Magic Of Love

By sunray9597

30.6K 2K 1K

taekook, yoonmin, namjin, j-hope and ARMY, More

Magic Of Love ( Intro )
Part -1
Part -2
Part -3
Part -4
Part -5
Part -6
Part -7
Part -8
Part -9
Part -10
Part -11
Part -12
Part -13
Part -15
Part -16
Part_17
Part -18
Part -19
Part -20
Part -21
Part -22
Part -23
Part -24
Part -25
Part -26
Part -27
Part -28
Part -29
Part -30
Part - 31 ( Final )

Part -14

675 57 27
By sunray9597

# Unicode #

"ဘာပြောမလို့လဲ...အကုန်လုံးလဲ ဆုံလို့ပါလား..."

အခုဆို..ဂျောင်ဂုတို့လေးယောက်ရော...ထယ်ယောင်းတို့ လေးယောက်ပါ...ဂျင့်ရဲ့ စားသောက်ဆိုင်မှာ ဆုံနေကြ၏။

"ဂျီတို့..ကုနဲ့ အစ်ကိုယောင်းကို ပြောစရာရှိလို့ ချိန်းလိုက်တာ.."

"ဘာပြောမလို့လဲ...မင်းတို့အကုန်လုံးက ငါတို့ နှစ်ယောက်တည်း ပြောမှာလား....ငါတို့နှစ်‌ယောက်တည်း မသိသေးတဲ့ ကိစ္စလား...."

"ဟုတ်တယ်...‌ကုကု...အစ်ကိုတို့က..ပြောပြီး အကူညီလည်း တောင်းချင်လို့.."

"ဘာကိစ္စ မလို့လဲ...ယွန်ဂီ..."

"ဒီလို...အစ်ကိုယောင်းနဲ့ ကုရဲ့...အဟမ်း!...ဂျင်ဂျင်တို့တွေ စေ့စပ်တော့မလို့..."

"ဟမ်!...မင်းတို့တွေ...!...အားလုံးလားး!!"

ဂျောင်ဂုနဲ့ ထယ်ယောင်းတို့ ပြိုင်တူ အသံထွက်မိသွား၏။

ဆိုင်ထဲမှာ သူတို့က လွှဲပြီး ဘယ်သူမှ ရှိမနေလို့သာပေါ့...မဟုတ်ရင်...ထယ်ယောင်းတို့ အသံကြောင့်...စားသုံးသူတွေ ထွက်ပြေးမှာသေချာတယ်...

"တိုးတိုးပြောပါကွ....မျက်လုံးကြီးလည်း သိမ်းကြအုံး..."

"အေးပါ...ဒါနဲ့..စေ့စပ်ပွဲက ဘယ်နေ့လည်း..."

"နောက်ငါးရက်နေရင်.."

"ဘာာာ!...နောက်ငါးရက်...."

"ဖြေးဖြေးပြောကြပါကွာ...."

"ဂျီဟွန်း ဒီကိစ္စက ဖြေးဖြေးပြောစရာလား...ကြည့်စမ်း...နည်းနည်းလေးဘဲ လိုတော့တာကို...အခုမှ ငါတို့ကို ပြောရလား..."

"မေ့သွားလို့ပါကွာ...."

"အင်း...မေ့ကြနော်...တော်တော် ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းတွေ..."

"ပြောလေ...ကုတို့က ဘာကူညီပေးရမှာလဲ..."

"ဟီး....ကုနဲ့ အစ်ကိုယောင်းက...ဂျီတို့ စေ့စပ်ဖိတ်စာ ယူလာပေးရမှာ..."

"မင်းတို့က ဘာဖြစ်လို့ မယူတာလဲ..."

"အစ်ကိုပြောပြမယ်....အစ်ကိုတို့နဲ့...ဟန်နီတို့က ညနေကျရင်....ဘူဆန်ကို ပြန်မှာ...ဟိုမှာ စီစဉ်စရာရှိတာတွေ လုပ်ရအုံးမယ်လေ...စေ့စပ်ပွဲက ဘူဆန်မှာ ဆိုတော့....."

"ဟုတ်တယ်..ကုကုနဲ့ ထယ်ယောင်း...ဖိတ်စာတွေက..မနက်မှ ရမှာမလို့...အဲ့တာ မင်းတို့နှစ်ယောက်စောင့်ယူပြီးမှ...ဘူဆန်ကို လိုက်လာခဲ့ပါလား..."

"ငါနဲ့သူ...နှစ်ယောက်တည်း ..."

"ဟုတ်တယ်...လေ..."

"မဖြစ်ဘူး.....မဖြစ်ပါဘူး...."

အသံနှစ်သံ တစ်ပြိုင်တည်း ထွက်သွားသည်။

"ဖြစ်ပါတယ်....ကူညီပါနော်...ကုကုနဲ့ အစ်ကိုယောင်း...."

"ကူညီပေးပါ...ထယ်ယောင်းနဲ့ ကုကုရာ..."

"ကူညီပေးပါကွာ....."

"‌နော်...ကူညီပေးပါ..."

တစ်ယောက်တစ်ပေါက်နဲ့ ကူညီခိုင်းနေတဲ့ သူတွေကြောင့်...ထယ်ယောင်းတို့ နားညီးလာ၏။

"ပြီးရောကွာ....ကူညီပေးမယ်...ကူညီမယ်...."

နားမခံနိုင်တဲ့ အဆုံး...ထယ်ယောင်းနဲ့ ဂျောင်ဂု...နားတွေပိတ်ကာ အော်ပြောမှ အသံပိတ်သွားကြသည် ။

"ဟီး...ကျေးဇူးပါ...အစ်ကိုယောင်းနဲ့ ကုကု..."

"ဟွန်း...မင်းတို့တွေနော်...ငါ ကျေနပ်သေးတာ မဟုတ်ဘူး....ဘာဘဲဖြစ်ဖြစ် တစ်အိမ်ထဲ နေတဲ့ ငါ့ကိုတော့ အသိပေးသင့်တယ်..."

"တောင်းပန်ပါတယ်...ကုကုရာ...ဂျင်ဂျင်တို့နဲ့ ဒါလင်တို့ကလည်း.. အလုပ်မအားတဲ့ကြားကနေ ..မာမီတို့က လက်ထပ်ဖို့ပြောကြတော့...သူတို့စိတ်ချမ်းသာအောင် အရင် စေ့စပ်လိုက်ရတာ...လက်ထပ်ပွဲကတော့....လေးငါးလကြာမှ လုပ်မယ်...အခုလည်း...အလောတကြီး စီစဉ်လိုက်တော့...မင်းတို့ကိုပြောဖို့မေ့သွားတာ..."

"ခွေးကောင်တွေ ...ဒါမျိုးကျ မေ့တယ်နော်...ဪ...ဒါနဲ့ ကိုကြီး သိပြီးပြီလား..."

"ဟီး...ကိုကြီးဂျောင်မင်က သိလို့ ဘူဆန်ကို မနေ့က ပြန်ပြီး...မာမီတို့ကို ကူပေးနေတယ်..."

"ချီးလို‌သူငယ်ချင်းတွေ...F**k ..ဘဲ...ခွေးကောင်တွေ...ကိုကြီးကျတော့ ပေးသိပြီး ငါတို့ကျတော့မေ့တယ်ပေါ့..."

"ကုကလည်း...ငါတို့က နည်းနည်းလေး မေ့သွားတာပါ..."

"ဪ...နည်းနည်းလေးမေ့သွားလို့ပေါ့...မဟုတ်ရင်...ကလေးမွေးပြီမှ...အသိပေးမဲ့ ပုံတွေ...အခုတောင် ဖိတ်စာ ယူဖို့လူမရှိလို့ သတိရတာမလား..."

ဂျောင်ဂု စကားကြောင့်...ဆော့ဂျင်တို့မျက်နှာ ရဲခနဲ ဖြစ်သွား၏။

"မင်းကလည်း...ကွာ....စိတ်မဆိုးပါနဲ့နော်..."

"ပြီးရော...ဒါပေမဲ့...မင်းဆိုင်က...ကြက်ကြော်တွေ..အလကားစားခွင့် တစ်လပေး..."

"ဟမ်!..."

ဆော့ဂျင်...ဟမ်ခနဲ ဖြစ်သွား၏။ ဂျွန်ဂျောင်ဂုက တစ်ခါစားရင် ဖုတ်ဝင်နေတဲ့ အတိုင်း...တစ်ရက်နှစ်ရက်တောင် မဟုတ်ဘဲ...တစ်လတဲ့ ကင်မ်ဆော့ဂျင်တို့ အရင်းပြုတ်ကိန်းပေါ်နေပြီ....

"ဘာ...ဟမ်လဲ...မင်းတို့ အပြစ်လုပ်ထားတာဘဲ...ငါပေးတဲ့ အပြစ်ယူရမှာပေါ့..."

"အေးပါကွာ...အေးပါ...ဒါနဲ့ ငါတစ်ယောက်တည်း ...မဟုတ်ဘူးနော်..ဟိုကောင်တွေ ရှိသေးတယ်..."

"သိပါတယ်...ဂျီဂျီနဲ့ ဆော့ဆော့ကလည်း...မနက်စာ တစ်လတိတိ အလှည့်ကျ ဝယ်ကျွေးရမယ်..."

ဂျွန်ဂျောင်ဂုတို့က အပြစ်ပေးနေတာလား...မွဲဆေးဖော်နေတာလညးတောင်မသိ.....

"ဝယ်ကျွေးမယ်...ဟုတ်ပြီလား..."

မျက်နှာတွေက မသာမယာနဲ့ ပြောတဲ့ သုံးကောင်သားကို ကြည့်ပြီး ဂျောင်ဂု...ရယ်မိသည်...

*ကြည့်နေ...ငါ အများကြီး စားပစ်မှာ ....ဟွန့်!.ဂျွန်ဂျောင်ဂုကို ဘာမှတ်နေလဲ..*

"ဘယ်ဆိုင်မှာ အပ်ထားနာလဲ...နမ်ဂျွန်း..."

" Winter..မိတ္တူ ဆိုင်မှာ..."

"ကောင်းပြီလေ...ငါတို့ ယူလာပေးမယ်...မင်းတို့ ညနေ သွားပြမှာမလား...ပြင်ပြီးပြီလား..."

"အွန်း!...ကူဘီပေးလို့ ကျေးဇူးပါ...ထယ်ယောင်းနဲ့ ကုကု..."

"အာ~...မဟုတ်တာ...အစ်ကို ဂျွန်းရယ်...ကုကုတို့က သေချာပေါက် ကူညီပေးရမှာပေါ့..."

ဂျောင်ဂုက ယုန်သွားလေးတွေပေါ်အောင် ပြုံးပြီး ပြောလိုက်‌တော့ ..ထယ်ယောင်း...ငေးကြည့်မိသည် ။

ရှပ်ပြာလေးက ရယ်ရင် အရမ်းချစ်ဖို့ကောင်းတာ...

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ရပြီလား..."

"အွန်း..."

ထယ်ယောင်းက ကားထဲ ဝင်ထိုင်လိုက်တဲ့ ဂျောင်ဂုကို ကြည့်ပြီး...မေးတော့ ဂျောင်ဂုက တိုတို တုတ်တုတ်ဖြေပြီး နောက်ခန်းထဲ ဖိတ်စာတွေ လှမ်းထည့်ပြီး...သေချာ ပြင်ထိုင်လိုက်ပြီး...ခါးပတ်ပတ်နေသည်။

သူလည်း...ကားကို စပြီး စက်နိုးကာ...မောင်းလာခဲ့၏။

တကယ်ဆို...
မနက်ကိုးနာရီလောက်က စပြီး ထွက်မယ်လို့ တိုင်ပင်ခဲ့ပေမဲ့...ဖိတ်စာတွေက မပြီးသေးတော့...စောင့်နေတာနဲ့ ဆယ့်တစ်နာရီလောက်မှ စထွက်ဖြစ်သည်။

"ငါတို့ ဘယ်အချိန် ဘူဆန်ကို ရောက်လောက်လည်း..."

"ရှစ်နာရီ...ကိုးနာရီလောက် ရောက်လောက်တယ်..."

"ဪ...."

"ကင်မ်ထယ်ယောင်း...ခင်ဗျား...ဘူဆန်ရောက်ဖူးလား..."

"ကိုယ် ငယ်ငယ်က ဘူဆန်မှာနေဘူးတယ်..."

"ခင်ဗျားက...ဘူဆန်သားလား..."

"ဟင့်အင်...ဒယ်ဂူသား...ကိုမွေးပြီး တစ်နှစ်လောက်မှာ...ဘူဆန်ကို ပြောင်းတယ်လို့ မာမီက ပြောဖူးတယ်...ကိုယ် ..အသက် ဆယ်နှစ်လောက်မှာ...ဆိုလ်းကို ပြောင်းလာခဲ့တာလေ..."

"ဪ...အဲ့လိုကို....ဒါနဲ့ ခင်ဗျား...ဘူဆန်ကို သွားတတ်တယ်မလား..."

"ဟင့်အင်...ကိုယ်က တစ်ခြားနေရာတွေ ရောက်ဖြစ်ပေမဲ့....ဘူဆန်တော့ ပြောင်းလာပြီးတည်းက မသွားဖြစ်တော့တာ...."

"ဟမ်!...ဒါဆို...ခင်ဗျား..ဘယ်လိုမောင်းမလဲ..."

ကင်မ်ထယ်ယောင်းက တကယ့် လူ.....မသွားတတ်တာတောင်....သူ့ကို နည်းနည်းလေးမှ မေးမယ် မရှိဘူး....

"မပူပါနဲ့...GPS...ရှိတယ်လေ....အခု GPS ပြတဲ့ အတိုင်းမောင်းနေတာ..."

"ပြီးရော..."

ခဏ အကြာတော့ ကားထဲက လေထုက တိတ်ဆိတ်သွား၏။ဂျောင်ဂုက လည်း အပြင်က ပတ်ဝန်းကျင်ကို ငေးပြီး လိုက်လာသလို...ထယ်ယောင်းကလည်း...ငြိမ်ပြီး ကားမောင်းနေသည်။

သုံးနာရီလောက်ကားမောင်း‌ပြီးချိန်မှာ...သူ့ဘေးက ရှပ်ပြာလေးဆီကနေ...ဟောက်သံ ပိစိလေးထွက်လာသဖြင့် ထယ်ယောင်း ရယ်မိသွားသည်...

ထိုင်ခုံကို နောက်အနည်းငယ်လျော ထားပြီး...ပက်လက်ကလေး အိပ်နေတဲ့ ဂျောင်ဂု...ထာ်ယောင်းလည်း ကားစက် သတ်ပြီး...အိပ်ပျော်နေတဲ့ ဂျောင်ဂုရဲ့ မျက်နှာနုနုလေးကို အသေးစိတ်ကြည့်နေမိ၏။

မျက်ဝန်းဝိုင်းဝိုင်းလေးတွေကို...ပိတ်ကားချထားတဲ့ မျက်တောင်ကော့ကော့လေးတွေနဲ့ ပြေလျောနေတဲ့ မျက်ခုံး သွယ်သွယ်လေးတွေ...ဖြောင့်စင်းပြီး အဆုံးသတ်မှာ လုံးဝန်းသွားတဲ့ နှာခေါင်းလုံးလုံးလေး...ဖြူဖွေးပြီး ဖောင်နေတဲ့ ပါးမို့မို့လေးနဲ့...ချယ်ရီရောင်သန်းနေတဲ့ နှုတ်ခမ်း နှစ်လွှာ...က ...စေ့စေ့ကြည့်လေ...ပိုပြီး‌လှလေပင်...

*ဟက်!...အိပ်နေပြန်တော့လည်း...အစွာလေးမဟုတ်တဲ့ အတိုင်းဘဲ....*

ထယ်ယောင်းလည်း...အပူပင် ကင်းကင်းနဲ့ ကလေးလေးတစ်ယောက်လို...အိပ်နေတာတောင် ..ချစ်ဖို့ကောင်းတဲ့ ဂျောင်ဂုကို ကြည့်နေသည်မှာ အချိန်တစ်ခုကြာတဲ့ အထိ....

နဖူးပြင်လေးပေါ်...နူးနူးညံ့ညံ့လေး အနမ်းတစ်ပွင့်ချွေပြီး ခရီး ဆက်လိုက်သည်။နှုတ်ခမ်းပါးလေးကို နမ်းချင်ပေမဲ့ နိုးသွားမှာ ဆိုးတာကြောင့် ....ထယ်ယောင်းမှာ နဖူးလေးနဲ့တင် ကျေနပ်လိုက်ရ၏။

ထယ်ယောင်းလည်း...အတွင်းရေးမှူး ဝူကို..ကုမီမဏိ ကိစ္စတွေ အသေးစိတ်မှာဖြိ့ ဖုန်းကို ထုတ်လိုက်သည်။

အတွင်းရေးမှုး ဝူက...ယုံကြည်စိတ်ချရပေမဲ့...သူရတော့ လိုအပ်တာတွေ မှာရအုံးမယ်မလား...

"ဟမ်!...ဖုန်းအားမရှိပါလား ..."

ထယ်ယောင်းဖုန်းကို ..ထုတ်ပြီး ကြည့်လိုက်တော့...ဖုန်းအားက ကုန်ခါနီးနေပြီ...မနေ့က ..အားသွင်းဖို့မေ့သွားတာ...ရှပ်ပြာလေး နှစ်ယောက်တည်းရီးသွားရမယ်ဆိုတော့...မနေ့တည်းက စိတ်လှုပ်ရှားပြီး အယောင်ယောင်အမှားမှားဖြစ်နေတာ....

Power bank..ထည့်လားတယ်ထင်ပြီး....လက်ဆွဲအိတ်ထဲကြည့်တော့မှ မပါမှန်းသိသည်။

"ကျစ်!...ကင်မ်ထယ်ယောင်း မပီသလိုက်တာ.."

ထယ်ယောင်း ကိုယ့်ကိုယ်ကို အားမလိုအားမရ ဖြစ်မိ၏။ခရီးသွားတိုင်း..လိုအပ်တဲ့ပစ္စည်းတွေ..မမေ့တတ်တဲ့ ထယ်ယောင်းက အခုတော့..စိတ်လှုပ်ရှားပြီး ဘာမှ မတွေးနိုင်လောက်အောင်..ကျန်ခဲ့သည်...

မတက်နိုင်ပေ...ကျန်တဲ့...ဖုန်းအားလေးနဲ့ ဘဲ...အတွင်းရေးမှူး ဝုဆီ ဖုန်းဆက်ရမှာဘဲ...

📱 : ဟယ်လို...

📱 : ဟယ်လို ဥက္ကဌ...

📱 : အတွင်းရေးမှူး ဝူ...ကုမ္မဏီရဲ့ အခုလ လချုပ်စာရင်းကို သေချာ စစ်ပေးထားပါ...ငါပြန်လာရင် အဆင်သင့်ဖြစ်အောင်....

📱 : ဟုတ်ကဲ့...ဥက္ကဌ...

📱 : ပြီးတော့...စက်ရုံဆောက်လုပ်ရေးပိုင်းလည်း ..သွားပြီး စစ်ဆေးကြည့်ပေးထားအုံး...ငါနဲ့ ယွန်ဂီတို့က...ဆိုးလ်းမှာ မရှိဘူး...အဲ့တော့..အတွင်းရေးမှူး ဝူက ဘဲ လိုအပ်တာတွေ..လုပ်ပေးထားပါ...စီမံခန့်ခွဲရေးပိုင်းလည်း...မလှစ်ဟင်းပါစေနဲ့..အရေးကြီးတဲ့... meeting တွေကို ငါပြန်လာမှ လုပ်မယ်...."

📱 : ဟုတ်ကဲ့ပါ...ဥက္ကဌ...စိတ်ချပါ..ကျွန်တော် အကောင်းဆုံး လုပ်ပေးထားပါ့မယ်...

📱 : ဟုတ်ပြီ...ဒါနဲ့ မာမီက...ဒီနေ့..ပဲရစ်က ပြန်ရောက်မှာ...အဲ့တာ....မင်း အလုပ်ဆင်းရင်...မာ့မီဆီ ဝင်ပြီး...ငါနဲ့ ဂျွန်ဂျောင်ဂု..ကား~...တီ!...~...ဟယ်လို!....ဟယ်လို!..."

ကားနဲ့ ဘူဆန်က ယွန်ဂီတို့..‌စေ့စပ် ပွဲ သွားတယ်လို့‌ပြောခိုင်းမလို့......ပြောနေရင်း ဖုန်းအားကုန် သွားတာကြောင့်...‌ထယ်ယောင်း...သက်ပြင်းချပြီး ကားဆက်မောင်းနေလိုက်သည်။

တစ်ဖက်က...အတွင်းရေးမှုး ဝူကလည်း...ထယ်ယောင်းရဲ့ တစ်ဝက်တစ်ပျက် စကားကြောင့်...ဘာပြောလို့ပြောရမှန်းမသိ...ဥက္ကဌက သေချာ ပြောမသွားတော့...သူဌေးအမေကို ဘယ်လို ပြန်ပြောရမှန်းမသိ...ဖုန်းပြန်ဆက်တော့လည်း...စက်ပိတ်ထားတယ်နဲ့ တိုးနေတာကြောင့်...သူ့အတွေးတွေက ပီပြင်လာ၏။

အတွင်းရေးမှုး ဝူတို့ လိုရာဆွဲတွေးပြီ...အရင်လလောက်က..ဥက္ကဌ ဆီက ...သု့အမေက..အိမ်ထောင်ချပေးမယ်..ပြောသံကြားတယ်...မယူချင်လို့မြန်း...အစ်ကိုလေးဂျောင်ဂုကို ကားတင်ပြေးတာလား မသိဘူး....အဟိ...ဥက္ကဌက လက်သွက်လိုက်တာ...ဒီတော့ သူဌေးအမေသိရင်...တားနေအုံးမယ်...အလိုက်သိတဲ့ တပည့်လေးက.ဥက္ကဌတို့...မင်္ဂလာဦးပြီးမှ...ဖွင့်ပြောပေးပါ့မယ်....အဲ့ဆို...သူဌေးအမေလည်း မတားနိုင်တော့ဘူးလေ....အဟိ...သူ့ အကြံပိုင်တယ်မလား....

"ဖောင်းးး"

"ကျွီ~..."

"အိုမားးးးး..."

"ဟာ!....သွားပြီ.."

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Good night ပါသဲငယ်လေးတို့ 😘💜💜💜💜💜💜💜

မျက်လုံးတွေအောင့်နေလို့ ..တိုတိုဘဲ အပ်လိုက်တယ်နော်....နောက်နေ့မှ များများအပ်ပေးပါ့မယ်....

Thanks for votes, feedback and comment.

I Love my readers forever ❤️

I PURPLE YOUR 💜


______________________________________










# Zawgyi #
















"နောက်ငါးရက်နေရင်.."

"ဘာာာ!...နောက်ငါးရက်...."

"ဖြေးဖြေးပြောကြပါကွာ...."


"မေ့သွားလို့ပါကွာ...."








"ဟုတ်တယ်...လေ..."

"မဖြစ်ဘူး.....မဖြစ်ပါဘူး...."




"ကူညီပေးပါကွာ....."

"‌နော်...ကူညီပေးပါ..."















"ဟမ်!..."
















~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ရပြီလား..."

"အွန်း..."



တကယ်ဆို...



"ဪ...."



"ခင်ဗျားက...ဘူဆန်သားလား..."







"ပြီးရော..."



ထိုင်ခုံကို နောက်အနည်းငယ်လျော ထားပြီး...ပက်လက်ကလေး အိပ်နေတဲ့ ဂျောင်ဂု...ထ်ာယောင်းလည်း ကားစက် သတ်ပြီး...အိပ်ပျော်နေတဲ့ ဂျောင်ဂုရဲ့ မျက်နှာနုနုလေးကို အသေးစိတ်ကြည့်နေမိ၏။













📱 : ဟယ်လို...

📱 : ဟယ်လို ဥက္ကဌ...


📱 : ဟုတ်ကဲ့...ဥက္ကဌ...







"ဖောင်းးး"

"ကျွီ~..."

"အိုမားးးးး..."

"ဟာ!....သွားပြီ.."

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~





I PURPLE YOUR 💜







Continue Reading

You'll Also Like

845K 70.3K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
362K 33.6K 26
- Can't help falling in love with you - This is the story of love between us. Jeon's Tae๐Ÿฏ๐Ÿฐ Start - 28/4/2021 End - 22/7/2021 #Myanmar #Taekook (...
98.4K 4.5K 59
Emma Swan runs a successful bakery in New York. Along with her son Henry, she seems to live a pretty normal life. Until one day Killian Jones walks i...
2.6M 151K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...