Unicode
Chapter 58.2
"ဘာဖြစ်တာလဲ?" အန်းချီလော့က ဘာဖြစ်နေလဲဆိုတာကိုမသိပေမယ့်လည်း ယဇ်ပလ္လင်ရှိ မီးတောက်မှိန်ဖျော့ဖျော့မီးရောင်ကြားမှ ခဲယ်လ်တစ်ရဲ့စိုးရိမ်သောကရောက်နေတဲ့အကြည့်ကို မြင်လိုက်ရတာကြောင့် စိတ်မပူပဲမနေနိုင်တော့ဘူး။
"ပိုင်မု မြန်မြန်ထလာပါတော့"ခဲယ်လ်တစ်က သူ့ကိုလျစ်လျူရှုလိုက်ပြီး ပိုင်မုရဲ့နာမည်ကို ထပ်ခါထပ်ခါခေါ်နေခဲ့တယ်။
ပိုင်မုက အခု မီးကင်ခံနေရတယ်လို့ ခံစားနေရပြီး သူ့ပတ်ဝန်းကျင်က သွေးတွေနဲ့ နီရဲနေကာ သူမြင်သမျှအရာအားလုံးက သူ့လူတွေရဲ့ အလောင်းတွေချည်းသာဖြစ်တယ်။ သူက ကြောက်ရွံ့ပြီး စိတ်မသက်မသာဖြစ်နေခဲ့တယ် ။ အဲ့ဒါသူပဲ၊ သူက လူတိုင်းကို ထိခိုက်နစ်နာစေခဲ့တဲ့သူပါ။ သူက စေ့စေ့စပ်စပ် ပြင်ဆင်မှုမလုပ်ဘဲ လူတိုင်းကို သူ့နည်းသူ့ဟန်နဲ့ စုစည်းထားတာကြောင့် ဖြစ်တယ်။အခု ဂူထဲမှာရှိတဲ့ လူအားလုံး သားရဲတွေ စားပစ်တာကိုခံရတဲ့အခါ ရှေ့တန်းမှာ ရန်သူကို သတ်ဖြတ်ခဲ့တဲ့ orcs တွေကို သူဘယ်လိုရှင်းပြရမလဲ။
သွေးလွှမ်းနေတဲ့ကမ္ဘာထဲမှာ သူ တုံ့ဆိုင်းနေတယ်၊ကူကယ်ရာမဲ့ခံစားနေရပြီး ထိတ်လန့်နေတဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်က သူ့ကို အဆက်မပြတ်ခေါ်နေတဲ့အသံကို ကြားလိုက်ရတယ်။မျက်လုံးဖွင့်ချင်ပေမယ့်လည်း သူမဖွင့်နိုင်ခဲ့ဘူး။ သူ့ကို ခေါ်တဲ့အသံက ပို,ပိုရှင်းလင်းလာပြီး သူ အသံတစ်သံကြားလိုက်ရတယ်။အဲ့ဒါက ခဲယ်လ်တစ် သူ့ကို ခေါ်နေတာပဲ။ စကားမစပ်၊ ခြံစည်းရိုးက မပြုတ်ကျတဲ့အပြင် အားလုံးလည်း အဆင်ပြေပါတယ်။ သူက အခုအိပ်မက်မက်နေရုံပဲ။
ပိုင်မုက ခဲယ်လ်တစ်ရဲ့ခေါ်သံကြောင့် နောက်ဆုံးမှာ မျက်လုံးဖွင့်လိုက်တယ်။ထိုအချိန်မှာ ဂူထဲ ဖယောင်းတိုင်တွေထွန်းညှိထားပြီးဖယောင်းတိုင်မီးအလင်းရောင်ကြောင့် စိုးရိမ်သောကရောက်နေတဲ့မျက်နှာများစွာကို သူတွေ့လိုက်ရတယ်။ ဒါပေမယ့် သူ့အိပ်မက်ကနေ ခဏလောက် ပြန်မထွက်လာနိုင်သေးတာကြောင့်ကြောင်တောင်တောင်လေး ဖြစ်နေတယ်။
"ပိုင်မု မင်းဘာဖြစ်လို့လဲ" ပိုင်မုနိုးလာတာကိုမြင်တဲ့အခါ ခဲယ်လ်တစ်မှင်သက်သွားပြီး သူမျက်လုံးဖွင့်လိုက်တာကိုမြင်လိုက်ရတဲ့ ပျော်ရွှင်မှုက ချက်ချချက်ချင်းပျောက်ကွယ်သွားခဲ့တယ်။
"ကျွန်တော် အိပ်မက်ဆိုးမက်ခဲ့တယ်" ပိုင်မုက အိပ်မက်ထဲက မြင်ကွင်းတွေကို တွေးပြီး မိန်းမောရင်း ပြန်ဖြေလိုက်တယ်။ ထို့နောက် သူ့အိမ်မက်ထဲက မြင်ကွင်းတွေကို စပြောပြတော့တယ်။
ခဲယ်လ်တစ်နဲ့လိန်းကျယ်တို့က သူ့ရဲ့စကားကို နားထောင်နေကြပြီး အားလုံးက သူ့ကို စိုးရိမ်တကြီး ကြည့်နေကြတယ်။ အန်းချီလော့က ပိုလို့တောင် ဝမ်းနည်းသေးတယ်။ ဒီနေ့မှာ ပိုင်မုက ဘယ်လိုခုခံကာကွယ်ရမယ်ဆိုတာ လူတိုင်းကို အေးအေးဆေးဆေး အမိန့်ပေးခဲ့တယ်။ ပိုင်မု လုံးဝမကြောက်ဘူးလို့ အားလုံးက ထင်နေခဲ့ကြတာ။တကယ်တော့ ပိုင်မုလည်းပဲ ကြောက်ခဲ့တယ် ။လူတိုင်း မတော်တဆဖြစ်မှာကို သူစိုးရွံ့နေခဲ့တာ။အဲဒီအချိန်မှာ ပိုင်မုက ကြောက်နေမယ်ဆိုရင် အားလုံးက ကြောက်စိတ်မွှန်ကုန်ကြမယ်လို့ သူထင်တယ်။
"အဆင်ပြေပါတယ်၊ မင်းအိပ်မက်မက်နေရုံပါ လူတိုင်းအဆင်ပြေနေတယ်နော်" ခဲယ်လ်တစ်က ပိုင်မုကို ပွေ့ဖက်လိုက်ပြီး ကလေးတစ်ယောက်လို နှစိသိမ့်လိုက်တယ်။ သူ့ရဲ့ဖိအားက အရမ်းကြီးပြီး အဲဒီလူတွေရဲ့ ဘေးကင်းမှုကို သူ့ပခုံးပေါ်တင်ထားတာကို ခဲယ်လ်တစ် မသိခဲ့ဘူး။ ဒီနေ့ သူတို့က သေရေးရှင်ရေးနဲ့ကြုံခဲ့ရကြောင်း ခြင်္သေ့လေးရဲ့ဖော်ပြချက်ကနေ သိရှိခဲ့ကြတယ်။ ထိုအချိန်မှာ ပိုင်မုက တိုက်ပွဲကို တည်ငြိမ်စွာ ကြီးကြပ်နေဆဲဖြစ်တယ်။ အဲ့ဒီအချိန်တုန်းကတော့ သူ့မှာ ကြောက်ဖို့အချိန်မရှိသလို ကြောက်ဖို့လည်းခွင့်မပြုတာကြောင့် ညဘက်မှာတော့ သူက ဒီလိုအိပ်မက်တစ်ခုကို မက်ခဲ့တယ်။
"တကယ်လား လူတိုင်း ဘာမှမဖြစ်ဘူးလား"
"ဟုတ်တယ် အားလုံးအဆင်ပြေကြတယ် အန်းချီလော့က အခုမင်းရှေ့မှာရှိနေတယ်လို့ မထင်ဘူးလား"
ပိုင်မုက အန်းချီလော့ကို ကြည့်လိုက်ပြီးနောက် သူတကယ်မနိုးခင်ကလိုမျိုး ခြင်္သေ့လေးတစ်ကောင် ဘောလုံးလေးလုံးထားသလို သူ့ကိုယ့်ကို ကျုံ့ထားတယ် ။ ကံကောင်းထောက်မစွာနဲ့ ဘယ်သူမှမတော်တဆမဖြစ်ခဲ့ဘူး။
"ကျွန်တော်အဆင်ပြေပါတယ် မင်းတို့အားလုံးက တစ်နေ့တာလုံး ပင်ပန်းထားကြတာ စောစောအနားယူပါ" ပိုင်မုက နိုးလာသူတိုင်းကိုကြည့်ပြီး ရှက်ရွံ့စွာ ပြုံးပြလိုက်တယ်။
အခုအချိန်မှာ ပိုင်မုရဲ့အမူအရာက မနှေးကွေးမလေးလံနေပေမယ့်လည်း အားလုံးက စိုးရိမ်နေကြဆဲဖြစ်တယ်။ခဲယ်လ်တစ်က စိုးရိမ်သောကရောက်နေတဲ့ မိသားစုဝင်တွေကို ကြည့်လိုက်ပြီး ပြောလိုက်တယ်။ "မင်းတို့ သွားအိပ်ကြတော့ ငါ သူနဲ့အတူရှိနေလိုက်မယ်" ထိုမှသာ အန်းချီလော့က ကုတင်ပေါ် သွားပြန်အိပ်တော့တယ်။
ထိုအချိန်မှာ ပိုင်မုက အိပ်မပျော်ပေမယ့်လည်း အခြားသူတွေအနားယူရာမှာ စိတ်အနှောင့်အယှက်ဖြစ်မှာစိုးတာကြောင့် ခဲယ်လ်တစ်ကို နေရာလွတ်ထဲ ခေါ်သွားတယ်။
"ပိုင်မု မင်း တကယ်ကောင်းကောင်းလုပ်ထားပြီးပြီ မင်းကိုယ်မင်း ဖိအားတွေ သိပ်မပေးပါနဲ့"နေရာလွတ်ထဲ ဝင်သွားတဲ့ခဲယ်လ်တစ်က ပိုင်မုကို သူ့ရင်ခွင်ထဲ ပွေ့ဖက်ထားဆဲဖြစ်ပြီး နှစ်ယောက်သားက ဧည့်ခန်းထဲကကုလားထိုင်ပေါ်မှာ ထိုင်ကာ တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြတယ်။
“ဒီတစ်ခါလာတဲ့ သားရဲအုပ်ကို ကျွန်တော်လျှော့တွက်မိတုန်းပဲ တောင်ပေါ်တက်လာတဲ့ သားရဲတွေက ဒီနေ့ ဂူထဲကို ဖောက်ဝင်နိုင်လုနီးပါးဖြစ်နေပြီ” ပိုင်မုက ဒါကို ဒီအတိုင်း မမေ့ဖျောက်လိုက်နိုင်သေးဘူး ။ သူ ကောင်းကောင်း မလုပ်နိုင်သေးဘူး။
"အဲဒါကို မစဉ်းစားနဲ့တော့ အားလုံးအဆင်ပြေနေတာပဲမဟုတ်ဘူးလား ပြီးတော့ ပထမခြံစည်းရိုးပြိုကျသွားရင်တောင် မင်းနောက်မှာ ခြံစည်းရိုးလေးခုရှိနေသေးတယ်မလား အဲ့ဒီအချိန်က မင်းရဲ့အမိန့်အရ လူတိုင်းက မင်းအိပ်မက်ထဲက မြင်ကွင်းတွေမဖြစ်ဘဲနဲ့ စည်းစနစ်တကျ ဆုတ်ခွာနိုင်ခဲ့တယ်လေ "ခဲယ်လ်တစ်က ပိုင်မုကောင်းကောင်းလုပ်နိုင်တယ်လို့ သူတကယ်ထင်တယ်။ သူ(ပိုင်မု)က သူ့ကိုယ်သူ ဖိအားတွေ အရမ်းပေးနေရုံသာဖြစ်တယ်။
"အဲ့လိုမဖြစ်ချင်ဘူး နောက်ထပ်လာမယ့်သားရဲအုပ်ရဲ့တိုက်ခိုက်မှုက ပိုပြင်းထန်နိုင်တယ် ဒီတစ်ခါ ပိုကောင်းအောင် လုပ်ရမယ် သေရေးရှင်ရေးနဲ့ကြုံရမယ့်အခြေအနေကို ရှောင်ရမယ်"
"ပိုင်ု သားရဲအုပ်ရဲ့တိုက်ခိုက်မှုတွေက အမြဲပြောင်းလဲနေပြီး ဘယ်လိုအခြေအနေမျိုးမဆို ဖြစ်ပေါ်လာနိုင်တယ် ကိုယ်တို့က အစွမ်းကုန်ခုခံဖို့ ပဲ ကြိုးစားနိုင်တာ ဒါပေမယ့်လည်း လူတိုင်း နောက်ဆုတ်နိုင်လိမ့်မယ်ဆိုတဲ့ အာမခံချက်မရှိဘူး"
ဒါတွေကို ပိုင်မုကိုယ်တိုင်လည်း သိပေမယ့် သူ့ပတ်ဝန်းကျင်က ဘယ်သူ့ကိုမှမဆုံးရှုံးချင်ဘူး။ သူက orc တွေရဲ့တိုက်ပွဲအတွက် ဘာမှမတတ်နိုင်ပေမယ့်လည်း နောက်ကွယ်ကလူတွေကို ကာကွယ်ဖို့တော့ သူအစွမ်းကုန်ကြိုးစားရမှာပဲ။
"ကျွန်တော်သိတယ် ဒါပေမယ့် ကျွန်တော်ကိုယ်ကျွန်တော်လည်း ပိုကောင်းအောင်လုပ်နိုင်မယ်လို့ ယုံကြည်တယ် "ပိုင်မုက မျိုးနွယ်စုကို ကာကွယ်ဖို့အတွက် ဇွဲမလျှော့တာကို သူသိတာကြောင့် ခဲယ်လ်တစ်က ဘာဆက်ပြောရမှန်းမသိတော့ဘူး။
"ကောင်းပြီ ဒီနေ့ရဲ့ရာသီဥတုပေါ် မူတည်ပြီး နောက်ရက်အနည်းငယ်မှာလည်း နှင်းဆက်ကျနိုင်တယ် မနက်ဖြန် သားကောင်တွေကိုစုဆောင်းဖို့ မင်းသွားတဲ့အခါ လူတိုင်းကို ဒီရက်တွေမှာ အိမ်မှာမြှားတွေထပ်ပြင်ဆင်ပြီး ပိုတိကျတဲ့ ဦးခေါင်းပစ်လေ့ကျင့်မှုကို လုပ်ဖို့ မျိုးနွယ်စုခေါင်းဆောင်ကို ပြောခိုင်းလိုက်ပါ လူတိုင်းရဲ့တိကျမှုက မကောင်းသေးဘူး ဒါအပြင် ကျွန်တော်တို့သတ်ခဲ့တဲ့ သားရဲတွေရဲ့ အမွေးအများစုက ပျက်စီးသွားတယ် မျိုးနွယ်စုခေါင်းဆောင်ကို သူတို့ကို စုဆောင်းပြီး အခြောက်ခံဖို့ တစ်စုံတစ်ယောက် စီစဉ်ပေးဖို့ပါ တောင်းဆိုပေးပါဦး နောက်လာမယ့်သားရဲတိုက်ခိုက်မှုက အသုံးဝင်နေမှာလည်းဖြစ်နိုင်တယ်..."ပိုင်မုက နောက်လုပ်မယ့်အစီအစဉ်နဲ့ နောက်တစ်ကြိမ် သားရဲတွေရဲ့တိုက်ခိုက်မှုကို ဘယ်လိုကာကွယ်ရမလဲဆိုတာကို စတင်စဉ်းစားလာတယ်။
ခဲယ်လ်တစ်က သူနဲ့အတူ လိုက်နားထောင်ပြီး တိတ်တဆိတ်နေတယ်။ပိုင်မုက ဒီနေရာကအခြေအနေကို နားမလည်တဲ့အတွက် ခ်လ်တစ်က သူ့ကို စိတ်ရှည်ရှည်နဲ့ ရှင်းပြခဲ့ပြီး သူတို့နှစ်ယောက်က ညတွင်းချင်းပဲ အစီအစဉ်ဆွဲလိုက်ကြတယ်။
နောက်တစ်နေ့မှာ နှင်းပိုကျလာပြီး မီးခိုးရောင်ကောင်းကင်ကနေ အမွေးအတောင်တွေလိုမျိုး ထူထဲတဲ့နှင်းတွေ ကျလာခဲ့တယ်။ ဒီလိုရာသီဥတုမျိုးက အပြင်ထွက်ဖို့ မသင့်တော်ပေမယ့် တချို့ကိစ္စတွေတော့ လုပ်ရမှာပေါ့။ခဲယ်လ်တစ်နဲ့လိန်းကျယ်တို့က နံနက်စောစောမှာ သူတို့ရဲ့ သားကောင်တွေကို ယူဖို့သွားခဲ့ကြပြီး ပိုင်မုက တစ်ညလုံး အိပ်မပျော်ခဲ့တာကြောင့် အိပ်ရာထဲမှာပဲ အိပ်နေတယ်။
နောက်ရက်အနည်းငယ်မှာ နှင်းတွေကျနေပြီး လူတိုင်းက အိမ်မှာရှိပေမယ့် ပျင်းမနေကြပါဘူး။orc တွေက မိန်းမပျိိုတွေကို မြှားပြုလုပ်ဖို့ ကူညီပေးနေပြီး မိန်းမပျိုတွေက မြှားပစ်တာကို စတင်လေ့ကျင့်ကြတယ်။
Zawgyi
Chapter 58.2
"ဘာျဖစ္တာလဲ?" အန္းခ်ီေလာ့က ဘာျဖစ္ေနလဲဆိုတာကိုမသိေပမယ့္လည္း ယဇ္ပလႅင္ရွိ မီးေတာက္မွိန္ေဖ်ာ့ေဖ်ာ့မီးေရာင္ၾကားမွ ခဲယ္လ္တစ္ရဲ႕စိုးရိမ္ေသာကေရာက္ေနတဲ့အၾကည့္ကို ျမင္လိုက္ရတာေၾကာင့္ စိတ္မပူပဲမေနနိုင္ေတာ့ဘူး။
"ပိုင္မု ျမန္ျမန္ထလာပါေတာ့"ခဲယ္လ္တစ္က သူ႕ကိုလ်စ္လ်ဴရႈလိုက္ၿပီး ပိုင္မုရဲ႕နာမည္ကို ထပ္ခါထပ္ခါေခၚေနခဲ့တယ္။
ပိုင္မုက အခု မီးကင္ခံေနရတယ္လို႔ ခံစားေနရၿပီး သူ႕ပတ္ဝန္းက်င္က ေသြးေတြနဲ႕ နီရဲေနကာ သူျမင္သမွ်အရာအားလုံးက သူ႕လူေတြရဲ႕ အေလာင္းေတြခ်ည္းသာျဖစ္တယ္။ သူက ေၾကာက္႐ြံ႕ၿပီး စိတ္မသက္မသာျဖစ္ေနခဲ့တယ္ ။ အဲ့ဒါသူပဲ၊ သူက လူတိုင္းကို ထိခိုက္နစ္နာေစခဲ့တဲ့သူပါ။ သူက ေစ့ေစ့စပ္စပ္ ျပင္ဆင္မႈမလုပ္ဘဲ လူတိုင္းကို သူ႕နည္းသူ႕ဟန္နဲ႕ စုစည္းထားတာေၾကာင့္ ျဖစ္တယ္။အခု ဂူထဲမွာရွိတဲ့ လူအားလုံး သားရဲေတြ စားပစ္တာကိုခံရတဲ့အခါ ေရွ႕တန္းမွာ ရန္သူကို သတ္ျဖတ္ခဲ့တဲ့ orcs ေတြကို သူဘယ္လိုရွင္းျပရမလဲ။
ေသြးလႊမ္းေနတဲ့ကမၻာထဲမွာ သူ တုံ႕ဆိုင္းေနတယ္၊ကူကယ္ရာမဲ့ခံစားေနရၿပီး ထိတ္လန႔္ေနတဲ့အခ်ိန္မွာပဲ တစ္စုံတစ္ေယာက္က သူ႕ကို အဆက္မျပတ္ေခၚေနတဲ့အသံကို ၾကားလိုက္ရတယ္။မ်က္လုံးဖြင့္ခ်င္ေပမယ့္လည္း သူမဖြင့္နိုင္ခဲ့ဘူး။ သူ႕ကို ေခၚတဲ့အသံက ပို,ပိုရွင္းလင္းလာၿပီး သူ အသံတစ္သံၾကားလိုက္ရတယ္။အဲ့ဒါက ခဲယ္လ္တစ္ သူ႕ကို ေခၚေနတာပဲ။ စကားမစပ္၊ ၿခံစည္းရိုးက မျပဳတ္က်တဲ့အျပင္ အားလုံးလည္း အဆင္ေျပပါတယ္။ သူက အခုအိပ္မက္မက္ေန႐ုံပဲ။
ပိုင္မုက ခဲယ္လ္တစ္ရဲ႕ေခၚသံေၾကာင့္ ေနာက္ဆုံးမွာ မ်က္လုံးဖြင့္လိုက္တယ္။ထိုအခ်ိန္မွာ ဂူထဲ ဖေယာင္းတိုင္ေတြထြန္းညွိထားၿပီးဖေယာင္းတိုင္မီးအလင္းေရာင္ေၾကာင့္ စိုးရိမ္ေသာကေရာက္ေနတဲ့မ်က္ႏွာမ်ားစြာကို သူေတြ႕လိုက္ရတယ္။ ဒါေပမယ့္ သူ႕အိပ္မက္ကေန ခဏေလာက္ ျပန္မထြက္လာနိုင္ေသးတာေၾကာင့္ေၾကာင္ေတာင္ေတာင္ေလး ျဖစ္ေနတယ္။
"ပိုင္မု မင္းဘာျဖစ္လို႔လဲ" ပိုင္မုနိုးလာတာကိုျမင္တဲ့အခါ ခဲယ္လ္တစ္မွင္သက္သြားၿပီး သူမ်က္လုံးဖြင့္လိုက္တာကိုျမင္လိုက္ရတဲ့ ေပ်ာ္႐ႊင္မႈက ခ်က္ခ်ခ်က္ခ်င္းေပ်ာက္ကြယ္သြားခဲ့တယ္။
"ကြၽန္ေတာ္ အိပ္မက္ဆိုးမက္ခဲ့တယ္" ပိုင္မုက အိပ္မက္ထဲက ျမင္ကြင္းေတြကို ေတြးၿပီး မိန္းေမာရင္း ျပန္ေျဖလိုက္တယ္။ ထို႔ေနာက္ သူ႕အိမ္မက္ထဲက ျမင္ကြင္းေတြကို စေျပာျပေတာ့တယ္။
ခဲယ္လ္တစ္နဲ႕လိန္းက်ယ္တို႔က သူ႕ရဲ႕စကားကို နားေထာင္ေနၾကၿပီး အားလုံးက သူ႕ကို စိုးရိမ္တႀကီး ၾကည့္ေနၾကတယ္။ အန္းခ်ီေလာ့က ပိုလို႔ေတာင္ ဝမ္းနည္းေသးတယ္။ ဒီေန႕မွာ ပိုင္မုက ဘယ္လိုခုခံကာကြယ္ရမယ္ဆိုတာ လူတိုင္းကို ေအးေအးေဆးေဆး အမိန႔္ေပးခဲ့တယ္။ ပိုင္မု လုံးဝမေၾကာက္ဘူးလို႔ အားလုံးက ထင္ေနခဲ့ၾကတာ။တကယ္ေတာ့ ပိုင္မုလည္းပဲ ေၾကာက္ခဲ့တယ္ ။လူတိုင္း မေတာ္တဆျဖစ္မွာကို သူစိုး႐ြံ႕ေနခဲ့တာ။အဲဒီအခ်ိန္မွာ ပိုင္မုက ေၾကာက္ေနမယ္ဆိုရင္ အားလုံးက ေၾကာက္စိတ္မႊန္ကုန္ၾကမယ္လို႔ သူထင္တယ္။
"အဆင္ေျပပါတယ္၊ မင္းအိပ္မက္မက္ေန႐ုံပါ လူတိုင္းအဆင္ေျပေနတယ္ေနာ္" ခဲယ္လ္တစ္က ပိုင္မုကို ေပြ႕ဖက္လိုက္ၿပီး ကေလးတစ္ေယာက္လို ႏွစိသိမ့္လိုက္တယ္။ သူ႕ရဲ႕ဖိအားက အရမ္းႀကီးၿပီး အဲဒီလူေတြရဲ႕ ေဘးကင္းမႈကို သူ႕ပခုံးေပၚတင္ထားတာကို ခဲယ္လ္တစ္ မသိခဲ့ဘူး။ ဒီေန႕ သူတို႔က ေသေရးရွင္ေရးနဲ႕ႀကဳံခဲ့ရေၾကာင္း ျခေသၤ့ေလးရဲ႕ေဖာ္ျပခ်က္ကေန သိရွိခဲ့ၾကတယ္။ ထိုအခ်ိန္မွာ ပိုင္မုက တိုက္ပြဲကို တည္ၿငိမ္စြာ ႀကီးၾကပ္ေနဆဲျဖစ္တယ္။ အဲ့ဒီအခ်ိန္တုန္းကေတာ့ သူ႕မွာ ေၾကာက္ဖို႔အခ်ိန္မရွိသလို ေၾကာက္ဖို႔လည္းခြင့္မျပဳတာေၾကာင့္ ညဘက္မွာေတာ့ သူက ဒီလိုအိပ္မက္တစ္ခုကို မက္ခဲ့တယ္။
"တကယ္လား လူတိုင္း ဘာမွမျဖစ္ဘူးလား"
"ဟုတ္တယ္ အားလုံးအဆင္ေျပၾကတယ္ အန္းခ်ီေလာ့က အခုမင္းေရွ႕မွာရွိေနတယ္လို႔ မထင္ဘူးလား"
ပိုင္မုက အန္းခ်ီေလာ့ကို ၾကည့္လိုက္ၿပီးေနာက္ သူတကယ္မနိုးခင္ကလိုမ်ိဳး ျခေသၤ့ေလးတစ္ေကာင္ ေဘာလုံးေလးလုံးထားသလို သူ႕ကိုယ့္ကို က်ဳံ႕ထားတယ္ ။ ကံေကာင္းေထာက္မစြာနဲ႕ ဘယ္သူမွမေတာ္တဆမျဖစ္ခဲ့ဘူး။
"ကြၽန္ေတာ္အဆင္ေျပပါတယ္ မင္းတို႔အားလုံးက တစ္ေန႕တာလုံး ပင္ပန္းထားၾကတာ ေစာေစာအနားယူပါ" ပိုင္မုက နိုးလာသူတိုင္းကိုၾကည့္ၿပီး ရွက္႐ြံ႕စြာ ၿပဳံးျပလိုက္တယ္။
အခုအခ်ိန္မွာ ပိုင္မုရဲ႕အမူအရာက မႏွေးေကြးမေလးလံေနေပမယ့္လည္း အားလုံးက စိုးရိမ္ေနၾကဆဲျဖစ္တယ္။ခဲယ္လ္တစ္က စိုးရိမ္ေသာကေရာက္ေနတဲ့ မိသားစုဝင္ေတြကို ၾကည့္လိုက္ၿပီး ေျပာလိုက္တယ္။ "မင္းတို႔ သြားအိပ္ၾကေတာ့ ငါ သူနဲ႕အတူရွိေနလိုက္မယ္" ထိုမွသာ အန္းခ်ီေလာ့က ကုတင္ေပၚ သြားျပန္အိပ္ေတာ့တယ္။
ထိုအခ်ိန္မွာ ပိုင္မုက အိပ္မေပ်ာ္ေပမယ့္လည္း အျခားသူေတြအနားယူရာမွာ စိတ္အႏွောင့္အယွက္ျဖစ္မွာစိုးတာေၾကာင့္ ခဲယ္လ္တစ္ကို ေနရာလြတ္ထဲ ေခၚသြားတယ္။
"ပိုင္မု မင္း တကယ္ေကာင္းေကာင္းလုပ္ထားၿပီးၿပီ မင္းကိုယ္မင္း ဖိအားေတြ သိပ္မေပးပါနဲ႕"ေနရာလြတ္ထဲ ဝင္သြားတဲ့ခဲယ္လ္တစ္က ပိုင္မုကို သူ႕ရင္ခြင္ထဲ ေပြ႕ဖက္ထားဆဲျဖစ္ၿပီး ႏွစ္ေယာက္သားက ဧည့္ခန္းထဲကကုလားထိုင္ေပၚမွာ ထိုင္ကာ တစ္ေယာက္ကိုတစ္ေယာက္ ဖက္ထားၾကတယ္။
“ဒီတစ္ခါလာတဲ့ သားရဲအုပ္ကို ကြၽန္ေတာ္ေလွ်ာ့တြက္မိတုန္းပဲ ေတာင္ေပၚတက္လာတဲ့ သားရဲေတြက ဒီေန႕ ဂူထဲကို ေဖာက္ဝင္နိုင္လုနီးပါးျဖစ္ေနၿပီ” ပိုင္မုက ဒါကို ဒီအတိုင္း မေမ့ေဖ်ာက္လိုက္နိုင္ေသးဘူး ။ သူ ေကာင္းေကာင္း မလုပ္နိုင္ေသးဘူး။
"အဲဒါကို မစဥ္းစားနဲ႕ေတာ့ အားလုံးအဆင္ေျပေနတာပဲမဟုတ္ဘူးလား ၿပီးေတာ့ ပထမၿခံစည္းရိုးၿပိဳက်သြားရင္ေတာင္ မင္းေနာက္မွာ ၿခံစည္းရိုးေလးခုရွိေနေသးတယ္မလား အဲ့ဒီအခ်ိန္က မင္းရဲ႕အမိန႔္အရ လူတိုင္းက မင္းအိပ္မက္ထဲက ျမင္ကြင္းေတြမျဖစ္ဘဲနဲ႕ စည္းစနစ္တက် ဆုတ္ခြာနိုင္ခဲ့တယ္ေလ "ခဲယ္လ္တစ္က ပိုင္မုေကာင္းေကာင္းလုပ္နိုင္တယ္လို႔ သူတကယ္ထင္တယ္။ သူ(ပိုင္မု)က သူ႕ကိုယ္သူ ဖိအားေတြ အရမ္းေပးေန႐ုံသာျဖစ္တယ္။
"အဲ့လိုမျဖစ္ခ်င္ဘူး ေနာက္ထပ္လာမယ့္သားရဲအုပ္ရဲ႕တိုက္ခိုက္မႈက ပိုျပင္းထန္နိုင္တယ္ ဒီတစ္ခါ ပိုေကာင္းေအာင္ လုပ္ရမယ္ ေသေရးရွင္ေရးနဲ႕ႀကဳံရမယ့္အေျခအေနကို ေရွာင္ရမယ္"
"ပိုင္ု သားရဲအုပ္ရဲ႕တိုက္ခိုက္မႈေတြက အၿမဲေျပာင္းလဲေနၿပီး ဘယ္လိုအေျခအေနမ်ိဳးမဆို ျဖစ္ေပၚလာနိုင္တယ္ ကိုယ္တို႔က အစြမ္းကုန္ခုခံဖို႔ ပဲ ႀကိဳးစားနိုင္တာ ဒါေပမယ့္လည္း လူတိုင္း ေနာက္ဆုတ္နိုင္လိမ့္မယ္ဆိုတဲ့ အာမခံခ်က္မရွိဘူး"
ဒါေတြကို ပိုင္မုကိုယ္တိုင္လည္း သိေပမယ့္ သူ႕ပတ္ဝန္းက်င္က ဘယ္သူ႕ကိုမွမဆုံးရႈံးခ်င္ဘူး။ သူက orc ေတြရဲ႕တိုက္ပြဲအတြက္ ဘာမွမတတ္နိုင္ေပမယ့္လည္း ေနာက္ကြယ္ကလူေတြကို ကာကြယ္ဖို႔ေတာ့ သူအစြမ္းကုန္ႀကိဳးစားရမွာပဲ။
"ကြၽန္ေတာ္သိတယ္ ဒါေပမယ့္ ကြၽန္ေတာ္ကိုယ္ကြၽန္ေတာ္လည္း ပိုေကာင္းေအာင္လုပ္နိုင္မယ္လို႔ ယုံၾကည္တယ္ "ပိုင္မုက မ်ိဳးႏြယ္စုကို ကာကြယ္ဖို႔အတြက္ ဇြဲမေလွ်ာ့တာကို သူသိတာေၾကာင့္ ခဲယ္လ္တစ္က ဘာဆက္ေျပာရမွန္းမသိေတာ့ဘူး။
"ေကာင္းၿပီ ဒီေန႕ရဲ႕ရာသီဥတုေပၚ မူတည္ၿပီး ေနာက္ရက္အနည္းငယ္မွာလည္း ႏွင္းဆက္က်နိဳင္တယ္ မနက္ျဖန္ သားေကာင္ေတြကိုစုေဆာင္းဖို႔ မင္းသြားတဲ့အခါ လူတိုင္းကို ဒီရက္ေတြမွာ အိမ္မွာျမႇားေတြထပ္ျပင္ဆင္ၿပီး ပိုတိက်တဲ့ ဦးေခါင္းပစ္ေလ့က်င့္မႈကို လုပ္ဖို႔ မ်ိဳးႏြယ္စုေခါင္းေဆာင္ကို ေျပာခိုင္းလိုက္ပါ လူတိုင္းရဲ႕တိက်မႈက မေကာင္းေသးဘူး ဒါအျပင္ ကြၽန္ေတာ္တို႔သတ္ခဲ့တဲ့ သားရဲေတြရဲ႕ အေမြးအမ်ားစုက ပ်က္စီးသြားတယ္ မ်ိဳးႏြယ္စုေခါင္းေဆာင္ကို သူတို႔ကို စုေဆာင္းၿပီး အေျခာက္ခံဖို႔ တစ္စုံတစ္ေယာက္ စီစဥ္ေပးဖို႔ပါ ေတာင္းဆိုေပးပါဦး ေနာက္လာမယ့္သားရဲတိုက္ခိုက္မႈက အသုံးဝင္ေနမွာလည္းျဖစ္နိုင္တယ္..."ပိုင္မုက ေနာက္လုပ္မယ့္အစီအစဥ္နဲ႕ ေနာက္တစ္ႀကိမ္ သားရဲေတြရဲ႕တိုက္ခိုက္မႈကို ဘယ္လိုကာကြယ္ရမလဲဆိုတာကို စတင္စဥ္းစားလာတယ္။
ခဲယ္လ္တစ္က သူနဲ႕အတူ လိုက္နားေထာင္ၿပီး တိတ္တဆိတ္ေနတယ္။ပိုင္မုက ဒီေနရာကအေျခအေနကို နားမလည္တဲ့အတြက္ ခ္လ္တစ္က သူ႕ကို စိတ္ရွည္ရွည္နဲ႕ ရွင္းျပခဲ့ၿပီး သူတို႔ႏွစ္ေယာက္က ညတြင္းခ်င္းပဲ အစီအစဥ္ဆြဲလိုက္ၾကတယ္။
ေနာက္တစ္ေန႕မွာ ႏွင္းပိုက်လာၿပီး မီးခိုးေရာင္ေကာင္းကင္ကေန အေမြးအေတာင္ေတြလိုမ်ိဳး ထူထဲတဲ့ႏွင္းေတြ က်လာခဲ့တယ္။ ဒီလိုရာသီဥတုမ်ိဳးက အျပင္ထြက္ဖို႔ မသင့္ေတာ္ေပမယ့္ တခ်ိဳ႕ကိစၥေတြေတာ့ လုပ္ရမွာေပါ့။ခဲယ္လ္တစ္နဲ႕လိန္းက်ယ္တို႔က နံနက္ေစာေစာမွာ သူတို႔ရဲ႕ သားေကာင္ေတြကို ယူဖို႔သြားခဲ့ၾကၿပီး ပိုင္မုက တစ္ညလုံး အိပ္မေပ်ာ္ခဲ့တာေၾကာင့္ အိပ္ရာထဲမွာပဲ အိပ္ေနတယ္။
ေနာက္ရက္အနည္းငယ္မွာ ႏွင္းေတြက်ေနၿပီး လူတိုင္းက အိမ္မွာရွိေပမယ့္ ပ်င္းမေနၾကပါဘူး။orc ေတြက မိန္းမပ်ိိုေတြကို ျမႇားျပဳလုပ္ဖို႔ ကူညီေပးေနၿပီး မိန္းမပ်ိဳေတြက ျမႇားပစ္တာကို စတင္ေလ့က်င့္ၾကတယ္။