တိတ်တဆိတ် မြတ်နိုးရသော ( မြန်...

By Autumn260103

552K 89K 11.6K

Title : Modu/Slient Reading Author: Priest MC: Luo Wenzhou × Feidu myanmar translation Chapters 180+5 extras More

Chapter 1 - Prologue
Chapter 2 - Julien One
Chapter 3 - Julien Two
Chapter 4 - Julien Three
Chapter 5- Julien 4
Chapter 6 - Julien 5
Chapter 7- Julien 6
Chapter 8 - Julien 7
Chapter 9 - Julien 8
Chapter 10 - Julien 9
Chapter 11 - Julien 10
Chapter 12 - Julien 11
Chapter 13 - Julien 12
Chapter 14 - Julien 13
Chapter 15 - Julien 14
Chapter 16- Julien 15
Chapter 18 - Julien 17
Chapter 19 - Julien 18
Chapter 20- Julien 19
Chapter 21 - Julien 20
Chapter 22- Julien 21
Chapter 23 - Julien 22
Chapter 24 - Julien 23
Chapter 25 - Julien 24
Chapter 26- Julien 25
Chapter 27 - Julien 26
Chapter 28- Julien 27
Chapter 29- Julien 28
Chapter 30 - Julien 29
Chapter 31 - Julien 30
Chapter 32 - Julien 31
Chapter 33- Reading Out Loud ( Julien အမှုအဆုံးသတ်)
Chapter 34 - Humbert Humbert 1
Chapter 35 - Humbert Humbert 2
Chapter 36 - Humbert Humbert 3
Chapter 37 - Humbert Humbert 4
Chapter 38- Humbert Humbert 5
Chapter 39 - Humbert Humbert 6
Chapter 40 - Humbert Humbert 7
Chapter 41 - Humbert Humbert 8
Chapter 42- Humbert Humbert 9
Chapter 43 - Humbert Humbert 10
Chapter 44- Humbert Humbert 11
Chapter 45- Humbert Humbert 12
Chapter 46 - Humbert Humbert 13
Chapter 47- Humber Humbert 14
Chapter 48 - Humbert Humbert 15
Chpater 49 - Humbert Humbert 16
Chapter 50 - Humbert Humbert 17
Chapter 51- Humbert Humbert 18
Chapter 52 - Humbert Humbert 19
Chapter 53 - Humbert Humbert 20
Chapter 54 - Humbert Humbert 21
Chapter 55 - Humbert Humbert 22
Chapter 56 - Humbert Humbert 23
Chapter 57- Humbert Humbert 24
Chapter 58 - Humbert Humbert 25
Chapter 59- Reading Out Loud.. Humbert Humbert အမှုအဆုံးသတ်
Chapter 60 - Macbeth 1
Chapter 61- Macbeth 2
Chapter 62 - Macbeth 3
Chapter 63 - Macbeth 4
Chapter 64 - Macbeth 5
Chapter 65- Macbeth 6
Chapter 66- Macbeth 7
Chapter 67- Macbeth 8
Chapter 68 - Macbeth 9
Chapter 69- Macbeth 10
Chapter 70 - Macbeth 11
Chapter 71 - Macbeth 12
Chapter 72 - Macbeth 13
Chapter 73- Macbeth 14
Chapter 74 - Macbeth 15
Chapter 75- Macbeth 16
Chapter 76- Macbeth 17
Chapter 77 - Macbeth 18
Chapter 78 - Macbeth 19
Chapter 79- Macbeth 20
Chapter 80 - Macbeth 21
Chapter 81- Macbeth 22
Chapter 82 - Macbeth 23
Chapter 83- Macbeth 24
Chapter 84- Macbeth 25
Chapter 85- Macbeth 26
Chapter 86- Macbeth 27
Chapter 87 - Macbeth 28
Chapter 88- Macbeth 29
Chapter 89- Macbeth 30
Chapter 90 - Reading Aloud- Macbeth အမှုအဆုံးသတ်
Chapter 91 - Verhovensky 1
Chapter 92- Verhovensky 2
Chapter 93 - Verhovensky 3
Chapter 94- Verhovensky 4
Chapter 95- Verhovensky 5
Chapter 96 - Verhovensky 6
Chapter 97- Verhovensky 7
Chapter 98- Verhovensky 8
Chapter 99- Verhovensky 9
Chapter 100- Verhovensky 10
Chapter 101- Verhovensky 11
Chapter 102- Verhovensky 12
Chapter 103 - Verhovensky 13
Chapter 104 - Verhovensky 14
Chapter 105 - Verhovensky 15
Chapter 106- Verhovensky 16
Chapter 107- Verhovensky 17
Chapter 108- Verhovensky 18
Chapter 109- Verhovensky 19
Chapter 110 - Verhovensky 20
Chapter 111- Verhovensky 21
Chapter 112 - Verhovensky 22
Chapter 113- Verhovensky 23
Chapter 114- Verhovensky 24
Chapter 115 - Verhovensky 25
Chapter 116 - Verhovensky 26
Chapter 117- Verhovensky 27
Chapter 118- Verhovensky 28
Chapter 119- Verhovensky 29
Chapter 120 - Verhovensky 30
Chapter 121 - Verhovensky 31
Chapter 122 - Verhovensky 32
Chapter 123- Verhovensky 33
Chapter 124- Verhovensky 34
Chapter 125- Verhovensky 35
Chapter 126- Verhovensky 36
Chapter 127- Verhovensky 37
Chapter 128- Verhovensky 38
Chapter 129 - Reading Out Loud Verhovensky အမှု အဆုံးသတ်
Chapter 130- Edmond Dantés 1
Chapter 131 - Edmond Dantés 2
Chapter 132- Edmond Dantés 3
Chapter 133- Edmond Dantés 4
Chapter 134- Edmond Dantés 5
Chapter 135- Edmond Dantés 6
Chapter 136 - Edmond Dantés 7
Chapter 137- Edmond Dantés 8
Chapter 138- Edmond Dantés 9
Chapter 139- Edmond Dantés 10
Chapter 140- Edmond Dantés 11
Chapter 141- Edmond Dantés 12
Chapter 142- Edmond Dantés 13
Chapter 143- Edmond Dantés 14
Chapter 144 - Edmond Dantés 15
Chapter 145- Edmond Dantés 16
Chapter 146- Edmond Dantés 17
Chapter 147- Edmond Dantés 18
Chapter 148- Edmond Dantés 19
Chapter 149 - Edmond Dantés 20
Chapter 150- Edmond Dantés 21
Chapter 151- Edmond Dantés 22
Chapter 152- Edmond Dantés 23
Chapter 153- Edmond Dantés 24
Chapter 154- Edmond Dantés 25
Chapter 155- Edmond Dantés 26
Chapter 156- Edmond Dantés 27
Chapter 157- Edmond Dantés 28
Chapter 158- Edmond Dantés 29
Chapter 159- Edmond Dantés 30
Chapter 160- Edmond Dantés 31
Chapter 161- Edmond Dantés 32
Chapter 162- Edmond Dantés 33
Chapter 163- Edmond Dantés 34
Chapter 164- Edmond Dantés 35
Chapter 165- Edmond Dantés 36
Chapter 166- Edmond Dantés 37
Chapter 167- Edmond Dantés 38
Chapter 168- Edmond Dantés 39
Chapter 169- Edmond Dantés 40
Chapter 170- Edmond Dantés 41
Chapter 171- Edmond Dantés 42
Chapter 172- Edmond Dantés 43
Chapter 173- Edmond Dantés 44
Chpater 174- Edmond Dantés 45
Chapter 175- Edmond Dantés 46
Chapter 176- Edmond Dantés 47
Chapter 177- Edmond Dantés 48
Chapter 178- Edmond Dantés 49
Chapter 179 - Reading Out Loud- Edmond Dantés အမှုအဆုံးသတ်
Chapter 180- Reading Out Loud ဇာတ်သိမ်း
Extra 1
Extra 2
Extra 3
Extra 4
Extra 5
Audio Drama Extra

Chapter 17 - Julien 16

2.8K 461 14
By Autumn260103

Unicode

တိုတောင်းစူးရှသည့်အသံက ကျယ်လောင်လွန်းသည့်အတွက် သူ့ရှေ့တွင် ထိုင်နေသည့် ဖေးတုပင် ကြားလိုက်ရသည်။ လော့ဝမ့်ကျိုးက ထိုဖုန်းနံပါတ်ကို ပြန်ခေါ်ပေမဲ့ ခေါ်မရတော့ပေ။

အသံတစ်သံထဲသာ ကြားလိုက်ရပေမဲ့ ထိုအသံက လိုင်စင်မဲ့တက္ကစီဆရာ ချန်ကျန်းဖြစ်မှန်း လော့ဝမ့်ကျိုး သိသည်။

ချန်ကျန်းမှာ ချန်ယွမ်ဖုန်းပြောနေသည်ကို ခိုးနားထောင်၍ ဝမ်ဟုန်လျန်ကို တိုင်ခဲ့ပေမဲ့ သူ့မှာ သက်သေပြစရာတစ်ခုမှ မရှိ။

ချန်ယွမ်ကိုယ်တိုင်က သူမသေပြီးသည့်အခါ တစ်ဦးထဲ ကျန်ခဲ့သည့် မောင်လေးအတွက် ပြဿနာဖြစ်မည်စိုး၍ ဘာမှ မပြောခဲ့သလို ဝမ်ဟုန်လျန်ကလဲ သူမကို သတ်ပြီးနောက် ပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးကို မူးယစ်ဆန့်ကျင်ရေးဟု အမည်တပ်ကာ သိမ်းဆည်းခဲ့သည်။ နောက်ဆုံး ချန်ယွမ်တွင် ချန်ထားခဲ့သည်က ဓာတ်ပုံအယ်ဘမ်အဟောင်းတစ်ခုသာ ဖြစ်၏။

သူတို့နောက်ဆုံးတွေ့ခဲ့စဥ်က ထိုလူငယ်လေး၏ မကျေနပ်မှုကို လော့ဝမ့်ကျိုး သေချာပေါက် ခံစားမိသည့်အတွက် သူ သတိထားကာပြောခဲ့သေးသည်။
" တခြားသူတွေကို မပြောနဲ့ဦး.. ငါတို့မှာ သက်သေမရှိသေးဘူး.. မင်းတစ်ယောက်ထဲလဲ သက်သေလိုက်မရှာနဲ့.. တကယ်လို့ တစ်ခုခုသိရရင် ငါ့ကိုချက်ချင်းဖုန်းဆက်.. မင်းကိုယ်မင်း အန္တရာယ်အဖြစ်ခံပြီး သက်သေရှာမယ်ဆိုရင်တောင် အသုံးဝင်ချင်မှ ဝင်မှာ .. သက်သေအဖြစ် သုံးလို့မရနိုင်တာလဲ ရှိတာမို့လို့"

လော့ဝမ့်ကျိုးက စကားကိုရှင်းလင်းအောင် ပြောခဲ့သည်ဟု ထင်သည်။ ချန်ကျန်းကို ဒုက္ခတွင်းထဲ မရောက်အောင် သူ တမင်ဖယ်ထုတ်ခဲ့ခြင်းဖြစ်၏။ သို့သော် တစ်ရက်ပင် မပြည့်သေးသည့် အချိန်လေးတွင် ဒုက္ခတောထဲ ဘယ်လိုတောင် ရောက်သွားရတာလဲ...

ရုတ်တရက် လော့ဝမ့်ကျိုးက ခွာလက်စ ပုစွန်ပန်းကန်ကို ဖေးတုရှေ့တွင် ချပေးလိုက်သည်။
" တစ်ယောက်ထဲပဲ ဆက်စားလိုက်တော့.. စားပြီးရင်တော့ ပန်းကန်တွေ ဟိုနားမှာ သွားထားပေးဦးနော်.. ငါ လုပ်စရာရှိလို့ အခု သွားမှရမှာ"

ဖေးတုက ခေါင်းမညိတ်သလို ခေါင်းလဲမခါ။ ဖြည်းလေးစွာနှင့် လီမွန်တီးဘူးကို ပိုက်နှင့်ထိုးကာ တစ်ငုံစုပ်သောက်သည်။ ချဥ်ချဥ်ခါးခါးအရသာကြောင့် လူသောက်သုံးရန်မသင့်ဟု သတ်မှတ်ကာ ဘေးတွင် ပစ်ထားလိုက်သည်။ ထို့နောက်တွင်တော့ သုတ်သီးသုတ်ပျာ ထထွက်သွားသည့် လော့ဝမ့်ကျိုး၏ ကျောပြင်ကို ငေးနေလေသည်။

လော့ဝမ့်ကျိုးတွင် ချန်ကျန်း၏ ဖုန်းနံပါတ်ရှိ၏။ သို့သော် စောစောက ဖုန်းနံပါတ်ကို သူမသိ။ မြို့လယ်သို့ ကားမောင်းနေရင်းက ဒါရိုက်တာလုကို ဖုန်းဆက်သည်။

" ဦးလေးလု.. ကျွန်တော်ပါ.. အရမ်းအလျင်လိုနေလို့ ခွင့်ပြုချက်ရအောင်အထိ မစောင့်နိုင်လို့.. ကျွန်တော့်ကို ဖုန်းနံပါတ်နှစ်ခု ခြေရာခံပေးလို့ရမလား"

ဒါရိုက်တာလုမှာ ရုတ်တရက် ကြားလိုက်ရသောစကားပေမဲ့ အံ့သြခြင်းမရှိ။
" ဘယ်နံပါတ်လဲ.. မင်း အခုဘယ်မှာလဲ"

လော့ဝမ့်ကျိုးက ချန်ကျန်းဖုန်းနံပါတ်နှင့် စောစောက ဆက်သည့် ဖုန်းနံပါတ်ကို ပေးလိုက်သည်။

ဒါရိုက်တာလုက ချက်ချင်းချရေးကာ ဖုန်းမချခင် မှာလိုက်သေးသည်။
" မင်း အခုအခြေအနေ ဘယ်လိုရှိလဲ.. လုံခြုံမှုရော ရှိရဲ့လား"

" ကျွန်တော့်နာမည်ကိုက လုံခြုံမှုပဲလေ"
လော့ဝမ့်ကျိုးက စတီယာရင်ကို ခပ်ကြမ်းကြမ်းလှည့်ရင်း ပြုံးလိုက်သည်။ ကားက နန်းပင်လမ်းမှ ဟွားရှီအနောက်ခြမ်းဆီသွားသည့် လမ်းထဲ ကွေ့ဝင်သွား၏။

နွေရာသီရောက်နေပြီဖြစ်သည့်အတွက် ညပိုင်းရောက်တာတောင် တော်တော်လေးပူသည်။ ငှက်များ အိပ်တန်းနေရာ​ပြောင်း၍ ကားတချို့နှင့် တိုက်မိကာ သေနေကြသည်ကိုကြည့်ခြင်းအားဖြင့် ညပိုင်း မိုးသည်းထန်စွာ ရွာဦးမည်ဟု ခန့်မှန်းရသည်။

သောကြာနေ့ ရုံးဆင်းချိန်က တခြားနေ့တွေထက် ကားပိုကြပ်လေ့ရှိသည်။ ကံကောင်းသည်က ဒီနေ့က restriction နောက်ဆုံးနေ့ဖြစ်သည်။ မြို့နယ်စည်ပင်က ယာဥ်ကြောကြပ်တည်းမှုကို ဖြေရှင်းရန် LED ဆိုင်းဘုတ်များကို ဒရုန်းနှင့် ဆွဲကာ ဟိုဟိုသည်သည် လျှောက်ပြေးပြနေသည်။ ထိုဒရုန်းများက လူအများနောက် လိုက်သည်လဲရှိသည်။ တစ်ခါတစ်ရံ လမ်းတွေထဲ ဝင်ကာ လော့ဝမ့်ကျိုးကားနောက် လိုက်လာသည်လဲ ရှိ၏။ အနောက်ခြမ်း၏ ရှုပ်ထွေးနေသည့် လမ်းကြားထဲ ဝင်တော့မှသာ ထိုဒရုန်းများ လိုက်မလာတော့ခြင်းဖြစ်သည်။

ဒါရိုက်တာလုမှာ စိတ်ချယုံကြည်ရကာ အတော်အားကိုးရသည်။ မိနစ်အနည်းငယ် မကြာလိုက်။ ကျွမ်းကျင်သူတစ်ဦးက လော့ဝမ့်ကျိုးကို ဖုန်းခေါ်သည်။ ချန်ကျန်း၏ ဖုန်းမှာ အနောက်ခြမ်းမှ လမ်းတစ်ခုအနီးတွင်ရှိကာ အမည်မသိဖုန်းမှာလဲ ထိုဖုန်းနှင့် နီးကပ်စွာရှိနေသည်။ ထိုနံပါတ်ကို ဝူရွှယ်ချန် ဆိုသည့် အမျိုးသမီးတစ်ယောက် နာမည်နှင့် မှတ်ပုံတင်ထား၏။

"ဝူရွှယ်ချန်"
လော့ဝမ့်ကျိုး အံ့သြသွားသည်။
" တကယ်မှတ်ပုံတင်ထားတာလား"

" ဟုတ်ပါတယ် အဲ့ဒီ့နာမည်နဲ့ မှတ်ပုံတင်ထားတာပါ.."
ကျွမ်းကျင်သူက အတည်ပြုသည်။
" ခေါင်းဆောင်လော့.. သူ့ရဲ့ ID နဲ့ အချက်အလက်တချို့ကို ကျွန်တော် ပို့လိုက်ပါ့မယ်"

GPS မှ အနောက်ခြမ်းလမ်းထဲ ဝင်နေသည်ဟု အသိပေးချက်ရသည့်အခါ လော့ဝမ့်ကျိုးက ကားအရှိန်ကို လျှော့ချလိုက်သည်။ ညဘက်ကြီး ဒီလိုနေရာကို တစ်ယောက်ထဲ လာရဲသည်က ဝမ်ဟုန်လျန် သူ့ကို ထိခိုက်အောင် မလုပ်ရဲမှန်း သေချာသိနေ၍ ဖြစ်၏။

ဝမ်ဟုန်လျန်ကဲ့သို့သော အရည်အချင်းမရှိသူများက လူများကို အဆင့်အတန်းခွဲကာ ဆက်ဆံရာတွင် တော်ကြသည်။ အထက်လူများကို ဖားပြီး လက်အော​က်ငယ်သားများကို ဖိနှိပ်ဆက်ဆံရသည်ကို ကြိုက်၏။ သူ့အမြင်တွင် တချို့လူတွေက ပုရွက်ဆိတ်တစ်ကောင်လောက်ပင် တန်ဖိုးမရှိသည့်အတွက် နင်းမိလို့ သေသွားရင်တောင် ဘာမှမဖြစ်ဟု သဘောထားသည်။ တချို့လူတွေကိုတော့ သေလောက်အောင် မုန်းနေပါစေ ခယထားမည့်လူမျိုးဖြစ်လေသည်။

လော့ဝမ့်ကျိုးက သူ့ကိုယ်သူ အရေးကြီးပုဂ္ဂိုလ်ဟု သတ်မှတ်ထားတာမဟုတ်ပေမဲ့ ပင်စင်မယူရသေးသည့် အဖေအားကိုးရှိသူဖြစ်၏။

ချန်ကျန်းက သူ့ကိုအကူအညီတောင်းတုန်း လူမိသွားပါက တစ်ဖက်လူမှ သူ့အကြောင်းကို သိနိုင်လောက်သည်။ ဖုန်းနံပါတ်ကလဲ မှတ်ပုံတင်ထားသည်ဖြစ်၍ သူ အနှေးနှင့်အမြန် ရောက်လာမည်ကို ဝမ်ဟုန်လျန်လဲ မျှော်လင့်ထားလောက်သည်။

သူ့အတွေ့အကြုံအရဆို ဝမ်ဟုန်လျန်က သူ့ကို အရင်ဖုန်းခေါ်ကာ တိုးတိုးတိတ်တိတ်ဖြေရှင်းရန် တောင်းဆိုရမည်ဖြစ်သော်လဲ အခုချိန်ထိ ဖြစ်မလာသေး။

လော့ဝမ့်ကျိုး သဘောပေါက်လိုက်သည်က ဒီည၏ အဖြစ်အပျက်တို့ကို ဝမ်ဟုန်လျန် မသိရပဲ လက်အောက်မှ လူများ ဆုံးဖြတ်ချက်ချနေကြသည်ကိုဖြစ်လေသည်။

လက်ရှိက အန္တရာယ်များပေမဲ့ အခွင့်ကောင်းတစ်ခုလဲ ဖြစ်သည်။

လော့ဝမ့်ကျိုး ဖုန်းက တစ်ချက်တုန်သွားသည်။ ဝူရွှယ်ချန်၏ အချက်အလက်များ ပို့လိုက်ခြင်းပင်။ လော့ဝမ့်ကျိုးက ကားကို လမ်းထိပ်တွင် ရပ်ခဲ့သည်။

အနောက်ရှုခင်းသာလမ်းဆိုသည်က ပြည်သူပိုင်လမ်းတစ်လမ်းဖြစ်သည်။ ထိုနေရာက ညစျေးဟုလဲ ခေါ်ကာ ညငှက်များ ကျက်စားရာနေရာဖြစ်၏။ ညငှက်များ လှုပ်ရှားရာ တဲအိမ်ငယ်လေးများ စီတန်းနေသဖြင့် စကူတာအသေးလေးများမှလွဲ၍ ဘယ်လိုယာဥ်မျိုးမှ မဝင်နိုင်။

လေထုကိုက အသားကင်တူးနေသည့် မီးခိုးနံ့များပြည့်နေကာ အပေါ်ပိုင်းဗလာနှင့် ယောကျ်ားကြီးတစ်ယောက်က ဒယ်အိုးထဲ ကြော်လှော်နေသည်။ မျက်နှာချေများ ထူထဲစွာ လိမ်းကျံထားသည့် ညငှက်လေးများမှာ အသားကင်စားရင်း ဖောက်သည်စောင့်နေ၏။ အဆီတဝင်းဝင်းနှင့် လူလိုက်ရှာနေသူများကိုလဲ တွေ့နေရသည်။

လော့ဝမ့်ကျိုးက လူအုပ်ထဲ ပတ်ကြည့်ရင်း အသက်ရှူပင် ကြပ်လာရသည်။ ခဏကြာအောင် ပတ်ကြည့်ပြီးနောက်တွင်တော့ လိုင်စင်မဲ့ ကားဆရာများ စုဝေးရာအရပ်ကို ရှာတွေ့သွားသည်။

ထိုကားဆရာများမှာ စောစီးစွာ အလုပ်သိမ်း၍ လောင်းကစားဝိုင်းတွင် လူစုနေကြသည်။ အသက်ကြီးကြီး ဦလေးတစ်ယောက်က သွားဝါဝါကြီးများပေါ်အောင် အော်ရယ်ပြီး ဖဲချပ်နှင့် ကားကိုတဖျပ်ဖျပ်ရိုက်သည်။
" ကိုင်း ဘယ့်နှယ့်လဲ ကျေနပ်ပြီလား.. ငါ့ကို ပိုက်ဆံပေးတော့"

ထိုသူက ပြောနေရင်းနှင့် အဖော်ဖြစ်သူကို လက်ပြကာ စီးကရက်တောင်းသည်။ ဘေးမှ အဖော် ဘာမှမလုပ်ရသေးခင် အနောက်မှ လက်တစ်ဖက်ပေါ်လာကာ ထိုသူကို စီးကရက်ပေး၍ မီးပါညှိပေးလိုက်သည်။

ကားဆရာများအားလုံး တအံ့တသြ လှမ်းကြည့်လိုက်တော့ အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့် ဆွဲဆောင်မှုရှိသည့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။

" ညီကိုတို့.. မေးစရာလေးရှိလို့"
လော့ဝမ့်ကျိုးက တစ်ယောက်ချင်းစီကို စီးကရက်တစ်လိပ်စီ ကမ်းရင်း ပြုံးပြသည်။
" မနေ့က restriction ရှိတာနဲ့ ဒီက ညီကိုတစ်ယောက်ရဲ့ ကားကို ငှားစီးတာ.. ဒါပေမဲ့ အာရုံမစိုက်မိတာနဲ့ မနေ့ကမှ ချုပ်ထားတဲ့ စာချုပ်က ကားပေါ်ပါသွားတယ်.. စာချုပ်က စာရွက်ဘယ်နှရွက်မှ မပါပါဘူး.. တခြားသူတွေအတွက် ကိစ္စမရှိပေမဲ့ မရှာနိုင်ရင် ကျွန်တော် အသတ်ခံရမှာဗျ.. ကျွန်တော့်ကို အလကား ကူညီပေးစရာမလိုပါဘူး.. ပြောပြနိုင်တဲ့သူ ဘယ်သူ့ကိုမဆို ကျွန်တော် ထိုက်ထိုက်တန်တန် ကျေးဇူးဆပ်မှာပါ"

လော့ဝမ့်ကျိုးက အလုပ်ဘယ်လိုလုပ်ရမည်ကို သေချာသိ၏။ ဒီလိုကိစ္စမျိုးတွင် အလောတကြီးမမေး။ ပထမဆုံး ပိုက်ဆံအိတ်ဖွင့်ကာ အားလုံးကို ယွမ်တစ်ရာစီ လိုက်ပေးသည်။
" ဒုက္ခပေးရတာတော့ အားနာပါတယ်ဗျ.. ကျွန်တော့်ကို စုံစမ်းပေးကြပါဦး.. စာချုပ်က အရေးကြီးလို့ပါ"

သူက လူအများကို လှည့်စားရာတွင် ဆရာတစ်ဆူဖြစ်၏။ လိုင်စင်မဲ့ တက္ကစီ၏ ပုံစံ မော်ဒယ် အရောင်တို့ကို သေချာပြောပြသော်လဲ နံပါတ်ကိုတော့ မေ့နေသယောင်ယောင် နှစ်လုံးသုံးလုံးသာ ပြောသည်။ ထို့နောက် ကားဆရာ၏ ပုံစံကို သေချာပြောပြ၏။

ကားဆရာများမှာ သူ့အုပ်စုနှင့် သူနေကြသည်ဖြစ်ရာ နည်းနည်းလောက် ပြောပြရုံနှင့် "ချန်ကျန်းဆိုတဲ့ ကောင်လေးမလား .." ဘာညာ ဖြစ်ကုန်ကြသည်။

လော့ဝမ့်ကျိုးက ပါးစပ်ပိတ်ထားရမည့်အချိန်ကို ကောင်းစွာသိသလို ကြောင်တောင်တောင်နှင့် သူတို့ ဘာပြောနေသည်ကို မသိဟန်ဆောင်ရာတွင်လဲ ကျွမ်းကျင်သည်။

ယွမ်တစ်ရာ၏ တွန်းအားပေးမှုကြောင့် ကားဆရာများလဲ ဖဲဝိုင်းရပ်ကာ လမ်းကြားလေးတွေထဲ ပတ်ရှာပေးကြသည်။ လော့ဝမ့်ကျိုးကတော့ စီးကရက်တစ်လိပ် မီးညှိရင်း အေးဆေးစွာ ဖွာရှိုက်နေသည်။ သို့သော် တစ်လိပ်မကုန်ခင် သူလိုချင်သည့် သတင်းရလာခဲ့၏။ ချန်ကျန်း၏ ကားရပ်ထားသော နေရာအတိအကျအပြင် ချန်ကျန်း၏ ဖုန်းနံပါတ်ကိုပါ တစ်စုံတစ်ယောက်က လာပေးသည်။

ချန်ကျန်းကို ထိုဖုန်းနှင့် ဆက်သွယ်၍ မရသည်ကို လော့ဝမ့်ကျိုး သိပြီးသားပင်။ ထို့ကြောင့် ထိုလူကို ပိုက်ဆံထပ်ပေးကာ ချန်ကျန်းကားရပ်ထားသည့်နေရာကို လိုက်ပြခိုင်း၏။ အနောက်ရှုခင်းသာလမ်း၏ ကားပါကင်တစ်ခုတွင် ဖြစ်သည်။ ကားပါကင်ဆိုပေမဲ့လဲ မသုံးတော့တာ ကြာပုံရသည်။ ချန်ကျန်း၏ တစ်ပတ်ရစ်ကားသာ တစ်စီးတည်း ရပ်ထားလေသည်။ ထိုနေရာတွင် လူတွေအများကြီး ရှိနေပေမဲ့ ပိုင်ရှင်ကို မတွေ့။

CCTV ဟူ၍ တစ်ခုသာ တွေ့သော်လဲ ကလေးများ ရိုက်နှက်ဖျက်ဆီးထား၍ ကျိုးပဲ့နေလေပြီ။

သူ့ကို နေရာလာပြောပြသောသူမှာ လွယ်လွယ်ကူကူနှင့် ပိုက်ဆံအများကြီးရလိုက်၍ အားနာဟန်ရှိကာ ဟိုဟိုသည်သည် သွား၍ ကားပိုင်ရှင် ချန်ကျန်းကို လိုက်ရှာပေးသည်။

လော့ဝမ့်ကျိုးက ချန်ကျန်းကားနားကို သွားကြည့်တော့ ကားနားတွင် စီးကရက်အစီခံများ ပစ်ချထားသည်ကိုတွေ့ရသည်။ ပစ်ထားသူမှာ စိတ်တိုနေပုံရကာ အစီခံကို ခြေထောက်နှင့် တက်နင်းထားသေးသည်။

လော့ဝမ့်ကျိုးက ဖိနပ်ရာနားတွင် ရပ်ကာ ကားကိုမှီ၍ ပတ်ဝန်းကျင်ကို အကဲခတ်သည်။

ချန်ကျန်းက သူ့သတိပေးချက်ကို နားမထောင်ပဲ တစ်ယောက်ထဲ လှုပ်ရှားခဲ့သည်။ သူ့အခြေအနေက ကျိုးကြောင်းဆင်ခြင်နိုင်မည့်ပုံမပေါ်။ အဲ့ဒါဆို ဘာလို့ ဒီကိုတစ်ယောက်ထဲလာပြီး စီးကရက်လာဖွာနေရတာလဲ... ဘာကို သံသယဝင်လို့ ဒီမှာရှိနေတာလဲ...

ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို စောင့်နေတာလား..

ထိုအချိန်တွင် စောစောက လူ အမောတကောနှင့် ​ပြန်ပြေးလာသည်။
" မင်း စာတစ်စောင်လောက် ရေးပြီး သူလာရင် ဆက်သွယ်နိုင်အောင် ကားပေါ်ဖြစ်ဖြစ်တင်ခဲ့ပါလား.. ဟိုးနားမှာ အထည်ရောင်းတဲ့ မိန်းမကြီးက သူ့ကို မှတ်မိတယ်တဲ့..ဒီမှာ အကြာကြီး ရပ်နေပြီးတော့ Blessing Grand View ထဲ ဝင်သွားတယ်လို့ပြောတာပဲ"

" Blessing Grand View??"

" ဟိုနားလေးမှာ"
ထိုသူက တစ်နေရာကို လက်ညိုးထိုးပြသည်။ မီးရောင်စုံထိုးထားသည့် ဆိုင်းဘုတ်တွင် " ဘိလိယက် စစ်တုရင် မာဆတ်နှင့် ကေတီဗွီ" ဟု ရေးထား၏။ ချန်ကျန်းရပ်နေသည့်နေရာနှင့် ရှေ့တည့်တည့်တွင် ရှိနေကာ ထိုနေရာတွင်တော့ ကားပေါင်းစုံရပ်ထားသည်ကို တွေ့ရလေသည်။

လော့ဝမ့်ကျိုးက ဒါရိုက်တာ လုကို " Blessing Grand View .. အနောက်ရှုခင်းသာလမ်းအရှေ့ဘက်...ဟွားရှီအနောက်ခြမ်း.. အကူအညီတောင်းခံ" ဆိုသည့် စာကို ခပ်သွက်သွက်ပို့သည်။ လိုက်ရှာပေးသူကိုလဲ ကျေးဇူးတင်စကားဆိုကာ ထိုအဆောက်အဦးကို တစ်ပတ်ပတ်ကြည့်သည်။ ပတ်ဝန်းကျင် အနေအထားကို ကျက်မိသည်နှင့် ဆံပင်ကို ဆွဲဖွာ၍ ခေါင်းမော့ ရင်ကော့ကာ ဝင်လာခဲ့၏။

ခန်းမတစ်ခုလုံးကို မီးရောင်စုံနှင့် အလှဆင်ထားသည်။ တချို့မီးလုံးများမှာ ကျိုးပဲ့ပျက်စီးနေသည့်အတွက် အရောင်မှိန်သလိုရှိသည်။ ခြေချင်းလိမ်အောင် သွားနေကြသော လူငယ်များမှာ လမ်းသရဲလေးများနှင့် ပိုတူသည်။ ထောင့်တစ်နေရာတွင် ဆေးလိပ်စုသောက်ကာ လူအသစ်ဝင်လာသည်နှင့် လိုက်ကြည့်ကြသည်။

လော့ဝမ့်ကျိုးက သူတို့ကို မမြင်ချင်ယောင်ဆောင်ကာ ကောင်တာသွား၍ စားပွဲခုံကို ခေါက်သည်။
" သီးသန့်ခန်းတစ်ခန်း.. ခဏနေရင် တစ်ယောက်ထပ်လာမယ်"

ထို့နောက် သူ့ဘေးမှ မီနူးစာအုပ်ကို ဆွဲယူကာ အပြင်ကထက် နှစ်ဆကျော် စျေးတင်ထားသည့် ဝိုင်ပုလင်းများကို လိုက်ကြည့်သည်။ စျေးတင်ထားသည်ကို မသိသလိုနှင့် အများကြီးမှာသည်။

ဧည့်ကြိုကောင်မလေးမှာ ကောင်းကင်ပေါ်က ကျလာသည့် လက်ဖွာသော ဖောက်သည်ကို ပျာပျာသလဲ ကြိုဆိုသည်။
" ဆရာ.. ဖြည်းဖြည်းချင်းပြောပါ..."

လော့ဝမ့်ကျိုး ရုတ်တရက် ပါးစပ်ပိတ်သွားသည်။

ကောင်မလေးက သူ့ကို စိုက်ကြည့်နေသော ဧည့်သည်ကို ကြောင်ကြည့်နေသည်။ လော့ဝမ့်ကျိုးက အကြာကြီးနေမှ စကားစသည်။
" ဒီမှာ ဘယ်လောက်ပိုက်ဆံသုံးမှ စားပွဲထိုးကို ခေါ်ထားလို့ရမလဲ"

ကောင်မလေးမှာ သူ့စကားကို လုံးဝနားလည်သွားသည့်ဟန်နှင့် ပြုံးလိုက်သည်။ ထို့နောက် စားပွဲအောက်မှ စာအုပ်ကို ထုတ်ပေးလိုက်သည်။
" ဓာတ်ပုံတွေ အရင်ကြည့်ကြည့်ပါဦး ဆရာ"

လှအောင် တမင်ဖိုတိုရှော့ထားသည့် ပုံတချို့ကို တွေ့လိုက်ရသည်။ မိတ်ကပ်ထူလပျစ်နှင့် တောမက မြို့မကျသည့် ပုံတွေက ကြည့်ပျော်ရှုပျော်မရှိ။

လော့ဝမ့်ကျိုးက စာရွက်ကို နှစ်ခါသုံးခါလောက် လှန်ပြီးနောက် စိတ်မရှည်သလိုဖြစ်လာသည်။
" ပုံတွေကလဲ ဖိုတိုရှော့ထားတာ မွေးထားတဲ့အမေတောင် မမှတ်မိလောက်ဘူး.. ပုံမှန်လူတွေ မရှိဘူးလား"

ကောင်မလေးက ပြန်ဖြေမည်ပြင်ရုံရှိသေး လော့ဝမ့်ကျိုးက အနားကပ်လာသည်။ ဟန်မဆောင်နိုင်တော့သည့်အလား စိတ်မရှည်မှုများစွာနှင့် လာရင်းကိစ္စကို မေးလိုက်သည်။

" ဝူရွှယ်ချန် ဆိုတာ ရှိလား"

......
End of part 17
Thank u all

Zawgyi

တိုေတာင္းစူးရွသည့္အသံက က်ယ္ေလာင္လြန္းသည့္အတြက္ သူ႕ေရွ႕တြင္ ထိုင္ေနသည့္ ေဖးတုပင္ ၾကားလိုက္ရသည္။ ေလာ့ဝမ့္က်ိဳးက ထိုဖုန္းနံပါတ္ကို ျပန္ေခၚေပမဲ့ ေခၚမရေတာ့ေပ။

အသံတစ္သံထဲသာ ၾကားလိုက္ရေပမဲ့ ထိုအသံက လိုင္စင္မဲ့တကၠစီဆရာ ခ်န္က်န္းျဖစ္မွန္း ေလာ့ဝမ့္က်ိဳး သိသည္။

ခ်န္က်န္းမွာ ခ်န္ယြမ္ဖုန္းေျပာေနသည္ကို ခိုးနားေထာင္၍ ဝမ္ဟုန္လ်န္ကို တိုင္ခဲ့ေပမဲ့ သူ႕မွာ သက္ေသျပစရာတစ္ခုမွ မရွိ။

ခ်န္ယြမ္ကိုယ္တိုင္က သူမေသၿပီးသည့္အခါ တစ္ဦးထဲ က်န္ခဲ့သည့္ ေမာင္ေလးအတြက္ ျပႆနာျဖစ္မည္စိုး၍ ဘာမွ မေျပာခဲ့သလို ဝမ္ဟုန္လ်န္ကလဲ သူမကို သတ္ၿပီးေနာက္ ပိုင္ဆိုင္သမွ် ပစၥည္းအားလုံးကို မူးယစ္ဆန့္က်င္ေရးဟု အမည္တပ္ကာ သိမ္းဆည္းခဲ့သည္။ ေနာက္ဆုံး ခ်န္ယြမ္တြင္ ခ်န္ထားခဲ့သည္က ဓာတ္ပုံအယ္ဘမ္အေဟာင္းတစ္ခုသာ ျဖစ္၏။

သူတို႔ေနာက္ဆုံးေတြ႕ခဲ့စဥ္က ထိုလူငယ္ေလး၏ မေက်နပ္မႈကို ေလာ့ဝမ့္က်ိဳး ေသခ်ာေပါက္ ခံစားမိသည့္အတြက္ သူ သတိထားကာေျပာခဲ့ေသးသည္။
" တျခားသူေတြကို မေျပာနဲ႕ဦး.. ငါတို႔မွာ သက္ေသမရွိေသးဘူး.. မင္းတစ္ေယာက္ထဲလဲ သက္ေသလိုက္မရွာနဲ႕.. တကယ္လို႔ တစ္ခုခုသိရရင္ ငါ့ကိုခ်က္ခ်င္းဖုန္းဆက္.. မင္းကိုယ္မင္း အႏၲရာယ္အျဖစ္ခံၿပီး သက္ေသရွာမယ္ဆိုရင္ေတာင္ အသုံးဝင္ခ်င္မွ ဝင္မွာ .. သက္ေသအျဖစ္ သုံးလို႔မရနိုင္တာလဲ ရွိတာမို႔လို႔"

ေလာ့ဝမ့္က်ိဳးက စကားကိုရွင္းလင္းေအာင္ ေျပာခဲ့သည္ဟု ထင္သည္။ ခ်န္က်န္းကို ဒုကၡတြင္းထဲ မေရာက္ေအာင္ သူ တမင္ဖယ္ထုတ္ခဲ့ျခင္းျဖစ္၏။ သို႔ေသာ္ တစ္ရက္ပင္ မျပည့္ေသးသည့္ အခ်ိန္ေလးတြင္ ဒုကၡေတာထဲ ဘယ္လိုေတာင္ ေရာက္သြားရတာလဲ...

႐ုတ္တရက္ ေလာ့ဝမ့္က်ိဳးက ခြာလက္စ ပုစြန္ပန္းကန္ကို ေဖးတုေရွ႕တြင္ ခ်ေပးလိုက္သည္။
" တစ္ေယာက္ထဲပဲ ဆက္စားလိုက္ေတာ့.. စားၿပီးရင္ေတာ့ ပန္းကန္ေတြ ဟိုနားမွာ သြားထားေပးဦးေနာ္.. ငါ လုပ္စရာရွိလို႔ အခု သြားမွရမွာ"

ေဖးတုက ေခါင္းမညိတ္သလို ေခါင္းလဲမခါ။ ျဖည္းေလးစြာႏွင့္ လီမြန္တီးဘူးကို ပိုက္ႏွင့္ထိုးကာ တစ္ငုံစုပ္ေသာက္သည္။ ခ်ဥ္ခ်ဥ္ခါးခါးအရသာေၾကာင့္ လူေသာက္သုံးရန္မသင့္ဟု သတ္မွတ္ကာ ေဘးတြင္ ပစ္ထားလိုက္သည္။ ထို႔ေနာက္တြင္ေတာ့ သုတ္သီးသုတ္ပ်ာ ထထြက္သြားသည့္ ေလာ့ဝမ့္က်ိဳး၏ ေက်ာျပင္ကို ေငးေနေလသည္။

ေလာ့ဝမ့္က်ိဳးတြင္ ခ်န္က်န္း၏ ဖုန္းနံပါတ္ရွိ၏။ သို႔ေသာ္ ေစာေစာက ဖုန္းနံပါတ္ကို သူမသိ။ ၿမိဳ႕လယ္သို႔ ကားေမာင္းေနရင္းက ဒါရိုက္တာလုကို ဖုန္းဆက္သည္။

" ဦးေလးလု.. ကြၽန္ေတာ္ပါ.. အရမ္းအလ်င္လိုေနလို႔ ခြင့္ျပဳခ်က္ရေအာင္အထိ မေစာင့္နိုင္လို႔.. ကြၽန္ေတာ့္ကို ဖုန္းနံပါတ္ႏွစ္ခု ေျခရာခံေပးလို႔ရမလား"

ဒါရိုက္တာလုမွာ ႐ုတ္တရက္ ၾကားလိုက္ရေသာစကားေပမဲ့ အံ့ၾသျခင္းမရွိ။
" ဘယ္နံပါတ္လဲ.. မင္း အခုဘယ္မွာလဲ"

ေလာ့ဝမ့္က်ိဳးက ခ်န္က်န္းဖုန္းနံပါတ္ႏွင့္ ေစာေစာက ဆက္သည့္ ဖုန္းနံပါတ္ကို ေပးလိုက္သည္။

ဒါရိုက္တာလုက ခ်က္ခ်င္းခ်ေရးကာ ဖုန္းမခ်ခင္ မွာလိုက္ေသးသည္။
" မင္း အခုအေျခအေန ဘယ္လိုရွိလဲ.. လုံၿခဳံမႈေရာ ရွိရဲ႕လား"

" ကြၽန္ေတာ့္နာမည္ကိုက လုံၿခဳံမႈပဲေလ"
ေလာ့ဝမ့္က်ိဳးက စတီယာရင္ကို ခပ္ၾကမ္းၾကမ္းလွည့္ရင္း ၿပဳံးလိုက္သည္။ ကားက နန္းပင္လမ္းမွ ဟြားရွီအေနာက္ျခမ္းဆီသြားသည့္ လမ္းထဲ ေကြ႕ဝင္သြား၏။

ေႏြရာသီေရာက္ေနၿပီျဖစ္သည့္အတြက္ ညပိုင္းေရာက္တာေတာင္ ေတာ္ေတာ္ေလးပူသည္။ ငွက္မ်ား အိပ္တန္းေနရာ​ေျပာင္း၍ ကားတခ်ိဳ႕ႏွင့္ တိုက္မိကာ ေသေနၾကသည္ကိုၾကည့္ျခင္းအားျဖင့္ ညပိုင္း မိုးသည္းထန္စြာ ႐ြာဦးမည္ဟု ခန့္မွန္းရသည္။

ေသာၾကာေန႕ ႐ုံးဆင္းခ်ိန္က တျခားေန႕ေတြထက္ ကားပိုၾကပ္ေလ့ရွိသည္။ ကံေကာင္းသည္က ဒီေန႕က restriction ေနာက္ဆုံးေန႕ျဖစ္သည္။ ၿမိဳ႕နယ္စည္ပင္က ယာဥ္ေၾကာၾကပ္တည္းမႈကို ေျဖရွင္းရန္ LED ဆိုင္းဘုတ္မ်ားကို ဒ႐ုန္းႏွင့္ ဆြဲကာ ဟိုဟိုသည္သည္ ေလွ်ာက္ေျပးျပေနသည္။ ထိုဒ႐ုန္းမ်ားက လူအမ်ားေနာက္ လိုက္သည္လဲရွိသည္။ တစ္ခါတစ္ရံ လမ္းေတြထဲ ဝင္ကာ ေလာ့ဝမ့္က်ိဳးကားေနာက္ လိုက္လာသည္လဲ ရွိ၏။ အေနာက္ျခမ္း၏ ရႈပ္ေထြးေနသည့္ လမ္းၾကားထဲ ဝင္ေတာ့မွသာ ထိုဒ႐ုန္းမ်ား လိုက္မလာေတာ့ျခင္းျဖစ္သည္။

ဒါရိုက္တာလုမွာ စိတ္ခ်ယဳံၾကည္ရကာ အေတာ္အားကိုးရသည္။ မိနစ္အနည္းငယ္ မၾကာလိုက္။ ကြၽမ္းက်င္သူတစ္ဦးက ေလာ့ဝမ့္က်ိဳးကို ဖုန္းေခၚသည္။ ခ်န္က်န္း၏ ဖုန္းမွာ အေနာက္ျခမ္းမွ လမ္းတစ္ခုအနီးတြင္ရွိကာ အမည္မသိဖုန္းမွာလဲ ထိုဖုန္းႏွင့္ နီးကပ္စြာရွိေနသည္။ ထိုနံပါတ္ကို ဝူ႐ႊယ္ခ်န္ ဆိုသည့္ အမ်ိဳးသမီးတစ္ေယာက္ နာမည္ႏွင့္ မွတ္ပုံတင္ထား၏။

"ဝူ႐ႊယ္ခ်န္"
ေလာ့ဝမ့္က်ိဳး အံ့ၾသသြားသည္။
" တကယ္မွတ္ပုံတင္ထားတာလား"

" ဟုတ္ပါတယ္ အဲ့ဒီ့နာမည္နဲ႕ မွတ္ပုံတင္ထားတာပါ.."
ကြၽမ္းက်င္သူက အတည္ျပဳသည္။
" ေခါင္းေဆာင္ေလာ့.. သူ႕ရဲ႕ ID နဲ႕ အခ်က္အလက္တခ်ိဳ႕ကို ကြၽန္ေတာ္ ပို႔လိုက္ပါ့မယ္"

GPS မွ အေနာက္ျခမ္းလမ္းထဲ ဝင္ေနသည္ဟု အသိေပးခ်က္ရသည့္အခါ ေလာ့ဝမ့္က်ိဳးက ကားအရွိန္ကို ေလွ်ာ့ခ်လိဳက္သည္။ ညဘက္ႀကီး ဒီလိုေနရာကို တစ္ေယာက္ထဲ လာရဲသည္က ဝမ္ဟုန္လ်န္ သူ႕ကို ထိခိုက္ေအာင္ မလုပ္ရဲမွန္း ေသခ်ာသိေန၍ ျဖစ္၏။

ဝမ္ဟုန္လ်န္ကဲ့သို႔ေသာ အရည္အခ်င္းမရွိသူမ်ားက လူမ်ားကို အဆင့္အတန္းခြဲကာ ဆက္ဆံရာတြင္ ေတာ္ၾကသည္။ အထက္လူမ်ားကို ဖားၿပီး လက္ေအာ​က္ငယ္သားမ်ားကို ဖိႏွိပ္ဆက္ဆံရသည္ကို ႀကိဳက္၏။ သူ႕အျမင္တြင္ တခ်ိဳ႕လူေတြက ပု႐ြက္ဆိတ္တစ္ေကာင္ေလာက္ပင္ တန္ဖိုးမရွိသည့္အတြက္ နင္းမိလို႔ ေသသြားရင္ေတာင္ ဘာမွမျဖစ္ဟု သေဘာထားသည္။ တခ်ိဳ႕လူေတြကိုေတာ့ ေသေလာက္ေအာင္ မုန္းေနပါေစ ခယထားမည့္လူမ်ိဳးျဖစ္ေလသည္။

ေလာ့ဝမ့္က်ိဳးက သူ႕ကိုယ္သူ အေရးႀကီးပုဂၢိဳလ္ဟု သတ္မွတ္ထားတာမဟုတ္ေပမဲ့ ပင္စင္မယူရေသးသည့္ အေဖအားကိုးရွိသူျဖစ္၏။

ခ်န္က်န္းက သူ႕ကိုအကူအညီေတာင္းတုန္း လူမိသြားပါက တစ္ဖက္လူမွ သူ႕အေၾကာင္းကို သိနိုင္ေလာက္သည္။ ဖုန္းနံပါတ္ကလဲ မွတ္ပုံတင္ထားသည္ျဖစ္၍ သူ အေႏွးႏွင့္အျမန္ ေရာက္လာမည္ကို ဝမ္ဟုန္လ်န္လဲ ေမွ်ာ္လင့္ထားေလာက္သည္။

သူ႕အေတြ႕အႀကဳံအရဆို ဝမ္ဟုန္လ်န္က သူ႕ကို အရင္ဖုန္းေခၚကာ တိုးတိုးတိတ္တိတ္ေျဖရွင္းရန္ ေတာင္းဆိုရမည္ျဖစ္ေသာ္လဲ အခုခ်ိန္ထိ ျဖစ္မလာေသး။

ေလာ့ဝမ့္က်ိဳး သေဘာေပါက္လိုက္သည္က ဒီည၏ အျဖစ္အပ်က္တို႔ကို ဝမ္ဟုန္လ်န္ မသိရပဲ လက္ေအာက္မွ လူမ်ား ဆုံးျဖတ္ခ်က္ခ်ေနၾကသည္ကိုျဖစ္ေလသည္။

လက္ရွိက အႏၲရာယ္မ်ားေပမဲ့ အခြင့္ေကာင္းတစ္ခုလဲ ျဖစ္သည္။

ေလာ့ဝမ့္က်ိဳး ဖုန္းက တစ္ခ်က္တုန္သြားသည္။ ဝူ႐ႊယ္ခ်န္၏ အခ်က္အလက္မ်ား ပို႔လိုက္ျခင္းပင္။ ေလာ့ဝမ့္က်ိဳးက ကားကို လမ္းထိပ္တြင္ ရပ္ခဲ့သည္။

အေနာက္ရႈခင္းသာလမ္းဆိုသည္က ျပည္သူပိုင္လမ္းတစ္လမ္းျဖစ္သည္။ ထိုေနရာက ညေစ်းဟုလဲ ေခၚကာ ညငွက္မ်ား က်က္စားရာေနရာျဖစ္၏။ ညငွက္မ်ား လႈပ္ရွားရာ တဲအိမ္ငယ္ေလးမ်ား စီတန္းေနသျဖင့္ စကူတာအေသးေလးမ်ားမွလြဲ၍ ဘယ္လိုယာဥ္မ်ိဳးမွ မဝင္နိုင္။

ေလထုကိုက အသားကင္တူးေနသည့္ မီးခိုးနံ႕မ်ားျပည့္ေနကာ အေပၚပိုင္းဗလာႏွင့္ ေယာက်္ားႀကီးတစ္ေယာက္က ဒယ္အိုးထဲ ေၾကာ္ေလွာ္ေနသည္။ မ်က္ႏွာေခ်မ်ား ထူထဲစြာ လိမ္းက်ံထားသည့္ ညငွက္ေလးမ်ားမွာ အသားကင္စားရင္း ေဖာက္သည္ေစာင့္ေန၏။ အဆီတဝင္းဝင္းႏွင့္ လူလိုက္ရွာေနသူမ်ားကိုလဲ ေတြ႕ေနရသည္။

ေလာ့ဝမ့္က်ိဳးက လူအုပ္ထဲ ပတ္ၾကည့္ရင္း အသက္ရႉပင္ ၾကပ္လာရသည္။ ခဏၾကာေအာင္ ပတ္ၾကည့္ၿပီးေနာက္တြင္ေတာ့ လိုင္စင္မဲ့ ကားဆရာမ်ား စုေဝးရာအရပ္ကို ရွာေတြ႕သြားသည္။

ထိုကားဆရာမ်ားမွာ ေစာစီးစြာ အလုပ္သိမ္း၍ ေလာင္းကစားဝိုင္းတြင္ လူစုေနၾကသည္။ အသက္ႀကီးႀကီး ဦေလးတစ္ေယာက္က သြားဝါဝါႀကီးမ်ားေပၚေအာင္ ေအာ္ရယ္ၿပီး ဖဲခ်ပ္ႏွင့္ ကားကိုတဖ်ပ္ဖ်ပ္ရိုက္သည္။
" ကိုင္း ဘယ့္ႏွယ့္လဲ ေက်နပ္ၿပီလား.. ငါ့ကို ပိုက္ဆံေပးေတာ့"

ထိုသူက ေျပာေနရင္းႏွင့္ အေဖာ္ျဖစ္သူကို လက္ျပကာ စီးကရက္ေတာင္းသည္။ ေဘးမွ အေဖာ္ ဘာမွမလုပ္ရေသးခင္ အေနာက္မွ လက္တစ္ဖက္ေပၚလာကာ ထိုသူကို စီးကရက္ေပး၍ မီးပါညွိေပးလိုက္သည္။

ကားဆရာမ်ားအားလုံး တအံ့တၾသ လွမ္းၾကည့္လိုက္ေတာ့ အရပ္ရွည္ရွည္ ပခုံးက်ယ္က်ယ္ႏွင့္ ဆြဲေဆာင္မႈရွိသည့္ အမ်ိဳးသားတစ္ဦးကို ေတြ႕လိုက္ရသည္။

" ညီကိုတို႔.. ေမးစရာေလးရွိလို႔"
ေလာ့ဝမ့္က်ိဳးက တစ္ေယာက္ခ်င္းစီကို စီးကရက္တစ္လိပ္စီ ကမ္းရင္း ၿပဳံးျပသည္။
" မေန႕က restriction ရွိတာနဲ႕ ဒီက ညီကိုတစ္ေယာက္ရဲ႕ ကားကို ငွားစီးတာ.. ဒါေပမဲ့ အာ႐ုံမစိုက္မိတာနဲ႕ မေန႕ကမွ ခ်ဳပ္ထားတဲ့ စာခ်ဳပ္က ကားေပၚပါသြားတယ္.. စာခ်ဳပ္က စာ႐ြက္ဘယ္ႏွ႐ြက္မွ မပါပါဘူး.. တျခားသူေတြအတြက္ ကိစၥမရွိေပမဲ့ မရွာနိုင္ရင္ ကြၽန္ေတာ္ အသတ္ခံရမွာဗ်.. ကြၽန္ေတာ့္ကို အလကား ကူညီေပးစရာမလိုပါဘူး.. ေျပာျပနိုင္တဲ့သူ ဘယ္သူ႕ကိုမဆို ကြၽန္ေတာ္ ထိုက္ထိုက္တန္တန္ ေက်းဇူးဆပ္မွာပါ"

ေလာ့ဝမ့္က်ိဳးက အလုပ္ဘယ္လိုလုပ္ရမည္ကို ေသခ်ာသိ၏။ ဒီလိုကိစၥမ်ိဳးတြင္ အေလာတႀကီးမေမး။ ပထမဆုံး ပိုက္ဆံအိတ္ဖြင့္ကာ အားလုံးကို ယြမ္တစ္ရာစီ လိုက္ေပးသည္။
" ဒုကၡေပးရတာေတာ့ အားနာပါတယ္ဗ်.. ကြၽန္ေတာ့္ကို စုံစမ္းေပးၾကပါဦး.. စာခ်ဳပ္က အေရးႀကီးလို႔ပါ"

သူက လူအမ်ားကို လွည့္စားရာတြင္ ဆရာတစ္ဆူျဖစ္၏။ လိုင္စင္မဲ့ တကၠစီ၏ ပုံစံ ေမာ္ဒယ္ အေရာင္တို႔ကို ေသခ်ာေျပာျပေသာ္လဲ နံပါတ္ကိုေတာ့ ေမ့ေနသေယာင္ေယာင္ ႏွစ္လုံးသုံးလုံးသာ ေျပာသည္။ ထို႔ေနာက္ ကားဆရာ၏ ပုံစံကို ေသခ်ာေျပာျပ၏။

ကားဆရာမ်ားမွာ သူ႕အုပ္စုႏွင့္ သူေနၾကသည္ျဖစ္ရာ နည္းနည္းေလာက္ ေျပာျပ႐ုံႏွင့္ "ခ်န္က်န္းဆိုတဲ့ ေကာင္ေလးမလား .." ဘာညာ ျဖစ္ကုန္ၾကသည္။

ေလာ့ဝမ့္က်ိဳးက ပါးစပ္ပိတ္ထားရမည့္အခ်ိန္ကို ေကာင္းစြာသိသလို ေၾကာင္ေတာင္ေတာင္ႏွင့္ သူတို႔ ဘာေျပာေနသည္ကို မသိဟန္ေဆာင္ရာတြင္လဲ ကြၽမ္းက်င္သည္။

ယြမ္တစ္ရာ၏ တြန္းအားေပးမႈေၾကာင့္ ကားဆရာမ်ားလဲ ဖဲဝိုင္းရပ္ကာ လမ္းၾကားေလးေတြထဲ ပတ္ရွာေပးၾကသည္။ ေလာ့ဝမ့္က်ိဳးကေတာ့ စီးကရက္တစ္လိပ္ မီးညွိရင္း ေအးေဆးစြာ ဖြာရွိုက္ေနသည္။ သို႔ေသာ္ တစ္လိပ္မကုန္ခင္ သူလိုခ်င္သည့္ သတင္းရလာခဲ့၏။ ခ်န္က်န္း၏ ကားရပ္ထားေသာ ေနရာအတိအက်အျပင္ ခ်န္က်န္း၏ ဖုန္းနံပါတ္ကိုပါ တစ္စုံတစ္ေယာက္က လာေပးသည္။

ခ်န္က်န္းကို ထိုဖုန္းႏွင့္ ဆက္သြယ္၍ မရသည္ကို ေလာ့ဝမ့္က်ိဳး သိၿပီးသားပင္။ ထို႔ေၾကာင့္ ထိုလူကို ပိုက္ဆံထပ္ေပးကာ ခ်န္က်န္းကားရပ္ထားသည့္ေနရာကို လိုက္ျပခိုင္း၏။ အေနာက္ရႈခင္းသာလမ္း၏ ကားပါကင္တစ္ခုတြင္ ျဖစ္သည္။ ကားပါကင္ဆိုေပမဲ့လဲ မသုံးေတာ့တာ ၾကာပုံရသည္။ ခ်န္က်န္း၏ တစ္ပတ္ရစ္ကားသာ တစ္စီးတည္း ရပ္ထားေလသည္။ ထိုေနရာတြင္ လူေတြအမ်ားႀကီး ရွိေနေပမဲ့ ပိုင္ရွင္ကို မေတြ႕။

CCTV ဟူ၍ တစ္ခုသာ ေတြ႕ေသာ္လဲ ကေလးမ်ား ရိုက္ႏွက္ဖ်က္ဆီးထား၍ က်ိဳးပဲ့ေနေလၿပီ။

သူ႕ကို ေနရာလာေျပာျပေသာသူမွာ လြယ္လြယ္ကူကူႏွင့္ ပိုက္ဆံအမ်ားႀကီးရလိုက္၍ အားနာဟန္ရွိကာ ဟိုဟိုသည္သည္ သြား၍ ကားပိုင္ရွင္ ခ်န္က်န္းကို လိုက္ရွာေပးသည္။

ေလာ့ဝမ့္က်ိဳးက ခ်န္က်န္းကားနားကို သြားၾကည့္ေတာ့ ကားနားတြင္ စီးကရက္အစီခံမ်ား ပစ္ခ်ထားသည္ကိုေတြ႕ရသည္။ ပစ္ထားသူမွာ စိတ္တိုေနပုံရကာ အစီခံကို ေျခေထာက္ႏွင့္ တက္နင္းထားေသးသည္။

ေလာ့ဝမ့္က်ိဳးက ဖိနပ္ရာနားတြင္ ရပ္ကာ ကားကိုမွီ၍ ပတ္ဝန္းက်င္ကို အကဲခတ္သည္။

ခ်န္က်န္းက သူ႕သတိေပးခ်က္ကို နားမေထာင္ပဲ တစ္ေယာက္ထဲ လႈပ္ရွားခဲ့သည္။ သူ႕အေျခအေနက က်ိဳးေၾကာင္းဆင္ျခင္နိုင္မည့္ပုံမေပၚ။ အဲ့ဒါဆို ဘာလို႔ ဒီကိုတစ္ေယာက္ထဲလာၿပီး စီးကရက္လာဖြာေနရတာလဲ... ဘာကို သံသယဝင္လို႔ ဒီမွာရွိေနတာလဲ...

ဒါမွမဟုတ္ တစ္စုံတစ္ေယာက္ကို ေစာင့္ေနတာလား..

ထိုအခ်ိန္တြင္ ေစာေစာက လူ အေမာတေကာႏွင့္ ​ျပန္ေျပးလာသည္။
" မင္း စာတစ္ေစာင္ေလာက္ ေရးၿပီး သူလာရင္ ဆက္သြယ္နိုင္ေအာင္ ကားေပၚျဖစ္ျဖစ္တင္ခဲ့ပါလား.. ဟိုးနားမွာ အထည္ေရာင္းတဲ့ မိန္းမႀကီးက သူ႕ကို မွတ္မိတယ္တဲ့..ဒီမွာ အၾကာႀကီး ရပ္ေနၿပီးေတာ့ Blessing Grand View ထဲ ဝင္သြားတယ္လို႔ေျပာတာပဲ"

" Blessing Grand View??"

" ဟိုနားေလးမွာ"
ထိုသူက တစ္ေနရာကို လက္ညိုးထိုးျပသည္။ မီးေရာင္စုံထိုးထားသည့္ ဆိုင္းဘုတ္တြင္ " ဘိလိယက္ စစ္တုရင္ မာဆတ္ႏွင့္ ေကတီဗြီ" ဟု ေရးထား၏။ ခ်န္က်န္းရပ္ေနသည့္ေနရာႏွင့္ ေရွ႕တည့္တည့္တြင္ ရွိေနကာ ထိုေနရာတြင္ေတာ့ ကားေပါင္းစုံရပ္ထားသည္ကို ေတြ႕ရေလသည္။

ေလာ့ဝမ့္က်ိဳးက ဒါရိုက္တာ လုကို " Blessing Grand View .. အေနာက္ရႈခင္းသာလမ္းအေရွ႕ဘက္...ဟြားရွီအေနာက္ျခမ္း.. အကူအညီေတာင္းခံ" ဆိုသည့္ စာကို ခပ္သြက္သြက္ပို႔သည္။ လိုက္ရွာေပးသူကိုလဲ ေက်းဇူးတင္စကားဆိုကာ ထိုအေဆာက္အဦးကို တစ္ပတ္ပတ္ၾကည့္သည္။ ပတ္ဝန္းက်င္ အေနအထားကို က်က္မိသည္ႏွင့္ ဆံပင္ကို ဆြဲဖြာ၍ ေခါင္းေမာ့ ရင္ေကာ့ကာ ဝင္လာခဲ့၏။

ခန္းမတစ္ခုလုံးကို မီးေရာင္စုံႏွင့္ အလွဆင္ထားသည္။ တခ်ိဳ႕မီးလုံးမ်ားမွာ က်ိဳးပဲ့ပ်က္စီးေနသည့္အတြက္ အေရာင္မွိန္သလိုရွိသည္။ ေျခခ်င္းလိမ္ေအာင္ သြားေနၾကေသာ လူငယ္မ်ားမွာ လမ္းသရဲေလးမ်ားႏွင့္ ပိုတူသည္။ ေထာင့္တစ္ေနရာတြင္ ေဆးလိပ္စုေသာက္ကာ လူအသစ္ဝင္လာသည္ႏွင့္ လိုက္ၾကည့္ၾကသည္။

ေလာ့ဝမ့္က်ိဳးက သူတို႔ကို မျမင္ခ်င္ေယာင္ေဆာင္ကာ ေကာင္တာသြား၍ စားပြဲခုံကို ေခါက္သည္။
" သီးသန့္ခန္းတစ္ခန္း.. ခဏေနရင္ တစ္ေယာက္ထပ္လာမယ္"

ထို႔ေနာက္ သူ႕ေဘးမွ မီႏူးစာအုပ္ကို ဆြဲယူကာ အျပင္ကထက္ ႏွစ္ဆေက်ာ္ ေစ်းတင္ထားသည့္ ဝိုင္ပုလင္းမ်ားကို လိုက္ၾကည့္သည္။ ေစ်းတင္ထားသည္ကို မသိသလိုႏွင့္ အမ်ားႀကီးမွာသည္။

ဧည့္ႀကိဳေကာင္မေလးမွာ ေကာင္းကင္ေပၚက က်လာသည့္ လက္ဖြာေသာ ေဖာက္သည္ကို ပ်ာပ်ာသလဲ ႀကိဳဆိုသည္။
" ဆရာ.. ျဖည္းျဖည္းခ်င္းေျပာပါ..."

ေလာ့ဝမ့္က်ိဳး ႐ုတ္တရက္ ပါးစပ္ပိတ္သြားသည္။

ေကာင္မေလးက သူ႕ကို စိုက္ၾကည့္ေနေသာ ဧည့္သည္ကို ေၾကာင္ၾကည့္ေနသည္။ ေလာ့ဝမ့္က်ိဳးက အၾကာႀကီးေနမွ စကားစသည္။
" ဒီမွာ ဘယ္ေလာက္ပိုက္ဆံသုံးမွ စားပြဲထိုးကို ေခၚထားလို႔ရမလဲ"

ေကာင္မေလးမွာ သူ႕စကားကို လုံးဝနားလည္သြားသည့္ဟန္ႏွင့္ ၿပဳံးလိုက္သည္။ ထို႔ေနာက္ စားပြဲေအာက္မွ စာအုပ္ကို ထုတ္ေပးလိုက္သည္။
" ဓာတ္ပုံေတြ အရင္ၾကည့္ၾကည့္ပါဦး ဆရာ"

လွေအာင္ တမင္ဖိုတိုေရွာ့ထားသည့္ ပုံတခ်ိဳ႕ကို ေတြ႕လိုက္ရသည္။ မိတ္ကပ္ထူလပ်စ္ႏွင့္ ေတာမက ၿမိဳ႕မက်သည့္ ပုံေတြက ၾကည့္ေပ်ာ္ရႈေပ်ာ္မရွိ။

ေလာ့ဝမ့္က်ိဳးက စာ႐ြက္ကို ႏွစ္ခါသုံးခါေလာက္ လွန္ၿပီးေနာက္ စိတ္မရွည္သလိုျဖစ္လာသည္။
" ပုံေတြကလဲ ဖိုတိုေရွာ့ထားတာ ေမြးထားတဲ့အေမေတာင္ မမွတ္မိေလာက္ဘူး.. ပုံမွန္လူေတြ မရွိဘူးလား"

ေကာင္မေလးက ျပန္ေျဖမည္ျပင္႐ုံရွိေသး ေလာ့ဝမ့္က်ိဳးက အနားကပ္လာသည္။ ဟန္မေဆာင္နိုင္ေတာ့သည့္အလား စိတ္မရွည္မႈမ်ားစြာႏွင့္ လာရင္းကိစၥကို ေမးလိုက္သည္။

" ဝူ႐ႊယ္ခ်န္ ဆိုတာ ရွိလား"

......
End of part 17
Thank u all

Continue Reading

You'll Also Like

32.8K 4.2K 44
لە هەفتە یەکدا تەنها یەک ڕۆژ بە ئاسای بژی18 کووکی : من خیانەتم نەکردوە ن/ت :بینیم کە ماچی ئەوت کرد
490K 89.2K 177
Fan translation of 这个电影我穿过 [I've Transmigrated Into This Movie Before] Author 梦魇殿下 [Mèngyǎn diànxià (Her Highness, the nightmare)] ...
362K 6.7K 51
တစ်ယောက်ယောက်-------------ကျေးဇူးပြုပြီးးးးးးးးးး ကယ်ပါ------------------------------------------- ကိုယ့်ရဲ့ လှောင်အိမ်ထဲကနေ မင်းဘယ်တော့မှထွက်ပြေးလို...
35.6K 5.3K 33
لە ڕۆژی هەینیدا چاویان بەیەک کەوت .. باس لە کچێکی ليکۆڵەر دەکات کە هاوسەرگیرت لەگەڵ کوڕێکی دەوڵەمەند و بەناوبانگ دەکات بەبێ ویستی خۆی لە ماوەی پەیوە...