Unicode
ချင်ရွှိုက်မြို့ ဆိပ်ကမ်းမှာ သင်္ဘော အဝင်အထွက်တွေနဲ့ အမြဲတစေ အလုပ်ရှုပ်လို့နေသည်။ ကုန်သည်သင်္ဘောတွေက ထွက်ခွာသွားလိုက် ခရီးသည်သင်္ဘောတွေက ဆိုက်ကပ်လာလိုက်နှင့်ပင်။
ချင်ရွှိုက်မြို့က အကောင်းဆုံးထောက်ပံ့ရေးစခန်းတစ်ခု ဖြစ်လေသည်။ ဒေသက သေးငယ်ပြီး လူသိပ်မများပေ။ များသောအားဖြင့် လူတွေက ဒီမှာ သိပ်ကြာကြာမနေတတ်ကြပေ။ စားစရာ သောက်စရာ အနားယူစရာ နေရာတစ်ခုသာ သတ်မှတ်ခဲ့ကြတာဖြစ်သည်။
သို့သော်ငြား တဖြည်းဖြည်း ကျုံးဇစ်ချီနဲ့ ကျောက်ကျန်းအန်းတို့ရဲ့ လုပ်ငန်းက ကြီးမားလာပြီး ကြီးပွားချမ်းသာလာတာနဲ့အမျှ ဒီနေရာကိုရောက်လာတဲ့ ကုန်သည်အများစုကလည်း ထိုအကြောင်းကို ကြားသိလာကြသည်။ ချင်ရွှိုက်မြို့က လူတွေကို အထပ်ထပ်စားချင်စိတ်ဖြစ်စေတဲ့ အထူးအရသာရှိတဲ့ အစားအစာအချို့ကို ထုတ်လုပ်နေကြောင်း ကြားသိရလေသည်။
ထို့ကြောင့်ပင် ကုန်သည်သင်္ဘောအများအပြားက ချင်ရွှိုက်မြို့မှာ ရပ်ဖို့ ရွေးချယ်ခဲ့ကြသည်။ သူတို့က 《 ထူးခြားတဲ့ အရသာ》စားသောက်ဆိုင်ကို မတွေ့ခင် ဝိုင်းပြီး မေးမြန်းကြသည်။ ထိုနေရာ၌ ထမင်းစားပြီးနောက် ထိုလူတွေက ဝမ်ကျိချန်းထံ ချဉ်းကပ်ကြပြန်ကာ လမ်းမှာစားဖို့အတွက် ဂျုံချောင်းကြော်နဲ့ မုန့်ကြိုးလိမ်ကြော်တို့ကို ရောင်းချပေးစေလို၏။
သဘာဝကျကျပင် ဝမ်ကျိချန်းကလည်း စီးပွားရေးဆိုင်ရာ အခွငိ့အလမ်းတွေကို ငြင်းပယ်မှာမဟုတ်ပေ။
ကုန်သည်တစ်ယောက်က အရသာရှိတယ်လို့ ပြောပါက ထိုစကားက အရပ်ရပ်ကို ပြန့်သွားလိမ့်မည်ပင်။ ကုန်သည်တစ်ဦးကနေ အခြားကုန်သည်တွေဆီ ကြော်ငြာပေးတဲ့ စကားတွေကနေတစ်ဆင့် မကြာခင်မှာပင် ကမ်းနားကို ရောက်ရှိလာတဲ့ ကုန်သည်သင်္ဘောတွေက အစားအသောက် အသုတ်လိုက်ကြီးကို ဝယ်ဖို့ထိုနေရာကနေ တစ်ဆင့် ဝမ်ကျိချန်းဆီ သွားကြလေသည်။
ဤနည်းဖြင့် ချင်ရွှိုက်မြို့က ပိုမိုအသက်ဝင်လာခဲ့သည်။ ဖြတ်သွားတဲ့ ကုန်သည်သင်္ဘောတွေအားလုံးက ၎င်းတို့နဲ့အတူ ယူဆောင်သွားဖို့အတွက် အစားအစာတစ်သုတ်ဝယ်ဖို့ 《 ထူးခြားတဲ့ အရသာ》သို့မဟုတ် ဝမ်ကျိချန်းရဲ့နေရာကို သွားကြမည်ဖြစ်သည်။
' လေညှင်းတိုက်ခတ်ပြီး, လှပတဲ့ နေရောင်ခြည် ' လို့ တင်စားလို့ရတဲ့ နေ့တစ်နေ့မှာ နေရောင်က တောက်ပနေကာ ရာသီဥတုလည်း ကောင်းမွန်နေလေသည်။ ချင်ရွှိုက်မြို့တောင်ဘက်ဆိပ်ကမ်းမှာ ဆိုက်ကပ်လာတဲ့ တောင်ပိုင်းမှ ခရီးသည်တင်သင်္ဘောတစ်စင်းရှိလေသည်။
သင်္ဘောပေါ်က လူတွေက တစ်ယောက်ပြီး တစ်ယောက် ဆင်းလာကြသည်။ ဆင်းလာတဲ့ နောက်ဆုံးခရီးသည်တွေက အသက်လေးဆယ်ကျော် လူလတ်ပိုင်း စုံတွဲတစ်တွဲဖြစ်သည်။ သာမာန်အဝတ်အစားများကိုသာ ဝတ်ဆင်ထားကြလေသည်။ တစ်ဖက်မှာတော့ ထိုအမျိုးသားရဲ့ဖူလန်က အလွန်လှပပြီး သူ့အသက်အရွယ်အရ ဆွဲဆောင်မှုရှိနေဆဲဖြစ်လေသည်။
သူတို့နောက်မှာ တခြားလူနှစ်ယောက်ပါလာသေး၏။ တစ်ယောက်က သူ့ရှေ့က လူနှစ်ယောက်နဲ့ အသက်အရွယ်တူတဲ့ အဘိုးကြီးတစ်ယောက်ဖြစ်ပြီး နောက်တစ်ယောက်က အသက်နှစ်ဆယ်ကျော်လောက်ရှိတဲ့ လူငယ်လေးတစ်ယောက်ဖြစ်လေသည်။
အဓိကအားဖြင့် အသက်လေးဆယ်အရွယ် အားမူက အလွန်ထင်ရှားနေလေရာ ဖြတ်သွားဖြတ်လာ အများအပြားက သူတို့ကို ဆွေကြည့်နေ့ကြလေသည်။
“သခင်ကြီးနဲ့ သခင်မ, အခု သခင်ငယ်လေးနဲ့ တခြားသူတွေက မြို့ထဲမှာရှိ မနေပါဘူး, သခင်ကြီးနဲ့ သခင်မ ကျေးဇူးပြုပြီး ဒီမှာ ခဏစောင့်ပေးပါ, ဒီလက်အောက်ငယ်သားက ရထားလုံး ငှားယမ်းလာခဲ့ပါ့မယ် ” မျက်နှာအမူအရာကင်းမဲ့ပြီး သာမာန်ဆန်ပြီး သန်မာတဲ့လူကို ကျုံးဇစ်ချီနဲ့ တခြားသူတွေသာ ဒီမှာရှိနေပါက ဒီလူက ရှန်ယွီပေ့ရဲ့ ယုံကြည်စိတ်ချရတဲ့ လက်ထောက်ဟုန်းယင်က လွဲပြီး အခြားသူမဟုတ်ကြောင်း သိလိမ့်မှာပင်။
[ Madam လို့ သုံးထားတာပါ, တစ်ခါတစ်လေကျ မိန်းမတွေ မပါတဲ့ Novel ဆိုတာတောင် မေ့မေ့သွားမိတယ် ㅠㅡㅠ ]
ဟုန်းယင်က သခင်ကြီးနဲ့ သခင်မလို့ ခေါ်တဲ့ လူနှစ်ယောက်ကလည်း ကျုံးဇစ်ချီရဲ့ အားမူဘက်က အဘိုးအဘွားတွေကလွဲလို့ တခြားသူ မရှိပါချေ။ ရှည်လျားပြီး ခက်ခဲကြမ်းတမ်းသော ခရီးကို ဖြတ်သန်းခဲ့ပြီး နောက်ဆုံးမှာတော့ သူတို့တွေ ချင်ရွှိုက်မြို့ကို ရောက်လာခဲ့ကြလေပြီ။
"အတူတူသွားရအောင်ပါ!" အဖေရှန်က သူ့လက်ကို ဝှေ့ယမ်းပြီး လမ်းပြခိုင်းလေသည်။
"သခင်ကြီးရယ်, ဖြည်းဖြည်း လျှောက်ပါ" ရှန်အားမူခမျာ အဖေရှန်ရဲ့ လက်မောင်းကို အမြန် ဆုပ်ကိုင်လိုက်ရသည်။
“ဟုတ်ပါတယ် သခင်ကြီးရယ်, အလျင်မလိုဘဲ ဖြည်းဖြည်းချင်း လျှောက်ကြတာပေါ့ဗျာ, ကျန်းမာရေးကို ဂရုစိုက်ဖို့က ပိုအရေးကြီးတယ် မဟုတ်လား ”
အသက်လေးဆယ်ကျော်အရွယ် ထိုလူက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလေသည်။ သူက ရှန်မိသားစု နေအိမ်က အစေခံခေါင်းဆောင်အဖြစ် အဖေရှန်ထံမှာ နှစ်သုံးဆယ်ကျော် အမှုထမ်းခဲ့ပြီးဖြစ်ဆလရာ အမြဲတမ်း သစ္စာရှိခဲ့သူဖြစ်သည်။ ရှန်မိသားစုနဲ့ပတ်သက်တဲ့ အရာအားလုံးက ကြီးသည်ဖြစ်စေ, အသေးအဖွဲဖြစ်စေ သူ့လက်ထဲ ဦးစွာသွားရမည်ဖြစ်သည်။
အဖေရှန်က အားမာန်အပြည့်နဲ့ ဆိုလေ၏။ – “ငါ့ ကျန်းမာရေးက ကောင်းနေပါတယ်, မင်းတို့တွေ ငါ့ကိုကူညီဖို့ မလိုပါဘူး" ထိုစကားကို ပြောပြီးနောက် နှစ်ယောက်သားကို ထားခဲ့ကာ ရှေ့ကို လျှောက်သွားလေသည်။
ရှန်ဝမ်နဲ့ အစေခံခေါင်းဆောင်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ကမန်းကတန်း လိုက်သွားကြရတော့သည်။
ဟုန်းယင်က သခင်ငယ်လေးနှစ်ဦးစလုံး 《 ထူးခြားတဲ့ အရသာ》မှာ မရှိမှန်း သူ့သခင်ဆီကနေ ကြားပြီးသားမို့ ရထားလုံးဆိုင်ကို တန်းတန်းမတ်မတ်သွားကာ ရထားလုံး ငှားလိုက်သည်။ ထုံးစံအတိုင်း သခင်ကြီးနဲ့ သခင်မက အတွင်းဘက်ထဲမှာ ထိုင်ကာ ဟုန်းယင်က ရထားလုံးမောင်းဖို့အတွက် အပြင်ဘက် လက်ဝဲဘက်မှာ ထိုင်ပြီး အစေခံခေါင်းဆောင်ကတော့ လက်ယာဘက်မှာထိုင်ကာ ရှုခင်းကို ကြည့်လို့နေသည်။
အခုချိန် ကျုံးဇစ်ချီနဲ့ ကျောက်ကျန်းအန်းကတော့ အိမ်မှာ အသားပေါင်းချက်ဖို့အတွက် အလုပ်များနေလေသည်။ အလုပ်နေရာအဖြစ် အသုံးပြုမယ့်အိမ်ကို ဆောက်ပြီးပေမယ့်လည်း ဝန်ထမ်းမရှိတဲ့ ပြဿနာကတော့ရှိနေဆဲဖြစ်သည်။ လွန်ခဲ့တဲ့ နှစ်ရက်အတွင်း ကျောက်ကျန်းအန်းက သူတို့အတွက် အလုပ်လုပ်ဖို့ တစ်စုံတစ်ယောက်ကို ရှာဖွေနေခဲ့ပေမယ့် မတွေ့မချင်း သူတို့ကိုယ်တိုင်ပဲ လုပ်နေရဦးမှာပင်။
နှစ်ယောက်စလုံး မနက်ဖြန်အတွက် လုပ်စရာတွေ ပြီးသွားလို့ ရေသောက်နေတုန်း အိမ်ရှေ့ကနေပြီး တံခါးခေါက်သံကြားလိုက်ရသည်။
"ဘယ်သူလဲ?" ကျောက်ကျန်းအန်းက ထကာ တံခါးဖွင့်ဖို့ ထွက်သွားလေသည်။ များသောအားဖြင့် သူတို့အိမ်ကို ဘယ်သူကမှ လာမလည်ဖူးတာမို့ အခုလာတာ ဘယ်သူလဲဆိုတာ မသိကြပေ။
ကျောက်ကျန်းအန်း တံခါးဆီ လျှောက်သွားလိုက်ပြီး ဖွင့်လိုက်သည့်အခိုက်မှာတော့ အေးခဲလို့သွားသည်။ "အဖိုး, အဖွား! ရောက်လာကြပြီလား! လာမယ်ဆိုတာကို ဘာလို့ တယောက်ယောက်ကို အကြောင်းမကြားခိုင်းတာလဲ? ကျွန်တော်လာကြိုမှာပေါ့ "
[ Grandma လို့ သုံးထားတာပါ...ရှန်အားမူကို :(((( ]
တံခါးအပြင်ဘက်က အဖေရှန်က လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး ဆွံ့အနေတဲ့ ကျောက်ကျန်းအန်းကို ကျော်ဖြတ်သွားပြီး ဆိုလေ၏။ " အရမ်းပဲ နီးနေပြီကို, ငါက မင်းကို ဘာလို့ ဒုက္ခပေးရမှာလဲ? ငါတို့မှာ လက်တွေ ခြေမရှိလို့လား? ”
"အာ...အဖိုးတို့ ရှာမတွေ့မှာစိုးလို့ပါ!" ကျောက်ကျန်းအန်း ခေါင်းကုတ်လိုက်သည်။
"ဟုန်းယင် ဒီမှာရှိတယ်လေ " ရှန်ဝမ်က ကျောက်ကျန်းအန်းလက်မောင်းကို ပုတ်ကာ ပြောလေသည်။
"ကျန်းအန်း, ဘယ်သူလာတာလဲ? "
ကျုံးဇစ်ချီက ကျောက်ကျန်းအန်း တော်တော်ကြာတာတောင် ပြန်ရောက်မလာခဲ့ပဲ လူတွေ စကားပြောနေတဲ့အသံကို ကြားလိုက်ရတာမို့ ဖိနပ်စီးပြီး ထွက်လာခဲ့သည်။
တွေ့ဆုံချိန်မှာတော့ နှစ်ဖက်စလုံး ကြက်သေသေသွားခဲ့ကြပါသည်။ ကျုံးဇစ်ချီ တစ်ချက်ကြည့်လိုက်တော့ အမည်မသိတဲ့ လူအိုကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။ အဟမ်း…လူအိုကြီးလို့ခေါ်ဖို့တော့ မသင့်လျော်ပေ။ အမှန်တကယ်က သူနဲ့မနီးမဝေးမှာ ရပ်နေတဲ့ ဆံပင်တွေဖြူနေတဲ့ လူတစ်ယောက်ဖြစ်သည်။ ထို့နောက်တွင် ကျောက်ကျန်းအန်းနဲ့ ဘေးချင်းကပ်ရပ်နေတဲ့ မရင်းနှီးတဲ့ အခြားအားမူကို တွေ့လိုက်ရလေသည်။ ဟုန်းယင်ကိုမြင်ပြီးနောက်မှ ကျုံးဇစ်ချီရဲ့ မျက်လုံးထဲမှာ နားလည်မှုအလင်းတန်းတွေ ဖြတ်ပြေးသွားလေသည်။
သို့သော်ငြား အဖေရှန်နဲ့ ရှန်အားမူကတော့ အလွန်စိတ်လှုပ်ရှားနေကြကာ ရှေ့ကို ခြေလှမ်းအနည်းငယ်လှမ်းလိုက်ကြသည်။
“တူလိုက်တာ… တကယ်တူလွန်းတယ်” အဖေရှန်က လက်နှစ်ဖက်လုံး တုန်ခါနေရင်း တီးတိုးရေရွတ်နေလေသည်။
ရှန်အားမူက ပိုလို့တောင် စိတ်လှုပ်ရှားနေပါ၏။ သူက ရှေ့ကို အမြန်ပြေးလာပြီး ကျုံးဇစ်ချီရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ရှိုက်ကြီးတငင် ငိုရှိုက်ကာ ဆိုလိုက်၏။ "ချီကောအာ, ငါက မင်းရဲ့ အဖွားလေ, သူက မင်းရဲ့အဖိုးပေါ့ … မင်းနဲ့ မင်းရဲ့ အားမူက တစ်ကယ့်ကို တူတာပဲကွယ် ”
ကျုံးဇစ်ချီ အနည်းငယ် ရှက်ရွံ့သွားရပြီး သူ့ရှေ့က မြင်ကွင်းကြောင့် စိတ်လှုပ်ရှားမှုတွေတောင် လုံးလုံး ဆုံးရှုံးသွားရသည်။ ကျောက်ကျန်းအန်းကိုကြည့်လိုက်ပြီး အကူအညီတောင်းပေမယ့် ထိုသူက ပခုံးတွန့်ကာ သူဘယ်လောက်ပဲ လုပ်ချင်နေပါစေ ဘာမှ မလုပ်ပေးနိုင်ဘူးဆိုပြီး ဖပြသလာလေ၏။ ကျုံးဇစ်ချီလည်း ဘာမှ မတတ်နိုင်တော့ပဲ သူတို့ကို အရင်ခေါ်လိုက်ရသည်။ "အဖိုး, အဖွား!"
" အိုင်း!…” အဖေရှန်နဲ့ ရှန်အားမူက တစ်ချိန်တည်းမှာ ထူးလေ၏။
ကျုံးဇစ်ချီ နည်းနည်းရှက်သွားပြီး "အဖိုး, ဖွားဖွား, အိမ်ထဲဝင်ပြီး စကားပြောရအောင်လေ!"
"ကောင်းပြီလေ, အထဲဝင်ပြီး စကားပြောကြစို့ "
ရှန်အားမူက ခေါင်းညိတ်လိုက်ပြီး မျက်ရည်တွေကို သုတ်လိုက်သည်။ ထို့နောက် အဖေရှန်ကို အိမ်ထဲဝင်ဖို့ ကူညီပေးလိုက်သည်။
"ဒါက မင်းတို့ ဆောက်ထားတဲ့ အိမ်အသစ်လား"
ရှန်အားမူက ပတ်ဝန်းကျင်ကို ကြည့်ရင်း မေးသည်။
"ဟုတ်ကဲ့, ကျွန်တော်တို့လည်း ပြောင်းလာတာမကြာသေးဘူး" ကျုံးဇစ်ချီ ပြုံးပြီး ပြန်ဖြေသည်။
အဖေရှန်က ပတ်ဝန်းကျင်မှာ အလှဆင်ထားတာကို လှည့်ပတ်ကြည့်ပြီး ခေါင်းညိတ်၏။ “အတော်လေး ကောင်းသားပဲ”
ထို့နောက် အခန်းထဲမှာ ခဏထိုင်ပြီး စကားစမြည် ပြောဖြစ်ကြလေသည်။ ကျုံးဇစ်ချီက သူတို့ရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာတွေကို မြင်ပြီးနောက် “အဖိုးနဲ့ အဖွားတို့ ခရီးပန်းနေမှာပဲ, ကျွန်တော် အဖိုးတို့အတွက် ချက်ပြုတ်လိုက်ဦးမယ် "
"ချီကောအာ, ဒါက အလျင်မလိုပါဘူး ... မင်း အဖိုးနဲ့ ငါ မင်းရဲ့ အားမူကို အရင်သွားတွေ့ချင်တယ်, " ဟုတ်လေသည်။ သူတို့ရဲ့ ဆယ်နှစ်ကျော် မတွေ့ခဲ့ရတဲ့ သူတို့ရဲ့သားနဲ့ တွေ့ဖို့ စိတ်စောနေခဲ့တာပင်။
ကျုံးဇစ်ချီရဲ့ အဖိုးတွေက ထိုအကြောင်းကိုတွေးရင်း သူတို့မျက်နှာပေါ်ကနေ မျက်ရည်တွေစီးကျလာခဲ့သည်။
“သခင်မ, ဒီလက်အောက်ငယ်သားက လမ်းသိပါတယ်, ဒီလက်အောက်ငယ်သားကို သခင်မတို့နှစ်ယောက်ကို အဲဒီနေရာကို ခေါ်သွားခွင့်ပြုပါ! ” ဟုန်းယင်က မျက်နှာသေနဲ့ ပြောကာ သူ့မျက်လုံးက သုသာန်ဆီ သွားဖို့ အဆင်မပြေတဲ့ ကျုံးဇစ်ချီကို တစ်ချက်ကြည့်လိုက်သည်။
အဖေရှန်နဲ့ ရှန်အားမူတို့ကလည်း သူတို့ရဲ့မြေးမှာ ကိုယ်ဝန်ရှိနေကြောင်း သိကြလေရာ ထိုသို့ဆို၏။ - “ကောင်းပြီ! မင်း ငါတို့ကို အဲဒီကို ခေါ်သွားလို့ရတယ်, ဇစ်ချီကတော့ အိမ်မှာပဲ အနားယူနေသင့်တယ် ”
ကျောက်ကျန်းအန်းက သူတို့နဲ့ လိုက်ပေးချင်ပေမယ့် အဖေရှန်က ငြင်း၏။
ဟုန်းယင်ကသာ သူတို့နဲ့အတူ လိုက်လာတဲ့ တစ်ဦးတည်းသောသူဖြစ်ပြီး အစေခံခေါင်းဆောင်သည်လည်း နေခဲ့ရလေသည်။
ကျုံးဇစ်ချီ သူ့ကို မသိတာမို့ စိတ်ရှုပ်ထွေးစွာနဲ့ မေးလိုက်ရသည်။ “ဟောဒီ့က ဘယ်သူများပါလဲ ? “
အစေခံချုပ်က ဖော်ရွေစွာ ပြုံးလိုက်ပြီး “ကျုပ်နာမည်က ရှန်ချင်းပါ, ကျုပ်က ရှန်အိမ်တော်ရဲ့ အစေခံခေါင်းဆောင်ပါ, သခင်ငယ်လေး, ကျုပ်ကို အစေခံချုပ်လို့ ခေါ်လို့ရပါတယ် "
"ဦးလေးရှန်လို့ပဲ ခေါ်ပါ့မယ် " ကျုံးဇစ်ချီက ဆို၏။ အစေခံချုပ်လို့ ခေါ်ယတာ နည်းနည်းတော့ အဆင်မပြေပေ။
"ကောင်းပါပြီ, သခင်ငယ်လေးပြောတာကို နားထောင်ပါ့မယ် " အစေခံချုပ်က သူ့မျက်လုံးတွေ မှိတ်သွားတဲ့အထိ ပြုံးလိုက်ခေသည်။ သူ့မျက်လုံးတွေကလည်း အနည်းငယ်နီနေပြီး ကျုံးဇစ်ချီရဲ့ အားမူ အကြောင်းကို တွေးနေပုံလေရသည်။ သူ့ အားမူက သူ ငယ်ငယ်လေးကတည်းက ပြုစုစောင့်ရှောက်ခဲ့တဲ့သူပင်။
ကျုံးဇစ်ချီက အိမ်ထဲ ထိုင်ပြီး အစေခံချုပ်နဲ့ ခဏလောက် စကားစမြည်ပြောပြီးနောက် မီးဖိုချောင်ထဲဝင်သွားခဲ့သည်။ သူတို့ရဲ့ အကြိုက်က ဘာလဲဆိုတာ မသိတာကြောင့် အရသာလေးပြီး ပေါ့ပေါ့ပါးပါး အရသာရှိတဲ့ ဟင်းအနည်းငယ်ကိုသာ ချက်ပြုတ်နိုင်တော့မည်။
သူတို့နဲ့ ဘယ်လို ဆက်ဆံရမှန်း မသိတာမို့ စိတ်ထဲမှာ နည်းနည်းတော့ တုန်လှုပ်နေတုန်းပါပင်။ သူ့စိတ်တွေ ရှုပ်နေတော့ မီးဖိုချောင်ထဲမှာ အေးအေးဆေးဆေး ခေါင်းနှစ်ထားရတာ ကောင်းလေသည်။ သူ့အဖိုးနှစ်ယောက်စလုံးက အလွန်ကြင်နာကြပြီး ဖော်ရွေကြလေသည်။ သူ့အဖိုးက နည်းနည်း လေးနက်တဲ့ပုံပေါက်ပေမယ့် ကျုံးဇစ်ချီကိုတော့ အတော်လေး ညင်ညင်သာသာ ဆက်ဆံတာကို သိနိုင်သည်။ ကျောက်ကျန်းအန်းပြောသလောက် မတင်းမာပါချေ။ ဒီနည်းနဲ့ဆို သူတို့ ပိုပြီး အဆင်ပြေသွားနိုင်လောက်ပါ၏။
“ဦးလေးရှန်, ဒီရက်ပိုင်း အဖိုးရဲ့ ကျန်းမာရေးကရော ဘယ်လိုလဲ? သူ ပိုကောင်းလာပြီလား? "
အိမ်အတွင်းမှာ ကျောက်ကျန်းအန်းက အစေခံချုပ်ကို မေးလိုက်သည်။ သူတို့နှစ်ယောက်လုံးက အဖိုးရဲ့ ကျန်းမာရေးကို အတော်လေး စိတ်ပူနေကြဆဲပါပင်။
“သူ့ကျန်းမာရေးက ဘာမှ မဖြစ်ပါဘူး, ဒါက သူ့ရင်ထဲက ဖြေဖျောက်လို့ မရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဆိုတာ သခင်လေးလည်း သိတာပဲ " အစေခံချုပ်က သက်ပြင်းတစ်ချက် ချလိုက်သည်။
“အိုင်း…” ကျောက်ကျန်းအန်းလည်း သက်ပြင်းချလိုက်မိလေသည်။ “အဖိုး အားမူဆီ ရောက်ပြီးရင်တော့ အဲဒါကို ကျော်ဖြတ်နိုင်မယ်လို့ မျှော်လင့်ရတာပဲ, ဘာပဲဖြစ်ဖြစ် သူ့မှာ ကျွန်တော်နဲ့ ဇစ်ချီရှိနေတုန်းပဲလေ, မကြာခင် သူ့ရဲ့ မြေးလေးလည်း မွေးတော့မှာပါ ”
အစေခံချုပ်က ပြုံးပြီး ဆို၏၊ “အမှန်ပဲ, သခင်ကြီးက ကလေးတွေကို အနှစ်သက်ဆုံးပဲ, ဒါပေမယ့် ပြဿနာက သခင်ပေ့က အိမ်ထောင်မပြုသေးဘူးလေ "
"ဖြစ်နိုင်တာကတော့ ဒါက အချိန်မကျသေးလို့နေမှာပါ !"
"ဟုတ်မှာပါလေ …"
တစ်နာရီလောက်ကြာတော့ အဖေရှန်နဲ့ တခြားသူတွေ ပြန်လာကြလေသည်။ လူတိုင်းက သူတို့ရဲ့ နီရဲနေတဲ့ မျက်လုံးတွေကို တိတ်တဆိတ် လျစ်လျူရှုထားကြလေသည်။
“အဖိုးနဲ့ အဖွားတို့ အချိန်မီ ပြန်ရောက်လာတာပဲ, ကျွန်တော်တို့ စားကြတာပေါ့, ဇစ်ချီချက်ထားတာတွေက အရမ်းကောင်းတယ်နော်!” ကျောက်ကျန်းအန်းက ပြုံးပြီး အကြောင်းအရာကို ပြောင်းလဲလိုက်သည်။
အစေခံချုပ်က ဘေးကနေ ကျေကျေနပ်နပ်နဲ့ ခေါင်းညိတ်ပြလေသည်။ သူ ကျောက်ကျန်းအန်းကို သဘောကျလေသည်။ သူက လိမ္မာပါးနပ်တဲ့သူဖြစ်ပြီး ဖြတ်ထိုးဥာဏ်ရှိလေကာ ကောင်းကောင်းမွန်မွန်လုပ်နိုင်ပြီး အမြင်ကောင်းရှိသူမို့ သူ့ကို လူတိုင်းက ချီးကျူးကြလေသည်။
"ကောင်းပြီ, မင်းတို့အဖိုးနဲ့ ငါ ဇစ်ချီရဲ့ လက်ရာကို မြည်းစမ်းကြည့်ရမှာပေါ့ " ရှန်အားမူက သူ့ကိုယ်သူ အားတင်းပြီး ပြုံးပြလေသည်။
မကြာခင်မှာပဲ ကျုံးဇစ်ချီရဲ့ အစားအသောက်တွေက အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ အချိန်သိပ်မရှိတာရော ပါဝင်ပစ္စည်းလည်း များများစားစားမရှိတာကြောင့် စွပ်ပြုတ်တစ်ပွဲ, အသားဟင်းနှစ်ပွဲနှင့် သက်သတ်လွတ်ဟင်းနှစ်ပွဲကိုပဲ ပြုလုပ်နိုင်ခဲ့သည်။ မနက်ခင်းတုန်းက ပြင်ဆင်ထားသည့် ဝက်သားပေါင်း တစ်ပန်းကန်လည်း ရှိပါသေးသည်။ ဟုန်းယင်နဲ့ အစေခံချုပ်တို့ကတော့ အခြေအနေအရ သူတို့နဲ့ အတူ မစားနိုင်ကြပေ။ ကျုံးဇစ်ချီက ထိုအတွက် ပြင်ဆင်ပေးပြီး မီးဖိုချောင်ထဲမှာ သူတို့အတွက် စားပွဲနောက်တစ်ခု ထားပေးလိုက်သည်။
"အဖိုး,အဖွား, ကျွန်တော်ချက်ထားတာ မြည်းကြည့်ကြပါဦး, ကြိုက်မလား မကြိုက်မလားတော့ ကျွန်တော်လည်းမသိဘူး " ကျုံးဇစ်ချီက စုံတွဲကို ထမင်းခူးပေးပြီး သူလည်း ဝင်ထိုင်လိုက်သည်။.
ရှန်အားမူက သူ့ရဲ့ တူတွေကို ပထမဆုံး ရွှေ့တဲ့သူဖြစ်သည်။ တစ်ကိုက်လောက် ကိုက်ပြီးတာနဲ့ သူက ချက်ချင်းပင် ချီးကျူးလေတော့သည်။ “အရသာရှိတယ်, ဇစ်ချီရဲ့ လက်ရာက အရမ်း ကောင်းတာပဲ, ခင်ဗျားလည်း မြည်းကြည့်ချည် ”
ရှန်အားမူက အဖေရှန်ကို ဟင်းတချို့ တူနဲ့ယူကာ ထည့်ပေးလိုက်သည်။ ဒါကို အဖေရှန်က ကြားတော့ တူ ကောက်ကိုင်ပြီး မြည်းစမ်းကြည့်သည်။ ပြီးမှ ခေါင်းတညိတ်ညိတ်နဲ့ ဆိုသည် - "ကောင်းသားပဲ"
“ အဖိုးတို့ ကြိုက်ကြတာ တော်သေးတယ်, စားကြရအောင် အေးကုန်တော့မယ် " ကျုံးဇစ်ချီ သူ့မျက်လုံးတွေ မှိတ်သွားတဲ့ထိ ပြုံးရင်းပြောလိုက်သည်။
မီးဖိုချောင်ထဲမှာတော့ အစေခံချုပ်က စားနေလေ၏။ သူစားပြီးတာနဲ့ ထိုသို့ပြောလေသည်– “သခင်ငယ်လေးရဲ့လက်ရာက ကျုပ်တို့နေရာ ထမင်းချက်တွေနဲ့တောင် မတူဘူး, သူချက်တာက ပိုတောင် ကောင်းမယ်ထင်တယ်နော်, ဟုန်းယင် မင်းရောဘယ်လိုထင်လဲ?"
“….”
ဟုန်းယင်က ပြန်မဖြေဘဲ မျက်နှာသေနဲ့သာ။ သူစားတဲ့ပုံစံက နိုင်ငံရဲ့နယ်မြေကိုဖြတ်သွားတဲ့ ကျိုင်းကောင်တွေပါပင်။ အစေခံချုပ်က သူ့ကိုကြည့်ရင်း ဆွံ့အသွားလေသည်။
သို့သော် ထိုသူက အစားအသောက်အားလုံးကို တစ်ယောက်တည်း အကုန်စားသွားမှာ ကြောက်တာကြောင့် အရေထူထူနဲ့ပဲ သူနဲ့ အတူ လုစားရုံကလွဲပြီး အခြားရွေးချယ်စရာမရှိပေ။ ဒီလိုမျိုး အရသာရှိတဲ့ အစားအစာကို ချက်ပြုတ်ထားတဲ့ သခင်ငယ်လေးကိုသာ အပြစ်တင်ရမှာပင်။
__________
Zawgyi
ခ်င္႐ႊိုက္ၿမိဳ႕ ဆိပ္ကမ္းမွာ သေဘၤာ အဝင္အထြက္ေတြနဲ႔ အၿမဲတေစ အလုပ္ရႈပ္လို႔ေနသည္။ ကုန္သည္သေဘၤာေတြက ထြက္ခြာသြားလိုက္ ခရီးသည္သေဘၤာေတြက ဆိုက္ကပ္လာလိုက္ႏွင့္ပင္။
ခ်င္႐ႊိုက္ၿမိဳ႕က အေကာင္းဆုံးေထာက္ပံ့ေရးစခန္းတစ္ခု ျဖစ္ေလသည္။ ေဒသက ေသးငယ္ၿပီး လူသိပ္မမ်ားေပ။ မ်ားေသာအားျဖင့္ လူေတြက ဒီမွာ သိပ္ၾကာၾကာမေနတတ္ၾကေပ။ စားစရာ ေသာက္စရာ အနားယူစရာ ေနရာတစ္ခုသာ သတ္မွတ္ခဲ့ၾကတာျဖစ္သည္။
သို႔ေသာ္ျငား တျဖည္းျဖည္း က်ဳံးဇစ္ခ်ီနဲ႔ ေက်ာက္က်န္းအန္းတို႔ရဲ႕ လုပ္ငန္းက ႀကီးမားလာၿပီး ႀကီးပြားခ်မ္းသာလာတာနဲ႔အမွ် ဒီေနရာကိုေရာက္လာတဲ့ ကုန္သည္အမ်ားစုကလည္း ထိုအေၾကာင္းကို ၾကားသိလာၾကသည္။ ခ်င္႐ႊိုက္ၿမိဳ႕က လူေတြကို အထပ္ထပ္စားခ်င္စိတ္ျဖစ္ေစတဲ့ အထူးအရသာရွိတဲ့ အစားအစာအခ်ိဳ႕ကို ထုတ္လုပ္ေနေၾကာင္း ၾကားသိရေလသည္။
ထို႔ေၾကာင့္ပင္ ကုန္သည္သေဘၤာအမ်ားအျပားက ခ်င္႐ႊိုက္ၿမိဳ႕မွာ ရပ္ဖို႔ ေ႐ြးခ်ယ္ခဲ့ၾကသည္။ သူတို႔က 《 ထူးျခားတဲ့ အရသာ》စားေသာက္ဆိုင္ကို မေတြ႕ခင္ ဝိုင္းၿပီး ေမးျမန္းၾကသည္။ ထိုေနရာ၌ ထမင္းစားၿပီးေနာက္ ထိုလူေတြက ဝမ္က်ိခ်န္းထံ ခ်ဥ္းကပ္ၾကျပန္ကာ လမ္းမွာစားဖို႔အတြက္ ဂ်ဳံေခ်ာင္းေၾကာ္နဲ႔ မုန္႔ႀကိဳးလိမ္ေၾကာ္တို႔ကို ေရာင္းခ်ေပးေစလို၏။
သဘာဝက်က်ပင္ ဝမ္က်ိခ်န္းကလည္း စီးပြားေရးဆိုင္ရာ အခြငိ့အလမ္းေတြကို ျငင္းပယ္မွာမဟုတ္ေပ။
ကုန္သည္တစ္ေယာက္က အရသာရွိတယ္လို႔ ေျပာပါက ထိုစကားက အရပ္ရပ္ကို ျပန္႔သြားလိမ့္မည္ပင္။ ကုန္သည္တစ္ဦးကေန အျခားကုန္သည္ေတြဆီ ေၾကာ္ျငာေပးတဲ့ စကားေတြကေနတစ္ဆင့္ မၾကာခင္မွာပင္ ကမ္းနားကို ေရာက္ရွိလာတဲ့ ကုန္သည္သေဘၤာေတြက အစားအေသာက္ အသုတ္လိုက္ႀကီးကို ဝယ္ဖို႔ထိုေနရာကေန တစ္ဆင့္ ဝမ္က်ိခ်န္းဆီ သြားၾကေလသည္။
ဤနည္းျဖင့္ ခ်င္႐ႊိုက္ၿမိဳ႕က ပိုမိုအသက္ဝင္လာခဲ့သည္။ ျဖတ္သြားတဲ့ ကုန္သည္သေဘၤာေတြအားလုံးက ၎တို႔နဲ႔အတူ ယူေဆာင္သြားဖို႔အတြက္ အစားအစာတစ္သုတ္ဝယ္ဖို႔ 《 ထူးျခားတဲ့ အရသာ》သို႔မဟုတ္ ဝမ္က်ိခ်န္းရဲ႕ေနရာကို သြားၾကမည္ျဖစ္သည္။
' ေလညႇင္းတိုက္ခတ္ၿပီး, လွပတဲ့ ေနေရာင္ျခည္ ' လို႔ တင္စားလို႔ရတဲ့ ေန႔တစ္ေန႔မွာ ေနေရာင္က ေတာက္ပေနကာ ရာသီဥတုလည္း ေကာင္းမြန္ေနေလသည္။ ခ်င္႐ႊိုက္ၿမိဳ႕ေတာင္ဘက္ဆိပ္ကမ္းမွာ ဆိုက္ကပ္လာတဲ့ ေတာင္ပိုင္းမွ ခရီးသည္တင္သေဘၤာတစ္စင္းရွိေလသည္။
သေဘၤာေပၚက လူေတြက တစ္ေယာက္ၿပီး တစ္ေယာက္ ဆင္းလာၾကသည္။ ဆင္းလာတဲ့ ေနာက္ဆုံးခရီးသည္ေတြက အသက္ေလးဆယ္ေက်ာ္ လူလတ္ပိုင္း စုံတြဲတစ္တြဲျဖစ္သည္။ သာမာန္အဝတ္အစားမ်ားကိုသာ ဝတ္ဆင္ထားၾကေလသည္။ တစ္ဖက္မွာေတာ့ ထိုအမ်ိဳးသားရဲ႕ဖူလန္က အလြန္လွပၿပီး သူ႔အသက္အ႐ြယ္အရ ဆြဲေဆာင္မႈရွိေနဆဲျဖစ္ေလသည္။
သူတို႔ေနာက္မွာ တျခားလူႏွစ္ေယာက္ပါလာေသး၏။ တစ္ေယာက္က သူ႔ေရွ႕က လူႏွစ္ေယာက္နဲ႔ အသက္အ႐ြယ္တူတဲ့ အဘိုးႀကီးတစ္ေယာက္ျဖစ္ၿပီး ေနာက္တစ္ေယာက္က အသက္ႏွစ္ဆယ္ေက်ာ္ေလာက္ရွိတဲ့ လူငယ္ေလးတစ္ေယာက္ျဖစ္ေလသည္။
အဓိကအားျဖင့္ အသက္ေလးဆယ္အ႐ြယ္ အားမူက အလြန္ထင္ရွားေနေလရာ ျဖတ္သြားျဖတ္လာ အမ်ားအျပားက သူတို႔ကို ေဆြၾကည့္ေန႔ၾကေလသည္။
“သခင္ႀကီးနဲ႔ သခင္မ, အခု သခင္ငယ္ေလးနဲ႔ တျခားသူေတြက ၿမိဳ႕ထဲမွာရွိ မေနပါဘူး, သခင္ႀကီးနဲ႔ သခင္မ ေက်းဇူးျပဳၿပီး ဒီမွာ ခဏေစာင့္ေပးပါ, ဒီလက္ေအာက္ငယ္သားက ရထားလုံး ငွားယမ္းလာခဲ့ပါ့မယ္ ” မ်က္ႏွာအမူအရာကင္းမဲ့ၿပီး သာမာန္ဆန္ၿပီး သန္မာတဲ့လူကို က်ဳံးဇစ္ခ်ီနဲ႔ တျခားသူေတြသာ ဒီမွာရွိေနပါက ဒီလူက ရွန္ယြီေပ့ရဲ႕ ယုံၾကည္စိတ္ခ်ရတဲ့ လက္ေထာက္ဟုန္းယင္က လြဲၿပီး အျခားသူမဟုတ္ေၾကာင္း သိလိမ့္မွာပင္။
[ Madam လို႔ သုံးထားတာပါ, တစ္ခါတစ္ေလက် မိန္းမေတြ မပါတဲ့ Novel ဆိုတာေတာင္ ေမ့ေမ့သြားမိတယ္ ㅠㅡㅠ ]
ဟုန္းယင္က သခင္ႀကီးနဲ႔ သခင္မလို႔ ေခၚတဲ့ လူႏွစ္ေယာက္ကလည္း က်ဳံးဇစ္ခ်ီရဲ႕ အားမူဘက္က အဘိုးအဘြားေတြကလြဲလို႔ တျခားသူ မရွိပါေခ်။ ရွည္လ်ားၿပီး ခက္ခဲၾကမ္းတမ္းေသာ ခရီးကို ျဖတ္သန္းခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ သူတို႔ေတြ ခ်င္႐ႊိုက္ၿမိဳ႕ကို ေရာက္လာခဲ့ၾကေလၿပီ။
"အတူတူသြားရေအာင္ပါ!" အေဖရွန္က သူ႔လက္ကို ေဝွ႔ယမ္းၿပီး လမ္းျပခိုင္းေလသည္။
"သခင္ႀကီးရယ္, ျဖည္းျဖည္း ေလွ်ာက္ပါ" ရွန္အားမူခမ်ာ အေဖရွန္ရဲ႕ လက္ေမာင္းကို အျမန္ ဆုပ္ကိုင္လိုက္ရသည္။
“ဟုတ္ပါတယ္ သခင္ႀကီးရယ္, အလ်င္မလိုဘဲ ျဖည္းျဖည္းခ်င္း ေလွ်ာက္ၾကတာေပါ့ဗ်ာ, က်န္းမာေရးကို ဂ႐ုစိုက္ဖို႔က ပိုအေရးႀကီးတယ္ မဟုတ္လား ”
အသက္ေလးဆယ္ေက်ာ္အ႐ြယ္ ထိုလူက ၿပဳံးၿပဳံး႐ႊင္႐ႊင္ျဖင့္ ေျပာေလသည္။ သူက ရွန္မိသားစု ေနအိမ္က အေစခံေခါင္းေဆာင္အျဖစ္ အေဖရွန္ထံမွာ ႏွစ္သုံးဆယ္ေက်ာ္ အမႈထမ္းခဲ့ၿပီးျဖစ္ဆလရာ အၿမဲတမ္း သစၥာရွိခဲ့သူျဖစ္သည္။ ရွန္မိသားစုနဲ႔ပတ္သက္တဲ့ အရာအားလုံးက ႀကီးသည္ျဖစ္ေစ, အေသးအဖြဲျဖစ္ေစ သူ႔လက္ထဲ ဦးစြာသြားရမည္ျဖစ္သည္။
အေဖရွန္က အားမာန္အျပည့္နဲ႔ ဆိုေလ၏။ – “ငါ့ က်န္းမာေရးက ေကာင္းေနပါတယ္, မင္းတို႔ေတြ ငါ့ကိုကူညီဖို႔ မလိုပါဘူး" ထိုစကားကို ေျပာၿပီးေနာက္ ႏွစ္ေယာက္သားကို ထားခဲ့ကာ ေရွ႕ကို ေလွ်ာက္သြားေလသည္။
ရွန္ဝမ္နဲ႔ အေစခံေခါင္းေဆာင္တို႔ တစ္ေယာက္ကို တစ္ေယာက္ ၾကည့္ကာ ကမန္းကတန္း လိုက္သြားၾကရေတာ့သည္။
ဟုန္းယင္က သခင္ငယ္ေလးႏွစ္ဦးစလုံး 《 ထူးျခားတဲ့ အရသာ》မွာ မရွိမွန္း သူ႔သခင္ဆီကေန ၾကားၿပီးသားမို႔ ရထားလုံးဆိုင္ကို တန္းတန္းမတ္မတ္သြားကာ ရထားလုံး ငွားလိုက္သည္။ ထုံးစံအတိုင္း သခင္ႀကီးနဲ႔ သခင္မက အတြင္းဘက္ထဲမွာ ထိုင္ကာ ဟုန္းယင္က ရထားလုံးေမာင္းဖို႔အတြက္ အျပင္ဘက္ လက္ဝဲဘက္မွာ ထိုင္ၿပီး အေစခံေခါင္းေဆာင္ကေတာ့ လက္ယာဘက္မွာထိုင္ကာ ရႈခင္းကို ၾကည့္လို႔ေနသည္။
အခုခ်ိန္ က်ဳံးဇစ္ခ်ီနဲ႔ ေက်ာက္က်န္းအန္းကေတာ့ အိမ္မွာ အသားေပါင္းခ်က္ဖို႔အတြက္ အလုပ္မ်ားေနေလသည္။ အလုပ္ေနရာအျဖစ္ အသုံးျပဳမယ့္အိမ္ကို ေဆာက္ၿပီးေပမယ့္လည္း ဝန္ထမ္းမရွိတဲ့ ျပႆနာကေတာ့ရွိေနဆဲျဖစ္သည္။ လြန္ခဲ့တဲ့ ႏွစ္ရက္အတြင္း ေက်ာက္က်န္းအန္းက သူတို႔အတြက္ အလုပ္လုပ္ဖို႔ တစ္စုံတစ္ေယာက္ကို ရွာေဖြေနခဲ့ေပမယ့္ မေတြ႕မခ်င္း သူတို႔ကိုယ္တိုင္ပဲ လုပ္ေနရဦးမွာပင္။
ႏွစ္ေယာက္စလုံး မနက္ျဖန္အတြက္ လုပ္စရာေတြ ၿပီးသြားလို႔ ေရေသာက္ေနတုန္း အိမ္ေရွ႕ကေနၿပီး တံခါးေခါက္သံၾကားလိုက္ရသည္။
"ဘယ္သူလဲ?" ေက်ာက္က်န္းအန္းက ထကာ တံခါးဖြင့္ဖို႔ ထြက္သြားေလသည္။ မ်ားေသာအားျဖင့္ သူတို႔အိမ္ကို ဘယ္သူကမွ လာမလည္ဖူးတာမို႔ အခုလာတာ ဘယ္သူလဲဆိုတာ မသိၾကေပ။
ေက်ာက္က်န္းအန္း တံခါးဆီ ေလွ်ာက္သြားလိုက္ၿပီး ဖြင့္လိုက္သည့္အခိုက္မွာေတာ့ ေအးခဲလို႔သြားသည္။ "အဖိုး, အဖြား! ေရာက္လာၾကၿပီလား! လာမယ္ဆိုတာကို ဘာလို႔ တေယာက္ေယာက္ကို အေၾကာင္းမၾကားခိုင္းတာလဲ? ကြၽန္ေတာ္လာႀကိဳမွာေပါ့ "
[ Grandma လို႔ သုံးထားတာပါ...ရွန္အားမူကို :(((( ]
တံခါးအျပင္ဘက္က အေဖရွန္က လက္ႏွစ္ဖက္ကို ေနာက္ပစ္လိုက္ၿပီး ဆြံ႕အေနတဲ့ ေက်ာက္က်န္းအန္းကို ေက်ာ္ျဖတ္သြားၿပီး ဆိုေလ၏။ " အရမ္းပဲ နီးေနၿပီကို, ငါက မင္းကို ဘာလို႔ ဒုကၡေပးရမွာလဲ? ငါတို႔မွာ လက္ေတြ ေျခမရွိလို႔လား? ”
"အာ...အဖိုးတို႔ ရွာမေတြ႕မွာစိုးလို႔ပါ!" ေက်ာက္က်န္းအန္း ေခါင္းကုတ္လိုက္သည္။
"ဟုန္းယင္ ဒီမွာရွိတယ္ေလ " ရွန္ဝမ္က ေက်ာက္က်န္းအန္းလက္ေမာင္းကို ပုတ္ကာ ေျပာေလသည္။
"က်န္းအန္း, ဘယ္သူလာတာလဲ? "
က်ဳံးဇစ္ခ်ီက ေက်ာက္က်န္းအန္း ေတာ္ေတာ္ၾကာတာေတာင္ ျပန္ေရာက္မလာခဲ့ပဲ လူေတြ စကားေျပာေနတဲ့အသံကို ၾကားလိုက္ရတာမို႔ ဖိနပ္စီးၿပီး ထြက္လာခဲ့သည္။
ေတြ႕ဆုံခ်ိန္မွာေတာ့ ႏွစ္ဖက္စလုံး ၾကက္ေသေသသြားခဲ့ၾကပါသည္။ က်ဳံးဇစ္ခ်ီ တစ္ခ်က္ၾကည့္လိုက္ေတာ့ အမည္မသိတဲ့ လူအိုႀကီးတစ္ေယာက္ကို ေတြ႕လိုက္ရသည္။ အဟမ္း…လူအိုႀကီးလို႔ေခၚဖို႔ေတာ့ မသင့္ေလ်ာ္ေပ။ အမွန္တကယ္က သူနဲ႔မနီးမေဝးမွာ ရပ္ေနတဲ့ ဆံပင္ေတြျဖဴေနတဲ့ လူတစ္ေယာက္ျဖစ္သည္။ ထို႔ေနာက္တြင္ ေက်ာက္က်န္းအန္းနဲ႔ ေဘးခ်င္းကပ္ရပ္ေနတဲ့ မရင္းႏွီးတဲ့ အျခားအားမူကို ေတြ႕လိုက္ရေလသည္။ ဟုန္းယင္ကိုျမင္ၿပီးေနာက္မွ က်ဳံးဇစ္ခ်ီရဲ႕ မ်က္လုံးထဲမွာ နားလည္မႈအလင္းတန္းေတြ ျဖတ္ေျပးသြားေလသည္။
သို႔ေသာ္ျငား အေဖရွန္နဲ႔ ရွန္အားမူကေတာ့ အလြန္စိတ္လႈပ္ရွားေနၾကကာ ေရွ႕ကို ေျခလွမ္းအနည္းငယ္လွမ္းလိုက္ၾကသည္။
“တူလိုက္တာ… တကယ္တူလြန္းတယ္” အေဖရွန္က လက္ႏွစ္ဖက္လုံး တုန္ခါေနရင္း တီးတိုးေရ႐ြတ္ေနေလသည္။
ရွန္အားမူက ပိုလို႔ေတာင္ စိတ္လႈပ္ရွားေနပါ၏။ သူက ေရွ႕ကို အျမန္ေျပးလာၿပီး က်ဳံးဇစ္ခ်ီရဲ႕လက္ကို ဆုပ္ကိုင္လိုက္ၿပီး ရႈိက္ႀကီးတငင္ ငိုရႈိက္ကာ ဆိုလိုက္၏။ "ခ်ီေကာအာ, ငါက မင္းရဲ႕ အဖြားေလ, သူက မင္းရဲ႕အဖိုးေပါ့ … မင္းနဲ႔ မင္းရဲ႕ အားမူက တစ္ကယ့္ကို တူတာပဲကြယ္ ”
က်ဳံးဇစ္ခ်ီ အနည္းငယ္ ရွက္႐ြံ႕သြားရၿပီး သူ႔ေရွ႕က ျမင္ကြင္းေၾကာင့္ စိတ္လႈပ္ရွားမႈေတြေတာင္ လုံးလုံး ဆုံးရႈံးသြားရသည္။ ေက်ာက္က်န္းအန္းကိုၾကည့္လိုက္ၿပီး အကူအညီေတာင္းေပမယ့္ ထိုသူက ပခုံးတြန႔္ကာ သူဘယ္ေလာက္ပဲ လုပ္ခ်င္ေနပါေစ ဘာမွ မလုပ္ေပးႏိုင္ဘူးဆိုၿပီး ဖျပသလာေလ၏။ က်ဳံးဇစ္ခ်ီလည္း ဘာမွ မတတ္ႏိုင္ေတာ့ပဲ သူတို႔ကို အရင္ေခၚလိုက္ရသည္။ "အဖိုး, အဖြား!"
" အိုင္း!…” အေဖရွန္နဲ႔ ရွန္အားမူက တစ္ခ်ိန္တည္းမွာ ထူးေလ၏။
က်ဳံးဇစ္ခ်ီ နည္းနည္းရွက္သြားၿပီး "အဖိုး, ဖြားဖြား, အိမ္ထဲဝင္ၿပီး စကားေျပာရေအာင္ေလ!"
"ေကာင္းၿပီေလ, အထဲဝင္ၿပီး စကားေျပာၾကစို႔ "
ရွန္အားမူက ေခါင္းညိတ္လိုက္ၿပီး မ်က္ရည္ေတြကို သုတ္လိုက္သည္။ ထို႔ေနာက္ အေဖရွန္ကို အိမ္ထဲဝင္ဖို႔ ကူညီေပးလိုက္သည္။
"ဒါက မင္းတို႔ ေဆာက္ထားတဲ့ အိမ္အသစ္လား"
ရွန္အားမူက ပတ္ဝန္းက်င္ကို ၾကည့္ရင္း ေမးသည္။
"ဟုတ္ကဲ့, ကြၽန္ေတာ္တို႔လည္း ေျပာင္းလာတာမၾကာေသးဘူး" က်ဳံးဇစ္ခ်ီ ၿပဳံးၿပီး ျပန္ေျဖသည္။
အေဖရွန္က ပတ္ဝန္းက်င္မွာ အလွဆင္ထားတာကို လွည့္ပတ္ၾကည့္ၿပီး ေခါင္းညိတ္၏။ “အေတာ္ေလး ေကာင္းသားပဲ”
ထို႔ေနာက္ အခန္းထဲမွာ ခဏထိုင္ၿပီး စကားစျမည္ ေျပာျဖစ္ၾကေလသည္။ က်ဳံးဇစ္ခ်ီက သူတို႔ရဲ႕ ပင္ပန္းႏြမ္းနယ္ေနတဲ့ မ်က္ႏွာေတြကို ျမင္ၿပီးေနာက္ “အဖိုးနဲ႔ အဖြားတို႔ ခရီးပန္းေနမွာပဲ, ကြၽန္ေတာ္ အဖိုးတို႔အတြက္ ခ်က္ျပဳတ္လိုက္ဦးမယ္ "
"ခ်ီေကာအာ, ဒါက အလ်င္မလိုပါဘူး ... မင္း အဖိုးနဲ႔ ငါ မင္းရဲ႕ အားမူကို အရင္သြားေတြ႕ခ်င္တယ္, " ဟုတ္ေလသည္။ သူတို႔ရဲ႕ ဆယ္ႏွစ္ေက်ာ္ မေတြ႕ခဲ့ရတဲ့ သူတို႔ရဲ႕သားနဲ႔ ေတြ႕ဖို႔ စိတ္ေစာေနခဲ့တာပင္။
က်ဳံးဇစ္ခ်ီရဲ႕ အဖိုးေတြက ထိုအေၾကာင္းကိုေတြးရင္း သူတို႔မ်က္ႏွာေပၚကေန မ်က္ရည္ေတြစီးက်လာခဲ့သည္။
“သခင္မ, ဒီလက္ေအာက္ငယ္သားက လမ္းသိပါတယ္, ဒီလက္ေအာက္ငယ္သားကို သခင္မတို႔ႏွစ္ေယာက္ကို အဲဒီေနရာကို ေခၚသြားခြင့္ျပဳပါ! ” ဟုန္းယင္က မ်က္ႏွာေသနဲ႔ ေျပာကာ သူ႔မ်က္လုံးက သုသာန္ဆီ သြားဖို႔ အဆင္မေျပတဲ့ က်ဳံးဇစ္ခ်ီကို တစ္ခ်က္ၾကည့္လိုက္သည္။
အေဖရွန္နဲ႔ ရွန္အားမူတို႔ကလည္း သူတို႔ရဲ႕ေျမးမွာ ကိုယ္ဝန္ရွိေနေၾကာင္း သိၾကေလရာ ထိုသို႔ဆို၏။ - “ေကာင္းၿပီ! မင္း ငါတို႔ကို အဲဒီကို ေခၚသြားလို႔ရတယ္, ဇစ္ခ်ီကေတာ့ အိမ္မွာပဲ အနားယူေနသင့္တယ္ ”
ေက်ာက္က်န္းအန္းက သူတို႔နဲ႔ လိုက္ေပးခ်င္ေပမယ့္ အေဖရွန္က ျငင္း၏။
ဟုန္းယင္ကသာ သူတို႔နဲ႔အတူ လိုက္လာတဲ့ တစ္ဦးတည္းေသာသူျဖစ္ၿပီး အေစခံေခါင္းေဆာင္သည္လည္း ေနခဲ့ရေလသည္။
က်ဳံးဇစ္ခ်ီ သူ႔ကို မသိတာမို႔ စိတ္ရႈပ္ေထြးစြာနဲ႔ ေမးလိုက္ရသည္။ “ေဟာဒီ့က ဘယ္သူမ်ားပါလဲ ? “
အေစခံခ်ဳပ္က ေဖာ္ေ႐ြစြာ ၿပဳံးလိုက္ၿပီး “က်ဳပ္နာမည္က ရွန္ခ်င္းပါ, က်ဳပ္က ရွန္အိမ္ေတာ္ရဲ႕ အေစခံေခါင္းေဆာင္ပါ, သခင္ငယ္ေလး, က်ဳပ္ကို အေစခံခ်ဳပ္လို႔ ေခၚလို႔ရပါတယ္ "
"ဦးေလးရွန္လို႔ပဲ ေခၚပါ့မယ္ " က်ဳံးဇစ္ခ်ီက ဆို၏။ အေစခံခ်ဳပ္လို႔ ေခၚယတာ နည္းနည္းေတာ့ အဆင္မေျပေပ။
"ေကာင္းပါၿပီ, သခင္ငယ္ေလးေျပာတာကို နားေထာင္ပါ့မယ္ " အေစခံခ်ဳပ္က သူ႔မ်က္လုံးေတြ မွိတ္သြားတဲ့အထိ ၿပဳံးလိုက္ေခသည္။ သူ႔မ်က္လုံးေတြကလည္း အနည္းငယ္နီေနၿပီး က်ဳံးဇစ္ခ်ီရဲ႕ အားမူ အေၾကာင္းကို ေတြးေနပုံေလရသည္။ သူ႔ အားမူက သူ ငယ္ငယ္ေလးကတည္းက ျပဳစုေစာင့္ေရွာက္ခဲ့တဲ့သူပင္။
က်ဳံးဇစ္ခ်ီက အိမ္ထဲ ထိုင္ၿပီး အေစခံခ်ဳပ္နဲ႔ ခဏေလာက္ စကားစျမည္ေျပာၿပီးေနာက္ မီးဖိုေခ်ာင္ထဲဝင္သြားခဲ့သည္။ သူတို႔ရဲ႕ အႀကိဳက္က ဘာလဲဆိုတာ မသိတာေၾကာင့္ အရသာေလးၿပီး ေပါ့ေပါ့ပါးပါး အရသာရွိတဲ့ ဟင္းအနည္းငယ္ကိုသာ ခ်က္ျပဳတ္ႏိုင္ေတာ့မည္။
သူတို႔နဲ႔ ဘယ္လို ဆက္ဆံရမွန္း မသိတာမို႔ စိတ္ထဲမွာ နည္းနည္းေတာ့ တုန္လႈပ္ေနတုန္းပါပင္။ သူ႔စိတ္ေတြ ရႈပ္ေနေတာ့ မီးဖိုေခ်ာင္ထဲမွာ ေအးေအးေဆးေဆး ေခါင္းႏွစ္ထားရတာ ေကာင္းေလသည္။ သူ႔အဖိုးႏွစ္ေယာက္စလုံးက အလြန္ၾကင္နာၾကၿပီး ေဖာ္ေ႐ြၾကေလသည္။ သူ႔အဖိုးက နည္းနည္း ေလးနက္တဲ့ပုံေပါက္ေပမယ့္ က်ဳံးဇစ္ခ်ီကိုေတာ့ အေတာ္ေလး ညင္ညင္သာသာ ဆက္ဆံတာကို သိႏိုင္သည္။ ေက်ာက္က်န္းအန္းေျပာသေလာက္ မတင္းမာပါေခ်။ ဒီနည္းနဲ႔ဆို သူတို႔ ပိုၿပီး အဆင္ေျပသြားႏိုင္ေလာက္ပါ၏။
“ဦးေလးရွန္, ဒီရက္ပိုင္း အဖိုးရဲ႕ က်န္းမာေရးကေရာ ဘယ္လိုလဲ? သူ ပိုေကာင္းလာၿပီလား? "
အိမ္အတြင္းမွာ ေက်ာက္က်န္းအန္းက အေစခံခ်ဳပ္ကို ေမးလိုက္သည္။ သူတို႔ႏွစ္ေယာက္လုံးက အဖိုးရဲ႕ က်န္းမာေရးကို အေတာ္ေလး စိတ္ပူေနၾကဆဲပါပင္။
“သူ႔က်န္းမာေရးက ဘာမွ မျဖစ္ပါဘူး, ဒါက သူ႔ရင္ထဲက ေျဖေဖ်ာက္လို႔ မရႏိုင္တဲ့ စိတ္ပိုင္းဆိုင္ရာ ျပႆနာတစ္ခုဆိုတာ သခင္ေလးလည္း သိတာပဲ " အေစခံခ်ဳပ္က သက္ျပင္းတစ္ခ်က္ ခ်လိုက္သည္။
“အိုင္း…” ေက်ာက္က်န္းအန္းလည္း သက္ျပင္းခ်လိုက္မိေလသည္။ “အဖိုး အားမူဆီ ေရာက္ၿပီးရင္ေတာ့ အဲဒါကို ေက်ာ္ျဖတ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ရတာပဲ, ဘာပဲျဖစ္ျဖစ္ သူ႔မွာ ကြၽန္ေတာ္နဲ႔ ဇစ္ခ်ီရွိေနတုန္းပဲေလ, မၾကာခင္ သူ႔ရဲ႕ ေျမးေလးလည္း ေမြးေတာ့မွာပါ ”
အေစခံခ်ဳပ္က ၿပဳံးၿပီး ဆို၏၊ “အမွန္ပဲ, သခင္ႀကီးက ကေလးေတြကို အႏွစ္သက္ဆုံးပဲ, ဒါေပမယ့္ ျပႆနာက သခင္ေပ့က အိမ္ေထာင္မျပဳေသးဘူးေလ "
"ျဖစ္ႏိုင္တာကေတာ့ ဒါက အခ်ိန္မက်ေသးလို႔ေနမွာပါ !"
"ဟုတ္မွာပါေလ …"
တစ္နာရီေလာက္ၾကာေတာ့ အေဖရွန္နဲ႔ တျခားသူေတြ ျပန္လာၾကေလသည္။ လူတိုင္းက သူတို႔ရဲ႕ နီရဲေနတဲ့ မ်က္လုံးေတြကို တိတ္တဆိတ္ လ်စ္လ်ဴရႈထားၾကေလသည္။
“အဖိုးနဲ႔ အဖြားတို႔ အခ်ိန္မီ ျပန္ေရာက္လာတာပဲ, ကြၽန္ေတာ္တို႔ စားၾကတာေပါ့, ဇစ္ခ်ီခ်က္ထားတာေတြက အရမ္းေကာင္းတယ္ေနာ္!” ေက်ာက္က်န္းအန္းက ၿပဳံးၿပီး အေၾကာင္းအရာကို ေျပာင္းလဲလိုက္သည္။
အေစခံခ်ဳပ္က ေဘးကေန ေက်ေက်နပ္နပ္နဲ႔ ေခါင္းညိတ္ျပေလသည္။ သူ ေက်ာက္က်န္းအန္းကို သေဘာက်ေလသည္။ သူက လိမၼာပါးနပ္တဲ့သူျဖစ္ၿပီး ျဖတ္ထိုးဥာဏ္ရွိေလကာ ေကာင္းေကာင္းမြန္မြန္လုပ္ႏိုင္ၿပီး အျမင္ေကာင္းရွိသူမို႔ သူ႔ကို လူတိုင္းက ခ်ီးက်ဴးၾကေလသည္။
"ေကာင္းၿပီ, မင္းတို႔အဖိုးနဲ႔ ငါ ဇစ္ခ်ီရဲ႕ လက္ရာကို ျမည္းစမ္းၾကည့္ရမွာေပါ့ " ရွန္အားမူက သူ႔ကိုယ္သူ အားတင္းၿပီး ၿပဳံးျပေလသည္။
မၾကာခင္မွာပဲ က်ဳံးဇစ္ခ်ီရဲ႕ အစားအေသာက္ေတြက အဆင္သင့္ျဖစ္ေနၿပီျဖစ္သည္။ အခ်ိန္သိပ္မရွိတာေရာ ပါဝင္ပစၥည္းလည္း မ်ားမ်ားစားစားမရွိတာေၾကာင့္ စြပ္ျပဳတ္တစ္ပြဲ, အသားဟင္းႏွစ္ပြဲႏွင့္ သက္သတ္လြတ္ဟင္းႏွစ္ပြဲကိုပဲ ျပဳလုပ္ႏိုင္ခဲ့သည္။ မနက္ခင္းတုန္းက ျပင္ဆင္ထားသည့္ ဝက္သားေပါင္း တစ္ပန္းကန္လည္း ရွိပါေသးသည္။ ဟုန္းယင္နဲ႔ အေစခံခ်ဳပ္တို႔ကေတာ့ အေျခအေနအရ သူတို႔နဲ႔ အတူ မစားႏိုင္ၾကေပ။ က်ဳံးဇစ္ခ်ီက ထိုအတြက္ ျပင္ဆင္ေပးၿပီး မီးဖိုေခ်ာင္ထဲမွာ သူတို႔အတြက္ စားပြဲေနာက္တစ္ခု ထားေပးလိုက္သည္။
"အဖိုး,အဖြား, ကြၽန္ေတာ္ခ်က္ထားတာ ျမည္းၾကည့္ၾကပါဦး, ႀကိဳက္မလား မႀကိဳက္မလားေတာ့ ကြၽန္ေတာ္လည္းမသိဘူး " က်ဳံးဇစ္ခ်ီက စုံတြဲကို ထမင္းခူးေပးၿပီး သူလည္း ဝင္ထိုင္လိုက္သည္။.
ရွန္အားမူက သူ႔ရဲ႕ တူေတြကို ပထမဆုံး ေ႐ႊ႕တဲ့သူျဖစ္သည္။ တစ္ကိုက္ေလာက္ ကိုက္ၿပီးတာနဲ႔ သူက ခ်က္ခ်င္းပင္ ခ်ီးက်ဴးေလေတာ့သည္။ “အရသာရွိတယ္, ဇစ္ခ်ီရဲ႕ လက္ရာက အရမ္း ေကာင္းတာပဲ, ခင္ဗ်ားလည္း ျမည္းၾကည့္ခ်ည္ ”
ရွန္အားမူက အေဖရွန္ကို ဟင္းတခ်ိဳ႕ တူနဲ႔ယူကာ ထည့္ေပးလိုက္သည္။ ဒါကို အေဖရွန္က ၾကားေတာ့ တူ ေကာက္ကိုင္ၿပီး ျမည္းစမ္းၾကည့္သည္။ ၿပီးမွ ေခါင္းတညိတ္ညိတ္နဲ႔ ဆိုသည္ - "ေကာင္းသားပဲ"
“ အဖိုးတို႔ ႀကိဳက္ၾကတာ ေတာ္ေသးတယ္, စားၾကရေအာင္ ေအးကုန္ေတာ့မယ္ " က်ဳံးဇစ္ခ်ီ သူ႔မ်က္လုံးေတြ မွိတ္သြားတဲ့ထိ ၿပဳံးရင္းေျပာလိုက္သည္။
မီးဖိုေခ်ာင္ထဲမွာေတာ့ အေစခံခ်ဳပ္က စားေနေလ၏။ သူစားၿပီးတာနဲ႔ ထိုသို႔ေျပာေလသည္– “သခင္ငယ္ေလးရဲ႕လက္ရာက က်ဳပ္တို႔ေနရာ ထမင္းခ်က္ေတြနဲ႔ေတာင္ မတူဘူး, သူခ်က္တာက ပိုေတာင္ ေကာင္းမယ္ထင္တယ္ေနာ္, ဟုန္းယင္ မင္းေရာဘယ္လိုထင္လဲ?"
“….”
ဟုန္းယင္က ျပန္မေျဖဘဲ မ်က္ႏွာေသနဲ႔သာ။ သူစားတဲ့ပုံစံက ႏိုင္ငံရဲ႕နယ္ေျမကိုျဖတ္သြားတဲ့ က်ိဳင္းေကာင္ေတြပါပင္။ အေစခံခ်ဳပ္က သူ႔ကိုၾကည့္ရင္း ဆြံ႕အသြားေလသည္။
သို႔ေသာ္ ထိုသူက အစားအေသာက္အားလုံးကို တစ္ေယာက္တည္း အကုန္စားသြားမွာ ေၾကာက္တာေၾကာင့္ အေရထူထူနဲ႔ပဲ သူနဲ႔ အတူ လုစား႐ုံကလြဲၿပီး အျခားေ႐ြးခ်ယ္စရာမရွိေပ။ ဒီလိုမ်ိဳး အရသာရွိတဲ့ အစားအစာကို ခ်က္ျပဳတ္ထားတဲ့ သခင္ငယ္ေလးကိုသာ အျပစ္တင္ရမွာပင္။
______________