《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်း...

By Rue_Maylynn_21

19K 1.8K 98

Myanmar Teens fiction More

နိဒါန်း
အပိုင်း (၁)မင်း ငါ့အိမ်မှာ ပန်းလာမခူးတော့ဘူးလား?
အပိုင်း (၂) ပထမဆုံး ကျောင်းဖွင့်ရက်
အပိုင်း(၃)စိန်ပန်းပွင့်လေးက မင်းနဲ့တူတယ်။ ငါ မင်းကို လက်ဆောင်ပေးမယ်
အပိုင်း (၄)ကောက်ညှင်းထုပ်က အရသာကောင်းလား ?
အပိုင်း(၅)မရယ်ရတဲ့ ဟာသတွေပြောကြမယ် ( 🐖 &🥬)
အပိုင်း(၆)မာလကာသီးသကြားလုံးအခွံက ကံကောင်းစေတဲ့အဆောင်လား ?
အပိုင်း(၇)ဘာလို့ ဝက်တစ်ကောင် မဖြစ်ရမှာလဲ ?
အပိုင်း(၈)ဘတ်စ်ကားခကို မုန့်ဝယ်စားလိုက်ပြီ၊ လမ်းလျှောက်ပြန်ရမယ်
အပိုင္း(၈)ဘတ္စ္ကားခကို မုန႔္ဝယ္စားလိုက္ၿပီ၊ လမ္းေလွ်ာက္ျပန္ရမယ္
အပိုင်း(၉) ငှက်တစ်ကောင်က နည်းနည်းလေး သဝန်တိုနေတယ်
အပိုင္း(၉)ငွက္တစ္ေကာင္က နည္းနည္းေလး သဝန္တိုေနတယ္
အပိုင်း (၁၀) သင်္ချိုင်းကို လာတာ စွန်လွှတ်ဖို့တဲ့ !
အပိုင္း(၁၀)သခ်ႋဳင္းကို လာတာ စြန္လႊတ္ဖို႔တဲ့ !
အပိုင်း(၁၁)တန်းခွဲ (A) ရှေ့မှာ ပြသနာဖြစ်ကြတယ်တဲ့
အပိုင္း(၁၁)တန္းခြဲ (A) ေရွ႕မွာ ျပသနာျဖစ္ၾကတယ္တဲ့
အပိုင်း(၁၂) နည်းနည်းလေးမှ အဆင်မပြေဘူး
အပိုင်း(၁၃)ငါ တစ်ယောက်ထဲ သောကရောက်နေခဲ့ရတာ...။
အပိုင္း (၁၃)ငါ တစ္ေယာက္ထဲ ေသာကေရာက္ေနခဲ့ရတာ...။
အပိုင်း(၁၄) ချစ်၍ခေါ်ရာကို မောင်မောင်လိုက်ခဲ့ချင်ပါရဲ့လား ?
အပိုင္း(၁၄) ခ်စ္၍ေခၚရာကို ေမာင္ေမာင္လိုက္ခဲ့ခ်င္ပါရဲ႕လား ?
အပိုင်း(၁၅)ဥဒေါင်းညိုက သူ့ညီမငယ်လေးလို စိတ်ကောက်နေတယ် !
အပိုင္း(၁၅)ဥေဒါင္းညိဳက သူ႔ညီမငယ္ေလးလို စိတ္ေကာက္ေနတယ္ !
အပိုင်း(၁၆)မနက်စာအတွက် မနက်စာ နှင့် ပေါက်ကွဲခါနီး ငှက်ရုပ်ဆိုး
အပိုင္း(၁၆)မနက္စာအတြက္ မနက္စာ ႏွင့္ ေပါက္ကြဲခါနီး ငွက္႐ုပ္ဆိုး
အပိုင်း(၁၇)တစ်ခုခုကို မှားယွင်းနေတာကို သိပေမဲ့လည်း မည်သည်က မှားနေမှန်းမသိပေ။
အပိုင္း(၁၇)တစ္ခုခုကို မွားယြင္းေနတာကို သိေပမဲ့လည္း မည္သည္က မွားေနမွန္းမသိေပ ။
အပိုင်း(၁၈)မြတ်သျှင်မောင်က ကျောင်းတွင်းအနိုင်ကျင့်မှု ကျူးလွန်နေတယ်တော့ !
အပိုင္း(၁၈)ျမတ္သွ်င္ေမာင္က ေက်ာင္းတြင္းအႏိုင္က်င့္မႈ က်ဴးလြန္ေနတယ္ေတာ့ !
အပိုင်း(၁၉)မေတ္တာပန်းဆိုတာမျိုးကစိုက်ဖို့ခက်သလိုမျိုး ပွင့်ဖို့လည်းတယ်ခက်သကိုး။
အပိုင္း(၁၉)ေမတၱာပန္းဆိုတာမ်ိဳးကစိုက္ဖို႔ခက္သလိုပြင့္ဖို႔လည္းတယ္ခက္သကိုး။
အပိုင်း(၂၀)ဖွင့်ပြောလိုက်ပြီ ဒန် တန့် တန့်
အပိုင္း(၂၀)ဖြင့္ေျပာလိုက္ၿပီ ဒန္ တန႔္ တန႔္
အပိုင်း(၂၁) ရည်းစားစကားပြောခံရပြီးနောက် ဘာဆက်လုပ်ရမလဲ ?
အပိုင်း(၂၂) Red Lipstick Mark on the cheek challenge
အပိုင်း(၂၃)လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ
အပိုင်း(၂၄) ဂေါ်ဖီထုပ်ကလေး ခြေထောက်နာနေတယ် ဝူး ဝူး ~
အပိုင်း (၂၅) တရုတ်တန်းကို သွားကြမယ်ဆိုရင် ငှက်ကို သတိပြုပါ .
အပိုင်း (၂၆) တစ်စုံတစ်ငှက် စိတ်ဆိုးနေတယ်ထင်လို့လေ ....
အပိုင္း (၂၆) တစ္စုံတစ္ငွက္ စိတ္ဆိုးေနတယ္ထင္လို႔ေလ ....
အပိုင်း (၂၇) ရောင်စုံကိတ်မုန့် သေးသေးကလေးများ ....
အပိုင်း (၂၈) သီတင်းကျွတ် ပိတ်ရက်ကို ရခဲ့ပေမဲ့ ငှက်ကတော့ ပျံထွက်သွားခဲ့ပြီ
အပိုင်း(၂၉) အရင်ကလို မဟုတ်တော့တဲ့ အထီးကျန်သီတင်းကျွတ်ညလေး ဖြစ်နေပြီ
အပိုင်း(၃၀)ချိုချိုအီအီ မွှေးမွှေးလေး
အပိုင္း(၃၀)ခ်ိဳခ်ိဳအီအီ ေမႊးေမႊးေလး
အပိုင်း(၃၁) ကျွန်တော်၏ ဂေါ်ဖီထုပ်ကလေးကို အလိုလိုက်ထား၍ မဖြစ်တော့ပါ
အပိုင်း(၃၂) စုံတွဲကြားမှာ ကျွန်တော်က မြေစာပင်လေးပါ ...
အပိုင်း(၃၃)စုံတွဲတွေကြားမှာ ကျွန်တော်တို့က မြေစာပင်လေးပါ ဒုတိယပိုင်း
အပိုင်း(၃၄) လျှို့ဝှက်ထားရမယ့် ဆက်ဆံရေး
အပိုင်း(၃၅) ကျွန်တော့်ကောင်လေးက ခဏခဏစိတ်ကောက်တတ်တယ်
အပိုင်း (၃၆) You are the apple of my eye
အပိုင်း(၃၇)မင်းက ချောပြီး ကလက်လို့ ချောကလက်တုံးလေးလို့ ခေါ်မယ်
အပိုင်း(၃၈) ဘယ်သူက မင်းတို့မရီးကို စိတ်ဆိုးအောင် လုပ်လိုက်တာလဲ !
အပိုင်း(၃၉) ခက်ခဲသော ဆယ်ကျော်သက်အချစ်
အပိုင်း(၄၀)ကျောင်းသားရန်ပွဲတွင် ပါဝင်ခဲ့သော အတန်းခေါင်းဆောင်
အပိုင်း(၄၁) တစ်ခါတရံတွင် မြေပဲနှင့် ဓာတ်မတည့်နိုင်ပါ။
အပိုင်း(၄၃) ဆံပင်များကို ချစ်မြတ်နိုးလျှင် စနောက်ရာတွင် limit မကျော်ရ၊
အပိုင်း(၄၃) ‌ဖက်ထုပ်လေး၏ ဆွဲဆောင်ခြင်းမှာ ကျရှုံးသွား...
အပိုင်း(၄၄) " ယော..ယောကျာ်း "
အပိုင်း(၄၅)ဘုန်းကြီးကျောင်းကနေအစ သံသရာအဆုံး မင်းလက်လေးပဲ တွဲကာ သွားချင်တယ်

အပိုင်း(၄၂)ငါးပူတင်းလေးဖြစ်သွားသော ဂေါ်ဖီထုပ်ကလေး

302 28 1
By Rue_Maylynn_21


   တစ်ပတ်တာလုံး နေ့ညမပြတ် စာသင်ချိန်များဖြင့် ပြည့်နှက်နေတတ်သော်လည်း သောကြာနေ့ညနေပိုင်းတွင် အတန်းချိန်မရှိဘဲ အားလပ်နေတတ်သည်။ ထိုအချိန်တွင် ကျောင်းသားများက မိမိနှစ်သက်ရာ အားကစားများကို ပြုလုပ်၍သော်လည်းကောင်း သို့မဟုတ် အင်တာနက်ဂိမ်းဆိုင်များသို့ သွား၍ သော်လည်းကောင်း အချိန်ဖြုန်းကာ အနားယူလေ့ရှိသည်။

  "ဟေ့ကောင် ဥဒေါင်းညို ကျောင်းက ပြန်လာပြီး အဝတ်လဲနေတုန်းထင်တယ် မြန်မြန်လုပ်ကြ "
မြတ်သျှင်မောင်က အခန်းတံခါးဝမှ ချောင်းကြည့်စနည်းနာပြီးနောက် ခပ်မြန်မြန်အပြေးပြန်လာကာ ပြောလေသည်။

ထိုအခါတွင် မင်းခန့်နှင့် ရန်ပိုင်က အမြန်ပင် ထီးယူကာ မြတ်သျှင်မောင်နှင့်အတူ ညကျောင်းနောက်ပေါက်ကနေ သုံးယောက်သား ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ပြေးကြလေသည်။ သုံးယောက်သား လမ်းမပေါ်သို့ ရောက်သောအခါတွင် အသက်ဝဝရှူရင်း ရယ်မောလိုက်ကြသည်။

ဟောဟဲ ဟောဟဲ။

" အဲကောင်ကလည်း ငကြောင်ပဲ "
မင်းခန့်က ဥဒေါင်းညိုကို ရည်ရွယ်ကာ ပြောလိုက်သည်။

" ဒီကောင်လည်း အတူတူပါပဲကွာ " ရန်ပိုင်က မြတ်သျှင်မောင်ကို ရည်ရွယ်ကာ ထပ်ပြောသောအခါတွင် မြတ်သျှင်မောင်က သူတို့နှစ်ယောက်စလုံးကို နောက်ကနေ ကန်ပစ်လိုက်သည်။

ထိုသို့ အလာပဿလာပစကားများကို ပြောဆိုနေရင်း သူတို့ သုံးယောက်က ‌အစီအစဉ်ချထားသည့်အတိုင်း သူတို့၏ အဖိုးတန်လှသော သောကြာနေ့ညနေတွင် စားသောက်ရန် လျာထားသည့် ဆိုင်သို့ ရောက်လာကြလေသည်။

ထိုင်းအစားအစာများကို ပေါပေါသီသီရသော ရပ်ကွက်အတွင်းက အင်တာနက်တွင် နာမည်ကြီးနေသော ဆိုင်တစ်ခုကို ရွေးကာ သူတို့က ထိုင်းအရသာ ပင်လယ်စာဟင်းအမယ်များကို မှာလေသည်။

"မောင်လေးတို့ အစပ်ကို ဘယ်လောက်ထည့်ချင်သလဲ ? အစ်မတို့ခပ်စပ်စပ်လေး လုပ်ပေးရမလား ? မောင်လေးတို့ကို ကြည့်ရတာ အစပ်ကြိုက်မယ့်ပုံလေးတွေ ရတယ်နော် ၊ ပြီးဝောာ့ ပင်လယ်စာအမယ်တွေက ခပ်စပ်စပ်လေး စားမှသာ အရသာကောင်းတာ မောင်လေးတို့ရဲ့ "

ဟူသော ဝန်ထမ်းအစ်မချောချောလေး၏ လမ်းညွှန်မှုတွေ ‌သုံးယောက်စလုံးက ငြင်းဆန်ရန် မတတ်နိုင်ခဲ့ပေ။ ထိုအတိုင်း မှာပြီးနောက် စားပွဲအလွတ်တစ်ခုတွင် နေရာယူကာ သုံးယောက်သား ပျော်ရွှင်စွာ စောင့်ဆိုင်းနေကြလေသည်။

ထိုအချိန်တွင် သူတို့သည် တစ်ပတ်တာလုံး ပင်ပန်းစွာ စာသက်ခဲ့ရသည့်အကြောင်းကို အပြိုင်အဆိုင်ညည်းညူရင်း ရယ်မောဖွယ်ရာများကို တစ်ဖန်ပြောဆိုရင်း စောင့်ဆိုင်းနေကြလေသည်။  ရောက်တတ်ရာရာများကို တောင်စဉ်ရေမရပြောနေကြစဉ်တွင် မှာထားသော ဟင်းအမယ်များ ရောက်လာလေသည်။

ငရုတ်သီးများ ‌ရဲနေသော ပူပူနွေးနွေး ပင်လယ်စာဟင်းလျာက စားပွဲရှေ့သို့ ရောက်လာသောအခါတွင် သူတို့က ပျော်ရွှင်မှုကြောင့် နှုတ်ခမ်းများက အလိုအလျောက် မြင့်တက်နေကြလေသည်။ ပင်လယ်စာဟင်းလျာများက ဈေးကြီးတာကြောင့် သူတို့က တစ်လလုံးစာ မုန့်ဖိုးငွေများကို စုဆောင်းခဲ့ရသည်။ ယနေ့တွင်တော့ သုံးယောက်သား၏ ‌ပျော်ရွှင်မှုအသီးအပွင့်များကို ခံစားရပြီဖြစ်လေသည်။

မြတ်သျှင်မောင်သည် လတ်ဆတ်ကြွပ်ရွနေသော ပုစွန်ကောင်ကို တူဖြင့် ယူကာ စားလိုက်ချိန်တွင် မင်းခန့်က မေးလာသည်။

" မင်း ပင်လယ်စာနဲ့ တည့်ရော တည့်ရဲ့လား ? "

မင်းခန့်အမေးကြောင့် ရန်ပိုင်ကပါ မြတ်သျှင်မောင်ကို ကြည့်လာသည်။

" တည့်ပါတယ်ကွ ၊ ငါ ခါတိုင်းလည်း ပင်လယ်စာတွေကို စားနေကြပဲ စိတ်မပူနဲ့ ၊ မအေးခင် မြန်မြန်စားကြ၊ ညနေ ၆ နာရီအမှီ ပြန်ရမှာ "

"တည့်ရင်လည်း ပြီးတာပဲ ၊ ဂဏန်းတွေက ရှယ်ပဲ ၊လက်အိတ်နဲ့စားမယ် "

ညနေ ၅ နာရီခွဲအချိန်တွင်။

ညကျောင်းတွင် ကျန်ရစ်သော ဥဒေါင်းညိုသည် မြတ်သျှင်မောင် ဖြစ်သလိုပစ်ချွတ်ခဲ့သော အဝတ်များကို လျှော်ဖွပ်ကာ လှန်းနေလေသည်။

   ပုံမှန်သောကြာညနေတွင် သူသည် အိမ်ပြန်လေ့ရှိပေမဲ့ စာမေးပွဲနီးလာပြီဖြစ်တာကြောင့် သူက မပြန်ဖြစ်တော့ပေ။ သူ၏ ဂေါ်ဖီထုပ်ကလေးကို စိုးရိမ်နေတာကြောင့် သူက ပိုမိုကူညီပေးမည်တွေးထားသည်။ တက္ကသိုလ်ဝင်စာမေးပွဲက တက္ကသိုလ်တက်ရန်အရေးပါတာကြောင့် သူက သူ၏ဂေါ်ဖီထုပ်ကလေးကို ထိပ်တန်းတက္ကသိုလ်တစ်ခုခုသို့ တက်ရောက်နေစေချင်သည်။ အထူးသဖြင့် သူတို့ ၂ ယောက်စလုံးအတူတူတက်လို့ ရတဲ့ တက္ကသိုလ်မျိုးကို သွားချင်သည်။

    သူ၏ဂေါ်ဖီထုပ်ကလေးနှင့် ရှေ့ဆက်မည့်ရက်များကို သူက ကြိုတင်မှန်းဆထားသည်။ တက္ကသိုလ်မတက်ခင်စပ်ကြားတွင်လည်း သူက နောက်တစ်နှစ်ကျောင်းသားတွေကို အကူသင်ကြားပေးသူအဖြစ် အလုပ်လုပ်မည်။ထိုအခါမှ  တက္ကသိုလ်တက်နေစဉ်တွင် သူတို့နှစ်ယောက်က အဆောင်အတူငှားနေနိုင်မည်ဖြစ်သည်။ တက္ကသိုလ်တူလျှင် ပိုလို့တောင် ကောင်းဦးမည်။

ဥဒေါင်းညိုသည် မြတ်သျှင်မောင်၏အနံတိုတိုပုဆိုးကလေးကို ရေညှစ်ပြီးနောက် ကြိုးတန်းတွင် ဖြန့်ကာ လှန်းလိုက်သည်။ ပုဆိုးပေါ်တွင် ကော်ရက်ရှင်အကွက်ဖြူဖြူများကို တွေ့သောအခါတွင် ဥဒေါင်းညို မျက်မှောင်ကျုံ့လိုက်သည်။

နမော်နမဲ့ကောင်လေးကတော့လေ ။

ဥဒေါင်းညို ပြုံးကာ ခေါင်းအသာယမ်းမိသည်။ကောင်ကလေးက အလိုလိုက်ခံထားရတဲ့ကလေးလို ဆိုးသွမ်းလှသည်။ အခုလည်း သူ့သူငယ်ချင်း ၂ ယောက်နဲ့ သူမသိအောင် တိတ်တိတ်လေး ခိုးထွက်သွားပြန်သည်။

ဥဒေါင်းညိုသည် သူနှင့် မြတ်သျှင်မောင်အဝတ်တွေကို လျှော်ပြီးလှန်းနေချိန်တွင် ရန်ပိုင်က ညကျောင်းအနောက်ဖက်တံခါးကနေ ဒရောသောပြေးလာသည်ကို တွေ့လိုက်ရသည်။

"မင်းတို့ ပြန်လာကြပြီလား " ဥဒေါင်းညိုက ရန်ပိုင့်ကို မေးလိုက်သည်။

"အောင်မယ်လေး !!" ရန်ပိုင်က သရဲသဘက်ကို မြင်လိုက်ရသလိုမျိုး ‌ဥဒေါင်းညိုကို မြင်သောအခါတွင် အနောက်သို့ ဖင်ထိုင်လျက် လဲကျသွားလေသည်။

ဥဒေါင်းညိုက တစ်ယောက်ထဲ ပြန်လာတဲ့ ရန်ပိုင်ကြောင့် မေးခွန်းထုတ်လေသည်။

"မြတ်သျှင်မောင်ရော သူ မင်းတို့နဲ့အတူ လိုက်သွားတာ မဟုတ်လား ?"

"အဲ...အဲကောင်လား..." ရန်ပိုင်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလေသည်။

ဥဒေါင်းညိုက မျက်မှောင်ကျုံ့လိုက်မိသည်။
" ဘာဖြစ်တာလဲဆိုတာ ပြောပြစမ်း "

ရန်ပိုင်က ညကျောင်းဆရာမကို ပြောပြတာထက်စာလျှင် ဥဒေါင်းညိုကို ပြောတာက ပို၍ကောင်းသည်တွေးမိတာကြောင့် သူက ဖွင့်ဟလာသည်။

" မြတ်သျှင်မောင် ပင်လယ်စာ allergy ဖြစ်နေတာ "

"ဘာ !!! " ဥဒေါင်းညို ခေါင်းထဲကနေတောင် နာလာသလိုပင် ခံစားလိုက်ရသည်။ မျက်စိအောက်က တစ်ခဏလောက်ပဲ ပျောက်သွားသေးသည်။ ပြသနာကို သယ်လာပြန်သည်။

" သူက ပင်လယ်စာနဲ့ မတည့်ဘူးဆိုတာ ကြိုမှ မပြောတာ၊ ပြီးတော့ ငါတို့ကလည်း မသိခဲ့လို့ ၊ ငါတို့ တောင်းပန်ပါတယ်ကွာ "

ရန်ပိုင်က ‌ဒေါသထွက်နေပုံရတဲ့ ဥဒေါင်းညိုကြောင့် သူက အလျင်အမြန်ရှင်းပြလိုက်သည်။

"သူ အခု ဘယ်မှာလဲ ! ငါ့ကို ခေါ်သွားပေး "

............
ဥဒေါင်းညိုသည် ဆေးခန်း၏ အတွင်းသို့ ခပ်မြန်မြန်ဝင်သွားကာ ကာဆီးထားသော လိုက်ကာစကို လက်ဖြင့် ဆွဲဖယ်လိုက်သည်။ မြတ်သျှင်မောင်သည် ဆေးခန်းကုတင်ပေါ်တွင်  ကုပ်ကုပ်ကလေးထိုင်နေပြီးတော့ မျက်နှာတစ်ခုလုံးက အဖုအပိန့်များဖြင့် နီရဲနေပြီးတော့ ငါးပူတင်းတစ်ကောင်လိုဖြစ်နေလေသည်။မြတ်သျှင်မောင်၏ တုတ်တုတ်ခဲခဲလက်ကလေးသည် ယခုအချိန်တွင် အဖုအပိန့်များကြောင့် ယောင်ရမ်းနေသည်။  မြတ်သျှင်မောင်သည် ဥဒေါင်းညိုကိုတွေ့လိုက်သောအခါတွင် သူက မင်းခန့်နောက်ကို ခပ်မြန်မြန်ရပ်ကာ အဆူခံရမည်ကို ကြောက်နေသော ကလေးတစ်ယောက်လို ပုန်းနေလေသည်။

မင်းခန့်မျက်နှာတွင် သူ့အား အားတုံ့အားနာဖြစ်နေသည်ကို တွေ့ရပြီး အပြစ်မကင်းစိတ်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသောအခါတွင် ဥဒေါင်းညိုသည် တစ်ဖက်သို့ လှည့်ကာ  ဆရာဝန်ထံသို့ သွားလိုက်သည်။ ဆရာဝန်အား အကျိုးအကြောင်းမေးမြန်းကာ လုပ်ဆောင်သင့်သည်တို့ကို မေးမြန်းသည်။ သောက်သုံးရမည့်ဆေးများကို ဝယ်ယူကာ ဆေးဖိုးများကို ရှင်းပြီး ပြန်လာသည်အထိ ဥဒေါင်းညိုက သူတို့အား မည်သည်ကိုမှ မပြောခဲ့ချေ။

" ဆရာမကို ခေါ်တာထက်စာရင် ဥဒေါင်းညိုကို ခေါ်လာတာက ပိုကောင်းမယ်ထင်လို့လေ၊ ဆရာမကို ခေါ်လာမှ သုံးယောက်စလုံး မိဘအခေါ်ခံရမှာလေ ၊ ငါ အဲလိုထင်မြင်တာကြောင့် ခေါ်လာတာကို  ငါ့ကို မင်းတို့က အပြစ်တင်ချင်တာလား  ? " ရန်ပိုင်က မင်းခန့်ကို ခပ်တိုးတိုးဖြင့် ပြောလေသည်။

" ဒါပေမဲ့ ဆရာမကို ခေါ်ခဲ့ရင်တောင် မြတ်သျှင်မောင်က အခုလောက်အထိ နေရကြပ်နေမှာ မဟုတ်ဘူးလေ "

" မြတ်သျှင်မောင်ကို ဥဒေါင်းညိုထက် ဂရုစိုက်နိုင်မယ်လို့ ထင်နေတာလား ? မဟုတ်ရင် မင်းက ငါတို့က သူ့လိုကိုင်တွယ်နိုင်မယ်ထင်သလား ?  "'

မင်းခန့်နှင့်ရန်ပိုင်က အသံနိမ့်နိမ့်ဖြင့် အချေအတင်ဖြစ်နေကြလေသည်။သို့သော်လည်း တိတ်ဆိတ်နေသော ဆေးခန်းအတွင်း ထိုအသံသည် ဥဒေါင်းညို မကြားနိုင်လောက်သည့်အထိ မတိုးခဲ့ပေ။ ဥဒေါင်းညိုသည် သူတို့အား လျစ်လျူပြုကာ မြတ်သျှင်မောင်ဆီကို လျှောက်သွားလိုက်သည်။ ပြီးနောက် မြတ်သျှင်မောင်ကို နှာခေါင်းစည်းတပ်ပေးလိုက်သည်။

" သွားမယ် "

ဥဒေါင်းညိုအသံက မမာထန်သည့်တိုင် ပျော့ပျောင်းနေခြင်းလည်း မရှိချေ။ သူ၏ မျက်လုံးများက ငြိမ်သက်နေပြီးတော့ မြတ်သျှင်မောင်၏ အိတ်နှင့် အပေါ်ထပ်အင်္ကျီကို ယူကာ ထွက်သွားလေသည်။ မြတ်သျှင်မောင်သည် မင်းခန့်တို့ကို ကြည့်လိုက်ပေမဲ့ သူတို့ကလည်း  ဥဒေါင်းညိုက ပြန်ပြောနိုင်ခြင်း မရှိသောအခါတွင် သူက နောက်ကနေ လိုက်သွားရုံမှ တစ်ပါး ရွေးစရာ မရှိတော့ချေ။  အပြင်သို့ ရောက်သောအခါတွင် ဥဒေါင်းညိုက အငှားကားကို ငှားထားပြီးဖြစ်သည်။ မြတ်သျှင်မောင်လည်း ကားနောက်ခန်းတွင် ဝင်ထိုင်လိုက်သည်။

ဥဒေါင်းညိုသည် တစ်လမ်းလုံး မည်သည့်စကားကိုမှမဆိုဘဲ လမ်းဘေးဘီကိုသာ ကြည့်နေခဲ့တာကြောင့် မြတ်သျှင်မောင်လည်း တိတ်တိတ်လေးလိုက်လာခဲ့ရသည်။ အဆောင်သို့ ရောက်သောအခါတွင်လည်း ဥဒေါင်းညိုက သူ့ဖို့ လဲဝတ်ဖို့ အဝတ်ကို ယူပေးပြီးနောက် အခန်းအပြင်သို့ ထွက်သွားလေသည်။ မြတ်သျှင်မောင်လည်း အဝတ်အစားလဲပြီးနောက် သူ့ပုံစံက တစ်ကိုယ်လုံးယောင်ကိုင်းနေသည့် ပျားတုတ်ခံရသည့် ဝက်တစ်ကောင်လိုဖြစ်နေတာကို သိလိုက်ရသည်။ ထို့အပြင် သူက ဖျားနေပြီဖြစ်တာကြောင့် တစ်ကိုယ်လုံးက ပူကျစ်နေလေသည်။ မြတ်သျှင်မောင်သည် ဆရာမကို နေမကောင်းကြောင်း သွားပြောရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ဆရာမအခန်းသို့ ရောက်သောအခါတွင် ရောက်နှင့်နေသော ဥဒေါင်းညိုကို တွေ့လိုက်သည်။

ဥဒေါင်းညိုက သူ့ကို မြင်သည်နှင့် ချက်ချင်းပင် ထကာ လက်ကို ဆွဲကာ သူ့ကို ဆွဲခေါ်သွားလေသည်။ သူက ဆရာမကိုပင် မည်သည်မှမပြောရသေးဘဲ ဥဒေါင်းညိုနောက်သို့ ယက်ကန်ယက်ကန်ဖြင့် လိုက်လာခဲ့သည်။ အခန်းထဲသို့ ရောက်သည်နှင့် ဥဒေါင်းညိုက အလွန်အမင်းဒေါသထွက်နေပုံနှင့် သူ့အား ဆူငေါက်လာသည်။

" အခန်းထဲမှာတောင် တစ်ခဏလောက် ငြိမ်ငြိမ်မနေနိုင်ဘူးလား ! ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်နေတယ်ဆိုတာကိုရော သိရဲ့လား ? "
မြတ်သျှင်မောင်က အံ့အားသင့်သွားပြီးတော့ သူက ပြန်ပြောလေသည်။
" နေမကောင်းဘူးဆိုတာကို ဆရာမကို သွားပြောဖို့ အပြင်ခဏထွက်တာလေ၊ ပြီးတော့ ငါ မင်းကို တောင်းပန်ချင်ရုံလေးကို မင်းက ငါ့ကို အရမ်းစိတ်တိုနေတာပဲ၊ မင်း ဘာဖြစ်ချင်နေတာလဲ  "

" ဟုတ်တယ် ၊ ငါ မင်းကို စိတ်တိုတယ် ၊ ဒေါသထွက်တယ်၊ မင်းကိုယ်မင်း ဂရုမစိုက်တဲ့ အတွက် ငါ မင်းကို သေလောက်အောင် စိတ်ဆိုးတယ်။ မင်းက အမြဲတမ်း နမော်နမဲ့နိုင်ပြီးတော့ ထိခိုက်အနာတရတွေပဲ ဖြစ်လာတယ်၊ မင်းကိုယ်မင်း ဘယ်လိုဂရုစိုက်ရမလဲဆိုတာ မင်း မသိဘူး၊ ကိုယ်ဖြစ်ချင်တာကိုပဲ ဦးစားပေးတတ်တဲ့ ထင်ရာစိုင်းတတ်တဲ ကောင် ! မင်းကိုယ်မင်းတောင် ဂရုမစိုက်တတ်ဘဲ ငါ့ကို တောင်းပန်မနေနဲ့ ! အစားအသောက်စားတာလေးကအစ ကိုယ်နဲ့ တည့်၏ မတည့်၏ မဆုံးဖြတ်နိုင်ဘူးလား ? စိတ်အလိုလိုက်ပြီးတော့ ကိုယ့်ကိုယ့်ကိုယ် ဒုက္ခပေးရသလား ?  အဲလို ဖြစ်သလို ပေါ့ပျက်နေတဲ့ မင်းကို မြင်ရတာနဲ့တင် သောက်ရမ်းပင်ပန်းတယ် !   "
တနုံ့နုံ့ဖြစ်တည်နေသော ရင်ထဲက အပိုင်းအစများသည် မီးပွားလေးများက ဖိတ်စင်ပွင့်ထွက်သွားခဲ့သည်။ ဥဒေါင်းညိုသည် ဒေါသအဟုန်ကြောင့် နဖူးရှိသွေးကြောများကပင် ထောင်နေကာ အသက်ရှုသံက ပြင်းထန်လွန်းတာကြောင့် ရင်အစုံက မြင့်တက်နေလေသည်။

" အဲတာဆိုလည်း  ငါ့ကို လာဂရုစိုက်မနေနဲ့ ! ငါ ဘာပဲ လုပ်လုပ် မင်းက အပြစ်ချည်း မြင်နေတာလေ ! ငါ အကောင်းလုပ်ရင်တောင် ငါ့ကို မင်း အပြစ်မြင်နေတာ ! ငါ နေမကောင်းဖြစ်နေတာတောင် မင်း ငါ့ကို မုန်းတီးနေတာလေ !! "

မြတ်သျှင်မောင်သည် ဝမ်းနည်းမှုကြောင့် သူက ဥဒေါင်းညိုကို အော်လိုက်သည်။ ပြီးနောက် သူသည် ကလေးတစ်ယောက်လို ကြမ်းပြင်ပေါ်သို့ ထိုင်ချကာ စတင်ငိုတော့သည်။

‌တောက် !

ဥဒေါင်းညိုသည် ဒေါသကြောင့် တက်ခေါက်မိသွားလေသည် ။ ထပ်ပြောနေလျှင်လည်း ဆက်ပြီး ပြသနာတက်ရုံသာ ရှိတော့တာကြောင့် ဥဒေါင်းညိုက ပြတင်းပေါက်ဘေးတွင် သွားရပ်လိုက်ကာ အသက်ပြင်းပြင်းရှုနေလေသည်။ ထိုအချိန်တွင် တခြားသော မျက်နှာချင်းဆိုင်အခန်းများက ကောင်များက ချောင်းမြောင်းကြည့်နေသည်ကို တွေ့သောအခါတွင် စိတ်မကြည်မှုကြောင့် ဥဒေါင်းညိုက ပိတ်ဟောက်ပစ်လိုက်သည်။

" မင်းတို့ကောင်တွေက ဘာလာကြည့်နေကြတာလဲ ! ကိုယ့်စာကိုယ် မကျက်နိုင်ဘူးလား ! မနက်ဖြန် အခန်းတွင်း မေးခွန်းမှာ အမှတ်မပြည့်တဲ့ကောင်တွေအကုန် အဆောင်ပတ်ပြေးရမယ် !!! " 

အတန်းခေါင်းဆောင်၏ စိတ်မကြည်သာဖြစ်နေသည်ကို သိလိုက်ရသော ကျောင်းသားတွေအကုန်လုံးက အလျင်အမြန်ကိုပင် နီးရာစာအုပ်ကို ယူကာ ပါးစပ်ထဲရှိသမျှ အော်ဆိုကြတော့သည့်။ ထို့အပြင် ဥဒေါင်းညိုအခန်းရှေ့က လာခိုးနားထောင်နေကြသော ကျောင်းသားများကပါ ဖနောင့်နှင့် တင်ပါးတစ်သားတည်းကျအောင် ပြေးကြလေသည်။

" အဟင့် အဟင့် ဟင့် " မြတ်သျှင်မောင်က ကြမ်းပြင်ပေါ်သို့ ထိုင်ကာ ငိုနေဆဲ ဖြစ်လေသည်။

" မင်း ငိုနေတာ မပြီးတော့ဘူးလား ?  အဲနားမှာ ထိုင်ငိုနေတာ တစ်နာရီလောက်ရှိတော့မယ် ! မျက်ရည်တော်တော်ပေါနေတာလား ? "

" ငါ့ဘာသာ ဘယ်နားငိုငို မင်းနဲ့ ဘာဆိုင်လဲ !!"

" ငိုနေရင်း အဲကြမ်းပြင်ပေါ်မှာ အအေးမိပြီး သေသွားမှာစိုးလို့ ၊ ကုတင်ပေါ်တက် ငို ! "

"  သေပလေ့စေ ! " မြတ်သျှင်မောင်က ထိုသို့ပြောကာ ကုတင်ပေါ်သို့ ဇိုးဇိုးဇက်ဇက်တက်လေသည်။ မြတ်သျှင်မောင်၏ ဝဝကစ်ကစ်ခန္ဓာကိုယ်ကြောင့် အားနဲ့ တက်တော့ကုတင်က အနည်းငယ်ပင် ယိမ်းသွားကာ တကျွီကျွီအသံများ ထွက်ပေါ်လာလေသည်။  မြတ်သျှင်မောင်သည် စောင်ခြုံကာ တစ်ဖက်သို့ လှည့်လိုက်သည်။ ဓာတ်မတည့်မှုကြောင့် ဖြစ်သော အဖုအပိန့်များက ကိုယ်ခန္ဓာပေါ်တွင် အနှံ့အပြားပေါ်နေကာ ယားယံမှုကြောင့် မြတ်သျှင်မောင်က ကုပ်မိလေသည်။

" အဲလက်တွေက ငြိမ်ငြိမ်မနေနိုင်ဘူးလား ! "

တိတ်ဆိတ်နေသော အခန်းထဲတွင် ဥဒေါင်းညို၏ စိတ်မရှည်သံက ထွက်ပေါ်လာသည်။ မြတ်သျှင်မောင်က စိတ်တိုနေဆဲဖြစ်တာကြောင့် ထထိုင်ကာ ဥဒေါင်းညိုကို ခေါင်းအုံးနဲ့ လှမ်းပစ်လိုက်သည်။ ပြီးနောက် မြတ်သျှင်မောင်က စောင်ခြုံကာ တစ်ဖက်လှည့်ပြန်အိပ်ပြီးတော့ ထပ်ငိုပြန်သည်။

" အဟင်း ဟင်း မင်းနော် မင်း " ဥဒေါင်းညိုက ကျိန်းဝါးကာ ပြောလိုက်ပြီး ကြမ်းပြင်ပေါ်ကို ကျသွားသော ခေါင်းအုံးကို ပြန်ကောက်လိုက်သည်။ အတန်ကြာသည့်တိုင်အောင် တရှုံ့ရှုံ့လုပ်ပြီးတဲ့နောက် မြတ်သျှင်မောင်သည် အသက်ရှုသံမှန်မှန်ဖြင့် အိပ်မောကျသွားလေသည်။

ပြတင်းပေါက်အနားတွင် ရပ်နေသော ဥဒေါင်းညိုသည်လည်း သက်ပြင်းချကာ အိပ်မောကျနေသူနားကို ကပ်သွားလေသည်။ ဂေါ်ဖီထုပ်ကလေးကတော့ သူ့ကို စိတ်ဆိုးနေဆဲဖြစ်တာကြောင့် မျက်နှာကလေးက ဆူပုတ်နေလေသည်။  သူကလည်း ဖြစ်နိုင်လျှင် စကားကြမ်းကြမ်းတွေကို လုံးဝမပြောချင်ပေ။ သို့ပေမဲ့လည်း သည်အဆိုးအဆာလေးက တကယ့်ကို အပေအတေဖြစ်နေတာကြောင့် သူ့မှာ ဒေါသဖြစ်ရသည်။

ဥဒေါင်းညိုသည် မြတ်သျှင်မောင်၏ စောင်ကို အသာလှပ်ကာ ယောင်ရမ်းနေသော အဖုအပိန့်များအား ဆေးဖျန်းပေးလိုက်သည်။ ပြီးနောက် ကုလားထိုင်ယူကာ မြတ်သျှင်မောင်ဘေးတွင် စာအုပ်ဖတ်ကာမြတ်သျှင်မောင်က အဖုအပိန့်များကို ကုပ်ရန်ကြိုးစားလျှင် တားဆီးပေးသည်။

အဖျားတက်လာသောအခါတွင် သူက ရေစိုအဝတ်ကို ကပ်ပေးကာ အဖျားကျစေရန် လုပ်ပေးလေသည်။

" မကောင်းတဲ့ ငှက်ကြီး "
မြတ်သျှင်မောင်က အိပ်နေရင်း ယောင်ရမ်းကာ ပြောတော့ ဥဒေါင်းညို အသာပြုံးမိသည်။ တစ်ခါတစ်ရံမှာတော့ ကိုယ်က လူကြမ်းကြီး ဖြစ်ချင်ဖြစ်နေရောပေါ့။
" မဆိုးပေမဲ့ မလိမ္မာတော့ ငါ မင်းကို ဘယ်လိုထိန်းရပါ့မလဲ မြတ်သျှင်မောင်ရယ် "

ဥဒေါင်းညိုသည် ရေပတ်တိုက်ပေးနေရင်း ညသန်းခေါင်ကို ကျော်သောအခါတွင် အဖုအပိန့်များက သက်သာစပြုကာ အဖျားလည်းကျသွားပြီဖြစ်သည်။  အနည်းငယ်နွေးတေးတေးလေး ကျန်သေးပေမဲ့ သက်သာနေပြီဖြစ်သည်။ အဖုအပိန့်များကလည်း ပျောက်လာပြီဖြစ်တာကြောင့် စိတ်ချရပြီဖြစ်သည်။ 

ဥဒေါင်းညို ရေပတ်တိုက်ထားသော ရေဖလားကို သွားသွန်ပြီးပြန်လာချိန်တွင် ည ၂ နာရီပင် ခွဲနေပြီဖြစ်လေသည်။ ဥဒေါင်းညိုသည် မြတ်သျှင်မောင်ဘေးတွင် ဝင်လှဲလိုက်သောအခါတွင် မြတ်သျှင်မောင်က လူငွေ့ရသည်နှင့်အလိုအလျောက် အနားသို့ ကပ်လာသည်။

" ချမ်းတယ် "

" အင်း အင်း ဖက်ထားမယ် "

ဥဒေါင်းညိုက မြတ်သျှင်မောင်ကို ရင်ခွင်ထဲသို့ ဖက်လိုက်ကာ အိပ်ပျော်စေရန် ချော့နေရင်း သူကိုယ်တိုင်ကပါ အိပ်ပျော်သွားလေသည်။

ဆက်ရန် ။

   တစ္ပတ္တာလုံး ေန႔ညမျပတ္ စာသင္ခ်ိန္မ်ားျဖင့္ ျပည့္ႏွက္ေနတတ္ေသာ္လည္း ေသာၾကာေန႔ညေနပိုင္းတြင္ အတန္းခ်ိန္မရွိဘဲ အားလပ္ေနတတ္သည္။ ထိုအခ်ိန္တြင္ ေက်ာင္းသားမ်ားက မိမိႏွစ္သက္ရာ အားကစားမ်ားကို ျပဳလုပ္၍ေသာ္လည္းေကာင္း သို႔မဟုတ္ အင္တာနက္ဂိမ္းဆိုင္မ်ားသို႔ သြား၍ ေသာ္လည္းေကာင္း အခ်ိန္ျဖဳန္းကာ အနားယူေလ့ရွိသည္။

  "ေဟ့ေကာင္ ဥေဒါင္းညိဳ ေက်ာင္းက ျပန္လာၿပီး အဝတ္လဲေနတုန္းထင္တယ္ ျမန္ျမန္လုပ္ၾက "
ျမတ္သွ်င္ေမာင္က အခန္းတံခါးဝမွ ေခ်ာင္းၾကည့္စနည္းနာၿပီးေနာက္ ခပ္ျမန္ျမန္အေျပးျပန္လာကာ ေျပာေလသည္။

ထိုအခါတြင္ မင္းခန႔္ႏွင့္ ရန္ပိုင္က အျမန္ပင္ ထီးယူကာ ျမတ္သွ်င္ေမာင္ႏွင့္အတူ ညေက်ာင္းေနာက္ေပါက္ကေန သုံးေယာက္သား ဖေနာင့္ႏွင့္တင္ပါး တစ္သားတည္းက်ေအာင္ ေျပးၾကေလသည္။ သုံးေယာက္သား လမ္းမေပၚသို႔ ေရာက္ေသာအခါတြင္ အသက္ဝဝရႉရင္း ရယ္ေမာလိုက္ၾကသည္။

ေဟာဟဲ ေဟာဟဲ။

" အဲေကာင္ကလည္း ငေၾကာင္ပဲ "
မင္းခန႔္က ဥေဒါင္းညိဳကို ရည္႐ြယ္ကာ ေျပာလိုက္သည္။

" ဒီေကာင္လည္း အတူတူပါပဲကြာ " ရန္ပိုင္က ျမတ္သွ်င္ေမာင္ကို ရည္႐ြယ္ကာ ထပ္ေျပာေသာအခါတြင္ ျမတ္သွ်င္ေမာင္က သူတို႔ႏွစ္ေယာက္စလုံးကို ေနာက္ကေန ကန္ပစ္လိုက္သည္။

ထိုသို႔ အလာပႆလာပစကားမ်ားကို ေျပာဆိုေနရင္း သူတို႔ သုံးေယာက္က ‌အစီအစဥ္ခ်ထားသည့္အတိုင္း သူတို႔၏ အဖိုးတန္လွေသာ ေသာၾကာေန႔ညေနတြင္ စားေသာက္ရန္ လ်ာထားသည့္ ဆိုင္သို႔ ေရာက္လာၾကေလသည္။

ထိုင္းအစားအစာမ်ားကို ေပါေပါသီသီရေသာ ရပ္ကြက္အတြင္းက အင္တာနက္တြင္ နာမည္ႀကီးေနေသာ ဆိုင္တစ္ခုကို ေ႐ြးကာ သူတို႔က ထိုင္းအရသာ ပင္လယ္စာဟင္းအမယ္မ်ားကို မွာေလသည္။

"ေမာင္ေလးတို႔ အစပ္ကို ဘယ္ေလာက္ထည့္ခ်င္သလဲ ? အစ္မတို႔ခပ္စပ္စပ္ေလး လုပ္ေပးရမလား ? ေမာင္ေလးတို႔ကို ၾကည့္ရတာ အစပ္ႀကိဳက္မယ့္ပုံေလးေတြ ရတယ္ေနာ္ ၊ ၿပီးေဝာာ့ ပင္လယ္စာအမယ္ေတြက ခပ္စပ္စပ္ေလး စားမွသာ အရသာေကာင္းတာ ေမာင္ေလးတို႔ရဲ႕ "

ဟူေသာ ဝန္ထမ္းအစ္မေခ်ာေခ်ာေလး၏ လမ္းၫႊန္မႈေတြ ‌သုံးေယာက္စလုံးက ျငင္းဆန္ရန္ မတတ္ႏိုင္ခဲ့ေပ။ ထိုအတိုင္း မွာၿပီးေနာက္ စားပြဲအလြတ္တစ္ခုတြင္ ေနရာယူကာ သုံးေယာက္သား ေပ်ာ္႐ႊင္စြာ ေစာင့္ဆိုင္းေနၾကေလသည္။

ထိုအခ်ိန္တြင္ သူတို႔သည္ တစ္ပတ္တာလုံး ပင္ပန္းစြာ စာသက္ခဲ့ရသည့္အေၾကာင္းကို အၿပိဳင္အဆိုင္ညည္းညဴရင္း ရယ္ေမာဖြယ္ရာမ်ားကို တစ္ဖန္ေျပာဆိုရင္း ေစာင့္ဆိုင္းေနၾကေလသည္။  ေရာက္တတ္ရာရာမ်ားကို ေတာင္စဥ္ေရမရေျပာေနၾကစဥ္တြင္ မွာထားေသာ ဟင္းအမယ္မ်ား ေရာက္လာေလသည္။

င႐ုတ္သီးမ်ား ‌ရဲေနေသာ ပူပူေႏြးေႏြး ပင္လယ္စာဟင္းလ်ာက စားပြဲေရွ႕သို႔ ေရာက္လာေသာအခါတြင္ သူတို႔က ေပ်ာ္႐ႊင္မႈေၾကာင့္ ႏႈတ္ခမ္းမ်ားက အလိုအေလ်ာက္ ျမင့္တက္ေနၾကေလသည္။ ပင္လယ္စာဟင္းလ်ာမ်ားက ေဈးႀကီးတာေၾကာင့္ သူတို႔က တစ္လလုံးစာ မုန႔္ဖိုးေငြမ်ားကို စုေဆာင္းခဲ့ရသည္။ ယေန႔တြင္ေတာ့ သုံးေယာက္သား၏ ‌ေပ်ာ္႐ႊင္မႈအသီးအပြင့္မ်ားကို ခံစားရၿပီျဖစ္ေလသည္။

ျမတ္သွ်င္ေမာင္သည္ လတ္ဆတ္ႂကြပ္႐ြေနေသာ ပုစြန္ေကာင္ကို တူျဖင့္ ယူကာ စားလိုက္ခ်ိန္တြင္ မင္းခန႔္က ေမးလာသည္။

" မင္း ပင္လယ္စာနဲ႔ တည့္ေရာ တည့္ရဲ႕လား ? "

မင္းခန႔္အေမးေၾကာင့္ ရန္ပိုင္ကပါ ျမတ္သွ်င္ေမာင္ကို ၾကည့္လာသည္။

" တည့္ပါတယ္ကြ ၊ ငါ ခါတိုင္းလည္း ပင္လယ္စာေတြကို စားေနၾကပဲ စိတ္မပူနဲ႔ ၊ မေအးခင္ ျမန္ျမန္စားၾက၊ ညေန ၆ နာရီအမွီ ျပန္ရမွာ "

"တည့္ရင္လည္း ၿပီးတာပဲ ၊ ဂဏန္းေတြက ရွယ္ပဲ ၊လက္အိတ္နဲ႔စားမယ္ "

ညေန ၅ နာရီခြဲအခ်ိန္တြင္။

ညေက်ာင္းတြင္ က်န္ရစ္ေသာ ဥေဒါင္းညိဳသည္ ျမတ္သွ်င္ေမာင္ ျဖစ္သလိုပစ္ခြၽတ္ခဲ့ေသာ အဝတ္မ်ားကို ေလွ်ာ္ဖြပ္ကာ လွန္းေနေလသည္။

   ပုံမွန္ေသာၾကာညေနတြင္ သူသည္ အိမ္ျပန္ေလ့ရွိေပမဲ့ စာေမးပြဲနီးလာၿပီျဖစ္တာေၾကာင့္ သူက မျပန္ျဖစ္ေတာ့ေပ။ သူ၏ ေဂၚဖီထုပ္ကေလးကို စိုးရိမ္ေနတာေၾကာင့္ သူက ပိုမိုကူညီေပးမည္ေတြးထားသည္။ တကၠသိုလ္ဝင္စာေမးပြဲက တကၠသိုလ္တက္ရန္အေရးပါတာေၾကာင့္ သူက သူ၏ေဂၚဖီထုပ္ကေလးကို ထိပ္တန္းတကၠသိုလ္တစ္ခုခုသို႔ တက္ေရာက္ေနေစခ်င္သည္။ အထူးသျဖင့္ သူတို႔ ၂ ေယာက္စလုံးအတူတူတက္လို႔ ရတဲ့ တကၠသိုလ္မ်ိဳးကို သြားခ်င္သည္။

    သူ၏ေဂၚဖီထုပ္ကေလးႏွင့္ ေရွ႕ဆက္မည့္ရက္မ်ားကို သူက ႀကိဳတင္မွန္းဆထားသည္။ တကၠသိုလ္မတက္ခင္စပ္ၾကားတြင္လည္း သူက ေနာက္တစ္ႏွစ္ေက်ာင္းသားေတြကို အကူသင္ၾကားေပးသူအျဖစ္ အလုပ္လုပ္မည္။ထိုအခါမွ  တကၠသိုလ္တက္ေနစဥ္တြင္ သူတို႔ႏွစ္ေယာက္က အေဆာင္အတူငွားေနႏိုင္မည္ျဖစ္သည္။ တကၠသိုလ္တူလွ်င္ ပိုလို႔ေတာင္ ေကာင္းဦးမည္။

ဥေဒါင္းညိဳသည္ ျမတ္သွ်င္ေမာင္၏အနံတိုတိုပုဆိုးကေလးကို ေရညႇစ္ၿပီးေနာက္ ႀကိဳးတန္းတြင္ ျဖန႔္ကာ လွန္းလိုက္သည္။ ပုဆိုးေပၚတြင္ ေကာ္ရက္ရွင္အကြက္ျဖဴျဖဴမ်ားကို ေတြ႕ေသာအခါတြင္ ဥေဒါင္းညိဳ မ်က္ေမွာင္က်ဳံ႕လိုက္သည္။

နေမာ္နမဲ့ေကာင္ေလးကေတာ့ေလ ။

ဥေဒါင္းညိဳ ၿပဳံးကာ ေခါင္းအသာယမ္းမိသည္။ေကာင္ကေလးက အလိုလိုက္ခံထားရတဲ့ကေလးလို ဆိုးသြမ္းလွသည္။ အခုလည္း သူ႔သူငယ္ခ်င္း ၂ ေယာက္နဲ႔ သူမသိေအာင္ တိတ္တိတ္ေလး ခိုးထြက္သြားျပန္သည္။

ဥေဒါင္းညိဳသည္ သူႏွင့္ ျမတ္သွ်င္ေမာင္အဝတ္ေတြကို ေလွ်ာ္ၿပီးလွန္းေနခ်ိန္တြင္ ရန္ပိုင္က ညေက်ာင္းအေနာက္ဖက္တံခါးကေန ဒေရာေသာေျပးလာသည္ကို ေတြ႕လိုက္ရသည္။

"မင္းတို႔ ျပန္လာၾကၿပီလား " ဥေဒါင္းညိဳက ရန္ပိုင့္ကို ေမးလိုက္သည္။

"ေအာင္မယ္ေလး !!" ရန္ပိုင္က သရဲသဘက္ကို ျမင္လိုက္ရသလိုမ်ိဳး ‌ဥေဒါင္းညိဳကို ျမင္ေသာအခါတြင္ အေနာက္သို႔ ဖင္ထိုင္လ်က္ လဲက်သြားေလသည္။

ဥေဒါင္းညိဳက တစ္ေယာက္ထဲ ျပန္လာတဲ့ ရန္ပိုင္ေၾကာင့္ ေမးခြန္းထုတ္ေလသည္။

"ျမတ္သွ်င္ေမာင္ေရာ သူ မင္းတို႔နဲ႔အတူ လိုက္သြားတာ မဟုတ္လား ?"

"အဲ...အဲေကာင္လား..." ရန္ပိုင္က အထစ္ထစ္အေငါ့ေငါ့ျဖင့္ ေျပာေလသည္။

ဥေဒါင္းညိဳက မ်က္ေမွာင္က်ဳံ႕လိုက္မိသည္။
" ဘာျဖစ္တာလဲဆိုတာ ေျပာျပစမ္း "

ရန္ပိုင္က ညေက်ာင္းဆရာမကို ေျပာျပတာထက္စာလွ်င္ ဥေဒါင္းညိဳကို ေျပာတာက ပို၍ေကာင္းသည္ေတြးမိတာေၾကာင့္ သူက ဖြင့္ဟလာသည္။

" ျမတ္သွ်င္ေမာင္ ပင္လယ္စာ allergy ျဖစ္ေနတာ "

"ဘာ !!! " ဥေဒါင္းညိဳ ေခါင္းထဲကေနေတာင္ နာလာသလိုပင္ ခံစားလိုက္ရသည္။ မ်က္စိေအာက္က တစ္ခဏေလာက္ပဲ ေပ်ာက္သြားေသးသည္။ ျပသနာကို သယ္လာျပန္သည္။

" သူက ပင္လယ္စာနဲ႔ မတည့္ဘူးဆိုတာ ႀကိဳမွ မေျပာတာ၊ ၿပီးေတာ့ ငါတို႔ကလည္း မသိခဲ့လို႔ ၊ ငါတို႔ ေတာင္းပန္ပါတယ္ကြာ "

ရန္ပိုင္က ‌ေဒါသထြက္ေနပုံရတဲ့ ဥေဒါင္းညိဳေၾကာင့္ သူက အလ်င္အျမန္ရွင္းျပလိုက္သည္။

"သူ အခု ဘယ္မွာလဲ ! ငါ့ကို ေခၚသြားေပး "

............
ဥေဒါင္းညိဳသည္ ေဆးခန္း၏ အတြင္းသို႔ ခပ္ျမန္ျမန္ဝင္သြားကာ ကာဆီးထားေသာ လိုက္ကာစကို လက္ျဖင့္ ဆြဲဖယ္လိုက္သည္။ ျမတ္သွ်င္ေမာင္သည္ ေဆးခန္းကုတင္ေပၚတြင္  ကုပ္ကုပ္ကေလးထိုင္ေနၿပီးေတာ့ မ်က္ႏွာတစ္ခုလုံးက အဖုအပိန႔္မ်ားျဖင့္ နီရဲေနၿပီးေတာ့ ငါးပူတင္းတစ္ေကာင္လိုျဖစ္ေနေလသည္။ျမတ္သွ်င္ေမာင္၏ တုတ္တုတ္ခဲခဲလက္ကေလးသည္ ယခုအခ်ိန္တြင္ အဖုအပိန႔္မ်ားေၾကာင့္ ေယာင္ရမ္းေနသည္။  ျမတ္သွ်င္ေမာင္သည္ ဥေဒါင္းညိဳကိုေတြ႕လိုက္ေသာအခါတြင္ သူက မင္းခန႔္ေနာက္ကို ခပ္ျမန္ျမန္ရပ္ကာ အဆူခံရမည္ကို ေၾကာက္ေနေသာ ကေလးတစ္ေယာက္လို ပုန္းေနေလသည္။

မင္းခန႔္မ်က္ႏွာတြင္ သူ႔အား အားတုံ႔အားနာျဖစ္ေနသည္ကို ေတြ႕ရၿပီး အျပစ္မကင္းစိတ္ျဖင့္ ၾကည့္ေနသည္ကို ေတြ႕လိုက္ရေသာအခါတြင္ ဥေဒါင္းညိဳသည္ တစ္ဖက္သို႔ လွည့္ကာ  ဆရာဝန္ထံသို႔ သြားလိုက္သည္။ ဆရာဝန္အား အက်ိဳးအေၾကာင္းေမးျမန္းကာ လုပ္ေဆာင္သင့္သည္တို႔ကို ေမးျမန္းသည္။ ေသာက္သုံးရမည့္ေဆးမ်ားကို ဝယ္ယူကာ ေဆးဖိုးမ်ားကို ရွင္းၿပီး ျပန္လာသည္အထိ ဥေဒါင္းညိဳက သူတို႔အား မည္သည္ကိုမွ မေျပာခဲ့ေခ်။

" ဆရာမကို ေခၚတာထက္စာရင္ ဥေဒါင္းညိဳကို ေခၚလာတာက ပိုေကာင္းမယ္ထင္လို႔ေလ၊ ဆရာမကို ေခၚလာမွ သုံးေယာက္စလုံး မိဘအေခၚခံရမွာေလ ၊ ငါ အဲလိုထင္ျမင္တာေၾကာင့္ ေခၚလာတာကို  ငါ့ကို မင္းတို႔က အျပစ္တင္ခ်င္တာလား  ? " ရန္ပိုင္က မင္းခန႔္ကို ခပ္တိုးတိုးျဖင့္ ေျပာေလသည္။

" ဒါေပမဲ့ ဆရာမကို ေခၚခဲ့ရင္ေတာင္ ျမတ္သွ်င္ေမာင္က အခုေလာက္အထိ ေနရၾကပ္ေနမွာ မဟုတ္ဘူးေလ "

" ျမတ္သွ်င္ေမာင္ကို ဥေဒါင္းညိဳထက္ ဂ႐ုစိုက္ႏိုင္မယ္လို႔ ထင္ေနတာလား ? မဟုတ္ရင္ မင္းက ငါတို႔က သူ႔လိုကိုင္တြယ္ႏိုင္မယ္ထင္သလား ?  "'

မင္းခန႔္ႏွင့္ရန္ပိုင္က အသံနိမ့္နိမ့္ျဖင့္ အေခ်အတင္ျဖစ္ေနၾကေလသည္။သို႔ေသာ္လည္း တိတ္ဆိတ္ေနေသာ ေဆးခန္းအတြင္း ထိုအသံသည္ ဥေဒါင္းညိဳ မၾကားႏိုင္ေလာက္သည့္အထိ မတိုးခဲ့ေပ။ ဥေဒါင္းညိဳသည္ သူတို႔အား လ်စ္လ်ဴျပဳကာ ျမတ္သွ်င္ေမာင္ဆီကို ေလွ်ာက္သြားလိုက္သည္။ ၿပီးေနာက္ ျမတ္သွ်င္ေမာင္ကို ႏွာေခါင္းစည္းတပ္ေပးလိုက္သည္။

" သြားမယ္ "

ဥေဒါင္းညိဳအသံက မမာထန္သည့္တိုင္ ေပ်ာ့ေပ်ာင္းေနျခင္းလည္း မရွိေခ်။ သူ၏ မ်က္လုံးမ်ားက ၿငိမ္သက္ေနၿပီးေတာ့ ျမတ္သွ်င္ေမာင္၏ အိတ္ႏွင့္ အေပၚထပ္အက်ႌကို ယူကာ ထြက္သြားေလသည္။ ျမတ္သွ်င္ေမာင္သည္ မင္းခန႔္တို႔ကို ၾကည့္လိုက္ေပမဲ့ သူတို႔ကလည္း  ဥေဒါင္းညိဳက ျပန္ေျပာႏိုင္ျခင္း မရွိေသာအခါတြင္ သူက ေနာက္ကေန လိုက္သြား႐ုံမွ တစ္ပါး ေ႐ြးစရာ မရွိေတာ့ေခ်။  အျပင္သို႔ ေရာက္ေသာအခါတြင္ ဥေဒါင္းညိဳက အငွားကားကို ငွားထားၿပီးျဖစ္သည္။ ျမတ္သွ်င္ေမာင္လည္း ကားေနာက္ခန္းတြင္ ဝင္ထိုင္လိုက္သည္။

ဥေဒါင္းညိဳသည္ တစ္လမ္းလုံး မည္သည့္စကားကိုမွမဆိုဘဲ လမ္းေဘးဘီကိုသာ ၾကည့္ေနခဲ့တာေၾကာင့္ ျမတ္သွ်င္ေမာင္လည္း တိတ္တိတ္ေလးလိုက္လာခဲ့ရသည္။ အေဆာင္သို႔ ေရာက္ေသာအခါတြင္လည္း ဥေဒါင္းညိဳက သူ႔ဖို႔ လဲဝတ္ဖို႔ အဝတ္ကို ယူေပးၿပီးေနာက္ အခန္းအျပင္သို႔ ထြက္သြားေလသည္။ ျမတ္သွ်င္ေမာင္လည္း အဝတ္အစားလဲၿပီးေနာက္ သူ႔ပုံစံက တစ္ကိုယ္လုံးေယာင္ကိုင္းေနသည့္ ပ်ားတုတ္ခံရသည့္ ဝက္တစ္ေကာင္လိုျဖစ္ေနတာကို သိလိုက္ရသည္။ ထို႔အျပင္ သူက ဖ်ားေနၿပီျဖစ္တာေၾကာင့္ တစ္ကိုယ္လုံးက ပူက်စ္ေနေလသည္။ ျမတ္သွ်င္ေမာင္သည္ ဆရာမကို ေနမေကာင္းေၾကာင္း သြားေျပာရန္ ေအာက္ထပ္သို႔ ဆင္းလာခဲ့သည္။ ဆရာမအခန္းသို႔ ေရာက္ေသာအခါတြင္ ေရာက္ႏွင့္ေနေသာ ဥေဒါင္းညိဳကို ေတြ႕လိုက္သည္။

ဥေဒါင္းညိဳက သူ႔ကို ျမင္သည္ႏွင့္ ခ်က္ခ်င္းပင္ ထကာ လက္ကို ဆြဲကာ သူ႔ကို ဆြဲေခၚသြားေလသည္။ သူက ဆရာမကိုပင္ မည္သည္မွမေျပာရေသးဘဲ ဥေဒါင္းညိဳေနာက္သို႔ ယက္ကန္ယက္ကန္ျဖင့္ လိုက္လာခဲ့သည္။ အခန္းထဲသို႔ ေရာက္သည္ႏွင့္ ဥေဒါင္းညိဳက အလြန္အမင္းေဒါသထြက္ေနပုံႏွင့္ သူ႔အား ဆူေငါက္လာသည္။

" အခန္းထဲမွာေတာင္ တစ္ခဏေလာက္ ၿငိမ္ၿငိမ္မေနႏိုင္ဘူးလား ! ကိုယ့္ကိုယ္ကိုယ္ ဘာျဖစ္ေနတယ္ဆိုတာကိုေရာ သိရဲ႕လား ? "
ျမတ္သွ်င္ေမာင္က အံ့အားသင့္သြားၿပီးေတာ့ သူက ျပန္ေျပာေလသည္။
" ေနမေကာင္းဘူးဆိုတာကို ဆရာမကို သြားေျပာဖို႔ အျပင္ခဏထြက္တာေလ၊ ၿပီးေတာ့ ငါ မင္းကို ေတာင္းပန္ခ်င္႐ုံေလးကို မင္းက ငါ့ကို အရမ္းစိတ္တိုေနတာပဲ၊ မင္း ဘာျဖစ္ခ်င္ေနတာလဲ  "

" ဟုတ္တယ္ ၊ ငါ မင္းကို စိတ္တိုတယ္ ၊ ေဒါသထြက္တယ္၊ မင္းကိုယ္မင္း ဂ႐ုမစိုက္တဲ့ အတြက္ ငါ မင္းကို ေသေလာက္ေအာင္ စိတ္ဆိုးတယ္။ မင္းက အၿမဲတမ္း နေမာ္နမဲ့ႏိုင္ၿပီးေတာ့ ထိခိုက္အနာတရေတြပဲ ျဖစ္လာတယ္၊ မင္းကိုယ္မင္း ဘယ္လိုဂ႐ုစိုက္ရမလဲဆိုတာ မင္း မသိဘူး၊ ကိုယ္ျဖစ္ခ်င္တာကိုပဲ ဦးစားေပးတတ္တဲ့ ထင္ရာစိုင္းတတ္တဲ ေကာင္ ! မင္းကိုယ္မင္းေတာင္ ဂ႐ုမစိုက္တတ္ဘဲ ငါ့ကို ေတာင္းပန္မေနနဲ႔ ! အစားအေသာက္စားတာေလးကအစ ကိုယ္နဲ႔ တည့္၏ မတည့္၏ မဆုံးျဖတ္ႏိုင္ဘူးလား ? စိတ္အလိုလိုက္ၿပီးေတာ့ ကိုယ့္ကိုယ့္ကိုယ္ ဒုကၡေပးရသလား ?  အဲလို ျဖစ္သလို ေပါ့ပ်က္ေနတဲ့ မင္းကို ျမင္ရတာနဲ႔တင္ ေသာက္ရမ္းပင္ပန္းတယ္ !   "
တႏုံ႔ႏုံ႔ျဖစ္တည္ေနေသာ ရင္ထဲက အပိုင္းအစမ်ားသည္ မီးပြားေလးမ်ားက ဖိတ္စင္ပြင့္ထြက္သြားခဲ့သည္။ ဥေဒါင္းညိဳသည္ ေဒါသအဟုန္ေၾကာင့္ နဖူးရွိေသြးေၾကာမ်ားကပင္ ေထာင္ေနကာ အသက္ရႈသံက ျပင္းထန္လြန္းတာေၾကာင့္ ရင္အစုံက ျမင့္တက္ေနေလသည္။

" အဲတာဆိုလည္း  ငါ့ကို လာဂ႐ုစိုက္မေနနဲ႔ ! ငါ ဘာပဲ လုပ္လုပ္ မင္းက အျပစ္ခ်ည္း ျမင္ေနတာေလ ! ငါ အေကာင္းလုပ္ရင္ေတာင္ ငါ့ကို မင္း အျပစ္ျမင္ေနတာ ! ငါ ေနမေကာင္းျဖစ္ေနတာေတာင္ မင္း ငါ့ကို မုန္းတီးေနတာေလ !! "

ျမတ္သွ်င္ေမာင္သည္ ဝမ္းနည္းမႈေၾကာင့္ သူက ဥေဒါင္းညိဳကို ေအာ္လိုက္သည္။ ၿပီးေနာက္ သူသည္ ကေလးတစ္ေယာက္လို ၾကမ္းျပင္ေပၚသို႔ ထိုင္ခ်ကာ စတင္ငိုေတာ့သည္။

‌ေတာက္ !

ဥေဒါင္းညိဳသည္ ေဒါသေၾကာင့္ တက္ေခါက္မိသြားေလသည္ ။ ထပ္ေျပာေနလွ်င္လည္း ဆက္ၿပီး ျပသနာတက္႐ုံသာ ရွိေတာ့တာေၾကာင့္ ဥေဒါင္းညိဳက ျပတင္းေပါက္ေဘးတြင္ သြားရပ္လိုက္ကာ အသက္ျပင္းျပင္းရႈေနေလသည္။ ထိုအခ်ိန္တြင္ တျခားေသာ မ်က္ႏွာခ်င္းဆိုင္အခန္းမ်ားက ေကာင္မ်ားက ေခ်ာင္းေျမာင္းၾကည့္ေနသည္ကို ေတြ႕ေသာအခါတြင္ စိတ္မၾကည္မႈေၾကာင့္ ဥေဒါင္းညိဳက ပိတ္ေဟာက္ပစ္လိုက္သည္။

" မင္းတို႔ေကာင္ေတြက ဘာလာၾကည့္ေနၾကတာလဲ ! ကိုယ့္စာကိုယ္ မက်က္ႏိုင္ဘူးလား ! မနက္ျဖန္ အခန္းတြင္း ေမးခြန္းမွာ အမွတ္မျပည့္တဲ့ေကာင္ေတြအကုန္ အေဆာင္ပတ္ေျပးရမယ္ !!! " 

အတန္းေခါင္းေဆာင္၏ စိတ္မၾကည္သာျဖစ္ေနသည္ကို သိလိုက္ရေသာ ေက်ာင္းသားေတြအကုန္လုံးက အလ်င္အျမန္ကိုပင္ နီးရာစာအုပ္ကို ယူကာ ပါးစပ္ထဲရွိသမွ် ေအာ္ဆိုၾကေတာ့သည့္။ ထို႔အျပင္ ဥေဒါင္းညိဳအခန္းေရွ႕က လာခိုးနားေထာင္ေနၾကေသာ ေက်ာင္းသားမ်ားကပါ ဖေနာင့္ႏွင့္ တင္ပါးတစ္သားတည္းက်ေအာင္ ေျပးၾကေလသည္။

" အဟင့္ အဟင့္ ဟင့္ " ျမတ္သွ်င္ေမာင္က ၾကမ္းျပင္ေပၚသို႔ ထိုင္ကာ ငိုေနဆဲ ျဖစ္ေလသည္။

" မင္း ငိုေနတာ မၿပီးေတာ့ဘူးလား ?  အဲနားမွာ ထိုင္ငိုေနတာ တစ္နာရီေလာက္ရွိေတာ့မယ္ ! မ်က္ရည္ေတာ္ေတာ္ေပါေနတာလား ? "

" ငါ့ဘာသာ ဘယ္နားငိုငို မင္းနဲ႔ ဘာဆိုင္လဲ !!"

" ငိုေနရင္း အဲၾကမ္းျပင္ေပၚမွာ အေအးမိၿပီး ေသသြားမွာစိုးလို႔ ၊ ကုတင္ေပၚတက္ ငို ! "

"  ေသပေလ့ေစ ! " ျမတ္သွ်င္ေမာင္က ထိုသို႔ေျပာကာ ကုတင္ေပၚသို႔ ဇိုးဇိုးဇက္ဇက္တက္ေလသည္။ ျမတ္သွ်င္ေမာင္၏ ဝဝကစ္ကစ္ခႏၶာကိုယ္ေၾကာင့္ အားနဲ႔ တက္ေတာ့ကုတင္က အနည္းငယ္ပင္ ယိမ္းသြားကာ တကြၽီကြၽီအသံမ်ား ထြက္ေပၚလာေလသည္။  ျမတ္သွ်င္ေမာင္သည္ ေစာင္ၿခဳံကာ တစ္ဖက္သို႔ လွည့္လိုက္သည္။ ဓာတ္မတည့္မႈေၾကာင့္ ျဖစ္ေသာ အဖုအပိန႔္မ်ားက ကိုယ္ခႏၶာေပၚတြင္ အႏွံ႔အျပားေပၚေနကာ ယားယံမႈေၾကာင့္ ျမတ္သွ်င္ေမာင္က ကုပ္မိေလသည္။

" အဲလက္ေတြက ၿငိမ္ၿငိမ္မေနႏိုင္ဘူးလား ! "

တိတ္ဆိတ္ေနေသာ အခန္းထဲတြင္ ဥေဒါင္းညိဳ၏ စိတ္မရွည္သံက ထြက္ေပၚလာသည္။ ျမတ္သွ်င္ေမာင္က စိတ္တိုေနဆဲျဖစ္တာေၾကာင့္ ထထိုင္ကာ ဥေဒါင္းညိဳကို ေခါင္းအုံးနဲ႔ လွမ္းပစ္လိုက္သည္။ ၿပီးေနာက္ ျမတ္သွ်င္ေမာင္က ေစာင္ၿခဳံကာ တစ္ဖက္လွည့္ျပန္အိပ္ၿပီးေတာ့ ထပ္ငိုျပန္သည္။

" အဟင္း ဟင္း မင္းေနာ္ မင္း " ဥေဒါင္းညိဳက က်ိန္းဝါးကာ ေျပာလိုက္ၿပီး ၾကမ္းျပင္ေပၚကို က်သြားေသာ ေခါင္းအုံးကို ျပန္ေကာက္လိုက္သည္။ အတန္ၾကာသည့္တိုင္ေအာင္ တရႈံ႕ရႈံ႕လုပ္ၿပီးတဲ့ေနာက္ ျမတ္သွ်င္ေမာင္သည္ အသက္ရႈသံမွန္မွန္ျဖင့္ အိပ္ေမာက်သြားေလသည္။

ျပတင္းေပါက္အနားတြင္ ရပ္ေနေသာ ဥေဒါင္းညိဳသည္လည္း သက္ျပင္းခ်ကာ အိပ္ေမာက်ေနသူနားကို ကပ္သြားေလသည္။ ေဂၚဖီထုပ္ကေလးကေတာ့ သူ႔ကို စိတ္ဆိုးေနဆဲျဖစ္တာေၾကာင့္ မ်က္ႏွာကေလးက ဆူပုတ္ေနေလသည္။  သူကလည္း ျဖစ္ႏိုင္လွ်င္ စကားၾကမ္းၾကမ္းေတြကို လုံးဝမေျပာခ်င္ေပ။ သို႔ေပမဲ့လည္း သည္အဆိုးအဆာေလးက တကယ့္ကို အေပအေတျဖစ္ေနတာေၾကာင့္ သူ႔မွာ ေဒါသျဖစ္ရသည္။

ဥေဒါင္းညိဳသည္ ျမတ္သွ်င္ေမာင္၏ ေစာင္ကို အသာလွပ္ကာ ေယာင္ရမ္းေနေသာ အဖုအပိန႔္မ်ားအား ေဆးဖ်န္းေပးလိုက္သည္။ ၿပီးေနာက္ ကုလားထိုင္ယူကာ ျမတ္သွ်င္ေမာင္ေဘးတြင္ စာအုပ္ဖတ္ကာျမတ္သွ်င္ေမာင္က အဖုအပိန႔္မ်ားကို ကုပ္ရန္ႀကိဳးစားလွ်င္ တားဆီးေပးသည္။

အဖ်ားတက္လာေသာအခါတြင္ သူက ေရစိုအဝတ္ကို ကပ္ေပးကာ အဖ်ားက်ေစရန္ လုပ္ေပးေလသည္။

" မေကာင္းတဲ့ ငွက္ႀကီး "
ျမတ္သွ်င္ေမာင္က အိပ္ေနရင္း ေယာင္ရမ္းကာ ေျပာေတာ့ ဥေဒါင္းညိဳ အသာၿပဳံးမိသည္။ တစ္ခါတစ္ရံမွာေတာ့ ကိုယ္က လူၾကမ္းႀကီး ျဖစ္ခ်င္ျဖစ္ေနေရာေပါ့။
" မဆိုးေပမဲ့ မလိမၼာေတာ့ ငါ မင္းကို ဘယ္လိုထိန္းရပါ့မလဲ ျမတ္သွ်င္ေမာင္ရယ္ "

ဥေဒါင္းညိဳသည္ ေရပတ္တိုက္ေပးေနရင္း ညသန္းေခါင္ကို ေက်ာ္ေသာအခါတြင္ အဖုအပိန႔္မ်ားက သက္သာစျပဳကာ အဖ်ားလည္းက်သြားၿပီျဖစ္သည္။  အနည္းငယ္ေႏြးေတးေတးေလး က်န္ေသးေပမဲ့ သက္သာေနၿပီျဖစ္သည္။ အဖုအပိန႔္မ်ားကလည္း ေပ်ာက္လာၿပီျဖစ္တာေၾကာင့္ စိတ္ခ်ရၿပီျဖစ္သည္။ 

ဥေဒါင္းညိဳ ေရပတ္တိုက္ထားေသာ ေရဖလားကို သြားသြန္ၿပီးျပန္လာခ်ိန္တြင္ ည ၂ နာရီပင္ ခြဲေနၿပီျဖစ္ေလသည္။ ဥေဒါင္းညိဳသည္ ျမတ္သွ်င္ေမာင္ေဘးတြင္ ဝင္လွဲလိုက္ေသာအခါတြင္ ျမတ္သွ်င္ေမာင္က လူေငြ႕ရသည္ႏွင့္အလိုအေလ်ာက္ အနားသို႔ ကပ္လာသည္။

" ခ်မ္းတယ္ "

" အင္း အင္း ဖက္ထားမယ္ "

ဥေဒါင္းညိဳက ျမတ္သွ်င္ေမာင္ကို ရင္ခြင္ထဲသို႔ ဖက္လိုက္ကာ အိပ္ေပ်ာ္ေစရန္ ေခ်ာ့ေနရင္း သူကိုယ္တိုင္ကပါ အိပ္ေပ်ာ္သြားေလသည္။

ဆက္ရန္ ။

Continue Reading

You'll Also Like

8.6K 329 35
He Is The Only One I Love The Most { Own Creation } သူသာလျှင် အချစ်ဆုံးပေမို့ (သူသာလွ်င္ အခ်စ္ဆုံးေပမို႔) Start Date ..... 22.2.2022 End ..... 27.5.2...
895K 49.9K 36
"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြားဘာရှိသေးလို့လဲ" "..." "ကိုကို မင်းကို...
824K 126K 200
This is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.
571K 20.3K 51
🔞🔞 house slave s2စောင့်မျှော်နေကြလား ဒီတစ်ခါလူပြောင်းသွားပါပြီနော် relationshipဖြစ်ပြီကိုကိုရဲ့စည်းကမ်းတွေနဲ့ညီ့ကိုစည်းကမ်းတကျနေခိုင်းပြီးအပြစ်လုပ်...