နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသ...

By KimHsuYoon99

698K 108K 1.4K

This novel isn't mine and I just translate;it's fun translation. ဒါလေးကို ဘာသာပြန်တဲ့လူရှိလားရှာခဲ့ပေမယ့် မရှ... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8.1
Chapter 8.2
Chapter 9.1
Chapter 9.2
Chapter 10.1
Chapter 10.2
Chapter 11.1
Chapter 11.2
Chapter 12.1
Chapter 12.2
Chapter 13.1
Chapter 13.2
Chapter 14.1
Chapter 14.2
Chapter 15.1
Chapter 15.2
Chapter 16.1
Chapter 16.2
Chapter 17.1
Chapter 17.2
Chapter 18.1
Chapter 18.2
Chapter 19.1
Chapter 19.2
Chapter 20.1
Chapter 20.2
Chapter 21.1
Chapter 21.2
Chapter 22.1
Chapter 22.2
Chapter 23.1
Chapter 23.2
Chapter 24.1
Chapter 24.2
Chapter 25.1
Chapter 25.2
Chapter 26.1
Chapter 26.2
Chapter 27.1
Chapter 27.2
Chapter 28.1
Chapter 28.2
Chapter 29.1
Chapter 29.2
Chapter 29.3
Chapter 30.1
Chapter 30.2
Chapter 31.1
Chapter 31.2
Chapter 32.1
Chapter 32.2
Chapter 33.1
Chapter 33.2
Chapter 34.1
Chapter 34.2
Chapter 35.1
Chapter 35.2
Chapter 36.1
Chapter 36.2
Chapter 37.1
Chapter 38.1
Chapter 37.2
Chapter 38.2
Chapter 39.1
Chapter 39.2
Chapter 40.1
Chapter 40.2
Chapter 41.1
Chapter 41.2
Chapter 42.1
Chapter 42.2
Chapter 43.1
Chapter 43.2
Chapter 44.1
Chapter 44.2
Chapter 45.1
Chapter 45.2
Chapter 46.1
Chapter 46.2
Chapter 47.1
Chapter 47.2
Chapter 48.1
<ဖတ်စေချင်ပါတယ်>
Chapter 48.2
Chapter 49.1
Chapter 49.2
Chapter 50.1
Chapter 50.2
Chapter 51.1
Chapter 51.2
Chapter 52.1
Chapter 52.2
Chapter 53.1
Chapter 53.2
Chapter 54.1
Chapter 54.2
Chapter 55
Chapter 56.1
Chapter 56.2
Chapter 57.1
Chapter 57.2
Chapter 58.1
Chapter 58.2
Chapter 59.1
Chapter 59.2
Chapter 60.1
Chapter 61.1
Chapter 61.2
Chapter 62.1
Chapter 62.2
Chapter 63.1
Chapter 63.2
Chapter 64.1
Chapter 64.2
Chapter 65.1
Chapter 65.2
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Extra 1
Extra 2
Extra 3

Chapter 60.2

2.2K 374 3
By KimHsuYoon99

Unicode

"ပိုင်မု မင်းပင်ပန်းသွားရပြီ  အချိန်ကျရင် မင်းနဲ့ ပူးပေါင်းဖို့ တစ်ယောက်ယောက်ကို ကျုပ်စီစဉ်ပေးမယ်"မျိုးနွယ်စုခေါင်းဆောင်က ဒါကို အရမ်းထောက်ခံတယ်။သူက ဒီကိစ္စကိုလည်းပဲ စိုးရိမ်နေခဲ့တာ။

"ကျေးဇူးတင်ပါတယ် မျိုးနွယ်စုခေါင်းဆောင်"

ခြင်္သေ့တောင်ပံမျိုးနွယ်စုရဲ့အကူအညီနဲ့ ကျားတောင်ပံမျိုးနွယ်စုက ချောမွေ့စွာ အခြေချနေထိုင်ခဲ့တယ်။ခဲယ်လ်တစ်ရွေ့ထုတ်လာတဲ့အစားအစာတွေနဲ့ ပိုင်မုရဲ့အိမ်က အစားအသောက်တွေက သူတိူ့အချိန်အကြာကြီးစားဖို့ လုံလောက်တယ်။ ဒါပေမယ့် နွေးထွေးမှုရဖို့အတွက် ကျောက်မီးသွေးကတော့ သိသိသာသာကို မလုံလောက်ပါဘူး။ နောက်ဆုံးမှာ မျိုးနွယ်စုထဲက  မိသားစုတစ်စုစီက အချို့ကို နှစ်ပိုင်းခွဲလိုက်ကြပြီး သူတို့ကို နည်းနည်းခွဲဝေပေးခဲ့ကြတယ်။

ထိုအချိန်မှာ ပိုင်မုက မျိုးနွယ်စုရဲ့ဟမ်းစတားမျိုးစိတ်လို မိန်းမပျိုတွေက  တကယ်ကိုအထောက်အကူဖြစ်တာပဲလို့ သက်ပြင်းချမိတယ်။ လူတိုင်းက သူတို့လိုအပ်တာထက် အများကြီး ပိုစုဆောင်းထားကြတယ်လေ။
ဤနည်းအားဖြင့် အချို့ကို ကျားတောင်ပံမျိုးနွယ်စုကို ပေးခဲ့ရင်တောင် သူတို့ကိုများစွာထိခိုက်စေမှာမဟုတ်ပါဘူး။ ဒါပေမယ့် လူတွေရဲ့အမြင်မှာ အကြီးဆုံးဟမ်းစတာတွေကတော့ ပိုင်မုနဲ့ခဲယ်လ်တစ်တို့ပဲ ဖြစ်ပါတယ်။ ခဲယ်လ်တစ်ရဲ့အိမ်က ရွှေ့ထုတ်လာတဲ့အစားအစာအမြောက်အများကို ကြည့်လိုက်တဲ့အခါ ပိုင်မုက ဒီလောက်များတဲ့အရာတွေကို စုဆောင်းထားဖို့ အမြော်အမြင်ရှိတယ်လို့ လူတိုင်းကထင်ခဲ့ကြတယ်။

ခြင်္သေ့တောင်ပံမျိုးနွယ်စုရဲ့အကူအညီအတွက် ကျားတောင်ပံမျိုးနွယ်စု၀င်တွေက အရမ်းကျေးဇူးတင်ခဲ့ကြတယ်။ အစားအစာအများစုက ဘုရားသခင်တမန်တော်ဆီကလာကြောင်း သူတို့သိကြတယ်။ ပိုင်မုကလည်း သားရဲတွေရဲ့ တိုက်ခိုက်မှုကိုခုခံဖို့ ဘုရားသခင်က မျှော်လင့်ချက်မထားတဲ့ မိန်းမပျိုတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ခေါ်သွားခဲ့တယ်။

အခြေချပြီးနောက် နှင်းကျတာရပ်သွားရင် အစားအသောက်‌တွေ သွားပြန်သယ်ဖို့ ပုကျီက တစ်စုံတစ်ယောက်ကို စီစဉ်ချင်ခဲ့ပေမယ့်လည်း ပိုင်မုက ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့တယ်။ နှင်းကျတာရပ်သွားရင် သူတို့မှာလုပ်စရာတွေ အများကြီးကျန်သေးတယ်။ အချိန်တွေကုန်နေပြီ။ အစားအသောက်က အခုအရေးတကြီးအလိုအပ်ဆုံး မဟုတ်နေပါဘူး။ သားရဲအုပ်က သူတို့အစားအစာသွားပြန်ယူဖို့လုပ်တဲ့အချိန် တိုက်ခိုက်ခဲ့ရင် ဘယ်လိုလုပ်မလဲ။ အခုအချိန်မှာ သူတို့အလိုအပ်ဆုံးအရာက တိုက်ခိုက်ရေးစွမ်းအားပါ။ပုကျီက တစ်ရက်လောက် စဉ်းစားခဲ့ပြီး နောက်ဆုံးမှာ အစားအစာကို ခက်ခက်ခဲခဲစွန့်လွှတ်လိုက်တယ်။ သားရဲအုပ်တိုက်ခိုက်တာခံရပြီးမှ သူတို့ပြန်လို့ရမယ့်အချိန်ကို စောင့်ချင်တယ်။

ကျားတောင်ပံမျိုးနွယ်စု အနားယူပြီးနောက် မျိုးနွယ်စုခေါင်းဆောင်က  လေးနဲ့မြှားဘယ်လိုလုပ်ရမလဲဆိုတာနဲ့ မြှားပစ်လေ့ကျင့်ဖို့ရာ သူတို့ကိုသင်ပေးဖို့ တစ်စုံတစ်ဦးကို စေလွှတ်ခဲ့တယ်။ ဒီအချိန်မှာ နောက်ထပ် တိုက်ခိုက်ရေးစွမ်းအားတစ်ခုတိုးလေလေ နောက်ထပ်မျှော်လင့်ချက်တစ်ခုရှိလေလေပါပဲ။

နှင်းထူထပ်စွာကျဆင်းနေတာရပ်ဖို့  ဆယ်ရက်ကြာခဲ့တယ်။တစ်ကမ္ဘာလုံးကို နှင်းတွေက ထူထပ်စွာ ဖုံးလွှမ်းထားပြီး ပတ်၀န်းကျင်က ဖြူဖွေးတောက်ပတဲ့ အဖြူရောင်အဖြစ်ကို ပြောင်းလဲသွားတယ်။ အခု နှင်းထူထပ်စွာ  ကျဆင်းနေတာရပ်သွားတာကြောင့် အပူချိန်မတက်လာပေမယ့်လည်း အေးသထက်ပိုအေးလာခဲ့တယ်။ ကျားတောင်ပံမျိုးနွယ်စုပါဝင်လာခြင်းကြောင့် ယခုအခါ  လူအင်အားပိုများလာပြီး ပိုင်မုက ကြီးကြီးမားမားအလုပ်တစ်ခုကို လုပ်ချင်ခဲ့တယ်။ကျားတောင်ပံမျိုးနွယ်စုရဲ့အတွေ့အကြုံကို အခြေခံပြီး ပိုင်မုက အနာဂတ်မှာ သားရဒအုပ်အရေအတွက်က တိုးလာဖို့သာရှိတယ်လို့ ခန့်မှန်းခဲ့ပြီး သူက လူ အသေအပျောက်ကို တတ်နိုင်သမျှ လျှော့ချချင်ခဲ့တယ်။

နှင်းတွေထူထပ်စွာကျဆင်းနေတာ  ရပ်သွားတဲ့အခါ အားလုံးက အလုပ်ရှုပ်သွားကြတော့တယ်။ဒီတစ်ခါတော့  လူတိုင်းက ထောင်ချောက်တွေ မတူးကြပါဘူး။ပြီးတော့ အချိန်ကုန်ပြီး လုပ်အားပိုလုပ်ခဲ့ရတဲ့ရလဒ်တွေက ကြီးကြီးမားမားမရခဲ့ဘူးလေ။ဒီတစ်ခါတော့ ပိုင်မုက လူတိုင်းကို တောင်ရဲ့ခြေရင်းကိုဝိုင်းပြီး နှင်းတွေနဲ့ စက်ဝိုင်းပုံစံအသေးစားတံတိုင်းအမြင့်တစ်ခုကို ဆောက်ခိုင်းကာ တောင်တက်လမ်းနှစ်ခုလုံးကို စက်ဝိုင်းပုံစံတံတိုင်းနဲ့ ကာထားတယ်။ တံတိုင်း‌အမြင့်တွေက ကျောက်တုံးတွေ၊ သစ်သားတွေနဲ့ ပြည့်နှက်နေပြီး တံတိုင်းအမြင့်နဲ့ ကာရံထားခံရတဲ့နေရာထဲမှာလည်း  ကျောက်တုံးများစွာကို ချထားတယ်။

တောင်တက်လမ်းရဲ့ တစ်ဖက်တစ်ချက်စီမှာရှိတဲ့ ချောက်ကမ်းပါးပေါ်မှာ Orcs တွေက  ကျောက်နံရံတွေ တတ်နိုင်သမျှ ချောမွေ့စေဖို့ အစွန်းထွက်နေတဲ့နေရာတွေပြားချပ်အောင် တူတစ်ချောင်းကို အသုံးပြုခဲ့တယ်။ ခြံစည်းရိုးကိုအားဖြည့်ဖို့အတွက် ခိုလှုံရာဂူက ပထမခြံစည်းရိုးရှေ့မှာ  ၁.၄ မီတာမြင့်တဲ့သစ်သားတန်းအပုံလိုက်ကို ထောင်ထားတယ်။

အခု ပိုင်မုက လူတိုင်းလုပ်ထားတဲ့မြှားတွေ ပြီးပြည့်စုံစေဖို့အတွက်  ကြိုးစားနေတယ်။နောက်ဆုံးဖြစ်ခဲ့တဲ့တိုက်ပွဲမှာ အသုံးပြုခဲ့တဲ့ မြှားအားလုံးကို မာကြောတဲ့သစ်သား ဒါမှမဟုတ်အပြာရောင်သစ်သားနဲ့ ပြုလုပ်ထားပေမယ့်လည်း သူတို့က မချွန်လည်းမချွန်ထက်သလို သားရဲတွေကို မသေလည်း မသေစေပါဘူး။ဒီတစ်ကြိမ်မှာ သူက မြှားပြုလုပ်ဖို့ အချောသပ်ထားတဲ့ ပါးလွှာတဲ့ ကျောက်ပြားတွေကို ရှာဖွေဖို့ လူတွေကို တောင်းဆိုခဲ့ပြီး တိကျမှုတိုးစေဖို့ မြှားအမြီးမှာ အမွေးတွေထည့်ထားတယ်။

မျိုးနွယ်စုနှစ်ခုက လူတွေက တစ်လခွဲကျော်အလုပ်များနေခဲ့ပြီး နောက်ဆုံးမှာ ပြင်ဆင်မှုအများစုကိုပြီးမြောက်ခဲ့တယ်။ဒီပြန်လည်ထူထောင်ရေးကာလတစ်လျှောက်မှာ ကျားတောင်ပံမျိုးနွယ်စုဝင်တွေရဲ့ စိတ်ဝိဉာဉ်နဲ့ အမူအရာတွေက များစွာတိုးတက်ကောင်းမွန်လာခဲ့ကြတယ်။ဘန်ဆွန်က ကေစီရဲ့စောင့်ရှောက်မှုအောက်မှာ ပြန်လည်ကောင်းမွန်လာခဲ့ပြီး ကေစီရဲ့ဂရုတစိုက်စောင့်ရှောက်မှုအတွက် သူက အရမ်းကျေးဇူးတင်ခဲ့တယ်။

အဆင်သင့်ပြင်ပြီးနောက်မှာ အားလုံးက သားရဲအုပ်ရောက်လာတာကို တိတ်တဆိတ်စောင့်နေကြတယ်။စောင့်ဆိုင်းနေရတဲ့အဲ့ဒီနေ့ရက်တွေမှာ ပိုင်မုက ကာကွယ်ရေးအစီအမံတွေကို အဆက်မပြတ်မြှင့်တင်နေဆဲဖြစ်တယ်။

နောက်ဆုံးတော့ ဒုတိယသားရဲအုပ်တိုက်ခိုက်ခံရပြီးတစ်လအကြာမှာ  သားရဲအုပ်က ထပ်မံရောက်ရှိလာခဲ့တယ်။ များပြားလွန်းတဲ့သားရဲအုပ်က ဦးရေပြားကို ထုံကျင်စေပြီး ဒီတစ်ကြိမ်မှာ ဧကရာဇ်သားရဲရဲ့ဟိန်းဟောက်သံက ပိုပြီးကြောက်စရာကောင်းတယ်။ ခဲယ်လ်တစ်က ဟွန်းသံကြားတာနဲ့ ပိုင်မုကို တခြားသူတွေနဲ့အတူ ခိုလှုံရာဂူကို ပို့လိုက်တယ်။

ဂူအဝင်ဝက ခြံစည်းရိုးတံခါးကို တင်းတင်းကြပ်ကြပ်ပိတ်ထားပြီး ခြံစည်းရိုးရှေ့က ကျောက်ပြားပေါ်မှာ သစ်သားပြားတစ်ခုချထားကာ သစ်သားဘုတ်ကို သံမှိုတွေ ကပ်ထားတယ်။ ဒါက Plants vs. Zombies ထဲက မြေဆူးတွေကိုတုပပြီး ပိုင်မုပြုလုပ်ထားတဲ့အရာဖြစ်တယ်။သူက အရင်ဆုံး ပါးလွှာတဲ့သစ်သားပြားပေါ်မှာ သံမှိုကို ကပ်လိုက်တယ်။ ထို့နောက် သားရဲတွေ အလွယ်တကူမဖျက်ဆီးနိုင်ဖို့အတွက် လေးလံတဲ့သစ်သားပြားတွေပေါ်မှာ အရင်ကကပ်ထားတဲ့ဟာတွေကို တစ်ခုပြီးတစ်ခု ခိုင်အောင်ချည်လိုက်တယ်။

ဂူအဝင်ဝမှာ ရပ်နေတဲ့ပိုင်မုက သိပ်မနီးမဝေးကနေ ချဉ်းကပ်လာနေတဲ့သားရဲတွေကို ကြည့်နေတယ်။ အေးစက်တဲ့လေကို သူမရှူသွင်းပဲမနေနိုင်ခဲ့ပဲ သူ့ရင်ထဲမှာ ကြောက်ရွံ့မှုအရိပ်အယောင်ပေါ်လာတယ်။ ဒီဝစ်ကြိမ် သားရဲအကောင်ရေ ၇၀၀၀ ကျော်ရှိမယ်လို့ သူထင်တယ်။အဝေးကနေကြည့်လိုက်ရင် ကျေးဇူးတင်စရာ တစ်ခုတည်းသောအရာကတော့ သားရဲအုပ်ထဲမှာ ငှက်မတွေ့ရတာပါပဲ။

"အစ်ကိုကြီးပိုင်မု ဒါကအရမ်းကြောက်စရာကောင်းတယ် ဒီလောက်များတဲ့သားရဲအုပ်ကို ကျွန်တော်တစ်ခါမှ မတွေ့ဖူးဘူး" ကေစီနဲ့အန်းချီလော့တို့က ပိုင်မုရဲ့ဘေးမှာ သူတို့မျက်နှာပေါ်က ကြောက်ရွံ့နေတဲ့အကြည့်တွေနဲ့ ရှိနေကြတယ်။

"မကြောက်ပါနဲ့ ဒီတစ်ခါတော့လုံလောက်တဲ့ ပြင်ဆင်မှုတွေလုပ်ထားပြီးပြီ အဆင်ပြေပါတယ်" ပိုင်မုက လူတိုင်းရဲ့ခံစားချက်တွေကို တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့ပြီး ဒီအချိန်မှာ သူတို့ကြောက်စိတ်မွှန်နေရင် တစ်ဝက်ရှုံးနေတာပဲ။

"ကောင်းပါပြီ ကျွန်တော်တို့ အစ်ကိုကြီးပိုင်မုရှိနေလို့ မကြောက်ဘူး"
ကေစီက ပိုင်မုကို ယုံကြည်မှုအပြည့်နဲ့ ကြည့်လိုက်တယ်။ အန်းချီလော့က ပိုင်မု ဖိအားတွေအရမ်းများနေမှာကို စိုးရိမ်နေတယ်။ လူတွေက သူ့ကိုပိုယုံကြည်လေလေ သူ့အပေါ်က ဖိအားတွေက ပိုကြီးလာလေလေပဲ။

မျိုးနွယ်စုခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ Erနဲ့ ပုကျီတို့က တံတိုင်းအမြင့်ပေါ်မှာရပ်ပြီး ဖြည်းဖြည်းချင်းချဉ်းကပ်လာနေတဲ့ သားရဲတွေကိုကြည့်ကာ  သူတို့ရဲ့မျက်ခုံးတွေက တွန့်ကွေးလာလုနီးပါးဖြစ်နေပြီ။ ဒီလောက်များပြားတဲ့ သားရဲအုပ်အစုအဝေးကြီးကို သူတို့ တစ်ခါမှ မတွေ့ဖူးပါဘူး။ အချို့လူတွေက အခြေခံအားဖြင့် သားရဲဆယ်ကောင်ကို  orc တစ်ယောက်တိုက်ရလိမ့်မယ်ထင်တယ်။

ကံကောင်းထောက်မစွာနဲ့ ပိုင်မုရဲ့အကြံပြုချက်အောက်မှာ သားရဲအုပ်ရဲ့တိုက်ခိုက်မှုအချို့ကို ခံနိုင်ရည်ရှိစေဖို့ သူတို့အတွက် ခုခံကာကွယ်မှုအစီအမံတွေ ပြုလုပ်ခဲ့တယ်။ ဒါပေမယ့် ဒီလောက်များပြားတဲ့သားရဲအုပ်ကြီးနဲ့ ရင်ဆိုင်ရတဲ့အခါ  ညီအစ်ကိုတွေ ဘယ်လောက်များများက ဘုရားသခင်ရဲ့ ရင်ခွင်ထဲကိုပြန်ရောက်မလဲဆိုတာ သူတို့မသိပါဘူး။

“ခဲယ်လ်တစ် ကျောက်နံရံပေါ်မှာ ဆီသုတ်ထားလား"သားရဲတွေ နီးသထက် နီးကပ်လာဝာာကိုကြည့်ပြီး မျိုးနွယ်စုခေါင်းဆောင်က စိုးရိမ်တကြီးမေးလိုက်တယ်။ "သုတ်ပြီးပြီ အခု သားရဲတွေက တောင်ပေါ်တက်လာချင်ရင် လမ်းဆုံနှစ်လမ်းကနေပဲ တက်လို့ရတယ်"

ခဲယ်လ်တစ်က တောင်ခြေကကျောက်နံရံပေါ် ဆီသုတ်ဖို့ လူတွေကို ခေါ်သွားနေတုန်းမှာ သားရဲအုပ်ကိုတွေ့တဲ့အချိန်ကျရင်တော့  လိန်းကျယ်က ပိုင်မုနဲ့ တခြားသူတွေကိုခိုလှုံရာဂူထဲခေါ်သွားဖို့ တာ၀န်ရှိတယ်။




Zawgyi

"ပိုင္မု မင္းပင္ပန္းသြားရၿပီ  အခ်ိန္က်ရင္ မင္းနဲ႕ ပူးေပါင္းဖို႔ တစ္ေယာက္ေယာက္ကို က်ဳပ္စီစဥ္ေပးမယ္"မ်ိဳးႏြယ္စုေခါင္းေဆာင္က ဒါကို အရမ္းေထာက္ခံတယ္။သူက ဒီကိစၥကိုလည္းပဲ စိုးရိမ္ေနခဲ့တာ။

"ေက်းဇူးတင္ပါတယ္ မ်ိဳးႏြယ္စုေခါင္းေဆာင္"

ျခေသၤ့ေတာင္ပံမ်ိဳးႏြယ္စုရဲ႕အကူအညီနဲ႕ က်ားေတာင္ပံမ်ိဳးႏြယ္စုက ေခ်ာေမြ႕စြာ အေျခခ်ေနထိုင္ခဲ့တယ္။ခဲယ္လ္တစ္ေ႐ြ႕ထုတ္လာတဲ့အစားအစာေတြနဲ႕ ပိုင္မုရဲ႕အိမ္က အစားအေသာက္ေတြက သူတိူ႕အခ်ိန္အၾကာႀကီးစားဖို႔ လုံေလာက္တယ္။ ဒါေပမယ့္ ႏြေးေထြးမႈရဖို႔အတြက္ ေက်ာက္မီးေသြးကေတာ့ သိသိသာသာကို မလုံေလာက္ပါဘူး။ ေနာက္ဆုံးမွာ မ်ိဳးႏြယ္စုထဲက  မိသားစုတစ္စုစီက အခ်ိဳ႕ကို ႏွစ္ပိုင္းခြဲလိုက္ၾကၿပီး သူတို႔ကို နည္းနည္းခြဲေဝေပးခဲ့ၾကတယ္။

ထိုအခ်ိန္မွာ ပိုင္မုက မ်ိဳးႏြယ္စုရဲ႕ဟမ္းစတားမ်ိဳးစိတ္လို မိန္းမပ်ိဳေတြက  တကယ္ကိုအေထာက္အကူျဖစ္တာပဲလို႔ သက္ျပင္းခ်မိတယ္။ လူတိုင္းက သူတို႔လိုအပ္တာထက္ အမ်ားႀကီး ပိုစုေဆာင္းထားၾကတယ္ေလ။
ဤနည္းအားျဖင့္ အခ်ိဳ႕ကို က်ားေတာင္ပံမ်ိဳးႏြယ္စုကို ေပးခဲ့ရင္ေတာင္ သူတို႔ကိုမ်ားစြာထိခိုက္ေစမွာမဟုတ္ပါဘူး။ ဒါေပမယ့္ လူေတြရဲ႕အျမင္မွာ အႀကီးဆုံးဟမ္းစတာေတြကေတာ့ ပိုင္မုနဲ႕ခဲယ္လ္တစ္တို႔ပဲ ျဖစ္ပါတယ္။ ခဲယ္လ္တစ္ရဲ႕အိမ္က ေ႐ႊ႕ထုတ္လာတဲ့အစားအစာအေျမာက္အမ်ားကို ၾကည့္လိုက္တဲ့အခါ ပိုင္မုက ဒီေလာက္မ်ားတဲ့အရာေတြကို စုေဆာင္းထားဖို႔ အေျမာ္အျမင္ရွိတယ္လို႔ လူတိုင္းကထင္ခဲ့ၾကတယ္။

ျခေသၤ့ေတာင္ပံမ်ိဳးႏြယ္စုရဲ႕အကူအညီအတြက္ က်ားေတာင္ပံမ်ိဳးႏြယ္စု၀င္ေတြက အရမ္းေက်းဇူးတင္ခဲ့ၾကတယ္။ အစားအစာအမ်ားစုက ဘုရားသခင္တမန္ေတာ္ဆီကလာေၾကာင္း သူတို႔သိၾကတယ္။ ပိုင္မုကလည္း သားရဲေတြရဲ႕ တိုက္ခိုက္မႈကိုခုခံဖို႔ ဘုရားသခင္က ေမွ်ာ္လင့္ခ်က္မထားတဲ့ မိန္းမပ်ိဳေတြ၊ ကေလးေတြနဲ႕ သက္ႀကီး႐ြယ္အိုေတြကို ေခၚသြားခဲ့တယ္။

အေျခခ်ၿပီးေနာက္ ႏွင္းက်တာရပ္သြားရင္ အစားအေသာက္‌ေတြ သြားျပန္သယ္ဖို႔ ပုက်ီက တစ္စုံတစ္ေယာက္ကို စီစဥ္ခ်င္ခဲ့ေပမယ့္လည္း ပိုင္မုက ျပတ္ျပတ္သားသား ျငင္းပယ္ခဲ့တယ္။ ႏွင္းက်တာရပ္သြားရင္ သူတို႔မွာလုပ္စရာေတြ အမ်ားႀကီးက်န္ေသးတယ္။ အခ်ိန္ေတြကုန္ေနၿပီ။ အစားအေသာက္က အခုအေရးတႀကီးအလိုအပ္ဆုံး မဟုတ္ေနပါဘူး။ သားရဲအုပ္က သူတို႔အစားအစာသြားျပန္ယူဖို႔လုပ္တဲ့အခ်ိန္ တိုက္ခိုက္ခဲ့ရင္ ဘယ္လိုလုပ္မလဲ။ အခုအခ်ိန္မွာ သူတို႔အလိုအပ္ဆုံးအရာက တိုက္ခိုက္ေရးစြမ္းအားပါ။ပုက်ီက တစ္ရက္ေလာက္ စဥ္းစားခဲ့ၿပီး ေနာက္ဆုံးမွာ အစားအစာကို ခက္ခက္ခဲခဲစြန႔္လႊတ္လိုက္တယ္။ သားရဲအုပ္တိုက္ခိုက္တာခံရၿပီးမွ သူတို႔ျပန္လို႔ရမယ့္အခ်ိန္ကို ေစာင့္ခ်င္တယ္။

က်ားေတာင္ပံမ်ိဳးႏြယ္စု အနားယူၿပီးေနာက္ မ်ိဳးႏြယ္စုေခါင္းေဆာင္က  ေလးနဲ႕ျမႇားဘယ္လိုလုပ္ရမလဲဆိုတာနဲ႕ ျမႇားပစ္ေလ့က်င့္ဖို႔ရာ သူတို႔ကိုသင္ေပးဖို႔ တစ္စုံတစ္ဦးကို ေစလႊတ္ခဲ့တယ္။ ဒီအခ်ိန္မွာ ေနာက္ထပ္ တိုက္ခိုက္ေရးစြမ္းအားတစ္ခုတိုးေလေလ ေနာက္ထပ္ေမွ်ာ္လင့္ခ်က္တစ္ခုရွိေလေလပါပဲ။

ႏွင္းထူထပ္စြာက်ဆင္းေနတာရပ္ဖို႔  ဆယ္ရက္ၾကာခဲ့တယ္။တစ္ကမၻာလုံးကို ႏွင္းေတြက ထူထပ္စြာ ဖုံးလႊမ္းထားၿပီး ပတ္၀န္းက်င္က ျဖဴေဖြးေတာက္ပတဲ့ အျဖဴေရာင္အျဖစ္ကို ေျပာင္းလဲသြားတယ္။ အခု ႏွင္းထူထပ္စြာ  က်ဆင္းေနတာရပ္သြားတာေၾကာင့္ အပူခ်ိန္မတက္လာေပမယ့္လည္း ေအးသထက္ပိုေအးလာခဲ့တယ္။ က်ားေတာင္ပံမ်ိဳးႏြယ္စုပါဝင္လာျခင္းေၾကာင့္ ယခုအခါ  လူအင္အားပိုမ်ားလာၿပီး ပိုင္မုက ႀကီးႀကီးမားမားအလုပ္တစ္ခုကို လုပ္ခ်င္ခဲ့တယ္။က်ားေတာင္ပံမ်ိဳးႏြယ္စုရဲ႕အေတြ႕အႀကဳံကို အေျခခံၿပီး ပိုင္မုက အနာဂတ္မွာ သားရဒအုပ္အေရအတြက္က တိုးလာဖို႔သာရွိတယ္လို႔ ခန႔္မွန္းခဲ့ၿပီး သူက လူ အေသအေပ်ာက္ကို တတ္နိုင္သမွ် ေလွ်ာ့ခ်ခ်င္ခဲ့တယ္။

ႏွင္းေတြထူထပ္စြာက်ဆင္းေနတာ  ရပ္သြားတဲ့အခါ အားလုံးက အလုပ္ရႈပ္သြားၾကေတာ့တယ္။ဒီတစ္ခါေတာ့  လူတိုင္းက ေထာင္ေခ်ာက္ေတြ မတူးၾကပါဘူး။ၿပီးေတာ့ အခ်ိန္ကုန္ၿပီး လုပ္အားပိုလုပ္ခဲ့ရတဲ့ရလဒ္ေတြက ႀကီးႀကီးမားမားမရခဲ့ဘူးေလ။ဒီတစ္ခါေတာ့ ပိုင္မုက လူတိုင္းကို ေတာင္ရဲ႕ေျခရင္းကိုဝိုင္းၿပီး ႏွင္းေတြနဲ႕ စက္ဝိုင္းပုံစံအေသးစားတံတိုင္းအျမင့္တစ္ခုကို ေဆာက္ခိုင္းကာ ေတာင္တက္လမ္းႏွစ္ခုလုံးကို စက္ဝိုင္းပုံစံတံတိုင္းနဲ႕ ကာထားတယ္။ တံတိုင္း‌အျမင့္ေတြက ေက်ာက္တုံးေတြ၊ သစ္သားေတြနဲ႕ ျပည့္ႏွက္ေနၿပီး တံတိုင္းအျမင့္နဲ႕ ကာရံထားခံရတဲ့ေနရာထဲမွာလည္း  ေက်ာက္တုံးမ်ားစြာကို ခ်ထားတယ္။

ေတာင္တက္လမ္းရဲ႕ တစ္ဖက္တစ္ခ်က္စီမွာရွိတဲ့ ေခ်ာက္ကမ္းပါးေပၚမွာ Orcs ေတြက  ေက်ာက္နံရံေတြ တတ္နိုင္သမွ် ေခ်ာေမြ႕ေစဖို႔ အစြန္းထြက္ေနတဲ့ေနရာေတြျပားခ်ပ္ေအာင္ တူတစ္ေခ်ာင္းကို အသုံးျပဳခဲ့တယ္။ ၿခံစည္းရိုးကိုအားျဖည့္ဖို႔အတြက္ ခိုလႈံရာဂူက ပထမၿခံစည္းရိုးေရွ႕မွာ  ၁.၄ မီတာျမင့္တဲ့သစ္သားတန္းအပုံလိုက္ကို ေထာင္ထားတယ္။

အခု ပိုင္မုက လူတိုင္းလုပ္ထားတဲ့ျမႇားေတြ ၿပီးျပည့္စုံေစဖို႔အတြက္  ႀကိဳးစားေနတယ္။ေနာက္ဆုံးျဖစ္ခဲ့တဲ့တိုက္ပြဲမွာ အသုံးျပဳခဲ့တဲ့ ျမႇားအားလုံးကို မာေၾကာတဲ့သစ္သား ဒါမွမဟုတ္အျပာေရာင္သစ္သားနဲ႕ ျပဳလုပ္ထားေပမယ့္လည္း သူတို႔က မခြၽန္လည္းမခြၽန္ထက္သလို သားရဲေတြကို မေသလည္း မေသေစပါဘူး။ဒီတစ္ႀကိမ္မွာ သူက ျမႇားျပဳလုပ္ဖို႔ အေခ်ာသပ္ထားတဲ့ ပါးလႊာတဲ့ ေက်ာက္ျပားေတြကို ရွာေဖြဖို႔ လူေတြကို ေတာင္းဆိုခဲ့ၿပီး တိက်မႈတိုးေစဖို႔ ျမႇားအၿမီးမွာ အေမြးေတြထည့္ထားတယ္။

မ်ိဳးႏြယ္စုႏွစ္ခုက လူေတြက တစ္လခြဲေက်ာ္အလုပ္မ်ားေနခဲ့ၿပီး ေနာက္ဆုံးမွာ ျပင္ဆင္မႈအမ်ားစုကိုၿပီးေျမာက္ခဲ့တယ္။ဒီျပန္လည္ထူေထာင္ေရးကာလတစ္ေလွ်ာက္မွာ က်ားေတာင္ပံမ်ိဳးႏြယ္စုဝင္ေတြရဲ႕ စိတ္ဝိဉာဥ္နဲ႕ အမူအရာေတြက မ်ားစြာတိုးတက္ေကာင္းမြန္လာခဲ့ၾကတယ္။ဘန္ဆြန္က ေကစီရဲ႕ေစာင့္ေရွာက္မႈေအာက္မွာ ျပန္လည္ေကာင္းမြန္လာခဲ့ၿပီး ေကစီရဲ႕ဂ႐ုတစိုက္ေစာင့္ေရွာက္မႈအတြက္ သူက အရမ္းေက်းဇူးတင္ခဲ့တယ္။

အဆင္သင့္ျပင္ၿပီးေနာက္မွာ အားလုံးက သားရဲအုပ္ေရာက္လာတာကို တိတ္တဆိတ္ေစာင့္ေနၾကတယ္။ေစာင့္ဆိုင္းေနရတဲ့အဲ့ဒီေန႕ရက္ေတြမွာ ပိုင္မုက ကာကြယ္ေရးအစီအမံေတြကို အဆက္မျပတ္ျမႇင့္တင္ေနဆဲျဖစ္တယ္။

ေနာက္ဆုံးေတာ့ ဒုတိယသားရဲအုပ္တိုက္ခိုက္ခံရၿပီးတစ္လအၾကာမွာ  သားရဲအုပ္က ထပ္မံေရာက္ရွိလာခဲ့တယ္။ မ်ားျပားလြန္းတဲ့သားရဲအုပ္က ဦးေရျပားကို ထုံက်င္ေစၿပီး ဒီတစ္ႀကိမ္မွာ ဧကရာဇ္သားရဲရဲ႕ဟိန္းေဟာက္သံက ပိုၿပီးေၾကာက္စရာေကာင္းတယ္။ ခဲယ္လ္တစ္က ဟြန္းသံၾကားတာနဲ႕ ပိုင္မုကို တျခားသူေတြနဲ႕အတူ ခိုလႈံရာဂူကို ပို႔လိုက္တယ္။

ဂူအဝင္ဝက ၿခံစည္းရိုးတံခါးကို တင္းတင္းၾကပ္ၾကပ္ပိတ္ထားၿပီး ၿခံစည္းရိုးေရွ႕က ေက်ာက္ျပားေပၚမွာ သစ္သားျပားတစ္ခုခ်ထားကာ သစ္သားဘုတ္ကို သံမွိုေတြ ကပ္ထားတယ္။ ဒါက Plants vs. Zombies ထဲက ေျမဆူးေတြကိုတုပၿပီး ပိုင္မုျပဳလုပ္ထားတဲ့အရာျဖစ္တယ္။သူက အရင္ဆုံး ပါးလႊာတဲ့သစ္သားျပားေပၚမွာ သံမွိုကို ကပ္လိုက္တယ္။ ထို႔ေနာက္ သားရဲေတြ အလြယ္တကူမဖ်က္ဆီးနိုင္ဖို႔အတြက္ ေလးလံတဲ့သစ္သားျပားေတြေပၚမွာ အရင္ကကပ္ထားတဲ့ဟာေတြကို တစ္ခုၿပီးတစ္ခု ခိုင္ေအာင္ခ်ည္လိုက္တယ္။

ဂူအဝင္ဝမွာ ရပ္ေနတဲ့ပိုင္မုက သိပ္မနီးမေဝးကေန ခ်ဥ္းကပ္လာေနတဲ့သားရဲေတြကို ၾကည့္ေနတယ္။ ေအးစက္တဲ့ေလကို သူမရႉသြင္းပဲမေနနိုင္ခဲ့ပဲ သူ႕ရင္ထဲမွာ ေၾကာက္႐ြံ႕မႈအရိပ္အေယာင္ေပၚလာတယ္။ ဒီဝစ္ႀကိမ္ သားရဲအေကာင္ေရ ၇၀၀၀ ေက်ာ္ရွိမယ္လို႔ သူထင္တယ္။အေဝးကေနၾကည့္လိုက္ရင္ ေက်းဇူးတင္စရာ တစ္ခုတည္းေသာအရာကေတာ့ သားရဲအုပ္ထဲမွာ ငွက္မေတြ႕ရတာပါပဲ။

"အစ္ကိုႀကီးပိုင္မု ဒါကအရမ္းေၾကာက္စရာေကာင္းတယ္ ဒီေလာက္မ်ားတဲ့သားရဲအုပ္ကို ကြၽန္ေတာ္တစ္ခါမွ မေတြ႕ဖူးဘူး" ေကစီနဲ႕အန္းခ်ီေလာ့တို႔က ပိုင္မုရဲ႕ေဘးမွာ သူတို႔မ်က္ႏွာေပၚက ေၾကာက္႐ြံ႕ေနတဲ့အၾကည့္ေတြနဲ႕ ရွိေနၾကတယ္။

"မေၾကာက္ပါနဲ႕ ဒီတစ္ခါေတာ့လုံေလာက္တဲ့ ျပင္ဆင္မႈေတြလုပ္ထားၿပီးၿပီ အဆင္ေျပပါတယ္" ပိုင္မုက လူတိုင္းရဲ႕ခံစားခ်က္ေတြကို တည္ၿငိမ္ေအာင္ ထိန္းထားနိုင္ခဲ့ၿပီး ဒီအခ်ိန္မွာ သူတို႔ေၾကာက္စိတ္မႊန္ေနရင္ တစ္ဝက္ရႈံးေနတာပဲ။

"ေကာင္းပါၿပီ ကြၽန္ေတာ္တို႔ အစ္ကိုႀကီးပိုင္မုရွိေနလို႔ မေၾကာက္ဘူး"
ေကစီက ပိုင္မုကို ယုံၾကည္မႈအျပည့္နဲ႕ ၾကည့္လိုက္တယ္။ အန္းခ်ီေလာ့က ပိုင္မု ဖိအားေတြအရမ္းမ်ားေနမွာကို စိုးရိမ္ေနတယ္။ လူေတြက သူ႕ကိုပိုယုံၾကည္ေလေလ သူ႕အေပၚက ဖိအားေတြက ပိုႀကီးလာေလေလပဲ။

မ်ိဳးႏြယ္စုေခါင္းေဆာင္ႏွစ္ဦးျဖစ္တဲ့ Erနဲ႕ ပုက်ီတို႔က တံတိုင္းအျမင့္ေပၚမွာရပ္ၿပီး ျဖည္းျဖည္းခ်င္းခ်ဥ္းကပ္လာေနတဲ့ သားရဲေတြကိုၾကည့္ကာ  သူတို႔ရဲ႕မ်က္ခုံးေတြက တြန႔္ေကြးလာလုနီးပါးျဖစ္ေနၿပီ။ ဒီေလာက္မ်ားျပားတဲ့ သားရဲအုပ္အစုအေဝးႀကီးကို သူတို႔ တစ္ခါမွ မေတြ႕ဖူးပါဘူး။ အခ်ိဳ႕လူေတြက အေျခခံအားျဖင့္ သားရဲဆယ္ေကာင္ကို  orc တစ္ေယာက္တိုက္ရလိမ့္မယ္ထင္တယ္။

ကံေကာင္းေထာက္မစြာနဲ႕ ပိုင္မုရဲ႕အႀကံျပဳခ်က္ေအာက္မွာ သားရဲအုပ္ရဲ႕တိုက္ခိုက္မႈအခ်ိဳ႕ကို ခံနိုင္ရည္ရွိေစဖို႔ သူတို႔အတြက္ ခုခံကာကြယ္မႈအစီအမံေတြ ျပဳလုပ္ခဲ့တယ္။ ဒါေပမယ့္ ဒီေလာက္မ်ားျပားတဲ့သားရဲအုပ္ႀကီးနဲ႕ ရင္ဆိုင္ရတဲ့အခါ  ညီအစ္ကိုေတြ ဘယ္ေလာက္မ်ားမ်ားက ဘုရားသခင္ရဲ႕ ရင္ခြင္ထဲကိုျပန္ေရာက္မလဲဆိုတာ သူတို႔မသိပါဘူး။

“ခဲယ္လ္တစ္ ေက်ာက္နံရံေပၚမွာ ဆီသုတ္ထားလား"သားရဲေတြ နီးသထက္ နီးကပ္လာဝာာကိုၾကည့္ၿပီး မ်ိဳးႏြယ္စုေခါင္းေဆာင္က စိုးရိမ္တႀကီးေမးလိုက္တယ္။ "သုတ္ၿပီးၿပီ အခု သားရဲေတြက ေတာင္ေပၚတက္လာခ်င္ရင္ လမ္းဆုံႏွစ္လမ္းကေနပဲ တက္လို႔ရတယ္"

ခဲယ္လ္တစ္က ေတာင္ေျခကေက်ာက္နံရံေပၚ ဆီသုတ္ဖို႔ လူေတြကို ေခၚသြားေနတုန္းမွာ သားရဲအုပ္ကိုေတြ႕တဲ့အခ်ိန္က်ရင္ေတာ့  လိန္းက်ယ္က ပိုင္မုနဲ႕ တျခားသူေတြကိုခိုလႈံရာဂူထဲေခၚသြားဖို႔ တာ၀န္ရွိတယ္။

Continue Reading

You'll Also Like

601K 76.7K 118
'' after break-up i got married'' (လမ်းခွဲ ပြီးတဲ့နောက် ငါလက်ထပ် ပစ်လိုက်တယ်) Original Author - Qianfeng Yihe E-translator - Rezioj27 Status in COO...
10.1K 1.2K 9
ယွဲ့ယွဲ့: "ကြောက်စရာနတ်ဆိုးကြီးရဲ့ဝိဥာဥ်ခွဲတွေကငါ့ကိုအတင်းလိုက်ကပ်နေကြတယ်" ***************** ယြဲ႕ယြဲ႕: "ေၾကာက္စရာနတ္ဆိုးႀကီးရဲ႕ဝိဥာဥ္ခြဲေတြကငါ့ကိုအတင...
11.7K 1.4K 21
သိရောသိကြရဲ့လား? Fukurodani ရဲ့ Captain မှာပိုင်ရှင်ရှိတယ်တဲ့... Bokuaka Myanmar Fanfic feat.Kuroken Cover credit to original artist 22 Sep, 2021.
6.3K 308 12
Original name - 没钱离婚 English name - No money to divorce Type - Webnovel Author(s) - Shou Chu首初 Genre - Drama Romance Sci-fi Yaoi Start date - 18.3.20...