Unicode
ဒီနေ့က ထယ်ယောင်းနဲ့ ဂျောင်ဂုရဲ့ စေ့စပ်ပွဲနေ့ဖြစ်တာကြောင့် star Hotel မှာ တခန်းတနားပြင်ဆင်ထားကာ အသိအချို့ကိုသာ ဖိတ်ထားပြီး ညစာစားပွဲကိုသာ လုပ်မည်ဟု Mr jeonနဲ့Mr kimက တိုင်ပင်ထားလေသည်။
စေ့စပ်ရမဲ့နှစ်ယောက်ကတော့ ကောင်းသည်လဲ မပြောဆိုးသည်လဲမပြောပေ...။
"ဂျွန်ဂျောင်ဂု ညနေ၅နာရီခွဲ star Hotelကိုအရောက်လာနော် မလာခဲ့ရင် မနက်ဖြန်ကျ မင်းသူတောင်းစားဖြစ်ပြီသာမှတ်လိုက်..."
"ဟာ အဖေကဗျာ...မလာဘူးလဲ မပြောပါဘူး လာမှာပါလို့..."
"အေး အကြံဉာဏ်မျိုးစုံ ထုတ်တက်တဲ့ မငအကြောင်းသိလို့ ကြိုပြောထားတာ...မင်းဆိုတာက ကြိုပြောထားမှ တော်ကာကျတဲ့အမျိုးလေ..."
"ကျွန်တော့်ကိုဘဲ ပြောမနေဘဲ ဟိုထယ်ယောင်းမလာမှ အဖေတို့ အရှက်ကွဲနေမယ်..."
"ထယ်ယောင်းလေးက မင်းလိုမဟုတ်ဘူး ကတိတည်တယ်..."
သားကိုကျ မှိုကျိုးမျှစ်ချိုးပြောပြီး မတော်ရသေးတဲ့ သမက်ဘက် ရှေ့နေလိုက်ပေးနေသော အဖေ့ကြောင့် ဂျောင်ဂုမျက်နှာကြီး မဲ့ကျသွားလေသည်။
"ကဲပါ မင်းမျက်နှာကြီးမမဲ့နဲ့ ရုပ်ဆိုးလို့..."
ဖေဖေက သူ့အား နှာခေါင်းရှုံကာပြောလေသည်။
ဂျောင်ဂု ပြန်ပြောလိုက်ချင်ပေမဲ့ အော်ခံရမှာဆို၍ ပြန်မပြောတော့ပေ...။
.
.
.
"ဝိုး လှလိုက်တာ ငါ့သူငယ်ချင်းက..."
"ရား ငါကမိန်းခလေးမှ မဟုတ်တာ..."
"ခန့်ချောကြီးပါဗျာ..."
"အဲ့လိုပြော..."
"ဂျွန်ဂျောင်ဂုမလာ သေးဘူးလား..."
"ဘယ်သိမလဲ..."
" ၅နာရီခွဲနေပြီလေ..."
"ပွဲက ၆နာရီမှစမှာလေ..."
" အင်းပါ..."
"မလာလဲ ပိုကောင်းတယ် စေ့စပ်စရာမလိုတော့ဘူး..."
"အဲ့လိုဆို နှစ်ဖက်မိဘတွေ မျက်နှာပျက်ရမှာပေါ့ကွ..."
"အဲ့ဒါ သူဘက်ကမလာတော့ သူ့အပိုင်းပေါ့ကွာ..."
" ကျွန်တော် လာပါပြီခင်ဗျား...လွမ်းနေတာလား..."
"ချီးဘဲ...ဟျောင့်..."
ထယ်ယောင်းနဲ့ ဂျီမင်းစကားပြောနေရင်း ဝင်လာသောသူကကလီပလာစကားတွေ လာပြောနေသောကြောင့် ထယ်ယောင်းဆဲလိုက်မိလေသည်။
"haha... ငါနောက်ကျလို့ စိတ်ဆိုးနေတာလား..."
"ဖြစ်စရာလား..."
" သားတို့အဆင်သင့်ဖြစ်ရင် ထွက်ခဲ့ကြတော့နော် ဧည့်သည့်တွေကို ဧည့်ခံရမယ်လေ..."
သူတို့အား လာခေါ်သော Mr jeonကြောင့် နှစ်ယောက်သား ထွက်လာလိုက်လေသည်။
"ငါ့လက်မောင်းကိုချိတ်ထားလေ...လူမြင်ကောင်းအောင်လို့..."
"မင်းလက်မောင်းကို ဘာလို့ချိတ်ရမှာ...အားမနေဘူး..."
"ငါရန်မဖြစ်ချင်ဘူးနော် ချိတ်ဆိုချိတ်လိုက် မင်းအဖေကို မျက်နှာပျက်အောင် လုပ်မလို့လား..."
ဂျောင်ဂုပြောတာလဲ မှန်သလောက် ရှိသည်မို့ ထယ်ယောင်းလဲ ဂျောင်ဂုလက်မောင်းအား ချိတ်ကာ ဧည့်သည့်တွေကို လိုက်နှုတ်ဆက်လေသည်။
လိုက်နှုတ်ဆက်ရင်း ထောင့်ဆုံးဝိုင်းမှာ ေတွ့လိုက်ရသော မျက်နှာကြောင့် ထယ်ယောင်း ဂျောင်ဂုလက်မောင်းကို ကိုင်ထားသော လက်များပင် လွှတ်မိသွားလေသည်။
သူမ...မီယောင်း သူမပန်းရောင်ဂါဝန်အနုလေးဝတ်ထားကာ သူ့အားပြုံးပြနေလေသည်။
သူမ အပြုံးကအရင်ကလိုပင် ချိုနေတုန်း...။
ဂျောင်ဂုလဲ ထိုကောင်မလေးကို မြင်တာနဲ့ သူလက်ကို ဖြုတ်ချသွားတဲ့ ထယ်ယောင်းကြောင့်...။
"ကိုယ့်အသဲလေးကလဲ ကိုယ့်လက်ကို သေချာမကိုင်ထားဘူးကြည့်စမ်း..."
မီယောင်းကို ကြည့်နေမိရင် ဂျောင်ဂုစီက ထွက်လာသော အသံကြောင့် ကြောင်အစွာပင် ထယ်ယောင်း ဂျောင်ဂုအား ကြည့်မိသွားလေသည်။
"ဟင် ဘာပြောလိုက်တယ်..."
"ကြည့်စမ်းပါဉီး ဘာတွေငေးနေလို့ ကိုယ်ပြောတာကို မကြားရတာလဲ...အသိတွေလား ကိုယ့်ကိုမိတ်ဆက်ပေးလေ..."
ထယ်ယောင်း နှာခေါင်းအား ခပ်ဖွဖွဆွဲကာ ပြောလေသည်။
"သူ...သူက ငါ့သူငယ်ချင်း ကျောင်းတုန်းကခင်တာ... "
ထယ်ယောင်း ဂျောင်ဂုအား လိမ်ပြောလိုက်လေသည်။
"တွေ့ရတာဝမ်းသာပါတယ်... ကျွန်တော်နဲ့ ထယ်ယောင်း လက်ထပ်ပွဲကျရင်လဲ လာပေးနော်..."
အရှေ့ကကောင်မလေးနဲ့ ထယ်ယောင်းက တခုခုဆိုတာ ရိပ်မိတဲ့ ဂျောင်ဂုက ထိုသို့ပြောလိုက်လေသည်။
" ဟုတ်ကဲ့ပါရှင့်...ထယ်ယောင်းက ကျောင်းတုန်းက ထက်ချောလာတာဘဲ..."
"ကျေးဇူးပဲ မီယောင်း..."
ဂျောင်ဂုလဲ ထယ်ယောင်း လက်ကိုဆွဲကာ ထိုနေရာကနေ ဆွဲလာလိုက်လေသည်။
"ကြည့်ရတာ အချစ်ဉီးထင်တယ်...တုန်လှုပ်သွားပုံအရ...haha..."
ဂျောင်ဂုပြောတာလဲ အမှန်မို့ ထယ်ယောင်း ငြိမ်နေမိသည်။
"ဟော...ငါရမ်းပြောလိုက်တာ မှန်သွားပုံရတာဘဲ..."
"ဟုတ်တယ်...ဟုတ်တယ်လို့လဲ...အဲ့ဒါ..."
ထယ်ယောင်းက မျက်ရည်များဝဲကာ ဂျောင်ဂုအား ပြန်အော်လေသည်။
"ငါက...စတာလေ..."
"မင်းကိုကော အဲ့လိုစရင်ကြိုက်လား..."
"ငါကိုလာမအော်နဲ့...မင်းတယောက်ထဲ အချစ်ဉီးရှိတာမဟုတ်ဘူး..."
"အော်...အဲ့ဒါမင်းအပိုင်းလေ..."
သူတို့နှစ်ယောက်ရဲ့ စေ့စပ်ပွဲလဲ ပြီးခံနီးမလို့ ထယ်ယောင်းလဲ ဂျောင်ဂုကုိ ထားခဲ့ကာ ထွက်သွားမလို့လုပ်တော့...။
ထယ်ယောင်း လက်အားဆွဲကာ ဖက်လိုက်သော ဂျောင်ဂုကြောင့် ထယ်ယောင်းလန့်သွားမိလေသည်။
ဖက်တာတောင် ဂျောင်ဂုလက်တစ်ဖက်က ထယ်ယောင်း ခေါင်းအား ကိုင်ထားပြီး နောက်လက်တစ်ဖက်က ထယ်ယောင်းခါးကို ဖက်ထားလေသည်။
ထို့နောက် ထယ်ယောင်းရဲ့ လည်ပင်းအား လှမ်းနမ်းပြီး...ထယ်ယောင်းနားနားကပ်ကာ...။
"အမိုက်စားတွေကို သဘောကျတယ်..."
"ရူးနေတာလား...လွန်စမ်းငါ့ကို..."
"မင်းရဲ့အချစ်ဉီးလေး ငါတို့ကို လှမ်းရှိုးနေတာမို့ ငြိမ်ငြိမ်နေ..."
ထိုသို့ ပြောပြီး ဂျောင်ဂုလက်များက ထယ်ယောင်း တင်ပါးအားကိုင်လေသည်။
"ခွေးကောင်...လွတ်စမ်း..."
"မင်း အချစ်ဉီးလေး နှုတ်ခမ်းတောင် ကိုက်ပြီးကြည့်နေရှာတာ မနာလိုနေတာနေမယ်..."
ဂျောင်ဂုစကားကြောင့် ထယ်ယောင်းငြိမ်ကျသွားလေသည်။
ဘယ်လိုဘဲဖစ်ဖစ် သူမကိုထယ်ယောင်းအခု ဂျောင်ဂုနဲ့ပျော်နေကြောင်းတော့ ပြရမှာပေါ့။
.
.
.to be continued
A/N)အပြင်သွားနေလို့ upတာနောက်ကျသွားတယ်ရယ်...။
Taekook is real
Urfavgue
Zawgyi
ဒီေန႕က ထယ္ေယာင္းနဲ႕ ေဂ်ာင္ဂုရဲ႕ ေစ့စပ္ပြဲေန႕ျဖစ္တာေၾကာင့္ star Hotel မွာ တခန္းတနားျပင္ဆင္ထားကာ အသိအခ်ိဳ႕ကိုသာ ဖိတ္ထားၿပီး ညစာစားပြဲကိုသာ လုပ္မည္ဟု Mr jeonနဲ႕Mr kimက တိုင္ပင္ထားေလသည္။
ေစ့စပ္ရမဲ့ႏွစ္ေယာက္ကေတာ့ ေကာင္းသည္လဲ မေျပာဆိုးသည္လဲမေျပာေပ...။
"ဂြၽန္ေဂ်ာင္ဂု ညေန၅နာရီခြဲ star Hotelကိုအေရာက္လာေနာ္ မလာခဲ့ရင္ မနက္ျဖန္က် မင္းသူေတာင္းစားျဖစ္ၿပီသာမွတ္လိုက္..."
"ဟာ အေဖကဗ်ာ...မလာဘူးလဲ မေျပာပါဘူး လာမွာပါလို႔..."
"ေအး အႀကံဉာဏ္မ်ိဳးစုံ ထုတ္တက္တဲ့ မငအေၾကာင္းသိလို႔ ႀကိဳေျပာထားတာ...မင္းဆိုတာက ႀကိဳေျပာထားမွ ေတာ္ကာက်တဲ့အမ်ိဳးေလ..."
"ကြၽန္ေတာ့္ကိုဘဲ ေျပာမေနဘဲ ဟိုထယ္ေယာင္းမလာမွ အေဖတို႔ အရွက္ကြဲေနမယ္..."
"ထယ္ေယာင္းေလးက မင္းလိုမဟုတ္ဘူး ကတိတည္တယ္..."
သားကိုက် မွိုက်ိဳးမွ်စ္ခ်ိဳးေျပာၿပီး မေတာ္ရေသးတဲ့ သမက္ဘက္ ေရွ႕ေနလိုက္ေပးေနေသာ အေဖ့ေၾကာင့္ ေဂ်ာင္ဂုမ်က္ႏွာႀကီး မဲ့က်သြားေလသည္။
"ကဲပါ မင္းမ်က္ႏွာႀကီးမမဲ့နဲ႕ ႐ုပ္ဆိုးလို႔..."
ေဖေဖက သူ႕အား ႏွာေခါင္းရႈံကာေျပာေလသည္။
ေဂ်ာင္ဂု ျပန္ေျပာလိုက္ခ်င္ေပမဲ့ ေအာ္ခံရမွာဆို၍ ျပန္မေျပာေတာ့ေပ...။
.
.
.
"ဝိုး လွလိုက္တာ ငါ့သူငယ္ခ်င္းက..."
"ရား ငါကမိန္းခေလးမွ မဟုတ္တာ..."
"ခန့္ေခ်ာႀကီးပါဗ်ာ..."
"အဲ့လိုေျပာ..."
"ဂြၽန္ေဂ်ာင္ဂုမလာ ေသးဘူးလား..."
"ဘယ္သိမလဲ..."
" ၅နာရီခြဲေနၿပီေလ..."
"ပြဲက ၆နာရီမွစမွာေလ..."
" အင္းပါ..."
"မလာလဲ ပိုေကာင္းတယ္ ေစ့စပ္စရာမလိုေတာ့ဘူး..."
"အဲ့လိုဆို ႏွစ္ဖက္မိဘေတြ မ်က္ႏွာပ်က္ရမွာေပါ့ကြ..."
"အဲ့ဒါ သူဘက္ကမလာေတာ့ သူ႕အပိုင္းေပါ့ကြာ..."
" ကြၽန္ေတာ္ လာပါၿပီခင္ဗ်ား...လြမ္းေနတာလား..."
"ခ်ီးဘဲ...ေဟ်ာင့္..."
ထယ္ေယာင္းနဲ႕ ဂ်ီမင္းစကားေျပာေနရင္း ဝင္လာေသာသူကကလီပလာစကားေတြ လာေျပာေနေသာေၾကာင့္ ထယ္ေယာင္းဆဲလိုက္မိေလသည္။
"haha... ငါေနာက္က်လိဳ႕ စိတ္ဆိုးေနတာလား..."
"ျဖစ္စရာလား..."
" သားတို႔အဆင္သင့္ျဖစ္ရင္ ထြက္ခဲ့ၾကေတာ့ေနာ္ ဧည့္သည့္ေတြကို ဧည့္ခံရမယ္ေလ..."
သူတို႔အား လာေခၚေသာ Mr jeonေၾကာင့္ ႏွစ္ေယာက္သား ထြက္လာလိုက္ေလသည္။
"ငါ့လက္ေမာင္းကိုခ်ိတ္ထားေလ...လူျမင္ေကာင္းေအာင္လို႔..."
"မင္းလက္ေမာင္းကို ဘာလို႔ခ်ိတ္ရမွာ...အားမေနဘူး..."
"ငါရန္မျဖစ္ခ်င္ဘူးေနာ္ ခ်ိတ္ဆိုခ်ိတ္လိုက္ မင္းအေဖကို မ်က္ႏွာပ်က္ေအာင္ လုပ္မလို႔လား..."
ေဂ်ာင္ဂုေျပာတာလဲ မွန္သေလာက္ ရွိသည္မို႔ ထယ္ေယာင္းလဲ ေဂ်ာင္ဂုလက္ေမာင္းအား ခ်ိတ္ကာ ဧည့္သည့္ေတြကို လိုက္ႏႈတ္ဆက္ေလသည္။
လိုက္ႏႈတ္ဆက္ရင္း ေထာင့္ဆုံးဝိုင္းမွာ ေတွ့လိုက်ရသော မ်က္ႏွာေၾကာင့္ ထယ္ေယာင္း ေဂ်ာင္ဂုလက္ေမာင္းကို ကိုင္ထားေသာ လက္မ်ားပင္ လႊတ္မိသြားေလသည္။
သူမ...မီေယာင္း သူမပန္းေရာင္ဂါဝန္အႏုေလးဝတ္ထားကာ သူ႕အားၿပဳံးျပေနေလသည္။
သူမ အၿပဳံးကအရင္ကလိုပင္ ခ်ိဳေနတုန္း...။
ေဂ်ာင္ဂုလဲ ထိုေကာင္မေလးကို ျမင္တာနဲ႕ သူလက္ကို ျဖဳတ္ခ်သြားတဲ့ ထယ္ေယာင္းေၾကာင့္...။
"ကိုယ့္အသဲေလးကလဲ ကိုယ့္လက္ကို ေသခ်ာမကိုင္ထားဘူးၾကည့္စမ္း..."
မီေယာင္းကို ၾကည့္ေနမိရင္ ေဂ်ာင္ဂုစီက ထြက္လာေသာ အသံေၾကာင့္ ေၾကာင္အစြာပင္ ထယ္ေယာင္း ေဂ်ာင္ဂုအား ၾကည့္မိသြားေလသည္။
"ဟင္ ဘာေျပာလိုက္တယ္..."
"ၾကည့္စမ္းပါဉီး ဘာေတြေငးေနလို႔ ကိုယ္ေျပာတာကို မၾကားရတာလဲ...အသိေတြလား ကိုယ့္ကိုမိတ္ဆက္ေပးေလ..."
ထယ္ေယာင္း ႏွာေခါင္းအား ခပ္ဖြဖြဆြဲကာ ေျပာေလသည္။
"သူ...သူက ငါ့သူငယ္ခ်င္း ေက်ာင္းတုန္းကခင္တာ... "
ထယ္ေယာင္း ေဂ်ာင္ဂုအား လိမ္ေျပာလိုက္ေလသည္။
"ေတြ႕ရတာဝမ္းသာပါတယ္... ကြၽန္ေတာ္နဲ႕ ထယ္ေယာင္း လက္ထပ္ပြဲက်ရင္လဲ လာေပးေနာ္..."
အေရွ႕ကေကာင္မေလးနဲ႕ ထယ္ေယာင္းက တခုခုဆိုတာ ရိပ္မိတဲ့ ေဂ်ာင္ဂုက ထိုသို႔ေျပာလိုက္ေလသည္။
" ဟုတ္ကဲ့ပါရွင့္...ထယ္ေယာင္းက ေက်ာင္းတုန္းက ထက္ေခ်ာလာတာဘဲ..."
"ေက်းဇူးပဲ မီေယာင္း..."
ေဂ်ာင္ဂုလဲ ထယ္ေယာင္း လက္ကိုဆြဲကာ ထိုေနရာကေန ဆြဲလာလိုက္ေလသည္။
"ၾကည့္ရတာ အခ်စ္ဉီးထင္တယ္...တုန္လႈပ္သြားပုံအရ...haha..."
ေဂ်ာင္ဂုေျပာတာလဲ အမွန္မို႔ ထယ္ေယာင္း ၿငိမ္ေနမိသည္။
"ေဟာ...ငါရမ္းေျပာလိုက္တာ မွန္သြားပုံရတာဘဲ..."
"ဟုတ္တယ္...ဟုတ္တယ္လို႔လဲ...အဲ့ဒါ..."
ထယ္ေယာင္းက မ်က္ရည္မ်ားဝဲကာ ေဂ်ာင္ဂုအား ျပန္ေအာ္ေလသည္။
"ငါက...စတာေလ..."
"မင္းကိုေကာ အဲ့လိုစရင္ႀကိဳက္လား..."
"ငါကိုလာမေအာ္နဲ႕...မင္းတေယာက္ထဲ အခ်စ္ဉီးရွိတာမဟုတ္ဘူး..."
"ေအာ္...အဲ့ဒါမင္းအပိုင္းေလ..."
သူတို႔ႏွစ္ေယာက္ရဲ႕ ေစ့စပ္ပြဲလဲ ၿပီးခံနီးမလို႔ ထယ္ေယာင္းလဲ ဂျောင်ဂုကုိ ထားခဲ့ကာ ထြက္သြားမလို႔လုပ္ေတာ့...။
ထယ္ေယာင္း လက္အားဆြဲကာ ဖက္လိုက္ေသာ ေဂ်ာင္ဂုေၾကာင့္ ထယ္ေယာင္းလန့္သြားမိေလသည္။
ဖက္တာေတာင္ ေဂ်ာင္ဂုလက္တစ္ဖက္က ထယ္ေယာင္း ေခါင္းအား ကိုင္ထားၿပီး ေနာက္လက္တစ္ဖက္က ထယ္ေယာင္းခါးကို ဖက္ထားေလသည္။
ထို႔ေနာက္ ထယ္ေယာင္းရဲ႕ လည္ပင္းအား လွမ္းနမ္းၿပီး...ထယ္ေယာင္းနားနားကပ္ကာ...။
"အမိုက္စားေတြကို သေဘာက်တယ္..."
"႐ူးေနတာလား...လြန္စမ္းငါ့ကို..."
"မင္းရဲ႕အခ်စ္ဉီးေလး ငါတို႔ကို လွမ္းရွိုးေနတာမို႔ ၿငိမ္ၿငိမ္ေန..."
ထိုသို႔ ေျပာၿပီး ေဂ်ာင္ဂုလက္မ်ားက ထယ္ေယာင္း တင္ပါးအားကိုင္ေလသည္။
"ေခြးေကာင္...လြတ္စမ္း..."
"မင္း အခ်စ္ဉီးေလး ႏႈတ္ခမ္းေတာင္ ကိုက္ၿပီးၾကည့္ေနရွာတာ မနာလိုေနတာေနမယ္..."
ေဂ်ာင္ဂုစကားေၾကာင့္ ထယ္ေယာင္းၿငိမ္က်သြားေလသည္။
ဘယ္လိုဘဲဖစ္ဖစ္ သူမကိုထယ္ေယာင္းအခု ေဂ်ာင္ဂုနဲ႕ေပ်ာ္ေနေၾကာင္းေတာ့ ျပရမွာေပါ့။
.
.
.to be continued
A/N)အျပင္သြားေနလို႔ upတာေနာက္က်သြားတယ္ရယ္...။
Taekook is real
Urfavgue