အပိုင်း(၃.၂)
ဖန်းလိက သူ့ရဲ့ နှုတ်ခမ်းထောင့်တွေကို ပင့်တင်ပြီး ပြုံးလိုက်တယ်။ ချူချာပြီး အေးစက်တဲ့ ဒီမျက်နှာပေါ်ကို ပျင်းရိမှု အနည်းငယ်ပေါင်းထည့်ပြီးပေါ့။
ဒီခန္ဓာကိုယ်က အရမ်းကို မကျန်းမမာဖြစ်နေပြီး သေလုနီးပါးဖြစ်နေတာကို သူတစ်ယောက်တည်းသာလျှင် သိတယ်။
ဒီမူရင်းဝတ္ထုကို သူဖတ်တုန်းက ဒီဇာတ်ကြောင်းက အကျိုးအကြောင်းမဆီလျော်သလို ခံစားလိုက်ရတယ်။ သူမသေခဲ့ပေမဲ့ သူရဲ့ ရူးသွပ်မှုက သူ့ကို သေဆုံးခြင်းဆီခေါ်ဆောင်သွားပြီး ရှဲ့ဟိုင်ရဲ့ လက်ထဲမှာသေဆုံးသွားခဲ့ရတယ်။
ဒါပေမဲ့ ရန်ရွှီက ဒါကို သူကိုယ်တိုင်အတွက်ရွေးချယ်လိုက်တဲ့ ဆုံးသတ်ဆိုတာကို ဖန်းလီ နားလည်သွားပြီ။
ဒီဝတ္ထုထဲက အဓိပ္ပာယ်မရှိတဲ့ ထူးဆန်းတဲ့ အရာအားလုံးကို အရင်ကတည်းက သတ်မှတ်ပြီးသားဖြစ်ခဲ့တယ်။
----------------------------------------------------------
ဖန်းလိက သုံးလလောက် ပုန်းနေလိုက်တယ်။
သူက ပြင်ပကိစ္စကို လုံးဝစိတ်မပူဘူး။ အတိတ်မှာတုန်းက ရန်ရွှီက ကိစ္စတော်တော်များများကို ဂရုမစိုက်ခဲ့ဘူး။ထွေထွေကိစ္စတွေကို ဝူရိမေ့ကပဲ ဆောင်ရွက်ခဲ့တယ်။ ဝူရိမေ့က အရာအားလုံးကို ဆောင်ရွက်နေတဲ့အတွက် သူကသက်သက်သာသာဖြစ်နေခဲ့တယ်။
မတိုင်ခင် ရန်ရွှီက အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်ပြီး ရည်ရွယ်ချက်မရှိတဲ့ ဉာဏ်ကောင်းတဲ့ နတ်ဆိုးတစ်ယောက်ဖြစ်တယ်လို့ ဖန်းလိထင်တယ်။ ပြီးတော့သူက ခေါင်းမာပြီး ရှဲ့ဟိုင်နဲ့ အချိန်ဖြုန်းချင်တဲ့ ဆန္ဒကလွဲလို့ သူလိုချင်တာမှန်သမျှ အရာအားလုံးလုပ်နိုင်တယ်။ ဒါပေမဲ့ ခုတော့ ဖန်းလိနားလည်ခဲ့ပြီ။
သူသေဆုံးသွားပြီးနောက် သူ့ကို ကမ္ဘာကြီးအား အထက်အောက် ပြောင်းပြန်လုပ်ခွင့်ပေးလိုက်မယ်ဆိုရင် ဘာဖြစ်သွားလိမ့်မလဲ?
ရန်ရွှီက ဖူချုန်တောင်ကို ကောင်းကောင်းမွန်မွန်ဖြစ်အောင် ပြင်ဆင်ဖို့ မစီစဉ်ဖူးဘူး။ သူက သူ့ကိုယ်တိုင်ရဲ့အလုပ်ကိုသာ လုပ်ပြီး သေရမှာကို မကြောက်တဲ့ ငမိုက်သားတစ်ယောက်ပဲ။
ဖန်းလိက စိတ်အေးနေသယောင် သရုပ်ဆောင်လိုက်ပြီး သူ့လက်ကို ခါလိုက်တယ်။
ဒီနန်းတော်ထဲမှာ နတ်ဆိုးတွေ လှူဒါန်းထားတဲ့ အံ့ဩစရာကောင်းတဲ့ ဆေးတွေ၊ ကုထုံးတွေ၊ ရတနာတွေများကြီးရှိတယ်။ ကျင့်ကြံခြင်းအတွက် ဝိဉာဉ်ကျောက်တုံးတွေက မကုန်ခမ်းနိုင်အောင် ရှိတယ်။ ဖန်းလိက အဲ့ဒါတွေ အများကြီးကို သုံးလိုက်တယ်။ ချီဖြိုခွဲခြင်းအစောပိုင်း အဆင့်မှာ ရှိနေတဲ့ သူ့ရဲ့ ကျင့်ကြံခြင်း သုံးဆယ် ရာခိုင်နှုန်းလောက် ပြန်သက်သာလာတယ်။
အမတဝိဉာဉ်လောကရဲ့ ချီဖြိုခွဲခြင်းအဆင့်မှာ ရှိတဲ့ သခင်တွေကို တွေ့ရဖို့က ရှားပါးတယ်။ အမတဝိဉာဉ်တစ်ခုလုံးမှာတောင် လက်တစ်ဆုပ်စာလောက်ပဲရှိတယ်။ အမတဂိုဏ်းကြီးငါးဂိုဏ်းကလွဲလို့ မကောင်းဆိုးဝါးအိုကြီးတွေ အနည်းငယ်သာရှိတယ်။ မင်းဘယ်တော့ကမှ မကြုံတွေ့ဖူးတဲ့ လူတွေများကြီးရှိတယ်။ ဒါ့အပြင် နတ်ဆိုးဘုရင်အနေဖြင့် သူ့မှာ နောက်လိုက်တွေများကြီးရှိတယ်။ ဒါကြောင့် သူကိုယ်တိုင်လုပ်ဆောင်ဖို့ အခွင့်အရေးမရှိဘူး။ သူကမလွယ်တဲ့လူနဲ့ တွေ့ခဲ့မယ်ဆိုရင်တောင် သူ့မှာသုံးဖို့ ကျောက်စိမ်းနက်အဆောင်ရှိသေးတယ်။
အခု ရှဲ့ဟိုင်ကို သွားတွေ့ဖို့ အချိန်ရောက်နေပြီပဲ။
System က သူ့ကို ဒီရက်ပိုင်းအတွင်းမှာ အကြိမ်အများကြီး သတိပေးခဲ့တယ်။ ဒီနေ့ကို မမေ့နဲ့နော်။ ဖန်းလိရဲ့ နားတွေအသားမာတက်လုနီးပါးပဲ။
ဇာတ်ညွှန်းအရ ရန်ရွှီက ရှဲ့ဟိုင်ကို အဓမ္မခေါ်ဆောင်လာပြီးနောက် သုံးလပစ်ထားလိုက်တယ်။ သူခြံအနောက်ဘက်ထဲကို အပျင်းပြေလမ်းလျှောက်ရင်း ရှဲ့ဟိုင်နဲ့ မတော်တဆ မတွေ့ခင်အထိပေါ့။ ဝူရိမေ့က ရှဲ့ဟိုင်ကို ခြံအနောက်ဘက်မှာ တကယ်ပဲ ထားထားတာပဲ။
ဒါပေမဲ့ ရှဲ့ဟိုင်က ဒီလိုမျိုး ဖျက်ဆီးခြင်းကို ခံရပေမဲ့ အရင်အတိုင်း မပြောင်းမလဲ ခေါင်းမာနေဆဲပဲ။ အနောက်ခြံမှာ ရှဲ့ဟိုင်ရဲ့ သူမတူဘဲ ပြိုင်ဘက်ကင်းတဲ့ အသွင်အပြင်အောက်မှာ တစ်ခြံလုံးမှာ ရှိတဲ့ အိမ်မွေးတိရစ္ဆာန်တွေအားလုံး အရောင်အသွေးတွေအားလုံးပျောက်ကွယ်သွားကုန်တယ်။ ပြီးတော့ ရှဲ့ဟိုင်ကို သူ့(ရန်ရွှီ)ဆီ ကြံကြံဖန်ဖန် ပို့လိုက်တယ်။
ရန်ရွှီနဲ့ ရှဲ့ဟိုင်ရဲ့ ပထမဆုံးညမှာ.......
ဖန်းလိကပျင်းပျင်းနဲ့ထလိုက်ပြီး တံခါးကို တွန်းဖွင့်ပြီးထွက်သွားတယ်။
အပြင်မှာစောင့်ကြပ်နေတဲ့ နတ်ဆိုးအစောင့်က ဖန်းလိ အပြင်ထွက်လာတာလည်း မြင်ရော ချက်ချင်း မြေပြင်ပေါ်သို့ ရိုသေစွာ ဒူးထောက်လိုက်တယ်။ သူ့အရှင်ဘာကို မိန့်ကြားချင်လဲဆိုတာကို မေးမလို့ ပြင်နေတုန်း ဖန်းလိက အနက်ရောင်ဝတ်ရုံရှည်ကြီးနဲ့ သူ့ကို ကျော်သွားလိုက်တယ်။
သူ့ရဲ့ မှတ်ဉာဏ်တွေအရ ပျက်စီးနေတဲ့ အိမ်မွေးအကောင်လေးတွေနေတဲ့ နန်းတော်အနောက်ဘက်ကို
ဖန်းလိလာခဲ့တယ်။
သူတံခါးကနေဝင်လာတာနဲ့ မျက်လုံးစူးရှတဲ့ အလှလေးနှစ်ယောက်ကို တွေ့ခဲ့တယ်။ သူတို့က ဖန်းလိရဲ့ ဘယ်နဲ့ ညာဘက်ကို ရောက်လာပြီး ချက်ချင်း အပြုံးလေးတွေနဲ့ နှုတ်ဆက်ကြတယ်။ ပြီးတော့ တစ်ယောက်ပြီးတစ်ယောက် ပြီတည်တည်နဲ့ မြှူစွယ်တဲ့ အသံတွေနဲ့ ရယ်မောလိုက်ကြတယ်။
“အရှင် အားနေရင် ဘာလို့ ဒီကို လာတာလဲဟင်?”
“ယောင်အာက အရှင့်ကို အများကြီး လွမ်းနေတာ။ ညတိုင်းညတိုင်း ထမင်းလည်းမစားနိုင်ဘူး ၊ ရေလည်းမသောက်နိုင်ဘူး။”
“ အရှင် ရင်အာကို မေ့သွားပြီးလား။ အရှင်က နုရဲ့ မျက်လုံးတွေက လှတယ်ဆိုပြီး နုအဖြစ်တင်မြှောက်လိုက်တာလေ”
ဖန်းလိက ဘေးဘက်ကို ပေါ့ပေါ့ပါးပါးကြည့်လိုက်တယ်။ အနက်ရောင်ဆံပင်တွေနဲ့ ခဲရောင်မျက်လုံးလှလှလေးတွေရှိတဲ့ ရေနတ်ဆိုးရယ်၊ ချစ်စရာကောင်းပြီး အိပ်ယာသိုင်းကျွမ်းတဲ့ အနီရောင်နှုတ်ခမ်းလေးတွေနဲ့ အနက်ရောင် မျက်လုံးလှလှတွေရှိတဲ့ ဖန်းရင်လို့ခေါ်တဲ့ နတ်ဆိုးလေးရယ် ဖြစ်နေတယ်။
ခြံဝန်းကို စောင့်ကြပ်တဲ့ အစောင့် အားလုံးက အရည်အချင်းအပြည့်အဝရှိပြီး ချစ်စရာလေးတွေချည်းပဲ။ သူတို့က အားနည်းတဲ့ ပုံပေါ်ပေမဲ့ တကယ်တော့ မဟုတ်ကြပါဘူး။ ဘော့စ်ကို ကျေနပ်စေဖို့ရန် ထွက်လာတဲ့ အလုပ်သမားတွေလိုပဲ။ သူတို့အားလုံးက ကြိုးကြိုးစားစားနဲ့ စိတ်ရှည်ရှည်အလုပ်လုပ်ကြတယ်။
သုံးရာ့ခြောက်ဆယ်ကြောင်းရှိတယ်။ လုပ်ဖို့မလွယ်ကူဘူး။ အခြားသူတွေကို ဆောင်ရွက်ပေးဖို့ တပည့်တွေအတွက် မလွယ်ကူဘူး။
ဖန်းလိက တစ်ဖက်ကို အထင်မသေးခဲ့ဘူး။ သူကပေါ့ပေါ့ပါးပါးပဲ ပြုံးပြလိုက်တယ်။ သူတို့နှစ်ယောက်ကို ပွေ့ပြီး အထဲကို လျှောက်လာခဲ့တယ်။
သူတို့ အထဲကို ဝင်လိုက်တဲ့ချိန်မှာ လူတိုင်းဟာ သူတို့အရှင်လာတယ်ဆိုတာကို တွေ့သွားကြတယ်။ အလှလေးတွေအားလုံးက သူ့ကို နှုတ်ဆက်လိုက်ကြပြီး ဖန်းလိရဲ့ ဘေးမှာရှိနေတဲ့ ဖန်းရင်နဲ့ ရေနတ်ဆိုးရဲ့ အနေအထားကိုလည်းမြင်ရော အကြင်နာကင်းမဲ့တဲ့ နတ်ဆိုးအရှင်ရဲ့ နည်းလမ်းတွေကို စဉ်းစားမိသွားကြတယ်။ ဒီလို လူပြည့်ကြပ်နေတဲ့ထဲကို သူသွားရဲခဲ့တာလား??
သူတို့အရှင် လပေါင်းများစွာမလာခဲ့တဲ့ အကြောင်းကို နာကြည်းစွာတွေးလိုက်ကြတယ်။ သူတို့က ဂရုမစိုက်ဘဲ တံခါးကိုစောင့်ကြပ်ဖို့ မသွားခဲ့ကြဘူး။ ဒီစက်စုပ်စရာကောင်းတဲ့ လူနှစ်ယောက်ဆီကနေ အခွင့်အရေးတွေ ယူနေခဲ့တယ်။ သူတို့ရဲ့ အရှင်က သူတို့ရဲ့ စိတ်ကြီးဝင်နေမှုကို မပိတ်ပင်ဘဲနေခဲ့တယ်။ သူတို့ကို မောင်းလည်းမထုတ်ခဲ့ဘူး။
ခြံအနောက်ဘက်မှာ လှေကားထစ်တွေ၊ စင်တွေ၊ ကမ်းစပ်တွေနဲ့ နေရာတိုင်းပြည့်နေတယ်။ တစ်စုံတစ်ယောက်က ခြေချလိုက်မယ်ဆိုရင် ဇိမ်ခံပစ္စည်းတွေ၊ တပ်မက်စရာကောင်းတဲ့နေရာတွေ၊ အလှအပတွေအားလုံးက ပုံသဏ္ဍာန်အမျိုးမျိုးနဲ့၊ ရယ်သံတွေနဲ့ပြည့်နှက်နေတယ်။ ကမ္ဘာပေါ်က မြတ်မြတ်ပြီးကြွယ်ဝချမ်းသာတဲ့နေရာနဲ့တူတယ်။ ဖန်းလိသူ့ကမ္ဘာကိုပြန်ရောက်သွားသလိုပဲ။ ဒီနေရာမှာ ဘာဆူညံသံမှရှိမနေခဲ့ဘူး။ ပိုပြီးနာမည်ကြီးနေတယ်။ ခံစားလို့ကောင်းတယ်ဆိုတာကိုတော့ မငြင်းနိုင်ဘူး။
ဖန်းလိအနည်းငယ်လောက်ဆက်လျှောက်ပြီး ရှုခင်းကြည့်လို့ရတဲ့အဆောင်မှာ ခဏနားခဲ့တယ်။
အဲ့နားနေဆောင်မှာ ရွှေပိုးထည်နဲ့ပြုလုပ်ထားတဲ့ခြေသုတ်ခုံတစ်ခုရှိတယ်။ ဖန်းလိထိုင်လိုက်ရုံပဲရှိသေးတယ်။ ဖန်းရင်နဲ့ ရေနတ်ဆိုးလေးဟာ သူတို့ရဲ့ခုံကို သူများလုသွားမှာကြောက်တဲ့ပုံလိုမျိုး ဖန်းလိရဲ့ဘေးတစ်ဖက်တစ်ချက်မှာ ပူးကပ်ပြီး ထိုင်လိုက်တယ်။
တခြားသူတွေရဲ့အမြင်မှာတော့ သူတို့တွေဟာ အကွာအဝေး အနည်းငယ်လေးတောင်ခြားမနေဘူး။ သူတို့တွေက သူတို့ရဲ့မလိုလားမှုကို ဖုံးကွယ်ထားရမယ်။ ဖန်းရင်က အပြုံးလေးနဲ့ ကပ်ပြီးထိုင်နေခဲ့တယ်။
အကြည့်တစ်ချက်မှာတင် သူတို့ဟာသူတို့ရဲ့ ကိုယ်ပိုင်အလှအပတွေနဲ့ အရောင်အသွေးတွေစုံလင်စွာ ရှိတယ်လို့ ဖန်းလိခံစားလိုက်ရတယ်။ ဧကရာဇ်တစ်ယောက်အတွက် ကောင်းချီးတစ်ခုပဲ။
သနားစရာကောင်းတာတစ်ခုက သူတို့အားလုံးက ယောက်ျားတွေပဲ။
ပြီးတော့ သူယောက်ျားတွေကို မကြိုက်ဘူး။
သူတို့ရဲ့အရှင် ဒီနေ့ ကောင်းမွန်တဲ့ စိတ်အခြေအနေရှိနေပုံကို မြင်ရော လူတိုင်းက ခဏလောက် တုံ့ဆိုင်းနေကြတယ်။ တဖြည်းဖြည်းနဲ့သတ္တိရှိလာကြတယ်။ တစ်ယောက်ပြီးတစ်ယောက်ရောက်လာကြပြီး ဖန်းလိရဲ့ပုခုံးတွေကို ပွတ်သပ်နေကြတယ်။ တချို့က ဖန်းလိရဲ့ ခြေထောက်တွေကို ထုနှိပ်ပေးနေပြီး တချို့ကကျတော့ ဖန်းလိအတွက် ဝိုင်ငှဲ့ပေးနေကြတယ်။
နူးညံ့မှုကင်းမဲ့ခြင်းနဲ့ ယစ်မူးခြင်းအငွေ့အသက်တွေပါဝင်စွာ ဖန်းလိက သူ့ရဲ့ မျက်လုံးတွေကို ပျင်းရိလေးပင်စွာ ပိတ်ချလိုက်တယ်။
[ Systemက အလျင်လိုစွာပြောလိုက်တယ်- host,host ရှဲ့ဟိုင်ကို တွေ့ဖို့လာတယ်ဆိုတာ မမေ့နဲ့နော်။ ] သူ့ရဲ့ host မိန်းမောတွေဝေနေတာကို သူတွေ့ခဲ့တယ်။ ဒါကတစ်နာရီခွဲလောက်ရှိနေပြီ။ ဘာလို့မင်းရှဲ့ဟိုင်ကို သွားမတွေ့သေးတာလဲ။
ဖန်းလိက သူ့မျက်ခုံးတွေကိုတောင်မဖွင့်ခဲ့ဘဲ သူ့စိတ်ထဲကနေပဲ systemကို ပြန်ဖြေခဲ့တယ်။
[ ဖန််းလိ-စိတ်မပူပါနဲ့။ နည်းနည်းလောက်ထပ်စောင့်လိုက်ပါဦး။ ]
systemက ဘယ်လိုမလောလို့ရမှာလဲ။ သူဒီလိုမျိုးပျင်းရိနေတဲ့hostမျိုး တစ်ခါမှမတွေ့ခဲ့ဖူးဘူး။ သူက သူ့မောင်းမတွေဆီလာတယ်လို့ ထင်နေတာလား? သူတကယ်လို့ဒီလိုလုပ်လိုက်မယ်ဆိုရင်.. မဖြစ်နိုင်ဘူး။..
systemက အကျပ်ရိုက်နေတယ်။
မျက်တောင်တစ်ခတ်ကအချိန်တစ်နာရီကြာသွားပြီးနောက် systemက သူသတိပေးရင်ကောင်းမလား မကောင်းဘူးလားတုံ့ဆိုင်းနေပြီးနောက် ဖန်းလိက ရုတ်တရက်မတ်တပ်ထရပ်လိုက်တယ်။
ရေနတ်ဆိုးနဲ့ ဖန်းရင်ကလည်း သူ့ဘေးမှာ နီးနီးကပ်ကပ်ရှိနေတဲ့အတွက်ကြောင့် သူနဲ့အတူ အချိန်အတော်ကြာကြီး တွဲလျက်သားဖြစ်နေတယ်။ ဖန်းလိမတ်တပ်ရပ်နေတာကိုကြည့်ချင်းအားဖြင့် သူတို့နှစ်ယောက်ထဲကတစ်ယောက်ကို ရွေးချယ်မယ်လို့ သူတို့ထင်လိုက်တယ်။ ဒါကြောင့် စိတ်လှုပ်ရှားစွာနဲ့ မတ်တပ်ရပ်လိုက်ကြတယ်။
အချိန်ကျရောက်လာပြီလို့ ဖန်းလိတွေးလိုက်တယ်။ သူကခြံအနောက်ဘက်မှာရှိနေတဲ့အတွက်ကြောင့် ရှဲ့ဟိုင်နဲ့ မတော်တဆတွေ့သလိုပုံ ဖြစ်သွားပြီး ဇာတ်ညွှန်းနဲ့မကိုက်ညီဘဲ သူရောက်လာလာချင်း ရှဲ့ဟိုင်ဆီသွားခဲ့တယ်။
ဒါပေမဲ့ မင်းရှဲ့ဟိုင်ကို တွေ့ချင်တယ်ဆိုရင် ဒီမှာနေလို့မရဘူး။
မင်းအနည်းငယ်လှုပ်ရှားရလိမ့်မယ်။
အစောင့်တွေထဲမှာ နတ်ဆိုးဘုရင်မုန်းတဲ့ အလှလေးနှစ်မျိုးရှိတယ်။ တစ်မျိုးက နတ်ဆိုးဂိုဏ်းက လက်ဆောင်ပေးထားတဲ့ သူတို့ကိုယ်သူတို့ ခေါင်းအုံးတွေလို ထောက်ခံပေးတဲ့ အလှလေး။
လုပြီးရင်း လုနေတဲ့အလှလေးတစ်မျိုးလည်းရှိနေသေးတယ်။
ပြီးတော့ သူ့ကိုဝန်ဆောင်မှုပေးဖို့ ဆန္ဒရှိနေတဲ့သူတွေက သဘာဝအားဖြင့် သူတို့ကိုယ်သူတို့ ခေါင်းအုံးနေရာကို ထောက်ခံချက်ပေးဖို့ ဆန္ဒရှိနေကြတဲ့သူတွေပဲ။ လက်လွှတ်လိုက်ရတဲ့သူတွေကတော့ သဘာဝကျကျကိုပဲ ပိုပြီးနီးကပ်တဲ့နေရာကိုမလာကြတော့ဘူး။
အဲ့လူတွေဘယ်မှာရှိလဲဆိုတာကို ဖန်းလိသိတယ်။
ရေနတ်ဆိုးရဲ့ ခါးပတ်လည်ကို လက်တစ်ဖက်တင်ထားလိုက်ပြီး ကမ်းစပ်တစ်လျှောက် ဂရုမစိုက်ဟန်နဲ့ လျှောက်လာလိုက်တယ်။ ခြံအနောက်ဘက်မှာရှိတဲ့ ဝါးတောအဆုံးသို့ ဖြည်းညှင်းစွာလျှောက်သွားလိုက်တယ်။
ရေနတ်ဆိုးရော ဖန်းရင်ကပါ အကြံအိုက်သွားတယ်။ အဲ့ထောင့်လေးမှာထားထားတဲ့သူတွေက အဖမ်းခံထားရပြီး အရှင့်ကို ခစားဖို့ ဆန္ဒမရှိတဲ့ အမတဂိုဏ်းတပည့်တွေလေ။ သူတို့က အရှင့်ကို မြွေတွေ ကင်းမြီးကောက်တွေကိုရှောင်ရှားသလို ရှောင်ဖယ်နေကြတာလေ။ သူတို့ကအဲ့မှာအကြာကြီးပုန်းနေကြတာလေ။ အရှင်က သူတို့ကို စိတ်ဝင်စားမှုနည်းနည်းလေးတောင်မပေးခဲ့ဘူးလေ။ အရှင်က သူတို့ကို မတည်ရှိသလို သတ်မှတ်ခဲ့တာလေ။ ဒါတွေအားလုံးက ပညာမဲ့တဲ့ နတ်ဆိုးကငေ့်ကြံသူတွေကြောင့်ပဲ။ သူတို့ကအလှလေးတွေကို ဖမ်းမိတာနဲ့ အရှင့်ရဲ့ခြံဝန်းထဲကို ပို့ပေးခဲ့တာလေ။ အရှင်ကအရမ်းဆာနေတာများလား?
သူတို့ဘာတွေတွေးနေလဲဆိုတာ ဖန်းလိသိတယ်။ သူတို့အတွေးတွေတစ်ထပ်တည်းကျနေတာကို သူအသေအချာပြောရဲတယ်။
အသေအချာပဲ။ ရန်ရွှီ ဆာမနေပါဘူး။ ပြီးတော့ သူကအနောက်ခြံကိုလာတာ ရှားတယ်လေ။ သူကိုယ်တိုင် လှမ်းဆွဲလိုက်တဲ့သူကတော့ ရှဲ့ဟိုင်ပါပဲ။
အခြားသူတွေအတွက်ကတော့ အခြားနောက်လိုက်တွေဖမ်းထားတဲ့ အကျဥ်းသားတွေ ဒါမှမဟုတ် တခြားတပည့်တွေက လက်ဆောင်ပေးထားတဲ့ အလှလေးတွေရှိတာပဲ။
ရန်ရွှီက ဒီလိုကိစ္စတွေမှာ စိတ်မဝင်စားသော်လည်း ဒီခြံထဲမှာ လူဘယ်လောက်များများသူစိတ်မဝင်စားဘူး။ တစ်ယောက်လား နှစ်ယောက်လား ဆယ်ယောက်လား တစ်ရာလား အသေလား အရှင်လား ဘာမှကွဲပြားမှုမရှိဘူး။ သူ့မျက်လုံးထဲမှာတော့ သူအလှလေးတစ်ယောက်လိုပါပဲ။ သူ့ကိုမြင်လိုက်တဲ့အချိန်မှာ သူ့တပည့်တွေက သူ့ကို မငြင်းခဲ့ပါဘူး။ ရလဒ်အနေနဲ့ ပိုပိုပြီးတောင် မျက်နှာချိုသွေးလာကြတယ်။ ပိုများတဲ့လူတွေက အနောက်ခြံကိုရောက်လာကြတယ်။
စမ်းချောင်းလေးရဲ့အဆုံးက ဝါးတောလေးဖြစ်တယ်။ အစိမ်းရောင်ဝိုးတဝါးလေးအကြား လူတွေရဲ့ အရိပ်တွေ ထင်ဟပ်နေတယ်။ ရှဲ့ဟိုင်အဲ့မှာ ရှိရမယ်။
ရေနတ်ဆိုးက ဖန်းလိရဲ့လက်မောင်းကို ညှင်ညှင်သာသာပွေ့ဖက်လိုက်တယ်။ မျက်မှောင်အနည်းငယ်ကျုံ့လိုက်ပြီး အဲ့ထဲကို လုံးဝမသွားချင်ဘူး။ ဒီလူတွေ သူ့ကိုစိတ်မပျက်ရအောင်လို့ သူ့(ဖန်းလိ)ကို မတားရဲခဲ့ဘူး။ ဒါကြောင့် သူဖန်းလိရဲ့နောက်ကနေသာ လိုက်ဖို့ တတ်နိုင်တော့တယ်။
ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် မြင်ကွင်းအာရုံတစ်ခုက ပွင့်လာတယ်။ ဝါးတောလေးထဲမှာ လူအနည်းငယ် မတ်တပ်ရပ်နေတာကို မြင်လိုက်ရတယ်။ သူတို့အားလုံးက ရိုးစင်းတဲ့ဝတ်စုံကိုဝတ်ထားကြတယ်။ သူ့ဘေးပတ်ပတ်လည်မှာရှိတဲ့ အရောင်အသွေးစုံတဲ့ ပန်းလေးတွေနဲ့ နှိုင်းယှဥ်ကြည့်မယ်ဆိုရင် လုံးဝကို ကွဲပြားတဲ့အလှလေးတွေလိုပဲ။
ဘယ်သူကပိုချောလဲဆိုတာကို ပြောဖို့အတွက် အချိန်ခဏလောက် ဖန်းလိအတွက်ခက်ခဲသွားတယ်။ ဒါပေမဲ့ သူသေချာတာကတော့......
ရှဲ့ဟိုင်က အချောဆုံးဆိုတာ သံသယဖြစ်ဖွယ်မရှိဘူးဟ။
ရှဲ့ဟိုင်က ခုမတ်တပ်ရပ်နေတဲ့လူတွေကိုတောင် လဲကျသွားအောင် ပြုလုပ်နိုင်တဲ့ တစ်ဦးတည်းသောလူပဲ။ ဘယ်လိုပဲပြောပြော သူ့ဆီကနေ အကြည့်လွှဲဖို့ဆိုတာ အရမ်းခက်ခဲတာပဲ။
အဲ့ချိန်မှာ ရှဲ့ဟိုင်က သူ့ကို ပြန်ကြည့်လာတယ်။
အေးစက်တဲ့လူရဲ့ ဆံနက်တွေက သူ့ခေါင်းနောက်မှာ စည်းနှောင်ထားတယ်။ ပြီးတော့ သူကအဖြူရောင်ပြောင် အဝတ်အစားကို ဝတ်ဆင်ထားတယ်။ သူ့ခေါင်းကို လှည့်ပြီး သူ့ကို ဖျက်ခနဲကြည့်လိုက်တယ်။ သူ့အင်္ကျီလက်စတွေနဲ့ ကျောက်စားပွဲရဲ့ အစွန်းကို ပွတ်တိုက်နေခဲ့တယ်။ သူ့ရဲ့ လက်ချောင်းထိပ်လေးတွေနဲ့ ကျောက်တုံးကို ဖွဖွလေးရစ်ပတ်ထားခဲ့တယ်။
အို?အားနေတုန်းပဲ။ ဒါက စစ်တုရင်ကစားဖို့ ကွက်တိပဲ။
ဖန်းလိက သူ့မျက်ခုံးတွေကို အနည်းငယ်ပင့်တင်လိုက်တယ်။
သူကမူရင်းဝတ္ထုကို ဖတ်ထားပေမဲ့လည်း ရှဲ့ဟိုင်က သူဘယ်လိုအခြေအနေပဲရောက်နေပါစေ သူကဘယ်တော့မှမငိုဘူး အရှုံးမပေးတဲ့ သာမန်လူမဟုတ်ဘူးဆိုတာကို သိထားတာကြာပြီ။ သူကအရာအားလုံးကို အေးဆေးစွာဖြေရှင်းပြီး သူ့ရဲ့ကျိုးပဲ့လွယ်တဲ့ အပိုင်းကို တခြားသူတွေအား ပြလိမ့်မှာမဟုတ်ဘူး။
ဖန်းလိက ဒါတွေအားလုံးကို သိထားပေမဲ့လည်း သူ့မျက်လုံးနဲ့တပ်အပ်တွေ့လိုက်တဲ့အချိန်မှာတော့ အနည်းငယ်ထိရှသွားတယ်။ သူ့ရဲ့ကျင့်ကြံခြင်းတွေက ချိတ်ပိတ်ထားခံရပြီး နတ်ဆိုးဘုရင်ရဲ့ ခြံနောက်ဘက်မှာနေနေရတယ်။
မင်းဘာကိုကြုံတွေ့မလဲဆိုတာ မင်းသိကိုသိရမယ်။ဟုတ်တယ်မလား?
ဖန်းလိရဲ့မျက်လုံးတွေက အနည်းငယ် ကစားချင်တဲ့ပုံကိုပြသနေတယ်။ သူကရပ်လိုက်ပြီး တဖက်သားကို နက်နက်ရှိုင်းရှိုင်းကြည့်လိုက်တယ်။ ပြီးတော့ ပြုံးလိုက်တယ်။ " မင်းအရှင်ကို တွေ့တဲ့အခါ ဘာလို့ မင်းလေးစားမှုကိုမပြတာလဲ?"
ရှဲ့ဟိုင် တုန့်ပြန်မှုမရှိဘူး။ အခြားသူတွေအားလုံးကတော့ သူ့ကို ဒေါသတကြီးကြည့်နေကြတယ်။ သူတို့တွေ ဒါကိုမုန်းပေမဲ့လည်း သူတို့မျက်လုံးတွေထဲက ကြောက်ရွံ့ခြင်းတွေကိုတော့ မဖုံးကွယ်ထားနိုင်ဘူး။
ဒီမှာသာမန်လူတွေလည်းရှိတာပဲ။ မျက်မှာကို ကြည့်လိုက်တာနဲ့တင်သိနိုင်တဲ့နှိပ်စက်ခြင်းတွေရှိနေပေမဲ့လည်း ကောင်းကင်ဘုံနဲ့ဆိုင်တဲ့ မာနကြီးမှုတွေက နတ်ဆိုးတွေကို ပြောပြနေသလိုပါပဲ။ လက်လျှော့ဖို့ ဆန္ဒမရှိဘဲ ကြောက်နေကြတယ်ဆိုတာ လူ့သဘာဝပါပဲ။
ဒါပေမဲ့ရှဲ့ဟိုင်ကတော့ ဒီလိုခံစားချက်တွေမရှိခဲ့ဘူး။
ဖန်းလိတွေးနေသလိုဆိုရင်......
ဒါကိုကြည့်ခြင်းအားဖြင့် ရေနတ်ဆိုးက ရုတ်တရက်ဆိုသလို အတွေးပေါက်သွားတယ်။ သူက ဒီမိုက်မဲတဲ့ သစ်သားတုံးတွေကို မကြောက်ဘူး။ သူ့ကို ချိန်းခြောက်နေတဲ့ပုံတောင် မပေါ်ဘူး။ ပြီးတော့ သူ့အရှင်ကလည်း သူတို့ကို မျက်တောင်တစ်ဖက်တောင်မှိတ်ပြမှာမဟုတ်ဘူး (စိတ်မဝင်စားဘူးလို့ဆိုလိုတာပါ) ဒါပေမဲ့ ဒီအသစ်လေးက ကပ်ဆိုက်တော့မဲ့ ပြင်းထန်တဲ့ အာရုံကိုပေးနေတာပဲ။ (ဒေါသကိုဆွတာကိုဆိုလိုတာပါ)
သူရှဲ့ဟိုင်ကိုကြည့်လိုက်တယ်။ အဲ့လူက အဲ့မှာငြိမ်ငြိမ်လေးထိုင်နေတာတောင် သူ့ကိုယ်သူရှက်ရွံ့လာသလိုခံစားရစေတယ်။ တကယ်လို့ အရှင်သူ့ကို ချစ်သွားခဲ့ရင်ရော......
ရေနတ်ဆိုးရဲ့ နှလုံးသားက ခုန်ပေါက်လို့နေတယ်။ သူကရုတ်တရက်အရှေ့ကိုလျှောက်သွားပြီးနောက် ရှဲ့ဟိုင်ကို ဆွဲဖို့ သူ့လက်ကိုဆန့်ထုတ်လိုက်တယ်။ပြီးတော့ ပြောလိုက်တယ်။ " အရှက်မရှိလိုက်တာ။ အရှင့်ကိုတွေ့တာတောင် မင်းကအဲ့မှာထိုင်နေသေးတယ်"
ဒီအမတဂိုဏ်းတပည့်တွေက ဒီလိုအရာတွေကို လုပ်ဆောင်ဖို့ သယ်ဆောင်လာသလိုပဲ။ သူတို့က တကယ်တော့ သေရမှာကိုကြောက်ကြပြီး ရှိုးပြဖို့ကို တော်တော်နှစ်သက်ကြတာပဲ။ ဒီလိုသူတော်ကောင်းယောင်ဆောင်နေတာက မနှစ်မြို့စရာပဲ။ သူတို့သေရမှာမကြောက်ဘူးဆိုရင် ဘာလို့ကိုယ့်ဘာသာမသတ်သေကြတာလဲ?ဒါက ဂုဏ်သတင်းကို ကာကွယ်ခြင်းပဲ။
ရေနတ်ဆိုးက ဒါကို ကြည့်ဖို့မစောင့်နိုင်တော့ဘူး။ ဒီနတ်ဘုရားတမျှ ခန်းညားလှတဲ့ လူ သူ့ခြေထောက်ကို ဖက်ပြီး ဒူးထောက်တောင်းပန်ပြီးငိုကြွေးရမှာကိုပေါ့။ ဒီလူကလည်း မထူးခြားဘူးဆိုတာကို အရှင့်ကို ကြည့်ခွင့်ပေးလိုက်မယ်။ သူ့ဒူးကိုထောက်ဖို့ကို ငြင်းနေမယ်ဆိုရင် အရှင်ဒေါသထွက်ပြီး သူ့ကိုသတ်လိုက်မယ်။ ဒါကသူ့အတွက်ပိုကောင်းသွားတာပေါ့။
ရှဲ့ဟိုင်က နည်းနည်းလေးတောင်မလှုပ်ခဲ့ဘူး။ သူ့ရဲ့လက်ကိုသာ အသာလေးမြှောက်လိုက်ပြီး ရေနတ်ဆိုးကို သေသေချာချာမမြင်ရခင် သူ့ရဲ့သွယ်လျတဲ့လက်ကို ကိုင်လိုက်တယ်။
အရိုးဂျွတ်ခနဲကျိုးသွားတဲ့အသံက ချက်ချင်းဆိုသလို အော်သံနဲ့အတူ ထွက်ပေါ်လာတယ်။ ရေနတ်ဆိုးရဲ့ နာကျင်နေတဲ့မျက်နှာက ရှုံ့တွသွားတယ်။ သူ့လက်တွေနဲ့ မြေပေါ်ကို ဒူးထောက်ကျသွားတယ်။ သူ(ရေနတ်ဆိုး)သူ့(ရှဲ့ဟိုင်)ကို မယုံကြည်နိုင်တဲ့အကြည့်တွေနဲ့ ကြည့်လိုက်တယ်။ သူဘယ်လိုတောင်လုပ်ရဲလိုက်တာလဲ!
ဖန်းလိရဲ့ နှုတ်ခမ်းထောင့်တွေက အနည်းငယ်မဲ့သွားတယ်။
ရေနတ်ဆိုးဇာတ်လမ်းစလိုက်တာတောင် သူ့ကို မတားဆီးခဲ့ဘူး။ သူက ရှဲ့ဟိုင် ဘယ်လိုတုံ့ပြန်မလဲဆိုတာ ကြည့်ချင်ရင်ရုံပဲ။ ရှဲ့ဟိုင် အရှုံးမပေးဘူးဆိုတာကို သူသိတယ်။ ဒါပေမဲ့ ရှဲ့ဟိုင်က တခြားသူကို စကားတစ်ခွန်းတောင်မပြောဘဲ လက်ကို ချိုးပစ်ခဲ့တယ်။ သူက သနားစိတ်နည်းနည်းတောင်ရှိမနေဘူး။ ဒီအမြှောက်စာဇာတ်ကောင်လေးကတော့ သွားပြီပဲ။
[ ဖန်းလိက ရယ်လိုက်တယ်-" ကြည့်ရတာ ဒီအလှအသစ်လေးက ဒေါသကြီးပုံပဲ" ]
[system-..........]
(T/N-နည်းနည်းကြာသွားတဲ့အတွက် တောင်းပန်ပါတယ်ဗျ..ဒီတစ်ပိုဒ်ကို ခုသုံးရက် မနားမနေတောင်ပြန်လိုက်ရတယ်။ သူရေးထားတာလေးတွေကို သဘောကျမိတယ်။သုံးသောင်းနှစ်ထောင့်လေးရာတစ်ဆယ့်ငါးလုံးတိတိပဲဗျာ.. မျက်စိတွေကိုညောင်းနေရောပဲ)