ဆေးသိန္ဓိရှင် ( လုံချန် ) Boo...

由 Azure5549

8.4K 542 6

မူရင်း ENG Name: Nine Star Hegemon Body Arts မူရင်း စာရေးသူ : ordinary magician တရုတ်မှ အင်္ဂလိပ်ဘာသာသို့ပြန်... 更多

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
76 - 80
81 - 85
86 - 90
91 - 95
96 - 100
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250

71 - 75

147 13 0
由 Azure5549

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၇၁)ချီပေါင်းစပ်ခြင်းအဆင့်(၁၂)

တောင်ဘက်ဖြတ်လမ်းကား မြို့တော်မှမိုင်ပေါင်းထောင်ချီအကွာ၌ ရှိသည့် တောင်ကြီးများအပြိုင်အဆိုင်
အုပ်မိုးလျှက်ရှိသော ကျဉ်းမြောင်းသည့် တောင်ကြားလမ်းတစ်လမ်းဖြစ်၏။ထိုလမ်းသည် မဟာရှပြည်၏
နယ်စပ်မျည်းလည်းဖြစ်လေသည်။

တောင်များပေါများလှသော ထိုဒေသတွင် မိုးထိလုခမန်းမြင့်မားသော သစ်ပင်ကြီးများ နှင့် များပြားလှစွာ
သော မှော်သားရဲကောင်များ ရှိကြ၏။အဓိကအားဖြင့် မှော်သားရဲများ၏ ပျော်စံရာဒေသကြီးဟုပင်
ပြောရမည်ဖြစ်သည်။သို့ဖြစ်ရာ လူသူကင်းမဲ့သည့်အရပ်ဖြစ်လေသည်။

ထိုကဲ့သို့ မိုးထိတောင်ကြီးများ၊အသည်းယားစဖွယ်ကျောက်ကမ်းပါးများ အပြိုင်အဆိုင်အုပ်မိုးလျှက်ရှိသော
အနှီတောင်ကြားလမ်းကား မဟာရှပြည်သို့တိုက်ရိုက်ပေါက်လေသည်။

၀ုန်း!!!

ဤတောင်တန်းဒေသ၏ ချောင်ခပ်ကျကျတစ်နေရာတွင် ရေကန်လေးတစ်ကန်ရှိ၏။လုံချန်မှာ ကျောက်
တုံးကြီးတစ်တုံးထက်၌ တင်ပလ္လင်ခွေထိုင်နေသည်။သူ့ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲသံ ခပ်အုပ်အုပ်
ထွက်လာပြန်ပြီး နောက်ထပ် စွမ်းအင်စက်ကွင်းတစ်ခု ပေါ်လာပြန်၏။မူလ၌ သုံးမီတာခန့်သာ ရှိသော
စွမ်းအင်စက်ကွင်းများသည် ကြောက်လန့်စဖွယ် မီတာသုံးဆယ်ခန့်တိုင်အောင် ကြီး လာကြ၏။

ဤကဲ့သို့ ကြီးလာခြင်းနှင့် အတူထုံကျင်မှုတစ်ချို့ကိုပါ သူခံစားလိုက်ရလေသည်။

ချီပေါင်းစပ်ခြင်း သိုင်းသမား အများစု၌ ရှိသည့် စွမ်းအင်စက်ကွင်းများ၏ အရွယ်အစားမှာ လက်ဖဝါးအ
ရွယ်သာဖြစ်၏။တစ်ချို့သိုင်းသမားများမှာမူ ခြေထောက်အရွယ်ခန့်ရှိသည်လည်း ရှိတတ်၏။အကယ်၍
သိုင်းသမားတစ်ယောက်၏ စွမ်းအင်စက်ကွင်းသည် ၂ မီတာ ခန့်မျှရှိသည်ဆိုလျှင် ထိုသိုင်းသမားအား
ခေတ်တစ်ခေတ်၏ ပါရမီရှင်ဟူ၍ပင် သတ်မှတ်နိုင်လေရာ ယခု လုံချန်တွင် ဖြစ်ပေါ်နေသော စွမ်းအင်
စက်၀န်းများမှာကား ကြောက်မက်ဖွယ်ရာ ကောင်းနေသည်။

စွမ်းအင်စက်၀န်းများ၏ အရွယ်အစားသည် ယင်၊ယန် ဓာတ်များအား မည်မျှစုပ်ယူနိုင်စွမ်းရှိသည်ကို
ဆုံးဖြတ်ပေး၏။တစ်နည်းအားဖြင့် မိမိ၏ စွမ်းအင်စက်၀န်းက မိမိ၏ ယင်၊ယန် ဓာတ်များအား စုပ်ယူ
နိုင်စွမ်းဖြင့် တိုက်ရိုက်အချိုးညီလေသည်။

ပုံမှန်အားဖြင့်ဆိုလျှင် မိမိ၏ စွမ်းအင်စက်ကွင်း အရွယ်အစားကြီးမားလာလျှင်အလွန် ပျော်ရွှင်ရမည်ဖြစ်
သော်လည်း ယခုမှာမူ အလွန်အရွယ်အစားကြီးမားလာသည့် စွမ်းအင်စက်၀န်းများ ကြောင့် လုံချန်က
ထိတ်လန့်နေသည်။လုံချန်က သူ့၏ဒန်တမ်အတွင်းသို့ ကြည့်လိုက်သည်။

စွမ်းအင်စက်၀န်း 12 ခုက ယင်၊ယန် ဓာတ်များအား အငမ်းမရစုပ်ယူနေ၏။ဤနေရာ၌ ရှိသည့် ချီဓာတ်
သည် မြို့တော်တွင်ရှိသော ချီဓာတ်ထက် များစွာများလေရာ လုံချန်အဖို့ရက်အနည်းငယ်နှင့်ပင်
အလွယ်တစ်ကူ အဆင့်တက်နိုင်စွမ်းရှိ၏။သို့ရာတွင် လုံချန်ကား ကြယ်ကိုးလုံးသိုင်းပညာနှင့်ပတ်သတ်
၍ စိုးရိမ်မှုများ တစ်ဖြေးဖြေး များသထက်များလာသည်။ယင်းသိုင်းပညာ၏ အဆုံးစွန်သောအဆင့်သည်
မည်သို့နည်း။စွမ်းအင်စက်ကွင်းများ၏ အရွယ်အစားသည် ယခုအခါ ကြောက်မက်ဖွယ်ကောင်းသည့်အ
ရွယ်သို့ ရောက်နေပြီ။

တောင်စဉ်ရေမရ အတွေးများဖြင့် လုံချန် ခြာလည်လိုက်နေစဉ်တွင် နှင်းပွင့်လေးက သူထိုင်နေသည့်
ကျောက်တုံးကြီးပေါ်သို့ခုန်တက်ကာ သူ့ရင်ခွင်ထဲသို့ ၀င်လာသည်။

ချစ်စရာကောင်းသည့်နှင်းပွင့်လေးကိုကြည့်ရင်း လုံချန်က တောင်စဉ်ရေမရအတွေးများကိုဖြတ်တောက်
ကာ နှင်းပွင့်လေးကို ပွေ့ယူလိုက်သည်။လုဖုန်း က မှော်သားရဲများအား မည်သို့မွေးမြူရမည်ကိုသူ့ကို
သင်ပေးသွားခဲ့၏။လုံချန်က ရစ်ငှက်များကို ဖမ်း၍ အစားအစာအလို့ငှာ ရစ်ငှက်သွေးများကို နှင်းပွင့်လေး
အားတိုက်ကျွေးနေခြင်းဖြစ်၏။

လုံချန် အတွက် ပါးစပ်အဟောင်းသားဖြစ်ရသည်က မှော်သားရဲများ၏ သဘာ၀ကိုဖြစ်၏။နှင်းပွင့်လေးသည်
သွေးသောက်ရသည်နှင့် ယခင်ကဲ့သို့ လမ်းလျှောက်ရာတွင် ယိုင်တိယိုင်တိုင်မဖြစ်တော့ပဲ များစွာသန်
စွမ်းလာခဲ့၏။သူ့အတွက် မယုံကြည်နိုင်လောက်အောင် ဖြစ်ရသည်မှာ နှင်းပွင့်လေးသည် သွားပင် မ
ပေါက်သေးသော်ငြား ရစ်ငှက်များအား အပိုင်းပိုင်ကိုက်၍ သွေးသောက်နိုင်ခြင်းဖြစ်၏။

သို့သော် နှင်းပွင့်လေး၏ လည်ချောင်းက အသားများကို မြိုချနိုင်လောက်အောင်တော့ မဖွံ့ဖြိုးသေးချေ။
ထို့ကြောင့် သူက ရစ်ငှက်အသားများကို နည်းနည်းချင်းစီ သာ ဖဲ့၍ ကျွေးရ၏။သို့ရာတွင် နှင်းပွင့်လေးက
ရစ်ငှက်အသားများကို နည်းနည်းချင်းစားရာ၌ သူ့ထက်နှစ်ဆခန့်မျှကြီးသည့် ရစ်ငှက်ကို ကုန်အောင်စား
နိုင်သည်။လုံချန်အတော်လေးအံ့အားသင့်မိသွားသည်။

နှင်းပွင့်လေးက ရစ်ငှက်များအား စားပြီးသည်နှင့် သူထံတွင် လာအိပ်၏။ထို့နောက် အိပ်ယာမှ နိုးလျှင်
ထပ်စားပြန်သည်။ဤသို့ဖြင့် ရက်အနည်းငယ်အတွင်း၌ နှင်းပွင့်လေး မှာ ခြေသလုံးအရွယ်ခန့် ကြီးလာ
သလို သွားလေချောင်းပင်ပေါက်လာ၏။ထိုသွားများက မခိုင်ခန့်သေးသည် ဖြစ်သော်လည်း ယခုအခါတွင်
နှင်းပွင့်လေးက အသားများကို ကိုယ်တိုင် ကိုက်ဖဲ့စားသောက်နေနိုင်ပြီဖြစ်သည်။

နှင်းပွင့်လေးကား ဒေါသအလွန်ကြီးသည့်သဘာ၀ရှိသည့်တိုင်အောင် သူ့ကိုတော့အလွန်ချစ်လေ၏။
သိုင်းကျင့်၍ သူမောပန်းလာသည့် အချိန်တိုင်းတွင် နှင်းပွင့်လေးက သူ့ရင်ခွင်ထဲသို့ ၀င်လာမြဲဖြစ်၏။တစ်
ခါတစ်ရံ၌ သူ့မျက်နှာကိုပင် လျှာလေးဖြင့်လာယက်တတ်၏။

လုံချန်က နှင်းပွင့်လေးကို ညင်သာစွာပွတ်သပ်ပေးနေ၏။နှင်းပွင့်လေးကိုမြင်တိုင်း သူက မန်ချီ၏ လှပ
သည့်မျက်နှာလေးကိုမြင်ယောင်မြဲဖြစ်၏။

၀ုန်း !

အတော်အတန် ဝေးသည့် တောအုပ်တစ်အုပ်အတွင်းမှ သစ်ပင်ကြီးတစ်ပင် လဲကျသွားသည်ကို လုံချန်
မြင်လိုက်၏။တစ်ချိန်တည်းတွင် ကမ္ဘာမြေကြီးတုန်လှုပ်သွားသည် ထင်ရလောက်သည့် ကြုံးဝါးသံကြီးတစ်
ခုလည်းထွက်လာ၏။

လုံချန်က သူ့ခေါင်းကိုယမ်းရင် နှင်းပွင့်လေးကိုချီ၍ ထိုနေရာသို့ ခပ်သွက်သွက်ပြေးရလေသည်။တောထဲ
သို့ရောက်လျှင် မီတာတစ်ရာခန့်ကျယ်သော နေရာသည် ပြောင်းရှင်းနေသည်ကို သူတွေ့ရ၏။ထိုနေရာ
၌ ရှိသော သစ်ပင်များမှာ အပိုင်းပိုင်း ကျိုးနေလေသည်။

ဖရိုဖရဲဖြစ်နေသည့် ထိုနေရာကြီ၏ အလယ်၌ ဧရာမ လူကြီးတစ်ယောက်က ကိုးပေခန့်ရှိမည့် နွားရိုင်း
ကြီးတစ်ကောင်ကိုကိုင်ထား၏။

"လူကြမ်းလေး အမဲလိုက်တဲ့အခါကျရင် အားသိပ်မသုံးပါနဲ့လို့ မင်းကိုငါ ဘယ်နှစ်ခါပြောရမလည်း မင်း
အတွက်က အားလေးနည်းနည်းထည့်ရုံနဲ့ကိုရနေပြီလေ" လုံချန်က လူကြမ်းလေးကို စိတ်မသက်မသာဖြင့်
ကြည့်ရင်းပြောနေ၏။

"ဟီးဟီး အကိုလုံ သားကောင်ကိုမြင်တဲ့ အထိ အကိုလုံပြောတဲ့စကားကို ကျုပ်မှတ်မိပါသေးတယ်" လူ
ကြမ်း လေးက တစ်ဟီးဟီးရယ်၍ သူ့ခေါင်းကိုကုတ်နေ၏။ဧရာမ နွားရိုင်းကြီး၏ ခေါင်းပြတ်ကြီးအား
ကြည့်ရင်း လုံချန်က ဘာပြောလို့ပြောရမှန်းမသိဖြစ်နေ၏။

လူကြမ်းလေး၏ ခွန်အားက အကန့်အသတ်မဲ့ဖြစ်ပုံရ၏။သူ့ပုံစံကား လူသားအသွင်ယူထားသည့် မှော်
သားရဲကောင် နှင့်ပင်တူသေးတော့၏။သို့ရာတွင် သိုင်းပညာနှင့်ပတ်သတ်သည်တွင်မူ လူကြမ်းလေး၌
ပါရမီ ပါလာပုံမရချေ။

ဤနေသို့ လာရာလမ်းတွင်လည်း လူကြမ်းလေးက မှော်သားရဲလေးကောင်ကိုသတ်ဖြတ်ပြီး သူတို့နှစ်
ယောက်၀၀လင်လင် ထက်ပင် ပိုစားသောက်ခဲ့ရလေ၏။ယခု နွားရိုင်းကြီးမှာ အဆင့်တစ် မှော်သားရဲ
ဖြစ်သည့်တိုင်အောင် ၎င်း၏ ခွန်အားက သေးလှသည်တော့မဟုတ်ပေ။သာမာန် သွေးနှောအဆင့်သိုင်း
သမားများပင် ရင်မဆိုင်ဝံ့သော အကောင်မျိုးဖြစ်၏။

သို့ဖြစ်သည့်တိုင်အောင် လူကြမ်းလေးအတွက်ကား ကြက်တစ်ကောင်သတ်ရသလိုပင်ဖြစ်နေသည်။
နွားရိုင်းကြီး၏ လည်ပင်းက မည်သို့မျှ ပြန်လည်ခုခံနိုင်ပုံမရပဲ ကျိုးနေ၏။အမဲ လိုက်ရာ၌ လူကြမ်းလေး
အနှစ်သက်ဆုံးနည်းလမ်းမှာ သားကောင်အား ရှိသမျှခွန်အားကို အကုန်အသုံးပြု၍ တိုက်ခိုက်သောနည်း
လမ်းဖြစ်ရာ လုံချန့်အတွက်မူ ခေါင်းခဲစရာဖြစ်နေသည်။

လူကြမ်းလေးကား မှော်သားရဲတစ်ကောင်နှင့်တူနေ၏။သူသည် တိုက်ခိုက်ခြင်းကိုကြိုက်နှစ်သက်သူတစ်
ယောက်ဖြစ်သည်။လူကြမ်းလေးအဖို့ လုံချန်မှာထားသည့်စကားများကို တိုက်ခိုက်သည့်အချိန်တွင်ဘာ
မှမမှတ်မိတော့ပဲ ဖြစ်လေ့ရှိ၏။

"ကဲကဲ ကောင်းပြီ ဒီနွားရိုင်းကိစ္စကိုလုပ်ရအောင် သားရေကိုခွာထားပြီး အူ၊အသည်းတွေကို မြေမြှုပ်မယ်"

လုံချန်က ခပ်ထက်ထက်ဓားတစ်ချောင်းဖြင့် နွားသားရေကို စခွာ၏။ဤသို့ အသေးစိတ်လုပ်ရသော
အလုပ်မျိုးကို သူက လူကြမ်းလေးအား မခိုင်းချင်ပေ။အကယ်၍ လူကြမ်းလေးကိုသာ သူ ခိုင်းမိလိုက်
လျှင် ထိုနွားရိုင်း က အသားပြားဖြစ်ကောင်းဖြစ်သွားနိုင်၍ ဖြစ်၏။

နွားရိုင်းမှ ထွက်၍လာသည့် သွေးညှီနံ့က လေထုထဲ၌ မွှန်ထူနေ၏။မည်မျှ ဆိုသော် မိုင်အတော်ဝေးဝေး
မှ မှော်သားရဲများပင် ထိုအနံ့ကိုရနိုင်လောက်၏။အူ၊အသည်းများ ထုတ်၍ သားရေခွာပြီးလျှင် လူကြမ်းလေး
က အမဲသားများကို သူတို့နှစ်ယောက် စခန်းချရာသို့ပြန်ယူလာ၏။စခန်းချသည့် နေရာကို လုံချန်ကရေ
တံခွန်တစ်ခု၏ အနောက်ဖက်အား ရွေးထား၏။ ထိုနေရာတွင် သဘာ၀အလျှောက်ဖြစ်ပေါ်နေသည့်
ဂူတစ်ခုလည်းရှိရာ သူတို့နှစ်ယောက်အတွက် အဆင်ပြေလှသည်။

နောက်တစ်ချက်မှာ ရေတံခွန်ရှိခြင်း ကြောင့် သွေးညှီနံ့များလည်း အပြင်သို့မထွက်နိုင်လေရာ အခြား
မှော်သားရဲများ ရောက်လာမည့်အန္တာရာယ် မှ ကာကွယ်ပြီးသားလည်းဖြစ်နေ၏။သူတို့နှစ်ယောက်အဖို့
ုရိုးရိုး မှော်သားရဲများအား ကြောက်လှသည်မဟုတ်သော်လည်း ချောင်းမြောင်းတိုက်ခိုက်မှုများ ရှိလျှင်
ဒုက္ခများချေမည်။အကယ်၍ မြွေကဲ့သို့သော မှော်သားရဲများ၏ တိုက်ခိုက်မှုကို ခံရလျှင် အသက်ပင်အ
န္တာရာယ်ရှိနိုင်သည် မဟုတ်ပါလော။

ဂူက အတော်လေး ကျယ်၏။လုံချန်က မီးမွှေး၍ နွားသားများကို ကင်နေ၏။နှစ်နာရီ ပျော့ပျော့ ခန်ု့ရှိ
ချိန်တွင် အသားကင် အနံ့က ဂူတစ်ခုလုံးသို့ပျံ့နှံ့လာတော့သည်။အသားကင် အနံ့အား ရလျှင် နှင်းပွင့်
လေးက လုံချန့်ရင်ခွင်ထဲမှ ရုန်းကန်၍ အသားကင်ထံ ပြေးလေရာ လုံချန် ကမန်းကတမ်း လိုက်ဖမ်း
ရသေး၏။သူသာ အနည်းငယ် နောက်ကျလျှင် နှင်းပွင့်လေး က မီးပုံထဲသို့ ခုန်ချပြီးနေလောက်ပေပြီ။
မီးပုံထဲသို့ ခုန်ချ၍ သေမည်မဟုတ်သော်လည်း အမွှေးဖြူဖြူများ မီးကျွမ်း၍ မဲသွားနိုင်သည်လေ။

"ပြဿနာ မရှာစမ်းနဲ့ကွာ" လုံချန်က ဒေါသထွက်ဟန်ဖြင့် နှင်းပွင့်လေးကိုဖြဲ ချောက်ရ၏။

နှင်းပွင့်လေးက လုံချန်၏ ဒေါသကို ရိပ်မိသည့်အလား ချက်ချင်းငြိမ်ကျသွားတော့သည်။သူကား သူ့အမှား
ကိုသိပုံနှင့် လုံချန်အား မျက်လုံးချင်း စိုက်မကြည့်ဝံ့ပဲ မြေကြီးသို့သာ ကြည့်နေတော့၏။လုံချန်က နှင်းပွင့်
လေးအား စိတ်ကိုထိန်းချုပ်သည့် နည်းလမ်းအသုံးမပြုထားသည့်တိုင် လုဖိန်အော် သင်ပေးသွားသည့်
နည်းလမ်းဖြင့် သူ့၏ စိတ်ခံစားချက်အား ဖော်ပြနိုင်လေ၏။

သို့သော် သူသာ စိတ်ကိုထိန်းချုပ်သည့်နည်းလမ်းကို အသုံးပြုထားလျှင် သူသည် နှင်းပွင့်လေးကို အ
တွေးတစ်ချက်ဖြင့်ပင် သတ်ပစ်လိုက်နိုင်စွမ်းရှိသည်ဖြစ်ရာ နှင်းပွင့်လေးအဖို့ သူ့အပေါ်၌ သစ္စာဖောက်
မည့်အတွေးအား ယောင်၍ပင် တွေးဝံ့မည်မဟုတ်ချေ။

သို့ရာတွင် လုံချန်က ဤကဲ့သို့သော နည်းလမ်းမျိုးဖြင့် အစေခံ တစ်ကောင် ကဲ့သို့ထိန်းချုပ်ထားခြင်းကို
မနှစ်သက်ပဲ အဖော်အပေါင်းတစ်ယောက်ကဲ့သို့ ဆက်ဆံခြင်းကိုသာ ပို၍ နှစ်သက်လေ၏။မည်သို့ပင်
ဖြစ်စေ ယခုအခါ၌ နှင်းပွင့်လေးသည် ငယ်ရွယ်သေးသည်ဖြစ်ရာ လုပ်သင့်၊မလုပ်သင့် အမှား၊အမှန်
အားခွဲခြားရန်က သူ့အကူအညီလိုပေသည်။

နှင်းပွင့်လေးမှာ လုံချန်အား မသိမသာ ချောင်းကြည့်ရာတွင် လုံချန်၏ မျက်နှာသည် မှုန်မှိုင်းနေတုန်းပင်
ရှိသည်ကို တွေ့သည်နှင့် သူ့ခြေသလုံးကို သူ့ခန္ဓာကိုယ်လေးဖြင့် လာရောက်ပွတ်သပ်နေတော့၏။
လုံချန်က ရယ်ချင်နေသော်လည်း အောင့်ထားလိုက်၏။ယခုအချိန်တွင် သူ အလျှော့ပေးလျှင် နောင်အခါ
နှင်းပွင့်လေးက သူ့စကားကို နားထောင်မည်မဟုတ်တော့ပေ။နှင်းပွင့်လေးကို သူ သင်ခန်းစာပေးရန်လို၏။

နှင်းပွင့်လေးက လုံချန်အား အချိန်အတော်ကြာအောင်ပွတ်သပ်နေသော်ငြား လုံချန့်မျက်နှာမှာ မှုန်မှိုင်း
လျှက်ပင်ရှိနေသေးသည်ကို မြင်လျှင် သူ့ခေါင်းလေးကို အောက်စိုက်၍ မျက်ရည်များကျလာတော့၏။
လုံချန်က မိမိမျက်စိကိုယ်ပင် မယုံနိုင်ဖြစ်နေ၏။သေသေချာချာကြည့်မှ နှင်းပွင့်လေး၏ မျက်၀န်းမှ မျက်
ရည်စများကို သူကတွေ့လေသည်။

"ကဲ..ကောင်းပြီ နောက်တစ်ခါ ဒီလိုမလုပ်နဲ့ မင်းအတွက် အန္တာရာယ်ရှိလို့ပြောတာ နားလည်လား"

လုံချန်က မချိပြုံး ပြုံး၍ နှင်းပွင့်လေး၏ ခေါင်းကိုပွတ်သပ်ပေးလိုက်၏။နှင်းပွင့်လေးက လုံချန်ပြောသည်ကို
နားလည်ဟန်ဖြင့် သူ့ခေါင်းသေသေးလေးဖြင့် လုံချန်၏ ခြေသလုံးကို နောက်တစ်ကြိမ်ပွတ်သပ်နေပြန်
သည်။လုံချန်က သက်ပြင်းချလိုက်၏။ကြည့်ရသည်မှာ သူသည် နှင်းပွင့်လေးအတွက်လည်း စိတ်ပူရ
ဦးမည့်ပုံပင်။

သွားရည် တစ်မြားမြားဖြစ်နေသည့် လူကြမ်းလေးကို ကြည့်လိုက်တော့လည်း လုံချန် ခေါင်းကိုက်ချင်
လာ၏။အသားကင် ကျက်သလောက်ဖြစ်လျှင် လုံချန်က အသားတုံးအတော်ကြီးကြီးတစ်တုံးကိုလှီး၍
နှင်းပွင့်လေးကို ပေးလိုက်၏။နှင်းပွင့်လေးက အသားတုံးသေးသေး လေးများ စားရသည်ကိုမနှစ်သက်
ပေ။

လုံချန်က သူ့အတွက် အသားကင် အနည်းငယ်ကိုသာ ချန်၍ ကျန်သည့်အသားများကို လူကြမ်းလေးအား
ပေးလိုက်၏။အကြောင်းမှာ လူကြမ်းလေး၏ ဗိုက်ကား မည်သည့်အခါမျှပြည့်သည်ဟူ၍ မရှိခြင်းကြောင့်
ပင်။သူ့အနေနှင့် လူကြမ်းလေး၏ သဘာ၀အား သိသည့်တိုင် တန်ပေါင်းမျာစွာအလေးချိန်ရှိသည့်
နွားကင်ကြီးမှာ ခဏချင်း ကုန်သွားသည်ကို မြင်လျှင် အတော်လေး အံ့အားသင့်ရသေး၏။မြေပြင် ပေါ်
၌ နွားရိုးများ တောင်ပုံရာပုံဖြစ်နေသည့်တိုင် ဝသေးဟန် မတူသည့် လူကြမ်းလေးအား ကြည့်ရင်း လုံချန်
ဘာပြောရမှန်းမသိဖြစ်နေတော့၏။

လူကြမ်းလေးအတွက် မှော်သားရဲ၏ အသားသည်် ခွန်အားကို ပိုမို၍ ဖြည့်စွမ်းပေး နိုင်သည်
ဖြစ်ရာ သာမာန်အသားများထက်ပို ကောင်းလေ၏။လူကြမ်းလေး၏ ခန္ဓာကိုယ်အား သူ လေ့လာကြည့်
ရာတွင် လူကြမ်းလေး၏ ငြိမ်သက်နေသည့် ဆဲလ် များမှာ ပြန်အသက်၀င်နေပြီး အလွန်ကောင်းမွန်သည့်
လက္ခာ ဖြစ်ကြောင်းသိလိုက်ရ၏။

တစ်ချိန်းတည်းတွင် မှော်သားရဲ၏ အသားသည် လူကြမ်းလေးအတွက် အတော်လေးထိရောက်ကြောင်း
လည်း လုံချန် သဘောပေါက်သွား၏။စားသောက် ပြီးနောက် နှင်းပွင့်လေး၏ ဗိုက်မှာလည်း ဘောလုံး
တစ်လုံးကဲ့သို့ဖြစ်နေပြီး လူကြမ်းလေး၏ နောက်သို့သွား၍ သမ်းဝေနေတော့၏။

ထိုအချိန်၌ လုံချန်က ကျင့်စဉ်စကျင့်နေပြီဖြစ်သည်။သူ့ကျင့်စဉ်သည် သွေးနှောအဆင့်သို့ တက်နိုင်ခြင်း
မရှိပဲ စွမ်းအင်စက်ကွင်းများသာ ထပ်ပေါ်လာနေ၏။လူကြမ်းလေးမှာမူ တင်းတိမ် နိုင်သေးဟန်မတူပဲ
အမဲထပ်လိုက်ရန် တောင်ဖြိုရဲဒင်းအား ကျောတွင်လွယ်ကာ ဂူထဲမှ ထွက်သွားပြန်၏။

နောက်တစ်ရက် နေ့လည်ခင်း၌ တိုက်ခတ်လာသည့် လေတွင် စကားပြောသံအချို့ ပါလာသည်ကိုကြား
လျှင် လုံချန်က သိုင်းကျင့်နေရာမှ မျက်လုံးများအား ခပ်ဖြေးဖြေးဖွင့်လိုက်၏။နောက်ဆုံးတော့ သူ စောင့်
နေသည်လူက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာချေပြီ။

MK Aung

#######

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၇၂)ကြောက်မက်ဖွယ်ရာလူကြမ်းလေး

နွားရိုင်းတစ်ကောင်ဆွဲထားသော ဇိမ်ခံလှည်းတစ်စီးသည် တောင်ဘက် တောင်ကြားလမ်းသို့ဖြတ်ကာ
ခပ်ဖြေးဖြေး၀င်လာ၏။လှည်း၏ဘေးပတ်လည်၌ လိုက်ပါစောင့်ကြပ်လျှက်ရှိသည့် ဒါဇင်နှင့်ချီသည့်အ
စောင့်အကြပ်များလည်းရှိ၏။

ထိုစဉ် ရထားလုံးသည် ရုတ်ချည်းရပ်သွား၏။ရထားလုံးထဲ၌ ရှိသောရှချန်ဖုန်းက စိတ်ဆိုးမာန်ဆိုးဖြင့်လှမ်း
မေးလိုက်သည်။

"ဘာ့ကြောင့် ရပ်လိုက်ရတာလည်းကွ"

မဟာရှပြည်သို့ ပြန်လာရာတွင် ရှချန်ဖုန်း၌ အချက်နှစ်ခုရှိ၏။ပထမတစ်ချက်သည် မင်းသမီးနှင့် မင်္ဂလာ
ပွဲအတွက် ပြင်ဆင်စရာများအား ပြင်ဆင်ရန်နှင့် ဒုတိယအချက်မှာ ၀တ်ရုံဖြူက သူတို့၏အစီအစဉ်များ
နှင့်ပတ်သတ်၍ ပြင်ဆင်စရာရှိသည်တို့ကို ပြင်ဆင်ရန် အမိန့်ပေးခြင်းကြောင့်ဖြစ်သည်။

ထို့ကြောင့် ရှချန်းဖုန်းမှာ ငယ်သားတို့အား အမိန့်ပေး၍ မဟာရှပြည်သို့ မြန်နိုင်သမျှမြန်မြန်ရောက်ရန်
နေ့ရောညပါ အပြင်းအထန် ခရီးနှင်ခဲ့ရခြင်းပင်။ဤ တောင်ပိုင်း တောင်ကြားလမ်းသို့ ရောက်ရန် သူ့
အနေနှင့် တစ်ရက်နှင့် တစ်ညသာ လာခဲ့ရ၏။နောက်ထပ် နေ့၀က်ခန့်ခရီးနှင်လျှင် သူတို့အဖွဲ့ မဟာရှ
သို့ရောက်ပြီဖြစ်၏။

ကောင်းကင်ထက်၌ ပျံသန်းနိုင်သော မှော်သားရဲများနှင့် ခရီးသွားခြင်းက ယခုထက်ပို၍ ခရီးတွင်နိုင်
သော်လည်း သူတို့အုပ်စုမှာ လူများခြင်းက တစ်ကြောင်း သူတို့စီးနင်းမည့် မှော်သားရဲများထက် အစွမ်း
ပိုထက်သည့် မှော်သားရဲများနှင့် ကံမကောင်းစွာ ရင်ဆိုင် တိုးခဲ့လျှင် အသက်အန္တာရာယ်ရှိနိုင်သည်က
တစ်ကြောင်းတို့ကြောင့် ရှချန်ဖုန်းသည် ဤသို့ ကုန်းကြောင်းဖြင့်သာ သွားရန် မလွှဲမရှောင်သာ ရွေး
ချယ်ခဲ့ရခြင်းပင်။

"မင်းသား ကျွန်တော်မျိုးတို့သွားမယ့်လမ်းကို လူနှစ်ယောက်တားဆီးနေပါတယ်" ရထားလုံးအပြင်မှ
ရဲမက်တစ်ယောက်က အစီရင်ခံလာ၏။

"ဘယ်သူလည်း" ရှချန်ဖုန်း အံ့အားသင့်နေ၏။ရှချန်ဖုန်း မျက်မှောင်ကြုံ့၍ ရထားလုံးအပြင်သို့ကြည့်
လိုက်၏။ဤနေရာ၌ တောင်ကြားလမ်းကား ကျဉ်းမြောင်းလွန်းလှသည်။အကယ်၍ သူတို့ ရှေ့ဆက်
သွားလို့လျှင် လူနှစ်ယောက်ပိတ်ထားသည့်လမ်းသို့ ဖြတ်ကိုဖြတ်သွားမှရမည်။

ရှချန်းဖုန်းမှာ တားဆီးနေသော လူနှစ်ယောက်ကိုမြင်လျှင် သူ့မျက်လုံးတွင် အလင်းတစ်ချက်ဖြတ်ပြေး
သွားပြီး ရယ်လိုက်၏။

"လုံချန် မင်းကငါ့ကိုနှုတ်ဆက်ဖို့ ဒီနေရာမှာစောင့်နေတာလား" ရှချန်ဖုန်းသည် လက်ကိုဝေ့ယမ်းလိုက်
လျှင် အစောင့်များက လုံချန်တို့နှစ်ယောက်ကို စက်ဝိုင်းပြတ် ပုံသဏ္ဍန် ဝိုင်း၍ နေရာယူပြီးဖြစ်နေ၏။
လုံချန်က ရှချန်ဖုန်းအား ကြည့်၍ ခေါင်းငြိမ့်၏။

"ခင်ဗျားမှန်တယ် .... ပင်ပန်းတစ်ကြီး ခင်ဗျားခရီးနှင်လာရတော့ ကျုပ်လည်း ဒီနေရာကိုစောအောင်လာ
စောင့်နေပြီး ခင်ဗျားကို နှုတ်ဆက်သင့်တယ်လို့ထင်လိုက်တယ်လေ"

"မင်းတို့နှစ်ယောက်က ငါ့ကိုဒီနေရာမှာလာစောင့်နေတာဟာ ငါ့ကိုလုပ်ကြံနိုင်စွမ်းရှိမယ်လို့တွေးထား
ကြတာလား" ရှချန်ဖုန်းကလှောင်၏။

"ကဲပါလေ...လုပ်ကြံတယ်ဆိုတဲ့စကားက မှန်တဲ့စကားလို့တော့ ကျုပ်မထင်ဘူး ဒီနေရာကိုလာတာဟာ
ခင်ဗျားကို သတ်ဖို့လာတာပဲ" လုံချန်၏ မျက်နှာသည် ရေခဲတစ်မျှအေးစက်၍ ရှချန်ဖုန်းအား လက်ညှိုး
ထိုးကာ ပြောလိုက်၏။

"ခင်ဗျားနဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေ ကျုပ်သိပ်များများစားစား မပြောချင်တော့ဘူး ချူယောင်ကိုယ်ထဲ
ကပိတ်ဆို့ထားတဲ့ စွမ်းအင်ကိုးမျိုးဟာ ခင်ဗျားလက်ချက်မလား"

ချူယောင်ခံစားခဲ့ရသည်များအား သတိရလျှင် လုံချန်က လူသတ်ချင်စိတ်များ ဖြစ်လာရပြန်၏။ယခုအ
ချိန်တွင် ချူယောင်သည် သူ့၏ ချစ်သူဖြစ်နေပြီဖြစ်ရာ သူက သူ့ချစ်သူအပေါ်၌ ဤသို့ပြုလုပ်ထားခြင်း
အားမည်သို့မျှ လက်ခံနိုင်စွမ်းမရှိချေ။

တစ်ချိန်းတည်းတွင် ချူယောင်ခံစားတွေ့ကြုံခဲ့ရသကဲ့သို့ သူလည်း တွေ့ကြုံခံစားခဲ့ရသည်ပင်။အကယ်၍
သူ့အားသိုင်းမကျင့်နိုင်စေရန် လုပ်ကြံခဲ့သူများတွင် ရှချန်ဖုန်းသာ ပါ၀င်နေမည်ဆိုလျှင် ဤကိစ္စကြီး၏
နောက်ကွယ်မှ တရားခံအား စုံစမ်းရန်အတွက် အကောင်းဆုံးလူမှာ ရှချန်ဖုန်းသာလျှင် ဖြစ်ချိမ့်မည်။

ရှချန်ဖုန်း မျက်နှာအနည်းငယ်ပျက်သွား၏။လုံချန်၏ စကားသည် သူ့အားသိသိသာသာ အံ့အားသင့်သွား
စေသည့် တိုင်အောင် သူက အေးစက်စက်လေသံဖြင့်သာ စကားပြန်လာသည်။

"အင်း ကြည့်ရတာမင်းက ကိစ္စတစ်ချို့ကိုသိပြီးနေပုံပဲ ဒါပေမယ့် ကိစ္စတော့မရှိပါဘူး သေလူတစ်ယောက်
ကဘယ်လောက်သိထားသိထား အကြောင်းမှမဟုတ်တာ"

ယင်းသို့ ပြန်ပြောလာခြင်းသည် လွန်စွာပြတ်သားသည့်အပြင် လုံချန်မျှော်လင့်ထားသည့် အဖြေမျိုးလည်း
မဟုတ်ချေ။သို့ရာတွင် ရှချန်ဖုန်းကား ကိစ္စအတော်များများအား သိထားသည်ကို လုံချန်အတည်ပြုလိုက်
နိုင်၏။လုံချန်ရယ်လိုက်၏။သူသည် ရှချန်ဖုန်းထံမှ ကိစ္စတော်တော်များများကို ယနေ့ သိခွင့် ရကောင်း
ရနိုင်၏။

"လုံချန်...လုံချန် ... ငါက မင်းကို အရင်ကအတော်နပ်တဲ့ကောင်လို့ထင်ခဲ့တာ ဒါပေမယ့် ဒီနေ့မှ ငါ့
အထင်မှားမှန်းသိရတော့တယ် ဒီလိုငါ့အထင်မှားတဲ့ အတွက် ငါတော်တော်လေးပျော်တယ်ကွာ...
ငါ့ကိုလုပ်ကြံဖို့ ဒီနေရာကို မင်းတို့နှစ်ယောက်ထဲလာရဲတယ်ဟုတ်လား မင်းရဲ့ ရဲတင်းမှုကို ငါချီးကျူးရမ
လား ရယ်ရမလားတောင်မသိတော့ဘူး .... ကြည့်ရတာ ဟောင်ချန်ကို သတ်လိုက်ပြီးကတည်းက
မင်း တော်တော်ရဲတင်းလာပုံပဲ"

"မင်းကိုယ်မင်း မိုးအောက်မြေပြင်တစ်ခွင် ပြိုင်စံရှားလို့များထင်နေသလား ၀မ်မင် မင်းငါ့ကို အစွမ်းပြ
ချင်တယ်လို့ ခဏ ခဏ တောင်းဆိုဖူးတယ်မို့လား  အခု မင်းအစွမ်းပြရမယ့်အချိန်ရောက်လာပြီ ဒီ
ကောင်လေးရဲ့ခေါင်းကိုသွားဖြတ်လာခဲ့စမ်း"  ရှချန်ဖုန်းက အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏။

ရှချန်ဖုန်းအမိန့်ပေးလိုက် သူမှာ သူ့၏ ရဲမက်များထဲမှ တစ်ယောက်ဖြစ်၏၏။အဆိုပါ ၀မ်မင်ဆိုသူ
မှာ လွန်မင်းစွာ အရပ်ရှည်၍၊ခွန်အားလည်း သန်မာကာ မျက်နှာမှာမူ မီးသွေးခဲတစ်မျှ မဲနက်သူတစ်
ယောက်ဖြစ်၏။ရှချန်ဖုန်းထံမှ အမိန့်ရလျှင် ၀မ်မင်၏ မျက်နှာထက်၌ လှောင်ပြုံးတစ်ခု ပေါ်လာရာ
မျက်နှာမဲမဲအောက်မှ ဖြူဖွေးနေသော သွားများသည် မှော်သားရဲတစ်ကောင် သွားဖြဲပြနေသကဲ့သို့ပင်
ဖြစ်၏။

၀မ်မင်သည် ဟောင်ချန်ကဲ့သို့ပင် ရှချန်ဖုန်း၏ လျှို့ဝှက်လက်နက်အဖြစ်အသုံးပြုသူတစ်ယောက်ဖြစ်
၏။သို့သော်ငြား ဟောင်ချန်သည် လူရှေ့သို့ထွက်ရသူဖြစ်ပြီး ၀မ်မင်ကတော့ နောက်ကွယ်မှသာတိတ်
တဆိတ်နေရသူဖြစ်သည်။ရှချန်ဖုန်းအားသိသည်သူများသည် ဟောင်ချန်အား သိသော်လည်း ၀မ်မင်
ကိုတော့မသိကြပေ။

"မပူပါနဲ့ မင်းသား ဒီကောင်လေးကို အများဆုံးတိုက်ရ သိုင်းဆယ်ကွက်ပါပဲ" ၀မ်မင်ကရယ်ရင်း ရှေ့သို့
ပြေးထွက်သွား၏။

၀မ်မင်က ဓားအိမ်ထဲမှ ဓားရှည်တစ်ချောင်းအား ဆွဲထုတ်လိုက်လျှင် လုံချန်က သူ့မျက်လုံးများကို မှေး
ကျဉ်း၍ ကြည့်လိုက်၏။ဓားရှည်အများစုမှာ သာမာန်ဓားများထက်လေးလံ၍ ဗြက်လည်း လက်လေးလုံး
ခန့်ပို၍ကျယ်၏။အကြောင်းမှာ ဗြက်ကျယ်ခြင်းကြောင့် အလေးချိန်ပို၍တိုးလာခြင်းပင်ဖြစ်၏။မည်သို့ဆို
စေ ဓားရှည်များသည် သာမာန်ဓားများထက်များစွာပို၍ လေးလံ၏။

သို့ဖြစ်ရာ သိုင်းသမားအများစုသည် ဓားရှည်များအားအသုံးမပြုကြပေ။ယခုမူ ၀မ်မင်ကိုင်ထားသည့်
ဓားရှည်မှာ ကြောက်လန့်စရာကောင်းလောက်အောင် လက် 7 လုံးခန့်ဗြက်ကျယ်နေ၏။ဓားရှည်က
သူ့ထံသို့ မရောက်လာခင်တွင်ပင် ကြောက်မက်ဖွယ်ရာ လေတိုးသံကြီးတစ်ဟူးဟူးကို လုံချန်ကြားလာ
ရ၏။ဓားပတ်လည်၌ လေများတစ်ဟူးဟူးလေလျှက်ရှိကာ သူထံသို့ ပြေး၀င်လာလေ၏။

"မင်းကငါ့အတွက်ပဲ" လုံချန်ကားလှုပ်ပင်မလှုပ်ချေ။လူကြမ်းလေးကမူ အော်ဟစ်ကြုံးဝါးရင်း သူ့လက်
ထဲမှ တောင်ဖြိုရဲဒင်းဖြင့် ၀င်လာသည့်ဓားရှည်အား ဝီးကနဲ ဖြတ်ပိုင်း၍ ခုတ်ချလိုက်၏။တောင်ဖြိုရဲဒင်း
သည် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်သာ မြင်လိုက်ရကာ ၀မ်မင်၏ ဓားရှည်ဖြင့် ထိခိုက်မိလျှင်
မီးပွားများမှာ နေရာအနှံ့သို့ထွက်လာပြီး မိုးခြိမ်းသံကဲ့သို့ အသံကြီးတစ်သံထွက်လာ၏။

အနှီ မိုးခြိမ်းသံကဲ့သို့အသံကြီးကြောင့် အချို့သောအစောင့်များသည် နားစည်များကွဲထွက်၍ နားထဲမှ
သွေးများစီးကျလာပြီးလျှင် မည်သည့်အသံကိုမှ မကြားရတော့ချေ။ထိုသို့ ထိခိုက်မှုအပြီး၌ လူကြမ်းလေး
ကော ၀မ်မင်ပါ နောက်သို့လွင့်သွားကြ၏။လူကြမ်းလေးမှာ နောက်သို့ခြေလှမ်းသုံးလှမ်းခန့်ဆုတ်လိုက်
ရပြီး မိမိကိုယ်ကို ပြန်ထိန်းလိုက်နိုင်သည့်တိုင်အောင် ၀မ်မင်သည် ဆယ်မီတာ ခန့်မျှ နောက်ကိုဆုတ်
သွားရသည့်အပြင် အားစိုက်၍ ထိန်းလိုက်ရဟန်ဖြင့် မြေပြင်တွင် စွပ်ကြောင်းကြီးနှစ်ကြောင်းလည်း
ပေါ်လာ၏။

ဤသို့ကြောက်မက်ဖွယ်ရာ ထိခိုက်မှု ဖြစ်အပြီး၌ ရှချန်ဖုန်းက လူကြမ်းလေးအား များစွာထိန့်လန့်ဟန်
ဖြင့်ကြည့်လိုက်လေ၏။လူကြမ်းလေး၏ တောင်ဖြိုရဲဒင်းအား မြင်လျှင် လေလံပွဲမှ လုံချန်၀ယ်သွားသော
ရဲဒင်းဖြစ်မှန်း ရှချန်ဖုန်းက မှတ်မိ၏။ထိုရဲဒင်းကား နှစ်တန်ခန့် လေးသည့်ရဲဒင်းကြီးဖြစ်၏။

အနှီရဲဒင်းသည် လူကြမ်းလေးအတွက် စိတ်ကြိုက်ပြုလုပ်ပေးထားသည့်နှယ်ဖြစ်နေ၏။ရဲဒင်းကား လူကြမ်း
လေးလက်ထဲ၌ ကလေးကစားစရာတစ်ခုကဲ့သို့ပင်ဖြစ်နေ၏။ရှချန်ဖုန်း အံ့သြထိတ်လန့်နေစဉ်တွင် ပို၍
ထိတ်လန့်ရသူမှာ ၀မ်မင်ဖြစ်၏။သူသည် ကလေးဘ၀မှစ၍ မွေးရာပါ အလွန်ခွန်အားသန်မာသူတစ်ယောက်
ဖြစ်ရာ သူ့လက်ထဲတွင် ကိုင်ထားသည့် တစ်တန်ကျော်လေးလံသည့် ဓားရှည်ကြီးဖြင့် ယှဉ်ပြိုင်တိုက်ခိုက်
ရာတွင် သူနှင့်အဆင့်တူသူများတွင်ပင် သူ့အား သိုင်းသုံးကွက်ထက်ပို၍ ယှဉ်နိုင်သူမရှိချေ။

ဘိစ်ပုံသဏ္ဍန်သို့ပြောင်းထားသည့် ဟောင်ချန်ကိုပင် သူက သိုင်းဆယ်ကွက်ဖြင့် အနိုင်ရအောင်တိုက်
ခိုက်နိုင်သူဖြစ်၏။သို့ရာတွင် ယခုအခါ၌ သိုင်းပညာဟူ၍ တစ်စိုးတစ်စိမှ မတတ်သည့် လူတစ်ယောက်
ကြောင့်သူသည် နောက်သို့ခြေဆယ်လှမ်းခန့်ဆုတ်လိုက်ရသည်။သူကား လူကြမ်းလေးအား လန့်သွားသ
ကဲ့သို့ အစာလည်းမကြေပေ။

၀မ်မင်က အော်ဟစ်ကြုံးဝါးလိုက်လျှင် သွေးချီဓာတ်သည် သူ့ခန္ဓာကိုယ်မှ ပေါ်ထွက်လာလေသည်။
မူလ၌ သူသည် လုံချန်ကိုသာ တိုက်ခိုက်ရန်ဦးတည်ထားလေရာ သူ့၏ သိုင်းပညာအစစ်အမှန်ကိုထုတ်
ပြရန် ဆန္ဒမရှိချေ။ဤကဲ့သို့ သူ့သိုင်းပညာအား ဖုံးကွယ်ထားခြင်းမှာ ရှချန်ဖုန်းအမိန့်ကြောင့်ဖြစ်၏။
သို့သော်ယခုတော့ လူတစ်ယောက်က သူ့ကို အနိုင်ယူချေပြီ။သူဒေါသ သိပ်ထွက်ရ၏။သူ့အား အနိုင်
ယူနိုင်သော ဤကဲ့သို့ ပြိုင်ဘက်မျိုးအား အလွတ်ပေးထား၍ မဖြစ်ချေ။

၀မ်မင်ကိုင်ထားသည့် လက်ထဲမှဓားသည် တစ်ဆတ်ဆတ်တုန်လာပြီး လေများက ဝဲကတော့ထိုး၍
လှိုင်းများထလာ၏။ယခုတစ်ကြိမ်၌ သူ့ဓားမှ ထွက်လာသည့်လေလှိုင်းများကား ယခင်ကထက်များစွာ
ကြောက်စရာကောင်းပြီးလျှင် ယမမင်း(ငရဲမင်း) မှ အသက်ပေါင်းများစွာအား ခြွေယူတော့မည်ကဲ့သို့
ရှိ၏။

ထိုကဲ့သို့ တိုက်ခိုက်ခြင်းမျိုးသည် အလွန်ရက်စက်လွန်း၏။သို့သော်လုံချန်က အံ့အားသင့်လျှက်ရှိသော်
လည်းစိတ်ကားမပူချေ။၀မ်မင်သည် ခွန်အားကိုသာအားကိုးသူဖြစ်ရာ သိုင်းပညာဟူ၍ သိပ်မတတ်ပေ။
သို့ဖြစ်ရာ ဤကဲ့သို့ တိုက်ခိုက်မှုမျိုးသည် လူကြမ်းလေးအဖို့ အလွယ်တစ်ကူရင်ဆိုင်နိုင်စွမ်းရှိလေသည်။
အကြောင်းမှာ လူကြမ်းလေးသည်လည်း ၀မ်မင်ကဲ့သို့ပင် ခွန်အားကိုသာ အဓိကအားကိုးသူ ဖြစ်နေခြင်း
ကြောင့်ဖြစ်၏။

၀ုန်း.....

တောင်ဖြိုရဲဒင်း နှင့် ဓားရှည် က နောက်တစ်ကြိမ်ထပ်၍ ထိခိုက်မိလေလျှင် ပတ်၀န်းကျင်မှ နွယ်ပင်၊
မြက်ပင်များမှာ အပိုင်းပိုင်းပြတ်ကုန်ကြသလို ချီလှိုင်းကြီးသည် လည်း ပြင်းစွာရိုက်ခတ်လေသည်။
အကယ်၍ ထိုထိခိုက်မှုကြီးကြောင့် သစ်ပင်များ၊မြေကြီးများသာ ပျက်ဆီးလျှင် အကြောင်းမဟုတ်သော်
လည်း ယခုအခါ၌မူ ကျောက်တုံးကြီးများသည်လည်း ချီလှိုင်းရိုက်ခတ်မှုတွင် ပျက်ဆီးလေရာ ကျောက်စ၊
ကျောက်န များမှာ အရပ်လေးမျက်နှာသို့ ဖွာကနဲလွင့်စင်ကုန်လေသည်။

ဤသို့ဖြင့် အစောပိုင်း တိုက်ခိုက်မှု၌ နားစည်များကွဲကုန်ကြသည့် ရဲမက်အချို့သည် အဆိုပါ ထိခိုက်မှု
တွင် မည်သည့်အသံကိုမှ မကြားရတော့သည်ဖြစ်ရာ ကံဆိုးသူ တစ်ယောက်မှာမူ ကျောက်စတစ်ခု၏
ပြင်းထန်စွာ ထိမှန်ခြင်းကို ခံရပြီးလျှင်မြေပေါ်သို့ ခွေကနဲလဲကျ၍ အသက်ကုန်လေသည်။

ထိုအခြင်းအရာအား မြင်လျှင် အခြားရဲမက်များမှာ နောက်သို့ကမန်းကတမ်း ဆုတ်ရ၏။တိုက်ပွဲကြီးကား
စိတ်ကူးပင်မယဉ်ကြည့်နိုင်လောက်အောင်ပြင်းထန်လှရာ မည်သူမှ ဤကဲ့သို့ အဓိပ္ပါယ်မဲ့ အသေမခံ
လိုကြပေ။

တောင်ဖြိုရဲဒင်း နှင့် ဓားရှည်ကြီး ထိလိုက်သည့်အခါတိုင်း၌ မိုးခြိမ်းသံကဲ့သို့ တစ်ဂျိမ်းဂျိမ်းအသံကြီးသည်
သည်းအူပြတ်မတတ်ထွက်ထွက်လာတတ်သည်။ထိုအချိန်တွင် မြေထုသည် တုန်ခါလျှက်ရှိကာ မီးဖွား
များက တစ်ဖွားဖွား လွင့်စင်လျှက်ရှိသည်။လုံချန်သည် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်နေသည့် လူ
ကြမ်းလေးကို ကြည့်ကာ အနည်းငယ်စိတ်လှုပ်ရှားသွား၏။လူကြမ်းလေးကား နောက်ဆုံး၌ သူ့၏ အစစ်
အမှန်စွမ်းရည်ကို ပြသနိုင်ခဲ့လေပြီ။

ယခုအခါတွင် သူ့၏ စွမ်းရည်သည် အပြည့်အ၀မဟုတ်သေးသည့်တိုင်အောင် လုံချန်၏ သွေးနှင့်ချွေးနှင့်
ရင်း၍ သင်ကြားပေးခဲ့ရသည်များက အလကားမဖြစ်ဟူ၍ပြောရမည်။သို့ရာ၌ ၀မ်မင် နှင့်ရင်ဆိုင်ရခြင်း
က လူကြမ်းလေးအတွက် ကံကောင်းသွားသည်လည်းပါသည်။အကယ်၍ လူကြမ်းလေးသာ ဟောင်ချန်
နှင့်ရင်ဆိုင်ရပါမူ ဤကဲ့သို့ လွယ်လွယ်ကူကူ တိုက်ခိုက်နိုင်မည်မဟုတ်ချေ။

လူကြမ်းလေးတွင် တိုက်ခိုက်ရေးအတွေ့အကြုံမရှိပေ။သူ့တွင် ရှိသောအတွေ့အကြုံများက ယခုရက်ပိုင်း
၌ လုံချန်နှင့် အမဲလိုက်ရာမှ ရရှိခဲ့သော အတွေ့အကြုံများသာဖြစ်သည့် အပြင် လူကြမ်းလေးအဖို့ စနစ်
တကျလည်း တိုက်ခိုက်နိုင်ခြင်းမရှိချေ။ထို့ကြောင့် လူကြမ်းလေးသည် ပြိုင်ဘက်၏ တိုက်ခိုက်မှုအား ခု
ခံခြင်းကိုသာ လုပ်ဆောင်နိုင်၏။

အကယ်၍ လူကြမ်းလေးသာ ဦးဆောင်တိုက်ခိုက်လျှင် သူ့၏ သေကွင်းသေကွက်များ လုံးလုံးပေါ်လာ
မည်ဖြစ်သော်လည်း ၀မ်မင်က သတိပြုမိလိမ့်မည်မဟုတ်ချေ။၀မ်မင်နေရာတွင် ဟောင်ချန်သာ ဆိုလျင်
လူကြမ်းလေး၏ သေကွင်းသေကွက်များအား ရုတ်ချည်းသတိပြုမိမည်ဖြစ်ကာ လူကြမ်းလေးအဖို့မည်
မျှပင် အား၊အင် သန်မာသည်ဖြစ်စေ တစ်ချက်တည်းဖြင့် သေသွားနိုင်သည်။

လူကြမ်းလေးသည် သူ့ကိုမတိုက်ခိုက်ပဲ ခုခံနေသည်ကိုသာမြင်လျှင် ၀မ်မင်က သူ့အားရန်စသည်ဟု
ယူဆကာ ဒေါသတစ်ဖြည်းဖြည်းထွက်လာ၏။သူ့၏ တိုက်ခိုက်မှုများက ဒေါသပါလာပြီး ပြင်းထန်သည်
ထက်ပြင်းထန်လာသည်။မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်ခိုက်မှု အတော်များများပြီးသွားပြီဖြစ်သည်။
သို့ရာ၌ လုံချန်အံ့အားသင့်မိသည်က လူကြမ်းလေး၏ ရဲဒင်းကိုင်တွယ်မှုက များစွာတိုးတက်လာပြီး ယခင်
ကကဲ့သို့ မဟုတ်တော့ခြင်းကို ဖြစ်သည်။

ရဲဒင်းကိုင်တွယ်တိုက်ခိုက်ပုံနှင့် ပတ်သတ်၍ လုံချန်က လူကြမ်းလေးကို မည်သည့်အခါကမှ သင်ကြားထား
ပေးခဲ့ခြင်းမရှိချေ။အကြောင်းမှာ သူသင်ကြားပေးသည့်တိုင်အောင် လူကြမ်းလေးက နားလည်နိုင်စွမ်း
မရှိ၍ ဖြစ်သည်။ထို့ပြင် ရဲဒင်းကိုင်တွယ်နည်းအားလည်း လုံချန်မသိချေ။

လူကြမ်းလေးကား တိုက်ခိုက်ရန်မွေးဖွားလာသူတစ်ယောက်ကဲ့သို့ပင်ဖြစ်သည်။ယခုတိုက်ခိုက်နေစဉ်
အတွင်း သူသည် ၀မ်မင်၏ ဓားချက်များကို မသိစိတ်ဖြင့် အလိုအလျှောက်ကာကွယ် နိုင်စွမ်းရှိနေ၏။
သူ့ခန္ဓာကိုယ်သည် သိုင်းကျင့်စရာမလိုအပ်ပဲ ချီစွမ်းအင်များအား အလိုအလျှောက်စုပ်ယူနိုင်သကဲ့သို့
ရှိသည်။

၀မ်မင်ကား ကံဆိုးလွန်းသည်ဟုပြောရမည်။သူသည် သိုင်းပညာဟူ၍ စိုးစိ မှ မတတ်သောလူကြမ်းလေး
၏ တိုက်ခိုက်မှုများကို အလူးအလဲကာကွယ်နေရသည်။သူသည် သိုင်းပညာ ဘက်၌ ကျွမ်းကျင်သူမဟုတ်
ပဲ ခွန်အားကိုသာ အသုံးပြု၍ ပြိုင်ဘက်ကို အနိုင်ယူသူဖြစ်ရာ ကံမကောင်းစွာဖြင့် လူကြမ်းလေး၏ တိုက်
ခိုက်မှုများအောက်၌ သူ့အစွမ်းအစကို ထုတ်မပြနိုင်ပဲဖြစ်နေ၏။

၀မ်မင်သာ ဤကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်သည်မဟုတ်ပဲ သိုင်းပညာဖြင့် စနစ်တစ်ကျတိုက်
ခိုက်မည်ဆိုလျှင် လူကြမ်းလေးရှုံးနိမ့်နေသည်မှာ ကြာပြီဖြစ်သည်။လူကြမ်းလေး အတွက်စိတ်ချရသည်နှင့်
လုံချန်က အချိန်ဆွဲမနေတော့ပေ။သည်အချိန်က လူကြမ်းလေး၏ တိုက်ခိုက်မှုအားကြည့်၍ အံ့အားသင့်
နေကြသည်ဖြစ်ရာ သူ့အတွက် အခွင့်အရေး ယူရန်အကောင်းဆုံးအချိန်ပင်။

အံ့အားသင့်လျှက်ရှိသည့် ရှချန်ဖုန်းအား လုံချန်က တစ်ချက်မျှ ကြည့်ပြီးလျှင် ၎င်းထံသို့ပြေး၀င်ကာ
လက်သီးဖြင့်ထိုးချလိုက်တော့၏။

Mk Aung

########

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၇၃)ရှချန်ဖုန်းအားခေါင်းဖြတ်ခြင်း

ရှချန်ဖုန်းကား အချိန်အတော်ကြာအောင် သူ လျှို့ဝှက်ထားခဲ့သည့် အစွမ်းထက်သိုင်းသမား တစ်ယောက်
အား ဘာမှ မဟုတ်သည့်ငတုံးတစ်ယောက်က လက်ရည်တူ တိုက်ခိုက်နိုင်လိမ့်မည်ဟူ၍ မည်သည့်အခါ
ကမှ ထင်မထားမိခဲ့ပေ။

မည်သို့ဆိုစေ ၀မ်မင်ဆိုသည်မှာ ဟောင်ချန်ပင်လျှင် သိုင်းဆယ်ကွက်ပြည့်အောင် မခုခံနိုင်သူဖြစ်ရာ
ဤ ဘယ်ကမှန်းမသိသည့် ငတုံးတစ်ကောင်က အကွက်သုံးဆယ်ပြည့်သည့်တိုင်အောင် အေးဆေးဆေး
ဆေးခုခံ နိုင်သည့်အပြင် နောက်ထပ်လည်း ခုခံနိုင်မည့်လက္ခဏာများအားမြင်လျှင် သူက မည်သို့ အံ့
အားမသင့်ပဲ နေနိုင်မည်နည်း။

ယခင်က စားသောက်ဆိုင်တွင် ဖြစ်ခဲ့သည်ကိစ္စတွင် ဟောင်ချန်၏ တိုက်ခိုက်လာမှုအား လူကြမ်းလေး
သည် သူ့၏ခွန်အားကို အပြည့်အ၀အသုံးပြုသည့်တိုင်အောင် ခုခံနိုင်ရုံသာရှိခဲ့၏။ထိုကိစ္စအား ရှချန်ဖုန်း
က နောက်ပိုင်း၌ ဟောင်ချန်အား မေးရာတွင် ယင်း ငတုံး၏ ခွန်အားမှာ အနည်းငယ်ထူးဆန်းသော်
လည်း စိုးရိမ်စရာမရှိကြောင်း၊သူ အလွယ်တစ်ကူသတ်နိုင်ကြောင်း ဟောင်ချန်ကပြန်ပြောခဲ့သည်။

ရှချန်ဖုန်းသည် အံ့အားသင့်လျှက်ရှိစဉ်မှာပင် မသိစိတ်၏ စေ့ဆော်မှုကြောင့် ဘာမှ မစဉ်းစား
ပဲ လက်သီးတစ်လုံးကို အလိုလို တုန့်ပြန်၍ ထိုးလိုက်မိသည်။

၀ုန်း....

လုံချန်၏ တိတ်တဆိတ်ထိုးလိုက်သော လက်သီးကို ရှချန်ဖုန်းကကားထားလိုက်သည်။ပြီးလျှင် ထိုလက်
သီး၏ အားဖြင့် သူသည်နောက်သို့ခုန်၍ ဆုတ်သွား၏။ထိုအခါမှ ရဲမက်များမှာ သတိ၀င်လာကာ သူ့ထံ
သို့ကူညီရန် အပြေးအလွှားရောက်လာကြပြီး လက်နက်များကိုင်ဆွဲ၍ လုံချန့်ထံသို့ ပြေး၀င်လာကြသည်။

လုံချန်ကဟမ့် ကနဲ လှောင်ပြောင်၍ သူ့လက်ကို မုဒြာပုံစံတစ်မျိုးလုပ်လိုက်၏။သူ့၏ လက်နှစ်ဖက်ကြား
တွင် အလင်းလုံးတစ်ခု ပေါ်လာကာ ကြောက်မက်ဖွယ်ရာအပူ လှိုင်းသည် လေထုကိုဖြတ်၍ ရိုက်ခတ်
လာလေသည်။

"နောက်ဆုတ် မြန်မြန် ဆုတ်ကြ"

ထိုအချင်းအရာအားမြင်သည်တွင် ရှချန်းဖုန်းမှာ မျက်နှာကွက်ကနဲ ပျက်သွားကာ အလျှင်စလိုပြော
လိုက်သော်ငြား နားစည်များကွဲနေသည့် ရဲမက်များသည် သူဘာပြောသည်ကို သဘောပေါက်ရန် အ
တော်ကလေးနောက်ကျသွား၏။ရှချန်ဖုန်း ဘာပြော ချင်သည်ကို သူတို့သဘောပေါက်သည့်အချိန်၌
လုံချန်က ပြင်ဆင်မှုများပြုလုပ်ပြီးသွားပြီဖြစ်သည်။

ကြက်ဥ အရွယ်ခန့်ရှိသည့် အလင်းလုံးတစ်လုံးသည် လုံချန့်လက်မှ ပြေးထွက်သွားလျှင် ထိုအလင်းလုံး
၏နောက်၌ မီးတန်းကြီ်းကျန်ခဲ့လေသည်။ပတ်၀န်ကျင်လေထုသည် ပူပြင်းလှသည်ဖြစ်
ရာ လေများပင် တစ်ဟူးဟူးမြည်သံပေး၍ ကတော့ထိုးလည်လာ၏။

အုန်း......

ထိုအလင်းလုံးသည် ရဲမက်အုပ်စု ၏ အလယ်သို့ပြေး၀င်သွားကာ ပေါက်ကွဲသည်တွင် အလွန်ကြောက်
မက်ဖွယ်ရာကောင်းလှသည့် ရဲရဲနီသော မီးတောက်ကြီးအသွင်သို့ပြောင်းသွားတော့သည်။ကြောက်
လန့်တစ်ကြားအော်သံ၊ဟစ်သံများထွက်လာသည်။ မီးတောက်ကြီးကား မီတာသုံးဆယ်ခန့်အထိ ပျံ့နှံ့လျှက်
ရဲမက်များအား တစ်ယောက်မကျန်အောင် လောင်ကျွမ်းသွား၏။

ထိုမီးတောက်က လုံချန်၏ ဆေးမီးတောက်ပင်ဖြစ်သည်။သူက ဆေးမီးတောက်၏စွမ်းအင်များအား
အလင်းလုံး တစ်လုံးအဖြစ်စုစည်းကာ ပစ်လွှတ်လိုက်ခြင်းဖြစ်သည်။ပုံမှန်အတိုင်းဆိုလျှင် အတော်က
လေးအဆင့်မြင့်သည့် ဆေးဆရာများသာ ထိုကဲ့သို့ မီးတောက်ပစ်လွှတ်နိုင်ခြင်းဖြစ်သည်။
အကြောင်းမှာ ထိုကဲ့သို့ မီးတောက်မျိုးပြုလုပ်ရန် အတွက် လွန်မင်းစွာ အစွမ်းထက်သည့် ဆေးမီး
တောက် လိုအပ်ခြင်းကြောင့်ဖြစ်၏။

ထို့ပြင် အလွန်အစွမ်းထက်သည့် စိတ္တစွမ်းအားလည်း လိုအပ်သေးသည့်အပြင် ထိုသို့မီးတောက်အား
စုစည်းနေသည့်အချိန်၌ မိမိခန္ဓာကိုယ်အတွင်း၌ ပေါက်ကွဲသွားနိုင်သည့် အခြေအနေလည်း ရှိရာ
အလွန်အန္တာရာယ်များသည့်အလုပ်ဖြစ်သည်။လုံချန်တွင် အစွမ်းထက် ဘိစ်မီးတောက်သာမက အစွမ်း
ထက် စိတ္တ စွမ်းအားများလည်း ပိုင်ဆိုင်ထားသည် ဆိုခြင်းအားပြောစရာပင်မလိုချေ။

အဓိကအချက်မှာ သူ့၏ ဆေးနတ်ဘုရားမှတ်ညာဏ်များကြောင့် ယင်းသို့ မီးတောက်ထုတ်လွှတ်ခြင်း
သည်ကလေးကစားစရာ တစ်ခုကဲ့သို့ လွယ်ကူ နေခြင်းလည်းဖြစ်လေသည်။၎င်းမှာ ဆေးဆရာများ၏
အခြေခံ ကျင့်စဉ်တစ်ခု ဖြစ်သည့်တိုင် ကြောက်စရာ အလွန်အမင်းကောင်းသည်။ထို မီးတောက်၏
အပူရှိန်အား သွေးနှောသိုင်းသမားများပင် မခံနိုင်ကြပေ။

ဒါဇင်နှင့်ချီသော အစောင့်များမှာ ရုတ်ချည်း အသားကင်ဘ၀သို့ပြောင်းရလေသည်။ဆေးမီးတောက်
ဆိုသည်မှာ ရိုးရိုးမီးတောက်များနှင့်မတူပဲ လောင်သည်နှင့် ငြိမ်း၍မရတော့ပေ။လေထုထဲတွင် အသား
ညှော်နံ့များက မွှန်ထူနေ၏။ရှချန်ဖုန်း၏ လက်အောက်ငယ်သားများမှာ ထိုသို့ သေဆုံးကုန်လျှင် ရှ
ချန်ဖုန်းမှာ မျက်စိမှ မီးများတောက်မတတ်ပင်ဖြစ်နေတော့သည်။

လုံချန်၏ မျက်နှာက အနည်းငယ်ဖျော့တော့သွားသည်။ဆေးမီးတောက်အား အသုံးပြုရာ၌ သူ့၏ စွမ်း
အားအတော်များများကို အသုံးပြုရလေရာ စွမ်းအား သုံးစွဲမှု အလွန်များပြားခြင်းကြောင့် သူ့လိုလူပင်
ခံနိုင်ရည်သိပ်မရှိချေ။

ထိုမီးလောင်၍ သေဆုံးသွားသူ ရဲမက်များသည် ရှချန်ဖုန်း၏ လက်ရွေးစင်တပ်သားများဖြစ်သည်။
၎င်းတို့၌ အများစုက သွေးနှောအလယ်အဆင့် နှင့် အထက်သို့ရောက်နေသူများဖြစ်ရာ လုံချန်က
ဤနည်းလမ်းဖြင့် မြန်မြန်အဆုံးသတ်ပေးလိုက်ခြင်းဖြစ်သည်။

သူ့အတွက်မှု ဆေးမီးတောက်အား အချိန်တစ်ခုကြာအောင် အသုံးချနိုင်စွမ်း ရှိတော့မည်မဟုတ်သော
ကြောင့်ဆုံးရှုံးမှုကြီးမားသည်ဟု ဆိုရမည့်တိုင်အောင် သူကတော့ ထိုက်တန်သည်ဟု ယူဆလေသည်။
ယခု သူတိုက်ခိုက်ရမည့် ပြိုင်ဘက်က ရှချန်ဖုန်းသာရှိတော့သည်။အခြားသော ချောင်းမြောင်းတိုက်ခိုက်
မှုများကိုမူ လုံချန် မကြောက်ချေ။

"လုံချန်" ရှချန်ဖုန်းက အံကိုတင်းတင်းကြိတ်၍ လုံချန်ကိုကြည့်လိုက်၏။

"ဘာလည်း" လုံချန်က သူ့၏ ၀တ်ရုံပေါ်မှ ပြာများကို စိမ်ပြေနပြေခါထုတ်ရင်း အေးအေးဆေးဆေး
ပြန်ပြောလိုက်၏။

"ငါ မင်းကိုသတ်မယ်" ရှချန်ဖုန်း၏ အသံသည် အဖျားစွတ်၍ တုန်ခါနေသည်။သူ့ဒေါသကား ဂိတ်ဆုံး
သွားချေပြီ။

"ဒီစကားကို ကျုပ်ပြောတော့မလို့ပဲ" လုံချန်ကပြန်ပြောလိုက်၏။

"ဒါပေမယ့် ခင်ဗျားကို မသတ်ခင် ချူယောင်သိုင်းကျင့်လို့မရအောင် လုပ်ခဲ့တာဘယ်သူဆိုတာကိုကျုပ်
သိချင်တယ်"

"မင်းကသိချင်တယ် ဟားဟား အိမ်မက် မက်မနေနဲ့...."  ရှချန်ဖုန်းက ကောက်ကျစ်စွာပြောသည်။

"မင်းက ငါ့ကိုသတ်နိုင်မယ်လို့တွေးတယ်ပေါ့ မင်းရဲ့အရှက်မဲ့တဲ့ အတွေးဟာ ဘယ်လောက်မှားတယ်
ဆိုတာကို ငါက သက်သေပြပေးရတာပေါ့"

၀ုန်း....

သွေးချီဓာတ်သည် ရှချဖုန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာရာ မီတာအတော်ဝေးဝေးသို့တိုင်အောင်တစ်ဖြတ်
ဖြတ်ရိုက်ခတ်လျှက်ရှိလေသည်။

"မင်းက ငါ့ကို ဘာသိုင်းပညာမှမတတ်ပဲ ပျက်ဆီးနေတဲ့မင်းသားတစ်ယောက်လို့ထင်နေလား မင်းကိုယ်
မင်း မိုးအောက်မြေပြင်တစ်ခွင်မှာ ပြိုင်စံရှားတစ်ယောက်လို့ကောထင်နေတယ်ဟုတ်လား ဒီနေ့မင်း
လိုငတုံးတစ်ယောက်ကို သင်ခန်းစာပေးရသေးတာပေါ့ ဒီသင်ခန်းစာရဲ့ တန်ဖိုးက မင်းအသက်ပဲ"

"မင်းရဲ့အဆင့်က သွေးနှော ထိပ်တန်းအဆင့်လား"

လုံချန်က ခေါင်းငြိမ့်လိုက်၏။သူထင်ထားသည့် အတိုင်းပင် ရှချန်ဖုန်းတွင် ဝှက်ဖဲများရှိနေသေးသည်။
သူ့စိတ်ထဲ ထင့်ကနဲ တစ်ချက်ဖြစ်သွားသည်။ယနေ့တိုင်အောင် သူနှင့်ယှဉ်ပြိုင်လာသူများတွင် သွေး
နှောထိပ်တန်းအဆင့်သည် အမြင့်ဆုံးအဆင့်ဖြစ်နေသည်။

သို့ရာတွင် သူ့အတွက် ပြဿနာကား မရှိချေ။ရှချန်ဖုန်းအား သတ်နိုင်မည်ဆိုလျှင် မည်သည့်တန်ဖိုး
ဖြင့် ပေးဆပ်ရပါစေ သူက ပေးဆပ်ရန်ဆန္ဒရှိ၏။အကြောင်းမှာ သူ့အား သိုင်းမကျင့်နိုင်ရန် အကွက်
ချကြံစည်ခဲ့သူသည် ရှချန်ဖုန်း အဖြစ်နိုင်ဆုံး ဖြစ်နေခြင်းကြောင့်ပင်။

အခြားအရေးကြီးသည့်အချက်တစ်ချက်လည်း ရှိသေးရာ သူက အင်ပါယာမြို့တော်၌ အကျယ်ချုပ်ကျ
ခံနေရသည့် ချူယောင်အား သတိရမိသည်တွင် လူသတ်ချင်စိတ်များ ပေါက်လာရသည်။

"သေစမ်း" ရှချန်ဖုန်း ဒေါသတစ်ကြီးဖြင့်ကြုံးဝါးလိုက်၏။မြေကြီးကို ခြေဖြင့်တစ်ချက်စောင့်၍ လုံချန်ထံ
သို့ သူ ပြေး၀င်သွားလေသည်။ရှချန်ဖုန်း ခြေစောင့်ခဲ့သည့် နေရာ၌ ဧရာမ ကျွင်းကြီး တစ်ကျွင်းဖြစ်ကျန်
ခဲ့သည်။တစ်ချိန်းတည်းတွင် သူ့ထံမှ လာသည့် ချီဓာတ်က လုံချန့်အား လွှမ်းခြုံထားလိုက်၏။အဓိပ္ပါယ်
မှာ ရှချန်ဖုန်းသည် လုံချန်နှင့် သူသေ၊ကိုယ်သေ တိုက်ခိုက်တော့မည့် အဓိပ္ပါယ်ဖြစ်သည်။

ပြေး၀င်လာသည့် ရှချန်ဖုန်းအား ကြည့်၍ လုံချန်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်
၏။သူ့၏ အနက်ရောင်ဆံနွယ်များမှာ ကျောဘက်တွင် တစ်လူးလူးတစ်လွန့်လွန့်ဖြင့် လေနှင့်အတူက
ခုန်လျှက်ရှိ၏။သူ့၏ အကြည့်များသည် ထက်စွာသောဓားနှစ်စင်း နှင့်တူ၏။သူ့ခန္ဓာကိုယ်အတွင်းမှ
စွမ်းအင်စက်ကွင်းများသည် လျှင်မြန်စွာလည်ပတ်လာပြီးလျှင် လုံချန်က လက်သီးတစ်လုံးပြန် ပစ်
သွင်းလိုက်လေသည်။

အုန်း......

ပေါက်ကွဲသံကြီး မြည်ဟီးသွားသည်။ရှချန်ဖုန်း ဒယီးဒယိုင်ဖြင့်နောက်သို့ ဆုတ်လိုက်ရ၏။ယခု လုံချန်
သည် ဟောင်ချန်အား သတ်ခဲ့စဉ်တုန်းကထက်ပင် ပို၍ အစွမ်းထက်လာမည်ဟု သူ မတွေးထားမိ
ခဲ့ပေ။သူ့လက်သီးက လုံချန့်အား မည်သို့မျှမဖြစ်စေပဲ ထိုအစား လုံချန့်ထံမှ သူ့၀မ်းဗိုက်အား ချိန်၍
ကန်လိုက်သော ရက်ရက်စက်စက်  ခြေကန်ချက်တစ်ခုသာ ပြန်၀င်လာ၏။

ရှချန်ဖုန်း တစ်ချက်လှောင် လိုက်၏။အံ့အားသင့်မှုကို ခေတ္တ ဘေးဖယ်ထားရင်း ရှချန်ဖုန်းသည် သူ့
ညာလက်ဖြင့် လုံချန်၏ ခြေထောက်ကိုခုတ်ချလိုက်သည်။အုန်းကနဲ မြည်သံနှင့်အတူ နှစ်ယောက်စလုံး
နောက်သို့ ခြေနှစ်လှမ်းခန့်ဆုတ်လိုက်ကြရသည်။

ရှချန်ဖုန်း အကြီအကျယ်အံ့အားသင့်သွားသည်။လုံချန်သည် အတော်ထူးဆန်းသူတစ်ဦးပင်။စားသောက်
ဆိုင်တွင် ဖြစ်ခဲ့သည့် ရန်ပွဲ၌ သူသည် လုံချန့်ကို တစ်ချက်ထဲနှင့် သတ်လိုက်နိုင်စွမ်းရှိသည်။သို့သော်
လုံချန်နှင့်သူဆုံသည့် အခါတိုင်း၌ လုံချန်၏ သိုင်းပညာမှာ ကြောက်မက်ဖွယ်ရာ နှုန်းဖြင့် တိုးတက်နေ
သည်ချည်းသာဖြစ်သည်။ယခုအခါ သူသည် သွေးနှောထိပ်တန်း အဆင့်ရှိသူ တစ်ယောက်ကိုပင် ရင်
ဆိုင်တိုက်ခိုက်နိုင်စွမ်းရှိနေပြီဖြစ်သည်။

ထိုအချက်ကား သူ့အား ဒေါသအပြင်းအထန်ထွက်စေသကဲ့သို့ များစွာလည်းကြောက်လန့်စေသည်။ထို
နှုန်းအတိုင်းသာဆက်သွားလျှင် အနှေးနှင့်အမြန် လုံချန်အား သူသည် အနိုင်ယူနိုင်တော့မည်ပင်မဟုတ်
ပေ။ရှချန်ဖုန်း ဒေါတကြီး ကြုံးဝါးလိုက်သည်။သွေးချီ၏ အရောင်အဝါက သူ့ထံတွင် လုံးဝပျောက်ကွယ်
သွားကာ လုံချန့်စီသို့ လက်သီးတစ်လုံးပစ်သွင်းလိုက်၏။

အမှန်ဆိုလျှင် ထိုလက်သီး၌ သူ့၏ ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးချီ ဓာတ်များအား စုစည်းထားလိုက်ခြင်း
ဖြစ်ရာ ထိုလက်သီးမှနေ၍ သွေးညှီနံ့များပင် ရနေလေသည်။

"သွေးလက်သီး"

ရှချန်ဖုန်း၏ လက်သီးအား မြင်သည်တွင် လုံချန် ခေါင်းကျိန်းသလိုခံစားလိုက်ရ၏။ရှချန်ဖုန်းသည် နောက်
ဆုံးတိုက်ကွက်ကို ယခုလို စောစောစီးစီး ထုတ်သုံးလိမ့်မည်ဟု သူကထင်မှတ်မထားမိပေ။လုံချန်သည်
သူ့၏ ဖုန်ဖူကြယ်ကို ခပ်မြန်မြန်နှိုးလိုက်သည်နှင့် ဖုန်ဖူကြယ်မှ စွမ်းအား များက သူ့၏ ဒန်တမ် ထဲသို့
စီး၀င်သွားကြ၏။

ဒန်တမ်ထဲရှိ စွမ်းအင်စက်၀န်း ဆယ့်နှစ်ခု မှာလည်း ရုတ်ချည်း ကြီးထွားလာကာ ခပ်မြန်မြန်လည်
ပတ်လာကြပြီး မီတာသုံးရာ အတွင်းရှိသော ချီဓာတ်များကို စုပ်ယူကြတော့သည်။ယခုအကြိမ်သည်
သူ့အဖို့ ချီပေါင်းစပ်ခြင်းအဆင့် 12 သို့ရောက်သည့်အချိန်မှစ၍ စွမ်းအားကို အကုန်အသုံးပြုဖူးခြင်းဖြစ်
၏။

"တိမ်မီး လက်ဝါး"

၀င်လာသော လက်သီးကို လုံချန်က လက်ဝါးဖြင့်ပြန်ကာထားလိုက်၏။မီးများတောက်နေသည့် သူ့
၏လက်ဝါးက ရှချန်ဖုန်း၏ လက်သီးဖြင့် ပြင်းထန်စွာရိုက်မိလေသည်။

အုန်း.....

မြေကြီးသည် နှစ်ခြမ်းကွဲသွားသလို ကျောက်စ၊ကျောက်န များက အရပ်လေးမျက်နှာသို့လွင့်စင်
သွား၏။သူတို့နှစ်ယောက် တိုက်ခိုက်ခဲ့သည့်နေရာ၌ မီတာ အတော်များများ ကျယ်သော ချိုင့်ကြီး
တစ်ခု ဖြစ်ပေါ်လာသည်။မိမိ၏ ၀မ်းဗိုက်က ပေါက်ကွဲသွားသကဲ့သို့လုံချန်ခံစားလိုက်ရ၏။သူသည်
နောက်သို့ လွင့်သွားကာ သွေးတစ်ပွက် ကို ပွက်ကနဲ အံချမိလိုက်သည်။

မီးလောင်သကဲ့သို့ နာကျင်မှုတစ်ခုသည်လည်း သူ့လက်မှတစ်ဆင့်တက်လာ၏။သွေးကဲ့သို့သော အ
ရောင်တစ်မျိုး လက်ဖဝါးမှ တစ်ဆင့်သူ့၏ လက်မောင်းသို့တိုင်အောင် တစ်ဖြည်းဖြည်းပျံ့နှံ့လာသည်။
လုံချန်မျက်နှာ ကွက်ကနဲပျက်သွားကာ အဆိပ်ဖြေဆေး တစ်လုံးကို ခပ်မြန်မြန်သောက်လိုက်ရသည်။
ရှချန်ဖုန်း၏ လက်သီးတွင် အဆိပ်ပါသည်။ထိုလက်သီးတစ်ချက်နှင့် အဆိပ်သည် လုံချန်၏ လက်အ
တွင်းသို့ ၀င်သွားခြင်းဖြစ်သည်။

သို့သော် လေခွင်းလက်သီးအစား တိမ်မီးလက်ဝါးကို အမှတ်တမဲ့အသုံးပြုမိလိုက်ခြင်းက လုံချန့်အတွက်
ကံကောင်းသွားသည်ဟုဆိုရမည်။တိမ်မီးလက်ဝါး ၏ မီးတောက်များကြောင့်သာ အဆိပ်အများစုမှာ
ပျောက်ကွယ်သွားခြင်းဖြစ်၏။အကယ်၍ သူသာ လေခွင်းလက်သီးကို အသုံးပြုခဲ့မည် ဆိုလျှင် အခြေ
အနေကောင်းမည်မဟုတ်ပေ။

သွေးအဆိပ်အများစုသည် ပြေပျောက်သွားပြီ ဆိုသည့်တိုင်အောင် သူ့လက်က အဆိပ်တက်မှု ဒဏ်ကို
တစ်ဆစ်ဆစ်နှင့်ခံစားနေရသေး၏။လက်တစ်ခုလုံးက ထုံကျင်နေသည်။ရှချန်ဖုန်းကား လုံချန်ကိုကြည့်
၍ ဒေါသထွက်လှပြီဖြစ်သည်။လုံချန်၏ အင်အား အပြည့်ထိုးချက်သည် ကြောက်မက်ဖွယ်ကောင်းလှ
သည်။လုံချန်ကြောင့် သူ့လက်တစ်ဖက်သည် သွင်သွင်းကျိုးသွားပြီဖြစ်၏။

သူ ဒေါသအထွက်ဆုံးမှာ လုံချန်၏ မီးတောက်များကြောင့် စွမ်းအားအကုန်သုံး၍ စုစည်းထားရသော
သူ့၏ အဆိပ်များ ပျက်ဆီးသွားရခြင်းကိုဖြစ်သည်။အလင်းတန်းတစ်ခု လက်ကနဲဖြစ်သွားသည်။လုံ
ချန်၏ လက်ထဲသို့ ဓားတစ်ချောင်းရောက်လာသည်။ထိုဓားက လေထုကို ရွှီးကနဲမြည်သံပေး၍ ထိုးခွဲ
ကာ ရှချန်ဖုန်း၏ လည်မြိုသို့ပြေး၀င်သွားသည်။

ရှချန်ဖုန်း အံ့အားသင့်နေသည်။လုံချန်သည် သူ့၏ အဆိပ်ကို မမိရုံမက ထိုမျှလောက်မြန်မြန်ဆန်ဆန်
တိုက်ခိုက်နိုင်လိမ့်မည်ဟု သူက ထင်မထားခဲ့ပေ။သူက သိုလှောင်လက်စွပ်ထဲမှ လက်နက်ထုတ်ချင်
သော်လည်း နောက်ကျသွားပြီဖြစ်သည်။ရှချန်ဖုန်း ဘေးသို့ ကပျာကယာ လှိမ့်ရှောင်လိုက်ရ၏။ဓားသွား
က သူ့၏ ပါးဘေးမှ ဝှီးကနဲ ဖြတ်သွားရာ ဓားသွား၏ အေးစက်စက်အငွေ့အသက်ကိုပင် သူခံစားလိုက်
ရသည်။

လုံချန်၏ သေကွင်း၊သေကွက် တိုက်ခိုက်မှုများအား သူ လှိမ့်ရှောင်ရုံသာ တတ်နိုင်သည်။ထိုအချိန်တွင်
ပြန်ဆုတ်စရာလမ်းလည်းမရှိတော့ချေ။ရှချန်ဖုန်းမှာ ကြာကြာ ရှောင်မနေတော့ပဲ လုံချန်၏ ဒန်တမ်ရှိ
သည့်နေရာသို့ကန်လိုက်၏။ဒန်တမ်သည် သိုင်းပညာ၏ အရေးအပါဆုံးအပိုင်းဖြစ်ရာ ပျက်ဆီးသွားလျှင်
မည်သို့မှ သိုင်းကျင့်၍ မရတော့ပေ။

ဤသို့အဓိက နေရာအားတိုက်ခိုက်လိုက်ခြင်းဖြင့် တိုက်ခိုက်လာသူ ရန်သူသည် တိုက်ခိုက်နေခြင်းကို
စွန့်လွှတ်၍ ကိုယ့်ကိုကိုယ်ပြန်ကာကွယ်ရမည်။၎င်းမှာရိုးစင်းလှသကဲ့သို့ ထိရောက်မှုလည်းရှိသည်။
သို့သော် အံ့သြစရာကား လုံချန်သည် သူ့၏ ဒန်တမ်အား ဂရုစိုက်ဟန်မရှိပဲ သူ့ကို ဓားဖြင့်ပိုင်းချလိုက်
ခြင်းဖြစ်၏။

"မလုပ်နဲ့"

လုံချန်၏ ရူးမိုက်မှုက သူ မထင်မှတ်ထားသည့်ပုံစံဖြစ်နေ၏။လုံချန်သည် သူ့အားသတ်လိုသည့်အတွက်
ကြောင့် မိမိ၏ သိုင်းပညာကိုပင် အပျက်ဆီးခံလေမည်လား။သူ့အတွက်ကြာကြာစဉ်းစားချိန်မရှိတော့။
ရှချန်ဖုန်းတစ်ကိုယ်လုံး ချွေးများဖြင့်စိုရွှဲနေ၏။

လုံချန်၏ မျက်လုံးများသည် ရေခဲတစ်မျှအေးစက်၍ ခံစားချက်အနည်းငယ်ပင် မရှိသကဲ့သို့ဖြစ်နေသည်။
သူ့ဓားက ရှချန်ဖုန်း၏ လည်ဂုတ်သို့ ပြေး၀င်သွားသည်။တစ်ချိန်းတည်း၌ ဒုန်းကနဲ အသံကြီးတစ်သံလည်း
ထွက်လာ၏။

သွေးများက နေရာအနှံ့သို့ ပျံ့ကျဲသွားကာ ဦးခေါင်းတစ်ခုသည် မြေပြင်တွင် လိမ့်လျှက်ရှိစဉ်၌
လူရိပ်တစ်ရိပ်သည် ခပ်ဝေးဝေးတစ်နေရာသို့ လွင့်ထွက်သွားလေသည်။

Mk Aung

########

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၇၄)ပဋိပက္ခ

ရှချန်ဖုန်းက သူ့ကို အင်ပြည့်၊အားပြည့်ဖြင့် ကန်လိုက်ခြင်းဖြစ်သည်။လုံချန်မှာ ပေအတော်များများရောက်
အောင်လွင့်သွားရုံမက မြေပြင်တွင် အတော်ကြာအောင်လိမ့်နေပြီးမှရပ်သွားတော့သည်။လုံချန်ကသွေး
များစွန်းပေနေသည့် သူ့၏ ဓားနှင့် ဦးခေါင်းမရှိတော့သည့် ရှချန်ဖုန်း၏ အလောင်းကောင်အားကြည့်ကာ
သက်ပြင်းတစ်ချက်ကို လေးလေးပင်ပင်ချလိုက်၏

အမှန်ပင် ရှချန်ဖုန်း၌ ဝှက်ဖဲများစွာရှိနေသည်။ရှချန်ဖုန်း သူ့အား တိုက်ခိုက်ခဲ့သည့်သွေးလက်သီးသည်
သူ့၏ နောက်ဆုံးတိုက်ကွက်ပင် မဟုတ်သေးချေ။သို့ရာ၌ လုံချန်က သူ အံ့အားသင့်နေသည်ကိုအခွင့်
ကောင်းယူ၍ အငိုက်ဖမ်းတိုက်ခိုက်နိုင်၍သာတော်တော့သည်။လုံချန်၏ သိုင်းပညာ အဓိက သိုဝှက်ရာ
နေရာသည် ဒန်တမ်မဟုတ်ပဲ သူဖုံးကွယ်ထားသော ဖုန်ဖူကြယ်ဖြစ်နေရာ ရှချန်ဖုန်း၏ ကန်ချက်က
သူ့အား ဆိုးဆိုးရွားရွားမဖြစ်သွားစေခြင်းဖြစ်၏။

သူသည် သူ့အသက်အားပေးရမည်ဆိုလျှင်တောင် ရှချန်ဖုန်းအား မရရအောင်သတ်မည်သာဖြစ်သည်။
လုံချန်က ယခုရက်ပိုင်းအတွင်း၌ တစ်စုံတစ်ရာ ကြီးကြီးကျယ်ကျယ်ဖြစ်တော့မည်ဟု စိတ်တစ်ထင့်ထင့်
နှင့်ခံစားနေရ၏။ထိုခံစားချက်က မသေမချာ၊မရေမရာ သည့်ခံစားချက်တစ်ခုဖြစ်ကာ အန္တာရာယ်တစ်
ခုခုဖြစ်တော့မည်ကို မသိစိတ်က ကြိုသိနေခြင်းမျိုးဖြစ်သည်။ယင်း ခံစားချက်မှာ မည်သို့မှ မဖော်ပြတတ်
သည့် ခံစားချက်လည်းဖြစ်၏။

ထိုသို့ဖြင့် ရှချန်ဖုန်းမှာ ဤသို့ဤနှယ် သေဆုံးသွားရတော့သည်။သို့ရာ၌ အသက်ဘေးနှင့် ကြုံရ
သည့်တိုင်အောင် ရှချန်ဖုန်း၏ ခြေကန်ချက်က ပြင်းထန်လွန်းလှလေရာ လုံချန်၏ ၀မ်းဗိုက်ကို ကန်မိ
ချိန်တွင် ကြောက်မက်ဖွယ်ရာ စွမ်းအားများ၏ သက်ရောက်မှုကြောင့် သူ့၏သွေးများမှာ ဆူဝေရုံတင်မက
အတွင်းအဂါင်္အစိတ်အပိုင်းများလည်း အပိုင်းပိုင်းပျက်စီးမတတ်ဖြစ်သွားသည်။

သို့ဖြစ်ရာ လုံချန်က အတွင်းဒဏ်ကု ဆေးလုံးတစ်လုံးကို ထုတ်၍ ခပ်သွက်သွက်သောက်လိုက်ရသည်။
သူက သူ့ကံကို ကျေးဇူးတင်မိသည်။ရှချန်ဖုန်းသည် အမှန်တစ်ကယ်တွင် အစွမ်းထက်လွန်း၏။အကယ်
၍ သူသာ ရှိသမျှအင်အားကို အကုန်သုံး၍ တိုက်ခိုက်ပါမူ မည်သူနိုင်မည် မည်သူရှုံးမည်က ပြောရခက်
သည်။ရှချန်ဖုန်း ရှုံးသွားသည်ဟု ဆိုရသည့်တိုင်အောင် သူလည်း ကြီးကြီးမားမား ပေးဆပ်လိုက်ရမည်
မှာ အမှန်ပင်ဖြစ်၏။

ယခု အခြေအနေမျိုး သိပ်မပြင်းထန်သည့် ဒဏ်ရာလောက်ကိုသာသူရလိမ့်မည်မဟုတ်ပေ။သူကား ကံကောင်း
လွန်းလှသည် ဟု ကိုယ့်ကိုကိုယ်ထင်မိလေသည်။သူ့၏ လက်တွင်မိထားသည့် သွေးအဆိပ်သည် ဆေး၏
အာနိသင် ကြောင့် တစ်ဖြေးဖြေး ပျယ်လာပြီဖြစ်၏။လုံချန်ဆောင်ထားသည့် ဆေးများသည် အသက်
ကယ်ဆေးများဖြစ်သည့်အပြင် ပထမတန်းစား အဆင့်ရှိသည့်ဆေးများလည်း ဖြစ်ရာ ဆေးစွမ်းပြမှုက
များစွာလျှင်မြန်သည်။

လုံချန်က ရှချန်ဖုန်း၏ အလောင်းကောင်ထံသို့သွား၍ သူ့၏ သိုလှောင်လက်စွပ်ကိုချွတ်ယူလိုက်သည်။
မည်သို့ဆိုစေ ယခုအချိန်သည် အောင်ပွဲခံရန် အချိန်ကောင်းမဟုတ်သေးချေ။ဦးခေါင်းမရှိသည့် အသက်
မဲ့ ခန္ဓာကိုယ်ကြီးအား လုံချန်က တစ်ချက်သာကြည့်လိုက်ပြီး လူကြမ်းလေးထံသို့ ခပ်သွက်သွက်သွား
လိုက်၏။

လူကြမ်းလေးကား အော်ဟစ်ကြုံးဝါး၍ တိုက်ခိုက်လျှက်ရှိသည်။သူက တောင်ဖြိုရဲဒင်းအား ကျင်လည်
စွာကိုင်၍ တိုက်ခိုက်လျှက် ရှိရာ ရဲဒင်းသည် လေကို ဖြတ်ပြီး တစ်ဝီးဝီးမြည်သံပေးလျှက်ရှိ၏။
လူကြမ်းလေးသည် ရဲဒင်း နှင့်မည်သို့၊မည်ပုံ တိုက်ခိုက်ရမည်ကို မသိသော်လည်း ရဲဒင်း၏ အစွမ်းအစ
မှာ များစွာကြောက်မက်ဖွယ်ကောင်းနေ၏။

ယခုအချိန်၌ ၀မ်မင်သည် သူ့၏ဓားရှည်အား လက်နှစ်ဖက်ဖြင့်စုံကိုင်၍ လူကြမ်းလေး၏ ရဲဒင်းကိုခုခံ
နေရသည်။ရှချန်ဖုန်းသည် သေကံပါလာသည်ဟုပြောရမည်။သူ့တွင် ၀မ်မင်ကဲ့သို့ အစွမ်းထက်သည့်
သိုင်းသမားတစ်ယောက်ရှိသော်လည်း ၀မ်မင်က ဒေါသတကြီးဖြင့် လူကြမ်းလေးဖြင့်တိုက်ခိုက်နေသည်။
ထိုသို့တိုက်ခိုက်ရာ၌ လည်း သိုင်းပညာကို အသုံးမပြုပဲ သာမာန်ခွန်အားကိုသာ အသုံးပြုလျှက်ရှိရာ သူ
သာ အမှန်တစ်ကယ် သိုင်းပညာကို အသုံးပြု၍ လူကြမ်းလေးအား တိုက်ခိုက်ပါမူ လူကြမ်းလေး ရှုံးနိမ့်
နေသည်မှာကြာပြီဖြစ်၏။

သို့ရာ၌ ရဲမက်အများစုကား ခွန်အားကိုအသုံးပြုခြင်း၌ ပို၍မွေ့လျှော်တတ်လေရာ ၎င်းတို့၏ စိတ်အား
နားလည်ရခက်လှသည်။လူကြမ်းလေး၏ နောက်ထပ် တိုက်ခိုက်မှုအပြီး၌ ၀မ်မင်က နောက်သို့ ဝုန်းက
နဲလွင့်ထွက်လာသည်။ကြည့်ရသည်မှာ သူသည် အစကတည်းကပင် လူကြမ်းလေး၏ သူမတူသောခွန်
အားဖြင့် တိုက်ခိုက်နေမှုအား မနည်းခုခံနေရပုံပေါ်သည်။

၀မ်မင်သည် အစပိုင်းကကဲ့သို့ ဒေါသတစ်ကြီးဖြစ်မနေတော့ပဲ လွန်မင်းစွာအံ့အားသင့်လျှက်ရှိနေသည်။
သူသည် သူ့၏ ကြောက်မက်ဖွယ်ရာ ခွန်အား အားကိုးဖြင့်အင်အားကြီးရန်သူများစွာ အား အနိုင်ယူ
ခဲ့သူဖြစ်သည့်တိုင်အောင် ယနေ့တွင် လူကြမ်းလေး၏ ထိတ်လန့် ဖွယ်ရာတိုက်ခိုက်မှုများအား ခုခံရင်း
နောက်သို့သာ တစ်ဆုတ်တည်း ဆုတ်နေရ၏။

သူသည် လူကြမ်းလေးအား ရှုပ်ထွေးသည့် အကြည့်များဖြင့် ကြည့်နေရာ သူ့နောက်တွင် လူတစ်ယောက်
ရောက်နေမှန်းပင် သတိမထားမိချေ။လုံချန်က သူ့၏ ဓားကို တိတ်ဆိတ်စွာ ဆွဲထုတ်၍ ၀မ်မင်၏ လည်
ကုတ် အား ရုတ်ချည်းပိုင်းချလိုက်၏။၀မ်မင်က ရုတ်တရက်လေပေါ်သို့ မြောက်တက်သွားသလို ခံစား
လိုက်ရသည်။သူပထမဆုံး သတိထားမိသည်မှာ သူသည် ခုန်လိုက်ခြင်း မဟုတ်ပဲ သူ့၏ ခန္ဓာကိုယ်ကြီး
ကမြေပြင်တွင် အစောပိုင်းကအတိုင်းကျန်နေခဲ့ခြင်းကို ဖြစ်သည်။ထိုမြင်ကွင်းကို နောက်ဆုံး သူမြင်လိုက်
ရခြင်းဖြစ်ပြီး အမှောင်ထုကြီးက သူ့အားဖုံးလွှမ်းသွားတော့၏။

လုံချန်သည် ၀မ်မင်အား တစ်ချက်တည်းဖြင့်ခေါင်းဖြတ်သတ်လိုက်သည်ကိုမြင်သည်တွင် လူကြမ်းလေး
များစွာကြောက်လန့်သွားသည်။သူ့လက်ထဲတွင် ကိုင်ထားသည့် တောင်ဖြိုရဲဒင်းကြီးက မြေပြင်ထက်သို့
ဒုန်းကနဲ အသံဖြင့် ကျသွား၏။လုံချန်က အသက်မဲ့နေသည့် ၀မ်မင်၏ အလောင်းကို တစ်လှည့် လူကြမ်း
လေးကို တစ်လှည့်ကြည့်၍ လူကြမ်းလေး၏ ခံစားချက်ကိုနားလည်သည်။လူကြမ်းလေးသည် ယခုမှ
လူသတ်သည်ကို နဖူးတွေ့ ဒူးတွေ့ ကြုံးဖူးခြင်းဖြစ်၏။

"လူကြမ်းလေး ဒါဟာ တစ်ကယ့်လောကရဲ့ ရက်စက်မှုပဲ ကျုပ်တို့အသက်ဆက်ရှင်ချင်ရင် ဒီလူတွေသေမှ
ဖြစ်မယ်" လုံချန် သက်ပြင်းချလိုက်ပါ၏။

"အကိုလုံ ကျုပ် ဘာမှမဖြစ်ပါဘူး" လူကြမ်းလေးက ခေါင်းခါသည်။ "အကိုလုံ ကို ကျုပ်ယုံကြည်နေသမျှ
တော့ အကိုလုံကသူတို့သေမှဖြစ်မယ် ဆိုရင် ကျုပ်လည်း သူတို့သေမှဖြစ်မယ်လို့ယုံတယ်"

လုံချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်၏။လူကြမ်းလေးကို ယုတ္တိတရား အား ရှင်းပြခြင်းသည် အသုံးမ၀င်မှန်းသူ
သိသည်။သို့ရာတွင် လူကြမ်းလေး၏ သူ့အပေါ် အလွန်အမင်းယုံကြည်ခြင်းသည် သူ့အား စိတ်မကောင်း
ပင်ဖြစ်စေသည်။

"ငါတို့ မြန်မြန်သွားမှဖြစ်မယ်" သို့သော် လုံချန်က လူကြမ်းလေးနှင့် ထွက်သွားတော့မည်အချိန်၌.....

သူက ယနေ့တစ်နေ့လုံး တစ်ခုခုမှားနေပြီဟူသည့် ခံစားချက်မျိုးခံစားနေရ၏။လုံချန် အကြောအချဉ်
များရုတ်ချည်းတောင့်တင်းသွားသကဲ့သို့ခံစားလိုက်ရသည်။ယင်း ခံစားချက်မျိုးမှာ သက်တမ်းရင့် သား
ရဲ ကြီးတစ်ကောင်က သူ့ကိုစိုက်ကြည့်နေသည့် ခံစားချက်မျိုးလည်းဖြစ်၏။အသက်အန္တာရာယ်ကျ
ရောက်နိုင်သည့် ခံစားချက်တစ်မျိုးသည် သူ့အား ရုတ်ချည်းလွှမ်းခြုံသွားရာ လုံချန်သည် ကျောထဲမှ
စိမ့်တက်၍ နေအောင် ကြောက်လန့်သွားမိသည်။

သူ့ခေါင်းအား ခပ်ဖြေးဖြေး နောက်သို့ လှည့်လိုက်သည်တွင် ကျောက်ကမ်းပါး တစ်ခုပေါ်၌ ရပ်၍ သူ့
အားစိမ်ပြေနပြေ ကြည့်လျှက် ရှိသော လူတစ်ယောက်ကို တွေ့ရ၏။လုံချန်က သူ့မျက်လုံးများကို ချက်
ချင်း မှေးကျဉ်းလိုက်သည်။ယနေ့ တစ်နေ့လုံး သူ့စိတ်တွေ တစ်ထင့်ထင့် ဖြစ်နေသည်မှာ ရှချန်ဖုန်း
ကြောင့်မဟုတ်ပဲ ထိုလူ့ကြောင့် ဖြစ်သည်ဆိုခြင်း ကို နောက်ဆုံးမှ လုံချန် သ ဘော ပေါက်တော့သည်။

ထိုလူက လေးစားဟန်ဖြင့် လက်ခုပ်ကိုစည်းချက်ညီညီတီးလိုက်၏။

"ချီအဆင့်သာ ရှိသူတစ်ယောက်က သွေးနှောအဆင့်သိုင်းသမားတွေကို ဆက်တိုက်သတ်နိုင်ရုံတင်
မကဘူး ဒီသိုင်းသမားတွေထဲက တစ်ယောက်ဟာ သွေးနှောထိပ်တန်းအဆင့်ဖြစ်နေတယ် ဟားဟား
ကျုပ်ကတော့ မင်းကို လေးစားတယ် လို့ မလွှဲမရှောင်သာ ၀န်ခံရမှာပဲ လုံချန် မင်းဟာတစ်ကယ့်ကို
ပါရမီရှင်တစ်ယောက်ပါပဲ လုံရှင်းရှောင်ရဲ့ သား ဖြစ်ထိုက်ပါပေတယ်"

အသံကား နူးညံ့၍ မိန်းမဆန်၏။သူသည် ယင်အမတ်ကြီးပင်ဖြစ်လေသည်။သူက ကျောက်ကမ်းပါးခပ်
မြင့်မြင့်တစ်ခုပေါ်မှနေ၍ လုံချန်အား မောက်မာသည့်ဟန်ဖြင့် ကြည့်နေခြင်းပင်။ပမာအားဖြင့်ဆိုသော်
ကျားသစ်တစ်ကောင်က သားကောင်ကိုချောင်းနေသည်ကဲ့သို့ပင်။

လုံချန် စိတ်တွေလေးသွားရသည်။ယခုရက်ပိုင်း တစ်ခုခုအကြီးအကျယ်ဖြစ်တော့မည်ဟု မသိစိတ်က
သူခံစားနေရသည်က အဓိပ္ပါယ်မဲ့မဟုတ်ချေ။သူသည် အမှန်တွင် ယင်အမတ်ကြီး၏ အာရုံစိုက်ခြင်းကို
ခံနေရခြင်းဖြစ်၏။

ယင်အမတ်ကြီးသည် ဤနေရာသို့ရောက်နှင့်နေသည်မှာ ကြာပြီဖြစ်ဟန်ရှိသည်။သူက ရှချန်ဖုန်းကိုလုံ
ချန်သတ်လိုက်ပြီးမှ သာပုန်းကွယ်နေရာမှ ထွက်လာခြင်းဖြစ်၏။

"ထောင်ချောက်" ယင်အမတ်ကြီးသည် သူ့ကိုသတ်ရန်လာခြင်းဖြစ်သည်ကို လုံချန်က ချက်ချင်းသ
ဘောပေါက်သွားသည်။

"စတုထ္တမင်းသားက ခင်ဗျားကိုလွှတ်လိုက်တယ်ပေါ့" မြေပေါ်၌ ကျနေသော ဓားရှည်ကို လုံချန်ကခြေ
ထောက်ဖြင့်ကော်၍ ဖမ်းလိုက်သည်။ဤကဲ့သို့ လေးလံသော ဓားရှည်ကြီးက သူ့အား အနည်းငယ်မျှ
လုံခြုံမှုကို ပေးစွမ်းနိုင်သည်ဟု သူက ယူဆ၏။

ယင်အမတ်ကြီးက အံ့အားသင့်သွားသည့်တိုင်အောင် မထူးဆန်းသည့် ပုံစံဖြင့်ရယ်၏။

"မင်း ဘယ်လိုထင်လည်း"

လုံချန်က ခေါင်းယမ်းရင်း သက်ပြင်းချသည်။

"ကျုပ် က ကျုပ်ကိုကျုပ်လည်လှပြီ မှတ်တာ တော်တော်တုံးသေးတာပဲ စတုထ္ထ မင်းသား ရဲ့ စကားတွေ
ကို ကျုပ် တစ်ကယ် အဓိပ္ပါယ် မပေါက်မိခဲ့ဖူး"

"စတုထ္တ မင်းသား လွှတ်လိုက်တယ်လို့ မင်းက ကျုပ်ကိုဘာ့ကြောင့် ပြောနေရသလည်း ကျုပ်ကိုယ်
တိုင် ဒီကိုလာတာကော မဖြစ်နိုင်ဘူးလား"

"လေလံပွဲမှာ ဒေါသထွက်ခဲ့ရတဲ့ ကိစ္စသေးသေးလေး တစ်ခုနဲ့ခင်ဗျား ဒီနေရာကိုလာဖို့အကြောင်းမှမရှိ
တာ ဒီကိစ္စကြောင့်သာလာတယ်ဆိုရင် ခင်ဗျားယင်အမတ်ကြီးမဟုတ်တော့ဘူး စိတ်ရှည်ရှည်နဲ့ အချိန်
ကိုစောင့်တာက ခင်ဗျားဝါသနာပဲ ဒီလိုသာမဟုတ်ရင် ကျုပ်အဖေကို ခင်ဗျားသတ်ပစ်လိုက်တာကြာပြီ
ပေါ့" လုံချန်၏ အသံက တည်ငြိမ်လှ၏။

အဖြစ်အပျက်များစွာက ပိတ်ကားထက်၌ ပြေးလွှားလှုပ်ရှားနေသကဲ့သို့ သူ့ခေါင်းထဲတွင် တစ်ရိပ်ရိပ်
ပြန်ထင်လာသည်။ယင်အမတ်ကြီးစကားအရ ဆိုလျှင် သူ့ကို သေစေချင်သူသည် စတုထ္ထ မင်းသားဖြစ်
သည်။အကယ်၍ စတုထ္တမင်းသားသည် အစကတည်းကပင် သူတို့လုံမိသားစုအား အကောက်ကြံသူဟူ
၍ သူယူဆမည်ဆိုလျှင် ရှချန်ဖုန်းအား အကွက်ဆင်၍ တစ်ဖက်လှည့်ဖြင့် သူသတ်မိအောင်လုပ်သူ
သည် စတုထ္ထ မင်းသားဖြစ်ကိုဖြစ်ရမည်။

ပထမတစ်ချက်မှာ လေလံပွဲတွင်သူသည် လီဟောင်အား လုပ်ကြံသတ်ဖြတ်ခဲ့သည့် ကြေးစားအား
ရည်ရွယ်ချက်ရှိရှိဖြင့် လုံချန့်ကို သိစေခဲ့၏။ထိုလူသည် အများအမြင်၌ အိမ်ရှေ့စံ၏ သက်တော်စောင့်
ပုံဖမ်းထားသော်လည်း တစ်ကယ်တမ်းတွင် စတုထ္ထမင်းသား၏ လူ ဖြစ်ကိုဖြစ်ရမည်။

ဤသို့လုပ်ခြင်းမှာ အိမ်ရှေ့စံအား လုံချန် မုန်းတီးသွားစေရန်ဖြစ်၏။ထို့နောက် ချူယောင်ထံသို့သွား
ရာတွင်လည်း သူကပင် ကူညီခဲ့သေးသည်။ထိုကိစ္စနှင့်ပတ်သတ်၍မူ လုံအိမ်တော်၏ ကိစ္စသာဖြစ်၍
သူ၀င်မပတ်ချင်ကြောင်း ပြောကာ အိမ်ရှေ့စံအား ရန်သူဖြစ်ကြောင်းမသိမသာ ထောက်ပြခဲ့သည်။

မူလ၌ လုံချန်သည် စတုထ္ထမင်းသား၏ စကားကို တစ်၀က်သာယုံခဲ့ရာမှ သူ့အားယုံကြည်လာစေရန်
ရှချန်ဖုန်း ပြန်တော့မည်ဖြစ်ကြောင်းအပြင် ပြန်မည့်လမ်းကြောင်းကိုပါ ပြော၍ အယုံသွင်းခဲ့၏။ထို
အချက်အား လုံချန်က စတုထ္ထမင်းသားသည် သူ့အားအသုံးချကာ ရှချန်ဖုန်းကို သတ်ဖြတ်ရန်ကြံစည်
ခြင်းဖြစ်သည်ဟု တွေးသေးသော်လည်း ချူယောင်နှင့်ပတ်သတ်သည့်အခါတွင် ထောင်ချောက်ပင်
ဖြစ်ပါစေ ခုန်၀င်လိုက်တော့မည်ဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။

အကယ်၍ စတုထ္ထမင်းသားသည် သူ့အားအသုံးချ၍ ရှချန်ဖုန်းကို သတ်ဖြတ်ရန်ကြံစည်ခြင်းဖြစ်ပါမူ
အဆိုးဆုံးအနေဖြင့် ဆေးဆရာအသင်း၌ သူခိုလှုံ၍ ရနိုင်ကြောင်း လုံချန်ကတွေးသည်။ဆေးဆရာ
အသင်းတွင် သူခိုလှုံလျှင် သူ့အားထိရဲမည့်သူရှိမည်မဟုတ်ချေ။

သို့ရာ၌ စတုထ္ထမင်းသားကား ငတုံးတစ်ယောက်မဟုတ်သည်က သေချာ၏။သူသည် သူ့ရန်သူအတွက်
ကြိုတင်ပြင်ဆင်မှုများလုပ်ထားလိမ့်မည်သာဖြစ်သည်။ယခုတော့ ယင်အမတ်ကြီးရောက်လာသည်။
ရိုးရိုးစင်းစင်းလေသာ သူစဉ်းစားမိခဲ့မှန်း လုံချန်က ယခုမှသဘောပေါက်တော့၏။စတုထ္ထမင်းသားကို
သူ အတော်လေး လျှော့တွက်မိခဲ့သည်။

လုံချန်မှာ သူ နှပ်ချ ခံလိုက်ရကြောင်း မတတ်သာပဲ၀န်ခံရတော့မည်။စတုထ္ထမင်းသားသည် သူ့ကို
ကောင်းကောင်းကြီးလှည့်စားနိုင်ခဲ့၏။

"လုံချန်...လုံချန်....မင်းကိုကြည့်ရတာ မင်းအဖေ လုံရှင်းရှောင်ငယ်ငယ်ကနဲ့ တစ်ပုံစံတည်းပဲ
တက်ကြွမှုမှာကော ပါးရည်နပ်ရည်ရှိတာကောတစ်ထပ်တည်းဟေ့....ငါ မင်းအဖေကို ရှုံးနိမ့်ခဲ့တုန်းက
အဲ့ဒီ ရှုံးနိမ့်မှုဟာ ငါ့ဘ၀မှာအရှက်ရစရာအကောင်းဆုံးဖြစ်ရပ်အဖြစ်ငါ ယူဆခဲ့တယ် အခုတော့ သူ့
ကို ငါ ပြောင်ပြောင်တင်းတင်း စိန်ခေါ်ဖို့အသင့်ဖြစ်နေပြီပဲဆိုပါတော့ ဒါပေမယ့် ဒီလိုစိန်မခေါ်ခင်
လက်ဆောင်လေးဘာလေး တော့ ငါပြင်ဆင်ထားသင့်တယ်ထင်တာပဲ သူ့သားရဲ့ခေါင်းကို လက်ဆောင်
အဖြစ်ပေးလိုက်ရင် မင်းအဖေပုံစံဘယ်လိုဖြစ်သွားမယ်လို့ မင်းထင်သလည်း ဟားဟား ငါကတော့ သူ
တော်တော် ပျော်မယ်လို့ထင်တာပဲကွ"

ယင်အမတ်ကြီးက ရယ်လိုက်၏။သို့သော် သူ့အမူအယာက ကောက်ကျစ်လွန်းလှသည်။

"ကျုပ်ထင်တာကတော့ ခင်ဗျားအတွက် အရှက်ရစရာ အကောင်းဆုံးအဖြစ်က ကျုပ်အဖေကို
အကောက်ကြံခဲ့တာပဲ ခင်ဗျားသူ့ကို နိုင်ဖို့မသေချာလို့ ယုတ်မာတဲ့နည်းလမ်းကို အသုံးပြုချင်တာမလား
ကျုပ်အဖေ အမြင်မှာတော့ ခင်ဗျားဟာ ထာ၀ရ အရှုံးသမားတစ်ယောက်ပဲ အခုခင်ဗျားအရည်အချင်းနဲ့
သူကို့ စိန်ခေါ်လို့တောင်မရဘူး" လုံချန်က သနားဟန်ဖြင့် ခေါင်းကိုယမ်းလိုက်သည်။

ယင်အမတ်ကြီး၏ တည်တည်ငြိမ်ငြိမ်မျက်နှာသည် နောက်ဆုံး၌ အလွန်ယုတ်မာ၊ရက်စက်သည့်ဟန်သို့
ပြောင်းသွားတော့သည်။လုံချန်၏ စကားလုံးများက သူ့နှလုံးသားအား အပ်နှင့်ဆွလိုက်သကဲ့သို့ရှိ၏။
သူသည် ငယ်ရွယ်စဉ်ကပင် အောင်မြင်မှုများစွာ ရှိထားခဲ့သည့် ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း
ခေတ်မှားမွေးခဲ့သည်ဟု ပြောရမည်။လုံရှင်းရှောင် က သူနှင့်ခေတ်ပြိုင်တစ်ယောက်ဖြစ်၏။

လုံရှင်းရှောင် ကို အကြိမ်ပေါင်းများစွာ စိန်ခေါ်တိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံး၌ အရှုံးနှင့်ရင်ဆိုင်
ရသူက သူသာ အကြိမ်ကြိမ်ဖြစ်ခဲ့သည့်အပြင် နောက်ဆုံးတိုက်ပွဲတွင် သူ့လက်ညှိုးတစ်ချောင်းပါ ဆုံး
ရှုံးခဲ့ရသည်။ထိုအချိန်မှစ၍ ယင်အမတ်ကြီးသည် သိုင်းပညာကိုသဲကြီးမဲကြီးကျင့်တော့သည်။

သူသည် တစ်ဖြေးဖြေးပို၍ ပို၍ ကောက်ကျစ်တတ်လာကာ မိန်းမဆန်လာသလို နောက်ပိုင်း
၌ ကျင်ကျီ အဆင့်သို့တက်ရောက်နိုင်ခဲ့ပြီး ဖီးနစ်အင်ပါယာ၏ ထိပ်တန်းသိုင်းသမားသုံးယောက်တွင်
တစ်ယောက်အပါအ၀င်ဖြစ်ခဲ့သည့်တိုင် လုံရှင်းရှောင်အား ရှုံးနိမ့်ခဲ့မှုကို မည်သို့မှ မေ့မရပေ။

ထို့ပြင်  သူ့၏လက်ညှိုးဆုံးရှုံးသွားရခြင်းကြောင့် သူ့သိုင်းပညာမှာ ကျင်ကျီ အလယ်အဆင့်မှ ဆက်တက်
၍မရတော့မှန်းသိသည်တွင် လုံရှင်းရှောင်အပေါ်ထားသော သူ့၏အာဃာတ တရားမှာ ပို၍သာကြီး
ထွားလာခဲ့ရသည်။

ယခုတော့ တိုက်တိုက်ဆို်င်ဆိုင် အရိုးမူလ ပြန်ဆေးကို ရရှိခဲ့ရာမှ သူ့လက်ညှိုးက အသစ်ပြန်ပေါက်လာ
ပြီ။ထို့ကြောင့်သူသည် ကျင်ကျီပြောင်းလည်းမှု အဆင့် 7 သို့ရောက်ရှိခဲ့ကာ ကျင်ကျီ နှောင်းပိုင်းအဆင့်
သို့လည်း ၀င်ရောက်နေပြီဖြစ်၏။

သည်အချက်ကြောင့်လည်း ယင်အမတ်ကြီးက ယခုအခါတွင် စိတ်ဓာတ်များစွာတက်ကြွနေခြင်းဖြစ်သည်။
သူက ယခုတစ်ကြိမ်တွင် လုံရှင်းရှောင်ကို ကျိန်းသေပေါက်သတ်နိုင်ပြီး သူအရှက်ကွဲခဲ့ရသည်များကို
ပြန်ဖားထေးနိုင်မည်ဟု ယူဆထားသည်။သို့ရာတွင် ကျင်ကျီပြောင်းလည်းမှု နှောင်းပိုင်းအဆင့်သို့
ရောက်ခဲ့သည့်တိုင် လုံရှင်းရှောင်ဆိုသူသည် သူ့အား အမြဲတစ်စေခြောက်လှန့်နေသော(ငယ်ကြောက်)
ညတစ္ဆေ တစ်ကောင်ပမာဖြစ်နေရာ လုံရှင်းရှောင်အား အနိုင်ရမည်မှာ သူ့အတွက် မပြောရဲသည့်ကိစ္စ
ကြီးတစ်ခုဖြစ်နေ၏။

ကံကောင်းသည်မှာ သူသည် ယခုအခါ၌ လုံချန်အားသတ်ရန် အခွင့်အရေးရလာချေပြီ။အကယ်၍ လုံ
ချန်၏ ခေါင်းကိုသာကိုင်၍ လုံရှင်းရှောင်ကို ဒေါသထွက်စေခဲ့လျှင် သူ အနိုင်ရဖို့များသည်။ယခုတော့
လုံချန်က သူ့၏ ရည်ရွယ်ချက်ကို သိဟန်ဖြင့် တစ်ချက်တည်း ထောက်ပြလိုက်သည့်အခါတွင် အရှက်ကွဲ
၍ ယင်အမတ်ကြီး ဒေါသအကြီးအကျယ်ထွက်ရတော့သည်။

သူကား မျက်နှာဖုံးကွာကျသွားသော မင်းသားယောင် ဆောင်ထားသော ဘီးလူး တစ်ကောင်နှင့်ပင်
တူနေသေးတော့၏။သူ့မျက်၀န်းထဲတွင် အကြီးအကျယ်ဖြစ်ပေါ်လျှက်ရှိသည့် လူသတ်ချင်စိတ်များကို
လုံချန်က မြင်နေရသည်။

"ဘာလည်း အနာပေါ်တုတ်ကျသွားတာလား.....ခင်ဗျား မျက်နှာ မပြရဲတော့အောင်ရှက်နေ
ရင်လည်း ချောက်ထဲခုန်ချပြီး သေလိုက်လေ အားလုံးပြေလည်သွားလိမ့်မယ်" လုံချန်ကအကြံပေးသည်။

စကားကို ပေါ့ပေါ့ပါးပါးပြေလိုက်သော်လည်း လုံချန်က လက်ထဲကဓားကို မြဲနေအောင်ဆုပ်ကိုင်ထားသည်။
တစ်ချိန်တည်းတွင် သူ့၏စွမ်းအင်စက်ကွင်းများကိုလည်း ခပ်ဖြေးဖြေး လည်ပတ်ထားစေ၏။

"စောက်ကလေး သေပေတော့"

ယင်အမတ်ကြီး၏ ဒေါသတစ်ကြီး ကြုံးဝါးသံ ထွက်ပေါ်လာပြီး လျှပ်ပြက်လိုက်သလို အလင်းတန်းတစ်ခု
က ကောင်းကင်ထက်၌ ဖြတ်ကနဲပြေးသွား၏။လုံချန် သတိ၀င်လျှင် ယင်အမတ်ကြီးမှာ သူ့ရှေ့သို့ရောက်
နေပြီး ဓားက သူ့လည်ပင်းထက်သို့ တင်ထားပြီးသားဖြစ်နေချေပြီ။

Mk Aung

#######

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၇၅)ယင်အမတ်ကြီးနှင့်တိုက်ခိုက်ခြင်း

လုံချန်က မိမိကိုယ်ကို အသင့်ပြင်ဆင်ထားသည်ဖြစ်သော်လည်း ယင်အမတ်ကြီးမှာ ထိုမျှလောက်မြန်
ဆန်လိမ့်မည်ဟု သူက မတွက်ထားမိချေ။ယင်အကြီးက တစ်ချက်မျှ လှုပ်လိုက်ရုံနှင့်သူ့ရှေ့ကို ရောက်လာ
တော့သည်။

သို့သော် သူက မိမိကိုယ်ကို ပြင်ဆင်ထားပြီးဖြစ်သည်။အလွန်အစွမ်းထက်သည်သာ မဟုတ်လျှင် ယင်
အမတ်ကြီးအား သူ့အဖေနှင့် အဆင့်အတူတူထား၍ မည်သို့သတ်မှတ်ထားမည်နည်း။လည်ပင်းထက်သို့
၀င်လာသည့်ဓားကိုကြည့်ကာ လုံချန်၏ စိတ်က တည်ငြိမ်နေသည်။ကြောက်ရွံ့မှုပင်မရှိ။

သူသည် ယင်အမတ်ကြီး၏ ဓားကို ဂရုမစိုက်ပဲ လက်ထဲမှကိုင်ထားသည့်ဓားရှည်ဖြင့် အမတ်ကြီး၏ ခါး
ကိုလှမ်း၍ ပိုင်းချလိုက်၏။ဓားရှည်သည် အလွန်လေးလံသည်မှန်သော်လည်း သူ့၏ စွမ်းအင်စက်ကွင်း
12 ခု၏ အစွမ်းကြောင့် ခပ်သာသာပင်ကိုင်နိုင်နေ၏။သာမာန်ဓားတစ်လက်အား ကိုင်ထားသည်နှင့်
မခြားချေ။

ဓားသည် လေကိုဖြတ်၍ တစ်ရွှီရွှီမြည်သံပေးလျှက်ရှိသည်။ယခုအခါ၌ လုံချန်သည် သူ့၏ အစွမ်းများ
ကို ထိန်ချန်မထားဝံ့တော့ပဲ အင်အား အကုန်သုံးကာ တိုက်ခိုက်နေရပြီဖြစ်၏။ဓားရှည် ကြီးကား အင်
အား အပြည့်ဖြင့် လေကို ထိုးခွဲသွားရာ လေဟာနယ်ပင် နှစ်ခြမ်းကွဲသွားသကဲ့သို့ ထင်ရ၏။

ယင်အမတ်ကြီးမှာ လုံချန်သည် မိမိ၏ သေဘေးကိုပင် ဂရုမစိုက်ပဲ မိုက်ရူးရဲတိုက်ခိုက်မည်ဟု ထင်မထား
မိပေ။ဤသို့လုပ်ခြင်းက နှစ်ယောက်စလုံးသေသွားနိုင်လေသည်။ဤသို့ ဤနှယ်တိုက်ခိုက်ခြင်းသည် ဓား
သိုင်းပညာ၏ အခြေခံတိုက်ကွက်ဖြင့်တိုက်ခိုက်ခြင်းဖြစ်သည့်တိုင်အောင် ယင်အမတ်ကြီးအတွက်မှာ
မူ သူ့၏ ဓားသည် သာမာန်ဓားတစ်လက်သာ ဖြစ်ကာ လုံချန်၏ ဓားရှည်ကြီးမှာ 7 ပေ ခန့်ရှည်သည့်
ဓားကြီးတစ်လက်ဖြစ်နေသည်။

သို့ဖြစ်ရာ လုံချန်၏ လည်မြိုကိုသူက ဓားဖြင့်ပိုင်းမည်ဆိုလျှင် လုံချန်၏ ဓားကလည်း သူ့အားနှစ်ပိုင်းပိုင်း
သွားမည်ပင်ဖြစ်သည်။သူ့အနေနှင့် မည်လောက်မင် ၀င့်ကြွားသည်ဖြစ်စေ လုံချန်၏ ဓားကိုတော့
ခန္ဓာကိုဖြင့် မတားဆီးရဲချေ။ကျင်ကျီပြောင်းလည်းမှု အဆင့်သို့ရောက်နေပြီဖြစ်သည့် သူ့လိုလူပင်ဤကဲ့
သို့မရူးမိုက်ရဲပါချေ။

ထို့ကြောင့် သူက ရွေးချယ်စရာမရှိတော့ပြီဖြစ်ရာ လုံချန်၏ ဓားအား လေပေါ်သို့ပျံသန်းရင်းဖြင့်ရှောင်
လိုက်ရတော့သည်။လုံချန်၏ ဓားသည် သူနှင့် တစ်လက်မအကွာမှ အသည်းယားစဖွယ် ဝှီးကနဲဖြတ်
သွားလေသည်။ယင်အမတ်ကြီး နောက်သို့ ဆုတ်သွားသည်နှင့် လုံချန်က မိုးခြိမ်းသံကဲ့သို့ အသံဖြင့်
ကြုံးဝါးကာ ယင်အမတ်ကြီး၏ ၀မ်းဗိုက်သို့ သူ့ဓားဖြင့်ထိုးချလိုက်လေ၏။

လုံချန်၏ ဓားက သူ့၀မ်းဗိုက်သို့ပြေး၀င်လာသည့်အချိန်တွင် သူသည် လုံချန်၏ ပထမတိုက်ခိုက်ချက်
အားရှောင်လိုက်တုန်းပင်ရှိသေးသည်။ယင်အမတ်ကြီး အမူအယာအနည်းငယ်ပျက်သွား၏။
မည်သို့ဆိုစေ လုံချန်ကိုင်ထားသည့် ဓားရှည်မှာ လွန်မင်းစွာလေးလံကြောင်း ယင်အမတ်ကြီးသတိထား
မိသည်။ထို့ကြောင့်သူက ထိုဓားရှည်ဖြင့် ထိပ်တိုက်ရင်မဆိုင်ဝံ့ခြင်းပင်ဖြစ်သည်။

သို့ရာတွင် လွန်မင်စွာလေးလံသည့် ဓားရှည်ကြီးက လုံချန့်လက်ထဲ၌ ကလေးကစားစရာတစ်ခုကဲ့သို့
ဖြစ်နေသည်။ထိုအရာကို ကြည့်လျှင် လုံချန်၏ ခွန်အားသည် ကြောက်မက်ဖွယ်ရာ အဆင့်တစ်ခုသို့
ရောက်နေပြီဖြစ်မှန်း သိနိုင်သည်။

"ဟမ့်...သာမာန်ခွန်အားကိုပဲအသုံးပြုတယ်ပေါ့" ယင်အမတ်ကြီးကလှောင်လိုက်၏။သူ့၏ ဓားက လေကို
ထိုးခွဲကာ လုံချန်၏ ဓားရှည်အား ချွင်ကနဲထိမိလျှင် မီးပွားများသည် အရပ်လေးမျက်နှာသို့လွင့်စင်ကုန်
သည်။လုံချန်အံ့အားသင့်သွား၏။အားအပြည့်ထည့်၍ ခုတ်လိုက်သည့် သူ့၏ ဓားက ယင်အမတ်ကြီး၏
ဓားဖြင့်ထိသည်နှင့် ဓားတွင်ပါသောအားများ ပျက်ပြယ်ကာ ယင်အမတ်ကြီး၏ ခန္ဓာကိုယ်ဘေးမှ ကပ်
၍ ဖြတ်သွားသည်။

နောက်တစ်ချက်က သူသည် အားအပြည့်ထည့်၍ ခုတ်လိုက်ခြင်းကြောင့် ယင်အမတ်ကြီး၏ ဓားဖြင့်
ထိလျှင်အားလွန်ကာ ရှေ့သို့ဟပ်ထိုးလဲမည်ကဲ့သို့ဖြစ်သွားသည်။ထိုစဉ် ယင်အမတ်ကြီး၏ ဓားက သူ့
၏ သေကွင်း၊သေကွက်နေရာအား ဦးတည်၍ လျှပ်ပျက်သလို ရုတ်ချည်း၀င်လာမှ သူသည် အလွန်
အန္တာရာယ်ရှိသည့် အနေအထားသို့ ရောက်နေပြီ ဖြစ်မှန်း လုံချန်သဘောပေါက်၏။သို့သော် တိုက်
ပွဲများမှ ရလာသောအတွေ့အကြုံကြောင့်ထင့်၊ယင်အမတ်ကြီး၏ ဓားကို သူက ခန္ဓာကိုယ်အား လှည့်၍
ရှောင်လိုက်နိုင်သည်။

သို့တိုင်အောင် ယင်အမတ်ကြီးမှာ အလွန်လျှင်မြန်လှရာ သူ့၏သေကွင်းသေကွက်အား လွဲသွားသည့်
တိုင် ၀မ်းဗိုက်ကိုတော့ထိသွားသေးသည်။လုံချန်အသက်လုရှုနေစဉ်တွင် ယင်အမတ်ကြီးဓားက သူ့၏
လည်မြိုသို့ဦးတည်၍ ၀င်လာပြန်၏။သူ ရင်တွေတစ်ဒုန်းဒုန်းခုန်လာသည်။သည်အရာကား ကျင်ကျီ
ပြောင်းလည်းမှုအဆင့်သိုင်းသမား တစ်ယောက်သာလုပ်နိုင်သည့်အလုပ်မျိုးဖြစ်၏။ယင်အမတ်ကြီး
ရှေ့၌ လုံချန်သည် မည်သို့မှ ပြန်မခုခံနိုင်သော ကလေး တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

ယင်အမတ်ကြီးကား အလွန်လျှင်မြန်လှသည်။ထို ၀င်လာသည့်ဓားချက်ကို သူရှောင်ရန်မဖြစ်နိုင်တော့။
သူ့လည်မြိုသို့ တစ်ဖြည်းဖြည်းနီးကပ်လာသည့် ဓားသွားအား ငေးကြည့်နေရုံသာ လုံချန်တတ်နိုင်တော့
သည်။ရေခဲတစ်မျှ အေးစက်သည့် ဓားသွားအပြင် ယင်အမတ်ကြီး၏ မျက်၀န်းထဲမှ လှောင်ပြောင်မှု
များနှင့် မကျေမချမ်းမှုများကိုလည်း လုံချန်ကမြင်နေရသည်။ဤအကြိမ်သည် သူ့အတွက် သေဘေး
နှင့် နီးကပ်လာသည့် ခံစားချက်ကို ပထမဆုံးအကြိမ်အဖြစ်ခံစားဖူးခြင်ဖြစ်သည်။

"သေစမ်း"

ထိုစဉ် ရွှေရောင်အလင်းတန်းတစ်ခုက ရိပ်ကနဲပျံသန်းလာ၏။ထို့အတူ လေကိုဖြတ်သန်းလာသည့်တစ်
၀ူးဝူး အသံကြီးတစ်ခုကိုပါ ကြားလာရသည်။ယင်အမတ်ကြီး၏ ဓားသည် လုံချန်၏ လည်မြိုအားထိုး
ဖောက်သွားတော့မည့်အခိုက်၌ ရဲဒင်းကြီးတစ်ခုက ယင်အမတ်ကြီး၏ ဦးခေါင်းထက်သို့ ရက်ရက်စက်
စက် ကျရောက်လာ၏။

လူကြမ်းလေး၏ တုံ့ပြန်မှုက နှေးသည်။ယင်အမတ်ကြီးနှင့် လုံချန်စကားပြောနေသည်မှစကာ တိုက်ခိုက်
ကြသည့်အချိန်ထိ လူကြမ်းလေးကာ မည်သည့်တုန့်ပြန်မှုကိုမှ မလုပ်ပဲ နောက်ဆုံး လုံချန် အသက်အန္တာ
ရာယ်ရှိလာသည့်အချိန်ရောက်မှသာ ယင်အမတ်ကြီးကို တောင်ဖြိုရဲဒင်းဖြင့် ပြေး၍ ပိုင်းချလိုက်ခြင်းဖြစ်
၏။

ထိုအချိန်၌ ယင်အမတ်ကြီးက လုံချန်အား သတ်တော့မည့်အချိန်ဖြစ်သည်။သို့သော် ရုတ်ချည်း သူ့
နောက်ကျောမှ အေးစက်စက်အန္တာရာယ်အငွေ့အသက်ကိုခံစားလိုက်ရရာ သူ့တွင်ရွေးချယ်စရာမရှိ
တော့ပဲ လူကြမ်းလေး၏ ရဲဒင်းအားလက်ထဲမှ ဓားဖြင့်ပြန်ခံပေးလိုက်ရတော့သည်။

မီတော်အတော်ဝေးဝေးထိရောက် အောင် လူကြမ်းလေးလွင့်ထွက်သွားကာ ယင်အမတ်ကြီးအား အံ့
အားသင့်ဟန်ဖြင့်စိုက်ကြည့်နေ၏။ယင်အမတ်ကြီးလည်း သက်သာသည်တော့မဟုတ်ပဲ နောက်သို့
မီတာအတော်ရောက် အောင်လွင့်ထွက်သွားလေသည်။သို့သော် သူက တောင့်ခံထားလိုက်နိုင်
သေးသည့်တိုင်အောင် လူကြမ်းလေး၏ ကြောက်မက်ဖွယ်ရာခွန်အားကို ယင်အမတ်ကြီး အတော်
ကလေး အံ့အားသင့်သွား၏။လူကြမ်းလေးကား လူယောင်ဆောင်ထားသည့် မှော်သားရဲတစ်ကောင်
ပင်တည်း။

လုံချန်က လူကြမ်းလေးကြောင့် အသက်ချမ်းသာရရသည့်နှင့် လူကြမ်းလေးကို လေသံဖြင့်လှမ်း
ပြောလိုက်သည်။

"လူကြမ်းလေး ဒီလူက တိုက်ခိုက်ရအင်မတန်ခက်တယ် ငါတို့နှစ်ယောက်ရဲ့အသက်ကို လောင်းကြေး
စားကြေးတင်ပြီးတိုက်မှပဲရမယ်"

"မင်းတို့အသက်ကိုလောင်းကြေးတင်မယ်ဟုတ်လား"  ယင်အမတ်ကြီးက ထုံကျင်သွားသည့်လက်
မောင်းကိုပွတ်သပ်ရင်း လှောင်လိုက်၏။

"မင်းရဲ့ သာမာန်ခွန်အားလေးနဲ့လား မင်းတို့နှစ်ယောက်က အခြားလူတွေနဲ့ယှဉ်ရင်တော့ ကြောက်စရာ
ကောင်းတာမှန်ပါတယ် ဒါပေမယ့် ကျင်ကျီပြောင်းလည်းမှု အဆင့်ရောက်နေတဲ့သိုင်းသမား တစ်ယောက်
ရှေ့မှာတော့ဘာမှမဟုတ်ဘူးကွ"

လုံချန်က သူ့၏ ဓားဖြင့်ယင်အမတ်ကြီးအား ညွှန်၍ ပြောသည်။

"ဒါကတော့ ကျုပ်တို့စမ်းကြည့်မှ သိနိုင်မယ့်ကိစ္စပဲ"

ယင်အမတ်ကြီးက သူတို့နှစ်ယောက်ကို အလျှင်စလိုသတ်မည့်ဟန် ရှိပုံမရပေ။သူက သူ့၏ ဓားကိုမြေကြီး
ပေါ်သို့ စိုက်ချလိုက်ရင်း အေးအေးဆေးဆေးလေသံဖြင့်ပြောသည်။

"မင်းတို့နှစ်ယောက်ရဲ့ သိုင်းပညာဘယ်အဆင့်ရှိတယ်ဆိုတာကို ငါမသိနိုင်ပေမယ့် မင်းတို့မှာ သွေးချီ
ဓာတ်မရှိတာကို ကြည့်ခြင်းအားဖြင့် မင်းတို့နှစ်ယောက်ရဲ့သိုင်းပညာဟာ ရိုးရိုး ချီပေါင်းစပ်ခြင်းအဆင့်
မှာပဲရှိတယ်ဆိုတာသေချာတယ်"

"လက်ဆောင်အနေနဲ့ ငါ မင်းအဖေကို ပေးစရာတစ်ခုရှိတယ် မင်းကိုသနားသောအားဖြင့် ငါနဲ့မင်း
တို့နှစ်ယောက်ကြား ကွာခြားမှုဘယ်လောက် ကြီးတယ်ဆိုတာကိုပြောပြဦးမယ်"

"ချီပေါင်းစပ်ခြင်းအဆင့်မှာ မင်းဟာ မင်းရဲ့ခန္ဓာကိုယ်ထဲက ချီဓာတ်တွေစုပ်ထည့်နိုင်တယ် ဒီအဆင့်က
မှာမင်းဟာ ချီကျင့်စဉ်ကို ဇောင်းပေးပြီးကျင့်ရတယ်"

"သွေးနှောအဆင့်ရောက်တော့ ချီဓာတ်ကိုအသုံးချပြီး မင်းရဲ့သွေးကို သန့်စင်ရတယ် ဒီလိုသန့်စင်ခြင်း
ဖြင့် မင်းရဲ့ခန္ဓာကိုယ်ဟာ ခွန်အားတွေကြီးလာတယ် ဒီအဆင့်မှာ မင်းကျင့်နေတာဟာ ပြင်ပခွန်အား
လို့ပြောလို့ရတယ် တစ်နည်းအားဖြင့်ခွန်အား ဦးစားပေးလမ်းစဉ်ပေါ့ကွာ"

"ချီနဲ့ ပြင်ပခွန်အားပေါင်းစပ်လိုက်ရင် ကြောက်မက်ဖွယ်ကောင်းတဲ့ ခွန်အားကိုရတယ် ဒါပေမယ့်ဒါဟာ
တစ် နဲ့ တစ် နဲ့ပေါင်းလို့နှစ်ဖြစ်တာနဲ့မတူဘူး ပြန်ခွဲထုတ်လို့ရတယ်"

"ကျင်ကျီပြောင်းလည်းမှု အဆင့်ကိုမင်းရောက်ပြီဆိုပါတော့ မင်းရဲ့ပြင်ပခွန်အားတွေဟာ ပွင့်ထွက်သွား
ပြီး ချီဓာတ်က မင်းရဲ့စိတ်ဝိညာဉ်ကို အားဖြည့်ပေးရတယ် မင်းရဲ့ချီဓာတ်နဲ့ ရူပခန္ဓာဟာ လုံးဝပေါင်းစပ်
သွားလိုက်တာ ခွဲလို့မရတော့ဘူး"

"အဲ့ဒီတော့ တစ်နဲ့တစ်ပေါင်းလို့ နှစ်ဖြစ်သွားတဲ့သဘောပဲ ပြန်ခွဲထုတ်မရတော့ဘူး အဲ့ဒိအဆင့်မှာခွန်
အားဟာ ဆပွားလာတယ် တစ်ကယ်လို့ သွေးနှောသိုင်းသမားတစ်ယောက်ရဲ့ ခွန်အားဟာ ပေါင်းစပ်
မှုနဲ့သွားတယ် ဆိုရင် ကျင်ကျီအဆင့်ရောက်ရင် ဆပွားတဲ့ပုံစံနဲ့သွားတယ် တစ်ဆယ်နဲ့တစ်ဆယ် ပေါင်း
တာနဲ့ တစ်ဆယ်ကို ဆယ်ဆပွားတာနဲ့တူလား...မတူဘူးနော်"

လုံချန်သည် ကျောထဲမှနေ၍ စိမ့်နေအောင်ကြောက်သွားမိ၏။ဤသိုင်းပညာ အဆင့်များအားယင် အမတ်
ကြီးက သူ့ကိုပြောနေသည်မှ ကောင်းသောရည်ရွယ်ချက်ဖြင့်ပြောနေခြင်းမဟုတ်ဆိုတာကို သူကရိပ်မိ
သည်။သူက သူနှင့် လုံချန်ကြားမှ ကွားခြားချက်အား ပြော၍ လုံချန်ကို အရှုံးပေးစေခချင်သည်။

အကယ်၍ ယင်အမတ်ကြီး ပြောသည်သာ မှန်လျှင်သူတို့နှစ်ယောက်အသက်ရှင်ဖို့အခွင့်အရေး
ရှိမည်မဟုတ်တော့ချေ။ယင်အမတ်ကြီး သိုင်းအဆင့်ကို ထားဦးတော့ သူ့၏ လျှပ်စီးလက်သကဲ့သို့
လျှင်မြန်မှု တစ်ခုတည်းကပင် လုံချန်ကောင်းကောင်းအံ့အားသင့်ရန် လုံလောက်နေပြီဖြစ်သည်။

အခြေအနေကား မျှော်လင့်ချက်မရှိသည့်အခြေအနေပင်။စတုထ္ထမင်းသားက သူ့အားအကွက်ချကြံ
စည်ဝံ့သည်မှာ ထူးဆန်းသည့်ကိစ္စမဟုတ်တော့။လုံချန်ကရှချန်ဖုန်းကို သတ်လိုက်သည်။ထို့အတွက်
ကြောင့်ယင်အမတ်ကြီးသည် လုံချန့်ကို သတ်သည်။အကွက်က ထောင့်စေ့၏။

လူကြမ်းလေးကတော့ လုံချန့်လောက်မတွေးပေ။သူက ယင်အမတ်ကြီးကိုသာ စိုက်ကြည့်နေသည်။

"အကိုလုံ သူဘာ ပြောနေတာလည်း ပေါင်းစပ်တာတွေကော ဆပွားတာတွေကော ချီပေါင်းစပ်
ခြင်းအဆင့်နဲ့ သွေးနှောအဆင့်ဆိုတာကကောဘာတွေလည်း"

"သူပြောနေတာတွေကို ဂရုမစိုက်နဲ့ ငါပြောတာကိုပဲမှတ်ထား" လုံချန်က တိတ်စိတ်စွာပြန်ပြော၏။

ယင်အမတ်ကြီးက လုံချန်ကို ခပ်အေးအေးပင်ကြည့်လိုက်သည်။

"ဘယ်လို...ဒီလိုအခြေအနေမှာ မင်းတို့ကပြန်တိုက်ခိုက်ချင်သေးတယ်ပေါ့ဟုတ်လား ငါပြောတာ
တွေကို မင်းကတစ်ကယ်မဟုတ်ဘူးထင်နေလား"

လုံချန်က သူ့ဓားကိုမြှောက်၍ လှောင်လိုက်၏။

"ခင်ဗျားလည်ပင်းမှာ ဆွဲထားတဲ့ ရုပ်မြင်ကျောက်စိမ်းကို ကျုပ်က သတိမထားမိဘူးလို့များထင်နေ
လား ကျုပ်ပုံကို ခင်ဗျားက ကျုပ်အဖေကိုပြပြီး စိတ်ဓာတ်ကျသွားအောင်လုပ်မလို့မလား"

အစောပိုင်းက လုံချန်သည် များစွာထိန့်လန့်နေခဲ့သည်။သို့သော် ယခုမှ သူက ယင်အမတ်ကြီး၏ ရင်
ဘတ်မှ ထူးဆန်းသည့်ကျောက်စိမ်းလေး ပြားလေးတစ်ခုကို သတိထားမိသွား၏။ထိုကျောက်စိမ်းပြား
ပေါ်၌ အသေးစိတ်ရေးထွင်းထားသည့် ကနုတ်ပန်းများ များစွာပါလေရာ လုံချန်က ကနုတ်ပန်းဖော်
ခြင်းပညာနှင့်ပတ်သတ်၍ မည်သည့်ဗဟုသုတမှမရှိသည့် တိုင်အောင် ထိုကျောက်စိမ်းပြား အားရုပ်
မြင်ကျောက်စိမ်းပြားဖြစ်ကြောင်း သိသွားခြင်းဖြစ်၏။

ကျောက်စိမ်းပြားပေါ်၌ ရေးထွင်းထားသည့် ထိုကနုတ်ပန်းများသည် ရုပ်ပုံများအား မှတ်တမ်းတင်ရာ
၌ အသုံးပြုနိုင်သလို တင်္ဂ ရုပ်ရှင် လှုပ်ရှားမှုများကိုပင်မှတ်တမ်းတင်ထားနိုင်၏။

"ဟားဟား မင်း မြင်သွားလိမ့်မယ်လို့ ငါမထင်ထားဘူး  ပျင်းစရာပဲ" ယင်အမတ်ကြီးက ကျောက်စိမ်း
ပြားလေးကို အသာအယာချွတ်ယူလိုက်၏။

"ငါက မင်းရဲ့ပုံစံကို လက်ဆောင်အဖြစ် မင်းအဖေထံပို့ချင်တာ...ပထမတော့ မင်းရဲ့ခေါင်းကို မင်းအဖေ
စီပို့လိုက်မယ်ပေါ့...နောက်တော့မှ မင်းအသေအကြေ တိုက်ခိုက်နေရတဲ့ ပုံစံကိုထပ်ပို့ပေးလိုက်မယ်
ဒါမှပဲ ငါ့အောင့်အည်းထားရတဲ့ ဒေါသတွေကပြေမှာလေ"

လုံချန်က တစ်ဟားဟားရယ်၏။ "ဟားဟား ခင်ဗျားက ကလိန်ကကျစ်တော်တော်ကျတာပဲဗျ ခင်ဗျားက
အတော်မိန်းမဆန်တဲ့သူပဲ ကျုပ်အဖေက ခင်ဗျားကို လက်ညှိုးတစ်ချောင်းထဲဖြတ်သွားတယ် ကျုပ်ကတော့
ခင်ဗျား ခေါင်းကို ဒီနေ့ဖြတ်မယ်"

လုံချန်က မြေပြင်သို့ခြေတစ်ချက်စောင့်လိုက်၏။ထို့နောက် သူသည် ဓားရှည်ကို ယင်အမတ်ကြီးထံသို့
ချိန်ရွယ်၍ အလင်းတန်းတစ်ခုလို လှစ်ကနဲ ပြေး၀င်သွားတော့သည်။

"ဟမ့် တော်တော်မောက်မာတဲ့ ကောင်လေး ချီဓာတ်ဟာ မင်းခန္ဓာကိုယ်ကိုပေါင်းစပ်သွားတဲ့အခါ
ကျရင်ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာကို မင်းကိုငါဒီနေ့သင်ပေးရဦးမယ်"

ယင်အမတ်ကြီး၏ လှောင်ပြောင်သံအဆုံး၌ သူ့၀တ်ရုံက လေမတိုက်ပဲ တစ်လူးလူး တစ်လွန့်လွန့်ဖြစ်
လာသည်။ထို့အတူ အစိမ်းရောင်သွေးကြောများကလည်း သူ့၏ အရည်ပြားအောက်မှနေ၍ ရေကူး
နေသည့် မြွေများအလား တစ်လွန့်လွန့်ဖြင့် အပေါ်သို့တက်လာကြ၏။

ဤအချင်းအရာကား ကျင်ကျီပြောင်းလည်းမှုအဆင့်ရှိသိုင်းပညာရှင်များသာ လုပ်နိုင်သည့် ဝိသေသ
လက္ခာတစ်ရပ်လည်းဖြစ်သည်။သူ့ခန္ဓာကိုယ်တွင် သွေးကြောများဖြင့် လုံးဝြပည့်နှက်သွားသည့်အချိန်၌
ကြောက်မက်ဖွယ်ရာစွမ်းအင်ကြီး အဖြစ်ပေါက်ကွဲလေရာ ပတ်၀န်းကျင်မှ လေထုပင် ကတော့ထိုး
လည်၍ လေပွေများကဲ့သို့ဖြစ်လာလေသည်။

ယင်း မြင်ကွင်းအားမြင်လျှင် လုံချန်က အံကိုတင်းတင်းကြိတ်ထားလိုက်၏။ယင်အမတ်ကြီး မည်မျှအစွမ်း
ထက်သည်ဖြစ်စေ သူကတော့ တတ်နိုင်သမျှအကောင်းဆုံးကြိုးစားကာ တိုက်ခိုက်ရမည်သာဖြစ်သည်။
သို့မဟုတ်လျှင် သေလျှင်တောင် သူကောင်းကောင်းသေလိမ့်မည်မဟုတ်ပေ။

လုံချန်က သေရမည်ကိုကြောက်သည်။အကယ်၍ သူသေသွားလျှင် သူ့မိခင်မည်သို့ဖြစ်မည်နည်း။
ချူယောင်ကောမည်သို့ဖြစ်မည်နည်း။မန်ချီကော။သူသေ၍ မဖြစ်ပါပေ။

မျှော်လင့်ချက်သည် ကောက်ရိုးတစ်မျှင်ဖြစ်ခဲ့ရင်တောင် ထိုကောက်ရိုးကိုသူက ရအောင်ဆွဲထားဦး
မည်။လုံချန်သည် သူ့၏ စွမ်းအင်တစ်ရပ်လုံးကို ဓားရှည်ကြီးတွင် စုစည်းစေလိုက်၏။ယင်းနောက်တွင်
သူသည် ကြောက်ရွံ့စိတ်အား ဘေးဖယ်၍ ယင်အမတ်ကြီးထံပြေး၀င်သွားတော့သည်။မည်သည့်အတွက်
မှန်းမသိ။ထိုအချိန်၌ သူ့၏ ဖုန်ဖူကြယ်သည် ဖြေညှင်းစွာ စတင်လည်ပတ်လာသည်။

သို့ရာ၌ တင်္ဂအတွင်းတွင် ၎င်းက စွမ်းအင်မရှိတော့ဟန်ဖြင့် မူလအတိုင်းပြန်ရပ်သွားပြန်သည်။

"သေစမ်း"

လုံချန်ကား ရဲရဲဝံ့ဝံ့ နှင့် ရှေ့သို့ပြေးတက်သွားချေပြီ။အင်အား အပြည့်ဖြင့် ခုတ်ချလိုက်သည့် သူ့ဓား
ချက်သည် ကောင်းကင် ပင်တုန်လှုပ်သွားသကဲ့သို့ မှတ်ထင်ရသည်။

Mk Aung

#

继续阅读

You'll Also Like

60.1K 1.4K 16
Captain Henry Donnager expected a quiet career babysitting a dusty relic in Area 51. But when a test unlocks a portal to a world of knights and magic...
21.3K 446 42
What If Chloe lukasiak has a twin sister who is the favorite?
542K 18.5K 78
Child of the Eldest Gods from the East, Heiress of Earth and Legacy of Stars and Magic, Has the Affinity to Balance the Peace of Nature, Fated Love i...
169K 5K 97
After the death of Gwen Stacy, Peter hadn't had the courage to become a hero again. Meanwhile, the Justice League were looking for a more experience...