ရည်းစား​လေးထားချင်မိတဲ့ကျွန်​...

By Ice_berry_

665K 120K 6K

Title- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Pub... More

Description
Cha-1
Cha-2
Cha-3
Cha-4
Cha-5
Cha-6
Cha-7
Cha-8
Cha-9
Cha-10
Cha-11
Cha-12
Cha-13
Cha-14
Cha-15
Cha-16
Cha-17
Cha-18
Cha-19
Cha-20
Cha-21
Cha-22
Cha-23
Cha-24
Cha-25
Cha-26.1
Cha-26.2
Cha-27
Cha-28
Cha-29
Cha-30.1
Cha-30.2
Cha-31
Cha-32
Cha-33
Cha-34
Cha-35
Cha-36
Cha-37.1
Cha-37.2
Cha-38
Cha-39
Cha-40
Cha-41
Cha-42
Cha-43
Cha-44.1
Cha-44.2
Cha-45
Cha-46.1
Cha-46.2
Cha-47
Cha-48
Cha-49
Cha-50
Cha-51
Cha-52
Cha-53
Cha-54
Cha-55
Cha-56
Cha-57
Cha-58
Cha-59
Cha-60
Cha-61
Cha-62
Cha-63
Cha-64
Cha-65
Cha-66
Cha-67
Cha-68
Cha-69
Cha-70
Cha-72
Cha-73
Cha-74
Cha-75
Cha-76
Cha-77
Cha-78
Cha-79
Cha-80
Cha-81
Cha-82
Cha-83

Cha-71

4.4K 815 28
By Ice_berry_

[Unicode]

အစောပိုင်းပရိုမိုးရှင်းဆင်းကောင်းခြင်းနှင့် ရုပ်ရှင်ပင်ကိုက ထူးချွန်ပြောင်မြောက်မှုတို့ကြောင့် 'The Line of Life and Death' ၏ Box Office ဝင်ငွေမှာ ဒုံးကျည်နှင့်ပစ်လွှတ်တင်လိုက်သလို နေ့စဉ်သန်းပေါင်းရာချီမြင့်တက်လာခဲ့သည်။ ဒါဟာ ရုပ်ရှင်နယ်ပယ်မှာတော့ တကယ့်ကို မကြုံစဖူးအံ့ဖွယ်ဖြစ်ရပ်ပင်။

ရုပ်ရှင်အမှုထမ်းများသာမက ပွဲကြည့်ပရိသတ်အပေါင်းကပါ ထိုမြင့်တက်လာမှုအား အလွန်အမင်း စိတ်အားထက်သန်စွာ စောင့်ကြပ်ကြည့်ရှုနေကြပြီး Box Office ဝင်ငွေသိရဖို့အတွက် အမျိုးစုံသောဆိုက်ပေါင်းစုံကို လှန်လှောရှာဖွေကြသည်။ အလွန်စိတ်ဂနာမငြိမ် ပျာယာခတ်လျက် ထိုဆိုက်များတွင် တနေ့ပြီးတနေ့ မှတ်တမ်းယူနေရခြင်းအပေါ် ခုံမင်စွဲလမ်းလျက်ရှိကြ၏။

လျိုကျားအန့်လမ်းဆုံးရောက်နေပြီဆိုတဲ့ မှတ်ချက်များမှာ အစအနမကျန်အောင် ပျောက်ကွယ်သွားခဲ့သည်မှာ ကြာခဲ့လေပြီ။ ထို anti ဖန်များမှာ တွင်းနက်ထဲတွင် စိတ်ပျက်လက်ပျက်ပုန်းကွယ်နေကြပြီး သူတို့၏ခေါင်းများကိုနောက်တဖန်မဖော်ဝံ့တော့။

ဇာတ်ကားထုတ်လွှင့်ဖြန့်ချိတာ လဝက်ပဲရှိသေးပေမယ့် 'The Line of Life and Death' ၏ box Office ဝင်ငွေမှာ ယွမ် ၄ ဘီလီယံကျော်ခဲ့လေပြီ။

တခြားသူမပြောလေနှင့် ယခင်ဘဝတွင်နေထိုင်ဖြတ်သန်းပြီးဖြစ်ကာ ဒီဇာတ်ကား အခုလောက်အတိုင်းအတာအထိပေါက်သွားလိမ့်မည်ကို စိတ်ပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်ထားခဲ့သော ယွီချင့်ဟွမ်ပင် ထိုကိန်းဂဏန်းများကိုမြင်လိုက်ရသည့်အခိုက်မှာ အံ့အားမသင့်ဘဲမနေနိုင်ဖြစ်သွားခဲ့ရသည်။

သိသင့်တာက သူ့ယခင်ဘဝ၌ ဤရုပ်ရှင်၏ box office သည် ယွမ် ၅.၅ ဘီလီယံ မကျော်ခဲ့တာကိုပင်။ သို့ရာတွင် အခုထက်ထိအရှိန်အဟုန်ကောင်းကောင်းဖြင့် မြင့်တက်နေဆဲရှိတာကိုကြည့်ရသလောက်တော့ အရင်စံချိန်ကိုချိုးရန်မှာ အထူးအထွေပြသနာမဟုတ်တော့။

"ဘယ်လိုလဲ ဒီကအကိုကြီးတော်တယ်မလား?"

ကျောက်ချင်းယွမ်မှာ ယခုဇာတ်ကား၏အောင်မြင်ကျော်ကြားမှုကိုအထောက်အပံ့ယူပြီး ချင်ကျန့်နှင့် တန်းညှိလို့ရသည့် တန်ဖိုးတခုအထိ တဟုန်ထိုးတက်သွားခဲ့သည်။

ဘတ်ဂျက်အကြီးစားရုပ်ရှင်အမျိုးမျိုးမှာ ဆီးနှင်းများကဲ့သို့ သူ့ဆီတဖွဲဖွဲရောက်လာခဲ့သော်လည်း သူကတော့ မည်သူ့ကိုမှ ရေရာသေချာတဲ့အဖြေမျိုး ချက်ချင်းပြန်လည်ဖြေကြားခြင်းမရှိခဲ့။

ထိုအစား လူထုပရိုးမိုးရှင်းခရီးစဉ်လှည့်လည်ပြီးတာနှင့် သူပထမဆုံးလုပ်သည်မှာ ယွီချင့်ဟွမ်အိမ်အပြေးသွားပြီး ရေခဲသေတ္တာထဲမွှေနှောက်ကာ ယွီချင့်ဟွမ်ရှေ့မှောက်ကြွားဝါပြခြင်းပင်။

"အဲ့ဒီနှစ် ဖျော်ဖြေရေးလောကထဲ ငါဝင်ဖို့ဆုံးဖြတ်လိုက်တုန်းက ငါ့အဖေငါ့ကိုရိုက်သတ်လုနီးပါးပဲ! အခုများကျတော့! လူတိုင်းကို သူ့သားက 'The Line of Life and Death' မှာပါဝင်သရုပ်ဆောင်ထားပါတယ်လို့ လိုက်ကြွားနေတယ်လေ ဟားဟားဟား!"

ယွီချင့်ဟွမ် ဘာမှပြန်မပြော။ သူသာ ပြန်ချီးကျူးမိလိုက်မယ်ဆို တစ်ဖက်သူ၏အမြီးမှာ ကောင်းကင်ထိအောင် တလှုပ်လှုပ်ခါယမ်းနေမည့်အတွက်ဖြစ်၏။ ကျောက်ချင်းယွမ်ပြောနေတာကို ဘာမှမကြားရသကဲ့သို့ 'How to Love You' ရဲ့ဇာတ်ညွှန်းကိုသာ သူ့ဘာသာလှန်လှောကြည့်နေလိုက်သည်။

ယွီချင့်ဟွမ်၏ စိတ်နေသဘောထားကိုနောကြေနေပြီဖြစ်တဲ့ ကျောက်ချင်းယွမ်ကလည်း အရေးတယူမလုပ်ပေ။ ဖက်ထုပ်ပေါင်းနှစ်ခုရှာတွေ့ထဲအထိ ရေခဲသေတ္တာထဲမွှေနှောက်နေပြီး ပါးစပ်ထဲထိုးထည့်ပြီးမှသာ ယွီချင့်ဟွမ်ဘေး အားရကျေနပ်စွာဝင်ထိုင်၍ တဖက်သူအား သူ့တံတောင်ဆစ်ဖြင့် လှမ်းတွတ်လိုက်သည်။

"အဲ့ဒါကိုကြည့်မနေနဲ့တော့ ဟေး ငါမင်းကိုလတ်တလောဖြစ်ပျက်သွားတဲ့ကိစ္စလေးတခုပြောပြရဦးမယ်၊ Kenn ကနေ Sports ကားတစီး လွန်ခဲ့တဲ့၂ ရက်က ငါဝယ်လိုက်တယ်၊ မင်းကြော်ငြာထားတဲ့ဟာ"

"ကားနောက်တစ်စီးထပ်ဝယ်တယ်?" ယွီချင့်ဟွမ်မှာ သူ့ဇာတ်ညွှန်းဆီကနေ ခေါင်းမော့လာပြီး သူ့အသံနေအသံထားမှာ သဘောမတူကန့်ကွက်လိုမှုတွေပြည့်လျက်။

ကျောက်ချင်းယွမ်မှာ ကားဝါသနာအိုးဖြစ်သည်။သူ့ကားဂိုဒေါင်မှာကားတွေဖြင့်ပြည့်နှက်နေပြီး ကားတစီးချင်းစီတိုင်းကလည်း အလွန်တန်ဖိုးမြောက်၏။ သို့သော် သူဟာ ငပျင်းတယောက်ဖြစ်ကာ ကားကိုဝယ်ပြီးတာနှင့် စီးတောင်မစီးဘဲ ရံဖန်ရံခါမှသာထုတ်ကြည့်တတ်သည်။ ၎င်းကို အလွန်ကြွယ်ဝချမ်းသာသူတယောက်၏ စိတ်နေစိတ်ထားလို့ယူဆနိုင်၏။

"သူငယ်ချင်းတစ်ယောက်အနေနဲ့ ငါ့မှာ မင်းကိုစပို့လုပ်ပေးရမယ့်တာ၀န်ဝတ္တရားရှိတယ်လေ"

ကျောက်ချင်းယွမ်ရယ်လိုက်သည်။ ယွီချင့်ဟွမ်၏တွန့်ချိုးနေသောမျက်ခုံးများကိုမြင်လေမှ အမြန်ဆက်ပြောလာသည်။

"ပြီးတော့ ကားကတကယ်လှတာ၊ အနုပညာလောကအပြင်က ငါ့သူငယ်ချင်းအတော်များများလည်းဝယ်ကြတယ်"

ကျောက်ချင်းယွမ်ရဲ့စကားမှာ မမှားပေ။ Kenn Passion Series အတွက် ယွီချင့်ဟွမ် Spokesman လုပ်ပေးပြီးကတည်းက Passion Series နှင့် အခြား Series များအတွက် အရောင်းပမာဏမှာ သိသိသာသာမြင့်တက်လာခဲ့သည်!

ယွီချင့်ဟွမ်ဆိုတဲ့နာမည်မှာ သာမာန်လူကြားထဲမှာတောင် အတော်လေးတွေ့ရများ၏။ Sportကားတွေ များစွာရှိသည့်အနက် Kenn ကိုရွေးချယ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ယွီချင့်ဟွမ် Spokeperson ဖြစ်နေတာကြောင့်ဟု လူအများက ထုတ်ဖော်ပြောဆိုကြသည်။

ကျောက်ချင်းယွမ်ရဲ့သူငယ်ချင်းတွေက ပိုတောင်ဆိုးသေး၏။ ထိုငပျင်းတသိုက်မှာ နေ့ရှိသရွေ့ ယွီချင့်ဟွမ် Weibo အောက်မှာ အရံအကောင့်များဖြင့်စတည်းချနေကြပြီး ပို့စ်များများတင်ပေးဖို့ ဒါမှမဟုတ်ရင် selfie ရိုက်တင်ပေးဖို့ ကောင်မလေးငယ်ငယ်လေးတွေကဲ့သို့ မရပ်မနားတိုက်တွန်းနှိုးဆော်နေကြသည်။

ယွီချင့်ဟွမ် အရင်ကြော်ငြာထားသမျှ သူတို့လိုက်ဝယ်ပြီးဖြစ်ကာ နာရီကြော်ငြာလျှင် နာရီဝယ်ကြပြီး အခု သူကားကြော်ငြာတော့ ချက်ချင်းပဲ ကားလိုက်ဝယ်ကြပြန်သည်။ ကြယ်ပွင့်စတားများနောက်လိုက်သည့် သူတို့၏နည်းလမ်းမှာ တခြားသူတွေထက်တောင်ပိုပြီး ရူးရူးသွပ်သွပ်ရှိကြသေးသည်။

ယွီချင့်ဟွမ်ကို သူတို့နှင့်မိတ်ဆက်ပေးဖို့ ကျောက်ချင်းယွမ်ကိုတောင် အတင်းအကျပ်ခြိမ်းခြောက်အကျပ်ကိုင်ကြသေး၏။ ထိုအရာကိုတွေးမိသည့်ကျောက်ချင်းယွမ်မှာ သူ့အိတ်ကပ်ထဲကပုလင်းကိုပွတ်သပ်လိုက်ပြီး ယွီချင့်ဟွမ်အားပြောလာသည်။

"ဒါတကယ်ထူးဆန်းတယ် မင်းကဂေးဖြစ်ပေမယ့် အဖြောင့်ယောက်ျားတသိုက်ကြားမှာလည်း နာမည်ကြီးတာပဲ!ဒါကြီးက မယုံနိုင်စရာကောင်းလိုက်တာ! "

ကျောက်ချင်းယွမ်မှာ သူ့အိတ်ကပ်ထဲမှ ပုလင်းငယ်ကိုထုတ်ယူလိုက်ပြီး ညစ်ထစ်ထစ်ပြုံးကာ ပုလင်းကို ယွီချင့်ဟွမ်လက်ထဲထိုးထည့်လိုက်၏။

"အင်ဒီးယန်းအံ့ဖွယ်အဆီ! မင်းရဲ့အကောင်းဆုံးသူငယ်ချင်းဖြစ်ဖို့ငါထိုက်တန်ရဲ့လား? ငါဘယ်တော့မှမင်းကိုစိတ်မပျက်‌စေခဲ့ဘူး!"

ယွီချင့်ဟွမ်, " ... "

ကျောက်ချင်းယွမ်ရဲ့ သူ၏အကောင်းဆုံးမိတ်ဆွေဖြစ်ထိုက်မဖြစ်ထိုက်ဆိုတာကို ဘယ်လိုကြောင့် ဒီလိုရှုထောင့်ကနေပြသရသလဲ? ချီးတဲ့မှ!

"ချင်းယွမ်" ယွီချင့်ဟွမ် အသက်ပြင်းပြင်းရှုသွင်းလိုက်သည်။ တစ်စုံတစ်ဦးကိုရိုက်နှက်ပစ်ချင်သည့် စိတ်အာသီသတို့ကို ချုပ်တည်းထားရပြီး အင်ဒီးယန်းအံ့ဖွယ်အဆီဆိုလား ဘာဆိုလားခေါ်တဲ့ပုလင်းကိုဘေးချထားလျက် ကျောက်ချင်းယွမ်အား မျက်လုံးများမှေးကျင်း၍ တစ်မိနစ်လုံးလုံးစိုက်ကြည့်နေလိုက်သည်။

သူ့အကြည့်မှာ အရမ်းကိုစူးရှလွန်းသဖြင့် တဖက်သူ မှာ ခေါင်းမွှေးတွေထောင်လာရတဲ့အထိ။ ပြီးမှ သူ့နှုတ်ခမ်းကို ဖြည်းဖြည်းချင်းဖွင့်ဟလျက်ဆိုသည်။

"ဂေးလူတွေအကြောင်းကို အာရုံအရမ်းစိုက်လွန်းနေတယ်လို့ မင်းကိုယ်မင်းမထင်ဘူးလား?"

ကျောက်ချင်းယွမ်မှာ သူပြောတဲ့စကားကြောင့် ချွေးစေးတွေပြန်လာရပြီး အသံတသံသာ တုံးတုံးအအ ထွက်လာနိုင်သည်။

"အာ?"

"ဒီဟာ ... " ယွီချင့်ဟွမ် ပုလင်းငယ်ကိုလက်ညှိုးထိုးပြလိုက်ပြီး

"ဒီလိုဟာမျိုးကိုမင်းဘယ်လိုလုပ်တွေးမိတာလဲ? ပြီးတော့ ဟိုညစ်ညမ်းဗီဒီယိုတွေ.. မင်းဘယ်ကဘယ်လိုလုပ်ပြီးရလာတာလဲ?"

ကျောက်ချင်းယွမ် တံတွေးမျိုချမိသည်။
"အဲ့ဒါက...အတော်လေးကိုလွယ်ကူရိုးရှင်းတယ် မဟုတ်ဘူးလား?"

ယွီချင့်ဟွမ်စုတ်သပ်လိုက်ပြီး ကျောက်ချင်းယွမ်အား စကားတခွန်းတည်းနဲ့ ဘောင်းဘီထဲသေးထွက်ကျမတတ် လန့်ဖြန့်သွားစေ၏။

"ဘာမှသေချာမသိတဲ့သူသာဆို ငါတို့နှစ်ယောက်ထဲမှာ ဂေးကိုမင်းလို့ပဲထင်ကြလိမ့်မယ်"

ကျောက်ချင်းယွမ်," !!! "

"ငါမဟုတ်ဘူး! ပေါက်တတ်ကရတွေမပြောစမ်းနဲ့! ငါကမိန်းမတွေပဲစိတ်ဝင်စားတာ" မိမိကိုယ်ကိုခုခံရှင်းပြဖို့ သူအမြန်အဆန်ကြိုးပမ်းလိုက်၏။

သူ၏နာမည်ကိုကာကွယ်ရန် ဖုန်းကိုထုတ်ယူပြီး သူစုဆောင်းထားသမျှလှလှပပကောင်မလေးပုံများကို ယွီချင့်ဟွမ်အားပြသမည် လုပ်လိုက်တဲ့အချိန်မှာ တံခါးဆီကနေ ကလစ်ဟူ၍ လောခ့်ဖွင့်လိုက်တဲ့အသံမြည်လာခဲ့သည်။ ဟော်ချွီ ပြန်လာတာဖြစ်လို့နေသည်။

"ဘာလို့ဒီနေ့အစောကြီးပြန်ရောက်လာရတာလဲ?" ယွီချင့်ဟွမ်နာရီကိုကြည့်မိတော့ မွန်းလွဲ ၄ နာရီသာရှိသေးကြောင်းကို သတိပြုမိသွားရစဉ် ဇဝဇဝါဖြင့်မေးလာခဲ့သည်။

"ကိုယ်အားလပ်ရက်ယူလာတာ" ဟော်ချွီမှပြန်ဖြေလာပြီး ဖိနပ်ပြောင်းစီးဖို့ခါးမကိုင်းမီ ကျောက်ချင်းယွမ်အား ခေါင်းတချက်ညိတ်ပြသည်။

"ဟမ်?" ဟော်ချွီနှောင့်ယှက်မှုကြောင့် ကျောက်ချင်းယွမ်မှာ သူ၏သွေးပျက်ထိတ်လန့်နေမှုကို ချက်ချင်းပဲမေ့လျော့သွားခဲ့ပြီး ယွီချင့်ဟွမ်အား အံ့သြမင်သက်စွာကြည့်ပြီး မေးလာသည်။

"ငါများမျက်လုံးကန်းသွားတာလား? မင်းရဲ့ဟော်ချွီက ငါ့ကိုအရင်စပြီးနှုတ်ဆက်လာတယ်!"

သိထားရမှာက အရင်အချိန်တွေတုန်းက ဟော်ချွီသည် ယွီချင့်ဟွမ်တယောက်တည်းကိုသာဂရုစိုက်ပြီး သူ့အစ်ကိုများကိုတောင်လျစ်လျူရှုထားတာပင်။ သို့ရာတွင် ယနေ့ ထိုသူက သူ့ကိုတကယ်ကြီးစနှုတ်ဆက်လာတယ်? Koi ရည်းစားကနေဖြစ်လာတဲ့မှော်အတတ်များလား?!

ကျောက်ချင်းယွမ်မှာ အလွန်အကျူးဂုဏ်ယူဝမ်းမမြောက်ရမနေနိုင်ဖြစ်သွားပြီး ဟော်ချွီအား လက်ဝှေ့ယမ်းပြလိုက်သည်။

"မင်္ဂလာပါ ပ‌ရော်ဖက်ဆာဟော်"

"ဟယ်လို" ဟော်ချွီလျှောက်လာပြီး ယွီချင့်ဟွမ်ထိုင်နေရာနားဆီ ဝင်ထိုင်သည်။ ပြီးတော့မှ ကျောက်ချင်းယွမ်အား ကြည့်ရင်း အလေးအနက်ပြောလာ၏။ "မင်းကန်းနေတာမဟုတ်ဘူး"

ကျောက်ချင်းယွမ်, " ... "

ကျောက်ချင်းယွမ်တစ်ယောက်ဟတ်ထိနေရဆဲ? နေတော့! ဟော်ချွီနဲ့ သူအပေါက်အလမ်းတည့်ဖို့ အခုထိ မဖြစ်နိုင်သေးဘူးပဲ!

သူ့ကားအသစ်လေးကို စမ်းမောင်းကြည့်ရမယ်ဆိုတဲ့ ဆင်ခြေကိုအသုံးပြုပြီး ကျောက်ချင်းယွမ်မှာ နောက်ထပ်တစ်မိနစ်လေးတောင်မှ အချိန်မဆိုင်းဘဲ မြန်နိုင်သလောက်မြန်မြန်ထွက်ပြေးသွားတော့သည်။ ယွီချင့်ဟွမ်နှင့် ဟော်ချွီကို နှစ်ယောက်တည်းတကမ္ဘာ ချန်ထားရစ်ခဲ့၏။

"ဘာဖြစ်လို့ ရုတ်တရက်ဗြုန်းစားကြီး ခွင့်ရက်ရှည်ယူရတာလဲ?" ယွီချင့်ဟွမ်မှာ ဟော်ချွီရဲ့ကုတ်အင်္ကျီကို အဝတ်ဆင်မှာချိတ်နေရင်း မေးစမ်းပြုလာသည်။

ဒီကိစ္စကို ဟော်ချွီမှ လွန်ခဲ့တဲ့ရက်ပိုင်းလောက်က အစဖော်ပြောဖူးပေမယ့် ထိုအချိန်တုန်းက ညကြီးမိုးချုပ်ဖြစ်နေခဲ့ကာ ယွီချင့်ဟွမ်မှာအိပ်ချင်မူးတူးဖြစ်နေတာမို့ နှိုက်နှိုက်ချွတ်ချွတ်မမေးမိခဲ့။ ယခုပြန်စဉ်းစားကြည့်မိတော့ ဟော်ချွီမှာ အနည်းငယ်မူမမှန် နေသလိုမျိုးခံစားလာရသည်။

ယွီချင့်ဟွမ် ရိုက်ကူးရေးအသစ်မစခင် ဟော်ချွီက သူနဲ့အတူ အချိန်ကုန်ဆုံးချင်တာများလား?

ယွီချင့်ဟွမ် ခဏလောက်စောင့်ဆိုင်းနေပေမယ့် ဟော်ချွီဆီက အဖြေပြန်မကြားရသေးတာမို့ ခေါင်းကိုနောက်ပြန်လှည့်ကြည့်သည်။နောက်တစ်ခါထပ်မေးမလို့လုပ်လိုက်စဉ် ဟော်ချွီလက်ထဲကပစ္စည်းကိုမြင်လိုက်ရသည့်အခိုက် ထခုန်မိမတတ် သွေးပျက်ခြောက်ခြားသွားရ၏!

ဟော်ချွီမှရုတ်တရက်ကြီးပြန်ရောက်လာတာမို့ ချင့်ဟွမ်မှာပုလင်းကိုဖယ်ရှားဖို့အချိန်မရှိခဲ့။ ဘယ်သူကြိုသိမှာလဲ အဲ့ဒီပုလင်းကို ဒီအတိုင်းကြီး သူတွေ့သွားလိမ့်မယ်ဆိုတာ! ဘုရားတရားမပေလို့ ပုလင်းတံဆိပ်ပေါ်ကစာမှာ တရုတ်စာမဟုတ်ဘဲ အိန္ဒိယစာများဖြစ်နေခဲ့သည်။

ယွီချင့်ဟွမ် စိတ်သက်သာရာရစွာ သက်ပြင်းချမိပြီး တစက္ကန့်လေးမှ မနှောင့်နှေးရဲတော့ဘဲ အပြေးအလွှားသွားပြီး ပုလင်းကိုဆွဲလုဖို့ သူ့လက်ကိုဆန့်ထုတ်လိုက်သည်။ သို့ရာတွင် ဟော်ချွီမှတိမ်းရှောင်သွား၏။

"လျှောက်မလုပ်နဲ့! ဒီကိုပေး" ယွီချင့်ဟွမ် ချောင်းဟန့်လိုက်ရင်း ဟိုလိုလိုဒီလိုလို ဆိုလိုက်သည်။

"အဲ့ဒါဆေးလေ မှောက်ကျသွားရင်မကောင်းဘူး" ပုလင်းပေါ်ကစာကို ဘယ်သူမှနားမလည်နိုင်ဖူးဆိုတဲ့အချက်ကိုမှီရင်း သူက ရုပ်တည်ကြီးနဲ့ ပေါက်ပန်းလေးဆယ်တွေလျှောက်ပြောတော့သည်။

ဟော်ချွီမှာ ပုလင်းလေးကို တစ်မိနစ်မျှစိုက်ကြည့်နေပြီးနောက် ထိတ်လန့်တကြား မော့ကြည့်လာသည်။ "ချင့်ဟွမ် ဒါမင်းသုံးတဲ့ဟာလား?"

"မဟုတ်ဘူး" ယွီချင့်ဟွမ်နှလုံးအိမ်မှာ ဗရမ်းဗတာ ကသောင်းကနင်းဖြစ်နေတာမို့ ဟော်ချွီမျက်နှာပေါ်ကအမူအရာကိုအာရုံမထားမိခဲ့။ ဟော်ချွီစိတ်ပူနေမှာကို စိုးရိမ်သည့်အတွက် အပြစ်တင်မခံဝံ့ဘဲ ဦးနှောက်ကိုတရကြမ်းအလုပ်ပေးပြီး ဆင်ခြေတခုရှာရသည်။

"အဲ့တာက...ဟို... ကျောက်ချင်းယွမ်ရဲ့ဟာ"

"မဖြစ်နိုင်ဘူး" ဟော်ချွီက သူ၏စကားများကို ခပ်ပြတ်ပြတ်ငြင်းဆိုလာခဲ့သည်။ အတန်ငယ်စိတ်ဆိုးဒေါသထွက်နေသလိုမျိုး သူ့မျက်နှာတင်းလာ၏။

"အတည်ပြောတာ" ယွီချင့်ဟွမ် အကျောက်အကန်ရုန်းကန်နေဆဲဖြစ်ပြီး အပြစ်ဟူသမျှ ကျောက်ချင်းယွမ် ခေါင်းပေါ်ပုံချလိုက်သည်။

"အဲ့ဒါ သူ့ရဲ့..."

သူ့စကားမဆုံးမီ ဟော်ချွီ၏ အေးစက်စက်အသံက ကြားဖြတ်ဝင်လာခဲ့သည်။

"ဤထုတ်ကုန်သည် လိင်ဆက်ဆံမှုကာလကို ထိရောက်စွာအချိန်ကြာမြင့်စေနိုင်သည်၊ မာကြောမှုနှင့်အရှည်ကိုတိုးစေနိုင်ပြီး ယောကျာ်းတယောက်ရဲ့ဂုဏ်သိက္ခာကို ပြန်လည်ရရှိရန် ကူညီပေးစွမ်းနိုင်သည်..."

ယွီချင့်ဟွမ်ကို သူ မယုံနိုင်သဖွယ်ကြည့်နေပြီး တံဆိပ်ပေါ်ကစကားလုံးများကို ဆက်လက်ဖတ်ပြနေ၏။

"၁၀ မိနစ်ကြာလိမ်းထားပြီးနောက် ဆေးကြောသန့်စင်ပါ၊ ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းအပေါ်သက်ရောက်မှုမရှိ? ပါးစပ်နဲ့လိင်ဆက်ဆံတယ်၊ အဲ့ဒါဘာကိုဆိုလိုတာလဲ?"

သူနားမလည်သော တချို့စကားလုံးများရှိနေသေးသော်လည်း ဟော်ချွီသည် ဤပစ္စည်းကိုအသုံးဝင်မှုကို အကြမ်းဖျင်းမှန်းဆလို့ရသည်။ ဒါကြောင့်မို့ ကျောက်ချင်းယွမ်က ဒီလိုပစ္စည်းကို သူနဲ့အတူ သွားလေရာယူလာမည်နည်း? ကျောက်ချင်းယွမ်နဲ့ကော ချင့်ဟွမ်နဲ့ပါ မသက်ဆိုင်ဘူးဆိုမှတော့ ဒီပစ္စည်းမှာ သူကိုယ်တိုင်အတွက်ပင်ဖြစ်ရမည်။

ဟော်ချွီသည် ယွီချင့်ဟွမ်အား စိတ်ထိခိုက်ရသည့်အကြည့်ဖြင့်ကြည့်နေပြီး သူ့ရဲ့ချင့်ဟွမ်မှာ သူ့အား တိတ်တခိုးရှောင်ဖယ်ရှောင်ဖယ်လုပ်နေရုံသာမက သူသုံးဖို့ ဒီလိုပစ္စည်းမျိုးကိုတောင်ဝယ်ယူခဲ့တယ်ဆိုတာ မယုံနိုင်ဖြစ်နေရသည်!

"ဟိန္ဒူစာကို မင်းဘယ်လိုလုပ်ဖတ်တတ်နေရတာလဲ?" ယွီချင့်ဟွမ်မှာ ကြောင်အမ်းနေရသည်။

ပုလင်းတံဆိပ်မှာဖော်ပြထားတဲ့စာကို ဟော်ချွီနားလည်နေလိမ့်မည်ဟု သူယောင်လို့တောင်မထင်မှတ်ထားခဲ့တာမို့ သေသင့်သည့်အမှားကိုကျူးလွန်မိသားဖြစ်သွားလျက်။ ပြီးတော့လည်း အနှီသူမှာ အချိန်တိုလေးအတွင်း အဓိကအရေးကြီးဆုံးအချက်ကို တကယ်ကြီးနားလည်နေ၏။

"ဟိုးအရင်ကသင်ထားခဲ့တာ" ဟော်ချွီသည် သူ၏နှုတ်ခမ်းကိုစေ့ပိတ်ထားပြီး ဤခေါင်းစဉ်အပေါ် ဆွေးနွေးပြောဆိုလိုခြင်းမရှိ။ ယွီချင့်ဟွမ်ကို အကြည့်ဖျော့ဖျော့နဲ့ကြည့်ကာ

"ချင့်ဟွမ် ကိုယ် အချိန်ကြာကြာတောင့်မခံနိုင်ဘူးလို့ မင်းခံစားရတယ်လား?"

"မဟုတ်ဘူး!" ပြသနာ၏လေးနက်ပြင်းထန်မှုကို ယွီချင့်ဟွမ် နောက်ဆုံးမှသဘောပေါက်သွားပြီး ချက်ချင်းပဲ တကိုယ်လုံးတုန်တတ်သွားရသည်။ ထိုနှစ်များ အိပ်ရာပေါ်တွင် ဟော်ချွီဆီက အနှိပ်စက်ခံရမည့်အရေးကို စိုးရိမ်တွေးပူမိတာကြောင့် သူ ကပျာကယာကြိုးစားရှင်းပြလိုက်သည်။

"ပေါက်ကရတွေမတွေးနဲ့ ငါတကယ်ဒီလိုမထင်ဘူး"

"ကိုယ်မယုံဘူး" ယွီချင့်ဟွမ်ရဲ့ထိတ်လန့်ခြောက်ခြားနေသည့်အကြည့်များအောက်မှာ ဟော်ချွီသည် ပုလင်းကိုဘေးပို့ထားလိုက်ပြီး သူ့အားခုန်အုပ်လာသည်။

"ဟော်ချွီ စိတ်အေးအေးထားပါဦး" ဟော်ချွီအောက်တွင် ယွီချင့်ဟွမ် အားနည်းစွာရုန်းကန်နေရပြီး ကျောက်ချင်းယွမ်ကို စိတ်ထဲက အသေအလဲကျိန်ဆဲနေမိသည်။

သူ့စိတ်တိုင်းကျ အိမ်ကိုဝင်ထွက်သွားလာတယ်! စောက်ရေးမပါတဲ့အင်ဒီးယန်းအံ့ဖွယ်အဆီပုလင်းဆိုတာလည်းတပါတည်းယူလာတယ်!! ဒါလူတယောက်ကို ဘတ်စ်ကားအောက်တွန်းပို့လိုက်တာပဲမဟုတ်လား! သူတော့ အိပ်ရာပေါ်မှာ ဟော်ချွီဆီက သေအောင်နှိပ်စက်ခံရတော့မယ်!!!

"တ..တကယ်ပြောတာ...အဲ့ဒါ ကျောက်ချင်းယွမ်ဟာ"

သူပြန်ရခဲ့တဲ့ တခုတည်းသောအဖြေမှာ ဟော်ချွီရဲ့တိုး၍တိုး၍လာတဲ့အနမ်းရိုင်းများသာ။

ထိုညတွင် ဟော်ချွီမှာ လုံးလုံးရူးသွပ်သွားသလိုရှိသည်။ သူနေထိုင်ခဲ့တဲ့ နှစ် ၂၀ကျော်စာ သက်လုံအားတွေ ထိုတညတည်းနှင့် အကုန်အစင်စုပ်ယူခံလိုက်ရသလို ယွီချင့်ဟွမ်ခံစားခဲ့ရ၏။ နောက်တစ်နေ့မနက်သူနိုးလာတော့ လမ်းလျှောက်တာတောင် အားအင်ဖျော့တော့ ယိုင်နဲ့နဲ့သာ။

ဆန့်ကျင်ဘက်အားဖြင့် ဟော်ချွီမှာတော့ ဘာမှမဖြစ်ထားသလိုမျိုးထင်ရကာ အေးတိအေးစက်မျက်နှာထားကိုဆက်လက်လုပ်ယူထားဖို့ ခွန်အားတောင်ကျန်နေသေးသည်!

ဒါ ယွီချင့်ဟွမ်အပေါ် ဟော်ချွီ ပထမဆုံးအကြိမ် စိတ်ဆိုးခြင်းဖြစ်၏။ နှုတ်ခမ်းလွှာကို တင်းတင်းစေ့ပိတ်ထားပြီး ဒေါသအရှိန်ဖုံးလွှမ်းနေသည့် မှောင်မိုက်သောမျက်လုံးများဖြင့် ယွီချင့်ဟွမ်အားစိုက်ကြည့်နေသည်မှာ အချိန်မရွေး သူ့ကိုခုန်အုပ်ပြီး ဗိုက်ထဲမျိုချပစ်တော့မည့်အလား။ယွီချင့်ဟွမ် ရင်တထိတ်ထိတ်နဲ့ တုန်တုန်ရီရီဖြစ်လာရတဲ့အထိ။

နံနက်စာအမြန်စားပြီး သူ့ကိုယ်သူလုံခြုံမှုရှိစေရန်ရည်ရွယ်လျက် ရှုတင်ဆီသို့သုတ်ခြေတင်ထွက်ပြေးတော့သည်။ သူပြန်လှည့်ကြည့်သောအခါ ဟော်ချွီ သူ့နောက်ကလိုက်ပါလာသည်ကို မြင်တွေ့လိုက်ရ၏။

"မင်းရော ငါနဲ့အတူလိုက်မှာလား?" ယွီချင့်ဟွမ် မဝံ့မရဲလေးမေးလိုက်သည်။

"အမ်း" ဟော်ချွီသည် ချင့်ဟွမ်၏လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြီး မျက်နှာမှာအရင်လိုအေးစက်နေဆဲ။သို့သော် သူ့အသံမှာ အချဉ်ပေါက်နေခဲ့သည်။

"မင်းနဲ့ ချင်ကျန့်ကို နှစ်ယောက်အတူမထားနိုင်ဘူး"

ယွီချင့်ဟွမ်, " ... "

ကိစ္စကဖြင့် နှစ်ပေါင်းရှစ်ရာလောက်ရှိနေပြီဟာကို! သူ ခုထိရှာလကာရည်သောက်နိုင်တုန်းပဲလား? ပရော်ဖက်ဆာဟော် ပြသနာရှိနေတဲ့သူက မင်းမဟုတ်ဘူးဆိုတာ သေချာပါတယ်နော်?!

***************

[Zawgyi]

အေစာပိုင္းပ႐ိုမိုးရွင္းဆင္းေကာင္းျခင္းႏွင့္ ႐ုပ္ရွင္ပင္ကိုက ထူးခြၽန္ေျပာင္ေျမာက္မႈတို႔ေၾကာင့္ 'The Line of Life and Death' ၏ Box Office ဝင္ေငြမွာ ဒုံးက်ည္ႏွင့္ပစ္လႊတ္တင္လိုက္သလို ေန႔စဥ္သန္းေပါင္းရာခ်ီျမင့္တက္လာခဲ့သည္။ ဒါဟာ ႐ုပ္ရွင္နယ္ပယ္မွာေတာ့ တကယ့္ကို မႀကဳံစဖူးအံ့ဖြယ္ျဖစ္ရပ္ပင္။

႐ုပ္ရွင္အမႈထမ္းမ်ားသာမက ပြဲၾကည့္ပရိသတ္အေပါင္းကပါ ထိုျမင့္တက္လာမႈအား အလြန္အမင္း စိတ္အားထက္သန္စြာ ေစာင့္ၾကပ္ၾကည့္ရႈေနၾကၿပီး Box Office ဝင္ေငြသိရဖို႔အတြက္ အမ်ိဳးစုံေသာဆိုက္ေပါင္းစုံကို လွန္ေလွာရွာေဖြၾကသည္။ အလြန္စိတ္ဂနာမၿငိမ္ ပ်ာယာခတ္လ်က္ ထိုဆိုက္မ်ားတြင္ တေန႔ၿပီးတေန႔ မွတ္တမ္းယူေနရျခင္းအေပၚ ခုံမင္စြဲလမ္းလ်က္ရွိၾကသည္။

လ်ိဳက်ားအန႔္လမ္းဆုံးေရာက္ေနၿပီဆိုတဲ့ မွတ္ခ်က္မ်ားမွာ အစအနမက်န္ေအာင္ ေပ်ာက္ကြယ္သြားခဲ့သည္မွာ ၾကာခဲ့ေလၿပီ။ ထို anti ဖန္မ်ားမွာ တြင္းနက္ထဲတြင္ စိတ္ပ်က္လက္ပ်က္ပုန္းကြယ္ေနၾကၿပီး သူတို႔၏ေခါင္းမ်ားကိုေနာက္တဖန္မေဖာ္ဝံ့ေတာ့။

ဇာတ္ကားထုတ္လႊင့္ျဖန႔္ခ်ိတာ လဝက္ပဲရွိေသးေပမယ့္ 'The Line of Life and Death' ၏ box Office ဝင္ေငြမွာ ယြမ္ ၄ ဘီလီယံေက်ာ္ခဲ့ေလၿပီ။

တျခားသူမေျပာေလႏွင့္ ယခင္ဘဝတြင္ေနထိုင္ျဖတ္သန္းၿပီးျဖစ္ကာ ဒီဇာတ္ကား အခုေလာက္အတိုင္းအတာအထိေပါက္သြားလိမ့္မည္ကို စိတ္ပိုင္းဆိုင္ရာႀကိဳတင္ျပင္ဆင္ထားခဲ့ေသာ ယြီခ်င့္ဟြမ္ပင္ ထိုကိန္းဂဏန္းမ်ားကိုျမင္လိုက္ရသည့္အခိုက္မွာ အံ့အားမသင့္ဘဲမေနႏိုင္ျဖစ္သြားခဲ့ရသည္။

သိသင့္တာက သူ႔ယခင္ဘဝ၌ ဤ႐ုပ္ရွင္၏ box office သည္ ယြမ္ ၅.၅ ဘီလီယံ မေက်ာ္ခဲ့တာကိုပင္။ သို႔ရာတြင္ အခုထက္ထိအရွိန္အဟုန္ေကာင္းေကာင္းျဖင့္ ျမင့္တက္ေနဆဲရွိတာကိုၾကည့္ရသေလာက္ေတာ့ အရင္စံခ်ိန္ကိုခ်ိဳးရန္မွာ အထူးအေထြျပသနာမဟုတ္ေတာ့။

"ဘယ္လိုလဲ ဒီကအကိုႀကီးေတာ္တယ္မလား?"

ေက်ာက္ခ်င္းယြမ္မွာ ယခုဇာတ္ကား၏ေအာင္ျမင္ေက်ာ္ၾကားမႈကိုအေထာက္အပံ့ယူၿပီး ခ်င္က်န႔္ႏွင့္ တန္းညႇိလို႔ရသည့္ တန္ဖိုးတခုအထိ တဟုန္ထိုးတက္သြားခဲ့သည္။

ဘတ္ဂ်က္အႀကီးစား႐ုပ္ရွင္အမ်ိဳးမ်ိဳးမွာ ဆီးႏွင္းမ်ားကဲ့သို႔ သူ႔ဆီတဖြဲဖြဲေရာက္လာခဲ့ေသာ္လည္း သူကေတာ့ မည္သူ႔ကိုမွ ေရရာေသခ်ာတဲ့အေျဖမ်ိဳး ခ်က္ခ်င္းျပန္လည္ေျဖၾကားျခင္းမရွိခဲ့။

ထိုအစား လူထုပ႐ိုးမိုးရွင္းခရီးစဥ္လွည့္လည္ၿပီးတာႏွင့္ သူပထမဆုံးလုပ္သည္မွာ ယြီခ်င့္ဟြမ္အိမ္အေျပးသြားၿပီး ေရခဲေသတၱာထဲေမႊေႏွာက္ကာ ယြီခ်င့္ဟြမ္ေရွ႕ေမွာက္ႂကြားဝါျပျခင္းပင္။

"အဲ့ဒီႏွစ္ ေဖ်ာ္ေျဖေရးေလာကထဲ ငါဝင္ဖို႔ဆုံးျဖတ္လိုက္တုန္းက ငါ့အေဖငါ့ကို႐ိုက္သတ္လုနီးပါးပဲ! အခုမ်ားက်ေတာ့! လူတိုင္းကို သူ႔သားက 'The Line of Life and Death' မွာပါဝင္သ႐ုပ္ေဆာင္ထားပါတယ္လို႔ လိုက္ႂကြားေနတယ္ေလ ဟားဟားဟား!"

ယြီခ်င့္ဟြမ္ ဘာမွျပန္မေျပာ။ သူသာ ျပန္ခ်ီးက်ဴးမိလိုက္မယ္ဆို တစ္ဖက္သူ၏အၿမီးမွာ ေကာင္းကင္ထိေအာင္ တလႈပ္လႈပ္ခါယမ္းေနမည့္အတြက္ျဖစ္၏။ ေက်ာက္ခ်င္းယြမ္ေျပာေနတာကို ဘာမွမၾကားရသကဲ့သို႔ 'How to Love You' ရဲ႕ဇာတ္ၫႊန္းကိုသာ သူ႔ဘာသာလွန္ေလွာၾကည့္ေနလိုက္သည္။

ယြီခ်င့္ဟြမ္၏ စိတ္ေနသေဘာထားကိုေနာေၾကေနၿပီျဖစ္တဲ့ ေက်ာက္ခ်င္းယြမ္ကလည္း အေရးတယူမလုပ္ေပ။ ဖက္ထုပ္ေပါင္းႏွစ္ခုရွာေတြ႕ထဲအထိ ေရခဲေသတၱာထဲေမႊေႏွာက္ေနၿပီး ပါးစပ္ထဲထိုးထည့္ၿပီးမွသာ ယြီခ်င့္ဟြမ္ေဘး အားရေက်နပ္စြာဝင္ထိုင္၍ တဖက္သူအား သူ႔တံေတာင္ဆစ္ျဖင့္ လွမ္းတြတ္လိုက္သည္။

"အဲ့ဒါကိုၾကည့္မေနနဲ႔ေတာ့ ေဟး ငါမင္းကိုလတ္တေလာျဖစ္ပ်က္သြားတဲ့ကိစၥေလးတခုေျပာျပရဦးမယ္၊ Kenn ကေန Sports ကားတစီး လြန္ခဲ့တဲ့၂ ရက္က ငါဝယ္လိုက္တယ္၊ မင္းေၾကာ္ျငာထားတဲ့ဟာ"

"ကားေနာက္တစ္စီးထပ္ဝယ္တယ္?" ယြီခ်င့္ဟြမ္မွာ သူ႔ဇာတ္ၫႊန္းဆီကေန ေခါင္းေမာ့လာၿပီး သူ႔အသံေနအသံထားမွာ သေဘာမတူကန္႔ကြက္လိုမႈေတြျပည့္လ်က္။

ေက်ာက္ခ်င္းယြမ္မွာ ကားဝါသနာအိုးျဖစ္သည္။သူ႔ကားဂိုေဒါင္မွာကားေတြျဖင့္ျပည့္ႏွက္ေနၿပီး ကားတစီးခ်င္းစီတိုင္းကလည္း အလြန္တန္ဖိုးေျမာက္၏။ သို႔ေသာ္ သူဟာ ငပ်င္းတေယာက္ျဖစ္ကာ ကားကိုဝယ္ၿပီးတာႏွင့္ စီးေတာင္မစီးဘဲ ရံဖန္ရံခါမွသာထုတ္ၾကည့္တတ္သည္။ ၎ကို အလြန္ႂကြယ္ဝခ်မ္းသာသူတေယာက္၏ စိတ္ေနစိတ္ထားလို႔ယူဆႏိုင္၏။

"သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔ ငါ့မွာ မင္းကိုစပို႔လုပ္ေပးရမယ့္တာ၀န္ဝတၱရားရွိတယ္ေလ"

ေက်ာက္ခ်င္းယြမ္ရယ္လိုက္သည္။ ယြီခ်င့္ဟြမ္၏တြန္႔ခ်ိဳးေနေသာမ်က္ခုံးမ်ားကိုျမင္ေလမွ အျမန္ဆက္ေျပာလာသည္။

"ၿပီးေတာ့ ကားကတကယ္လွတာ၊ အႏုပညာေလာကအျပင္က ငါ့သူငယ္ခ်င္းအေတာ္မ်ားမ်ားလည္းဝယ္ၾကတယ္"

ေက်ာက္ခ်င္းယြမ္ရဲ႕စကားမွာ မမွားေပ။ Kenn Passion Series အတြက္ ယြီခ်င့္ဟြမ္ Spokesman လုပ္ေပးၿပီးကတည္းက Passion Series ႏွင့္ အျခား Series မ်ားအတြက္ အေရာင္းပမာဏမွာ သိသိသာသာျမင့္တက္လာခဲ့သည္!

ယြီခ်င့္ဟြမ္ဆိုတဲ့နာမည္မွာ သာမာန္လူၾကားထဲမွာေတာင္ အေတာ္ေလးေတြ႕ရမ်ား၏။ Sportကားေတြ မ်ားစြာရွိသည့္အနက္ Kenn ကိုေ႐ြးခ်ယ္ရျခင္း၏ အဓိကအေၾကာင္းရင္းမွာ ယြီခ်င့္ဟြမ္ Spokeperson ျဖစ္ေနတာေၾကာင့္ဟု လူအမ်ားက ထုတ္ေဖာ္ေျပာဆိုၾကသည္။

ေက်ာက္ခ်င္းယြမ္ရဲ႕သူငယ္ခ်င္းေတြက ပိုေတာင္ဆိုးေသး၏။ ထိုငပ်င္းတသိုက္မွာ ေန႔ရွိသေ႐ြ႕ ယြီခ်င့္ဟြမ္ Weibo ေအာက္မွာ အရံအေကာင့္မ်ားျဖင့္စတည္းခ်ေနၾကၿပီး ပို႔စ္မ်ားမ်ားတင္ေပးဖို႔ ဒါမွမဟုတ္ရင္ selfie ႐ိုက္တင္ေပးဖို႔ ေကာင္မေလးငယ္ငယ္ေလးေတြကဲ့သို႔ မရပ္မနားတိုက္တြန္းႏႈိးေဆာ္ေနၾကသည္။

ယြီခ်င့္ဟြမ္ အရင္ေၾကာ္ျငာထားသမွ် သူတို႔လိုက္ဝယ္ၿပီးျဖစ္ကာ နာရီေၾကာ္ျငာလွ်င္ နာရီဝယ္ၾကၿပီး အခု သူကားေၾကာ္ျငာေတာ့ ခ်က္ခ်င္းပဲ ကားလိုက္ဝယ္ၾကျပန္သည္။ ၾကယ္ပြင့္စတားမ်ားေနာက္လိုက္သည့္ သူတို႔၏နည္းလမ္းမွာ တျခားသူေတြထက္ေတာင္ပိုၿပီး ႐ူး႐ူးသြပ္သြပ္ရွိၾကေသးသည္။

ယြီခ်င့္ဟြမ္ကို သူတို႔ႏွင့္မိတ္ဆက္ေပးဖို႔ ေက်ာက္ခ်င္းယြမ္ကိုေတာင္ အတင္းအက်ပ္ၿခိမ္းေျခာက္အက်ပ္ကိုင္ၾကေသး၏။ ထိုအရာကိုေတြးမိသည့္ေက်ာက္ခ်င္းယြမ္မွာ သူ႔အိတ္ကပ္ထဲကပုလင္းကိုပြတ္သပ္လိုက္ၿပီး ယြီခ်င့္ဟြမ္အားေျပာလာသည္။

"ဒါတကယ္ထူးဆန္းတယ္ မင္းကေဂးျဖစ္ေပမယ့္ အေျဖာင့္ေယာက္်ားတသိုက္ၾကားၾကားမွာလည္း နာမည္ႀကီးတာပဲ!ဒါႀကီးက မယုံႏိုင္စရာေကာင္းလိုက္တာ! "

ေက်ာက္ခ်င္းယြမ္မွာ သူ႔အိတ္ကပ္ထဲမွ ပုလင္းငယ္ကိုထုတ္ယူလိုက္ၿပီး ညစ္ထစ္ထစ္ၿပဳံးကာ ပုလင္းကို ယြီခ်င့္ဟြမ္လက္ထဲထိုးထည့္လိုက္၏။

"အင္ဒီးယန္းအံ့ဖြယ္အဆီ! မင္းရဲ႕အေကာင္းဆုံးသူငယ္ခ်င္းျဖစ္ဖို႔ငါထိုက္တန္ရဲ႕လား? ငါဘယ္ေတာ့မွမင္းကိုစိတ္မပ်က္‌ေစခဲ့ဘူး!"

ယြီခ်င့္ဟြမ္, " ... "

ေက်ာက္ခ်င္းယြမ္ရဲ႕ သူ၏အေကာင္းဆုံးမိတ္ေဆြျဖစ္ထိုက္မျဖစ္ထိုက္ဆိုတာကို ဘယ္လိုေၾကာင့္ ဒီလိုရႈေထာင့္ကေနျပသရသလဲ? ခ်ီးတဲ့မွ!

"ခ်င္းယြမ္" ယြီခ်င့္ဟြမ္ အသက္ျပင္းျပင္းရႈသြင္းလိုက္သည္။ တစ္စုံတစ္ဦးကို႐ိုက္ႏွက္ပစ္ခ်င္သည့္ စိတ္အာသီသတို႔ကို ခ်ဳပ္တည္းထားရၿပီး အင္ဒီးယန္းအံ့ဖြယ္အဆီဆိုလား ဘာဆိုလားေခၚတဲ့ပုလင္းကိုေဘးခ်ထားလ်က္ ေက်ာက္ခ်င္းယြမ္အား မ်က္လုံးမ်ားေမွးက်င္း၍ တစ္မိနစ္လုံးလုံးစိုက္ၾကည့္ေနလိုက္သည္။

သူ႔အၾကည့္မွာ အရမ္းကိုစူးရွလြန္းသျဖင့္ တဖက္သူ မွာ ေခါင္းေမႊးေတြေထာင္လာရတဲ့အထိ။ ၿပီးမွ သူ႔ႏႈတ္ခမ္းကို ျဖည္းျဖည္းခ်င္းဖြင့္ဟလ်က္ဆိုသည္။

"ေဂးလူေတြအေၾကာင္းကို အာ႐ုံအရမ္းစိုက္လြန္းေနတယ္လို႔ မင္းကိုယ္မင္းမထင္ဘူးလား?"

ေက်ာက္ခ်င္းယြမ္မွာ သူေျပာတဲ့စကားေၾကာင့္ ေခြၽးေစးေတြျပန္လာရၿပီး အသံတသံသာ တုံးတုံးအအ ထြက္လာႏိုင္သည္။

"အာ?"

"ဒီဟာ ... " ယြီခ်င့္ဟြမ္ ပုလင္းငယ္ကိုလက္ညႇိဳးထိုးျပလိုက္ၿပီး

"ဒီလိုဟာမ်ိဳးကိုမင္းဘယ္လိုလုပ္ေတြးမိတာလဲ? ၿပီးေတာ့ ဟိုညစ္ညမ္းဗီဒီယိုေတြ.. မင္းဘယ္ကဘယ္လိုလုပ္ၿပီးရလာတာလဲ?"

ေက်ာက္ခ်င္းယြမ္ တံေတြးမ်ိဳခ်မိသည္။
"အဲ့ဒါက...အေတာ္ေလးကိုလြယ္ကူ႐ိုးရွင္းတယ္ မဟုတ္ဘူးလား?"

ယြီခ်င့္ဟြမ္စုတ္သပ္လိုက္ၿပီး ေက်ာက္ခ်င္းယြမ္အား စကားတခြန္းတည္းနဲ႔ ေဘာင္းဘီထဲေသးထြက္က်မတတ္ လန႔္ျဖန႔္သြားေစ၏။

"ဘာမွေသခ်ာမသိတဲ့သူသာဆို ငါတို႔ႏွစ္ေယာက္ထဲမွာ ေဂးကိုမင္းလို႔ပဲထင္ၾကလိမ့္မယ္"

ေက်ာက္ခ်င္းယြမ္," !!! "

"ငါမဟုတ္ဘူး! ေပါက္တတ္ကရေတြမေျပာစမ္းနဲ႔! ငါကမိန္းမေတြပဲစိတ္ဝင္စားတာ" မိမိကိုယ္ကိုခုခံရွင္းျပဖို႔ သူအျမန္အဆန္ႀကိဳးပမ္းလိုက္၏။

သူ၏နာမည္ကိုကာကြယ္ရန္ ဖုန္းကိုထုတ္ယူၿပီး သူစုေဆာင္းထားသမွ်လွလွပပေကာင္မေလးပုံမ်ားကို ယြီခ်င့္ဟြမ္အားျပသမည္ လုပ္လိုက္တဲ့အခ်ိန္မွာ တံခါးဆီကေန ကလစ္ဟူ၍ ေလာခ့္ဖြင့္လိုက္တဲ့အသံျမည္လာခဲ့သည္။ ေဟာ္ခြၽီ ျပန္လာတာျဖစ္လို႔ေနသည္။

"ဘာလို႔ဒီေန႔အေစာႀကီးျပန္ေရာက္လာရတာလဲ?" ယြီခ်င့္ဟြမ္နာရီကိုၾကည့္မိေတာ့ မြန္းလြဲ ၄ နာရီသာရွိေသးေၾကာင္းကို သတိျပဳမိသြားရစဥ္ ဇဝဇဝါျဖင့္ေမးလာခဲ့သည္။

"ကိုယ္အားလပ္ရက္ယူလာတာ" ေဟာ္ခြၽီမွျပန္ေျဖလာၿပီး ဖိနပ္ေျပာင္းစီးဖို႔ခါးမကိုင္းမီ ေက်ာက္ခ်င္းယြမ္အား ေခါင္းတခ်က္ညိတ္ျပသည္။

"ဟမ္?" ေဟာ္ခြၽီေႏွာင့္ယွက္မႈေၾကာင့္ ေက်ာက္ခ်င္းယြမ္မွာ သူ၏ေသြးပ်က္ထိတ္လန႔္ေနမႈကို ခ်က္ခ်င္းပဲေမ့ေလ်ာ့သြားခဲ့ၿပီး ယြီခ်င့္ဟြမ္အား အံ့ၾသမင္သက္စြာၾကည့္ၿပီး ေမးလာသည္။

"ငါမ်ားမ်က္လုံးကန္းသြားတာလား? မင္းရဲ႕ေဟာ္ခြၽီက ငါ့ကိုအရင္စၿပီးႏႈတ္ဆက္လာတယ္!"

သိထားရမွာက အရင္အခ်ိန္ေတြတုန္းက ေဟာ္ခြၽီသည္ ယြီခ်င့္ဟြမ္တေယာက္တည္းကိုသာဂ႐ုစိုက္ၿပီး သူ႔အစ္ကိုမ်ားကိုေတာင္လ်စ္လ်ဴရႈထားတာပင္။ သို႔ရာတြင္ ယေန႔ ထိုသူက သူ႔ကိုတကယ္ႀကီးစႏႈတ္ဆက္လာတယ္? Koi ရည္းစားကေနျဖစ္လာတဲ့ေမွာ္အတတ္မ်ားလား?!

ေက်ာက္ခ်င္းယြမ္မွာ အလြန္အက်ဴးဂုဏ္ယူဝမ္းမေျမာက္ရမေနႏိုင္ျဖစ္သြားၿပီး ေဟာ္ခြၽီအား လက္ေဝွ႔ယမ္းျပလိုက္သည္။

"မဂၤလာပါ ပ‌ေရာ္ဖက္ဆာေဟာ္"

"ဟယ္လို" ေဟာ္ခြၽီေလွ်ာက္လာၿပီး ယြီခ်င့္ဟြမ္ထိုင္ေနရာနားဆီ ဝင္ထိုင္သည္။ ၿပီးေတာ့မွ ေက်ာက္ခ်င္းယြမ္အား ၾကည့္ရင္း အေလးအနက္ေျပာလာ၏။ "မင္းကန္းေနတာမဟုတ္ဘူး"

ေက်ာက္ခ်င္းယြမ္, " ... "

ေက်ာက္ခ်င္းယြမ္တစ္ေယာက္ဟတ္ထိေနရဆဲ? ေနေတာ့! ေဟာ္ခြၽီနဲ႔ သူအေပါက္အလမ္းတည့္ဖို႔ အခုထိ မျဖစ္ႏိုင္ေသးဘူးပဲ!

သူ႔ကားအသစ္ေလးကို စမ္းေမာင္းၾကည့္ရမယ္ဆိုတဲ့ ဆင္ေျခကိုအသုံးျပဳၿပီး ေက်ာက္ခ်င္းယြမ္မွာ ေနာက္ထပ္တစ္မိနစ္ေလးေတာင္မွ အခ်ိန္မဆိုင္းဘဲ ျမန္ႏိုင္သေလာက္ျမန္ျမန္ထြက္ေျပးသြားေတာ့သည္။ ယြီခ်င့္ဟြမ္ႏွင့္ ေဟာ္ခြၽီကို ႏွစ္ေယာက္တည္းတကမာၻ ခ်န္ထားရစ္ခဲ့၏။

"ဘာျဖစ္လို႔ ႐ုတ္တရက္ျဗဳန္းစားႀကီး ခြင့္ရက္ရွည္ယူရတာလဲ?" ယြီခ်င့္ဟြမ္မွာ ေဟာ္ခြၽီရဲ႕ကုတ္အက်ႌကို အဝတ္ဆင္မွာခ်ိတ္ေနရင္း ေမးစမ္းျပဳလာသည္။

ဒီကိစၥကို ေဟာ္ခြၽီမွ လြန္ခဲ့တဲ့ရက္ပိုင္းေလာက္က အစေဖာ္ေျပာဖူးေပမယ့္ ထိုအခ်ိန္တုန္းက ညႀကီးမိုးခ်ဳပ္ျဖစ္ေနခဲ့ကာ ယြီခ်င့္ဟြမ္မွာအိပ္ခ်င္မူးတူးျဖစ္ေနတာမို႔ ႏႈိက္ႏႈိက္ခြၽတ္ခြၽတ္မေမးမိခဲ့။ ယခုျပန္စဥ္းစားၾကည့္မိေတာ့ ေဟာ္ခြၽီမွာ အနည္းငယ္မူမမွန္ ေနသလိုမ်ိဳးခံစားလာရသည္။

ယြီခ်င့္ဟြမ္ ႐ိုက္ကူးေရးအသစ္မစခင္ ေဟာ္ခြၽီက သူနဲ႔အတူ အခ်ိန္ကုန္ဆုံးခ်င္တာမ်ားလား?

ယြီခ်င့္ဟြမ္ ခဏေလာက္ေစာင့္ဆိုင္းေနေပမယ့္ ေဟာ္ခြၽီဆီက အေျဖျပန္မၾကားရေသးတာမို႔ ေခါင္းကိုေနာက္ျပန္လွည့္ၾကည့္သည္။ေနာက္တစ္ခါထပ္ေမးမလို႔လုပ္လိုက္စဥ္ ေဟာ္ခြၽီလက္ထဲကပစၥည္းကိုျမင္လိုက္ရသည့္အခိုက္ ထခုန္မိမတတ္ ေသြးပ်က္ေျခာက္ျခားသြားရ၏!

ေဟာ္ခြၽီမွ႐ုတ္တရက္ႀကီးျပန္ေရာက္လာတာမို႔ ခ်င့္ဟြမ္မွာပုလင္းကိုဖယ္ရွားဖို႔အခ်ိန္မရွိခဲ့။ ဘယ္သူႀကိဳသိမွာလဲ အဲ့ဒီပုလင္းကို ဒီအတိုင္းႀကီး သူေတြ႕သြားလိမ့္မယ္ဆိုတာ! ဘုရားတရားမေပလို႔ ပုလင္းတံဆိပ္ေပၚကစာမွာ တ႐ုတ္စာမဟုတ္ဘဲ အိႏၵိယစာမ်ားျဖစ္ေနခဲ့သည္။

ယြီခ်င့္ဟြမ္ စိတ္သက္သာရာရစြာ သက္ျပင္းခ်မိၿပီး တစကၠန႔္ေလးမွ မေႏွာင့္ေႏွးရဲေတာ့ဘဲ အေျပးအလႊားသြားၿပီး ပုလင္းကိုဆြဲလုဖို႔ သူ႔လက္ကိုဆန႔္ထုတ္လိုက္သည္။ သို႔ရာတြင္ ေဟာ္ခြၽီမွတိမ္းေရွာင္သြား၏။

"ေလွ်ာက္မလုပ္နဲ႔! ဒီကိုေပး" ယြီခ်င့္ဟြမ္ ေခ်ာင္းဟန႔္လိုက္ရင္း ဟိုလိုလိုဒီလိုလို ဆိုလိုက္သည္။

"အဲ့ဒါေဆးေလ ေမွာက္က်သြားရင္မေကာင္းဘူး" ပုလင္းေပၚကစာကို ဘယ္သူမွနားမလည္ႏိုင္ဖူးဆိုတဲ့အခ်က္ကိုမွီရင္း သူက ႐ုပ္တည္ႀကီးနဲ႔ ေပါက္ပန္းေလးဆယ္ေတြေလွ်ာက္ေျပာေတာ့သည္။

ေဟာ္ခြၽီမွာ ပုလင္းေလးကို တစ္မိနစ္မွ်စိုက္ၾကည့္ေနၿပီးေနာက္ ထိတ္လန႔္တၾကား ေမာ့ၾကည့္လာသည္။ "ခ်င့္ဟြမ္ ဒါမင္းသုံးတဲ့ဟာလား?"

"မဟုတ္ဘူး" ယြီခ်င့္ဟြမ္ႏွလုံးအိမ္မွာ ဗရမ္းဗတာ ကေသာင္းကနင္းျဖစ္ေနတာမို႔ ေဟာ္ခြၽီမ်က္ႏွာေပၚကအမူအရာကိုအာ႐ုံမထားမိခဲ့။ ေဟာ္ခြၽီစိတ္ပူေနမွာကို စိုးရိမ္သည့္အတြက္ အျပစ္တင္မခံဝံ့ဘဲ ဦးေႏွာက္ကိုတရၾကမ္းအလုပ္ေပးၿပီး ဆင္ေျခတခုရွာရသည္။

"အဲ့တာက...ဟို... ေက်ာက္ခ်င္းယြမ္ရဲ႕ဟာ"

"မျဖစ္ႏိုင္ဘူး" ေဟာ္ခြၽီက သူ၏စကားမ်ားကို ခပ္ျပတ္ျပတ္ျငင္းဆိုလာခဲ့သည္။ အတန္ငယ္စိတ္ဆိုးေဒါသထြက္ေနသလိုမ်ိဳး သူ႔မ်က္ႏွာတင္းလာ၏။

"အတည္ေျပာတာ" ယြီခ်င့္ဟြမ္ အေက်ာက္အကန္႐ုန္းကန္ေနဆဲျဖစ္ၿပီး အျပစ္ဟူသမွ် ေက်ာက္ခ်င္းယြမ္ ေခါင္းေပၚပုံခ်လိုက္သည္။

"အဲ့ဒါ သူ႔ရဲ႕..."

သူ႔စကားမဆုံးမီ ေဟာ္ခြၽီ၏ ေအးစက္စက္အသံက ၾကားျဖတ္ဝင္လာခဲ့သည္။

"ဤထုတ္ကုန္သည္ လိင္ဆက္ဆံမႈကာလကို ထိေရာက္စြာအခ်ိန္ၾကာျမင့္ေစႏိုင္သည္၊ မာေၾကာမႈႏွင့္အရွည္ကိုတိုးေစႏိုင္ၿပီး ေယာက်ာ္းတေယာက္ရဲ႕ဂုဏ္သိကၡာကို ျပန္လည္ရရွိရန္ ကူညီေပးစြမ္းႏိုင္သည္..."

ယြီခ်င့္ဟြမ္ကို သူ မယုံႏိုင္သဖြယ္ၾကည့္ေနၿပီး တံဆိပ္ေပၚကစကားလုံးမ်ားကို ဆက္လက္ဖတ္ျပေန၏။

"၁၀ မိနစ္ၾကာလိမ္းထားၿပီးေနာက္ ေဆးေၾကာသန္႔စင္ပါ၊ ပါးစပ္ျဖင့္လိင္ဆက္ဆံျခင္းအေပၚသက္ေရာက္မႈမရွိ? ပါးစပ္နဲ႔လိင္ဆက္ဆံတယ္၊ အဲ့ဒါဘာကိုဆိုလိုတာလဲ?"

သူနားမလည္ေသာ တခ်ိဳ႕စကားလုံးမ်ားရွိေနေသးေသာ္လည္း ေဟာ္ခြၽီသည္ ဤပစၥည္းကိုအသုံးဝင္မႈကို အၾကမ္းဖ်င္းမွန္းဆလို႔ရသည္။ ဒါေၾကာင့္မို႔ ေက်ာက္ခ်င္းယြမ္က ဒီလိုပစၥည္းကို သူနဲ႔အတူ သြားေလရာယူလာမည္နည္း? ေက်ာက္ခ်င္းယြမ္နဲ႔ေကာ ခ်င့္ဟြမ္နဲ႔ပါ မသက္ဆိုင္ဘူးဆိုမွေတာ့ ဒီပစၥည္းမွာ သူကိုယ္တိုင္အတြက္ပင္ျဖစ္ရမည္။

ေဟာ္ခြၽီသည္ ယြီခ်င့္ဟြမ္အား စိတ္ထိခိုက္ရသည့္အၾကည့္ျဖင့္ၾကည့္ေနၿပီး သူ႔ရဲ႕ခ်င့္ဟြမ္မွာ သူ႔အား တိတ္တခိုးေရွာင္ဖယ္ေရွာင္ဖယ္လုပ္ေန႐ုံသာမက သူသုံးဖို႔ ဒီလိုပစၥည္းမ်ိဳးကိုေတာင္ဝယ္ယူခဲ့တယ္ဆိုတာ မယုံႏိုင္ျဖစ္ေနရသည္!

"ဟိႏၵဴစာကို မင္းဘယ္လိုလုပ္ဖတ္တတ္ေနရတာလဲ?" ယြီခ်င့္ဟြမ္မွာ ေၾကာင္အမ္းေနရသည္။

ပုလင္းတံဆိပ္မွာေဖာ္ျပထားတဲ့စာကို ေဟာ္ခြၽီနားလည္ေနလိမ့္မည္ဟု သူေယာင္လို႔ေတာင္မထင္မွတ္ထားခဲ့တာမို႔ ေသသင့္သည့္အမွားကိုက်ဴးလြန္မိသားျဖစ္သြားလ်က္။ ၿပီးေတာ့လည္း အႏွီသူမွာ အခ်ိန္တိုေလးအတြင္း အဓိကအေရးႀကီးဆုံးအခ်က္ကို တကယ္ႀကီးနားလည္ေနသည္။

"ဟိုးအရင္ကသင္ထားခဲ့တာ" ေဟာ္ခြၽီသည္ သူ၏ႏႈတ္ခမ္းကိုေစ့ပိတ္ထားၿပီး ဤေခါင္းစဥ္အေပၚ ေဆြးေႏြးေျပာဆိုလိုျခင္းမရွိ။ ယြီခ်င့္ဟြမ္ကို အၾကည့္ေဖ်ာ့ေဖ်ာ့နဲ႔ၾကည့္ကာ

"ခ်င့္ဟြမ္ ကိုယ္ အခ်ိန္ၾကာၾကာေတာင့္မခံႏိုင္ဘူးလို႔ မင္းခံစားရတယ္လား?"

"မဟုတ္ဘူး!" ျပသနာ၏ေလးနက္ျပင္းထန္မႈကို ယြီခ်င့္ဟြမ္ ေနာက္ဆုံးမွသေဘာေပါက္သြားၿပီး ခ်က္ခ်င္းပဲ တကိုယ္လုံးတုန္တတ္သြားရသည္။ ထိုႏွစ္မ်ား အိပ္ရာေပၚတြင္ ေဟာ္ခြၽီဆီက အႏွိပ္စက္ခံရမည့္အေရးကို စိုးရိမ္ေတြးပူမိတာေၾကာင့္ သူ ကပ်ာကယာႀကိဳးစားရွင္းျပလိုက္သည္။

"ေပါက္ကရေတြမေတြးနဲ႔ ငါတကယ္ဒီလိုမထင္ဘူး"

"ကိုယ္မယုံဘူး" ယြီခ်င့္ဟြမ္ရဲ႕ထိတ္လန႔္ေျခာက္ျခားေနသည့္အၾကည့္မ်ားေအာက္မွာ ေဟာ္ခြၽီသည္ ပုလင္းကိုေဘးပို႔ထားလိုက္ၿပီး သူ႔အားခုန္အုပ္လာသည္။

"ေဟာ္ခြၽီ စိတ္ေအးေအးထားပါဦး" ေဟာ္ခြၽီေအာက္တြင္ ယြီခ်င့္ဟြမ္ အားနည္းစြာ႐ုန္းကန္ေနခဲ့ရၿပီး ေက်ာက္ခ်င္းယြမ္ကို စိတ္ထဲက အေသအလဲက်ိန္ဆဲေနမိသည္။

သူ႔စိတ္တိုင္းက် အိမ္ကိုဝင္ထြက္သြားလာတယ္! ေစာက္ေရးမပါတဲ့အင္ဒီးယန္းအံ့ဖြယ္အဆီပုလင္းဆိုတာလည္းတပါတည္းယူလာတယ္!! ဒါလူတေယာက္ကို ဘတ္စ္ကားေအာက္တြန္းပို႔လိုက္တာပဲမဟုတ္လား! သူေတာ့ အိပ္ရာေပၚမွာ ေဟာ္ခြၽီဆီက ေသေအာင္ႏွိပ္စက္ခံရေတာ့မယ္!!!

"တ..တကယ္ေျပာတာ...အဲ့ဒါ ေက်ာက္ခ်င္းယြမ္ဟာ"

သူျပန္ရခဲ့တဲ့ တခုတည္းေသာအေျဖမွာ ေဟာ္ခြၽီရဲ႕တိုး၍တိုး၍လာတဲ့အနမ္း႐ိုင္းမ်ားသာ။

ထိုညတြင္ ေဟာ္ခြၽီမွာ လုံးလုံး႐ူးသြပ္သြားသလိုရွိသည္။ သူေနထိုင္ခဲ့တဲ့ ႏွစ္ ၂၀ေက်ာ္စာ သက္လုံအားေတြ ထိုတညတည္းႏွင့္ အကုန္အစင္စုပ္ယူခံလိုက္ရသလို ယြီခ်င့္ဟြမ္ခံစားခဲ့ရ၏။ ေနာက္တစ္ေန႔မနက္သူႏိုးလာေတာ့ လမ္းေလွ်ာက္တာေတာင္ အားအင္ေဖ်ာ့ေဖ်ာ့ ယိုင္နဲ႔နဲ႔သာ။

ဆန႔္က်င္ဘက္အားျဖင့္ ေဟာ္ခြၽီမွာေတာ့ ဘာမွမျဖစ္ထားသလိုမ်ိဳးထင္ရကာ ေအးတိေအးစက္မ်က္ႏွာထားကိုဆက္လက္လုပ္ယူထားဖို႔ ခြန္အားေတာင္က်န္ေနေသးသည္!

ဒါ ယြီခ်င့္ဟြမ္အေပၚ ေဟာ္ခြၽီ ပထမဆုံးအႀကိမ္ စိတ္ဆိုးျခင္းျဖစ္၏။ ႏႈတ္ခမ္းလႊာကို တင္းတင္းေစ့ပိတ္ထားၿပီး ေဒါသအရွိန္ဖုံးလႊမ္းေနသည့္ ေမွာင္မိုက္ေသာမ်က္လုံးမ်ားျဖင့္ ယြီခ်င့္ဟြမ္အားစိုက္ၾကည့္ေနသည္မွာ အခ်ိန္မေ႐ြး သူ႔ကိုခုန္အုပ္ၿပီး ဗိုက္ထဲမ်ိဳခ်ပစ္ေတာ့မည့္အလား။ယြီခ်င့္ဟြမ္ ရင္တထိတ္ထိတ္နဲ႔ တုန္တုန္ရီရီျဖစ္လာရတဲ့အထိ။

နံနက္စာအျမန္စားၿပီး သူ႔ကိုယ္သူလုံၿခဳံမႈရွိေစရန္ရည္႐ြယ္လ်က္ ရႈတင္ဆီသို႔သုတ္ေျခတင္ထြက္ေျပးေတာ့သည္။ သူျပန္လွည့္ၾကည့္ေသာအခါ ေဟာ္ခြၽီ သူ႔ေနာက္ကလိုက္ပါလာသည္ကို ျမင္ေတြ႕လိုက္ရသည္။

"မင္းေရာ ငါနဲ႔အတူလိုက္မွာလား?" ယြီခ်င့္ဟြမ္ မဝံ့မရဲေလးေမးလိုက္သည္။

"အမ္း" ေဟာ္ခြၽီသည္ ခ်င့္ဟြမ္၏လက္ကို တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္ထားၿပီး မ်က္ႏွာမွာအရင္လိုေအးစက္ေနဆဲ။သို႔ေသာ္ သူ႔အသံမွာ အခ်ဥ္ေပါက္ေနခဲ့သည္။

"မင္းနဲ႔ ခ်င္က်န႔္ကို ႏွစ္ေယာက္အတူမထားႏိုင္ဘူး"

ယြီခ်င့္ဟြမ္, " ... "

ကိစၥကျဖင့္ ႏွစ္ေပါင္းရွစ္ရာေလာက္ရွိေနၿပီဟာကို! သူ ခုထိရွာလကာရည္ေသာက္ႏိုင္တုန္းပဲလား? ပေရာ္ဖက္ဆာေဟာ္ ျပသနာရွိေနတဲ့သူက မင္းမဟုတ္ဘူးဆိုတာ ေသခ်ာပါတယ္ေနာ္?!

Continue Reading

You'll Also Like

1.2M 50.8K 62
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
755K 8.1K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
10.1K 1.3K 6
ရွမ်ယန် တစ်ယောက် အလုပ်သစ်ရတော့ သူ့ဥက္ကဋ္ဌကို အရပ်ရှည်ရှည် ခပ်ဖြောင့်ဖြောင့် သူဌေးတစ်ယောက်၊ အထူးသဖြင့် Mary Sue တစ်ယောက်လိုဖြစ်လိမ့်မယ်လို့ မှန်းထားခဲ...
980K 51.4K 45
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...