Hidden love " ကုမုဒြာ "( comp...

By MikkyLay1

1.1M 57.7K 6.3K

လရောင်ဆန်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မ... More

ဇာတ်ကောင်မိတ်ဆက်
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter-6
Chapter-7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64 ( Final )
Extra❤
ကျေးဇူးတင်လွှာ❤️ ( ပရိုမိုးရှင်း )
🎉🎉🎉
Inner Art မိတ်ဆက် ❤️
Chibi Art ❤️
📌 Book Details 📌

Chapter - 55

9.5K 443 72
By MikkyLay1

ညနေပိုင်းရောက်တော့ C မြို့က VIP အထူးဧည့်သည်တော်များ ရောက်ရှိလာကြသည် ။ သူတို့က အရာရှိကျန်းနဲ့ ရှန်ဟွှာရဲ့လက်ရှိဥက္ကဌမင်းယွီတို့ဖြစ်ကြသည် ။ သတင်းထောက်တွေမသိအောင် တိတ်တဆိတ်လာရတာမို့ ဧကရာဇ်မောင်ရဲ့နယ်မြေသို့ ဖိတ်ခေါ်ထားခြင်းဖြစ်သည် ။

VIP အခန်းထဲမှာ စားစရာမျိုးစုံနဲ့ရမကာတွေ တစ်ခန်းတစ်နားပြင်ဆင်ထားပြီး ပန်းတွေကိုပါအလှဆင်ထားသည် ။ မသိလျှင် ဘုရင်မင်းမြတ်ကြွချီလာသလိုပင်ခန်းနားထည်ဝါလွန်းသည် ။ ဥက္ကဌမင်းယွီကအပြင်အဆင်တွေကိုကြည့်ပြီး အရမ်းကိုနှစ်သက်မိကာ သူမတွေ့မြင်ဖူးသည့် ပန်းတွေကို စိတ်ဝင်တစ်စားကြည့်နေသည် ။ အရာရှိကျန်းကတော့ တည်ငြိမ်ကာ မင်းယွီအနောက်ကနေလိုက်ပြီး ကလေးထိန်းတစ်ယောက်လို ထိန်းနေရသည် ။

" မင်းယွီ ရှောက်မဆော့နေနဲ့ … ငါတို့ကတိပေးထားတယ်လေ "

" အကိုရှုယွမ်ကလဲ  … ကျွန်တော်လွတ်လွတ်လပ်လပ်နေချင်လို့ လိုက်လာခဲ့တာကို … မချုပ်ချယ်ပဲနေလို့မရဘူးလား "

" အဲ့လိုဆိုရင်တောင် ငါတို့အရင်ဆုံး မိတ်ဆက်ရမယ်လေ "

ထိုအခါမှ ထိုလှပသည့်သခင်လေးဟာ ကျောက်ရုပ်လိုရပ်နေကြသည့် ဧကရာဇ်မောင်တို့ဘက်လှည့်လာပြီး ပြုံးပြလာသည် ။ သူ့ကြည့်ရတာ အပျော်ခရီးထွက်လာသလို အလွန်ရွှင်မြူးနေသည် ။

ဇွဲကအရှေ့သို့ထွက်လာပြီး အရာရှိကျန်းကို လက်ဆွဲနှုတ်ဆက်လိုက်သည် ။

" မင်္ဂလာပါအရာရှိကျန်း … ကျွန်တော်က အရာရှိခင်ရဲ့သား ဇွဲပါ "

" မင်္ဂလာပါဇွဲ … ကိုယ်ကကျန်းရှုယွမ် "

အရာရှိကျန်းက အဆင့်မြင့်အယ်ဖာတစ်ယောက်ဖြစ်သလို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ထက်မြတ်ပြီးထူးချွန်သည့်ခေါင်းဆောင်တစ်ယောက်ဖြစ်ကာ ရုပ်ရည်ကချောမောပြီး ခန့်ညားသည့်အထဲမှာပါသည် ။ သို့ပေမဲ့ သူဟာအိမ်ထောင်ဖက်မရှာပဲ အလုပ်အပေါ်ကိုသာစိတ်နှစ်ထားကာ သူ့ရဲ့အချိန်တွေက ရာဇဝတ်သားတွေကိုဖမ်းဆီးရင်းနှင့်သာ ကုန်ဆုံးလေ့ရှိသည် ။

" ကိုယ်မင်းအကြောင်းကြားထားပါတယ် …  အရာရှိခင်ရော သက်သာရဲ့လား "

" ဟုတ်ကဲ့အမေသက်သာလာပါပြီ … ဒီနေ့ဆေးရုံရက်ချိန်းရှိတာမို့ အရာရှိကျန်းကိုလာမကြိုနိုင်တဲ့အတွက် တောင်းပန်ကြောင်းပြောလိုက်ပါတယ် "

" မလိုပါဘူးကွာ … ကိုယ်တို့ရဲ့ပြဿနာထဲမှာ အရာရှိခင်ကို ဓားစာခံအဖြစ်ပါဝင်စေမိလို့ ကိုယ်ကတောင် ပြန်တောင်းပန်ရမှာ "

" အမေလဲအဆင်ပြေနေပါပြီ … ပြဿနာရှာတဲ့အဖွဲအစည်းကိုသာ အမြန်ဖမ်းဆီးနိုင်ဖို့ ကြိုးစားကြတာပေါ့ "

" အင်း … အဲ့ကိစ္စကိုအရာရှိခင်နဲ့တွေ့မှ အေးဆေးဆွေးနွေးကြမယ် … ခုတော့ မင်းတို့ကိုမိတ်ဆက်ပေးရဦးမယ် "

သူကဘေးကသခင်လေးကိုညွှန်ပြလိုက်ပြီး …

" သူ့ကိုအားလုံးပဲသိမယ်လို့ထင်ပါတယ် … ခုရှန်ဟွှာလုပ်ငန်းစုကိုအုပ်ချုပ်နေတဲ့ဥက္ကဌပိုင်မင်းယွီ "

" ကိုယ်က ပိုင်မင်းယွီပါ "

သခင်လေးမင်းယွီကအပြုံးလေးဖြင့်နှုတ်ဆက်ကာ ဇွဲကိုလက်ဆွဲပြီးမိတ်ဆက်လိုက်သည် ။ ဇွဲကလဲ ဘေးမှာရပ်နေတဲ့ ဧကရာဇ်မောင်ကို ညွှန်ပြလိုက်ပြီး …

" သူကတော့ ဒီမြို့တော်ရဲ့ပိုင်ရှင် ကုလုပ်ငန်းစုရဲ့ဥက္ကဌဧကရာဇ်မောင် … ဘေးကကုမိသားစုရဲ့မျိုးဆက် သခင်လေးကုမုဒြာ "

မင်းယွီက ဧကရာဇ်မောင်ကို လက်ဆွဲနှုတ်ဆက်လိုက်ပြီး …

" ဧကရာဇ်မောင်ရဲ့သတင်းလဲကြားပါတယ် …  ငယ်ငယ်ရွယ်ရွယ်နဲ့ ဥက္ကဌတစ်ယောက်ဖြစ်လာပြီး ဒီဇိုင်းရေးဆွဲတဲ့နေရာမှာလဲထူးချွန်တယ် "

" အဲ့လောက်လဲမဟုတ်ပါဘူး … တွေ့ရတာဝမ်းသာပါတယ် ရှန်ဟွှာဥက္ကဌ "

ဧကရာဇ်မောင်က ရိုရိုကျိုးကျိုးပြန်နှုတ်ဆက်လိုက်သည် ။

ရှန်ဟွှာဥက္ကဌပိုင်မင်းယွီကတော့ ငယ်ရွယ်ပြီးလှပသည့် အဆင့်မြင့်အိုမီဂါတစ်ယောက်ဖြစ်ကာ ကမ္ဘာပေါ်မှာရှိတဲ့အိုမီဂါတွေထဲမှာ အရဲရင့်ဆုံးနဲ့အအောင်မြင်ဆုံး လူတိုင်းလေးစားရတဲ့ ပုဂ္ဂိုလ်တစ်ဦးဟုဆိုလျှင်မမှားပေ ။ သူ့မှာချောမောလှပသည့် သားနှင့်သမီးလေးရှိနေပြီး လူတိုင်းအားကျရတဲ့ ချစ်စရာကောင်းတဲ့ မိသားစုလေးကိုပိုင်ဆိုင်ထားသည် ။

သူ့ရဲ့မိတ်ဖက်အယ်ဖာက ဘုရင်တစ်ယောက်လိုတန်ခိုးအာဏာကြီးပြီး သူတို့မိသားစုကိုကျော်နိုင်တဲ့မိသားစုမရှိသေးပေ ။ စီးပွားရေးလောက သိပ္ပံနှင့်ဆေးဝါးနယ်ပယ် အမှောင်လောကအစရှိသည့် နေရာများမှာ ပိုင်နှင့်ရှန်မိသားစုဟာ အကျော်ကြားဆုံးနှင့်အာဏာအရှိဆုံးဖြစ်သည် ။ မျိုးရိုစဉ်ဆက်ချမ်းသာပြီး ဩဇာကြီးမားကာ အိမ်ဖြူတော်နှင့်ပင်အဆက်အဆံရှိသည်ဟုပြောကြသည် ။

ဧကရာဇ်မောင်အတွက် ဒီလိုအထူးပုဂ္ဂိုလ်တွေနဲ့  တွေ့ဆုံခြင်းဟာ ပထမဆုံးအကြိမ်ဖြစ်တာကြောင့် စိတ်မလှုပ်ရှားဘူးဆိုလျှင် လိမ်ရာကျလိမ့်မည် ။ သူတို့လို ရွှေနန်းတော်ထပ်ကလူတွေနဲ့ယှဉ်လျှင် သူ့ရဲ့အောင်မြင်မှုဟာ သာမာန်မြို့လေးပေါ်က အိမ်ငယ်လေးတစ်လုံးသာသာဖြစ်သည် ။ သို့ပေမဲ့ ထိုလူတွေရဲ့ဖော်ရွေမှုကြောင့် ဧကရာဇ်မောင်အနေရခက်တာမျိုးတော့မဖြစ်မိပေ ။

သခင်လေးမင်းယွီက ကုမုဒြာအရှေ့သို့လျှောက်သွားပြီး သူ့အားနှုတ်ဆက်ဖို့ပြင်နေသည့်ကုမုဒြာကို နှစ်ပေါင်းများစွာမတွေ့ရတဲ့သူငယ်ချင်းပမာ ပွေ့ဖက်လိုက်လေသည် ။

" …… "

" …… "

" …… "

၃ ယောက်သားမှာ မင်းယွီနဲ့မုဒြာအားကြောင်ကြည့်နေကြပြီး ကုမုဒြာကိုယ်တိုင်လဲ သခင်လေးမင်းယွီကဒီလောက်ထိ ဖော်ရွေလိမ့်မည်မထင်ထား၍ အံ့ဩနေသည် ။ ဧကရာဇ်မောင်လဲ မုဒြာက ထိုသခင်လေးနဲ့ဒီလောက်ထိ ရင်းနီးလိမ့်မည်ဟုမထင်ထားပေ ။ ကြည့်လိုက်တော့မှ မုဒြာဟာလဲ အဆင့်အတန်းမြင့်မိသားစုရဲ့မျိုးဆက် အိုမီဂါသခင်လေးဖြစ်တာကြောင့် အစေခံလိုမျိုးဝတ်ထားတာတောင်မှ သခင်လေးမင်းယွီနည်းတူတောက်ပနေသည် ။

"  သခင်လေးမင်းယွီ မင်္ဂလာလာပါ "

" အိုး Sorry … မင်္ဂလာပါကုမုဒြာ … ငါကဒီလိုခရီးမထွက်ရတာကြာတော့ အရမ်းပျော်သွားလို့ပါ … ပြီးတော့ဒီမှာငါနဲ့ရင်းနီးတဲ့မင်းကိုတွေ့လိုက်ရတော့ နှုတ်ဆက်တာစိတ်လောသွားတယ် "

" ရပါတယ် … သခင်လေးပျော်သလိုနေပါ "

" ဟား မင်းကအရင်လိုရှက်နေတုန်းပဲလား … ငါ့ကိုသူငယ်ချင်းတစ်ယောက်လို သဘောထားလို့ရပါတယ် "

" မဟုတ်တာ "

" ဘာကိုမဟုတ်ရမှာလဲ … ငါ့ကိုမခင်ချင်ဘူးလား "

" သခင်လေးကို အဲ့လိုပြောတာမဟုတ်ပါဘူး "

" ကဲပါ ရိုရိုသေသေပြောနေဖို့မလိုဘူး … မင်းနဲ့ငါကအသက်သိပ်ကွာတာမှမဟုတ်တာ … မင်းယွီလို့ပဲခေါ် "

မင်းယွီကပုံမှန်ဆို လူတိုင်းနဲ့သိပ်ပြီးခင်သွယ်တတ်တာမျိုးမဟုတ်တာကြောင့် အရာရှိကျန်းကလဲ ဝင်ပြောလိုက်သည် ။

" ကုမုဒြာ မင်းယွီကိုရင်းရင်းနီးနီးပြောလို့ရတယ် … သူမင်းကို တကယ်ခင်သွယ်နေတာ "

" ဟုတ်ကဲ့ "

မုဒြာက ထိုအခါမှ မင်းယွီလက်ကိုဆွဲကိုင်ပြီး ရင်းရင်းနီးနီးပြောလိုက်သည် ။

" ဒါဆို မင်းယွီစားစရာတွေမအေးခင်စားရအောင် ခုံမှာထိုင်ပါ … အရာရှိကျန်းလဲထိုင်ပါဗျ "

ထိုအခါမှ အားလုံးခုံမှာထိုင်လိုက်ကြပြီး ပြင်ဆင်ထားတဲ့အစားအသောက်တွေနဲ့ အဆင့်မြင့်ဝိုင်ကို သုံးဆောင်ကြသည် ။ အစားအသောက်တွေက အရသာရှိလွန်း၍ လမ်းခရီးကြောင့်ဗိုက်စာလာတဲ့အရာရှိကျန်းနဲ့မင်းယွီတို့ အတော်များများစားသုံးကြသည် ။ ပြီးသွားတော့ အထူးပြင်ဆင်ထားတဲ့အချိုပွဲတွေလာချကြသည် ။

မင်းယွီကအချိုပွဲတွေကိုမြည်းစမ်းကြည့်ကာ ကောင်းလွန်း၍ ဗိုက်တင်းအောင်စားမိသွားသည် ။

" မုဒြာ ဒါတွေအားလုံးမင်းပြင်ဆင်ထားတာလား "

" ဟုတ်ပါတယ် … မင်းယွီမကြိုက်လို့လား "

" မဟုတ်ဘူး အရမ်းစားကောင်းလို့ … ငါပြန်ရင် အကိုဖန်းဂူငါ့ကိုမှတ်မိမှာတောင်မဟုတ်တော့ဘူး "

မင်းယွီရဲ့စနောက်မှုကြောင့် အားလုံးရယ်မောလိုက်ကြသည် ။ အရာရှိကျန်းကလဲ ပြောလာသည် ။

" အမှန်ပဲ … လက်ရာကအဆင့်မြင့်စားဖိုးမှူးတွေအတိုင်းပဲ … အစားဂျေးများတဲ့ကိုယ်တောင် အများကြီးစားဖြစ်သွားတယ် "

" ခုလိုချီးကျူးပေးလို့ ကျေးဇူးပါသခင်လေးတို့ … နောက်ရက်တွေလဲကျွန်တော်ပဲချက်ကြွေးပါ့မယ် "

မင်းယွီကသွက်လက်စွာပင်ပြောလာသည် ။

" ဒါဆိုငါဒီမှာအကြာကြီးနေရင်ရော "

" မင်းယွီပျော်သလောက်နေလို့ရပါတယ် "

ထိုအခါ သခင်လေးမင်းယွီက ဘေးနားက အရာရှိကျန်းကို အောင်နိုက်သူပမာပြောလိုက်သည် ။

" ကြားတယ်နော် … အိမ်ရှင်က ပျော်သလောက်နေတဲ့ … ဒီမှာနေဖို့ဆုံးဖြတ်လိုက်ပြီ "

" မင်းပြောတော့ ဒီမြို့ကို ကိုယ်နဲ့ခနလေးပဲလိုက်မှာဆို … ခုဘယ်လိုဖြစ်ရပြန်တာလဲ … ကိုယ် ၂ ရက်လောက်ပဲဒီမှာနေပြီး အလုပ်ကိစ္စဆွေးနွေးပြီးရင်ချက်ချင်းပြန်မှာ "

" ၂ ရက်ထည်းနဲ့ဘာလုပ်လို့ရမှာလဲ … ၁ ပတ်လောက်တော့နေရမှာပေါ့ … ဒီမှာကထင်ထားတာထက်ရှုခင်းတွေကလှတယ် … ပြီးတော့ ရှောက်လည်ချင်သေးတယ် "

အရာရှိကျန်းခေါင်းခဲသွားရသည် ။

"  မင်းအဝတ်အစားတွေအများကြီးယူလာကတည်းက သိလိုက်ရမှာ … မင်းဒီကိုလိုက်လာတာ ရှန်ဖန်းဂူသိရင် ငါ့ကိုသတ်လိမ့်မယ် … ပြီးတော့ကလေးတွေကိုရော ဘယ်လိုလုပ်မှာလဲ "

" သားကြီးကရှန်အိမ်တော်မှာ သမီးငယ်လေးက ပိုင်အိမ်တော်မှာ ဘာမှပူစရာမလိုဘူး … ပြီးတော့အလုပ်ကိစ္စတွေကိုလဲ ရှုမန်းကကိုင်သွယ်ပေးထားလိမ့်မယ် … အကိုဖန်းဂူကလဲ ခုအလုပ်ရှုတ်နေလို့ နောက် ၂ ပတ်နေမှ အိမ်တော်ကိုပြန်လာမှာ … သတင်းပေးပြီးစောင့်ကြည့်နေမဲ့ရန်အာလဲရှိနေတာမို့  ဘာမှမပူနဲ့ "

ကြိုတင်အစီစဉ်ဆွဲထားတာမို့ အရာရှိကျန်းလဲမတတ်နိုင်တော့ပေ ။

" မင်းကတော့လေ အမြဲခေါင်းမီးတောက်အောင်လုပ်တယ် … ကြိုတင်စီစဉ်ထားမှတော့ ဘာတတ်နိုင်မှာလဲ … ဒါပေမဲ့ဒီမှာက လုံခြုံမဲ့နေရာအရင်ရှာ … "

" မလိုဘူး … ကုမုဒြာရှိတယ် "

သခင်လေးမင်းယွီက မုဒြာလက်မောင်းကိုချိတ်ကိုင်လိုက်ပြီး သူအားတည်းခိုခွင့်ပြုဖို့ခွင့်တောင်းလိုက်သည် ။

" ကုမုဒြာ မင်းအိမ်မှာတည်းခွင့်ပြုမယ်မဟုတ်လား … တစ်ပတ်ထည်းပါ "

မုဒြာခနမျှစဉ်းစားရကြပ်သွားသည် ။ ခုလက်ရှိနေနေတဲ့နေရာက တိုက်ခန်းငယ်လေးဖြစ်ပြီး သခင်လေးမုဒြာလိုလူမျိုးခြေချဖူးမည်ပင်မဟုတ်ချေ ။

" ဟို … ဟိုလေ "

" ရပါတယ် သခင်လေး "

ဧကရာဇ်မောင်က အမြန်ဝင်ပြောလိုက်သည် ။ ဧကရာဇ်မောင်ရုတ်တရပ်အကြံတစ်ခုပေါ်လာခဲ့သည် ။ မုဒြာဟာ သခင်လေးမင်းယွီလိုလူမျိုးကို တိုက်ခန်းငယ်လေးမှာတည်းခိုခိုင်းမည်မဟုတ်သလို သူနဲ့အတူနေဖို့ကိုလဲ မုဒြာမငြင်းဆိုနိုင်ပေ ။ ဒါကြောင့် သခင်လေးမင်းယွီကိုတည်းခိုခွင့်ပြုဖို့အသင့်တော်ဆုံးနေရာက သူတို့ရဲ့အိမ်တော်ဖြစ်သည် ။ သခင်လေးမင်းယွီတည်းခိုလျှင် သူနဲ့ရင်းနီးတဲ့မုဒြာလဲ မငြင်းဆိုနိုင်ပဲ အိမ်တော်သို့လိုက်ပါလာရလိမ့်မည် ။ မုဒြာကို အိမ်တော်သို့ပြန်ခေါ်လာနိုင်မည့် တစ်ခုတည်းသေားအခွင့်အရေးဖြစ်သည် ။

" ကျွန်တော်တို့ရဲ့အိမ်တော်မှာ သခင်လေးကြိုက်သလောက်တည်းခိုလို့ရပါတယ် … အိမ်တော်ကကြီးလို့ သခင်လေးအနေရကြပ်စေမှာမဟုတ်ပါဘူး … ပြီးတော့ လုံခြုံမှုကိုလဲ အာမခံပါတယ် … လျှောက်လည်ဖို့အတွက်လဲ ကျွန်တော်တို့ကိုယ်တိုင်လိုက်ပို့ပေးပါ့မယ် "

သခင်လေးမင်းယွီက ကျေနပ်ဝမ်းသာသွားသည် ။

" ဥက္ကဌဧကရာဇ်မောင်ကို ဒုက္ခများစေပြီ "

" ရပါတယ်ဗျာ … ကျွန်တော်တို့ဆီလာလည်တဲ့အတွက် ဒါကကျွန်တော်ကတောင် ကျေးဇူးတင်ရမှာ "

" ဒါဆိုအဲ့လိုပဲလုပ်ကြတာပေါ့ "

အရာရှိကျန်းက ပြောလာသည် ။

" ဒါပေမဲ့ ကိုယ်ကအလုပ်ကိစ္စနဲ့မို့ မင်းနဲ့လျှောက်မလည်ပေးနိုင်ဘူး "

" ဒါဆိုအကိုက အရာရှိခင်ရဲ့အိမ်မှာပဲနေပြီး အလုပ်ကိစ္စအေးဆေး ဆွေးနွေးပေါ့ "

ဇွဲကလဲ ထောက်ခံလိုက်သည် ။

"  အရာရှိကျန်းက ကျွန်တော့အိမ်မှာပဲတည်းပြီး အမေနဲ့ဆွေးနွေးပေါ့ … ကျွန်တော်လဲ တတ်နိုင်သလောက်ကူညီပေးမယ် "

" ကောင်းပြီ … အားလုံးဝိုင်းပြောနေမှတော့ ဒီတိုင်းပဲလုပ်ကြတာပေါ့ … မင်းယွီမင်းဘာမှမဖြစ်စေရဘူးလို့ကတိပေ … မင်းတစ်ခုခုဖြစ်ရင် ဖန်းဂူကငါ့ကိုခေါင်းဖြတ်ပြစ်လိမ့်မယ် "

" ကျွန်နော်ကတိပေးပါတယ် … အကို့ခေါင်းအတွက်အာမခံတယ် "

ဒီလိုနဲ့ဧည့်သည် ၂ ယောက်ဟာ တစ်ပတ်နေဖို့ဖြစ်လာပြီး ကုမုဒြာလဲ အိမ်တော်ကိုပြောင်းရွှေ့ဖို့ ငြင်းဆန်၍မရတော့ပေ ။

*

*

*

ကုကုလေးက မုန့်ဆိုင်ကနေပြီး ပါပါးပြန်အလာကို စောင့်မျှော်နေသည် ။ ဆိုင်ကဝန်ထမ်းလေးတွေဟာလဲ သူတို့ဆီအမြဲလာကူပေးနေတဲ့ လူချောလေးက ဒီမြို့ရဲ့ပိုင်ရှင် ဥက္ကဌတစ်ယောက်ဖြစ်နေပြီး သူတို့ရဲ့သူဌေးက ဥက္ကဌရဲ့မိတ်ဖက်ဆိုတာကို ဒီနေ့မနက်မှသိလိုက်ရကာ မေ့လဲမတတ်ရှော့ရသွားသည် ။ အသိပြန်ဝင်လာတော့သူတို့ခမျာ ပျော်လွန်းလို့ရှောက်ကြွားလိုက်ချင်ပေမဲ့ အမဒါလီကမနည်းတားထားရသည် ။

သူတို့သူဌေးရဲ့ခွင့်ပြုချက်မရမချင်း ဒီမြို့ကလူတွေနဲ့သတင်းသမားတွေမသိအောင် ကုကုလေးတို့မိသားစုအကြောင်းကို ထိန်းသိမ်းထားဖို့လိုသည် ။ သူတို့ဖုံးကွယ်ထားတာ အကြောင်းအရင်းတစ်ခုခုတော့ရှိလိမ့်မည်ဟု ခန့်မှန်းမိ၍ အားလုံးက အမဒါလီရဲ့အကြံကို လက်ခံလိုက်သည် ။ ညနေစောင်း ဆိုင်ပိတ်ခါနီးတော့မှ ကုမုဒြာရောက်လာခဲ့သည် ။

" ပါပါး "

ကုကုလေးက သူ့ပါပါးကိုမြင်တော့ အပြေးလေးရောက်လာကာ ဖက်သွယ်လာသည် ။ အနက်ရောင်ကားပေါ်မှာ မင်းယွီနဲ့ဧကရာဇ်မောင်တို့ ထိုင်နေကြပြီး ထိုသားအဖကိုကြည့်နေကြသည် ။ မင်းယွီက သူတို့မိသားစုအခြေအနေကို အကဲခပ်ပြီးနောက် ဧကရာဇ်မောင်အား မေးကြည့်လိုက်သည် ။

" ဥက္ကဌဧကရာဇ်မောင် မုဒြာနဲ့ပြန်ပြီးအဆင်ပြေပြေပြန်ပေါင်းဖက်နိုင်ပြီလား "

" ပေါင်းဖက်နိုင်တဲ့အခြေအနေမရောက်သေးပေမဲ့ အဆင်ပြေတယ်လို့တော့ပြောလို့ရပါတယ် … ကျွန်တော့အပေါ်အရင်ကလောက် ခါးခါးသီးသီးမငြင်းဆန်တော့ဘူး … ဒါပေမဲ့အရင်ကလိုလဲမနှစ်သက်တော့ဘူး … ဒီအခြေအနေကြီးကနေ ကျွန်တော်အမြန်ဆုံးကျော်ဖြတ်ချင်ပြီ "

" ခများတို့ကြားမှာဘာတွေဖြစ်ခဲ့လဲမသိပေမဲ့ ကျွန်တော်မုဒြာကိုစတွေ့တော့ သူ့မျက်ဝန်းကနေတစ်ဆင့် သူခများအပေါ်သံယောဇင်ရှိနေသေးမှန်းတွေ့ခဲ့ရတယ် … တစ်စုံတစ်ရာကိုကြောက်ရွံ့ပြီး သူ့ရဲ့ခံစားချက်တွေက ဟိုးအနက်ဆုံးတစ်နေရာမှာ ပုန်းကွယ်နေတာ "

" ဖြစ်နိုင်ပါတယ် … ကျွန်တော်သူ့အပေါ်အမှားတွေအများကြီးလုပ်ခဲ့မိသလို နာကျင်အောင်လဲလုပ်ခဲ့မိတယ် မရည်ရွယ်ပဲနဲ့ပေါ့ … အမှန်သိချိန်မှာ အရာအားလုံးကနောက်ကျသွားပြီ … သူ့ခံစားချက်တွေပုန်းကွယ်နေအောင် လုပ်မိခဲ့တဲ့တရားခံက ကျွန်တော်ကိုယ်တိုင်ပဲလေ … ဒီအပြစ်ဒါဏ်ကကျွန်တော်နဲ့ထိုက်တန်ပါတယ် "

သားလေးကိုပွေ့ချီပြီး ဆိုင်ထဲသို့ဝင်သွားတဲ့မုဒြာအား ငေးကြည့်ရင်း …

" အရင်လို သူကျွန်တော့အပေါ် ပြန်ချစ်လာဖို့ မျှော်လင့်ယုံပဲတတ်နိုင်တော့တယ် … ကျွန်တော်က အချစ်တွေနဲ့မထိုက်တန်လို့ထင်ပါတယ် ကျွန်တော်ချစ်ခင်မိတဲ့သူတိုင်းရဲ့ စွန်းပြစ်ချင်းကိုပဲ ခံရတယ် … ကျွန်တော့အပေါ်တကယ်ချစ်တဲ့သူအပေါ်ကိုလဲ အမှားတွေပဲလုပ်နေမိပြီး နောက်ဆုံးတော့ထားသွားခံရတယ် … ကျွန်တော့ရဲ့အချစ်ခရီးလမ်းက အရမ်းကိုကြမ်းတမ်းလွန်းပါတယ် "

" အချစ်စစ်မှန်ရင် အခက်အခဲတွေကတော့ ကြုံတွေ့ရစမြဲပါပဲ … ခများသာလက်မလျော့ရင် ဒီအခက်အခဲတွေကို ကျော်လွှားနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ် … ကျွန်တော်တို့မိသားစုလဲပဲ ခုလိုနေထိုင်နိုင်ဖို့ အခက်အခဲတွေအများကြီးကျော်လွှားခဲ့ရတယ် "

" သခင်လေးတို့လဲ ကြုံတွေ့ခဲ့ရတာပဲလား "

" ဒါပေါ့ … ခများတို့ထက်တောင်ကြမ်းတမ်းသေးတယ် … သူနဲ့ကျွန်တော်လက်မလျော့ခဲ့လို့ ခုလိုပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်တာ … ခများလဲလက်မလျော့ဖို့မျှော်လင့်တယ် … မုဒြာပျော်ရွှင်နေတာကိုပဲ မြင်ချင်တယ် … သူကကျွန်တော့ရဲ့အရင်ကပုံစံနဲ့တူတယ်  "

" စိတ်ချပါ … ကျွန်တော်လက်မလျော့ပါဘူး … ခုတောင်သခင်လေးရဲ့အကူအညီကြောင့် မုဒြာကို အိမ်တော်ပြန်လာအောင်လုပ်နိုင်ခဲ့ပြီ … အဲ့ဒိအတွက်လဲ ကျေးဇူးပါသခင်လေး "

" ကျွန်တော့ကြောင့် အနှောက်အယှက်မဖြစ်ပဲ ခများတို့အဆင်ပြေတာမြင်ရတော့ ဝမ်းသာပါတယ် … နောက်လဲအကူအညီလိုရင်ပြောပေါ့ "

" မုဒြာကသခင်လေးစကားနားထောင်တော့ နောက်လဲအကူအညီလိုရင် အားမနာတမ်းပြောပါရစေ "

" ရတာပေါ့ … အဲ့လိုဆိုကျွန်တော်လဲပျော်ရ ခများတို့လဲအဆင်ပြေသွားတာပေါ့ "

၂ ယောက်သားစကားတွေအကြာကြီးပြောဖြစ်ကြပြီး အထုပ်အပိုးနဲ့ သားလေးကိုဆွဲကာ မုဒြာပြန်ရောက်လာမှ စကားရပ်လိုက်ကြသည် ။ အမဒါလီက ကားနားအထိလိုက်ပို့ပြီး ကားပေါ်ကသခင်လေးမင်းယွီကိုလဲ ဦးညွှန့်ကာနှုတ်ဆက်လိုက်သည် ။

မင်းယွီကမုဒြာကိုသာမှတ်မိပေမဲ့ အမဒါလီကိုတော့ သိပ်မမှတ်မိပေ ။ အမဒါလီက ဆိုင်ကိုနောက်ဆံမတင်းဖို့နဲ့ သခင်းလေးမင်းယွီကို ကောင်းကောင်းမွန်မွန်ဧည့်ခံပြီး ပျော်ပျော်ရွှင်ရွှင်နေဖို့မှာကြားပြီးနောက် သူတို့လဲနှုတ်ဆက်ကာ ထွက်လာခဲ့ကြသည် ။ မုဒြာ လေးနှစ်ကြာမရောက်ဖြစ်ခဲ့တဲ့ အိမ်တော်ကြီးထံ ပြန်သွားရတာမို့ ရင်ခုန်စိတ်လှုပ်ရှားနေမိတာတော့အမှန်ပင် ။ ဝမ်းနည်းစရာအမှတ်တရတွေရှိသလို ပျော်ရွှင်စရာအမှတ်တရတွေလဲရှိနေတဲ့ ထိုအိမ်တော်ကြီးထံ မုဒြာပြန်သွားခွင့်ရလိမ့်မည်ဟုမျှော်လင့်မထားခဲ့ပေ ။

ကုကုလေးက ကားပေါ်မှာဧည့်သည်ပါလာတာမို့ ကုတ်ကုတ်လေးသာနေပြီး မုဒြာလက်မောင်းကြားကနေ ချောင်းပြီးကြည့်နေသည် ။ မင်းယွီက သူတို့ကားလေးပန်းခြံဘေးကနေဖြတ်လာတော့ မုဒြာနဲ့ပန်းတွေအကြောင်းစပ်မိကား စကားတွေရှည်နေရင် ကလေးလေးကိုနှုတ်ဆက်ဖို့မေ့သွားခဲ့ကာ အမြန်လမ်းပေါ်ရောက်မှသတိရလာသည် ။ သူကမုဒြာလက်မောင်းကြားမှာပုန်းနေတဲ့ကလေးလေးကို ပြုံးပြီးနှုတ်ဆက်လိုက်သည် ။

" Hallo Baby "

ကုကုလေးက သူ့အားနှုတ်ဆက်မှန်းသိတော့ ပြန် နှုတ်ဆက်လိုက်သည် ။

" Hallo ဦးဦး "

" ဟား ကလေးလေးက ချစ်စရာကောင်းလိုက်တာ "

သူ့ရဲ့စကားတွေကိုနားမလည်ပေမဲ့ ထိုဦးဦးကပြုံးပြီးပြောနေ၍ သဘောကောင်းတဲ့လူမှန်းသိကာ ကုကုလေးက မကြောက်တော့ပဲ ပြန်ပြုံးပြလိုက်သည် ။ မင်းယွီက အိမ်ကသားလေးထက် အနည်းငယ်သာငယ်ပြီး အပြုံးချိုလေးနဲ့ချစ်စရာကောင်းတဲ့သားလေးကို သဘောကျသွားကာ သူ့ဆီလာဖို့ ခေါ်လိုက်သည် ။ ကုကုလေးကလဲ ဖော်ရွေသည့်ကလေးလေးမို့ သူ့အပေါ်ချိုသာပြီး လူကောင်းနဲ့သူတဲ့လူတိုင်းအပေါ် ခင်သွယ်တတ်တာကြောင့် မင်းယွီထံချက်ချင်းသွားကာ ခနလေးချင်းရင်းနီးသွားကြသည် ။

မင်းယွီက ကလေး ၂ ယောက်ကိုစောင့်ရှောက်လာတာမို့ ကလေးတွေအကြောင်းသိနေပြီး သူ့စကားနားမလည်တဲ့ကလေးလေးကို အမူအယာတွေနဲ့ နားလည်အောင်ပြောပြတတ်သည် ။ ကုကုလေးကလဲ ဧည့်သည်ဦးဦးရဲ့ စိတ်ရှည်လက်ရှည်သူနဲ့အတူဆော့ကစားပေးခြင်းကို နှစ်သက်ကာ တခ်ခ်ရယ်မောနေသည် ။ ခနကြာတော့မှ ကလေးက ကားပန်းကာ မင်းယွီအပေါ်မှာပဲ အိပ်မောကျသွားသည် ။

" သခင်လေး သားလေးကိုကျွန်တော့ပွေ့ချီထားပါ့မယ် … သခင်လေးလက်ညောင်းနေလိမ့်မယ် "

" ရပါတယ်မုဒြာ … ငါ့ကိုမင်းယွီလို့ပဲခေါ်ပါ … ပြီးတော့သားလေးကချစ်စရာကောင်းတယ် … ငါလဲငါ့ကလေးတွေကိုအမြဲပွေ့ချီနေကြမို့ ဒီလောက်ကကိစ္စမရှိပါဘူး … သားကြီးဆိုခုထိ ငါ့လက်ပေါ်မှာအိပ်တုန်းပဲ "

" ဒါပေမဲ့ ကုကုလေးကအရမ်းလေးတယ် "

" ရပါတယ် … လက်ပြောင်းလိုက်လို့ ကလေးနိုးသွားရင် ဘယ်လိုလုပ်မလဲ  … ငါပဲပွေ့ချီထားပါ့မယ် … အဆင်ပြေတယ် "

မင်းယွီကအဆင်ပြေတယ်ပြောနေ၍ မုဒြာလဲဘာမှမပြောတော့ပဲ ခွင့်ပြုထားလိုက်သည် ။ ဒီသခင်လေးက သူ့ထက်ပင်ကလေးထိန်းတော်နေ၍ မုဒြာအားကျမိသည် ။

ညနေနေဝင်ရီသယောအချိန်မှာပဲ မုဒြာတို့ အိမ်တော်ကြီးထံ ရောက်လာခဲ့လေသည် ။ အိမ်တော်ကြီးက အရင်လိုမပြောင်လဲပဲ တည်ရှိနေပြီး အတိတ်ကအငွေ့အသက်တွေ ကျန်ရှိနေသေးတာကြောင့် မုဒြာရင်ထဲမှာ နွေးထွေးမှုဝမ်းနည်းမှုတွေ ရောထွေးနေသည် ။

အိမ်တော်ဝမှာဦးလေးမြတ်ခေါင်းဆောင်၍ အိမ်ဖော်တွေအားလုံးကတန်းစီရပ်နေကြပြီး သူတို့အားကြိုဆိုနေကြသည် ။ အထူးဧည့်သည်ပါလာမည်ဟု ဧကရာဇ်မောင်က ကြိုပြောထား၍ အားလုံးအဆင်သင့်ပြင်ထားကာ စောင့်နေကြခြင်းဖြစ်သည် ။

ရှေ့ဆုံးကနေဝင်လာတဲ့ မင်းယွီကိုမြင်တော့ အားလုံးအံ့ဩသွားကြပေမဲ့ အနောက်မှာကလေးလေးကိုပွေ့ချီကာပါလာတဲ့မုဒြာကိုမြင်တော့ ဦးလေးမြတ်မေ့လဲမတတ်ဝမ်းသာသွားလေသည် ။ ပြေးဖက်ပြီးကြိုဆိုချင်ပေမဲ့ ဧည်းသည်ရှိနေတာကြောင့် စိတ်ထိန်းထားကာ ဧည့်သည်ကိုဧည့်ခန်းထဲခေါ်လာပြီးထိုင်စေလိုက်သည် ။

ဧကရာဇ်မောင်က မုဒြာနဘေးမှာရပ်နေပြီး အိပ်ပျော်နေတဲ့သားလေးကို ယူဖို့ပြင်လိုက်သည် ။

" သားလေးကို ကိုယ်သွားသိပ်လိုက်မယ် "

" မလိုဘူး … သခင်လေးမင်းယွီအနားမှာပဲနေပြီး ဧည့်ခံလိုက် "

မုဒြာရဲ့စကားတစ်ခွန်းကို ဧကရာဇ်မောင် မလွန်ဆန်နိုင်ပေ ။

" ဦးလေးမြတ် … ကလေးအတွက်အိပ်ယာပြင်ပေးလိုက်ပါဦး "

" ဟုတ်ကဲ့သခင်လေး "

ဦးလေးမြတ်မုဒြာနဲ့အတူ အပေါ်ထပ်သို့ တက်လာခဲ့သည် ။ ဦးလေးမြတ်စိတ်ကိုမနည်းတည်ငြိမ်အောင်ထားပြီး ကလေးအတွက်အိပ်ယာပြင်ဆင်ပေးပြီး သိပ်စေလိုက်သည် ။ ကုကုလေးက နူးညံ့တဲ့မွှေ့ယာပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတော့မှ မုဒြာအနောက်က ဦးလေးမြတ်ထံလှည့်လိုက်ပြီး …

" ဦးလေးမြတ် ကျွန်တော် … "

" သခင်လေး "

ဦးလေးမြတ်က စကားဆုံးအောင်ပင်နားမထောင်ပဲ ပျော်လွန်းလို့ မုဒြာအား ပွေ့ဖက်လိုက်လေသည် ။ မသေခင်လေး သခင်လေးကိုပြန်တွေ့ခွင့်ရချင်တဲ့ သူ့ရဲ့ဆန္ဒပြည့်မြောက်သွားပြီမို့ အလွန်ပျော်ရွှင်နေသည် ။ မွေးကတည်းက သူစောင့်ရှောက်လာခဲ့တဲ့ သခင်လေးဟာ မတွေ့ဖြစ်တဲ့ ၄ နှစ်အတွင်းမှာ ပိုပြီးရင့်ကြပ်လာကာ အများကြီးပြောင်းလဲသွားသည် ။ ဒါပေမဲ့ ဦးလေးမြတ်အမြင်မှာတော့ မုဒြာဟာ ကလေးတစ်ယောက်အဖြစ်သာရှိနေသေးသည် ။

" အရမ်းပင်ပန်ခဲ့မှာပဲ သခင်လေး … ဘာကြောင့် ဦးလေးကိုတောင်အဆက်အသွယ်မလုပ်ပဲ နေနိုင်ရတာလဲ … သခင်လေးကိုမတွေ့ရပဲ သေသွားမှာကိုအရမ်းကြောက်နေခဲ့တာ "

" မပြောကောင်းတာတွေ ဦးလေးမြတ်ကဘာကြောင့်သေရမှာလဲ … ပြီးတော့ကျွန်တော်လဲ ဦးလေးမြတ်ကိုလွမ်းနေတာ … အဖိုးမရှိတော့တဲ့နောက်ပိုင်း ကျွန်တော့မှာ ခင်သွယ်စရာ ဦးလေးမြတ်ပဲ ရှိတော့တယ် "

" ဒါနဲ့များသခင်လေးရယ် … ဒီကိုပြန်ရောက်တာတောင် ဦးလေးမြတ်ကိုလာမနှုတ်ဆက်ဘူး "

" ကျွန်တော်လာမလို့ပေမဲ့ ဧကရာဇ်မောင်လာရှုတ်နေလို့ ဒီကိုမလာဖြစ်တာ "

" ဘာပဲဖြစ်ဖြစ်ပါလေ … ခုလိုပြန်လာတာကိုပဲ ဦးလေးဝမ်းသာနေပါပြီ … ဦးလေးရဲ့မြေးလေးကိုလဲ ကြည့်ပါရစေအုံး "

ဦးလေးမြတ်က အိပ်ယာပေါ်မှာအိပ်ပျော်နေတဲ့ ကုကုလေးအနားသွားကာ ကလေးလေးရဲ့မျက်နှာကို တစိမ့်စိမ့်ထိုင်ကြည့်နေသည် ။

" မြေးလေးက လူချောလေးပဲ … သခင်ကြီးကုဌေကြွယ်သာတွေ့ရင် သူ့မြစ်ကလေးကို အရမ်းချစ်မှာ "

" ဟုတ်တယ်နော် … အဖိုးသာရှိနေသေးရင် ကုကုလေးကိုအရမ်းချစ်မှာ "

" သခင်လေးဝမ်းမနည်းပါနဲ့ … ကုကုလေးက ခုလဲလူတွေအများကြီးရဲ့အချစ်ကိုခံရမှာ … ပြီးတော့ ကုကုလေးက သခင်လေးနဲ့ဥက္ကဌရဲ့ချောမောလှပမှုကို အမွေရထားတဲ့ လူချောလေးလေ "

" အမှန်ပဲဦးလေးမြတ် … ကုကုလေးက ရောက်တဲ့အရပ်မှာ လူချစ်လူခင်ပေါတယ် "

ဦးလေးမြတ်က အသက် ၆၀ နားနီးနေပြီမို့ မုဒြာအဖိုးကို ပြန်သတိရစေသည် ။ မုဒြာကုကုလေးအရွယ်တုန်းကလဲ အဖိုးဟာဦးလေးမြတ်အရွယ်လောက်သာရှိနေပြီး အဖိုးနဲ့သာ အတူနေလာခဲ့ရသည် ။ ကုကုလေးကိုတော့ သူ့လိုမိတကွဲဖတကွဲမဖြစ်စေချင်သလို နွေးထွေးတဲ့မိသားစုလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ နေစေချင်မိသည် ။

ဦးလေးမြတ်က ကုကုလေးကို မုဒြာရဲ့အခန်းဟောင်းထဲမှာသိပ်ထားခဲ့ပြီး မုဒြာကိုတော့ ဧကရာဇ်မောင်ရဲ့အခန်းထံခေါ်လာခဲ့သည် ။ ဧကရာဇ်မောင်အခန်းထဲကိုဝင်ဝင်ချင်း နံရံမှာကပ်ထားတဲ့ သူ့ရဲ့ပုံနဲ့ သူတို့ရဲ့မင်္ဂလာဆောင်ပုံတွေကိုမြင်တော့ မုဒြာအံ့ဩသွားသည် ။ ဦးလေးမြတ်ကပြောလာသည် ။

" ဧကရာဇ်က သခင်လေးထွက်သွားပြီးနောက် အရမ်းကိုခက်ခဲတဲ့အချိန်တွေကို ဖြတ်ကျော်ခဲ့ရတယ် … သူဒီလိုပုံမှန်အခြေအနေပြန်ဖြစ်ဖို့ တစ်နှစ်ကျော်လောက် အချိန်ယူခဲ့ရတယ် … ဒီအခန်းထဲမှာပဲ သခင်လေးရှိနေသေးတယ်ဆိုတဲ့အတွေးနဲ့ သူ့ကိုယ်သူစိတ်ထိန်းပြီးနေလာခဲ့တာ … ဆေးကုသမှုကိုလဲ ခံယူပြီး သခင်လေးပြန်အလာကို အမြဲစောင့်နေခဲ့တာ … အဲ့အချိန်တုန်းကဆို ဦးလေးမြတ်ဝမ်းနည်းလွန်းလို့ ငိုမိတဲ့အထိပဲ … သခင်လေးနည်းသူ သူလဲပဲခံစားခဲ့ရတယ် "

မုဒြာ ဧကရာဇ်မောင်ရဲ့အထီးကျန်နေတဲ့ပုံရိတ်တွေကို မြင်ယောင်ရင်း ဝမ်းနည်းမျက်ရည်များကျလာခဲ့သည် ။ သူလဲပဲထပ်တူနာကျင်ခဲ့ရကာ သားလေးကိုသာအဖော်ပြုပြီး နေခဲ့ရသည် ။ ဒါတွေကိုဦးလေးမြတ်လဲ နားလည်နေတာမို့ မုဒြာကိုပွေ့ဖက်ကာ နှစ်သိမ့်ပေးလေသည် ။

" သခင်လေးရဲ့လုပ်ရပ်တွေက အောင်မြင်ခဲ့ပါတယ် … ခနသာနာကျင်ခဲ့ရပေမဲ့ ဧကရာဇ်မောင်ကို ပြောင်းလဲအောင် လုပ်နိုင်ခဲ့ပြီ … ဧကရာဇ်မောင်ကျန်းမာရေးပြန်ကောင်းလာတော့ အလုပ်ကိုအရင်ကထက်ပိုကြိုးစားလာပြီး ကုမ္ပဏီကလဲ ပြန်ပြီးအောင်မြင်လာတယ် … အခါသင့်ရင်သင့်သလို သခင်လေးတို့ကို ရှာဖို့လဲမမေ့ဘူး … သားလေးအတွက် အရုပ်တွေဆုဆောင်းတတ်ပြီး မွေးနေ့တိုင်းမှာလဲ မွေးနေ့လက်ဆောင်တွေ အမြဲစီစဉ်တတ်တယ် … ခုဆိုပြင်ဦးလွင်ကအိမ်တော်မှာ အရုပ်တွေက အိမ်တစ်ဝက်လောက်ရှိနေပြီ "

" အဲ့လောက်တောင်ပဲလား "

" အဲ့ဒါတောင် ဦးလေးမြတ်က မနည်းတားထားရတာ … သခင်လေးတို့ကိုပြန်တွေ့တဲ့အချိန်ကဆိုရင်လေ ဧကရာဇ်ရဲ့မျက်နှာက အပြုံးကိုမပျက်တော့တာ … ဧကရာဇ်ကိုပြုံးအောင်လုပ်နိုင်တာ သခင်လေးတို့သားအဖပဲရှိတယ် … ဦးလေးမြတ်မသေခင် သခင်လေးတို့မိသားစု ပျော်ပျော်ရွှင်ရွှင်နေတာကို မြင်ချင်မိတယ် "

မုဒြာဘာမှပြန်ပြောမလာပေ ။ သူ့ရင်ထဲမှာတော့ အတွေးပေါင်းစုံနဲ့ရှုတ်ထွေးနေသည် ။ ထိုစဉ်တံခါးဖွင့်သံနဲ့အတူ ဧကရာဇ်မောင် အခန်းထဲသို့ဝင်လာသည် ။

" မုဒြာ သခင်လေးမင်းယွီက ပင်ပန်းလို့အခန်းထဲမှာသွားနားပြီ "

" အင်း … ဒါဆို ကျွန်တော်လဲသွားတော့မယ် ဦးလေးမြတ် "

မုဒြာထွက်မသွားခင် ဦးလေးမြတ်ကအရင်ထွက်လိုက်ပြီး …

" သခင်လေးက ဘယ်သွားမှာလဲ … ဒီမှာပဲအိပ်လေ "

" ကျွန်တော်သားလေးအခန်းမှာပဲသွားအိပ်လိုက်မယ် "

" သခင်ငယ်လေးရဲ့အခန်းကကျဉ်းတော့ ၂ ယောက်ဆိုအဆင်မပြေလောက်ဘူး … ဒီမှာပဲအိပ်လိုက်ပါ "

ဦးလေးမြတ်ရဲ့စေသနာကိုနားလည်ပေမဲ့ ဧကရာဇ်မောင်နဲ့အတူ တစ်ကုတင်ထဲမှာ ၂ ယောက်ထည်းပြန်အိပ်ဖို့ကမဖြစ်နိုင်ပေ ။ ဦးလေးမြတ်က အထွက်မခံပဲ အပေါက်ပါပိတ်ပေးခဲ့သေးသည် ။

" သခင်ငယ်လေးကို စိတ်မပူပါနဲ့ … ဦးလေးစောင့်ရှောက်လိုက်ပါ့မယ် … သခင်လေးတို့သာ သက်သက်သာသာနဲ့အနားယူပါ "

ဦးလေးမြတ်ထွက်သွားပြီး တစ်ခနကြာတိတ်ဆိတ်နေပြီးမှ ဧကရာဇ်မောင်က ဘီဒိုထဲကနေဂွမ်းကပ်တစ်ခုကို ထုတ်လာကာ ကြမ်းပြင်ပေါ်ချခင်းလိုက်သည် ။

" မုဒြာ … မင်းကုတင်ပေါ်မှာပဲအိပ်လိုက်ပါ … ကိုယ်ကကြမ်းပြင်ပေါ်မှာအိပ်လဲရတယ် … မင်းကိုယ်နဲ့အတူကုတင်တစ်ခုထည်းမှာ မအိပ်ချင်မှန်းသိပါတယ် … ဒါကြောင့် စိတ်မပူနဲ့ ကိုယ်အောက်မှာအိပ်မယ် "

" မလိုဘူး "

" ဟမ် "

" အောက်မှာအိပ်ဖို့မလိုဘူး … ကုတင်ကဒီလောက်ကျယ်တာ အဆင်ပြေပါတယ် … ငါရေအရင်ချိုးမှာမို့ အဲ့ဒါကိုပြန်သိမ်းပြီး အိပ်ယာခင်းပြင်ဆင်ထားနှင့်ပေး  "

" ကောင်း … ကောင်းပါပြီ "

ဧကရာဇ်မောင် အရမ်းကိုအံ့ဩနေကာ ရင်ခုန်စိတ်လှုပ်ရှားနေသည် ။ မုဒြာရဲ့သူ့အပေါ်ဆက်ဆံပုံတွေက တိုးတက်လာပြီမို့ မျှော်လင့်ချက်တွေပိုမိုကြီးထွားလာသည် ။ မုဒြာက အတင်းရယူတာထက် အလျော့ပေးလျှင်ပိုပြီးနူးညံ့လာတာကို ဧကရာဇ်မောင် သဘောပေါက်လာသည် ။ ဟိုတစ်ချိန်က သူကြမ်းတမ်းပြီး ချုပ်နှောင်ခဲ့လို့ မုဒြာထွက်ပြေးသွားတာကို နားလည်သဘောပေါက်လာသည် ။

မုဒြာရေချိုးပြီးထွက်လာတော့ အိပ်ယာခင်းအဆင်သင့်ပြင်ထားပြီးချေပြီ ။ ဧကရာဇ်မောင် ရေချိုးနေစဉ် မုဒြာဆံနွယ်တွေကိုခြောက်အောင်သုပ်ပြီး အိပ်ယာဝင်နှင့်သည် ။ ဧကရာဇ်မောင်ကုတင်ပေါ်တက်လာတော့ မှဒြာမျက်လုံးပိတ်ကာ အိပ်ပျော်ချင်ဟန်ဆောင်နေလိုက်သည် ။

" မုဒြာ "

မုဒြာကပြန်မထူးလာတော့မှ အိပ်နေတာသေချာသွားပြီမို ဧကရာဇ်မောင် တဖြေးဖြေးအနားနားတိုးလာကာ ခေါင်းလျှော်ရည်နံ့မွှေးနေတဲ့ မုဒြာဦးလေးလေးကို နမ်းလိုက်ကာ တိုးတိုးလေးဆိုလိုက်သည် ။

" အိမ်မက်လှလှမက်ပါစေ မုဒြာ "

ပြီးနောက် မုဒြာနဲ့သူ့ရဲ့အပေါ် စောင်လွှမ်းခြုံလိုက်ပြီး မုဒြာအနောက်ကနေရင်ခွင့်နဲ့အုပ်မိုးကာ အသားမယူပဲ မုဒြာအပေါ်အနွေးဓာတ်ပေးရင်းအိပ်ဆက်လိုက်လေသည် ။ ဧကရာဇ်မောင် အိပ်ပျော်သွားကာ အသက်ရှူသံပုံမှန်ဖြစ်နေပေမဲ့ သူရှူထုပ်လိုက်တဲ့လေပူတွေက မုဒြာနားဖြားလေးကို ရိုက်ခပ်နေ၍ မုဒြာအိပ်မပျော်နိုင်ဖြစ်နေသည် ။ အသက်ရှူသံကြားရတဲ့ထိနီးကပ်နေကာ ခန္ဓကိုယ်ချင်းမထိပေမဲ့ ရင်းနီးကျွမ်းဝင်နေတဲ့ အငွှေ့အသက်တွေကို ခံစားနေရတာကြောင့် မုဒြာစိတ်လှုပ်ရှားကာ တော်တော်နဲ့ အိပ်မပျော်နိုင်ဖြစ်နေသည် ။

ဧကရာဇ်မောင်အိပ်ပျော်သွားတာကြာတော့မှ မုဒြာအနောက်သို့လှည့်လာပြီး နီးကပ်နေတဲ့ဧကရာဇ်မောင်မျက်နှာအား ငေးကြည့်လိုက်သည် ။ အရင်လိုဆွဲမက်စရာကောင်းတဲ့ ထိုယောက်ျားက မုဒြာရင်ကိုလှုပ်ခပ်အောင် လုပ်နိုင်ဆဲပင် ။ အတော်ကြာငေးကြည့်နေပြီးမှ မုဒြာတိုးတိုးလေးရေရွတ်လိုက် "

" မောင်ရောပဲ အိမ်မက်လှလှမက်ပါစေ "

အိပ်ပျော်နေတဲ့ဧကရာဇ်မောင်လက်တွေက လှုပ်ရှားလာပြီး မုဒြာကိုယ်လေးအား ရင်ခွင်ထဲပွေ့ဖက်လိုက်သည် ။ မုဒြာနှလုံးခုန်သံတွေမြန်လာပြီး ဧကရာဇ်မောင်နိုးနေတာများလားဟု ထင်လိုက်ပေမဲ့ ဧကရာဇ်မောင်က နိုးမနေပဲ အိပ်နေရင်းအလိုလိုလှုပ်ရှားနေခြင်းဖြစ်သည် ။

သူ့ရဲ့အသက်ရှူသံတွေကအရမ်းကိုပုံမှန်ဖြစ်နေပြီ အိမ်မက်ကောင်းတွေမက်နေ၍လားမသိ မျက်နှာမှာအပြုံးလေးတစ်ပွင့်ပေါ်လာသည် ။ မုဒြာလဲ ထိုအပြုံကိုမြင်တော့ ဧကရာဇ်မောင်လက်တွေကို မတွန်းဖယ်တော့ပဲ ရင်ခွင်ထဲမှာပဲ ကြိတ်မှိတ်ကာ အိပ်ဆက်လိုက်သည် ။

ထိုညက မုဒြာရော ဧကရာဇ်မောင်ပါ လှပသည့်အတိတ်ကပျော်ရွှင်စရာမှတ်ဉာဏ်တွေကို အိမ်မက်အဖြစ် မြင်မက်ခဲ့ကြလေသည် ။

…………………………………………………………………………………

To Be Continued …

ညေနပိုင္းေရာက္ေတာ့ C ၿမိဳ႕က VIP အထူးဧည့္သည္ေတာ္မ်ား ေရာက္ရွိလာၾကသည္ ။ သူတို႔က အရာရွိက်န္းနဲ႕ ရွန္ဟႊာရဲ႕လက္ရွိဥကၠဌမင္းယြီတို႔ျဖစ္ၾကသည္ ။ သတင္းေထာက္ေတြမသိေအာင္ တိတ္တဆိတ္လာရတာမို႔ ဧကရာဇ္ေမာင္ရဲ႕နယ္ေျမသို႔ ဖိတ္ေခၚထားျခင္းျဖစ္သည္ ။

VIP အခန္းထဲမွာ စားစရာမ်ိဳးစုံနဲ႕ရမကာေတြ တစ္ခန္းတစ္နားျပင္ဆင္ထားၿပီး ပန္းေတြကိုပါအလွဆင္ထားသည္ ။ မသိလွ်င္ ဘုရင္မင္းျမတ္ႂကြခ်ီလာသလိုပင္ခန္းနားထည္ဝါလြန္းသည္ ။ ဥကၠဌမင္းယြီကအျပင္အဆင္ေတြကိုၾကည့္ၿပီး အရမ္းကိုႏွစ္သက္မိကာ သူမေတြ႕ျမင္ဖူးသည့္ ပန္းေတြကို စိတ္ဝင္တစ္စားၾကည့္ေနသည္ ။ အရာရွိက်န္းကေတာ့ တည္ၿငိမ္ကာ မင္းယြီအေနာက္ကေနလိုက္ၿပီး ကေလးထိန္းတစ္ေယာက္လို ထိန္းေနရသည္ ။

" မင္းယြီ ေရွာက္မေဆာ့ေနနဲ႕ … ငါတို႔ကတိေပးထားတယ္ေလ "

" အကိုရႈယြမ္ကလဲ  … ကြၽန္ေတာ္လြတ္လြတ္လပ္လပ္ေနခ်င္လို႔ လိုက္လာခဲ့တာကို … မခ်ဳပ္ခ်ယ္ပဲေနလို႔မရဘူးလား "

" အဲ့လိုဆိုရင္ေတာင္ ငါတို႔အရင္ဆုံး မိတ္ဆက္ရမယ္ေလ "

ထိုအခါမွ ထိုလွပသည့္သခင္ေလးဟာ ေက်ာက္႐ုပ္လိုရပ္ေနၾကသည့္ ဧကရာဇ္ေမာင္တို႔ဘက္လွည့္လာၿပီး ၿပဳံးျပလာသည္ ။ သူ႕ၾကည့္ရတာ အေပ်ာ္ခရီးထြက္လာသလို အလြန္႐ႊင္ျမဴးေနသည္ ။

ဇြဲကအေရွ႕သို႔ထြက္လာၿပီး အရာရွိက်န္းကို လက္ဆြဲႏႈတ္ဆက္လိုက္သည္ ။

" မဂၤလာပါအရာရွိက်န္း … ကြၽန္ေတာ္က အရာရွိခင္ရဲ႕သား ဇြဲပါ "

" မဂၤလာပါဇြဲ … ကိုယ္ကက်န္းရႈယြမ္ "

အရာရွိက်န္းက အဆင့္ျမင့္အယ္ဖာတစ္ေယာက္ျဖစ္သလို အသက္ငယ္ငယ္႐ြယ္႐ြယ္နဲ႕ ထက္ျမတ္ၿပီးထူးခြၽန္သည့္ေခါင္းေဆာင္တစ္ေယာက္ျဖစ္ကာ ႐ုပ္ရည္ကေခ်ာေမာၿပီး ခန႔္ညားသည့္အထဲမွာပါသည္ ။ သို႔ေပမဲ့ သူဟာအိမ္ေထာင္ဖက္မရွာပဲ အလုပ္အေပၚကိုသာစိတ္ႏွစ္ထားကာ သူ႕ရဲ႕အခ်ိန္ေတြက ရာဇဝတ္သားေတြကိုဖမ္းဆီးရင္းႏွင့္သာ ကုန္ဆုံးေလ့ရွိသည္ ။

" ကိုယ္မင္းအေၾကာင္းၾကားထားပါတယ္ …  အရာရွိခင္ေရာ သက္သာရဲ႕လား "

" ဟုတ္ကဲ့အေမသက္သာလာပါၿပီ … ဒီေန႕ေဆး႐ုံရက္ခ်ိန္းရွိတာမို႔ အရာရွိက်န္းကိုလာမႀကိဳနိုင္တဲ့အတြက္ ေတာင္းပန္ေၾကာင္းေျပာလိုက္ပါတယ္ "

" မလိုပါဘူးကြာ … ကိုယ္တို႔ရဲ႕ျပႆနာထဲမွာ အရာရွိခင္ကို ဓားစာခံအျဖစ္ပါဝင္ေစမိလို႔ ကိုယ္ကေတာင္ ျပန္ေတာင္းပန္ရမွာ "

" အေမလဲအဆင္ေျပေနပါၿပီ … ျပႆနာရွာတဲ့အဖြဲအစည္းကိုသာ အျမန္ဖမ္းဆီးနိုင္ဖို႔ ႀကိဳးစားၾကတာေပါ့ "

" အင္း … အဲ့ကိစၥကိုအရာရွိခင္နဲ႕ေတြ႕မွ ေအးေဆးေဆြးေႏြးၾကမယ္ … ခုေတာ့ မင္းတို႔ကိုမိတ္ဆက္ေပးရဦးမယ္ "

သူကေဘးကသခင္ေလးကိုၫႊန္ျပလိုက္ၿပီး …

" သူ႕ကိုအားလုံးပဲသိမယ္လို႔ထင္ပါတယ္ … ခုရွန္ဟႊာလုပ္ငန္းစုကိုအုပ္ခ်ဳပ္ေနတဲ့ဥကၠဌပိုင္မင္းယြီ "

" ကိုယ္က ပိုင္မင္းယြီပါ "

သခင္ေလးမင္းယြီကအၿပဳံးေလးျဖင့္ႏႈတ္ဆက္ကာ ဇြဲကိုလက္ဆြဲၿပီးမိတ္ဆက္လိုက္သည္ ။ ဇြဲကလဲ ေဘးမွာရပ္ေနတဲ့ ဧကရာဇ္ေမာင္ကို ၫႊန္ျပလိုက္ၿပီး …

" သူကေတာ့ ဒီၿမိဳ႕ေတာ္ရဲ႕ပိုင္ရွင္ ကုလုပ္ငန္းစုရဲ႕ဥကၠဌဧကရာဇ္ေမာင္ … ေဘးကကုမိသားစုရဲ႕မ်ိဳးဆက္ သခင္ေလးကုမုျဒာ "

မင္းယြီက ဧကရာဇ္ေမာင္ကို လက္ဆြဲႏႈတ္ဆက္လိုက္ၿပီး …

" ဧကရာဇ္ေမာင္ရဲ႕သတင္းလဲၾကားပါတယ္ …  ငယ္ငယ္႐ြယ္႐ြယ္နဲ႕ ဥကၠဌတစ္ေယာက္ျဖစ္လာၿပီး ဒီဇိုင္းေရးဆြဲတဲ့ေနရာမွာလဲထူးခြၽန္တယ္ "

" အဲ့ေလာက္လဲမဟုတ္ပါဘူး … ေတြ႕ရတာဝမ္းသာပါတယ္ ရွန္ဟႊာဥကၠဌ "

ဧကရာဇ္ေမာင္က ရိုရိုက်ိဳးက်ိဳးျပန္ႏႈတ္ဆက္လိုက္သည္ ။

ရွန္ဟႊာဥကၠဌပိုင္မင္းယြီကေတာ့ ငယ္႐ြယ္ၿပီးလွပသည့္ အဆင့္ျမင့္အိုမီဂါတစ္ေယာက္ျဖစ္ကာ ကမာၻေပၚမွာရွိတဲ့အိုမီဂါေတြထဲမွာ အရဲရင့္ဆုံးနဲ႕အေအာင္ျမင္ဆုံး လူတိုင္းေလးစားရတဲ့ ပုဂၢိဳလ္တစ္ဦးဟုဆိုလွ်င္မမွားေပ ။ သူ႕မွာေခ်ာေမာလွပသည့္ သားႏွင့္သမီးေလးရွိေနၿပီး လူတိုင္းအားက်ရတဲ့ ခ်စ္စရာေကာင္းတဲ့ မိသားစုေလးကိုပိုင္ဆိုင္ထားသည္ ။

သူ႕ရဲ႕မိတ္ဖက္အယ္ဖာက ဘုရင္တစ္ေယာက္လိုတန္ခိုးအာဏာႀကီးၿပီး သူတို႔မိသားစုကိုေက်ာ္နိုင္တဲ့မိသားစုမရွိေသးေပ ။ စီးပြားေရးေလာက သိပၸံႏွင့္ေဆးဝါးနယ္ပယ္ အေမွာင္ေလာကအစရွိသည့္ ေနရာမ်ားမွာ ပိုင္ႏွင့္ရွန္မိသားစုဟာ အေက်ာ္ၾကားဆုံးႏွင့္အာဏာအရွိဆုံးျဖစ္သည္ ။ မ်ိဳးရိုစဥ္ဆက္ခ်မ္းသာၿပီး ဩဇာႀကီးမားကာ အိမ္ျဖဴေတာ္ႏွင့္ပင္အဆက္အဆံရွိသည္ဟုေျပာၾကသည္ ။

ဧကရာဇ္ေမာင္အတြက္ ဒီလိုအထူးပုဂၢိဳလ္ေတြနဲ႕  ေတြ႕ဆုံျခင္းဟာ ပထမဆုံးအႀကိမ္ျဖစ္တာေၾကာင့္ စိတ္မလႈပ္ရွားဘူးဆိုလွ်င္ လိမ္ရာက်လိမ့္မည္ ။ သူတို႔လို ေ႐ႊနန္းေတာ္ထပ္ကလူေတြနဲ႕ယွဥ္လွ်င္ သူ႕ရဲ႕ေအာင္ျမင္မႈဟာ သာမာန္ၿမိဳ႕ေလးေပၚက အိမ္ငယ္ေလးတစ္လုံးသာသာျဖစ္သည္ ။ သို႔ေပမဲ့ ထိုလူေတြရဲ႕ေဖာ္ေ႐ြမႈေၾကာင့္ ဧကရာဇ္ေမာင္အေနရခက္တာမ်ိဳးေတာ့မျဖစ္မိေပ ။

သခင္ေလးမင္းယြီက ကုမုျဒာအေရွ႕သို႔ေလွ်ာက္သြားၿပီး သူ႕အားႏႈတ္ဆက္ဖို႔ျပင္ေနသည့္ကုမုျဒာကို ႏွစ္ေပါင္းမ်ားစြာမေတြ႕ရတဲ့သူငယ္ခ်င္းပမာ ေပြ႕ဖက္လိုက္ေလသည္ ။

" …… "

" …… "

" …… "

၃ ေယာက္သားမွာ မင္းယြီနဲ႕မုျဒာအားေၾကာင္ၾကည့္ေနၾကၿပီး ကုမုျဒာကိုယ္တိုင္လဲ သခင္ေလးမင္းယြီကဒီေလာက္ထိ ေဖာ္ေ႐ြလိမ့္မည္မထင္ထား၍ အံ့ဩေနသည္ ။ ဧကရာဇ္ေမာင္လဲ မုျဒာက ထိုသခင္ေလးနဲ႕ဒီေလာက္ထိ ရင္းနီးလိမ့္မည္ဟုမထင္ထားေပ ။ ၾကည့္လိုက္ေတာ့မွ မုျဒာဟာလဲ အဆင့္အတန္းျမင့္မိသားစုရဲ႕မ်ိဳးဆက္ အိုမီဂါသခင္ေလးျဖစ္တာေၾကာင့္ အေစခံလိုမ်ိဳးဝတ္ထားတာေတာင္မွ သခင္ေလးမင္းယြီနည္းတူေတာက္ပေနသည္ ။

"  သခင္ေလးမင္းယြီ မဂၤလာလာပါ "

" အိုး Sorry … မဂၤလာပါကုမုျဒာ … ငါကဒီလိုခရီးမထြက္ရတာၾကာေတာ့ အရမ္းေပ်ာ္သြားလို႔ပါ … ၿပီးေတာ့ဒီမွာငါနဲ႕ရင္းနီးတဲ့မင္းကိုေတြ႕လိုက္ရေတာ့ ႏႈတ္ဆက္တာစိတ္ေလာသြားတယ္ "

" ရပါတယ္ … သခင္ေလးေပ်ာ္သလိုေနပါ "

" ဟား မင္းကအရင္လိုရွက္ေနတုန္းပဲလား … ငါ့ကိုသူငယ္ခ်င္းတစ္ေယာက္လို သေဘာထားလို႔ရပါတယ္ "

" မဟုတ္တာ "

" ဘာကိုမဟုတ္ရမွာလဲ … ငါ့ကိုမခင္ခ်င္ဘူးလား "

" သခင္ေလးကို အဲ့လိုေျပာတာမဟုတ္ပါဘူး "

" ကဲပါ ရိုရိုေသေသေျပာေနဖို႔မလိုဘူး … မင္းနဲ႕ငါကအသက္သိပ္ကြာတာမွမဟုတ္တာ … မင္းယြီလို႔ပဲေခၚ "

မင္းယြီကပုံမွန္ဆို လူတိုင္းနဲ႕သိပ္ၿပီးခင္သြယ္တတ္တာမ်ိဳးမဟုတ္တာေၾကာင့္ အရာရွိက်န္းကလဲ ဝင္ေျပာလိုက္သည္ ။

" ကုမုျဒာ မင္းယြီကိုရင္းရင္းနီးနီးေျပာလို႔ရတယ္ … သူမင္းကို တကယ္ခင္သြယ္ေနတာ "

" ဟုတ္ကဲ့ "

မုျဒာက ထိုအခါမွ မင္းယြီလက္ကိုဆြဲကိုင္ၿပီး ရင္းရင္းနီးနီးေျပာလိုက္သည္ ။

" ဒါဆို မင္းယြီစားစရာေတြမေအးခင္စားရေအာင္ ခုံမွာထိုင္ပါ … အရာရွိက်န္းလဲထိုင္ပါဗ် "

ထိုအခါမွ အားလုံးခုံမွာထိုင္လိုက္ၾကၿပီး ျပင္ဆင္ထားတဲ့အစားအေသာက္ေတြနဲ႕ အဆင့္ျမင့္ဝိုင္ကို သုံးေဆာင္ၾကသည္ ။ အစားအေသာက္ေတြက အရသာရွိလြန္း၍ လမ္းခရီးေၾကာင့္ဗိုက္စာလာတဲ့အရာရွိက်န္းနဲ႕မင္းယြီတို႔ အေတာ္မ်ားမ်ားစားသုံးၾကသည္ ။ ၿပီးသြားေတာ့ အထူးျပင္ဆင္ထားတဲ့အခ်ိဳပြဲေတြလာခ်ၾကသည္ ။

မင္းယြီကအခ်ိဳပြဲေတြကိုျမည္းစမ္းၾကည့္ကာ ေကာင္းလြန္း၍ ဗိုက္တင္းေအာင္စားမိသြားသည္ ။

" မုျဒာ ဒါေတြအားလုံးမင္းျပင္ဆင္ထားတာလား "

" ဟုတ္ပါတယ္ … မင္းယြီမႀကိဳက္လို႔လား "

" မဟုတ္ဘူး အရမ္းစားေကာင္းလို႔ … ငါျပန္ရင္ အကိုဖန္းဂူငါ့ကိုမွတ္မိမွာေတာင္မဟုတ္ေတာ့ဘူး "

မင္းယြီရဲ႕စေနာက္မႈေၾကာင့္ အားလုံးရယ္ေမာလိုက္ၾကသည္ ။ အရာရွိက်န္းကလဲ ေျပာလာသည္ ။

" အမွန္ပဲ … လက္ရာကအဆင့္ျမင့္စားဖိုးမႉးေတြအတိုင္းပဲ … အစားေဂ်းမ်ားတဲ့ကိုယ္ေတာင္ အမ်ားႀကီးစားျဖစ္သြားတယ္ "

" ခုလိုခ်ီးက်ဴးေပးလို႔ ေက်းဇူးပါသခင္ေလးတို႔ … ေနာက္ရက္ေတြလဲကြၽန္ေတာ္ပဲခ်က္ေႂကြးပါ့မယ္ "

မင္းယြီကသြက္လက္စြာပင္ေျပာလာသည္ ။

" ဒါဆိုငါဒီမွာအၾကာႀကီးေနရင္ေရာ "

" မင္းယြီေပ်ာ္သေလာက္ေနလို႔ရပါတယ္ "

ထိုအခါ သခင္ေလးမင္းယြီက ေဘးနားက အရာရွိက်န္းကို ေအာင္နိုက္သူပမာေျပာလိုက္သည္ ။

" ၾကားတယ္ေနာ္ … အိမ္ရွင္က ေပ်ာ္သေလာက္ေနတဲ့ … ဒီမွာေနဖို႔ဆုံးျဖတ္လိုက္ၿပီ "

" မင္းေျပာေတာ့ ဒီၿမိဳ႕ကို ကိုယ္နဲ႕ခနေလးပဲလိုက္မွာဆို … ခုဘယ္လိုျဖစ္ရျပန္တာလဲ … ကိုယ္ ၂ ရက္ေလာက္ပဲဒီမွာေနၿပီး အလုပ္ကိစၥေဆြးေႏြးၿပီးရင္ခ်က္ခ်င္းျပန္မွာ "

" ၂ ရက္ထည္းနဲ႕ဘာလုပ္လို႔ရမွာလဲ … ၁ ပတ္ေလာက္ေတာ့ေနရမွာေပါ့ … ဒီမွာကထင္ထားတာထက္ရႈခင္းေတြကလွတယ္ … ၿပီးေတာ့ ေရွာက္လည္ခ်င္ေသးတယ္ "

အရာရွိက်န္းေခါင္းခဲသြားရသည္ ။

"  မင္းအဝတ္အစားေတြအမ်ားႀကီးယူလာကတည္းက သိလိုက္ရမွာ … မင္းဒီကိုလိုက္လာတာ ရွန္ဖန္းဂူသိရင္ ငါ့ကိုသတ္လိမ့္မယ္ … ၿပီးေတာ့ကေလးေတြကိုေရာ ဘယ္လိုလုပ္မွာလဲ "

" သားႀကီးကရွန္အိမ္ေတာ္မွာ သမီးငယ္ေလးက ပိုင္အိမ္ေတာ္မွာ ဘာမွပူစရာမလိုဘူး … ၿပီးေတာ့အလုပ္ကိစၥေတြကိုလဲ ရႈမန္းကကိုင္သြယ္ေပးထားလိမ့္မယ္ … အကိုဖန္းဂူကလဲ ခုအလုပ္ရႈတ္ေနလို႔ ေနာက္ ၂ ပတ္ေနမွ အိမ္ေတာ္ကိုျပန္လာမွာ … သတင္းေပးၿပီးေစာင့္ၾကည့္ေနမဲ့ရန္အာလဲရွိေနတာမို႔  ဘာမွမပူနဲ႕ "

ႀကိဳတင္အစီစဥ္ဆြဲထားတာမို႔ အရာရွိက်န္းလဲမတတ္နိုင္ေတာ့ေပ ။

" မင္းကေတာ့ေလ အၿမဲေခါင္းမီးေတာက္ေအာင္လုပ္တယ္ … ႀကိဳတင္စီစဥ္ထားမွေတာ့ ဘာတတ္နိုင္မွာလဲ … ဒါေပမဲ့ဒီမွာက လုံၿခဳံမဲ့ေနရာအရင္ရွာ … "

" မလိုဘူး … ကုမုျဒာရွိတယ္ "

သခင္ေလးမင္းယြီက မုျဒာလက္ေမာင္းကိုခ်ိတ္ကိုင္လိုက္ၿပီး သူအားတည္းခိုခြင့္ျပဳဖို႔ခြင့္ေတာင္းလိုက္သည္ ။

" ကုမုျဒာ မင္းအိမ္မွာတည္းခြင့္ျပဳမယ္မဟုတ္လား … တစ္ပတ္ထည္းပါ "

မုျဒာခနမွ်စဥ္းစားရၾကပ္သြားသည္ ။ ခုလက္ရွိေနေနတဲ့ေနရာက တိုက္ခန္းငယ္ေလးျဖစ္ၿပီး သခင္ေလးမုျဒာလိုလူမ်ိဳးေျခခ်ဖဴးမည္ပင္မဟုတ္ေခ် ။

" ဟို … ဟိုေလ "

" ရပါတယ္ သခင္ေလး "

ဧကရာဇ္ေမာင္က အျမန္ဝင္ေျပာလိုက္သည္ ။ ဧကရာဇ္ေမာင္႐ုတ္တရပ္အႀကံတစ္ခုေပၚလာခဲ့သည္ ။ မုျဒာဟာ သခင္ေလးမင္းယြီလိုလူမ်ိဳးကို တိုက္ခန္းငယ္ေလးမွာတည္းခိုခိုင္းမည္မဟုတ္သလို သူနဲ႕အတူေနဖို႔ကိုလဲ မုျဒာမျငင္းဆိုနိုင္ေပ ။ ဒါေၾကာင့္ သခင္ေလးမင္းယြီကိုတည္းခိုခြင့္ျပဳဖို႔အသင့္ေတာ္ဆုံးေနရာက သူတို႔ရဲ႕အိမ္ေတာ္ျဖစ္သည္ ။ သခင္ေလးမင္းယြီတည္းခိုလွ်င္ သူနဲ႕ရင္းနီးတဲ့မုျဒာလဲ မျငင္းဆိုနိုင္ပဲ အိမ္ေတာ္သို႔လိုက္ပါလာရလိမ့္မည္ ။ မုျဒာကို အိမ္ေတာ္သို႔ျပန္ေခၚလာနိုင္မည့္ တစ္ခုတည္းေသားအခြင့္အေရးျဖစ္သည္ ။

" ကြၽန္ေတာ္တို႔ရဲ႕အိမ္ေတာ္မွာ သခင္ေလးႀကိဳက္သေလာက္တည္းခိုလို႔ရပါတယ္ … အိမ္ေတာ္ကႀကီးလို႔ သခင္ေလးအေနရၾကပ္ေစမွာမဟုတ္ပါဘူး … ၿပီးေတာ့ လုံၿခဳံမႈကိုလဲ အာမခံပါတယ္ … ေလွ်ာက္လည္ဖို႔အတြက္လဲ ကြၽန္ေတာ္တို႔ကိုယ္တိုင္လိုက္ပို႔ေပးပါ့မယ္ "

သခင္ေလးမင္းယြီက ေက်နပ္ဝမ္းသာသြားသည္ ။

" ဥကၠဌဧကရာဇ္ေမာင္ကို ဒုကၡမ်ားေစၿပီ "

" ရပါတယ္ဗ်ာ … ကြၽန္ေတာ္တို႔ဆီလာလည္တဲ့အတြက္ ဒါကကြၽန္ေတာ္ကေတာင္ ေက်းဇူးတင္ရမွာ "

" ဒါဆိုအဲ့လိုပဲလုပ္ၾကတာေပါ့ "

အရာရွိက်န္းက ေျပာလာသည္ ။

" ဒါေပမဲ့ ကိုယ္ကအလုပ္ကိစၥနဲ႕မို႔ မင္းနဲ႕ေလွ်ာက္မလည္ေပးနိုင္ဘူး "

" ဒါဆိုအကိုက အရာရွိခင္ရဲ႕အိမ္မွာပဲေနၿပီး အလုပ္ကိစၥေအးေဆး ေဆြးေႏြးေပါ့ "

ဇြဲကလဲ ေထာက္ခံလိုက္သည္ ။

"  အရာရွိက်န္းက ကြၽန္ေတာ့အိမ္မွာပဲတည္းၿပီး အေမနဲ႕ေဆြးေႏြးေပါ့ … ကြၽန္ေတာ္လဲ တတ္နိုင္သေလာက္ကူညီေပးမယ္ "

" ေကာင္းၿပီ … အားလုံးဝိုင္းေျပာေနမွေတာ့ ဒီတိုင္းပဲလုပ္ၾကတာေပါ့ … မင္းယြီမင္းဘာမွမျဖစ္ေစရဘူးလို႔ကတိေပ … မင္းတစ္ခုခုျဖစ္ရင္ ဖန္းဂူကငါ့ကိုေခါင္းျဖတ္ျပစ္လိမ့္မယ္ "

" ကြၽန္ေနာ္ကတိေပးပါတယ္ … အကို႔ေခါင္းအတြက္အာမခံတယ္ "

ဒီလိုနဲ႕ဧည့္သည္ ၂ ေယာက္ဟာ တစ္ပတ္ေနဖို႔ျဖစ္လာၿပီး ကုမုျဒာလဲ အိမ္ေတာ္ကိုေျပာင္းေ႐ႊ႕ဖို႔ ျငင္းဆန္၍မရေတာ့ေပ ။

*

*

*

ကုကုေလးက မုန့္ဆိုင္ကေနၿပီး ပါပါးျပန္အလာကို ေစာင့္ေမွ်ာ္ေနသည္ ။ ဆိုင္ကဝန္ထမ္းေလးေတြဟာလဲ သူတို႔ဆီအၿမဲလာကူေပးေနတဲ့ လူေခ်ာေလးက ဒီၿမိဳ႕ရဲ႕ပိုင္ရွင္ ဥကၠဌတစ္ေယာက္ျဖစ္ေနၿပီး သူတို႔ရဲ႕သူေဌးက ဥကၠဌရဲ႕မိတ္ဖက္ဆိုတာကို ဒီေန႕မနက္မွသိလိုက္ရကာ ေမ့လဲမတတ္ေရွာ့ရသြားသည္ ။ အသိျပန္ဝင္လာေတာ့သူတို႔ခမ်ာ ေပ်ာ္လြန္းလို႔ေရွာက္ႂကြားလိုက္ခ်င္ေပမဲ့ အမဒါလီကမနည္းတားထားရသည္ ။

သူတို႔သူေဌးရဲ႕ခြင့္ျပဳခ်က္မရမခ်င္း ဒီၿမိဳ႕ကလူေတြနဲ႕သတင္းသမားေတြမသိေအာင္ ကုကုေလးတို႔မိသားစုအေၾကာင္းကို ထိန္းသိမ္းထားဖို႔လိုသည္ ။ သူတို႔ဖုံးကြယ္ထားတာ အေၾကာင္းအရင္းတစ္ခုခုေတာ့ရွိလိမ့္မည္ဟု ခန႔္မွန္းမိ၍ အားလုံးက အမဒါလီရဲ႕အႀကံကို လက္ခံလိုက္သည္ ။ ညေနေစာင္း ဆိုင္ပိတ္ခါနီးေတာ့မွ ကုမုျဒာေရာက္လာခဲ့သည္ ။

" ပါပါး "

ကုကုေလးက သူ႕ပါပါးကိုျမင္ေတာ့ အေျပးေလးေရာက္လာကာ ဖက္သြယ္လာသည္ ။ အနက္ေရာင္ကားေပၚမွာ မင္းယြီနဲ႕ဧကရာဇ္ေမာင္တို႔ ထိုင္ေနၾကၿပီး ထိုသားအဖကိုၾကည့္ေနၾကသည္ ။ မင္းယြီက သူတို႔မိသားစုအေျခအေနကို အကဲခပ္ၿပီးေနာက္ ဧကရာဇ္ေမာင္အား ေမးၾကည့္လိုက္သည္ ။

" ဥကၠဌဧကရာဇ္ေမာင္ မုျဒာနဲ႕ျပန္ၿပီးအဆင္ေျပေျပျပန္ေပါင္းဖက္နိုင္ၿပီလား "

" ေပါင္းဖက္နိုင္တဲ့အေျခအေနမေရာက္ေသးေပမဲ့ အဆင္ေျပတယ္လို႔ေတာ့ေျပာလို႔ရပါတယ္ … ကြၽန္ေတာ့အေပၚအရင္ကေလာက္ ခါးခါးသီးသီးမျငင္းဆန္ေတာ့ဘူး … ဒါေပမဲ့အရင္ကလိုလဲမႏွစ္သက္ေတာ့ဘူး … ဒီအေျခအေနႀကီးကေန ကြၽန္ေတာ္အျမန္ဆုံးေက်ာ္ျဖတ္ခ်င္ၿပီ "

" ခမ်ားတို႔ၾကားမွာဘာေတြျဖစ္ခဲ့လဲမသိေပမဲ့ ကြၽန္ေတာ္မုျဒာကိုစေတြ႕ေတာ့ သူ႕မ်က္ဝန္းကေနတစ္ဆင့္ သူခမ်ားအေပၚသံေယာဇင္ရွိေနေသးမွန္းေတြ႕ခဲ့ရတယ္ … တစ္စုံတစ္ရာကိုေၾကာက္႐ြံ႕ၿပီး သူ႕ရဲ႕ခံစားခ်က္ေတြက ဟိုးအနက္ဆုံးတစ္ေနရာမွာ ပုန္းကြယ္ေနတာ "

" ျဖစ္နိုင္ပါတယ္ … ကြၽန္ေတာ္သူ႕အေပၚအမွားေတြအမ်ားႀကီးလုပ္ခဲ့မိသလို နာက်င္ေအာင္လဲလုပ္ခဲ့မိတယ္ မရည္႐ြယ္ပဲနဲ႕ေပါ့ … အမွန္သိခ်ိန္မွာ အရာအားလုံးကေနာက္က်သြားၿပီ … သူ႕ခံစားခ်က္ေတြပုန္းကြယ္ေနေအာင္ လုပ္မိခဲ့တဲ့တရားခံက ကြၽန္ေတာ္ကိုယ္တိုင္ပဲေလ … ဒီအျပစ္ဒါဏ္ကကြၽန္ေတာ္နဲ႕ထိုက္တန္ပါတယ္ "

သားေလးကိုေပြ႕ခ်ီၿပီး ဆိုင္ထဲသို႔ဝင္သြားတဲ့မုျဒာအား ေငးၾကည့္ရင္း …

" အရင္လို သူကြၽန္ေတာ့အေပၚ ျပန္ခ်စ္လာဖို႔ ေမွ်ာ္လင့္ယုံပဲတတ္နိုင္ေတာ့တယ္ … ကြၽန္ေတာ္က အခ်စ္ေတြနဲ႕မထိုက္တန္လို႔ထင္ပါတယ္ ကြၽန္ေတာ္ခ်စ္ခင္မိတဲ့သူတိုင္းရဲ႕ စြန္းျပစ္ခ်င္းကိုပဲ ခံရတယ္ … ကြၽန္ေတာ့အေပၚတကယ္ခ်စ္တဲ့သူအေပၚကိုလဲ အမွားေတြပဲလုပ္ေနမိၿပီး ေနာက္ဆုံးေတာ့ထားသြားခံရတယ္ … ကြၽန္ေတာ့ရဲ႕အခ်စ္ခရီးလမ္းက အရမ္းကိုၾကမ္းတမ္းလြန္းပါတယ္ "

" အခ်စ္စစ္မွန္ရင္ အခက္အခဲေတြကေတာ့ ႀကဳံေတြ႕ရစၿမဲပါပဲ … ခမ်ားသာလက္မေလ်ာ့ရင္ ဒီအခက္အခဲေတြကို ေက်ာ္လႊားနိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္ယုံၾကည္တယ္ … ကြၽန္ေတာ္တို႔မိသားစုလဲပဲ ခုလိုေနထိုင္နိုင္ဖို႔ အခက္အခဲေတြအမ်ားႀကီးေက်ာ္လႊားခဲ့ရတယ္ "

" သခင္ေလးတို႔လဲ ႀကဳံေတြ႕ခဲ့ရတာပဲလား "

" ဒါေပါ့ … ခမ်ားတို႔ထက္ေတာင္ၾကမ္းတမ္းေသးတယ္ … သူနဲ႕ကြၽန္ေတာ္လက္မေလ်ာ့ခဲ့လို႔ ခုလိုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနထိုင္နိုင္တာ … ခမ်ားလဲလက္မေလ်ာ့ဖို႔ေမွ်ာ္လင့္တယ္ … မုျဒာေပ်ာ္႐ႊင္ေနတာကိုပဲ ျမင္ခ်င္တယ္ … သူကကြၽန္ေတာ့ရဲ႕အရင္ကပုံစံနဲ႕တူတယ္  "

" စိတ္ခ်ပါ … ကြၽန္ေတာ္လက္မေလ်ာ့ပါဘူး … ခုေတာင္သခင္ေလးရဲ႕အကူအညီေၾကာင့္ မုျဒာကို အိမ္ေတာ္ျပန္လာေအာင္လုပ္နိုင္ခဲ့ၿပီ … အဲ့ဒိအတြက္လဲ ေက်းဇူးပါသခင္ေလး "

" ကြၽန္ေတာ့ေၾကာင့္ အေႏွာက္အယွက္မျဖစ္ပဲ ခမ်ားတို႔အဆင္ေျပတာျမင္ရေတာ့ ဝမ္းသာပါတယ္ … ေနာက္လဲအကူအညီလိုရင္ေျပာေပါ့ "

" မုျဒာကသခင္ေလးစကားနားေထာင္ေတာ့ ေနာက္လဲအကူအညီလိုရင္ အားမနာတမ္းေျပာပါရေစ "

" ရတာေပါ့ … အဲ့လိုဆိုကြၽန္ေတာ္လဲေပ်ာ္ရ ခမ်ားတို႔လဲအဆင္ေျပသြားတာေပါ့ "

၂ ေယာက္သားစကားေတြအၾကာႀကီးေျပာျဖစ္ၾကၿပီး အထုပ္အပိုးနဲ႕ သားေလးကိုဆြဲကာ မုျဒာျပန္ေရာက္လာမွ စကားရပ္လိုက္ၾကသည္ ။ အမဒါလီက ကားနားအထိလိုက္ပို႔ၿပီး ကားေပၚကသခင္ေလးမင္းယြီကိုလဲ ဦးၫႊန႔္ကာႏႈတ္ဆက္လိုက္သည္ ။

မင္းယြီကမုျဒာကိုသာမွတ္မိေပမဲ့ အမဒါလီကိုေတာ့ သိပ္မမွတ္မိေပ ။ အမဒါလီက ဆိုင္ကိုေနာက္ဆံမတင္းဖို႔နဲ႕ သခင္းေလးမင္းယြီကို ေကာင္းေကာင္းမြန္မြန္ဧည့္ခံၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနဖို႔မွာၾကားၿပီးေနာက္ သူတို႔လဲႏႈတ္ဆက္ကာ ထြက္လာခဲ့ၾကသည္ ။ မုျဒာ ေလးႏွစ္ၾကာမေရာက္ျဖစ္ခဲ့တဲ့ အိမ္ေတာ္ႀကီးထံ ျပန္သြားရတာမို႔ ရင္ခုန္စိတ္လႈပ္ရွားေနမိတာေတာ့အမွန္ပင္ ။ ဝမ္းနည္းစရာအမွတ္တရေတြရွိသလို ေပ်ာ္႐ႊင္စရာအမွတ္တရေတြလဲရွိေနတဲ့ ထိုအိမ္ေတာ္ႀကီးထံ မုျဒာျပန္သြားခြင့္ရလိမ့္မည္ဟုေမွ်ာ္လင့္မထားခဲ့ေပ ။

ကုကုေလးက ကားေပၚမွာဧည့္သည္ပါလာတာမို႔ ကုတ္ကုတ္ေလးသာေနၿပီး မုျဒာလက္ေမာင္းၾကားကေန ေခ်ာင္းၿပီးၾကည့္ေနသည္ ။ မင္းယြီက သူတို႔ကားေလးပန္းၿခံေဘးကေနျဖတ္လာေတာ့ မုျဒာနဲ႕ပန္းေတြအေၾကာင္းစပ္မိကား စကားေတြရွည္ေနရင္ ကေလးေလးကိုႏႈတ္ဆက္ဖို႔ေမ့သြားခဲ့ကာ အျမန္လမ္းေပၚေရာက္မွသတိရလာသည္ ။ သူကမုျဒာလက္ေမာင္းၾကားမွာပုန္းေနတဲ့ကေလးေလးကို ၿပဳံးၿပီးႏႈတ္ဆက္လိုက္သည္ ။

" Hallo Baby "

ကုကုေလးက သူ႕အားႏႈတ္ဆက္မွန္းသိေတာ့ ျပန္ ႏႈတ္ဆက္လိုက္သည္ ။

" Hallo ဦးဦး "

" ဟား ကေလးေလးက ခ်စ္စရာေကာင္းလိုက္တာ "

သူ႕ရဲ႕စကားေတြကိုနားမလည္ေပမဲ့ ထိုဦးဦးကၿပဳံးၿပီးေျပာေန၍ သေဘာေကာင္းတဲ့လူမွန္းသိကာ ကုကုေလးက မေၾကာက္ေတာ့ပဲ ျပန္ၿပဳံးျပလိုက္သည္ ။ မင္းယြီက အိမ္ကသားေလးထက္ အနည္းငယ္သာငယ္ၿပီး အၿပဳံးခ်ိဳေလးနဲ႕ခ်စ္စရာေကာင္းတဲ့သားေလးကို သေဘာက်သြားကာ သူ႕ဆီလာဖို႔ ေခၚလိုက္သည္ ။ ကုကုေလးကလဲ ေဖာ္ေ႐ြသည့္ကေလးေလးမို႔ သူ႕အေပၚခ်ိဳသာၿပီး လူေကာင္းနဲ႕သူတဲ့လူတိုင္းအေပၚ ခင္သြယ္တတ္တာေၾကာင့္ မင္းယြီထံခ်က္ခ်င္းသြားကာ ခနေလးခ်င္းရင္းနီးသြားၾကသည္ ။

မင္းယြီက ကေလး ၂ ေယာက္ကိုေစာင့္ေရွာက္လာတာမို႔ ကေလးေတြအေၾကာင္းသိေနၿပီး သူ႕စကားနားမလည္တဲ့ကေလးေလးကို အမူအယာေတြနဲ႕ နားလည္ေအာင္ေျပာျပတတ္သည္ ။ ကုကုေလးကလဲ ဧည့္သည္ဦးဦးရဲ႕ စိတ္ရွည္လက္ရွည္သူနဲ႕အတူေဆာ့ကစားေပးျခင္းကို ႏွစ္သက္ကာ တခ္ခ္ရယ္ေမာေနသည္ ။ ခနၾကာေတာ့မွ ကေလးက ကားပန္းကာ မင္းယြီအေပၚမွာပဲ အိပ္ေမာက်သြားသည္ ။

" သခင္ေလး သားေလးကိုကြၽန္ေတာ့ေပြ႕ခ်ီထားပါ့မယ္ … သခင္ေလးလက္ေညာင္းေနလိမ့္မယ္ "

" ရပါတယ္မုျဒာ … ငါ့ကိုမင္းယြီလို႔ပဲေခၚပါ … ၿပီးေတာ့သားေလးကခ်စ္စရာေကာင္းတယ္ … ငါလဲငါ့ကေလးေတြကိုအၿမဲေပြ႕ခ်ီေနၾကမို႔ ဒီေလာက္ကကိစၥမရွိပါဘူး … သားႀကီးဆိုခုထိ ငါ့လက္ေပၚမွာအိပ္တုန္းပဲ "

" ဒါေပမဲ့ ကုကုေလးကအရမ္းေလးတယ္ "

" ရပါတယ္ … လက္ေျပာင္းလိုက္လို႔ ကေလးနိုးသြားရင္ ဘယ္လိုလုပ္မလဲ  … ငါပဲေပြ႕ခ်ီထားပါ့မယ္ … အဆင္ေျပတယ္ "

မင္းယြီကအဆင္ေျပတယ္ေျပာေန၍ မုျဒာလဲဘာမွမေျပာေတာ့ပဲ ခြင့္ျပဳထားလိုက္သည္ ။ ဒီသခင္ေလးက သူ႕ထက္ပင္ကေလးထိန္းေတာ္ေန၍ မုျဒာအားက်မိသည္ ။

ညေနေနဝင္ရီသေယာအခ်ိန္မွာပဲ မုျဒာတို႔ အိမ္ေတာ္ႀကီးထံ ေရာက္လာခဲ့ေလသည္ ။ အိမ္ေတာ္ႀကီးက အရင္လိုမေျပာင္လဲပဲ တည္ရွိေနၿပီး အတိတ္ကအေငြ႕အသက္ေတြ က်န္ရွိေနေသးတာေၾကာင့္ မုျဒာရင္ထဲမွာ ေႏြးေထြးမႈဝမ္းနည္းမႈေတြ ေရာေထြးေနသည္ ။

အိမ္ေတာ္ဝမွာဦးေလးျမတ္ေခါင္းေဆာင္၍ အိမ္ေဖာ္ေတြအားလုံးကတန္းစီရပ္ေနၾကၿပီး သူတို႔အားႀကိဳဆိုေနၾကသည္ ။ အထူးဧည့္သည္ပါလာမည္ဟု ဧကရာဇ္ေမာင္က ႀကိဳေျပာထား၍ အားလုံးအဆင္သင့္ျပင္ထားကာ ေစာင့္ေနၾကျခင္းျဖစ္သည္ ။

ေရွ႕ဆုံးကေနဝင္လာတဲ့ မင္းယြီကိုျမင္ေတာ့ အားလုံးအံ့ဩသြားၾကေပမဲ့ အေနာက္မွာကေလးေလးကိုေပြ႕ခ်ီကာပါလာတဲ့မုျဒာကိုျမင္ေတာ့ ဦးေလးျမတ္ေမ့လဲမတတ္ဝမ္းသာသြားေလသည္ ။ ေျပးဖက္ၿပီးႀကိဳဆိုခ်င္ေပမဲ့ ဧည္းသည္ရွိေနတာေၾကာင့္ စိတ္ထိန္းထားကာ ဧည့္သည္ကိုဧည့္ခန္းထဲေခၚလာၿပီးထိုင္ေစလိုက္သည္ ။

ဧကရာဇ္ေမာင္က မုျဒာနေဘးမွာရပ္ေနၿပီး အိပ္ေပ်ာ္ေနတဲ့သားေလးကို ယူဖို႔ျပင္လိုက္သည္ ။

" သားေလးကို ကိုယ္သြားသိပ္လိုက္မယ္ "

" မလိုဘူး … သခင္ေလးမင္းယြီအနားမွာပဲေနၿပီး ဧည့္ခံလိုက္ "

မုျဒာရဲ႕စကားတစ္ခြန္းကို ဧကရာဇ္ေမာင္ မလြန္ဆန္နိုင္ေပ ။

" ဦးေလးျမတ္ … ကေလးအတြက္အိပ္ယာျပင္ေပးလိုက္ပါဦး "

" ဟုတ္ကဲ့သခင္ေလး "

ဦးေလးျမတ္မုျဒာနဲ႕အတူ အေပၚထပ္သို႔ တက္လာခဲ့သည္ ။ ဦးေလးျမတ္စိတ္ကိုမနည္းတည္ၿငိမ္ေအာင္ထားၿပီး ကေလးအတြက္အိပ္ယာျပင္ဆင္ေပးၿပီး သိပ္ေစလိုက္သည္ ။ ကုကုေလးက ႏူးညံ့တဲ့ေမႊ႕ယာေပၚမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနေတာ့မွ မုျဒာအေနာက္က ဦးေလးျမတ္ထံလွည့္လိုက္ၿပီး …

" ဦးေလးျမတ္ ကြၽန္ေတာ္ … "

" သခင္ေလး "

ဦးေလးျမတ္က စကားဆုံးေအာင္ပင္နားမေထာင္ပဲ ေပ်ာ္လြန္းလို႔ မုျဒာအား ေပြ႕ဖက္လိုက္ေလသည္ ။ မေသခင္ေလး သခင္ေလးကိုျပန္ေတြ႕ခြင့္ရခ်င္တဲ့ သူ႕ရဲ႕ဆႏၵျပည့္ေျမာက္သြားၿပီမို႔ အလြန္ေပ်ာ္႐ႊင္ေနသည္ ။ ေမြးကတည္းက သူေစာင့္ေရွာက္လာခဲ့တဲ့ သခင္ေလးဟာ မေတြ႕ျဖစ္တဲ့ ၄ ႏွစ္အတြင္းမွာ ပိုၿပီးရင့္ၾကပ္လာကာ အမ်ားႀကီးေျပာင္းလဲသြားသည္ ။ ဒါေပမဲ့ ဦးေလးျမတ္အျမင္မွာေတာ့ မုျဒာဟာ ကေလးတစ္ေယာက္အျဖစ္သာရွိေနေသးသည္ ။

" အရမ္းပင္ပန္ခဲ့မွာပဲ သခင္ေလး … ဘာေၾကာင့္ ဦးေလးကိုေတာင္အဆက္အသြယ္မလုပ္ပဲ ေနနိုင္ရတာလဲ … သခင္ေလးကိုမေတြ႕ရပဲ ေသသြားမွာကိုအရမ္းေၾကာက္ေနခဲ့တာ "

" မေျပာေကာင္းတာေတြ ဦးေလးျမတ္ကဘာေၾကာင့္ေသရမွာလဲ … ၿပီးေတာ့ကြၽန္ေတာ္လဲ ဦးေလးျမတ္ကိုလြမ္းေနတာ … အဖိုးမရွိေတာ့တဲ့ေနာက္ပိုင္း ကြၽန္ေတာ့မွာ ခင္သြယ္စရာ ဦးေလးျမတ္ပဲ ရွိေတာ့တယ္ "

" ဒါနဲ႕မ်ားသခင္ေလးရယ္ … ဒီကိုျပန္ေရာက္တာေတာင္ ဦးေလးျမတ္ကိုလာမႏႈတ္ဆက္ဘူး "

" ကြၽန္ေတာ္လာမလို႔ေပမဲ့ ဧကရာဇ္ေမာင္လာရႈတ္ေနလို႔ ဒီကိုမလာျဖစ္တာ "

" ဘာပဲျဖစ္ျဖစ္ပါေလ … ခုလိုျပန္လာတာကိုပဲ ဦးေလးဝမ္းသာေနပါၿပီ … ဦးေလးရဲ႕ေျမးေလးကိုလဲ ၾကည့္ပါရေစအုံး "

ဦးေလးျမတ္က အိပ္ယာေပၚမွာအိပ္ေပ်ာ္ေနတဲ့ ကုကုေလးအနားသြားကာ ကေလးေလးရဲ႕မ်က္ႏွာကို တစိမ့္စိမ့္ထိုင္ၾကည့္ေနသည္ ။

" ေျမးေလးက လူေခ်ာေလးပဲ … သခင္ႀကီးကုေဌႂကြယ္သာေတြ႕ရင္ သူ႕ျမစ္ကေလးကို အရမ္းခ်စ္မွာ "

" ဟုတ္တယ္ေနာ္ … အဖိုးသာရွိေနေသးရင္ ကုကုေလးကိုအရမ္းခ်စ္မွာ "

" သခင္ေလးဝမ္းမနည္းပါနဲ႕ … ကုကုေလးက ခုလဲလူေတြအမ်ားႀကီးရဲ႕အခ်စ္ကိုခံရမွာ … ၿပီးေတာ့ ကုကုေလးက သခင္ေလးနဲ႕ဥကၠဌရဲ႕ေခ်ာေမာလွပမႈကို အေမြရထားတဲ့ လူေခ်ာေလးေလ "

" အမွန္ပဲဦးေလးျမတ္ … ကုကုေလးက ေရာက္တဲ့အရပ္မွာ လူခ်စ္လူခင္ေပါတယ္ "

ဦးေလးျမတ္က အသက္ ၆၀ နားနီးေနၿပီမို႔ မုျဒာအဖိုးကို ျပန္သတိရေစသည္ ။ မုျဒာကုကုေလးအ႐ြယ္တုန္းကလဲ အဖိုးဟာဦးေလးျမတ္အ႐ြယ္ေလာက္သာရွိေနၿပီး အဖိုးနဲ႕သာ အတူေနလာခဲ့ရသည္ ။ ကုကုေလးကိုေတာ့ သူ႕လိုမိတကြဲဖတကြဲမျဖစ္ေစခ်င္သလို ေႏြးေထြးတဲ့မိသားစုေလးနဲ႕အတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕ ေနေစခ်င္မိသည္ ။

ဦးေလးျမတ္က ကုကုေလးကို မုျဒာရဲ႕အခန္းေဟာင္းထဲမွာသိပ္ထားခဲ့ၿပီး မုျဒာကိုေတာ့ ဧကရာဇ္ေမာင္ရဲ႕အခန္းထံေခၚလာခဲ့သည္ ။ ဧကရာဇ္ေမာင္အခန္းထဲကိုဝင္ဝင္ခ်င္း နံရံမွာကပ္ထားတဲ့ သူ႕ရဲ႕ပုံနဲ႕ သူတို႔ရဲ႕မဂၤလာေဆာင္ပုံေတြကိုျမင္ေတာ့ မုျဒာအံ့ဩသြားသည္ ။ ဦးေလးျမတ္ကေျပာလာသည္ ။

" ဧကရာဇ္က သခင္ေလးထြက္သြားၿပီးေနာက္ အရမ္းကိုခက္ခဲတဲ့အခ်ိန္ေတြကို ျဖတ္ေက်ာ္ခဲ့ရတယ္ … သူဒီလိုပုံမွန္အေျခအေနျပန္ျဖစ္ဖို႔ တစ္ႏွစ္ေက်ာ္ေလာက္ အခ်ိန္ယူခဲ့ရတယ္ … ဒီအခန္းထဲမွာပဲ သခင္ေလးရွိေနေသးတယ္ဆိုတဲ့အေတြးနဲ႕ သူ႕ကိုယ္သူစိတ္ထိန္းၿပီးေနလာခဲ့တာ … ေဆးကုသမႈကိုလဲ ခံယူၿပီး သခင္ေလးျပန္အလာကို အၿမဲေစာင့္ေနခဲ့တာ … အဲ့အခ်ိန္တုန္းကဆို ဦးေလးျမတ္ဝမ္းနည္းလြန္းလို႔ ငိုမိတဲ့အထိပဲ … သခင္ေလးနည္းသူ သူလဲပဲခံစားခဲ့ရတယ္ "

မုျဒာ ဧကရာဇ္ေမာင္ရဲ႕အထီးက်န္ေနတဲ့ပုံရိတ္ေတြကို ျမင္ေယာင္ရင္း ဝမ္းနည္းမ်က္ရည္မ်ားက်လာခဲ့သည္ ။ သူလဲပဲထပ္တူနာက်င္ခဲ့ရကာ သားေလးကိုသာအေဖာ္ျပဳၿပီး ေနခဲ့ရသည္ ။ ဒါေတြကိုဦးေလးျမတ္လဲ နားလည္ေနတာမို႔ မုျဒာကိုေပြ႕ဖက္ကာ ႏွစ္သိမ့္ေပးေလသည္ ။

" သခင္ေလးရဲ႕လုပ္ရပ္ေတြက ေအာင္ျမင္ခဲ့ပါတယ္ … ခနသာနာက်င္ခဲ့ရေပမဲ့ ဧကရာဇ္ေမာင္ကို ေျပာင္းလဲေအာင္ လုပ္နိုင္ခဲ့ၿပီ … ဧကရာဇ္ေမာင္က်န္းမာေရးျပန္ေကာင္းလာေတာ့ အလုပ္ကိုအရင္ကထက္ပိုႀကိဳးစားလာၿပီး ကုမၸဏီကလဲ ျပန္ၿပီးေအာင္ျမင္လာတယ္ … အခါသင့္ရင္သင့္သလို သခင္ေလးတို႔ကို ရွာဖို႔လဲမေမ့ဘူး … သားေလးအတြက္ အ႐ုပ္ေတြဆုေဆာင္းတတ္ၿပီး ေမြးေန႕တိုင္းမွာလဲ ေမြးေန႕လက္ေဆာင္ေတြ အၿမဲစီစဥ္တတ္တယ္ … ခုဆိုျပင္ဦးလြင္ကအိမ္ေတာ္မွာ အ႐ုပ္ေတြက အိမ္တစ္ဝက္ေလာက္ရွိေနၿပီ "

" အဲ့ေလာက္ေတာင္ပဲလား "

" အဲ့ဒါေတာင္ ဦးေလးျမတ္က မနည္းတားထားရတာ … သခင္ေလးတို႔ကိုျပန္ေတြ႕တဲ့အခ်ိန္ကဆိုရင္ေလ ဧကရာဇ္ရဲ႕မ်က္ႏွာက အၿပဳံးကိုမပ်က္ေတာ့တာ … ဧကရာဇ္ကိုၿပဳံးေအာင္လုပ္နိုင္တာ သခင္ေလးတို႔သားအဖပဲရွိတယ္ … ဦးေလးျမတ္မေသခင္ သခင္ေလးတို႔မိသားစု ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနတာကို ျမင္ခ်င္မိတယ္ "

မုျဒာဘာမွျပန္ေျပာမလာေပ ။ သူ႕ရင္ထဲမွာေတာ့ အေတြးေပါင္းစုံနဲ႕ရႈတ္ေထြးေနသည္ ။ ထိုစဥ္တံခါးဖြင့္သံနဲ႕အတူ ဧကရာဇ္ေမာင္ အခန္းထဲသို႔ဝင္လာသည္ ။

" မုျဒာ သခင္ေလးမင္းယြီက ပင္ပန္းလို႔အခန္းထဲမွာသြားနားၿပီ "

" အင္း … ဒါဆို ကြၽန္ေတာ္လဲသြားေတာ့မယ္ ဦးေလးျမတ္ "

မုျဒာထြက္မသြားခင္ ဦးေလးျမတ္ကအရင္ထြက္လိုက္ၿပီး …

" သခင္ေလးက ဘယ္သြားမွာလဲ … ဒီမွာပဲအိပ္ေလ "

" ကြၽန္ေတာ္သားေလးအခန္းမွာပဲသြားအိပ္လိုက္မယ္ "

" သခင္ငယ္ေလးရဲ႕အခန္းကက်ဥ္းေတာ့ ၂ ေယာက္ဆိုအဆင္မေျပေလာက္ဘူး … ဒီမွာပဲအိပ္လိုက္ပါ "

ဦးေလးျမတ္ရဲ႕ေစသနာကိုနားလည္ေပမဲ့ ဧကရာဇ္ေမာင္နဲ႕အတူ တစ္ကုတင္ထဲမွာ ၂ ေယာက္ထည္းျပန္အိပ္ဖို႔ကမျဖစ္နိုင္ေပ ။ ဦးေလးျမတ္က အထြက္မခံပဲ အေပါက္ပါပိတ္ေပးခဲ့ေသးသည္ ။

" သခင္ငယ္ေလးကို စိတ္မပူပါနဲ႕ … ဦးေလးေစာင့္ေရွာက္လိုက္ပါ့မယ္ … သခင္ေလးတို႔သာ သက္သက္သာသာနဲ႕အနားယူပါ "

ဦးေလးျမတ္ထြက္သြားၿပီး တစ္ခနၾကာတိတ္ဆိတ္ေနၿပီးမွ ဧကရာဇ္ေမာင္က ဘီဒိုထဲကေနဂြမ္းကပ္တစ္ခုကို ထုတ္လာကာ ၾကမ္းျပင္ေပၚခ်ခင္းလိုက္သည္ ။

" မုျဒာ … မင္းကုတင္ေပၚမွာပဲအိပ္လိုက္ပါ … ကိုယ္ကၾကမ္းျပင္ေပၚမွာအိပ္လဲရတယ္ … မင္းကိုယ္နဲ႕အတူကုတင္တစ္ခုထည္းမွာ မအိပ္ခ်င္မွန္းသိပါတယ္ … ဒါေၾကာင့္ စိတ္မပူနဲ႕ ကိုယ္ေအာက္မွာအိပ္မယ္ "

" မလိုဘူး "

" ဟမ္ "

" ေအာက္မွာအိပ္ဖို႔မလိုဘူး … ကုတင္ကဒီေလာက္က်ယ္တာ အဆင္ေျပပါတယ္ … ငါေရအရင္ခ်ိဳးမွာမို႔ အဲ့ဒါကိုျပန္သိမ္းၿပီး အိပ္ယာခင္းျပင္ဆင္ထားႏွင့္ေပး  "

" ေကာင္း … ေကာင္းပါၿပီ "

ဧကရာဇ္ေမာင္ အရမ္းကိုအံ့ဩေနကာ ရင္ခုန္စိတ္လႈပ္ရွားေနသည္ ။ မုျဒာရဲ႕သူ႕အေပၚဆက္ဆံပုံေတြက တိုးတက္လာၿပီမို႔ ေမွ်ာ္လင့္ခ်က္ေတြပိုမိုႀကီးထြားလာသည္ ။ မုျဒာက အတင္းရယူတာထက္ အေလ်ာ့ေပးလွ်င္ပိုၿပီးႏူးညံ့လာတာကို ဧကရာဇ္ေမာင္ သေဘာေပါက္လာသည္ ။ ဟိုတစ္ခ်ိန္က သူၾကမ္းတမ္းၿပီး ခ်ဳပ္ေႏွာင္ခဲ့လို႔ မုျဒာထြက္ေျပးသြားတာကို နားလည္သေဘာေပါက္လာသည္ ။

မုျဒာေရခ်ိဳးၿပီးထြက္လာေတာ့ အိပ္ယာခင္းအဆင္သင့္ျပင္ထားၿပီးေခ်ၿပီ ။ ဧကရာဇ္ေမာင္ ေရခ်ိဳးေနစဥ္ မုျဒာဆံႏြယ္ေတြကိုေျခာက္ေအာင္သုပ္ၿပီး အိပ္ယာဝင္ႏွင့္သည္ ။ ဧကရာဇ္ေမာင္ကုတင္ေပၚတက္လာေတာ့ မွျဒာမ်က္လုံးပိတ္ကာ အိပ္ေပ်ာ္ခ်င္ဟန္ေဆာင္ေနလိုက္သည္ ။

" မုျဒာ "

မုျဒာကျပန္မထူးလာေတာ့မွ အိပ္ေနတာေသခ်ာသြားၿပီမို ဧကရာဇ္ေမာင္ တေျဖးေျဖးအနားနားတိုးလာကာ ေခါင္းေလွ်ာ္ရည္နံ႕ေမႊးေနတဲ့ မုျဒာဦးေလးေလးကို နမ္းလိုက္ကာ တိုးတိုးေလးဆိုလိုက္သည္ ။

" အိမ္မက္လွလွမက္ပါေစ မုျဒာ "

ၿပီးေနာက္ မုျဒာနဲ႕သူ႕ရဲ႕အေပၚ ေစာင္လႊမ္းၿခဳံလိုက္ၿပီး မုျဒာအေနာက္ကေနရင္ခြင့္နဲ႕အုပ္မိုးကာ အသားမယူပဲ မုျဒာအေပၚအေႏြးဓာတ္ေပးရင္းအိပ္ဆက္လိုက္ေလသည္ ။ ဧကရာဇ္ေမာင္ အိပ္ေပ်ာ္သြားကာ အသက္ရႉသံပုံမွန္ျဖစ္ေနေပမဲ့ သူရႉထုပ္လိုက္တဲ့ေလပူေတြက မုျဒာနားျဖားေလးကို ရိုက္ခပ္ေန၍ မုျဒာအိပ္မေပ်ာ္နိုင္ျဖစ္ေနသည္ ။ အသက္ရႉသံၾကားရတဲ့ထိနီးကပ္ေနကာ ခႏၶကိုယ္ခ်င္းမထိေပမဲ့ ရင္းနီးကြၽမ္းဝင္ေနတဲ့ အေငႊ႕အသက္ေတြကို ခံစားေနရတာေၾကာင့္ မုျဒာစိတ္လႈပ္ရွားကာ ေတာ္ေတာ္နဲ႕ အိပ္မေပ်ာ္နိုင္ျဖစ္ေနသည္ ။

ဧကရာဇ္ေမာင္အိပ္ေပ်ာ္သြားတာၾကာေတာ့မွ မုျဒာအေနာက္သို႔လွည့္လာၿပီး နီးကပ္ေနတဲ့ဧကရာဇ္ေမာင္မ်က္ႏွာအား ေငးၾကည့္လိုက္သည္ ။ အရင္လိုဆြဲမက္စရာေကာင္းတဲ့ ထိုေယာက္်ားက မုျဒာရင္ကိုလႈပ္ခပ္ေအာင္ လုပ္နိုင္ဆဲပင္ ။ အေတာ္ၾကာေငးၾကည့္ေနၿပီးမွ မုျဒာတိုးတိုးေလးေရ႐ြတ္လိုက္ "

" ေမာင္ေရာပဲ အိမ္မက္လွလွမက္ပါေစ "

အိပ္ေပ်ာ္ေနတဲ့ဧကရာဇ္ေမာင္လက္ေတြက လႈပ္ရွားလာၿပီး မုျဒာကိုယ္ေလးအား ရင္ခြင္ထဲေပြ႕ဖက္လိုက္သည္ ။ မုျဒာႏွလုံးခုန္သံေတြျမန္လာၿပီး ဧကရာဇ္ေမာင္နိုးေနတာမ်ားလားဟု ထင္လိုက္ေပမဲ့ ဧကရာဇ္ေမာင္က နိုးမေနပဲ အိပ္ေနရင္းအလိုလိုလႈပ္ရွားေနျခင္းျဖစ္သည္ ။

သူ႕ရဲ႕အသက္ရႉသံေတြကအရမ္းကိုပုံမွန္ျဖစ္ေနၿပီ အိမ္မက္ေကာင္းေတြမက္ေန၍လားမသိ မ်က္ႏွာမွာအၿပဳံးေလးတစ္ပြင့္ေပၚလာသည္ ။ မုျဒာလဲ ထိုအၿပဳံကိုျမင္ေတာ့ ဧကရာဇ္ေမာင္လက္ေတြကို မတြန္းဖယ္ေတာ့ပဲ ရင္ခြင္ထဲမွာပဲ ႀကိတ္မွိတ္ကာ အိပ္ဆက္လိုက္သည္ ။

ထိုညက မုျဒာေရာ ဧကရာဇ္ေမာင္ပါ လွပသည့္အတိတ္ကေပ်ာ္႐ႊင္စရာမွတ္ဉာဏ္ေတြကို အိမ္မက္အျဖစ္ ျမင္မက္ခဲ့ၾကေလသည္ ။

…………………………………………………………………………………

To Be Continued …

Continue Reading

You'll Also Like

114K 4.2K 65
'heart made of glass, my mind of stone' 'tear me to pieces, skin to bone' • season 3 & 4 • • sequel to ocean eyes • • book 2 of the rumpelstiltskin s...
1.1K 100 12
ကင်မ်ဆွန်မင်းက ကြွေရုပ်လေးလိုဘဲနူးနူးညံ့ညံ့နဲ့သိပ်လှပတာ...
1.6M 107K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
77.7K 3K 25
အဝါရောင်ကျူးလစ်ပန်းလေးရဲ့ အဓိပ္ပာယ်က Hopeless loveတဲ့💛 အဝါေရာင္က်ဴးလစ္ပန္းေလးရဲ႕ အဓိပၸာယ္က Hopeless loveတဲ့💛