နတ်ဆိုးဘုရင်ကဇာတ်ညွှန်းအတိုင်...

By keodilan

11.3K 797 53

Short Title:DLOFS Alternate Title:魔尊只想走剧情 Status:Completed Author:Jimo Yao Genre:Adventure, Comedy, Drama, Fa... More

Read First
Description
အပိုင်း(အပိုင်း၁.၁) Unicode
အပိုင်း(အပိုင်း၁.၂) Unicode
အပိုင်း(အပိုင်း၁.၁)Zawgyi
အပိုင်း(အပိုင်း၁.၂)Zawgyi
အပိုင်း(၂.၁) Unicode
အပိုင်း(၂.၂) Unicode
အပိုင်း(၂.၁)Zawgyi
အပိုင်း(၂.၂) Zawgyi
အပိုင်း(၃.၁) Unicode
အပိုင်း(၃.၂) Unicode
အပိုင်း(၃.၂)Zawgyi
အပိုင်း(၄.၁)Unicode
အပိုင်း(၄.၂) unicode
အပိုင်း(၄.၁)zawgyi
အပိုင်း(၄.၂)zawgyi
အပိုင်း(၅)Unicode
အပိုင်း(၅)Zawgyi
အပိုင်း(၆) Unicode
အပိုင်း(၆)Zawgyi
အပိုင်း(၇) Unicode
အပိုင်း(၇)zawgyi
အပိုင်း(၈.၁) Unicode
အပိုင်း(၈.၂) Unicode
အပိုင်း(၈.၁) zawgyi
အပိုင်း(၈.၂) zawgyi
အပိုင်း(၉.၁)/အပိုငျး(၉.၁)
အပိုင်း(၉.၂)/ အပိုင်း(၉.၂)
အပိုင်း(၁၀) Unicode
အပိုင်း(၁၀)zawgyi

အပိုင်း(၃.၁)Zawgyi

137 5 0
By keodilan





အပိုင်း(၃.၁)
မရေမတွက်နိုင်အောင်များပြားလှတဲ့ ပျံဝဲနေသော ဝိဉာဉ်လက်နက်တွေက ****သင်္ဘောတစ်စင်းကနေဦးဆောင်လာပြီး အရိပ်တွေက အဲ့နေရာကို ဖြတ်ကျော်လာပြီး ဖုံးအုပ်သွားကာ လူတွေကို ခိုက်ခိုက်တုန်သွားအောင် ဖြစ်စေကာ ကောင်းကင်ကို ပျံတက်လာတယ်။

ဖန်းလိက လှေရဲ့ ခွက်နေတဲ့ အပိုင်းမှာ ရပ်နေခဲ့တယ်။ ဘာလို့လဲဆိုတော့ သူက အကာအကွယ်စောင့်ရှောက်တဲ့သူဖြစ်နေလို့ပဲ။ သူကို လေအေးတွေက မနှောင့်ယှက်နိုင်သောကြောင့် သူ့ရဲ့အဝတ်တွေက မလှုပ်မယှက်ရှိနေတယ်။

ဒါကဘာလို့လဲဆိုတော့ လုဟန်အဆိပ်အန္တရာယ်ရဲ့ ဖောက်ပြန်လာခြင်းကြောင့်ပဲ။ ပြီးတော့ သူ့ခန္ဓာကိုယ်အတွင်းပိုင်းကလည်း ပရမ်းပတာဖြစ်နေတဲ့အတွက်ကြောင့် သူ့ဝိဉာဉ်ကလည်း ထွက်ခွါသွားပြီ။ သူမဆင်မခြင်လုပ်လိုက်မယ်ဆိုရင် သူလုံးဝကို ရူးသွားသလိုဖြစ်သွားလိမ့်မယ်။ မကြာခင် သူဖူချုန်တောင်ကို ပြန်ရလိမ့်မယ်။ တကယ်လို့ သူခုကျင့်ကြံဆင့်အခြေအနေနဲ့ တတ်နိုင်သလောက်ပြန်မကောင်းဘူးဆိုရင် သူဒီကောက်ကျစ်ပြီး အလှမ်းကျယ်လှတဲ့ နောက်လိုက်တွေရဲ့ ပြုသမျှကို နုရလိမ့်မယ်။

သို့ပေမဲ့လည်း သူ system ကို ဒီတာဝန်တွေပြီးမြောက်လိမ့်မယ်လို့ ကတိမပေးနိုင်ဘူး။ ဖန်းလိသာမန်ကာလျှံကာတွေးလိုက်တယ်။ ရူးချင်ယောင်ဆောင်လိုက်မယ်ဆိုရင်ရော?

ဒီဝတ္ထုထဲက  လှပတဲ့ အတုအယောင်လှည့်စားမှုတွေကြား တဖြည်းဖြည်း နစ်မြုပ်သွားမယ်ဆိုရင် သူ့ကိုယ်သူပျောက်ဆုံးလိမ့်မယ်။ တကယ်လို့ မင်းသာ ဒီလိုမျိုးလှပတဲ့ အိပ်မက်လေးထဲမှာ သေဆုံးသွားရမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။

ဒါကစိတ်ပျက်စရာကောင်းနိုင်ပေမဲ့လည်း သူဒီလိုလှပတဲ့အိပ်မက်လေးထဲကနေ နိုးထမလာချင်တော့ဘူး။ ဒါပေမဲ့ သနားစရာကောင်းတာက သူဘာကို အိပ်မက်မက်နေလဲဆိုတာတောင် သူမသိဘူး။

ဝူရိမေ့က တစ်ဖက်တစ်ချက်မှာ မျက်လွှာချထားပြီး ရိုရိုသေသေ မတ်တပ်ရပ်နေတယ်။ သူ့ရဲ့ မျက်ခုံးတွေက အနည်းငယ်တွန့်နေတယ်။ သူ့အရှင်ရဲ့ ယန်ကျန်းချီးကို တိုက်ခိုက်ရတဲ့ အကြောင်းလို့ သူထင်လိုက်တယ်။ အမှန်တရားဘက်တော်သား အမတဂိုဏ်းရဲ့ ဂိတ်တံခါးကို ဖျက်ဆီးခြင်းထက်မပိုဘူး။ ယန်ကျန်းချီးက အမတဝိဉာဉ်ဂိုဏ်းကမ္ဘာရဲ့ ရှေးအကျဆုံးဂိုဏ်လည်းဖြစ်ပြီးတော့ အမတဂိုဏ်းကြီးငါးဂိုဏ်းရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ်။  သူတို့ရဲ့ အဆင့်အတန်းကဆိုရင် လူတွေရဲ့လေးစားခြင်းကို ခံရပြီး အမှန်တရားရဲ့ နမူနာ အမြဲတမ်း ဖြစ်နေခဲ့တာ။ ဒါက မျောက်နဲ့ ကြက်တွေကို ခြောက်ဖို့သင့်တော်တယ်။

ယုရီကျွင်းရှဲ့ဟိုင်အတွက်တော့ ဒီလိုငယ်ရွယ်ပြီး ချီဖြိုခွဲခြင်းအဆင့်မှာရောက်နေတဲ့ သခင်လေးတစ်ယောက်မှာ အဆုံးမရှိတဲ့ အနာဂတ်ရှိတယ်။ သေဖို့စောင့်နေရတဲ့ လူအိုကြီးတွေနဲ့ မယှဉ်နိုင်ဘူး။ ရှဲ့ဟိုင်မှာ စွမ်းအားက အလွန်အမင်းကြီးမားပြီး အေးစက်စက် အလင်းတစ်ချက်တည်းနဲ့ မရေမတွက်နိုင်အောင် များပြားတဲ့ နတ်ဆိုးကျင့်ကြံသူတွေကို သတ်ခြင်းအားဖြင့် စကေးမြင့်မြင့်နဲ့တိုက်ခိုက်နိုင်တယ်။ သေဖို့အတွက် လုံလောက်အောင် သတ္တိတွေ ရှိတဲ့ နတ်ဆိုးကျင့်ကြံသူတွေ။ တိုက်ပွဲရဲ့ ဦးတည်ချက်က ရှဲ့ဟိုင်ရဲ့ ကျင့်ကြံဆင့်တွေကို လောင်မြိုက်သွားစေဖို့ပဲ။ အဆုံးမှာတော့ ဒါက သူ့ကို နာကျင်စေတဲ့ အရမ်းမိုက်တဲ့ ရိုက်ချက်ဖြစ်ခဲ့တယ်။

ရှဲ့ဟိုင်ရဲ့ ချိန်းခြောက်ခြင်းက အလွန်ကြီးမားခဲ့တယ်။

ပြိုင်ဘက်တစ်ယောက်အနေနဲ့ အချိန်ပေးလိုက်ခြင်းက ပြင်းထန်တဲ့ ပြဿနာဖြစ်လာနိုင်တယ်။ အမြစ်ကို ထုတ်ပြီး မြက်ပင်ကို ဖြတ်ပစ်ဖို့ မှန်ပေမဲ့လည်း အလွယ်တကူ ထုတ်ပစ်လိုက်လို့မရဘူး။

(T/N- ဒီမှာက သူဆိုတဲ့သဘောက ယန်ကျန်းချီးကို အမြစ်ပြတ်သုတ်သင်ချင်ပေမဲ့ မလွယ်ဘူးလို့ ဆိုလိုတာပါ)

ဝူရိမေ့က သူ့အရှင် ရှဲ့ဟိုင်လို အလိုလိုက်ခံထားရတဲ့ အိမ်မွေးတိရစ်ဆာန်လေးကို ချိန်းခြောက်တဲ့ အကြောင်းကို စဉ်းစားနေတယ်။ ဒါက ယန်ကျန်းချီးရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်ရုံသာမက ဒီချိန်းခြောက်ခြင်းရဲ့ အကျိုးအနေနဲ့ ပြိုင်ဘက်တွေကို ရှင်းထုတ်ပစ်နိုင်တဲ့ အခွင့်အရေးလည်းဖြစ်တယ်။ ရှဲ့ဟိုင်တကယ်ပြန်ယူလာလိမ့်မယ်လို့ ဘယ်သူကတွေးမိမှာလဲ..........

ဒါကို ဝူရိမေ့ နားမလည်နိုင်ဘူး။

သူ့အရှင်ရဲ့ ရည်ရွယ်ချက်ကို သူဘယ်တုန်းကမှ မမှန်းဆရဲခဲ့ဘူး။ ဒါပေမဲ့ ရှဲ့ဟိုင်လို လူတစ်ယောက်ကို သူ့ဘေးမှာ အိမ်မွေးတိရစ်ဆန်အနေနဲ့ ထားမယ်ဆိုရင် ကျားတစ်ကောင်နဲ့ နေနေတာနဲ့ တူမှာပေါ့။ သူ နည်းနည်းလေးဖြစ်ဖြစ် သတိမထားမိလိုက်ဘူးဆိုရင် ဘယ်သူသေမလဲဆိုတာ သူသိတောင်သိလိုက်မှာ မဟုတ်ဘူး။
ဖြစ်နိုင်တာက......သူ့အရှင်က ရှဲ့ဟိုင်ကို သူ့ဘာသာတွေ့ခဲ့ပြီး သူ့ရုပ်ရည်မှာ ရှုပ်ထွေးပျော်ဝင်သွားတာလား။ ဒါဆိုရင် သူ့မှာ တကယ်ပဲ ဘယ်လိုအတွေးတွေ ရှိနေတာလဲ?
ဝူရိမေ့က အဲ့အကြောင်းတွေးလိုက်ပြီး တည်တည်ငြိမ်ငြိမ် ကြည့်ကာ ပြောလိုက်တယ်။
အရှင်..ဒီငယ်သားထင်တာက ရှဲ့ဟိုင်ကို ခေါ်သွားဖို့ မသင့်တော်ပါဘူး။

ဖန်းလိ သူ့ရဲ့ အသိစိတ်တွေ ပြန်ဝင်လာပြီ သူ့ဘေးက လူတွေကို ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပြုံးလိုက်ကာ
အို...? ဒါဆို မင်းဘယ်လိုထင်လဲ?
ဝူရိမေ့က သူ့ရဲ့ အသံအက်အက်တွေနဲ့ ဖြည်းညှင်းစွာပြောလိုက်တယ်.
ရှဲ့ဟိုင်က အိမ်မွေးတိရစ်ဆာန်တစ်ယောက်ဖြစ်ဖို့ ဆန္ဒရှိလောက်မှာမဟုတ်ပါဘူ။အရှင့်ကို တိုက်ခိုက်ဖို့ အခွင့်အရေးကို သေချာပေါက်စောင့်နေလိမ့်မယ်။ ဒီလူကို လျှော့တွက်လို့ မရပါဘူး။ ရှည်လျားတဲ့ ညတွေနဲ့ အိပ်မက်ဆိုးတွေမရှိစေဖို့ မြက်ပင်ကို အမြစ်ကနေ ဆွဲထုတ်ပြီး ဖြတ်ထုတ်သင့်တယ်လို့ ဒီငယ်သား ထင်မြင်မိပါတယ်။

ဘယ်လောက်တောင်အသိဉာဏ်ရှိပြီး ရက်စက်လှတဲ့ အမြှောက်စာဇာတ်ကောင်လေးလဲ။ အဓိကဇာတ်ကောင်ကို အိမ်ခေါ်သွားခါနီး ဖြစ်နေတာတောင် သူ့(ရှဲ့ဟိုင်) ကို နှုတ်ပိတ်ပြီး သတ်ပစ်ဖို့ တွန်းအားပေးလိုက်သေးတယ်။

ဖန်းလိက ဝူရိမေ့ကို ပျင်းပျင်းရိရိနဲ့ ကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်တယ်။
သူက ငါကိုယ်တော်ကို ချိန်းခြောက်နိုင်မယ်လို့ မင်းထင်တယ်ပေါ့?

ဝူရိမေ့ရဲ့ အသားရောင်က တဖြည်းဖြည်း ပြောင်းလဲသွားတယ်။ သူ့အရှင် မကျေမနပ်ဖြစ်မှာကို စိုးရိမ်တဲ့အတွက် လျင်လျင်မြန်မြန်ပဲပြောလိုက်တယ်။
ဒီငယ်သားမှာ အဲ့လိုရည်ရွယ်ချက်မျိုးလုံးဝမရှိပါဘူး။ ကျွန်တော့်ရဲ့ အရှင်မှာ သူနဲ့ ပတ်သက်ပြီး ဘာရည်ရွယ်ချက်မှမရှိဘူးဆိုရင် သူ့ကို ဘာလို့ခေါ်သွားနေမှာလဲ။ သူ့ကို တိုက်ရိုက်သတ်လိုက်မယ်ဆိုရင် ပိုပြီး မကောင်းစေဘူးလား။ အရှင်သူ့ကို ကြောက်နေတာလား?
ဖန်းလိ- သူ့အပေါ်မှာရည်ရွယ်ချက်မရှိဘူးလို့ဘယ်သူပြောလဲ?
ဝူရိမေ့- .........
ဖန်းလိက အပြစ်ပြောဖို့အတွက် သူ့နှုတ်ခမ်းအပေါ်မှာ အပြုံးလေးတွဲခိုလျက်။ သူ့ရဲ့ အသံအနေအထားက ပုံမှန်ပါပဲ။ သူ့ရဲ့ နောက်ဆုံးစကားက မေးခွန်းထုတ်လို့ မရနိုင်ဘူး။
မင်းရဲ့ သခင်ကပြောနေတယ်လေ။ သူက အခု ဒီသခင်အရှင်ရဲ့ လူဖြစ်သွားပြီ။ ဒါကြောင့် ဒီကိစ္စကို ထပ်မပြောနဲ့တော့။
သူရှဲ့ဟိုင်ကို သတ်ဖို့စောင့်ကြည့်ရဦးမယ်။
ဝူရိမေ့က ဖန်းလိရဲ့ စိတ်ဆုံးဖြတ်ချက်ချပြီးပြီဆိုတာကို တွေ့ပြီးပြီ။ အနည်းဆုံးတော့ ခုချိန်မှာ ရှဲ့ဟိုင်ရဲ့ ဘဝကို နာကျင်အောင် လုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ့အရှင်ကို ဒီလို လူမျိုးနဲ့ နေဖို့ကိုတော့ သူ တကယ် စိုးရိမ်မိတယ်။ သူခဏလောက် တိတ်ဆိတ်နေခဲ့တယ်။ ပြီးတော့ သူဆက်ပြောခဲ့တယ်။
အရှင်ရှဲ့ဟိုင်ကို တကယ် လက်ခံချင်တယ်ဆိုရင် သူ့ရဲ့ ကျင့်ကြံခြင်းကို ဖျက်သိမ်းလိုက်တာက ပိုကောင်းပါလိမ့်မယ်။ ဒါဆို သူ အနာဂတ်မှာ ပျော်ရွှင်လာတဲ့အခါ ပို ပိုပြီး နာခံလာပါလိမ့်မယ်။

ဖန်းလိက နောက်ဆုံးမှာတော့ သူ့ခေါင်းကို လှည့်လိုက်ပြီး ဝူရိမေ့ကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။

ရိုးရိုးသားသားပြောရမယ်ဆိုရင် ဒီလိုဖြစ်မယ်လို့ သူ မမျှော်လင့်ခဲ့ဘူး။ သူမူရင်းစာအုပ်ကို ဖတ်ခဲ့တာပဲ။ ရှဲ့ဟိုင် ဖျက်ဆီးခံရတာက တကယ်ပဲ။ ဒါပေမဲ့ မူရင်းဝတ္ထုက  ဒါကို ဝူရိမေ့က ဖန်တီးခဲ့တယ်ဆိုပြီး မပြောထားဘူး။

ဖန်းလိ ခဏလောက် စဉ်းစားနေလိုက်တယ်။ ပြီးတော့ ပြောလိုက်တယ်။  ဒီလိုအလှလေးက ဒီအရှင်ရဲ့ စိတ်ဝင်စားမှုကို နာကျင်စေပြီး **** စေခဲ့မယ်ဆိုရင် ဝိဉာဉ်လှောင်ပိတ်ခြင်းလက်ချောင်းကို သုံးလိုက်ပါ။

ဝူရိမေ့က ထပ်ပြောစေချင်ပေမဲ့လည်း ဖန်းလိရဲ့ တသမတ်တည်းဖြစ်နေတဲ့ အမူအရာကို ကြည့်ခြင်းအားဖြင့် သူရှင်းရှင်းလင်းလင်းကို မကျေမနပ်ဖြစ်နေတယ်။ ဒါကြောင့် သူကပြောလိုက်တယ်။  ဟုတ်ကဲ့ပါ ပြီးတော့ သူက ဦးခေါင်းညွှတ်ကာ အရိုအသေပေးလိုက်ပြီးနောက် ပြန်ဆုတ်သွားတယ်။ ရှဲ့ဟိုင်နဲ့ပတ်သက်ပြီး အကောင်အထည်ဖော်ဖို့ ဆက်လက်လုပ်ဆောင်ရန် စီစဉ်နေဦးမှာပဲ။ ဒါပေမဲ့ ဂရုမပြုဘဲနေမှာ မဟုတ်ဘူး။

သူက အမြဲတမ်း တာဝန်သိတတ်တဲ့ နောက်လိုက်ကောင်းတစ်ယောက်ဖြစ်ခဲ့တယ်။

ဖန်းလိက ဝူရိမေ့ထွက်သွားတာကို ကြည့်နေခဲ့ပြီး သူ့ခေါင်းကို ခါလိုက်တယ်။ ဖြည်းညှင်းစွာ သက်ပြင်းချမိသွားတယ်။ မင်းကသစ္စာရှိတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ မင်း အဓိကဇာတ်ကောင်ကို ဆန့်ကျင်လိုက်မယ်ဆိုရင် ကောင်းမွန်တဲ့ အဆုံးသတ် ဖြစ်လာတော့မှာ မဟုတ်ဘူးဆိုတာ မင်းသိရဲ့လား။

[ Systemကစိုးရိမ်တကြီးပြောလိုက်တယ် - မင်းဘာလို့ ဝူရိမေ့ကို ဝိဉာဉ်လှောင်ပိတ်ခြင်းလက်ချောင်းကို သုံးခွင့်ပြုလိုက်တာလဲ? ဇာတ်ညွှန်းအရ မင်းရဲ့ လက်တွေနဲ့ သူ့ရဲ့ကျင့်ကြံခြင်းကို ဖျက်ဆီးပစ်သင့်တာမဟုတ်ဘူးလား။ ]

[ဖန်းလိ-သူ့ရဲ့ ကျင့်ကြံဆင့်ကို ဖျက်ဆီးခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ? ]
[ System-သူ့ကို ကျင့်ကြံခြင်း အခြေခံ မရှိအောင်လို့..... ] ချောင်းဆိုးလိုက်ပြီး မင်းကြိုက်တာ လုပ်နိုင်တယ်။
[ ဖန်းလိ-ဝိဉာဉ်လှောင်ပိတ်ခြင်းရဲ့ လုပ်ဆောင်ချက်က ဘာလဲ? ]

[ System-အချိန်တစ်ခုအကြာလောက်တော့ သူ့မှာ ကျင့်ကြံခြင်းရှိမှာ မဟုတ်သေးဘူး ]          ဒီလှည့်ကွက်ကို ထွက်ပေါက်တွေနဲ့ ပတ်သက်ပြီး မကြာခဏသုံးလေ့ရှိတယ်။ ဝိဉာဉ်စွမ်းအားနဲ့ ကျင့်ကြံခြင်းထွက်ပေါက်တွေကို ချိတ်ပိတ်ထားနိုင်တယ်။ အကျဉ်းသားတွေဘယ်လိုမှ မခုခံနိုင်ဘူး။ ပြီးတော့ မင်းကြိုက်တာလည်းလုပ်နိုင်တယ်။

[ ဖန်းလိ-ဒါဆို မင်းမှာ မေးစရာရှိသေးလား?   ]

[ System- .......... ] ဒါပေမဲ့ လုံးဝကို မတူညီတဲ့ အကြောင်းအရာနှစ်ခု ရှိသေးတယ်။ ပထမတစ်ခုက ဘုန်းတော်ကြီးရဲ့ ကျင့်ကြံဆင့်ကို ဖျက်ဆီးဖို့ပဲ။ သူနောက်တစ်ခေါက်ပြန်မထနိုင်အောင်လို့။ သူ့ကို လုံးဝသုံးစားလို့မရတဲ့ လူလို့ သတ်မှတ်လို့ ရတယ်။ ဒါပေမဲ့ ဝိဉာဉ်လှောင်ပိတ်ခြင်းလက်ချောင်းက သူ့ရဲ့ ကျင့်ကြံခြင်းကို ယာယီပဲ ပိတ်ထားနိုင်မှာ။ သူက သူ့ရဲ့ ကျင့်ကြံခြင်းကို ပြန်သိုလှောင်ထားချင်တယ်ဆိုရင် သူက ဒီချိတ်စည်းကို ထုတ်ယူလိုက်ရုံပဲ။ တစ်ခုက ယာယီဖြစ်ပြီးတော့ တစ်ခုကတော့ ထာဝရပဲ။ တစ်ခုက ပြောင်းပြန်ဖြစ်ပြီးတော့ နောက်တစ်ခုကတော့ ပြောင်းပြန်မဟုတ်ဘူး။

[ ဖန်းလိ- ငါ့ခန္ဓာကိုယ်က ကြောင်စီစီဖြစ်နေတယ်။ ပြီးတော့ ငါ့ကိုယ်ငါ ဂရုမစိုက်နိုင်ဘူး။ တကယ်လို့ ငါကိုယ်တိုင်လုပ်လိုက်မယ်ဆိုရင် ငါအရင်သေသွားလိမ့်မယ်။  ]
[ System-......... ]

[ ဖန်းလိ- ဒါပေါ့..ငါသေခြင်း၊ ရှင်ခြင်းကို လုံးဝ ဂရုမစိုက်ဘူး။ ဒါ့အပြင် ငါတစ်ခါသေပြီးသွားပြီးပြီ။ မင်းမရမကတောင်းဆိုရင်တောင် ငါသွားဖို့ မဖြစ်နိုင်ဘူး။ ]
[ Systemအတင်းအကြပ်ပြုံးလိုက်ပြီး-မလုပ်ပါဘူး။ ]  မေ့လိုက်တော့။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ကြိက်တာ သူတို့ လုပ်နိုင်တာပဲလေ။ ထပ်တူကျသင့်တာလား?
ဖန်းလိက သူ့ရဲ့နှုတ်ခမ်းထောင့်တွေကို ပင့်တင်ပြီးတော့ ပြုံးလိုက်တယ်။ သူ့မျက်လုံးတွေကို မှေးကျဉ်းလိုက်တာက အတွေးများနေတဲ့ပုံပေါ်သွားစေတယ်။

မူရင်းဝတ္ထုမှာ ရန်ရွှီက သူ့လက်တွေနဲ့ ရှဲ့ဟိုင်ရဲ့ ကျင့်ကြံဆင့် အားလုံးကို ဖျက်ဆီးလိုက်ရုံသာမကပဲ အလွန်အမင်း ရက်စက်တဲ့ နည်းလမ်းတွေကိုလည်း အသုံးပြုခဲ့တယ်။ မြင်ကွင်းက အရမ်းကို သွေးပျက်စရာကောင်းတယ်။ ရှဲ့ဟိုင်ရဲ့ ဒန်တန်ကိုလည်း သူ့လက်နဲ့ အစိတ်စိတ်အမြွှာမြွှာဖျက်ဆီးခဲ့ရုံသာမက သူ့ရဲ့ အရိုးတွေအားလုံးကိုလည်း တစ်လက်မပြီးတစ်လက်မ ချေမွပစ်ခဲ့တယ်။ညှဉ်းပန်းနှိပ်စက်တဲ့ လူရဲ့ သဘောတကျခံရတဲ့လူသားလိုပဲ။ အသက်ရှုဖို့ တစ်ခုတည်းသာကျန်တော့တယ်။ ဘုန်းတော်ကြီးတစ်ပါးလိုပဲ ဆက်ဆံခံရတယ်။ သူ့ရဲ့ အသက်ကို ထုတ်ယူသွာခြင်းထက်တောင် ပိုပြီး ကြမ်းကြုတ်လှတယ်။

ဒန်တန်ကလည်း ပျက်ဆီးသွားပြီ။ အရိုးတွေအားလုံးကလည်းကျိုးသွားပြီ။ တကယ်လို့ ****ပေါ်လာရင်တောင် ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး သူ့ကံကြမ္မာကို ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ငါသူ့ကို လုံးဝဖျက်ဆီးပစ်ချင်တယ်။

တကယ်လို့ သာမန်ဘုန်းကြီးတွေသာ ဒီလို ရှဲ့ဟိုင်ကဲ့သို့ ညှဉ်းပန်းနှိပ်စက်မှုကို ခံစားရမယ်ဆိုရင် သူတို့တွေ သေကောင်းသေသွားနိုင်တယ်။ ဒီကမ္ဘာ့ ကံကြမ္မာ ရဲ့ အဓိကဇာတ်ကောင်အနေနဲ့ ဒီလို ဖရိုဖရဲအခြေအနေကနေ ခေတ်ရေစီးကြောင်းကို ဆန့်ကျင်ပြီး တစ်ဖန်ပြန်တောက်ပလာလိမ့်မယ်။ အားလုံးကို ဖြတ်ကျော်ပြီး ထိပ်ဆုံးကိုတောင် ရောက်သွားနိုင်တယ်။

တခြားတစ်ယောက်သာဖြစ်မယ် ဆိုရင် ဒီဘဝမှာ သူက အသုံးမဝင်တဲ့ လူတစ်ယောက်သာသာပဲဖြစ်သွားလိမ့်မယ်။ အမတကျင့်စဉ်အတွက် အခွင့်အရေးတောင်ရှိမှာ မဟုတ်ဘူး။

ရှဲ့ဟိုင်ဘယ်လိုပြန်လည်တည်ဆောက်ခြင်းကို အောင်မြင်သွားလဲဆိုတာကို စာထဲမှာ မပြောပြထားပေမဲ့ ဖန်းလိကတော့ စူးတွေနဲ့ ပြည့်နေတဲ့ လမ်းလို့ ထင်တယ်။

ဖန်းလိ မူရင်းဝတ္ထုကို ဖတ်တုန်းက ဇာတ်ညွှန်းက ရင့်သီးတယ်လို့ပဲ ခံစားခဲ့ရတယ်။ ခုတော့ အဲ့လို မုန်းတီးနေရခြင်းရဲ့ ရည်ရွယ်ချက်ကို ခံစားမိပြီ။

ဝူရိမေ့က ဘာလို့ ရှဲ့ဟိုင်ကို သတ်ဖို့ အကြံပေးရတဲ့ ရည်ရွယ်ချက်ကို ဖန်းလိရဲ့ နှလုံးသားထဲမှာ ရှင်းရှင်းလင်းလင်းကို သဘောပေါက်သွားပြီ။ သူ မသတ်ရင်တောင် ဒီလိုဘေးအန္တရာယ်က သဘာဝအရ သတ်ဖြတ်ဖို့ အကောင်းဆုံးပဲ။ သူ့မှာ နောက်တစ်ကြိမ်ပြန်ထဖို့ အခွင့်အရေး ရှိမှာ မဟုတ်ဘူး။ ရှဲ့ဟိုင်ကို လက်မလွှတ်နိုင်ဘဲ အထက်စီးဆန်ဆန်တွေးပြီး ဒီလို လူမျိုးနဲ့ ကစားနေမယ်ဆိုရင် ရယ်စရာဖြစ်သွားလိမ့်မယ်။
ရန်ရွှီရဲ့ ဒီလို အကြင်အနာကင်းမဲ့တဲ့ လက်နဲ့ ဆက်စပ်နေတဲ့ အရည်အချင်းကဆိုရင် အရာတစ်ခုကိုသာလျှင်ဖော်ပြနိုင်တယ်။ အဲ့အချိန်တုန်းက ရန်ရွှီက ဉာဏ်ကောင်းမနေခဲ့ဘူး။ ဒါပေမဲ့ တကယ့်ကို ရက်စက်ပြီး နတ်ဆိုးတွေကို လွှမ်းမိုးနိုင်တဲ့ သွေးအေးတဲ့ နတ်ဆိုးကြီးပဲ။

တကယ်တော့ ဖန်းလိက ဒါကိုလုပ်ဖို့ ပျင်းနေရုံပဲ။ သူနဲ့ ရှဲ့ဟိုင်ကြားမှာ ဘာမကျေနပ်ချက်မှ မရှိဘူး။ လေးစားထိုက်တဲ့ ပြိုင်ဘက်ကို ဖျက်ဆီးဖို့ တကယ်တော့ မလိုအပ်ဘူးလေ။

ဒါပေမဲ့ သူဘာမှမလုပ်ရင် ဖူချုန်တောင်ထိပ်ကို ပြန်သွားတဲ့အခါကျရင် ပထမဆုံးသေသွားမဲ့သူက သူဖြစ်သွားလိမ့်မယ်။ သူက သေမှာပါပဲ။ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူးလေ။ သူကမတရားသဖြင့် ခံရပြီး ခုချိန်အတွက် ကျေးဇူးတင်ရမလိုပဲ။

ဝိဉာဉ်လှောင်ပိတ်ခြင်းလက်ချောင်းက ကျင့်ကြံခြင်းအခြေခံကို ချိတ်ပိတ်ဖို့သာလျှင် အသုံးပြုနိုင်တယ်။ အုတ်မြစ်ကိုတော့ မဖျက်ဆီးနိုင်ဘူး။ ရှဲ့ဟိုင်သာ ချိတ်စည်းကို ဖြတ်တောက်ပစ်နိုင်သွားရင် သူ့(ဖန်းလိ)ရဲ့ အသက်အတွက် အချိန်ရောက်လာလိမ့်မယ်။
အတိအကျပဲ။

ဖြစ်စဉ်က အနည်းငယ်ကွဲပြားသွားပေမဲ့ ရလဒ်ကတော့ တူတူပဲ။

တစ်နေ့ကြာပြီးနောက် ဖန်းလိက ဖူချုန်တောင်ဆီပြန်သွားတယ်။

ဒီခံညားထည်ဝါပြီး ချွန်ထက်နေတဲ့ တောင်ထိပ်ကို ကြည့်လိုက်မယ်ဆိုရင် Meteorite ပင်လယ်ရဲ့ ကြီးမားတဲ့ အနက်ရောင်လှိုင်းထဲ ကွေ့ဝှိုက်ဝင်သွားတဲ့ ဓားကျိုးကြီးတစ်ခုလိုပဲ။
[ T/N- Meoriteကလေ အဘိဓာန်မှာက ဥက္ကာခဲဆိုပြီးတွေ့ရလို့ တိုက်ရိုက်ပဲရေးလိုက်ပါတယ်။ ]

ဒီနေရာက အရမ်းကို အန္တရာယ်များပြီး အရင်းအမြစ်တွေလည်း မရှိဘူး။ Meteorite ပင်လယ်က မကောင်းဆိုးဝါးနဲ့ သားရဲတိရစ်ဆာန်တွေဟာဆိုရင် ရက်စက်ကြမ်းကြုတ်ပြီး ခုခံတဲ့နေရာမှာတော်ကြတယ်။ ပြီးတော့ တိုက်ခိုက်ရခက်ခဲပြီးတော့ အဲ့ကိုချဉ်းကပ်ဖို့ခက်ခဲတယ်။ အမတရော နတ်ဆိုးတွေကပါ  ဆန္ဒမရှိကြဘူး။

နတ်ဆိုးတွေကို အပြတ်အသတ်အနိုင်ရပြီးနောက် Meteor ပင်လယ်မှာရှိတဲ့ ဖူချုန်တောင်ရဲ့ ဂိတ်တံခါးရှေ့မှာ မတ်တပ်ရပ်နေခဲ့တယ်။ နတ်ဆိုးတွေအားလုံးကို သူတို့ရဲ့ ဦးခေါင်းကို ညွှတ်အောင် လုပ်နိုင်ခဲ့တယ်။ ဖြည်းဖြည်းချင်းနဲ့ ဂိုဏ်းတစ်ဂိုဏ်းပုံပေါ်လာတယ်။

အချိန်က သိပ်မကြာသေးတဲ့အတွက် ဖူချုန်တောင်ရဲ့ အဆောက်အအုံက မပြီးပြည့်စုံသေးဘူး။ တောင်ပေါ်လမ်းတစ်လျှောက်လုံးမှာ မှော်စက်ဝန်း၊ နန်းတော်အဆောက်အအုံ၊ ခံတပ်တွေကို ဆောက်လုပ်နေတဲ့ အဆင့်အမျိုးမျိုးရှိတဲ့ နတ်ဆိုးကျင့်ကြံသူတွေရှိကြတယ်။

ဖန်းလိကောင်းကင်ကနေပျံသန်းသွားတဲ့အခါ နတ်ဆိုးကျင့်ကြံသူတစ်ယောက်ကို တွေ့လိုက်ရတယ်။ Meteorite ပင်လယ်ထဲသို့ ပြုတ်ကျသွားပြီး ချက်ချင်းပဲ မကောင်းဆိုးဝါးငါးတစ်ကောင်ရဲ့ မြိုချခြင်းကို ခံလိုက်ရတယ်။ မျက်တောင်တစ်ခတ်စာအတွင်း သူတိတ်ဆိတ်သွားတယ်။

သူ့ခေါင်းကို ခါလိုက်ပြီးနောက် တောင်ထိပ်ပေါ်က နန်းတော်ဆီကို ဆင်းသက်လိုက်တယ်။

ဒီနန်းတော်ရဲ့ ပုံစံက အရမ်းကို မှော်ဆန်တယ်။ ကိုယ်ထည်တစ်ခုလုံးကို ကြီးမားတဲ့ ကျောက်တုံးတွေနဲ့ ပြုလုပ်ထားတယ်။ အဲ့ဒါက မဲနက်ပြီးအေးစက်နေတယ်။ မှော်လည်းဆန်တယ်။ မင်းအထဲကို ခြေချလိုက်တာနဲ့ ဖိအားများတဲ့ လေထုကို ခံစားမိနိုင်တယ်။ သာမန်လူသာ ဒီနေရာမှာ မတ်တပ်ရပ်လိုက်မယ်ဆိုရင် ထူးဆန်းတဲ့ ကြောက်ရွံ့စေတဲ့ ခံစားချက်ကို ခံစားရပြီး မတ်တပ်တောင် ရပ်နိုင်တော့မှာ မဟုတ်ဘူး။ သူ့မှတ်ဉာဏ်ထဲကအတိုင်း ကျောက်စိမ်းနဲ့ တူတဲ့ အနက်ရောင် မြေပြင်ပေါ် လမ်းလျှောက်လာခဲ့တယ်။ ဝူရိမေ့က သူနောက်ကနေ တိတ်တိတ်လေး လျှောက်လာခဲ့တယ်။ ဖန်းလိ အနားယူဖို့ အိပ်ယာကို သွားတော့မှာကိုလည်း မြင်ရော မရဲတရဲမေးလိုက်တယ်။
အရှင်ယုရီ...ကျွန်တော်မျိုး ဘယ်လိုမျိုး စီစဉ်လိုက်ရမလဲ? ကျွန်တော့်ကို ပြောပြပေးပါ။
ဖန်းလိက တစ်ချက်မျှပြောလိုက်တယ်။
ဒီလို ပြဿနာသေးသေးလေးကို မင်းစီစဉ်နိုင်ပါတယ်။
ဝူရိမေ့ရဲ့ အသံက အလေးထားတဲ့ ပုံပေါ်နေတယ်။

ဖန်းလိ ဒါကို ဘာလို့ အမိန့်ပေးလိုက်တာလဲဆိုတော့ မူရင်းဝတ္ထုမှာ ဖော်ပြထားလို့ပဲ။ ရန်ရွှီက ရှဲ့ဟိုင်ကို ခေါ်လာခဲ့ပေမဲ့လည်း သူ့ကို အရမ်းကြီးစိတ်မဝင်စားသေးဘူး။

ဝူရိမေ့က ရှဲ့ဟိုင်ကို အမြဲမကြိုက်ခဲ့ဘူး။ ရှဲ့ဟိုင်ကို အရှက်ကွဲစေဖို့ ရက်စက်တဲ့ အမြှောက်စာဇာတ်ကောင်လေးရဲ့ စရိုက်ကို ထိန်းသိမ်းထားတုန်းပဲ။ သူကရှဲ့ဟိုင်ကို ခြံဝန်းအနောက်ဘက်မှာ ထားထားပြီး တခြားတိရစ်ဆာန်တွေနဲ့ အတူ နေစေခဲ့တယ်။

ဒါက ကိစ္စ မဟုတ်သေးပါဘူး။

အရေးကြီးတာက ရှဲ့ဟိုင်ကို နောက်တစ်ကြိမ်ထပ်မတွေ့ခင် သုံးလအကြောင်းဖြစ်တယ်။
ရှဲ့ဟိုင်ရဲ့ လက်ရှိအခြေအနေကို  ဖန်းလိက သိချင်စိတ်မရှိဘူး။ သူက ဒီမှာ ဇာတ်ညွှန်းအတိုင်း လိုက်ကစားရဦးမှာ။ ဇာတ်ညွှန်းကို ဖျက်ဆီးဖို့ မဟုတ်ဘူး။

မူရင်းဝတ္ထုထဲမှာ ရှဲ့ဟိုင်က ခုထက်ပိုပြီးသောကရောက်ခဲ့တယ်။ ဒီလို လူမဆန်တဲ့ဖျက်စီးခံရခြင်း အတွေ့အကြုံကို ရပြီးနောက် ****ဂိတ်ကို ဖြတ်ကျော်ပြီး ကျားကုတ်ကျားခဲ အလျှော့မပေးဘဲ ရှင်သန်ခဲ့ရတယ်။ သေဆုံးခြင်းကို မရရှိခဲ့ရုံသာမက သူရဲ့ ဘဝကို ပြန်လည်ရယူဖို့အတွက် အခွင့်အရေးကိုလည်း စောင့်နိုင်ခဲ့တယ်။ အရှက်ရခြင်းကိုလည်း သူကြံ့ကြံ့ခံနိုင်ခဲ့တယ်။

အခု သူဘယ်ဒဏ်ရာမှ မခံစားရသေးတာကို မပြောသေးနဲ့ဦး။ စွမ်းအင်တောင် ယာယီပဲ ပိတ်ဆို့ခံရတာ။ အရှက်ကွဲခြင်းအတွက်ပဲ သူ.....တွေမဖြစ်လာသေးခင် စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားသင့်တယ်။

ရှဲ့ဟိုင်လို သန်မာတဲ့ ယောက်ျားလေးအတွက် စိတ်ပူနေမဲ့အစား သူကိုယ်တိုင်အတွက် သူစိုးရိမ်နေသင့်တာ။

ဖန်းလိက သူနဲ့ဝေးဝေးနေဖို့ သူ့ရဲ့ သက်တော်စောင့်ကို သာမန်ကာလျှံကာ ပြောလိုက်တယ်။ သူ့ကို ဘယ်သူမှမနှောင့်ယှက်စေရန်ပါပြောပြီးတာနဲ့ သူ့လက်အဝှေ့တစ်ချက်နဲ့တင် အိပ်ဆောင်ရဲ့ တံခါးကို ပိတ်လိုက်တယ်။

သူနိုးလာကတည်းက နတ်ဆိုးတွေရဲ့ ဝန်းရံခြင်းကို ခံနေရပြီး အမတဂိုဏ်းတွေရဲ့ မှန်ကန်တဲ့ လမ်းစဉ်တွေကိုလည်း ရင်ဆိုင်နေရတယ် ။ သူအခြေအနေကို ထိန်းရုံသာထိန်းထားနိုင်ခဲ့တယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးဖို့ အခွင့်အရေးမရခဲ့ဘူး။

ဒီအချိန်မှာ သူ့ဘေးမှာ ဘယ်သူမှမရှိတော့ဘူး။ ဖန်းလိက ထိုင်ချလိုက်ပြီး ခက်ခက်ခဲခဲနဲ့ အသက်ရှူလိုက်တယ်။ နောက်သူ့ရဲ့ လည်ချောင်းက ချိုမြိန်သွားကာ ပါးစပ်အပြည့်သွေးတစ်လုတ် ထွေးထုတ်လိုက်တယ်။

[ Systemကဖျော့တော့စွာ အလန့်တကြားလှည့်လိုက်ပြီး-hostဘာဖြစ်တာလဲ?  ]
ဖန်းလိက နှုတ်ခမ်းပေါ်ကသွေးတွေကို သုတ်ဖို့ လက်ကို မြှောက်လိုက်ပြီး ပြုံးလိုက်တယ်-- System မင်းရဲ့ အလုပ်က အတော်လေး လွယ်တာ ဟုတ်တယ်မလား?

[ System..?  ]

ဖန်းလိက အဓိပ္ပာယ်ပါပါပြုံးလိုက်တယ်-- မင်းဘာကိုမှ စိတ်ပူစရာမလိုပါဘူး။ hostတစ်ယောက်ကို ရှာလိုက်ပြီး တာဝန်တွေပြီးမြောက်အောင် စောင့်နေဖို့ပဲ လိုတာပါ။

[System..  ]

ဖန်းလိက သူ့မျက်လုံးတွေကို ပင်ပန်းနွမ်းနွယ်စွာ ပိတ်ချလိုက်ပြီး သူ့ဒန်တန်အတွင်းပိုင်းကို ကြည့်လိုက်တယ်။ ဒီခန္ဓာကိုယ်က လုံးဝကို အရှုပ်အထွေးတစ်ခုပဲ။ ရွှေရောင်နဲ့ ကျောက်စိမ်းရောင်တွေက အပြင်ဘက်မှာဆွေးမြေ့နေကြတယ်။ မျက်နှာပြင်ကိုတောင် မမြင်နိုင်ဘူး။ တကယ်တော့ အထဲမှာသာ ဆွေးမြေ့နေကြပြီး ပျိုမြစ်နုနယ်ခြင်းက ခြောက်သွေ့လုနီးနီးဖြစ်နေပြီ။ ဒီပုံစံက ....တော့ဘူး။ ဘာလို့လဲဆိုတော့ မတော်တဆ မီးလောင်မှုကြောင့်ပဲ။ အချိန်တွေအားလုံးမှာ စွဲလမ်းခြင်းက စုပြုံလာလို့ပဲ။
ဒါက ရူးသွပ်ပြီးသေသွားစေနိုင်ပေမဲ့ နောက်ဆုံးချည်မျှင်လေးကို  ဖြတ်လိုက်တာပဲ။
ရန်ရွှီက သေခြင်းတရားနဲ့ ရင်ဆိုင်ဖို့ အမြဲပြင်ဆင်ထားပြီးသား။ ဒါကြောင့် သူသေသွားတယ်ဆိုတာ အံ့ဩစရာမရှိပါဘူး။

အမှန်ဆို သူလအနည်းငယ်လောက် ဆက်နေနေသရွေ့  သူသေဆုံးပြီး ဇာတ်ညွှန်းပြီးဆုံးသွားနိုင်တယ်။ဒီကမ္ဘာမှာ သူဆေးခတ်ခံလိုက်မယ်ဆိုရင် လအနည်းငယ်စောပြီးသေဆုံးသွားနိုင်တယ်။
ဖန်းလိ အသက်ကို ဖြည်းဖြည်းရှုထုတ်လိုက်ပြီး သူ့ရင်ဘတ်ထဲက ကျောက်စိမ်းနက်အဆောင်ကို ထုတ်ယူလိုက်တယ်။ ကျောက်စိမ်းအဆောင်ကို သူ့ခန္ဓာကိုယ်နဲ့ အနီးဆုံးမှာ အမြဲသိမ်းထားတယ်။

နတ်ဆိုးတွေကို အုပ်ချုပ်တဲ့ ကြီးမြတ်နတ်ဆိုးတစ်ယောက်အနေနဲ့ ရှားပါးလှတဲ့ နှစ်တစ်သိန်းအတွင်းမှာ ဒီဝတ္ထုရဲ့ အဆိုးယုတ်ဆုံးဗီလိန်က သဘာဝအားဖြင့် သာမန်တော့ မဟုတ်ဘူးပဲ။ သူ့မှာ စွန့်စားခန်းတွေ ရှိနေတာပဲ။
သူ့ရဲ့ စွန့်စားမှုက ဒီကျောက်စိမ်းနက်အဆောင်တဲ့လား။

ရန်(ရန်ရွှီ)မှာ ပါရမီရှိပေမဲ့လည်း သူကဘယ်လောက်ပဲ စွမ်းအားတွေ ကြီးနေပါစေ သူက သူ့ရဲ့အသက်နှစ်ဆယ်အတွင်းမှာပဲ ရှိတယ်။ သူရဲ့ တကယ့်ကျင့်ကြံဆင့်ကလည်း တကယ်တော့ ချီဖြိုခွဲခြင်းရဲ့ ထိပ်မှာပဲရှိသေးတယ်။ သူက အရမ်းကို မြင့်မားတဲ့ ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်တာတောင်မှ ရှဲ့ဟိုင်ထက် အနည်းငယ်နိမ့်ကျနေတုန်းပဲ။

သူ့ရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် ဒီအမတကမ္ဘာနဲ့ ဝိဉာဉ်လောကကို လွှမ်းမိုးနိုင်ပေမဲ့လည်း သူက မှော်နည်းလမ်းနဲ့ တစ်ပေါင်းတစ်စည်းတည်းလုပ်ပြီး အနိုင်မခံ အရှုံးမပေးလုပ်ချင်တယ်ဆိုရင်  နှစ်ထောင်ပေါင်းများစွာနေထိုင်ခဲ့တဲ့ ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့်မှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတဲ့ ဆရာသခင်မင်းရန်အတွက် သံသယကင်းစွာ မဖြစ်နိုင်ဘူး။ မလွှမ်းမိုးနိုင်တော့ဘူး။
ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ ဒီမဖြစ်နိုင်တာကြီးကို သူနိုင်ခဲ့မယ်ဆိုရင် ဒါက ဒီကျောက်စိမ်းအဆောင်ကြောင့်ပဲ ဖြစ်လိမ့်မယ်။

ဒီကျောက်စိမ်းနက်အဆောင်က တကယ့်ကို ကောင်းကင်ကို ဆန့်ကျင်နေတဲ့ မှော်လက်နက်တစ်ခုဖြစ်တယ်။ သူ့မှာ ကောင်းကျိုးကော ဆိုးကျိုးကော ရှိတယ်။
ဒီကျောက်စိမ်းနက်အဆောင်က သူရဲ့ကိုယ်ပိုင်သွေးအနှစ်သာရကိုသာ စုပ်ယူနိုင်တယ်။ သူ့ရဲ့တိုက်ခိုက်နှုန်းကို ကြီးမားစွာတိုးမြှင့်စေနိုင်တယ်။ ဘေးကင်းစေနိုင်တယ်။ အဆင့်မြင့်တာတွေကိုတောင် တိုက်ခိုက်နိုင်တယ်။ ဒါ့အပြင့် သူကဘယ်တော့မှ မရှုံးနိုင်တော့ဘူး။ ဒါကြောင့် ဘယ်သူကမှ သူ့ရဲ့ ကျင့်ကြံဆင့် အမှန်ကို မသိကြတာပဲ။
ဒါပေမဲ့ အကျိုးဆက်က ပြင်းထန်လွန်းတယ်။ ဒါက ရေမရှိတဲ့ ကန်ထဲမှာ ငါးမြှားနေရသလိုပဲ။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အမြုတေနဲ့ သွေးတွေက ပြင်းပြင်းထန်ထန်ကို ပျက်စီးနေလို့ပဲ။ ဒီခန္ဓာကိုယ်က ခုတော့ အရမ်းကို ပင်ပန်းနွမ်းနယ်နေပြီ။ ဒီကျောက်စိမ်းအဆောင်က အများဆုံး နှစ်ကြိမ်၊ သုံးကြိမ်လောက် သုံးလို့ရသေးပေမဲ့ သူသေသွားလိမ့်မယ်။ ငါတစ်ကြိမ်တောင် သုံးနိုင်မှာမဟုတ်ဘူး။ ပြီးတော့ အနည်းဆုံး တစ်နှစ် ဒါမှမဟုတ် နှစ်ဝက်လောက်ပဲ ခံတော့မှာ။

ဒါက သေကို သေရမဲ့ လူတစ်ယောက်ပဲ။

ဖန်းလိက သူ့ခေါင်းကို ဖြည်းဖြည်းချင်း လှည့်လိုက်တယ်။ ညာဘက်မှာ ကြေးနဲ့ ပြုလုပ်ထားတဲ့ မှန်တစ်ခုရှိတယ်။ မှန်ထဲမှာ ဖြူဖျော့နေတဲ့ လူရဲ့ အရိပ်က ထင်ဟပ်နေတယ်။ ဒါက ဖန်းလိ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ရတဲ့ ပထမဆုံးအကြိမ်ပဲ။

မှန်ထဲက လူရဲ့ အသားအရေက သွေးရောင်မရှိသလိုပဲ။ ပုံမှန်မဟုတ်တဲ့ နှင်းဖြူရောင်အသားအရေ၊ ရှည်လျားတဲ့ အနက်ရောင်ဆံပင်တွေက နောက်ကျောဘက်မှာ လျော့တိလျော့ရဲကျနေတယ်၊  သူ့ရဲ့ မျက်ခုံးတွေက ချွန်ထက်နေတယ်။နှုတ်ခမ်းတွေက အလွန်အမင်းကို ဖျော့တော့နေပြီး နှုတ်ခမ်းထောင့်တွေ အနည်းငယ်မြင့်တက်နေတာက ကသိကအောက်ဖြစ်စေပြီး အေးတိအေးစက်နိုင်လှတယ်။

မင်းဘယ်လိုပဲကြည့်ကြည့် ဒါက သေလုမြောပါးဖျားနေသလိုပဲ။

သူ့မှာ ပြဿနာတစ်စုံတစ်ရာရှိတာကို ဘယ်သူကမှ ရှာမတွေ့တာ ဘာလို့လဲ မင်းတွေးမိတယ်မလား? ဒါက ဘာလို့လဲဆိုတော့ ရန်ရွှီက အမြဲ ဒီပုံစံ ဖြစ်နေလို့ပဲ။ တချို့လူတွေက သူ့ကို ရန်စကြတယ်။ တချို့တွေက သူ့ကို အထင်သေးကြတယ်။ ဒါပေမဲ့ သူတို့အားလုံးက သေသွားပြီ။ သူတို့ရဲ့ သေဆုံးခြင်းကဆိုရင် အလွန်ကို စိတ်ပျက်စရာကောင်းကြတယ်။

ဒါ့အပြင် ရှည်မြောမြောနဲ့ ထူးခြားတဲ့ပုံစံရှိတဲ့ နတ်ဆိုးအနည်းငယ်လည်းရှိတယ်။ အားနည်းပုံပေါ်တဲ့ နတ်ဆိုးက ထိပ်ဆုံးက အကျွမ်းကျင်ဆုံး ဖြစ်လာနိုင်တယ်။ မရင့်ကျက်ဘဲ ငယ်ရွယ်တဲ့ ပုံရှိတဲ့ နတ်ဆိုးက လူအိုကြီးတစ်ယောက်ဖြစ်နိုင်တယ်။ ဖျားနာတဲ့ပုံပေါ်နေပေမဲ့လည်း တကယ်တော့ မဖျားဘူး။ တဖြည်းဖြည်းနဲ့ ဘယ်သူကမှ သူရဲ့ ပုံပန်းသွင်ပြင်ကို ဂရုမစိုက်ကြတော့ဘူး။ အင်အားက ရုပ်ရည်နဲ့ လားလားမျှမဆိုင်ပေ။ သူလူတွေကို သေဆုံးခြင်းနဲ့ ကြောက်ရွံ့ခြင်းကိုပဲ ယူဆောင်လာပေးတယ်။

Continue Reading

You'll Also Like

2.7K 283 6
Title: ရသစုံရှိုးတစ်ခုမှာ ရုပ်ရှင်ဘုရင်ကြီးနှင့် ချစ်ကြိုက်သွားပြီးနောက် ငါနာမည်ကြီးလာခဲ့တယ် Genre: BL, Showbiz, Transmigration, Romance စုချီယွဲ့ (...
18.2K 320 16
Warning ⚠️ This book is not suitable for people under 13, so please read at your own risk! -FLICKER-- There was a guy named Austin who was at the sho...
4.9K 559 9
Title - there is an apocalyptic man in the village ~အကျဥ်းချုပ်~ ကမ္ဘာပျက်ကပ်မတိုင်ခင် နေ့ရက်များ၌ ပြန်လည် မွေးဖွားလာခဲ့ပြီးနောက် ဝူချင်းယွမ်သည် ကော...