အပိုင်း ၃ - ဒါကို ဖက်တယ်လို့ ခေါ်တယ်။
နွေရာသီ၏လေပြေသည် စိုထိုင်းပူနွေးနေ၏။ ရှောင်တောက်ကျိတစ်ယောက် ညဘက်ကြီး အိပ်မပျော်နိုင်ဘဲ ကုတင်ပေါ်တွင် လှဲလျောင်းလျက်ရှိသည်။ သူ့နောက်ကျောတွင် ကပ်လျက်ရှိသော ပူနွေးနွေးကိုယ်ခန္ဓာတစ်ခုကြောင့် သူ ပို၍ မသက်မသာဖြစ်ရချေသည်။
ရှောင်တောက်ကျိ ဝေခွဲမရဖြစ်စွာဖြင့် ပြောလိုက်သည်။
"ပန်းအိုးအလွတ်တစ်လုံး ရှိတာပဲ... အဲ့မှာလည်း အိပ်လို့ရနေတာကို နေ့တိုင်း ငါ့ကုတင်ပေါ်မှာပဲ ကျဉ်းတီးကျပ်တပ် လာအိပ်နေတယ်"
သန့်စင်ထားသော နေကြာပန်းပင် : " မင်း အရမ်းပူလို့လား"
ရှောင်တောက်ကျိ :" မပူဘဲ ရှိမလားကွ"
သူ ဒီလိုပြောလိုက်သည်နှင့် ရုတ်တရက် သူ့နောက်ကျော အေးလာသည်ကို ရှောင်တောက်ကျိ ခံစားလိုက်ရသည်။
သန့်စင်ထားသော နေကြာပန်းပင် :"တကယ်တော့ ပုံမှန်ဆို ငါ့ခန္ဓာကိုယ် အပူချိန်က နည်းနည်းလေးပဲ... ဒါပေမဲ့ ငါ လူနဲ့တူအောင် မင်းအပူချိန်လောက်နီးနီး မြှင့်ထားတာ"
ရှောင်တောက်ကျိ သန့်စင်ထားသော နေကြာပန်းပင်၏ ရင်ခွင်ထဲ သက်တောင့်သက်တာ တိုးခွေကာ ပြောလိုက်သည်။
"ဘာလို့ စောစောမပြောတာလဲ... အရင်ရက်တွေတုန်းကဆို ငါ ပူလွန်းလို့ သေတော့မလိုပဲ"
သန့်စင်ထားသော နေကြာပန်းပင်က သူ့ရင်ခွင်ထဲက ရှောင်တောက်ကျိကို တပျော်တပါးကြီး ထွေးပွေ့လိုက်၏။
သန့်စင်ထားသော နေကြာပန်းပင် :" ငါ သိတယ်... ဒါကို ဖက်တယ်လို့ ခေါ်တာမလား... ဒီလိုလုပ်တာ မင်း ငါ့ကို သဘောကျလို့ ဟုတ်တယ်ဟုတ်"
ရှောင်တောက်ကျိ လန့်ဖြန့်သွားရသည်။
"ဘယ်ကလား... မဟုတ်ပါဘူး၊ အအေးခံချင်လို့သာ ဒီလိုလုပ်တာ"
သန့်စင်ထားသော နေကြာပန်းပင်က အနှီ သူပြောလိုက်သော စကားကို မကြားချင်ယောင်ဆောင်လိုက်၏။
"မင်း ကိုယ့်နား တိုးလာတိုင်း... ကိုယ်ကတော့ အဲ့စာအုပ်ထဲကအတိုင်း မင်းကို လုပ်ပစ်ချင်တော့တယ်"
ရှောင်တောက်ကျိ : "သိသားပဲ... မင်း အပြာစာပေ ဖတ်ဖို့ကလွဲ ဘာစာအုပ်တွေ ဖတ်တတ်တာရှိလို့လဲ"
သန့်စင်ထားသော နေကြာပန်းပင်မှာ တအံ့တဩဖြစ်သွားသည်။
"စာအုပ်တိုင်းက အပြာစာပေ မဟုတ်ဘူးလား"
ရှောင်တောက်ကျိ :" ဘယ်ဟုတ်မလဲ... ငါ မင်းဖတ်ဖို့ ပိဋကတ်သုံးပုံ ကျမ်းစောင်တွေ ယူပေးခဲ့ဉီးမယ်"
သန့်စင်ထားသော နေကြာပန်းပင်က မျက်ဆံလှန်ပြီး ရှောင်တောက်ကျိကို ပြန်ပွေ့ဖက်လိုက်သည်။
"မဖတ်ပါဘူးနော်"
ရှောင်တောက်ကျိ ခဏမျှ ရုန်းလိုက်ပေသိ နောက်တော့ အရှုံးပေးလိုက်ရသည်။ ထို့နောက် သူကိုယ်တိုင်လည်း သန့်စင်ထားသော နေကြာပန်းပင်၏ ရင်ခွင်ထဲ တိုးဝင်လိုက်၏။ နွေရာသီလေပြေ တိုက်ခတ်နေသည့်ကြားက အေးမြမြရင်ငွေ့ခို၍ အပန်းဖြေသူ ရှောင်တောက်ကျိမှာ အိပ်ပျော်သွားသည်နှင့်အမျှ အသက်ရှူသံ စည်းချက်မှန်လာခဲ့ပေသည်။
------
ရှောင်တောက်ကျိ ဝင်းထဲ တံမြက်စည်းလှည်းနေစဉ် သူ၏ ဂိုဏ်းတူညီမလေးတစ်ယောက် ရောက်လာခဲ့သည်။ ဂိုဏ်းတူညီမလေးဖြစ်သူက နေရောင်တောက်တောက်အောက်တွင် အလှဝေဖြာနေသော လီလီပန်းတစ်ပွေ့ ပိုက်ကာ သူ့နား ရောက်လာ၏။
ပန်းတွေကို တွေ့တော့ ရှောင်တောက်ကျိ ချက်ချင်း သဘောခွေ့သွားတော့သည်။ သူ ပြုံးလိုက်ကာ
" ရှစ်မေ့ တောင်ပေါ်တက်ပြီး ပန်းတွေခူးခဲ့တယ်ပေါ့"
ဂိုဏ်းတူညီမလေးက ပန်းအနည်းငယ် ခွဲထုတ်ကာ ရှောင်တောက်ကျိထံ ကမ်းပေးလိုက်သည်။
"ရှစ်ကော ပန်းတွေ သဘောကျမှန်းသိလို့ ကိုယ်တိုင်လာပေးလိုက်တာ... ပန်းအိုးထဲ ရေဖြည့်ပြီး စိုက်ထားရင် နှစ်ရက်လောက်တော့ ပွင့်နေဉီးမှာပဲ"
ရှောင်တောက်ကျိ ပန်းတွေကို ကြည့်ပြီး ပျော်ပျော်ကြီး တစ်ချက်အနံ့မွှေးလိုက်၏။ လီလီပန်းများသည် နွေရာသီ အချိန်အခါသမယတွင် ပွင့်ဖူးကြသည်မို့ ရနံ့များက အလွန်သင်းပျံ့နေသည်။
ထိုစဉ် အလွန်အမင်း မကျေမချမ်းဖြစ်နေပုံရသော သန့်စင်ထားသည့် နေကြာပန်းပင်ကြီး ပေါ်လာ၏။
သန့်စင်ထားသော နေကြာပန်းပင်က မည်းပုတ်နေသော မျက်နှာဖြင့်
" မင်းက တစ်ခြားပန်းတွေကို ပေါ်တင်ကြီး အိမ်ခေါ်လာရဲတယ် ?"
ရှောင်တောက်ကျိ :" ဒါ ရိုးရိုးပန်းတွေလေ... ပန်းမိစ္ဆာတွေမှ မဟုတ်တာ"
သန့်စင်ထားသော နေကြာပန်းပင်က နှာတစ်ချက်မှုတ်ကာ
" မင်းက အရမ်းလည်း အနံ့မွှေးကြည့်သေးတယ်... တအားလည်း နီးနီးကပ်ကပ် ရပ်လိုက်သေးတယ်"
ရှောင်တောက်ကျိမှာ လီလီပန်းနှင့် ခွဲရမှာကို တွန့်ဆုတ်နေမိသည်။
" ဒီပန်းက ရနံ့ရှိတယ်လေ... အဲ့ကြောင့် မွှေးကြည့်လိုက်တာ.. ဒါပုံမှန်ပဲဟာ... မင်း ကိုယ်တိုင်လည်း အဲ့လိုပြောခဲ့တာပဲ"
သန့်စင်ထားသော နေကြာပန်းပင်က အလန့်တကြား ဖြစ်သွားဟန်ဖြင့်
"တစ်ခြားလူတစ်ယောက်ရဲ့ ဟာ*ကို စိုက်ကြည့်တာကို မင်းက ပုံမှန်ပဲလို့ ထင်တယ်ပေါ့"
ရှောင်တောက်ကျိ စိတ်ရှုပ်သွားသည်။
" ဟင် ?"
သန့်စင်ထားသော နေကြာပန်းပင်က သူ့ခန္ဓာကိုယ်သူ လက်ညိုးထိုးပြီး ဆို၏။
" ငါတို့ ပန်းတွေက ဟိုဟာကို လုပ်ဖို့ ဘယ်အစိတ်အပိုင်းကို သုံးတယ်ဆိုတာ မင်း သိလား"
ရှောင်တောက်ကျိ ခေတ္တမျှ စဉ်းစားပြီးနောက် သဘောပေါက်သွားသည်။ သူ့မျက်နှာကြီး ချက်ချင်း တွန့်ချိုးလာကာ လီလီပန်းများကို သန့်စင်ထားသော နေကြာပန်းပင်ထံ ပစ်ပေါက်လိုက်သည်။
" မလိုချင်တော့ဘူး"
သန့်စင်ထားသော နေကြာပန်းပင်က ဖိတ်ဖိတ်တောက်သော မျက်ဝန်းများဖြင့် ကြည့်ကာ ပြောလိုက်၏။
" နေဉီး... မင်း အဲ့လို လုပ်ရတာ သဘောကျတယ်ဆိုရင် ငါ့ဟာကို စမ်းကြည့်ပါလား..."
ရှောင်တောက်ကျိ သူ့နားနှစ်ဖက်ကို လက်နှင့်အုပ်ပြီး အပြင်ထွက်ပြေးကာ အော်ပြောလိုက်သည်။
"မစမ်းကြည့်ချင်ဘူး... အား အား အား"
-------
ရှောက်တောက်ကျိ၏ ဂိုဏ်းတူအစ်ကိုမှာ ယခင်က ပန်းပင်များ မပျိုးထောင်ဖူးသည် မှန်ပေသိ သူ့အခန်းထဲ ရောက်နေသော သစ်ခွပင်ကိုတော့ဖြင့် အင်မတန် ဂရုစိုက်လှပေသည်။ တော်တော်ကြာအောင် ဂရုတစိုက် ပျိုးထောင်ပြီးသည့်နောက်တွင် သစ်ခွပင်သည် ရိုးတံအနုလေးတစ်ချောင်း ထွက်လာကာ ပန်းပွင့်တော့မည့် အသွင်ဆောင်လာ၏။
ရှစ်ရှုန်းသည် စာအုပ်စင်ရှေ့တွင် စာအုပ်တစ်အုပ် ဖတ်ရင်း မတ်တပ်ရပ်နေ၏။ တည်တံ့နေသော သူ၏မျက်နှာထားက သူ့အား အလွန်တရာမှ ဆွဲဆောင်မှု ပိုစေသည်။
မြင့်မြတ်သော သစ်ခွပန်းလေး : ( */ω\* )
ရှစ်ရှုန်းမှာ ဆဌမမြောက်အာရုံရှိနေသည့်အလား ရုတ်ချည်း ခေါင်းလှည့်လာသည်။ ထို့နောက် ပန်းအိုးထဲက သစ်ခွပင်ကို အသေအချာ ကြည့်ကာ ခေါင်းရှုပ်သွား၏။
"ဟင်... ထူးဆန်းလိုက်တာ"
မြင့်မြတ်သော သစ်ခွပန်းလေး : ( -_-)|||
ရှစ်ရှုန်း အနီးကပ် ပိုတိုးလိုက်ကာ လက်လှမ်းပြီး သစ်ခွပင်၏ ရိုးတံနုနု ထိပ်ကို လက်မဖြင့် အသာအယာ ပွတ်ဆွဲလိုက်သည်။ မကြာခင် သစ်ခွပင်လေး ပန်းပွင့်တော့မည်မို့ ရှစ်ရှုန်းကတော့ ပျော်နေ၏။
မြင့်မြတ်သော သစ်ခွပန်းလေး : ( *////▽////* )
ပန်းပင်၏ ရိုးတံနုနုလေးကို အင်မတန် ချစ်စဖွယ်ကောင်းသည်ဟု မြင်မိသဖြင့် ရှစ်ရှုန်း ထိုထိပ်လေးအား လက်မဖြင့် ပွတ်သပ်လိုက်ပြန်သည်။ ထို့နောက် ရယ်သွမ်းလိုက်ကာ
" တော်တော် သေးတာပဲ"
မြင့်မြတ်သော သစ်ခွပန်းလေး : (┛◉Д◉)┛彡┻━┻ (စားပွဲခုံ မှောက်လှန်လိုက်)
ရှစ်ရှုန်း၏လေသံ နူးညံ့သွားပြီး
" မြန်မြန် ပွင့်ပါတော့"
မြင့်မြတ်သော သစ်ခွပန်းလေး : ↖️(^ ω ^)↗️
------
စာရေးသူမှာ ပြောစရာရှိတယ် :
ပန်းပွင့်တွေက အပင်ရဲ့ မျိုးပွားအဂါဆိုတာ သိကြတယ်ဟုတ်
ငါ ဘာရေးရမှန်း မသိတော့ဘူး _(:3" )_