နတ်ဆိုးဘုရင်ကဇာတ်ညွှန်းအတိုင်...

By keodilan

11.3K 796 53

Short Title:DLOFS Alternate Title:魔尊只想走剧情 Status:Completed Author:Jimo Yao Genre:Adventure, Comedy, Drama, Fa... More

Read First
Description
အပိုင်း(အပိုင်း၁.၁) Unicode
အပိုင်း(အပိုင်း၁.၂) Unicode
အပိုင်း(အပိုင်း၁.၁)Zawgyi
အပိုင်း(အပိုင်း၁.၂)Zawgyi
အပိုင်း(၂.၁) Unicode
အပိုင်း(၂.၂) Unicode
အပိုင်း(၂.၁)Zawgyi
အပိုင်း(၃.၁) Unicode
အပိုင်း(၃.၂) Unicode
အပိုင်း(၃.၁)Zawgyi
အပိုင်း(၃.၂)Zawgyi
အပိုင်း(၄.၁)Unicode
အပိုင်း(၄.၂) unicode
အပိုင်း(၄.၁)zawgyi
အပိုင်း(၄.၂)zawgyi
အပိုင်း(၅)Unicode
အပိုင်း(၅)Zawgyi
အပိုင်း(၆) Unicode
အပိုင်း(၆)Zawgyi
အပိုင်း(၇) Unicode
အပိုင်း(၇)zawgyi
အပိုင်း(၈.၁) Unicode
အပိုင်း(၈.၂) Unicode
အပိုင်း(၈.၁) zawgyi
အပိုင်း(၈.၂) zawgyi
အပိုင်း(၉.၁)/အပိုငျး(၉.၁)
အပိုင်း(၉.၂)/ အပိုင်း(၉.၂)
အပိုင်း(၁၀) Unicode
အပိုင်း(၁၀)zawgyi

အပိုင်း(၂.၂) Zawgyi

77 6 0
By keodilan


အပိုင်း(၂.၂)

ယန်ကျန်းချီးတောင်ရဲ့ ဂိတ်အရှေ့မှာနတ်ဆိုးကျင့်ကြံသူ အုပ်စုက အကာအကွယ်စည်းကို တိုက်ခိုက်နေကြတယ်။
နတ်ဆိုးကျင့်ကြံသူတွေရဲ့ခေါင်းဆောင်က အက်ရောင်သံချပ်ကာကို ဝတ်ထားတယ်။ သူကအရပ်ရှည်ပြီးတော့ အသားအရည်က ကြေးရောင်လိုပဲ။ ကြွက်သားတွေကလည်း အဖုအထစ်တွေနဲ့။ သူကဓားနှစ်ချောင်းကို လက်တွေနဲ့ဆုပ်ကိုင်ထားတယ်။ အကာအကွယ် ကိုအာရုံစိုက်ပြီး လက်တစ်ဖက်ပြီးတစ်ဖက်နဲ့လွှဲခုတ်လိုက်တယ်။ အကာအကွယ်ကြီးရဲ့ အရောင်ဟာ မှိတ်တုတ်မှိတ်တုတ်နဲ့မရပ်တန့်နိုင်တော့ဘူး။

သူကခုတ်နေရင်းနဲ့ သရော်ပြုံးပြုံးလိုက်တယ်။ ပြီးတော့ ကျယ်ကျယ်ပြောလိုက်တယ်။ " မင်းအရှင်ယုရီဆီလွှဲပေးမယ်ဆိုရင် အရှင်ကမင်းကိုချမ်းသာပေးလိမ့်မယ်။ ဒါဆိုမင်းလည်းပျော်မှာပါ။ ဘာလို့ခေါင်းမာနေရတာလဲ?"

ယန်ကျန်းချီးရဲ့ တပည့်အနည်းငယ်က အသင့်အနေအထားအနေနဲ့ အကာအကွယ်ထဲမှာ ထိုင်စောင့်နေကြတယ်။ သူတို့ရဲ့ အမူအရာတွေက လှုပ်ရှားမှုကင်းမဲ့နေတယ်။ သူတို့က အပြင်က နတ်ဆိုးကျင့်ကြံသူတွေကို အေးစက်စွာကြည့်လိုက်တယ်။

မိုရှို့က ပြုံးလိုက်ပြီး သူ့အသံကလည်း မပြတ်မသားဖြစ်နေတယ်။ ရင်းနှီးနေတဲ့ပုံစံနဲ့စကားပြောလိုက်တယ်။ "မင်းတို့ရဲ့ မျက်နှာသေတွေကို ကြ့ည်စမ်းပါဉီး။ မင်းတို့ကဗဟုသုတနည်းလိုက်တယ်။ မင်းတို့တွေပျော်ပျော်နေသင့်နေတာ။  မင်းတို့ ယန်ကျန်းချီးမှာ တစ်ကမ္ဘာလုံးထဲမှာ ဒီလိုကျော်ကြားတဲ့သူမျိုးရှိနေတာ။ နံပါတ်တစ်အလှလေး။ သူသာ သာမန်မဟုတ်ဘူးဆိုရင် ငါတို့ရဲ့အရှင်က ကြိုက်မှာမဟုတ်ဘူး။  ဒါကမင်းတို့ရဲ့ ကံကောင်းခြင်းပဲ။ သူကတော့ မျက်နှာပြောင်တိုက်တာပဲ။ "
အဲ့ဒီတပည့်အနည်းငယ်က ဒေါသဆွပေးတဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်က ညစ်ညမ်းတဲ့ စကားတွေကို မရေမတွက်နိုင်အောင်ကြားနေရတယ်။ သူတို့အဲ့ဒါကို ကြားရတိုင်း နာကျည်းမှုကို ခံစားနေရတုန်းပဲ။

စီနီယာအကိုကြီးရှဲ့ဟိုင်က သူတို့အားလုံးရဲ့ လေးစားရတဲ့ ပုဂ္ဂိုလ်ပဲ။ သူက ယန်ကျန်းချီး မဟုတ်ဘူး။ အမတ တစ်ကမ္ဘာလုံးရဲ့ နံပါတ်တစ်ဂုဏ်အယူရဆုံးပဲ။ ကျင့်ကြံခြင်းသာမကပဲ မျိုးဆက်သစ်လူငယ်တွေရဲ့ ခေါင်းဆောင်တစ်ယောက်ဆိုလည်းမမှားဘူး။ သူ့ရဲ့ရုပ်ရည်မှာတောင်မှ ပြိုင်ဘက်ကင်းပြီး စွဲမက်စရာကောင်းတယ်။ ယန်ကျန်းချီးရဲ့ ဒီလိုတည်ရှိမှုက ယန်ကျန်းချီးမှာရှိတဲ့ လူတွေအားလုံးရဲ့ ဂုဏ်ယူစရာပဲ။ ဒါပေမဲ့ နတ်ဆိုးတွေပြောတာက သူကအစေခံပဲတဲ့။ သူတို့က ​ရှေ့ဆက်လျှောက်ပြီး အသက်ရှင်ဖို့အခွင့်အရေးရှိချင်တယ်တဲ့။

ဒီနေ့က၇၇၄၉ရက်မြောက်နေ့ပဲ။ အကာအကွယ်စည်းက ပိုပြီးကြာကြမခံနိုင်တော့က သေချာလာနေပြီ။ မခံမရပ်နိုင်တဲ့အကြည့်တွေနဲ့ ပြည့်နှက်နေတဲ့ တပည့်တွေဟာဆိုရင် အသက်ကိုပြင်းပြင်းရှုနေကြတယ်။ သူတို့ရဲ့လက်ထဲမှာ ဓားတွေကို တင်းကြပ်စွာဆုပ်ကိုင်ထားတယ်။

ဘယ်သူမှမလာကြဘူး။

သူဒီနေရာမှာသေသွားမယ်ဆိုရင်တောင်သေတာထက်ပိုမှာမဟုတ်ဘူး။

သူတို့ငကြောက်ဖြစ်နေရတာ လုံလောက်ပြီလေ။

သူတို့ဟာ တစ်ယောက်ဘေးမှာ တစ်ယောက်ရပ်လိုက်ကြပြီး သေတဲ့ထိတိုက်ဖို့ အဆင်သင့်ဖြစ်နေကြပြီ။ သူတို့အသံကိုကြားတဲ့အခါမှာ နောက်ဘက်ကိုလှည့်ကြည့်လိုက်တယ်။ မှင်တက်စွာနဲ့မေးလိုက်တယ်။ " စီနီယာရှဲ့..ဘာလို့ထွက်လာရတာလဲ?"

...............................................................................

သန့်စင်ခြင်းနတ်ဆိုးမျှော်စင်မှာ ဖန်းလိက အပြုံးလေးနဲ့ပြောလိုက်တယ်။ "ငါယုံတယ်။"

သူက ဝူရိမေ့ကို ထဖို့သူ့ရဲ့လက်ကို ဆန့်ထုတ်လိုက်ပြီးလေထဲမှာဝေ့ယမ်းလိုက်တယ်။

ဝူရိမေ့က သူ့ရှေ့က ဖြူဖျော့နေတဲ့ လူကို ကြည့်လိုက်ပြီး သူ ငေးကြည့်နေတာကို ရုတ်သိမ်းလိုက်ပြီး ရိုသေစွာ ခေါင်းပြန်ငုံ့လိုက်တယ်။ အဲ့ချိန်မှာ သူ့နှလုံးထဲမှာပေါ်လာတဲ့ ထူးဆန်းတဲ့ခံစားချက်ကို ဖိနှိပ်ထားလိုက်တယ်။

အရှင်ကအမြဲတမ်းကို အေးစက်ပြီး   ဆိတ်ဆိတ်နေခဲ့တယ်။ သူဘာတွေးနေလဲဆိုတာကိုသူမှမသိဘူး။ သူ့(ဝူရိမေ့)ကို ညာလက်ရုံးအဖြစ်နေရာပေးထားတာတောင် သူ့(ဝူရိမေ့)ကိုသိပ်မယုံကြည်ဘူး။

တစ်ရံတစ်ခါ ဒီလူက ဘယ်သူ့ကိုမှ မယုံဘူးလို့တောင် ဝူရိမေ့ခံစားရတယ်။ သူ့ကမ္ဘာလေးထဲမှာ တစ်ယောက်တည်း အထီးကျန်နေသလိုပဲ။ သူနဲ့အတူ ဆယ်နှစ်ကြာ အလောင်းတောင်တွေပေါ် ဖြတ်ကျော်ပြီး သွေးပင်လယ်တွေကြား တူတူသွားဖူးတာတောင် ဒီလူကတော့ သူ့ကို ဘယ်တော့မှ .........။ ကွဲပြားချက်နည်းနည်းရှိပုံရတယ်။ သူ့ရဲ့ အစစ်အမှန်တစ်ဝက်ကိုတောင်မှ သူ့(ဝူရိမေ့)အား မဖော်ပြခဲ့ဘူး။

ဒါပေမဲ့ ဒီနေ့မှာတော့ သူ့အရှင်က သူ့ကို သူ့ရဲ့အပြုအမူတွေကို မရှင်းပြခဲ့ဘူး။ သူ့(ဝူရိမေ့)ကို သူယုံတယ်ဆိုပြီး ပြုံးပြီးတောင်ပြောလိုက်သေးတယ်။

ဒါက သူ့အတွက် ရှားပါးလွန်းတယ်။ အိပ်ရင်းယောင်တာတောင် ဒီလိုမျိုးမဖြစ်နိုင်ဘူး။ သူနည်းနည်းတောင် သတိလွတ်သွားတယ်။

ဖန်းလိက ပေါ့ပေါ့ပါးပါး အမိန့်ပေးလိုက်တယ်။ " ဒီနေရာကို ရှင်းလိုက်ရအောင်။"

ဒီ****ကော်ဇောကို ကြည့်လိုက်ပြီး ဖန်းလိတွေးလိုက်တယ်။ ဒီကော်ဇောက ထပ်ပြီးသုံးလို့မရတော့ဘူးပဲ။

ဒီချိန်မှာ သူကအပြင်ကနေ ရှဲ့ဟိုင်ထွက်လာပြီဆိုတဲ့ သတင်းကို ကြားလိုက်တယ်။

ဖန်းလိက သူ့ရဲ့မျက်ခုံးတွေကို အနည်းငယ်ပင့်လိုက်ပြီးထလိုက်ကာ အပြုံးနဲ့ပြောလိုက်တယ်။ " ငါနဲ့ အပြင်လိုက်ခဲ့။ သွားကြည့်ရအောင် "

ဝူရိမေ့ကချက်ချင်းဖြေလိုက်တယ်။"ဟုတ်ကဲ့"
အတွေးကိုယ်စီနဲ့ ဖန်းလိနဲ့ ဝူရိမေ့က မျှော်စင်အပြင်ဘက်ကို ပေါ်လာခဲ့တယ်။ သူအပြင်ကိုရောက်လာတာနဲ့ တပြိုင်နက်တည်း အပြင်ဘက်က လုံးဝကို တိတ်ဆိတ်သွားတယ်။ တိတ်ဆိတ်နေတဲ့ ကြားမှာမှော်နက်ကျင့်ကြံသူတွေက ဒီရေလို စုဝေးသွားပြီး သူတို့အတွက် လမ်းဖယ်ပေးလိုက်ကြတယ်။

ဒီမြင်ကွင်းဟာ လက်ဖျားခါလောက်အောင် ခမ်းနားလွန်းတယ်။

ဖန်းလိက ဖြည်းဖြည်းချင်း လျှောက်လာတယ်။ သူ့ရဲ့ ဝတ်ရုံနက်က မြေပြင်ပေါ်တွဲကျနေတယ်။ သူက ငေးတိငေးမောနဲ့ တွေးလိုက်တယ်။ သူကအရှုပ်ထုပ်ကို ကောက်ယူလိုတာပဲ။ ခုတော့ သူအားနည်းနေပြီ။ တကယ်လို့ မှော်နက်ကျင့်ကြံသူတစ်ယောက်ယောက်က ထပြီးပေါက်ကွဲလိုက်မယ်ဆိုရင် သူ့ကို သတ်နိုင်ဖို့ ဖြစ်နိုင်ချေက အရမ်းမြင့်လွန်းတယ်။

သူက သာမန်ကာလျှံကာ ဘေးနှစ်ဖက်ကို ကြည့်လိုက်တယ်။ နှစ်ဖက်လုံးက မှော်ကျင့်ကြံသူတွေက သူတို့ခေါင်းတွေကို ငုံ့လိုက်ကြတယ်။ တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်သွားကြတယ်။

သနားစရာပဲ။ သူ့ကိုသတ်ဖို့ ဒီလို အခွင့်အရေးကောင်းမျိုးကို ဘယ်မှော်နက်ကျင့်ကြံသူကမှ လက်လွှတ်ခံဖို့ သတ္တိရှိမှာမဟုတ်ဘူး။

ဖန်းလိကသူ့နှုတ်ခမ်းထောင့်တွေကို ကွေးလိုက်တယ်။ နောက်ဆုံးတော့ နတ်ဆိုးအုပ်စုကို ဖြတ်ကျော်လာခဲ့ပြီ။ ယန်ကျန်းချီး ရဲ့ဂိတ်ဆီကို ရောက်လာခဲ့ပြီ။ သူက သူ့ခေါင်းကိုမော့လိုက်တယ်။ သူ့ရှေ့က လက်တစ်ဖက်တည်းနဲ့ ဓားတစ်ချောင်းကိုကိုင်ထားတဲ့ အဖြူရောင်ဝတ်ရုံနဲ့ လူကို တွေ့လိုက်တယ်။

အမတကျင့်ကြံသူတွေရဲ့ အင်္ကျီက ​များသောအားဖြင့်မှော်လက်နက်တွေပဲ။ ဖုန်အညစ်အကြေးကင်းစင်စေတဲ့ စနစ်တွေနဲ့ လုပ်ထားတယ်။ ဒါကြောင့် အစက်အပြောက်ကင်းနေတာ သဘာဝပါပဲ။ ဒါပေမဲ့ဒီချိန်မှာတော့ ဒီလူရဲ့ အဖြူရောင် အဝတ်အစားတွေက သွေးတွေစွန်းနေခဲ့ပြီ။ မှော်လက်နက်တွေသာ ပျက်စီးသွားမယ်ဆိုရင် သူတို့ကို အစားထိုးလို့မရနိုင်ဘူး။ သွေးတွေနဲ့ စွန်းထင်းနေလိမ့်မယ်။

ဒါကရှက်စရာမြင်ကွင်းဖြစ်နေပေမဲ့ ပြိုင်ဘက်ကိုယ်ပေါ်မှာဖြစ်နေတယ်။ ဒါကအဖြူရောင်နှင်းပေါ်မှာ ပက်ဖြန်းခံရတဲ့ မှင်ရည်တွေလို ပန်ချီးကားနဲ့တူတယ်။အဲ့ထဲကပုံက rankအမြင့်ဆုံး စွဲဆောင်မှုအားပြင်းတဲ့အလှလေးတ်ယောက်က ဝမ်းနည်းဖွယ်ရာ ပုံရိပ်ကို ဖြစ်စေသလို။

သူရဲ့အဖြူရောင်အဝတ်တွေက သွေးတွေစွန်းထင်းနေပြီး နတ်ဆိုးတွေ ဝိုင်းရံခံရတာတောင်မှ အေးအေးဆေးဆေးဖြစ်နေတယ်။ မူလကတည်းက အပြင်းအထန်ကို အထက်စီးဆန်တဲ့ နတ်ဆိုးကျင့်ကြံသူတွေတောင် ထိတ်လန့်တကြားဖြစ်နေတယ်။ သူ့ကိုကြောက်ရွံ့အောင် ပတ်ပတ်လည် တင်းကြပ်စွာ ဝန်းရံထားတယ်။

သူကအန္တရာယ်ရှိတဲ့ တည်ရှိမှုလိုပဲ။

ဒီလိုဆိုးဝါးတဲ့ အခြေအနေမှာ ရန်သူ့ကို ကြောက်အောင် သတ်ခြင်းနဲ့ သွေးတွေကပဲ လုပ်နိုင်သေးတယ်။

ဖန်းလိနိုးလာပြီးနောက် ဝူရိမေ့ကို မေးမြန်းရင်း သစ္စာဖောက်တွေနဲ့ ပတ်သက်တဲ့ ဇာတ်ကွက်တွေနဲ့ အလုပ်ရှုပ်နေခဲ့တာ။ ရှဲ့ဟိုင်အကြောင်းတွေးဖို့ အချိန်မရှိခဲ့ဘူး။ ဇာတ်ကြောင်းအတိုင်း ပထမဆုံးသူ့ကိုခေါ်မယ်၊ စကားပြောမယ် စီစဉ်ရင်း လမ်းလျှောက်လာခဲ့တယ်။

ခုကစပြီး မရေမတွက်အောင်များပြားတဲ့ လူတွေနဲ့ လူအားလုံးရဲ့ လေးစားခြင်းကို ခံရတဲ့ ဒီလူက သာမန်ထက်ထူးခြားပုံပဲ။

အရှင် ယုရီ ရှဲ့ချင်းကျန်း..။

လူတစ်ယောက်၊ ဓားတစ်ချောင်း ဒီကမ္ဘာကြီးမှာ အမှီအခိုကင်းနေတယ်။

အဲ့ချိန်မှာ ဖန်းလိက တွေးလိုက်တယ်။ သူ့ကို ချစ်မိသွားတဲ့ ယန်ရွှီအတွ​က် မမှားဘူး။

တကယ်တော့ လူတွေကိုသူတို့ရုပ်ရည်နဲ့ ဆုံးဖြတ်တာက အမတတွေရဲ့ပုံမှန်ပြဿနာရပ်ပဲ။ အမတတွေရဲ့ ရွံရှာခြင်းခံရတယ်ဆိုတာကို နားလည်နိုင်ပါတယ်။

(T/N-ဆိုလိုတာက အမတတွေက နတ်ဆိုးတွေကို ရုပ်စိုးလို့ မုန်းတာလို့ထင်တယ်ဗျ..ဘာပဲဖြစ်ဖြစ် ကိုယ်လေးကတော့ နတ်ဆိုးဘုရင်ကြီးကို အသေကြိုက်ပဲ)

ဖန်းလိက systemကို ဝတ်ကျေတမ်းကျေ စိတ်ထဲက တုန့်ပြန်လိုက်တယ်။ တကယ်တော့ သူကဒီတာဝန်ကို လုပ်ဆောင်ဖို့စိတ်မဝင်စားဘူး။ ဒါပေမဲ့ သူက ဒီလို ရပ်သပ်ရှုမောဖွယ်ပုံစံနဲ့ သူ့မျက်လုံးကို ကျေနပ်စေတဲ့ဒီလုပ်ဖော်ကိုင်ဖက်တွေနဲ့ လိုက်ပါသရုပ်ဆောင်ပေးမယ်ဆိုရင် ဒီအလုပ်ကပျင်းစရာမကောင်းမဲ့ပုံပဲ။ မဖြစ်နိုင်တာတော့မဟုတ်ပါဘူးလေ။

"ဒီနေ့ ငါဒီကိုလာခဲ့တယ်။ ငါ့မှာမေးစရာတစ်ခုပဲရှိတယ်။ မရေတွက်ခင် မင်းတို့ဘုရင်ပြောခဲ့တယ်မလား?" ရှဲ့ဟိုင်ရဲ့အသံက နှိမ့်လည်းမနှိမ့်ချထားသလို ယုံကြည်မှုလွန်ကဲနေတာမျိုးလည်း မဟုတ်ဘူး။ သူ့ရဲ့ မျက်နှာအမူအရာက အေးစက်နေပြီးတော့ တစ်သမတ်တည်းဖြစ်နေတယ်။ ဖန်းလိကို တည်တည်ငြိမ်ငြိမ်ပဲ ကြည့်လိုက်တယ်။

ဖန်းလိသူသတိပြန်ဝင်လာပြီး ခေါင်းငြိမ်ပြလိုက်တယ်။ ပြောလိုက်တယ်။ "ဒါပေါ့"

အပြစ်မဲ့တဲ့***လူတွေကို ငါလက်လွတ်စပယ်လုပ်တယ်လို့မပြောနဲ့။ငါ့ကိုယ်ငါမုန်းတယ်လို့ပဲပြောလိုက်ပါ။ ငါတို့အားလုံးကို သတ်ပစ်ဖို့မရည်ရွယ်ခဲ့ဘူး။ ယန်ကျန်းချီးမှာရှိတဲ့ ဓားကျင့်ကြံသူတွေက စာအုပ်​ကြီးအတိုင်း ခရေ့စေ့တွင်းကျလုပ်နေသော်လည်း သူတို့က ရိုးသားပြီး ဖြောင့်မတ်ပြီးရင်း ဖြောင့်မတ်နေတာ။ သူတွေက ကမ္ဘာကြီးကို ကယ်တင်ခဲ့တဲ့ ကာကွယ်သူတွေနဲ့ နတ်ဆိုးအဖွဲ့ပဲ။လူတွေကို ကယ်တင်ခဲ့တဲ့ လူတွေရဲ့စံနမူနာ ပြုပြင်တဲ့အရူးပဲ။ သူတော်စင်လို ကြောင်သူတော်လိုမျက်နှာနှစ်ဖက်နဲ့လူမဟုတ်ဘူး။ ဒီလိုလူမျိုးတွေကို သတ်ရတာ ပျော်စရာလုံးဝမကောင်းဘူး။

ရှဲ့ဟိုင်ကို တောင်းလိုက်တာက အမတဂိုဏ်းရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပဲ။

ရှဲ့ဟိုင်က မရှောင်ခဲ့ဘူး။ ဖန်းလိရဲ့ မျက်လုံးတည့်တည့်ကို ကြည့်လိုက်တယ်။ ခဏကြာပြီးတဲ့နောက် လက်နောက်ပြန်နဲ့ ဓားကို ရုတ်သိမ်းလိုက်တယ်။ ကြည်လင်တဲ့အသံနဲ့ပြောလိုက်တယ်။ "ကောင်းပြီ။ ကျွန်တော်အရှင့်ကို ယုံတယ်။"

သူအဲ့ဒါကို ပြောပြီးတဲ့နောက် ရှေ့ဆက်လျှောက်လာခဲ့တယ်။

သူ့နောက်မှာရှိတဲ့ ယန်ကျန်းချီးတပည့်တွေအားလုံးက ကိုကြည့်ရတာ ဝမ်းနည်းနေတဲ့ပုံပဲ။ သူတို့က အကြံပေးခဲ့တယ်။ "အကိုကြီး....နှစ်ခါစဉ်းစားပါဉီး"

ရှဲ့ဟိုင်က သူတို့ဘက်လှည့်ကြည့်ပြီး ရေးရေးလေးပြုံးပြီး ပြောလိုက်တယ်။ "ပြန်သွားပါ"

သူ့ရဲ့အသံက မပြင်းထန်သော်လည်း တပည့်အားလုံးက သူ့ကို တစ်ချက်ကြည့်ပြီးနောက် ဆက်မပြောရဲကြတော့ဘူး။ သူတို့မျက်လုံးတွေကနီသွားပေမဲ့ သူတို့ကအံကြိတ်လိုက်ပြီး အဲ့နေရာကနေမရွေ့ခဲ့ကြဘူး။

ရှဲ့ဟိုင်ရဲ့ စကားလုံးတွေက လူတိုင်းကို လန့်သွားစေတယ်။ နောက် သူ့လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး သူ့ကျောပေါ်က ဓားရှည်ကို ယူလိုက်တယ်။ ဖန်းလိဆီသို့ တစ်လှမ်းပြီးတစ်လှမ်းလျှောက်သွားလိုက်တယ်။

အေးစက်နေတဲ့ထိုလူရဲ့ပုံစံက တည်ငြိမ်နေပြီး အလျင်မလိုတဲ့ပုံနဲ့ နတ်ဆိုးတွေကြား လျှောက်လာတယ်။ သူ့အမူအရာက ခြံဝန်းထဲမှာ အေးဆေးလျှောက်လာတဲ့လူနဲ့တောင် တူသေးတယ်။ အလိုမလိုက်ခံရသကဲ့သို့ ဂုဏ်ပြုစားသောက်ပွဲက ဧည့်သည်လိုပဲ။

ဖန်းလိက သူ့မျက်လုံးတွေကို မှေးကျဉ်းလိုက်တယ်။ ရှဲ့ဟိုင်က သူ့ကို ဒုက္ခတွေကနေကယ်ပေးဖို့လုပ်နေတဲ့ နောက်လိုက်တပည့်တွေကို စိတ်အေးအေးထားအောင်လုပ်နိုင်တယ်။ ဒါအချက်ကဆိုရင် သွေးချောင်းစီးဖို့ မလိုတော့အောင် လုပ်နိုင်တယ်။ ဒါပေမဲ့......

ရှဲ့ဟိုင် သူ့နားလာလုနီးပါးဖြစ်နေတာကို မြင်တော့ ဝူရိမေ့က ရုတ်တရက် ရှေ့ကိုတစ်လှမ်းတိုးလိုက်ပြီး ရှဲ့ဟိုင်ရှေ့ရပ်လိုက်တယ်။ သူ့ရဲ့မျက်လုံးနီတွေက စူးရှပြီး အမူအရာမဲ့နေတယ်။ တစ်လုံးပြီးတစ်လုံး​ပြောလိုက်တယ်။ "ဝိဥာဉ်ဓားကို လွှဲပြောင်းပေး"

ဖန်းလိက ဝူရိမေ့ကို သဘောတူတဲ့ပုံနဲ့ ကြည့်လိုက်တယ်။ ယန်ရွှီက သူ့ကို သူ့ဘက်မှာ ထားချင်တာ အံ့သြစရာမရှိရတော့ပါဘူး။

လက်ရှိအချိန်မှာ သူ့ရဲ့အခြေခံကျင့်ကြံခြင်းကို အသုံးပြုလို့မရနိုင်သေးဘူး။ ရှဲ့ဟိုင်က သူ့ဓားကို သူနဲ့အနီးကပ်ထားလိုက်မယ်ဆိုရင် သူ့ရဲ့ဓားတစ်ချောင်းတည်းနဲ့ သူ့ကို သတ်နိုင်တယ်ဆိုတာကို သူအရင်ဆုံးကြိုးစားလိမ့်မယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိဘူး။ သူအမိန့်ပေးဖို့ ပါးစပ်ကိုဖွင့်လိုက်တယ်။ နတ်ဆိုးဘုရင်လောက် သူကမသန်မာမဲ့ပုံမပေါ်ဘူးလား?။ သူတစ်ခုခုမှားသွားမယ်ဆိုရင် လူတွေကို အံ့သြသွားစေနိုင်တယ်။ မဟုတ်ဘူး။ အကျဉ်းသားတစ်ယောက်ကို ဘာလို့ ဂရုပြုနေရမှာလဲ....

ဒီချိန်မှာ နောက်လိုက်တွေကို ဂရုစိုက်ခြင်းရဲ့ အရေးပါမှုဟာဆိုရင် ရောင်ပြန်ဟပ်တာပဲ။

ရှဲ့ဟိုင်က သူ့ရှေ့က အေးစက်နေတဲ့ အနီရောင်မျက်လုံးနဲ့လူကို ကြည့်လိုက်တယ်။ သူကဝူရိမေ့ဖြစ်ရမယ်။ မော့ကျွင်းရဲ့ ယုံကြည်ရတဲ့လူ။

ဓားရေးကျင့်ကြံသူတစ်ယောက်အနေနဲ့ သူ့ဓားကို လွှဲပေးလိုက်ခြင်းဟာ အခြားသူတွေသတ်ဖြတ်ဖို့ရန် သူ့တစ်ဘဝလုံးကို ပေးလိုက်တာနဲ့ တူညီတယ်။ဒါပေမဲ့ ဒါက ရှဲ့ဟိုင်ရဲ့ မျှော်လင့်ချက်တွေအတွင်းမှာပဲရှိတယ်။သူအခြားအခွင့်အရေးတစ်ခု ရှာနိုင်ပုံရတယ်။

ရှဲ့ဟိုင်က အမူအရာမဲ့နေပြီး သူ့ဓားကို ဝူရိမေ့ဆီလွှဲပေးလိုက်တယ်။ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်တယ်။ ဖန်းလိကို ပြန်ကြည့်လိုက်တယ်။ သူ့ရဲ့နှုတ်ခမ်းထောင့်တွေက အနည်းငယ်ကွေးတက်နေတယ်။

နှစ်လိုဖွယ်ကောင်းလိုက်တာ။

ဖန်းလိ အနည်းငယ် စိတ်လှုပ်ရှားသွားတယ်။ တကယ်လို့ သူ့ရဲ့ပုံစံကို ပြောင်းလိုက်မယ်ဆိုရင် သူရှဲ့ဟိုင်လောက် အေးဆေးတည်ငြိမ်လိမ့်မှာမဟုတ်ဘူး။ သူ့လိုမျိုး မကောင်းဆိုးဝါးလက်ထဲရောက်သွားမယ်ဆိုရင် အဲ့ဒါက သေဖို့တောင်ခကခဲသွားနိုင်တယ်။

တချို့လူတွေက သေရမှာကို မကြောက်ကြဘူး။ တချို့လူတွေက အခက်အခဲတွေကို မကြောက်ကြဘူး။ ဒါပေမဲ့ ဘဝဆိုတာ သေဆုံးခြင်းထက် ပိုကောင်းပါတယ်။ ဒါပေမဲ့ လူနည်းနည်းကသာ ဒါကို အေးဆေး ရင်ဆိုင်နိုင်တာပါ။

ဖန်းလိက ရှဲ့ဟိုင်လို လူမျိုးကို ရိုးရိုးသားသားနဲ့ လေးစားအားကျမိတယ်။ သူ့ရဲ့နောက်က အားနည်းတဲ့လူတွေကို ကာကွယ်ဖို့နဲ့ သူ့ရဲ့သစ္စာအတွက် ****ကို တစ်ယောက်တည်း သွားရဲတယ်။ ဒီလိုပြဿနာမျိုးနဲ့သာ မကြုံခဲ့ရင် သူကသူငယ်ချင်းတစ်ယောက်ဖြစ်လာရမှာ.....။

ခုတော့ ဇာတ်ညွှန်းအတိုင်း သူသွားလိုက်ရုံသာတတ်နိုင်တော့တယ်။

ဖန်းလိကရှေ့သို့လျှောက်လိုက်တယ်။ သူတို့နှစ်ယောပ်က အရပ်တူတူလောက်ရှိတယ်။ တစ်ယောက်ကိုတစ်ယောက် ကြည့်ရုံသာကြည့်နေတယ်။
သူကရည်ရွယ်ချက်ရှိရှိ စနောက်တဲ့အကြည့်ကို ပြသလိုက်ပြီး သူ့မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်တယ်။ တစ်ဖ်တစ်ချက်က နတ်ဆိုးတပည့်တွေကို ကြည့်လိုက်ပြီး တခစ်ခစ်ရယ်သံစွတ်သော အသံဖြင့် ပြောလိုက်တယ်။ "ဒီနေ့ကစပြီး မင်းက ငါကိုယ်တော်ရဲ့လူပဲ"

(T/N-အနည်းငယ်နောက်ကျသွားလို့ gomenne.​စာ
လုံးရေ-၂၆၉၁၄လုံး.....ခုတလောsystem ficရေးချင်နေတာ Titleက စဉ်းစားမရတာနဲ့ အကြမ်းတောင်မရေးရသေးဘူး။ ဒါကတော့ဈေးဗန်းကြိုခင်းထားတာပါဗျာ။ ဖတ်ပေးတဲ့ ကလေးလေးတွေကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ။ ဘာဆက်ဖြစ်မလဲဆိုတာ ကိုယ်တော့သိချင်နေပါပြီ)

Continue Reading

You'll Also Like

192K 9.2K 52
My name is Alex Cruz, I'm a omega, so I'm just a punching bag to my pack. But Emma, Queen of werewolves Sam, queen of dragons Winter, queen of vampi...
161K 10K 46
Elizabeth has been ruling her kingdom for 3 years now. She's gone through countless advisors in those 3 years. When she's finally ready to give up on...
2.7K 283 6
Title: ရသစုံရှိုးတစ်ခုမှာ ရုပ်ရှင်ဘုရင်ကြီးနှင့် ချစ်ကြိုက်သွားပြီးနောက် ငါနာမည်ကြီးလာခဲ့တယ် Genre: BL, Showbiz, Transmigration, Romance စုချီယွဲ့ (...