ကျွန်တော်တို့ကျောင်းတွေပြန်ဖွင့်ပြီဗျ။
ရင်ခုန်စရာတွေပြည့်နှက်နေခဲ့တဲ့ ပိတ်ရက်လေးကုန်ဆုံးရပါပြီ။
ဒါပေမဲ့ ထိုက်ထိုက်တန်တန်ကြီးကိုပျော်ခွင့်ရခဲ့တာမို့ ကျွန်တော်မနှမြောပါဘူး။ ဒီ့အစားဒီ့ထက်ကောင်းတဲ့ အခွင့်အခါတွေရှိလာဦးပါ့မလားလို့တွေးခဲ့မိပါတယ်။
မြို့ကိုပြန်ရောက်တော့လည်းသိပ်တောင်မနားလိုက်ရပါဘူး။ အဲ့ဒီနေ့ပြီးတော့ နှစ်ရက်လောက်နေတာနဲ့ကျောင်းတက်ရတာမို့။ ကျွန်တော်ပြန်လာတာက ကျောင်းဖွင့်ချိန်နဲ့အရမ်းကပ်သွားတာကိုဗျ။
အဲ့ဒီနေ့ကအသည်းအသန်ပြေးသွားခဲ့တော့ အစ်ကိုရှောင်းအတွက်ဆိုပြီးရည်ရွယ်ပြီးမာမားခြံထဲကကောက်လာတဲ့သစ်ကြားသီးထုပ်လေးကိုတောင်မေ့သွားခဲ့တာကြောင့် ဒီကျောင်းပြန်ဖွင့်မှကျွန်တော်ပေးရတော့မှာပါ။ အဲ့ဒါကြောင့် ကျွန်တော်ဟာ ကျွန်တော်နဲ့အတူတူကျောင်းစတက်ရတော့မယ့်ညီမအငယ်ရဲ့လွယ်အိတ်ကိုပြင်ပေးရင်း ကျောင်းတက်ရမယ့်မနက်ဖြန်ဆိုတာကြီးအတွက်ကြိုတင်စိတ်လှုပ်ရှားနေမိပြန်ပါတယ်။
ဒါပေမဲ့ ကျွန်တော်အခုလိုပျော်နေချိန်မှာ ကျွန်တော်နဲ့မတူတဲ့သူကတော့ ကျောင်းဆိုတာကိုအခုမှစတက်ရမယ့်ရှင်းရှင်းပါပဲ။
ကျောင်းမတက်ချင်ဘူးဆိုပြီး ငိုနေသေးလို့ကျွန်တော်တိတ်တိတ်လေးချော့လိုက်ရသေးတယ်ဗျ။ တအားသောင်းကြမ်းတာမဟုတ်ပေမဲ့ အငိုမရပ်ဘဲချောင်ကပ်ထိုင်နေတာမို့ ကူကူးသိသွားလို့စိတ်တိုသွားရင်အရိုက်ခံရဦးမယ်ဆိုပြီးစိတ်ပူသွားရတဲ့ကျွန်တော့်မှာ အသည်းအသန်ချော့ရတော့တာပေါ့။ ကူကူးကပညာရေးနဲ့ပတ်သက်ရင်အလိုမလိုက်ဘူးမို့လေ။ အစ်ကိုဖြစ်သူကနေ့တိုင်းလာကြည့်မယ်ဆိုပြီးကတိအတင်းပေးတော့မှအငိုရပ်ပြီး ကျောင်းတက်ဖို့ခေါင်းညိမ့်တဲ့အငယ်မကအင်တင်တင်နဲ့ပါ။
သနားတော့လည်းသနားမိပါတယ်။ ရှင်းရှင်းကအိမ်,မက်တဲ့ကလေးထဲပါတယ်။ သူကဆော့ရုံဆော့ရတဲ့မူကြိုတောင်မပျော်တာ။ စာလုပ်ရမယ့်ကျောင်းဆိုတော့ကလေးပီပီတွေးကြောက်တာနေမယ်။
နောက်ပြီးပိုဝမ်းနည်းဖို့ကောင်းတာက ကျွန်တော့်ညီမကအရေးမှာဆိုမှတ်ရအလွယ်ဆုံးဆိုတဲ့ pie (丿) နဲ့ na (\) တောင်ဘယ်ဟာဆိုဘယ်ဘက်လှည့်လဲကွဲတဲ့သူမဟုတ်ဘူးလေ။ အဲ့တာကြောင့်ကျောင်းမတက်ချင်တာဘာလို့လဲကျွန်တော်ခံစားမိပါတယ်။ ကျွန်တော်ဆိုရင်လည်း အိမ်စာမပြီးတာမျိုး စာမကျက်ရသေးတာမျိုးဆိုရင်ကျောင်းကိုသွားချင်လောက်မှာမဟုတ်ဘူးမလား။ အဲ့လိုဖြစ်ရပ်မျိုးတစ်ခါမှမရှိသေးဘူးဆိုပေမဲ့ပေါ့ဗျာ။
"ငါအခုစာအုပ်အသစ်နှစ်အုပ်ထည့်ပေးလိုက်တယ် ခဲတံသုံးချောင်းချွန်ပေးလိုက်တယ်။ ခဲဖျက်တစ်တုံး၊ ပေတံတစ်ချောင်းနော် မပျောက်စေနဲ့"
စျေးမကြီးတဲ့စာအုပ်တွေကိုဒီအတိုင်းသုံးလို့ကြာလာရင် အဖုံးတွေပျော့လာပြီးပြဲလွယ်တတ်တာမို့ တစ်နှစ်ပတ်လုံးသေသေသပ်သပ်နဲ့လှလှကလေးသုံးလို့ရအောင် ပြက္ခဒိန်အဟောင်း သတင်းစာအဟောင်းတွေနဲ့အဖုံးအုပ်ပေးရင်း တတွတ်တွတ်မှာဖြစ်ပါတယ်။
"ဖတ်စာအုပ်တွေကမနက်ဖြန်မှအတန်းထဲဝေလိမ့်မယ် သေသေချာချာယူခဲ့နော် ပျင်းလို့ဆိုပြီးလျှောက်မခြစ်လာနဲ့ လက်ဆစ်တွေခေါက်မှာသိတယ်မလား"
ခါတိုင်းဆိုရင်ကျွန်တော်ကိုယ်တိုင်ကအဲ့လောက်စကားမများပေမဲ့ မနက်ဖြန်ကအငယ်မအတွက်အရေးအကြီးတဲ့နေ့မို့မများချင်လည်း ကရားရေလွှတ်သလိုခဏခဏမှာရတယ်။ နောက်ပြီးသူကစာသာမရတာ ပုံသေးသေးပိစိတွေဆိုရင်တော့လျှောက်ခြစ်တတ်တာနေရာအနှံ့။ အိမ်နံရံတွေမှာလျှောက်ခြစ်လို့အခေါက်ပေါင်းများစွာခေါင်းခေါက်ခံရလည်းမမှတ်သေးတဲ့လူစား။ အဲ့ဒီလိုကလေးမျိုးမို့ပထမဆုံးလဝက်တောင်မကျိုးသေးဘဲ စာအုပ်ပျက်ဆီးသွားရင် အတန်းထဲစည်းကမ်းမရှိဘူးလို့အပြောခံရမှာစိုးတာမို့ သတိပေးစကားလည်းဆိုရပါသေးတယ်။
ဒါပေမဲ့ကျွန်တော်ကသာ ဘက်စုံထောင့်စုံအောင်သေချာတွေးရင်း အကုန်လိုက်ပြောနေတာပါ...ဒီအချိန်ကာယကံရှင်လေးကတော့အင်းမလုပ်အဲမလုပ်နဲ့။ ကျွန်တော့်ကုတင်ပေါ်ပက်လက်လှန်ပြီး ဗိုက်ကအင်္ကျီကိုလှန်တင်ထားသေးတာမြင်ရတဲ့အခါကလိကလိနဲ့ပါပဲ။
ကူကူးမြင်ရင်အဆူခံရမယ့်အကွက်တွေမို့လေ။ သူမို့မမှတ်တယ်။
"အ!ကိုကို!"
နဖူးလှမ်းတောက်လိုက်တော့မှရှုံ့မဲ့ပြီးထထိုင်လာတဲ့မိန်းကလေးကဆူပုပ်နေတာပါပဲ။ နောက်ပြီးကျွန်တော့်ကိုမကြည်သလိုကြည့်လာတယ်။ ဒါပေမဲ့ ကျွန်တော်ခပ်တည်တည်နဲ့ပဲ...
"အအေးပက်မယ်...နောက်ပြီးအဆူခံချင်နေတာလား"
လွယ်အိတ်ကိုဇစ်ပိတ်ပေးရင်းပြောတော့ တစ်ယောက်ကနှုတ်ခမ်းဆူပြီးကွေးကွေးလေးပြန်ကွေးသွားပါတယ်။ ကျွန်တော့်စကားကိုအဖတ်မလုပ်ပါဘူးပေါ့။
သူ့ဟာသူစိတ်မကြည်ရင်အကုန်ပတ်ရမ်းတတ်တဲ့အကျင့်က ကူကူးနဲ့တကယ်ဆင်ကြောင်းသိပြီးသားမို့ ဒီတစ်ယောက်ကိုကျွန်တော်ဘာမှဆက်မပြောတော့ဘူး။ ပြင်စရာကျန်သေးတဲ့ကိုယ့်လွယ်အိတ်ကိုယ်ပဲပြင်မိပါရဲ့။ စာအုပ်သစ်တွေထည့်စီရင်း စာအုပ်တွေစစ်ရင်း အိတ်ထဲမှာအစ်ကိုရှောင်းဆီပြန်ပို့မယ့်စာကလေးတစ်စောင်ကိုလည်းထည့်သိမ်းလို့ပေါ့။
ကြားထဲကိစ္စတွေဘယ်လောက်ရှိရှိ ပြီးတာနဲ့သတိပြေးရမိတဲ့သူကအစ်ကိုမို့ရယ်။ ကျွန်တော့်မှာကြိတ်ကြိတ်ပြုံးရသေးတယ်။
"ကိုကို ဘာလို့ကျောင်းတက်ရပျော်တာလဲဟင်"
ဒါပေမဲ့မနက်ဖြန်အတွက်ဆိုတာတွေကိုတွေးရင်းကြည်နူးနေခိုက်ပါပဲ။ ကြားဖြတ်လာတဲ့အမေးလေးတစ်ခွန်းကြောင့် သစ်ကြားသီးအိတ်ကလေးကိုအရှေ့အံထဲထည့်ဖို့ကြံနေတဲ့ကျွန်တော့်လက်တွေက တစ်ဝက်တစ်ပျက်နဲ့အရှိန်ပျက်သွားရတယ်။ နောက်ပြီး နည်းနည်းတော့ကကျိုးကကြောင်နိုင်သွားလောက်တယ်။ ဘာဖြေရမလဲ ခက်သွားတာမို့။
ရှင်းရှင်းကကျွန်တော့်ကိုမျက်လုံးကလေးကိုကော်လို့ကြည့်နေတာမရပ်တော့။
"ဒီအတိုင်း..."
"ဟင်"
"ဒီအတိုင်းပျော်တာနေမယ်"
"ဒီအတိုင်းပျော်တာမျိုးရှိလို့လားဟင်"
"ရှိမှာပါ..."
ကျွန်တော်မသိဘူး။ ဒီအတိုင်းပျော်လောက်လား။ ငယ်ငယ်ကျွန်တော်ကျောင်းစတက်တုန်းကအကြောင်းတွေ မူကြိုတုန်းကအကြောင်းတွေ...မမှတ်မိတာများတယ်။
အခုအတွက်ရော...အဲ့ဒီလိုမေးလာရင်တော့ ကျောင်းတက်ရပျော်တဲ့အကြောင်းပြချက်ကသက်သက်ရှိနေတာသေချာပါတယ်။ စာကြိုးစားချင်ရတဲ့အကြောင်းပြချက်လည်းရှိနေတယ်။ ဒါကို 'ဒီအတိုင်း...'လို့မရှိသလိုဖြေရတာက စစ်မှန်တဲ့အဖြေမဟုတ်တာမို့နေရခက်တာအမှန်ပဲ။
ဒါပေမဲ့လည်းလေ...'ငါကျောင်းတက်ရပျော်တာ အစ်ကိုရှောင်းကြောင့်ဟ'လို့ပြောလို့မှမရနိုင်တော့ ကျွန်တော်နှုတ်ဆိတ်နေဖို့ပဲရွေးချယ်လိုက်ရတာပါပဲ။
"ရှင်းရှင်းကြောက်တယ်...ကျောင်းမှာမပျော်ရင်ဘယ်လိုလုပ်မလဲ"
ဒါပေမဲ့ အသံတိုးတိုးလေးနဲ့ပြောလာတာကိုမြင်ပြန်တဲ့အခါ ကျွန်တော်ဟာမနေနိုင်ပြန်ပါဘူး။ လုပ်လက်စကိုရပ် သက်ပြင်းခပ်ရဲ့ရဲ့ချရင်းအနားတိုးသွားပြီးကုတင်ပေါ်ထိုင်တော့ ကျွန်တော့်ကိုမော့ကြည့်လာတဲ့ညီမဖြစ်သူရဲ့မျက်လုံးတွေထဲကြောက်စိတ်ရဲ့ပုံရိပ်ဖြစ်တဲ့မျက်ရည်စလေးတွေဝေ့သီနေပါတယ်။
"မေးခွန်းကမပျော်ရင်...ဟုတ်လား"
ကျွန်တော်သံရှည်ဆွဲမေးမိတယ်။
"အွန်း..."
"မပျော်ရင်..."
"..."
"အဲ့ဒီစကားကိုအကြံမပေးတတ်ဘူး ဘာလို့လဲသိလား"
"ဟင့်အင်း..."
"ပျော်ရွှင်မှုကကိုယ်တိုင်ရှာဖွေရတာမျိုးမို့ပေါ့"
ရှင်းရှင်းရဲ့ မျက်တောင်လေးတွေတဖျတ်ဖျတ်ခတ်သွားရှာပါတယ်။
"သူငယ်ချင်းတွေကပျော်စရာမကောင်းရင်...ဆရာတွေသာပျော်စရာမကောင်းခဲ့ရင်ဆိုတဲ့အရာအားလုံးကိုမေ့ကြည့်ပြီး ပျော်စရာကောင်းတာတစ်ခုခုကိုရှာဖွေတာကအသင့်လျော်ဆုံးလို့တော့ထင်တယ်...ပုံဆွဲရတာကြိုက်တယ်မလား ဆော့စရာသူငယ်ချင်းမရှိလည်း ပုံဆွဲနေလိုက်ပေါ့။ မဟုတ်လည်း ငေးနေကြည့် ငေးရတာကပျော်စရာကောင်းတယ်..တွေးနေလို့လည်းရတယ် နည်းတွေမှအများကြီးပါ အဓိကကပျော်အောင်နေတတ်ဖို့ပဲ ကိုကိုပြောတာသဘောပေါက်လား"
ကျွန်တော့်ကိုပြူးပြူးလေးကြည့်နေတဲ့ရှင်းရှင်းက ခေါင်းတဆတ်ဆတ်ငြိမ့်ပြလာခဲ့ပါတယ်။ ဒီအခါ အများကြီးမကြင်နာတတ်ပေမဲ့ခေါင်းအညိမ့်မှာကျလာတဲ့သူ့မျက်ခမ်းစပ်နားကမျက်ရည်ကိုတော့သုတ်ပေးမိလိုက်တယ်။
"ဒါပေမဲ့ ပြောတာကိုယုံပါ...ဆန္ဒရှိသ၍ ပျော်စရာတစ်ခုခုရှာတွေ့ကိုတွေ့လိမ့်မယ်"
"အွန်း"
"လက်မလွှတ်လိုက်ခင်အထိ ရှာတွေ့ဦးမှာပါ"
ကျွန်တော်ကခွန်အားမပေးတတ်ပါဘူး။ ကဗျာလည်းမဆန်တတ်ဘူး။ မှတ်သားထိုက်စရာတွေလည်းမပြောတတ်ပေမဲ့ အတွေ့အကြုံလေးတွေကိုတော့မျှဝေတတ်သူဖြစ်နေတာမို့ ထိထိရောက်ရောက်အသုံးဝင်မလားမသေချာပေမဲ့ တတ်နိုင်သလောက်တော့အဆုံးထိဖြေရှင်းပြနေဦးမယ့်သူပါပဲ။
=====================
"တာ့တာ...နေ့ခင်းလာခဲ့မယ်နော်"
"ကိုကို..."
မူလတန်းဆောင်ထဲကထွက်ခါနီးငိုသံစွတ်စွတ်ခေါ်လာတဲ့ညီမဖြစ်သူကြောင့် ကျွန်တော်ပြန်လှည့်လိုက်ရတယ်။ ပြေးလွှားဆူညံနေတဲ့ကလေးတွေအကြားစကတ်စလေးကိုလုံးချေရင်းမတ်တပ်လေးရပ်ရုံရပ်နေတဲ့သူက မျက်ရည်တွေဝဲနေပြန်ပါပြီ။
လိုက်ပို့ပေးမယ်ပြောပြီးမှ ဒီနေ့ကူကူးကလည်းဆေးခန်းရက်ချိန်းသွားစရာရှိနေလို့လိုက်မလာတော့ အခြားသူတွေလိုမိစုံဖစုံမရှိရှာတာကြောင့် အရမ်းအားငယ်နေလောက်မှာသိသားမို့ နောက်ကျနေပေမဲ့ဒီအတိုင်းကြီးမထားရက်ပြန်ပါဘူး။
"ဘာဖြစ်လို့လဲ"
ဒါပေမဲ့အနားတိုးသွားပြီးမေးပြန်တော့လည်းမဖြေပြန်ဘူး။
တွန့်ဆုတ်နေတဲ့ပုံစံကြောင့်သက်ပြင်းဖွဖွသာချမိတော့တယ်။
ဆူဖို့ကလည်းကျွန်တော့်ကိုဒီအတိုင်းမြန်မြန်မလွှတ်လိုက်နိုင်တဲ့အတွက် သူ့အပေါ်သူအပြစ်ရှိစိတ်ဝင်နေမှန်းနားလည်တာမို့မဆူရက်။ အားပေးစရာလည်းဒီ့ထက်ပိုပြီးမပြောတတ်တော့အခါ ခုံတန်းလေးနားခေါ်သွားပြီး ကျောင်းတက်တဲ့အထိထိုင်စောင့်ပေးနေရုံပဲလုပ်တတ်ပါတော့တယ်။
အစ်ကို့ဆီစာသွားပို့စရာရှိပေမဲ့ စိုးရိမ်နေတဲ့အငယ်ကိုတစ်ယောက်တည်းထားပြီဘယ်လိုလုပ်သွားရက်နိုင်မှာလဲလေ။ ပထမဆုံးနေ့မို့သေချာပေါက်သွားပေးသင့်မှန်းသိပေမဲ့ ဘယ်လိုရွေးချယ်ရမလဲ။ နှစ်ဖက်လုံးကအရေးကြီးပေမဲ့ မျက်ရည်တွေနဲ့ကလေးကိုမြင်တဲ့အခါ အစ်ကိုရှောင်းသတိမထားမိလောက်ပါဘူးလေလို့သာဖြေပြီး ငြိမ်ငြိမ်လေးထိုင်နေမိတော့တာပါပဲ။
အစ်ကို့ကိုအချစ်ဆုံးပေမဲ့ဖြစ်ချင်တာနဲ့ဖြစ်သင့်တာမှာဖြစ်သင့်တာကိုပဲဦးစားပေးဖို့ဆုံးဖြတ်လိုက်ရတာပါပဲ။
ဒီလိုနဲ့ကျောင်းတက်ချိန်နီးလာပါတယ်။ ခေါင်းလောင်းထိုးတော့မယ်။ အတန်းချိန်မမှီမှာစိုးတာထက် အခွင့်အရေးလေးများရှိဦးမလားလို့ဖင်တကြွကြွဖြစ်ချင်နေတဲ့ကျွန်တော့်မှာကိုယ့်ကိုယ်ထိန်းရတယ်။
ဒါပေမဲ့ ထုံးစံလိုပါပဲ။ လက်တွေ့ကစိတ်ကူးယဥ်မဆန်တဲ့အခါ ကျွန်တော်သက်ပြင်းချရုံပဲတတ်နိုင်ပြန်ပါတယ်။
"နီဟောင်..."
"..."
ကျွန်တော်ရော အငယ်မပါ ရှေ့ကိုရုတ်တရက်ရောက်လာတဲ့ကောင်လေးအားမော့ကြည့်မိလိုက်ကြပါရဲ့။
"နီဟောင်...ငါကချန်ချန်ပါ"
ကောင်လေးကထပ်ပြီးနှုတ်ဆက်လာတယ်။
"ငါကရှင်းရှင်း"
ရှင်းရှင်းကလည်းပြန်ပြောတယ်။
"သူငယ်ချင်းလုပ်ကြမလားဟင်"
"လုပ်ချင်တယ်..."
"ကောင်းတယ် လာ သွားကစားကြမယ်"
"ကိုကို..."
ခွင့်တောင်းတဲ့အသံလေးကို ကျွန်တော်ကြောင်အပြီးခေါင်းညိမ့်ပြမိလိုက်တယ်ထင်ပါတယ်။ ချန်ချန်ဆိုတဲ့ပိန်ပိန်သေးသေးကောင်လေးကကျွန်တော့်ညီမလက်ကိုဆွဲပြီး ကစားစရာတွေထားတဲ့ဘက်ကိုဆွဲခေါ်သွားလေရဲ့။ သေချာတောင်မသိလိုက်ဘဲနဲ့။
ဘာတွေဖြစ်သွားလဲချက်ချင်းတောင်လိုက်မမှီလိုက်ပါဘူး။
တော်တော်လေးစဥ်းစားလိုက်ရတယ်။
သူငယ်ချင်းဖြစ်ဖို့အဲ့ဒီလောက်လွယ်သလားလို့လေ။
ဒါပေမဲ့ခဏနေတော့ ကျွန်တော်ငြိမ်ရပ်နေခဲ့ရာက နှစ်နှစ်ခြိုက်ခြိုက်ကိုပြုံးလိုက်မိတော့တာပါပဲ။
အားလုံးအဆင်ပြေပြီဗျ!
ရှင်းရှင်းသူငယ်ချင်းရသွားပြီ။ အထီးမကျန်တော့ဘူး။
ကျွန်တော်ဘာကြောင်ရပ်နေမိတာလဲမသိ။ ကျွန်တော်လည်းခပ်တုံးတုံးပဲ။
စာသွားထည့်လို့လည်းရချင်ရတော့မယ်ကိစ္စ။ အမြန်ပြေးသွားလို့မမှီရင်တောင် လူရိပ်ဖျောက်ပြီးစာပေးလို့ရနိုင်သေးတာမို့။ စာပေးခွင့်မရှိလည်း သစ်ကြားသီးတွေပေးလို့ရတော့မယ်လေ။ ဒါကိုကြောင်နေသေးသတဲ့။ ကျွန်တော်ရယ်ရင်းကိုယ့်ခေါင်းကိုယ်သာထုချင်မိတော့တာပါ။
အဆင်ပြေပြီ အဆင်ပြေသွားတာဗျ။ ရုတ်တရက်ကြီးလေ။
ကျွန်တော်အငယ်မအဆင်ပြေမပြေတစ်ချက်ကြည့်ပြီးတာနဲ့ မစောင့်နိုင်တော့ဘဲ မူလတန်းဆောင်ထဲကအမြန်ပြေးထွက်လာလိုက်ပါတော့တယ်။ နောက်ပြီးခြေလှမ်းတွေကိုတော့ထီးထီးကြီးတွေ့နေရတဲ့အထက်တန်းဂျူနီယာဆောင်ဆီဦးကင်းလှည့်လို့ပေါ့။
နောက်ပြီး အားကြီးဝန်ကြီးအပြေးအလွှားသွားနေခဲ့ပေမဲ့ကျွန်တော်နည်းနည်းလေးမှမမောခဲ့သလို ပြေးလေပြေးလေ ကျွန်တော့်အပြုံးတွေပိုထင်လေဖြစ်ခဲ့ပါသေးတယ်။
ဒီအခါပြေးရင်းနဲ့ကျွန်တော်တွေးလိုက်မိတယ်။
အစ်ကို့စွမ်းအားတွေကြောင့်ဖြစ်လိမ့်မယ်လို့လေ။
====================
"ကိုကို..."
"ဘာဖြစ်လို့လဲ"
ဆရာများရုံးခန်းထဲကထွက်ဖို့ပြင်နေတဲ့ရှောင်းကျန့်ရဲ့ခြေလှမ်းတွေက ရင်းနှီးပြီးသားအသံလေးကြောင့်ရပ်တန့်သွားခဲ့လေရဲ့။
မူလတန်းဆောင်ရဲ့ဆရာများရုံးခန်းက ဝင်ပေါက်နဲ့ချိတ်ထားတဲ့ ကစားကွင်းလိုဟောခန်းနဲ့ဘေးချင်းကပ်လျက်။ တံခါးမရှိဘဲ နံရံတွေခြားရုံမို့ မြင်ကွင်းနဲ့အသံတွေကပိုပြီးပြတ်ပြတ်သားသားတောင်သိရကြားရနိုင်သေးတယ်။
ရှောင်းကျန့်စောရောက်တုန်း ဆရာမခိုင်းတာမို့မူလတန်းဖတ်စာအုပ်တွေကူသယ်ပေးရင်းဒီရောက်နေခဲ့တာပေါ့။ အခုတော့ဒီနေရာမှာတွေ့လိမ့်မယ်မထင်ထားတဲ့သူဆီကအသံလေးကိုကြားလိုက်ရတဲ့ သူရှေ့ဆက်တိုးဖို့ဆန္ဒမရှိတော့ဘူး။
သူများတကယ်ပဲလား။
သိချင်စိတ်လေးနဲ့ထပ်တူနံရံလေးကိုကွယ်လို့လှမ်းကြည့်လိုက်တော့ မကြည်မလင်မျက်နှာကလေးနဲ့အတူ အငယ်မလေးရဲ့လက်ကိုဆွဲပြီးမိဘတွေစောင့်လို့ရတဲ့တန်းလျားမှာထိုင်ဖို့ပြင်နေတဲ့ကောင်လေးရိပေါ်ကိုတွေ့လိုက်ရတယ်။
တိုက်ဆိုင်မှုကြောင့်ရှောင်းကျန့်မျက်ခုံးပင့်လိုက်မိပါတယ်။ အငယ်လေးကဒီနှစ်မူလတန်းစတက်ရတာလား။ အင်း...ဖြစ်နိုင်တယ်။ အနားမှာလူကြီးတွေကိုမတွေ့ရတော့ သူတို့နှစ်ယောက်ပဲလာကြတာဖြစ်လောက်ကြောင်းကောက်ချက်တောင်ချလိုက်သေးတယ်။
ကလေးမလေးကိုမြင်တော့ ညီမဖြစ်သူကစာပေးတာပါလို့ပြောတဲ့ရိပေါ်ရဲ့စကားလေးကိုပြန်အမှတ်ရပြီး ရှောင်းကျန့်မှာရယ်ချင်ပက်ကျိဖြစ်ရတယ်။ အခုမှမူလတန်းတက်မယ့်ကလေးနဲ့အကြောင်းပြသွားတဲ့ရိပေါ်ကတစ်ခါတစ်လေတွေမှာတကယ့်အူကြောင်ကြောင်လေး။ အခုထိလည်းသူ့စကားအပေါ်သူပြန်မတွေးမိသေးဘူးနဲ့တူတယ်။ သတိထားမိပုံမပေါ်သေးဘူး။ ရိပေါ်က ဖြူဖြူတုံးတုံးနဲ့မုန်လာထုပ်လေးပဲတကယ်။
ကြည့်ရင်းကြည့်ရင်း ဟိုဟိုဒီဒီစူးစမ်းရင်းမျက်နှာကလေးဘာလို့တည်နေရသလဲဆိုပြီးရှောင်းကျန့်တွေးလိုက်မိပါတယ်။ တိတိကျကျစဥ်းစားလို့မတတ်ပေမဲ့ တစ်ခုခုကြောင့်စိတ်အနှောက်အယှက်ဖြစ်နေကြောင်းတော့ရှောင်းကျန့်သေချာပေါက်သိတယ်။ ရှောင်းကျန့်ကလူအကဲခတ်ညံ့သူမဟုတ်တာမို့လေ။
ဝန်မခံချင်ပေမဲ့ ကြည့်နေကြမျက်နှာလေးကိုဆိုပိုပြီးတောင်သိသေးတယ်။
အချိန်တော်တော်ကလေးကြာတဲ့အထိ နံရံကိုမှီလက်ကိုပိုက်ရင်းဆက်ကြည့်နေခဲ့ပေမဲ့ ရှောင်းကျန့်ကြည့်နေတာကိုသတိမထားမိလောက်အောင် အာရုံများနေပုံရတဲ့ကောင်လေးက ငြိမ်သက်နေတဲ့သူ့ညီမနဲ့ထပ်တူကုပ်ကုပ်ကပ်ကပ်လေးပါပဲ။
မောင်နှမနှစ်ယောက်စလုံးရဲ့ ဆူပုပ်ပုပ်အသွင်အပြင်လေးကြောင့်ရှောင်းကျန့်ပြုံးတောင်ပြုံးလိုက်မိသေးတယ်။ ဒါပေမဲ့ အနှီနှစ်ယောက်ကတော့ ရှောင်းကျန့်တည်ရှိမှုကိုလုံးဝကိုသတိမထားမိကြဘူး။
ဒီလိုပဲထိုင်နေကြတော့မှာလား။
"အယ်...မင်း လာဦး"
ရှောင်းကျန့်ဘေးနားကဖြတ်သွားတဲ့ကောင်လေးတစ်ယောက်ကိုဖမ်းဆွဲလိုက်ပါတယ်။
"ဗျ"
"နာမည်ဘယ်လိုခေါ်လဲ"
"မျန်ချန်တုပါခင်ဗျ"
"ဟုတ်ပြီ ချန်တု...ဒါနဲ့ဟိုနားကကောင်မလေးကိုတွေ့လား"
"ဟုတ်ကဲ့"
"သူ့မှာသူငယ်ချင်းမရှိသေးဘူးနဲ့တူတယ် တစ်ယောက်တည်းထိုင်နေရှာတယ်...မင်းယောက်ျားကောင်းတစ်ယောက်အနေနဲ့တစ်ယောက်တည်းဖြစ်နေတဲ့ကောင်မလေးအတွက်သူငယ်ချင်းသွားဖွဲ့ကြည့်ပါလား"
"ဗျာ ဟုတ်..သားလုပ်မယ်"
ရှောင်းကျန့်ကလေးတစ်ယောက်ကိုမြှောက်ပေးလိုက်တယ်။
တကယ်တော့သူကိုယ်တိုင်တောင်ဘာသဘောနဲ့လုပ်ခဲ့မိတာလဲမသိဘူး။
ကောင်လေးဘေးနားကအငယ်မလေးရဲ့မျက်လုံးလေးကိုကြည့်ပြီး လိုအပ်မယ်ထင်တာကိုကောက်ပြောလိုက်မိတာပါပဲ။ ညိုးငယ်နေတဲ့မျက်လုံးကလေးတွေကြောင့်သေချာတယ်။
ဒါပေမဲ့ သူ့လုပ်ရပ်ကဝမ်ရိပေါ်ဆိုတဲ့အနှီမုန်လာထုပ်လေးကိုအဲ့လောက်ထိပျော်ရွှင်သွားစေလိမ့်မယ်လို့ရှောင်းကျန့်မထင်ထားခဲ့ပါဘူး။
ရုတ်တရက်မို့ပြင်ဆင်ချိန်တောင်မရှိလိုက်လို့လား။
ရှောင်းကျန့်တောင့်တင်းသွားရပါရဲ့။
သူ့ညီမထွက်သွားရာလမ်းကိုကြည့်ရင်း အားရပါးရပြုံးချလာတဲ့နှုတ်ခမ်းပါးလေးတွေကသိပ်လှပါတယ်။ နှလုံးသားလိုနှုတ်ခမ်းလေး...ကွေးညွှတ်နေတဲ့လှိုင်းကလေးကိုနှုတ်ခမ်းလေးကပုံဖော်တဲ့အပြုံးတွေက သိပ်ကိုအသက်ဝင်တဲ့ပုံပါပဲ။ မျက်လုံးကလေးတွေပါပိတ်တဲ့အထိ။
ရှောင်းကျန့်ကိုယ်တိုင်လန့်ပြီးနံရံနောက်အမြန်ဝင်ပုန်းလိုက်ရတဲ့အထိ ပြင်းအားကြီးတယ်ထင်တယ်။ ရှောင်းကျန့်ကိုယ့်ဗိုက်ကိုယ်ဖိထားလိုက်ရတာ။ ဘယ်လိုခံစားချက်ကြီးမှန်းမသိလို့လေ။
နောက်ပြီး ထိတ်လန့်စေပေမဲ့ ထပ်ပြီးခိုးခိုးဝှက်ဝှက်ငေးစေချင်လာစေတဲ့အဲ့ဒီအပြုံးတွေကြောင့်ဖြစ်မယ်။
ရှောင်းကျန့် နှလုံးရပ်မတတ်ဖြစ်ခဲ့ရတယ်။ အသေအချာပါပဲ။
..................
အပိုင်း ၅ပိုင်းစာအတွက် reader nim melyoe ကိုအထူးကျေးဇူးတင်ရှိပါတယ်။
၁၀ရက်လို့ပြောပြီးမှ ထင်ထားတာထက်အများကြီးပိုကြာစေခဲ့တဲ့ကိုယ့်လုပ်ရက်ကိုလည်းရှက်မိပါတယ်။ လုပ်စရာတွေများပြီး ကတိမပေးနိုင်တဲ့သူမို့ အပ်ပုဒိတ်လေးကြာတာရှိလည်းဖြည်းဖြည်းမှလိုက်ဖတ်ကြပါလို့ သတိပေးစကားပါးရင်း ကျွန်တော့် fic လေးကိုဖတ်ရင်း stress တွေပြေလျော့နိုင်ကြဖို့မျှော်လင့်မိပါတယ်နော်။
#Zawgyi
--------------
ကြၽန္ေတာ္တို႔ေက်ာင္းေတြျပန္ဖြင့္ၿပီဗ်။
ရင္ခုန္စရာေတြျပည့္ႏွက္ေနခဲ့တဲ့ ပိတ္ရက္ေလးကုန္ဆုံးရပါၿပီ။
ဒါေပမဲ့ ထိုက္ထိုက္တန္တန္ႀကီးကိုေပ်ာ္ခြင့္ရခဲ့တာမို႔ ကြၽန္ေတာ္မႏွေျမာပါဘူး။ ဒီ့အစားဒီ့ထက္ေကာင္းတဲ့ အခြင့္အခါေတြရွိလာဦးပါ့မလားလို႔ေတြးခဲ့မိပါတယ္။
ၿမိဳ႕ကိုျပန္ေရာက္ေတာ့လည္းသိပ္ေတာင္မနားလိုက္ရပါဘူး။ အဲ့ဒီေန႕ၿပီးေတာ့ ႏွစ္ရက္ေလာက္ေနတာနဲ႕ေက်ာင္းတက္ရတာမို႔။ ကြၽန္ေတာ္ျပန္လာတာက ေက်ာင္းဖြင့္ခ်ိန္နဲ႕အရမ္းကပ္သြားတာကိုဗ်။
အဲ့ဒီေန႕ကအသည္းအသန္ေျပးသြားခဲ့ေတာ့ အစ္ကိုေရွာင္းအတြက္ဆိုၿပီးရည္႐ြယ္ၿပီးမာမားၿခံထဲကေကာက္လာတဲ့သစ္ၾကားသီးထုပ္ေလးကိုေတာင္ေမ့သြားခဲ့တာေၾကာင့္ ဒီေက်ာင္းျပန္ဖြင့္မွကြၽန္ေတာ္ေပးရေတာ့မွာပါ။ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္ဟာ ကြၽန္ေတာ္နဲ႕အတူတူေက်ာင္းစတက္ရေတာ့မယ့္ညီမအငယ္ရဲ႕လြယ္အိတ္ကိုျပင္ေပးရင္း ေက်ာင္းတက္ရမယ့္မနက္ျဖန္ဆိုတာႀကီးအတြက္ႀကိဳတင္စိတ္လႈပ္ရွားေနမိျပန္ပါတယ္။
ဒါေပမဲ့ ကြၽန္ေတာ္အခုလိုေပ်ာ္ေနခ်ိန္မွာ ကြၽန္ေတာ္နဲ႕မတူတဲ့သူကေတာ့ ေက်ာင္းဆိုတာကိုအခုမွစတက္ရမယ့္ရွင္းရွင္းပါပဲ။
ေက်ာင္းမတက္ခ်င္ဘူးဆိုၿပီး ငိုေနေသးလို႔ကြၽန္ေတာ္တိတ္တိတ္ေလးေခ်ာ့လိုက္ရေသးတယ္ဗ်။ တအားေသာင္းၾကမ္းတာမဟုတ္ေပမဲ့ အငိုမရပ္ဘဲေခ်ာင္ကပ္ထိုင္ေနတာမို႔ ကူကူးသိသြားလို႔စိတ္တိုသြားရင္အရိုက္ခံရဦးမယ္ဆိုၿပီးစိတ္ပူသြားရတဲ့ကြၽန္ေတာ့္မွာ အသည္းအသန္ေခ်ာ့ရေတာ့တာေပါ့။ ကူကူးကပညာေရးနဲ႕ပတ္သက္ရင္အလိုမလိုက္ဘူးမို႔ေလ။ အစ္ကိုျဖစ္သူကေန႕တိုင္းလာၾကည့္မယ္ဆိုၿပီးကတိအတင္းေပးေတာ့မွအငိုရပ္ၿပီး ေက်ာင္းတက္ဖို႔ေခါင္းညိမ့္တဲ့အငယ္မကအင္တင္တင္နဲ႕ပါ။
သနားေတာ့လည္းသနားမိပါတယ္။ ရွင္းရွင္းကအိမ္,မက္တဲ့ကေလးထဲပါတယ္။ သူကေဆာ့႐ုံေဆာ့ရတဲ့မူႀကိဳေတာင္မေပ်ာ္တာ။ စာလုပ္ရမယ့္ေက်ာင္းဆိုေတာ့ကေလးပီပီေတြးေၾကာက္တာေနမယ္။
ေနာက္ၿပီးပိုဝမ္းနည္းဖို႔ေကာင္းတာက ကြၽန္ေတာ့္ညီမကအေရးမွာဆိုမွတ္ရအလြယ္ဆုံးဆိုတဲ့ pie (丿) နဲ႕ na (\) ေတာင္ဘယ္ဟာဆိုဘယ္ဘက္လွည့္လဲကြဲတဲ့သူမဟုတ္ဘူးေလ။ အဲ့တာေၾကာင့္ေက်ာင္းမတက္ခ်င္တာဘာလို႔လဲကြၽန္ေတာ္ခံစားမိပါတယ္။ ကြၽန္ေတာ္ဆိုရင္လည္း အိမ္စာမၿပီးတာမ်ိဳး စာမက်က္ရေသးတာမ်ိဳးဆိုရင္ေက်ာင္းကိုသြားခ်င္ေလာက္မွာမဟုတ္ဘူးမလား။ အဲ့လိုျဖစ္ရပ္မ်ိဳးတစ္ခါမွမရွိေသးဘူးဆိုေပမဲ့ေပါ့ဗ်ာ။
"ငါအခုစာအုပ္အသစ္ႏွစ္အုပ္ထည့္ေပးလိုက္တယ္ ခဲတံသုံးေခ်ာင္းခြၽန္ေပးလိုက္တယ္။ ခဲဖ်က္တစ္တုံး၊ ေပတံတစ္ေခ်ာင္းေနာ္ မေပ်ာက္ေစနဲ႕"
ေစ်းမႀကီးတဲ့စာအုပ္ေတြကိုဒီအတိုင္းသုံးလို႔ၾကာလာရင္ အဖုံးေတြေပ်ာ့လာၿပီးၿပဲလြယ္တတ္တာမို႔ တစ္ႏွစ္ပတ္လုံးေသေသသပ္သပ္နဲ႕လွလွကေလးသုံးလို႔ရေအာင္ ျပကၡဒိန္အေဟာင္း သတင္းစာအေဟာင္းေတြနဲ႕အဖုံးအုပ္ေပးရင္း တတြတ္တြတ္မွာျဖစ္ပါတယ္။
"ဖတ္စာအုပ္ေတြကမနက္ျဖန္မွအတန္းထဲေဝလိမ့္မယ္ ေသေသခ်ာခ်ာယူခဲ့ေနာ္ ပ်င္းလို႔ဆိုၿပီးေလွ်ာက္မျခစ္လာနဲ႕ လက္ဆစ္ေတြေခါက္မွာသိတယ္မလား"
ခါတိုင္းဆိုရင္ကြၽန္ေတာ္ကိုယ္တိုင္ကအဲ့ေလာက္စကားမမ်ားေပမဲ့ မနက္ျဖန္ကအငယ္မအတြက္အေရးအႀကီးတဲ့ေန႕မို႔မမ်ားခ်င္လည္း ကရားေရလႊတ္သလိုခဏခဏမွာရတယ္။ ေနာက္ၿပီးသူကစာသာမရတာ ပုံေသးေသးပိစိေတြဆိုရင္ေတာ့ေလွ်ာက္ျခစ္တတ္တာေနရာအႏွံ႕။ အိမ္နံရံေတြမွာေလွ်ာက္ျခစ္လို႔အေခါက္ေပါင္းမ်ားစြာေခါင္းေခါက္ခံရလည္းမမွတ္ေသးတဲ့လူစား။ အဲ့ဒီလိုကေလးမ်ိဳးမို႔ပထမဆုံးလဝက္ေတာင္မက်ိဳးေသးဘဲ စာအုပ္ပ်က္ဆီးသြားရင္ အတန္းထဲစည္းကမ္းမရွိဘူးလို႔အေျပာခံရမွာစိုးတာမို႔ သတိေပးစကားလည္းဆိုရပါေသးတယ္။
ဒါေပမဲ့ကြၽန္ေတာ္ကသာ ဘက္စုံေထာင့္စုံေအာင္ေသခ်ာေတြးရင္း အကုန္လိုက္ေျပာေနတာပါ...ဒီအခ်ိန္ကာယကံရွင္ေလးကေတာ့အင္းမလုပ္အဲမလုပ္နဲ႕။ ကြၽန္ေတာ့္ကုတင္ေပၚပက္လက္လွန္ၿပီး ဗိုက္ကအကၤ်ီကိုလွန္တင္ထားေသးတာျမင္ရတဲ့အခါကလိကလိနဲ႕ပါပဲ။
ကူကူးျမင္ရင္အဆူခံရမယ့္အကြက္ေတြမို႔ေလ။ သူမို႔မမွတ္တယ္။
"အ!ကိုကို!"
နဖူးလွမ္းေတာက္လိုက္ေတာ့မွရႈံ႕မဲ့ၿပီးထထိုင္လာတဲ့မိန္းကေလးကဆူပုပ္ေနတာပါပဲ။ ေနာက္ၿပီးကြၽန္ေတာ့္ကိုမၾကည္သလိုၾကည့္လာတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ခပ္တည္တည္နဲ႕ပဲ...
"အေအးပက္မယ္...ေနာက္ၿပီးအဆူခံခ်င္ေနတာလား"
လြယ္အိတ္ကိုဇစ္ပိတ္ေပးရင္းေျပာေတာ့ တစ္ေယာက္ကႏႈတ္ခမ္းဆူၿပီးေကြးေကြးေလးျပန္ေကြးသြားပါတယ္။ ကြၽန္ေတာ့္စကားကိုအဖတ္မလုပ္ပါဘူးေပါ့။
သူ႕ဟာသူစိတ္မၾကည္ရင္အကုန္ပတ္ရမ္းတတ္တဲ့အက်င့္က ကူကူးနဲ႕တကယ္ဆင္ေၾကာင္းသိၿပီးသားမို႔ ဒီတစ္ေယာက္ကိုကြၽန္ေတာ္ဘာမွဆက္မေျပာေတာ့ဘူး။ ျပင္စရာက်န္ေသးတဲ့ကိုယ့္လြယ္အိတ္ကိုယ္ပဲျပင္မိပါရဲ႕။ စာအုပ္သစ္ေတြထည့္စီရင္း စာအုပ္ေတြစစ္ရင္း အိတ္ထဲမွာအစ္ကိုေရွာင္းဆီျပန္ပို႔မယ့္စာကေလးတစ္ေစာင္ကိုလည္းထည့္သိမ္းလို႔ေပါ့။
ၾကားထဲကိစၥေတြဘယ္ေလာက္ရွိရွိ ၿပီးတာနဲ႕သတိေျပးရမိတဲ့သူကအစ္ကိုမို႔ရယ္။ ကြၽန္ေတာ့္မွာႀကိတ္ႀကိတ္ၿပဳံးရေသးတယ္။
"ကိုကို ဘာလို႔ေက်ာင္းတက္ရေပ်ာ္တာလဲဟင္"
ဒါေပမဲ့မနက္ျဖန္အတြက္ဆိုတာေတြကိုေတြးရင္းၾကည္ႏူးေနခိုက္ပါပဲ။ ၾကားျဖတ္လာတဲ့အေမးေလးတစ္ခြန္းေၾကာင့္ သစ္ၾကားသီးအိတ္ကေလးကိုအေရွ႕အံထဲထည့္ဖို႔ႀကံေနတဲ့ကြၽန္ေတာ့္လက္ေတြက တစ္ဝက္တစ္ပ်က္နဲ႕အရွိန္ပ်က္သြားရတယ္။ ေနာက္ၿပီး နည္းနည္းေတာ့ကက်ိဳးကေၾကာင္နိုင္သြားေလာက္တယ္။ ဘာေျဖရမလဲ ခက္သြားတာမို႔။
ရွင္းရွင္းကကြၽန္ေတာ့္ကိုမ်က္လုံးကေလးကိုေကာ္လို႔ၾကည့္ေနတာမရပ္ေတာ့။
"ဒီအတိုင္း..."
"ဟင္"
"ဒီအတိုင္းေပ်ာ္တာေနမယ္"
"ဒီအတိုင္းေပ်ာ္တာမ်ိဳးရွိလို႔လားဟင္"
"ရွိမွာပါ..."
ကြၽန္ေတာ္မသိဘူး။ ဒီအတိုင္းေပ်ာ္ေလာက္လား။ ငယ္ငယ္ကြၽန္ေတာ္ေက်ာင္းစတက္တုန္းကအေၾကာင္းေတြ မူႀကိဳတုန္းကအေၾကာင္းေတြ...မမွတ္မိတာမ်ားတယ္။
အခုအတြက္ေရာ...အဲ့ဒီလိုေမးလာရင္ေတာ့ ေက်ာင္းတက္ရေပ်ာ္တဲ့အေၾကာင္းျပခ်က္ကသက္သက္ရွိေနတာေသခ်ာပါတယ္။ စာႀကိဳးစားခ်င္ရတဲ့အေၾကာင္းျပခ်က္လည္းရွိေနတယ္။ ဒါကို 'ဒီအတိုင္း...'လို႔မရွိသလိုေျဖရတာက စစ္မွန္တဲ့အေျဖမဟုတ္တာမို႔ေနရခက္တာအမွန္ပဲ။
ဒါေပမဲ့လည္းေလ...'ငါေက်ာင္းတက္ရေပ်ာ္တာ အစ္ကိုေရွာင္းေၾကာင့္ဟ'လို႔ေျပာလို႔မွမရနိုင္ေတာ့ ကြၽန္ေတာ္ႏႈတ္ဆိတ္ေနဖို႔ပဲေ႐ြးခ်ယ္လိုက္ရတာပါပဲ။
"ရွင္းရွင္းေၾကာက္တယ္...ေက်ာင္းမွာမေပ်ာ္ရင္ဘယ္လိုလုပ္မလဲ"
ဒါေပမဲ့ အသံတိုးတိုးေလးနဲ႕ေျပာလာတာကိုျမင္ျပန္တဲ့အခါ ကြၽန္ေတာ္ဟာမေနနိုင္ျပန္ပါဘူး။ လုပ္လက္စကိုရပ္ သက္ျပင္းခပ္ရဲ႕ရဲ႕ခ်ရင္းအနားတိုးသြားၿပီးကုတင္ေပၚထိုင္ေတာ့ ကြၽန္ေတာ့္ကိုေမာ့ၾကည့္လာတဲ့ညီမျဖစ္သူရဲ႕မ်က္လုံးေတြထဲေၾကာက္စိတ္ရဲ႕ပုံရိပ္ျဖစ္တဲ့မ်က္ရည္စေလးေတြေဝ့သီေနပါတယ္။
"ေမးခြန္းကမေပ်ာ္ရင္...ဟုတ္လား"
ကြၽန္ေတာ္သံရွည္ဆြဲေမးမိတယ္။
"အြန္း..."
"မေပ်ာ္ရင္..."
"..."
"အဲ့ဒီစကားကိုအႀကံမေပးတတ္ဘူး ဘာလို႔လဲသိလား"
"ဟင့္အင္း..."
"ေပ်ာ္႐ႊင္မႈကကိုယ္တိုင္ရွာေဖြရတာမ်ိဳးမို႔ေပါ့"
ရွင္းရွင္းရဲ႕ မ်က္ေတာင္ေလးေတြတဖ်တ္ဖ်တ္ခတ္သြားရွာပါတယ္။
"သူငယ္ခ်င္းေတြကေပ်ာ္စရာမေကာင္းရင္...ဆရာေတြသာေပ်ာ္စရာမေကာင္းခဲ့ရင္ဆိုတဲ့အရာအားလုံးကိုေမ့ၾကည့္ၿပီး ေပ်ာ္စရာေကာင္းတာတစ္ခုခုကိုရွာေဖြတာကအသင့္ေလ်ာ္ဆုံးလို႔ေတာ့ထင္တယ္...ပုံဆြဲရတာႀကိဳက္တယ္မလား ေဆာ့စရာသူငယ္ခ်င္းမရွိလည္း ပုံဆြဲေနလိုက္ေပါ့။ မဟုတ္လည္း ေငးေနၾကည့္ ေငးရတာကေပ်ာ္စရာေကာင္းတယ္..ေတြးေနလို႔လည္းရတယ္ နည္းေတြမွအမ်ားႀကီးပါ အဓိကကေပ်ာ္ေအာင္ေနတတ္ဖို႔ပဲ ကိုကိုေျပာတာသေဘာေပါက္လား"
ကြၽန္ေတာ့္ကိုျပဴးျပဴးေလးၾကည့္ေနတဲ့ရွင္းရွင္းက ေခါင္းတဆတ္ဆတ္ၿငိမ့္ျပလာခဲ့ပါတယ္။ ဒီအခါ အမ်ားႀကီးမၾကင္နာတတ္ေပမဲ့ေခါင္းအညိမ့္မွာက်လာတဲ့သူ႕မ်က္ခမ္းစပ္နားကမ်က္ရည္ကိုေတာ့သုတ္ေပးမိလိုက္တယ္။
"ဒါေပမဲ့ ေျပာတာကိုယုံပါ...ဆႏၵရွိသ၍ ေပ်ာ္စရာတစ္ခုခုရွာေတြ႕ကိုေတြ႕လိမ့္မယ္"
"အြန္း"
"လက္မလႊတ္လိုက္ခင္အထိ ရွာေတြ႕ဦးမွာပါ"
ကြၽန္ေတာ္ကခြန္အားမေပးတတ္ပါဘူး။ ကဗ်ာလည္းမဆန္တတ္ဘူး။ မွတ္သားထိုက္စရာေတြလည္းမေျပာတတ္ေပမဲ့ အေတြ႕အႀကဳံေလးေတြကိုေတာ့မွ်ေဝတတ္သူျဖစ္ေနတာမို႔ ထိထိေရာက္ေရာက္အသုံးဝင္မလားမေသခ်ာေပမဲ့ တတ္နိုင္သေလာက္ေတာ့အဆုံးထိေျဖရွင္းျပေနဦးမယ့္သူပါပဲ။
=====================
"တာ့တာ...ေန႕ခင္းလာခဲ့မယ္ေနာ္"
"ကိုကို..."
မူလတန္းေဆာင္ထဲကထြက္ခါနီးငိုသံစြတ္စြတ္ေခၚလာတဲ့ညီမျဖစ္သူေၾကာင့္ ကြၽန္ေတာ္ျပန္လွည့္လိုက္ရတယ္။ ေျပးလႊားဆူညံေနတဲ့ကေလးေတြအၾကားစကတ္စေလးကိုလုံးေခ်ရင္းမတ္တပ္ေလးရပ္႐ုံရပ္ေနတဲ့သူက မ်က္ရည္ေတြဝဲေနျပန္ပါၿပီ။
လိုက္ပို႔ေပးမယ္ေျပာၿပီးမွ ဒီေန႕ကူကူးကလည္းေဆးခန္းရက္ခ်ိန္းသြားစရာရွိေနလို႔လိုက္မလာေတာ့ အျခားသူေတြလိုမိစုံဖစုံမရွိရွာတာေၾကာင့္ အရမ္းအားငယ္ေနေလာက္မွာသိသားမို႔ ေနာက္က်ေနေပမဲ့ဒီအတိုင္းႀကီးမထားရက္ျပန္ပါဘူး။
"ဘာျဖစ္လို႔လဲ"
ဒါေပမဲ့အနားတိုးသြားၿပီးေမးျပန္ေတာ့လည္းမေျဖျပန္ဘူး။
တြန့္ဆုတ္ေနတဲ့ပုံစံေၾကာင့္သက္ျပင္းဖြဖြသာခ်မိေတာ့တယ္။
ဆူဖို႔ကလည္းကြၽန္ေတာ့္ကိုဒီအတိုင္းျမန္ျမန္မလႊတ္လိုက္နိုင္တဲ့အတြက္ သူ႕အေပၚသူအျပစ္ရွိစိတ္ဝင္ေနမွန္းနားလည္တာမို႔မဆူရက္။ အားေပးစရာလည္းဒီ့ထက္ပိုၿပီးမေျပာတတ္ေတာ့အခါ ခုံတန္းေလးနားေခၚသြားၿပီး ေက်ာင္းတက္တဲ့အထိထိုင္ေစာင့္ေပးေန႐ုံပဲလုပ္တတ္ပါေတာ့တယ္။
အစ္ကို႔ဆီစာသြားပို႔စရာရွိေပမဲ့ စိုးရိမ္ေနတဲ့အငယ္ကိုတစ္ေယာက္တည္းထားၿပီဘယ္လိုလုပ္သြားရက္နိုင္မွာလဲေလ။ ပထမဆုံးေန႕မို႔ေသခ်ာေပါက္သြားေပးသင့္မွန္းသိေပမဲ့ ဘယ္လိုေ႐ြးခ်ယ္ရမလဲ။ ႏွစ္ဖက္လုံးကအေရးႀကီးေပမဲ့ မ်က္ရည္ေတြနဲ႕ကေလးကိုျမင္တဲ့အခါ အစ္ကိုေရွာင္းသတိမထားမိေလာက္ပါဘူးေလလို႔သာေျဖၿပီး ၿငိမ္ၿငိမ္ေလးထိုင္ေနမိေတာ့တာပါပဲ။
အစ္ကို႔ကိုအခ်စ္ဆုံးေပမဲ့ျဖစ္ခ်င္တာနဲ႕ျဖစ္သင့္တာမွာျဖစ္သင့္တာကိုပဲဦးစားေပးဖို႔ဆုံးျဖတ္လိုက္ရတာပါပဲ။
ဒီလိုနဲ႕ေက်ာင္းတက္ခ်ိန္နီးလာပါတယ္။ ေခါင္းေလာင္းထိုးေတာ့မယ္။ အတန္းခ်ိန္မမွီမွာစိုးတာထက္ အခြင့္အေရးေလးမ်ားရွိဦးမလားလို႔ဖင္တႂကြႂကြျဖစ္ခ်င္ေနတဲ့ကြၽန္ေတာ့္မွာကိုယ့္ကိုယ္ထိန္းရတယ္။
ဒါေပမဲ့ ထုံးစံလိုပါပဲ။ လက္ေတြ႕ကစိတ္ကူးယဥ္မဆန္တဲ့အခါ ကြၽန္ေတာ္သက္ျပင္းခ်႐ုံပဲတတ္နိုင္ျပန္ပါတယ္။
"နီေဟာင္..."
"..."
ကြၽန္ေတာ္ေရာ အငယ္မပါ ေရွ႕ကို႐ုတ္တရက္ေရာက္လာတဲ့ေကာင္ေလးအားေမာ့ၾကည့္မိလိုက္ၾကပါရဲ႕။
"နီေဟာင္...ငါကခ်န္ခ်န္ပါ"
ေကာင္ေလးကထပ္ၿပီးႏႈတ္ဆက္လာတယ္။
"ငါကရွင္းရွင္း"
ရွင္းရွင္းကလည္းျပန္ေျပာတယ္။
"သူငယ္ခ်င္းလုပ္ၾကမလားဟင္"
"လုပ္ခ်င္တယ္..."
"ေကာင္းတယ္ လာ သြားကစားၾကမယ္"
"ကိုကို..."
ခြင့္ေတာင္းတဲ့အသံေလးကို ကြၽန္ေတာ္ေၾကာင္အၿပီးေခါင္းညိမ့္ျပမိလိုက္တယ္ထင္ပါတယ္။ ခ်န္ခ်န္ဆိုတဲ့ပိန္ပိန္ေသးေသးေကာင္ေလးကကြၽန္ေတာ့္ညီမလက္ကိုဆြဲၿပီး ကစားစရာေတြထားတဲ့ဘက္ကိုဆြဲေခၚသြားေလရဲ႕။ ေသခ်ာေတာင္မသိလိုက္ဘဲနဲ႕။
ဘာေတြျဖစ္သြားလဲခ်က္ခ်င္းေတာင္လိုက္မမွီလိုက္ပါဘူး။
ေတာ္ေတာ္ေလးစဥ္းစားလိုက္ရတယ္။
သူငယ္ခ်င္းျဖစ္ဖို႔အဲ့ဒီေလာက္လြယ္သလားလို႔ေလ။
ဒါေပမဲ့ခဏေနေတာ့ ကြၽန္ေတာ္ၿငိမ္ရပ္ေနခဲ့ရာက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ကိုၿပဳံးလိုက္မိေတာ့တာပါပဲ။
အားလုံးအဆင္ေျပၿပီဗ်!
ရွင္းရွင္းသူငယ္ခ်င္းရသြားၿပီ။ အထီးမက်န္ေတာ့ဘူး။
ကြၽန္ေတာ္ဘာေၾကာင္ရပ္ေနမိတာလဲမသိ။ ကြၽန္ေတာ္လည္းခပ္တုံးတုံးပဲ။
စာသြားထည့္လို႔လည္းရခ်င္ရေတာ့မယ္ကိစၥ။ အျမန္ေျပးသြားလို႔မမွီရင္ေတာင္ လူရိပ္ေဖ်ာက္ၿပီးစာေပးလို႔ရနိုင္ေသးတာမို႔။ စာေပးခြင့္မရွိလည္း သစ္ၾကားသီးေတြေပးလို႔ရေတာ့မယ္ေလ။ ဒါကိုေၾကာင္ေနေသးသတဲ့။ ကြၽန္ေတာ္ရယ္ရင္းကိုယ့္ေခါင္းကိုယ္သာထုခ်င္မိေတာ့တာပါ။
အဆင္ေျပၿပီ အဆင္ေျပသြားတာဗ်။ ႐ုတ္တရက္ႀကီးေလ။
ကြၽန္ေတာ္အငယ္မအဆင္ေျပမေျပတစ္ခ်က္ၾကည့္ၿပီးတာနဲ႕ မေစာင့္နိုင္ေတာ့ဘဲ မူလတန္းေဆာင္ထဲကအျမန္ေျပးထြက္လာလိုက္ပါေတာ့တယ္။ ေနာက္ၿပီးေျခလွမ္းေတြကိုေတာ့ထီးထီးႀကီးေတြ႕ေနရတဲ့အထက္တန္းဂ်ဴနီယာေဆာင္ဆီဦးကင္းလွည့္လို႔ေပါ့။
ေနာက္ၿပီး အားႀကီးဝန္ႀကီးအေျပးအလႊားသြားေနခဲ့ေပမဲ့ကြၽန္ေတာ္နည္းနည္းေလးမွမေမာခဲ့သလို ေျပးေလေျပးေလ ကြၽန္ေတာ့္အၿပဳံးေတြပိုထင္ေလျဖစ္ခဲ့ပါေသးတယ္။
ဒီအခါေျပးရင္းနဲ႕ကြၽန္ေတာ္ေတြးလိုက္မိတယ္။
အစ္ကို႔စြမ္းအားေတြေၾကာင့္ျဖစ္လိမ့္မယ္လို႔ေလ။
====================
"ကိုကို..."
"ဘာျဖစ္လို႔လဲ"
ဆရာမ်ား႐ုံးခန္းထဲကထြက္ဖို႔ျပင္ေနတဲ့ေရွာင္းက်န့္ရဲ႕ေျခလွမ္းေတြက ရင္းႏွီးၿပီးသားအသံေလးေၾကာင့္ရပ္တန့္သြားခဲ့ေလရဲ႕။
မူလတန္းေဆာင္ရဲ႕ဆရာမ်ား႐ုံးခန္းက ဝင္ေပါက္နဲ႕ခ်ိတ္ထားတဲ့ ကစားကြင္းလိုေဟာခန္းနဲ႕ေဘးခ်င္းကပ္လ်က္။ တံခါးမရွိဘဲ နံရံေတြျခား႐ုံမို႔ ျမင္ကြင္းနဲ႕အသံေတြကပိုၿပီးျပတ္ျပတ္သားသားေတာင္သိရၾကားရနိုင္ေသးတယ္။
ေရွာင္းက်န့္ေစာေရာက္တုန္း ဆရာမခိုင္းတာမို႔မူလတန္းဖတ္စာအုပ္ေတြကူသယ္ေပးရင္းဒီေရာက္ေနခဲ့တာေပါ့။ အခုေတာ့ဒီေနရာမွာေတြ႕လိမ့္မယ္မထင္ထားတဲ့သူဆီကအသံေလးကိုၾကားလိုက္ရတဲ့ သူေရွ႕ဆက္တိုးဖို႔ဆႏၵမရွိေတာ့ဘူး။
သူမ်ားတကယ္ပဲလား။
သိခ်င္စိတ္ေလးနဲ႕ထပ္တူနံရံေလးကိုကြယ္လို႔လွမ္းၾကည့္လိုက္ေတာ့ မၾကည္မလင္မ်က္ႏွာကေလးနဲ႕အတူ အငယ္မေလးရဲ႕လက္ကိုဆြဲၿပီးမိဘေတြေစာင့္လို႔ရတဲ့တန္းလ်ားမွာထိုင္ဖို႔ျပင္ေနတဲ့ေကာင္ေလးရိေပၚကိုေတြ႕လိုက္ရတယ္။
တိုက္ဆိုင္မႈေၾကာင့္ေရွာင္းက်န့္မ်က္ခုံးပင့္လိုက္မိပါတယ္။ အငယ္ေလးကဒီႏွစ္မူလတန္းစတက္ရတာလား။ အင္း...ျဖစ္နိုင္တယ္။ အနားမွာလူႀကီးေတြကိုမေတြ႕ရေတာ့ သူတို႔ႏွစ္ေယာက္ပဲလာၾကတာျဖစ္ေလာက္ေၾကာင္းေကာက္ခ်က္ေတာင္ခ်လိဳက္ေသးတယ္။
ကေလးမေလးကိုျမင္ေတာ့ ညီမျဖစ္သူကစာေပးတာပါလို႔ေျပာတဲ့ရိေပၚရဲ႕စကားေလးကိုျပန္အမွတ္ရၿပီး ေရွာင္းက်န့္မွာရယ္ခ်င္ပက္က်ိျဖစ္ရတယ္။ အခုမွမူလတန္းတက္မယ့္ကေလးနဲ႕အေၾကာင္းျပသြားတဲ့ရိေပၚကတစ္ခါတစ္ေလေတြမွာတကယ့္အူေၾကာင္ေၾကာင္ေလး။ အခုထိလည္းသူ႕စကားအေပၚသူျပန္မေတြးမိေသးဘူးနဲ႕တူတယ္။ သတိထားမိပုံမေပၚေသးဘူး။ ရိေပၚက ျဖဴျဖဴတုံးတုံးနဲ႕မုန္လာထုပ္ေလးပဲတကယ္။
ၾကည့္ရင္းၾကည့္ရင္း ဟိုဟိုဒီဒီစူးစမ္းရင္းမ်က္ႏွာကေလးဘာလို႔တည္ေနရသလဲဆိုၿပီးေရွာင္းက်န့္ေတြးလိုက္မိပါတယ္။ တိတိက်က်စဥ္းစားလို႔မတတ္ေပမဲ့ တစ္ခုခုေၾကာင့္စိတ္အႏွောက္အယွက္ျဖစ္ေနေၾကာင္းေတာ့ေရွာင္းက်န့္ေသခ်ာေပါက္သိတယ္။ ေရွာင္းက်န့္ကလူအကဲခတ္ညံ့သူမဟုတ္တာမို႔ေလ။
ဝန္မခံခ်င္ေပမဲ့ ၾကည့္ေနၾကမ်က္ႏွာေလးကိုဆိုပိုၿပီးေတာင္သိေသးတယ္။
အခ်ိန္ေတာ္ေတာ္ကေလးၾကာတဲ့အထိ နံရံကိုမွီလက္ကိုပိုက္ရင္းဆက္ၾကည့္ေနခဲ့ေပမဲ့ ေရွာင္းက်န့္ၾကည့္ေနတာကိုသတိမထားမိေလာက္ေအာင္ အာ႐ုံမ်ားေနပုံရတဲ့ေကာင္ေလးက ၿငိမ္သက္ေနတဲ့သူ႕ညီမနဲ႕ထပ္တူကုပ္ကုပ္ကပ္ကပ္ေလးပါပဲ။
ေမာင္ႏွမႏွစ္ေယာက္စလုံးရဲ႕ ဆူပုပ္ပုပ္အသြင္အျပင္ေလးေၾကာင့္ေရွာင္းက်န့္ၿပဳံးေတာင္ၿပဳံးလိုက္မိေသးတယ္။ ဒါေပမဲ့ အႏွီႏွစ္ေယာက္ကေတာ့ ေရွာင္းက်န့္တည္ရွိမႈကိုလုံးဝကိုသတိမထားမိၾကဘူး။
ဒီလိုပဲထိုင္ေနၾကေတာ့မွာလား။
"အယ္...မင္း လာဦး"
ေရွာင္းက်န့္ေဘးနားကျဖတ္သြားတဲ့ေကာင္ေလးတစ္ေယာက္ကိုဖမ္းဆြဲလိုက္ပါတယ္။
"ဗ်"
"နာမည္ဘယ္လိုေခၚလဲ"
"မ်န္ခ်န္တုပါခင္ဗ်"
"ဟုတ္ၿပီ ခ်န္တု...ဒါနဲ႕ဟိုနားကေကာင္မေလးကိုေတြ႕လား"
"ဟုတ္ကဲ့"
"သူ႕မွာသူငယ္ခ်င္းမရွိေသးဘူးနဲ႕တူတယ္ တစ္ေယာက္တည္းထိုင္ေနရွာတယ္...မင္းေယာက္်ားေကာင္းတစ္ေယာက္အေနနဲ႕တစ္ေယာက္တည္းျဖစ္ေနတဲ့ေကာင္မေလးအတြက္သူငယ္ခ်င္းသြားဖြဲ႕ၾကည့္ပါလား"
"ဗ်ာ ဟုတ္..သားလုပ္မယ္"
ေရွာင္းက်န့္ကေလးတစ္ေယာက္ကိုျမႇောက္ေပးလိုက္တယ္။
တကယ္ေတာ့သူကိုယ္တိုင္ေတာင္ဘာသေဘာနဲ႕လုပ္ခဲ့မိတာလဲမသိဘူး။
ေကာင္ေလးေဘးနားကအငယ္မေလးရဲ႕မ်က္လုံးေလးကိုၾကည့္ၿပီး လိုအပ္မယ္ထင္တာကိုေကာက္ေျပာလိုက္မိတာပါပဲ။ ညိုးငယ္ေနတဲ့မ်က္လုံးကေလးေတြေၾကာင့္ေသခ်ာတယ္။
ဒါေပမဲ့ သူ႕လုပ္ရပ္ကဝမ္ရိေပၚဆိုတဲ့အႏွီမုန္လာထုပ္ေလးကိုအဲ့ေလာက္ထိေပ်ာ္႐ႊင္သြားေစလိမ့္မယ္လို႔ေရွာင္းက်န့္မထင္ထားခဲ့ပါဘူး။
႐ုတ္တရက္မို႔ျပင္ဆင္ခ်ိန္ေတာင္မရွိလိုက္လို႔လား။
ေရွာင္းက်န့္ေတာင့္တင္းသြားရပါရဲ႕။
သူ႕ညီမထြက္သြားရာလမ္းကိုၾကည့္ရင္း အားရပါးရၿပဳံးခ်လာတဲ့ႏႈတ္ခမ္းပါးေလးေတြကသိပ္လွပါတယ္။ ႏွလုံးသားလိုႏႈတ္ခမ္းေလး...ေကြးၫႊတ္ေနတဲ့လွိုင္းကေလးကိုႏႈတ္ခမ္းေလးကပုံေဖာ္တဲ့အၿပဳံးေတြက သိပ္ကိုအသက္ဝင္တဲ့ပုံပါပဲ။ မ်က္လုံးကေလးေတြပါပိတ္တဲ့အထိ။
ေရွာင္းက်န့္ကိုယ္တိုင္လန့္ၿပီးနံရံေနာက္အျမန္ဝင္ပုန္းလိုက္ရတဲ့အထိ ျပင္းအားႀကီးတယ္ထင္တယ္။ ေရွာင္းက်န့္ကိုယ့္ဗိုက္ကိုယ္ဖိထားလိုက္ရတာ။ ဘယ္လိုခံစားခ်က္ႀကီးမွန္းမသိလို႔ေလ။
ေနာက္ၿပီး ထိတ္လန့္ေစေပမဲ့ ထပ္ၿပီးခိုးခိုးဝွက္ဝွက္ေငးေစခ်င္လာေစတဲ့အဲ့ဒီအၿပဳံးေတြေၾကာင့္ျဖစ္မယ္။
ေရွာင္းက်န့္ ႏွလုံးရပ္မတတ္ျဖစ္ခဲ့ရတယ္။ အေသအခ်ာပါပဲ။
..................
အပိုင္း ၅ပိုင္းစာအတြက္ reader nim melyoe ကိုအထူးေက်းဇူးတင္ရွိပါတယ္။
၁၀ရက္လို႔ေျပာၿပီးမွ ထင္ထားတာထက္အမ်ားႀကီးပိုၾကာေစခဲ့တဲ့ကိုယ့္လုပ္ရက္ကိုလည္းရွက္မိပါတယ္။ လုပ္စရာေတြမ်ားၿပီး ကတိမေပးနိုင္တဲ့သူမို႔ အပ္ပုဒိတ္ေလးၾကာတာရွိလည္းျဖည္းျဖည္းမွလိုက္ဖတ္ၾကပါလို႔ သတိေပးစကားပါးရင္း ကြၽန္ေတာ့္ fic ေလးကိုဖတ္ရင္း stress ေတြေျပေလ်ာ့နိုင္ၾကဖို႔ေမွ်ာ္လင့္မိပါတယ္ေနာ္။