နတ်ဆိုးဘုရင်ကဇာတ်ညွှန်းအတိုင်...

By keodilan

11.3K 796 53

Short Title:DLOFS Alternate Title:魔尊只想走剧情 Status:Completed Author:Jimo Yao Genre:Adventure, Comedy, Drama, Fa... More

Read First
Description
အပိုင်း(အပိုင်း၁.၁) Unicode
အပိုင်း(အပိုင်း၁.၂) Unicode
အပိုင်း(အပိုင်း၁.၁)Zawgyi
အပိုင်း(အပိုင်း၁.၂)Zawgyi
အပိုင်း(၂.၁) Unicode
အပိုင်း(၂.၂) Unicode
အပိုင်း(၂.၂) Zawgyi
အပိုင်း(၃.၁) Unicode
အပိုင်း(၃.၂) Unicode
အပိုင်း(၃.၁)Zawgyi
အပိုင်း(၃.၂)Zawgyi
အပိုင်း(၄.၁)Unicode
အပိုင်း(၄.၂) unicode
အပိုင်း(၄.၁)zawgyi
အပိုင်း(၄.၂)zawgyi
အပိုင်း(၅)Unicode
အပိုင်း(၅)Zawgyi
အပိုင်း(၆) Unicode
အပိုင်း(၆)Zawgyi
အပိုင်း(၇) Unicode
အပိုင်း(၇)zawgyi
အပိုင်း(၈.၁) Unicode
အပိုင်း(၈.၂) Unicode
အပိုင်း(၈.၁) zawgyi
အပိုင်း(၈.၂) zawgyi
အပိုင်း(၉.၁)/အပိုငျး(၉.၁)
အပိုင်း(၉.၂)/ အပိုင်း(၉.၂)
အပိုင်း(၁၀) Unicode
အပိုင်း(၁၀)zawgyi

အပိုင်း(၂.၁)Zawgyi

158 7 0
By keodilan


အပိုင်း(၂.၁)

ယန်ကျန်းချီးလွန်ခဲ့တဲ့နှစ်လေးထောင်တုန်းကပဲ။အကာအကွယ်စည်းကို နောက်ဆုံးဖွင့်ခဲ့တဲ့အချိန်က  သဘာဝဘေးအန္တရာယ်တွေ မီးဘေး နဲ့ တောင်တွေ မြစ်ချောင်းတွေ ကသောင်းကနင်းဖြစ်ခဲ့တာကြောင့်ပဲ။

အကာအကွယ်အခင်းအကျင်းရဲ့ အချက်အချာဟာဆိုရင် လင်းယွမ် တောင်ထိပ်ရဲ့ အမတ ခန်းမဆောင်ထဲမှာ  တည်ရှိတယ်။ ဒါကို အာရုံလွှဲပြောင်းခြင်းအဆင့်ကို ရောက်ရှိနေတဲ့ ဝါရင့်တဲ့သူတွေက ဆောင်ရွက်ကြတယ်။ သူတို့စီရင်ခင်းကျင်းဖို့အတွက် သန်းချီတဲ့ ဝိဥာဉ်ကျောက်တုံးတွေကို နေ့တိုင်းလိုအပ်တယ်။ ယန်ကျန်းချီးမှာ ရှည်လျားတဲ့သမိုင်းနဲ့ ပေါများတဲ့ အမွေအနှစ်တွေရှိတယ်။ ရက်ပေါင်းခုနှစ်ထောင့်ခုနှစ်ရာလေးဆယ့်ကိုးရက်အတွင်းမှာ မထိန်းသိမ်းထားနိုင်တဲ့အခြေအနေကိုကျရောက်သွားပြီ။

အခြေတည်အဆင့်ထက်မြင့်တဲ့ တပည့်တစ်ထောင်နီးပါးဟာ တည်ကြည်လေးနက်တဲ့မျက်နှာထားတွေနဲ့ အမတခန်းမအပြင်ဘက်မှာ အသံတိတ်နေရာယူထားကြတယ်။ သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်က ဒီအကာအကွယ်ကို ကျွမ်းကျင်စွာကိုင်တွယ်ဖို့အတွက် မလုံလောက်သေးဘူး။ ဒါပေမဲ့ နောက်ဆုံးအချိန်မှာတော့  ဝိဥာဉ်ကျောက်တုံးတွေကို အသုံးပြုပြီး သူတို့ရဲ့ကိုယ်ပိုင်ကျင့်ကြံခြင်းကို လောင်ကျွမ်းသွားအောင်လုပ်နိုင်ပြီး အကာအကွယ်စည်းကို ဆက်လက်ထိန်းထားနိုင်တယ်။

အခင်းအကျင်းက ဝိဥာဉ်စွမ်းအားကို ထောက်ပံ့ပေးတယ်။

ရုတ်တရက် မှိန်ဖျော့တဲ့ အကာအကွယ်က လေထဲမှာ ဖျက်ခနဲလက်သွားတယ်။ ဒါက ထပ်ပြီးတိုက်ခိုက်ခံရတယ်ဆိုတာကို ဖော်ပြနေတာပဲ။
နတ်ဆိုးကျင့်ကြံသူတွေက ပိုပြီးကြီးမာတဲ့အကာအကွယ်ကစွမ်းအားတွေကို လောင်မြိုက်သွားစေနိုင်တဲ့ ပိုကြီးတဲ့အကာအကွယ်ကို တန်ပြန်တိုက်ခိုက်နေကြတယ်။ အဲ့ဒီအကာအကွယ်စက်ဝန်းကြီးရဲ့အရောင်က မှိန်သထက် မှိန်လာပြီ။ ဒီနေ့.....ထပ်ပြီးတောင့်မခံနိုင်တော့မှာကို... ငါစိုးရိမ်တယ်။

ရှဲ့ဟိုင်က ဝမ်ရှဲန်နန်းတော်ကနေ ဖြည်းဖြည်းချင်းထွက်လာပြီး မော့ကြည့်လိုက်တယ်။ ကောင်းကင်ပေါ်ကအလင်းရောင်က ပိုပြီးအားနည်းလာတာကို တွေ့ခဲ့တယ်။ ဘယ်ချိန်မှာမဆို ပျောက်ကွယ်သွားနိုင်ချေရှိတယ်။

အပြင်မှာစောင့်နေတဲ့တပည့်တွေအားလုံးက သူအပြင်ကိုထွက်လာတာလည်းမြင်ရော သူတို့ရဲ့လေးစားမှုကိုပြသတဲ့အနေနဲ့ အရိုအသေပေးလိုက်ကြတယ်။ လေးလေးစားစားပြောလိုက်တယ်။ "ကျေးဇူးတင်ပါတယ်။စီနီယာအကိုကြီး"

ရှဲ့ဟိုင်က ယန်ကျန်းချီးရဲ့ တပည့်ကြီးတစ်ယောက်ဖြစ်တယ်။ စီနီယာအကိုကြီးတွေအားလုံးက ငယ်ရွယ်ပေမဲ့လည်း သူတို့ရဲ့ကျင့်ကြံခြင်းက အာရုံလွှဲပြောင်းခြင်းအခြေခံအဆင့်ပဲ ရှိသေးတယ်။ ဒါကြောင့် သူတို့က အမတခန်းမထဲဝင်ဖို့ အရည်အချင်းပြည့်မှီပြီးတော့ စီနီယာတွေ အကာအကွယ်ကို ကိုင်တွယ်တဲ့အခါ ကူညီရတယ်။ အခြားသူတွေကို စောင့်နေပြီးတော့ အပြင်မှာပဲနေနေရတယ်။
(T/N-ကျင့်စဉ်တွေရဲ့ နာမည်ကို ဖတ်ရလွယ်အောင်ဘဲပန်လိုက်တယ်။ eng ကနေတိုက်ရိုက်ပြန်ရင်လေ ဖတ်ရတာအဓိပ္ပါယ်မရှိသလိုဖြစ်နေလို့။ ဒါလေးတော့နားလည်ပေးပါဗျာ)

သို့သော်လည်း သူတို့မှာရှဲ့ဟိုင်လို ပါရမီနဲ အခြေခံကျင့်ကြံခြင်းမရှိသော်လည်း သူတို့အများကြီးမကူညီနိုင်ဘူး။ ဒါပေမဲ့ ဘဝအတွက် လောဘမကြီးကြဘူး။ပြီးတော့ သေရမှာကို မကြောက်ရွံ့ကြဘူး။
ရှဲ့ဟိုင်သူ့ရှေ့က ငယ်ရွယ်တဲ့မျက်နှာတွေကို ကြည့်လိုက်တယ်။ သူတို့အားလုံးမှာခိုင်မာတဲ့အကြည့်တွေရှိတယ်။ အညံ့ဆုံးဂျူနီယာလေးတွေကတောင်မှ ခုချိန်မှာ မတ်မတ်ရပ်ပြီး သူတို့ရဲ့ဓားတွေကို သူတို့ရဲ့လက်ထဲမှာ တင်းတင်းကြပ်ကြပ်ကိုင်ထားပြီး သေခြင်းနဲ့ရှင်ခြင်းကို ရင်ဆိုင်နေကြတယ်။  ဒီအန္တရာယ်တောထဲမှာ ဘယ်သူမှထွက်မပြေးကြဘူး။ ဘယ်သူကမှ အသက်ရှင်သန်ဖို့ သူ့ကို လွှဲပေးဖို့ အတွေးမရှိကြဘူး။

ဟုတ်တာပေါ့။ ယန်ကျန်းချီးက လှည့်ကွက်ထဲကျရောက်သွားတဲ့နေ့မှာ မော့ကျွင်းက တစ်စံတစ်ယောက်ကနေတစ်ဆင့် စကားတချို့ကို ပြန့်သွားအောင်ပေးပို့လိုက်တယ်။ အဲ့ဒါက သူမော့ကျွင်းကို ကျေးဇူးတင်မယ်ဆိုရင် ယန်ကျန်းချီးကို လွတ်လမ်းပေးလိမ့်မယ်ဆိုတာပါပဲ။

ဒီမှတ်ချက်တွေက ယန်ကျန်းချီးတစ်ခုလုံးကို သေချာပေါက် အရှက်ခွဲလိုက်တာပဲ။ တကယ်လို့ သူတို့တပည့်တွေကိုလွှတ်ပေးမဲ့ တရားမျှတတဲ့ အမတဂိုဏ်းသားတွေ ရှင်သန်နေမယ်ဆိုရင် အမတဝိဥာဉ်ကမ္ဘာတစ်ခုလုံးရဲ့ ဂုဏ်သရေကို လှောင်ရယ်ကြလိမ့်မယ်။ သူတို့အတွက် ခြေကုပ်ယူစရာနေရာတောင် ရှိမှာမဟုတ်ဘူး။ အဲ့ချိန်မှာ လူအားလုံးက မခံမရပ်နိုင်အောင် ဒေါသထွက်လာကြလိမ့်မယ်။ ဒါ့​ကြောင့်ဒီ****စစ်ပွဲကလဲ မြေကြီးလက်ခတ်မလွဲ ဖြစ်လာခဲ့တယ်။
အခု ခုနှစ်ထောင့်ခုနှစ်ရာ လေးဆယ့်ကိုးရက် ကုန်ဆုံးသွားပြီ။

တစ်နေ့ထက်တစ်နေ့ သေဖို့နီးလာလေလေ ပိုပြီးထင်ရာစိုင်းလာလေလေပဲ။ ဒါပေမဲ့ ညှိနှိုင်းမဲ့သူ မရှိသေးဘူး။
ဒါက ယန်ကျန်းချီး ဇာတ်ကောင်ရဲ့ အင်အားပဲ။ နတ်ဆိုးကို ခေါင်းငုံ့ဖို့ထက် သေဖို့ကိုပဲရွေးချယ်လိမ့်မယ်။
ရှဲ့ဟိုင်ကလေးလံတဲ့ ခြေလှမ်းတွေနဲ့ တစ်လှမ်းပြီးတစ်လှမ်း လှမ်းလာခဲ့တယ်။
သူဒီနားကို ဖြတ်ကျော်ခါနီးမှာ လက်တစ်ချောင်းက သူ့အင်္ကျီအနားကွပ်ကို ကိုင်လိုက်တယ်။ ထောင်လုပဲ သူ့ရဲ့ ညီငယ်လေး။ သူကမျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး သူ့ကိုပြောလိုက်တယ်။ "အကိုကြီး မင်းအသက်ရှင်ရမယ်နော်"

ဒီကလေးက များသောအားဖြင့် အဆိုးဆုံးပဲ သူက မကြာခဏဆိုသလို ကျင့်ကြံခြင်းမှာလိမ်လည်လှည့်ဖျားလေ့ရှိတယ်။ သူဟာမကြာခဏဆရာ့ဆီက အဆူခံရလေ့ရှိတယ်။ ဒါပေမဲ့ အခုတော့ ဒီနေရာမှာ နာနာခံခံနဲ့ ထိုင်နေတယ်။ ရှဲ့ဟိုင် ဖြည်းဖြည်းလေးပြောလိုက်တယ်။ "ဘာလို့လဲ?"

ဘယ်သူမှ သတိမပြုမိတာကို ကြည့်လိုက်ပြီး လူငယ်လေးက မြင်ဖူးနေကျ မရိုးသားတဲ့အကြည့်နဲ့ ပြုံးဖြဲဖြဲလုပ်ပြလိုက်တယ်။ သူ့ရဲ့ချစ်စရာကောင်းတဲ့ သွားစွယ်တွေကို လှစ်ပြလိုက်ပြီး ခပ်တိုးတိုးဆိုလိုက်တယ်။
"စီနီယာအကိုကြီး..မင်းက ဒီလောကမှာ အငယ်ဆုံးကျင့်ကြံသူလေ။ ငါတို့နဲ့မတူဘူး။ Hedaoရဲ့စစ်မှန်တဲ့ အမတဖြစ်လာဖို့ မျှော်လင့်ချက်ရှိတဲ့ ဥာဏ်ကြီးရှင်ပဲ။ ဒါကြောင့်မင်းအသက်ရှင်ရမယ်။ ဒါမှ ငါတို့အစား ဒဏ်ခတ်လို့ရမှာ"
သူဒါကို ပြောလိုက်တဲ့ချိန်မှာ သူ့မျက်လုံးတွေက တောက်လောင်နေတယ်။ သူအရပ်မျက်နှာတိုင်းကို သတ်ပစ်နေသလို ခြေလက်တွေက ကလုနီးပါပဲ။
"အချိန်တန်ရင် အသတ်ခံရမဲ့ ဒီနတ်ဆိုးကျင့်ကြံသူတွေက အဖေအမေတပြီးတောင် ငိုရလိမ့်မယ်။ သူတို့ဒီလို လုပ်ရဲတယ်ဆိုရင်လည်း ကြည့်ကြတာပေါ့"
ရှဲ့ဟိုင် ဖြည်းညှင်းစွာ အသပ်ရှူကြပ်လာတယ်။

သူ့ရဲ့အလုပ်ကိစ္စတွေ နှောင့်နှေးကြန့်ကြာနေမှာစိုးလို့ ထောင်လုက ပြောပြီးတာနဲ့ သူ့ရဲ့လက်ကို အလျင်စလို လွှတ်ချလိုက်တယ်။ ရှက်ရှက်နဲ့ သူ့ရဲ့ခေါင်းကို ကုတ်လိုက်တယ်။
"အမြဲတမ်း မင်းကငါတို့ရှေ့က စီနီယာပါ ဒီတစ်ကြိမ်တော့ မင်းကို ငါတို့နောက်ထပ် ကာကွယ်ပေးပါရစေ"

ရှဲ့ဟိုင် သူ့ရဲ့လက်ကို သာသာလေးကုတ်လိုက်ပြီး ထောင်လုရဲ့ ခေါင်းလေးကိုဖွလိုက်တယ်။ပြီးတော့ ကွဲအက်တဲ့အသံနဲ့ပြောလိုက်တယ်။ " မင်းကငယ်သေးတယ်။ အရမ်းမတွေးပါနဲ့"
သူကခေါင်းကိုလှည့်လိုက်ပြီး ကြာကြာမနေတော့ဘဲ တောင်ထိပ်ကနေဆင်းလာတယ်။
..................................................

သခင်မင်းရန် က ရန်ယန်ကျန်းချီးရဲ့အရှင်သခင်ဖြစ်တယ်။ အမတဝိဥာဉ်နယ်ပယ်တစ်ခုလုံးမှာ အညစ်အကြေးသန့်စင်ခြင်းအဆင့်ရဲ့ ကြီးကျယ်တဲ့ သခင်တွေထဲက တစ်ယောက်ဖြစ်တယ်။ ဝိဥာဉ်အမတလောကမှာ အကြီးအကျယ်လေးစားခံရတယ်။ ခုတော့ဒီနှစ်ကနီးကပ်လာပြီ။ သူကအညစ်အကြေးသန့်စင်ခြင်းအဆင့်ရဲ့ ထိပ်ခေါင်ဖြစ်နေတုန်းပဲ။ သူကထိုးဖောက်မကျော်လွှားနိုင်ဘူး။ တစ်နှစ်ပတ်လုံး မမြင်ကွယ်ရာမှာမနေနိုင်ဘူး။
ဒီလိုကပ်ဆိုက်ကာလနဲ့သူ ပက်ပင်းမကြုံခဲ့ရင် မကောင်းဆိုးဝါးကပ်ဆိုးနဲ့ ဆက်စပ်ဖို့ သီးသန့်ခွဲခြားခံရမှာမဟုတ်ဘူး။

ဆံဖြူနဲ့လူက ခြေထောက်ချိတ်ထိုင်နေတယ်။သူ့မျက်နှာက ရွှေရောင်စက္ကူလိုပဲ။ မျက်နှာအမူအယာတွေက အားနည်းနေတယ်။ သူက လုံးဝကို ပြင်းပြင်းထန်ထန် ဒဏ်ရာရနေခဲ့တယ်။

သူ့မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး ကြီးရင့်နေတဲ့အသံနဲ့ပြောလိုက်တယ်။
''ဟိုင်အာ မင်းဒီမှာလား"
ရှဲ့ဟိုင်က တရိုတသေနဲ့ရှေ့ကို လျှောက်လာခဲ့တယ်။ ပြောလိုက်တယ်။
"ဆရာ''
ရှဲ့ဟိုင်က အဲ့ဒီလူအိုကြီးရဲ့ အားနည်းနေတဲ့ အသက်ရှူပုံကိုကြည့်လိုက်တယ်။ သူ့နှလုံးသားက ပိုပိုပြီး လေးလံလာတယ်။ ဆရာက စစ်ပွဲကို ရင်ဆိုင်ဖို့အတွက် အားအင်ကုန်ခမ်းနေပြီ။ နတ်ဆိုးတွေရဲ့ ပြိုင်ဘက်မဖြစ်နိုင်သေးဘူး။ ဆရာက သန့်စင်ခြင်းအဆင့်မှာ နှစ်ရာပေါင်းများစွာရပ်တန့်နေခဲ့တယ်။ အဲ့အဆင့်ကို ဖြတ်ကျော်ဖို့ မျှော်လင့်ချက်နည်းနည်းသာရှိတာ။  Gengu,ငါရှေ့ကဆက်ဖို့ကို မျှော်လင့်ချက်မရှိတော့မှာစိုးရတယ်။

(TN-genguကဘာလဲတော့မသိဘူး။ သိတဲ့သူရှင်းပြကြပါဉီးဗျာ ပြီးတော့အရင်အပိုင်းက မှားနေတာတစ်ခုက သူတို့က ရက်ပေါင်း၇၇၄၉ရက်ပါနော် ။ e tranကနည်းနည်းမှားနေတယ်ဗျာ)

ရှဲ့ဟိုင်ရဲ့ မျက်ခွံတွေက လေးလံနေခဲ့တယ်။ သူတစ်လုံးချင်းစီပြောလိုက်တယ်။ "ဆရာ အဲ့ဒီနတ်ဆိုးက တာအိုဆက်ယှက်ခြင်းအဆင့်ကိုတောင် ရောက်နေပြီလား?"
အခွံလွတ်သန့်စင်ခြင်းအထက်က He Dao ဖြစ်တယ်။ တာအို သဟဇာတဖြစ်ခြင့်အဆင့်ကို ရောက်နေတဲ့ ဘုန်းကြီးတစ်ပါးပဲ။  သူ့ခန္ဓာနဲ့ ဝိဥာဉ်က တစ်သားတည်းဖြစ်နေပြီးတော့ သူ့အသက်ကလည်း အဆုံးမရှိဘဲ။ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို ဆွဲဆောင်နိုင်တယ်။ ဟင်းလင်းပြင်ကိုတောင် အစိတ်စိတ်အမြွှာမြွှာဖြစ်အောင်လုပ်နိုင်တယ်။ ဒါ့ကြောင့်သူ့ကို ဟဲ့ဒေါင်ရဲ့ အမတအစစ်လို့ခေါ်တယ်။ ကမ္ဘာကြီးရဲ့ စိတ်ဝိဥာဉ်ပေါ့။ နောက်ဆုံးဟဲ့ဒေါင်အမတအစစ်က ယုအန်မင်းဆက်အစမှာ ကျရှူံးသွားပြီးတဲ့နောက်  နှစ်ထောင်ပေါင်းများစွာမှာ ဟဲ့ဒေါင်မသေမျိုးအစစ်ဆိုတာမရှိခဲ့ဘူး။
နတ်ဆိုးက အဲ့ဒီအဆင့်ကို ရောက်သွားပြီဆိုရင် ဒီနေ့က ယန်ကျန်းချီး အန္တရာယ်မကျနိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး။  ဝိဥာဉ်အမတလောကကြီးတစ်ခုလုံးရဲ့ အန္တရာယ်ပဲ။

ဆရာမင်းရန်က ခေါင်းခါလိုက်တယ်။ "မဖြစ်သင့်ဘူး။ သူသာတကယ် တာအိုဆက်ယှက်ခြင်းအဆင့်မှာဆိုရင် ဧရာမ အကာအကွယ်အခင်းအကျင်းကြီးက သူ့ကို မရပ်တန့်စေနိုင်တော့ဘူး။" ဒါပေမဲ့ ဆရာသခင်မင်းရန်က ဒါကဘယ်လိုကိစ္စမျိုးလဲဆိုတာ တိတိကျကျ မပြောနိုင်ခဲ့ဘူး။

ရှဲ့ဟိုင်ရဲ့အမူအရာက ပြင်းထန်နေတယ်။ သူတာအိုအဆင့်မှာမဟုတ်သေးသရွေ့ သူ့မှာခုခံနိုင်ဖို့ မျှော်လင့်ချက်ရှိသေးတယ်။ ဒါ့အပြင် တာအိုအဆင့်ရောက်နေလဲ ဘာဖြစ်လဲ? သူတစ်ရက်ရှင်သန်နေသရွေ့ ဒီနတ်ဆိုးကိုသတ်ပြီး အမတကျင့်ကြံသူတွေရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ပြန်ယူလို့ရတာပဲ။

သခင်မင်းရန်က တိတ်တိတ်လေးသက်ပြင်းချလိုက်တယ်။

လွန်ခဲ့တဲ့ ငါးနှစ်တုန်းက နတ်ဆိုးက ဘယ်နေရာကမှန်းမသိ ပေါ်ထွက်လာခဲ့တယ်။ သူက နတ်ဆိုးတွေသူ့ကို ခေါင်းငုံ့လာအောင် မနာမခံမလုပ်ရဲအောင် ရက်စက်တဲ့ညှင်းပန်းနှိပ်စက်တဲ့နည်းတွေနဲ့ အုပ်စိုးခဲ့တယ်။ အဲ့အချိန်တုန်းက ကမ္ဘာ့အမတတွေ ကျင့်ကြံသူတွေက အဲ့ဒါက ဒီကပ်ဆိုးကြီးရဲ့ အစဆိုတာကို သတိမထားမိခဲ့ကြဘူး။
ဘယ်သူကမှ သူ့ရဲ့မူလဇစ်မြစ်ကိုမသိကြဘူး။ ဘယ်သူကမှသူ့ရဲ့ ကျင့်ကြံဆင့်ကိုမသိကြဘူး။ သူဘယ်လောက်သန်မာလဲဆိုတာပဲ သိကြတယ်။ သူဘယ်တော့မှမရှုံးနိုင်ဘူး။ သူ့ကို ခုခံတဲ့လူတွေအားလုံး အကြင်နာကင်းမဲ့စွာ အသတ်ခံခဲ့ရတယ်။

မော့ကျွင်းက နတ်ဆိုးနည်းလမ်းတွေနဲ့ စိုးမိုးခြယ်လှယ်ရတာပင်ပန်းနေပြီ။ သူမကြာခင်မှာ အာဏာကြီးလာတော့မယ်။ သူ့တပည့်တွေထဲမှာ နတ်ဆိုးတွေနဲ့သာမန်လူတွေက အုပ်စုဖွဲ့နေကြပြီ။ အကြောင်းမဲ့သပ်သပ် သတ်ကြပြီး အဓမ္မလုယက်ကြတယ်။
လွန်ခဲ့တဲ့ ရက်အနည်းတုန်းက ယန်ကျန်းချီးရဲ့ တပည့်တွေက တောင်ကနေ ခရီးထွက်ဖို့ဆင်းလာကြတယ်။ ဒေသခံတွေကို ကာကွယ်ဖို့အတွက်နဲ့ပေါ့။ တချို့သောနတ်ဆိုး ကျင့်ကြံသူတွေက နှောင့်ယှက်ခဲ့ကြတယ်။ ဒါက သဘောထားကွဲလွဲမှုသပ်သပ်ပဲ။ ဒီကပ်ဆိုးဖြစ်အောင် ငါဉီးဆောင်မှုမလုပ်ချင်ခဲ့ဘူး။
ဒီအသေးအဖွဲ့ပြဿနာလေးကြောင့် ဂိုဏ်းတွေကို အမြစ်ပြတ်သုတ်သင်ဖို့ သွားဖို့ ဝန်လေးမနေခဲ့ဘူး။

ဒီနတ်ဆိုးမှာ သူ့လုပ်ရပ်တွေထဲ သာမန်အသိဥာဏ်ရှိမနေဘူး။ သူက အတော်လေးကို မရိုးဖြောင့်ဘူး။မျောက်ကို ခြောက်ဖို့ ကြက်ကိုသတ်ချင်နေမယ်ဆိုတာကို စိုးရိမ်နေမိတယ်။

ဒါပေမဲ့  ဒီအမတဂိုဏ်းအားလုံးကဖရိုဖရဲ အဆင့်မှာပဲရှိသေးတယ်။ လုံးဝကို မခုခံနိုင်ပါဘူး။

ယန်ကျန်းချီးက ပြင်းပြင်းထန်ထန်ကို တိုက်ခိုက်ပြီးနောက် သူ့ဂိုဏ်းဆီနောက်ကြောင်းပြန်ခဲ့တယ်။ ပြီးတော့ ဂိုဏ်းကိုစောင့်ကြပ်ဖို့ ဧရာမအခင်းအကျင်းကို ဖွင့်လိုက်တယ်။ သူထောင်ချောက်ဆင်ခံရတဲ့နေ့မှာ သခင်မင်းရန်က ဂိုဏ်းတွေအားလုံးကို စာတွေပို့ပေးခဲ့ပေမဲ့ ပြန်စာနည်းနည်းကိုသာ ရရှိခဲ့တယ်။ သူတို့နဲ့ မိတ်ဖွဲ့ထားတဲ့ ဂိုဏ်းအများကြီးက လာမယ်လို့ပြောပေမဲ့လည်း ဂိုဏ်းတစ်ဂိုဏ်းလေးရဲ့အထောက်အပံ့တောင်မပါဘဲ ခုနှစ်ထောင့်ခုနှစ်ရာလေးဆယ့်ကိုးရက်လုံး ဖြတ်ကျော်လာခဲ့တယ်။

သခင်မင်းရန်က မဲ့ရွဲ့ပြီးပြုံးလိုက်တယ်။.ဟုတ်တာပေါ့....။ ခုတော့နတ်ဆိုးထောင်ပေါင်းများစွာက စုဝေးနေကြပြီ။ ဘယ်ဂိုဏ်းကလာရဲကြတော့မှာလဲ? ငါတို့ကို မကယ်နိုင်ခင် နတ်ဆိုးအုပ်စုတွေရဲ့ သုတ်သင်ခံရမှာကို ငါစိုးရိမ်မိတယ်။

အမတအကျင့်ကိုကျင့်ကြံတဲ့ လူတစ်ယောက်ကတောင်မှ သီးခြားဆက်ဆံခံနေရတုန်းပဲ။ လူဆိုတာ အနိုင်ရခြင်းနဲ့ ဆုံးရှုံးခြင်းအပေါ်ပဲ ဂရုစိုက်ကြတာပါ။ ဒါက နားလည်ရလွယ်ပေမဲ့လည်း အဆုံးသတ်မှာတော့ ငါအနည်းငယ် စိတ်ပျက်နေမိတုန်းပဲ။ အမတတွေအားလုံးမစည်းလုံးဘူးဆိုရင် ဒီနေ့မှာ ယန်ကျန်းချီးကဘာတြွေဖစ်မလဲ။ နက်ဖြန်တော့ သူတို့ဖြစ်လာလိမ့်မယ်။

သခင်မင်းရန်က သူရှေ့က ချစ်စရာမျက်ဝန်းလေးရှိပြီး သူ့ကိုထားမသွားတဲ့ ကောင်လေးကို ကြည့်လိုက်တယ်။ အခုအခြေအနေက အဆုံးသတ်ပဲ။ ဆုံးဖြတ်ချက်ချဖို့ အချိန်ရောက်နေပြီ။

ရှဲ့ဟိုင်က သူအမျှော်လင့်ရဆုံးတပည့်ပဲ။ သူက တာအိုအာရုံပြင်းထန်စွာနဲ့ သဘောပေါက်နားလည်နိုင်စွမ်းမြင့်စွာ မွေးဖွားလာခဲ့တယ်။ သူကအသက်၂၀မှာတောင်မှ ထောင်စုနှစ်တစ်ခုအတွင်းမှာ ရှားရှားပါးပါး မြင်ရခဲတဲ့ ဥာဏ်ကြီးရှင်တစ်ယောက်ပဲ။ သူကတော့ ဒီဘဝမှာဒီ နေရာတင်ရပ်တန့်သွားပြီ။ ဒါပေမဲ့ ရှဲ့ဟိုင်ရဲ့ အနာဂတ်ကတော့ အကန့်အသတ်မရှိဘူး။ ဟဲ့ဒေါင်အမတအစစ် တစ်ယောက်ဖြစ်လာဖို့ မဖြစ်နိုင်တာမဟုတ်ဘူး။ ရှဲ့ဟိုင် အသက်ရှင်မှသာလျှင် ယန်ကျန်းချီးရှေ့ဆက်ဖို့အတွက် မျှော်လင့်ချက်ရှိတဲ့ အမွေဆက်ခံသူဖြစ်လာလိမ့်မယ်။
ဆရာသခင်က နှေးကွေးစွာပြောလိုက်တယ်။ "အကာအကွယ်က ပြိုကွဲနေပြီ။ ဒီဆရာ ပုဂ္ဂိုလ်ရေးအရတိုက်ဆိုက်ရလိမ့်မယ်။"
ရှဲ့ဟိုင် မျက်မှောက်ကျုံ့လိုက်ပြီး ပြောလိုက်တယ်။
"ဆရာ ..ဆရာ့ရဲ့ဒဏ်ရာတွေမပျောက်သေးဘူးလေ။"

ဆရာသခင်မင်းရန်က ဖြည်းဖြည်းလေးပြုံးပြီး ဖြတ်ပြောလိုက်တယ်။
" ဆရာတစ်ယောက်အနေနဲ့ မူစိတ်ဝိဥာဉ်ကို ဖြိုခွဲလိုက်မယ်ဆိုရင် မင်းအဲ့နတ်ဆိုးကို ရပ်တန့်စေနိုင်လိမ့်မယ်။ မင်း....မင်းဒီအခြေအနေကို အခွင့်ကောင်းယူပြီး ထွက်သွားလို့ရတယ်။"

ရှဲ့ဟိုင်ရဲ့ မျက်နှာထား ရုတ်တရက်ပြောင်းလဲသွားတယ်။ "ဆရာ....."

ဆရာသခင်မင်းရန်က ကျက်သရေရှိရှိကြည့်လိုက်ပြီး လေးလေးနက်နက်ပြောလိုက်တယ်။ "  မင်းက ယန်ကျန်းချီးရဲ့ နောက်ဆုံးမျှော်လင့်ချက်ပဲ။ ဆရာတစ်ယောက်အနေနဲ့ ယန်ကျန်းချီးရဲ့ အမွေဆက်ခံသူသာ အဆုံးသတ်သွားရင် ငါ့မှာမျှော်လင့်ချက်မရှိတော့ဘူး။ မင်းနားလည်လား?"

ရှဲ့ဟိုင် သူ့လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်ပြီး မေးရိုးတွေဟာလည်း တင်းမာနေတယ်။ သူ့ဆရာနဲ့ ကျန်တဲ့တပည့်တွေးရဲ့ အတွေးကို သူနားမလည်ဘဲ ဘယ်လိုနေမှာလဲ? သူတို့အားလုံးရဲ့မျှော်လင့်ချက်တွေ သူ့အပေါ်ပဲ ပုံအောထားပြီး သူလွတ်မြောက်ဖို့အတွက် အားလုံးက စွန့်လွှတ်အနစ်နာခံချင်နေကြတယ်။ သူတို့ရဲ့ ဆက်ခံသူသာရှင်သန်မယ်ဆိုရင် တစ်နေ့မှာ သူတို့ကို လက်စားချေနိုင်မှာ။

ဒါပေမဲ့ သူဒီအဆုံးသတ်ကို လက်မခံနိုင်ဘူး။

ရှဲ့ဟိုင်နောက်ဆုံးတော့ သူ့စိတ်ကို ပြင်ဆင်ပြီးပုံရတယ်။ ရုတ်တရက် ပေါ့ပေါ့ပါးပါးရယ်လိုက်တယ်။ သူ့မျက်လုံးတွေကလည်း ဓားတစ်လက်လို စူးရှနေတယ်။
" ဒါက အဆုံးသတ်မဟုတ်သေးပါဘူး။ ကျွန်တော်တို့မှာ နည်းလမ်းရှိပါသေးတယ်။ ဆရာမေ့သွားပြီလား?'

ဆရာသခင်မင်းရန်က ရုတ်တရက်လန့်ဖျပ်သွားတယ်။ ပြီးတော့ ရှဲ့ဟိုင်ဘာဆိုလိုလဲဆိုတာကို သိသွားပြီး ဒေါသတကြီးဆိုလိုက်တယ်။ " အဓိပ္ပါယ်မရှိတာတွေ။ မရဘူး!"

သူက မတုန်မလှုပ်ပြောလိုက်တယ်။ " နတ်ဆိုးဘုရင်ကပြောခဲ့တယ်လေ။ ကျွန်တော်တစ်ယောက်တည်းရှိနေသရွေ့ သူ ယန်ကျန်းချီးကို လက်လွှတ်ပေးလိမ့်မယ်။"

ဆရာသခင်မင်းရန်က သူ့မျက်ခုံးတွေကို ပင့်လိုက်တယ်။ " နတ်ဆိုးရဲ့ စကားက ယုံကြည်လို့ လုံးဝမရဘူး။ သူအဲ့လိုစကားမျိုးပြောတယ်ဆိုတာက ငါတို့ကိုအရှက်ခွဲဖို့သပ်သပ်ပဲ။ မင်သွားမယ်ဆိုရင်တောင် မင်းသေကိုသေမှာပဲ။"

သူဒီအကြောင်းအရာကို မတွေးခဲ့တာမဟုတ်ဘူး။ ဒါပေမဲ့ ဖြည်းဖြည်းချင်းပြောလိုက်တယ်။ "ဒါပေမဲ့ သူနောက်ပြန်ဆုတ်ဖို့ ဖြစ်နိုင်ချေ သုံးဆယ်ရာခိုင်နှုန်းရှိပါသေးတယ်။ ပထမအနေနဲ့ လူတိုင်းရဲ့စောင့်ကြည့်နေတဲ့မျက်လုံးတွေအောက်မှာ သူ့သိက္ခာကို ပျက်စီးစေမဲ့ဟာကိုလုပ်မှာမဟုတ်ဘူး။ ဒုတိယအနေနဲ့ သူ့ရဲ့ရည်ရွယ်ချက်က  သူ့ကိုမနာခံတဲ့ ကံကြမ္မာကို ကမ္ဘာက အမတဂိုဏ်းတွေသိဖို့  ခြောက်ရုံပဲ။ သူက အခွင့်အရေးပေးနေသရွေ့ သူ့နဲ့ ယန်ကျန်းချီးက အာဃာတထားစရာမလိုဘူး။ ဒါကြောင့်သူ့ကိုသတ်စရာလည်းမလိုဘူး။"

ခုနတ်ဆိုးဂိတ်မှာ ကြီးမားတဲ့ အသေအကျေအပျက်အစီးများနေတယ်။ လူအများကြီးက မကျေနပ်ကြဘူး။ ဒါပေမဲ့ ထုတ်မပြောရဲကြဘူး။ သူက ရက်စက်ပြီး အပြစ်မဲ့တာတောင်မှ နတ်ဆိုးဘုရင်ဖြစ်လာတယ်။ သူကသူ့နောက်လိုက်တွေရဲ့ အတွေးတွေကို သတ်မှတ်ပေးရဉီးမယ်။ သူရဲ့တောင်းဆိုချက်ကို ငါတို့လက်ခံခဲ့တယ်။ပြန်လည်ဆုတ်ခွါဖို့ ဖြစ်နိုင်ချေများကြီးရှိတာပဲ

ရှဲ့ဟိုင်က အကြောင်းပြချက်တွေကို အေးအေးဆေးဆေးနဲ့ နတ်ဆိုးဂိုဏ်းရဲ့ ပြန်ဆုတ်နိုင်ချေကို အကျိုးအကြောင်းဆက်စပ်စဉ်းစားချင့်ချိန်ပြီး စကားကောင်းပြောလိုက်တယ်။ သူ့ကိုယ်သူ ပြည့်တန်ဆာအဖြစ် အညံ့ခံလိုက်ခြင်းရဲ့ ကိစ္စအားလုံးကို ပြောနေခဲ့တာမဟုတ်ခဲ့ဘူး။

ဆရာသခင်မင်းရန်ရဲ့ မျက်လုံးတွေက ဝမ်းနည်းနေခဲ့တယ်။ ဒါကသူ့ရဲ့ ဂုဏ်အယူရဆုံးတပည့်ပဲ။ သူ့မှာ ပါရမီအရင်းအမြစ်၊ ထူးကဲတဲ့ နားလည်နိုင်စွမ်း၊ ခိုင်မာတဲ့တာအိုနှလုံးသား၊ ဆင်ခြင်တုံတရားတွေရှိတယ်။ အမတလမ်းကို ရှာဖြွေခင်းလမ်းစဉ်ကို ဆက်သွားသင့်တယ်။ ဒါပေမဲ့ သူက ဒီလိုရွေးချယ်မှုနဲ့ ရင်ဆိုင်ရမယ်တဲ့။
သူရှဲ့ဟိုင်ကြီးပြင်လာတာကို ကြည့်နေခဲ့တာ။ သူဒါကို ခံနိုင်ရည်မရှိဘူး။ ​ဖြည်းဖြည်းလေးပြောလိုက်တယ်။ "နတ်ဆိုးနေရာကို သွားမယ်ဆိုရင် မင်းဘာဖြစ်မလဲမင်းသိရဲ့လား?"

နတ်ဆိုးရဲ့ရက်စက်မှုက ကမ္ဘာပေါ်မှာ အတော်လေးလူပြောများနေတယ်။ အချိန်ကျလာရင် ငါစိုးရိမ်မိတယ်။ သေဆုံးခြင်းက အလွန်ဆုံးမျှော်လင့်ချက်ဖြစ်မယ်ဆိုတာကို။

ရှဲ့ဟိုင်ကပေါ့ပေါ့ပါးပါးပြောလိုက်တယ်။ " ယန်ကျန်းချီးရဲ့ အမွေခံအဖြစ် ကျွန်တော်တစ်​​ယောက်တည်းကို မချည်နှောင်သင့်ဘူး။ ဆရာရယ်။ဉီးလေးရယ်။ ညီအစ်ကိုမောင်နှမတွေလည်းရှိသေးတယ်။ ဆရာက ယန်ကျန်းချီးရဲ့ အနာဂတ်နဲ့ ဆက်ခံသူပါ။ အခြားဖြစ်နိုင်ချေရှိရင် ဆရာက ကျွန်တော်တစ်ယောက်တည်းရှင်သန်ဖို့ အလဲအလှယ်အနေနဲ့ ကိုယ့်ကိုပေးဆပ်တာက ကျွန်တော့်ရဲ့ တာအိုနှလုံးသားကို ဟန့်တားစေတယ်။ ဒါက ဒီဘဝကို ဖြတ်ကျော်ဖို့ ခက်ခဲမှာကို ကျွန်တော်ကြောက်မိတယ်။ ပြီးတော့ ဆရာ့ရဲ့ ​မျှော်လင့်ချက်အတိုင်းနေထိုင်ပါ့မယ်။"

ရှဲ့ဟိုင်ရဲ့စကားလုံးတွေက ဆရာသခင်မင်းရန်ကို ပြောစရာစကားမဲ့သွားစေတယ်။ အမတကျင့်ကြံသူမှာ တာအိုနှလုံးက တန်ဖိုးရှိတယ်။ ရှဲ့ဟိုင်နှလုံးသားက မာနကြီးတယ်။ သူ့ရဲ့တာအိုနှလုံးသားက ပျော့ကွက်မဖြစ်နိုင်ဘူး။ သူ့ရဲ့နှလုံးသားက သူ့ရဲ့နောက်လိုက်တပည့်တွေ သူ့အတွက် အလဟဿသေပေးမှာကို ခွင့်မပြုဖို့ အတိအကျကို ပြင်ဆင်ထားတာပဲ။

"အသက်ရှင်မှသာလျှင်မျှော်လင့်ချက်ရှိမှာ။ ယန်ကျန်းချီးမှာ တပည့်ထောင်ပေါင်းများစွာရှိတယ်။ သူတို့ဒီမှာ မ​သေသင့်ဘူး" ရှဲ့ဟိုင် တစ်လုံးချင်းစီပြောလိုက်တယ်။ "ဒါ့အပြင် ကျွန်တော်နတ်ဆိုးဘက်သွားလို့ရှိရင် ကျွန်တော့်မှာသူ့ကိုသတ်ဖို့အခွင့်အရေးရှိလာမယ်။ ယျေဘုယကျကျပြောရမယ်ဆိုရင် ဒါက အခုတွက် အကောင်းဆုံးရွေးချယ်မှုပါ"

သူတစ်ယောက်တည်းကို စွန့်လွှတ်ခြင်းက သူတို့ဂိုဏ်းတစ်ခုလုံးကို ကယ်တင်နိုင်လိမ့်မယ်။

ဖြစ်နိုင်ချေသေးသေးလေးရှိသရွေ့ သူကြိုးစားကြည့်လို့ရတယ်။

ဆရာမင်းရန်က အနည်းငယ်တိတ်ဆိတ်သွားပြီးပြောလိုက်တယ်။ " နတ်ဆိုးက သဘောတူညီချက်ကို ငြင်းလိုက်မယ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ?"

ရှဲ့ဟိုင်က နှုတ်ခမ်းထောင့်တွေကို မြှင့်လိုက်ပြီး ပြုံးလိုက်တယ်။ သူ့မျက်လုံးတွေကလည်း စူးရှနေခဲ့တယ်။ " ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ်ဆရာ။ ကျွန့်တော့်ကို ကာပေးဖို့ ကူညီပေးပါ။ ကျွန်တော် ဒီ****လမ်းကို  လုံးဝမေ့လိုက်ပါမယ်။ပြီးတော့ အနာဂတ်မှာ ဆရာ့အစား လက်စားချေပေးပါ့မယ်။"

ဆရာသခင်မင်းရန်သူ့ကိုတားဖို့ဘာပြောရမှန်းတောင်မသိတော့ဘူး။က  သူ့မျက်လုံးတွေက မျက်ရည်တွေနဲ့ပြည့်နှက်လာတယ်။ သူ့ရဲ့ အမူအရာတွေက ဝမ်းနည်းနေခဲ့တယ်။ သူအချစ်ရဆုံးတပည့်တွေထဲက ဂုဏ်အယူရဆုံးဖြစ်ခဲ့တာ။ သူ့(ရှဲ့ဟိုင်)ကို သူ့ရဲ့သားအရင်းတစ်ယောက်လို ကြီးပြင်းစောင့်ရှောက်ခဲ့တာ။ မျှော်လင့်ချက်ကြီးကြီးလည်း သူ့အပေါ်ထားထားတာ။ ဒါပေမဲ့ ယန်ကျန်းချီးမှာ ရှဲ့ဟိုင်တစ်ယောက်တည်းမဟုတ်ဘူး။ လူတွေအများကြီး အများကြီးရှိတယ်။ ရှဲ့ဟိုင်ရဲ့ အကြံပြုချက်ကို ငြင်းပယ်ဖို့ နည်းလမ်းမရှိတော့ဘူး။


ဒီအရှက်ရခြင်းကို သည်းခံမှသာ သူတို့မှာ မျှော်လင့်ချက်ရှိနိုင်မယ်။

ဆရာမင်းရန်က အသက်ပြင်းပြင်းရှူပြီး စကားတစ်ခွန်းကိုပြောလိုက်တယ်။ "ကောင်းပြီ"

ရှဲ့ဟိုင်က စိတ်သက်သာရပြီး ပြုံးလိုက်တယ်။ သူ့အင်္ကျီအစတွေကို မလိုက်ပြီး ဆရာမင်းရန်ကို နက်နက်ရှိုင်းရှိုင်း ဂါရဝပြုလိုက်တယ်။ ခေါင်းကိုမော့လိုက်ပြီး ပြောလိုက်တယ်။ " ကျွန်တော့်မှာ တောင်းဆိုစရာတစ်ခုရှိတယ်။"

မင်းရန်က မျက်ရည်အဝိုင်းသားနဲ့ပြောလိုက်တယ်။ " ပြောပါ.. ဆရာတစ်ယောက်အနေနဲ့ မင်းကို ငါကတိပေးတယ်။"

ရှဲ့ဟိုင် ဖြည်းဖြည်းလေးပြောလိုက်တယ်။ " ကျွန်တော် နတ်ဆိုးဂိုဏ်းကို သွားရင် ဆရာကျွန်တော့်ကို ဂိုဏ်းကနေထုတ်ပယ်ပေးဖို့ မျှော်လင့်ပါတယ်။ ခုချိန်ကနေစပြီး ကျွန်တော့ရဲ့ လုပ်ဆောင်ချက်တွေ၊ နာမည်ကျော်ခြင်း၊ ဂုဏ်သိက္ခာကျဆင်းခြင်းတွေက ယန်ကျန်းချီးနဲ့ဘာမှမဆိုင်တော့ဘူး။"

........................

(T/N-ကဲ..ဒီတစ်ပုဒ်ကို ဒီမှာပဲ ခွဲချလိုက်ပြီကလေးတို့ရေ.. ကျွန်တော်ကတော့ ဖန်းလိကိုပဲသိချင်နေပြီ ..ကလေးတို့ရော.. ?)

Continue Reading

You'll Also Like

8.3K 1.4K 29
Title -A Cat With A Red Envelope group status in COO- 93 Chapters + 8 extras I don't own this story. Full credits to original author and Eng tranala...
446K 24.6K 166
Featured at Wattpad's Editor Picks list. Luna, an overworked Engineer, had an unfortunate end. Her spirit, feeling wronged, fights Death for a second...
189K 9.1K 51
My name is Alex Cruz, I'm a omega, so I'm just a punching bag to my pack. But Emma, Queen of werewolves Sam, queen of dragons Winter, queen of vampi...