😈14😈

2.4K 164 15
                                    

Unicode

"ဂျွန်ဂျောင်ဂု ဒီကိုလာအုံး ပြောစရာရှိတယ်..."

ဂျောင်ဂုအပေါ်ထပ်က ဆင်းလာတော့ အဖေကလှမ်းခေါ်သောကြောင့် ဂျောင်ဂုလဲ အဖေ့ရှေ့က ဆိုဖာပေါ်တွင် ထိုင်လိုက်လေသည်။

"နောက်ပတ်သောကြာ နေ့ကျရင် မင်းနဲ့ထယ်ယောင်းရဲ့ လက်ထပ်ပွဲရက်အဖြစ် ငါတို့စီစဉ်ထားတယ် အဲ့မတိုင်ခင် လိုတာတွေ ဝယ်ထားကြားလား..."

"ဟာ...ဘာလို့ အရမ်းမြန်ရတာလဲဗျာ..."

"ငါပြောတာကို နားထောင် အထွန့်တက်ဖို့မစဉ်းစားနဲ့..."

"အထွန့်တက်တာ မဟုတ်ဘူးလေဗျာ မနေ့ကတင် စေ့စပ်ထားတာ နောက်ပတ်ကျ လက်ထပ်ပွဲ ဆိုတော့ အရမ်းမြန်နေတယ်မထင်ဘူးလား...?"

"အော်...ငါအိမ်ပေါ်က ခေါင်းနဲ့ဆင်းချင်ရင် မြန်တယ်ပြောပေါ့...ဒီကိစ္စတွေအကုန် မင်းလုပ်ခဲ့တာကြီးဘဲလေ...ငါပုံပြတုန်းကကျ သူနဲ့ကျွန်တော်က ကမ္ဘာရန်ဖက်တွေပါဆို ရန်ဖက်မလိုဘဲ ငါမပြောချင်ဘူး..."

"အဲ့...အဲ့အကြောင်းကို ယွန်ဂီးလဲ ရှင်းပြထားတာဘဲလေ အဖေ့ကို...."

"ငါဘာမှမကြားချင်ဘူး ငါပြောတာလုပ် မဟုတ်ရင် မင်းရဲ့ကတ်ကိုပိတ်မယ်..."

အဖေ့စကားကြောင့် ဂျောင်ဂုလန့်သွားလေသည်။သူ့ black cardကိုအဖေသာ ပိတ်လိုက်ရင် သူဘာနဲ့သုံးရမလဲ...?

"လက်ခံပါတယ် အဖေရယ် အားနေ ခြိမ်းခြောက်နေတော့တာဘဲ..."

"မင်းက အေးဆေးမှပြောလို့မရတာ ဒီလိုပြောမှ တော်ကာကျမယ်..."

ဂျောင်ဂုလဲ အဖေနဲ့ရန်ဖက်မပြောတော့ဘဲ star night club သို့သာ ထွက်လာခဲ့လိုက်တော့သည်။

night clubကိုရောက်တော့ ထယ်ယောင်းတို့ အဖွဲ့ကိုတွေ့ရလေသည်။

"ဂျီမင်းရေ ငါတော့ မမြင်ချင်ပါဘူးဆို clubထိတွေ့နေရပါလားကွာ..."

"ဟုတ်ပကွာ..."

"ငါ့အကြောင်း အတင်းတုတ်နေတာလား မင်းတို့..."

"ဖြစ်ရလေခြင်း..."

"ထယ်ယောင်း စကားခနပြောရအောင်လေ ဒီမှာ ဆူညံနေတာပဲ အပြင်ထွက်ပြောရအောင်..."

😈I like feisty ones😈(Completed )Tahanan ng mga kuwento. Tumuklas ngayon