ဒီနေ့နဲ့ဆိုကျောင်းတက်ကတာ တစ်ပတ်ကျော်ပြီဆိုပေမဲ့ အချိန်တိုင်းတော့ ဆရာမ သည် မဝင်ပေ။
"ကြယ်စင်"
သာမှန်ငြိမ်တာထက်ငြိမ်နေသော အေးကြယ်စင်အား မိုးတိမ်ခခေါ်လိုက်ခြင်းပေ။
"...."
နှစ်ခါသုံးခါခေါ်တဲ့ထိ မကြားဘဲ မပြင်က မိုးဝါးလေးတွေကိုငေးကြည့်နေသည့် အေးကြယ်စင်ဟာ အသက်မရှိတော့သည့်အလား။
နောက်ဆုံး မိုးတိမ်ခ အသံပုံမှန်ထက်မြင့်မြင့်ခေါ်လိုက်သည်။"ကြယ်စင်!"
"ဟင်! ဟင်"
ကြောင်ကြောင်နနပြန်ကြည့်လာတဲ့အေးကြယ်စင်သည် တစ်ခုခုကို အတော်စဉ်းစားနေပုံ ။
"ဘာတွေစဉ်းစားနေတာလဲ ကြယ်စင်"
အေးကြယ်စင်သည် မျက်လုံးကိုအသာမှိတ်ပြီး ဟင်း ခနဲသက်ပြင်းချသည်။သူတွေးနေသည်က ဘယ်တော့များ အနိုင်ကျင့်ခံရမလဲလို့။
"ဘာများလဲလို့ ငါက တစ်ခုခုဖြစ်တာလားလို့"
ထိုအခါမိုးတိမ်က မျက်မှန်အားပင့်ပြီး ခဟဟရယ်သည်။
"ဘာပြောစရာရှိလို့လဲ"
မိုးတိမ်ခ က အရှေ့ခုံမှာထိုင်နေသည့် ဇင်မေသူ့အား မေးငေါ့ပြပြီး
"သူက သိပ်ကံကောင်းတာဘဲ စီနီယာမမကလဲ သူ့ကိုတော်တော်ချစ်မဲ့ပုံပဲ"
အေးကြယ်စင် မိုးတိမ်ခ အပြောကိုခေါင်းငြိမ့်ထောက်ခံလိုက်ပြီး
"စီနီယာမမကို ကောင်လေးရှိတယ်လို့ပဲ ငါထင်ထားတာ မိုးတိမ်"
မိုးတိမ်က ခေါင်းငြိမ့်ပြလိုက်ပြီး တစ်ခုခုကိုသတိရသွားသလိုနဲ့
"အော ဇင်မေသူနဲ့ နင်က သိနေကြတာကြာပြီလား ကြယ်စင် သူက နင့်ကိုဟန်နီလို့ခေါ်လိုက်ပုံ"
မိုးတိမ်စကားကြောင့်အေးကြယ်စင် မျက်ခုံးကျုံ့လိုက်ပြီး
"အဓိပ္ပာယ်မရှိတာ ငါ ကျောင်းသား ၊ ကျောင်းသူ တွေနဲ့ ခပ်ကင်းကင်းနေချင် တယ် အထူးသဖြင့် သူ့လိုလူတွေနဲ့...ဘယ်ချိန်ငါ အနိုင်ကျင့်ခံရမလဲတောင်မသိနိုင်ဘူး....နင့်ကိုငါက ခင်လို့ပေါင်းတာ နောက်ခါ အဲ့လိုစကားမျိုးမပြောမိစေနဲ့ မိုးတိမ်ခ"