I Woke Up And Was Pregnant

By phyolay1991

319K 28.8K 273

WARNING❗❗❗ (BL, Mpreg, Intersex) Summary သူ့အသက် ၁၈ နှစ်၌ ဖုန်ကျန်းရဲ့အဖေသည် တရားမဝင်သမီးတစ်ယောက်ကို အိမ်သို့... More

I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant
I Woke Up And Was Pregnant

I Woke Up And Was Pregnant

2.4K 230 11
By phyolay1991

Chapter 30.1

ဖုထင် ခေါင်းဆတ်ကာ ဖုကျန်းကို ပြောလိုက်သည်။
"....ငါတို့ရဲ့စာချုပ်က အပြီးသတ်လက်မှတ်မထိုးရသေးဘူးဆိုတာကိုလည်း မှတ်မိတယ်...."

ဖုကျန်း နှုတ်ခမ်းမဲ့လိုက်မိသည်။ အပြီးသတ်လက်မှတ်မထိုးရသေးလျှင်တောင် ဖုထင်က သူ့ကို မမြင်ချင်လောက်ဟု တွေးခဲ့သော်လည်း အခုပုံစံအရဆိုလျှင် သူ့အတွေးမှားသွားပုံပင်။

ထိုအကြောင်းပြောရလျှင် ဖုထင်သည် သူ့အပေါ် မကောင်းခဲ့သော ဆာလဖျူရစ်အက်စစ်ဖြင့် အချိန်မရွေး ပက်သွားနိုင်သည့် နောက်ယောင်ခံလိုက်နေသော ရည်းစားဟောင်းနှင့်ပင် အနည်းငယ်တူနေသည်။ ဖုကျန်း သူ့ဘာသာသူတွေးနေရင်း ရယ်မိမတတ်ပင်။

ဖုထင်က ဖုကျန်း၏မျက်နှာကို ကြည့်လိုက်သည်။ လမ်းမီးရောင်အောက်တွင် နှင်းမှုန်များက သူ့ဆံပင်ပေါ်သို့ ကျဆင်းနေပြီး သူ့မျက်ဝန်းများက ပြုံးယောင်သမ်းနေသည်။ ဖုထင်၏နှလုံးသားမှာ လှုပ်ရှားလာပြီး သူ့ကို အိမ်ပြန်ခေါ်သွားချင်သောဆန္ဒပြင်းပျလာသည်။

ကံကောင်းစွာဖြင့်ပင် ထိုစိတ်ဆန္ဒမှာ ရုတ်ချည်း ပျောက်ကွယ်သွားသည်။

ကျန်းဟန်ရှုက ခြေတစ်လှမ်းတိုးလာပြီး ဖုကျန်းကိုသူ၏နောက်တွင် ကွယ်ထားလိုက်သည်။ ကားထဲမှ  ဖုထင်ကိုကြည့်ကာ တည်ငြိမ်စွာမေးလိုက်သည်။

"တစ်ဆိတ်လောက်ပါ ဒီက လူကြီးမင်းက ဖုကျန်းနဲ့ ဘယ်လို သက်ဆိုင်လို့လဲ...."

ဖုထင် ကျန်းဟန်ရှုကို ကြည့်ကာ ပါးစပ်ဟလိုက်သော်ငြား စကားသံထွက်မလာခဲ့။ သူ တကယ် ကားကို မရပ်ခဲ့လိုက်သင့်ဘူး။ သူတို့နှစ်ယောက် တစ်ယောက်လက်တစ်ယောက်တွဲပြီးလျှောက်လာတာကို တွေ့တွေ့ချင်း သူ့မှာ အကြောင်းပြချက်မရှိဘဲ ဒေါသများ တလိမ့်လိမ့်ထွက်လာသည်။ နောက်ဆုံးတော့ သူနောက်ပြန်လှည့်ဖို့ ရပ်လို့ မရတော့ဘူး။

"....မင်းက ဘယ်သူလဲ...."

ဖုထင်က အံကြိတ်ပြီး မေးလိုက်သည်။

"ဖုကျန်းရဲ့ချစ်သူကောင်လေး....."

ကျန်းဟန်ရှုက တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်သည်။

"ဖုကျန်းရဲ့ကောင်လေး...."

ဖုထင်က လှောင်ရယ်လိုက်သည်။ သူ ထေ့ငေါ့ပြောလုနီးပါးဖြစ်သော်လည်း သူဘာမှမပြောရသေးခင်မှာပင် ကျန်းဟန်ရှု၏ စကားစဖြတ်ခြင်းကို ခံလိုက်ရသည်။

ကျန်းဟန်ရှုက ဖုထင်ကို နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။

"....ဖုကျန်းနဲ့ ဘာတော်လဲ...."

ဖုထင်မှာ ပါးစပ်ဟလိုက်သော်ငြား ပြောရန်စကားမရှိပေ။ ဖုကျန်းသည် ဖုမိသားစုမှ ကန်ထုတ်ခံလိုက်ရပြီး ဖုကျန်းချန်ကလည်း သူနှင့် သားအဖဆက်ဆံရေးကို ဖြတ်တောက်ပြီးဖြစ်သည်။ အခု သူ့ကို               ဖုကျန်း၏ အစ်ကိုဟု သတ်မှတ်၍ မရတော့၍ သူသည် ဖုကျန်းနှင့် တော်စပ်ခြင်းမရှိတော့။

ဖုထင် ပြောစရာစကားမရှိသည်ကို ကြည့်၍        ကျန်းဟန်ရှုက ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။

"....ဘာမှမပြောနိုင်တဲ့အတွက် ဒီဘက်က လူကြီးမင်းက ကိုယ်ရေးကိုယ်တာမေးခွန်းတွေ အများကြီး မေး‌ နေတာမျိုး မဖြစ်သင့်ဘူးလေ...."

ဖုထင် သူ့ရှေ့မှ ကျန်းဟန်ရှုကို ဒေါသအပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ အရေးကြီးသော တစ်စုံတစ်ခု လုယူခံလိုက်ရသကဲ့သို့ပင် ဒေါသများမှာ ဘယ်နေရာမှ ထွက်ပေါ်လာသည်မသိ။

ကျန်းဟန်ရှုက ဖုထင်ကို လျစ်လျူရှုကာ  ဖုကျန်း ၏ လက်ကိုဆွဲ၍ ပြောလိုက်သည်။

"...သွားရအောင်...."

ဖုကျန်း အင်းဟု အသံပြုကာ ကျန်းဟန်ရှုနှင့်အတူ လှည့်ထွက်လာခဲ့သည်။

လမ်းတစ်လျှောက်တွင် သစ်ပင်ရိပ်များသည် မီးရောင်အောက်တွင် ယိမ်းထိုးနေပြီး နှင်းပွင့်များ      တဖွဲဖွဲကျဆင်းကာ ခြုံပုတ်များကို အဖြူရောင်    တစ်လွှာဖြင့် လွှမ်းခြုံထားသည်။ ကျန်းဟန်ရှုသည်   ဖုကျန်း၏ ပုခုံးကို ဖွဖွလေး ပုတ်ပေးကာ တိတ်တဆိတ် နှစ်သိမ့်ပေးလိုက်သည်။

".ဖုကျန်း မင်း တကယ်ပဲ သူနဲ့ အတူတူရှိချင်တာလား...."

ဖုထင် သူတို့နောက်မှနေ၍  အကျယ်ကြီး လှမ်းမေးလိုက်သည်။

ဖုကျန်းက ဖုထင်ကို လှည့်ကြည့်လိုက်ချိန်၌ ဖုထင်တစ်ယောက် သူတို့ကိုကြည့်နေရင်း ကားထဲတွင် မလှုပ်မယှက် ထိုင်နေဆဲဖြစ်သည်ကိုတွေ့လိုက်ရသည်။

ဖုကျန်း မျက်လွှာချကာ တုန့်ဆိုင်းနေပြီးမှ ဖြေးဖြေးလေး ရွေ့လိုက်သည်။ ကျန်းဟန်ရှုလက်ထဲမှ သူ့လက်ကိုဆွဲထုတ်ရင်း သူ့ကိုပြောလိုက်သည်။

".ကိုယ့်ဘာသာကိုယ်ပဲ ပြန်လာခဲ့မယ်...."

ကျန်းဟန်ရှု ထိုနေရာတွင်ပင်ရပ်ရင်း ဖုကျန်း   ဖုထင်ဆီသို့ လမ်းလျှောက်သွားနေသည်ကို ကြည့်နေလိုက်သည်။

ဖုထင်က ဖုကျန်း သူ့ဆီလျှောက်လာနေသည်ကို    ကြည့်ရင်း အတိတ်အပိုင်းအစများကို ပြန်မြင်ယောင်လာသည်။ ဝင်လုဆဲဆဲနေသည် ကမ်းခြေကို ရွှေဝါရောင်သမ်းစေပြီး တစ်ဖက်ခြမ်းမှ လူငယ်လေးသည် သူ့အစ်ကိုကိုခေါ်ရင်း ပြေးလာနေသည်။

ပစ္စုပ္ပန်တွင် ဖုကျန်း၏ ဘယ်ဘက်ခြေထောက်မှာ အနည်းငယ် ထော့နဲ့ထော့နဲ့ ဖြစ်နေပြီး သူလမ်းလျှောက်ချိန်တွင် အမြဲ ယိုင်ထိုးနေသည်။ ချက်ခြင်းပဲ ဖုထင်၏နှလုံးသားမှာ တစ်စုံတစ်ခုက တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခံလိုက်ရသလိုဖြစ်ကာ နာကျင်မှုက သူ့ကို အပြည့်အဝ ဆို့နင့်စေသည်။

ဖုကျန်းသည် ကားပြတင်းပေါက်ရှေ့တွင် ရပ်လိုက်သည်။ ယောင်ယောင်လေး ငုံ့ကာ ကားထဲမှ ဖုထင်ကို ပြောလိုက်သည်။

"....ဒီနေ့ ဘာလို့ ကျွန်တော်တို့ကို ရုတ်တရပ်ကြီး တားနေတာလဲမသိပေမယ့် စာချုပ်မှာ လက်မှတ်မထိုးခဲ့ရင်တောင် တစ်ယောက်နဲ့တစ်ယောက် မတွေ့ချင်ကြဘူးလို့ ထင်တယ်...."

ဖုကျန်းသည် ဖုထင်၏ တုန့်ပြန့်မှုကို ‌နားထောင်ရန် ရပ်ခဲ့သော်ငြား ဖုထင်က အသံမထွက်ဘဲ သူ့ကိုသာ မျက်တောင်မခတ်စတမ်း ကြည့်နေသည်။

ဖုကျန်းသည် နှုတ်ခမ်းကို ဖိကိုက်ကာ မေးလိုက်သည်။

"....ဟုတ်တယ်မလား...."

ခဏကြာမှ ဖုထင်က ခေါင်းညိတ်လိုက်သည်။

"....ဟုတ်တယ်...."

ဖုကျန်း၏မျက်နှာတွင် အပြုံးတစ်ပွင့် ဖြေးဖြေးချင်း ထွက်ပေါ်လာသည်။ သူက ဖုထင်ကို ပြောလိုက်သည်။

"....ဆိုတော့ နောက်ထပ်မတွေ့ဘဲ နေကြရအောင်...."

ဖုထင် ဖုကျန်း၏မျက်လုံးကို စိုက်ကြည့်လိုက်သည်။ ဖုကျန်း အိမ်ကထွက်သွားသော နေ့ကို သူမှတ်မိနေသေးသည်။ သူ့ကို ဒီလို အသနားခံတဲ့မျက်လုံးတွေနဲ့ ကြည့်ခဲ့သလိုပဲ။

ဖုထင် သတိပြန်ဝင်လာချိန်တွင်တော့ ဖုကျန်းက ကားနားမှ ထွက်ခွါသွားပြီဖြစ်သည်။

သူနှင့်ကျန်းဟန်ရှုတို့ လမ်းမကြီးတစ်လျှောက် ဆက်လျှောက်သွားခဲ့သည်။

ဖုထင် လုံးဝ မလှုပ်ခဲ့။ သူ့နောက်မှ ကားများသည် ဟွန်းအဆက်မပြတ်တီးကာ သူ့ကို ဆက်သွားရန် အလောတကြီး တောင်းဆိုနေကြသည်။ သူ့အတွေးများမှာ ဘယ်ဆီရောက်နေမှန်းမသိ။

ဘယ်လိုလုပ်ပြီး သူတို့နဲ့ဖုကျန်းကြား ဒီလိုဖြစ်သွားတာလဲ။

အချိန်များစွာကြာမှ သူ ခေါင်းကိုငုံ့ထားရင်း ကားနောက်ကြည့်မှန်မှတစ်ဆင့် ကျန်းဟန်ရှု တက္ကစီကိုတားကာ ဖုကျန်းကို အရင်ဝင်ထိုင်စေပြီး သူလည်း ကားပေါ်တက်သွားသည်ကို ကြည့်နေခဲ့သည်။Chapter 30.2

အနီရောင်တက္ကစီ သူ့အမြင်မှ ပျောက်ကွယ်သွားသည်အထိ  အသိစိတ်ပျောက်နေသူလို ကြည့်နေပြီးမှ ကားကို အိမ်သို့ လေးဖင့်စွာ ပြန်မောင်းလာခဲ့သည်။

ဖုမိသားစုဧည့်ခန်းမှာ တိတ်ဆိတ်နေသည်။              ဖုကျန်းချန်မှာ ညစာစားနေပြီး ဖုထင်ပြန်လာသည်ကိုမြင်လျှင် သူ့အတွက် နောက်ထပ် ဓားနှင့်ခက်ရင်းတစ်စုံယူလာရန် အမိန့်ပေးလိုက်သည်။

သူ ဖုထင် ခံစားချက်မကောင်းသည်ကို သတိထားမိလိုက်သည်။ လက်ထဲမှ ဓားနှင့်ခက်ရင်းကိုချကာ လက်ပိုက်၍ နောက်ကိုမှီလိုက်ပြီး ဖုထင်ကို မေးလိုက်သည်။

"ဘာဖြစ်နေတာလဲ...."

ဖုထင်သည် လမ်းမီးတိုင်‌အောက်တွင် ဖုကျန်း ယောက်ျားတစ်ယောက်နှင့် လက်ချင်းတွဲနေသည့်     ပုံရိပ်ကို မြင်ယောင်လာသည်။ သူ ဖုကျန်းချန်ကို ဒီအကြောင်း ပြောလိုက်လျှင်တောင် ဖုကျန်းချန်က ဂရုစိုက်မှာမဟုတ်ဘူး။ သူသည် ခေါင်းကိုသာ ယမ်းပြလိုက်သည်။

"...ဝမ်ဝမ့်အတွက် ရက်သတ်မှတ်ပြီးပြီ ဇန်နဝါရီလ ၂၃ ရက်နေ့ ...."

ဖုကျန်းချန်က ဖုထင်ကို ပြောလိုက်သည်။

".ကောင်းသားပဲ...."

ဖုထင်က စိတ်မပါလက်မပါ ပြောလိုက်သည်။

ဖုကျန်းချန်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

"...ဘာဖြစ်နေတာလဲ...."

"....ဘာမှမဖြစ်ပါဘူး...."

ကြည့်ရတာ ဖုကျန်းချန်တစ်ယောက် တစ်ခုခုကို သတိထားမိသွားသည့်ပုံပင်။ ခဏ ငြိမ်သွားပြီနောက် ရုတ်တရက်မေးလိုက်သည်။

"...ဖုကျန်းကိုတွေ့ခဲ့တာလား..."

ထိုအခိုက်အတန့်တွင် ဖုထင်သည် သူ့အဖေအား အမှန်တရားကို ပြောလိုစိတ်မရှိတော့။

မီးထိန်ထိန်အောက်တွင် ဖုထင်သည် အနည်းငယ် မျက်တွင်းကျနေသည်။ ခေါင်းကိုငုံ့ကာပြောလိုက်သည်။

"...မဟုတ်ပါဘူး..."

ဖုကျန်းချန်က အကြည့်တစ်ချက်နှင့်ပင် ဖုထင် သူ့ကိုလိမ်နေကြောင်း သိသော်လည်း ဖုထင်၏ လှည့်ဖျားမှုကို မဖော်ထုတ်ခဲ့။ ပြန်ပေးဆွဲသူက သူ့အား ဖုန်းခေါ်ထားသည်ကို အမှတ်ရလိုက်သည်။ သူ့ဖုန်းထဲက ပြန်ပေးဆွဲသမားရဲ့နံပါတ်ကို ဘယ်သူက block လိုက်မှန်း သူမရှာရသေး။

"....အဖေ အကို သမီးပြန်လာပြီ...."

ထန်ဝမ်ဝမ် တံခါးကိုဖွင့်ပြီး                သွက်သွက်လက်လက် လျှောက်လာသည်။

ဖုထင်သည် ထန်ဝမ်ဝမ်ကို လှည့်ကြည့်လိုက်သည်။ သူ မရယ်ပြချင်သော်ငြား ထန်ဝမ်ဝမ်ကိုတွေ့လိုက်ချိန်တွင် မတတ်သာဘဲ နှုတ်ခမ်းကိုတွန့်လိုက်သည်။ ထန်ဝမ်ဝမ်၏ရှေ့တွင်မူ သူသည် ကမ္ဘာ့အကောင်း‌ဆုံး အစ်ကိုကြီးပင်ဖြစ်သည်။

ဖုကျန်းချန်သည်လည်း ပြန်ပေးသမား၏ ဖုန်းနံပါတ်ကို စစ်ဆေးရမည်ကို လုံးဝမေ့သွားသည်။ထန်ဝမ်ဝမ်ကို တွေ့လိုက်ရသည်မှာ ကမ္ဘာ့အဖိုးထိုက်တန်ဆုံး ရတနာကို တွေ့လိုက်ရသလိုပင်။

.........

ဖုကျန်းတို့ အငှားအိမ်သို့ ပြန်ရောက်ချိန်တွင် အတော်ညဉ့်နက်နေပြီဖြစ်သည်။ သူနှင့် ကျန်းဟန်ရှုတို့ အပြန်အလှန် နှုတ်ဆက်ကာ အနားယူရန် အခန်းပြန်လာခဲ့ကြသည်။

ကျန်းဟန်ရှုတစ်ယောက် ဆောက်လုပ်ရေးဆိုက်မှ အလုပ်ထွက်လိုက်ပြီးနောက် သူ့တွင် အားလပ်ချိန် ပိုများလာခဲ့သည်။ သူ့အချိန်အများစုကို ဖုကျန်း၏အခန်းထဲတွင် စာဖတ်ရင်း ကုန်ဆုံးလေ့ရှိသည်။

ဆောင်းနေနွေးနွေးက မှန်ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ ဖြာဆင်းလာသည်။ စာရွက်လှန်သံနှင့် စာရွက်ပေါ်တွင် ဘောပင်ရေးခြစ်နေသံတို့က အတူတကွပေါင်းစပ်သွားပြီး ကောင်းမွန်သော သံစဉ်တစ်ခုသဖွယ် နားအတွင်း သာယာစွာ စီးဆင်းသွားသည်။

ကျန်းဟန်ရှု သူ၏ခရီးစဉ်ကို ဖုကျန်းထံ နေ့တိုင်း အစီရင်ခံသည်။ ယနေ့မနက် ဖုကျန်းအခန်းထဲတွင် အချိန်ခဏကုန်ဆုံးပြီးနောက် သူ စာအုပ်ကိုချကာ ပုံဆွဲရာတွင် ဈာန်ဝင်စားနေသော ဖုကျန်းကို ပြောလိုက်သည်။

"....ကိုယ် ဒီနေ့ အိမ်ပြန်လိုက်ဦးမယ် ခရီးတိုလေးတင်ပါ...."

သူ့အမေက အရင်တည်းက ဖုန်းဆက်ကာ တွန်းအားပေးနေပြီး နောက်ဆုံးတွင်တော့ ဘာကိစ္စပဲရှိရှိ ဒီနေ့ အိမ်ကို မဖြစ်မနေ ပြန်လာရမည်ဟု အမိန့်ပေးလိုက်သည်။

"....ဘယ်အချိန်ပြန်လာမှာလဲ....."

ဖုကျန်း စုတ်တံကိုချကာ ကျန်းဟန်ရှုဘက်သို့ ခေါင်းကိုစောင်းလိုက်သည်။

ဖုကျန်း၏ လက်ရှိသွင်ပြင်မှာ လူများကို ပူပင်စေနိုင်လောက်အောင် ကောင်းကောင်းပြုမူနေသည်။
ကျန်းဟန်ရှု သူ့ခေါင်းကိုပုတ်ကာ ပြောလိုက်သည်။

"...ညကျ ပြန်လာခဲ့မယ်...."

ဖုကျန်း အမ်းခနဲ အသံပြုလိုက်သည်။ သူက ကျန်းဟန်ရှု အကြာကြီးနေမှ ပြန်လာမည်ဟု ထင်နေခြင်းဖြစ်သည်။ ကျန်းဟန်ရှုက မေးလိုက်သည်။

".ဒီည ဘာစားချင်လဲ ကိုယ်ယူလာခဲ့ပေးမယ်...."

ဖုကျန်း ခေါင်းယမ်းပြလိုက်ပြီး
"ဝယ်စရာမလိုပါဘူး  ကြောင်အိမ်ထဲမှာ မစားရသေးတဲ့ ခေါက်ဆွဲ‌တွေရှိသေးတယ်...."

"...ကောင်းပြီ..."

ကျန်းဟန်ရှု အဝတ်အစားတစ်စုံလဲကာ ပြန်ထွက်သွားပြီးနောက် ဖုကျန်း၏ စာရေးနှုန်းမှာ တိုးတက်လာသော်လည်း မကြာခဏဆိုသလို စာရေးတာကိုရပ်၍ ကျန်းဟန်ရှုနမ်းသွားသော နှုတ်ခမ်းထောင့်ကို ကိုင်ကြည့်နေခဲ့သည်။

....

ကျန်းမိသားစု၏ အလယ်အလတ်အဆင့် အပန်းဖြေစံအိမ်တွင် ဝတ်စုံပြည့်ဝတ်ဆင်ထားသော အိမ်တော်ထိန်းကြီးက တံခါးဘေးတွင် မတ်တပ်ရပ်နေသည်။ သူသည် လက်အိတ်အဖြူကို ဝတ်ထားကာ ဗြိတိသျှလူကြီးလူကောင်းနှင့်ပင် တူနေသည်။ ကျန်းဟန်ရှုက ရောက်လာပြီး အော်ခေါ်လိုက်သည်။

"...ဦးလေးဝမ်..."

"....သခင်လေး ပြန်လာပါပြီလား..."

ကျန်းဟန်ရှု ခေါင်းညိတ်ပြလိုက်သည်။

အန်ကယ်ဝမ်သည် ကျန်းမိသားစု တစ်ဖြေးဖြေး ကြီးထွားလာသည်ကို စောင့်ကြည့်ခဲ့ရသူဖြစ်ပြီး        ကျန်းဟန်ရှုကို သူ့သွေးသားရင်းသဖွယ် သဘောထားသည်။ တံခါးကိုဖွင့်လိုက်ရင်း ကျန်းဟန်ရှုကို မေးလိုက်သည်။

"....ဒီည ဘာစားချင်လဲ သခင်လေး ဦးလေး မီးဖိုချောင်ကို ပြင်ခိုင်းထားပေးမယ်...."

ကျန်းဟန်ရှု : "...ပြင်ဖို့မလိုပါဘူး ကျွန်တော် ဒီည ပြန်သွားရမှာ...."

ထိုသို့ပြောပြီးလျှင်ပြီးချင်း ကျန်းဟန်ရှုက ထပ်ပြောလိုက်သည်။

"...ဒါနဲ့ ဦးလေးဝမ် ကျွန်တော့်ကို  စတော်ဘယ်ရီ   ပိုင်မုန့် ပြင်ပေးထားပါဦး ပြန်ရင် ယူသွားမလို့..."

အချိုစားခဲတဲ့ သခင်လေးက ဘာကြောင့် အလောတကြီးတောင်းဆိုသည်ကို သူနားမလည်သော်ငြား  ဦးလေးဝမ်သည် ကျွမ်းကျင်မှုရှိရှိဖြင့် စောဒက တက်လိုက်သည်။

"....သခင်လေး...."

သူကဆက်ပြောလိုက်သည်။

"....သခင်မ က အပေါ်ထပ်မှာ စောင့်နေပါတယ်...."

ကျန်းဟန်ရှု ခေါင်းဆတ်လိုက်ပြီး အညိုရင့်ရောင် လှေကားအတိုင်း အပေါ်ထပ်သို့ တက်သွားသည်။ အရှေ့ဘက်ခြမ်းက ဒုတိယအခန်းရှေ့တွင် မတ်တပ်ရပ်ပြီး တံခါးခေါက်လိုက်သည်။ မဒမ်ကျန်းသည် တံခါးကို လျင်မြန်စွာဖွင့်လိုက်ပြီး ကျန်းဟန်ရှုပြန်လာသည်ကို ‌တွေ့လိုက်ရသည်။ မဒမ်ကျန်း၏ မျက်နှာမှာ ချက်ခြင်းပင် အပြုံးပန်းပွင့်သွားသည်။

"...နောက်ဆုံးတော့ ပြန်လာပြီပေါ့..."

မဒမ်ကျန်းက ကျန်းဟန်ရှူ၏ ပုခုံးကိုပုတ်ကာ ချက်ခြင်းပင် သူ့ကို ပွေ့ဖက်လိုက်ပြီး အောက်ထပ်မှ
လက်ဖက်ရည်ခန်းလေးထဲသို့ ခေါ်သွားလိုက်သည်။ ထိုင်ပြီးနောက် ကျန်းဟန်ရှု၏ လတ်တလောအခြေအနေကို မေးမြန်းကာ ပြောလိုက်သည်။

"...မင်းအဖေက တောင်ပိုင်းကို အစည်းအဝေးသွားတက်တယ်....မင်းအဖိုးကတော့ နိုင်ငံခြားကို ခရီးထွက်သွားတယ် နွေဦးပိုင်းလောက်မှ ပြန်လာမယ်ထင်တယ်...."

"....ကျွန်တော်သိတယ် သူတို့ကို ဖုန်းဆက်ပြီးပြီ..."

မဒမ်ကျန်းက ပြုံးကာ သူ့ရင်သွေးကို ကျေနပ်  ဂုဏ်ယူမှုအပြည့်ဖြင့် ကြည့်လိုက်သည်။ ဖုန်းalbum ကိုဖွင့်ကာ ကျန်းဟန်ရှုကို ပြောလိုက်သည်။

"....အမေ ဒီမှာ မိန်းကလေးတစ်ချို့ရဲ့ဓာတ်ပုံတွေ ထည့်ထားတယ် မျက်စိကျတဲ့သူရှိလား လာကြည့်လှည့် အမေအချိန်ရရင် တွေ့ဖို့ စီစဉ်ပေးမယ် မင်းက အရွယ်ရောက်နေပြီ ကောင်မလေး ရှာသင့်ပြီနော်..."

ကျန်းဟန်ရှုသည် မဒမ်ကျန်း၏ဖုန်းကို မယူဘဲ ပြောလိုက်သည်။

" ကျွန်တော်သဘောကျတဲ့သူရှိတယ်...."

"....ဟမ်...."

မဒမ်ကျန်းမှာ ခဏမျှ ကြက်သေသေသွားပြီး နောက်မှ ကျန်းဟန်ရှု ဆိုလိုသည်ကို နားလည်သွားသည်။ မျက်ခုံးအစုံမှာ‌ ပျော်ရွှင်မှုကြောင့် မြင့်တက်လာသည်။

".မင်းအမေဆီ ဘယ်တော့ ခေါ်လာမှာလဲ အိုက်ယား ဒီအမေက ဟိတ်ကြီးဟန်ကြီးနေတတ်တဲ့သူ မဟုတ်ပါဘူးနော် သူမသာ အကျင့်စာရိတ္တကောင်းရင်ကို ကျေနပ်ပြီ သူမက အခု အသက်ဘယ်လောက်လဲ ဘာအလုပ်လုပ်လဲ ဘယ်လိုမျိုးစတွေ့ခဲ့ကြ...."

ကျန်းဟန်ရှုသည် မျက်လွှာချကာ မဒမ်ကျန်းကို ပြောလိုက်သည်။

".သူက ယောက်ျားလေး...."

Continue Reading

You'll Also Like

286K 10.3K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
17.2K 459 19
Name- Sponsor Web Name- Sponsor Author: 아노르이실 Translator: Nieve Genre: Adult, Drama, Mature, Romance, Slice of life, Smut, Yaoi. [You can read this...
242K 11.5K 21
Name - ဇာတ်လိုက်အတွဲအားဖျက်ကြမယ်system (or) System Heartbreaker :: [Hello! တွေ့ရတာဝမ်းသာပါတယ်host! ကျတော်ကတော့ system Z ဖြစ်ပါတယ်...
131K 13.9K 25
OC Own Creation. Own story, own plot and own cover