# Unicode #
"ကင်မ်ထယ်ယောင်း....ကျွန်တော်တို့...အခန်းခွဲအိပ်ရအောင်..."
"ဟမ်!..."
ညစာစားပွဲပြီးလို့..အခန်းထဲဝင်ရုံရှိသေး....ဂျောင်ဂုက ပြောလိုက်တာကြောင့်...ထယ်ယောင်း...မအံ့ဩပေမဲ့....မြန်လွန်းတာကြောင့်....စိတ်တော့မကောင်းပေ...
"ကျွန်တော်တို့..တစ်ယောက်တစ်ခန်းသုံးတာ အဆင်ပြေမယ် ထင်တယ်..."
"ဒါပေမဲ့...ကိုယ့်အိမ်က အလုပ်သမားတွေအကုန်လုံးက...မာမီ့..လူတွေချည်းဘဲ...ကိုယ်တို့ အခန်းခွဲအိပ်တာ သူတို့သိသွားရင်...မာမီ့ကို အကြောင်းကြားလိမ့်မယ်....အဲ့ဒါဆို....ကိုယ်တို့...တကယ့်လင်မယားတွေလို မနေတာသိသွားလိမ့်မယ်...ဂျောင်ဂု...."
သူပြောတာကို ခေါင်းလေးငုံပြီး နားထောင်နေတဲ့ ဂျောင်ဂုက....စိတ်အခက်တွေ့နေတဲ့ ပုံပင်.....
"အပေါ်ထပ်ကို ဘယ်သူ့မှ တက်မလာခိုင်းရင်ရော....အန်တီတို့ပြန်လာမှ...အခန်းပေါင်းကြတာပေါ့..."
"ပြီးရောလေ..."
"ဟီး....ကျေးဇူးပါ...ကင်မ်ထယ်ယောင်း...."
သူဆီက ခွင့်ပြုချက်ရသွားတော့...ပြုံးပျော်သွားတဲ့ မျက်နှာလေးက...ချစ်စဖွယ်....
"မင်း...မမောဘူးလား...."
"ဗျာ!....ဘာကိုလဲဟင်...ကင်မ်ထယ်ယောင်း..."
"ကိုယ့် နာမည်ကို အပြည့်အစုံခေါ်ရလို့လေ...."
"အာ!...အဲ့ဒါလား....ခင်ဗျားမကြိုက်မှာဆိုးလို့ပါ....အဲ့ဆို...ကျွန်တော်...ကင်မ်လို့ခေါ်မယ်နော်...
"အွန်း....ဒါနဲ့...ငါ့ဘေးအခန်းက လွတ်တယ်...အဲ့ အခန်း မင်း သုံးလိုက်...မဝေးတော့..ဘယ်သူမှ မရိပ်မိဘူးပေါ့..."
"ဟုတ်ကဲ့...ကျေးဇူးပါ...ကျွန်တော့် ပစ္စည်းတွေ အခန်းထဲ ရွှေ့လိုက်တော့မယ်..."
ဂျောင်ဂုလည်း....သူ့ရဲ့ ပစ္စည်း တွေကို အချိန် ဆွဲမနေတော့ဘဲ...နေရာချပြီး...အနားယူလိုက်၏။သူလည်း...သူကြောင့် ကင်မ် စ်တ်အနှောက်အယှက်ဖြစ်မှာဆိုး လို့..အခန်းခွဲနေမယ်လို့ပြောမိတာ...ကင်မ်ကျေနပ်လောက်မှာပါ.....