အရေးကောင်းမှ ပွဲလာဖျက်သော ဖူယွမ်နှင့်ရီဇဲတို့နှစ်ယောက် အကြည့်ချင်းစစ်ခင်းနေကြသည်မှာ မီးတောက်များ.လွင့်စင်လာတော့မတတ်ပင်......
လူယုတ်မာကောင်က မင်းဟွေ ကူသမှုခံယူနေတဲ့ ဆေးရုံကို သူ့အိမ်သူ့ယာလိုသဘောထားပြီး လုံခြုံရေးတင်းကြပ်ထားတာကြောင့် ခြေတစ်လှမ်းတောင် လှမ်းလို့မရခဲ့ဘူး......ကံကောင်းထောက်မလို့သာ သတင်းစာရှင်းလင်းပွဲကနေ အချက်အလက်အချို့ရခဲ့တယ်......
ဘယ်သူမှ သူ့ကို မတားနိုင်ခင် ရီဇဲနဲ့ ရှဲ့ဟယ်တို့ရှိရာဆီ ဖူယွမ် ခြေလှမ်းကျဲကျဲ လှမ်းသွားခဲ့လိုက်တယ်......
ရီဇဲရဲ့ အကြည့်တွေ ရေခဲတမျှ အေးစက်နေတဲ့အပြင် ရက်စက်ကြမ်းကြုတ်တော့မည် အရိပ်အယောင်တွေလည်း ထိန်းမရသိမ်းမရအောင် ဆူဝေလှိုက်တက်လာတယ်.....
ဒီလူယုတ်မာကြောင့်သာ ကျန်းဇီဟန်နဲ့ သူ့အကြောင်းတွေ ဘူးပေါ်သလို ပေါ်ကုန်ပြီး ဒီလိုတွေဖြစ်ခဲ့ရတာ.....အခုလည်း လက်ထပ်ခါနီး ပွဲလာဖျက်ချင်ပြန်ပြီလား.....
" မင်းကို ဘယ်သူဖိတ်ထားလို့လဲ......"
"ဟွန့်.... ငါသာရောက်လာရင် မင်းစိတ်တိုင်းကျ ဘာမှလုပ်လို့မရတော့မှန်း ကြိုသိနေလို့ ငါကိုမဖိတ်ရဲတာမလား....."
ဒီစကားကြောင့် ပရိတ်သတ်တွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြတယ်.....ပွဲတက်လာသူတိုင်းက ရီဇဲနဲ့ မင်းဟွေအကြောင်းသိထားသူတွေပါ....
နှစ်ဉီးသား အပြန်အလှန်ချစ်ကြလို့ လက်ထပ်လိုက်ကြတာမဟုတ်ဘူးလား....
ဖူယွမ်ပြောတဲ့ ဖိအားပေးခံရတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ......
ရီဇဲ ရှဲ့ဟယ်ကို ပြန်ပေးဆွဲပြီးချုပ်နှောင်ထားခဲ့မှန်း ပရိတ်သတ်တွေ ဘယ်သိပါမလဲ....ဒါ့ကြောင့် အကြောင်းစုံသိနေတဲ့ ကျန်းဇီဟန်ကပဲ ဖူယွမ်ကိုဝင်တားရတော့တယ်.....
" မင်းဟွေ ဖိအားပေးခံရမဟုတ်ဘူး....ပေါက်ကရတွေလျှောက်ပြောမနေနဲ့....."
ကျန်းဇီဟန်ရဲ့ နှလုံးသားတစ်ခုလုံး စုတ်ပြတ်သတ်နေအောင် နာကျင်နေရပေမယ့် ရီဇဲနဲ့ မင်းဟွေတို့ရဲ့ မဂ်လာပွဲကို ကောင်းချီးပေးဖို့ ရောက်အောင်လာခဲ့တာပါ....ဒါ့ကြောင့် ကောင်လေး မဂ်လာယူနေတာကို ဖူယွမ် အနှောက်ယှက် မပေးနိုင်အောင် ခပ်ဝေးဝေးရောက်တဲ့အထိ ဆွဲခေါ်သွားဖို့ကြိုးစားနေတယ်......
ဆွဲခေါ်ခံလာရတဲ့ ဖူယွမ်ကလည်း သေလောက်အောင်ဒေါသထွက်နေတယ်.....
"ကျန်းဇီဟန်!!! အရင်တုန်းက မင်းလည်း မင်းဟွေကို ကယ်တင်ချင်ခဲ့တာပဲမဟုတ်လား......မင်းပြောတော့ သူ့ကိုချစ်တယ်ဆို.....ဒါဆို ဘာလို့ ရီဇဲလက်ထဲ ထည့်လိုက်ရတာလဲ!!!!!"
ကျန်းဇီဟန် သွေးမရှိတော့သလို ဖြူဖျော့သွားပြီး ဘာမှ ပြန်မဖြေနိုင်တော့ဘူး.......
ဖူယွမ်ရဲ့ ကျယ်လောင်လွန်းလှတဲ့အသံကြောင့် ပရိတ်သတ်တွေ ပွဲဆူကုန်ကြတယ်.....
ဟုတ်သားပဲ....ရီဇဲ ကျန်းဇီဟန်ကို ပိုးပန်းနေတာဘယ်လောက်ကြာပြီလဲ....ဒါဆို မင်းဟွေကို ကျန်းဇီဟန်နေရာမှာအစားထိုးဖို့ လက်ထပ်လိုက်တာလား.....ကျန်းဇီဟန်ကလည်း သူ့နေရာမှာ အစားထိုးခံထားရတဲ့ ကောင်လေးကို ချစ်မိနေတာလား......
ဘယ်နှပွင့်ဆိုင် ဇာတ်လမ်းကြီးလဲ.......
ဒီနေ့ ကြုံရကြားရသမျှက သတင်းစာရှင်လင်းပွဲတုန်းကထက်တောင် စိတ်ဝင်စားစရာကောင်းနေပါရောလား...
မဂ်လာယူနေတဲ့အချိန်မှာ ရုပ်ဆိုးကျည်းတန်တာမျိုးတွေ မဖြစ်စေချင်ပေမယ့်လည်း ရီဇဲ ဘယ်လိုမှ သည်းမခံနိုင်တော့တာကြောင့် ဖူယွမ့်ဆီသွားဖို့ပြင်လိုက်တယ်.....
" ရီကော......"
ရှဲ့ဟယ်ရဲ့ခေါ်သံလေးက မီးပူပူထဲလောင်းချလိုက်တဲ့ ရေအေးတစ်ခွက်လိုပါပဲ.....
"ဘာမှမပူနဲ့... ကိုယ်တို့နှစ်ယောက်ကို ဘယ်သူမှ မနှောက်ယှက်စေရဘူး......"
" ကျွန်တော့်ကို ဉက္ကဌဖူနဲ့ စကားပြောခွင့်ပေးပါ......."
အစပိုင်းမှာ သေလောက်အောင် ဒေါသထွက်နေတဲ့ ဖူယွမ်တစ်ယောက် ဒီစကားကြောင့်တော်တော်ပျော်သွားခဲ့တယ်......
" သူ မင်းကို...အတင်းအကြပ် ဖိအားပေးထားတာမလား....."
ရီဇဲ အိမ်ကို လိုက်သွားခဲ့တုန်းက မြင်လိုက်ရတဲ့ ကောင်လေးရဲ့စိတ်ပျက်အားငယ်နေမှုတွေကို အခုထိ မှတ်မိနေဆဲပဲ.......
" ဉက္ကဌဖူ...ကျွန်တော်တို့ ဟိုနားမှာ စကားခဏသွားပြောကြရအောင်......"
" ကောင်းပြီ....."
ဖူယွမ် ပျော်နေသလောက် ရီဇဲကတော့ ဆူဝေတက်လာတဲ့ဒေါသတွေကြောင့် တကိုယ်လုံးလောင်မြှိုက်နေလေပြီ.......
ဒါကိုသိနေတဲ့ ရှဲ့ဟယ်က ရီဇဲရဲ့လက်မောင်းကို မှီလိုက်ပြီး.......
"ကျွန်တော် ဉက္ကဌဖူနဲ့ စကားနည်းနည်းသွားပြောလိုက်ဉီးမယ်....ရီကော ဒီမှာပဲစောင့်နေလို့ဖြစ်တယ်မလား....."
ခွင့်မပြုချင်ပေမယ့်လည်း အသနားခံနေတဲ့ မျက်ဝန်းတွေကို ဘယ်လိုများ ငြင်းဆန်ရပါ့မလဲ........
ကောင်လေးကို ဖူယွမ်နဲ့အတူ မထည့်ပေးလိုက်နိုင်ဘူး....ကောင်လေး သူ့ကိုချစ်တယ်ပြောခဲ့ဖူးပေမယ့် သူ့ဘက်က အမှားတွေအများကြီး ကျူးလွန်ခဲ့တာကြောင့် ထွက်သွားဖို့ ကြိုးစားခဲ့ဖူးတယ်......ဖူယွမ်နဲ့အတူ ထွက်ပြေးမသွားဘူးလို့ ဘယ်သူအာမခံနိုင်မှာလဲ.....
ဒီအခိုက်အတန့်မှာ ရီဇဲ ကောင်လေးကို ဘယ်လောက်ထိ ဂရုစိုက်နေခဲ့မိမှန်း သေချာစွာ နားလည်ခဲ့ပါပြီ.....ဒါပေမယ့်လည်း မနာလိုစိတ်နဲ့ အမှားတွေလည်း ကျူးလွန်ခဲ့မိပါတယ်.......
ဖူယွမ် ပြောတာ မမှားခဲ့ပါဘူး..... ဖူယွမ့်ကို ကောင်လေးရှေ့မှာ ဘယ်တော့မှ မပေါ်လာအောင် လုပ်ပစ်ခဲ့ရမှာ....ဖြစ်နိူင်ချေ နည်းပါးလွန်းရင်တောင် လျစ်လျူရှုလိုက်ဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး......ကောင်လေးသာ ဒီတစ်ခါ သူ့ကို ထားခဲ့မယ်ဆို သူ....ရူးသွားလိမ့်မယ်........
ဒီလိုအရာတွေကို ထိန်းသိမ်းဖို့ အစွမ်းကုန်ကြိုးစားခဲ့တယ်။ သူ့အဖြစ်က လူတကာမက်မောနေတဲ့ ရတနာပစ္စည်းကို လက်ဝယ်ပိုင်ဆိုင်ထားရတဲ့ ကလေးငယ်တစ်ယောက်လိုပါပဲ.........
ပရိတ်သတ်က ကစားသမားထက် ကစားပွဲအခြေနေကို ပိုမြင်နိုင်တယ်တဲ့.....ရှဲ့ဟယ် လာ်တော့မှဖူယွမ့်နောက် လိိုက်သွားမှာမဟုတ်မှန်းသိနေတဲ့ ကျန်းဇီဟန်ကပဲ ရီဇဲကို ဖြောင်းဖျလိုက်ရတယ်.....
"စိတ်မပူနဲ့....သူတို့ကို စကားပြောခွင့်ပေးလိုက်ပါ......"
ရီဇဲ တင်းခံချင်နေသေးပေမယ့် ရှဲ့ဟယ်ကိုအခက်တွေ့အောင် မလုပ်ချင်တာကြောင့် လက်သီးကိုတင်းနေအောင်ဆုပ်ထားပြီး ကျန်နေခဲ့လိုက်တယ်......
ဖူယွမ် ဝှီးချဲကို ခပ်ဝေးဝေးထိတွန်းသွားပြီ......
"ပိန်သွားလိုက်တာ....."
ရှဲ့ဟယ်ကတော့ အဖြူစင်ဆုံး အပြုံးတစ်ပွင့်နဲ့.......
" ရောက်လာပေးတဲ့အတွက် ကျေးဇူးပါ......"
" သူမင်းကို အတင်းအကြပ်ဖိအားပေးထားတယ်မလား....မင်းသာ ဆန္ဒရှိမယ်ဆို ကိုယ်မင်းကို မရ ရတဲ့နည်းနဲ့ ခေါ်ထုတ်သွားပေးမယ်......"
" ဉက္ကဌဖူ.....ကျွန်တော် သူ့တစ်ယောက်တည်းကိုပဲ ချစ်တယ်ဆိုတာ သိတယ်မလား.....ကျွန်တော်ကိုယ်တိုင် လိုလိုလားလား လက်ခံခဲ့တာပါ....."
" ဒါ..ဒါပေမယ့် သူ မင်းအပေါ် ရက်စက်ခဲ့တယ်လေ....ဒါ့ကြောင့်မို့လည်း မင်း သူ့အနားကနေ ထွက်သွားဖို့ကြိုးစားခဲ့တယ်မဟုတ်လား.....ဘာလဲ ဒီကောင်က အခုမှ နောင်တရပြီး ခွင့်လွှတ်ခံချင်နေတယ်ပေါ့.....သူလိုလူစားမျိုးက နောင်တဆိုတာ ဂျိုနဲ့လားလို့ပြန်မေးမယ့်လူစားမျိူး.....ထပ်ပြီးလှည့်စားခံမနေတော့နဲ့......."
" ကျွန်တော် သိပါတယ်......"
" သိရဲ့သားနဲ့ ဘာလို့ ........"
" ကျွန်တော် မကြာခင် သေရတော့မှာ ဉက္ကဌဖူ မသိသေးဘူးလား......"
ဖူယွမ့် တကိုယ်လုံး တဆတ်ဆတ်တုန်ရီလာတယ်....ကောင်လေးမှာ ကင်ဆာရောဂယရှိနေမှန်း သိထားပေမယ့် ဒီလောက်ထိပြင်းထန်မှန်း မသိခဲ့မိဘူး........
"အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ ကျွန်တော်သိစရာမှမလိုတော့တာ....သူ့ဘက်က စာနာသနားလို့ ပေးလာတဲ့ကြင်နာမှုတွေကို ကျွန်တော့်ဘက်ကလဲ လိုအပ်နေတယ်....အဲ့တော့နှစ်ဉီးနှစ်ဖက်စလုံး အဆင်ပြေနေတယ်လေ.......ဘဝမှာ ရတာလေးနဲ့ရောင့်ရဲတတ်ရမယ်မှန်း နားလည်လာတော့ ဘယ်သူနဲ့ အတိုက်ခံတွေမဖြစ်ချင်တော့ဘူး......"
" ဘာပဲဖြစ်ဖြစ် ဉက္ကဌဖူ ရောက်လာပေးတဲ့အတွက် တကယ်ဝမ်းသားပါတယ်...... ကျွန်တော့်အတွက် အကောင်းဆုံးအရာတွေပဲဖြစ်လာစေချင်တဲ့ ဉက္ကဌဖူရဲ့စေတနာကိုလည်း တကယ်ကျေးဇူးတင်မိပါတယ်......ဉက္ကဌဖူတို့ကြောင့်သာ လောကကြီးမှာ ကျွန်တော့်ကို စိတ်ရင်းမှန်နဲ့ ဂရုစိုက်ပေးတဲ့သူတွေရှိနေသေးမှန်း သိခွင့်ရခဲ့တာပါ....ဒီကြင်နာမှုတွေကို ပြန်မပေးဆပ်နိုင်တော့တာကိုတော့ ခွင့်လွှတ်ပေးပါ......"
ဒီစကားလုံးတွေက ဖူယွမ်ကို ဆိုးနင့်စေခဲ့တယ်.......
ပေးဆပ်မှုတဲ့.....ဟုတ်တယ်.......သူ့ဘက်က အတုံ့အလှည့်တွေ အပေးယူတွေအကြောင်းပဲစဉ်းစားနေခဲ့မိတာ....ဒီနေ့ ရောက်လာခဲ့တာကလည်း ရှဲ့ဟယ် အတွက်မှမဟုတ်ဘဲ သူ့ရဲ့တကိုယ်ကောင်းဆန်တဲ့ အတ္တစိတ်တစ်ခုတည်းအတွက်ပါ......
ချစ်ရသူကို တပါးသူလက်ထဲ မထည့်လိုက်ချင်တဲ့ မနာလိုစိတ်၊ဒေါသ၊ မာနတွေကြောင့်သာ ဒီနေရာကို ရောက်လာခဲ့တာပါ......
ဒါနဲ့များ အတုံ့အလှည့်ဆိုတာကို မျှော်လင့်နေသေးတယ်.......
အခုချိန်မှာ ကျန်းဇီဟန်ရဲ့ ရပ်တည်ချက်ကို အပြည့်အဝ နားလည်နိုင်ခဲ့ပါပြီ ......ရင်အကွဲခံ၊ ရင်နာခံပြီး ရပ်ကြည့်နေရတာလည်း ဝဋ်ကြွေးတစ်ခုလိုပါပဲ........
ဒီလူကို ချစ်မိသွားပြီဆိုကတည်းက စိတ်ဆင်းရဲမှုတွေ၊ ဝမ်းနည်းမှုတွေကို ဘယ်လိုခံစားခိုင်းရက်ပါ့မလဲ.....အထူးသဖြင့် ကိုယ့်ရဲ့တကိုယ်ကောင်းဆန်တဲ့ အတ္တစိတ်ကြောင့်ဖြစ်တည်လာတဲ့ နာကျင်မှုမျိုးတွေကိုဆို ပိုလို့တောင် မခံစားစေချင်ပါဘူး.......
အခုချိန်မှာ ရှဲ့ဟယ် ဘာကိုလိုချင်သလဲ.....ဘာကိုအလိုရှိသလဲဆိုတာသာ အရေးအကြီးဆုံးပါ......
ရီဇဲတစ်ယောက်တည်းကို နှလုံးသားတစ်ခုလုံးပုံအပ်ထားတဲ့ ရှဲ့ဟယ်က ရီဇဲ ကိုထားပစ်ခဲ့မယ်တဲ့လား.....အိမ်မက်သာမက်နေလိုက်တော့.........
[ တင်းတောင်.....ဖူယွမ်ရဲ့နှစ်သက်မှု ၁၀၀ပြည့်သွားပါပြီ......"
ခွန်အားမဲ့ခြင်းဟူသော ခံစားချက်ကို ဖူယွမ်ကောင်းကောင်းကြီး နားလည်သဘောပါက်ခဲ့ရပါပြီ.......
" ကိုယ့်အချစ်တွေကို ပြန်ပေးဆပ်ဖို့မလိုပါဘူး......"
သူလည်း ရီဇဲနဲ့ မထူးမခြားနားပါပဲ.....ရီဇဲက အချစ်ကို နားမလည်တဲ့သူဆို သူကလည်း တစ်ခုပေးရင် တစ်ခုပြန်ရရမယ်ဆိုပြီး အချစ်ကို တန်ဖိုးဖြတ် တံဆိပ်ကပ်တတ်သူပဲလေ......
ကံကောင်းလွန်သလို့သာ တစ်ဖက်သားကိုရလိုမှုမရှိဘဲချစ်တတ်ဖို့ နားလည်နိုင်ခဲ့ပြီ....ဒါပေမယ့် ပေးဆပ်လိုက်ရတဲ့တန်ဖိုးကတော့သိပ်ကိုကြီးမားလွန်းခဲ့တယ်.......
ရလိုမှုမရှိတဲ့ အချစ်ရဲ့နောက်ကွယ်မှာ ဒီလူကို အပြီးပိုင်လက်လွှတ်ပေးလိုက်ရခြင်းတွေ၊စွန့်လွှတ်ပေးလိုက်ရခြင်းတွေ တည်ရှိနေတယ်.........
" ဒီလိုဆိုမှာတော့..ကိုယ် ပြန်သင့်ပြီထင်တယ်......"
" ကောင်းပါပြီ..... "
ဘယ်လိုပဲ နားလည်ခဲ့ပါစေ ကိုယ်ချစ်ရသူ တပါးသူနဲ့လက်ထပ်နေတာကို ကြည့်နေရလောက်တဲ့အထိတော့ အသည်းမမာနိုင်သေးတာကြောင့် ဖူယွမ် ခြေလှမ်းကျဲကြီးတွေနဲ့ လှည့်ပြန်လာခဲ့တယ်.......
ရှဲ့ဟယ် ပြန်ရောက်လာချိန်မှာ ဂနာမငြိမ်ဖြစ်နေတဲ့ ရီဇဲက မနေနိုင်မထိုင်နိုင် ထုတ်မေးလာတယ်......
"သူ...သူဘာတွေပြောသေးလဲ....."
" ဘာမှမပြောပါဘူး.....အခုတော့ ပြန်သွားပြီ...."
" ဒါဆို ကိုယ်တို့ မဂ်လာပွဲဆက်ကျင်းပကြမယ်နော်......"
" အင်း....."
မဂ်လာပွဲပြီးတဲ့အခါ ရီဇ ကောင်လေးကို ဆေးရုံပြန်မပို့သေးဘဲ သူ့ရဲ့အိမ်ကို ခေါ်လာခဲ့တယ်.........
နှစ်ပေါင်းများစွာ ဝင်ထွက်ဖူးသူမို့ ရီဇဲ သေချာပြင်ဆင်ထားမှန်း တချက်ကြည့်ရုံနဲ့တင် သိနိုင်တယ်......
အခန်းထဲရောက်တာနဲ့ ရီဇဲ ကောင်လေးကိုပွေ့ချီပြီး ဟိိုဟို သည်သည် လိုက်ပြပေးနေတယ်......
" မင်းရဲ့ အသုံးဆောင်တွေအကုန် ဒီအခန်းထဲပြောင်းထည့်ထားတယ်.....နေကောင်းသွားရင် ဒီမှာပဲ အတူနေကြမယ်နော်....."
ရေချိုးခန်းထဲမှာ ရှိတဲ့ ဆင်တူ သွားပွတ်တံလေးနှစ်ချောင်းကိုကြည့်ပြီး ရှဲ့ဟယ် ဆို့နင့်ဝမ်းနည်းလာတယ်......
" အခုချိန်ကစပြီး မင်းကဒီအိမ်ရဲ့အရှင်သခင်ဖြစ်သွားပြီဆိုတော့ စိတ်တိုင်းကျ ပြုမူလို့ရတယ်......အဆင်မပြေတာရှိရင်လည်း ချက်ချင်းထုတ်ပြော......"
တခဏအကြာမှာတော် ရှဲ့ဟယ်ကို ဆေးရုံပြန်ပို့ဖို့ပြင်လိုက်ပေမယ့် ......
" ရီကော....ဒီနေ့က ကျွန်တော်တို့လက်ထပ်တဲ့နေလေ.....ဒီမှာပဲ တညအိပ်လိုက်လို့မရဘူးလား......"
အေးစက်နေတဲ့ ဆေးရုံခန်းကို ဘယ်သူပြန်ချင်ပါ့မလဲ.....အဲ့အစား ကိုယ်ချစ်တဲ့သူနဲ့သာ အတူရှိနေချင်မှာပေါ့.......
" ကောင်းပြီ....."
ညရောက်တော့ ရီဇဲက ကုတင်ခေါင်းရင်းကိုမှီထားပြီး ရှဲ့ဟယ်ကို ရင်ခွင်ထဲထည့်ပွေ့ထားတယ်.....ခပ်တိုးတိုးကြာနေရတဲ့ အသက်ရှုသံကြောင့်သာမဟုတ်ရင် ကောင်လေး အပြီးတိုင်ထွက်သွားပြီလို့ထင်မိမှာအမှန်ပဲ......
" ရီကော....."
"ပြောလေ....."
မေယ့ကြည့်လိုက်တဲ့ ရှဲ့ဟယ်ရဲ့မျက်ဝန်းတွေက အဖိုးထိုက်ဆုံးသောရတနာတစ်ပါးသဖွယ် တလက်လက်တောက်ပနေလေရဲ့......
"ရီကော...ကျွန်တော့်ကို တကယ်ချစ်တာလား....."
" အင်း......"
ဒီတကြိမ်မှတော့ ကျေးဇူးတင်ပါတယ်တွေ လိမ်ညာနေတယ်တွေ ဘာတစ်ခွန်းမှမပြောဘဲ.......
" ကျွန်တော်လည်း ရီကောကို သိပ်ချစ်တယ်......"
ဒီစကားသံလေးကြောင့် ရီဇဲ နှလုံးခုန်ရပ်တန့်တော့မလို့ဖြစ်သွားတယ်......
" ကိုယ် မင်းတစ်ယောက်တည်းကိုပဲ အမြဲတမ်းချစ်သွားမှာ......."
ဒါတွေကို မသိခဲ့ရုံလေးပါ.....အတိတ်ကယလတွေတုန်းတကည်းက မင်းတစ်ယောက်တည်းကိုပဲ ချစ်ခဲ့တာပါ......
[ တင်းတောင်...ပစ်မှတ်ရဲ့နှစ်သက်မှု ၁၀၀ပြည့်သွားပါပြီ.....]
[ တင်းတောင် ပစ်မှတ်ကို ဖျားယောင်းနိုင်တဲ့အတွက် အမှတ် 10000....ကျန်းဇီဟန်ကို ဖျားယောင်းနိုင်တဲ့အတွက် အမှတ် 8000.....ဖူယွမ်ကို ဖျားယောင်းနိုင်တဲ့အတွက် အမှတ် 8000....ဒီကမ္ဘာအတွက် စုစုပေါင်း အမှတ် 26000 ရရှိပါတယ်......]
[ ရှဲ့ဟယ်:Baby.... ဒီခန္ဓာကိုယ်က ဘယ်လိုမှ တောင့်ခံနိုင်စွမ်းမရှိတော့ဘူး......]
【444:( ⊙ o ⊙ ) ..ဒါဆို.....]
[ ရှဲ့ဟယ်: အခုပဲ ဒီကမ္ဘာကနေ ထွက်သွားကြရအောင်.....😁]
【444:ချက်...ချက်ချင်းကြီးလား....မနက်ဖြန်လောက်ထိတော့စောင့်လို့ရပါသေးတယ်.....]
[ ရှဲ့ဟယ်:ဒီနေ့ ဖြစ်ဖြစ်၊ မနက်ဖြန်ဖြစ်ဖြစ် သေမှာက သေမှာကို ဘာထူးခြားသွားမှာမို့လို့လဲ......]
【444:မဟုတ်ပါဘူး ...ထွက်မသွားခင် ဉက္ကဌရီကို တခုခုများပြောဉီးမလားလို့ပါ......]
[ ရှဲ့ဟယ်: အခုလေးတင်ပြောပြီးပြီလေကွာ.....စိတ်မပူနဲ့ သူ့ဆီမှာ ဝိဉာဉ်အပိုင်းအစအချို့ချန်ထားခဲ့တယ်...ဒါ့ကြောင့်မို့ ငါသေသွားရင်တောင် အထိီးကျန်နေမှာမဟုတ်ဘူး.....]
【444:……】
နောက်တစ်နေ့နံနက်....ရီဇဲ အိပ်ယာနိုးလာတော့ သူ့ရင်ခွင်ထဲက ခန္ဓာကိုယ်လေး အေးစက်နေခဲ့ပါပြီ......
ဒီလိုအချိန်မျိုးအတွက် အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့တာကြောင့် သိပ်တော့လည်း အံ့သြမနေခဲ့ဘူး.....
ချစ်ရတဲ့သူရဲ့ သက်တမ်းတွေ တရက်ချင်းစီ တိုက်စားကုန်ဆုံးနေတာကို ရင်နာနာနဲ့ထိုင်ကြည့်ခဲ့ရသူမို့ နှလုံးသားတစ်ခုလုံး အေးစက်ထုံထိုင်းသွားခဲ့ပြီထင်ပါရဲ့.........
ရှီမင်းဟွေရဲ့ စျာပနကို ရီဇဲကိုယ်တိုင် စီစဉ်ပေးခဲ့တယ်......
အစကနေအဆုံးထိတိုင် တည်ငြိမ်နေတဲ့ ရီဇဲကို အားလုံးလက်ဖျားခါမိကြတယ်.....
အားလုံး ပြန်သွားကြပေမယ့် ရီဇဲကတော့ မင်းဟွေရဲ့ အုတ်ဂူလေးကို ခပ်ဖွဖွ ထိတွေ့နေပြီ........
"မင်းတစ်ယောက်တည်း အထီးကျန်နေတော့မှာပဲ......"
စျာပနပြီးတာနဲ့ ရှီမင်းဟွေ ရိုက်ခဲ့သမျှ ရုပ်ရှင်တိုင်းကို ဝယ်ပစ်လိုက်တယ်...မင်းဟွေ သက်ရှိထင်ရှားရှိနေစဉ်တုန်းက ရီဇဲ ဒါမျိုးတစ်ခါမှ စိတ်မကူးခဲ့မိပေမယ့် ချစ်ရသူ ချစ်ရစ်ထားခဲ့တဲ့ ပုံရိပ်လေးတွေက သူ့အတွက် သိပ်ကိုအဖိုးတန်လွန်းနေတယ်....
အခုဆိုရင် မင်းဟွေကို အချိန်မရွေးတွေ့မြင်နိုင်ခဲ့ပြီ.....သေခြင်းတရားက ကောင်လေးကို စောစီးစွာခေါ်ဆောင်သွားခဲ့ပေမယ့် အမှတ်တရပုံရိပ်တွေကိုတော့ ယူဆောင်မသွားနိုင်ခဲ့ပါဘူး......
သိပ်မကြာခင်မှာ ရှီမင်းဟွေ နောက်ဆုံးရိုက်ခဲ့တဲ့ ရုပ်ရှင် ရုံတင်ပြသခဲ့တယ်.....အပုပ်အပွသတင်းတွေ၊ ရီဇဲနဲ့လက်ထပ်လိုက်တာတွေ၊ သိပ်မကြာသေးခင်ကမှ ဆုံးပါးခဲ့တာတွေကြောင့် ဝက်ဝက်ကွဲ စိတ်ဝင်စားခံခဲ့ရတယ်......
ရီဇဲ သေချာဝတ်စားပြီး ရုပ်ရှင်ရုံဆီခရီးနှင်ခဲ့တယ်.....
ရုံထဲမှာ မီးတွေမှိန်ကြသွားတော့ ဘေးနားက ခုံအလွတ်လေးဆီ လှည့်ကြည့်လိုက်ပြီး.....
"မင်းရဲ့ပါဝင်သရုပ်ဆောင်ထားတာဆိုတော့
ဒီရုပ်ရှင် သေချာပေါက်ကောင်းမှာ....."
ကောင်လေးလဲ သူပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ကို ကြည့်ချင်မယ် ထင်တာကြောင့် ရီဇဲ လက်မှတ်နှစ်စောင် ဝယ်ခဲ့တယ်......
အရင်တုန်းကဆို အတူဘေးချင်းကပ်ထိုင်ဖို့အခွင့်ရေးရှိခဲ့ပေမယ့်.....အခုများတော့ ထိုင်ခုံအလွတ်လေးတစ်ခုကိုသာ အဖော်ပြုနေရတယ်.......
အချိန်လွန်နောင်တလောက် ကြောက်စရာကောင်းတဲ့အရာ ရှိပါဉီးမလား......
ဒီလို romantic ဇာတ်ကားမျိုး တစ်ခါမှ မကြည့်ခဲ့ဖူးပေမယ့် ပိတ်ကားပေါ်ကနေ အကြည့်မလွဲနိုင်ခဲ့ဘူး.....
သူဟာ သိပ်ကိုတုံးအခဲ့သူပါ.....အဖိုးထိုက်ဆုံး ပုလဲတစ်လုံးကို ကျောက်ခဲလို့သာ ထင်မြင်ခဲ့မိတဲ့အထိ တုံးအမိုက်မဲခဲ့သူပါ....
ဇာတ်ကားအဆုံးပိုင်းရောက်တော့ ရှီမင်းဟွေရဲ့ ငြိမ့်ညောင်းတဲ့စကားသံကို ပီပီသသကြားလိုက်ရတယ်.....
// ခင်ဗျား နောင်တရလိမ့်မယ်.....ဒီလောကမှာကျွန်တော့်လောက် ခင်ဗျားကို ချစ်ပေးနိုင်မယ့်သူရှိမှာမဟုတ်ဘူး.......ဒါပေမယ့်လည်း ခင်ဗျားကိုချစ်ခဲ့မိတဲ့အတွက် ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး..... ဒီချစ်ခြင်းတရားကို သေဆုံးတဲ့အထိသယ်ဆောင်သွားမှာ.....//
ဒီအခိုက်အတန့်မှာ ရှဲ့ဟယ်ကိုယ်တိုင် သူ့အရှေ့မှာ လာပြောနေသလိုခံစားလိုက်ရတယ်......
အိမ်မက်ယောင်သူတစ်ယောက်လို ပုံရိပ်လေးကို ဖမ်းဆုပ်လိုက်ပေးမယ့်လည်း တကယ်တမ်းတော့ အရာရာဟာ ဗလာနထ္တိသာပင်........
ရုပ်ရှင်ပြီးလို့ မီးတွေပြန်ပွင့်လိုက်တော့ ပရိတ်သတ်အချို့က မျက်ရည်လည်ရွဲဖြစ်နေတဲ့ ရီဇဲကို ကွက်ကြည့်ကွက်ကြည့် လုပ်နေကြတယ်......
"ရုပ်ရှင်က ကောင်းလွန်းလို့ ငိုမိသွားတယ်....."
ရပါတယ်.....လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်လို့မှမရတာ ယောက်ကျားအရင့်မာကြီးတွေမှာလဲ ထိရှလွယ်တဲ့ခံစားချက်တွေရှိနေနိုင်တာပဲလေ.......
လအနည်းငယ်ကြာပြီးနောက်.....
ရီဇဲ ပါတီတစ်ခုမှာ မိတ်ဆွေတစ်ယောက်နဲ့ဆုံဖြစ်ခဲ့တယ်......
" ဉက္ကဌရီ....ခင်ဗျားအတွက် suprise လေးတစ်ခုပြင်ဆင်ထားတယ်....."
ဉက္ကဌကျန်းက စကားဆုံးတာနဲ့ လက်ဟန်ခြေဟန်ပြလိုက်တော့ ခပ်ချောချောကောင်လေးတစ်ယောက် ရောက်လာတယ်.....
ထိုကောင်းလေးကို မြင်လိုက်ရချိန်မှာ ရီဇဲ လက်ထဲက အရက်ခွက်တောင် ပြုတ်ကျတော့မတတ် တုန်လှုပ်သွားခဲ့တယ်......
ရီဇဲရဲ့ တုန်လှုပ်နေမှုကိုကြည့်ပြီး ဉက္ကဌကျန်း ကျေနပ်နေတယ်......ရီဇဲ ရှဲ့ဟယ်ကို ရှစ်နှစ်ကြာအနားမှာ ခေါ်ထားရတဲ့အကြောင်းအရင်းကို သိနေတာကြောင့် သူ့ရဲ့အငယ်အနှောင်းလေးကို ရှဲ့ဟယ်နဲ့တူအောင် ပလတ်စတစ်ဆာဂျရီလှုပ်ခိုင်းပြီး ရီဇဲဆီရောက်အောင်ပို့ပေးဖို့ကြံလိုက်တာပေါ့....ပူပူနွေးနွေး မုဆိုးဖိုဖြစ်ထားတဲ့ ရီဇဲတစ်ယောက် တောင့်ခံနိုင်ပါ့မလား.....
" ဘယ်လိုလဲ....မဆိုးဘူးမလား....."
ဉက္ကဃကျန်းကို ကြည့်ရတာ သိပ်ကိုကျေနပ်နေသလိုပဲ......
အတော်လေးကြာတော့ ရီဇဲ အရက်ခွက်ကို အသံမြည်အောင် ဆေ့ာင်ချလိုက်ပြီး အေးစက်နေတဲ့လေသံနဲ့ အားလုံးကြားအောင်ပြောလိုက်တာက......
" နောက်...ဒါမျိုး ဘယ်တော့မှ မလုပ်မိစေနဲ့....."
" ဟမ်...သဘောမကျဘူးလား...."
"နှစ်ပေါင်းများစွာ ခင်မင်လာတာကိုထောက်ထားပြီး ဒီတစ်ခါတော့သည်းခံပေးလိုက်မယ်......"
ရီဇဲ ပြောပြီးတာနဲ့ ဒေါသတကြီး လှည့်ထွက်လာခဲ့လိုက်တယ်......
အစကနေအဆုံးထိ ဉက္ကဌကျန်း ခေါ်လာတဲ့ကောင်လေးကို တစ်ချက်လေးတောင် စွေမကြည့်ခဲ့ဘူး.....
ကောင်လေးကတော့ ရီဇဲလို အကောင်ကြီးကြီးတစ်ယောက်ကို အမိဖမ်းနိုင်ရင် ဘဝကို ဇိမ်ရှိရှိဖြတ်သန်းနိုင်ပြီလို့ အပိုင်တွက်ထားခဲ့တယ်......ဒါ့ကြောင့်လဲ ခွဲစိတ်ဖို့ကို အသာတကြည်လက်ခံခဲ့တာပေါ့....ဒါပေမယ့်လည်း ပစ်ပစ်ခါခါ ထားခဲ့ခဲရမယ်မှန်း ဘယ်သူသိမှာလဲ.... ကျန်းဇီဟန်နဲ့ရော ရှီမင်းဟွေနဲ့ပါတူနေတဲ့ သူ့ရုပ်ရည်ကို ရီဇဲဘာလို့ သဘောမကျတာလဲ.........
ရီဇဲ ပါတီကနေ အပြန် ဒေါသထွက်လွန်းလို့ နံရံကိုလက်သီးနဲ့အဆက်မပြတ်ထိုးပစ်ခဲ့တယ်.......
မင်းဟွေကို လူတွေဘယ်လိုသတ်မှတ်ထားကြတာလဲ.....သူ သိပ်ချစ်ရတဲ့ မင်းဟွေကို အစားထိုးခံတစ်ယောက်လို သတ်မှတ်ထားကြတယ်ပေါ့....ဒါကို ဘယ်လိုနည်းနဲ့ သည်းခံရမှာလဲ.....မင်းဟွေဟာအစားထိုးခံတစ်ယောက်မဟုတ်တဲ့အပြင် မင်းဟွေနေရာမှာ ဘယ်သူ့ကိုမှ အစားထိုးလို့မရကြောင်း ဘယ်လိုရှင်းပြရမလဲ........
ကိုယ့်ကိုကိုယ် ထိန်းနိုင်လိုက်တာနဲ့ အတွင်းရေးမှူးကို ဖုန်းခေါ်ပြီး......
" ဉက္ကဌကျန်းခေါ်လာတဲ့ကောင်လေးအကြောင်း စုံစမ်းပေး....."
နာရီဝက်အကြာမှာ ရီဇဲဆီသတင်းအချက်အလက်တွေရောက်လာခဲ့ပါပြီ......
တကယ်ဆို ကောင်လေးမိဘတွေက သိပ်မချမ်းသာပေမယ့် ဆင်းရဲမွဲတေနေကြတာမဟုတ်ဘူး.....အချောင်ခိုချင်စိတ်ရှိတဲ့ကောင်လေးက အလွယ်နည်းနဲ့ချမ်းသားချင်လို့ ဉက္ကဌကျန်းနဲ့ပူးပေါင်းပြီး ရီဇဲကို အပိုင်ကြံချင်ခဲ့တာ......
အချက်အလက်တွေအားလုံးဖတ်ပြီးချိန်မှာ ရီဇဲ လက်ဆစ်တွေဖြူဖျော့လာတဲ့အထိ လက်သီးဆုပ်ထားလိုက်မိတယ်......
တကယ်ဆို ကူကယ်ရာမဲ့လောက်တဲ့ အထိ ဆင်းရဲနေရင် မင်းဟွေကိုယ်စား ဒီကောင်လေူကို ကယ်တင်ပေးမလို့ပါ....ဒါပေမယ့် အချောင်နေချောင်စားစိတ်ဓာတ်ရှိတဲ့သူက ရာရာစစ မင်းဟွေနေရာကို ကြံရဲတယ်ပေါ့........
ဒီကြံစည်မှုမှာ နှစ်ပေါင်းများစွာ ခင်မင်လာတဲ့ ဉက္ကဌကျန်းကသာ ဉီးဆောင်သူဖြစ်လိမ့်မယ်......အငယ်အနှောင်းဘဝနဲ့ထားရာနေစေရာသွားရသူတစ်ယောက်က ဒီလောက် ရဲတင်းတဲ့အရာမျိုးတွေ တစ်ယောက်တည်းကြံစည်ဝံ့မှာမဟုတ်ဘူး.......
နှစ်ရက်အကြာမှာတော့ ရီဇဲတို့လုပ်ငန်းစုဘက်က ဉက္ကဌကျန်း ပူးပေါင်းထားတဲ့ project တွေအကုန် ဖျက်သိမ်းကြောင်းကြေငြာခဲ့တယ်.....ဒါနဲ့တင် အတော်အထိနာနေပြီမို့ ရီဇဲ ဘာမှ ထပ်မလုပ်တော့ပါဘူး .....စီးပွားရေး နယ်ပယ်ဆိုတာ လျင်သူစားစတမ်းပါပဲ....ရီဇဲတို့လို့ ထိပ်တန်း လုပ်ငန်းစုကြီးက ပယ်လိုက်တဲ့အတွက် ဉက္ကဌကျန်း အတွက် ပြေးစရာမြေမရှိခဲ့ဘူး.... သူခေါ်လာတဲ့ကောင်လေးကလည်း ကလပ်တစ်ခုမှာ ခပ်ဆိုးဆိုးသူဌေးသားတစ်ယောက်နဲ့ ငြိပြီး မျက်နှာကိုဓားနဲ့အမွှန်းခံလိုက်ရတယ်.....
အဲ့ကိစ္စပြီးတကည်းက ရိီဇဲကို ဘယ်သူမှမထိရဲကြတော့ဘူး.......
ဒီလိုနဲ့ နှစ်နှစ်တာ ကုန်ဆုံးခဲ့ပါပြီ......
တကိုယ်တည်း နေနေတဲ့ ရီဇဲကို မကြည့်ရက်တာကြောင့် သတ္တိကောင်းတဲ့ သူတွေက မင်းဟွေနဲ့ ရုပ်ချင်းတူတဲ့ကောင်လေးတွေ ရှာပြီး ပို့ပေးတတ်တယ်....အဲ့လိုပို့တဲ့အခါတိိုင်း ရီဇဲဘက်က ရက်ရက်စက်စက် တုံ့ပြန်တာကြောင့် အကုန်လက်လျှော့သွားခဲ့ရတယ်......
အဲ့ကတည်းကစပြီး ရီဇဲ မင်းဟွေကို ဘယ်လောက်ထိ ချစ်သလဲဆိုတာရယ်....မင်းဟွေနေရာမှာ ဘယ်သူ့ကိုမှအစားထိုးဖို့မဖြစ်နိုင်ဘူးဆိုတာရယ်ကို အားလုံးနားလည်သွားခဲ့ကြတယ်.......
နှစ်ပေါင်းများစွာ ကုန်လွန်ပြီးနောက်........
မင်းဟွေရဲ့ နှစ်ပတ်လည်နေ့မှာ အုတ်ဂူပေါ်က သစ်ရွက်ကြွေတွေကို ရီဇဲ လှည်းကျင်းပေးနေတယ်........
ဇရာထောင်းလို့ ဆံသားတွေတောင် ငွေမှင်ရောင်သမ်းနေပြီဖြစ်တဲ့ ရီဇဲက အုပ်ဂူပေါ်က မင်းဟွေရဲ့ ဓာတ်ပုံလေးကို ခပ်ဖွဖွတို့ထိနေပြီး.......
" ဒီကိုမလာခင်လေးတင် မင်းရဲ့ရုပ်ရှင်တွေကြည့်လာခဲ့သေးတယ်.....မင်းပရိတ်သတ်တွေကတော့ မင်း ရုပ်ရှင်တွေ အများကြီးရိုက်ခဲ့တယ်ပြောကြတာပဲ...ကိုယ့်အတွက်ကတော့ နည်းလွန်းနေတယ်......"
" မင်းရဲ့နာမည်နဲ့ ပရဟိတအဖွဲ့တစ်ခုတည်ထောင်ပြီး ရန်ပုံငွေ မတည်ပေးထားတယ်.....နှစ်တိုင်းနှစ်တိုင်း ခက်ခဲတဲ့မိသားစုတွေကို ကူညိီနိုင်ပြီမို့ မင်းကို လူတိုင်းက ကျေးဇူးတင်နေကြတယ်......"
" မင်းကတော့ နုပျိုနေဆဲပဲ....ကိုယ်ကတော့အဖိုးကြီးဖြစ်နေပြီ.....နောင်တချိန်ပြန်တွေ့တဲ့အခါ အဖိုးကြီးဖြစ်နေတဲ့ကိုယ့်ကို အရင်လိုချစ်ပါဉီးမလား......."
တုန်လှုပ်စေတဲ့အတွေးတစ်ခုကြောင့် ရီဇဲရဲ့မျက်ဝန်းတွေ မှိန်ဖျော့သွားတယ်........
"အချိန်တွေ ကြာခဲ့ပြီဆိုတော့ မင်းကိုယ့်ကို မှတ်မိပါဉီးမလား....ကိုယ်ကတော့ တစ်ရက်လေးမှ မေ့မရခဲ့ပါဘူး........."
ထိုအချိန်မှာ ရီဇဲရဲ့ စကားသံတွေဟာ တိုက်ခတ်လာတဲ့ လေညှင်းလေးရဲ့ ဆောင်ကျဉ်းရာနောက်ဆီလိုက်ပါသွားခဲ့ပါပြီ.......
" ကိုယ်....မင်းကို....သိပ်လွမ်း...တာပဲ......."
Zawgyi
အေရးေကာင္းမွ ပြဲလာဖ်က္ေသာ ဖူယြမ္ႏွင့္ရီဇဲတို႔ႏွစ္ေယာက္ အၾကည့္ခ်င္းစစ္ခင္းေနၾကသည္မွာ မီးေတာက္မ်ား.လြင့္စင္လာေတာ့မတတ္ပင္......
လူယုတ္မာေကာင္က မင္းေဟြ ကူသမႈခံယူေနတဲ့ ေဆး႐ုံကို သူ႕အိမ္သူ႕ယာလိုသေဘာထားၿပီး လုံျခဳံေရးတင္းၾကပ္ထားတာေၾကာင့္ ေျခတစ္လွမ္းေတာင္ လွမ္းလို႔မရခဲ့ဘူး......ကံေကာင္းေထာက္မလို႔သာ သတင္းစာ႐ွင္းလင္းပြဲကေန အခ်က္အလက္အခ်ိဳ႕ရခဲ့တယ္......
ဘယ္သူမွ သူ႕ကို မတားႏိုင္ခင္ ရီဇဲနဲ႔ ႐ွဲ႕ဟယ္တို႔႐ွိရာဆီ ဖူယြမ္ ေျခလွမ္းက်ဲက်ဲ လွမ္းသြားခဲ့လိုက္တယ္......
ရီဇဲရဲ႕ အၾကည့္ေတြ ေရခဲတမွ် ေအးစက္ေနတဲ့အျပင္ ရက္စက္ၾကမ္းၾကဳတ္ေတာ့မည္ အရိပ္အေယာင္ေတြလည္း ထိန္းမရသိမ္းမရေအာင္ ဆူေဝလိႈက္တက္လာတယ္.....
ဒီလူယုတ္မာေၾကာင့္သာ က်န္းဇီဟန္နဲ႔ သူ႕အေၾကာင္းေတြ ဘူးေပၚသလို ေပၚကုန္ၿပီး ဒီလိုေတြျဖစ္ခဲ့ရတာ.....အခုလည္း လက္ထပ္ခါနီး ပြဲလာဖ်က္ခ်င္ျပန္ၿပီလား.....
" မင္းကို ဘယ္သူဖိတ္ထားလို႔လဲ......"
"ဟြန္႔.... ငါသာေရာက္လာရင္ မင္းစိတ္တိုင္းက် ဘာမွလုပ္လို႔မရေတာ့မွန္း ႀကိဳသိေနလို႔ ငါကိုမဖိတ္ရဲတာမလား....."
ဒီစကားေၾကာင့္ ပရိတ္သတ္ေတြ ႐ုတ္႐ုတ္သဲသဲျဖစ္ကုန္ၾကတယ္.....ပြဲတက္လာသူတိုင္းက ရီဇဲနဲ႔ မင္းေဟြအေၾကာင္းသိထားသူေတြပါ....
ႏွစ္ဉီးသား အျပန္အလွန္ခ်စ္ၾကလို႔ လက္ထပ္လိုက္ၾကတာမဟုတ္ဘူးလား....
ဖူယြမ္ေျပာတဲ့ ဖိအားေပးခံရတယ္ဆိုတာ ဘာအဓိပၸါယ္လဲ......
ရီဇဲ ႐ွဲ႕ဟယ္ကို ျပန္ေပးဆြဲၿပီးခ်ဳပ္ေႏွာင္ထားခဲ့မွန္း ပရိတ္သတ္ေတြ ဘယ္သိပါမလဲ....ဒါ့ေၾကာင့္ အေၾကာင္းစုံသိေနတဲ့ က်န္းဇီဟန္ကပဲ ဖူယြမ္ကိုဝင္တားရေတာ့တယ္.....
" မင္းေဟြ ဖိအားေပးခံရမဟုတ္ဘူး....ေပါက္ကရေတြေလွ်ာက္ေျပာမေနနဲ႔....."
က်န္းဇီဟန္ရဲ႕ ႏွလုံးသားတစ္ခုလုံး စုတ္ျပတ္သတ္ေနေအာင္ နာက်င္ေနရေပမယ့္ ရီဇဲနဲ႔ မင္းေဟြတို႔ရဲ႕ မဂ္လာပြဲကို ေကာင္းခ်ီးေပးဖို႔ ေရာက္ေအာင္လာခဲ့တာပါ....ဒါ့ေၾကာင့္ ေကာင္ေလး မဂ္လာယူေနတာကို ဖူယြမ္ အေႏွာက္ယွက္ မေပးႏိုင္ေအာင္ ခပ္ေဝးေဝးေရာက္တဲ့အထိ ဆြဲေခၚသြားဖို႔ႀကိဳးစားေနတယ္......
ဆြဲေခၚခံလာရတဲ့ ဖူယြမ္ကလည္း ေသေလာက္ေအာင္ေဒါသထြက္ေနတယ္.....
"က်န္းဇီဟန္!!! အရင္တုန္းက မင္းလည္း မင္းေဟြကို ကယ္တင္ခ်င္ခဲ့တာပဲမဟုတ္လား......မင္းေျပာေတာ့ သူ႕ကိုခ်စ္တယ္ဆို.....ဒါဆို ဘာလို႔ ရီဇဲလက္ထဲ ထည့္လိုက္ရတာလဲ!!!!!"
က်န္းဇီဟန္ ေသြးမ႐ွိေတာ့သလို ျဖဴေဖ်ာ့သြားၿပီး ဘာမွ ျပန္မေျဖႏိုင္ေတာ့ဘူး.......
ဖူယြမ္ရဲ႕ က်ယ္ေလာင္လြန္းလွတဲ့အသံေၾကာင့္ ပရိတ္သတ္ေတြ ပြဲဆူကုန္ၾကတယ္.....
ဟုတ္သားပဲ....ရီဇဲ က်န္းဇီဟန္ကို ပိုးပန္းေနတာဘယ္ေလာက္ၾကာၿပီလဲ....ဒါဆို မင္းေဟြကို က်န္းဇီဟန္ေနရာမွာအစားထိုးဖို႔ လက္ထပ္လိုက္တာလား.....က်န္းဇီဟန္ကလည္း သူ႕ေနရာမွာ အစားထိုးခံထားရတဲ့ ေကာင္ေလးကို ခ်စ္မိေနတာလား......
ဘယ္ႏွပြင့္ဆိုင္ ဇာတ္လမ္းႀကီးလဲ.......
ဒီေန႔ ၾကဳံရၾကားရသမွ်က သတင္းစာ႐ွင္လင္းပြဲတုန္းကထက္ေတာင္ စိတ္ဝင္စားစရာေကာင္းေနပါေရာလား...
မဂ္လာယူေနတဲ့အခ်ိန္မွာ ႐ုပ္ဆိုးက်ည္းတန္တာမ်ိဳးေတြ မျဖစ္ေစခ်င္ေပမယ့္လည္း ရီဇဲ ဘယ္လိုမွ သည္းမခံႏိုင္ေတာ့တာေၾကာင့္ ဖူယြမ့္ဆီသြားဖို႔ျပင္လိုက္တယ္.....
" ရီေကာ......"
႐ွဲ႕ဟယ္ရဲ႕ေခၚသံေလးက မီးပူပူထဲေလာင္းခ်လိုက္တဲ့ ေရေအးတစ္ခြက္လိုပါပဲ.....
"ဘာမွမပူနဲ႔... ကိုယ္တို႔ႏွစ္ေယာက္ကို ဘယ္သူမွ မေႏွာက္ယွက္ေစရဘူး......"
" ကြၽန္ေတာ္႕ကို ဉကၠဌဖူနဲ႔ စကားေျပာခြင့္ေပးပါ......."
အစပိုင္းမွာ ေသေလာက္ေအာင္ ေဒါသထြက္ေနတဲ့ ဖူယြမ္တစ္ေယာက္ ဒီစကားေၾကာင့္ေတာ္ေတာ္ေပ်ာ္သြားခဲ့တယ္......
" သူ မင္းကို...အတင္းအၾကပ္ ဖိအားေပးထားတာမလား....."
ရီဇဲ အိမ္ကို လိုက္သြားခဲ့တုန္းက ျမင္လိုက္ရတဲ့ ေကာင္ေလးရဲ႕စိတ္ပ်က္အားငယ္ေနမႈေတြကို အခုထိ မွတ္မိေနဆဲပဲ.......
" ဉကၠဌဖူ...ကြၽန္ေတာ္တို႔ ဟိုနားမွာ စကားခဏသြားေျပာၾကရေအာင္......"
" ေကာင္းၿပီ....."
ဖူယြမ္ ေပ်ာ္ေနသေလာက္ ရီဇဲကေတာ့ ဆူေဝတက္လာတဲ့ေဒါသေတြေၾကာင့္ တကိုယ္လုံးေလာင္ၿမႇိဳက္ေနေလၿပီ.......
ဒါကိုသိေနတဲ့ ႐ွဲ႕ဟယ္က ရီဇဲရဲ႕လက္ေမာင္းကို မွီလိုက္ၿပီး.......
"ကြၽန္ေတာ္ ဉကၠဌဖူနဲ႔ စကားနည္းနည္းသြားေျပာလိုက္ဉီးမယ္....ရီေကာ ဒီမွာပဲေစာင့္ေနလို႔ျဖစ္တယ္မလား....."
ခြင့္မျပဳခ်င္ေပမယ့္လည္း အသနားခံေနတဲ့ မ်က္ဝန္းေတြကို ဘယ္လိုမ်ား ျငင္းဆန္ရပါ့မလဲ........
ေကာင္ေလးကို ဖူယြမ္နဲ႔အတူ မထည့္ေပးလိုက္ႏိုင္ဘူး....ေကာင္ေလး သူ႕ကိုခ်စ္တယ္ေျပာခဲ့ဖူးေပမယ့္ သူ႕ဘက္က အမွားေတြအမ်ားႀကီး က်ဴးလြန္ခဲ့တာေၾကာင့္ ထြက္သြားဖို႔ ႀကိဳးစားခဲ့ဖူးတယ္......ဖူယြမ္နဲ႔အတူ ထြက္ေျပးမသြားဘူးလို႔ ဘယ္သူအာမခံႏိုင္မွာလဲ.....
ဒီအခိုက္အတန္႔မွာ ရီဇဲ ေကာင္ေလးကို ဘယ္ေလာက္ထိ ဂ႐ုစိုက္ေနခဲ့မိမွန္း ေသခ်ာစြာ နားလည္ခဲ့ပါၿပီ.....ဒါေပမယ့္လည္း မနာလိုစိတ္နဲ႔ အမွားေတြလည္း က်ဴးလြန္ခဲ့မိပါတယ္.......
ဖူယြမ္ ေျပာတာ မမွားခဲ့ပါဘူး..... ဖူယြမ့္ကို ေကာင္ေလးေ႐ွ႕မွာ ဘယ္ေတာ့မွ မေပၚလာေအာင္ လုပ္ပစ္ခဲ့ရမွာ....ျဖစ္ႏိူင္ေခ် နည္းပါးလြန္းရင္ေတာင္ လ်စ္လ်ဴ႐ႈလိုက္ဖို႔ ဘယ္နည္းနဲ႔မွ မျဖစ္ႏိုင္ဘူး......ေကာင္ေလးသာ ဒီတစ္ခါ သူ႕ကို ထားခဲ့မယ္ဆို သူ....႐ူးသြားလိမ့္မယ္........
ဒီလိုအရာေတြကို ထိန္းသိမ္းဖို႔ အစြမ္းကုန္ႀကိဳးစားခဲ့တယ္။ သူ႕အျဖစ္က လူတကာမက္ေမာေနတဲ့ ရတနာပစၥည္းကို လက္ဝယ္ပိုင္ဆိုင္ထားရတဲ့ ကေလးငယ္တစ္ေယာက္လိုပါပဲ.........
ပရိတ္သတ္က ကစားသမားထက္ ကစားပြဲအေျခေနကို ပိုျမင္ႏိုင္တယ္တဲ့.....႐ွဲ႕ဟယ္ လာ္ေတာ့မွဖူယြမ့္ေနာက္ လိိဳက္သြားမွာမဟုတ္မွန္းသိေနတဲ့ က်န္းဇီဟန္ကပဲ ရီဇဲကို ေျဖာင္းဖ်လိုက္ရတယ္.....
"စိတ္မပူနဲ႔....သူတို႔ကို စကားေျပာခြင့္ေပးလိုက္ပါ......"
ရီဇဲ တင္းခံခ်င္ေနေသးေပမယ့္ ႐ွဲ႕ဟယ္ကိုအခက္ေတြ႕ေအာင္ မလုပ္ခ်င္တာေၾကာင့္ လက္သီးကိုတင္းေနေအာင္ဆုပ္ထားၿပီး က်န္ေနခဲ့လိုက္တယ္......
ဖူယြမ္ ဝွီးခ်ဲကို ခပ္ေဝးေဝးထိတြန္းသြားၿပီ......
"ပိန္သြားလိုက္တာ....."
႐ွဲ႕ဟယ္ကေတာ့ အျဖဴစင္ဆုံး အျပဳံးတစ္ပြင့္နဲ႔.......
" ေရာက္လာေပးတဲ့အတြက္ ေက်းဇူးပါ......"
" သူမင္းကို အတင္းအၾကပ္ဖိအားေပးထားတယ္မလား....မင္းသာ ဆႏၵ႐ွိမယ္ဆို ကိုယ္မင္းကို မရ ရတဲ့နည္းနဲ႔ ေခၚထုတ္သြားေပးမယ္......"
" ဉကၠဌဖူ.....ကြၽန္ေတာ္ သူ႕တစ္ေယာက္တည္းကိုပဲ ခ်စ္တယ္ဆိုတာ သိတယ္မလား.....ကြၽန္ေတာ္ကိုယ္တိုင္ လိုလိုလားလား လက္ခံခဲ့တာပါ....."
" ဒါ..ဒါေပမယ့္ သူ မင္းအေပၚ ရက္စက္ခဲ့တယ္ေလ....ဒါ့ေၾကာင့္မို႔လည္း မင္း သူ႕အနားကေန ထြက္သြားဖို႔ႀကိဳးစားခဲ့တယ္မဟုတ္လား.....ဘာလဲ ဒီေကာင္က အခုမွ ေနာင္တရၿပီး ခြင့္လႊတ္ခံခ်င္ေနတယ္ေပါ့.....သူလိုလူစားမ်ိဳးက ေနာင္တဆိုတာ ဂ်ိဳနဲ႔လားလို႔ျပန္ေမးမယ့္လူစားမ်ိဴး.....ထပ္ၿပီးလွည့္စားခံမေနေတာ့နဲ႔......."
" ကြၽန္ေတာ္ သိပါတယ္......"
" သိရဲ႕သားနဲ႔ ဘာလို႔ ........"
" ကြၽန္ေတာ္ မၾကာခင္ ေသရေတာ့မွာ ဉကၠဌဖူ မသိေသးဘူးလား......"
ဖူယြမ့္ တကိုယ္လုံး တဆတ္ဆတ္တုန္ရီလာတယ္....ေကာင္ေလးမွာ ကင္ဆာေရာဂယ႐ွိေနမွန္း သိထားေပမယ့္ ဒီေလာက္ထိျပင္းထန္မွန္း မသိခဲ့မိဘူး........
"အနာဂတ္မွာ ဘာေတြျဖစ္လာမလဲ ကြၽန္ေတာ္သိစရာမွမလိုေတာ့တာ....သူ႕ဘက္က စာနာသနားလို႔ ေပးလာတဲ့ၾကင္နာမႈေတြကို ကြၽန္ေတာ္႕ဘက္ကလဲ လိုအပ္ေနတယ္....အဲ့ေတာ့ႏွစ္ဉီးႏွစ္ဖက္စလုံး အဆင္ေျပေနတယ္ေလ.......ဘဝမွာ ရတာေလးနဲ႔ေရာင့္ရဲတတ္ရမယ္မွန္း နားလည္လာေတာ့ ဘယ္သူနဲ႔ အတိုက္ခံေတြမျဖစ္ခ်င္ေတာ့ဘူး......"
" ဘာပဲျဖစ္ျဖစ္ ဉကၠဌဖူ ေရာက္လာေပးတဲ့အတြက္ တကယ္ဝမ္းသားပါတယ္...... ကြၽန္ေတာ္႕အတြက္ အေကာင္းဆုံးအရာေတြပဲျဖစ္လာေစခ်င္တဲ့ ဉကၠဌဖူရဲ႕ေစတနာကိုလည္း တကယ္ေက်းဇူးတင္မိပါတယ္......ဉကၠဌဖူတို႔ေၾကာင့္သာ ေလာကႀကီးမွာ ကြၽန္ေတာ္႕ကို စိတ္ရင္းမွန္နဲ႔ ဂ႐ုစိုက္ေပးတဲ့သူေတြ႐ွိေနေသးမွန္း သိခြင့္ရခဲ့တာပါ....ဒီၾကင္နာမႈေတြကို ျပန္မေပးဆပ္ႏိုင္ေတာ့တာကိုေတာ့ ခြင့္လႊတ္ေပးပါ......"
ဒီစကားလုံးေတြက ဖူယြမ္ကို ဆိုးနင့္ေစခဲ့တယ္.......
ေပးဆပ္မႈတဲ့.....ဟုတ္တယ္.......သူ႕ဘက္က အတုံ႔အလွည့္ေတြ အေပးယူေတြအေၾကာင္းပဲစဥ္းစားေနခဲ့မိတာ....ဒီေန႔ ေရာက္လာခဲ့တာကလည္း ႐ွဲ႕ဟယ္ အတြက္မွမဟုတ္ဘဲ သူ႕ရဲ႕တကိုယ္ေကာင္းဆန္တဲ့ အတၱစိတ္တစ္ခုတည္းအတြက္ပါ......
ခ်စ္ရသူကို တပါးသူလက္ထဲ မထည့္လိုက္ခ်င္တဲ့ မနာလိုစိတ္၊ေဒါသ၊ မာနေတြေၾကာင့္သာ ဒီေနရာကို ေရာက္လာခဲ့တာပါ......
ဒါနဲ႔မ်ား အတုံ႔အလွည့္ဆိုတာကို ေမွ်ာ္လင့္ေနေသးတယ္.......
အခုခ်ိန္မွာ က်န္းဇီဟန္ရဲ႕ ရပ္တည္ခ်က္ကို အျပည့္အဝ နားလည္ႏိုင္ခဲ့ပါၿပီ ......ရင္အကြဲခံ၊ ရင္နာခံၿပီး ရပ္ၾကည့္ေနရတာလည္း ဝဋ္ေႂကြးတစ္ခုလိုပါပဲ........
ဒီလူကို ခ်စ္မိသြားၿပီဆိုကတည္းက စိတ္ဆင္းရဲမႈေတြ၊ ဝမ္းနည္းမႈေတြကို ဘယ္လိုခံစားခိုင္းရက္ပါ့မလဲ.....အထူးသျဖင့္ ကိုယ့္ရဲ႕တကိုယ္ေကာင္းဆန္တဲ့ အတၱစိတ္ေၾကာင့္ျဖစ္တည္လာတဲ့ နာက်င္မႈမ်ိဳးေတြကိုဆို ပိုလို႔ေတာင္ မခံစားေစခ်င္ပါဘူး.......
အခုခ်ိန္မွာ ႐ွဲ႕ဟယ္ ဘာကိုလိုခ်င္သလဲ.....ဘာကိုအလို႐ွိသလဲဆိုတာသာ အေရးအႀကီးဆုံးပါ......
ရီဇဲတစ္ေယာက္တည္းကို ႏွလုံးသားတစ္ခုလုံးပုံအပ္ထားတဲ့ ႐ွဲ႕ဟယ္က ရီဇဲ ကိုထားပစ္ခဲ့မယ္တဲ့လား.....အိမ္မက္သာမက္ေနလိုက္ေတာ့.........
[ တင္းေတာင္.....ဖူယြမ္ရဲ႕ႏွစ္သက္မႈ ၁၀၀ျပည့္သြားပါၿပီ......"
ခြန္အားမဲ့ျခင္းဟူေသာ ခံစားခ်က္ကို ဖူယြမ္ေကာင္းေကာင္းႀကီး နားလည္သေဘာပါက္ခဲ့ရပါၿပီ.......
" ကိုယ့္အခ်စ္ေတြကို ျပန္ေပးဆပ္ဖို႔မလိုပါဘူး......"
သူလည္း ရီဇဲနဲ႔ မထူးမျခားနားပါပဲ.....ရီဇဲက အခ်စ္ကို နားမလည္တဲ့သူဆို သူကလည္း တစ္ခုေပးရင္ တစ္ခုျပန္ရရမယ္ဆိုၿပီး အခ်စ္ကို တန္ဖိုးျဖတ္ တံဆိပ္ကပ္တတ္သူပဲေလ......
ကံေကာင္းလြန္သလို႔သာ တစ္ဖက္သားကိုရလိုမႈမ႐ွိဘဲခ်စ္တတ္ဖို႔ နားလည္ႏိုင္ခဲ့ၿပီ....ဒါေပမယ့္ ေပးဆပ္လိုက္ရတဲ့တန္ဖိုးကေတာ့သိပ္ကိုႀကီးမားလြန္းခဲ့တယ္.......
ရလိုမႈမ႐ွိတဲ့ အခ်စ္ရဲ႕ေနာက္ကြယ္မွာ ဒီလူကို အၿပီးပိုင္လက္လႊတ္ေပးလိုက္ရျခင္းေတြ၊စြန္႔လႊတ္ေပးလိုက္ရျခင္းေတြ တည္႐ွိေနတယ္.........
" ဒီလိုဆိုမွာေတာ့..ကိုယ္ ျပန္သင့္ၿပီထင္တယ္......"
" ေကာင္းပါၿပီ..... "
ဘယ္လိုပဲ နားလည္ခဲ့ပါေစ ကိုယ္ခ်စ္ရသူ တပါးသူနဲ႔လက္ထပ္ေနတာကို ၾကည့္ေနရေလာက္တဲ့အထိေတာ့ အသည္းမမာႏိုင္ေသးတာေၾကာင့္ ဖူယြမ္ ေျခလွမ္းက်ဲႀကီးေတြနဲ႔ လွည့္ျပန္လာခဲ့တယ္.......
႐ွဲ႕ဟယ္ ျပန္ေရာက္လာခ်ိန္မွာ ဂနာမၿငိမ္ျဖစ္ေနတဲ့ ရီဇဲက မေနႏိုင္မထိုင္ႏိုင္ ထုတ္ေမးလာတယ္......
"သူ...သူဘာေတြေျပာေသးလဲ....."
" ဘာမွမေျပာပါဘူး.....အခုေတာ့ ျပန္သြားၿပီ...."
" ဒါဆို ကိုယ္တို႔ မဂ္လာပြဲဆက္က်င္းပၾကမယ္ေနာ္......"
" အင္း....."
မဂ္လာပြဲၿပီးတဲ့အခါ ရီဇ ေကာင္ေလးကို ေဆး႐ုံျပန္မပို႔ေသးဘဲ သူ႕ရဲ႕အိမ္ကို ေခၚလာခဲ့တယ္.........
ႏွစ္ေပါင္းမ်ားစြာ ဝင္ထြက္ဖူးသူမို႔ ရီဇဲ ေသခ်ာျပင္ဆင္ထားမွန္း တခ်က္ၾကည့္႐ုံနဲ႔တင္ သိႏိုင္တယ္......
အခန္းထဲေရာက္တာနဲ႔ ရီဇဲ ေကာင္ေလးကိုေပြ႕ခ်ီၿပီး ဟိိဳဟို သည္သည္ လိုက္ျပေပးေနတယ္......
" မင္းရဲ႕ အသုံးေဆာင္ေတြအကုန္ ဒီအခန္းထဲေျပာင္းထည့္ထားတယ္.....ေနေကာင္းသြားရင္ ဒီမွာပဲ အတူေနၾကမယ္ေနာ္....."
ေရခ်ိဳးခန္းထဲမွာ ႐ွိတဲ့ ဆင္တူ သြားပြတ္တံေလးႏွစ္ေခ်ာင္းကိုၾကည့္ၿပီး ႐ွဲ႕ဟယ္ ဆို႔နင့္ဝမ္းနည္းလာတယ္......
" အခုခ်ိန္ကစၿပီး မင္းကဒီအိမ္ရဲ႕အ႐ွင္သခင္ျဖစ္သြားၿပီဆိုေတာ့ စိတ္တိုင္းက် ျပဳမူလို႔ရတယ္......အဆင္မေျပတာ႐ွိရင္လည္း ခ်က္ခ်င္းထုတ္ေျပာ......"
တခဏအၾကာမွာေတာ္ ႐ွဲ႕ဟယ္ကို ေဆး႐ုံျပန္ပို႔ဖို႔ျပင္လိုက္ေပမယ့္ ......
" ရီေကာ....ဒီေန႔က ကြၽန္ေတာ္တို႔လက္ထပ္တဲ့ေနေလ.....ဒီမွာပဲ တညအိပ္လိုက္လို႔မရဘူးလား......"
ေအးစက္ေနတဲ့ ေဆး႐ုံခန္းကို ဘယ္သူျပန္ခ်င္ပါ့မလဲ.....အဲ့အစား ကိုယ္ခ်စ္တဲ့သူနဲ႔သာ အတူ႐ွိေနခ်င္မွာေပါ့.......
" ေကာင္းၿပီ....."
ညေရာက္ေတာ့ ရီဇဲက ကုတင္ေခါင္းရင္းကိုမွီထားၿပီး ႐ွဲ႕ဟယ္ကို ရင္ခြင္ထဲထည့္ေပြ႕ထားတယ္.....ခပ္တိုးတိုးၾကာေနရတဲ့ အသက္႐ႈသံေၾကာင့္သာမဟုတ္ရင္ ေကာင္ေလး အၿပီးတိုင္ထြက္သြားၿပီလို႔ထင္မိမွာအမွန္ပဲ......
" ရီေကာ....."
"ေျပာေလ....."
ေမယ့ၾကည့္လိုက္တဲ့ ႐ွဲ႕ဟယ္ရဲ႕မ်က္ဝန္းေတြက အဖိုးထိုက္ဆုံးေသာရတနာတစ္ပါးသဖြယ္ တလက္လက္ေတာက္ပေနေလရဲ႕......
"ရီေကာ...ကြၽန္ေတာ္႕ကို တကယ္ခ်စ္တာလား....."
" အင္း......"
ဒီတႀကိမ္မွေတာ့ ေက်းဇူးတင္ပါတယ္ေတြ လိမ္ညာေနတယ္ေတြ ဘာတစ္ခြန္းမွမေျပာဘဲ.......
" ကြၽန္ေတာ္လည္း ရီေကာကို သိပ္ခ်စ္တယ္......"
ဒီစကားသံေလးေၾကာင့္ ရီဇဲ ႏွလုံးခုန္ရပ္တန္႔ေတာ့မလို႔ျဖစ္သြားတယ္......
" ကိုယ္ မင္းတစ္ေယာက္တည္းကိုပဲ အၿမဲတမ္းခ်စ္သြားမွာ......."
ဒါေတြကို မသိခဲ့႐ုံေလးပါ.....အတိတ္ကယလေတြတုန္းတကည္းက မင္းတစ္ေယာက္တည္းကိုပဲ ခ်စ္ခဲ့တာပါ......
[ တင္းေတာင္...ပစ္မွတ္ရဲ႕ႏွစ္သက္မႈ ၁၀၀ျပည့္သြားပါၿပီ.....]
[ တင္းေတာင္ ပစ္မွတ္ကို ဖ်ားေယာင္းႏိုင္တဲ့အတြက္ အမွတ္ 10000....က်န္းဇီဟန္ကို ဖ်ားေယာင္းႏိုင္တဲ့အတြက္ အမွတ္ 8000.....ဖူယြမ္ကို ဖ်ားေယာင္းႏိုင္တဲ့အတြက္ အမွတ္ 8000....ဒီကမ႓ာအတြက္ စုစုေပါင္း အမွတ္ 26000 ရ႐ွိပါတယ္......]
[ ႐ွဲ႕ဟယ္:Baby.... ဒီခႏၶာကိုယ္က ဘယ္လိုမွ ေတာင့္ခံႏိုင္စြမ္းမ႐ွိေတာ့ဘူး......]
【444:( ⊙ o ⊙ ) ..ဒါဆို.....]
[ ႐ွဲ႕ဟယ္: အခုပဲ ဒီကမ႓ာကေန ထြက္သြားၾကရေအာင္.....😁]
【444:ခ်က္...ခ်က္ခ်င္းႀကီးလား....မနက္ျဖန္ေလာက္ထိေတာ့ေစာင့္လို႔ရပါေသးတယ္.....]
[ ႐ွဲ႕ဟယ္:ဒီေန႔ ျဖစ္ျဖစ္၊ မနက္ျဖန္ျဖစ္ျဖစ္ ေသမွာက ေသမွာကို ဘာထူးျခားသြားမွာမို႔လို႔လဲ......]
【444:မဟုတ္ပါဘူး ...ထြက္မသြားခင္ ဉကၠဌရီကို တခုခုမ်ားေျပာဉီးမလားလို႔ပါ......]
[ ႐ွဲ႕ဟယ္: အခုေလးတင္ေျပာၿပီးၿပီေလကြာ.....စိတ္မပူနဲ႔ သူ႕ဆီမွာ ဝိဉာဥ္အပိုင္းအစအခ်ိဳ႕ခ်န္ထားခဲ့တယ္...ဒါ့ေၾကာင့္မို႔ ငါေသသြားရင္ေတာင္ အထိီးက်န္ေနမွာမဟုတ္ဘူး.....]
【444:……】
ေနာက္တစ္ေန႔နံနက္....ရီဇဲ အိပ္ယာႏိုးလာေတာ့ သူ႕ရင္ခြင္ထဲက ခႏၶာကိုယ္ေလး ေအးစက္ေနခဲ့ပါၿပီ......
ဒီလိုအခ်ိန္မ်ိဳးအတြက္ အေစာႀကီးကတည္းက ႀကိဳတင္ျပင္ဆင္ထားခဲ့တာေၾကာင့္ သိပ္ေတာ့လည္း အံ့ၾသမေနခဲ့ဘူး.....
ခ်စ္ရတဲ့သူရဲ႕ သက္တမ္းေတြ တရက္ခ်င္းစီ တိုက္စားကုန္ဆုံးေနတာကို ရင္နာနာနဲ႔ထိုင္ၾကည့္ခဲ့ရသူမို႔ ႏွလုံးသားတစ္ခုလုံး ေအးစက္ထုံထိုင္းသြားခဲ့ၿပီထင္ပါရဲ႕.........
႐ွီမင္းေဟြရဲ႕ စ်ာပနကို ရီဇဲကိုယ္တိုင္ စီစဥ္ေပးခဲ့တယ္......
အစကေနအဆုံးထိတိုင္ တည္ၿငိမ္ေနတဲ့ ရီဇဲကို အားလုံးလက္ဖ်ားခါမိၾကတယ္.....
အားလုံး ျပန္သြားၾကေပမယ့္ ရီဇဲကေတာ့ မင္းေဟြရဲ႕ အုတ္ဂူေလးကို ခပ္ဖြဖြ ထိေတြ႕ေနၿပီ........
"မင္းတစ္ေယာက္တည္း အထီးက်န္ေနေတာ့မွာပဲ......"
စ်ာပနၿပီးတာနဲ႔ ႐ွီမင္းေဟြ ႐ိုက္ခဲ့သမွ် ႐ုပ္႐ွင္တိုင္းကို ဝယ္ပစ္လိုက္တယ္...မင္းေဟြ သက္႐ွိထင္႐ွား႐ွိေနစဥ္တုန္းက ရီဇဲ ဒါမ်ိဳးတစ္ခါမွ စိတ္မကူးခဲ့မိေပမယ့္ ခ်စ္ရသူ ခ်စ္ရစ္ထားခဲ့တဲ့ ပုံရိပ္ေလးေတြက သူ႕အတြက္ သိပ္ကိုအဖိုးတန္လြန္းေနတယ္....
အခုဆိုရင္ မင္းေဟြကို အခ်ိန္မေ႐ြးေတြ႕ျမင္ႏိုင္ခဲ့ၿပီ.....ေသျခင္းတရားက ေကာင္ေလးကို ေစာစီးစြာေခၚေဆာင္သြားခဲ့ေပမယ့္ အမွတ္တရပုံရိပ္ေတြကိုေတာ့ ယူေဆာင္မသြားႏိုင္ခဲ့ပါဘူး......
သိပ္မၾကာခင္မွာ ႐ွီမင္းေဟြ ေနာက္ဆုံး႐ိုက္ခဲ့တဲ့ ႐ုပ္႐ွင္ ႐ုံတင္ျပသခဲ့တယ္.....အပုပ္အပြသတင္းေတြ၊ ရီဇဲနဲ႔လက္ထပ္လိုက္တာေတြ၊ သိပ္မၾကာေသးခင္ကမွ ဆုံးပါးခဲ့တာေတြေၾကာင့္ ဝက္ဝက္ကြဲ စိတ္ဝင္စားခံခဲ့ရတယ္......
ရီဇဲ ေသခ်ာဝတ္စားၿပီး ႐ုပ္႐ွင္႐ုံဆီခရီးႏွင္ခဲ့တယ္.....
႐ုံထဲမွာ မီးေတြမွိန္ၾကသြားေတာ့ ေဘးနားက ခုံအလြတ္ေလးဆီ လွည့္ၾကည့္လိုက္ၿပီး.....
"မင္းရဲ႕ပါဝင္သ႐ုပ္ေဆာင္ထားတာဆိုေတာ့
ဒီ႐ုပ္႐ွင္ ေသခ်ာေပါက္ေကာင္းမွာ....."
ေကာင္ေလးလဲ သူပါဝင္သ႐ုပ္ေဆာင္ထားတဲ့႐ုပ္႐ွင္ကို ၾကည့္ခ်င္မယ္ ထင္တာေၾကာင့္ ရီဇဲ လက္မွတ္ႏွစ္ေစာင္ ဝယ္ခဲ့တယ္......
အရင္တုန္းကဆို အတူေဘးခ်င္းကပ္ထိုင္ဖို႔အခြင့္ေရး႐ွိခဲ့ေပမယ့္.....အခုမ်ားေတာ့ ထိုင္ခုံအလြတ္ေလးတစ္ခုကိုသာ အေဖာ္ျပဳေနရတယ္.......
အခ်ိန္လြန္ေနာင္တေလာက္ ေၾကာက္စရာေကာင္းတဲ့အရာ ႐ွိပါဉီးမလား......
ဒီလို romantic ဇာတ္ကားမ်ိဳး တစ္ခါမွ မၾကည့္ခဲ့ဖူးေပမယ့္ ပိတ္ကားေပၚကေန အၾကည့္မလြဲႏိုင္ခဲ့ဘူး.....
သူဟာ သိပ္ကိုတုံးအခဲ့သူပါ.....အဖိုးထိုက္ဆုံး ပုလဲတစ္လုံးကို ေက်ာက္ခဲလို႔သာ ထင္ျမင္ခဲ့မိတဲ့အထိ တုံးအမိုက္မဲခဲ့သူပါ....
ဇာတ္ကားအဆုံးပိုင္းေရာက္ေတာ့ ႐ွီမင္းေဟြရဲ႕ ၿငိမ့္ေညာင္းတဲ့စကားသံကို ပီပီသသၾကားလိုက္ရတယ္.....
// ခင္ဗ်ား ေနာင္တရလိမ့္မယ္.....ဒီေလာကမွာကြၽန္ေတာ္႕ေလာက္ ခင္ဗ်ားကို ခ်စ္ေပးႏိုင္မယ့္သူ႐ွိမွာမဟုတ္ဘူး.......ဒါေပမယ့္လည္း ခင္ဗ်ားကိုခ်စ္ခဲ့မိတဲ့အတြက္ ဘယ္ေတာ့မွ ေနာင္တရမွာမဟုတ္ဘူး..... ဒီခ်စ္ျခင္းတရားကို ေသဆုံးတဲ့အထိသယ္ေဆာင္သြားမွာ.....//
ဒီအခိုက္အတန္႔မွာ ႐ွဲ႕ဟယ္ကိုယ္တိုင္ သူ႕အေ႐ွ႕မွာ လာေျပာေနသလိုခံစားလိုက္ရတယ္......
အိမ္မက္ေယာင္သူတစ္ေယာက္လို ပုံရိပ္ေလးကို ဖမ္းဆုပ္လိုက္ေပးမယ့္လည္း တကယ္တမ္းေတာ့ အရာရာဟာ ဗလာနထၱိသာပင္........
႐ုပ္႐ွင္ၿပီးလို႔ မီးေတြျပန္ပြင့္လိုက္ေတာ့ ပရိတ္သတ္အခ်ိဳ႕က မ်က္ရည္လည္႐ြဲျဖစ္ေနတဲ့ ရီဇဲကို ကြက္ၾကည့္ကြက္ၾကည့္ လုပ္ေနၾကတယ္......
"႐ုပ္႐ွင္က ေကာင္းလြန္းလို႔ ငိုမိသြားတယ္....."
ရပါတယ္.....လူတစ္ေယာက္ကို အေပၚယံၾကည့္ၿပီး ဆုံးျဖတ္လို႔မွမရတာ ေယာက္က်ားအရင့္မာႀကီးေတြမွာလဲ ထိ႐ွလြယ္တဲ့ခံစားခ်က္ေတြ႐ွိေနႏိုင္တာပဲေလ.......
လအနည္းငယ္ၾကာၿပီးေနာက္.....
ရီဇဲ ပါတီတစ္ခုမွာ မိတ္ေဆြတစ္ေယာက္နဲ႔ဆုံျဖစ္ခဲ့တယ္......
" ဉကၠဌရီ....ခင္ဗ်ားအတြက္ suprise ေလးတစ္ခုျပင္ဆင္ထားတယ္....."
ဉကၠဌက်န္းက စကားဆုံးတာနဲ႔ လက္ဟန္ေျခဟန္ျပလိုက္ေတာ့ ခပ္ေခ်ာေခ်ာေကာင္ေလးတစ္ေယာက္ ေရာက္လာတယ္.....
ထိုေကာင္းေလးကို ျမင္လိုက္ရခ်ိန္မွာ ရီဇဲ လက္ထဲက အရက္ခြက္ေတာင္ ျပဳတ္က်ေတာ့မတတ္ တုန္လႈပ္သြားခဲ့တယ္......
ရီဇဲရဲ႕ တုန္လႈပ္ေနမႈကိုၾကည့္ၿပီး ဉကၠဌက်န္း ေက်နပ္ေနတယ္......ရီဇဲ ႐ွဲ႕ဟယ္ကို ႐ွစ္ႏွစ္ၾကာအနားမွာ ေခၚထားရတဲ့အေၾကာင္းအရင္းကို သိေနတာေၾကာင့္ သူ႕ရဲ႕အငယ္အေႏွာင္းေလးကို ႐ွဲ႕ဟယ္နဲ႔တူေအာင္ ပလတ္စတစ္ဆာဂ်ရီလႈပ္ခိုင္းၿပီး ရီဇဲဆီေရာက္ေအာင္ပို႔ေပးဖို႔ၾကံလိုက္တာေပါ့....ပူပူေႏြးေႏြး မုဆိုးဖိုျဖစ္ထားတဲ့ ရီဇဲတစ္ေယာက္ ေတာင့္ခံႏိုင္ပါ့မလား.....
" ဘယ္လိုလဲ....မဆိုးဘူးမလား....."
ဉကၠဃက်န္းကို ၾကည့္ရတာ သိပ္ကိုေက်နပ္ေနသလိုပဲ......
အေတာ္ေလးၾကာေတာ့ ရီဇဲ အရက္ခြက္ကို အသံျမည္ေအာင္ ေဆ့ာင္ခ်လိုက္ၿပီး ေအးစက္ေနတဲ့ေလသံနဲ႔ အားလုံးၾကားေအာင္ေျပာလိုက္တာက......
" ေနာက္...ဒါမ်ိဳး ဘယ္ေတာ့မွ မလုပ္မိေစနဲ႔....."
" ဟမ္...သေဘာမက်ဘူးလား...."
"ႏွစ္ေပါင္းမ်ားစြာ ခင္မင္လာတာကိုေထာက္ထားၿပီး ဒီတစ္ခါေတာ့သည္းခံေပးလိုက္မယ္......"
ရီဇဲ ေျပာၿပီးတာနဲ႔ ေဒါသတႀကီး လွည့္ထြက္လာခဲ့လိုက္တယ္......
အစကေနအဆုံးထိ ဉကၠဌက်န္း ေခၚလာတဲ့ေကာင္ေလးကို တစ္ခ်က္ေလးေတာင္ ေစြမၾကည့္ခဲ့ဘူး.....
ေကာင္ေလးကေတာ့ ရီဇဲလို အေကာင္ႀကီးႀကီးတစ္ေယာက္ကို အမိဖမ္းႏိုင္ရင္ ဘဝကို ဇိမ္႐ွိ႐ွိျဖတ္သန္းႏိုင္ၿပီလို႔ အပိုင္တြက္ထားခဲ့တယ္......ဒါ့ေၾကာင့္လဲ ခြဲစိတ္ဖို႔ကို အသာတၾကည္လက္ခံခဲ့တာေပါ့....ဒါေပမယ့္လည္း ပစ္ပစ္ခါခါ ထားခဲ့ခဲရမယ္မွန္း ဘယ္သူသိမွာလဲ.... က်န္းဇီဟန္နဲ႔ေရာ ႐ွီမင္းေဟြနဲ႔ပါတူေနတဲ့ သူ႕႐ုပ္ရည္ကို ရီဇဲဘာလို႔ သေဘာမက်တာလဲ.........
ရီဇဲ ပါတီကေန အျပန္ ေဒါသထြက္လြန္းလို႔ နံရံကိုလက္သီးနဲ႔အဆက္မျပတ္ထိုးပစ္ခဲ့တယ္.......
မင္းေဟြကို လူေတြဘယ္လိုသတ္မွတ္ထားၾကတာလဲ.....သူ သိပ္ခ်စ္ရတဲ့ မင္းေဟြကို အစားထိုးခံတစ္ေယာက္လို သတ္မွတ္ထားၾကတယ္ေပါ့....ဒါကို ဘယ္လိုနည္းနဲ႔ သည္းခံရမွာလဲ.....မင္းေဟြဟာအစားထိုးခံတစ္ေယာက္မဟုတ္တဲ့အျပင္ မင္းေဟြေနရာမွာ ဘယ္သူ႕ကိုမွ အစားထိုးလို႔မရေၾကာင္း ဘယ္လို႐ွင္းျပရမလဲ........
ကိုယ့္ကိုကိုယ္ ထိန္းႏိုင္လိုက္တာနဲ႔ အတြင္းေရးမႉးကို ဖုန္းေခၚၿပီး......
" ဉကၠဌက်န္းေခၚလာတဲ့ေကာင္ေလးအေၾကာင္း စုံစမ္းေပး....."
နာရီဝက္အၾကာမွာ ရီဇဲဆီသတင္းအခ်က္အလက္ေတြေရာက္လာခဲ့ပါၿပီ......
တကယ္ဆို ေကာင္ေလးမိဘေတြက သိပ္မခ်မ္းသာေပမယ့္ ဆင္းရဲမြဲေတေနၾကတာမဟုတ္ဘူး.....အေခ်ာင္ခိုခ်င္စိတ္႐ွိတဲ့ေကာင္ေလးက အလြယ္နည္းနဲ႔ခ်မ္းသားခ်င္လို႔ ဉကၠဌက်န္းနဲ႔ပူးေပါင္းၿပီး ရီဇဲကို အပိုင္ၾကံခ်င္ခဲ့တာ......
အခ်က္အလက္ေတြအားလုံးဖတ္ၿပီးခ်ိန္မွာ ရီဇဲ လက္ဆစ္ေတြျဖဴေဖ်ာ့လာတဲ့အထိ လက္သီးဆုပ္ထားလိုက္မိတယ္......
တကယ္ဆို ကူကယ္ရာမဲ့ေလာက္တဲ့ အထိ ဆင္းရဲေနရင္ မင္းေဟြကိုယ္စား ဒီေကာင္ေလူကို ကယ္တင္ေပးမလို႔ပါ....ဒါေပမယ့္ အေခ်ာင္ေနေခ်ာင္စားစိတ္ဓာတ္႐ွိတဲ့သူက ရာရာစစ မင္းေဟြေနရာကို ၾကံရဲတယ္ေပါ့........
ဒီၾကံစည္မႈမွာ ႏွစ္ေပါင္းမ်ားစြာ ခင္မင္လာတဲ့ ဉကၠဌက်န္းကသာ ဉီးေဆာင္သူျဖစ္လိမ့္မယ္......အငယ္အေႏွာင္းဘဝနဲ႔ထားရာေနေစရာသြားရသူတစ္ေယာက္က ဒီေလာက္ ရဲတင္းတဲ့အရာမ်ိဳးေတြ တစ္ေယာက္တည္းၾကံစည္ဝံ့မွာမဟုတ္ဘူး.......
ႏွစ္ရက္အၾကာမွာေတာ့ ရီဇဲတို႔လုပ္ငန္းစုဘက္က ဉကၠဌက်န္း ပူးေပါင္းထားတဲ့ project ေတြအကုန္ ဖ်က္သိမ္းေၾကာင္းေၾကျငာခဲ့တယ္.....ဒါနဲ႔တင္ အေတာ္အထိနာေနၿပီမို႔ ရီဇဲ ဘာမွ ထပ္မလုပ္ေတာ့ပါဘူး .....စီးပြားေရး နယ္ပယ္ဆိုတာ လ်င္သူစားစတမ္းပါပဲ....ရီဇဲတို႔လို႔ ထိပ္တန္း လုပ္ငန္းစုႀကီးက ပယ္လိုက္တဲ့အတြက္ ဉကၠဌက်န္း အတြက္ ေျပးစရာေျမမ႐ွိခဲ့ဘူး.... သူေခၚလာတဲ့ေကာင္ေလးကလည္း ကလပ္တစ္ခုမွာ ခပ္ဆိုးဆိုးသူေဌးသားတစ္ေယာက္နဲ႔ ၿငိၿပီး မ်က္ႏွာကိုဓားနဲ႔အမႊန္းခံလိုက္ရတယ္.....
အဲ့ကိစၥၿပီးတကည္းက ရိီဇဲကို ဘယ္သူမွမထိရဲၾကေတာ့ဘူး.......
ဒီလိုနဲ႔ ႏွစ္ႏွစ္တာ ကုန္ဆုံးခဲ့ပါၿပီ......
တကိုယ္တည္း ေနေနတဲ့ ရီဇဲကို မၾကည့္ရက္တာေၾကာင့္ သတၱိေကာင္းတဲ့ သူေတြက မင္းေဟြနဲ႔ ႐ုပ္ခ်င္းတူတဲ့ေကာင္ေလးေတြ ႐ွာၿပီး ပို႔ေပးတတ္တယ္....အဲ့လိုပို႔တဲ့အခါတိိဳင္း ရီဇဲဘက္က ရက္ရက္စက္စက္ တုံ႔ျပန္တာေၾကာင့္ အကုန္လက္ေလွ်ာ့သြားခဲ့ရတယ္......
အဲ့ကတည္းကစၿပီး ရီဇဲ မင္းေဟြကို ဘယ္ေလာက္ထိ ခ်စ္သလဲဆိုတာရယ္....မင္းေဟြေနရာမွာ ဘယ္သူ႕ကိုမွအစားထိုးဖို႔မျဖစ္ႏိုင္ဘူးဆိုတာရယ္ကို အားလုံးနားလည္သြားခဲ့ၾကတယ္.......
ႏွစ္ေပါင္းမ်ားစြာ ကုန္လြန္ၿပီးေနာက္........
မင္းေဟြရဲ႕ ႏွစ္ပတ္လည္ေန႔မွာ အုတ္ဂူေပၚက သစ္႐ြက္ေႂကြေတြကို ရီဇဲ လွည္းက်င္းေပးေနတယ္........
ဇရာေထာင္းလို႔ ဆံသားေတြေတာင္ ေငြမွင္ေရာင္သမ္းေနၿပီျဖစ္တဲ့ ရီဇဲက အုပ္ဂူေပၚက မင္းေဟြရဲ႕ ဓာတ္ပုံေလးကို ခပ္ဖြဖြတို႔ထိေနၿပီး.......
" ဒီကိုမလာခင္ေလးတင္ မင္းရဲ႕႐ုပ္႐ွင္ေတြၾကည့္လာခဲ့ေသးတယ္.....မင္းပရိတ္သတ္ေတြကေတာ့ မင္း ႐ုပ္႐ွင္ေတြ အမ်ားႀကီး႐ိုက္ခဲ့တယ္ေျပာၾကတာပဲ...ကိုယ့္အတြက္ကေတာ့ နည္းလြန္းေနတယ္......"
" မင္းရဲ႕နာမည္နဲ႔ ပရဟိတအဖြဲ႕တစ္ခုတည္ေထာင္ၿပီး ရန္ပုံေငြ မတည္ေပးထားတယ္.....ႏွစ္တိုင္းႏွစ္တိုင္း ခက္ခဲတဲ့မိသားစုေတြကို ကူညိီႏိုင္ၿပီမို႔ မင္းကို လူတိုင္းက ေက်းဇူးတင္ေနၾကတယ္......"
" မင္းကေတာ့ ႏုပ်ိဳေနဆဲပဲ....ကိုယ္ကေတာ့အဖိုးႀကီးျဖစ္ေနၿပီ.....ေနာင္တခ်ိန္ျပန္ေတြ႕တဲ့အခါ အဖိုးႀကီးျဖစ္ေနတဲ့ကိုယ့္ကို အရင္လိုခ်စ္ပါဉီးမလား......."
တုန္လႈပ္ေစတဲ့အေတြးတစ္ခုေၾကာင့္ ရီဇဲရဲ႕မ်က္ဝန္းေတြ မွိန္ေဖ်ာ့သြားတယ္........
"အခ်ိန္ေတြ ၾကာခဲ့ၿပီဆိုေတာ့ မင္းကိုယ့္ကို မွတ္မိပါဉီးမလား....ကိုယ္ကေတာ့ တစ္ရက္ေလးမွ ေမ့မရခဲ့ပါဘူး........."
ထိုအခ်ိန္မွာ ရီဇဲရဲ႕ စကားသံေတြဟာ တိုက္ခတ္လာတဲ့ ေလညႇင္းေလးရဲ႕ ေဆာင္က်ဥ္းရာေနာက္ဆီလိုက္ပါသြားခဲ့ပါၿပီ.......
" ကိုယ္....မင္းကို....သိပ္လြမ္း...တာပဲ......."