Peculiarly System [Completed ]

By MaLaKaoYa

854K 90.3K 2.7K

Start date ... September 17 .2021 End date .....July 30.2023 System ဆိုတာ စိတ်ကူးယဉ်ကမ္ဘာတဲ့ သူကပြောတယ် ငါ့... More

Start With System
Arc(1.1) Parin
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)End
Arc(2.1) Zhang Xu Guang
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)End
Arc(3.1)Jason
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)End
Arc(4.1) Jon San
Arc(4.2)
Arc(4.3)
Arc(4.4)
Arc(4.5)
Arc(4.6)
Arc(4.7)
Arc(4.8)
Arc(4.9)
Arc(4.10)End
Arc(5.1) Zhou Wei Feng
Arc(5.2)
Arc(5.3)
Arc(5.4)
Arc(5.5)
Arc(5.6)
Arc(5.7)
Arc(5.8)
Arc(5.9)
Arc(5.10)
Arc(5.11)
Arc(5.12)End
Arc(6.1) LuYuYuan
Arc(6.2)
Arc(6.3)
Arc(6.4)
Arc(6.5)
Arc(6.6)
Arc(6.7)
Arc(6.8)
Arc(6.9)
Arc(6.10)
Arc(6.11)
Arc(6.12)End
Arc(7.1)KiKo
Arc(7.2)
Arc(7.3)
Arc(7.4)
Arc(7.5)
Arc(7.6)
Arc(7.7)
Arc(7.8)
Arc(7.9)
Arc(7.10)
Arc(7.11)End
Arc(8.1)Adam
Arc(8.2)
Arc(8.3)
Arc(8.4)
Arc(8.5)
Arc(8.6)
Arc(8.7)
Arc(8.8)
Arc(8.9)
Arc(8.10)
Arc(8.11)End
Arc(9.1)Aqua
Arc(9.2)
Arc(9.3)
Arc(9.4)
Arc(9.5)
Arc(9.6)
Arc(9.7)
Arc(9.8)
Arc(9.9)
Arc(9.10)
Arc(9.11)
Arc(9.12)
Arc(9.13)End
Arc(10.1)XiaoZhan
Arc(10.2)
Arc(10.3)
Arc(10.4)
Arc(10.5)
Arc(10.6)
Arc(10.7)
Arc(10.8)
Arc(10.9)
Arc(10.10)
Arc(10.11)
Arc(10.12)End
Arc(11.1) Saw Minn Latt
Arc(11.2)
Arc(11.3)
Arc(11.4)
Arc(11.5)
Arc(11.6)
Arc(11.7)
Arc(11.8)
Arc(11.9)End
Arc(12.1) Ben
Arc(12.2)
Arc(12.3)
Arc(12.4)
Arc(12.5)
Arc(12.6)
Arc(12.7)
Arc(12.8)
Arc(12.9)
Arc(12.10)
Arc(12.11)End
Arc(13.1) Cristan Gabriel
Arc(13.2)
Arc (13.3)
Arc(13.5)
Arc(13.6)
Arc(13.7)
Arc(13.8)
Arc(13.9)
Arc(13.10)
Arc(13.11)
Arc(13.12)End
Real Life (1)
Real Life (1)End
Real Life (2)
Real Life Ending Up (Truly End)

Arc(13.4)

1.9K 206 2
By MaLaKaoYa

ဇိုဝီဂါဘရီရယ်လ်က ကုမ္မဏီက မပြီးပြတ်သေးတဲ့အလုပ်တွေကို နားရက်မှာလည်း ဆက်လက်လုပ်ဆောင်နေရသည်။

ဒါ့ကြောင့်လည်း ကြောင်ကလေးလို အမြဲတမ်းကပ်ချွဲပြီး မုန့်ဖိုးတောင်းတတ်သော မောင်လေးခရစ်စတန်ကိုသတိမထားမိပေ။

" ဇိုဝီ ''

" ဟုတ်ကဲ့ မာမီ ''

" ခရစ်စတန်အိမ်ပြန်လာသလား ''

" ဟင်''

သူမ၏မျက်ခုံးတန်းတွေက မာမီ့စကားကြောင့် တွန့်ကျိုးသွားရသည်။

မောင်လေးက အိမ်မပြန်လာဘူးပေါ့။
ဘယ်တွေသွားနေတာလဲ ။

" မာမီ.. အခုတလောမှာ မောင်လေးက ကျွန်မဆီမလာဘူး ၊ အပြင်က သူ့သူငယ်ချင်းတွေနဲ့များလျှောက်ပြီးခရီးတွေထွက်နေသလားမှမသိတာ မာမီရယ် ''

" အဲ့ဒါဆိုရင် မာမီ့ဆီကလည်း မုန့်ဖိုးတောင်းမသွားဘူးလေ ''

" ဒယ်ဒီ့ဆီကတောင်းသွားတာရောမဖြစ်နိုင်ဘူးလား''

" မဖြစ်နိုင်ဘူး ၊ သမီးရဲ့ ဒယ်ဒီကိုယ်တိုင်က ခရစ်စတန်လေး သူ့ဆီရောက်မလာလို့ မာမီကို မေးနေသေးတာ ''

" ဒါဆို ခရစ်စတန်လေးပျောက်နေတာပေါ့?''

ဇိုဝီက ချက်ချင်းပင်ထရပ်လိုက်ပြီး အပြင်ကိုထွက်သွားတော့သည်။

" မာမီစိတ်ချ မောင်လေးကို ကျွန်မသွားရှာလိုက်မယ်''

ဆိုတဲ့စကားကို မစ္စဂါဘရီရယ်လ်က ခေါင်းလေးတဆတ်ဆတ်ညိတ်ရင်း မျက်ရည်လေးတွေဝဲလို့။

သူမတို့၏ အသည်းအသက်လေး ဘာမှ မဖြစ်ပါစေနဲ့ ဘုရားသခင်လို့ မြည်တမ်းရင်း။

.........

" အသည်း ''

ဂျိုလိုဒေးဗစ်ရဲ့ခေါ်သံကြောင့် ခရစ်စတန်က မျက်စောင်းအကြီးအကျယ်ထိုးကာ စောင်နဲ့လုံးထွေးပြီး ကုတင်ပေါ်မှာလှဲနေရက်သားကနေ ကျောပေးလိုက်သည်။

ဒီဂျိုလိုဒေးဗစ်က မဟုတ်သေးပါဘူး ။
အိမ်ကိုပြန်မပို့ဘဲ ဒီလိုကြီး တစ်သက်လုံးသူ့ကိုနေသွားခိုင်းဖို့ စိတ်ကူးထားတာများလား။

မင်္ဂလာမဆောင်ဘာမဆောင်နဲ့ နေ့တိုင်း မင်္ဂလာဦးခြင်းလုပ်ငန်းတွေကို လုပ်ဆောင်နေပြီးတော့ စားပြီးနားမလည်လုပ်နေတာပါပဲ။

" အသည်းကကွာ ''

ဂျိုလိုဒေးဗစ်က လူနဲ့မလိုက်အောင်ကပ်ချွဲလာသည်မို့ ခရစ်စတန်မှာသက်ပြင်းသာချမိတော့သည်။

" ကိုယ့်ကိုပြန်ကြည့်ပါအုန်း အသည်းရယ်နော်''

" ဂျိုလို.. ကျွန်တော် အိမ်ပြန်ချင်တယ် ''

စောင်ပုံထဲကနေ ခေါင်းလေးဖော်ပြီး သူပြောလိုက်သည့်လေသံက သနားစဖွယိကောင်းအောင် တိုးဖျော့နေပါလျက်နဲ့ ဂျိုလိုကတော့ မျက်မှောင်ကျုံ့ကာ စိုက်ကြည့်လာခဲ့သည်။

သူပိုပြီးစိတ်တိုသွားရကာ ဂျိုလို၏မျက်နှာကို ကုတ်ဖဲ့ပစ်လိုက်ချင်တာများ တအားကိုပင်။

" ကျွန်တော့်ကို အခုလိုမျိုး ခင်ဗျားလုပ်ထားတာက ခင်ဗျားအတွက်ကောင်းချင်ရင်ကောင်းနေလိမ့်မယ် ၊ ဒါပေမယ့် ကျွန်တော့်အတွက် အဆင်မပြေဘူး ''

"....''

" ကျွန်တော်က ခင်ဗျားရဲ့ တိတ်တိတ်ပုန်း အမြောင်လူ လို့သဘောထားနေတာလား ၊ ကျွန်တော်သောက်ရူးမဟုတ်ဘူးနော် ''

".....''

" ကျွန်တော်က အဲ့လောက်ထိဈေးပေါနေတဲ့ ပေါပေါပဲပဲလို့ ခင်ဗျားထင်နေတာလား ၊ ဒါဆို ခင်ဗျားသေလိုက် ကျွန်တော့်ကို အဲ့လို့သောက်ချိုးလာမချိုးနဲ့ ''

ရန်စွာနေသောကောင်လေးက စိတ်မကြည်ပုံပေါ်တဲ့အပြင် စကားကြမ်းတွေနဲ့ပြောလာတာမို့ ဂျိုလိုက ပါးစပ်လေးပွင့်ဟလျက် ငေးကြည့်နေမိသည်။

" ခင်ဗျားတစ်ခုခုပြန်ပြောလေ ၊ ကျွန်တော်ခင်ဗျားကို ကြာရင်သတ်မိတော့မယ်''

" ကိုယ်က..ကိုယ်ကလေ မင်းကိုသိပ်ချစ်တာ ၊ စတွေ့တွေ့ချင်း ကိုယ်မင်းကို သဘောကျသွားခဲ့တာ ၊ ကိုယ်နဲ့မင်းကို မင်းရဲ့မိဘကတွေခွဲမှာကို ကိုယ်ကြောက်တယ် ''

".....ကျွန်တော့်ကို ခင်ဗျားချစ်တာကလည်း တမျိုးတစ်ဖုံ ဆန်းကျယ်ပါတယ် ၊ သူ့သားကိုလိုချင်ရင် သူ့အဖေရဲ့လက်သီးကိုတော့ ခံယူရဲရမှာပေါ့''

" ကိုယ်မင်းကို အဆုံးရှုံးမခံနိုင်ပါဘူး အသည်း''

" ကျွန်တော့်ကို အိမ်ပြန်ပို့၊ ပြီးရင် ကျွန်တော့်မိဘတွေနဲ့ ရင်းနှီးအောင်လုပ်လေ ၊ ခင်ဗျားကို ကျွန်တော်က အစအဆုံးသင်ပြနေရမှာလား ''

" ကိုယ်သဘောပေါက်ပါတယ် ၊ အသည်းကိုအခုလိုလုပ်လိုက်မိလို့ ကိုယ့်ကို အသည်းမမုန်းတာကိုလည်း ကျေးဇူးတင်ပါတယ် အသည်းဘယ်တော့ပြန်ချင်လဲဟင် ''

ဂျိုလိုက မေးသာမေးရပေမယ့် ရင်ထဲမှာ သိပ်တော့ နေမကောင်းပေ။ အသည်းကိုမြင်နေပါလျက် မကြင်ရမယ့်အခြေအနေကို သူမလိုချင်ပါ။

" ဒီနေ့ပဲ ပြန်လိုက်ပို့ပေးပါ ၊ အိမ်မှာ ကျွန်တော့်ကို စိတ်ပူနေကြတော့မှာ ''

" ကိုယ်စီစဉ်ပေးပါ့မယ် ''

ခရစ်စတန်က ဂျိုလိုကို အံ့သြသလို ကြည့်လိုက်မိသည်။
ဘာလဲ ၊ ဒီလူက သူနဲ့အတူ အိမ်တော်ကို မလိုက်ဘူးဆိုတဲ့သဘောလား။

" ကောင်းပြီ ''

ခပ်ပြတ်ပြတ်ပြောကာ ကုတင်ပေါ်က ဆင်းလိုက်သည့် ခရစ်စတန်က ဒေါသလေးမဆိုသလောက်ထွက်သွားမှန်း ဂျိုလိုသိပေမယ့် မချော့မြူဖြစ်တော့ပေ။

.........

စတိဗ်က မွေးစားအဖေရဲ့ ဖြစ်ပျက်နေသော မျက်နှာအခြေအနေအမူအရာကို သေချာလိုက်ကြည့်နေမိသည်။

အိမ်ကိုပြန်မလာတာလေးရက်ငါးရက်လောက်ရှိပြီ။
အဲ့ဒီအတောအတွင်းမှာ ဒယ်ဒီ့မျက်နှာက ပြုံးပျော်နေခဲ့ပေမယ့် ဒီနေ့တော့ အိမ်ပြန်လာတာက မျောက်သေလေးကို ရေလောင်းထားသည့်အလား မရွှင်မပျနဲ့။

" ဒယ်ဒီ ဘာဖြစ်နေတာလဲ ''

" ဘာမှမဖြစ်ပါဘူး.. ဘာလို့လဲ စတိဗ်.. ''

" ဒယ်ဒီ ကျွန်တော့်ကိုမလိမ်ပါနဲ့ ၊ ဒယ်ဒီတစ်ခုခုဖြစ်နေတာ ကျွန်တော်သိတယ် ''

အကဲခတ်တော်လွန်းသည့် စတိဗ်ကို ဂျိုလိုဒေးဗစ်က လက်မြောက်ရသည်။
ဒါပေမယ့် သူ့အနေနဲ့ ဒီမွေးစားသားကို ဘယ်လိုများပြောပြရပါ့။
ဒယ်ဒီက မင်းထက်ငယ်တဲ့ ကောင်လေးတစ်ယောက်ကို အင်မတန်ချစ်မြတ်နိုးပြီး ပေါင်းသင်းလက်ထပ်ချင်နေပါတယ်ဆိုတာကိုလေ။

ဒီသားကို ဖွင့်ပြောပြလို့ဖြစ်ပါ့မလား။

ဂျိုလိုက ခေါင်းကိုအသာရမ်းလို့ လေပူတွေကိုမှုတ်ထုတ်နေရသည်။

#####

Zawgyi

ဇိုဝီဂါဘရီရယ္လ္က ကုမၼဏီက မၿပီးျပတ္ေသးတဲ့အလုပ္ေတြကို နားရက္မွာလည္း ဆက္လက္လုပ္ေဆာင္ေနရသည္။

ဒါ့ေၾကာင့္လည္း ေၾကာင္ကေလးလို အၿမဲတမ္းကပ္ခြၽဲၿပီး မုန့္ဖိုးေတာင္းတတ္ေသာ ေမာင္ေလးခရစ္စတန္ကိုသတိမထားမိေပ။

" ဇိုဝီ ''

" ဟုတ္ကဲ့ မာမီ ''

" ခရစ္စတန္အိမ္ျပန္လာသလား ''

" ဟင္''

သူမ၏မ်က္ခုံးတန္းေတြက မာမီ့စကားေၾကာင့္ တြန့္က်ိဳးသြားရသည္။

ေမာင္ေလးက အိမ္မျပန္လာဘူးေပါ့။
ဘယ္ေတြသြားေနတာလဲ ။

" မာမီ.. အခုတေလာမွာ ေမာင္ေလးက ကြၽန္မဆီမလာဘူး ၊ အျပင္က သူ႕သူငယ္ခ်င္းေတြနဲ႕မ်ားေလွ်ာက္ၿပီးခရီးေတြထြက္ေနသလားမွမသိတာ မာမီရယ္ ''

" အဲ့ဒါဆိုရင္ မာမီ့ဆီကလည္း မုန့္ဖိုးေတာင္းမသြားဘူးေလ ''

" ဒယ္ဒီ့ဆီကေတာင္းသြားတာေရာမျဖစ္နိုင္ဘူးလား''

" မျဖစ္နိုင္ဘူး ၊ သမီးရဲ႕ ဒယ္ဒီကိုယ္တိုင္က ခရစ္စတန္ေလး သူ႕ဆီေရာက္မလာလို႔ မာမီကို ေမးေနေသးတာ ''

" ဒါဆို ခရစ္စတန္ေလးေပ်ာက္ေနတာေပါ့?''

ဇိုဝီက ခ်က္ခ်င္းပင္ထရပ္လိုက္ၿပီး အျပင္ကိုထြက္သြားေတာ့သည္။

" မာမီစိတ္ခ် ေမာင္ေလးကို ကြၽန္မသြားရွာလိုက္မယ္''

ဆိုတဲ့စကားကို မစၥဂါဘရီရယ္လ္က ေခါင္းေလးတဆတ္ဆတ္ညိတ္ရင္း မ်က္ရည္ေလးေတြဝဲလို႔။

သူမတို႔၏ အသည္းအသက္ေလး ဘာမွ မျဖစ္ပါေစနဲ႕ ဘုရားသခင္လို႔ ျမည္တမ္းရင္း။

.........

" အသည္း ''

ဂ်ိဳလိုေဒးဗစ္ရဲ႕ေခၚသံေၾကာင့္ ခရစ္စတန္က မ်က္ေစာင္းအႀကီးအက်ယ္ထိုးကာ ေစာင္နဲ႕လုံးေထြးၿပီး ကုတင္ေပၚမွာလွဲေနရက္သားကေန ေက်ာေပးလိုက္သည္။

ဒီဂ်ိဳလိုေဒးဗစ္က မဟုတ္ေသးပါဘူး ။
အိမ္ကိုျပန္မပို႔ဘဲ ဒီလိုႀကီး တစ္သက္လုံးသူ႕ကိုေနသြားခိုင္းဖို႔ စိတ္ကူးထားတာမ်ားလား။

မဂၤလာမေဆာင္ဘာမေဆာင္နဲ႕ ေန႕တိုင္း မဂၤလာဦးျခင္းလုပ္ငန္းေတြကို လုပ္ေဆာင္ေနၿပီးေတာ့ စားၿပီးနားမလည္လုပ္ေနတာပါပဲ။

" အသည္းကကြာ ''

ဂ်ိဳလိုေဒးဗစ္က လူနဲ႕မလိုက္ေအာင္ကပ္ခြၽဲလာသည္မို႔ ခရစ္စတန္မွာသက္ျပင္းသာခ်မိေတာ့သည္။

" ကိုယ့္ကိုျပန္ၾကည့္ပါအုန္း အသည္းရယ္ေနာ္''

" ဂ်ိဳလို.. ကြၽန္ေတာ္ အိမ္ျပန္ခ်င္တယ္ ''

ေစာင္ပုံထဲကေန ေခါင္းေလးေဖာ္ၿပီး သူေျပာလိုက္သည့္ေလသံက သနားစဖြယိေကာင္းေအာင္ တိုးေဖ်ာ့ေနပါလ်က္နဲ႕ ဂ်ိဳလိုကေတာ့ မ်က္ေမွာင္က်ဳံ႕ကာ စိုက္ၾကည့္လာခဲ့သည္။

သူပိုၿပီးစိတ္တိုသြားရကာ ဂ်ိဳလို၏မ်က္ႏွာကို ကုတ္ဖဲ့ပစ္လိုက္ခ်င္တာမ်ား တအားကိုပင္။

" ကြၽန္ေတာ့္ကို အခုလိုမ်ိဳး ခင္ဗ်ားလုပ္ထားတာက ခင္ဗ်ားအတြက္ေကာင္းခ်င္ရင္ေကာင္းေနလိမ့္မယ္ ၊ ဒါေပမယ့္ ကြၽန္ေတာ့္အတြက္ အဆင္မေျပဘူး ''

"....''

" ကြၽန္ေတာ္က ခင္ဗ်ားရဲ႕ တိတ္တိတ္ပုန္း အေျမာင္လူ လို႔သေဘာထားေနတာလား ၊ ကြၽန္ေတာ္ေသာက္႐ူးမဟုတ္ဘူးေနာ္ ''

".....''

" ကြၽန္ေတာ္က အဲ့ေလာက္ထိေဈးေပါေနတဲ့ ေပါေပါပဲပဲလို႔ ခင္ဗ်ားထင္ေနတာလား ၊ ဒါဆို ခင္ဗ်ားေသလိုက္ ကြၽန္ေတာ့္ကို အဲ့လို႔ေသာက္ခ်ိဳးလာမခ်ိဳးနဲ႕ ''

ရန္စြာေနေသာေကာင္ေလးက စိတ္မၾကည္ပုံေပၚတဲ့အျပင္ စကားၾကမ္းေတြနဲ႕ေျပာလာတာမို႔ ဂ်ိဳလိုက ပါးစပ္ေလးပြင့္ဟလ်က္ ေငးၾကည့္ေနမိသည္။

" ခင္ဗ်ားတစ္ခုခုျပန္ေျပာေလ ၊ ကြၽန္ေတာ္ခင္ဗ်ားကို ၾကာရင္သတ္မိေတာ့မယ္''

" ကိုယ္က..ကိုယ္ကေလ မင္းကိုသိပ္ခ်စ္တာ ၊ စေတြ႕ေတြ႕ခ်င္း ကိုယ္မင္းကို သေဘာက်သြားခဲ့တာ ၊ ကိုယ္နဲ႕မင္းကို မင္းရဲ႕မိဘကေတြခြဲမွာကို ကိုယ္ေၾကာက္တယ္ ''

".....ကြၽန္ေတာ့္ကို ခင္ဗ်ားခ်စ္တာကလည္း တမ်ိဳးတစ္ဖုံ ဆန္းက်ယ္ပါတယ္ ၊ သူ႕သားကိုလိုခ်င္ရင္ သူ႕အေဖရဲ႕လက္သီးကိုေတာ့ ခံယူရဲရမွာေပါ့''

" ကိုယ္မင္းကို အဆုံးရႈံးမခံနိုင္ပါဘူး အသည္း''

" ကြၽန္ေတာ့္ကို အိမ္ျပန္ပို႔၊ ၿပီးရင္ ကြၽန္ေတာ့္မိဘေတြနဲ႕ ရင္းႏွီးေအာင္လုပ္ေလ ၊ ခင္ဗ်ားကို ကြၽန္ေတာ္က အစအဆုံးသင္ျပေနရမွာလား ''

" ကိုယ္သေဘာေပါက္ပါတယ္ ၊ အသည္းကိုအခုလိုလုပ္လိုက္မိလို႔ ကိုယ့္ကို အသည္းမမုန္းတာကိုလည္း ေက်းဇူးတင္ပါတယ္ အသည္းဘယ္ေတာ့ျပန္ခ်င္လဲဟင္ ''

ဂ်ိဳလိုက ေမးသာေမးရေပမယ့္ ရင္ထဲမွာ သိပ္ေတာ့ ေနမေကာင္းေပ။ အသည္းကိုျမင္ေနပါလ်က္ မၾကင္ရမယ့္အေျခအေနကို သူမလိုခ်င္ပါ။

" ဒီေန႕ပဲ ျပန္လိုက္ပို႔ေပးပါ ၊ အိမ္မွာ ကြၽန္ေတာ့္ကို စိတ္ပူေနၾကေတာ့မွာ ''

" ကိုယ္စီစဥ္ေပးပါ့မယ္ ''

ခရစ္စတန္က ဂ်ိဳလိုကို အံ့ၾသသလို ၾကည့္လိုက္မိသည္။
ဘာလဲ ၊ ဒီလူက သူနဲ႕အတူ အိမ္ေတာ္ကို မလိုက္ဘူးဆိုတဲ့သေဘာလား။

" ေကာင္းၿပီ ''

ခပ္ျပတ္ျပတ္ေျပာကာ ကုတင္ေပၚက ဆင္းလိုက္သည့္ ခရစ္စတန္က ေဒါသေလးမဆိုသေလာက္ထြက္သြားမွန္း ဂ်ိဳလိုသိေပမယ့္ မေခ်ာ့ျမဴျဖစ္ေတာ့ေပ။

.........

စတိဗ္က ေမြးစားအေဖရဲ႕ ျဖစ္ပ်က္ေနေသာ မ်က္ႏွာအေျခအေနအမူအရာကို ေသခ်ာလိုက္ၾကည့္ေနမိသည္။

အိမ္ကိုျပန္မလာတာေလးရက္ငါးရက္ေလာက္ရွိၿပီ။
အဲ့ဒီအေတာအတြင္းမွာ ဒယ္ဒီ့မ်က္ႏွာက ၿပဳံးေပ်ာ္ေနခဲ့ေပမယ့္ ဒီေန႕ေတာ့ အိမ္ျပန္လာတာက ေမ်ာက္ေသေလးကို ေရေလာင္းထားသည့္အလား မ႐ႊင္မပ်နဲ႕။

" ဒယ္ဒီ ဘာျဖစ္ေနတာလဲ ''

" ဘာမွမျဖစ္ပါဘူး.. ဘာလို႔လဲ စတိဗ္.. ''

" ဒယ္ဒီ ကြၽန္ေတာ့္ကိုမလိမ္ပါနဲ႕ ၊ ဒယ္ဒီတစ္ခုခုျဖစ္ေနတာ ကြၽန္ေတာ္သိတယ္ ''

အကဲခတ္ေတာ္လြန္းသည့္ စတိဗ္ကို ဂ်ိဳလိုေဒးဗစ္က လက္ေျမာက္ရသည္။
ဒါေပမယ့္ သူ႕အေနနဲ႕ ဒီေမြးစားသားကို ဘယ္လိုမ်ားေျပာျပရပါ့။
ဒယ္ဒီက မင္းထက္ငယ္တဲ့ ေကာင္ေလးတစ္ေယာက္ကို အင္မတန္ခ်စ္ျမတ္နိုးၿပီး ေပါင္းသင္းလက္ထပ္ခ်င္ေနပါတယ္ဆိုတာကိုေလ။

ဒီသားကို ဖြင့္ေျပာျပလို႔ျဖစ္ပါ့မလား။

ဂ်ိဳလိုက ေခါင္းကိုအသာရမ္းလို႔ ေလပူေတြကိုမႈတ္ထုတ္ေနရသည္။

#####


Continue Reading

You'll Also Like

4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
286K 10.3K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
2.4M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
366K 9K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."