Magic Of Love
sunray9597
30.4K 1.9K 1K
taekook, yoonmin, namjin, j-hope and ARMY, Еще
Magic Of Love ( Intro )
Part -1
Part -2
Part -3
Part -4
Part -5
Part -6
Part -7
Part -8
Part -9
Part -10
Part -11
Part -12
Part -13
Part -14
Part -15
Part -16
Part_17
Part -18
Part -19
Part -20
Part -21
Part -22
Part -23
Part -24
Part -25
Part -26
Part -27
Part -29
Part -30
Part - 31 ( Final )
Part -28
785 53 23
sunray9597
# Unicode #
"boss...စီစဉ်ခိုင်းတာ နည်းနည်းလွှဲချော်သွားပေမဲ့...ကင်မ်ထယ်ယောင်းတို့ကတော့..အက်ဆီးတန့်ဖြစ်သွားပါတယ်..."
"ဟားးး ဟားးးး ကောင်းတာပေါ့ကွာ....အဲ့လမ်းကို မနက်ထိ ကားတစ်စီးမှ မလာစေနဲ့..."
"ဟုက်ကဲ့ boss .."
"သွားတော့ ..."
သူပြောတာနဲ့ အရိုသေပေးပြီးထွက်သွားကြတဲ့သူ့ရဲ့ လက်ပါးစေတွေ....သူခိုင်းတာ လွှဲသွားပေမဲ့ ချက်ကောင်းတော့ ထိသွားတာမို့...အပြစ်မပေးတော့....သူစီစဉ်ထားတာက...ပါတီမှာ...ဂျောင်ဂုတို့လေးယောက်ကို ပြန်ပေးဆွဲမယ်...ပြီးတော့ ထယ်ယောင်းတို့ဆီ ဖုန်းဆက်ပြီး...သူ့ဆီလာဖို့ ပြောမယ်....သူတို့ ရဲ့ ကားတိုင်းမှာ ဘရိတ်ကြိုး ကို ဖြတ်ခိုင်းထားတာ...ဒါပေမဲ့ သူပြန်ပေးမဆွဲခင်မှာ..ယန်းဆူဆိုတဲ့ ကောင်လေးနဲ့ ပြဿနာတက်ပြီး...ယွန်ဂီတို့က ယန်းဆူကို ဆေးရုံကားနဲ့ ဆေးရုံလိုက်ပို့တာကြောင့်..သူတို့က လွတ်မြောက်သွားပေမဲ့..ထယ်ယောင်းတို့ကတော့ ဘရိတ်ကြိုး အဖြတ်ခံရတဲ့ကားကိုစီးဖြစ်သွားသဖြင့် သူ့ရဲ့ တပည့်တွေကို ခိုင်းပြီး..ကားနဲ့ ဝင်တိုက်ခိုင်းတာ..ထယ်ယောင်းတို့က ရှောင်လိုက်တော့ လမ်းဘေးအုတ်နံရံနဲ့...အုန်း!....ဘုန်း!.....ဇာတ်လမ်းလေးက ပြီးသွားတာပေါ့....
"ဟက်!...အခုတော့..ပျော်ပျော်ကြီး သေရွာလားကြတော့ပေါ့..ကင်မ်ထယ်ယောင်း..."
ဂျောင်ဂုကတော့ မရည်ရွယ်ပါဘူး..ထယ်ယောင်းကိုသတ်ပြီးရင်..ဂျောင်ဂုကို အပိုင်သိမ်းဖို့ကြံထားတာ...အခုတော့ သူပါ ပါသွားတော့ နှမြောစရာ...ဒါပေမဲ့..ယွန်ဂီတို့ ကောင်းလေးတွေ ရှိသေးတာဘဲ...အခု လှည့် ‌ကံကောင်းပေမဲ့ နောက်အလှည့်ကျ ကံမကောင်းနိုင်ပါဘူး.....
"ဟက်!...မစမ်းသင့်တဲ့လူကို လာစမ်းတာဘဲ....ဂန်ချန်းမင်က ကိုယ်မရရင် ဘယ်သူမှ မရရအောင်လုပ်တတ်သလို လုယူတဲ့သူကိုလည်း ကောင်းကောင်းအပြစ်ပေးတတ်တယ်....ဟားးးး ဒီလိုညလေးမှာ အလှလေးတွေနဲ့ပျော်ရွှင်သင့်တာပေါ့...အဟက်!..."
ဂန်ချန်းမင်က ပျော်ပျော်ပါးပါးအောင်ပွဲခံနေသလို တစ်ဖက်မှာလည်း...အပူတွေ တောက်လောသ်နေသည်။
"အာ့!......ကျွတ်!......ကျွတ်!...."
stree-wheel..နဲ့ဆောင့်မိသွားတာကြောင့်...ခေါင်းပေါက်သွားသဖြင့်...ထယ်ယောင်း နာကျင်သွား ကျစ်သတ်မိသွားသည်။
သူနဲ့ဂျောင်ဂု ပါတီက အပြန်မှာ ကားပေါ်မှာတင် ရန်ဖြစ်နေကြတာ...ပြီးတော့..စကားများနေတုန်း ကားတစ်စီးလာလို့ရှောင်လိုက်တော့ အရှိန်ထိန်းမရတဲ့အချိန် နောက်ကားတစ်စီးလာတော့ သူတို့ကားက ရှောင်ရင်း..လမ်းဘေး အုတ်နံရံကို တိုက်မိသွားတာ....လက်တလော အခြေနေကို ထယ်ယောင်း မနည်းစဉ်းစားလိုက်ရ၏။
ဟင်!...ဂျောင်ဂုရော!...သူဂျောင်ဂုကို သတိရပြီး ကြည့်လိုက်တော့..သူ့ဘေးက ထိုင်ခုံမှာ..မေ့နေတဲ့ဂျောင်ဂု....နဖူးပြင်က နဂို ဒဏ်ရာပေါ် ထက်ပြီး ထိထားတော့ သွေးတွေ စီးကျနေသလို...ရင်ဘတ်မှာလည်း..သွေးတွေ...ကားမှန်က ကွဲပြီး ဂျောင်ဂုရဲ့ ဘယ်ဘက် ရင်အုံ ကိုစိုက်နေတာ....ထယ်ယောင်းမှာ ဂျောင်ဂုရဲ့ ပုံစံကို မြင်ပြီး ထိတ်လန့်သွားသည်။
"ဂျောင်ဂု!.....ဂျောင်ဂု!....ကိုယ်ခေါ်နေတယ်လေ!.....ဂျောင်ဂု!...."
ပါးပြင်လေးကို ခပ်ဖွဖွပုတ်ပြီး နိုးသော်လည်း နှိုးမလာတဲ့ဂျောင်ဂု....
"ဂျောင်ဂု!...ကိုယ့်ကို စိတ်စိုးနေလို့လား...ထပါကွာ!....ဂျောင်ဂု!...."
" ................ "
"ချစ်......ကိုယ် ခေါ်နေတယ်လေ....ချစ်!...."
ထယ်ယောင်း ဂျောင်ဂုကို ရင်ခွင်ထဲထည့်ပြီး သတိရအောင် လုပ်ပေးချင်ပေမဲ့ သူတစ်ချက် လှုပ်နှိုးလိုက်တမ်း...နှလုံးကို စိုက်နေတဲ့မှန်က နေ သွေးတွေ ထွက်လာသဖြင့် ဂျောင်ဂု ကိုယ်လေးကို မထိရက်ပေ....
"ချစ်!....ခဏ!...ခဏ...ဘဲစောင့်နော်....ကိုယ်...ချစ်ကို ဆေးရုံခေါ်သွားပေးမယ်..."
ထယ်ယောင်း...ပေါက်ပြဲပြီး...မုန်ကွဲစတွေစိုက်နေတဲ့ ခြေထောက်ကို မမှု့ဘဲ ကားအပြင်ကို ထွက်ကာ...အကူအညီတောင်းဖို့ ကားစောင့်နေမိသည်။သို့သော် ကားတစ်စီးမှ မလာ.....ဂျောင်ဂုရဲ့ ကားတံခါးကို ဖွင့်ပြီး သွေးစွန်းနေတဲ့ လက်ကလေးကို ကိုင်ကြည့်တော့ အေးစက်စပြုနေပြီ ...
"ချစ်!...ချစ်!....အားတင်းထားနော်!....ခဏ...ခဏလေးဘဲ...ကိုယ်ရအောင် ကယ်ပေးမယ်..."
ထယ်ယောင်း...သတိမေ့နေတဲ့ ဂျောင်ဂုရဲ့ မျက်နှာလေးကို ကြည့်ပြီး..ဆောက်တည်ရာမရ ငိုနေမိသည်။ သူမဆုံးရှုံးချင်ဘူး....
"ငါ...ငါ!..ဘာလုပ်ရမလဲ....ယွန်...ယွန်ဂီ!..."
ထယ်ယောင်း...သူ့ရဲ့ ဖုန်းကို ရှာလိုက်သည်။ ယွန်ဂီကို ဖုန်းဆက်ပြီး အကူညီတောင်းရမယ်...
"တောက်စ်!...အရေးထဲ ဖုန်းက ဘယ်ရောက်နေပါလိမ့်!..."
ထယ်ယောင်း.. driver seat နားသွားပြီး ရှာလိုက်တော့ ခုံအောက်ကျနေတဲ့ ဖုန်းကို တွေ့လိုက်သဖြင့်...တုန်တုန်ချိချိနဲ့ပင်..ဖုန်းနံပါတ်ကို နှိပ်ကာ ဆက်လိုက်၏။
"ဟယ်...ဟယ်လို...ယွန်ဂီ...ဆေးရုံကားခေါ်ပြီး...ဂျိုဆွန်းလမ်းကို အခု..အခုလာခဲ့...ငါ..ငါတို့ ကားအက်ဆီးတန့်ဖြစ်တာ..ဂျောင်ဂု..ဂျောင်ဂု..သတိမရတော့ဘူး...ရင်ဘက်ကို လည်း မုန်ကွဲစ စိုက်နေတယ်..လက်တွေအေးစက်နေပြီ....မြန်မြန်..လာခဲ့ပါ.."
ထယ်ယောင်း ဖုန်းဝင်သွားတာနဲ့..ယွန်ဂီရဲ့ စကားကို နားမထောင်တော့ဘဲ..သူဘဲပြောကာ ဖုန်းချလိုက်သည်။
"ခဏလေးပါ...ချစ်ရာ!...ခဏစောင့်နော်!...ပြီးရင် ယွန်ဂီတို့ရောက်လာလိမ့်မယ်...ဘာမှ မဖြစ်တော့ဘူးနော် ...အရမ်းနာနေလားချစ်~"
ထယ်ယောင်း...ဂျောင်ဂုရဲ့ ခေါင်းလေးကို..သူ့ပခုံးထက် တင်ပြီး စကားတွေ ပြောနေမိသည်။
"ကိုယ်တို့ အတူတူ ဖြတ်ကျော်ကြမယ်...အခုတော့က်တို့ အနား..ယူကြရအောင်.~...ကိုယ်နိုးလာတာနဲ့ ယုန်ပေါက်လေးက ကိုယ့်အနားမှာ ရှိနေရမယ်နော်..~.."
ထယ်ယောင်းရဲ့ စကားသံတွေက တိုးညှင်းလာပြီးနောက်ဆုံးတော့ ဂျောင်ဂုရဲ့ ခေါင်စလေးပါ် ထပ်ပြီး ကျသွားတဲ့ ထယ်ယောင်းရဲ့ ခေါင်း....သူတို့အိပ်စက်ချင်းက အတူတူနှိုးထနိုင်မလားဆိုတာက....ကံကြမ္မာက လွှဲပြီး ဘယ်သူမှ မသိနိုင်...
ယွန်ဂီလည်း..ယန်းဆူရဲ့ အခြေနေကို စောင့်ကြည့်နေတုန်း ထယ်ယောင်းက ဖုးန်ခေါ်တာကြောင့် ကိုင်လိုက်တော့...သွေးပျက်ပြီး ချောက်ခြားနေတဲ့ အသံနဲ့ သူတို့ အက်ဆီးတန့် ဖြစ်ကြောင်းပြောလာတဲ့ ထယ်ယောင်းကြောင့်.လက်ထဲက ဖုန်းတောင်လွတ်ကျသွားသည်။
"ယွန်....ယွန်ဂီ ဘာဖြစ်တာလဲ..."
"နမ်ဂျွန်း!...ထယ်ယောင်းတို့ ကားအက်ဆီးတန့်ဖြစ်လို့..."
"ဘာ!...."
အားလုံးဆီက အာမေဋိတ်တွေ ထွက်လာ၏။မယံကြည်နိုင်မှုတွေကြောင့်...ကြောင်အနေမိသည်။
"ဘာတွေ ကြောင်...ကြောင်နေတာလဲ..ဆေးရုံ ကားခေါ်ပြီး..သွား..သွားရမယ်လေ..."
ဆော့ဂျင်က အထစ်ထစ်အငေါ့ငေါ့ပြောမှ..အားလုံးယောက်ယက်ခတ်ကာ..ဆရာဝန်တွေသူနာပြုတွေခေါ်ပြီ..ထယ်ယောင်းပြောတဲ့ နေရာကို..အမြန်သွားကြသည်။လမ်းတစ်လျှောက် ဘာမှ ထိခိုက်မှု ကြီးကြီးမားမား မရှိအောင်...ဆုတောင်းလျက်သာ...သူတို့ဆုတောင်းတွေ ပြည့်ပါ့မလား.....
"ဝီးညှော်~......ဝီးညှော်~.....ဝီးညှော်~...."
ဆိုလ်း လမ်းမထက်မှာ..လူနာတင်ကား နှစ်စီးရဲ့ အသံက ဆူညံလျက်....ပထမတစ်စီးမှာ...ထယ်ယောင်းနဲ့ အတူ...ယွန်ဂီတို့က ပါလာပြီး.....နောက်တစ်စီးမှာ...ဂျောင်ဂုနဲ့ အတူ...ဂျီမင်တို့က လိုက်လာကြသည်။
အရေးပေါ်အချက်ပေးသံကြောင့်...ကားတွေက လမ်းရှောင်ပေးကြသည်။ဆေးရုံရောက်တော့...နှစ်ယောက်စလုံး...အရေးပေါ် ခွဲစိတ်ရမည်မို့..ဘီးတပ် ကုတင်ပေါ်တင်ကာ..ဘောချင်းယှဉ် တွန်းသွားကြသည်။ ဟိုဆော့တို့ ဂျီဟွန်းတို့လည်း..အတူတူတွန်းပေးနေကြပြီး...ခြောက်ယောက်လုံး မျက်ရည်တွေနဲ့ ..စိုးရိမ်နေကြ၏။
သူတို့သတိမထားမိတာက...ဂျောင်ဂုနဲ့ ထယ်ယောင်းရဲ့ လက်ကလေးတွေ ဆုပ်ကိုင်ထားကြတာကိုပင်....လမ်းခွဲရောက်တော့...သူတို့ရဲ့ လက်ကလေးတွေ ဝေးကွာသွားကြပြီး...ခွဲရမည့်အခန်းအသီးသီးသို့ ခေါ်ဆောင်သွားကြသည်။
ကျန်ခဲ့တဲ့သူတွေမှာတော့..ခွဲခန်းနှစ်ခုကြားမှာ ဗျာများနေကြသည်။အရိုးအကြော ခွဲစိတ်ခန်းနဲ့...နှလုံး ခွဲစိတ်ခန်းနှစ်ခုကြား..ခြေရာများထပ်နေကြသည်။
"Daddy...တို့က အစ်ကိုယောင်း ရဲ့ အခြေနေကို သွားစောင့်ကြည့်ကြ... baby..တို့က ကုကုရဲ့ အခြေနေကို ကြည့်မယ်..မဟုတ်ရင်...အခုလို ကူးနေတာနဲ့ အခြေနေတွေကို မသိရဘဲနေမယ်..."
"ဟုတ်ပြီ... baby...တစ်ခုခုထူးတာနဲ့...လာပြောနော်..."
"ငါ..အန်တီတို့ကို အကြောင်းကြားထားတယ်..မနက်ဖြန်လောက်ရောက်ကြလိမ့်မယ်..."
နမ်ဂျွန်းကပြောတော့ အားလုံး မျက်နှာမကောင်းကြ...အန်တီတို့ တော်တော် ခံစားရမှာဘဲ သားရော သမက်ပါ အရေးပေါ်အခန်းထဲရောက်နေကြတာ ..
ဂျီဟွန်းတို့ ထယ်ယောင်း ခွဲခန်းရှေ့သွားစောင့်ကြတော့...ဟိုဆော့တို့က ဂျောင်ဂု ခွဲခန်းရှေ့မှာ ကျန်ခဲ့သည်။
"ကုကု~...ကုကု~....ညီလေး~..."
ဆေးရုံထဲ အပြေးအလွှားနဲ့ ရောက်လာတဲ့..ဂျောင်မင်...ညအိပ်ဝတ်စုံကိုပင် မလဲနိုင်...ညီနဲ့ယောက်ဖ အက်ဆီးဒန့်ဖြစ်ပြီး အရေးပေါ်ခန်းထဲရောက်နေတယ်လို့...ဟိုဆော့ ဖုန်းဆက်တော့ သူ့မှာ အရမ်း အံ့အားသင့်သွားသည်။သူ့ရဲ့ ကလေးလေးကို အဆုံးရှုံး မခံနိုင်ပါဘူး...တစ်ဦးတည်းသော ညီလေး...ကားအက်ဆီးဒန့်ကြောင့် ပါးပါး ကို ဆုံးရှုံးပြီးသွားပြီ...အခု ညီလေးလည်း အဲ့လို မဖြစ်လောက်ဘူးမလား....
ကော်ရစ်တာတစ်လျှောက်‌မျက်ရည်များနဲ့ ဖရို့ဖားယားပြေးနေတဲ့သူ့ကို အထူးအဆန်းကြည့်နေကြတဲ့ မျက်လုံးတွေကိုလည်း...ဂရုမစိုက်နိုင်.....နှလုံးခွဲစိတ်ခန်းရှေ့ရောက်တော့...စောင့်နေကြတဲ့ ဆော့ဂျင်တို့ကိုတွေ့သဖြင့်...အပြေးသွားလိုက်သည်။
"ဂျင်ဂျင်....ညီ...ညီလေးရော...."
"ကိုကြီး....ကု..ကု ခွဲခန်းထဲမှာ..."
ဆော့ဂျင်တို့က ဂျောင်မင်ကို အားကိုးရသွားသလို ဖက်ပြီး ငိုကာပြောနေကြသည်။ဂျောင်မင်ကိုယ်တိုင်လည်း..စိုးရိမ်စိတ်ကြောင့်ငိုနေမိသည်။
"ချပ်!.."
"ဒေါက်....ဒေါက်တာ....ကု...အခြေအနေ..~..."
ခွဲခန်းတံခါးပွင့်လာပြီး...ဆရာဝန်ထွက်လာတာကြောင့်...ဂျီမင်တို့တွေ အနားသွားပြီးမေးလိုက်သည်။
" လူနာရဲ့ နှလုံးက တော်တော်ပျက်စီးသွားတယ် တစ်ပတ် အတွင်း အစားထိုးမှ ရမယ်...အလျှုရှင်ရှာရမယ်...ကျွန်တော်တို့ဘက်ကလည်း အတက်နိုင်ဆုံး ရှာပေးပါ့မယ်..."
"ဟင်!.!."
ဆရာဝန်ထွက်သွားတော့...သူတို့ အရုပ်ကြိုးပျက် ဖြစ်သွားကြသည်။အားလုံးကြမ်းပြင်မှာငုတ်တုတ်ထိုင်ရင်း အသိနဲ့သတိမကပ်ကြတော့ တစ်ပတ်ဆိုတဲ့ အချိန်တွင်းမှာ အလျှူရှင်ရှာဖို့ဆိုတာမဖြစ်နိုင်...နှလုံးက အသက်သေဆုံးဖို့ ဆန္ဒရှိတဲ့ အလျှူရှင်နဲ့တွေ့မှ ဖြစ်မှာ...တစ်ဦးရှင်ဖို့ တစ်ဦးက ထုတ်ပေးရမှာလေ....
"ချပ်!.!."
"ဒေါက်တာ...အခြေနေလေး..."
ခွဲခန်းထဲကနေ ထွက်လာတဲ့...ဆရာဝန်ကို နမ်ဂျွန်းတို့မေးလိုက်သည်။
"ခွဲစိတ်တာ အောင်မြင်ပါတယ်...ခြေထောက်က..သတိရလာမှ အခြေနေသိရမှာပါ...နောက်နှစ်ရက်လောက်ဆို သတိရလောက်ပါပြီ.."
"ဟုတ်...ဟုတ်ကဲ့..ဒေါက်တာ..ကျေးဇူးတင်ပါတယ်....ကျေးဇူးအရမ်းတင်ပါတယ်..."
အခုမှ စိတ်သက်သာရာ ရပြီး ပျော်ရွှင်သွားကြတဲ့...ယွန်ဂီတို့...ဆရာဝန်လည်း..ပြုံးပျော်ပြီး ထွက်သွား၏။မဟုတ်ရင် သူ့အသက်ဖတ်နဲ့ထုပ်ထားရမဲ့အခြေနေလေ..သူခွဲစိတ်ပေးရနာ သာမန်လူမှ မဟုတ်တာ...တစ်ချက်လေးမှားလို့ တိမ်းစောင်းသွားတာနဲ့...ရင်ဆိုင်ရမဲ့ လူတွေက ဩဇာအာဏာရှိသူတွေမို့ပင်....
"ထယ်ယောင်း အခြေနေက စိတ်ချရပြီ..ထယ်ယောင်းကို အထူးခန်းထဲရွှေ့ပြီးတာနဲ့ ကုကု ဆီသွားရအောင်..ကုကု အခြေနေ အခုလောက်ဆိုသိလောက်ပြီပေါ့..."
"ဟင်!...ဟန်နီ...ဘာ..ဘာဖြစ်လို့လဲ..."
ခွဲခန်းရှေ့သွားတော့ အရေးပေါ်အခန်းထဲရွှေ့လိုက်ပြီဆိုလို သွားကြတော့...အရေးပေါ်ခန်းရှေ့က ထိုင်ခုံတွေမှာ ထိုင်နေကြပြီး အသက်မဲ့နေတဲ့မျက်နှာတွေနဲ့ ငိုထားလို့ဖောင်းအစ်နေတဲ့ မျက်လုံး‌တွေက တစ်ခုခုကြောင့်လား....ဂျောင်ဂုအစ်ကိုဂျောင်မင်ရောပင်...
သူတို့ကိုမြင်တော့ လှည့်ကြည့်လာပြီး..တအစ်အစ်နဲ့ ရှိုက်ပြီးငိုနေကြတဲ့ သုံးယောက်နဲ့...ခံစားချက်မဲ့နေတဲ့ မျက်လုံးတွေနဲ့ အရေးပေါ်အခန်းကိုသာ ကြည့်နေတဲ့ဂျောင်မင်....
"Baby..ဘာ...ဘာဖြစ်လို့လဲ..."
"ဟန်နီ...ပြောလေ ဘာဖြစ်ကြတာလဲ.."
"ကလေး...ကလေး...မငိုနဲ့လေ...လူကြီးတို့ကို တစ်ခုခုပြောအုံးလေ..."
"ဟင့်......အီးးးးးး အင့် အီးးးးးးးး "
‌ဆော့ဂျင်တို့က ပိုငိုလေ..နမ်ဂျွန်းတို့က ပိုပြီး စိုးရိမ်လာသည်။
"ဟန်နီ...ကုကု..အခြေနေရော~..."
"ဒါ...ဒါလင်....ကု..ကုလေ တစ်ပတ်အတွင်းမှ နှလုံးအစားသွင်းဖို့ မရဘူးဆိုရင်...မရဘူးဆိုရင်.....ဟင့်.....ဒါလင်...ဟန်နီတို့ ကုကို လက်လွှတ်ပေးရတော့မှာတဲ့..."
ဆော့ဂျင်က ပြောရင်း ရှိုက်ရှိုက်ငိုလာသလို..နမ်ဂျွန်းတို့လည်း..ခုနက အပျော်မှန်သမျှက ကြက်ပျောက်ငှက်ပျောက်ပင်...
"လူကြီး...တစ်ခုခု လုပ်ပေးပါအုံး...ကလေးတို့ ကုကို မဆုံးရှုံးချင်ဘူး...အခုလေ..ကုက အရေးပေါ်အခန်းထဲမှာ...ဆေးပိုက်တွေနဲ့..ကလေးရဲ့ သူငယ်ချင်းကို အဲ့လိုပုံစံမျိုးနဲ့...မမြင်နိုင်ဘူး..ဟင့်...တစ်ခုခုလုပ်ပေးကြပါ..."
ဟိုဆော့က ခုနကသူဝင်ကြည့်တုန်းက ဆေးပစ္စည်းတွေနဲ့ အသက်ဆက်ထားတဲ့ ဂျောင်ဂုရဲ့ပုံစံကို မြင်ပြီး ဂျီဟွန်းကို အကူညီတောင်းနေမိသည်။
"လူ...လူကြီးတို့...အလျှူရှင် ..ရှာပေးပါ့မယ်...ကုကု အသက်ရှင်နိုင်မှာပါ...အချိနိရပါသေးတယ်...ကိုရီးယားနိုင်ငံမှာရှိတဲ့‌ဆေးရုံတိုင်းကို ဆက်သွယ်ပြီး ရှာပေးမယ်နော်.."
ဂျီဟွန်းတို့ ထယ်ယောင်း အတွက် ဂျောင်ဂုကို လက်လွှတ်လို့မဖြစ်....ဂျောင်ဂုသာ တစ်ခုခုဖြစ်သွားရင်...ထယ်ယောင်းလည်း...ရှိတော့မှာ မဟုတ်...
"Daddy...အစ်ကိုယောင်း အခြေနေရောဟင်..."
" ထယ်ယောင်းက အခြေနေကောင်းတယ်..နောက်နှစ်ရက်လောက်ဆို သတိရလောက်ပြီ..ခြေထောက်ကတော့..သတိရလာမှ စစ်ကြည့်ရမယ်ပြောတယ်... baby.."
ထယ်ယောင်းရဲ့ အခြေနေကို ကြားမိလို့ ဝမ်းသာသော်လည်း...သူတို့လုံးလုံး မပျော်နိုင်...လောလောဆယ် အလျှုရှင်ရှာရမည်....
"ဟင့်.....ဟင့်......ဟင့်..."
"ဘယ်သူလဲ....ဘယ်သူငိုနေတာလဲ...."
နီရဲနေတဲ့ မြက်ပြင်တွေနဲ့...မြူတွေဆိုင်းနေတဲ့ ချောက်ကမ်းပါးတစ်ခုနားမှာသူရောက်နေတာ....တဟင့်ဟင့်နဲ့ ဝမ်းပန်းတနည်းရှိုက်ငိုသံက သူ့ရဲ့ ဝဲဘက်ရင်အုံကို တဆစ်ဆစ်နာကျင်စေသလို..ဒီငိုသံနဲ့လည်း..သူရင်းနှီးနေသည်။
ထိုအချိန်သူ့ရှေ့ပေါ်လာတဲ့ ကလေးလေးနှစ်ယောက်...လေးနှစ်အရွယ် ကလေးလေးနဲ့..ကိုးနှစ်အရွယ်ကောင်လေးတစ်ယောက်ပင်...ကလေးလေးက စက်ဘီးလေးစီးနေပြီး...ကောင်လေးက ထိန်းပေးနေသည်။
"တိုတို....ယုန်ပေါကရေးကို..တေရှာ တိုင်ပေးညော်..."
"ဟုတ်ပါပြီကွာ....ကိုကိုသေချာကိုင်ပေးထားတယ်...နင်းနော်..."
သူအရင်ကနေခဲ့တဲ့ ဘူဆန်က အိမ်မှာ..ဒါနဲ့ အဲ့ဒါသူနဲ့ ဂျောင်ဂုရဲ့ ငယ်ဘဝလေ...သူနဲ့ယုန်ပေါက်လေး အတူတူဆော့နေတာ...ယုန်ပေါက်လေူက အရမ်းချစ်ဖို့ကောင်းတာ....
"ယုန်ပေါက်လေး..ကိုကို ရေသွားသောက်လိုက်အုံးမယ်...ကိုကိုပြန်လာမှ ဆက်စီးနော် ."
"ဟုက်ကဲ့...ကိုကို..."
ထယ်ယောင်း ရေသွားသောက်နေတုန်း စောင့်နေရတာ ပျင်းတဲ့ ယုန်ပေါက်လေးက သူ့ဘာသာ စက်ဘီးကို နင်းဖို့လုပ်လိုက်သည်။
တစ်ချက်....နှစ်ချက်....သုံးချက်
" ဘုန်း~.... "
သုံးချက်မြောက်မှာတော့...ဟန်ချက်ပျက်ပြီး လဲသွားတဲ့ ယုန်ပေါက်လေး...
"ဟင့်~......ဟင့်~.......ဟင့်.~....."
‌ယုန်ပေါက်လေးရဲ့ အကျင့်အတိုင်း သူတကယ်နာကျင်လို့ ငိုရင် သူများကလေးတွေလို အကျယ်ကြီး အော်မငိုဘဲ တဟင့်ဟင့်နဲ့သာ ငိုတက်သည်။
"ဟင့်~.....ဟင့်~......ဟင့်~....."
"ယုန်ပေါက်လေး!.!."
ရေသောက်ပြီး ပြန်လာတဲ့ ထယ်ယောင်းအသေးစားလေးက ယုန်ပေါက်လေးငိုနေတာတွေ့တော့ ပြေးလာပြီး ရင်ခွင်ထဲ ဖက်လိုက်သည်။
"ယုန်ပေါက်လေး...ဘာကြောင့်ငိုတာလဲ...ကိုကို ကိုပြော..."
"ဟင့်...ယုန်ပေါက်လေး...နာနာ..ဖစ်တွားရယ်...စက်ပီးမှောက်တာ..."
"ဟုတ်လား...ကိုကို့ ကိုပြပါအုံး..."
ထယ်ယောင်း ကြည့်လိုက်တော့...ဒူးခေါင်းမှာ သွေးထွက်သွားသည်။
"ယုန်ပေါက်လေး အရမ်းနာနေလားဟင်..."
"ဟုတ်...အရမ်းနာတယ်ကိုကို...ရင်ဘတ်ထဲက အရမ်းနာတယ်..."
တဖြေးဖြေးနဲ့ ထယ်ယောင်း အသေးလေးက ပျောက်ကွယ်သွားပြီး..ယုန်ပေါက်လေးက ဂျောင်ဂုဖြစ်လာပြီး...ရင်ဘတ်ကို လက်ညှိုးထိုးပြကာနာကြောင်းပြနေသည်။တဖြေးဖြေး နှလုံးနေရာက စိမ့်ထွက်လာတဲ့ သွေးတွေ...သွေးတွေမြင်လိုက်ရတော့ ထယ်ယောင်းမျက်လုံးတွေ ပြာလာသည်။
"ယုန်ပေါက်လေး...အရမ်းနာတယ်..ကိုကို....ဟင့်..."
"ယုန်ပေါက်လေး!..."
တဖြေးဖြေး ပျောက်ကွယ်သွားတဲ့ ပုံရိပ်လေးကို ထယ်ယောင်းဖမ်းလိုက်ပေမဲ့ မမိ ..လေဟာနယ်ကိုသာ ဆုပ်ကိုင်မိသည်။
တစ်ဆက်တည်း သူသတိရသွားတာက ကားထဲမှာ သွေးတွေနဲ့မေ့နေတဲ့ ဂျောင်ဂု...
"ဟင်!....ချစ်!......ချစ်!...."
"ဟင့်!.....ဟင့်......ဟင့်~...."
"ချစ်!....ဘယ်မှာလဲ....ထွက်လာခဲ့ပါကွာ..."
" ဟင့်!... ဟင့်!.... ဟင့်!.... "
အသံလာရာကို သေချာနားစိုက်ထောင်ကြည့်တော့ ချောက်ကမ်းပါးဘက်ကဖြစ်နေသဖြင့်....သူသွားကြည့်လိုက်တော့...ချောက်ကမ်းပါးစွန်းမှာ..မတ်တပ်ရပ်နေတဲ့ ကိုယ်ငယ်လေး...ကျောပြင်လေးက တသိမ့်သိမ့်တုန်ကာ ရှိုက်ငိုနေသည်။
"ချစ်!.....ချစ်!...."
သူခေါ်လိုက်တော့ လှည့်ကြည့်လာတဲ့ ဂျောင်ဂု....ရင်ဘတ်တစ်ခုလုံးနီရဲနေ၏။
"ချစ်....နောက်ကို မဆုတ်နဲ့ ကိုယ့်ဆီကိုလာ...ချစ်!..."
တဖြေးဖြေးနဲ့ နောက်ဆုတ်သွားတဲ့ ကိုယ်ငယ်လေးကြောင့် ထယ်ယောင်း အလန့်တကြားတားမိသည်။ရှေ့မှာချောက်ကြီးလေ...
"ဟင့်....ကင်မ်!....ကျွန်တော်..ရင့်ဘတ်ထဲက အရမ်းနာတယ်...ဟင့်..."
တဖြေးဖြေး ရဲတွတ်လာတဲ့သွေးတွေက ဝတ်ထားတဲ့ အဖြူရောင်ဝတ်စုံလေးကို ရဲပလောင်း ခတ်စေသည်။
"ချစ်!....ကိုယ်လာခဲ့မယ်..."
သူရှေ့ကိုတိုးမယ်ကြံတော့ လှုပ်လို့မရတော့တဲ့ ခြေထောက်တွေ...ခဲဆွဲထားသလို လေးလံနေသည်။
"အားးး..ငါ့ခြေထောက်ဘာဖြစ်တာလဲ..."
"ဟင့်~.....ကင်မ်!...ကျွန်တော်...အရမ်းနာနေပြီ...နှလုံး‌နေရာက အရမ်းအောင့်နေတယ်..."
ဘယ်ဘက်ရင်အုံကို ဖိပြီး နာနာကျင်ကျင်နဲ့ပြောနေတဲ့..ဂျောင်ဂုက တဖြေးဖြေးနောက်ဆုတ်သွား၏။
"ချစ်!...နောက်မဆုတ်နဲ့..လာကိုယ့်ဆီ..ပြန်လာ...ချစ်!..."
"ဟင့်~...ကင်မ်!....ကျွန်တော် မလာနိုင်တော့ဘူး..ထင်တယ်..ဟင့်..."
" ချစ်!!!! "
ချောက်ထဲကျသွားတဲ့ ကိုယ်ငယ်လေးကြောင့် ထယ်ယောင်း..နီရဲနေတဲ့မြက်ခင်းပြင်ကြားဒူးထောင်ငိုကြွေးနေမိသည်။သူမတားလိုက်နိုင်ဘူး..သူ့ခြေထောက်တွေက ချစ်ကို တားဖို့ မစွမ်းနိုင်ကြတော့ဘူး...
" ချစ်!....ကိုယ့်ဆီပြန်လာခဲ့ပါ....ကိုယ်တောင်းပန်ပါတယ်....ကိုယ်ရဲ့ အချစ်တွေကို ဖွင့်ပြောတော့မှာမလို့ ပြန်လာပေးပါ....ချစ်!! "
" ချစ် !! "
"ထယ်ယောင်း!..."
"တီ~....တီ~......တီ~.....တီ~.....တီ!!!!!.."
တစ်ဖက်က အရေးပေါ်အခန်းထဲက..နှလုံးခုန်စက်တို့ကလည်း...တတီတီမြည်လာသည်။ဆရာဝန်တွေနဲ့ သူနာပြုတွေလည်း...ပြာယာခတ်နေကြပြီး စောင့်ကြည့်နေကြတဲ့ ဆော့ဂျင်တို့ရော ဂျောင်မင် တို့ပါ မျက်ရည်တွေနဲ့ စိုးရိမ်ပူပန်နေကြပြီး အခန်းရှေ့မှာ ခြေမကိုင်မိလက်မကိုင်မိ........
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Good night ပါသဲငယ်လေးတို့😘💜💜💜💜💜💜💜
Thanks for votes, feedback and comment.
I Love my readers forever ❤️
I PURPLE YOUR 💜
______________________________________
# Zawgyi #
"ဟုက်ကဲ့ boss .."
"သွားတော့ ..."
"အာ့!......ကျွတ်!......ကျွတ်!...."
" ................ "
"ဘာ!...."
"ကုကု~...ကုကု~....ညီလေး~..."
"ဂျင်ဂျင်....ညီ...ညီလေးရော...."
"ချပ်!.."
"ဟင်!.!."
"ချပ်!.!."
"ဒေါက်တာ...အခြေနေလေး..."
"Baby..ဘာ...ဘာဖြစ်လို့လဲ..."
"ဟန်နီ...ကုကု..အခြေနေရော~..."
"ဟင့်.....ဟင့်......ဟင့်..."
"ဟုက်ကဲ့...ကိုကို..."
" ဘုန်း~.... "
"ဟင့်~......ဟင့်~.......ဟင့်.~....."
"ဟင့်~.....ဟင့်~......ဟင့်~....."
"ယုန်ပေါက်လေး!.!."
"ယုန်ပေါက်လေး!..."
"ဟင်!....ချစ်!......ချစ်!...."
"ဟင့်!.....ဟင့်......ဟင့်~...."
" ဟင့်!... ဟင့်!.... ဟင့်!.... "
"ချစ်!.....ချစ်!...."
"ချစ်!....ကိုယ်လာခဲ့မယ်..."
" ချစ်!!!! "
" ချစ် !! "
"ထယ်ယောင်း!..."
"တီ~....တီ~......တီ~.....တီ~.....တီ!!!!!.."
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
I PURPLE YOUR 💜
Продолжить чтение
Вам также понравится
Ishq Ki Kahani authorafrah
Любовные романы
2.9M 54.5K 17
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
361K 33.6K 26
- Can't help falling in love with you - This is the story of love between us. Jeon's Tae🐯🐰 Start - 28/4/2021 End - 22/7/2021 #Myanmar #Taekook (...
YUVIKA: The Needed Love Riona
Любовные романы
1.1M 85.7K 39
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
311K 19.6K 50
Vkook Yoonmin Namjin Toptae Bottomkook Unicode & Zawgyi Start-2020 October [4] End-2021 January [9]