နွေဦးကုန်ခါစမို့ တဖွဲဖွဲလေး ရွာနေသည့်မိုးဟာ တစ်စုံတစ်ယောက်ကို လွမ်းဆွေးချင်သည့်အလား။
တစ်ဖွဲကျနေသည့် မိုးအား သူမ လက်အားခံရင်းပြုံးလိုက်သည်။စေ့ေစ့တင်းနေသည့် နှုတ်ခမ်းတစ်စုံဟာ ပြုံးရောင်သမ်းလို့ပင်။ေကျာင်းဝံရံတာက လက်ဆန့်ရက်းမိုးရေထည့်ခံနေသည့် ထိုအပြုံးအား ခနတာပင်။
စာအုတ်အစုံထည့်ထားသည့် လွယ်အိတ်အားလွယ်လိုက်ရင်း သက်ဆိုင်ရာ အခန်းထဲသို့ပင်။
ပထမဆုံးေန့ကျောင်းစတက်သည်ဖြစ်သောကြောင့် အခန်းထဲတွင် လူသည်နည်းသည်ဟုဆိုရမည်။ဒါမှမဟုတ် သူမ , လာတာစောနေလို့သလား။
တစ်ယောက်စာ စာရေးခုံ ၊ ထိုင်ခုံ အားပေးထားပုံမှာ သည်ကျောင်းသည် စည်းကမ်းကြီးကျောင်းဟု သူမ ကောက်ချက်ချလိုက်သည်။ သူမ နောက်ဆုံး ခြောက်တွေ့ပြီးပြတင်းပေါက်နှင့်နီးရာ ခုံရှီသို့လျှောက်လာလိုက်သည်။
အင်း သူမသည် ဒီကျောင်းက ကျောင်းသူ အဟောင်းပင် ဖြစ်သည် ။ ဆံပင်သည်မှာ နဖူးပေါ်လုံးလုံးကျပြီး နားပေါ်သာ နည်းနည်းတင်ပြီး ကုတ်လောက်သာ ရှိသည်။ မျက်လုံးအနည်းငယ်ကျဉ်းနေပြီး ရယ်လိုက်ရင် သွားတက်လေးပါပေမဲ့ သူမကတော့မရယ်တာက သူမအပြုံးကိုမြင်ရဖို့ ခဲယဉ်းသည်။
သူမ ထိုင်ခုံမှာ ထိုင်လိုက်ပြီး လွယ်အိတ်အား စားပွဲခုံထဲအားထည့်လိုက်ပြီး အကြောင်းမဲ့ ပြတင်းပေါက်ပြင်က မိုးဖွဲဖွဲလေးကို မေးထောက်ကာ အချိန်ကြာကြာကြည့်မိသည်။သူမကိုသူငယ်ချင်းမရှိဘူးလား ဟုမေးလျှင် အင်းရှိခဲ့သည် ဟုဖြေမည်။ ဒါပေမဲ့ သူငယ်ချင်းဖြစ်သူတွေက သူမအားစိတ်ကုန်သွားမည်ဟု ဆိုရမည်။ ဒါတွေက သူမ အတွက် ပြီးခဲ့ပါပြီ....အလယ်တန်းပထမနှစ်ကတည်းက အခု အထက်တန်း ဒုတိယနှစ် အစ ။တစ်ယောက်ထဲပင်။၄ နှစ်လုံးလုံး သူငယ်ချင်းမရှိခဲ့လား ။ မထားခဲ့တာလား။ ဟင့်အင်း ခေါ်တာပေါ့ နောက်ဆုံးကဘာလဲ ။ကိုယ်ကအားနည်သူမို့ အနိုင်ကျင့်ကြသည်။တစ်ေယာက်ေတာ့ရှိတယ် မျက်မှန်လေးနဲ့ သူက လှတယ်။ဘယ်သူမဆိုသူငယ်ချင်းတော့လိုကြမှာပဲလေ။ အနိုင်ကျင့်ခံရတာကတော့...သူ့ဘဝအတွက်စိတ်ပျက်စရာ!
*တောက်*!
အတွေးတွေနဲ့သူ ကိုယ့်စာရေးခုံအား ခေါက်လာတဲ့ လက်တစ်စုံ။ မော့ကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်။ထိုကောင်မလေးက ပြုံးပြပြီး
"ဒီအရှေ့ခုံမှာ လူရှိလား"
ပြုံးပြီးမေးလာသည် ကိုခေါင်းခါပြလိုက်ပြီး ပုံမုန်တိုင်း မျက်နှာလွှဲလိုက်သည်။
ထိုကောင်မလေးသည်ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်ကို သူမ မျက်ထောက်စွန်းကနေပဲ ကြည့်လိုက်သည်။
စိတ်ထဲမှာတော့ အပြစ်ပြောစရာ မရှိဘူးပဲ ဟု တွေးလိုက်ပြီး ချက်ချင်းရှင်းထုတ်ပြစ်လိုက်သည်။
"ကျောင်းသားသစ်လား? "
ထပ်မေးလာပြန်သော ထိုမိန်ကလေးကို သူမ ခေါင်းခါလိုက်သည်။
"ဒါဆို ကျောင်းသားဟောင်းလား?"
ဒီအရူး မိန်းကလေးကတော့ အသစ်မဟုတ်ရင် အဟောင်း အဟောင်းမဟုတ်ရင် အသစ်ပေါ့ ဒါကိုဘယ်လိုတောင်...ပါးစပ်ကပြောချင်ပေမဲ့ အနိုင်ကျင့်မှာလဲ စိုးသေးသည်။
သူမ မျက်ခုံးကျုတ်ရင်းခေါင်းငြိမ့်လိုက်သည်။
ထို ကောင်မလေး က သူ့ဘက်ကို ခုံကောလူပါ လှည့်ထိုင်လိုက်ပြီး
"ငါက ဇင်မေသူ
ငါ့ကို မသိတာရှိရင် ကူညီပေး
ငါ နေ့ခင်းကြရင် ကျောင်းပတ်ကြည့်ချင်တယ် အဲ့တာလိုက်ပေးပါ နင်ငါ့ကိုဘာမှပြောစရာရှိဘူးလား နာမည်မိတ်ဆက်တာတို့ ဘာတို့ "
ထို မိန်းကလေး သည် ညင်သာမှုမရှိ။ စကားအပြောမဆိုက အစ အမိန့်ဆန်သည်။ ပထမကတော့ အပြစ်ပြောစရာမရှိဘူးလို့ တွေးလိုက်ပေမဲ့အခုပေါ်လာသည်။
ကြာရင်ထိုမိန်းကလေးကော သူ့ကိူအနိုင်ကျင့်မှာပါပဲလား?
"ဟင့်အင်း"
သူမက ပြောလိုက်မိသည်။
"အင်းးးးနင် ပြောစရာရှိအောင် ငါက မေးပေးရမှာပေါ့"
ထို မိန်းကလေးကပြောသည်။
"နာမည်ဘယ်လိုခေါ်လဲ"
ထို အမေးကိုပြန်မဖြေဘဲ သူမ ထထွက်သွားလိုက်သည်။
မထင်ထားသည်က ထို ကောင်မလေးက သူမ နောက်လိုက်လာသည်။
တဖြည်းဖြည်းရောက်သွားသည်က ကျောင်းဝံရံတာ ထိပဲပင်။ ထို မိန်းကလေးမလိုက်လာဘူးထင် ၍ သူမ ပြန်လှည့်ဖို့ နောက်လှည့်လိုက်တော့ သူမ နဲ့ခပ်လှမ်းလှမ်း မှာ ရပ်ကြည့်ရင်း ပြုံးနေသည်။
ဘယ်လိုလုပ်ကမလဲ ? ။
ထို မိန်းကလေးရှေ့ကိုလျှောက်သွားလိုက်တော့ ဘယ်လောက်ပဲ အနိုင်ကျင့်ခံနေရပစေ ပြောသင့်တာတော့ ပြောရမှာပဲ။ဆက်မလိုက်လာဖို့ပြောရမယ်
"ကြယ်စင်...အေးကြယ်စင်"
မိုးတိမ်ခ။
ထို ကောင်လေး သည် သူမကို ပထမနှစ်ကတစ်ထဲက ကြိုက်နေသည်ဟု ဝန်ခံသည်။ ထိုကောင်လေး သည် ဘယ်ကမှန်း မမသိ သူမ အကြောင်းအကုန်သိသည်။သိသမျှလဲ မှန်နေသည်။ထိုကောင်လေးက သူမကိုလဲ နှစ်သိမ့်ပေးသည် ထိုကောင်လေးကိုတော့ သူမ ခင်ပါသည်။
လှေကားပေါ်က တစ်ထပ်ခြင်းတက်လာသည့် မိုးတိမ်ခ။
"မိုးတိမ်~~"
သူမ အသံတိုးတိုးလေးရွတ်လိုက်သည်။
"ကြယ်စင် လား အေးကြယ်စင်ပေါ့"
ဟု ခပ်ပျက်ပျက်ပြောလာသော ဇင်မေသူ။
"ဟင်းးးးကြယ်စင် သူက"
စာကြည့်မျက်မှန်လေးထောက်အား ပင့်ကာ ပြောလာသည့်မိုးတိမ် လက်ထဲမှာလဲ Bio စာအုပ်ကိုင်ထားသည်။
မိုးတိမ်ကိုခေါင်းခါပြရင်း
"ဟို...မိုးတိမ်...နင်ကျူရှင်တက်တယ်ဆို လောလောဆယ် နဲနဲလောက် ငါ့ကို စာရှင်းပြလို့ရမလား"
မိုးတိမ်က ကျေနပ်မှု အပေါင်းနှင့် ခေါင်းငြိမ့်ပြသည်။
"အော? ဟန်နီ ငါကလေ Bio ပဲ ယူထားတာ ငါရှင်းပြလို့ရတယ်"
ဘာ! ဟန်နီ! F**k မို့ ဟန်နီ..။
မိုးတိမ်က ခပ်အေးအေးနှင့်။
"မင်းကြည့်ရတာ ဒီနှစ်မှ ပြောင်းလာတဲ့ကျောင်းသားသစ်ထင်တယ်...ငါတို့နဲ့ အခန်းထဲပြန်လိုက်ခဲ့ပါ မင်း နောက်မှ အခန်းပျောက်လိမ့်မယ်"
ဇင်မေသူက တစ်ခုခုကိုစဉ်းစားနေပုံ...။ဖော့်ခ့်မို့လား သူစဉ်းစားတာ စောင့်ရအောင် အေးကြယ်စင်တို့ စိတ်မရှည်ပါ။ပြောဖို့အလုပ်။
"အမ်းးးနင်က မိုးတိမ်နော် မိုးတိမ် ငါ့ကိုလဲ ရှင်းပြပါလား"
မိုးတိမ်ခက တစ်ခုခုကို တွေးနေပုံ။
တွေးလဲတွေးချင်စရာ ဇင်မေသူက ခုနကတော့ စာရှင်းပြမယ်တဲ့ အခုကျတော့ ရှင်းပြပါလားတဲ့ လေ ဆိုတော့..
တခြားသူ တွေအပေါ်မှာကျတော့ စကားကိုရပ်ရောပြောတက်ပြီး သူမ အပေါ်မှာ အမိန့်ဆန်တဲ့ ဇင်မေသူအား သူမုန်းချင်ပါဘိ။
"အော ဒါဆို..."
မိုးတိမ်ခက ပြန်ဖြေရန်အလုပ်..။
"မေသူ.."
"မမ"
နောက်ကအသံကြားလို့ မိုးတိမ်ခ ကော အေးကြယ်စင်ကော နောက်လှည့်ကြည့်မိတယ်။
"အော စီနီယာ"
စီနီယာ မမပင်။စီနီယာက စာလဲတော် သလို။သဘောလဲကောင်းသည်။လှလဲ လှသည်။
မိုးတိမ်ခ ကော အေးကြယ်စင်ပါနှုတ်ဆက်လိုက်သည်။
"အင်း ကြယ်စင်တို့ဒီမှာ ဘာရပ်လုပ်နေကြတာလဲ...ပြီးတော့ မေသူကော"
စီနီယာမမ က မသိသလိုမေးသည်။
ဇင်မေသူက စီနီယာမမ ကိုကြည့်ပြီး
"မမ...လွမ်းနေတာ"
ဇင်မေသူ့အပြောကြောင့် စီနီယာမမ က ခပ်ရှက်ရှက်လေးပြုံးသည်။ အရိပ်အကဲ အခတ်တော်သည့် မိုးတိမ်မင်းက
"စီနီယာမမ နဲ့ က ..."
ဇင်မေသူက မိုးတိမ်အားပြုံး၍ စီနီယာမမ ခါးကို စက်ကနဲဆွဲဖတ်လိုက်သည်။
"မမနဲ့က တစ်နှစ်လောက်ရှိပြီ မိုးတိမ်"
ဇင်မေသူအပြောကို အေးကြယ်စင်နဲ့မိုးတိမ်ခက သဘောပေါက်သလိုခေါင်းနှစ်ချက်လောက်ငြိမ့်ပြလိုက်သည်။
Writer....Shin Lin Khant