာ။ ဒီဟာရဲ႕ အရည္အေသြးက တကယ္ကို ေကာင္းတယ္”

နင္မုန႔္က ထိုသူ၏ အသံကို ၾကားသည့္အခါ ထိုေရွးေဟာင္းပစၥည္းသည္ အမွန္ပင္ ေကာင္းေပမည္။ 

လီေဟြ႕သည္ သခင္မႀကီး အခ်ိန္ၾကာသည္အထိ စကားမေျပာသည့္အတြက္ သူမ မႀကိဳက္ဟု ေတြးမိလိုက္သည့္အခါ သူမက ေျပာလိုက္၏။ 

“သခင္မႀကီး ဒါက အဆင္မေျပဘူးဆိုရင္ ေမ့လိုက္ပါေတာ့”

ရွီမိသားစုသည္ သူမအတြက္ ေနာက္ဆုံး ေမွ်ာ္လင့္ခ်က္ ျဖစ္သည္။ အကယ္၍ သူမတြင္ ေ႐ြးခ်ယ္စရာ မရွိပါက သူမ ရဲေခၚ႐ုံသာ ရွိေတာ့သည္။ 

နင္မုန႔္က သူမကို စိုက္ၾကည့္လိုက္ၿပီးေနာက္ အေျဖေပးမည့္ပုံျဖင့္ေျပာလိုက္သည္။ 

“ငါေတာ့ မလုပ္နိုင္ဘူး။ ဒါေပမဲ့ ငါ့အႀကီးဆုံးသားကေတာ့ လုပ္ေကာင္း လုပ္နိုင္တယ္”

လီေဟြ႕၏ မ်က္လုံးက ေတာက္ပသြားကာ 

“တကယ္လား”

နင္မုန႔္က ေခါင္းညိတ္လိုက္သည္။ 

“ဒါေပမဲ့ သူအခု အိမ္မွာ မရွိဘူး။ ဒီမွာ ခဏေစာင့္ ၿပီးေနာက္ သူ ညေနခင္းက် ျပန္လာမွာ။ ငါသူကို ဒီအေၾကာင္း ေျပာထားလိုက္မယ္”

သူမ ရင္ဘတ္ တစ္ခုလုံး တစ္ေန႕လုံး ေလးလံခဲ့ၿပီး ေနာက္ဆုံးတြင္ က်သြားခဲ့သည္။ လီေဟြ႕က သူမကို ေက်းဇူးတင္စကား ေျပာလိုက္သည္။ 

“ေက်းဇူးတင္ပါတယ္။ ေက်းဇူးတင္ပါတင္ သခင္မႀကီး”

“မင္းအေမက ငါ့ကို ကယ္ခဲ့တာပဲ။ ဒါေၾကာင့္ ေက်းဇူးတင္ဖို႔ မလိုပါဘူး။ ဒီဖီခ်ဴးကို အိမ္ယူသြားသင့္တယ္။ ဒါက ေကာင္းတဲ့ အရာပဲ”

နင္မုန႔္က ေျပာလိုက္သည္။ 

လီေဟြ႕သည္ ျပန္မယူဟု ထုတ္မေျပာေသာ္ျငား သူမ လက္မခံပါက ဤေနရာတြင္ထားထားခဲ့မည္ ျဖစ္သည္။ 

သူ႕အေနျဖင့္ ေကာင္းသည့္အရာ ဘာမွ် မလိုအပ္ေပ။ အေၾကာင္းမွာ သူမသည္ သခင္မႀကီး ႏွစ္သက္သည္ကို ေပးခဲ့ၿပီ ေတြးခဲ့သည့္အတြက္ ျဖစ္သည္။ ၿပီးေနာက္ အေလာင္းကို ရွာျခင္းက သူမအတြက္ အေရးႀကီးဆုံးအရာပင္ ျဖစ္သည္။ 

......

လီခြၽမ္သည္ မၾကာခင္ ျပန္လာခဲ့သည္။ 

သူ႕လက္ထဲတြင္ စာအုပ္မ်ားစြာ ရွိ၏။ သူမသည္ ဆိုဖာကို လမ္းေလွ်ာက္သြားၿပီးေနာက္ ေပ်ာ္႐ႊင္စြာျဖင့္ေျပာလိုက္သည္။ 

“သခင္မႀကီး ကြၽန္မ သခင္မႀကီး ေျပာထားတဲ့အတိုင္း စာအုပ္ေတြ ဝယ္ခဲ့ပါၿပီ”

နင္မုန႔္က စာ႐ြက္ကို တစ္႐ြက္ၿပီး တစ္႐ြက္ လွန္ၾကည့္၏။ ထိုစာအုပ္မ်ား၏ ပစ္မွတ္သည္ ငယ္႐ြယ္သည္ ဆယ္ေက်ာ္ေပါက္မ်ားျဖစ္ေသာ္လည္း ရွီခ်ီသည္လည္း ေစာေစာ အ႐ြယ္ေရာက္သည္ဟု စဥ္းစား၍ ရနိုင္ေပသ္။ ထို႔ေၾကာင့္ သူ႕အတြက္ အဆင္ေျပ၏။ 

သူမက လက္ယပ္ေခၚလိုက္ၿပီးေနာက္ လီခြၽမ္၏ နားကို သူမပါးစပ္နား တိုးခိုင္းလိုက္သည္။ 

နင္မုန႔္က ထိုစာအုပ္မ်ားကို ခါျပလိုက္ကာာ 

“ဒီစာအုပ္ေတြကို ၁၇ရဲ႕ အိပ္ရာေဘးမွာ ထားထားလိုက္။ ျဖစ္ကတက္စမ္း မထားနဲ႕ေနာ္။ ျမင္သာတဲ့ ေနရာမွာထား”

လီခြၽမ္က ခ်က္ျခင္းပင္ ခြန္းတုံ႕ျပန္လိုက္သည္။

“စိတ္မပူပါနဲ႕ သခင္မႀကီး”

သူမသည္ အဘယ္တြက္ သခင္မႀကီး ရွီခ်ီကို ခ်စ္ႀကိဳက္ေနသည္ဟု သံသယ ျဖစ္ေနသည္ကို မသိေသာ္ျငား သူသည္ ၇ႏွစ္သာ ရွိေသးသည္။ သို႔ေသာ္ သူမသည္ ထိုကဲ့သို႔ေသာ အရာမ်ိဳးကိုအႀကိဳက္ဆုံး ျဖစ္သည္။ 

စာအုပ္မ်ားကို ေနရာခ်ၿပီးေနာက္ လီခြၽမ္က ေအာက္သို႔ ဆင္းခဲ့သည္။ 

ညေနခင္းတြင္ ရွီခ်ီသည္ ေက်ာင္းမွ ျပန္လာခဲ့သည္။ 

သူသည္ တံခါးတြင္ တခဏၾကာ ရပ္လိုက္ၿပီး အထဲမွာ တစ္စုံ တစ္ေယာက္ ထြက္လာခဲသည္။ 

ထိုမိန္းကေလးကို ဆိုဖာေပၚတြင္ ေတြ႕ရေသာ္ျငား သူ႕မ်က္လုံးမ်ားက အနည္းငယ္ တရစ္ရစ္ ဝဲေနသည္။ ေနာက္ဆုံးေတြင္ သူ႕အဘြား ၿပဳံးေနသည္ကို ေတြ႕လိုက္ရသည္။ 

ဆံပင္ရွည္ျဖင့္ ငယ္႐ြယ္သည့္ မိန္းကေလးပုံသည္ ထိုေနရာတြင္ ရွိေနဆဲ ျဖစ္သည္။ 

ရွီခ်ီသည္ သူ႕ႏႈတ္ခမ္းကို ဖြဖြကိုက္ရင္း မေန႕က သူဆုံးျဖတ္ခဲ့သည့္ ဆုံးျဖတ္ခ်က္မ်ိဳးကို မစဥ္းစားနိုင္ေတာ့ေပ။ ရက္အေတာ္ၾကာ ေစာင့္ၾကည့္ေသာ္ျငား မည္သည့္ အခ်က္အလက္အသစ္မွ မရေပ။ 

နင္မုန႔္သည္ သူ႕ကို ပုံမွန္အတိုင္း လက္ယမ္းျပကာ ေအာ္လိုက္သည္။ 

“ေျမး”

ရွီခ်ီသည္ ျပန္သြားၿပီး သူ႕ႏႈတ္ခမ္းကို ကိုက္လိုက္သည္။ 

နင္မုန႔္သည္ ေလွကားကို ေျပးလာသည္ကိုျမင္သည့္အခါ သူ႕ေနာက္ေက်ာထပ္ရွိ အိတ္ႏွင့္အတူ ျမန္ျမန္ဆန္ဆန္ပင္ ေပ်ာက္ကြယ္သြားကာ အေပၚကို ေရာက္သြားေတာ့သည္။ 

သူကို သူမ ၾကည့္လိုက္သည့္အခါ ရွီခ်ီ၏ မ်က္ႏွာထားက တစ္ဖန္ တင္းသြားသည္။ သူ႕မ်က္လုံးမ်ားကလည္း ေနာက္ထပ္ အရိပ္တစ္ခု မေပၚမီ ေလွကားထိပ္တြင္ ေပ်ာက္ကြယ္သြားေတာ့သည္။ 

မိနစ္ အနည္းငယ္အတြင္း သူသည္ ျပန္ၿပီး ဆိုဖာေပၚရွိလူကို ျပန္ၾကည့္လိုက္သည္။ 

နင္မုန႔္သည္ သက္ျပင္းခ်လ်က္ စနစ္ကို ေမးလိုက္သည္။ 

“ၾကည့္လိုက္ဦး ငါ့ေျမးေလး စြန႔္ပစ္သြားသည္အထိ ငါအိုသြားၿပီလား”

စနစ္က ျပန္ေျပာ၏။ 

“ေတာ္ေတာ္ေလးအိုေနၿပီ”

....

ငါထင္တာေတာ့ 

သူမမွာ အဓိပၸာယ္ရွိေကာင္း ရွိနိုင္တယ္။ 

ရွီခ်ီ၏ လွ်ို႔ဝွက္ဒိုင္ယာရီ ေသးေသးေလး။ 

စာေရးဆရာတြင္ ေျပာစရာရွိပါတယ္။ 

ေနာက္ပိုင္းမွာ ၁၇က သူ႕အခန္းထဲမွာ ႐ုပ္ပိုင္းဆိုင္ရာနဲ႕ စိတ္ပိုင္းဆိုင္ရာ စာအုပ္ေတြ ကို ေတြ႕လိမ့္မယ္။ 

လီခြၽမ္က ၁၇ စာဖတ္တာကို ေခ်ာင္းၾကည့္လိမ့္မယ္။ဟဟဟ 

Continue Reading

You'll Also Like

61.1K 7.5K 74
ဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမ...
375K 61.8K 103
I rely on kisses to clear survival games. 90 Chapters + 9 Extras This is not my own. Totally Credited to original Author.
78K 5.5K 98
စာစဉ်မိတ်ဆက် လင်းဖန်သည် နတ်ဘုရားအဆင့် အလွန်ချမ်းသာကြွယ်ဝ‌သော ဘဝလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည့် အကောင့်ဝင်ခြင်းစနစ်ကို ရရှိခဲ့သည်။ သူသည် အချက်အပြ...
8.9K 800 83
မိုးကောင်းကင်အားချုပ်ကိုင်ခြင်း pageလေးကိုလည်း Likeလုပ်ပေးကြပါဦးနော်