"ရစ်ကီ"
"ပြောပါဦး မောင့်အသက်လေး"
"အသည်းယာစရာကောင်းလိုက်တာ မခေါ်စမ်းနဲ့"
နီရဲနေတဲ့ချစ်ရသူနဲ့ ပါးလေးကို ရစ်ကီက
တစ်ချက်နမ်းလိုက်တော့ ရစ်ကီကိုမျက်စောင်းထိုးကာ သူ့လက်ကလေးနဲ့ရစ်ကီကျောပြင်ကိုရိုက်ပါလေရဲ့
"ချစ်လို့နမ်းတာကို မောင့်အသက်ကလည်း"
"ရစ်ကီ အဲ့လိုကြီးမခေါ်နဲ့ဆို"
"ချစ်လို့"ဟုဆိုကာ ထယ်ရယ့်ရဲ့ပါးလေးကိုဆွဲလိုက်မိ၏ မတက်နိုင်ဘူးလေ ချစ်ရသူကသိပ်ချစ်ဖို့ကောင်းတာကို
"မေမေကပြောတယ် လက်ထပ်သင့်ပြီတဲ့"
"ဒါပေမဲ့ငါတို့တွဲတာကသိပ်မကြာသေးဘူးလေ"
"တစ်နှစ်ကျော်ပြီလေ ထယ်ရယ်"
"အတည်တွဲဖြစ်တာ သုံးလပဲရှိသေးတယ်မဟုတ်လား"
ဟုတ်တာပေါ့ ထယ်ရယ်ပြောတာမှန်ပါတယ် ရစ်ကီတို့ဒီတလောမှ အတည်တွဲဖြစ်ခဲ့ကျတာမဟုတ်လား
"ငါမင်းကိုချစ်တာတော့ တစ်နှစ်ကျော်ပေါ့"
ထယ်ရယ်ရဲ့နောက်ကဆိုလာတဲ့စကားကြောင့် ရစ်ကီကိုယ့်ကိုယ်ကိုယ်စိတ်နာမိလိုက်၏ ရစ်ကီကတကယ်ရက်စက်ခဲ့တဲ့သူပဲ
"စိတ်ချထယ်ရယ် အခုကစပြီး ငါမင်းကို
မင်းချစ်ခဲ့တာတွေထက် အများကြီးချစ်ပေးမှာ"
ရစ်ကီက ထယ်ရယ့်လက်ကလေးကိုတင်းကြပ်စွာကိုင်လိုက်တော့ ချစ်ရသူကသူရဲ့မူပိုင်
ပါးချိုင့်လေးထင်အောင်ပြုံးလို့
"ယုံတယ် အဲ့တာကြောင့် မင်းကအတွေးတွေ
မလွန်နဲ့"
အဲ့တာတွေကြောင့်ပါပဲ ရစ်ကီကထယ်ရယ့်ကိုအချစ်ပိုနေရတာ ထယ်ရယ့်ကရစ်ကီကိုအမြဲတမ်း ယုံကြည်နေပြီးချစ်နေပေးတာကို
"ချစ်လိုက်တာ မောင့်အသက်ကို"
ရစ်ကီက ထယ်ရယ့်ပါလေးကိုနောက်တစ်ခါထပ်နမ်းရင်းပြောလိုက်၏
"ငါလည်း မောင့်ကိုချစ်တယ်"
~
~ 2 years later ~
အချိန်တွေက ဘာလိုလိုနဲ့ကြာသွားခဲ့ပြီး
ရစ်ကီတို့ရဲ့အိမ်လေးကလည်း တိတ်ဆိတ်လို့
ဟာအိုhyungနဲ့ဂွန်းအုတို့အတွဲကလည်း
ဂွန်းအုမေမေစီစဉ်ပေးထားတဲ့ ကွန်ဒိုတစ်ခန်းမှာပဲ နေနေကျတယ်လေ မက်သရူးကလည်း ဟန်ဘင်းhyungရဲ့ကွန်ဒိုလေးကိုပြောင်းရွှေ့ပြီးနေနေပြီလေ တစ်ခါတစ်လေပွဲတော်ရက်တွေကျမှ ရစ်ကီတို့ဆီ လာတက်ကျ၏ အခုတော့ ရစ်ကီတို့အိမ်ကလေးမှာ ရစ်ကီ၊
ထယ်ရယ်၊ဂယူဂင်၊ယူဂျင်းတို့သာကျန်၏
ဒါတောင်တစ်ခါတစ်လေ ဂယူဘင်တို့ခရီးသွားတဲ့နေ့တွေဆို ပိုလို့ပင််အိမ်လေးကတိတ်ဆိတ်နေလေသည် ဂျီဝန်းhyungကတာ့.....
ဒီနေ့က မက်သရူးတို့ရဲ့လက်ထပ်ပွဲနေ့ ဂျီဝန်းကမက်သရူးကို လက်လွှတ်လိုက်နိုင်ပြီထင်ပါရဲ့ ဒီနှစ်နှစ်တာ အချိန်ကာလအတွင်း ဂျီဝန်း
မက်သရူးကိုမေ့နိုင်အောင် ဘယ်လောက်များကြိုးစားခဲ့ရသလဲ
"အာ့"
"Sorry ဗျ ဘယ်များထိခိုက်သွားလဲမသိ"
"ဒီမှာရှင့် ရှေ့ကိုလည်းကြည့်လျှောက်ပါဦး ဘာတွေများတွေးနေလို့ အရှေ့ကလူ
တစ်ယောက်လုံးကိုမမြင်ရတာလဲ"
"တောင်းပန်ပါတယ်ဗျ"
"ဘယ်လိုလူမှန်းမသိ"
ဂျီဝန်းကို ရန်တွေ့ကာထွက်သွားတဲ့ ကောင်မလေးကြောင့် ဂျီဝန်းအနည်းငယ်သဘောကျစွာ ပြုံးလိုက်မိ၏ ဒီကောင်မလေးက တစ်မျိုးလေးပဲဟုလည်း တစ်ဆက်တည်းတွေးလိုက်မိပါသေးသည်
ဂျီဝန်း သတို့သားအခန်းထဲကိုဝင်သွားတော့အရင်ကချစ်ခဲ့ရပါသော ချစ်ရသူလေးက suit အပြာနုလေးနဲ့သန့်လို့
"hyung ရောက်ပြီလား"
"အင်း"
"ဘယ်လိုလဲ ကျွန်တော်ခန့်ရဲ့လား"
"မခန့်ပါဘူး ချစ်ဖို့ကောင်းနေတာငါတို့
မက်သရူးလေးက"
ချစ်ဖို့ကောင်းတယ်ဟုပြောလိုက်သောကြောင့် ကိုယ်တော်ချောက နှုတ်ခမ်းလေးဆူကာရန်တွေ့ပါလေရဲ့ မက်သရူးကိုမြင်တော့ မဆီမဆိုင်ခုနကဂျီဝန်းကိုရန်တွေ့တဲ့ ကောင်မလေးကိုမြင်ယောင်မိသွား၏
"ကျွန်တော့်အမျိုးသားကို အဲ့လောက်ထိမကြည့်ပါနဲ့နော် အူတိုလို"
"အောင်မလေးဗျာ မကြာခင်မင်းအပိုင်ပဲဖြစ်တော့မှာကို ဘာတွေအူတိုနေတာလဲ"
အခုလိုပြန်အဆင်ပြေသွားကျတဲ့
ဂျီဝန်းhyungနဲ့ကို့ကို မြင်ရတော့မက်သရူး
တကယ့်ကိုပျော်ရပါသည်
~ flash back ~
"ကျွန်တော် ဟန်ဘင်းhyungနဲ့ တွဲနေပြီ hyung"
"အင်း hyungသိပါတယ်"
"hyung ဘယ်ထဲကသိ..."
"ဆေးရုံမှာထဲကလေ ဟန်ဘင်းရဲ့မျက်နှာကသိသာနေတာကို"
"hyung ကျွန်တော်..."
"တောင်းပန်ဖို့ဆို မလိုဘူးမက်သရူး hyung ပြောခဲ့တယ်လေ အချစ်ကလုပ်ယူလို့မရဘူးလို့ ဒါကြောင့်မက်သရူး hyung ကိုတောင်းပန်စရာမလိုဘူး ပြီးတော့မက်သရူးကမက်သရူးချစ်တဲ့သူကိုရွေးချယ်ခဲ့တာပဲလေ"
"hyung တကယ်ကျေးဇူးတင်တယ်နော်"
"မလိုပါဘူး ဒါနဲ့ဒီကိုလာတာ ဟန်ဘင်းလည်းပါတယ်မဟုတ်လား"
"ပါတယ်hyung ကားပေါ်မှာနေခဲ့မယ်ဆိုတာနဲ့"
"ခေါ်လိုက်ပါ hyungပြောစရာရှိလို့"
"ဟုတ်"
ဂျီဝန်းhyungကပြောစရာရှိသည်ဟုဆိုသောကြောင့် မက်သရူး ကို့ကိုဖုန်းဆက်ကာလှမ်းခေါ်လိုက်၏ ကိုကခနတော့
ဂျီဝန်းhyungနဲ့ တွေ့ရမှာကိုဝန်လေးနေပေမဲ့
ဂျီဝန်းhyungကပြောစရာရှိနေတာ ဟုဆိုလိုက်တော့မှ ရောက်လာ၏
"ဘာသောက်မလဲ ဟန်ဘင်း"
"latteပဲ hyung"
"ဟန်ဘင်း... hyung မင်းကိုတောင်းပန်ချင်တယ် ဟိုတစ်ခါထိုးမိတဲ့အတွက်ပေါ့"
"အာ့... hyung တောင်းပန်စရာမလိုပါဘူး တကယ်ဆိုကျွန်တော်မှားသွားခဲ့တာပဲလေ"
"ဒါဆို hyungတို့အဆင်ပြေပြီနော် hyung
England ကိုမသွားခင်လေး ဟန်ဘင်းနဲ့အဆင်ပြေခဲ့ချင်လို့"
"hyung..."
မက်သရူးက စိုးရိမ်သံဖြင့်ခေါ်လိုက်တော့ hyung ကမက်သရူးကိုပြုံးပြကာ
"hyung အတွက်အချိန်လိုတယ်လေ
မက်သရူးက hyung အသဲကိုခွဲထားတာဆိုတော့ အပန်းဖြေရင်း ကွဲနေတဲ့အသဲကိုပြန်ဆက်ရမှာပေါ့မဟုတ်ဘူးလား ဟားဟား"
hyung ကရယ်ကာပြောလာပေမဲ့ မရယ်နိုင်သူကတော့ ကိုနဲ့မက်သရူးပင်
"ခနပါပဲ hyungခနလို့အနားယူချင်လို့ပါ"
hyung ကမက်သရူးတို့ကိုပြုံးကာပြောလာ၏ ဘာပဲဖြစ်ဖြစ်ပါလေ hyung ပျော်မယ်ထင်လို့လုပ်တဲ့အရာကို မက်သရူးတို့မတားသင့်ဘူးမဟုတ်လား။
~
"hyung"
"မင်းတို့ရောက်တာကြာပြီလား"
"သိပ်မကြာသေးပါဘူး hyungရာမတွေ့တာကြာလို့လားမသိ တကယ်ချောလာတာပဲ"
ဂယူဘင်ကိုဂျီဝန်းကို ခပ်နောက်နောက်ပြောလာ၏ ထို့နောက်ရစ်ကီက
"hyung နော် နှစ်နှစ်တောင်ကြာနေပြီ ကျွန်တော်တို့ဆီကိုတောင်မလာ မက်သရူးတို့ လက်ထပ်ပွဲဆိုမှ hyungရောက်ချလာတာ"
"မဟုတ်ပါဘူးကွာ မဟုတ်လဲ hyung ကဒီရက်ပိုင်းအတွင်းပြန်လာမှာပါ"
"ဟိုမှာ သတို့သားနှစ်ယောက်လာပြီ"
ဂွန်းအုအပြောကြောင့် ဂျီဝန်းလှည့်ကြည့်မလိုက်တော့ မက်သရူးဘေးမှာ ခနကဂျီဝန်းနဲ့တိုက်မိတဲ့မိန်းကလေးကပါ ပါလာ၏ သူမကဘယ်သူပါလိမ့်
"ခုနကလူ????"
"ဂျန်းမီက ဂျီဝန်းhyungကိုသိတယ်လား"
"မဟုတ်ပါဘူး oppaရဲ့ ခုနကဂျန်းမီနဲ့ ဝင်တိုက်မိတဲ့လူလေ"
"အိုက်ဂူး ဒါဆိုဂျန်းမီပြောတဲ့ မောရှီးဆောတဲ့လူဆိုတာ hyung ပေါ့"
"ဟာ oppa!"
ဂျီဝန်းတစ်ခုမှနားမလည်တော့ ဒီကောင်မလေးက ဘယ်သူပါလဲ မက်သရူးနဲ့ကောဘယ်လိုပတ်သတ်နေတာလဲ
"hyung ဒါမက်သရူးညီမလေ ဆော့ဂျန်းမီတဲ့
ဂျန်းမီ ဒါက ကင်မ်ဂျီဝန်းတို့ oppaတို့
ကိုးယောက်အဖွဲ့ထဲက တစ်ယောက်ပေါ့"
"ဟို နိုင်ငံခြားသွားနေတယ်ဆိုတဲ့သူပေါ့"
"အွင်း....ခနနော်ဂျန်းမီ oppaသွားတော့မယ် ပွဲကစတော့မယ်ထင်တယ်"
"ဟုတ်"
မက်သရူးကိုပြုံးကာပြောနေတဲ့ ထိုမိန်းကလေး သူမရဲ့အပြုံးတွေကမက်သရူးနဲ့သိပ်ဆင်တယ် မက်သရူးလိုလှပတဲ့မျက်ဝန်းနဲ့ အပြုံးတွေလည်းသူမမှာရှိ၏။
အရင်လို ပန်းစည်းပစ်တာလုပ်နေကျသည်မို့
ဂျီဝန်းလည်း ခန်းမကနေ တစ်ချက်ထွက်လာလိုက်၏ ဟိုတစ်ခါထိုင်နေကျ ခုံတန်းလေးနားသွားတော့ နေရာဦးထားသူတစ်ယောက်ကို
ဂျီဝန်းတွေ့လိုက်ရ၏
"ထိုင်လို့ရမလား"
"ရပါတယ် ထိုင်ပါ"
"ဂျန်းမီshiဘာလို့ထွက်လာတာလဲ ပန်းစည်းပစ်နေတယ်လေ သွားမဖမ်းဘူးလား"
"မဖမ်းတော့ပါဘူး ပန်းစည်းရလဲ ဖွင့်ပြောမဲ့ ရည်းစားတွေဘာတွေမှမရှိပဲ....ဂျီဝန်းshiကလည်း ကျွန်မလိုပဲထင်တယ် ဒီလိုထွက်လာပုံအရဆို"
ရယ်မောကာပြောလာသည့်သူမ သူမရယ်သံက ဂျီဝန်းကိုပါကူးစက်စေ၏ ဘာလို့ဆို
ရယ်သံတွေကအစ မက်သရူးနဲ့တူလွန်းနေတယ်လေ
"ခုနကအတွက် တောင်းပန်တယ်နော်"
"မဟုတ်တာရပါတယ် ကျွန်မလည်းရန်တွေ့တာလွန်သွားတယ်ထင်တယ် ဟီး"
"ဂျန်းမီအဆင်ပြေရင်လေကိုယ် မင်းရဲ့ဖုန်းနံပါတ်ကိုရနိုင်မလား"
"ရှင်!"
~
အချစ်တဲ့ အချစ်ကတကယ်တော့ သိပ်ကိုရိုးရှင်းလွန်းတယ်ပြီးတော့လှပလွန်းတယ် အဲ့ထဲမှာမှ ဂွန်းအု၊ဟာအိုတို့ရဲ့အချစ်က အပြန်အလှန်ချစ်သည့်အချစ်မျိုး တစ်ဦးပေါ်တစ်ဦး စာနာထောက်ထားပေးကာ တစ်ယောက်လိုအပ်ချက်ကိုတစ်ယောက်ကဖြည့်ဆည်းပေးတဲ့အချစ်မျိုး၊
ဟန်ဘင်း၊မက်သရူးတို့အချစ်ကတော့ နူးညံ့တဲ့အချစ်မျိုး တစ်ယောက်ပေါ်တစ်ယောက် နူးညံ့စွာဆက်ဆံပေးရင်း နောက်ဆုံးတိုင်သည့်အထိ ချစ်သွားမည့်အချစ်မျိုး၊
ဂယူဘင်၊ယူဂျင်တို့အချစ်ကတော့ အတ္တကြီးတဲ့အချစ်မျိုး ချစ်နေရက်မှန်းသိရက်နဲ့
တစ်ယောက်နဲ့တစ်ယောက်မဖွင့်ပြောခဲ့တာပဲကြည့်လေ ဒါပေမဲ့အခုဆိုရင်တစ်ယောက်လက်ကိုမလွှတ်ပေးနိုင်လောက်တဲ့အထိ ချစ်သွားတော့မည့်အချစ်မျိုး၊
ရစ်ကီ၊ထယ်ရယ်တို့အချစ်က အဆိပ်သင့်အချစ်မျိုး ဒါပေမဲ့ ဒီအဆိပ်ကအန္တရာယ်တော့မရှိ သို့သော်ချစ်မိသွားရင်တော့
အန္တရာယ်အလွန်ရှ်ိတက်တဲ့သည့် အချစ်မျိုး၊
ဂျီဝန်းရဲ့အချစ်ကလား ဂျီဝန်းရဲ့အချစ်က ပေးဆပ်အနစ်နာခံတက်တဲ့အချစ်မျိုး ချစ်ရသူပျော်ဖို့အတွက်ဆို အနစ်နာခံဖို့အတွက်လည်း ဝန်မလေးတဲ့အချစ်မျိုး
ဒါပေမဲ့ ဂျီဝန်းဘဝထဲ ဒီကောင်မလေး
မရောက်ခင်ချိန်အထိပါပဲ.....။
The End
~🌹~
A/N- အခုလိုမျိုး ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇလေးကို အဆုံးထိဖတ်ပေးကျတဲ့ စာဖတ်သူတစ်ဦးစီတိုင်းကိုတကယ်ကျေးဇူးတင်ပါတယ်နော်
ဆော့ဂျန်းမီကိုတစ်ချက်ရှင်ပြချင်ပါသေးတယ် ZB1 fandom name က Roseဆိုတာကိုအားလုံးသိကျမှာပါ ဂျန်းမီဆိုတာက ဟန်ဂုလို နှင်းဆီလို့ အဓိပ္ပာယ်ရပါတယ် ဒါကြောင့် အတွေးမလွန်ပါနဲ့လို့ပြောချင်ပါတယ်>< {အပိုင်း22ကိုလည်းတင်ထားပါသေးတယ်နော် မသိကျမှာဆိုးလို့} ကဲအခုဆို
ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇလေးကို အတည်နှုတ်ဆက်ရတော့မှာပဲ နုမြောပေမဲ့လည်းပေါ့ㅠㅠ
ဒီကြားထဲ ကန်ဒီခနလောက်တော့ ပျောက်မယ်ထင်ပါတယ် ဒါပေမဲ့ မထင်ထားလောက်တဲ့ OTPတစ်ခုနဲ့ One shot လေးလာဖို့တော့ရှိပါတယ် ဘယ်နေ့လောက်တင်ဖြစ်မလဲတော့ မသိသေး{ကြာမှာပါ^^} အဲ့One shot လေးတင်ပြီးရင်တော့ Ficတစ်ပုဒ်နဲ့ပြန်လာနိုင်အောင် ကြိုးစားကြည့်ပါ့မယ်
ယော်ဒါဘွန်းတို့^^