'' ၃ ရက်တောင် ငါ့ဆီ ဘာလို့ လာမဆော့တာလဲ ''
ခက်ထန်ထန်မေးနေသော
သခင်လေးဂျွန်ရယ်...
'' မင်းမနေ့က ငါ့ကို ရေထဲတွန်းချလိုက်တာလေ..အအေးမိပြီး ဖျားသွားတာပေါ့ ''
'' ဘာလို့ မင်း လို့ခေါ်တာလဲ ငါ ဘယ်လိုသင်ထားလဲ ''
ထိုသို့မေးသောအခါ ခပ်ကျူံ့ကျူံလေးဖြစ်သွားသော ခန္ဓာကိုယ်ရယ်..
'' ယောင်း ဖျားသွားလို့ပါ ဂျွန် ''
နေ့စဥ်ရက်ဆက် အိမ်ကြီးကို လာနေရတဲ့ ထယ်ယောင်းမှာ အထက်တန်း ကျောင်းသားတောင် ဖြစ်နေလေပြီ...
သခင်လေးဂျွန်ကတော့ Uni ပထမနှစ်လေ..
အများအမြင်မှာတော့ ထယ်ယောင်းဟာ
အိမ်ကြီးမှာနေတဲ့ သခင်လေးဂျွန်နဲ့ သိပ်ကိုချစ်ခင်ကြတဲ့ ညီအကို သူငယ်ချင်းတွေပေါ့...
တကယ်လက်တွေ့မှာ အရာအားလုံး ခြားနားပါသည်။
'' အဲ့အတိုင်း ငြိမ်ငြိမ်ရပ်နေနော်..
မင်းမငြိမ်လို့ မင်းခေါင်းပေါ်က ပန်းသီး
ပြုတ်ကျရင် မင်းဘာလုပ်ရမလဲ သိတယ်နော်...''
ကျွန်တော် ခေါင်းပေါ်ကို ပန်းသီး တစ်လုံးတင်တယ်..
ပြီးရင် အဲ့ပန်းသီးကို မထိမချင်း
ကျွန်တော့်ကို Tennis ဘောလုံးနဲ့ ပေါက်တယ်..
ကျွန်တော်မှာ နဖူးမှာ အမြဲညိုမဲစွဲပြီး အိမ်ပြန်ရတယ်..
ဗိုက်တွေဆိုသည်မှာလဲ သိပ်နာတယ်..ပြီးရင် ဘောလုံးတွေကို ပြေးပြေးဏြီး ကောက်ရသေးတယ်..တခါတလေ ရေကူးကန်နားမှာ ဆော့ရင် ရေထဲဆင်း့ပီးပါ ကောက်ရတယ်..
သူ့ဘောလုံးတွေ ရေထဲဆင်းကောက်ဖို်အတွက် ရေကူးပါသင်ထားရတယ်..
ဟက်.. အဲ့လိုတွေ လုပ်လာတာ ၁၀ နှစ်ငါးအရွယ်ထဲက..ခုဆို အထက်တန်းကျောင်းသားကြီးတွေ ဖြစိနေပီပေါ့...
.....ဒီကလေး ဒါတောင် အဲ့ဒီနာကျင်မှညတွေကို ခါးဆီးခံသည်..
ဘာကြောင့်မှာ ဂျွန့်ကို သနားရတာလဲ..
မိခင်ရှိပါရက်နဲ့ မိခင်မေတ္တာကို
အပြည့်အဝမရ......အရာရာကို ငွေပေးပြီးဖြေရှင်း... ငွေပေးနိုင်ရင် ရပြီးဆိုတဲ့
လုပ်ရပ်တွေကို သူကိုယ်တိုင်ခံစားနေရတာ.အထီးကျန်နေတာ ဆိုတဲ့ အတွေးတွေက ယောင်းငယ်အား ပို၍နှိပ်ဆက်သည်။
ရင်ဖွင့်စရာ Jimin ဆိုငည်မှာလည်း
မူလတန်းပြီးထဲက Seoul ကို ပြောင်းသွားကြသည်။
ဂျွန်က ဘယ်သူနဲ့မှ အပေါင်းအသင်းလုပ်တာ မကြိုက်ပေ။
သို့ဖြစ်သောကြောင့် ထယ်ယောင်းမှာ လက်ညိုးထိုးပြစရာ.သူငယ်ချင်း မည်သူမျှရှိမနေ..
ဂျွန် အိမ်တော်က ပြန်လာတိုင်း ရလာတတ်သော ဒဏ်ရာတွေကို အမေက မေးသည်..ဘာဖြစ်ခဲ့မှန်း သိရက်နဲ့မေးသည်။
ကျွန်တော်သည်လည်း အဖြေမှန်သိသော မေမေ့အား လိမ်ညာပြောဆိုသည်။
ကျွန်တော်ရဲ့ တသက်စာကို ဂျွန်အိမ်တော်က တာဝန်ယူထားသည့်အပြင်
မေမေ့ကိုလဲ ထောက်ပ့ံကြေးပေးနေသည်လေ။
ဒါ့အပြင် မေမေ မရျိတော့ရင် ဂျွန်အိမ်တော်က လူတစ်ယောက်အဖြစ် တရားဝင်မွေးစားခြင်းလဲခံထားရသည်။
ငွေ တဲ့ အရာရာအားလုံးကို တိတ်ဆိတ်နိုင်စမြဲပါ...
ကျွန်တော် ကိုယ်တိုင်ကလဲ......
ဂျွန့် ကိုမုန်းသည်။မနှစ်သက်ပါ..
သို့သော်..
'' မင်းကို ငါပိုင်တယ်..
မင်းဟာ ငါ့အတွက်ပဲ..ငါ့ရဲ့ ထာဝရ အရုပ်လေးပဲ..'' ဆိုသော စကားတွင် အကြိမ်ကြိမ်နစ်လွန်းလို့ ယနေ့ထိတိုင်
မရုန်းထွက်နိုင်ပေ...
🖤🖤🖤ဇာတ်ဆရာအလိုကျ🖤🖤🖤
Zawgyi...
'' ၃ ရက္ေတာင္ ငါ့ဆီ ဘာလို႔ လာမေဆာ့တာလဲ ''
ခက္ထန္ထန္ေမးေနေသာ
သခင္ေလးဂြၽန္ရယ္...
'' မင္းမေန႕က ငါ့ကို ေရထဲတြန္းခ်လိဳက္တာေလ..အေအးမိၿပီး ဖ်ားသြားတာေပါ့ ''
'' လာလို႔ မင္း လို႔ေခၚတာလဲ ငါ ဘယ္လိုသင္ထားလဲ ''
ထိုသို႔ေမးေသာအခါ ခပ္က်ဴံ႕က်ဴံေလးျဖစ္သြားေသာ ခႏၶာကိုယ္ရယ္..
'' ေယာင္း ဖ်ားသြားလို႔ပါ ဂြၽန္ ''
ေန႕စဥ္ရက္ဆက္ အိမ္ႀကီးကို လာေနရတဲ့ ထယ္ေယာင္းမွာ အထက္တန္း ေက်ာင္းသားေတာင္ ျဖစ္ေနေလၿပီ...
သခင္ေလးဂြၽန္ကေတာ့ Uni ပထမႏွစ္ေလ..
အမ်ားအျမင္မွာေတာ့ ထယ္ေယာင္းဟာ
အိမ္ႀကီးမွာေနတဲ့ သခင္ေလးဂြၽန္နဲ႕ သိပ္ကိုခ်စ္ခင္ၾကတဲ့ ညီအကို သူငယ္ခ်င္းေတြေပါ့...
တကယ္လက္ေတြ႕မွာ အရာအားလုံး ျခားနားပါသည္။
'' အဲ့အတိုင္း ၿငိမ္ၿငိမ္ရပ္ေနေနာ္..
မင္းမၿငိမ္လို႔ မင္းေခါင္းေပၚက ပန္းသီး
ျပဳတ္က်ရင္ မင္းဘာလုပ္ရမလဲ သိတယ္ေနာ္...''
ကြၽန္ေတာ္ ေခါင္းေပၚကို ပန္းသီး တစ္လုံးတင္တယ္..
ၿပီးရင္ အဲ့ပန္းသီးကို မထိမခ်င္း
ကြၽန္ေတာ့္ကို Tennis ေဘာလုံးနဲ႕ ေပါက္တယ္..
ကြၽန္ေတာ္မွာ နဖူးမွာ အၿမဲညိုမဲစြဲၿပီး အိမ္ျပန္ရတယ္..
ဗိုက္ေတြဆိုသည္မွာလဲ သိပ္နာတယ္..ၿပီးရင္ ေဘာလုံးေတြကို ေျပးေျပးႀဏီး ေကာက္ရေသးတယ္..တခါတေလ ေရကူးကန္နားမွာ ေဆာ့ရင္ ေရထဲဆင္း့ပီးပါ ေကာက္ရတယ္..
သူ႕ေဘာလုံးေတြ ေရထဲဆင္းေကာက္ဖို္အတြက္ ေရကူးပါသင္ထားရတယ္..
ဟက္.. အဲ့လိုေတြ လုပ္လာတာ ၁၀ ႏွစ္ငါးအ႐ြယ္ထဲက..ခုဆို အထက္တန္းေက်ာင္းသားႀကီးေတြ ျဖစိေနကီေပါ့...
.....ဒီကေလး ဒါေတာင္ အဲ့ဒီနာက်င္မွညေတြကို ခါးဆီးခံသည္..
ဘာေၾကာင့္မွာ ဂြၽန့္ကို သနားရတာလဲ..
မိခင္ရွိပါရက္နဲ႕ မိခင္ေမတၱာကို
အျပည့္အဝမရ......အရာရာကို ေငြေပးၿပီးေျဖရွင္း... ေငြေပးနိုင္ရင္ ရၿပီးဆိုတဲ့
လုပ္ရပ္ေတြကို သူကိုယ္တိုင္ခံစားေနရတာ.အထီးက်န္ေနတာ ဆိုတဲ့ အေတြးေတြက ေယာင္းငယ္အား ပို၍ႏွိပ္ဆက္သည္။
ရင္ဖြင့္စရာ Jimin ဆိုငည္မွာလည္း
မူလတန္းၿပီးထဲက Seoul ကို ေျပာင္းသြားၾကသည္။
ဂြၽန္က ဘယ္သယနဲ႕မွ အေပါင္းအသင္းလုပ္တာ မႀကိဳက္ေပ။
သို႔ျဖစ္ေသာေၾကာင့္ ထယ္ေယာင္းမွာ လက္ညိုးထိုးျပစရာ.သူငယ္ခ်င္း မည္သူမွ်ရွိမေန..
ဂြၽန္ အိမ္ေတာ္က ျပန္လာတိုင္း ရလာတတိေသာ ဒဏ္ရာေတြကို အေမက ေမးသည္..ဘာျဖစ္ခဲ့မွန္း သိရက္နဲ႕ေမးသည္။
ကြၽန္ေတာ္သည္လည္း အေျဖမွန္သိေသာ ေမေမ့အား လိမ္ညာေျပာဆိုသည္။
ကြၽန္ေတာ္ရဲ႕ တသက္စာကို ဂြၽန္အိမ္ေတာ္က တာဝန္ယူထားသည့္အျပင္
ေမေမ့ကိုလဲ ေထာက္ပ့ံေၾကးေပးေနသည္ေလ။
ဒါ့အျပင္ ေမေမ မရ်ိေတာ့ရင္ ဂြၽန္အိမ္ေတာ္က လူတစ္ေယာက္အျဖစ္ တရားဝင္ေမြးစားျခင္းခဲခံထားရသည္။
ေငြ တဲ့ အရာရာအားလုံးကို တိတ္ဆိတ္နိုင္စၿမဲပါ...
ကြၽန္ေတာ္ ကိုယ္တိုင္ကလဲ......
ဂြၽန့္ ကိုမုန္းသည္။မႏွစ္သက္ပါ..
သို႔ေသာ္..
'' မင္းကို ငါပိုင္တ္..
မင္းဟာ ငါ့အတြက္ပဲ..ငါ့ရဲ႕ ထာဝရ အ႐ုပ္ေလးပဲ..'' ဆိုေသာ စကားတြင္ အႀကိမ္ႀကိမ္နစ္လြန္းလို႔ ယေန႕ထိတိုင္
မ႐ုန္းထြက္နိုင္ေပ...
ဇာတ္ဆရာအလိုက်