Part 5

323 25 2
                                    

ဒီနေ့ ဦးလေးမင်ဝူးလာမကြိုဘူး..
ငါနဲ့တူတူပြန်မယ်..

အမိန့်ဟုမဆိုသော အမိန့်စကားရယ်..

နှစ်ဦးစလုံး Uni တတ်နေပီဖြစ်သည်။
ထယ်ယောင်းက တတိယနှစ်နှစ်.. ဂျွန်ကတော့ နောက်ဆုံးနှစ်ဖြစ်သည်ရယ်..

ခုလဲ ဂျွန်က သူ့ကောင်မလေးယူနာ့အတွက် လက်ဆောင်ပစ္စည်းစီစဥ်ခိုင်းစရာရှိလို့ ထယ်ယောင်းကို သူကိုယ်တိုင်လာခေါ်မည်ဖြစ်သည်။

Uni တစ်ခုတည်း အတူတူတတ်နေသည်ပေမယ့်လည်း ထယ်ယောင်းကို ဦးလေးမင်ဝူးကသာ အကြိုအပို့ လုပ်ပေးသည်။
ဂျွန်ကတော့ သူ့ကားနဲ့သူပြန်သည်။
သို့သော် ကျောင်းမှာတော့
အတန်းချိန်ကလွဲပြီး ကျန်သောအချိန်မှာ ထယ်ယောင်းနားအမြဲရှိသည်။

မဟုတ်ဘူး........ဂျွန် ရှိတဲ့နေရာတိုင်းမှာ ထယ်ယောင်းရှိသည်ဆို ပိုမှန်မည်။

ထယ်ယောင်းငယ်မှာ ကျောင်းတွင် မည်သူနဲ့မျှအပေါင်းအသင်းမလုပ်ရ။
သူငယ်ချင်းလဲ မထားရ။
မလိုက်နိုင်သောစာများအား ဂျွန်က သူကိုယ်တိုင်ရှင်းပြပေးမည်။
အတန်းချိန်ကလွဲပြီး ကျန်တဲ့အချိန်
ဂျွန်အနားမှာဘဲနေရမည်။ စသည့်
သခင်လေးဂျွန် ချမှတ်ထားသော စည်းကမ်းအတွင်း၌နေရသည်။

မိခင်ဆုံးပါးသွားပြီဖြစ်သောကြောင့် ထယ်ယောင်းသည့ ဂျွန်အိမ်တော်က
တစ်ဦးတည်းသော သခင်လေးကင်မ် ုဖစ်ခဲ့သည်။
သူ့မိခင်အပေါ် ကျေးဇူးရှိခဲ့သည်ဆိုသောစိတ်နှင့် ကြိတ်မှိတ်နေရသည်မှာ အမှန်ပင်။

အမေက မသေခင်မှာသွားတယ်..
'' သခင်လေးဂျွန် ဘယ်လိုပဲသားအပေါ်ဆက်ဆံသည်ဖြစ်စေ..ခေါင်းငုံခံလိုက်ပါ..
အမေတို့မကျေခဲ့တဲ့ကျေးဇူးကို
ဂျွန်အိမ်တော်မှာနေပြီး သားကဆက်ဆက်ပြန်ဆက်ပါတဲ့ ''လေ..

အမေ့ကို ဒီတစ်ခါတော့ စိတ်ကောက်မိပါတယ်..
သခင်ကြီးနဲ့ သခင်မကြီးကလည်း ရှေ့ဆင့်နောက်ဆင့်
ဆုံးပါးသွားသောကြောင့် ဂျွန်အိမ်တော် တစ်ခုလုံးသည် ဦးလေးမင်ဝူးရယ် အိမ်တော်ရဲ့ရှေ့နေလက်ထဲ၌သာ လည်ပတ်နေသည်။

ထိန်းကွပ်မယ့်သူမရှိသောကြောင့် ဂျွန်ကသိပ်ကိုဂျစ်ကန်ကန်နိုင်လွန်းလာပါသည်။ဦးလေးမင်ဝူးပြောစကားသာ.နားထောင်သည်။ဒါလဲ တခါတရံမှသာ...ကျွန်တော့်ကို အနိုင်ကျင့်ရာမှာတော့ တဖက်ကမ်းကို ထူးချွန်လာပါသည်။

ဇာတ်ဆရာ အလိုကျ( Complete ) Where stories live. Discover now