It's not your fault I can't b...

By SeungminHyunjin_

733 65 11

Let's follow wooyoung along the way to finding his true love. Along the way there stood heart breaks, lonelin... More

1
2
3
4
5
6
8

7

40 7 0
By SeungminHyunjin_

        အိမ်ထဲကိုခြေချလိုက်တာနဲ့ Wooyoung ရဲ့စိတ်တွေလန်းဆန်းသွားတယ်။ ဒီနေ့က Wooyoung အတွက် နည်းနည်းတော့ သကိကအောင့်နိုင်ပြီး ပင်ပန်းတယ်ဆိုပေမယ့် တစ်ခါတလေတော့ လူတွေနဲ့ ဆက်ဆံစကားပြောကြည့်ရဦးမယ်မလား။ ဆိုဖာမှာထိုင်လိုက်တော့ စားပွဲပေါ်က Hongjoong ရဲ့လိပ်စာကတ်လေးကို Wooyoung တွေ့လိုက်ရတယ်။ မနေ့ထဲကမသိမ်းမိလိုက်လို့ အခုထိရှိနေသေးပုံရတယ်။

လိပ်စာကတ်လေးကို ကိုင်ကြည့်ရင်း အတွေးနှစ်ခုက လွန်ဆွဲနေကြတယ်။ Hongjoong ရဲ့ကုမ္ပဏီမှာအလုပ်လျှောက်သင့်လား၊ တခြားအလုပ်ပဲရှာသင့်လား။ ချက်ချင်းစဥ်းစားလို့မရသေးတဲ့အဖြေကြောင့် ကတ်လေးကိုစားပွဲပေါ်ပြန်တင်ကာ ကိုယ်လက်သန့်စင်ဖို့အတွက် အိပ်ခန်းထဲကို၀င်သွားတော့တယ်။

♡︎♡︎♡︎♡︎♡︎♡︎♡︎♡︎


        ဒီနေ့တော့ Wooyoung တစ်ယောက် ကျောင်းကိုအစောကြီးရောက်နေတယ်။ အလုပ်ထွက်လိုက်ရပြီးထဲက ပင်းပန်းနွမ်းနယ်တာမျိုးမရှိ၊ ညဘက်တွေလည်းအိပ်ရေး၀၀ အိပ်ဖြစ်တာကြောင့် ဖြစ်မယ်ထင်တယ်။ စောစောစီးစီးထဲက ဒီအလုပ်ကို နားခဲ့သင့်တာ။ ကျောင်း၀န်းထဲက ခုံတန်းလေးတစ်ခုမှာထိုင်ရင်း ဟိုကြည့် ဒီကြည့်လုပ်နေရင်းကနေ San တို့သုံးယေယာက်စကားပြောပြီး၀င်လာကြတာကို Wooyoung လှမ်းတွေ့လိုက်တယ်။

သူတို့ကတော့ Wooyoung ကိုမြင်ပုံမပေါ်ပါဘူး။ စကားပြောရင်းနဲ့ စားသောက်ဆောင်ဘက်ကို ဦးတည်သွားနေကြတယ်။ သူလည်းနေရာကနေထရပ်လိုက်ပြီး San တို့ဆီလိုက်သွားတော့တယ်။ အနည်းငယ်ရင်းနှီးလာတော့ Wooyoung က San ရဲ့သူငယ်ချင်းနှစ်ယောက်ကိုလည်း မရှိန်နေတော့ဘူး။

စားသောက်ဆောင်ထဲကို၀င်လိုက်ပြီး San တို့ကိုလိုက်ရှာလိုက်တယ်။ မျက်လုံးတွေကိုအနည်းငယ်အလုပ်ပေးလိုက်တဲ့အခါ တွေ့ပါပြီ ထိုသုံးယောက်။ ထောင့်ကျတဲ့စားပွဲ၀ိုင်းမှာ ထိုင်ပြီးသူတို့သုံးယောက်ကြားအောင် အသံကိုနှိမ့်ပြီးစကားပြောနေကြတယ်။ Wooyoung က သူတို့ရှိရာဆီခြေလှမ်းနေပြီးမှ သူ့နာမည်ကိုကြားလိုက်ရတော့ Wooyoung ခြေလှမ်းတွေကိုရပ်တန့်ပစ်ပြီး အကွယ်နားလေးမှာကပ်ပြီး ရပ်နေလိုက်တယ်။

"Wooyoung ကိစ္စကရော Choi San?"

        သူ့ဆီဦးတည်မေးလာတဲ့ Mingi ရဲ့မေးခွန်းမဖြေခင် San ကခေါင်းကိုငုံ့ပြီး လက်နှစ်ဖက်နဲ့မျက်နှာကို စိတ်ရှုပ်သဖွယ်ပွတ်သတ်တယ်။ ပြီးမှခေါင်းပြန်မော့လာပြီး ခေါင်းခါကာ စကားဆက်ပြောတယ်။

"ငါလည်း မသိတော့ဘူး အစကတော့ လောင်းကြေးကြောင့်ပဲလုပ်ခဲ့တာပေမယ့် အခုတော့ သူ့ကိုသက်သက်ဒုက္ခသွားပေးသလိုခံစားနေရတယ်"

        San ကပြောတော့ Yunho ကလည်းထောက်ခံတဲ့သဘောနဲ့ ခေါင်းငြိမ့်ပြတယ်။ Mingi ကတော့ သူတို့နှစ်ယောက်ကို မျက်မှောင်ကျုံ့ပြီးကြည့်ကာ လက်ထဲကအအေးခွက်ကို ဆက်ခနဲဆောင့်ချလိုက်တယ်။

"မင်းဟာက မဟုတ်သေးပါဘူး အခုမှတွေတဲ့သူကြောင့်နဲ့ ဘယ်တုန်းကမှမရှုံးဖူးတဲ့ငါတို့က အရှုံးပေးရမှာလား"

"Mingi! မင်းကသူ့အကြောင်းမှမသိဘဲ ဒီလိုစကားမျိုးပြောထွက်မှာပေါ့"

        ဘာမှမပြောတဲ့ San ကြောင့် အားမလိုအားမရဖြစ်လာတဲ့ Yunho ကပဲ Mingi ကိုထဟောက်တော့တယ်။

"ပြီးတော့ လောင်းထားတဲ့ ပိုက်ဆံကဘယ်လောက်များတန်ဖိုးရှိနေလို့လဲ ငါတို့ရဲ့တစ်ရက်စာမုန့်ဖိုးလောက်ပဲရှိတာကို"

        Yunho ရဲ့စကားဆုံးတော့ Mingi ကခပ်မဲ့မဲ့ပြုံးတယ်။

"ငါက ပိုက်ဆံအကြောင်းပြောနေတာမဟုတ်ဘူး Yunho"

        ခေါင်းခါပြီး ပြောတဲ့ Mingi ကတကယ်ကိုအတည်ပေါက်ကြီးဖြစ်နေတဲ့ပုံ။ သူက အရာရာကိုပေါ့ပျက်ပျက်နေတယ်ထင်ရပေမယ့် serious ဖြစ်လာတဲ့အခါမှာလား သူ့လမ်းကို၀င်နှောင့်ယှက်လို့မရဘူးဆိုတာ Yunho နဲ့ San သာအသိဆုံးပဲ။

"အခုငါပြောနေတာက ဘာမဟုတ်တဲ့ကောင်ကြောင့် ငါတို့သိက္ခာအကျမခံနိုင်တာ အဲ့ဒါကိုမင်းတို့ကအဲ့ကောင်ဘက်ကလိုက်ကာလိုက်တော့ ငါတို့က ဟိုဘက်ကကောင်တွေကို ဘယ်လိုမျက်နှာပြမှာလဲ"

        အစကနေအဆုံးထိနားထောင်နေတဲ့ Wooyoung က ထပ်ပြီးနားထောင်နိုင်စွမ်းလည်းမရှိတော့တာကြောင့် ထိုနေရာကနေလှည့်ထွက်လာပြီး ခုဏကသူထိုင်ခဲ့တဲ့ သစ်ပင်ကြီးအောက်မှာသွားပြန်ထိုင်လိုက်တယ်။ ခဏကြာတော့ Wooyoung ဆီကိုဦးတည်လာနေတဲ့ ခြေသံကိုကြားလိုက်ရတယ်။ မော့ကြည့်လိုက်တော့ Mingi ။

"Mingi ဘာကိစ္စရှိလို့လဲ"

"မင်း!"

        Wooyoung ကို 'မင်း' လို့ခေါ်ပြီးလက်ညှိုးထိုးလာတဲ့ Mingi က ဘာစကားမှမပြောဘဲ စူးစူးရဲရဲကိုစိုက်ကြည့်နေတယ်။ Wooyoung ကထိုင်နေရာကနေမတ်တပ်ထရပ်လိုက်ပြီး Mingi ကိုပြန်ကြည့်နေတယ်။

"ဆက်ပြောလေ Mingi ကျွန်တော်ကဘာဖြစ်လို့လဲ"

        Wooyoung စကားဆုံးတော့ Yunho နဲ့ San က သူတို့အနားကိုရောက်လို့လာတယ်။ အမောတကောပြေးလာတဲ့ နှစ်ယောက်က Mingi ကိုဆွဲခေါ်တော့ Mingi ကရုန်းတယ်။

"နေစမ်းပါ မင်းတို့ကသိပ်ပြီး ရိုးသားချင်နေမှတော့ ငါကလည်းဖြည်ဆည်းပေးရမှာပေါ့"

        အနောက်ကနှစ်ယောက်ကို လှည့်ပြောပြီး Wooyoung ဘက်ကိုပြန်လှည့်ကာ Wooyoung ရဲ့ပုခုံးနှစ်ဖက်ကို သူ့လက်ဖ၀ါးကြီးကြီးတွေနဲ့ ဆုပ်ကိုင်အုံ့မိုးလာတယ်။

"ငါတို့မင်းဆီကို ချဥ်းကပ်တယ်ဆိုတာ မင်နဲ့ခင်ချင်လို့လည်းမဟုတ်ဘူး မင်းကိုသဘောကျလို့လည်း မဟုတ်ဘူး ဒီတိုင်းမင်းနဲ့အပျော်တွဲနိုင်တယ်လို့လောင်းထားရုံပဲ အဲ့ဒါကြောင့် မင်းကငါတို့တွေထဲကတစ်ယောက်ယောက်ကို ခံစားချက်ရှိနေတယ်ဆိုရင် အဲ့ခံစားချက်တွေကို ဖယ်ထုတ်လိုက် ငါတို့သုံးယောက်လုံးက မင်းအပေါ်ကောင်းချင်ယောင်ဟန်ဆောင်နေတာ မင်းလိုလူမျိုးကို ဘယ်သူကတကယ်ကြိုက်မှာတဲ့လဲ အူတူတူအတတနဲ့"

        Mingi စကားလည်းဆုံးရော သူ့ကိုဖမ်းထိန်းထားတဲ့ Yunho နဲ့ San ရဲ့လက်တွေကအားယုတ်သွားတယ်။ Wooyoung ကြည့်လိုက်ပြန်တော့ မျက်လုံးထဲမှာနာကျင်တဲ့အရိပ်အယောင်လေးတွေဖြတ်ပြေးနေပေမယ့်လည်း မျက်နှာမှာတော့ဘာခံစားချက်မှကိုမတွေ့ရဘူး။ စတွေ့တုန်းကမျက်နှာလေးလိုပဲ အူတူတူပုံလေးဖြစ်လို့နေတယ်။

အသိစိတ်ပြန်၀င်လာမှပဲ သူ့ပုခုံးပေါ်က Mingi ရဲ့လက်တွေကို အသာဖယ်ချပြီး နေရာကနေလှည့်ထွက်သွားတယ်။

♡︎♡︎♡︎♡︎♡︎♡︎♡︎♡︎


        တစ်နေ့တာကဘယ်လိုကုန်သွားတယ်ဆိုတာ Wooyoung မသိလိုက် သူအသိ၀င်တဲ့အချိန်မှာ အိမ်ကိုပြန်တဲ့ bus ပေါ်တောင်ရောက်နေပြီ။ ဒီခံစားချက်တွေကြောင့် Wooyoung ကနာကျင်နေမှန်း သူ့ကိုယ်သူတောင်သတိမထားမိဘူး။ သူသိတာက သူဟာ နောက်တစ်ခါအပစ်ပယ်ခံလိုက်ရတယ်ဆိုတာပါပဲ။ ဘယ်ခံစားချက်ကတော့ ဘာဖြစ်ပါတယ်လို့ Wooyoung ကသိပ်ပြီးအမည်မတပ်တတ်ဘူး။ ဒါပေမယ့် ပစ်ပယ်ခံရတဲ့ခံစားချက်ကိုတော့ သူကအတော်ကိုအကျွမ်းတ၀င်ဖြစ်နေခဲ့တယ်။

သူဆင်းရမယ့် မှတ်တိုင်ရောက်လို့ကားအောက်ကိုဆင်းလိုက်တော့ သူ့ရဲ့မြင်ကွင်းကိုလာပိတ်လိုက်တဲ့ ရဲရဲတောက်နေတဲ့ ပြိုင်ကားတစ်စီး။ ကားမှန်းကိုချလိုက်ပြီး စကားပြောလာတဲ့လူကြောင့် Wooyoung ကအံ့သြရသေးတယ်။

"Hongjoong?"

"အင်း လာကားပေါ်တက် ကော်ဖီတစ်ခွက်လောက်အတူတူသောက်ရအောင်"

"နေပါစေ ကျွန်တော် အနှောင့်အယှက်မပေးချင်ဘူး"

        တကယ်တော့ အနှောင့်အယှက်မပေးချင်တာထက် သူအခုအဆင်မပြေနေဘူးမလား။ ဘယ်သူနဲ့မှစကားမပြောချင်တာကပုံမှန်ပါပဲ။ Hongjoong ကလည်းလက်လျှော့မယ့်ပုံမပေါ်။

"လာပါ Wooyoung ရဲ့အားမနာပါနဲ့ မြန်မြန်တက် အနောက်မှာကားတွေပိတ်ကုန်ဦးမယ်"

        Wooyoung ခေါင်းမာသလို Hongjoong ကလည်းခေါင်းမာတယ်။ Wooyoung ကလည်းကားပေါ်မတက်သလို Hongjoong ကလည်းကျောက်ဆူးချထားသလားထင်ရအောင် အဲ့နားကနေမရွေ့တော့ဘူး။ အနောက်ကကားတွေက ဟွန်းတီးတော့မှ မနေနိုင်တဲ့ Wooyoung ကပဲကားပေါ်တက်လိုက်ရတော့တယ်။

♡︎♡︎♡︎♡︎♡︎♡︎♡︎♡︎


"ခြေထောက်က ဘယ်လိုနေသေးလဲ သက်သာရဲ့လား"

"အင်း အခုတော့ အကောင်းတိုင်းလိုပါပဲ ဖြစ်ထားတာသိပ်မကြာသေးတော့ လမ်းလျှောက်များတဲ့နေ့တွေဆို နည်းနည်းပြန်နာပေမယ့် ကျန်တာကတော့ အကောင်းအတိုင်းပါပဲ"

        Wooyoung ပြောတာကို ကော်ဖီသောက်ရင်းနဲ့ခေါင်းငြိမ့်ပြီးနားထောင်နေတဲ့ Hongjoong။

"ဒါနဲ့ ကိုယ့်ကုမ္ပဏီမှာအလုပ်လုပ်မယ့်ကိစ္စကရော ဘယ်လိုလဲ စဥ်းစားပြီးပြီလား"

        Hongjoong မေးလာတော့လည်း Wooyoung မှာဖြေစရာစကားမရှိနေဘူး။ ငြင်းပစ်လိုက်ဖို့ထက် သူအခုထိမဆုံးဖြတ်ရသေးတာကြောင့်ဖြစ်တယ်။

"ကျွန်တော် မစဥ်းစားရသေးဘူး"

"ကိုယ်ကစောင့်ပါတယ် ဒါပေမယ့်ကိုယ့်ကုမ္ပဏီက ၀န်းထမ်းရေးရာကအရာရှိတွေကစောင့်မှာမဟုတ်ဘူး သိတယ်မလား"

        Hongjoong ရဲ့စကားကြောင့် Wooyoung ကခေါင်းလေးညိတ်ပြတယ်။ ပြီးတော့ ဘာစကားမှပြောစရာမရှိတော့တဲ့ နှစ်ယောက်က ကိုယ့်ကော်ဖီကိုသာသောက်ရင်း အပြင်ကိုငေးနေကြတယ်။ ထိုအချိန် Wooyoung မျက်စိရှေ့ကဖြတ်သွားတဲ့ မိုးရွာတဲ့နေ့ကသူ့အရှေ့မှာလာထိုင်တဲ့ လူကိုလှမ်းတွေ့လိုက်တယ်။

သာမန်လူတွေကိုဆို လွယ်လွယ်မေ့တတ်ပေမယ့် ထိုလူကတော့ ချွင်းချက်အနေနဲ့ Wooyoung ကကောင်းကောင်းကြီးမှတ်မိနေတယ်။ Wooyoung တို့ကော်ဖီသောက်ပြီးသွားတော့ Hongjoong ကအိမ်လိုက်ပို့ဖို့ပြောပေမယ့် Wooyoung ကငြင်းလိုက်တယ်။ ကော်ဖီဆိုင်လေးကနေထွက်ပြီး ဘေးကွေ့လိုက်ရင်ပဲ သူ့ရဲ့လမ်းလေးကိုရောက်နေပြီမို့ သူများကိုအခက်မတွေ့စေချင်ပါ။

နေရာကနေထပြီး အ၀င်တံခါးကို ကျောပေးထားတဲ့ Hongjoong ကိုဖြတ်တော့ သူက Wooyoung လက်ကိုလှမ်းဆွဲလာတယ်။ ရုတ်တရက်ဆိုတော့ Wooyoung ကိုယ်လေးကတွန့်သွားပြီး လက်ကိုရုန်းလိုက်မိတယ်။ မထင်မှတ်ထားတာကြောင့် Hongjoong ကလည်း သူ့ကိုကြောင်ကြည့်နေတယ်။

"ကျွန်တော် တောင်းပန်ပါတယ် Hongjoong ရုတ်တရက်ဆိုတော့လန့်သွားလို့ပါ"

        Hongjoong က Wooyoung စကားသံကြားမှပြန်ပြုံးပြလိုက်ပြီးခေါင်းခါလိုက်တယ်။

"ကိုယ်က မင်းအလုပ်၀င်လာမယ့်နေ့ကိုစောင့်နေမယ်လို့ပြောမလို့ပါ"

"အာ ကျေးဇူးတင်ပါတယ်"

_________________________

Words - 1855
Finished Date - Nov 7, 2023
Published Date - Nov 18, 2023

Continue Reading