အမတ္ႀကီးရဲ႕အပယ္ခံသား (အမတ်ကြီ...

By Neko_san_ZP

844K 119K 3.3K

Started date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တ... More

Chapter -1 (ပြန်လည်မွေးဖွားလာသည့်ဒန်နာရီ)
Chapter -2(အစကနေ ပြန်လည်စတင်ခြင်း)
Chapter-3
Chapter-4
Chapter-5 (Pink Rose meaning please believe me)
Chapter-5.0
Chapter-6.1
Chapter-6.2(အီဆိုနာနယ်မြေ)
Chapter -7
Chapter -8.1
Chapter-8.2.
Chapter -9
Chapter -10
Chapter -11.1
Chapter-11.0
Chapter-11.2
Chapter-12
Chapter -13
Chapter-14
Chapter-15
Chapter -16
Chapter -17
Chapter -18
Chapter -19
Chapter -20
Chapter-21
Chapter -22
Chapter -23
Chapter -24
Chapter -25
Chapter -26
Chapter -27
Chapter-28
Chapter -29
Chapter -30
Chapter -31
Chapter -32
Chapter -33
Chapter -34
Chapter -35
Chapter-36
Chapter -37
Chapter -38
Chapter -39
Chapter -40
Chapter -41
Chapter-42
Chapter -43
Chapter -44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter -49
Chapter -50
Chapter-51
Chapter -52
Not update
Chapter -53
Chapter-54
Chapter-55
Chapter -56
Chapter -57
Chapter-58
Chapter-59
Chapter -60
Chapter -61
Chapter-62.1
Chapter-62.2
Chapter-63
Chapter -64
Chapter -65
Chapter -66
Chapter -67
Chapter -68
Chapter -69
chapter -70
Chapter -71
Chapter -72
Chapter-73
Chapter-74
Chapter -75
Chapter -76
Chapter-77
Chapter -78
Chapter-79
Chapter-80
Chapter-82
Chapter-83
Chapter -84
Chapter - 85
Chapter-86
Chapter -87
Chapter -88
About paid
Chapter-89
Chapter -90
Chapter -91
Chapter -92
Chapter -93
Chapter -94
Chapter -95
Chapter -96
Chapter-97
Chapter -98
Hello
Chapter-99
Chapter-100
Chapter -101
Chapter-102
Chapter-103
Chapter-104
Chapter-105
Chapter-106
Chapter-107
Chapter-108
//Plz Read//
//not update//
Chapter-109
Chapter -110
Chapter-111
Chapter-112
Chapter-113
Chapter -114
Chapter-115
Chapter-116
Chapter-117
Chapter-118
Chapter-119
Chapter-120
Hello//
Chapter-121
Chapter -122
Chapter-123
Chapter-124
Chapter-125
Chapter -126
Chapter -127
Chapter-128
Chapter-129
Chapter-130
//spoils//
Chapter-131
Chapter-132.1
Chapter-132.2
about Season-2

Chapter -81

4.2K 634 6
By Neko_san_ZP

Zawgyi


လက်ရှိမှာတော့ နန်းတော်ထဲမှာ လူတိုင်းဟာ အလုပ်များနေတော့သည်၊မကြာခင်မှာ မှော်အဖွဲ့အစည်းက ဒုတိယခေါင်းဆောင်ပါ ရောက်လာတော့မှာမို့လို သူတို့ဟာ စိတ်လှုပ်ရှားနေကြတော့သည်၊

















(A/N-1.8m=180cm)



"ဆက်ခံသူကို အခုလိုတွေ့ဆုံရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်" အင်ပါယာမင်းနဲ့သူ့လူတွေဟာ အရိုအသေပေးလိုက်တော့ နီးကိုးလ်(မ်)ဟာ ခေါင်းတစ်ချက်သာညိတ်လိုက်ပြီး ဒုအကြီးအမှူးဘက်လှည့်ကာပြောလိုက်သည်၊


















-*-*-*-*-*-*-*-*-*

Chapter -82မျှော်

-**-*-***-*-*-

Unicode

တစ်ပတ်ကြာတိုင်အောင် မင်းသားဂျော့ဖရေးနဲ့ဒန်နာရီတို့ရဲ့ကျော်ကြားမှုဟာ လူပြောအများဆုံးဖြစ်နေဆဲပေ၊

လက်ရှိမှာတော့ နန်းတော်ထဲမှာ လူတိုင်းဟာ အလုပ်များနေတော့သည်၊မကြာခင်မှာ မှော်အဖွဲ့အစည်းက ဒုတိယခေါင်းဆောင်ပါ ရောက်လာတော့မှာမို့လို် သူတို့ဟာ စိတ်လှုပ်ရှားနေကြတော့သည်၊

"မှော်အဖွဲ့အစည်းကအကြီးအကဲတွေက မှော်အင်းကွက်ရေးဆွဲနိုင်တဲ့သူတွေကို သူတို့ကျောင်းတော်မှာတက်ရောက်ဖို့ လာရွေးချယ်တာတဲ့"

"နင်က သေချာမသိလို့ပါနော် ငါ့သူငယ်ချင်းက ဧကရီနားမှာ ခစားတာလေ သူပြောပြတာ... သခင်လေးအန်ဒီးယားအတွက်လာတာတဲ့... နင်သိတယ်မလား သခင်လေးအန်ဒီးယားရဲ့မှော်အင်းကွက်ရေးဆွဲနိုင်စွမ်းက ထိပ်တန်းလေ...သူက အဲ့အတွက်မွေးဖွားလာသလိုပဲတဲ့" နန်းတွင်းမိန်းမပျိုလေးတွေက သူမတို့ထင်ရာ​မြင်ရာများကို တိုးတိုးဆွေးနွေးနေကြတော့သည်၊

အင်ပါယာမင်းကလည်း အခမ်းအနားကိုသေချာပြင်ဆင်ပြီးသားပင်၊မကြာခင်မှာ ကြီးမားတဲ့နေရာကူးပြောင်းရေးမှော်စက်ကွင်းကြီးပေါ်လာပြီး လူတစ်​ယောက်ပြီးတစ်ယောက်ထွက်လာတော့သည်၊အားလုံးပေါင်း ဆယ့်ငါးယောက်ရှိပြီး အကုန်လုံးဆီကနေ ကြီးမားတဲ့ဖိအားတွေကို ရရှိနေတော့သည်၊

"ဒါက မှော်အဖွဲ့အစည်းက ကျွမ်းကျင်သူတွေလား...သူတို့စွမ်းအားတွေက ပြင်းထန်လိုက်တာ"လူတိုင်းက ရောက်လာတဲ့သူတွေကိုကြည့်ရင်း ပြောလိုက်မိသည်၊

ထိုချိန်မှာ အင်ပါယာမင်းအဖွဲ့ဦးဆောင်လာတဲ့အဖွဲ့ကလည်း ရောက်လာပြီး မှော်အဖွဲ့အစည်းကအရေးကြီးပုဂ္ဂိုလ်တွေကို ကြိုဆိုတော့သည်၊

"ကိုယ်တော်ရဲ့သေးငယ်တဲ့အင်ပါယာကို ဒုအကြီးအမှူးကိုယ်တိုင်ကြွရောက်လာတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်" အင်ပါယာမင်းစကား​ကြောင့် ဒုအကြီးအမှူးကခေါင်းခါလိုက်ပြီး မလိုကြောင်းပြောလိုက်သည်၊ထို့နောက်မှာ သူ့ရဲ့မျက်လုံးတွေက အနောက်ကလူငယ်ဆီရောက်သွားတော့သည်၊

"ဒီကောင်လေးရဲ့မှော်စွမ်းအားက မဆိုးဘူးပဲ" ဒုအကြီးအကဲစကားကြောင့် အင်ပါယာမင်းရဲ့မျက်နှာဟာပျော်ရွှင်သွားတော့သည်၊

"တူတော်မောင်အန်ဒီးယား ရှေ့ကိုလာပြီး အကြီးအမှူးကို ကျေးဇူးတင်လိုက်လေ" အင်ပါယာမင်းစကားကြောင့် အန်ဒီးယားဟာ ကြောက်လန့်တကြားရှေ့ကိုတက်လာပြီး ဒုအကြီးအမှူးကို နူတ်ဆက်လိုက်သည်၊ဒါပေမယ့် သူ့ရဲ့စိတ်ထဲမှာတော့ အတော်ကိုပျော်ရွှင်နေတော့သည်၊ဒုအကြီးအမှူးလိုလူမျိုးက သူ့ကိုသတိထားမိသွားသည်မလား၊

"သူက အန်ဒီးယားရိုစဲဆလပ်ပါ အကြီးအမှူး ပြီးတော့ မှော်အင်းကွက်ရေးဆွဲတဲ့နေရာမှာလည်း ပါရမီမြင့်မားတယ်...သူ့ရဲ့အသက်က ဆယ့်နှစ်နှစ်ပဲရှိသေးတယ်" အင်ပါယာမင်းရဲ့စကားကြောင့် ဒုအကြီးအမှူးဟာ သဘောကျစွာခေါင်းညိတ်လိုက်သည်၊

"မဆိုးပါဘူး ငယ်ရွယ်သေးပေမယ့် မှော်စွမ်းအားမြင့်မားတယ်" ဒုအကြီးအမှူးစကားကြောင့် အန်ဒီးယားက စိတ်ထဲမှာ ဘဝင်မြင့်သွားတော့သည်၊တကယ်လို့ ဒုအကြီးအကဲသာ တပည့်အဖြစ်ရွေးချယ်ခဲ့မယ်ဆိုရင် အင်ပါယာမှာ သူ့ကိုမော်ကြည့်ရဲတဲ့သူရှိတော့မည်မဟုတ်သလို သူ့ကိုအရှက်ခွဲတဲ့သူတွေကို သတ်ရင်လည်း ဘယ်သူမှအပြစ်တင်မည်မဟုတ်ပေ၊

'ဒန်နာရီ မင်းရဲ့ကံကောင်းမှုတွေက ကုန်ဆုံးတော့မှာပဲ'

ဒါပေမယ့် ဒုအကြီးအမှူးက မဆိုးဘူးလို့သာပြောပြီး တပည့်အဖြစ်မကမ်းလှမ်းခဲ့ပေ၊သူတို့ဟာ အင်ပါယာမင်းကို ရှေ့ကသွားရန်ပြောလိုက်သည်၊ဒါက အန်ဒီးယားကို အနည်းငယ်စိတ်ပျက်သွားစေပမယ့် အန်ဒီးယားက ဘာမှမဖြစ်သလို နာခံစွာဖြင့် အိုလီဘာနားပြန်ကပ်ပြီး နေနေတော့သည်၊

"အင်ပါယာတိုင်းရဲ့ပါရမီရှင်တွေကို ရွေးချယ်မှာဆိုတော့ ကျုပ်တို့ရဲ့သခင်လေးကလည်း စိတ်ဝင်စားနေတယ်လေ" ဒုအကြီးအမှူးစကားကြောင့် အင်ပါယာမင်းဟာ နားမလည်စွာမေးလိုက်သည်၊

"သခင်လေးဆိုတာက..." အင်ပါယာမင်းရဲ့စကားမဆုံးခင်မှာ နောက်ထပ်မှော်စက်ကွင်းပေါ်ထွက်လာပြီး လူငယ်တစ်ဦးထွက်လာတော့သည်၊

"သခင်လေး" ဒုအကြီးအမှူးသာမက မှော်အဖွဲ့အစည်းကလူတွေဟာ အရိုအသေပေးလိုက်သည်၊

"ရာရာ... အဲ့လိုကြီး အရိုအသေမပေးပါနဲ့ပြောထားတာကို..." ထိုလူငယ်ရဲ့အသံဟာ အနည်းငယ်ချိုပြီးသြရှရှလေးနဲ့နားထောင်ကောင်းသည်၊အရပ်က၁.၈မီတာလောက်ရှည်ပြီး အပြာရင့်ရောက်ဆံသားတိုများရယ် အပြာရောင်မျက်ဝန်းတောက်များပိုင်ဆိုင်ထားတဲ့မျက်လုံးများ၊လေးထောင့်ဆန်ပြီးခန့်ညားတဲ့မျက်နှာပေါက် နှာတံချွန်ချွန်နဲ့အနည်းငယ်နီညိုရောင်သန်းနေတဲ့အပေါ်ပါးအောက်ထူနူတ်ခမ်းတစ်စုံကို ပိုင်ဆိုင်ထားသည်၊လူငယ်ရဲ့အသားအရည်ဟာ နှင်းပွင့်များလို စင်ကြယ်ကာလှပလွန်းပေမယ့် အနီးပတ်ဝန်းကျင်မှာထွက်ပေါ်နေတဲ့အော်ရာကတော့ ကြောက်စရာကောင်းလှသည်၊

(A/N-1.8m=180cm)

"ဒီသခင်လေးက..." ဒုအကြီးအမှူးတွေတောင် အရိုအသေပေးတဲ့သူဖြစ်တာကြောင့် အင်ပါယာမင်းလည်း ပေါ့ပျက်ပျက်မလုပ်ရဲပေ၊

"ဒါက ကျုပ်တို့မှော်အဖွဲ့အစည်းရဲ့ဆက်ခံသူ နီကိုးလ်(မ်) အလ်ထဲလ်မို(စ်)ပဲ ဇီလ်ရာအင်ပါယာမင်း"

"ဆက်ခံသူကို အခုလိုတွေ့ဆုံရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်" အင်ပါယာမင်းနဲ့သူ့လူတွေဟာ အရိုအသေပေးလိုက်တော့ နီးကိုးလ်(မ်)ဟာ ေခါင်းတစ်ချက်သာညိတ်လိုက်ပြီး ဒုအကြီးအမှူးဘက်လှည့်ကာပြောလိုက်သည်၊

"ရာရာ ငါတို့မှာ အချိန်မရှိဘူး... ဆရာပြောသလို မြန်မြန်ရှာဖွေရအောင်" နီကိုးလ်(မ်)စကားကြောင့် ဒုအကြီးအမှူးက ခေါင်းညိတ်လိုက်ပြီး အင်ပါယာမင်းကို ဦးဆောင်ထားလိုက်သည်၊

အန်ဒီးယားရဲ့အကြည့်တွေဟာ နီကိုးလ်(မ်)ပေါ်ကို ရောက်ရှိလာတော့သည်၊နီကိုးလ်(မ်)ရဲ့နောက်ခံကိုအသာထား ရုပ်ရှည်နဲ့တင် လူတိုင်းကြွေဆင်းစရာပင်၊သူက အိုလီဘာကို သဘောကျပေမယ့် ချစ်တယ်လို့ဆိုလိုတာတော့မဟုတ်ပေ၊ပြီးတော့ အခုချိန်မှာ အိုလီဘာနဲ့အင်အားတူမင်းသားနှစ်ယောက်ရှိနေပြီး အိမ်ရှေ့စံနေရာက မသေချာမရေရာဖြစ်နေတော့သည်၊ဒါကြောင့​် မှော်အဖွဲ့အစည်းကဆက်ခံသူကိုမြင်တော့ အန်ဒီးယားက မလိုချင်ပဲ မနေနိုင်တော့ပေ၊

'ငါက လူတိုင်းရဲ့ခေါင်းပေါ်မှာပဲနေချင်တာလေ...ပြီးတော့ အိုလီဘာနဲ့ငါက ဘာပတ်သတ်မှုမှ သေချာမရှိသေးတာ...ဒါကြောင့် ဆက်ခံသူနီကိုးလ်(မ်)နဲ့ရင်းနှီးမှုယူရင် ဘယ်သူက လာအပြစ်တင်မှာလဲ'

ငါသာ ဆက်ခံသူနီကိုးလ်(မ်)နဲ့ရင်နှီးမှုရရခဲ့ရင် အိုလီဘာကိုလည်း အခက်အခဲမရှိနန်းတက်လို့ရတာဆိုတော့ ငါ့လုပ်ရပ်ကို မှားတယ်လို့ ဘယ်သူမှမစပ်စွဲနိုင်ဘူးပဲလေ၊

"အန်ဒီး...ဘာဖြစ်လို့လဲ" အိုလီဘာဟာ အတွေးများနေတဲ့အန်ဒီးယားကိုကြည့်ရင်း လက်ကိုလှမ်းကိုင်ကာမေးလိုက်သည်၊အန်ဒီးယားက လက်ကိုရှောင်လိုက်ပြီး အိုလီဘာကိုမျက်နှာငယ်စွာဖြင့်ကြည့်ရင်းပြောလိုက်သည်၊

"မကြာခင်မှာ စစ်ဆေးမှာဆိုတော့ နည်းနည်းစိတ်လှုပ်ရှားသွားလို့ပါ ကိုကိုအိုလီဘာ"

"ဘာမှမဖြစ်ပါဘူး အန်ဒီးက တော်ပြီးသားလေ သူတို့ကို သေချာပေါက်ရွေးချယ်လိမ့်မယ်" အိုလီဘာဟာ အန်ဒီးယားစိတ်လှုပ်ရှားနေသည်ကိုသိတော့ ခေါင်းကိုပုတ်ရင်းနှစ်သိမ့်လိုက်သည်၊အန်ဒီးယားက ပြုံးပြုံးလေးနဲ့ငြိမ်ခံနေပေမယ့် ဆက်ခံသူနီကိုးလ်(မ်)က သူတို့ဆက်ခံရေးကို အထင်မလွဲသွားရန်မျှော်လင့်မိသည်၊

အင်ပါယာမင်းမြတ်ဝင်လာချိန်မှာ လူတိုင်းဟာအရိုအသေပေးလိုက်သည်၊ဒန်နာရီကလည်း မင်းသားဂျော့ဖရေးနားမှာ ရပ်နေပြီး ဝင်လာတဲ့သူတွေကိုအကဲခတ်လိုက်သည်၊သူ့ရဲ့မျက်လုံးတွေက အပြာရောင်ဆံပင်နဲ့လူငယ်ဆီမှာရပ်တန့်သွားပြီး မျက်မှောက်ကြုတ်သွားတော့သည်၊

'ပြင်းလိုက်တဲ့အော်ရာပဲ'

*အဲ့လူငယ်ရဲ့ကိုယ်ထဲမှာ နတ်သွေးတွေ စီးဆင်းနေတာပဲ...* ဇီနိုရဲ့စကားကြောင့် ဒန်နာရီအနည်းငယ်အံ့သြသွားတော့သည်၊နတ်လူသားတွေက မျိုးတုံးသွားပြီမဟုတ်ဘူးလား၊

*ဟုတ်တယ်...သူက သွေးနှောသာသာပဲ ဒါပေမယ့် သွေးနှောတွေကလည်း အထင်သေးလို့မှမရတာ...မင်းကိုပဲ ကြည့်လေ*

'ကျွန်တော်က ပြန်လည်မွေးဖွားလာတဲ့သူမို့လို့လေ...' ဒန်နာရီစကားကြောင့် ဇီနိုဟာရယ်မောလိုက်သည်၊

*လူငယ်လေး...အသုံးမကျတဲ့သူတစ်ယောက် ပြန်လည်မွေးဖွားလာရင်တောင် ထပ်ပြီးအသုံးမကျဖြစ်နေအုံးမှာပဲ... မင်းက အစတည်းကပါရမီရှင်တစ်ယောက်ပဲလေ...မင်းရဲ့အမှားက လူတွေကို မျက်စိမှိတ်ယုံပစ်လိုက်တာပဲလေ* ဇီနိုစကားကြောင့် ဒန်နာရီက အနည်းငယ်ရှက်သွားတော့သည်၊

'ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်ဗျ'

အင်ပါယာမင်းဟာ ဆက်ခံသူနီးကိုးလ်(မ်)နဲ့အကြီးအမှူးတွေအတွက် နေရာခင်းပြီးနောက်မှာတော့

"ကိုယ်တော့်အင်ပါယာထဲက ပါရမီရှင်တွေက ဒီနေ့ကိစ္စနဲ့ပတ်သတ်ပြီး သိပြီးသား​​​ဖြစ်မယ်ထင်တယ်..."

"ဒီကအကြီးအမှူးတွေက မှော်အဖွဲ့အစည်းက အရေးပါတဲ့သူတွေပဲ သူတို့က အင်ပါယာတိုင်းမှာ ထက်မြက်တဲ့မှော်အင်းကွက်ရေးဆွဲသူတွေကို စုဆောင်းနေတာပဲ... ဒါကြောင့် မင်းတို့အကြီးအကဲတွေရှေ့မှာ မင်းတို့ရဲ့အင်အားကို အစွမ်းကုန်ထုတ်ပြပြီး အကြီးအမှူးတွေရဲ့စိတ်ဝင်စားမှုကို ရအောင်ယူပြလိုက်"အင်ပါယာမင်းစကားအဆုံးမှာတော့ လူတိုင်းဟာပျော်ရွှင်သွားတော့သည်၊ဒါက သူတို့အတွက်အခွင့်အရေးပဲမလား၊

-*-*-*-*-*-*-*-*-*

Chapter -82မျှော်

Continue Reading

You'll Also Like

4.8K 647 5
#ChanBaek Mini Story {written by Oli_va_K_ay&your_syanxing}
182K 9.5K 56
တိုင်းပြည်နဲ့လူမျိုးကိုဆုံးရှုံးခဲ့တဲ့ နှင်းမြို့တော်က မင်းသားလေး ကမာအာဇမာန်ကို ညီရင်းလိုပြုစုပျိုးထောင်ပေးရင်း မထင်မှတ်ပဲ အချစ်ကြီးချစ်မိသွားတဲ့ စစ်သ...
18.5K 1.1K 55
Genre- Fantasy, Bl,Novel,twin,Oc Uni+Zaw ပုံရိပ်ယောင်တို့ ပုံတူတို့က အစစ်အမှန်တော့ ဘယ်ဟုတ်ပါ့မလဲ။ (အစ်ကိုတော်ရဲ့ခင်ပွန်းလောင်းက ကျွန်တော်ချစ်ရသူဖြစ်န...
211K 19.4K 55
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိကဇာတ်ဆောင် - အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Start Date - June 26 20...