နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသ...

By KimHsuYoon99

699K 108K 1.4K

This novel isn't mine and I just translate;it's fun translation. ဒါလေးကို ဘာသာပြန်တဲ့လူရှိလားရှာခဲ့ပေမယ့် မရှ... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8.1
Chapter 8.2
Chapter 9.1
Chapter 9.2
Chapter 10.1
Chapter 10.2
Chapter 11.1
Chapter 11.2
Chapter 12.1
Chapter 12.2
Chapter 13.1
Chapter 13.2
Chapter 14.1
Chapter 14.2
Chapter 15.1
Chapter 15.2
Chapter 16.1
Chapter 16.2
Chapter 17.1
Chapter 17.2
Chapter 18.1
Chapter 18.2
Chapter 19.1
Chapter 19.2
Chapter 20.1
Chapter 20.2
Chapter 21.1
Chapter 21.2
Chapter 22.1
Chapter 22.2
Chapter 23.1
Chapter 23.2
Chapter 24.1
Chapter 24.2
Chapter 25.1
Chapter 25.2
Chapter 26.1
Chapter 26.2
Chapter 27.1
Chapter 27.2
Chapter 28.1
Chapter 28.2
Chapter 29.1
Chapter 29.2
Chapter 29.3
Chapter 30.1
Chapter 30.2
Chapter 31.1
Chapter 31.2
Chapter 32.1
Chapter 32.2
Chapter 33.1
Chapter 33.2
Chapter 34.1
Chapter 34.2
Chapter 35.1
Chapter 35.2
Chapter 36.1
Chapter 36.2
Chapter 37.1
Chapter 38.1
Chapter 37.2
Chapter 38.2
Chapter 39.1
Chapter 39.2
Chapter 40.1
Chapter 40.2
Chapter 41.1
Chapter 41.2
Chapter 42.1
Chapter 42.2
Chapter 43.1
Chapter 43.2
Chapter 44.1
Chapter 44.2
Chapter 45.1
Chapter 45.2
Chapter 46.1
Chapter 46.2
Chapter 47.1
Chapter 47.2
Chapter 48.1
<ဖတ်စေချင်ပါတယ်>
Chapter 48.2
Chapter 49.1
Chapter 49.2
Chapter 50.1
Chapter 50.2
Chapter 51.1
Chapter 51.2
Chapter 52.1
Chapter 52.2
Chapter 53.1
Chapter 53.2
Chapter 54.1
Chapter 54.2
Chapter 55
Chapter 56.1
Chapter 56.2
Chapter 57.1
Chapter 57.2
Chapter 58.1
Chapter 58.2
Chapter 59.2
Chapter 60.1
Chapter 60.2
Chapter 61.1
Chapter 61.2
Chapter 62.1
Chapter 62.2
Chapter 63.1
Chapter 63.2
Chapter 64.1
Chapter 64.2
Chapter 65.1
Chapter 65.2
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Extra 1
Extra 2
Extra 3

Chapter 59.1

2.3K 376 3
By KimHsuYoon99

Unicode

တိရိစ္ဆာန်သားရေထူထူနဲ့ ပတ်ထားတဲ့ပိုင်မုက ဂူပေါက်ဝမှာ ရပ်နေခဲ့တယ်။အေးစက်တဲ့လေပြင်းတွေ တိုက်ခတ်လာပြီး ကောင်းကင်တစ်ခုလုံးကနှင်းတွေက သူ့အပေါ် ကျဆင်းလာခဲ့တယ်။သူ့ခန္ဓာကိုယ်ကကျုံ့သွားပြီး ဆိုးရွားတဲ့ ရာသီဥတုက ဘောလုံးတစ်လုံးလိုပဲကျုံ့နေချင်အောင် အေးနေသေးတယ်။

"အထဲဝင်လေ အေးနေတယ် မဖျား​စေနဲ့" ခဲယ်လ်တစ်က သူ့နောက်ကိုလျှောက်သွားပြီး သူ့မျက်၀န်းတွေကတော့ စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နှက်နေတယ်။သူက ပိုင်မုရဲ့ကိုယ်ပေါ်က နှင်းပွင့်တွေကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး အေးစက်နေတဲ့လက်တွေကို ဆုပ်ကိုင်ထားဖို့ သူ့လက်ကို ဆန့်ထုတ်လိုက်တယ်။

"အင်း" ပိုင်မုက ခေါင်းညိတ်လိုက်ပြီး ဂူထဲ ခဲယ်လ်တစ် လက်ဆွဲကာ ခေါ်သွားတာကို နာခံစွာနဲ့ လိုက်သွားတယ်။

"နှင်းကျတာရပ်သွားရင် မင်းထပ်လေ့လာလို့ရပါတယ်" မျိုးနွယ်စုကို ပိုမိုကောင်းမွန်အောင်ကာကွယ်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာကို တွေးနေရင်းနဲ့ ခဲယ်လ်တစ်က ပတ်၀န်းကျင်ကို ကြည့်နေတယ်။

"ကျွန်တော့်မှာ အကြံတစ်ခုရှိထားပြီးသားပါ နှင်းကျတာရပ်သွားရင် အားလုံးက ကူညီပြီး အကောင်အထည်ဖော်ပေးကြပေါ့"

"ကောင်းပြီ မင်းအရမ်းအပင်ပန်းမခံနေပါနဲ့ ကိုယ့်ကိုကိုယ်လည်း အရမ်းဖိအားမပေးနဲ့"ခဲယ်လ်တစ်က မကြာသေးမီက သူ့ရဲ့အိပ်မက်‌ဆိုးအကြောင်းကို စဉ်းစားနေခဲ့တယ်။ ပိုင်မုအတွက် သူဘယ်လိုလုပ်ရမလဲ။ ဒါပေမယ့် သူ့ကို ကောင်းကောင်းဂရုစိုက်ဝာာကလွဲလို့ ခံစစ်နေရာတွေကို ဒီဇိုင်းဆွဲရာမှာ သူတကယ်ကိုမကူညီနိုင်ပါဘူး။

"ဒီတစ်ခေါက်တော့ အဲ့လိုဖြစ်မှာမဟုတ်ဘူး လူတိုင်းက အခက်အခဲအားလုံးကို ကျော်လွှားနိုင်ဖို့ အားလုံးအတူတူအလုပ်,လုပ်နိုင်တယ်လို့ ကျွန်တော်ယုံကြည်တယ်" ပိုင်မုက  နောက်ပိုင်းမှာ အဲ့ဒါကို အသေအချာ စဉ်းစားခဲ့ပြီး အိပ်မက်ထဲက မြင်ကွင်းက သူ့စိုးရိမ်မှုတွေကို  ထင်ဟပ်စေခဲ့ရုံသာဖြစ်တယ်။ထိုအချိန်ကဖြစ်နေတဲ့အခြေအနေရဲ့ ခွဲခြမ်းစိတ်ဖြာမှုအပေါ်အခြေခံပြီး လူတိုင်းက ခုခံဖို့ရုန်းကန်နေသရွေ့  သားရဲတွေက မထိတ်လန့်ဘဲနေနိုင်မှာမဟုတ်ဘူး။(T/N-သူက အဲ့လိုဖြစ်မှာကို သူ့မသိစိတ်က ကြောက်နေလွန်းတော့ ညရောက်တော့ အိပ်မက်ဆိုးအနေနဲ့ သူ့ရဲ့အကြောက်တရားက ပြန်ပေါ်လာတာ အဲ့လိုမျိုးကို ကျင့်ကြံရေးnovelတွေမှာဆို စိတ်တွင်းမိစ္ဆာဆိုလား အဲ့လိုခေါ်တာ)

အရင်ကမ္ဘာတုန်းကဆို ပိုင်မုက သီတင်းပတ်တွေရဲ့အဆုံးမှာ အိမ်မှာပဲနေတတ်ပြီး သူ့ရဲ့အချိန်အများစုက ပျင်းနေတာပဲဖြစ်ကာ Plants vs.Zombies ဂိမ်းကစားတယ်။ ဂိမ်းထဲက ဇွန်ဘီတွေကို အကန့်မသတ်မရှိသတ်ပြီးတာနဲ့   အိပ်တယ်။ ဒီလိုပဲ အချိန်ကုန်ဆုံးလေ့ရှိတယ်။ ဒါပေမယ့် ဒီဂိမ်းလေးကိုပြန်တွေးကြည့်မိတော့ ပိုင်မုက ခံစစ်အစီအစဉ်အတွက် အတုယူစရာတွေ ရခဲ့တယ်။

"အစ်ကိုကြီးပိုင်မု စွပ်ပြုတ်ပူပူလေး တစ်ပန်းကန်သောက်လိုက်ဦး" အန်းချီလော့က ပိုင်မုကို စွပ်ပြုတ်ပူပူတစ်ပန်းကန် ယူလာပေးတယ်။

ပိုင်မုက ဒီနေ့ သူသောက်ရတဲ့ မုန်လာဥနီနဲ့ ငါးကြင်းစွပ်ပြုတ်ကိုကြည့်လိုက်တယ်။ သူ အဲ့ဒါကို မြည်းကြည့်လိုက်တော့ အဆင်ပြေတယ်။အခု အေးနေပြီ။ ပိုင်မုက ခန္ဓာကိုယ်ကိုနွေးထွေးစေပြီး ခွန်အားဖြစ်စေတဲ့ ဆောင်းတွင်းစွပ်ပြုတ်အနည်းငယ်ကို အန်းချီလော့ကို သင်ပေးခဲ့ပြီး အန်းချီလော့က သင်ယူရာမှာ အရမ်းထူးချွန်ပါတယ်။

အဲ့ဒီစွပ်ပြုတ်တွေက ခန္ဓာကိုယ်ကို သန်မာစေရုံသာမက အအေးဒဏ်ကိုလည်း ခံနိုင်ရည်တိုးမြင့်စေတယ်လို့ ပိုင်မုပြောတယ်။ဒါကြောင့် ခန္ဓာကိုယ်ကို နွေးထွေးစေတဲ့စွပ်ပြုတ်ကို သင်ယူနေချိန်မှာ အန်းချီလော့က အထူးဂရုစိုက်သင်ယူခဲ့တယ်။

"မင်းက ကောင်းကောင်းလုပ်နေတာပဲ မင်းရဲလက်ရာက ပိုကောင်းလာတယ်" ပိုင်မုက စွပ်ပြုတ်သောက်ပြီးနောက် ချီးကျူးလိုက်တယ်။ ချီးကျူးခံလိုက်ရတဲ့အန်းချီ‌လော့က  တောက်ပတဲ့အပြုံးကို ပြသလိုက်တယ်။ထိုအချိန်မှာ တပေါက ရှေ့ကို ကိုင်းညွတ်လိုက်ပြီး အဝတ်စတစ်ထည်ကို ပေးလိုက်တယ်။ ခဲယ်လ်တစ်က ခြေတစ်လှမ်း,လှမ်းပြီး ယူလိုက်ကာ သူ့ဆံပင်ပေါ်က နှင်းပွင့်တွေကို သုတ်လိုက်တယ်။

လတ်တလောမှာ လူတိုင်းက ပိုင်မုရဲ့အလုပ်မှာ ဝိုင်းကူညီနေကြပြီး သူ့အပေါ်ရှိနေတဲ့ဖိအားက ပျောက်ပျက်သွားဖို့အတွက် အရမ်းကြီးမားနေမှာကို စိုးရိမ်နေကြတယ်။ လူတိုင်းက သူ့ကို အရမ်းဂရုစိုက်ကြပြီး ပင်ပန်းမှာစိုးတာကြောင့် ဘာမှမလုပ်ခိုင်းဘဲ အနားယူဖို့ပြောခဲ့ကြတယ်။

"ခဲယ်လ်တစ် ခိုလှုံရာဂူရဲ့ ခြံစည်းရိုးကို ပြုပြင်ပြီးပြီလား" ပိုင်မုက  မီးဘေးမှာထိုင်ပြီး မီးလှုံနေတယ်။ အပြင်မှာ တကယ်အေးတယ်။

"ပြုပြင်ပြီးပြီး မျိုးနွယ်စုခေါင်းဆောင်ရဲ့ စီစဉ်မှုတွေအတွက်  မင်းစိတ်ပူစရာ မလိုပါဘူး လတ်တလောမှာ နှင်းကျနေလို့ သားရဲတွေ လာမှာမဟုတ်ဘူးလို့ပြောတယ်"

"ကောင်းပြီ နှင်းကျတာရပ်သွားရင်  ခုခံမှုအစီအမံအချို့ ထပ်ထည့်ဖို့လိုတယ်" ပိုင်မုက အဲဒါကို မကြာသေးခင်ကမှ စဉ်းစားမိခဲ့တာ။ ဘယ်လိုကာကွယ်ရမလဲဆိုတာကိုလေ။

"ဒီရက်ပိုင်းမှာ မင်းကောင်းကောင်းအနားယူနိုင်ပြီ အဲဒါကို မစဉ်းစားနဲ့တော့" ခဲယ်လ်တစ်က ပိုင်မုကို စွပ်ပြုတ်တစ်ပန်းကန် ပေးလိုက်တယ် ။

"အင်း ကျွန်တော့်မှာ အားအင်တွေသိပ်မရှိဘူး အမြဲတမ်းအိပ်ချင်နေတာ" ပိုင်မုက စွပ်ပြုတ်ပူပူကို ကိုင်ပြီး တစ်ငုံသောက်လိုက်တော့ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း နွေးလာခဲ့တယ်။

"မနက်ဖြန် မင်းပိုအိပ်လို့ရတယ် စကားမစပ် မနက်ဖြန် ကိုယ်ကင်းစောင့်ရမယ့်အလှည့်ပဲ လိန်းကျယ်က ညဘက်ဖြစ်ပုံရတယ်  ဟုတ်တယ်မလား"

"ဟုတ်​တယ်​ မင်းနဲ့ အလှည့်ပြောင်းဖို့ ငါလုပ်​ခဲ့တာ" မီးက နည်းနည်းအပူလျော့သွားတယ်လို့ ခံစားရတော့ လိန်းကျယ်က တုတ်တစ်ချောင်းကို ကိုင်လိုက်တယ်။ မီးကိုယူပြီးနောက် ကျောက်မီးသွေးစလေးတွေထည့်လိုက်တယ်။

Orcs တွေ စောင့်ကြပ်နေတဲ့နေရာက တောင်ထိပ်နားက ဂူငယ်လေးထဲမှာဖြစ်ပြီး ပတ်ဝန်းကျင်လှုပ်ရှားမှုကို စောင့်ကြည့်ဖို့ ကျယ်ကျယ်ဝန်းဝန်းမြင်ရတဲ့မြင်ကွင်းက ပိုကောင်းပါတယ်။ သားရဲအုပ်လာတဲ့အခါ  အချိန်မှီသတိပေးနိုင်တယ်လေ။

ခဲယ်လ်တစ်က ဂူပေါက်ဝမှာ ရပ်နေတယ်။ဂူထဲမှာ မီးထွန်းထားပေမယ့် အအေးဓာတ်က ဂူကို မနွေးထွေးစေပါဘူး။ ဒီအချိန်မှာ သူက အဝေးကို  ဂရုတစိုက် စောင့်ကြည့်နေပြီး အပြောင်းအလဲရှိတိုင်း သတိပေးနေတယ်။ သူနဲ့အတူရှိနေတာက ခဲယ်လ်တစ်ရဲ့နေရာကို အစားထိုးဖို့ ဂူထဲမှာအနားယူနေတဲဲ့ ဇက်ခ်ရိပါ။ ဒီနေ့အတွက် အစားအသောက်တွေက သူတို့လာတဲ့အချိန်တည်းက ယူလာခဲ့ကြတာပါ။

ခဲယ်လ်တစ်က အချိန်အတော်ကြာ မတ်မတ်ရပ်နေခဲ့ပြီး သူ့ခန္ဓာကိုယ်ပေါ်မှာ နှင်းပွင့်များစွာ ရှိနေကာ  မကြာခင် ဇက်ခ်ရိက သူ့နေရာမှာ  အစားထိုးဝင်ရောက်လာမှာဖြစ်တယ်။ ဒီအခိုက်အတန့်မှာ သူက မနီးမဝေးက ကောင်းကင်ကြီးကိုရုတ်တရက် မြင်လိုက်ရပြီး တစ်စုံတစ်ခုက ဒီဘက်ကို ပျံသန်းလာပုံရကာ များစွာရှိနေတယ်။သူအနီးကပ်ကြည့်လိုက်တော့ သားရဒအုပ်ပုံစံလည်း မဟုတ်ဘူး။

"ဇက်ခ်ရိ ဒီကိုပျံသန်းလာတဲ့ တစ်ခုခုရှိပုံရတယ် ငါတစ်ချက်သွားကြည့်လိုက်မယ် မင်းက ဒီမှာပဲကြည့်နေခဲ့လိုက် မင်းကိုအချိန်မရွေးသတိပေးလိုက်မယ်" ခဲယ်လ်တစ်က   ပိုနီးကပ်အောင်သွားပြီး  ရှင်းရှင်းလင်းလင်း မြင်ချင်ခဲ့တယ်။

"ကောင်းပြီ မင်းသတိထားပါ" ဇက်ခ်ရိက ဂူထဲက ထွက်လာပြီး ခဲယ်လ်တစ်ရဲ့ ယခငခရပ်နေတဲ့နေရာမှာ ရပ်နေလိုက်တယ်။

ခဲယ်လ်တစ် ချဉ်းကပ်သွားပြီးနောက် ထိုလူတွေက ကျားတောင်ပံမျိုးနွယ်စုကနေ ထွက်လာကြောင်း သူတွေ့ရှိခဲ့တယ်။ မိန်းမပျို‌တွေ၊ ကလေးတွေ၊ အရာများစွာနဲ့ ဒီနေရာကို ပျံသန်းလာနေတဲ့ orcs တွေကို ခဲယ်လ်တစ်မြင်လိုက်ရတယ်။ ဒါ့အပြင်၊ လူတိုင်းက အားအင်သိပ်မရှိကြဘဲ သူတို့ရဲ့ခန္ဓာကိုယ်က သွေးစွန်းကာ ကသိကအောင့်ဖြစ်နေကြတယ်။

ခဲယ်လ်တစ်က ဒါကိုမြင်တဲ့အခါ ချက်ချင်းပြန်လှည့်ပြီး Orc တွေစုဝေးဖို့အတွက် ဟွန်းတီးပေးဖို့ ဇက်ခ်ရိကို တောင်းဆိုလိုက်ပြီး အခြေအနေကို သတင်းပို့ဖို့ မျိုးနွယ်စုခေါင်းဆောင်‌ဆီ သွားခဲ့တယ်။

ခဲယ်လ်တစ်ပြောပြတာကို ကြားပြီးတဲ့အခါ မျိုးနွယ်စုခေါင်းဆောင်ရဲ့မျက်နှာက တည်ကြည်သွားတယ်။ မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့တဲ့နေရာကို စွန့်ခွာခဲ့ရတဲ့ ကျားတောင်ပံမျိုးနွယ်စုနဲ့ပတ်သက်ပြီး ပြင်းထန်တဲ့တစ်စုံတစ်ခုရှိခဲ့တာ ဖြစ်လောက်မယ်။မကြာခင်မှာ orcs တွေက မျိုးနွယ်စုကွင်းပြင်ရှေ့မှာ စုရုံးလိုက်ကြပြီး မျိုးနွယ်စုခေါင်းဆောင်က သူတို့ကြားမှာရပ်ကာ ကျားတောင်ပံမျိုးနွယ်စု ရောက်ရှိလာတာကို စောင့်ဆိုင်းခဲ့ကြတယ်။ သူမလိုအပ်တာကိုမြင်တော့ ခဲယ်လ်တစ်က ပြန်သွားပြီး ကင်းစောင့်တဲ့နေရာမှာ သွားပြန်စောင့်ကြည့်ခဲ့တယ်။

ဒဏ်ရာရနေတဲ့ဘန်ဆွန်က မျိုးနွယ်စုခေါင်းဆောင် booth နဲ့ ဦးစွာလိုက်ပါလာပြီး မျိုးနွယ်စု၀င်တွေက  နောက်မှာ ကျန်ရှိနေဆဲဖြစ်တယ်။သူတို့က ခြင်္သေ့တောင်ပံမျိုးနွယ်စုရဲ့မျိုးနွယ်စုခေါင်းဆောင်ကို အရင်နှုတ်ဆက်ချင်ကြတယ်။ သူတို့က ဒီတစ်ခါတော့ အကူအညီတောင်းဖို့ လာခဲ့ကြတယ်။

ဘာကြောင့်လဲဆိုတော့ ဒီနှစှ်ာ သားရဲအုပ်က အရမ်းကြီးမားတာကြောင့် သူတို့ရဲ့ မျိုးနွယ်စုမှာ  လူများစွာ သေဆုံးခဲ့ပြီး မျိုးနွယ်စုရဲ့ကြီးမြတ်တဲ့စုန်းမတောင် မလွတ်မြောက်ခဲ့ဘူး။နောက်ဆုံးမှာ သူတို့က မျိုးနွယ်စုကနေပြောင်းရွှေ့ကာ ခြင်္သေ့တောင်ပံတွေရဲ့အကူအညီနဲ့ နတ်ဘုရားတွေရဲ့အကာအကွယ်ကိုရဖို့ရာ ခြင်္သေ့တောင်ပံမျိုးနွယ်စုကို သွားရှာဖွေဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး။ ထို့ထက်ပိုအရေးကြီးတာက သူတို့ရဲ့ နောက်တက်လာမယ့် ကြီးမြတ်တဲ့စုန်းမတွေကို ကူညီပြီး ပြုစုပျိုးထောင်ဖို့ ခြင်္သေ့တောင်ပံမျိုးနွယ်စုရဲ့ ကြီးမြတ်တဲ့စုန်းမကို လိုအပ်ပါတယ်။





Zawgyi

တိရိစ္ဆာန္သားေရထူထူနဲ႕ ပတ္ထားတဲ့ပိုင္မုက ဂူေပါက္ဝမွာ ရပ္ေနခဲ့တယ္။ေအးစက္တဲ့ေလျပင္းေတြ တိုက္ခတ္လာၿပီး ေကာင္းကင္တစ္ခုလုံးကႏွင္းေတြက သူ႕အေပၚ က်ဆင္းလာခဲ့တယ္။သူ႕ခႏၶာကိုယ္ကက်ဳံ႕သြားၿပီး ဆိုး႐ြားတဲ့ ရာသီဥတုက ေဘာလုံးတစ္လုံးလိုပဲက်ဳံ႕ေနခ်င္ေအာင္ ေအးေနေသးတယ္။

"အထဲဝင္ေလ ေအးေနတယ္ မဖ်ား​ေစနဲ႕" ခဲယ္လ္တစ္က သူ႕ေနာက္ကိုေလွ်ာက္သြားၿပီး သူ႕မ်က္၀န္းေတြကေတာ့ စိုးရိမ္ပူပန္မႈေတြနဲ႕ ျပည့္ႏွက္ေနတယ္။သူက ပိုင္မုရဲ႕ကိုယ္ေပၚက ႏွင္းပြင့္ေတြကို ညင္သာစြာ ပြတ္သပ္ေပးလိုက္ၿပီး ေအးစက္ေနတဲ့လက္ေတြကို ဆုပ္ကိုင္ထားဖို႔ သူ႕လက္ကို ဆန႔္ထုတ္လိုက္တယ္။

"အင္း" ပိုင္မုက ေခါင္းညိတ္လိုက္ၿပီး ဂူထဲ ခဲယ္လ္တစ္ လက္ဆြဲကာ ေခၚသြားတာကို နာခံစြာနဲ႕ လိုက္သြားတယ္။

"ႏွင္းက်တာရပ္သြားရင္ မင္းထပ္ေလ့လာလို႔ရပါတယ္" မ်ိဳးႏြယ္စုကို ပိုမိုေကာင္းမြန္ေအာင္ကာကြယ္ဖို႔ ဘယ္လိုလုပ္ရမလဲဆိုတာကို ေတြးေနရင္းနဲ႕ ခဲယ္လ္တစ္က ပတ္၀န္းက်င္ကို ၾကည့္ေနတယ္။

"ကြၽန္ေတာ့္မွာ အႀကံတစ္ခုရွိထားၿပီးသားပါ ႏွင္းက်တာရပ္သြားရင္ အားလုံးက ကူညီၿပီး အေကာင္အထည္ေဖာ္ေပးၾကေပါ့"

"ေကာင္းၿပီ မင္းအရမ္းအပင္ပန္းမခံေနပါနဲ႕ ကိုယ့္ကိုကိုယ္လည္း အရမ္းဖိအားမေပးနဲ႕"ခဲယ္လ္တစ္က မၾကာေသးမီက သူ႕ရဲ႕အိပ္မက္‌ဆိုးအေၾကာင္းကို စဥ္းစားေနခဲ့တယ္။ ပိုင္မုအတြက္ သူဘယ္လိုလုပ္ရမလဲ။ ဒါေပမယ့္ သူ႕ကို ေကာင္းေကာင္းဂ႐ုစိုက္ဝာာကလြဲလို႔ ခံစစ္ေနရာေတြကို ဒီဇိုင္းဆြဲရာမွာ သူတကယ္ကိုမကူညီနိုင္ပါဘူး။

"ဒီတစ္ေခါက္ေတာ့ အဲ့လိုျဖစ္မွာမဟုတ္ဘူး လူတိုင္းက အခက္အခဲအားလုံးကို ေက်ာ္လႊားနိုင္ဖို႔ အားလုံးအတူတူအလုပ္,လုပ္နိုင္တယ္လို႔ ကြၽန္ေတာ္ယုံၾကည္တယ္" ပိုင္မုက  ေနာက္ပိုင္းမွာ အဲ့ဒါကို အေသအခ်ာ စဥ္းစားခဲ့ၿပီး အိပ္မက္ထဲက ျမင္ကြင္းက သူ႕စိုးရိမ္မႈေတြကို  ထင္ဟပ္ေစခဲ့႐ုံသာျဖစ္တယ္။ထိုအခ်ိန္ကျဖစ္ေနတဲ့အေျခအေနရဲ႕ ခြဲျခမ္းစိတ္ျဖာမႈအေပၚအေျခခံၿပီး လူတိုင္းက ခုခံဖို႔႐ုန္းကန္ေနသေ႐ြ႕  သားရဲေတြက မထိတ္လန႔္ဘဲေနနိုင္မွာမဟုတ္ဘူး။(T/N-သူက အဲ့လိုျဖစ္မွာကို သူ႕မသိစိတ္က ေၾကာက္ေနလြန္းေတာ့ ညေရာက္ေတာ့ အိပ္မက္ဆိုးအေနနဲ႕ သူ႕ရဲ႕အေၾကာက္တရားက ျပန္ေပၚလာတာ အဲ့လိုမ်ိဳးကို က်င့္ႀကံေရးnovelေတြမွာဆို စိတ္တြင္းမိစ္ဆာဆိုလား အဲ့လိုေခၚတာ)

အရင္ကမၻာတုန္းကဆို ပိုင္မုက သီတင္းပတ္ေတြရဲ႕အဆုံးမွာ အိမ္မွာပဲေနတတ္ၿပီး သူ႕ရဲ႕အခ်ိန္အမ်ားစုက ပ်င္းေနတာပဲျဖစ္ကာ Plants vs.Zombies ဂိမ္းကစားတယ္။ ဂိမ္းထဲက ဇြန္ဘီေတြကို အကန႔္မသတ္မရွိသတ္ၿပီးတာနဲ႕   အိပ္တယ္။ ဒီလိုပဲ အခ်ိန္ကုန္ဆုံးေလ့ရွိတယ္။ ဒါေပမယ့္ ဒီဂိမ္းေလးကိုျပန္ေတြးၾကည့္မိေတာ့ ပိုင္မုက ခံစစ္အစီအစဥ္အတြက္ အတုယူစရာေတြ ရခဲ့တယ္။

"အစ္ကိုႀကီးပိုင္မု စြပ္ျပဳတ္ပူပူေလး တစ္ပန္းကန္ေသာက္လိုက္ဦး" အန္းခ်ီေလာ့က ပိုင္မုကို စြပ္ျပဳတ္ပူပူတစ္ပန္းကန္ ယူလာေပးတယ္။

ပိုင္မုက ဒီေန႕ သူေသာက္ရတဲ့ မုန္လာဥနီနဲ႕ ငါးၾကင္းစြပ္ျပဳတ္ကိုၾကည့္လိုက္တယ္။ သူ အဲ့ဒါကို ျမည္းၾကည့္လိုက္ေတာ့ အဆင္ေျပတယ္။အခု ေအးေနၿပီ။ ပိုင္မုက ခႏၶာကိုယ္ကိုႏြေးေထြးေစၿပီး ခြန္အားျဖစ္ေစတဲ့ ေဆာင္းတြင္းစြပ္ျပဳတ္အနည္းငယ္ကို အန္းခ်ီေလာ့ကို သင္ေပးခဲ့ၿပီး အန္းခ်ီေလာ့က သင္ယူရာမွာ အရမ္းထူးခြၽန္ပါတယ္။

အဲ့ဒီစြပ္ျပဳတ္ေတြက ခႏၶာကိုယ္ကို သန္မာေစ႐ုံသာမက အေအးဒဏ္ကိုလည္း ခံနိုင္ရည္တိုးျမင့္ေစတယ္လို႔ ပိုင္မုေျပာတယ္။ဒါေၾကာင့္ ခႏၶာကိုယ္ကို ႏြေးေထြးေစတဲ့စြပ္ျပဳတ္ကို သင္ယူေနခ်ိန္မွာ အန္းခ်ီေလာ့က အထူးဂ႐ုစိုက္သင္ယူခဲ့တယ္။

"မင္းက ေကာင္းေကာင္းလုပ္ေနတာပဲ မင္းရဲလက္ရာက ပိုေကာင္းလာတယ္" ပိုင္မုက စြပ္ျပဳတ္ေသာက္ၿပီးေနာက္ ခ်ီးက်ဴးလိုက္တယ္။ ခ်ီးက်ဴးခံလိုက္ရတဲ့အန္းခ်ီ‌ေလာ့က  ေတာက္ပတဲ့အၿပဳံးကို ျပသလိုက္တယ္။ထိုအခ်ိန္မွာ တေပါက ေရွ႕ကို ကိုင္းၫြတ္လိုက္ၿပီး အဝတ္စတစ္ထည္ကို ေပးလိုက္တယ္။ ခဲယ္လ္တစ္က ေျခတစ္လွမ္း,လွမ္းၿပီး ယူလိုက္ကာ သူ႕ဆံပင္ေပၚက ႏွင္းပြင့္ေတြကို သုတ္လိုက္တယ္။

လတ္တေလာမွာ လူတိုင္းက ပိုင္မုရဲ႕အလုပ္မွာ ဝိုင္းကူညီေနၾကၿပီး သူ႕အေပၚရွိေနတဲ့ဖိအားက ေပ်ာက္ပ်က္သြားဖို႔အတြက္ အရမ္းႀကီးမားေနမွာကို စိုးရိမ္ေနၾကတယ္။ လူတိုင္းက သူ႕ကို အရမ္းဂ႐ုစိုက္ၾကၿပီး ပင္ပန္းမွာစိုးတာေၾကာင့္ ဘာမွမလုပ္ခိုင္းဘဲ အနားယူဖို႔ေျပာခဲ့ၾကတယ္။

"ခဲယ္လ္တစ္ ခိုလႈံရာဂူရဲ႕ ၿခံစည္းရိုးကို ျပဳျပင္ၿပီးၿပီလား" ပိုင္မုက  မီးေဘးမွာထိုင္ၿပီး မီးလႈံေနတယ္။ အျပင္မွာ တကယ္ေအးတယ္။

"ျပဳျပင္ၿပီးၿပီး မ်ိဳးႏြယ္စုေခါင္းေဆာင္ရဲ႕ စီစဥ္မႈေတြအတြက္  မင္းစိတ္ပူစရာ မလိုပါဘူး လတ္တေလာမွာ ႏွင္းက်ေနလို႔ သားရဲေတြ လာမွာမဟုတ္ဘူးလို႔ေျပာတယ္"

"ေကာင္းၿပီ ႏွင္းက်တာရပ္သြားရင္  ခုခံမႈအစီအမံအခ်ိဳ႕ ထပ္ထည့္ဖို႔လိုတယ္" ပိုင္မုက အဲဒါကို မၾကာေသးခင္ကမွ စဥ္းစားမိခဲ့တာ။ ဘယ္လိုကာကြယ္ရမလဲဆိုတာကိုေလ။

"ဒီရက္ပိုင္းမွာ မင္းေကာင္းေကာင္းအနားယူနိုင္ၿပီ အဲဒါကို မစဥ္းစားနဲ႕ေတာ့" ခဲယ္လ္တစ္က ပိုင္မုကို စြပ္ျပဳတ္တစ္ပန္းကန္ ေပးလိုက္တယ္ ။

"အင္း ကြၽန္ေတာ့္မွာ အားအင္ေတြသိပ္မရွိဘူး အၿမဲတမ္းအိပ္ခ်င္ေနတာ" ပိုင္မုက စြပ္ျပဳတ္ပူပူကို ကိုင္ၿပီး တစ္ငုံေသာက္လိုက္ေတာ့ သူ႕ခႏၶာကိုယ္က တျဖည္းျဖည္း ႏြေးလာခဲ့တယ္။

"မနက္ျဖန္ မင္းပိုအိပ္လို႔ရတယ္ စကားမစပ္ မနက္ျဖန္ ကိုယ္ကင္းေစာင့္ရမယ့္အလွည့္ပဲ လိန္းက်ယ္က ညဘက္ျဖစ္ပုံရတယ္  ဟုတ္တယ္မလား"

"ဟုတ္​တယ္​ မင္းနဲ႕ အလွည့္ေျပာင္းဖို႔ ငါလုပ္​ခဲ့တာ" မီးက နည္းနည္းအပူေလ်ာ့သြားတယ္လို႔ ခံစားရေတာ့ လိန္းက်ယ္က တုတ္တစ္ေခ်ာင္းကို ကိုင္လိုက္တယ္။ မီးကိုယူၿပီးေနာက္ ေက်ာက္မီးေသြးစေလးေတြထည့္လိုက္တယ္။

Orcs ေတြ ေစာင့္ၾကပ္ေနတဲ့ေနရာက ေတာင္ထိပ္နားက ဂူငယ္ေလးထဲမွာျဖစ္ၿပီး ပတ္ဝန္းက်င္လႈပ္ရွားမႈကို ေစာင့္ၾကည့္ဖို႔ က်ယ္က်ယ္ဝန္းဝန္းျမင္ရတဲ့ျမင္ကြင္းက ပိုေကာင္းပါတယ္။ သားရဲအုပ္လာတဲ့အခါ  အခ်ိန္မွီသတိေပးနိုင္တယ္ေလ။

ခဲယ္လ္တစ္က ဂူေပါက္ဝမွာ ရပ္ေနတယ္။ဂူထဲမွာ မီးထြန္းထားေပမယ့္ အေအးဓာတ္က ဂူကို မႏြေးေထြးေစပါဘူး။ ဒီအခ်ိန္မွာ သူက အေဝးကို  ဂ႐ုတစိုက္ ေစာင့္ၾကည့္ေနၿပီး အေျပာင္းအလဲရွိတိုင္း သတိေပးေနတယ္။ သူနဲ႕အတူရွိေနတာက ခဲယ္လ္တစ္ရဲ႕ေနရာကို အစားထိုးဖို႔ ဂူထဲမွာအနားယူေနတဲဲ့ ဇက္ခ္ရိပါ။ ဒီေန႕အတြက္ အစားအေသာက္ေတြက သူတို႔လာတဲ့အခ်ိန္တည္းက ယူလာခဲ့ၾကတာပါ။

ခဲယ္လ္တစ္က အခ်ိန္အေတာ္ၾကာ မတ္မတ္ရပ္ေနခဲ့ၿပီး သူ႕ခႏၶာကိုယ္ေပၚမွာ ႏွင္းပြင့္မ်ားစြာ ရွိေနကာ  မၾကာခင္ ဇက္ခ္ရိက သူ႕ေနရာမွာ  အစားထိုးဝင္ေရာက္လာမွာျဖစ္တယ္။ ဒီအခိုက္အတန႔္မွာ သူက မနီးမေဝးက ေကာင္းကင္ႀကီးကို႐ုတ္တရက္ ျမင္လိုက္ရၿပီး တစ္စုံတစ္ခုက ဒီဘက္ကို ပ်ံသန္းလာပုံရကာ မ်ားစြာရွိေနတယ္။သူအနီးကပ္ၾကည့္လိုက္ေတာ့ သားရဒအုပ္ပုံစံလည္း မဟုတ္ဘူး။

"ဇက္ခ္ရိ ဒီကိုပ်ံသန္းလာတဲ့ တစ္ခုခုရွိပုံရတယ္ ငါတစ္ခ်က္သြားၾကည့္လိုက္မယ္ မင္းက ဒီမွာပဲၾကည့္ေနခဲ့လိုက္ မင္းကိုအခ်ိန္မေ႐ြးသတိေပးလိုက္မယ္" ခဲယ္လ္တစ္က   ပိုနီးကပ္ေအာင္သြားၿပီး  ရွင္းရွင္းလင္းလင္း ျမင္ခ်င္ခဲ့တယ္။

"ေကာင္းၿပီ မင္းသတိထားပါ" ဇက္ခ္ရိက ဂူထဲက ထြက္လာၿပီး ခဲယ္လ္တစ္ရဲ႕ ယခငခရပ္ေနတဲ့ေနရာမွာ ရပ္ေနလိုက္တယ္။

ခဲယ္လ္တစ္ ခ်ဥ္းကပ္သြားၿပီးေနာက္ ထိုလူေတြက က်ားေတာင္ပံမ်ိဳးႏြယ္စုကေန ထြက္လာေၾကာင္း သူေတြ႕ရွိခဲ့တယ္။ မိန္းမပ်ိဳ‌ေတြ၊ ကေလးေတြ၊ အရာမ်ားစြာနဲ႕ ဒီေနရာကို ပ်ံသန္းလာေနတဲ့ orcs ေတြကို ခဲယ္လ္တစ္ျမင္လိုက္ရတယ္။ ဒါ့အျပင္၊ လူတိုင္းက အားအင္သိပ္မရွိၾကဘဲ သူတို႔ရဲ႕ခႏၶာကိုယ္က ေသြးစြန္းကာ ကသိကေအာင့္ျဖစ္ေနၾကတယ္။

ခဲယ္လ္တစ္က ဒါကိုျမင္တဲ့အခါ ခ်က္ခ်င္းျပန္လွည့္ၿပီး Orc ေတြစုေဝးဖို႔အတြက္ ဟြန္းတီးေပးဖို႔ ဇက္ခ္ရိကို ေတာင္းဆိုလိုက္ၿပီး အေျခအေနကို သတင္းပို႔ဖို႔ မ်ိဳးႏြယ္စုေခါင္းေဆာင္‌ဆီ သြားခဲ့တယ္။

ခဲယ္လ္တစ္ေျပာျပတာကို ၾကားၿပီးတဲ့အခါ မ်ိဳးႏြယ္စုေခါင္းေဆာင္ရဲ႕မ်က္ႏွာက တည္ၾကည္သြားတယ္။ မ်ိဳးဆက္ေပါင္းမ်ားစြာ ေနထိုင္ခဲ့တဲ့ေနရာကို စြန႔္ခြာခဲ့ရတဲ့ က်ားေတာင္ပံမ်ိဳးႏြယ္စုနဲ႕ပတ္သက္ၿပီး ျပင္းထန္တဲ့တစ္စုံတစ္ခုရွိခဲ့တာ ျဖစ္ေလာက္မယ္။မၾကာခင္မွာ orcs ေတြက မ်ိဳးႏြယ္စုကြင္းျပင္ေရွ႕မွာ စု႐ုံးလိုက္ၾကၿပီး မ်ိဳးႏြယ္စုေခါင္းေဆာင္က သူတို႔ၾကားမွာရပ္ကာ က်ားေတာင္ပံမ်ိဳးႏြယ္စု ေရာက္ရွိလာတာကို ေစာင့္ဆိုင္းခဲ့ၾကတယ္။ သူမလိုအပ္တာကိုျမင္ေတာ့ ခဲယ္လ္တစ္က ျပန္သြားၿပီး ကင္းေစာင့္တဲ့ေနရာမွာ သြားျပန္ေစာင့္ၾကည့္ခဲ့တယ္။

ဒဏ္ရာရေနတဲ့ဘန္ဆြန္က မ်ိဳးႏြယ္စုေခါင္းေဆာင္ booth နဲ႕ ဦးစြာလိုက္ပါလာၿပီး မ်ိဳးႏြယ္စု၀င္ေတြက  ေနာက္မွာ က်န္ရွိေနဆဲျဖစ္တယ္။သူတို႔က ျခေသၤ့ေတာင္ပံမ်ိဳးႏြယ္စုရဲ႕မ်ိဳးႏြယ္စုေခါင္းေဆာင္ကို အရင္ႏႈတ္ဆက္ခ်င္ၾကတယ္။ သူတို႔က ဒီတစ္ခါေတာ့ အကူအညီေတာင္းဖို႔ လာခဲ့ၾကတယ္။

ဘာေၾကာင့္လဲဆိုေတာ့ ဒီႏွစွ္ာ သားရဲအုပ္က အရမ္းႀကီးမားတာေၾကာင့္ သူတို႔ရဲ႕ မ်ိဳးႏြယ္စုမွာ  လူမ်ားစြာ ေသဆုံးခဲ့ၿပီး မ်ိဳးႏြယ္စုရဲ႕ႀကီးျမတ္တဲ့စုန္းမေတာင္ မလြတ္ေျမာက္ခဲ့ဘူး။ေနာက္ဆုံးမွာ သူတို႔က မ်ိဳးႏြယ္စုကေနေျပာင္းေ႐ႊ႕ကာ ျခေသၤ့ေတာင္ပံေတြရဲ႕အကူအညီနဲ႕ နတ္ဘုရားေတြရဲ႕အကာအကြယ္ကိုရဖို႔ရာ ျခေသၤ့ေတာင္ပံမ်ိဳးႏြယ္စုကို သြားရွာေဖြဖို႔ကလြဲၿပီး ေ႐ြးခ်ယ္စရာမရွိေတာ့ဘူး။ ထို႔ထက္ပိုအေရးႀကီးတာက သူတို႔ရဲ႕ ေနာက္တက္လာမယ့္ ႀကီးျမတ္တဲ့စုန္းမေတြကို ကူညီၿပီး ျပဳစုပ်ိဳးေထာင္ဖို႔ ျခေသၤ့ေတာင္ပံမ်ိဳးႏြယ္စုရဲ႕ ႀကီးျမတ္တဲ့စုန္းမကို လိုအပ္ပါတယ္။

Continue Reading

You'll Also Like

6.3K 308 12
Original name - 没钱离婚 English name - No money to divorce Type - Webnovel Author(s) - Shou Chu首初 Genre - Drama Romance Sci-fi Yaoi Start date - 18.3.20...
171K 18.2K 33
Title - 替婚 ( Substitute Marriage ) Original Author- 新苗/XinMiao English Translator - Oceanpuff Total Chapters - 60 Chapters ☆I don't own this novel,I...
10.3K 1.5K 11
▪️နွေးထွေးတဲ့မေတ္တာ‌တွေ အပြည့်သိပ်ထားတဲ့ ပုံပြင်လေးတစ်ပုဒ် ▪️ I don't own any part of this story. All credit goes to original author & eng translator...
146K 15.3K 37
Title - Didn't Love You Enough Chinese Title - 重生之宠你不够 Author - 最爱喵喵 (Zui Ai Miao Miao) Status - 56 Chapters (Completed) English Translate - Vanilla...